【08】Part • 1 Final
06:46, 2 December 2022⟨ Unicode Version ⟩Me, Myself And Bad Romance• အပိုင်း ၈ •
လက်ထဲက မီးခြစ်ကို ဆော့ကစားနေမိရင်း ဘောင်းဘီအိတ်က ခပ်မာမာအတောင့်လေးကို သူ ဆုပ်ကိုင်ထားမိသည်။ အဲ့ဒီ့နောက် ကျောင်းနံရံမှာ မှီလိုက်ရင်း ကိုကို မလုပ်နဲ့လို့ တားမြစ်ထားတဲ့ အရာတစ်ခုကို သူ လုပ်ဖို့ ချီတုံချတုံဖြစ်နေမိသည်။ မနေ့ ဆင်းရုံဆင်းပြီးကတည်းက သူ ကိုကို့ဆီက စာတွေ မကြည့်ဖြစ်သလို ကိုကို့ဖုန်းတွေကို မကိုင်ဖြစ်။ ပုံမှန်နေ့တွေလိုဆို သူ ဖုန်းမကိုင်တိုင်း ကိုကို သူ့ဆီရောက်နေပြီဖြစ်ပေမယ့် အခုကျတော့ ကုမ္ပဏီက ကိုကို့ကို စောင့်ကြည့်နေပုံရသည်။
" ဟင်း
သူ သက်ပြင်းချရင်း လမ်းခွဲဖို့ ဘယ်ကနေစပြောရမလဲ စဉ်းစားနေမိသည်။ ကိုကိုနဲ့လမ်းခွဲပြီးရင်လည်း ကိုကိုမရှိဘဲ သူနေနိုင်ဖို့မျှော်လင့်မိလိုက်သည်။
" ... နင်က ဘာကောင်မမို့လဲ ... ဂျွန်ဂျောင်ဂုအနားကို တပူးပူး တကပ်ကပ်နေရအောင်~~ အခုတော့ တူတူမရှိနေနိုင်တော့ဘူးမလား .. ဂျောင်ဂုက ကန်ထုတ်လိုက်ပြီမဟုတ်လား ..."
ရုတ်တရက် သူ့နာမည်ကြောင့် နံရံကိုမှီရာကနေ ကျောလေးမတ်ရင်း နားလေးစွင့်လိုက်သည်။ အဲ့ဒါထက် ဒီနေရာကို ဆေးလိပ်ခိုးသောက်တဲ့စီနီယာကြီးတွေကလွဲ သိပ်မလာကြတာမို့ အခုရောက်လာတဲ့မိန်းကလေးတွေက ဘယ်သူတွေများလဲ သူ စူးစမ်းမိလိုက်သည်။
" ... ရန်ဖြစ်ချင်စိတ်မရှိဘူး ဖယ်နေ ..."
ရင်းနှီးပြီးသား သူငယ်ချင်းမရဲ့အသံမို့ သူမျက်မှောင်ကြုတ်ရင်း ထိုနေရာကို လှမ်းကြည့်မိသည်။ မသုံးတော့တဲ့ ကျောင်းဆောင်ကြားမှာ မြင်လိုက်ရတာက ရှင်းခူရိုကို ဝိုင်းထားကြတဲ့သုံးယောက်ပင်။ ဘယ်အတန်းကလဲတော့ သူမသိ။
" ... ငါကတော့ ရန်ဖြစ်ချင်တယ် ဘယ်လိုလုပ်မလဲ .."
ပြောပြောဆိုဆို တစ်ဖက်ကကောင်မလေးက ခူရို့ဆံပင်ဆွဲကာ ခြေထောက်ကို ကန်လာတာမို့ သူ ထိုနေရာကို ရောက်အောင် သွားမိသည်။ ခူရိုကလည်း ငြိမ်ခံသူမဟုတ် တစ်ဖက်က ကောင်မလေးကို ဆံပင်ပြန်ဆောင့်ဆွဲကာ အနိုင်ရဖို့ ကြိုးစားပေမယ့် သုံးယောက်တစ်ယောက်မို့ ကြားထဲ ညှပ်နေသည်။
" .. နင်တို့တွေ .. တော်စမ်း!! "
ခူရို့ဘက်ကနေ တစ်ဖက်သူတွေကို ဆောင့်တွန်းကာ ခူရိုရှေ့ ကာမိတော့ ကျန်တဲ့ကောင်မလေးတွေ လန့်သွားကြသည်။
" ဂျောင်~~ ဂျောင်~ ဂျောင်ဂု ~~ "
" ... ရုံးခန်းထိရောက်ချင်လား ... သက်သေရှိတယ်နော် ... "
" အာ ~~ အဲ့လိုမဟုတ် ~~ "
" သွားတော့ နောက်တစ််ခါ ငါ့သူငယ်ချင်းကို မထိနဲ့ ... မိန်းကလေးဖြစ်နေရင်လည်း ငါညှာမှာ မဟုတ်ဘူး ..""
စူးရဲစွာ ကြည့်ရင်း ပြောမိတော့ ထိုကောင်မလေး သုံးယောက်က သူနဲ့ခူရိုကို ကျောခိုင်းရင်း ထွက်သွားတော့သည်။ အဲ့ဒီတော့မှ သူ ခူရိုကို လှည့်ကြည့်မိတော့ သွေးစို့နေတဲ့နှုတ်ခမ်းထောင့်ကို မြင်လိုက်မိသည်။
" ... နေပါဦး ... နင်က ဘယ်တုန်းက ဒီလိုပုံစံဖြစ်သွားတာလဲ ရှင်းခူရို "
" ... ငါကအမြဲဒီလိုပဲဟာ ... "
သူမေးမိတော့ ခူရိုက သူ့မျက်နှာကို မကြည့်ဘဲ ပြန်ဖြေလာသည်။ ဟိုတနေ့ နမ်းပြီးကတည်းက ခူရိုဟာ သူ့ကို ရှောင်နေခဲ့သည်။ အဲ့ဒီ့အချိန်ကတည်းက တပူးပူးတတွဲတွဲဖြစ်ခဲ့တဲ့ခူရိုဟာ သူနဲ့ မရှိနေတာကြာခဲ့ပြီဖြစ်သည်။
" ဘာကို ဒီလိုလဲ ... ရှင်းခူရို ... နင်က ခပ်အေးအေးကောင်မလေးတစ်ယောက်ပါ ... ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံပြောင်းသွားရတာလဲ "
သူသိခဲ့တဲ့ရှင်းခူရိုနဲ့မတူဘဲ ခပ်ဆိုးဆိုးရှင်းခူရိုဖြစ်နေသည်မို့ သူမေးလိုက်မိသည်။
" ... မဟုတ်ဘူး ... ငါကအစကတည်းက ဒီလိုပုံစံပဲ ... နင်သိထားတဲ့ရိုးရိုးအေးအေးရှင်းခူရိုက ဂျွန်ဂျောင်ဂုကို ခင်ချင်လို့ ဟန်ဆောင်ထားတဲ့ပုံစံချည်း .. ဒါကမှ ငါ့ပုံစံပဲ ဂျွန်ဂျောင်ဂု ... စိတ်ဆိုးလား ဂျောင်ဂု "
အပြစ်ရှိသလိုပြောလာလေတော့ သူ့မျက်ခုံးပင့်တင်မိရင်း သက်ပြင်းချလိုက်မိသည်။ စိတ်တော့မဆိုးပေမယ့် အံ့ဩရတာကအမှန်ပင်။ သူ မထင်မှတ်ထားတဲ့ပုံစံကို မြင်လိုက်ရသည်မို့လေ။
" ... ဒါဆို studying cafeတွေဆီ သွားခဲ့တာတွေ ... ရည်းစားဟောင်းဆိုပြီး လာနှောင့်ယှက်တာတွေကရော ... ငါ့ကို ဘာတွေ ညာထားသေးလဲ နင် ..."
" သေချာပေါက် ညာထားတာပေါ့ ... ဒါပေမဲ့ နင့်ကျေးဇူးနဲ့ ငါလည်း သေချာစာလုပ်ဖြစ်တယ်လေ ... ပြီးတော့ ရည်းစားဟောင်းတွေကကျ တကယ်ပဲ .. ငါလိမ်ထားတာရယ်တော့မဟုတ်ပါဘူး ... နင့်အနားမှာ ငါကလွဲလို့ ဘယ်သူမှ မရှိစေချင်လို့ အဲ့လိုနေနေတာ ... ပြောရရင် နင့်ကို ကြိုက်တဲ့သူမှန်သမျှ ငါရှင်းထုတ်နေတာ ..."
