Fanfics

【09】Part • 2 New Chapter

06:47, 2 December 2022

⟨ Unicode Version ⟩Me, Myself & Bad Romance• အပိုင်း ၀၉ •

// " ကင်ဆော့ဂျင်! ကင်ဆော့ဂျင်! ကင်ဆော့ဂျင်!! ကင်ဆော့ဂျင်!! " //

သောင်းပေါင်းများစွာသော ပရိသတ်တွေရဲ့ အသံညံညံက ကွင်းလုံးပြည့်နှက်သွားသလို စကရင်ထက်မှာပေါ်လာတဲ့ အပြုံးပန်းဝေနေတဲ့လူသားကို သူမြင်လိုက်ရသည်။ ရီဝေဝေမျက်ဝန်းတွေနဲ့ ခဏတာ စိုက်ကြည့်ပြီးနောက်မှာတော့ ထိုတီဗွီစကရင်ကနေ သူအကြည့်လွှဲလိုက်သည်။

" ... ငါတို့အိုပါး ချစ်စရာကောင်းလိုက်တာ ... "

" ဆံပင်လေးက ကောက်ကွေးလေးတွေ ... ချစ်လို့ သေပါပြီ ဘယ်လိုလုပ်ရမလဲ .."

" ... ဒါလား ၂၆နှစ်က ... ကလေးလေးလိုပဲ ... အိုက်ဂူး ..."

ဆိုင်ထဲမှာရှိနေတဲ့အထက်တန်းကျောင်းသူလေးတွေရဲ့စကားကြောင့် သူ ခပ်ရေးရေးပြုံးရင်း ခေါက်ဆွဲဘူးတစ်ချို့ကို ယူကာ ကောင်တာဘက်မှာ ငွေရှင်းလိုက်မိသည်။ တီဗွီစကရင်ထက်က အသံကတော့ ပျံ့လွှင့်နေဆဲ ...။

// " .... Cookie တွေရဲ့ အချိန်တွေ .. အချစ်တွေ ပေးပြီး ရလာတယ်ဆိုတာ သေချာသိပါတယ် ... အဲ့ဒါကြောင့် ပိုကောင်းတဲ့အရာတွေအတွက် ကြိုးစားရင်း ရှေ့ဆက်ပြီးအတူတူရှိနေပါ့မယ် ... ကျေးဇူးအများကြီးတင်ပါတယ် ... ချစ်လည်းချစ်ပါတယ် ..." //

လန်းဆန်းတက်ကြွနေတဲ့အသံလွင်လွင်လေးကို ကြားလိုက်ရတော့ နောက်တစ်ခါ သူထပ်ပြုံးရင်း အချိန်ပိုင်းကျောင်းသားလေးကမ်းပေးတဲ့အထုပ်ကို သူလှမ်းယူလိုက်သည်။ အဲ့ဒီ့နောက် စတိုးဆိုင်လေးကနေ ထွက်ပြီး မြေအောက်ရထားဘူတာအထိ ခပ်‌ဖြည်းဖြည်း လမ်းလျှောက်လိုက်မိသည်။ သူဖြတ်လျှောက်သွားမိတဲ့ Ads Board တွေမှာတော့ ကင်ဆော့ဂျင်ရဲ့ပုံရိပ်တွေကအပြည့်ပင်။ လှည့်မကြည့်မိအောင် ခြေလှမ်းတွေကို ထိန်းရင်း တင်းခံမိနေပေမယ့် အထက်တန်းကျောင်းသူလေးတစ်ယောက်နဲ့ သူဝင်တိုက်မိသည်။

" အ့ .."

" တောင်းပန်ပါတယ် .."

သူကတိုက်မိပေမယ့် တောင်းပန်သူက ထိုကောင်မလေးမို့ ပြုတ်ကျသွားတဲ့ကတ်လေးကို ကောက်ကာ ပြန်ပေးမိသည်။ ထိုကတ်လေးဆီ အကြည့်ရောက်မိတော့ ကိုကို့ရဲ့pc cardလေးပင် ။

ရှင်းသန့်ပြီး ကြည်လင်နေလိုက်တာ ကိုကိုမဟုတ်တဲ့အတိုင်းပဲ ကိုကိုရယ် .....

ထိုကောင်မလေးကတော့ သူ့လက်ထဲက ကတ်လေးကို ဆွဲယူကာ ထွက်သွားခဲ့ပေမယ့် သူကတော့ ထိုနေရာမှာတင် ရပ်ရင်း ကျန်ခဲ့မိသည်။ အဲ့ဒီ့နောက် သူ့ဘေးမှာရှိနေတဲ့ကြော်ငြာဘုတ်ကို‌ သူလှည့်ကြည့်မိသည်။

သွားတဲ့နေရာတိုင်း ကိုကိုရှိနေတာ ကျွန်တော် သိပ်‌ကံကောင်းတယ် သိလား ကိုကို ~~ အနည်းဆုံးတော့ ကျွန်တော် ကိုကို့ကို လွမ်းတိုင်း ကိုကို့ဓာတ်ပုံတွေနဲ့ ဗွီဒီယိုလေးတွေကို လိုက်ရှာကြည့်လို့ရသေးတယ်လေ ... ကိုကိုကရော ... ဘာများလုပ်နေမလဲ ... ကျွန်တော့်ကိုရော နည်းနည်းလေးမှ မလွမ်းနေဘူးထင်တယ် ... မုန်းပစ်မယ်လို့ပြောခဲ့တဲ့အတိုင်း တကယ်ပဲ မုန်းပစ်လိုက်တာလား ...

သူ စိတ်နဲ့ ရေရွတ်ရင်း ကိုကို့မျက်နှာကို စိုက်ကြည့်မိတော့ ပါးပြင်ထက်မျက်ရည်လေးတွေ ခိုတွဲလာသည်။

တကယ်တော့ ကိုကိုနဲ့ သူ လမ်းခွဲခဲ့တာ လေးနှစ်ကြာခဲ့ပြီဖြစ်သည်။ သူဟာအထက်တန်းကျောင်းသားလေးမဟုတ်တော့သလို ချစ်စရာအပြုံးတွေပိုင်ဆိုင်ထားတတ်တဲ့ကောင်ငယ်လေးလည်း မဟုတ်တော့ပါ။ သူ အသက်ပြည့်ပြီးကတည်းက တီတီ့ဆီကထောက်ပံ့မှုတွေအကုန် သူ ရပ်တန့်ကာ မိဘတွေထားသွားခဲ့တဲ့ အမွေအိမ်ကြီးကို အေဂျင်စီနဲ့ချိတ်ပြီး ငှားရမ်းထားခဲ့ပါသည်။ သူကတော့ ဈေးတန်တဲ့တိုက်ခန်းသေးသေးကို ပြန်ငှားကာ တစ်ယောက်တည်းနေတတ်ဖို့ ကြိုးစားခဲ့မိသည်။

အစပိုင်းတော့ ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပေမယ့် ကြာလာတဲ့အခါ သူနေသားကျသွားခဲ့သည်။ အေးစက်ပြီးမှောင်မည်းနေတဲ့အမှောင်ညတွေ ...,၊ နွေးထွေးမှုမရှိတော့တဲ့ညစာစားပွဲတွေ၊ ဆုတောင်းပေးမယ့်သူမရှ်ိတော့တဲ့မွေးနေ့တွေကို တစ်ယောက်တည်း ဖြတ်သန်းရင်း သူ့ကိုယ်သူ ကြံ့ခိုင်အောင် နေခဲ့မိသည်။ ဘယ်သူ့အကူအညီမှ ထပ်မယူဘဲ တစ်ယောက်တည်းနေဖို့ ကြိုးစားခဲ့ပေမယ့် အ‌ဒေါ်ကြီးကတော့ သူတားမရလောက်တဲ့အထိ သူ့ဆီ တစ်ပတ်တစ်ခါတော့လာပါသည်။ အဒေါ်ကြီးလာရတဲ့အကြောင်းအရင်းကလည်း တီတီလွှတ်ထားလို့ဆိုတာ သူသိသည်။ ဘယ်လောက််တားတား အမြဲလာတာမို့ နောက်ပိုင်း သူလည်း မတားဆီးနိုင်တော့ပါ။ အချိန်ပိုင်းအလုပ်တွေလည်း သူအကုန်ဝင်လုပ်တတ်ပြီး လူတွေကို ဘယ်လိုသည်းခံရမလဲဆိုတာ သူသင်ယူခဲ့မိသည်။

အနိုင်ကျင့်ခံရတဲ့အချိန်တိုင်း သူ သတိရမိတာက ကိုကို့ကိုပင်။ ကိုကိုသာရှိနေမယ်ဆိုရင် ဒီလိုလူတွေကို သူကြောက်နေရမှာ မဟုတ်။ မပြည့်စုံတော့တဲ့ဘဝမှာ စိတ်ညစ်စရာတွေများလာပေမယ့် ပျော်စရာအချိန်တွေလည်း သူ့ဆီမှာ ရှိပါသေးသည်။ အဲ့ဒါကတော့ လမ်းဘေးကြောင်လေးတွေကို အစာကျွေးနေရတဲ့အချိန်ပင်။ ကြောင်လေးတွေကို အစာကျွေးနေရတဲ့အချိန်က သူ့ဘဝမှာ အပျော်ဆုံးအချိန်ဖြစ်လိမ့်မည်။ ကြောင်လေးတွေအစာစားတာကိုကြည့်ပြီး ခံစားရတဲ့ခံစားချက်တွေကို သူ ကိုကို့ဆီ သူပြောပြချင်မိသည်။ ကိုကို့ကိုသာဆိုရင် ဒီလိုပျော်စရာတွေလည်း သူ ဝေမျှနိုင်သည်လေ။ အဲ့ဒါအပြင် ကိုကိုမရှိတဲ့လောကကြီးမှာ ရှင်သန်နေရတဲ့တစ်နေ့ချင်းစီရဲ့ခံစားချက်တွေကို သူပြောပြချင်သည်။

ဒါပေမဲ့ လမ်းခွဲပြီးတဲ့အချိန်ကစပြီး ကိုကို့ဘက်က သူ့ကို တစ်ချက်လေးတောင် မဆက်သွယ်လာတော့ပါ၊ ညီအဖြစ်တောင် မသတ်မှတ်နိုင်ဘူးဆိုတဲ့စကားကို ကိုကိုက အတည်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဒါဆို မုန်းတော့မယ်ဆိုတဲ့အတိုင်း ကိုကို သူ့ကို တကယ်ပဲ မုန်းပစ်ခဲ့တာများလား။

