【10】
06:47, 2 December 2022⟨ Unicode Version ⟩• Me, Myself & Bad Romance •အပိုင်း ၁၀
" နိုးပြီလား ... "
မျက်ဝန်းပွင့်တာနဲ့ ရင်းနှီးနေတဲ့အသံကိုကြားလိုက်ရသည်။
" ... အင်း ... "
" သေဖို့ကနေ ကပ်သီးလေးလွတ်လာတာ သိလား ... ငါမပေးတဲ့သော့ကို ဘယ်လိုလုပ်ယူသွားတာလဲ ... ငါသာ အဲ့အခန်းကို မစစ်မိရင် ဒီအချိန် အလောင်းပဲ သွားကောက်ရတော့မှာ သိလား ..."
စိတ်ပူပြီး ဆူနေတဲ့ ယွန်ဂီကြောင့် သူပြုံးရင်း ဘေးနားက ရေဘူးကို လှမ်းယူမိသည်။ ဆေးသွင်းထားရတဲ့ဆေးပိုက်တွေက ရှုပ်ယှက်ခတ်နေတာမို့ သူ့လက်ကမရောက်။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ယွန်ဂီဖွင့်ပေးတဲ့ရေဘူးကိုသာ မေ့ာချရင်း ကုတင်နောက်မှီလိုက်မိသည်။
" ... အခု သေမှ မသေသေးတာလေ ..."
" ... ပြောလေ ဆိုးလေ ... ဆော့ဂျင် ... အတည်ပြောရအောင် မင်း စိတ်တွေက မငြိမ်နေဘူးမဟုတ်လား ... ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတော့ရော ဘာထူးမှာလဲ သူပြန်လာတာမှ မဟုတ်တာ ..."
ယွန်ဂီစကားကြောင့် ပြုံးရယ်နေတဲ့ သူ့မျက်နှာဖျော့ဖျော့ဟာ ငြိမ်သက်သွားရင်း မကြားသလိုနေလိုက်မိသည်။ ဒီကိစ္စကို ထုတ်ပြောပြီး မဆွေးနွေးချင်။
" တွေ့လား ... ထပ်လုပ်ပြန်ပြီ .. မသိသလို မကြားသလို မရှိခဲ့ဖူးသလိုနဲ့ ... အဲ့လိုလုပ်လေ ပိုခံစားရလေမဟုတ်လား ... ဒီအတိုင်း ဖွင့်ချလိုက်ပါတော့လား "
ပခုံးကို ပုတ်ကာ ပြောလာလေတော့ သူ ယွန်ဂီကိုကြည့်မိသည်။ သူ့မျက်နှာက အေးစက်ဖျော့တော့နေတာကိုတော့ ယွန်ဂီရော ခံစားမိမယ်ထင်သည်။
" ... သူပြန်လာရအောင် ငါလုပ်နေတာမဟုတ်ဘူး ... ငါ့ကိုယ်ငါ အလုပ်ရှုပ်အောင်လုပ်နေမိတာက အပိုအတွေးတွေ မတွေးမိရအောင်လို့ ... အနည်းဆုံး စိတ်သက်သာရာရလို့လုပ်နေတာ ... ပြီးတော့ အကျိုးရှိတာပဲလုပ်တယ်လေ ... သူများတွေလို အရက်သောက်တာတွေ ... လက်ကို ဓားနဲ့လှီးတာတွေ မလုပ်ဖူးလေ ... "
ဘာမှ မဖြစ်သလို ပြောလာပြန်တော့ ယွန်ဂီက သက်ပြင်းချသည်။
" ... ထားတော့ ... အခု နှစ်ပတ်တိတိနားရမယ် ... Collaborationကိစ္စက MV Shootingပဲ ကျန်တော့တာဆိုတော့ ငါ ဟိုဆော့နဲ့ ရအောင်ညှ်ိပေးမယ် .. ညှိမရတဲ့အဆုံးမှာ ဟိုတနေ့က အကြမ်းရိုက်ထားတဲ့ cutတွေ ပြန်သုံးလိုက်မယ် "
" ဟင်အင်း ... ဒီညနေ အပြီးသတ်မယ် .. "
" ဆော့ဂျင် မရ~~ "
" သိတယ် ... အဲ့ဒီ့ကိစ္စတစ်ခုကိုပဲ အပြီးသတ်ပြီးရင် နားစေချင်တဲ့အတိုင်း နှစ်ပတ် နားပေးမယ် ... အိုခေ? ... "
နောက်ဆုံး သူ့ကို ယွန်ဂီကပဲ အလျော့ပေးရင်း စီနီယာဟိုဆော့နဲ့ Collaboration MV ကိစ္စကို ညနေပိုင်းမှာပဲ အကုန်ပြီးဆုံးအောင် လုပ်လိုက်မိသည်။
ခန္ဓာကိုယ်က 'နားပါတော့ ကင်ဆော့ဂျင်ရဲ့' လို့ပြောနေတာတောင် သူ ပေါ့ပေါ့ပါးပါးနေနေမိသေးသည်။ အခုလည်းရိုက်ကွင်းပြီးလို့ နှစ်ပတ်တိတိနားရမယ်ဆိုတော့ သူ စိတ်မကောင်းဖြစ်မိသည်။ အနားယူရတာကို သဘောကျပေမယ့် အခုချိန်မှာတော့ အနားမယူချင်သေးပါ။ အလုပ်အရမ်းများခဲ့တဲ့သူက နှစ်ပတ်တိတိလုပ်ချင်တာလုပ်ဆိုပြီး ခွင့်ရပေမယ့် သူ့မှာ လုပ်စရာအလုပ်တွေက အကလေ့ကျင့်တာရယ်၊ အသံလေ့ကျင့်တာရယ်၊ သီချင်းရေးတာရယ်၊ အဖေ့ဆီက စီးပွားရေးဆိုင်ရာ သင်ခန်းစာတွေလေ့လာတာရယ် ... ဒါပဲ ရှိသည်လေ။
" ... ဟူး ... "
ဆော့ဂျင်သက်ပြင်းချရင်း နှင်းဖွဲဖွဲကျနေတဲ့ မြင်ကွင်းကို ငေးနေမိသည်။
" ... ဆော့ဂျင်ရှီ ... မင်ပီဒီကို စောင့်နေတာလား ..."
ရုတ်တရက် အနောက်နားကနေ ထွက်လာတဲ့အသံကြောင့် သူ လှည့်ကြည့်လိုက်မိသည်။ အဖေ့ရဲ့သင်ခန်းစာအရ HYPE Labelရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်ဆိုတာ သူသိတော့ ဦးညွတ်နှုတ်ဆက်မိသည်။
" ... မင်္ဂလာပါ ... ဒါရိုက်တာရှင်း ..."
" ... အို ... အန်တီ့ကို သိတာလား ..."
" ... အာ ~~ သိရမှာပေါ့ ... ကုမ္ပဏီမှာ အရေးပါတဲ့သူပဲလေ .."
" ... အာ အဲ့လိုကိုး ..."
" ... ဒါနဲ့ ဘာကိစ္စများရှိလို့လဲခင်ဗျ "
" .. အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ ... ဒီကုမ္ပဏီမှာ ဆော့ဂျင်ရှီကပဲ လုပ်ပေးနိုင်တာမို့လို့ပါ .."
" ဟုတ် ပြောကြည့်ပါဗျ ... ကူညီနိုင်ရင် ကူညီပေးပါ့မယ် ..."
" ဒီလို ... အန်တီ့မြေးမလေးနဲ့ မတွေ့ရတာ ဆယ်နှစ်ကျော်ပြီ ... တွေ့တော့လည်း သူက မင်္ဂလာဆောင်တော့မှာလေ .. သူ့မင်္ဂလာပွဲမှာ အန်တီက ဆော့ဂျင်ရှီကို surprise အနေနဲ့ သီချင်းဆိုစေချင်တာပါ ... အန်တီ့မြေးမလေးနဲ့ အန်တီ့မြေးသမက်က ဆော့ဂျင်ရဲ့ ပရိသတ်တွေပါ ... ဆော့ဂျင်ကို အရမ်းကြိုက်တဲ့သူတွေမို့ လာပေးရင် သိပ်ကောင်းမှာပဲ ... ဆော့ဂျင်ရှီလာဖို့ အန်တီဘာလုပ်ပေးရမလဲဟင် ... မင်ပီဒီနဲ့ မန်နေဂျာကို ပြောထားပေမယ့် သူတို့က လက်မခံဘူးလေ ..."
ထိုစကားအဆုံး သူခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။ မန်နေဂျာစကားနဲ့ မင်ယွန်ဂီစကားကို နားမထောင်တာ မဟုတ်ပေမယ့် ဒီကုမ္ပဏီကို သူမဆက်ခံခင်၊ သူ့ကိုဆက်ခံသူမှန်းမသိခင်ကတည်းက အားလုံးနဲ့ အကျွမ်းတဝင်ရှိရမှာပင်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်မိသည်။
" ... ရပါတယ်ဗျ ... အရေးကြီးပုဂ္ဂိုလ်ကို ကူညီပေးရမှာပေါ့ ... ဘယ်နေ့လဲ သိခွင့်ရှိမလား ... ဒါရိုက်တာရှင်း ... "
" ... အချိန်အရမ်းကပ်သလိုများ ဖြစ်သွားမလား မသိပေမယ့် မင်္ဂလာပွဲက သဘက်ခါပါပဲ ... အဆင်ပြေရဲ့လား .. ဆော့ဂျင်အတွက် စိတ်ကြိုက်အဝတ်အစား အသွားအလာ အကုန်လုံးကို တာဝန်ယူပြီး စီစဉ်ပေးမှာပါ ... ဖြစ်ရဲ့လား ... "
" ... ရပါတယ် ... ကျွန်တော်ကဆက်သွယ်လိုက်ပါမယ် ... ကူညီခွင့်ရလို့ ကျွန်တော်က ဝမ်းသာပါတယ် .. "
" ဒါဆို စောင့်နေမယ်နော် ... အခုတော့ အန်တီသွားလိုက်ပါဦးမယ် ... "
အဲ့ဒီ့နောက် သူ့ကို ထိုအမျိုးသမီးက သူ့ကို နှုတ်ဆက်ထွက်သွားတော့သည်။ အဖေပြောပြချက်အရ သူသိထားသည်က ထိုအမျိူးသမီးမှာ တစ်ဦးတည်းသော သမီးတစ်ယောက်ရှိပြီး သူမ သမီးက ဒါရိုင်ဘာဖြစ်သူနဲ့ လက်ထပ်ခဲ့တာမို့ သူမအမျိုးသားက စိတ်ဆိုးကာ အမွေပြတ်စွန့်လွှတ်ခဲ့တာတဲ့လေ ...။ အခု သူမအမျိုးသားဆုံးတော့ ကုမ္ပဏီတွေကို သူမ အုပ်ချုပ်ရပြီးနောက်ပိုင်းမှာ သူမသမီးက မြေးမလေးမွေးထားခဲ့တာသိတဲ့အတွက် အချိန်တော်ကြာ လိုက်ရှာနေခဲ့သည်တဲ့။ ထိုမြေးမလေးကိုပဲ ဆက်ခံစေချင်ခဲ့ပေမယ့် အမွေနဲ့ပတ်သက်ပြီး အတွင်းရေးပြသနာ နည်းနည်းရှိသည်တဲ့လေ။
ဒါကတော့ သူသိသမျှအကုန်ပင်။ အဖေနဲ့လက်တွဲပြီး အလုပ်လုပ်တာကြာပြီမို့ သူ ဒီရှင်းမျိုးနွယ်အမျိုးသမီးအကြောင်းကို သိနေတာဖြစ်သည်။
" ... ဆော့ဂျင် ... ခုနက ဒါရိုက်တာရှင်း မင်းကို ဘာပြောသွားတာလဲ ... သူ့မြေးမင်္ဂလာပွဲအတွက် Guestလုပ်ခိုင်းတာမလား .."
ကားသော့ကိုင်ကာ ထွက်လာတဲ့ ယွန်ဂီစကားကြောင့် သူခေါင်းညိတ်လိုက်ရင်း ယွန်ဂီနဲ့အတူ ကားဆီလျှောက်လာမိသည်။
" ... မသွားနဲ့နော် ... နှစ်ပတ်တိတိနားရမှာ သိတယ်မလား .."
ထပ်ပြီးတားမြစ်လာတဲ့ယွန်ဂီကို အမှန်အတိုင်းပြောလို့မဖြစ်ဘူးဆိုတာ သိလိုက်ရတာမို့ သူခေါင်းညိတ်လိုက်သည်။
" အေး ... နားပါမယ်ဆိုကွာ ..."
" ... ဒါဆိုလည်း ပြီးတာပဲ .. ပြီးတော့ အခု Foto Wedding Studio ရိုက်ကွင်းက ပုံတွေ မင်းဆီပို့ထားပေးတယ်တဲ့ .. သဘောကျတဲ့ပုံတွေရွေးပြီး တင်လိုက်တဲ့ ... မင်းမန်နေဂျာမှာလာတာ .."
" ဟုတ်ပြီ ... အခုတော့ အိမ်ကိုပဲ ပြန်ရအောင် ယွန်ဂီ ..."