မထူးတော့ဘူးဆိုပြီး အကုန်ပြောချနေပုံရတဲ့ရှင်းခူရိုကြောင့် သူ ရယ်လိုက်မိသည်။ တကယ်ဆို စိတ်ဆိုးသင့်တာ ဆိုပေမယ့် သူ စိတ်မဆိုးနေ။ သူနဲ့ခူရိုကြားမှာရှိတဲ့ သူငယ်ချင်းဆက်ဆံရေး ပျောက်ပျက်သွားမှာကိုပဲ သူ စိုးရိမ်ပါသည်။ အလယ်တန်းနှစ်တွေ တစ်လျှောက်လုံး သူ့အနားမှာ ဆိုးအတူ ကောင်းအတူ ရှိပေးခဲ့တာမဟုတ်လား။ အဲ့ဒါက အလိမ်အညာဆိုရင်တောင်မှပေါ့။
" ...နင်က ဘာရယ်တာလဲ ဂျောင်ဂု! .. စိတ်မဆိုးဘူးလား ... စိတ်မတိုဘူးလား ... ငါနင့်အပေါ်မှာ အများကြီး အမှားတွေလုပ်ထားတယ်နော် "
သူရယ်နေတာကို အံ့ဩဟန်နဲ့မေးလာတော့ သူခေါင်းခါလိုက်မိသည်။
" ... မဆိုးပါဘူး .. ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိတာလေ ... ဒါပေမဲ့ ငါ့ကိုကြိုက်တဲ့သူတွေကို လိုက်ရှင်းထုတ်နေတယ်ဆိုတော့ ဘယ်လိုလဲ ရှင်းထုတ်လို့ရရဲ့လား .. ."
" .. .. ဘယ်ရမလဲ ... နင်က ချစ်ဖို့ကောင်းတာကိုး ... အဲ့ဒါကြောင့် ဟိုတစ်နေ့က ငါတောင် ~~ "
ပြောနေရင်းမှ ရပ်တန့်ကာ မှားပြီဆိုတဲ့ပုံစံဖြစ်သွားတာမို့ သူလည်း ရယ်နေရင်းကနေ မျက်နှာတည်လိုက်မိသည်။
" ... "
" ... တောင်းပန်ပါတယ် ဂျောင်ဂု ..."
" .. "
" ... ငါ .. ငါနင့်ကို နမ်းခဲ့မိတဲ့အတွက် .. ဒါပေမဲ့ ...နင်စိတ်ချ ... ငါ နောက်တစ်ခါ ထပ်မလုပ်တော့ဘူး... ငါကတိပေးတယ်! .. ငါက ကောင်လေးတွေအများကြီးနဲ့တွဲတတ်ပေမယ့် ... နင့်အပေါ် အဲ့လို စိတ်မရှိဘူး ... အစကတော့ ကြိုက်ပေမယ့် နင်နဲ့ခင်ပြီးနောက်ပိုင်း အဲ့လိုထပ်မရှိတော့ဘူး .. တကယ်ပြောတာ ... ငါ ထပ်မလုပ်တော့ဘူး ... ငါ့ကို စိတ်မတိုပါနဲ့ ... ငါ့ကို သူငယ်ချင်းအဖြစ်ကနေ မစွန့်လွှတ်နဲ့ ..."
သူငြိမ်သက်မိနေတဲ့အပေါ် အထင်တစ်မျိုးရောက်သွားပုံပေါ်တာမို့ တရစပ်ပြောချလာတော့ ထုံးစံအတိုင်း သူ ထပ်ရယ်လိုက်မိသည်။ ပြောရရင် သူလည်း ခူရိုကို ညာခဲ့တာရှိတာပဲ။ ကိုကိုနဲ့ တွဲနေတာကို လိမ်ပြီး ကိုကို့ကို သူ့အစ်ကိုပါလို့ ပြောထားတာလေ။ အဲ့ဒါအပြင် ကိုကိုက နာမည်ကြီးတဲ့တက်သစ်စ " ဂျင် " ဆိုတာလဲ ခူရိုက မသိဘူးလေ။
" ... အဟမ်း .. စိတ်ထဲတော့ ဘာမှ မရှိပေမယ့် ... တစ်ခုခုပြန်လုပ်ပေးရမယ်မဟုတ်လား ... နင်ငါ့အပေါ်မှားထားတာတွေက အရမ်းများနေပြီ ... ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်ရင် လွယ်ရာကျတယ်လေ ..."
" ဒါဆို ဘာပြန်လုပ်ပေးရမလဲ ပြော ... ကြိုက်တဲ့မုန့်ဆိုင်ကိုခေါ်သွား ငါရှင်းမယ် ဂျောင်ဂု .."
" ဟင်အင်း မုန့်က ငါ့ဟာနဲ့ ငါဝယ်စားမှာ ... နင်က ငါနဲ့တူတူ ကျောင်းပြေးရုံလေးပဲ "
" ဟင် "
သူ့စကားအဆုံးမှာတော့ သူမမျက်ဝန်းတွေပြူးကျယ်သွားသည်။ ဟုတ်ပါရဲ့ ... သူတစ်ခါမှ ဒီလိုကျောင်းပြေးတယ်ဆိုတာ မရှိဖူးဘူးလေ။
" ... ဂျောင်ဂု ... နင် .. "
" အင်း ကျောင်းလစ်ချင်တယ် .."
" အင်း ... လစ်မယ် .... ငါအဖော်လုပ်ပေးမယ် ဂျောင်ဂု ဒါပေမဲ့ ဒီနံရံကနေ ကျော်ထွက်ရမှာနော် ... လုပ်နိုင်ပါ့မလား ... "
" ... ငါလား ... လုပ်ကြည့်မယ်လေ .. လုပ်နိုင်မှာပေါ့ ... နင်ရော ..."
" ... ငါက အတွေ့အကြုံရှိပြီးသားလေ .. ဂျောင်ဂုရား ..."
အဲ့ဒီ့နောက် ခူရိုက ရှုပ်ပွနေတဲ့ဆံပင်တွေကို သပ်ရပ်အောင် ပြင်ဆင်ရင်း ကျောင်းနံရံပေါ်ကို ကျောက်တုံးတွေကနေတစ်ဆင့် ကျော်ခွကာ လျောလျောလျူလျူ အပြင်ရောက်သွားသည်။ သူလည်း တစ်ခါမှတော့ မလုပ်ဖူးပေမယ့် ပထမဆုံးအနေနဲ့ ခူရို့အကူအညီကြောင့် လျောလျောလျူလျူပင်။ ဒါပေမဲ့ ခြေထောက်မှာတော့ ခြစ်ရာနည်းနည်းလေး ရခဲ့သေးသည်။
ထိုနေ့က သွားနေကျ အချိန်ပိုတွေလည်း မသွားဘဲ၊ Studying Cafe လည်း မသွားဘဲ သူနဲ့ခူရို တစ်နေကုန် စိတ်လွတ်ကိုယ်လွတ်လျှောက်လည်ရင်း ပျော်ရွှင်ခဲ့ကြပါသည်။ သို့ပေမယ့် ..
" ... ဝါး … အိုပါးကတော့ Album အသစ်ထုတ်ပြန်ပြီပဲ ...ဒီတစ်ခါတော့ ငါ မဝယ်နိုင်တော့ဘူး ..."
ရုတ်တရက် စတိုးဆိုင်ရှေ့ထိုင်ရင်း Bus carမှတ်တိုင်က Boardကို မြင်လေတော့ ခူရို့ဆီက အသံထွက်လာသည်။ သူပါ ကြည့်မိတော့ ကိုကို့ album အသစ်အတွက် ကြော်ငြာBoardပင်။
" ... အင်း ~~ ဒီတစ်ခါ ငါလည်း မဝယ်ဘူး "
လှပသေသပ်လွန်းတဲ့ကိုကို့ပုံရိပ်ကို သူကြည့်ရင်း ဝမ်းနည်းစွာ သူပြောမိတော့ ခူရိုက သူ့ကိုကြည့်သည်။
" မယုံပါဘူး ဂျင်ရဲ့ထွက်သမျှပစ္စည်းတိုင်း နင်ဝယ်နေကျပဲကို .... နင့်ကိုယ်ပေါ်မှာ ဂျင်နဲ့ မပတ်သက်တဲ့ပစ္စည်းဘယ်နှစ်ခုရှိလို့လဲ .. ကြည့် ... ကျောပိုးအိတ်ကသော့ချိတ်တောင် သူ့ပုံပဲမလား ..."