သေမတတ်သတိရတဲ့အချိန်ရှိပေမယ့် ကိုကို့ကို သူစွဲလန်းနေရုံလေး စွဲလန်းနေတာလို့ သူထင်မိခဲ့သည်။ ထို့ကြောင့် ပထမနှစ်မှာ ကောင်မလေးတွေရော၊ ကောင်လေးတွေနဲ့ပါ သူ တွဲကြည့်ခဲ့ပေမယ့် သူ့နှလုံးသားက အလုပ်မလုပ်တော့။ အသားချင်း ထိတွေ့ကိုင်တွယ်နေရတာတောင် စကရင်ပေါ်က ကိုကို့မျက်ဝန်းတွေ လောက် ရင်ခုန်နွေးထွေးမှုကို မပေးနိုင်ခဲ့ပါ။ အခုလို လေးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို သူရှာတွေ့ခဲ့မိသည်။ သူဟာ အချိန်တိုင်း ကိုကို့ကိုသာ လိုချင်နေခဲ့ပြီး သူ့ရဲ့အရာရာတွေကို မျှဝေပေးချင်မိတဲ့လူဟာလည်း ကိုကို ဆိုတာကို သူနားလည်ခဲ့ရသည်။ ပင်ပန်းလာတိုင်း၊ အရှုံးပေးချင်လာတိုင်း သူတောင့်တမိတာက ကိုကို့ဆီက ပွေ့ဖက်မှုလေးတစ်ခုသာ ဖြစ်သည်။ ဘယ်အချိန်ကစပြီး ဘယ်လိုဖြစ်ပေါ်လာမှန်းမသိတဲ့အချစ်တွေက ကိုကို့အတွက်ဆိုတာ သူ သေချာ အတည်ပြုနိုင်ခဲ့သည်။သို့ပေမယ့် သူ နောက်ကျသွားခဲ့ပြီ။ သူဟာကို ကိုကို့ကို စကားလုံးအချို့နဲ့နာကျင်စေခဲ့ပြီးပြီလေ။ စကရင်ပေါ်ကကိုကို့ပုံရိပ်တွေမြင်မိတိုင်းလည်း သူ ချစ်တဲ့အကြောင်းတွေ တိုးတိုးတိတ်တိတ်ပြောမိသည်၊ လွမ်းတဲ့အကြောင်းတွေပြောမိသည်။ ဒီစကားတွေကိုတော့ ကိုကို့ရှေ့မှာ ထုတ်ပြောဖို့အခွင့်အရေးမရှိတော့ပါ။ ကိုကိုနဲ့သူ့ဇာတ်လမ်းဟာ အတိတ်ဖြစ်သွားခဲ့သလို သူ့ဘဝကလည်း အကွေ့အဝိုက်တွေရှိနေခဲ့ပြီလေ။

လေးနှစ်ဆိုတဲ့အတောအတွင်းမှာ ကိုကိုက နိုင်ငံ့ဂုဏ်ဆောင် ကြယ်ပွင့်ဖြစ်လာပေမယ့် သူကတော့ ကိုကိုနဲ့ဆန့်ကျင်စွာ တဖြည်းဖြည်းမှေးမှိန်သွားသည်။ လောကကြီးမှာ တစ်ယောက်တည်းရှင်သန်ဖို့ မလွယ်ကူမှန်း တစ်နေ့တခြားပိုသိလာလေ သူ ကိုကိုနဲ့မတွေ့ချင်လေ ဖြစ်သည်။ အားနည်းနေတဲ့သူ့ပုံစံကို ကိုကိုလည်း မြင်ချင်မှာ မဟုတ်ဘူးလေ ...။

ဒါပေမဲ့ လမ်းခွဲမိလို့နောင်တရလားမေးရင်တော့ သူမရပါ။ ကိုကိုနဲ့သူက အစကတည်းက ဖြစ်နိုင်ချေမှ မရှိတော့သည်ပဲ...။

" ဟင်း "

လေးလံလှတဲ့သက်ပြင်းတွေကို ထွက်သက်တစ်ခုနဲ့ ထွက်ခွာစေလိုက်မိသည်။

" ...!! ... !! ..."

ကိုကို့ကြော်ငြာဘုတ်ကိုကြည့်နေတာ ဘယ်လောက်ကြာသွားလဲမသိ။ သူ့ဖုန်းမြည်လာတော့မှ အသိဝင်လာရင်း ခြေဦးလှည့်လိုက်မိသည်။

" .. အင်း ပြော ~~ "

// " မေ့နေလားဂျောင်ဂုရေ ... ဒီနေ့အိမ်ပြောင်းရမယ့်နေ့လေ ... ငါ နင့်အိမ်ရှေ့ရောက်နေပြီ ... " //

" ... အာ ~~ ဟုတ်သား ... ငါမေ့နေလို့ ခေါက်ဆွဲထုပ်တောင်ဝယ်လာမိသေးတယ် ... အိမ်ထဲ အရင်ဝင်ထားနှင့် .. ခဏပဲစောင့် အခု မြေအောက်ရထားဘူတာမှာ ... ငါလာခဲ့မယ် နောက်ထပ် ဆယ်မိနစ် "

// " အင်း မြန်မြန်လာနော် ... ပေါင်ပေါင်းလေးက အေးနေတော့မှာ " //

" အင်း အင်း .. ဒါပဲ "

အဲ့ဒီ့နောက် ထပ်ပြီး မလွမ်းဆွေးတော့ဘဲ ဘဝရဲ့လက်ရှိအချိန်ကိုပြန်အသက်ဝင်စေလိုက်မိတော့သည်။

ပတ်ဝန်းကျင်က အရာရာဟာလည်း သူ့ကို မသိကျေးကျွံပြုရင်း ပုံမှန်အတိုင်းပင်။

💠💠💠

" သတို့သားနဲ့ သတို့သမီးနမ်းပေးရင် ပိုအဆင်ပြေမယ် .. အဲ့ဒီလိုဆို သဘာဝကျကျလေးထွက်လာတာပေါ့ "

ကင်မရာဆရာရဲ့အသံကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အင်တင်တင်ကြည့်လိုက်မိသည်။

" ဟိုလေ ... နှုတ်ခမ်းတော့အဆင်မပြေလောက်ဘူး ... ပါးလောက်ပဲဆိုရင် အဆင်ပြေတယ်မလား ... ခုတလော ပေါင်ပေါင်းကြောင့် သူ့အဖေ နှုတ်ခမ်းကို မထိချင်ဘူးဖြစ်နေတာ ..."

" ကောင်းပြီလဲ အဆင်ပြေပါတယ် ... သတို့သားလေးက သတို့သမီးလေးကို ကြင်ကြင်နာနာကြည့်ပေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ် ကျွန်တော်တို့ရိုက်နေတာ romance concept ပါ Tom and Jerry မဟုတ်ပါဘူးနော် "

ကင်မရာမန်းစကားကြောင့် သူ့မျက်နှာ ပိုစူပုတ်သွားမိသည်။ ရှင်းခူရိုကတော့ ဒါကို အသံထွက်အောင် ရယ်ရင်း သူ့လက်မောင်းကို ဆွဲယူကာ နီးကပ်သည်ထက် ပိုနီးကပ်အောင် ပူးကပ်လိုက်သည်။ အဲ့ဒီ့နောက် ကင်မရာဆရာရဲ့အလိုတော်ကျ ခူရို့ပါးပြင်းပေါ်ကို မထိတထိ သူ့နှာဖျားလေး တေ့ထားလိုက်မိသည်။

သိပ်မကြာလိုက် .. ဓာတ်ပုံရိုက်ခြင်းပြီးဆုံးလေတော့ "FOTO" wedding Studioကနေ သူရော ခူရိုရော ထွက်လာခဲ့လိုက်မိတော့သည်။

ဂျောင်ကုနဲ့ခူရို ထွက်သွားတာနဲ့တစ်ဖက်ဝင်ပေါက်ကနေ ရောက်လာခဲ့ကြတာက KSJ Teamပင်။

" ... အာ ~~ ရောက်လာကြပြီကိုး ... ဒီမှာ ဂျင်အတွက် နားနေခန်းအသင့်ပြင်ထားပြီးပါပြီ .. လိုအပ်တာရှိရင်လည်း‌ ပြောပေးပါနော် .. ‌ရိုက်ကွင်းက‌ နောက်ဆယ်မိနစ်နေရင်စမှာပါ ... အကုန်လုံးအသင့်ပါပဲ "

မန်နေဂျာဆီဦးတည်ပြီး ပြောတာမို့ ဆော့ဂျင်နားမထောင်ဘဲ နှုတ်ဆက်အသိမှတ်ပြုရင်း လက်ရာကောင်းတွေ ချိတ်ဆွဲထားတဲ့ စတူဒီယိုကို လှည့်ပတ်ကြည့်မိသည်။ ကြည်နူးစရာအငွေ့အသက်တွေနဲ့ စိတ်ချမ်းသာစရာမြင်ကွင်းတွေအပြည့်ရှိနေတဲ့ ဒီစတူဒီယိုလေးက လူတိုင်းအတွက် ကျေနပ်ချင်စရာဆိုပေမယ့် သူ့အတွက်တော့ ခံစားချက်တွေ ဗလာနတ္ထိပင်။ သူ့ခေါင်းထဲမှာ ပြည့်ကျပ်နေတဲ့အချိန်ဇယားတွေရယ်၊ အဖေပေးထားတဲ့စီးပွားရေးအရှုပ်အရှင်းဖြေရှင်းချက်တွေရယ်၊ သူလုပ်လက်စ သီချင်းအပိုင်းအစတွေရယ် အကုန်ပြည့်ကျပ်မွတ်သိပ်နေသည်။

မျက်နှာကသာ နုဖတ်ခန့်ထည်လွန်းနေပေမယ့် သူ့စိတ်တွေကတော့ မလန်းဆန်းနိုင်။ တစ်စုံတစ်ခုကိန်းအောင်းနေသလိုမျိုး နှလုံးသားရဲ့အတွင်းနက်နက်တစ်နေရာမှာ သံမှိုလေးတစ်ပွင့်တည်ရှိနေသည်။

" ဆော့ဂျင် "

မန်နေဂျာအသံကြောင့် သူလှည့်ကြည့်မိသည်။

" ဒါပြီးရင် နားလို့ရပြီ ငါ မင်းအချိန်ဇယားတွေအကုန်ဖျက်ထားပေးတယ် ... ပြီးတော့ meditationအတွက် နေရာရှာထားပေးတယ် အေးဆေးနားလို့ရတယ် ဆော့ဂျင် "

မန်နေဂျာစကားကြောင့် သူမျက်မှောင်ကြုတ်မိရင်း ခေါင်းခါလိုက်သည်။

" .. ဘာလို့ဖျက်လိုက်တာလဲ ... ကျွန်တော်အဆင်ပြေတယ်လေ ... ဒါပြီးရင် နောက်တစ်ခုက featuring ဆိုထားပေးတဲ့ MVအတွက် ရိုက်ကွင်းမလား ... အဲ့ဒါပြီးရင် HS in Asia Awardအတွက် ဆုလက်ခံရရှိကြောင်း message ဗွီဒီယိုရိုက်ရမှာ မဟုတ်လား .. အကုန်အဆင်ပြေပါတယ် ထပ်မရွှေ့ပါနဲ့ .."

" ... ဘာကိုအကုန်အဆင်ပြေတာလဲ .. ဒီတစ်ပတ်လုံးနေမှ မင်းအိပ်ချိန်စုစုပေါင်းက နာရီ ၂၀ပဲရှိသေးတယ်နော် ကင်ဆော့ဂျင် ... Stress Testကလည်း အနီပြတဲ့အထိ ၁၀၀ပြည့်နေတာကို ... ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လုပ်နေတာလား ..."