" အင်း .."
အဲ့ဒီ့နောက် နှင်းဖွဲဖွဲတွေကြားမှာ ကားလေးတစ်စီးဟာ အနွေးဓာတ်ပေးမယ့် အိမ်ပြန်လမ်းဆီ ဦးတည်လျက် ....။
💠💠💠
// " ဆော့ဂျင်ရှီက ပုံမှာပြထားပေးတဲ့ လျှောက်လမ်းအတိုင်း ဝင်ပြီး သီချင်းလေးဆိုပေးရင် ရပါတယ် ..."//
" အာ ~~ သိပါတယ် ... ရီဟာဇယ်မလုပ်ထားတော့ နည်းနည်း စိုးရိမ်တာပါ .."
// " ... ဆော့ဂျင်ရှီကို ယုံပါတယ် ... အကောင်းဆုံးတွေပဲ ချပြပေးမှာလေ ... ဒါနဲ့ ... ပရိုဂျူဆာမင်တို့တော့ ရောက်ပြီ ... ဆော့ဂျင်ရှီကို ကြိုဖို့အန်တီ ကားပို့လိုက်မယ်လေ ... " //
" ရပါတယ် ... ကျွန်တော် လာယူပါ့မယ် ... ဒါပေမယ့်လေ ... ကျွန်တော်လာမယ့်အချိန်က ပွဲစမယ့်အချိန်နဲ့ ကွက်တိဖြစ်နေမှာမို့ ဂုဏ်ပြုလွှာလေးအရင်ပို့ထားပေးမယ် ... ကွက်လပ်ဖြစ်နေတဲ့နေရာမှာ သတို့သားနဲ့သတို့သမီးနာမည်လေးဖြည့်ထားပေးပါနော် ..."
// " ...ဟုတ်ပါပြီ ဆော့ဂျင်ရှီ ... " //
" ... ဒါဆို ခဏနေ တွေ့ကြမယ်နော် "
အဲ့ဒီ့နောက် ဖုန်းလေးကျသွားတော့ သူ့ကိုယ်သူ မှန်ထဲ ကြည့်လိုက်မိသည်။ ပွဲအတွက် အဆင်သင့်ဖြစ်ပြီး သွားဖို့အချိန်ကပ်နေပြီဆိုပေမယ့် သူ သီချင်းဆိုမယ့်အကြောင်း မင်ယွန်ဂီက မသိတာမို့ ပွဲထဲ စောရောက်နေလို့မဖြစ်။ ထို့ကြောင့် အချိန်ကွက်တိကို စောင့်ရင်း သွားဖို့ ဆုံးဖြတ်လိုက်မိသည်။
သူလိုချင်တဲ့အချိန်ကို ရသည်ဆိုရင်ပဲ ကားသော့ဆွဲကာ မင်္ဂလာပွဲရဲ့တည်နေရာကို ဦးတည်လိုက်မိတော့သည်။ သူ ပွဲစီစဉ်တဲ့ခန်းမထဲရောက်တော့ အရှေ့ကနေမဟုတ်ဘဲ တဖက်ခြမ်းကနေ အတွင်းထဲဝင်ဖို့ ဒါရိုက်တာရှင်းရဲ့လူတွေက လာကြိုသည်။ သူလည်း ထိုအနောက်လိုက်ရင်း ကျေးဇူးတင်လွှာအတွက် ကဒ်နဲ့ ပန်းစည်းကို ယူလိုက်မိသည်။ ကျမ်းသစ္စာမကျိန်ဆိုခင် သူ သီချင်းအရင်ဆိုပေးရမှာမို့ ကမ်းပေးလာတဲ့မိုက်ကို ယူရင်း သံစဉ်တွေကို စောင့်နေမိသည်။
အဲ့ဒီ့နောက် ကျမ်းသစ္စာကျိန်ဆိုဖို့ ရပ်စောင့်နေကြတဲ့ သတို့သားနဲ့ သတို့သမီးရဲ့နောက်ကျောကို သူမြင်လိုက်ရသည်။ ရှင်းလင်းစွာ ထွက်ပေါ်လာတဲ့ သံစဉ်တွေအဆုံး စည်းချက်ညီစွာ သူ စတင်သီဆိုလိုက်မိသည်။ လျှောက်လမ်းမကြီးထဲကိုတော့ သူမဝင်ရသေး။
“ ... ♪ .. It's beautiful life ... ကိုယ်မင်းရဲ့ဘေးမှာ ရှိနေပေးမယ် … It's beautiful life ... မင်းရဲ့နောက်မှာ အမြဲရှိနေပေးမယ် … It's beautiful life .... နေရောင်တစ်ခုတည်းအောက်မှာ မင်းနဲ့ရှိရမယ်ဆိုရင် … ♪ .. အသက်ရှူနေရတာလေးကအစ သဘောကျတယ် ”
သူ့အသံကြောင့် ခန်းမထဲကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသလို အကုန်လုံး အသံလာရာ အနောက်ကို လှည့်ကြည့်သည်။ သူသည်လည်း ထုံးစံအတိုင်း အပြုံးလေးတစ်ပွင့်ဆောင်ရင်း ဂုဏ်ပြုပန်းစည်းကို မ, ကာ လျှောက်လမ်းမကြီးဆီ ခြေချလိုက်သည်။
“ ... ♪ ... မင်းအမှတ်တရတွေထဲမှာ ကိုယ်ကရှင်သန်နေတာ ... ♪ ... ကိုယ့်ရဲ့ဘေးမှာပဲနေပေးပါလား ... ♪ ... beautiful my love ... beautiful your heart ...♪ .. It's beautiful life ... ဘယ်အချိန်မဆို မင်းကိုကာကွယ်ပေးမယ် ... ”
ပြုံးရင်း ကြည်နူးညင်သာစွာ သူ လျှောက်လမ်းမထက် တစ်လှမ်းလှမ်းလိုက်မိသည်။ အဲ့ဒီ့နောက် အံ့ဩမင်သက်စွာ သူ့ဘက်ကို လှည့်ကြည့်လာတဲ့ ရှေ့တည့်တည့်က သတို့သားဖြစ်သူမျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာတော့ နွေးချင်ယောင်ဆောင်ထားတဲ့သူ့မျက်ဝန်းတွေ ရုတ်ချည်းအေးခဲသွားသလို ခံစားချက်တွေ ဗလာဖြစ်သွားသည်။ သို့ပေမယ့် နှုတ်ဖျားကတော့ သူ အိမ်မှာ လေ့ကျင့်ထားတဲ့အတိုင်း သံစဉ်အလိုက် စာသားတွေကို ဖော်ကျူးနေဆဲ ...။
“ ... ♪ .. ကိုယ့်အပေါ် မင်းမှီခိုထားလို့ရပါတယ် ... It's beautiful life .. မင်းရဲ့မျက်ရည်တွေနဲ့ မင်းရဲ့အပြုံးတွေကိုလည်း ..မင်းဘေးကနေ အတူမျှဝေခံစားပေးမှာမလို့ ..♪... ရူးလောက်တဲ့အထိ မင်းကို ချစ်ခဲ့ရတဲ့နေ့တွေ .. ♪ .. မင်းကို အဆုံးရှုံးမခံလိုက်ချင်ပါဘူး ....”
နှုတ်ဖျားကသာ တည်ငြိမ်စွာနဲ့ သီဆိုလိုက်ပေမယ့် သူ့ခန္ဓာကိုယ်အတွင်းမှာတော့ အပူချိန်တွေတောင် မမှန်နိုင်။ ရုတ်ချည်းအေးစက်သွားရာကနေ ချက်ချင်းပူလောင်လာကာ အရှေ့မှာ မြင်နေရတဲ့ မင်္ဂလာစုံတွဲကို သူ ဖျက်ဆီးပစ်ချင်လာမိသည်။
မပြုံးမိတော့ပေမယ့် နူးညံ့နေတဲ့သူ့အသံကြောင့် ခန်းမအတွင်းကပရိသတ်တွေ သူဘာဖြစ်နေတယ်ဆိုတာ သတိမထားမိ။ အေးစက်တောင့်တင်းလာတဲ့သူ့မျက်ဝန်းတွေကို နားလည်ပုံရတဲ့ သတို့သားကတော့ အံ့ဩဝိုင်းစက်သွားတဲ့မျက်ဝန်းတွေကနေ တဖြည်းဖြည်း ဖျော့တော့နီရဲလာသည်။ ဟုတ်ပါရဲ့ ... နှစ်နှစ်ကာကာချစ်ခဲ့ရသလို ပစ်ပစ်နှစ်နှစ် မုန်းတီးလွန်းတဲ့ကလေးလေးဟာ အခု သူ့ရှေ့တည့်တည့်မှာ မဟုတ်ပါလား။ သူကာကွယ်ပေးမှ လုံခြုံနွေးထွေးမယ်လို့ထင်ခဲ့မိတဲ့ကောင်ငယ်လေးဟာ အခုတော့ တခြားမိန်းကလေးတစ်ယောက်ကို လုံခြုံနွေးထွေးစေတော့မှာတဲ့လား ။
အရွယ်ရောက်လာတာ သိပ်မြန်ပါလား ဆိုပြီး ဂုဏ်ယူပေးလိုက်ချင်ပေမယ့် ကိုယ့်အတွက်မဟုတ်တဲ့အရွယ်ရောက်ခြင်းကို သူ မုန်းသည်။ ကိုယ့်လက်ထဲရောက်ပြီး ကိုယ့်အပိုင်ဖြစ်ပြီးမှ အဆုံးသတ်မှာ သူများပိုင်သွားတဲ့ အဲ့ဒီ့ကလေးကို သူမုန်းသည်။
' ...♪ ...♪'
အမြင်ချင်ရဆုံးနဲ့ မမြင်ချင်ဆုံးမျက်နှာလှလှကို ဆော့ဂျင် စိုက်ကြည့်မိရင်း လျှောက်လမ်းမကြီးထက် ပုံမှန်လမ်းလျှောက်မိသည်။ သံစဉ်တွေသာစီးမျောသွားတဲ့အပိုဒ်ငယ်လေးမှာ ဆို့နင့်သွားတဲ့သူ့အသံကို မရိပ်မိနိုင်အောင် ဖြေလျော့ရင်း မွန်းကျပ်နေတဲ့ကြားကနေ ရအောင် ပြုံးပြလိုက်မိသေးသည်။ အဲ့ဒီ့အပြုံးတွေမှာတော့ အမုန်းတွေ၊ နာကျင်ခြင်းတွေ ရောယှက်နေတယ်ဆိုတာ တစ်ဖက်က ကောင်ငယ်လေး သိပါလိမ့်မည်။
အချစ်လွန်လို့ မုန်းဖို့ကြိုးစားခဲ့ရတဲ့ကောင်လေးကို တွေ့ရင် သေမတတ်ပိုင်ဆိုင်ချင်မိမှာစိုးလို့ အဆက်အသွယ်ဖြတ်ခဲ့ပေမယ့် လေးနှစ်ကြာပြီးနောက်မှာ ပြန်တွေ့လိုက်ရတာက အဲ့ဒီ့ကလေးရဲ့ မင်္ဂလာပွဲမှာတဲ့လား။မတည်ငြိမ်နိုင်ဘဲ နာကျင်တုန်လှုပ်နေတဲ့နှလုံးသားကို ဆော့ဂျင် မရမကဖုံးဖိလိုက်မိသည်။ ဖြည်းဖြည်းချင်း နီးကပ်အောင် တည်ငြိမ်စွာ လျှောက်သွားမိပေမယ့် သူ့ခြေလှမ်းတွေယိမ်းယိုင်နေတယ်ဆိုတာကတော့ သူကိုယ်တိုင်ကလွဲလို့ တခြားသူတွေ သိမယ်မထင်။ အဲ့ဒါထက် ဘယ်ဘက်ရင်အုံနေရာကနေ စူးစူးနင့်နင့် ထိုးအောင့်လာတာမို့ အသံကို မယိုင်မိအောင် အားစိုက်သီဆိုနေရသည်။ ကိုင်ထားတဲ့မိုက်နဲ့ပန်းစည်းကို ပစ်ချပြီး ထွက်ပြေးလိုက်ချင်ပေမယ့် လေးနှစ်လုံးလုံး လွမ်းခဲ့ရတဲ့ဒီမျက်နှာကို တစ်စက္ကန့်ပိုရရင် တစ်စက္ကန့်ကြည့်ချင်မိသေးသည်။ သို့ပေမယ့် ဒီလိုဖြစ်နေမိတဲ့ သူ့ကိုယ်သူ သိပ်မုန်းသည်။
“ ... ♪ ...လောကကြီးထဲ မင်းနဲ့တစ်ပုံစံတည်းတူတဲ့အမှတ်တရတွေ ...♪ ... နောက်ထပ် ထပ်ပြီးတော့ အဲ့အတိုင်း ကိုယ့်ကိုထားခဲ့ပြန်တာပဲ ...♪ ...”