အမှုမဲ့အမှတ်မဲ့စကားပေမယ့် သတိပေးသလိုဖြစ်သွားတဲ့ခူရို့စကားကြောင့် သူ ကျောလေးမတ်သွားမိသည်။
ဟုတ်သား ... သူ့ဆီမှာ ကိုကိုနဲ့ပတ်သက်တာတွေပဲရှိတာကို ဘယ်လိုလုပ် ကိုကို့ကိုမေ့ပြီးလမ်းခွဲဖို့ဖြစ်နိုင်မှာလဲ ... ဘယ်လိုလုပ်မှ ကိုကိုနဲ့အဝေးမှာနေနိုင်မှာလဲ ... အခုတောင် ... အခုတောင် ခူရိုနဲ့ ပျော်အောင်နေပြီး ကိုကို့ကို မတွေးမိဖို့ ကြိုးစားနေတာ တကယ်အဆင်မပြေနေဘူးလေ ...
တွေးရင်းနဲ့ ဂျောင်ဂု စိတ်ရှုပ်လာသည်မို့ သက်ပြင်းချကာ မျက်မှောင်ကြုတ်ရင်း ခေါင်းငုံ့လိုက်မိသည်။
" ရား ... ဂျွန်ဂျောင်ဂု ... ဘာဖြစ်နေတာလဲ ... ငါမရှိတဲ့အချိန်အတွင်း ဘာစိတ်ညစ်စရာရှိလို့လဲ ... အိုပါးရဲ့ Dating scandal ကြောင့်လား ... အဲ့ဒါဆို ငါနှစ်သိမ့်ပေးမယ် ..."
ခူရို့စကားကြောင့် သူ ရင်မောစွာ ပြုံးရင်း ခူရို့ကို ကြည့်မိသည်။
" ... အဲ့လိုကြီးပြုံးမနေနဲ့ ... ဂျင်အိုပါးက ... ဘယ်သူ့နဲ့မှ မတွဲနိုင်သေးပါဘူး .. ဓာတ်ပုံတွေကလည်း တခြားတစ်ယောက်ပဲဖြစ်မှာပါ .... အဲ့ကိစ္စကို မတွေးနဲ့တော့ ..."
သူ့ကို အထင်လွဲပြီး နှစ်သိမ့်ပေးဖို့ ကြိုးစားနေပုံရတာမို့ သူခေါင်းခါရင်း ခူရို့ကို အမှန်တိုင်းပြောဖို့ ကြိုးစားမိသည်။
" ... နင်သိလား ခူရို ... အဲ့ဒီ့ဓာတ်ပုံတွေက အမှန်ပဲဆိုတာ "
" ဟင် ... "
" ... Dating scandal ထွက်ထားတဲ့ပုံတွေက အမှန်ပဲ ... နင်တို့ရဲ့ဆော့ဂျင်အိုပါးက .. ကောင်လေးတစ်ယောက်နဲ့တွဲလာတာ တော်တော်ကြာနေပြီ "
" ဟင်? ဘာ? မဖြစ်နိုင်တာ ...လာမနောက်နဲ့ .. အချိန်ကောင်းမဟုတ်ဘူး ..."
" မနောက်ဘူး ... သေချာနားထောင် .... လန့်မသွားနဲ့ မအော်နဲ့ ..."
လိမ်ထားတာတွေကို အမှန်တိုင်းပြောပြီးနောက်မှာ ပိုပွင့်လင်းလာတဲ့ခူရို့အကျင့်စရိုက်ကြောင့် သူကြိုသတိပေးမိတော့ ခူရိုက ခေါင်းညိတ်ကာ သူ့ကိုပိုအာရုံစိုက်လာသည်။
" ... တကယ်တော့ အဲ့ဓာတ်ပုံထဲက ကောင်လေးက ငါပဲ ရှင်းခူရို ... ငါတို့တွဲလာတာ လေးနှစ်ရှိပြီ"
" ဘာ!!!! "
မအော်နဲ့လို့ ကြိုမှာထားတာတောင် အသံက ကျယ်လောင်စွာ ထွက်လာသည်မို့ လူတွေက ကွက်ကြည့်ကွက်ကြည့်ပင်။
" မဟုတ်သေးဘူးဂျောင်ဂု ... အခု နင်က ဆော့ဂျင်အိုပါးနဲ့ တွဲနေတယ်လို့ ပြောလိုက်တာလား ... နင်ကလေ .."
" အင်း ~~ သူ idolမဖြစ်ခင်ကတည်းက ငါတို့တွဲခဲ့ကြတာ ... ပြီးတော့ ငါပြောတဲ့ ကိုကိုဆိုတာကလည်း ဂျင်ကိုပြောတာပဲ ခူရို ... အစ်ကိုလို့ ပြောထားပေမယ့် တကယ်က တွဲနေကြတာ ... ဆောရီးခူရို ... နင်နဲ့မခင် ခင်ကတည်းက တွဲခဲ့ကြတာမို့လို့ နင့်ကို မပြောပြမိတာ ... ဒါပေမဲ့ အခုတော့ ပြောပြသင့်ပြီထင်လို့ ...."
လှုပ်ရှားသွားလာတဲ့လူတွေကို ကြည့်ပြီး သူပြောမိတော့ ခူရိုက အံ့အားသင့်ကာ ခဏတာ ငြိမ်သက်ရင်း သူ့ဆီက ထွက်လာမယ့်စကားလုံးတွေကို ထပ်စောင့်သည်။
" ... ဒါပေမဲ့ ... အခုတော့လမ်းခွဲရတော့မယ် ... ငါတကယ်မလုပ်ချင်ပေမယ့် လုပ်ရတော့မယ် ... ကိုကို ငါ့ကို အသာတကြည်လမ်းခွဲပေးအောင် ငါဘာလုပ်ရမလဲ ... ဘာကိုမှ မရိပ်မိဘဲ လျောလျောလျူလျူကျောခိုင်းသွားအောင် ငါဘာလုပ်ရမလဲ "
တကယ်ရင်ထဲတင်းကျပ်နေတဲ့အဖြေကို မေးမိတော့ ခူရို့မျက်ဝန်းတွေ ထပ်ပြီး ဝိုင်းစက်သွားပြန်သည်။
" လမ်းခွဲမယ်? ဘာကြောင့်လဲ သတင်းတွေကြောင့်လား ... ဒရာမာထဲကလို အေဂျင်စီဘက်က လမ်းခွဲဖို့ နင့်ဆီလာပြောလို့လား ... ဒါမှမဟုတ် .. ဂျင်အိုပါးက နင့်ကိုအပျော်ကစားနေလို့လား ..."
" ဟင်အင်း ... လမ်းခွဲချင်တာက ငါ့ဘက်က ... ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိလို့ လမ်းခွဲချင်တာ ... ဒါပေမဲ့ ကိုကိုကတော့ လမ်းခွဲပေးမှာမဟုတ်ဘူး .. ငါနဲ့တွဲနေတယ်ဆိုတာ သူ့ဘက်ကအတည်ပြုချင်နေတာ ... ငါကငြင်းနေလို့ စကားများမလိုတောင်ဖြစ်နေသးတယ် ..."
" ... ဒါဆို အိုပါးက နင့်ကို တကယ်အလေးအနက်ထားတာပေါ့ ... အိုပါးက နင့်ကို တကယ်ချစ်တာပေါ့ ... "
" ~~ အင်း ~~ အဲ့လိုထင်ရတာပဲလေ .."