မန်နေဂျာစကားကိုတော့ သူလျစ်လျူရှုရင်း ငြိမ်သက်စွာ ထိုင်လိုက်မိသည်။

" Idolတစ်ယောက်ပဲလေ ~~ ဒီလောက်တော့ရှိရမှာပေါ့ .. ပြီးတော့ Soloist လေ ... ဒီလောက်မှ မကြိုးစားရင် ဘယ်တောက်ပနိုင်ပါ့မလဲ ... အတောက်ပဆုံးကြယ်ပွင့်ဖြစ်အောင် ဒီထက်ပိုပြီး ကြိုးစားရမယ်မဟုတ်လား .."

ဘေးနားရှိတဲ့စာအုပ်တစ်အုပ်ကောက်ကိုင်ရင်း ပြောမိတော့ မန်နေဂျာက ခေါင်းခါသည်။

" ... တော်ပြီ ... မင်းကို ငါ ပရိုဂျူဆာမင်နဲ့ပဲ အပ်တော့မယ် ..."

သူ့ကို ပြောမနိုင်စွာ ထွက်သွားတဲ့မန်နေဂျာကိုတော့ လျစ်လျူရှုရင်း လက်ထဲက စာအုပ်ကို ပိတ်လိုက်သည်။ အဲ့ဒီ့နောက် ဆိုဖာပေါ် ခဏမှီရင်း ငြိမ်သက်နေလိုက်မိတော့သည်။

သိပ်မကြာ ရိုက်ကွင်းစတင်တော့ သူအတော်ကြာ သုံးထားမိတဲ့ အပြုံးမျက်နှာကို ထပ်ပြီး အကာအကွယ်ယူရင်း သူ့ရိုက်ကွင်းပြီးစေလိုက်သည်။ အဖြူအမည်းဖြစ်နေတဲ့သူ့အတွင်းစိတ်ကိုတော့ ဘယ်သူမှ မြင်နိုင်မှာမဟုတ်၊ အပြုံးတစ်ပွင့်နဲ့ ခပ်အေးအေးနေတတ်တဲ့ဆော့ဂျင်ရယ်လို့သာ ဒီအသိုင်းအဝိုင်းက သိထားကြသည်လေ။

ရိုက်ကွင်းပြီးတဲ့နောက်မှာတော့ အပေါ်ထပ် Dance Studio ကနေဆင်းလာတာက ပရိုဂျူဆာမင်ပင်။

" ဆော့ဂျင် ... Fishing Cafe? Sleeping Cafe? Bar? ဘယ်သွားချင်လဲ ..."

အဝတ်လဲနေတဲ့သူ့အနားကပ်ကာပြောတော့ သူခေါင်းခါလိုက်မိသည်။ မင်ယွန်ဂီကတော့ သက်ပြင်းတစ်ခုနဲ့အတူ ခေါင်းခါရင်း သူ့လည်တိုင်က လဲ့နေတဲ့ငွေရောင်အမျှင်လေးကို ကြည့်သည်။

" ... ငြင်းတယ်ဆိုတော့ ထပ်ပြီး တစ်ခုခုလုပ်ဦးမလို့မဟုတ်လား ... ကင်ဆော့ဂျင် ... တင်းမခံထားဘဲ ဖွင့်ထုတ်လိုက်ကြမလား ... တစ်ခါလောက်ဖြစ်ဖြစ် ... မင်း သူ့အကြောင်းပြောလိုက်ရင် ပိုပြီး အဆင်ပြေသွားမှာ မဟုတ်ဘူးလား ... ဘယ်အချိန်ထိ မသိသလို, မရှိသလို ခေါင်းမာနေဦးမှာလဲ ... "

" ... instrumental Room ရဲ့သော့က မင်းဆီမှာမလား ... ခဏငှား ..."

‌ယွန်ဂီစကားကို မကြားချင်ယောင်ဆောင်ပြီး မတူညီတဲ့အကြောင်းအရာကို စကားလမ်းလွှဲမိတော့ ယွန်ဂီက မျက်နှာလွှဲကာ ခေါင်းညိတ်သည်။

" ထပ်လုပ်ပြန်ပြီပဲ ... မပေးနိုင်ဘူး ... တစ်ခွက်လောက် သောက်ကြမလား .. "

" မသောက်ဘူး .. ငါသောက်လို့မရတာ မင်းသိပါတယ် ... လစ်မစ်ကျော်ရင် ဘာလုပ်လဲ မင်းသိပါတယ် ... မင်း ထိန်းနိုင်မှာမဟုတ်ဘူး ... "

" ... ဒါဖြင့်ရင် instrumental Room ကို ဘာသွားလုပ်မှာလဲ .. "

" ဘာလုပ်ရမှာလဲ ကြိုးစားရမှာပေါ့ ... BTS'J-Hope နဲ့ Collaboration က ရဖို့လွယ်တာမဟုတ်ဘူးလေ စီနီယာတွေကို အစွမ်းကုန်ကြိုးစားပြရမှာပေ့ါ "

နောက်လထွက်မယ့် သီချင်းအသစ်အကြောင်း သူပြောမိတော့ ယွန်ဂီက စိတ်ကုန်တဲ့ပုံစံနဲ့ရယ်သည်။

" ... ငါ့ကိုကျ စီနီယာလို့မြင်သေးလား ... အဲ့သီချင်းကို produce လုပ်မှာငါနော် .. ကင်ဆော့ဂျင် ... နားလိုက်တော့ အလွန်အကျွံလုပ်တာ မကောင်းဘူး ... လာ ငါ အိမ်လိုက်ပို့မယ် ..."

ဘယ်လိုနေနေ သော့ပေးမယ့်ပုံစံမပေါက်နေတာမို့ သူ ဘာမှ မပြောတော့ဘဲ ပရိုဂျူဆာမင်ခေါ်ရာနောက်ကိုသာ လိုက်သွားမိတော့သည်။ မင်ယွန်ဂီကတော့ သူ့ကို အိမ်အရောက် ပို့ပြီးတာနဲ့ နောက်ဆံတင်းစွာ လှည့်တကြည့်ကြည့်နဲ့ အနားယူဖို့ ထပ်ခါထပ်ခါမှာပြန်သည်။

" နားလိုက်တော့နော် ကင်ဆော့ဂျင် ... လေးနှစ်လုံးလုံး ပြေးလာတာ ဒီလောက်ဆိုရပြီပဲ ... ခဏနားလိုက် ... ဆေးလည်းပုံမှန်သောက်ဦး ..."

" အင်း "

စကားမရှည်ချင်တာမို့ ခေါင်းပဲ ညိတ်ရင်း နှုတ်ဆက်လိုက်သည်။ အဲ့ဒီနောက် ထွက်သွားတဲ့ယွန်ဂီကားကို သူ မျက်နှာသေနဲ့ကြည့်ရင်း ဘောင်းဘီအိတ်ထဲမှာ ဖွက်ထားမိတဲ့သော့ကို ယူထုတ်လိုက်မိသည်။ ဒီသော့လေးက မင်ယွန်ဂီ သူ့ကို မပေးချင်ခဲ့တဲ့ instrumental Room ရဲ့ သော့ပင်။

သူ ချက်ချင်း ကားထုတ်ကာ အနားမယူတော့ဘဲ လေ့ကျင့်ဖို့အတွက် instrumental Room ကို သွားမိတော့သည်။

အချိန်အားဖြင့် ည၁၁နာရီ ..

သူ တစ်ယောက်တည်း instrumental Room ရဲ့ မီးရောင်မှိန်မှန်အောက်မှာ စည်းချက်အတိုင်းလှုပ်ရှားနေမိသည်။ Collaboration MVအတွက် စီနီယာ J-Hope သင်သွားပေးခဲ့တဲ့ ကကွက်တွေကို လေ့ကျင့်ရင်း သူ့ရဲ့ခန္ဓာကိုယ်ကို ပင်ပန်းအောင်လုပ်နေမိသည်။ အချိန်တော်တော်ကြာသွားတဲ့အထိ သူလေ့ကျင့်နေမိတော့ သူ့ခန္ဓာကိုယ်က ပင်ပန်းသည်ထက် ပိုပြီးပင်ပန်ရင်း နာကျင်လာသည်။ သို့ပေမယ့် သူ မရပ်တန့်နိုင်။ ခန္ဓာကိုယ်က ပင်ပန်းတာထက် နှလုံးသားဗဟိုမှာ တည်ရှိနေတဲ့ ဆူးလေးတစ်ချောင်းက ပိုနာကျင်ရအောင် လုပ်နေတာမို့ အဲ့ဒီ့ခံစားချက်တွေကို သူ ထပ်ချေဖျက်ဖို့ ကြိုးစားမိသည်။

သူ့ခန္ဓာကိုယ်ကတော့ ကကွက်တွေကို အလွတ်ရနေသလို လှုပ်ရှားနေပေမယ့် သူ့စိတ်ကတော့ သူ မေ့ပစ်ချင်တဲ့အရာကိုသာ စူးစိုက်နေသလိုပင်။

... လေးနှစ် .. လေးနှစ်ရှိခဲ့ပြီ ... ဘာကြောင့် မေ့လို့မရသေးတာလဲ ... မမေ့နိုင်မှာစိုးလို့ အဲ့ဒီ့ကလေးနဲ့ ပတ်သက်တာ တစ်ခုမှ မစုံစမ်းခဲ့သလို ဘာတစ်ခွန်းမှလည်း ထုတ်မပြောခဲ့ ...။ လမ်းခွဲသွားတဲ့နေ့ကစပြီး ပေါ်မလာတော့တဲ့အဲ့ဒီ့ကလေးကို သူ မုန်းနိုင်ဖို့ ကြိုးစားနေခဲ့တာလေ ... ရှင်းရှင်းပြောရင် မာမီ့ကိုဆက်သွယ်ရင် အဲ့ကလေးအကြောင်းကြားနေရမှာမို့လို့ မာမီ့ကိုတောင် သူ မဆက်သွယ်ခဲ့တာလေ ... ဒါကို ဘာကြောင့် သတိရနေတာလဲ ... ဘာတွေထပ်လိုချင်နေ‌သေးတာလဲ ...

ကင်ဆော့ဂျင် အသိတရားကပ်စမ်းပါ .. လေးနှစ်လုံးလုံး မင်းတစ်ယောက်တည်းပဲ ရူးနေခဲ့တာ ... လေးနှစ်လုံးလုံး ဒီလိုတောက်ပတဲ့နေရာမှာ အထီးကျန်နေခဲ့တာ ... လေးနှစ်လုံးလုံး သူ မင်းကို တစ်ယောက်တည်းချန်ခဲ့တာ ... လေးနှစ်လုံးလုံး မင်း နာကျင်နေခဲ့ရတာ ... မုန်းတယ်မလား .. ဒီလို တမ်းတနေတာကို နာကျင်ရတာမလား ... ဒီလို မမေ့နိုင်တာက ပိုနာကျင်ရတာမလား ... အဲ့ကလေးကို မုန်းတယ်မလား ... ဆက်ပြီးမုန်းနေရမယ် ... အရွယ်ရောက်ပြီး အချိန်ကတည်းက စိုးမိုးထားတဲ့ အဲ့ဒီ့ကလေးကို ဆက်မုန်းနေလိုက် ...