တဖြည်းဖြည်းနီးကပ်လာလေ ... ရင်ခုန်သံတွေက ပိုကျယ်လာပြီး ဂျွန်ဂျောင်ဂုဆိုတဲ့ အဲ့ဒီ့ကလေးကို ပိုမုန်းလာလေမို့ ဆော့ဂျင် လက်သီးဆုပ်လိုက်မိသည်။ သိပ်မကြာခင် ငိုချတော့မယ့်ပုံပေါ်တဲ့ ဂျောင်ဂုရဲ့မျက်ဝန်းတွေကို သူ မာထန်စွာနဲ့ လျစ်လျူရှုပြီး ဟန်ဆောင်အပြုံးတစ်ပွင့်နဲ့ ဖျော်ဖြေလိုက်မိသည်။
“ ... ♪ ... မင်းရဲ့အမှတ်တရတွေရယ် မင်းနဲ့အမှတ်တရတွေရယ် ... ♪ ... It's sorrowful life sorrowful day ... ♪ ... ဝမ်းနည်းစရာတွေကို အနိုင်မယူနိုင်သေးဘူး ... အမှတ်တရတွေထဲမှာ ကိုယ်က ရှင်သန်မနေတော့မယ့်အထိ ...ကိုယ့်ဘေးနားကနေ ထွက်မသွားပါနဲ့ ...”
သီချင်းသံလေး အဆုံးသတ်တာနဲ့ ပရိတ်သတ်ဆီက လက်ခုပ်သံတွေ ထွက်လာတာကို သူ ခံယူရင်း ဂျောင်ဂုရှေ့ တည့်တည့်ရပ်မိသည်။ အဲ့ဒီ့တော့မှ ထိန်းမနိုင်စွာ မျက်ရည်ကျလာတာက သိပ်ချစ်ခဲ့ရတဲ့ကလေးလေး ဂျွန်ဂျောင်ဂု ...။
' အဟက်'
နှစ်ဦးသား ကြားရုံ ခပ်ဟဟလေးရယ်လိုက်မိပေမယ့် သတို့သမီးဖြစ်သူပါ ကြားသွားမယ်ဆိုတာတော့သူသိသည်။ အများအမြင်မှာတော့ သိပ်သဘောကျရတဲ့ idolက မင်္ဂလာလက်ဆောင် သီချင်းသီဆိုပေးခဲ့တာမို့ အပျော်လွန်ပြီး ငိုနေတယ်ပေါ့။ သို့ပေမယ့် ဘာကြောင့် င်ိုနေလဲ သူသိသည်။ ဂျောင်ဂု ငိုတာက သူ့ကို မြင်လိုက်ရလို့ပင်။ လေးနှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့တာမို့ ဝမ်းနည်းပြီး ငိုတာပဲ ဖြစ်ရမည်။
" ... ပျော်ရွှင်ကြဖို့ မျှော်လင့်တယ် ..."
တိုတိုတုတ်တုတ်စကားကို ရေရွတ်ပြီး ဂျွန်ဂျောင်ဂုလက်ထဲ ပန်းစည်းကို ထည့်မိတော့ သူ့လက်ကို မသိမသာလေး ပြန်ဆွဲသည်။ ထိုအပြုအမူကြောင့် မျက်ရည်ခနေတဲ့ဂျောင်ဂုမျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကို သိပ်သတိရကြောင်းပြောပြနေသလိုပင်။
" .. အစ်ကိုက ~~ အစ်ကိုက ဘာလို့လဲ .."
သတိရတယ်လို့ ပြောပြနေတဲ့မျက်ဝန်းကြောင့် ဆူပွက်နေတဲ့သူ့နာကျင်မှုနဲ့ဒေါသတွေ ပြေလျော့သွားသယောင်ရှိပေမယ့် သူစိမ်းဆန်စွာ အစ်ကို လို့သုံးနှုန်းလာချိန်မှာတော့ သူ့မျက်ဝန်းတွေက မထီမဲ့မြင်အကြည့်တွေ အဖြစ်ကူးပြောင်းသွားမိသည်။
" ... သတို့သမီးရှင်တွေရဲ့တောင်းဆိုမှုကြောင့် လာရောက် သီဆိုပေးတာပါ ... ဒီလက်ဆောင်ကို သဘောကျဖို့ မျှော်လင့်တယ် ..."
ပြတ်ပြတ်သားသားပြန်သုံးနှုန်းမိတော့ ဂျောင်ဂုက မျက်နှာမဲ့ကာ မျက်ရည်တွေလိမ့်ဆင်းလာသည်။ ဂျောင်ဂုဆီက မျက်ရည်တွေကို အလွန်မုန်းပေမယ့် အခုတော့ ကျေနပ်နေသလိုပင်။ ထူပူမွန်းကျပ်နေတဲ့နှလုံးသားက ဂျောင်ဂုမျက်ရည်တွေကို မြင်လိုက်ရတော့ သက်သာရာရသွားသလိုမျိုး ကျေနပ်လာသည်။ သို့ပေမယ့် အသံထွက်ဖို့ ခဲယဉ်းလောက်တဲ့အထိ နာကျင်မှုတိုးလာတာကတော့ လိမ်ညာလို့မရ ...။
" .... သတို့သား~~ ကျွန်တော့်အင်္ကျီစကို လွှတ်ပေးနိုင်မလား ... "
သူစိမ်းဆန်စွာ ဂျောင်ဂုဆွဲထားတဲ့အင်္ကျီစကို လွတ်အောင် သူ့လက်ကို ဆွဲယူလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ တုန်လှုပ်လာတဲ့ နှလုံးသားဟာ သူ့တစ်ကိုယ်လုံးကို နာနာကျင်ကျင် ထိုးဆွနေသလိုပင်။ သူ့အဖြစ်ကို သူမုန်းတာမို့ မျက်နှာလွှဲမိတော့ ဂျောင်ဂုက ကိုင်ထားတဲ့ပန်းစည်းကို သတို့သမီးလက်ထဲပစ်ထည့်ကာ အရှေ့တည့်တည့်က သူ့ကို ချက်ချင်းပွေ့ဖက်သည်။
မုန်းတယ်ဆိုပေမယ့် တကယ်တမ်းလိုအပ်နေမိတဲ့ပွေ့ဖက်မှုလေး ရလိုက်မိတော့ သူ့နှလုံးသားဟာ တုန်လှုပ်ခြင်းကနေ မောဟိုက်လှိုက်ဖိုလာသည်။ 'အသိတရားကပ်စမ်း ... ကင်ဆော့ဂျင်ရဲ့' လို့ သူ့ကိုယ်သူပြောမိပေမယ့် နှလုံးသားက လက်မခံ။ ပြန်မပွေ့ဖက်မိဘဲ တောင့်တင်းစွာ ရပ်နေခဲ့ပေမယ့် ရင်ခွင်ထဲဝင်လာတဲ့ကောင်ငယ်လေးကို မတွန်းထုတ်ရက်ခဲ့။ သူမပိုင်တော့တဲ့ပွေ့ဖက်မှုလေးဟာ တပ်မက်ရလောက်တဲ့အထိနွေးထွေးလွန်းသည်။ သို့ပေမယ့်လည်း သူ မုန်းတီးရလောက်တဲ့အထိ အသည်းနာဖို့ကောင်းသည်။
" ... သတိရနေခဲ့တာ ..."
တိုးဖွဖွပြောလာတဲ့စကားကြောင့် အမှတ်မရှိတဲ့နှလုံးသားက တလှပ်လှပ် ခုန်လာလေလျှင် သူ့လက်တွေ တဖြည်းဖြည်း ပြန်ပွေ့ဖက်ဖို့ ကြိုးစားမိသည်။ သို့ပေမယ့် ဂျောင်ဂုပခုံးပေါ်မရောက်နိုင်ဘဲ တင်းကျပ်တဲ့ကြိုးတွေနဲ့ ချည်နှောင်တားမြစ်ထားသလို ခက်ခဲလွန်းနေခဲ့သည်။
" ... ငါကတော့ မင်းကို မုန်းတယ် ဂျွန်ဂျောင်ဂု ..."
ဒီကလေးလေးကို ဆွဲယူပွေ့ပြီး ခန်းမထဲကနေ ထွက်ပြေးချင်စိတ်ကို တားမြစ်ဖို့အတွက် သူ့နှုတ်ဖျားကနေ မုသားတစ်ချို့သုံးမိတော့ သူ့ကို ဖက်ထားရာကနေ တဖြည်းဖြည်း ဖယ်ခွာကာ သူ့ကိုမော့ကြည့်လာသည်။ ကင်မရာတွေရဲ့စုံချက်အလယ်မှာ ဂျောင်ဂု သူ့ကို မယုံနိုင်စွာ ငေးကြည့်လာပေမယ့် သူကတော့ ဂျောင်ဂု ပခုံးပေါ်တင်းကျပ်နေအောင် ပြန်ဆုပ်ကိုင်ပြီး ပြုံးလိုက်မိသည်။
ဗွီဒီယိုမှတ်တမ်းထဲမှာတော့ ဂျောင်ဂုဟာ ချစ်ရတဲ့idolနဲ့တွေ့လို့ စိတ်လှုပ်ရှားပြီး အပျော်လွန်နေတဲ့ Fanboy လေးပေါ့။ သူကတော့ ထိုfanboyလေးကို နှစ်သိမ့်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပုံစံမျိုး။ သို့ပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာတော့ နှစ်ဦးသားသာ သိသည်။
သူ ငိုနေတဲ့ဂျောင်ဂုကိုကြည့်ရင်း ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့လက်တွေ မလွှတ်ပေးနိုင်ဘဲ တောင့်တင်းလာရသည်။
ထားခဲ့တုန်းက တစ်ယောက်တည်း ထားခဲ့ပြီးတော့ အခုကျမှ သတိရတယ်ဆိုပြီး မင်္ဂလာပွဲမှာ ငိုပြနေတာက ဘာသဘောလဲ ... အခြားတစ်ယောက်ဆီ ရောက်တော့မယ့်မင်းက ဘာဖြစ်လို့ ငါ့ကို မျှော်လင့်ချက်ပေးရတာလဲ ...
အဲ့ဒီ့မျက်ရည်စတွေနဲ့ကလေးကို စိတ်ရှိလက်ရှိအော်ပြောပစ်လိုက်ချင်ပေမယ့် သူ့နာကျင်ဒေါသတွေက ဂျောင်ဂုပခုံးကို ဖျစ်ညှစ်ထားတဲ့လက်တွေမှာသာ အဆုံးသတ်သည်။ သူ့အားနဲ့ တအားဖိထားမိတာမို့ နာကျင်လာပုံရတဲ့ဂျောင်ဂုက မျက်နှာမဲ့လာပေမယ့် သူကတော့ ဆို့နင့်မှုတွေကို အားတင်းချေဖျက်သည်။
" ... ဓာတ်ပုံရိုက်ရအောင် ဂျင် ... ဒါပြီးရင် အချိန်ဇယားတွေရှိသေးတယ် ..."
ရုတ်တရက် အနားကပ်လာတဲ့ယွန်ဂီကြောင့် သူအသိစိတ်ဝင်လာမိတော့ သူ့ရဲ့တောင့်တင်းမှုတွေ အနည်းငယ်ပြေလျော့သွားသည်။ သူဘာဖြစ်နေတယ်ဆိုတာ သိနေပုံရတဲ့ယွန်ဂီကတော့ နေရာတွေကို စီစဉ်ကာ အမှတ်တရ မှတ်တမ်းပုံလေးရိုက်ဖို့ စီစဉ်ပေးသည်။ သူ့မန်နေဂျာအစ်ကိုကတော့ ဒါရိုက်တာရှင်းကို သူ ပွဲပြီးတဲ့အထိ နေလို့မရတော့တဲ့အကြောင်းနဲ့ အားနာကြောင်းစကားတွေကို ပြောနေပုံရသည်။ သူကတော့ ဘာဆိုဘာမှ မသိနိုင်တော့သလို ဂျွန်ဂျောင်ဂု တစ်ယောက်တည်းအပေါ်မှာသာ အာရုံရှိသည်။ အရေးကြီးတဲ့Guestတစ်ယောက်ဖြစ်တာကြောင့် သူ့ကိုအလယ်မှာထားကာ ခူရိုနဲ့ဂျောင်ဂုက တစ်ဖက်တစ်ချက်စီမှာပင်။
ထွက်ပြေးချင်စိတ်ကို သေချာထိန်းပြီး မင်ယွန်ဂီပြောတဲ့အတိုင်း သူရပ်နေမိသည်။ တဖျပ်ဖျပ်နဲ့ကင်မရာမီးတွေကြား သူရယ်နေခဲ့လား၊ ပြုံးနေခဲ့လား ဒါမှမဟုတ် တည်နေခဲ့တာလား သူမသိ။ သေချာတာကတော့ ခန်းမထဲမှာ လူများစွာ ရှိနေပေမယ့် သူကတော့ တစ်ကိုယ်တည်း အထီးကျန်နေသလို အရာရာ ထုံထိုင်းနာကျင်နေမိသည်။
" ... ဆော့ဂျင် ~~ ကားထဲကစောင့် ငါလိုက်ပို့မယ် မင်းမမောင်းနဲ့ ..."