" ဒါဆို နင်ကရော ... နင်ရော အိုပါးကို တကယ် ချစ်လား ... "
ခူရိုရဲ့မေးခွန်းမှာတော့ သူ့ရင်ထဲ တင်းကျပ်လာသည်။ သူ့ကိုယ်သူမေးနေမိတဲ့မေးခွန်းကို ခူရို့ဆီက ကြားရတော့ သူခေါင်းခါလိုက်မိသည်။
" ... ငါမသိဘူး ခူရို ... "
" ... မသိဘူး? မသိဘူးဆို ဘာလို့တွဲခဲ့သေးလဲ ... နင်လည်း သဘောကျနေလို့တွဲခဲ့တာ မဟုတ်ဘူးလား ... "
" ... အင်း ~~ ငါသဘောကျတယ် ... ကိုကိုငါ့ကိုဂရုစိုက်ပေးတာတွေ ~~ ငါ့ကိုဦးစားပေးတာတွေ ~~ ငါ့ကိုကာကွယ်ပေးတာတွေ ~~ ငါ့အတွက် လုပ်ပေးခဲ့တာတွေ ~~ အနစ်နာခံတာတွေ အကုန်သဘောကျတယ် ... ဒါပေမဲ့ ငါ အခု ကိုကိုနဲ့ရှိနေရတာ မပျော်တော့ဘူး ... အဲ့ဒီ့စကားတွေကိုပဲ ကြားယောင်နေပြီး ... နာကျင်ရတယ် ... "
ပြောရင်းနဲ့ ရင်ထဲမွန်းကျပ်လာသည်မို့ သူ မျက်ရည်ဝိုင်းမိတော့ ခူရိုရဲ့လက်တစ်ဖက်က သူ့ပခုံးပေါ်ရောက်လာသည်။
" ...အိုပါးက နင့်ကို နာကျင်အောင် ဘာစကားတွေပြောလိုက်လို့လဲ ..."
" ဟင်အင်း ... ကိုကိုက ငါ့ကို နာကျင်အောင် ဘယ်တော့မှ မလုပ်ဘူး ... အဲ့ဒီ့စကားဆိုတာက .. ငါ့မိဘတွေနဲ့ပတ်သက်တဲ့တစ်ခုခုပါ ... အခုချိန်မှာတော့ ငါသေချာမပြောပြနိုင်သေးဘူး ~~ "
" ဒါဖြင့်ရင် နင်မပြောပြနိုင်တဲ့ကိစ္စက နင့်ကိုကိုနဲ့ပတ်သက်နေလို့လား ..."
" တိုက်ရိုက်တော့မဟုတ်ပေမယ့် ပတ်သက်နေသေးတယ် . "
" အဲ့ဒီတော့ နင်က လမ်းခွဲချင်နေတာလား ... နင်လမ်းခွဲချင်တာကို နင့်ကိုကိုက သဘောမတူတာလား ..."
" အင်း "
အဆုံးသတ်မှာတော့ စကားဝိုင်းလေးတိတ်ဆိတ်သွားသည်။ သူ့ဆီကစကားသံထပ်မထွက်လာသလို ခူရိုကလည်း တစ်ခုခုကို စဉ်းစားနေဟန်ပင်။
" .. ငါ့စိတ်ထင်တာပြောရရင် ... နင်က အိုပါးကို မချစ်မိသေးဘူးနဲ့တူတယ် ... အိုပါးက နင့်ကိုဂရုစိုက်ပေးလို့ ... အဲ့ဒါတွေကို နင်သဘောကျနေတာနဲ့တူတယ် ... ဂျောင်ဂုရား ... ငါက နငါ့သူငယ်ချင်းဆိုတော့ နင့်ဘက်ကပဲနေမယ် ... နင့်ကိုယ်နင်သေချာအောင်ပြန်မေး ... နင် အိုပါးကိုချစ်လားလို့ ... ချစ်တယ်ဆိုရင်တော့ စိတ်ခုနေတာကို ရအောင်ညှိပြီး တွဲပါ ... "
" ..."
" အေး ... နင်မချစ်မိသေးဘူးဆိုရင်တော့ .. လမ်းခွဲလိုက် ... နင်ရော အိုပါးရော မနာကျင်ရတော့ဘူးပေါ့ ... ဒါပေမဲ့ နင်ကတော့ လမ်းခွဲပြီးမှ မချစ်မိသွားစေနဲ့ ... အဲ့ဒါက အရမ်းနာကျင်ရတယ် .... ကိုယ့်မှာရှိနေတုန်းက တန်ဖိုးမထားဘဲ သူများလက်ထဲရောက်မှ ပြန်လိုချင်တဲ့ခံစားချက်လိုမျိုး အရမ်းမုန်းဖို့ကောင်းတယ်လေ ... "
ပခုံးကိုပုတ်ကာ အကြံပေးလာတဲ့သူငယ်ချင်းမရဲ့စကားသံအဆုံး သူ ငိုချလိုက်မိသည်။ ဘာကြောင့်ငိုတယ်ဆိုတာတော့သူမသိ။ သူ့စိတ်တွေ မွန်းကျပ်ရှုပ်ထွေးနေသည်။ အချစ်တွေ၊ ဘာတွေ မစဉ်းစားနိုင်တော့ဘဲ ကိုကို့နဲ့ဇာတ်လမ်းပြီးချင်နေတာပဲ သိတော့သည်။
" ... ငိုလိုက် ဂျောင်ဂုရား ... ငိုချလိုက် ... နင်လမ်းခွဲတာကို နင့်ကိုကိုလက်ခံဖို့ကတော့ ငါ့ထက် နင်ပိုသိမှာပါ ... နင်ဘာလုပ်ရင် သူ့ဘက်က စိတ်ကုန်မယ်ဆိုတာလေ ... .."
" .... "
" ...အိုက်ရီဂူး ... ငါတို့အိုပါးကတော့ သနားစရာပဲ ... မကြာခင်မှာ လမ်းခွဲခံရတော့မယ် ... ဒီလောက်ပြည့်စုံတဲ့အိုပါးကို လမ်းခွဲမယ့်ကောင်လေးကို သတ်ပစ်ချင်လိုက်တာ ... တကယ်ပဲ ... "
ဆက်တိုက်ကို မျက်ရည်ကျနေတာမို့ ခူရိုက ကိုကို့ကြော်ငြာဘုတ်တွေကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလာလေတော့ သူမျက်ရည်တွေကို သုတ်ပစ်လိုက်မိသည်။ အဲ့ဒီ့နောက် သူ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချက်ချင်းချလိုက်မိသည်။
... ဟုတ်တယ် ... လမ်းခွဲရမယ် ... အခုချိန်မှာတော့ သူ့ကိုယ်သူ မသိသေးပေမယ့် လမ်းခွဲပြီးမှ ခူရိုပြောသလိုမျိုးဖြစ်လာရင်လည်း အဲ့ဒီ့အတိုင်း သူ လက်ခံမယ် ... ကိုကို့ကို သူ ချစ်လား မချစ်လားဆိုတာ သူသိဖို့အတွက် အနည်းဆုံး သူ ကြိုးစားကြည့်ဖို့လိုပါသည် ... ကြိုးစားကြည့်ဖို့ဆိုတာကလည်း ကိုကိုနဲ့ ဝေးရာကို ပြေးဖို့လိုသည်လေ ....
" ... ကဲ ထ သွားမယ် ဂျောင်ဂု ... "
" ... "
" ... ဟာ ... လာခဲ့ ... တက်တက်ကြွကြွနေ ! အဲ့အကြောင်းတွေ မတွေးနဲ့တော့ ... ခဏနေ အိမ်ပြန်ရတော့မယ် လာ ..."
ခေါ်နေပေမယ့် ထိုင်ခုံကနေ ပါမလာတဲ့ ဂျောင်ဂုကြောင့် ခူရိုစိတ်မရှည်စွာ ဂျောင်ဂုလက်ကို ဆွဲယူလိုက်သည်။ အဲ့ဒီ့နောက် လေးဖင့်နေတဲ့ သူငယ်ချင်းဖြစ်သူကို လက်ကနေ အတင်းဆွဲကာ ကားလမ်းတစ်ဖက်ခြမ်းကို ဖြတ်ကူးသွားတော့သည်။
ထိုမြင်ကွင်းကိုတော့ မီးစိမ်းကိုစောင့်ရင်း ကားပေါ်ကနေ မြင်လိုက်ရတဲ့ကောင်လေးတစ်ယောက်။ မျက်ဝန်းအိမ်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကာ ကားတံခါးကို ဆွဲဖို့ကြိုးစားလိုက်မိသည်။
" ဆော့ဂျင် ဒါ ဘာလုပ်မလို့လဲ ..."