" !! "

ပြင်းထန်လာတဲ့ခံစားချက်တွေကြောင့် စည်းချက်လွဲချော်သွားတဲ့အခိုက်မှာ သူ ‌ဟန်ချက်ပျက်ရင်း ကြမ်းပြင်ပေါ် ပြုတ်ကျမိသည်။ အကျမနာအောင် လက်ထောက်မိတဲ့တစ်ခဏမှာ သူ့လက်ကောက်ဝတ်က တော်တော်လေးနာကျင်သွားခဲ့သည်။ သို့ပေမယ့် ထိုနာကျင်မှုထက် သိမ်းဆည်းထားမိတဲ့ဒဏ်ရာက ပိုထုထည်ကြီးနေတာမို့ သူ အားရပါးရ ငိုလိုက်မိသည်။ နှစ်တွေ ကြာတာတောင် ဒီနာကျင်မှုကို သူအသားမကျသေး။

အမြဲတမ်း သတိရပြီး နာမည်လေးတောင် မကြားချင်လောက်တော့တဲ့အထိ တမ်းတမ်းစွဲဖြစ်နေရတဲ့ အဲ့ဒီ့ကလေးနာမည်ကို သူရေရွတ်ရင်း နာနေတဲ့လက်နဲ့ ကြမ်းပြင်ကို ထိုးမိတော့သည်။

" !! "

" !! "

" !! "

" !! ... မုန်းတယ် ... ဂျွန်ဂျောင်ဂုကို မုန်းတယ် ... ဂျွန်ဂျောင်ဂုကို မုန်းတယ်လို့ !!!! ... "

လက်တစ်ခုလုံး နီရဲလာတော့မှ သူရပ်တန့်လိုက်မိသည်။ မီးရောင်မှိန်မှိန်အောက်မှာ ဖွင့်ထားမိတဲ့သီချင်းက စည်းချက်နဲ့အညီ မြိုင်မြိုင်ဆိုင်ဆိုင် လှုပ်ရှားရတဲ့သီချင်းဖြစ်ပေမယ့် မှန်ထဲက သူ့ပုံရိပ်ကတော့ အလဲလဲအကွဲကွဲနဲ့ နွမ်းလျဆို့နင့်နေသည်။

... ဒါလား တောက်ပနေတဲ့ဂျင်! ... ဒါလား တောင်ကိုးရီးယားရဲ့ကြယ်ပွင့် ကင်ဆော့ဂျင် ...

ဟုတ်ရင်လည်း ဟုတ်မှာပေါ့ .. တောက်တောက်ပပနဲ့ နေရစ်ခဲ့ဆိုတဲ့စကားကို အရူးတစ်ယောက်လို အကောင်အထည်ဖော်ပေးခဲ့တာ ... အဲ့ဒီ့အဆုံးသတ်ရလဒ်ကတော့ ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းပြီး တစ်ကိုယ်တည်း တောက်ပစွာ အထီးကျန်နေခဲ့တာလေ ...

ဆော့ဂျင် မှန်ထဲက သူ့ပုံရိပ်ကိုသူ ကြည့်ရင်း နာကျင်စွာ ငိုလိုက်မိသည်။ လေးနှစ်လုံးလုံး ဖော်ပြဖို့တောင် မဖြစ်နိုင်တော့တဲ့နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဖြေးညှင်းစွာ တိုက်စားလာနေတော့ သူ မျက်ဝန်းတွေပိတ်ကာ စိတ်ကို လျော့လိုက်မိသည်။ မင်ယွန်ဂီပြောသလို ရင်ဖွင့်ပြောပြလိုက်မယ်ဆိုရင် သက်သာကောင်း သက်သာနိုင်ပေမယ့် သူ မလုပ်နိုင်။ သူ့မှတ်ဉာဏ်ထဲက အဲ့ဒီ့ကလေး ပျောက်ပျက်သွားမှာ သူကြောက်နေမိသည်။ ချစ်လို့မရဘူးဆိုရင်တောင် ဒီနာကျင်မှုတွေနဲ့အတူ အဲ့ဒီ့ကလေးကို သူမုန်းနေပါမည် ... သူမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားတယ်ဆိုကတည်းက မုန်းဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်နေပြီးသားပဲ မဟုတ်လားလေ ...

အဲ့ဒီ့နောက် ရှိသမျှနာကျင်မှုတွေက သူ့ကို ဝါးမြိုလာလေလျှင် သူ ကြမ်းပြင်ပေါ် ခွေခွေလေး လဲကျသွားတော့သည်။ မကြာခင် သူ့အသိအာရုံတွေ အမှောင်ကျသွားတော့မှာဖြစ်သည်။ အမှောင်ကျသွားတာနဲ့ သူ လွတ်မြောက်နယ်မြေဆီ ရောက်တော့မှာဖြစ်သည်။

ဒီလိုဆိုတော့လည်း ဘာအတွေးမှ မရှိတော့တဲ့အတွက် နာကျင်ရတာကို သူ မခံစားမိတဲ့အခိုက်အတန့်မို့ အင်အားကုန်ခမ်းသွားတာမျိုးကို သဘောကျမိသား။

ဆော့ဂျင်ပြုံးလိုက်ရင်း မျက်ဝန်းတွေကို ပိတ်လိုက်မိသည်။ တဖြည်းဖြည်းနဲ့ ထုံထိုင်းလာတဲ့ခန္ဓာကိုယ်က အသိအာရုံတွေကို ဆွဲယူသွားတဲ့အခါ ကပ်ပါသွားတဲ့နာကျင်မှု အပိုင်းအစတွေဆီကနေ သူ လွတ်မြောက်သွားတော့သည်။

ထာဝရလွတ်မြောက်ခြင်းကို သူသဘောမကျပေမယ့် ဒီလိုခဏတာလွတ်မြောက်ခြင်းကိုတော့ သူသဘောကျပါသည်။ ထာဝရလွတ်မြောက်ခြင်းမှာတော့ ဂျောင်ဂုဆီ ပြန်မလာနိုင်တော့တဲ့အတွက် သူ သဘောမကျပေမယ့် ခဏတာလွတ်မြောက်ခြင်းမှာတော့ ဂျောင်ဂုဆီ ပြန်လာနိုင်သေးတဲ့အတွက် သူ အသာတကြည်လက်ခံလိုက်မိတော့သည်။ .

.

.

.

အဲ့ဒီ့လောက်ထိကို ချစ်နေသေးပြီး အဲ့ဒီ့လောက်ထိကို မုန်းနေမိပြီ ပြောရင် ယုံနိုင်ဦးမလား ကလေးရယ် ..

💠💠💠

1013 • ฅ^•ﻌ•^ฅ Happy Birthday Wuri Jiminie ♡'・ᴗ・'♡

Challenge လေးပြီးအောင် ရေးနေပေမယ့် ဖြေရှင်းရမယ့် ကိုယ်ရေးကိုယ်တာကိစ္စလေးပေါ်လာပါတယ် .... သေချာပေါက် လုပ်ရမှာမို့လို့ update လေး ခဏရပ်နားပါမယ် ... ဒါပေမဲ့ ဒီဟာလေးကို အကြာကြီးမပစ်ထားပါဘူး ... Challenge ကာလအတွင်း အတတ်နိုင်ဆုံးကြိုးစားပြီး ရေးပေးမှာပါ ... ပြီးတော့ အပိုင်း ၁၀ကိုရေးနေတာ တစ်ဝက်ရောက်ပါပြီ ... ဒီနေ့ည ပြီးခဲ့ရင် ချက်ချင်းတင်ပေးပါမယ် ... အဲ့ဒါပြီးရင်တော့ ခဏလေးနားပါမယ်နော်

နောက်တစ်ခုက From Us To You Project လေးအတွက် Jinah ရေးပေးခဲ့တဲ့ Short Story လေးကို အစအဆုံး Public လုပ်ပြီးပါပြီ .. Vmin ဖတ်တဲ့သူများရှိရင် update စောင့်စရာမလိုဘဲ စီးမျောနိုင်ပါပြီနော် ... နောက်ထပ် ထပ်ပြောပြရရင် အဲ့ဒီ့ Black Swan လေးနဲ့ အကြောင်းအရာတူတဲ့ Jinkookလေးကိုလည်း Short Story မဟုတ်ဘဲ Long Story Version ထပ်ရေးပေးဦးမှာပါ ... ဒါကတော့ 2023 Planလေးပေါ့နော် ... Me, Myself And Bad Romance ပြီးတာနဲ့ Pinkish Alpha နဲ့ Kookie လေးကို တစ်လှည့်စီupdate ပေးမှာပါ ...

အခုတော့ အပိုင်း ၁၀ လေး ရေးဖို့ သွားပါတော့မယ် ...

တာ့တာ🐹🐰🐳

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩Me, Myself & Bad Romance• အပိုင္း ၀၉ •

// " ကင္ေဆာ့ဂ်င္! ကင္ေဆာ့ဂ်င္! ကင္ေဆာ့ဂ်င္!! ကင္ေဆာ့ဂ်င္!! " //

ေသာင္းေပါင္းမ်ားစြာေသာ ပရိသတ္ေတြရဲ႕ အသံညံညံက ကြင္းလုံးျပည့္ႏွက္သြားသလို စကရင္ထက္မွာေပၚလာတဲ့ အၿပဳံးပန္းေဝေနတဲ့လူသားကို သူျမင္လိုက္ရသည္။ ရီေဝေဝမ်က္ဝန္းေတြနဲ႔ ခဏတာ စိုက္ၾကည့္ၿပီးေနာက္မွာေတာ့ ထိုတီဗြီစကရင္ကေန သူအၾကည့္လႊဲလိုက္သည္။

" ... ငါတို႔အိုပါး ခ်စ္စရာေကာင္းလိုက္တာ ... "

" ဆံပင္ေလးက ေကာက္ေကြးေလးေတြ ... ခ်စ္လို႔ ေသပါၿပီ ဘယ္လိုလုပ္ရမလဲ .."

" ... ဒါလား ၂၆ႏွစ္က ... ကေလးေလးလိုပဲ ... အိုက္ဂူး ..."