ဘယ်လိုပြီးဆုံးသွားမှန်းမသိတဲ့ မှတ်တမ်းဓာတ်ပုံတွေကြားမှာ သူ့ကို ယွန်းဂီက တီးတိုးလေး လာကပ်ပြောသည်။ ခန်းမထဲက သူ ထွက်ခွာဖို့ အဆင်သင့်ဖြစ်လေလျှင် သူ ကလေးလေးမျက်နှာကိုကြည့်မိသည်။
မျက်ရည်စတွေရှိနေပေမယ့် တောက်ပတဲ့အပြုံးတွေနဲ့ တစ်ဖက်ကသတို့သမီးကို ကြည့်ကာ တွန့်ကွေးလာတဲ့နှုတ်ခမ်းလေး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးပြင်းလာတဲ့ဒီကလေးရဲ့ မင်္ဂလာပွဲကို မြင်လိုက်ရတာ အခြားသူတွေအတွက်ဆို ကောင်းချီးပေးမှာဆိုပေမယ့် သူ့အတွက်ကတော့ ပျိုးထောင်ခဲ့ရတဲ့အသည်းပန်းလေးကို ခြွေချယူသွားသလိုပင်။ အုံလိုက်ကျင်းလိုက် ကပ်တွယ်နေတဲ့အသည်းပန်းလေးရဲ့အမြစ်က သူ့နှလုံးသားဗဟိုချက်တည့်တည့်မှာ တွယ်ငြိနေတုန်းမို့ ဆွဲယူထုတ်တဲ့အခါ နှလုံးသားသာ ကြွတက်နာကျင်ရသည်။
... ဆော့ဂျင် ဂျောင်ဂုကို ငေးနေခဲ့ပေမယ့် ဂျောင်ဂုကတော့ တစ်ချက်လေးတောင် မလှည့်လာခဲ့ ...။ အဲ့ဒီ့နောက် သူ ကျောခိုင်းကာ ပရိသတ်တွေကြား ဖြတ်လျှောက်မိတော့ ခပ်ယဲ့ယဲ့ကြားလိုက်ရသည်။
" ... သတို့သမီးက ကိုယ်ဝန်ရှိနေတာလေ ... အဲ့ဒါကြောင့် အမွေဆက်ခံနိုင်ဖို့ မင်္ဂလာပွဲကို ခပ်မြန်မြန်လုပ်တာ ... "
" ... ဒါပေမဲ့လည်း သတို့သားရဲ့အသိုင်းအဝိုင်းကတော့ အထည်ကြီးပျက်ထဲကပဲ လို့ကြားတယ် ... ကြည့်လေ ... အခုတောင် ဘယ်သူမှ မရှိဘူးမလား ... မင်္ဂလာဆောင်မှာလေ ...."
" ... ဘယ်လိုပဲပြောပြော ... ကလေးတောင် ရနေပြီဆိုတော့ အမွေတွေအားလုံးကို သူတို့မိသားစုပဲ ရလိမ့်မယ် ..."
ဆက်နားမထောင်ချင်ပေမယ့် အတိုင်းသား ကြားခဲ့ရတာမို့ သူ လက်သီးကို တင်းတင်းဆုပ်ရင်း ကားထဲဝင်လာမိသည်။ အဲ့ဒီ့နောက် အခုမှ ဒေါသတွေကို ပေါက်ကွဲခွင့်ရသလိုမျိုး စတီရင်ယာကို သူ ထုရိုက်နေမိသည်။
" ... ကလေး? ... ကလေးတောင် ရနေခဲ့ပြီလား .. ဂျောင်ဂုကလေ ... သားသား .. သားသားကလေ ..."
မကျေနပ်နိုင်ဘဲ သူရေရွတ်မိတော့ ပါးပြင်ထက်က ဝမ်းနည်းမျက်ရည်တွေ စီးဆင်းလာသည်။ တကယ်ဆို ဂျောင်ဂုကို သူ သေလောက်အောင်မုန်းပစ်မိပေမယ့် သူ့ဆီ ပြန်လာဖို့ မျှော်လင့်နေခဲ့သေးသည်။ ဂျောင်ဂုအကြောင်းတွေ အဆက်အသွယ်မလုပ်ဘဲ မစုံစမ်းဘူးဆိုတာကလည်း ဂျောင်ဂုအတွက် သူအချိန်ပေးချင်ခဲ့လို့ဖြစ်သည်။ လမ်းခွဲပြီး တစ်နှစ်လောက်အထိတော့ နည်းနည်းလောက်တော့ သိသေးပေမယ့် သူလက်လျော့မိတဲ့သုံးနှစ်အတွင်းမှာ ဂျောင်ဂုဟာ တစ်ခြားတစ်ယောက်ဆီ ရောက်သွားခဲ့ပြီဖြစ်သည်။
" .... ဘာလို့လဲ ... ဒါဆို ဘာလို့ ဖက်ခဲ့သေးတာလဲ . ... မင်းနဲ့ ပထမဆုံးပြန်တွေ့ရင် ဒီလိုပုံစံမျိုးကို မျှော်လင့်ခဲ့တာမဟုတ်ဘူးလေ ဂျောင်ဂု-ah ... "
လည်တိုင်ထက်မှာ ရှိနေတဲ့ ကြိုးမျှင်လေးကို ကိုင်ရင်း သူ ငိုလိုက်မိသည်။
... မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာ သိပေမယ့် တစ်နေ့နေ့တော့ ပြန်လာနိုင်ကောင်းရဲ့ ဆိုပြီး မုန်းပြီးစောင့်နေခဲ့မိတာ ... အခုတော့ ပိုင်ဆိုင်ဖို့ မပြောနဲ့ ချစ်ခွင့်တောင်မရတော့ဘူးဆိုမှ ... ဘာဖြစ်လို့ ငါ မင်းကို တမ်းတနေရဦးမှာလဲ ...
... မမေ့နိုင်ဘူး ဟုတ်တယ်ဂျောင်ဂု .. ငါမင်းကိုမမေ့နိုင်ဘူး ... ... အဲ့ဒီ့ကောင်မလေးရဲ့လက်ကိုတွဲထားတဲ့ မင်းပုံရိပ်က ငါ့ကို ရူးတာထက် ပိုရူးစေတယ် ... ဂျွန်ဂျောင်ဂု ... ငါ ... မင်းကို မမေ့နိုင်တော့မှ ပြတ်သားနိုင်ဖို့ဆိုရင် အဆုံးထိမုန်းပစ်မှပဲရမယ် ... ... ...
... ဟုတ်တယ် ဂျွန်ဂျောင်ဂု ... အခုချိန်ကစပြီး ငါနာကျင်ရတယ် ဆိုရင်တောင်မှ မင်းကို မုန်းပြီးရှင်သန်မယ် ...
နောက်ဆုံးတော့ ဆော့ဂျင် ငိုနေမိရာကနေ မျက်ရည်သုတ်ကာ ကားသော့ကို လှည့်လိုက်မိသည်။ အငိုတိတ်သွားတဲ့တစ်ခဏမှာ စိတ်က တည်ငြိမ်လာသယောင်ရှိပေမယ့် တကယ်တမ်းကျ ဂျောင်ဂုပုံရိပ်တွေဆီမှာသာ ကပ်တွယ်နေသည်။ လက်ကိုင်ကို လှည့်ရင်း လှိမ့်ထွက်လာမိတဲ့ကားလေးဟာ လမ်းမထက် ဦးတည်ချက်မဲ့ကာ ပြေးလွှားလျက်။
ဘယ်နေရာကို ဦးတည်ရမယ်ဆိုတာ သူမသိသလို ဘယ်နေရာမှာ ဆိုက်ရပ်ရမလဲ သူမသိ။ သူ့အတွေးထဲမှာ ချစ်ရသူလက်ကို တွဲပြီး ပြုံးပျော်နေတဲ့ကောင်ငယ်လေးသာရှိသည်။ သူ့ကို ဖက်တွယ်ပြီး 'သတိရနေခဲ့တာ' လို့ ပြောခဲ့တဲ့ကောင်ငယ်လေးသာ ရှိသည်။ ဟိုးအရင်အတိတ်က သူ့တစ်ယောက်တည်းကိုပဲ ကြည့်ခဲ့တဲ့ကောင်ငယ်လေးသာရှိသည်။
... " ဒုန်း " ...
သူ့အတွေးတွေ အဆုံးမသတ်နိုင်ခင်မှာပဲ ကျယ်လောင်တဲ့အသံတစ်ခုနဲ့အတူ သူ့ကားလေးရပ်တန့်သွားသည်။ ထုံထိုင်းနေတဲ့ခန္ဓာကိုယ်ထဲ နာကျင်မှုလို့ခေါ်တဲ့အရာက ဝင်ရောက်လာပေမယ့် သူမမဲ့မိ။ နဖူးတစ်လျှောက်စီးကျလာတဲ့ခပ်ပြစ်ပြစ်အရည်တွေကို သူစမ်းလိုက်မိသည်။ ရဲရဲနီနေတဲ့အရည်တွေ သူ့လက်ပေါ်မှာ ကပ်ငြိလာလေတော့ သူ ကြောင်အစွာ ကြည့်နေမိသည်။ ကားထဲကနေ မထွက်နိုင်တော့ပေမယ့် အပြင်မှာ ဆူညံစွာ လှုပ်ရှားနေကြတာကိုတော့ သူကြားနေရသည်။
" ဒီမှာ!! ဒီမှာ!! ကြားရလား ... အသံကိုကြားရလား !! "
ကားမှန်တံခါးကို ထုရိုက်ကာ အော်မေးနေတဲ့ကောင်လေးရဲ့အသံကို သူကြားတစ်ချက်၊ မကြားတစ်ချက် ... ။ သူ တွေဝေစွာ စိုက်ကြည့်နေမိရင်း စူးအောင့်လာတဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေက သူ့ကို လက်လျော့ဖို့ တွန်းအားပေးလေတော့ သူ့မျက်ဝန်းတွေ ပိတ်ကျသွားရတော့သည်။
နာကျင်လားမေးရင် နာကျင်တာပေါ့ ... ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကို သတိမမူနိုင်တဲ့အထိ ဒီရင်ဘတ်ရဲ့အနာက သိပ်ကို ပြင်းရှနေတာမို့ သူ မခံစားမိတော့တာ မဆန်းပါဘူးလေ ...။
💠💠💠
24.10.2022 (1:11AM)ကွေကာအုပ်တွေထဲမှာ ကိုကို့ရဲ့ Astronaut preorder မတင်ရသေးတဲ့သူရှိလားဟင် ... သိချင်လို့ မေးကြည့်တာပါ ♡ ♡ ♡
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩• Me, Myself & Bad Romance •အပိုင္း ၁၀
" ႏိုးၿပီလား ... "
မ်က္ဝန္းပြင့္တာနဲ႔ ရင္းႏွီးေနတဲ့အသံကိုၾကားလိုက္ရသည္။
" ... အင္း ... "
" ေသဖို႔ကေန ကပ္သီးေလးလြတ္လာတာ သိလား ... ငါမေပးတဲ့ေသာ့ကို ဘယ္လိုလုပ္ယူသြားတာလဲ ... ငါသာ အဲ့အခန္းကို မစစ္မိရင္ ဒီအခ်ိန္ အေလာင္းပဲ သြားေကာက္ရေတာ့မွာ သိလား ..."
စိတ္ပူၿပီး ဆူေနတဲ့ ယြန္ဂီေၾကာင့္ သူၿပဳံးရင္း ေဘးနားက ေရဘူးကို လွမ္းယူမိသည္။ ေဆးသြင္းထားရတဲ့ေဆးပိုက္ေတြက ရႈပ္ယွက္ခတ္ေနတာမို႔ သူ႔လက္ကမေရာက္။ ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ ယြန္ဂီဖြင့္ေပးတဲ့ေရဘူးကိုသာ ေမ့ာခ်ရင္း ကုတင္ေနာက္မွီလိုက္မိသည္။
" ... အခု ေသမွ မေသေသးတာေလ ..."
" ... ေျပာေလ ဆိုးေလ ... ေဆာ့ဂ်င္ ... အတည္ေျပာရေအာင္ မင္း စိတ္ေတြက မၿငိမ္ေနဘူးမဟုတ္လား ... ဒီလိုနည္းလမ္းေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ေနေတာ့ေရာ ဘာထူးမွာလဲ သူျပန္လာတာမွ မဟုတ္တာ ..."