" ... ကျွန်တော်သွားမှ ဖြစ်မယ်အစ်ကို ... "
" ... မဖြစ်ဘူး ... ဆော့ဂျင် ... တစ်နေကုန် ရိုက်ကွင်းမှာ အလွဲတွေလုပ်ထားတဲ့အပြင် ... Pre-recording ကိုပါ ထပ်ပြီး အလွတ်ခံဦးမလို့လား ... ကင်ဆော့ဂျင် ... ဒီတစ်ခါ ငါ မင်းသဘောအတိုင်း မလုပ်ပေးနိုင်ဘူး ..."
" ... ဒါပေမဲ့ ... တစ်နေကုန် ဖုန်းခေါ်တာတောင် မကိုင်တဲ့ အဲ့ကလေးက အခုလို ညဘက်မှာ လျှောက်သွားနေတယ်လေ ... "
" ... ဆော့ဂျင် ... မင်းကောင်လေးက ဆယ်ကျော်သက်ပဲရှိသေးတာနော် ... ဆယ်ကျော်သက်ပဲရှိသေးတာ ... ချုပ်ချယ်လို့မရဘူး .. ပြီးတော့ မင်းရော အခုမှ ဒီလမ်းပေါ်မှာ အောင်မြင်စပြုတာနော် ... ငါ ပျိုးထောင်ထားတဲ့ပန်းတစ်ပွင့် ညှိုးမှာကို ငါမကြည့်နေနိုင်ဘူး ... ကင်ဆော့ဂျင် ... အခုကစပြီး မင်းကို ငါကြပ်မတ်တော့မှာ ..."
မန်နေဂျာအစ်ကိုရဲ့စကားအဆုံး သူအံကြိတ်မိရင်း ရှာမတွေ့တော့တဲ့ပုံရိပ်လေးသွားရာလမ်းကို မျှော်ငေးကြည့်လိုက်သည်။ မီးစိမ်းလေးလင်းပြီးမို့ လှိမ့်ထွက်သွားတဲ့ကားလေးကတော့ ဆန့်ကျင်ဘက်လားရာဆီပင်။ ဒီနေ့ရော သူဘယ်နှစ်နာရီအထိ အလုပ်လုပ်ရဦးမှာလဲ ...။ သူများတွေထက် အရှေ့ကိုအမြဲရောက်နေရတဲ့သူ့ဘဝက မရောက်လာသေးတဲ့ဘယ်လအတွက် ဘာတွေထပ်လုပ်ရဦးမှာလဲ ...။
လူကသာ The Show ရဲ့ pre-recording အတွက် stage ပေါ်မှာရှိနေပေမယ့် သူ့စိတ်ကတော့ ကျောင်းဝတ်စုံနဲ့ကောင်လေးဆီကပ်ငြိသွားခဲ့ပြီဖြစ်သည်။
ကလေးလေး ... ဖုန်းတောင် မကိုင်ရလောက်တဲ့အထိ ကိုကို့အပေါ် ဘာတွေများဖြစ်နေရတာလဲဟင် ...
စိတ်ကသာ ဝမ်းနည်းနေပေမယ့် သူကတော့ စတိတ်ထက်မှာ သူ့ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှုကိုတော့ သူပေးနိုင်ခဲ့ပါသည်။
💠💠💠
" ဘာလို့ဖုန်းမကိုင်တာလဲ ... ပို့သမျှစာတွေလည်း ဘာလို့ reply တစ်ခုတောင်မလာရတာလဲ .. ဂျောင်ဂု-ah ... ကိုကို ဘာတွေလုပ်မိထားလို့ စိတ်ကောက်နေတာလဲ ..."
အပြင်ခံအဖြူတစ်ထည်လေးဝတ်ပြီး ဦးထုပ်အဖြူ၊ maskအမည်းတပ်ထားတဲ့ ကိုကိုဟာ သူ့ကို အလိုမကျစွာ မေးခွန်းထုတ်လာသည်။ အရင်ကအခြေအနေနဲ့ဆို ပျာပျာသလဲ ကိုကိုစိတ်မဆိုးဖို့ ကပ်ချွဲတော့မှာဖြစ်ပေမယ့် အခုတော့ ထူးဆန်းစွာ ငြိမ်သက်နေမိသည်။
" ... ကျွန်တော် စိတ်မကောက်တတ်တော့ဘူး ကိုကို ..."
" ... "
တည်ငြိမ်နေသယောင်ရှိတဲ့သူ့စကားကြောင့် ကိုကို့ရဲ့အလိုမကျမှုတွေ စိုးရိမ်မှုအသွင်ပြောင်းသွားဟန်ပင်။
" ... ဂျောင်ဂု-ah .... ဘာဖြစ်ချင်နေတာလဲ … ကိုကို ဘာလုပ်ပေးရမလဲ ..."
" ... လမ်းခွဲချင်တယ် ... လမ်းခွဲပေးပါ ... ကိုကိုနဲ့တွဲရတာငြီးငွေ့လာပြီ ... ဒီထက်ပိုကြာလာရင် ငြီးငွေ့လွန်းလို့ သေရလိမ့်မယ် ..."
စိတ်မပါဘဲ ထွက်သွားတဲ့ ဂျောင်ဂုရဲ့စကားလုံးအချို့အပေါ် ဆော့ဂျင်မျက်ဝန်းတွေ ယိမ်းယိုင်သွားသည်။ သို့ပေမယ့် ယိုင်နဲ့သွားတဲ့စိတ်ထိခိုက်မှုတွေကို ဖယ်ရှားရင်း မယုံသလို ရယ်လိုက်မိသည်။
" ... အဟက်! .. မဟုတ်တာတွေ မပြောနဲ့ဂျောင်ဂု ... မနေ့ညကတည်းက ကိုကို တစ်စက်လေးတောင် မအိပ်ရသေးဘူး ... အဲ့ဒါကြောင့် ခေါင်းလည်းကိုက်နေတယ် ... တစ်ညလုံးလေ့ကျင့်နေခဲ့တာမို့ တစ်ကိုယ်လုံးနာနေတယ် ... အခု ... မဟုတ်တဲ့စကားတွေနဲ့ ကိုကို့ကို နာကျင်အောင် မလုပ်နဲ့ ... လမ်းခွဲမယ်? ဘာလို့လမ်းခွဲမှာလဲ? ငြီးငွေ့တယ်? ငြီးငွေ့မှာစိုးလို့ပဲ တရားဝင်တွဲဖို့လုပ်ခဲ့တယ်လေ ... အဲ့ဒါကို မင်းက သဘောမှမတူခဲ့တာ ... "
ဖြစ်တည်လာဟန်ရှိတဲ့ဒေါသတွေကို မြိုသိပ်ရင်း သူ့ကို မအော်မိအောင် ပြောနေပုံရတဲ့ကိုကို့ကြောင့် သူ့မျက်ခမ်းစပ်တွေ ပူစပ်ပူလောင်ဖြစ်လာရသည်။
တွေ့လား ... ကိုကို သူ့ကို ဘယ်လောက်ထိ အလေးထားလဲ သူ ခံစားမိနေတယ် ... စိတ်တိုတာတောင် မအော်ရက်တဲ့အထိ ချစ်ပေးတဲ့ကိုကို့ကို လမ်းခွဲပစ်ရမှာ ကိုကို့အတွက် နာကျင်ရတယ်ဆိုရင် သူ့အဖြစ်က နှစ်ဖက်ချွန်ဓားသွားလိုပါပဲ ကိုကို့ကို ထိုးစိုက်လေ သူကိုယ်တိုင်လည်း နာကျင်ရလေပဲ ...
အဲ့ဒီလိုဆိုတိုင်း သူ ဆက်တွဲနေလို့မရ ... ကိုကို့ကိုမြင်တိုင်း တီတီ့လုပ်ရပ်တွေကို မြင်လာသလို သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ပုံရိပ်တွေပါ သူမြင်လာသည်။ ငယ်ငယ်ကတည်းကနေ အခုထိ လူသတ်သမားကို အမေထင်ပြီး ယုံကြည်ခဲ့ရတာလေ .. အဲ့ဒီ့လူရဲ့သွေးသားကလည်း အခု သူ့ရှေ့မှာရှိနေခဲ့တာမဟုတ်လား ... ဘယ်လိုအင်အားမျိုးနဲ့ ထွေးဖက်နိုင်တော့မှာလဲ ... အဲ့လောက်ထိ သူ့အသည်းက မမာသေး။
" ... ကိုကို ဘာလို့ တစ်ကိုယ်ကောင်းဆန်ရတာလဲ ... ကျွန်တော်က ကိုကို့အတွက်ပဲ ဖြစ်တည်လာတာလို့ ထင်နေတာလား ... ငယ်ရွယ်ပြီး မစဉ်းစားတတ်သေးတဲ့ ကျွန်တော့်ကို ကိုကိုက လှည့်စားပြီး တွဲခဲ့တာမဟုတ်လား ..."