ဆိုင္ထဲမွာရွိေနတဲ့အထက္တန္းေက်ာင္းသူေလးေတြရဲ႕စကားေၾကာင့္ သူ ခပ္ေရးေရးၿပဳံးရင္း ေခါက္ဆြဲဘူးတစ္ခ်ိဳ႕ကို ယူကာ ေကာင္တာဘက္မွာ ေငြရွင္းလိုက္မိသည္။ တီဗြီစကရင္ထက္က အသံကေတာ့ ပ်ံ႕လႊင့္ေနဆဲ ...။

// " .... Cookie ေတြရဲ႕ အခ်ိန္ေတြ .. အခ်စ္ေတြ ေပးၿပီး ရလာတယ္ဆိုတာ ေသခ်ာသိပါတယ္ ... အဲ့ဒါေၾကာင့္ ပိုေကာင္းတဲ့အရာေတြအတြက္ ႀကိဳးစားရင္း ေရွ႕ဆက္ၿပီးအတူတူရွိေနပါ့မယ္ ... ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ... ခ်စ္လည္းခ်စ္ပါတယ္ ..." //

လန္းဆန္းတက္ႂကြေနတဲ့အသံလြင္လြင္ေလးကို ၾကားလိုက္ရေတာ့ ေနာက္တစ္ခါ သူထပ္ၿပဳံးရင္း အခ်ိန္ပိုင္းေက်ာင္းသားေလးကမ္းေပးတဲ့အထုပ္ကို သူလွမ္းယူလိုက္သည္။ အဲ့ဒီ့ေနာက္ စတိုးဆိုင္ေလးကေန ထြက္ၿပီး ေျမေအာက္ရထားဘူတာအထိ ခပ္‌ျဖည္းျဖည္း လမ္းေလွ်ာက္လိုက္မိသည္။ သူျဖတ္ေလွ်ာက္သြားမိတဲ့ Ads Board ေတြမွာေတာ့ ကင္ေဆာ့ဂ်င္ရဲ႕ပုံရိပ္ေတြကအျပည့္ပင္။ လွည့္မၾကည့္မိေအာင္ ေျခလွမ္းေတြကို ထိန္းရင္း တင္းခံမိေနေပမယ့္ အထက္တန္းေက်ာင္းသူေလးတစ္ေယာက္နဲ႔ သူဝင္တိုက္မိသည္။

" အ့ .."

" ေတာင္းပန္ပါတယ္ .."

သူကတိုက္မိေပမယ့္ ေတာင္းပန္သူက ထိုေကာင္မေလးမို႔ ျပဳတ္က်သြားတဲ့ကတ္ေလးကို ေကာက္ကာ ျပန္ေပးမိသည္။ ထိုကတ္ေလးဆီ အၾကည့္ေရာက္မိေတာ့ ကိုကို႔ရဲ႕pc cardေလးပင္ ။

ရွင္းသန႔္ၿပီး ၾကည္လင္ေနလိုက္တာ ကိုကိုမဟုတ္တဲ့အတိုင္းပဲ ကိုကိုရယ္ .....

ထိုေကာင္မေလးကေတာ့ သူ႔လက္ထဲက ကတ္ေလးကို ဆြဲယူကာ ထြက္သြားခဲ့ေပမယ့္ သူကေတာ့ ထိုေနရာမွာတင္ ရပ္ရင္း က်န္ခဲ့မိသည္။ အဲ့ဒီ့ေနာက္ သူ႔ေဘးမွာရွိေနတဲ့ေၾကာ္ျငာဘုတ္ကို‌ သူလွည့္ၾကည့္မိသည္။

သြားတဲ့ေနရာတိုင္း ကိုကိုရွိေနတာ ကြၽန္ေတာ္ သိပ္‌ကံေကာင္းတယ္ သိလား ကိုကို ~~ အနည္းဆုံးေတာ့ ကြၽန္ေတာ္ ကိုကို႔ကို လြမ္းတိုင္း ကိုကို႔ဓာတ္ပုံေတြနဲ႔ ဗြီဒီယိုေလးေတြကို လိုက္ရွာၾကည့္လို႔ရေသးတယ္ေလ ... ကိုကိုကေရာ ... ဘာမ်ားလုပ္ေနမလဲ ... ကြၽန္ေတာ့္ကိုေရာ နည္းနည္းေလးမွ မလြမ္းေနဘူးထင္တယ္ ... မုန္းပစ္မယ္လို႔ေျပာခဲ့တဲ့အတိုင္း တကယ္ပဲ မုန္းပစ္လိုက္တာလား ...

သူ စိတ္နဲ႔ ေရ႐ြတ္ရင္း ကိုကို႔မ်က္ႏွာကို စိုက္ၾကည့္မိေတာ့ ပါးျပင္ထက္မ်က္ရည္ေလးေတြ ခိုတြဲလာသည္။

တကယ္ေတာ့ ကိုကိုနဲ႔ သူ လမ္းခြဲခဲ့တာ ေလးႏွစ္ၾကာခဲ့ၿပီျဖစ္သည္။ သူဟာအထက္တန္းေက်ာင္းသားေလးမဟုတ္ေတာ့သလို ခ်စ္စရာအၿပဳံးေတြပိုင္ဆိုင္ထားတတ္တဲ့ေကာင္ငယ္ေလးလည္း မဟုတ္ေတာ့ပါ။ သူ အသက္ျပည့္ၿပီးကတည္းက တီတီ့ဆီကေထာက္ပံ့မႈေတြအကုန္ သူ ရပ္တန႔္ကာ မိဘေတြထားသြားခဲ့တဲ့ အေမြအိမ္ႀကီးကို ေအဂ်င္စီနဲ႔ခ်ိတ္ၿပီး ငွားရမ္းထားခဲ့ပါသည္။ သူကေတာ့ ေဈးတန္တဲ့တိုက္ခန္းေသးေသးကို ျပန္ငွားကာ တစ္ေယာက္တည္းေနတတ္ဖို႔ ႀကိဳးစားခဲ့မိသည္။

အစပိုင္းေတာ့ ဘယ္လိုမွ ေတာင့္မခံႏိုင္ခဲ့ေပမယ့္ ၾကာလာတဲ့အခါ သူေနသားက်သြားခဲ့သည္။ ေအးစက္ၿပီးေမွာင္မည္းေနတဲ့အေမွာင္ညေတြ ...,၊ ေႏြးေထြးမႈမရွိေတာ့တဲ့ညစာစားပြဲေတြ၊ ဆုေတာင္းေပးမယ့္သူမရွ္ိေတာ့တဲ့ေမြးေန႔ေတြကို တစ္ေယာက္တည္း ျဖတ္သန္းရင္း သူ႔ကိုယ္သူ ႀကံ့ခိုင္ေအာင္ ေနခဲ့မိသည္။ ဘယ္သူ႔အကူအညီမွ ထပ္မယူဘဲ တစ္ေယာက္တည္းေနဖို႔ ႀကိဳးစားခဲ့ေပမယ့္ အ‌ေဒၚႀကီးကေတာ့ သူတားမရေလာက္တဲ့အထိ သူ႔ဆီ တစ္ပတ္တစ္ခါေတာ့လာပါသည္။ အေဒၚႀကီးလာရတဲ့အေၾကာင္းအရင္းကလည္း တီတီလႊတ္ထားလို႔ဆိုတာ သူသိသည္။ ဘယ္ေလာက္္တားတား အၿမဲလာတာမို႔ ေနာက္ပိုင္း သူလည္း မတားဆီးႏိုင္ေတာ့ပါ။ အခ်ိန္ပိုင္းအလုပ္ေတြလည္း သူအကုန္ဝင္လုပ္တတ္ၿပီး လူေတြကို ဘယ္လိုသည္းခံရမလဲဆိုတာ သူသင္ယူခဲ့မိသည္။

အႏိုင္က်င့္ခံရတဲ့အခ်ိန္တိုင္း သူ သတိရမိတာက ကိုကို႔ကိုပင္။ ကိုကိုသာရွိေနမယ္ဆိုရင္ ဒီလိုလူေတြကို သူေၾကာက္ေနရမွာ မဟုတ္။ မျပည့္စုံေတာ့တဲ့ဘဝမွာ စိတ္ညစ္စရာေတြမ်ားလာေပမယ့္ ေပ်ာ္စရာအခ်ိန္ေတြလည္း သူ႔ဆီမွာ ရွိပါေသးသည္။ အဲ့ဒါကေတာ့ လမ္းေဘးေၾကာင္ေလးေတြကို အစာေကြၽးေနရတဲ့အခ်ိန္ပင္။ ေၾကာင္ေလးေတြကို အစာေကြၽးေနရတဲ့အခ်ိန္က သူ႔ဘဝမွာ အေပ်ာ္ဆုံးအခ်ိန္ျဖစ္လိမ့္မည္။ ေၾကာင္ေလးေတြအစာစားတာကိုၾကည့္ၿပီး ခံစားရတဲ့ခံစားခ်က္ေတြကို သူ ကိုကို႔ဆီ သူေျပာျပခ်င္မိသည္။ ကိုကို႔ကိုသာဆိုရင္ ဒီလိုေပ်ာ္စရာေတြလည္း သူ ေဝမွ်ႏိုင္သည္ေလ။ အဲ့ဒါအျပင္ ကိုကိုမရွိတဲ့ေလာကႀကီးမွာ ရွင္သန္ေနရတဲ့တစ္ေန႔ခ်င္းစီရဲ႕ခံစားခ်က္ေတြကို သူေျပာျပခ်င္သည္။

ဒါေပမဲ့ လမ္းခြဲၿပီးတဲ့အခ်ိန္ကစၿပီး ကိုကို႔ဘက္က သူ႔ကို တစ္ခ်က္ေလးေတာင္ မဆက္သြယ္လာေတာ့ပါ၊ ညီအျဖစ္ေတာင္ မသတ္မွတ္ႏိုင္ဘူးဆိုတဲ့စကားကို ကိုကိုက အတည္ျဖစ္ေၾကာင္း သက္ေသျပခဲ့သည္။ ဒါဆို မုန္းေတာ့မယ္ဆိုတဲ့အတိုင္း ကိုကို သူ႔ကို တကယ္ပဲ မုန္းပစ္ခဲ့တာမ်ားလား။

ေသမတတ္သတိရတဲ့အခ်ိန္ရွိေပမယ့္ ကိုကို႔ကို သူစြဲလန္းေန႐ုံေလး စြဲလန္းေနတာလို႔ သူထင္မိခဲ့သည္။ ထို႔ေၾကာင့္ ပထမႏွစ္မွာ ေကာင္မေလးေတြေရာ၊ ေကာင္ေလးေတြနဲ႔ပါ သူ တြဲၾကည့္ခဲ့ေပမယ့္ သူ႔ႏွလုံးသားက အလုပ္မလုပ္ေတာ့။ အသားခ်င္း ထိေတြ႕ကိုင္တြယ္ေနရတာေတာင္ စကရင္ေပၚက ကိုကို႔မ်က္ဝန္းေတြ ေလာက္ ရင္ခုန္ေႏြးေထြးမႈကို မေပးႏိုင္ခဲ့ပါ။ အခုလို ေလးႏွစ္ၾကာၿပီးသြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီလိုျဖစ္ရတဲ့အေၾကာင္းရင္းကို သူရွာေတြ႕ခဲ့မိသည္။ သူဟာ အခ်ိန္တိုင္း ကိုကို႔ကိုသာ လိုခ်င္ေနခဲ့ၿပီး သူ႔ရဲ႕အရာရာေတြကို မွ်ေဝေပးခ်င္မိတဲ့လူဟာလည္း ကိုကို ဆိုတာကို သူနားလည္ခဲ့ရသည္။ ပင္ပန္းလာတိုင္း၊ အရႈံးေပးခ်င္လာတိုင္း သူေတာင့္တမိတာက ကိုကို႔ဆီက ေပြ႕ဖက္မႈေလးတစ္ခုသာ ျဖစ္သည္။ ဘယ္အခ်ိန္ကစၿပီး ဘယ္လိုျဖစ္ေပၚလာမွန္းမသိတဲ့အခ်စ္ေတြက ကိုကို႔အတြက္ဆိုတာ သူ ေသခ်ာ အတည္ျပဳႏိုင္ခဲ့သည္။သို႔ေပမယ့္ သူ ေနာက္က်သြားခဲ့ၿပီ။ သူဟာကို ကိုကို႔ကို စကားလုံးအခ်ိဳ႕နဲ႔နာက်င္ေစခဲ့ၿပီးၿပီေလ။ စကရင္ေပၚကကိုကို႔ပုံရိပ္ေတြျမင္မိတိုင္းလည္း သူ ခ်စ္တဲ့အေၾကာင္းေတြ တိုးတိုးတိတ္တိတ္ေျပာမိသည္၊ လြမ္းတဲ့အေၾကာင္းေတြေျပာမိသည္။ ဒီစကားေတြကိုေတာ့ ကိုကို႔ေရွ႕မွာ ထုတ္ေျပာဖို႔အခြင့္အေရးမရွိေတာ့ပါ။ ကိုကိုနဲ႔သူ႔ဇာတ္လမ္းဟာ အတိတ္ျဖစ္သြားခဲ့သလို သူ႔ဘဝကလည္း အေကြ႕အဝိုက္ေတြရွိေနခဲ့ၿပီေလ။