ယြန္ဂီစကားေၾကာင့္ ၿပဳံးရယ္ေနတဲ့ သူ႔မ်က္ႏွာေဖ်ာ့ေဖ်ာ့ဟာ ၿငိမ္သက္သြားရင္း မၾကားသလိုေနလိုက္မိသည္။ ဒီကိစၥကို ထုတ္ေျပာၿပီး မေဆြးေႏြးခ်င္။
" ေတြ႕လား ... ထပ္လုပ္ျပန္ၿပီ .. မသိသလို မၾကားသလို မရွိခဲ့ဖူးသလိုနဲ႔ ... အဲ့လိုလုပ္ေလ ပိုခံစားရေလမဟုတ္လား ... ဒီအတိုင္း ဖြင့္ခ်လိုက္ပါေတာ့လား "
ပခုံးကို ပုတ္ကာ ေျပာလာေလေတာ့ သူ ယြန္ဂီကိုၾကည့္မိသည္။ သူ႔မ်က္ႏွာက ေအးစက္ေဖ်ာ့ေတာ့ေနတာကိုေတာ့ ယြန္ဂီေရာ ခံစားမိမယ္ထင္သည္။
" ... သူျပန္လာရေအာင္ ငါလုပ္ေနတာမဟုတ္ဘူး ... ငါ့ကိုယ္ငါ အလုပ္ရႈပ္ေအာင္လုပ္ေနမိတာက အပိုအေတြးေတြ မေတြးမိရေအာင္လို႔ ... အနည္းဆုံး စိတ္သက္သာရာရလို႔လုပ္ေနတာ ... ၿပီးေတာ့ အက်ိဳးရွိတာပဲလုပ္တယ္ေလ ... သူမ်ားေတြလို အရက္ေသာက္တာေတြ ... လက္ကို ဓားနဲ႔လွီးတာေတြ မလုပ္ဖူးေလ ... "
ဘာမွ မျဖစ္သလို ေျပာလာျပန္ေတာ့ ယြန္ဂီက သက္ျပင္းခ်သည္။
" ... ထားေတာ့ ... အခု ႏွစ္ပတ္တိတိနားရမယ္ ... Collaborationကိစၥက MV Shootingပဲ က်န္ေတာ့တာဆိုေတာ့ ငါ ဟိုေဆာ့နဲ႔ ရေအာင္ညႇ္ိေပးမယ္ .. ညႇိမရတဲ့အဆုံးမွာ ဟိုတေန႔က အၾကမ္း႐ိုက္ထားတဲ့ cutေတြ ျပန္သုံးလိုက္မယ္ "
" ဟင္အင္း ... ဒီညေန အၿပီးသတ္မယ္ .. "
" ေဆာ့ဂ်င္ မရ~~ "
" သိတယ္ ... အဲ့ဒီ့ကိစၥတစ္ခုကိုပဲ အၿပီးသတ္ၿပီးရင္ နားေစခ်င္တဲ့အတိုင္း ႏွစ္ပတ္ နားေပးမယ္ ... အိုေခ? ... "
ေနာက္ဆုံး သူ႔ကို ယြန္ဂီကပဲ အေလ်ာ့ေပးရင္း စီနီယာဟိုေဆာ့နဲ႔ Collaboration MV ကိစၥကို ညေနပိုင္းမွာပဲ အကုန္ၿပီးဆုံးေအာင္ လုပ္လိုက္မိသည္။
ခႏၶာကိုယ္က 'နားပါေတာ့ ကင္ေဆာ့ဂ်င္ရဲ႕' လို႔ေျပာေနတာေတာင္ သူ ေပါ့ေပါ့ပါးပါးေနေနမိေသးသည္။ အခုလည္း႐ိုက္ကြင္းၿပီးလို႔ ႏွစ္ပတ္တိတိနားရမယ္ဆိုေတာ့ သူ စိတ္မေကာင္းျဖစ္မိသည္။ အနားယူရတာကို သေဘာက်ေပမယ့္ အခုခ်ိန္မွာေတာ့ အနားမယူခ်င္ေသးပါ။ အလုပ္အရမ္းမ်ားခဲ့တဲ့သူက ႏွစ္ပတ္တိတိလုပ္ခ်င္တာလုပ္ဆိုၿပီး ခြင့္ရေပမယ့္ သူ႔မွာ လုပ္စရာအလုပ္ေတြက အကေလ့က်င့္တာရယ္၊ အသံေလ့က်င့္တာရယ္၊ သီခ်င္းေရးတာရယ္၊ အေဖ့ဆီက စီးပြားေရးဆိုင္ရာ သင္ခန္းစာေတြေလ့လာတာရယ္ ... ဒါပဲ ရွိသည္ေလ။
" ... ဟူး ... "
ေဆာ့ဂ်င္သက္ျပင္းခ်ရင္း ႏွင္းဖြဲဖြဲက်ေနတဲ့ ျမင္ကြင္းကို ေငးေနမိသည္။
" ... ေဆာ့ဂ်င္ရွီ ... မင္ပီဒီကို ေစာင့္ေနတာလား ..."
႐ုတ္တရက္ အေနာက္နားကေန ထြက္လာတဲ့အသံေၾကာင့္ သူ လွည့္ၾကည့္လိုက္မိသည္။ အေဖ့ရဲ႕သင္ခန္းစာအရ HYPE Labelရဲ႕ ရွယ္ယာရွင္ေတြထဲက တစ္ေယာက္ဆိုတာ သူသိေတာ့ ဦးၫြတ္ႏႈတ္ဆက္မိသည္။
" ... မဂၤလာပါ ... ဒါ႐ိုက္တာရွင္း ..."
" ... အို ... အန္တီ့ကို သိတာလား ..."
" ... အာ ~~ သိရမွာေပါ့ ... ကုမၸဏီမွာ အေရးပါတဲ့သူပဲေလ .."
" ... အာ အဲ့လိုကိုး ..."
" ... ဒါနဲ႔ ဘာကိစၥမ်ားရွိလို႔လဲခင္ဗ် "
" .. အကူအညီတစ္ခုေလာက္ ေတာင္းခ်င္လို႔ပါ ... ဒီကုမၸဏီမွာ ေဆာ့ဂ်င္ရွီကပဲ လုပ္ေပးႏိုင္တာမို႔လို႔ပါ .."
" ဟုတ္ ေျပာၾကည့္ပါဗ် ... ကူညီႏိုင္ရင္ ကူညီေပးပါ့မယ္ ..."
" ဒီလို ... အန္တီ့ေျမးမေလးနဲ႔ မေတြ႕ရတာ ဆယ္ႏွစ္ေက်ာ္ၿပီ ... ေတြ႕ေတာ့လည္း သူက မဂၤလာေဆာင္ေတာ့မွာေလ .. သူ႔မဂၤလာပြဲမွာ အန္တီက ေဆာ့ဂ်င္ရွီကို surprise အေနနဲ႔ သီခ်င္းဆိုေစခ်င္တာပါ ... အန္တီ့ေျမးမေလးနဲ႔ အန္တီ့ေျမးသမက္က ေဆာ့ဂ်င္ရဲ႕ ပရိသတ္ေတြပါ ... ေဆာ့ဂ်င္ကို အရမ္းႀကိဳက္တဲ့သူေတြမို႔ လာေပးရင္ သိပ္ေကာင္းမွာပဲ ... ေဆာ့ဂ်င္ရွီလာဖို႔ အန္တီဘာလုပ္ေပးရမလဲဟင္ ... မင္ပီဒီနဲ႔ မန္ေနဂ်ာကို ေျပာထားေပမယ့္ သူတို႔က လက္မခံဘူးေလ ..."
ထိုစကားအဆုံး သူခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးလိုက္မိသည္။ မန္ေနဂ်ာစကားနဲ႔ မင္ယြန္ဂီစကားကို နားမေထာင္တာ မဟုတ္ေပမယ့္ ဒီကုမၸဏီကို သူမဆက္ခံခင္၊ သူ႔ကိုဆက္ခံသူမွန္းမသိခင္ကတည္းက အားလုံးနဲ႔ အကြၽမ္းတဝင္ရွိရမွာပင္။ ထို႔ေၾကာင့္ သူ ေခါင္းညိတ္လိုက္မိသည္။
" ... ရပါတယ္ဗ် ... အေရးႀကီးပုဂၢိဳလ္ကို ကူညီေပးရမွာေပါ့ ... ဘယ္ေန႔လဲ သိခြင့္ရွိမလား ... ဒါ႐ိုက္တာရွင္း ... "
" ... အခ်ိန္အရမ္းကပ္သလိုမ်ား ျဖစ္သြားမလား မသိေပမယ့္ မဂၤလာပြဲက သဘက္ခါပါပဲ ... အဆင္ေျပရဲ႕လား .. ေဆာ့ဂ်င္အတြက္ စိတ္ႀကိဳက္အဝတ္အစား အသြားအလာ အကုန္လုံးကို တာဝန္ယူၿပီး စီစဥ္ေပးမွာပါ ... ျဖစ္ရဲ႕လား ... "
" ... ရပါတယ္ ... ကြၽန္ေတာ္ကဆက္သြယ္လိုက္ပါမယ္ ... ကူညီခြင့္ရလို႔ ကြၽန္ေတာ္က ဝမ္းသာပါတယ္ .. "
" ဒါဆို ေစာင့္ေနမယ္ေနာ္ ... အခုေတာ့ အန္တီသြားလိုက္ပါဦးမယ္ ... "
အဲ့ဒီ့ေနာက္ သူ႔ကို ထိုအမ်ိဳးသမီးက သူ႔ကို ႏႈတ္ဆက္ထြက္သြားေတာ့သည္။ အေဖေျပာျပခ်က္အရ သူသိထားသည္က ထိုအမ်ိဴးသမီးမွာ တစ္ဦးတည္းေသာ သမီးတစ္ေယာက္ရွိၿပီး သူမ သမီးက ဒါ႐ိုင္ဘာျဖစ္သူနဲ႔ လက္ထပ္ခဲ့တာမို႔ သူမအမ်ိဳးသားက စိတ္ဆိုးကာ အေမြျပတ္စြန႔္လႊတ္ခဲ့တာတဲ့ေလ ...။ အခု သူမအမ်ိဳးသားဆုံးေတာ့ ကုမၸဏီေတြကို သူမ အုပ္ခ်ဳပ္ရၿပီးေနာက္ပိုင္းမွာ သူမသမီးက ေျမးမေလးေမြးထားခဲ့တာသိတဲ့အတြက္ အခ်ိန္ေတာ္ၾကာ လိုက္ရွာေနခဲ့သည္တဲ့။ ထိုေျမးမေလးကိုပဲ ဆက္ခံေစခ်င္ခဲ့ေပမယ့္ အေမြနဲ႔ပတ္သက္ၿပီး အတြင္းေရးျပသနာ နည္းနည္းရွိသည္တဲ့ေလ။
ဒါကေတာ့ သူသိသမွ်အကုန္ပင္။ အေဖနဲ႔လက္တြဲၿပီး အလုပ္လုပ္တာၾကာၿပီမို႔ သူ ဒီရွင္းမ်ိဳးႏြယ္အမ်ိဳးသမီးအေၾကာင္းကို သိေနတာျဖစ္သည္။
" ... ေဆာ့ဂ်င္ ... ခုနက ဒါ႐ိုက္တာရွင္း မင္းကို ဘာေျပာသြားတာလဲ ... သူ႔ေျမးမဂၤလာပြဲအတြက္ Guestလုပ္ခိုင္းတာမလား .."
ကားေသာ့ကိုင္ကာ ထြက္လာတဲ့ ယြန္ဂီစကားေၾကာင့္ သူေခါင္းညိတ္လိုက္ရင္း ယြန္ဂီနဲ႔အတူ ကားဆီေလွ်ာက္လာမိသည္။
" ... မသြားနဲ႔ေနာ္ ... ႏွစ္ပတ္တိတိနားရမွာ သိတယ္မလား .."
ထပ္ၿပီးတားျမစ္လာတဲ့ယြန္ဂီကို အမွန္အတိုင္းေျပာလို႔မျဖစ္ဘူးဆိုတာ သိလိုက္ရတာမို႔ သူေခါင္းညိတ္လိုက္သည္။
" ေအး ... နားပါမယ္ဆိုကြာ ..."
" ... ဒါဆိုလည္း ၿပီးတာပဲ .. ၿပီးေတာ့ အခု Foto Wedding Studio ႐ိုက္ကြင္းက ပုံေတြ မင္းဆီပို႔ထားေပးတယ္တဲ့ .. သေဘာက်တဲ့ပုံေတြေ႐ြးၿပီး တင္လိုက္တဲ့ ... မင္းမန္ေနဂ်ာမွာလာတာ .."
" ဟုတ္ၿပီ ... အခုေတာ့ အိမ္ကိုပဲ ျပန္ရေအာင္ ယြန္ဂီ ..."
" အင္း .."
အဲ့ဒီ့ေနာက္ ႏွင္းဖြဲဖြဲေတြၾကားမွာ ကားေလးတစ္စီးဟာ အေႏြးဓာတ္ေပးမယ့္ အိမ္ျပန္လမ္းဆီ ဦးတည္လ်က္ ....။
💠💠💠
// " ေဆာ့ဂ်င္ရွီက ပုံမွာျပထားေပးတဲ့ ေလွ်ာက္လမ္းအတိုင္း ဝင္ၿပီး သီခ်င္းေလးဆိုေပးရင္ ရပါတယ္ ..."//
" အာ ~~ သိပါတယ္ ... ရီဟာဇယ္မလုပ္ထားေတာ့ နည္းနည္း စိုးရိမ္တာပါ .."
// " ... ေဆာ့ဂ်င္ရွီကို ယုံပါတယ္ ... အေကာင္းဆုံးေတြပဲ ခ်ျပေပးမွာေလ ... ဒါနဲ႔ ... ပ႐ိုဂ်ဴဆာမင္တို႔ေတာ့ ေရာက္ၿပီ ... ေဆာ့ဂ်င္ရွီကို ႀကိဳဖို႔အန္တီ ကားပို႔လိုက္မယ္ေလ ... " //
" ရပါတယ္ ... ကြၽန္ေတာ္ လာယူပါ့မယ္ ... ဒါေပမယ့္ေလ ... ကြၽန္ေတာ္လာမယ့္အခ်ိန္က ပြဲစမယ့္အခ်ိန္နဲ႔ ကြက္တိျဖစ္ေနမွာမို႔ ဂုဏ္ျပဳလႊာေလးအရင္ပို႔ထားေပးမယ္ ... ကြက္လပ္ျဖစ္ေနတဲ့ေနရာမွာ သတို႔သားနဲ႔သတို႔သမီးနာမည္ေလးျဖည့္ထားေပးပါေနာ္ ..."