စားပွဲခုံအောက်မှာ လက်သီးကို တင်းတင်းဆုပ်ထားရင်း ပြောလိုက်မိတော့ ကိုကို့မျက်နှာတည်တင်းသွားသလို မျက်ဝန်းတွေက ကြေကွဲရိပ်တွေ ထင်ဟပ်လာသည်။ ကိုကို့နှုတ်ခမ်းကတော့ တင်းတင်းစေ့လျက် နီရဲနေတဲ့မျက်ဝန်းတွေနဲ့သာ သူ့ကို စိုက်ကြည့်သည်။ သာမန်အချိန်ဆို ထိုအကြည့်တွေကို သူမခုခံရဲလောက်အောင် ကြောက်နေတတ်ပေမယ့် အခုတော့ ထိုအကြည့်တွေက နာကျင်စေမယ့်စကားလုံးတွေ ရွေးပြောဖို့ ဖိအားပေးနေသလိုဖြစ်လာလေတော့သည်။
" ကိုကို ... ကျွန်တော် ကိုကို့ကိုတွဲခဲ့တယ်ဆိုတာ ကျွန်တော် နားမလည်သေးလို့လေ ... အဲ့ဒီ့တုန်းက ကျွန်တော်ငယ်လွန်းသေးတယ် ... ကိုကိုကသာ ကျွန်တော့်ရဲ့ကလေးစိတ်ကို အနိုင်ပိုင်းပြီးတွဲခဲ့တာမဟုတ်လား .. အခုချိန်မှာ ပြန်စဉ်းစားကြည့်ရင် ကိုကို့ဖြစ်တည်မှုက ကျွန်တော့်အတွက် အပိုပဲ ... ကျွန်တော် ကိုကိုနဲ့ရှိနေရင် ဘာခံစားချက်မှ ဖြစ်မလာတော့ဘူး ... ကျွန်တော် ကိုကို့ကို စိတ်ကုန်နေတာ ကြာနေပြီ "
ဒီစကားအဆုံးမှာ ဒေါသကြီးတတ်တဲ့ကိုကို့နှုတ်ခမ်းဖျားတွေ တဆတ်ဆတ်တုန်ယင်လာသည်။ မငိုတတ်တဲ့ကိုကို့မျက်ဝန်းတွေကလည်း တစ်ကြောင်းတည်းသောမျက်ရည်ကို စီးကျခွင့်ပြုရင်း သူ့ကို တွေတွေလေး စိုက်ကြည့်လာသည်။
" .. မယုံဘူး ဂျောင်ဂု ~~ စိတ်ကုန်နေတယ်ဆိုရင် ဘာလို့ ဒီစကားလေးပြောတာကို မင်း ငိုနေရတာလဲ ... "
သူ့လည်း ကိုကိုနဲ့အဖြစ်တူစွာ ငိုနေခဲ့တာမို့ ကိုကိုမေးခွန်းထုတ်လာလေတော့ သူခေါင်းငုံ့လိုက်မိသည်။
" ... အားနာလို့ ... အားနာမိလို့ .... ကိုကို့ကိုဖောက်ပြန်သလိုဖြစ်သွားမိတယ် ... ကျွန်တော် ကိုကိုနဲ့ရှိနေရင် ဘာခံစားချက်မှ ဖြစ်မလာတော့တာဘာလို့လဲသိလား ..."
" ... "
" ... ဆောရီးပဲကိုကို ~~ ကိုကို့ကို ချစ်ဖို့ကြိုးစားရင်း အခြားတစ်ယောက်ကို ချစ်မိသွားလို့ ... "
စကားဆုံးတာနဲ့ ဘာအသံမှမထွက်လာတော့ဘဲ အားရပါးရငိုချလိုက်တာမို့ ဆော့ဂျင် ရင်ဘတ်တစ်ခုလုံး မွန်းကျပ်ရှုပ်ထွေးသွားသည်။ သူ့ကလေးလေး ဒီလိုဖြစ်လာမယ်လို့ တွေးဖူးခဲ့ပေမယ့် ဒီလောက်ထ်မြန်မြန်ကြီးရောက်လာမယ်လို့မထင်ထားခဲ့။ သူမမြင်နိုင်တဲ့အခြားတစ်ဖက်မှာ ချစ်ရတဲ့ကလေးလေးက အခြားတစ်ယောက်ကို ချစ်မိသွားခဲ့ပြီဖြစ်သည်။
ချစ်တတ်သွားခဲ့လို့ ဂုဏ်ယူချင်ပေမယ့် ဂျောင်ဂုအချစ်တွေဟာ သူ့အတွက် မဟုတ်မှန်းသိလိုက်ရတော့ နှလုံးသားက စူးအောင့်နာကျင်လာသည်။
သူ ဘာစကားမှ မထွက်လာဘဲ ဂျောင်ဂုကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ခန္ဓာကိုယ်က မနားရသေးတဲ့အရှိန်နဲ့ အခုဂျောင်ဂုပြောတဲ့စကားတွေ ရောထွေးကြားယောင်ကာ သူ ထူပူလာမိသည်။ ဂျောင်ဂုကတော့ သူ့အရှေ့မှာ ငိုနေတုန်းပင်။
" ... မင်းဘေးနားကတစ်ယောက်လား ... အဲ့ကောင်မလေးကို အနေနီးလို့ အချစ်ပိုသွားတယ်ဆိုရင် ... ဂျောင်ဂု ... ကိုကိုပြောမယ် ... ကိုကိုလည်း မင်းအတွက်ရှိနေပေးနိုင်တယ် ... ဂျင် ဆိုတဲ့နာမည်ကို စွန့်လွှတ်ပြီး မင်းအနားမှာ ရှိနေပေးနိုင်တယ် ... ကိုကို့ရဲ့အချိန်တွေအကုန်လုံးပေးနိုင်တယ် ... ဒီလိုကြိုးစားရင်ရော ကိုကို့အတွက် အခွင့်အရေး ရှိဦးမလား ... "
အတန်ကြာမှ ထွက်လာမိတဲ့ကိုကို့စကားအဆုံးမှာ သူအငိုတိတ်ပြီး ကျောကိုမတ်လိုက်မိသည်။
" ... ဟင်အင်း .... မရှိတော့ဘူး ကိုကို ... ကျွန်တော်က ကိုကို့ကို မချစ်နိုင်ဘူး ... မချစ်နိုင်တဲ့အပြင် လိုလည်း မလိုချင်တော့သလို ထပ်ပြီး အတူတူလည်း မရှိချင်တော့ဘူး ... ဘာဖြစ်လို့လဲ သိလား ... ကိုကိုက ကျွန်တော့်အပေါ်အမှားအကြီးကြီးလုပ်ခဲ့တယ်လေ .... ကျွန်တော် ၁၃နှစ်အရွယ်ကစပြီး ဘယ်သူ့အပေါ်ကိုမှ စိတ်ယိုင်လို့မရအောင် ကိုကို ချုပ်ကိုင်ထားခဲ့တာလေ .. ပြန်စဉ်းစားကြည့်ရင် ကိုကို့ဂရုစိုက်မှုတွေက မွန်းကျပ်ဖို့ကောင်းသလို ကျွန်တော်လိုချင်နေတာမျိုးမဟုတ်ဘူး ကိုကို .. ... "
ဂျောင်ဂုစကားကြောင့် ဆော့ဂျင်နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း လှိုက်တက်လာတဲ့ဒေါသကို ထိန်းကျောင်းမိသည်။
သိပ်ချစ်မိလို့ ဂျောင်ဂုတစ်ယောက်တည်းပဲ ကြည့်ခဲ့တာမိတာက ကောင်ငယ်လေးအတွက် မွန်းကျပ်သွားစေခဲ့တာလား ...
သူ့အချစ်တွေက ဂျောင်ဂုအပေါ် နည်းနည်းလေးတောင် မသက်ရောက်ခဲ့ဘူးလား ...