ေလးႏွစ္ဆိုတဲ့အေတာအတြင္းမွာ ကိုကိုက ႏိုင္ငံ့ဂုဏ္ေဆာင္ ၾကယ္ပြင့္ျဖစ္လာေပမယ့္ သူကေတာ့ ကိုကိုနဲ႔ဆန႔္က်င္စြာ တျဖည္းျဖည္းေမွးမွိန္သြားသည္။ ေလာကႀကီးမွာ တစ္ေယာက္တည္းရွင္သန္ဖို႔ မလြယ္ကူမွန္း တစ္ေန႔တျခားပိုသိလာေလ သူ ကိုကိုနဲ႔မေတြ႕ခ်င္ေလ ျဖစ္သည္။ အားနည္းေနတဲ့သူ႔ပုံစံကို ကိုကိုလည္း ျမင္ခ်င္မွာ မဟုတ္ဘူးေလ ...။

ဒါေပမဲ့ လမ္းခြဲမိလို႔ေနာင္တရလားေမးရင္ေတာ့ သူမရပါ။ ကိုကိုနဲ႔သူက အစကတည္းက ျဖစ္ႏိုင္ေခ်မွ မရွိေတာ့သည္ပဲ...။

" ဟင္း "

ေလးလံလွတဲ့သက္ျပင္းေတြကို ထြက္သက္တစ္ခုနဲ႔ ထြက္ခြာေစလိုက္မိသည္။

" ...!! ... !! ..."

ကိုကို႔ေၾကာ္ျငာဘုတ္ကိုၾကည့္ေနတာ ဘယ္ေလာက္ၾကာသြားလဲမသိ။ သူ႔ဖုန္းျမည္လာေတာ့မွ အသိဝင္လာရင္း ေျခဦးလွည့္လိုက္မိသည္။

" .. အင္း ေျပာ ~~ "

// " ေမ့ေနလားေဂ်ာင္ဂုေရ ... ဒီေန႔အိမ္ေျပာင္းရမယ့္ေန႔ေလ ... ငါ နင့္အိမ္ေရွ႕ေရာက္ေနၿပီ ... " //

" ... အာ ~~ ဟုတ္သား ... ငါေမ့ေနလို႔ ေခါက္ဆြဲထုပ္ေတာင္ဝယ္လာမိေသးတယ္ ... အိမ္ထဲ အရင္ဝင္ထားႏွင့္ .. ခဏပဲေစာင့္ အခု ေျမေအာက္ရထားဘူတာမွာ ... ငါလာခဲ့မယ္ ေနာက္ထပ္ ဆယ္မိနစ္ "

// " အင္း ျမန္ျမန္လာေနာ္ ... ေပါင္ေပါင္းေလးက ေအးေနေတာ့မွာ " //

" အင္း အင္း .. ဒါပဲ "

အဲ့ဒီ့ေနာက္ ထပ္ၿပီး မလြမ္းေဆြးေတာ့ဘဲ ဘဝရဲ႕လက္ရွိအခ်ိန္ကိုျပန္အသက္ဝင္ေစလိုက္မိေတာ့သည္။

ပတ္ဝန္းက်င္က အရာရာဟာလည္း သူ႔ကို မသိေက်းကြၽံျပဳရင္း ပုံမွန္အတိုင္းပင္။

💠💠💠

" သတို႔သားနဲ႔ သတို႔သမီးနမ္းေပးရင္ ပိုအဆင္ေျပမယ္ .. အဲ့ဒီလိုဆို သဘာဝက်က်ေလးထြက္လာတာေပါ့ "

ကင္မရာဆရာရဲ႕အသံေၾကာင့္ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ အင္တင္တင္ၾကည့္လိုက္မိသည္။

" ဟိုေလ ... ႏႈတ္ခမ္းေတာ့အဆင္မေျပေလာက္ဘူး ... ပါးေလာက္ပဲဆိုရင္ အဆင္ေျပတယ္မလား ... ခုတေလာ ေပါင္ေပါင္းေၾကာင့္ သူ႔အေဖ ႏႈတ္ခမ္းကို မထိခ်င္ဘူးျဖစ္ေနတာ ..."

" ေကာင္းၿပီလဲ အဆင္ေျပပါတယ္ ... သတို႔သားေလးက သတို႔သမီးေလးကို ၾကင္ၾကင္နာနာၾကည့္ေပးမယ္ဆိုရင္ ပိုအဆင္ေျပပါတယ္ ကြၽန္ေတာ္တို႔႐ိုက္ေနတာ romance concept ပါ Tom and Jerry မဟုတ္ပါဘူးေနာ္ "

ကင္မရာမန္းစကားေၾကာင့္ သူ႔မ်က္ႏွာ ပိုစူပုတ္သြားမိသည္။ ရွင္းခူ႐ိုကေတာ့ ဒါကို အသံထြက္ေအာင္ ရယ္ရင္း သူ႔လက္ေမာင္းကို ဆြဲယူကာ နီးကပ္သည္ထက္ ပိုနီးကပ္ေအာင္ ပူးကပ္လိုက္သည္။ အဲ့ဒီ့ေနာက္ ကင္မရာဆရာရဲ႕အလိုေတာ္က် ခူ႐ို႕ပါးျပင္းေပၚကို မထိတထိ သူ႔ႏွာဖ်ားေလး ေတ့ထားလိုက္မိသည္။

သိပ္မၾကာလိုက္ .. ဓာတ္ပုံ႐ိုက္ျခင္းၿပီးဆုံးေလေတာ့ "FOTO" wedding Studioကေန သူေရာ ခူ႐ိုေရာ ထြက္လာခဲ့လိုက္မိေတာ့သည္။

ေဂ်ာင္ကုနဲ႔ခူ႐ို ထြက္သြားတာနဲ႔တစ္ဖက္ဝင္ေပါက္ကေန ေရာက္လာခဲ့ၾကတာက KSJ Teamပင္။

" ... အာ ~~ ေရာက္လာၾကၿပီကိုး ... ဒီမွာ ဂ်င္အတြက္ နားေနခန္းအသင့္ျပင္ထားၿပီးပါၿပီ .. လိုအပ္တာရွိရင္လည္း‌ ေျပာေပးပါေနာ္ .. ‌႐ိုက္ကြင္းက‌ ေနာက္ဆယ္မိနစ္ေနရင္စမွာပါ ... အကုန္လုံးအသင့္ပါပဲ "

မန္ေနဂ်ာဆီဦးတည္ၿပီး ေျပာတာမို႔ ေဆာ့ဂ်င္နားမေထာင္ဘဲ ႏႈတ္ဆက္အသိမွတ္ျပဳရင္း လက္ရာေကာင္းေတြ ခ်ိတ္ဆြဲထားတဲ့ စတူဒီယိုကို လွည့္ပတ္ၾကည့္မိသည္။ ၾကည္ႏူးစရာအေငြ႕အသက္ေတြနဲ႔ စိတ္ခ်မ္းသာစရာျမင္ကြင္းေတြအျပည့္ရွိေနတဲ့ ဒီစတူဒီယိုေလးက လူတိုင္းအတြက္ ေက်နပ္ခ်င္စရာဆိုေပမယ့္ သူ႔အတြက္ေတာ့ ခံစားခ်က္ေတြ ဗလာနတၳိပင္။ သူ႔ေခါင္းထဲမွာ ျပည့္က်ပ္ေနတဲ့အခ်ိန္ဇယားေတြရယ္၊ အေဖေပးထားတဲ့စီးပြားေရးအရႈပ္အရွင္းေျဖရွင္းခ်က္ေတြရယ္၊ သူလုပ္လက္စ သီခ်င္းအပိုင္းအစေတြရယ္ အကုန္ျပည့္က်ပ္မြတ္သိပ္ေနသည္။

မ်က္ႏွာကသာ ႏုဖတ္ခန႔္ထည္လြန္းေနေပမယ့္ သူ႔စိတ္ေတြကေတာ့ မလန္းဆန္းႏိုင္။ တစ္စုံတစ္ခုကိန္းေအာင္းေနသလိုမ်ိဳး ႏွလုံးသားရဲ႕အတြင္းနက္နက္တစ္ေနရာမွာ သံမႈိေလးတစ္ပြင့္တည္ရွိေနသည္။

" ေဆာ့ဂ်င္ "

မန္ေနဂ်ာအသံေၾကာင့္ သူလွည့္ၾကည့္မိသည္။

" ဒါၿပီးရင္ နားလို႔ရၿပီ ငါ မင္းအခ်ိန္ဇယားေတြအကုန္ဖ်က္ထားေပးတယ္ ... ၿပီးေတာ့ meditationအတြက္ ေနရာရွာထားေပးတယ္ ေအးေဆးနားလို႔ရတယ္ ေဆာ့ဂ်င္ "

မန္ေနဂ်ာစကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္မိရင္း ေခါင္းခါလိုက္သည္။

" .. ဘာလို႔ဖ်က္လိုက္တာလဲ ... ကြၽန္ေတာ္အဆင္ေျပတယ္ေလ ... ဒါၿပီးရင္ ေနာက္တစ္ခုက featuring ဆိုထားေပးတဲ့ MVအတြက္ ႐ိုက္ကြင္းမလား ... အဲ့ဒါၿပီးရင္ HS in Asia Awardအတြက္ ဆုလက္ခံရရွိေၾကာင္း message ဗြီဒီယို႐ိုက္ရမွာ မဟုတ္လား .. အကုန္အဆင္ေျပပါတယ္ ထပ္မေ႐ႊ႕ပါနဲ႔ .."

" ... ဘာကိုအကုန္အဆင္ေျပတာလဲ .. ဒီတစ္ပတ္လုံးေနမွ မင္းအိပ္ခ်ိန္စုစုေပါင္းက နာရီ ၂၀ပဲရွိေသးတယ္ေနာ္ ကင္ေဆာ့ဂ်င္ ... Stress Testကလည္း အနီျပတဲ့အထိ ၁၀၀ျပည့္ေနတာကို ... ကိုယ့္ကိုယ္ကိုယ္ သတ္ေသမလို႔လုပ္ေနတာလား ..."