// " ...ဟုတ္ပါၿပီ ေဆာ့ဂ်င္ရွီ ... " //
" ... ဒါဆို ခဏေန ေတြ႕ၾကမယ္ေနာ္ "
အဲ့ဒီ့ေနာက္ ဖုန္းေလးက်သြားေတာ့ သူ႔ကိုယ္သူ မွန္ထဲ ၾကည့္လိုက္မိသည္။ ပြဲအတြက္ အဆင္သင့္ျဖစ္ၿပီး သြားဖို႔အခ်ိန္ကပ္ေနၿပီဆိုေပမယ့္ သူ သီခ်င္းဆိုမယ့္အေၾကာင္း မင္ယြန္ဂီက မသိတာမို႔ ပြဲထဲ ေစာေရာက္ေနလို႔မျဖစ္။ ထို႔ေၾကာင့္ အခ်ိန္ကြက္တိကို ေစာင့္ရင္း သြားဖို႔ ဆုံးျဖတ္လိုက္မိသည္။
သူလိုခ်င္တဲ့အခ်ိန္ကို ရသည္ဆိုရင္ပဲ ကားေသာ့ဆြဲကာ မဂၤလာပြဲရဲ႕တည္ေနရာကို ဦးတည္လိုက္မိေတာ့သည္။ သူ ပြဲစီစဥ္တဲ့ခန္းမထဲေရာက္ေတာ့ အေရွ႕ကေနမဟုတ္ဘဲ တဖက္ျခမ္းကေန အတြင္းထဲဝင္ဖို႔ ဒါ႐ိုက္တာရွင္းရဲ႕လူေတြက လာႀကိဳသည္။ သူလည္း ထိုအေနာက္လိုက္ရင္း ေက်းဇူးတင္လႊာအတြက္ ကဒ္နဲ႔ ပန္းစည္းကို ယူလိုက္မိသည္။ က်မ္းသစၥာမက်ိန္ဆိုခင္ သူ သီခ်င္းအရင္ဆိုေပးရမွာမို႔ ကမ္းေပးလာတဲ့မိုက္ကို ယူရင္း သံစဥ္ေတြကို ေစာင့္ေနမိသည္။
အဲ့ဒီ့ေနာက္ က်မ္းသစၥာက်ိန္ဆိုဖို႔ ရပ္ေစာင့္ေနၾကတဲ့ သတို႔သားနဲ႔ သတို႔သမီးရဲ႕ေနာက္ေက်ာကို သူျမင္လိုက္ရသည္။ ရွင္းလင္းစြာ ထြက္ေပၚလာတဲ့ သံစဥ္ေတြအဆုံး စည္းခ်က္ညီစြာ သူ စတင္သီဆိုလိုက္မိသည္။ ေလွ်ာက္လမ္းမႀကီးထဲကိုေတာ့ သူမဝင္ရေသး။
“ ... ♪ .. It's beautiful life ... ကိုယ္မင္းရဲ႕ေဘးမွာ ရွိေနေပးမယ္ … It's beautiful life ... မင္းရဲ႕ေနာက္မွာ အၿမဲရွိေနေပးမယ္ … It's beautiful life .... ေနေရာင္တစ္ခုတည္းေအာက္မွာ မင္းနဲ႔ရွိရမယ္ဆိုရင္ … ♪ .. အသက္ရႉေနရတာေလးကအစ သေဘာက်တယ္ ”
သူ႔အသံေၾကာင့္ ခန္းမထဲကလူေတြ လႈပ္လႈပ္ရွားရွားျဖစ္သြားသလို အကုန္လုံး အသံလာရာ အေနာက္ကို လွည့္ၾကည့္သည္။ သူသည္လည္း ထုံးစံအတိုင္း အၿပဳံးေလးတစ္ပြင့္ေဆာင္ရင္း ဂုဏ္ျပဳပန္းစည္းကို မ, ကာ ေလွ်ာက္လမ္းမႀကီးဆီ ေျခခ်လိုက္သည္။
“ ... ♪ ... မင္းအမွတ္တရေတြထဲမွာ ကိုယ္ကရွင္သန္ေနတာ ... ♪ ... ကိုယ့္ရဲ႕ေဘးမွာပဲေနေပးပါလား ... ♪ ... beautiful my love ... beautiful your heart ...♪ .. It's beautiful life ... ဘယ္အခ်ိန္မဆို မင္းကိုကာကြယ္ေပးမယ္ ... ”
ၿပဳံးရင္း ၾကည္ႏူးညင္သာစြာ သူ ေလွ်ာက္လမ္းမထက္ တစ္လွမ္းလွမ္းလိုက္မိသည္။ အဲ့ဒီ့ေနာက္ အံ့ဩမင္သက္စြာ သူ႔ဘက္ကို လွည့္ၾကည့္လာတဲ့ ေရွ႕တည့္တည့္က သတို႔သားျဖစ္သူမ်က္ႏွာကို ျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ ေႏြးခ်င္ေယာင္ေဆာင္ထားတဲ့သူ႔မ်က္ဝန္းေတြ ႐ုတ္ခ်ည္းေအးခဲသြားသလို ခံစားခ်က္ေတြ ဗလာျဖစ္သြားသည္။ သို႔ေပမယ့္ ႏႈတ္ဖ်ားကေတာ့ သူ အိမ္မွာ ေလ့က်င့္ထားတဲ့အတိုင္း သံစဥ္အလိုက္ စာသားေတြကို ေဖာ္က်ဴးေနဆဲ ...။
“ ... ♪ .. ကိုယ့္အေပၚ မင္းမွီခိုထားလို႔ရပါတယ္ ... It's beautiful life .. မင္းရဲ႕မ်က္ရည္ေတြနဲ႔ မင္းရဲ႕အၿပဳံးေတြကိုလည္း ..မင္းေဘးကေန အတူမွ်ေဝခံစားေပးမွာမလို႔ ..♪... ႐ူးေလာက္တဲ့အထိ မင္းကို ခ်စ္ခဲ့ရတဲ့ေန႔ေတြ .. ♪ .. မင္းကို အဆုံးရႈံးမခံလိုက္ခ်င္ပါဘူး ....”
ႏႈတ္ဖ်ားကသာ တည္ၿငိမ္စြာနဲ႔ သီဆိုလိုက္ေပမယ့္ သူ႔ခႏၶာကိုယ္အတြင္းမွာေတာ့ အပူခ်ိန္ေတြေတာင္ မမွန္ႏိုင္။ ႐ုတ္ခ်ည္းေအးစက္သြားရာကေန ခ်က္ခ်င္းပူေလာင္လာကာ အေရွ႕မွာ ျမင္ေနရတဲ့ မဂၤလာစုံတြဲကို သူ ဖ်က္ဆီးပစ္ခ်င္လာမိသည္။
မၿပဳံးမိေတာ့ေပမယ့္ ႏူးညံ့ေနတဲ့သူ႔အသံေၾကာင့္ ခန္းမအတြင္းကပရိသတ္ေတြ သူဘာျဖစ္ေနတယ္ဆိုတာ သတိမထားမိ။ ေအးစက္ေတာင့္တင္းလာတဲ့သူ႔မ်က္ဝန္းေတြကို နားလည္ပုံရတဲ့ သတို႔သားကေတာ့ အံ့ဩဝိုင္းစက္သြားတဲ့မ်က္ဝန္းေတြကေန တျဖည္းျဖည္း ေဖ်ာ့ေတာ့နီရဲလာသည္။ ဟုတ္ပါရဲ႕ ... ႏွစ္ႏွစ္ကာကာခ်စ္ခဲ့ရသလို ပစ္ပစ္ႏွစ္ႏွစ္ မုန္းတီးလြန္းတဲ့ကေလးေလးဟာ အခု သူ႔ေရွ႕တည့္တည့္မွာ မဟုတ္ပါလား။ သူကာကြယ္ေပးမွ လုံၿခဳံေႏြးေထြးမယ္လို႔ထင္ခဲ့မိတဲ့ေကာင္ငယ္ေလးဟာ အခုေတာ့ တျခားမိန္းကေလးတစ္ေယာက္ကို လုံၿခဳံေႏြးေထြးေစေတာ့မွာတဲ့လား ။
အ႐ြယ္ေရာက္လာတာ သိပ္ျမန္ပါလား ဆိုၿပီး ဂုဏ္ယူေပးလိုက္ခ်င္ေပမယ့္ ကိုယ့္အတြက္မဟုတ္တဲ့အ႐ြယ္ေရာက္ျခင္းကို သူ မုန္းသည္။ ကိုယ့္လက္ထဲေရာက္ၿပီး ကိုယ့္အပိုင္ျဖစ္ၿပီးမွ အဆုံးသတ္မွာ သူမ်ားပိုင္သြားတဲ့ အဲ့ဒီ့ကေလးကို သူမုန္းသည္။
' ...♪ ...♪'
အျမင္ခ်င္ရဆုံးနဲ႔ မျမင္ခ်င္ဆုံးမ်က္ႏွာလွလွကို ေဆာ့ဂ်င္ စိုက္ၾကည့္မိရင္း ေလွ်ာက္လမ္းမႀကီးထက္ ပုံမွန္လမ္းေလွ်ာက္မိသည္။ သံစဥ္ေတြသာစီးေမ်ာသြားတဲ့အပိုဒ္ငယ္ေလးမွာ ဆို႔နင့္သြားတဲ့သူ႔အသံကို မရိပ္မိႏိုင္ေအာင္ ေျဖေလ်ာ့ရင္း မြန္းက်ပ္ေနတဲ့ၾကားကေန ရေအာင္ ၿပဳံးျပလိုက္မိေသးသည္။ အဲ့ဒီ့အၿပဳံးေတြမွာေတာ့ အမုန္းေတြ၊ နာက်င္ျခင္းေတြ ေရာယွက္ေနတယ္ဆိုတာ တစ္ဖက္က ေကာင္ငယ္ေလး သိပါလိမ့္မည္။
အခ်စ္လြန္လို႔ မုန္းဖို႔ႀကိဳးစားခဲ့ရတဲ့ေကာင္ေလးကို ေတြ႕ရင္ ေသမတတ္ပိုင္ဆိုင္ခ်င္မိမွာစိုးလို႔ အဆက္အသြယ္ျဖတ္ခဲ့ေပမယ့္ ေလးႏွစ္ၾကာၿပီးေနာက္မွာ ျပန္ေတြ႕လိုက္ရတာက အဲ့ဒီ့ကေလးရဲ႕ မဂၤလာပြဲမွာတဲ့လား။မတည္ၿငိမ္ႏိုင္ဘဲ နာက်င္တုန္လႈပ္ေနတဲ့ႏွလုံးသားကို ေဆာ့ဂ်င္ မရမကဖုံးဖိလိုက္မိသည္။ ျဖည္းျဖည္းခ်င္း နီးကပ္ေအာင္ တည္ၿငိမ္စြာ ေလွ်ာက္သြားမိေပမယ့္ သူ႔ေျခလွမ္းေတြယိမ္းယိုင္ေနတယ္ဆိုတာကေတာ့ သူကိုယ္တိုင္ကလြဲလို႔ တျခားသူေတြ သိမယ္မထင္။ အဲ့ဒါထက္ ဘယ္ဘက္ရင္အုံေနရာကေန စူးစူးနင့္နင့္ ထိုးေအာင့္လာတာမို႔ အသံကို မယိုင္မိေအာင္ အားစိုက္သီဆိုေနရသည္။ ကိုင္ထားတဲ့မိုက္နဲ႔ပန္းစည္းကို ပစ္ခ်ၿပီး ထြက္ေျပးလိုက္ခ်င္ေပမယ့္ ေလးႏွစ္လုံးလုံး လြမ္းခဲ့ရတဲ့ဒီမ်က္ႏွာကို တစ္စကၠန႔္ပိုရရင္ တစ္စကၠန႔္ၾကည့္ခ်င္မိေသးသည္။ သို႔ေပမယ့္ ဒီလိုျဖစ္ေနမိတဲ့ သူ႔ကိုယ္သူ သိပ္မုန္းသည္။
“ ... ♪ ...ေလာကႀကီးထဲ မင္းနဲ႔တစ္ပုံစံတည္းတူတဲ့အမွတ္တရေတြ ...♪ ... ေနာက္ထပ္ ထပ္ၿပီးေတာ့ အဲ့အတိုင္း ကိုယ့္ကိုထားခဲ့ျပန္တာပဲ ...♪ ...”