" ... ကိုကို ~~ ဘာလို့ dating သတင်းထွက်တာကို ငြင်းချင်ရလဲသိလား ... ကျွန်တော့်မှာ ကိုကို့ထက်ပိုချစ်ရမယ့်သူရှိလို့ပဲ ... ကိုကို ... တောင်းပန်ပါတယ် ... သစ္စာမရှိတဲ့လုပ်ရပ်ကို ကျွန်တော်ကိုယ်တိုင်လုပ်မိခဲ့လို့ ... "
မျက်ဝန်းအသေတွေနဲ့ ဖျော့တော့စွာပြောကာ မျက်ရည်တွေကို သုတ်ပစ်နေတဲ့ကောင်ငယ်လေးကို ဆော့ဂျင် စူးစူးရဲရဲစိုက်ကြည့်နေမိသည်။ ဒေါသတွေဟာ တစ်ကိုယ်လုံးပေါက်ထွက်မတတ်ဖြစ်နေပေမယ့် သူ ဂျောင်ဂုကို တစ်ခုခုလုပ်မိလို့ မဖြစ်။ ထို့ကြောင့် မျက်ဝန်းအိမ်က နီရဲလာပြန်တော့ အသုံးမဝင်တဲ့မျက်ရည်တွေသာ စီးကျလာရသည်။
" .... ဂျောင်ဂု-ah ~~ အခုလမ်းခွဲမယ်ဆိုရင် ဒါ ကိုကိုတို့နှစ်ယောက် တစ်သက်စာဝေးမှာတော့မှာနော် .... ကိုကို မင်းကို ညီတစ်ယောက်အဖြစ်တောင် မဆက်ဆံပေးနိုင်ဘူးနော် ... ပိုင်ဆိုင်ချင်လွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတာမို့ လမ်းခွဲပြီးရင်တောင် မင်းကို သိနေတဲ့လူတစ်ယောက်လို မဆက်ဆံပေးနိုင်ဘူးနော် ... တစ်သက်လုံး မင်းကို မသိတဲ့လူတစ်ယောက်လို နေသွားတော့မှာနော် ... ဒီလိုဆိုရင်တောင် လမ်းခွဲဦးမှာလား .."
" ... အင်း လမ်းခွဲမယ် .. ကိုကို့ကို ကျွန်တော်က မလိုချင်တော့မှ ထပ်ဆုံစရာအကြောင်းလဲ မရှိတော့ဘူးလေ ... ပြီးတော့ ထပ်ပြီးကတိပေးတယ် ကျွန်တော့်ကို မြင်လို့ ကိုကိုနာကျင်နေရမယ်ဆိုရင် ကိုကိုရှိနေတဲ့နေရာကို ကျွန်တော် လုံးဝလာမှာမဟုတ်ဘူး ... "
" .... ငါက မင်းကို မုန်းသွားမယ်ဆိုရင်တောင် လမ်းခွဲဦးမှာလား ... တကယ်လမ်းခွဲမှ ဖြစ်မှာလား ဂျွန်ဂျောင်ဂု ..."
" ... အဆုံးသတ်လိုက်ကြရအောင် ကိုကို ~~ ကျွန်တော်က ကိုကိုတစ်ယောက်တည်းရဲ့အပိုင်မဟုတ်ဘူး ... ကျွန်တော်က တခြားသူအပိုင်လည်းဖြစ်နိုင်ပါသေးတယ် ... "
" ... "
" ... ကျွန်တော့်ကို ဆက်ဆွဲထားရင် နာကျင်ရမှာက ကိုကိုပဲ ... အဲ့ဒီ့တော့ နာကျင်မခံဘဲ ကျွန်တော့်နှလုံးသားကို လွတ်လပ်ခွင့်ပေးပါ ... ဆက်တားနေမယ်ဆို ကျွန်တော် ကိုကို့ကို မုန်းမိတော့မယ် .."
စကားအဆုံးမှာတော့ သူချက်ချင်းမတ်တပ်ရပ်လိုက်မိသည်။ ကိုကို့ရဲ့ပြိုလဲနေတဲ့မျက်ဝန်းတွေကို သူရင်ဆိုင်ဖို့အင်အားမရှိတော့။ ဒီ့မတိုင်ခင်က အရမ်းလမ်းခွဲချင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကိုကို့စကားတွေကြောင့် ရင်ဘတ်က တဆစ်ဆစ်နာကာ တစ်ခုခုကို စိုးရိမ်နေမိသည်။ လမ်းခွဲရတဲ့အကြောင်းရင်းကို အမှန်တိုင်းပြောလို့မဖြစ်တဲ့အတွက် အခုလို မုသားသုံးလိုက်မိတာက ကိုကို သူ့ကိုပြတ်သားနိုင်အောင်ပင်။
" .. ဒါ .. ဒါပြောစရာအကုန်ပဲ ကိုကို ... ဒီနေ့ကစပြီး ... ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်တစ်လမ်းဖြစ်တော့မှာကိုကို ~~ ကျွန်တော်ကိုကို့နောက်ကို မလိုက်တော့ဘဲ ကျွန်တော်ချစ်တဲ့သူရဲ့လက်ကိုတွဲပြီး ကျွန်တော်ဖြစ်ချင်တာတွေ ကျွန်တော်လုပ်တော့မယ် ... ကိုကိုလည်း ... အဲ့ဒီ့နေရာမှာ ကြယ်တစ်ပွင့်အဖြစ် တောက်တောက်ပပလင်းလက်လိုက်ပါ ကိုကို ~~ "
" ... "
" ကျွန်တော်တို့တွေ အဆုံးသတ်ကြရအောင် ~~ "
တိုးလျသွားတဲ့လေသံအဆုံးမှာတော့ တုံ့ပြန်မှုမရှိတော့တဲ့ဆော့ဂျင်ကို တစ်ယောက်တည်း ချန်ရစ်ကာ ဂျောင်ဂု အခန်းထဲကနေ ပြေးထွက်သွားတော့သည်။ ကိုကို့ကွယ်ရာကိုရောက်တာနဲ့ ပါးနှစ်ဖက်ပေါ်စီးကျလာတာက မျက်ရည်တွေပင်။ သုတ်လေကျလေ ... ကျလေ ငိုလေ ဖြစ်တာမို့ ထိုဆိုင်ခန်းလေးထဲက ငိုယိုပြီးထွက်လာရင်း အပြင်မှာစောင့်နေတဲ့ ခူရို့ဆီသာ ပြေးမိသည်။ ထပ်ပြီး ကြာကြာနေမိရင် သူကိုယ်တိုင်လည်း မပြတ်မသားဖြစ်လာတော့မှာမို့ အားတင်းပြီး ပြောခဲ့ရသည်။ မိဘကိုသေစေခဲ့တဲ့လူရဲ့သွေးသားကို သူလက်မခံနိုင်သရွေ့ ကိုကို့အနားပြန်လာမှာ မဟုတ်တဲ့အတွက် ရလာမယ့် နာကျင်မှုတွေကို သူ ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရတော့မှာဖြစ်သည်။
ဂျောင်ဂုထွက်သွားပြီးတဲ့နောက် အခန်းထဲကျန်ရစ်ခဲ့တဲ့ဆော့ဂျင်မှာတော့ နာကျင်နေတဲ့စိတ်ခံစားချက်ကို ရှိုက်သက်တစ်ခုနဲ့ ရောချေလိုက်သည်။ အဲ့ဒီ့အချိန်မှာပဲ သူ့မျက်ဝန်းအိမ်ကနေ မျက်ရည်ကြည်တွေကျဆင်းလာသည်။ ဂျောင်ဂုကို ချစ်ခွင့်တောင် မရတော့ဘူးဆိုမှတော့ သူပြောခဲ့တဲ့အတိုင်း သူလည်း ဂျောင်ဂုကို တွယ်ကပ်နေမှာမဟုတ်။ တခြားတစ်ယောက်နဲ့အတူရှိနေမယ့် ဂျောင်ဂုကိုလည်း ညီတစ်ယောက်လို မဆက်ဆံနိုင်။