မန္ေနဂ်ာစကားကိုေတာ့ သူလ်စ္လ်ဴရႈရင္း ၿငိမ္သက္စြာ ထိုင္လိုက္မိသည္။

" Idolတစ္ေယာက္ပဲေလ ~~ ဒီေလာက္ေတာ့ရွိရမွာေပါ့ .. ၿပီးေတာ့ Soloist ေလ ... ဒီေလာက္မွ မႀကိဳးစားရင္ ဘယ္ေတာက္ပႏိုင္ပါ့မလဲ ... အေတာက္ပဆုံးၾကယ္ပြင့္ျဖစ္ေအာင္ ဒီထက္ပိုၿပီး ႀကိဳးစားရမယ္မဟုတ္လား .."

ေဘးနားရွိတဲ့စာအုပ္တစ္အုပ္ေကာက္ကိုင္ရင္း ေျပာမိေတာ့ မန္ေနဂ်ာက ေခါင္းခါသည္။

" ... ေတာ္ၿပီ ... မင္းကို ငါ ပ႐ိုဂ်ဴဆာမင္နဲ႔ပဲ အပ္ေတာ့မယ္ ..."

သူ႔ကို ေျပာမႏိုင္စြာ ထြက္သြားတဲ့မန္ေနဂ်ာကိုေတာ့ လ်စ္လ်ဴရႈရင္း လက္ထဲက စာအုပ္ကို ပိတ္လိုက္သည္။ အဲ့ဒီ့ေနာက္ ဆိုဖာေပၚ ခဏမွီရင္း ၿငိမ္သက္ေနလိုက္မိေတာ့သည္။

သိပ္မၾကာ ႐ိုက္ကြင္းစတင္ေတာ့ သူအေတာ္ၾကာ သုံးထားမိတဲ့ အၿပဳံးမ်က္ႏွာကို ထပ္ၿပီး အကာအကြယ္ယူရင္း သူ႔႐ိုက္ကြင္းၿပီးေစလိုက္သည္။ အျဖဴအမည္းျဖစ္ေနတဲ့သူ႔အတြင္းစိတ္ကိုေတာ့ ဘယ္သူမွ ျမင္ႏိုင္မွာမဟုတ္၊ အၿပဳံးတစ္ပြင့္နဲ႔ ခပ္ေအးေအးေနတတ္တဲ့ေဆာ့ဂ်င္ရယ္လို႔သာ ဒီအသိုင္းအဝိုင္းက သိထားၾကသည္ေလ။

႐ိုက္ကြင္းၿပီးတဲ့ေနာက္မွာေတာ့ အေပၚထပ္ Dance Studio ကေနဆင္းလာတာက ပ႐ိုဂ်ဴဆာမင္ပင္။

" ေဆာ့ဂ်င္ ... Fishing Cafe? Sleeping Cafe? Bar? ဘယ္သြားခ်င္လဲ ..."

အဝတ္လဲေနတဲ့သူ႔အနားကပ္ကာေျပာေတာ့ သူေခါင္းခါလိုက္မိသည္။ မင္ယြန္ဂီကေတာ့ သက္ျပင္းတစ္ခုနဲ႔အတူ ေခါင္းခါရင္း သူ႔လည္တိုင္က လဲ့ေနတဲ့ေငြေရာင္အမွ်င္ေလးကို ၾကည့္သည္။

" ... ျငင္းတယ္ဆိုေတာ့ ထပ္ၿပီး တစ္ခုခုလုပ္ဦးမလို႔မဟုတ္လား ... ကင္ေဆာ့ဂ်င္ ... တင္းမခံထားဘဲ ဖြင့္ထုတ္လိုက္ၾကမလား ... တစ္ခါေလာက္ျဖစ္ျဖစ္ ... မင္း သူ႔အေၾကာင္းေျပာလိုက္ရင္ ပိုၿပီး အဆင္ေျပသြားမွာ မဟုတ္ဘူးလား ... ဘယ္အခ်ိန္ထိ မသိသလို, မရွိသလို ေခါင္းမာေနဦးမွာလဲ ... "

" ... instrumental Room ရဲ႕ေသာ့က မင္းဆီမွာမလား ... ခဏငွား ..."

‌ယြန္ဂီစကားကို မၾကားခ်င္ေယာင္ေဆာင္ၿပီး မတူညီတဲ့အေၾကာင္းအရာကို စကားလမ္းလႊဲမိေတာ့ ယြန္ဂီက မ်က္ႏွာလႊဲကာ ေခါင္းညိတ္သည္။

" ထပ္လုပ္ျပန္ၿပီပဲ ... မေပးႏိုင္ဘူး ... တစ္ခြက္ေလာက္ ေသာက္ၾကမလား .. "

" မေသာက္ဘူး .. ငါေသာက္လို႔မရတာ မင္းသိပါတယ္ ... လစ္မစ္ေက်ာ္ရင္ ဘာလုပ္လဲ မင္းသိပါတယ္ ... မင္း ထိန္းႏိုင္မွာမဟုတ္ဘူး ... "

" ... ဒါျဖင့္ရင္ instrumental Room ကို ဘာသြားလုပ္မွာလဲ .. "

" ဘာလုပ္ရမွာလဲ ႀကိဳးစားရမွာေပါ့ ... BTS'J-Hope နဲ႔ Collaboration က ရဖို႔လြယ္တာမဟုတ္ဘူးေလ စီနီယာေတြကို အစြမ္းကုန္ႀကိဳးစားျပရမွာေပ့ါ "

ေနာက္လထြက္မယ့္ သီခ်င္းအသစ္အေၾကာင္း သူေျပာမိေတာ့ ယြန္ဂီက စိတ္ကုန္တဲ့ပုံစံနဲ႔ရယ္သည္။

" ... ငါ့ကိုက် စီနီယာလို႔ျမင္ေသးလား ... အဲ့သီခ်င္းကို produce လုပ္မွာငါေနာ္ .. ကင္ေဆာ့ဂ်င္ ... နားလိုက္ေတာ့ အလြန္အကြၽံလုပ္တာ မေကာင္းဘူး ... လာ ငါ အိမ္လိုက္ပို႔မယ္ ..."

ဘယ္လိုေနေန ေသာ့ေပးမယ့္ပုံစံမေပါက္ေနတာမို႔ သူ ဘာမွ မေျပာေတာ့ဘဲ ပ႐ိုဂ်ဴဆာမင္ေခၚရာေနာက္ကိုသာ လိုက္သြားမိေတာ့သည္။ မင္ယြန္ဂီကေတာ့ သူ႔ကို အိမ္အေရာက္ ပို႔ၿပီးတာနဲ႔ ေနာက္ဆံတင္းစြာ လွည့္တၾကည့္ၾကည့္နဲ႔ အနားယူဖို႔ ထပ္ခါထပ္ခါမွာျပန္သည္။

" နားလိုက္ေတာ့ေနာ္ ကင္ေဆာ့ဂ်င္ ... ေလးႏွစ္လုံးလုံး ေျပးလာတာ ဒီေလာက္ဆိုရၿပီပဲ ... ခဏနားလိုက္ ... ေဆးလည္းပုံမွန္ေသာက္ဦး ..."

" အင္း "

စကားမရွည္ခ်င္တာမို႔ ေခါင္းပဲ ညိတ္ရင္း ႏႈတ္ဆက္လိုက္သည္။ အဲ့ဒီေနာက္ ထြက္သြားတဲ့ယြန္ဂီကားကို သူ မ်က္ႏွာေသနဲ႔ၾကည့္ရင္း ေဘာင္းဘီအိတ္ထဲမွာ ဖြက္ထားမိတဲ့ေသာ့ကို ယူထုတ္လိုက္မိသည္။ ဒီေသာ့ေလးက မင္ယြန္ဂီ သူ႔ကို မေပးခ်င္ခဲ့တဲ့ instrumental Room ရဲ႕ ေသာ့ပင္။

သူ ခ်က္ခ်င္း ကားထုတ္ကာ အနားမယူေတာ့ဘဲ ေလ့က်င့္ဖို႔အတြက္ instrumental Room ကို သြားမိေတာ့သည္။

အခ်ိန္အားျဖင့္ ည၁၁နာရီ ..

သူ တစ္ေယာက္တည္း instrumental Room ရဲ႕ မီးေရာင္မွိန္မွန္ေအာက္မွာ စည္းခ်က္အတိုင္းလႈပ္ရွားေနမိသည္။ Collaboration MVအတြက္ စီနီယာ J-Hope သင္သြားေပးခဲ့တဲ့ ကကြက္ေတြကို ေလ့က်င့္ရင္း သူ႔ရဲ႕ခႏၶာကိုယ္ကို ပင္ပန္းေအာင္လုပ္ေနမိသည္။ အခ်ိန္ေတာ္ေတာ္ၾကာသြားတဲ့အထိ သူေလ့က်င့္ေနမိေတာ့ သူ႔ခႏၶာကိုယ္က ပင္ပန္းသည္ထက္ ပိုၿပီးပင္ပန္ရင္း နာက်င္လာသည္။ သို႔ေပမယ့္ သူ မရပ္တန႔္ႏိုင္။ ခႏၶာကိုယ္က ပင္ပန္းတာထက္ ႏွလုံးသားဗဟိုမွာ တည္ရွိေနတဲ့ ဆူးေလးတစ္ေခ်ာင္းက ပိုနာက်င္ရေအာင္ လုပ္ေနတာမို႔ အဲ့ဒီ့ခံစားခ်က္ေတြကို သူ ထပ္ေခ်ဖ်က္ဖို႔ ႀကိဳးစားမိသည္။

သူ႔ခႏၶာကိုယ္ကေတာ့ ကကြက္ေတြကို အလြတ္ရေနသလို လႈပ္ရွားေနေပမယ့္ သူ႔စိတ္ကေတာ့ သူ ေမ့ပစ္ခ်င္တဲ့အရာကိုသာ စူးစိုက္ေနသလိုပင္။

... ေလးႏွစ္ .. ေလးႏွစ္ရွိခဲ့ၿပီ ... ဘာေၾကာင့္ ေမ့လို႔မရေသးတာလဲ ... မေမ့ႏိုင္မွာစိုးလို႔ အဲ့ဒီ့ကေလးနဲ႔ ပတ္သက္တာ တစ္ခုမွ မစုံစမ္းခဲ့သလို ဘာတစ္ခြန္းမွလည္း ထုတ္မေျပာခဲ့ ...။ လမ္းခြဲသြားတဲ့ေန႔ကစၿပီး ေပၚမလာေတာ့တဲ့အဲ့ဒီ့ကေလးကို သူ မုန္းႏိုင္ဖို႔ ႀကိဳးစားေနခဲ့တာေလ ... ရွင္းရွင္းေျပာရင္ မာမီ့ကိုဆက္သြယ္ရင္ အဲ့ကေလးအေၾကာင္းၾကားေနရမွာမို႔လို႔ မာမီ့ကိုေတာင္ သူ မဆက္သြယ္ခဲ့တာေလ ... ဒါကို ဘာေၾကာင့္ သတိရေနတာလဲ ... ဘာေတြထပ္လိုခ်င္ေန‌ေသးတာလဲ ...