တျဖည္းျဖည္းနီးကပ္လာေလ ... ရင္ခုန္သံေတြက ပိုက်ယ္လာၿပီး ဂြၽန္ေဂ်ာင္ဂုဆိုတဲ့ အဲ့ဒီ့ကေလးကို ပိုမုန္းလာေလမို႔ ေဆာ့ဂ်င္ လက္သီးဆုပ္လိုက္မိသည္။ သိပ္မၾကာခင္ ငိုခ်ေတာ့မယ့္ပုံေပၚတဲ့ ေဂ်ာင္ဂုရဲ႕မ်က္ဝန္းေတြကို သူ မာထန္စြာနဲ႔ လ်စ္လ်ဴရႈၿပီး ဟန္ေဆာင္အၿပဳံးတစ္ပြင့္နဲ႔ ေဖ်ာ္ေျဖလိုက္မိသည္။
“ ... ♪ ... မင္းရဲ႕အမွတ္တရေတြရယ္ မင္းနဲ႔အမွတ္တရေတြရယ္ ... ♪ ... It's sorrowful life sorrowful day ... ♪ ... ဝမ္းနည္းစရာေတြကို အႏိုင္မယူႏိုင္ေသးဘူး ... အမွတ္တရေတြထဲမွာ ကိုယ္က ရွင္သန္မေနေတာ့မယ့္အထိ ...ကိုယ့္ေဘးနားကေန ထြက္မသြားပါနဲ႔ ...”
သီခ်င္းသံေလး အဆုံးသတ္တာနဲ႔ ပရိတ္သတ္ဆီက လက္ခုပ္သံေတြ ထြက္လာတာကို သူ ခံယူရင္း ေဂ်ာင္ဂုေရွ႕ တည့္တည့္ရပ္မိသည္။ အဲ့ဒီ့ေတာ့မွ ထိန္းမႏိုင္စြာ မ်က္ရည္က်လာတာက သိပ္ခ်စ္ခဲ့ရတဲ့ကေလးေလး ဂြၽန္ေဂ်ာင္ဂု ...။
' အဟက္'
ႏွစ္ဦးသား ၾကား႐ုံ ခပ္ဟဟေလးရယ္လိုက္မိေပမယ့္ သတို႔သမီးျဖစ္သူပါ ၾကားသြားမယ္ဆိုတာေတာ့သူသိသည္။ အမ်ားအျမင္မွာေတာ့ သိပ္သေဘာက်ရတဲ့ idolက မဂၤလာလက္ေဆာင္ သီခ်င္းသီဆိုေပးခဲ့တာမို႔ အေပ်ာ္လြန္ၿပီး ငိုေနတယ္ေပါ့။ သို႔ေပမယ့္ ဘာေၾကာင့္ င္ိုေနလဲ သူသိသည္။ ေဂ်ာင္ဂု ငိုတာက သူ႔ကို ျမင္လိုက္ရလို႔ပင္။ ေလးႏွစ္လုံးလုံး အဆက္အသြယ္မလုပ္ဘဲ ပစ္ထားခဲ့တာမို႔ ဝမ္းနည္းၿပီး ငိုတာပဲ ျဖစ္ရမည္။
" ... ေပ်ာ္႐ႊင္ၾကဖို႔ ေမွ်ာ္လင့္တယ္ ..."
တိုတိုတုတ္တုတ္စကားကို ေရ႐ြတ္ၿပီး ဂြၽန္ေဂ်ာင္ဂုလက္ထဲ ပန္းစည္းကို ထည့္မိေတာ့ သူ႔လက္ကို မသိမသာေလး ျပန္ဆြဲသည္။ ထိုအျပဳအမူေၾကာင့္ မ်က္ရည္ခေနတဲ့ေဂ်ာင္ဂုမ်က္ဝန္းေတြကို ၾကည့္မိေတာ့ သူ႔ကို သိပ္သတိရေၾကာင္းေျပာျပေနသလိုပင္။
" .. အစ္ကိုက ~~ အစ္ကိုက ဘာလို႔လဲ .."
သတိရတယ္လို႔ ေျပာျပေနတဲ့မ်က္ဝန္းေၾကာင့္ ဆူပြက္ေနတဲ့သူ႔နာက်င္မႈနဲ႔ေဒါသေတြ ေျပေလ်ာ့သြားသေယာင္ရွိေပမယ့္ သူစိမ္းဆန္စြာ အစ္ကို လို႔သုံးႏႈန္းလာခ်ိန္မွာေတာ့ သူ႔မ်က္ဝန္းေတြက မထီမဲ့ျမင္အၾကည့္ေတြ အျဖစ္ကူးေျပာင္းသြားမိသည္။
" ... သတို႔သမီးရွင္ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ လာေရာက္ သီဆိုေပးတာပါ ... ဒီလက္ေဆာင္ကို သေဘာက်ဖို႔ ေမွ်ာ္လင့္တယ္ ..."
ျပတ္ျပတ္သားသားျပန္သုံးႏႈန္းမိေတာ့ ေဂ်ာင္ဂုက မ်က္ႏွာမဲ့ကာ မ်က္ရည္ေတြလိမ့္ဆင္းလာသည္။ ေဂ်ာင္ဂုဆီက မ်က္ရည္ေတြကို အလြန္မုန္းေပမယ့္ အခုေတာ့ ေက်နပ္ေနသလိုပင္။ ထူပူမြန္းက်ပ္ေနတဲ့ႏွလုံးသားက ေဂ်ာင္ဂုမ်က္ရည္ေတြကို ျမင္လိုက္ရေတာ့ သက္သာရာရသြားသလိုမ်ိဳး ေက်နပ္လာသည္။ သို႔ေပမယ့္ အသံထြက္ဖို႔ ခဲယဥ္းေလာက္တဲ့အထိ နာက်င္မႈတိုးလာတာကေတာ့ လိမ္ညာလို႔မရ ...။
" .... သတို႔သား~~ ကြၽန္ေတာ့္အက်ႌစကို လႊတ္ေပးႏိုင္မလား ... "
သူစိမ္းဆန္စြာ ေဂ်ာင္ဂုဆြဲထားတဲ့အက်ႌစကို လြတ္ေအာင္ သူ႔လက္ကို ဆြဲယူလိုက္မိသည္။ တစ္ဆက္တည္းမွာပဲ တုန္လႈပ္လာတဲ့ ႏွလုံးသားဟာ သူ႔တစ္ကိုယ္လုံးကို နာနာက်င္က်င္ ထိုးဆြေနသလိုပင္။ သူ႔အျဖစ္ကို သူမုန္းတာမို႔ မ်က္ႏွာလႊဲမိေတာ့ ေဂ်ာင္ဂုက ကိုင္ထားတဲ့ပန္းစည္းကို သတို႔သမီးလက္ထဲပစ္ထည့္ကာ အေရွ႕တည့္တည့္က သူ႔ကို ခ်က္ခ်င္းေပြ႕ဖက္သည္။
မုန္းတယ္ဆိုေပမယ့္ တကယ္တမ္းလိုအပ္ေနမိတဲ့ေပြ႕ဖက္မႈေလး ရလိုက္မိေတာ့ သူ႔ႏွလုံးသားဟာ တုန္လႈပ္ျခင္းကေန ေမာဟိုက္လႈိက္ဖိုလာသည္။ 'အသိတရားကပ္စမ္း ... ကင္ေဆာ့ဂ်င္ရဲ႕' လို႔ သူ႔ကိုယ္သူေျပာမိေပမယ့္ ႏွလုံးသားက လက္မခံ။ ျပန္မေပြ႕ဖက္မိဘဲ ေတာင့္တင္းစြာ ရပ္ေနခဲ့ေပမယ့္ ရင္ခြင္ထဲဝင္လာတဲ့ေကာင္ငယ္ေလးကို မတြန္းထုတ္ရက္ခဲ့။ သူမပိုင္ေတာ့တဲ့ေပြ႕ဖက္မႈေလးဟာ တပ္မက္ရေလာက္တဲ့အထိေႏြးေထြးလြန္းသည္။ သို႔ေပမယ့္လည္း သူ မုန္းတီးရေလာက္တဲ့အထိ အသည္းနာဖို႔ေကာင္းသည္။
" ... သတိရေနခဲ့တာ ..."
တိုးဖြဖြေျပာလာတဲ့စကားေၾကာင့္ အမွတ္မရွိတဲ့ႏွလုံးသားက တလွပ္လွပ္ ခုန္လာေလလွ်င္ သူ႔လက္ေတြ တျဖည္းျဖည္း ျပန္ေပြ႕ဖက္ဖို႔ ႀကိဳးစားမိသည္။ သို႔ေပမယ့္ ေဂ်ာင္ဂုပခုံးေပၚမေရာက္ႏိုင္ဘဲ တင္းက်ပ္တဲ့ႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္တားျမစ္ထားသလို ခက္ခဲလြန္းေနခဲ့သည္။
" ... ငါကေတာ့ မင္းကို မုန္းတယ္ ဂြၽန္ေဂ်ာင္ဂု ..."
ဒီကေလးေလးကို ဆြဲယူေပြ႕ၿပီး ခန္းမထဲကေန ထြက္ေျပးခ်င္စိတ္ကို တားျမစ္ဖို႔အတြက္ သူ႔ႏႈတ္ဖ်ားကေန မုသားတစ္ခ်ိဳ႕သုံးမိေတာ့ သူ႔ကို ဖက္ထားရာကေန တျဖည္းျဖည္း ဖယ္ခြာကာ သူ႔ကိုေမာ့ၾကည့္လာသည္။ ကင္မရာေတြရဲ႕စုံခ်က္အလယ္မွာ ေဂ်ာင္ဂု သူ႔ကို မယုံႏိုင္စြာ ေငးၾကည့္လာေပမယ့္ သူကေတာ့ ေဂ်ာင္ဂု ပခုံးေပၚတင္းက်ပ္ေနေအာင္ ျပန္ဆုပ္ကိုင္ၿပီး ၿပဳံးလိုက္မိသည္။
ဗြီဒီယိုမွတ္တမ္းထဲမွာေတာ့ ေဂ်ာင္ဂုဟာ ခ်စ္ရတဲ့idolနဲ႔ေတြ႕လို႔ စိတ္လႈပ္ရွားၿပီး အေပ်ာ္လြန္ေနတဲ့ Fanboy ေလးေပါ့။ သူကေတာ့ ထိုfanboyေလးကို ႏွစ္သိမ့္ေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္ပုံစံမ်ိဳး။ သို႔ေပမယ့္ ဘာေတြျဖစ္ေနတယ္ဆိုတာေတာ့ ႏွစ္ဦးသားသာ သိသည္။
သူ ငိုေနတဲ့ေဂ်ာင္ဂုကိုၾကည့္ရင္း ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ထားတဲ့လက္ေတြ မလႊတ္ေပးႏိုင္ဘဲ ေတာင့္တင္းလာရသည္။
ထားခဲ့တုန္းက တစ္ေယာက္တည္း ထားခဲ့ၿပီးေတာ့ အခုက်မွ သတိရတယ္ဆိုၿပီး မဂၤလာပြဲမွာ ငိုျပေနတာက ဘာသေဘာလဲ ... အျခားတစ္ေယာက္ဆီ ေရာက္ေတာ့မယ့္မင္းက ဘာျဖစ္လို႔ ငါ့ကို ေမွ်ာ္လင့္ခ်က္ေပးရတာလဲ ...
အဲ့ဒီ့မ်က္ရည္စေတြနဲ႔ကေလးကို စိတ္ရွိလက္ရွိေအာ္ေျပာပစ္လိုက္ခ်င္ေပမယ့္ သူ႔နာက်င္ေဒါသေတြက ေဂ်ာင္ဂုပခုံးကို ဖ်စ္ညႇစ္ထားတဲ့လက္ေတြမွာသာ အဆုံးသတ္သည္။ သူ႔အားနဲ႔ တအားဖိထားမိတာမို႔ နာက်င္လာပုံရတဲ့ေဂ်ာင္ဂုက မ်က္ႏွာမဲ့လာေပမယ့္ သူကေတာ့ ဆို႔နင့္မႈေတြကို အားတင္းေခ်ဖ်က္သည္။
" ... ဓာတ္ပုံ႐ိုက္ရေအာင္ ဂ်င္ ... ဒါၿပီးရင္ အခ်ိန္ဇယားေတြရွိေသးတယ္ ..."