ကင္ေဆာ့ဂ်င္ အသိတရားကပ္စမ္းပါ .. ေလးႏွစ္လုံးလုံး မင္းတစ္ေယာက္တည္းပဲ ႐ူးေနခဲ့တာ ... ေလးႏွစ္လုံးလုံး ဒီလိုေတာက္ပတဲ့ေနရာမွာ အထီးက်န္ေနခဲ့တာ ... ေလးႏွစ္လုံးလုံး သူ မင္းကို တစ္ေယာက္တည္းခ်န္ခဲ့တာ ... ေလးႏွစ္လုံးလုံး မင္း နာက်င္ေနခဲ့ရတာ ... မုန္းတယ္မလား .. ဒီလို တမ္းတေနတာကို နာက်င္ရတာမလား ... ဒီလို မေမ့ႏိုင္တာက ပိုနာက်င္ရတာမလား ... အဲ့ကေလးကို မုန္းတယ္မလား ... ဆက္ၿပီးမုန္းေနရမယ္ ... အ႐ြယ္ေရာက္ၿပီး အခ်ိန္ကတည္းက စိုးမိုးထားတဲ့ အဲ့ဒီ့ကေလးကို ဆက္မုန္းေနလိုက္ ...

" !! "

ျပင္းထန္လာတဲ့ခံစားခ်က္ေတြေၾကာင့္ စည္းခ်က္လြဲေခ်ာ္သြားတဲ့အခိုက္မွာ သူ ‌ဟန္ခ်က္ပ်က္ရင္း ၾကမ္းျပင္ေပၚ ျပဳတ္က်မိသည္။ အက်မနာေအာင္ လက္ေထာက္မိတဲ့တစ္ခဏမွာ သူ႔လက္ေကာက္ဝတ္က ေတာ္ေတာ္ေလးနာက်င္သြားခဲ့သည္။ သို႔ေပမယ့္ ထိုနာက်င္မႈထက္ သိမ္းဆည္းထားမိတဲ့ဒဏ္ရာက ပိုထုထည္ႀကီးေနတာမို႔ သူ အားရပါးရ ငိုလိုက္မိသည္။ ႏွစ္ေတြ ၾကာတာေတာင္ ဒီနာက်င္မႈကို သူအသားမက်ေသး။

အၿမဲတမ္း သတိရၿပီး နာမည္ေလးေတာင္ မၾကားခ်င္ေလာက္ေတာ့တဲ့အထိ တမ္းတမ္းစြဲျဖစ္ေနရတဲ့ အဲ့ဒီ့ကေလးနာမည္ကို သူေရ႐ြတ္ရင္း နာေနတဲ့လက္နဲ႔ ၾကမ္းျပင္ကို ထိုးမိေတာ့သည္။

" !! "

" !! "

" !! "

" !! ... မုန္းတယ္ ... ဂြၽန္ေဂ်ာင္ဂုကို မုန္းတယ္ ... ဂြၽန္ေဂ်ာင္ဂုကို မုန္းတယ္လို႔ !!!! ... "

လက္တစ္ခုလုံး နီရဲလာေတာ့မွ သူရပ္တန႔္လိုက္မိသည္။ မီးေရာင္မွိန္မွိန္ေအာက္မွာ ဖြင့္ထားမိတဲ့သီခ်င္းက စည္းခ်က္နဲ႔အညီ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ လႈပ္ရွားရတဲ့သီခ်င္းျဖစ္ေပမယ့္ မွန္ထဲက သူ႔ပုံရိပ္ကေတာ့ အလဲလဲအကြဲကြဲနဲ႔ ႏြမ္းလ်ဆို႔နင့္ေနသည္။

... ဒါလား ေတာက္ပေနတဲ့ဂ်င္! ... ဒါလား ေတာင္ကိုးရီးယားရဲ႕ၾကယ္ပြင့္ ကင္ေဆာ့ဂ်င္ ...

ဟုတ္ရင္လည္း ဟုတ္မွာေပါ့ .. ေတာက္ေတာက္ပပနဲ႔ ေနရစ္ခဲ့ဆိုတဲ့စကားကို အ႐ူးတစ္ေယာက္လို အေကာင္အထည္ေဖာ္ေပးခဲ့တာ ... အဲ့ဒီ့အဆုံးသတ္ရလဒ္ကေတာ့ ေပ်ာ္႐ႊင္ျခင္းေတြ ဆိတ္သုဥ္းၿပီး တစ္ကိုယ္တည္း ေတာက္ပစြာ အထီးက်န္ေနခဲ့တာေလ ...

ေဆာ့ဂ်င္ မွန္ထဲက သူ႔ပုံရိပ္ကိုသူ ၾကည့္ရင္း နာက်င္စြာ ငိုလိုက္မိသည္။ ေလးႏွစ္လုံးလုံး ေဖာ္ျပဖို႔ေတာင္ မျဖစ္ႏိုင္ေတာ့တဲ့နာက်င္မႈက သူ႔တစ္ကိုယ္လုံးကို ေျဖးညႇင္းစြာ တိုက္စားလာေနေတာ့ သူ မ်က္ဝန္းေတြပိတ္ကာ စိတ္ကို ေလ်ာ့လိုက္မိသည္။ မင္ယြန္ဂီေျပာသလို ရင္ဖြင့္ေျပာျပလိုက္မယ္ဆိုရင္ သက္သာေကာင္း သက္သာႏိုင္ေပမယ့္ သူ မလုပ္ႏိုင္။ သူ႔မွတ္ဉာဏ္ထဲက အဲ့ဒီ့ကေလး ေပ်ာက္ပ်က္သြားမွာ သူေၾကာက္ေနမိသည္။ ခ်စ္လို႔မရဘူးဆိုရင္ေတာင္ ဒီနာက်င္မႈေတြနဲ႔အတူ အဲ့ဒီ့ကေလးကို သူမုန္းေနပါမည္ ... သူမဟုတ္တဲ့တျခားတစ္ေယာက္ကို ခ်စ္မိသြားတယ္ဆိုကတည္းက မုန္းဖို႔လုံေလာက္တဲ့အေၾကာင္းျပခ်က္တစ္ခုျဖစ္ေနၿပီးသားပဲ မဟုတ္လားေလ ...

အဲ့ဒီ့ေနာက္ ရွိသမွ်နာက်င္မႈေတြက သူ႔ကို ဝါးၿမိဳလာေလလွ်င္ သူ ၾကမ္းျပင္ေပၚ ေခြေခြေလး လဲက်သြားေတာ့သည္။ မၾကာခင္ သူ႔အသိအာ႐ုံေတြ အေမွာင္က်သြားေတာ့မွာျဖစ္သည္။ အေမွာင္က်သြားတာနဲ႔ သူ လြတ္ေျမာက္နယ္ေျမဆီ ေရာက္ေတာ့မွာျဖစ္သည္။

ဒီလိုဆိုေတာ့လည္း ဘာအေတြးမွ မရွိေတာ့တဲ့အတြက္ နာက်င္ရတာကို သူ မခံစားမိတဲ့အခိုက္အတန႔္မို႔ အင္အားကုန္ခမ္းသြားတာမ်ိဳးကို သေဘာက်မိသား။

ေဆာ့ဂ်င္ၿပဳံးလိုက္ရင္း မ်က္ဝန္းေတြကို ပိတ္လိုက္မိသည္။ တျဖည္းျဖည္းနဲ႔ ထုံထိုင္းလာတဲ့ခႏၶာကိုယ္က အသိအာ႐ုံေတြကို ဆြဲယူသြားတဲ့အခါ ကပ္ပါသြားတဲ့နာက်င္မႈ အပိုင္းအစေတြဆီကေန သူ လြတ္ေျမာက္သြားေတာ့သည္။

ထာဝရလြတ္ေျမာက္ျခင္းကို သူသေဘာမက်ေပမယ့္ ဒီလိုခဏတာလြတ္ေျမာက္ျခင္းကိုေတာ့ သူသေဘာက်ပါသည္။ ထာဝရလြတ္ေျမာက္ျခင္းမွာေတာ့ ေဂ်ာင္ဂုဆီ ျပန္မလာႏိုင္ေတာ့တဲ့အတြက္ သူ သေဘာမက်ေပမယ့္ ခဏတာလြတ္ေျမာက္ျခင္းမွာေတာ့ ေဂ်ာင္ဂုဆီ ျပန္လာႏိုင္ေသးတဲ့အတြက္ သူ အသာတၾကည္လက္ခံလိုက္မိေတာ့သည္။ .

.

.

.

အဲ့ဒီ့ေလာက္ထိကို ခ်စ္ေနေသးၿပီး အဲ့ဒီ့ေလာက္ထိကို မုန္းေနမိၿပီ ေျပာရင္ ယုံႏိုင္ဦးမလား ကေလးရယ္ ..

💠💠💠

1013 • ฅ^•ﻌ•^ฅ Happy Birthday Wuri Jiminie ♡'・ᴗ・'♡

Challenge ေလးၿပီးေအာင္ ေရးေနေပမယ့္ ေျဖရွင္းရမယ့္ ကိုယ္ေရးကိုယ္တာကိစၥေလးေပၚလာပါတယ္ .... ေသခ်ာေပါက္ လုပ္ရမွာမို႔လို႔ update ေလး ခဏရပ္နားပါမယ္ ... ဒါေပမဲ့ ဒီဟာေလးကို အၾကာႀကီးမပစ္ထားပါဘူး ... Challenge ကာလအတြင္း အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး ေရးေပးမွာပါ ... ၿပီးေတာ့ အပိုင္း ၁၀ကိုေရးေနတာ တစ္ဝက္ေရာက္ပါၿပီ ... ဒီေန႔ည ၿပီးခဲ့ရင္ ခ်က္ခ်င္းတင္ေပးပါမယ္ ... အဲ့ဒါၿပီးရင္ေတာ့ ခဏေလးနားပါမယ္ေနာ္

ေနာက္တစ္ခုက From Us To You Project ေလးအတြက္ Jinah ေရးေပးခဲ့တဲ့ Short Story ေလးကို အစအဆုံး Public လုပ္ၿပီးပါၿပီ .. Vmin ဖတ္တဲ့သူမ်ားရွိရင္ update ေစာင့္စရာမလိုဘဲ စီးေမ်ာႏိုင္ပါၿပီေနာ္ ... ေနာက္ထပ္ ထပ္ေျပာျပရရင္ အဲ့ဒီ့ Black Swan ေလးနဲ႔ အေၾကာင္းအရာတူတဲ့ Jinkookေလးကိုလည္း Short Story မဟုတ္ဘဲ Long Story Version ထပ္ေရးေပးဦးမွာပါ ... ဒါကေတာ့ 2023 Planေလးေပါ့ေနာ္ ... Me, Myself And Bad Romance ၿပီးတာနဲ႔ Pinkish Alpha နဲ႔ Kookie ေလးကို တစ္လွည့္စီupdate ေပးမွာပါ ...

အခုေတာ့ အပိုင္း ၁၀ ေလး ေရးဖို႔ သြားပါေတာ့မယ္ ...

တာ့တာ🐹🐰🐳

There are no comments yet. Log in to be the first to leave a review!

Similar stories