႐ုတ္တရက္ အနားကပ္လာတဲ့ယြန္ဂီေၾကာင့္ သူအသိစိတ္ဝင္လာမိေတာ့ သူ႔ရဲ႕ေတာင့္တင္းမႈေတြ အနည္းငယ္ေျပေလ်ာ့သြားသည္။ သူဘာျဖစ္ေနတယ္ဆိုတာ သိေနပုံရတဲ့ယြန္ဂီကေတာ့ ေနရာေတြကို စီစဥ္ကာ အမွတ္တရ မွတ္တမ္းပုံေလး႐ိုက္ဖို႔ စီစဥ္ေပးသည္။ သူ႔မန္ေနဂ်ာအစ္ကိုကေတာ့ ဒါ႐ိုက္တာရွင္းကို သူ ပြဲၿပီးတဲ့အထိ ေနလို႔မရေတာ့တဲ့အေၾကာင္းနဲ႔ အားနာေၾကာင္းစကားေတြကို ေျပာေနပုံရသည္။ သူကေတာ့ ဘာဆိုဘာမွ မသိႏိုင္ေတာ့သလို ဂြၽန္ေဂ်ာင္ဂု တစ္ေယာက္တည္းအေပၚမွာသာ အာ႐ုံရွိသည္။ အေရးႀကီးတဲ့Guestတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ကိုအလယ္မွာထားကာ ခူ႐ိုနဲ႔ေဂ်ာင္ဂုက တစ္ဖက္တစ္ခ်က္စီမွာပင္။
ထြက္ေျပးခ်င္စိတ္ကို ေသခ်ာထိန္းၿပီး မင္ယြန္ဂီေျပာတဲ့အတိုင္း သူရပ္ေနမိသည္။ တဖ်ပ္ဖ်ပ္နဲ႔ကင္မရာမီးေတြၾကား သူရယ္ေနခဲ့လား၊ ၿပဳံးေနခဲ့လား ဒါမွမဟုတ္ တည္ေနခဲ့တာလား သူမသိ။ ေသခ်ာတာကေတာ့ ခန္းမထဲမွာ လူမ်ားစြာ ရွိေနေပမယ့္ သူကေတာ့ တစ္ကိုယ္တည္း အထီးက်န္ေနသလို အရာရာ ထုံထိုင္းနာက်င္ေနမိသည္။
" ... ေဆာ့ဂ်င္ ~~ ကားထဲကေစာင့္ ငါလိုက္ပို႔မယ္ မင္းမေမာင္းနဲ႔ ..."
ဘယ္လိုၿပီးဆုံးသြားမွန္းမသိတဲ့ မွတ္တမ္းဓာတ္ပုံေတြၾကားမွာ သူ႔ကို ယြန္းဂီက တီးတိုးေလး လာကပ္ေျပာသည္။ ခန္းမထဲက သူ ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေလလွ်င္ သူ ကေလးေလးမ်က္ႏွာကိုၾကည့္မိသည္။
မ်က္ရည္စေတြရွိေနေပမယ့္ ေတာက္ပတဲ့အၿပဳံးေတြနဲ႔ တစ္ဖက္ကသတို႔သမီးကို ၾကည့္ကာ တြန႔္ေကြးလာတဲ့ႏႈတ္ခမ္းေလး။ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ႀကီးျပင္းလာတဲ့ဒီကေလးရဲ႕ မဂၤလာပြဲကို ျမင္လိုက္ရတာ အျခားသူေတြအတြက္ဆို ေကာင္းခ်ီးေပးမွာဆိုေပမယ့္ သူ႔အတြက္ကေတာ့ ပ်ိဳးေထာင္ခဲ့ရတဲ့အသည္းပန္းေလးကို ေႁခြခ်ယူသြားသလိုပင္။ အုံလိုက္က်င္းလိုက္ ကပ္တြယ္ေနတဲ့အသည္းပန္းေလးရဲ႕အျမစ္က သူ႔ႏွလုံးသားဗဟိုခ်က္တည့္တည့္မွာ တြယ္ၿငိေနတုန္းမို႔ ဆြဲယူထုတ္တဲ့အခါ ႏွလုံးသားသာ ႂကြတက္နာက်င္ရသည္။
... ေဆာ့ဂ်င္ ေဂ်ာင္ဂုကို ေငးေနခဲ့ေပမယ့္ ေဂ်ာင္ဂုကေတာ့ တစ္ခ်က္ေလးေတာင္ မလွည့္လာခဲ့ ...။ အဲ့ဒီ့ေနာက္ သူ ေက်ာခိုင္းကာ ပရိသတ္ေတြၾကား ျဖတ္ေလွ်ာက္မိေတာ့ ခပ္ယဲ့ယဲ့ၾကားလိုက္ရသည္။
" ... သတို႔သမီးက ကိုယ္ဝန္ရွိေနတာေလ ... အဲ့ဒါေၾကာင့္ အေမြဆက္ခံႏိုင္ဖို႔ မဂၤလာပြဲကို ခပ္ျမန္ျမန္လုပ္တာ ... "
" ... ဒါေပမဲ့လည္း သတို႔သားရဲ႕အသိုင္းအဝိုင္းကေတာ့ အထည္ႀကီးပ်က္ထဲကပဲ လို႔ၾကားတယ္ ... ၾကည့္ေလ ... အခုေတာင္ ဘယ္သူမွ မရွိဘူးမလား ... မဂၤလာေဆာင္မွာေလ ...."
" ... ဘယ္လိုပဲေျပာေျပာ ... ကေလးေတာင္ ရေနၿပီဆိုေတာ့ အေမြေတြအားလုံးကို သူတို႔မိသားစုပဲ ရလိမ့္မယ္ ..."
ဆက္နားမေထာင္ခ်င္ေပမယ့္ အတိုင္းသား ၾကားခဲ့ရတာမို႔ သူ လက္သီးကို တင္းတင္းဆုပ္ရင္း ကားထဲဝင္လာမိသည္။ အဲ့ဒီ့ေနာက္ အခုမွ ေဒါသေတြကို ေပါက္ကြဲခြင့္ရသလိုမ်ိဳး စတီရင္ယာကို သူ ထု႐ိုက္ေနမိသည္။
" ... ကေလး? ... ကေလးေတာင္ ရေနခဲ့ၿပီလား .. ေဂ်ာင္ဂုကေလ ... သားသား .. သားသားကေလ ..."
မေက်နပ္ႏိုင္ဘဲ သူေရ႐ြတ္မိေတာ့ ပါးျပင္ထက္က ဝမ္းနည္းမ်က္ရည္ေတြ စီးဆင္းလာသည္။ တကယ္ဆို ေဂ်ာင္ဂုကို သူ ေသေလာက္ေအာင္မုန္းပစ္မိေပမယ့္ သူ႔ဆီ ျပန္လာဖို႔ ေမွ်ာ္လင့္ေနခဲ့ေသးသည္။ ေဂ်ာင္ဂုအေၾကာင္းေတြ အဆက္အသြယ္မလုပ္ဘဲ မစုံစမ္းဘူးဆိုတာကလည္း ေဂ်ာင္ဂုအတြက္ သူအခ်ိန္ေပးခ်င္ခဲ့လို႔ျဖစ္သည္။ လမ္းခြဲၿပီး တစ္ႏွစ္ေလာက္အထိေတာ့ နည္းနည္းေလာက္ေတာ့ သိေသးေပမယ့္ သူလက္ေလ်ာ့မိတဲ့သုံးႏွစ္အတြင္းမွာ ေဂ်ာင္ဂုဟာ တစ္ျခားတစ္ေယာက္ဆီ ေရာက္သြားခဲ့ၿပီျဖစ္သည္။
" .... ဘာလို႔လဲ ... ဒါဆို ဘာလို႔ ဖက္ခဲ့ေသးတာလဲ . ... မင္းနဲ႔ ပထမဆုံးျပန္ေတြ႕ရင္ ဒီလိုပုံစံမ်ိဳးကို ေမွ်ာ္လင့္ခဲ့တာမဟုတ္ဘူးေလ ေဂ်ာင္ဂု-ah ... "
လည္တိုင္ထက္မွာ ရွိေနတဲ့ ႀကိဳးမွ်င္ေလးကို ကိုင္ရင္း သူ ငိုလိုက္မိသည္။
... မပိုင္ဆိုင္ႏိုင္ေတာ့ဘူးဆိုတာ သိေပမယ့္ တစ္ေန႔ေန႔ေတာ့ ျပန္လာႏိုင္ေကာင္းရဲ႕ ဆိုၿပီး မုန္းၿပီးေစာင့္ေနခဲ့မိတာ ... အခုေတာ့ ပိုင္ဆိုင္ဖို႔ မေျပာနဲ႔ ခ်စ္ခြင့္ေတာင္မရေတာ့ဘူးဆိုမွ ... ဘာျဖစ္လို႔ ငါ မင္းကို တမ္းတေနရဦးမွာလဲ ...
... မေမ့ႏိုင္ဘူး ဟုတ္တယ္ေဂ်ာင္ဂု .. ငါမင္းကိုမေမ့ႏိုင္ဘူး ... ... အဲ့ဒီ့ေကာင္မေလးရဲ႕လက္ကိုတြဲထားတဲ့ မင္းပုံရိပ္က ငါ့ကို ႐ူးတာထက္ ပို႐ူးေစတယ္ ... ဂြၽန္ေဂ်ာင္ဂု ... ငါ ... မင္းကို မေမ့ႏိုင္ေတာ့မွ ျပတ္သားႏိုင္ဖို႔ဆိုရင္ အဆုံးထိမုန္းပစ္မွပဲရမယ္ ... ... ...
... ဟုတ္တယ္ ဂြၽန္ေဂ်ာင္ဂု ... အခုခ်ိန္ကစၿပီး ငါနာက်င္ရတယ္ ဆိုရင္ေတာင္မွ မင္းကို မုန္းၿပီးရွင္သန္မယ္ ...
ေနာက္ဆုံးေတာ့ ေဆာ့ဂ်င္ ငိုေနမိရာကေန မ်က္ရည္သုတ္ကာ ကားေသာ့ကို လွည့္လိုက္မိသည္။ အငိုတိတ္သြားတဲ့တစ္ခဏမွာ စိတ္က တည္ၿငိမ္လာသေယာင္ရွိေပမယ့္ တကယ္တမ္းက် ေဂ်ာင္ဂုပုံရိပ္ေတြဆီမွာသာ ကပ္တြယ္ေနသည္။ လက္ကိုင္ကို လွည့္ရင္း လွိမ့္ထြက္လာမိတဲ့ကားေလးဟာ လမ္းမထက္ ဦးတည္ခ်က္မဲ့ကာ ေျပးလႊားလ်က္။
ဘယ္ေနရာကို ဦးတည္ရမယ္ဆိုတာ သူမသိသလို ဘယ္ေနရာမွာ ဆိုက္ရပ္ရမလဲ သူမသိ။ သူ႔အေတြးထဲမွာ ခ်စ္ရသူလက္ကို တြဲၿပီး ၿပဳံးေပ်ာ္ေနတဲ့ေကာင္ငယ္ေလးသာရွိသည္။ သူ႔ကို ဖက္တြယ္ၿပီး 'သတိရေနခဲ့တာ' လို႔ ေျပာခဲ့တဲ့ေကာင္ငယ္ေလးသာ ရွိသည္။ ဟိုးအရင္အတိတ္က သူ႔တစ္ေယာက္တည္းကိုပဲ ၾကည့္ခဲ့တဲ့ေကာင္ငယ္ေလးသာရွိသည္။
... " ဒုန္း " ...
သူ႔အေတြးေတြ အဆုံးမသတ္ႏိုင္ခင္မွာပဲ က်ယ္ေလာင္တဲ့အသံတစ္ခုနဲ႔အတူ သူ႔ကားေလးရပ္တန႔္သြားသည္။ ထုံထိုင္းေနတဲ့ခႏၶာကိုယ္ထဲ နာက်င္မႈလို႔ေခၚတဲ့အရာက ဝင္ေရာက္လာေပမယ့္ သူမမဲ့မိ။ နဖူးတစ္ေလွ်ာက္စီးက်လာတဲ့ခပ္ျပစ္ျပစ္အရည္ေတြကို သူစမ္းလိုက္မိသည္။ ရဲရဲနီေနတဲ့အရည္ေတြ သူ႔လက္ေပၚမွာ ကပ္ၿငိလာေလေတာ့ သူ ေၾကာင္အစြာ ၾကည့္ေနမိသည္။ ကားထဲကေန မထြက္ႏိုင္ေတာ့ေပမယ့္ အျပင္မွာ ဆူညံစြာ လႈပ္ရွားေနၾကတာကိုေတာ့ သူၾကားေနရသည္။
" ဒီမွာ!! ဒီမွာ!! ၾကားရလား ... အသံကိုၾကားရလား !! "
ကားမွန္တံခါးကို ထု႐ိုက္ကာ ေအာ္ေမးေနတဲ့ေကာင္ေလးရဲ႕အသံကို သူၾကားတစ္ခ်က္၊ မၾကားတစ္ခ်က္ ... ။ သူ ေတြေဝစြာ စိုက္ၾကည့္ေနမိရင္း စူးေအာင့္လာတဲ့ခႏၶာကိုယ္ရဲ႕နာက်င္မႈေတြက သူ႔ကို လက္ေလ်ာ့ဖို႔ တြန္းအားေပးေလေတာ့ သူ႔မ်က္ဝန္းေတြ ပိတ္က်သြားရေတာ့သည္။
နာက်င္လားေမးရင္ နာက်င္တာေပါ့ ... ဒါေပမဲ့ ခႏၶာကိုယ္ရဲ႕နာက်င္မႈေတြကို သတိမမူႏိုင္တဲ့အထိ ဒီရင္ဘတ္ရဲ႕အနာက သိပ္ကို ျပင္းရွေနတာမို႔ သူ မခံစားမိေတာ့တာ မဆန္းပါဘူးေလ ...။
💠💠💠
24.10.2022 (1:11AM)ေကြကာအုပ္ေတြထဲမွာ ကိုကို႔ရဲ႕ Astronaut preorder မတင္ရေသးတဲ့သူရွိလားဟင္ ... သိခ်င္လို႔ ေမးၾကည့္တာပါ ♡ ♡ ♡
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