ရူးခါသွားရလောက်တဲ့အထိ အကြိမ်ကြိမ်အခါခါချစ်ခဲ့မိတဲ့အတွက် ဂျောင်ဂုကို သူမှ မပိုင်ဆိုင်ရရင် ရူးခါသွားရလောက်တဲ့အထိ အကြိမ်ကြိမ်အခါခါမုန်းနိုင်ဖို့ ကြိုးစားမှာဖြစ်သည်။ နာကျင်နေတဲ့သူ့နှလုံးသားအတွက် နှစ်သိမ့်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ ဂျောင်ဂုကို မုန်းပစ်ပြီး ရှင်သန်ဖို့ပင်။ မေ့ပစ်လို့မရတော့မှ မုန်းပစ်ရုံကလွဲ သူ့မှာ တခြားဘာအရာမှမရှိခဲ့ပါ ....။
အဲ့ဒီ့နောက် ဆော့ဂျင် ထိုင်နေရာကနေ ထလိုက်မိသည်။ သေမတတ်နာကျင်ခံစားနေရပေမယ့် အသက်မဝင်စွာ အားတင်းပြီး သူခြေလှမ်းလိုက်မိသည်။ သို့ပေမယ့် သူ့ခြေထောက်တွေက သူ့စိတ်အလိုအတိုင်းရွေ့လျားလာတာမျိုးမရှိတော့ဘဲ ညွတ်ခွေကာ ထူပူမူးနောက်လာတဲ့အာရုံတွေကလည်း သူ့တစ်ကိုယ်လုံးကို ဝါးမြိုငုံထွေးသွားခဲ့တော့သည်။
ခန္ဓာကိုယ်ကနာကျင်မှုအားလုံးထက် သူခံစားမိနေတဲ့တစ်ခုတည်းသော နာကျင်မှုက အသည်းကွဲခြင်းပင်။
💠💠💠
Part 01's FinalOctober 9,2022
“ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လေးဖြစ်ကြပါစေ ... မချစ်မနှစ်သက်သောသူရဲ့အဝေးမှာနေရပြီး ချစ်ခင်နှစ်သောသူရဲ့အနီးအနားမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ကြပါစေ ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩Me, Myself And Bad Romance• အပိုင္း ၈ •
လက္ထဲက မီးျခစ္ကို ေဆာ့ကစားေနမိရင္း ေဘာင္းဘီအိတ္က ခပ္မာမာအေတာင့္ေလးကို သူ ဆုပ္ကိုင္ထားမိသည္။ အဲ့ဒီ့ေနာက္ ေက်ာင္းနံရံမွာ မွီလိုက္ရင္း ကိုကို မလုပ္နဲ႔လို႔ တားျမစ္ထားတဲ့ အရာတစ္ခုကို သူ လုပ္ဖို႔ ခ်ီတုံခ်တုံျဖစ္ေနမိသည္။ မေန႔ ဆင္း႐ုံဆင္းၿပီးကတည္းက သူ ကိုကို႔ဆီက စာေတြ မၾကည့္ျဖစ္သလို ကိုကို႔ဖုန္းေတြကို မကိုင္ျဖစ္။ ပုံမွန္ေန႔ေတြလိုဆို သူ ဖုန္းမကိုင္တိုင္း ကိုကို သူ႔ဆီေရာက္ေနၿပီျဖစ္ေပမယ့္ အခုက်ေတာ့ ကုမၸဏီက ကိုကို႔ကို ေစာင့္ၾကည့္ေနပုံရသည္။
" ဟင္း
သူ သက္ျပင္းခ်ရင္း လမ္းခြဲဖို႔ ဘယ္ကေနစေျပာရမလဲ စဥ္းစားေနမိသည္။ ကိုကိုနဲ႔လမ္းခြဲၿပီးရင္လည္း ကိုကိုမရွိဘဲ သူေနႏိုင္ဖို႔ေမွ်ာ္လင့္မိလိုက္သည္။
" ... နင္က ဘာေကာင္မမို႔လဲ ... ဂြၽန္ေဂ်ာင္ဂုအနားကို တပူးပူး တကပ္ကပ္ေနရေအာင္~~ အခုေတာ့ တူတူမရွိေနႏိုင္ေတာ့ဘူးမလား .. ေဂ်ာင္ဂုက ကန္ထုတ္လိုက္ၿပီမဟုတ္လား ..."
႐ုတ္တရက္ သူ႔နာမည္ေၾကာင့္ နံရံကိုမွီရာကေန ေက်ာေလးမတ္ရင္း နားေလးစြင့္လိုက္သည္။ အဲ့ဒါထက္ ဒီေနရာကို ေဆးလိပ္ခိုးေသာက္တဲ့စီနီယာႀကီးေတြကလြဲ သိပ္မလာၾကတာမို႔ အခုေရာက္လာတဲ့မိန္းကေလးေတြက ဘယ္သူေတြမ်ားလဲ သူ စူးစမ္းမိလိုက္သည္။
" ... ရန္ျဖစ္ခ်င္စိတ္မရွိဘူး ဖယ္ေန ..."
ရင္းႏွီးၿပီးသား သူငယ္ခ်င္းမရဲ႕အသံမို႔ သူမ်က္ေမွာင္ၾကဳတ္ရင္း ထိုေနရာကို လွမ္းၾကည့္မိသည္။ မသုံးေတာ့တဲ့ ေက်ာင္းေဆာင္ၾကားမွာ ျမင္လိုက္ရတာက ရွင္းခူ႐ိုကို ဝိုင္းထားၾကတဲ့သုံးေယာက္ပင္။ ဘယ္အတန္းကလဲေတာ့ သူမသိ။
" ... ငါကေတာ့ ရန္ျဖစ္ခ်င္တယ္ ဘယ္လိုလုပ္မလဲ .."
ေျပာေျပာဆိုဆို တစ္ဖက္ကေကာင္မေလးက ခူ႐ို႕ဆံပင္ဆြဲကာ ေျခေထာက္ကို ကန္လာတာမို႔ သူ ထိုေနရာကို ေရာက္ေအာင္ သြားမိသည္။ ခူ႐ိုကလည္း ၿငိမ္ခံသူမဟုတ္ တစ္ဖက္က ေကာင္မေလးကို ဆံပင္ျပန္ေဆာင့္ဆြဲကာ အႏိုင္ရဖို႔ ႀကိဳးစားေပမယ့္ သုံးေယာက္တစ္ေယာက္မို႔ ၾကားထဲ ညႇပ္ေနသည္။
" .. နင္တို႔ေတြ .. ေတာ္စမ္း!! "
ခူ႐ို႕ဘက္ကေန တစ္ဖက္သူေတြကို ေဆာင့္တြန္းကာ ခူ႐ိုေရွ႕ ကာမိေတာ့ က်န္တဲ့ေကာင္မေလးေတြ လန႔္သြားၾကသည္။
" ေဂ်ာင္~~ ေဂ်ာင္~ ေဂ်ာင္ဂု ~~ "
" ... ႐ုံးခန္းထိေရာက္ခ်င္လား ... သက္ေသရွိတယ္ေနာ္ ... "
" အာ ~~ အဲ့လိုမဟုတ္ ~~ "
" သြားေတာ့ ေနာက္တစ္္ခါ ငါ့သူငယ္ခ်င္းကို မထိနဲ႔ ... မိန္းကေလးျဖစ္ေနရင္လည္း ငါညႇာမွာ မဟုတ္ဘူး ..""
စူးရဲစြာ ၾကည့္ရင္း ေျပာမိေတာ့ ထိုေကာင္မေလး သုံးေယာက္က သူနဲ႔ခူ႐ိုကို ေက်ာခိုင္းရင္း ထြက္သြားေတာ့သည္။ အဲ့ဒီေတာ့မွ သူ ခူ႐ိုကို လွည့္ၾကည့္မိေတာ့ ေသြးစို႔ေနတဲ့ႏႈတ္ခမ္းေထာင့္ကို ျမင္လိုက္မိသည္။
" ... ေနပါဦး ... နင္က ဘယ္တုန္းက ဒီလိုပုံစံျဖစ္သြားတာလဲ ရွင္းခူ႐ို "
" ... ငါကအၿမဲဒီလိုပဲဟာ ... "
သူေမးမိေတာ့ ခူ႐ိုက သူ႔မ်က္ႏွာကို မၾကည့္ဘဲ ျပန္ေျဖလာသည္။ ဟိုတေန႔ နမ္းၿပီးကတည္းက ခူ႐ိုဟာ သူ႔ကို ေရွာင္ေနခဲ့သည္။ အဲ့ဒီ့အခ်ိန္ကတည္းက တပူးပူးတတြဲတြဲျဖစ္ခဲ့တဲ့ခူ႐ိုဟာ သူနဲ႔ မရွိေနတာၾကာခဲ့ၿပီျဖစ္သည္။
" ဘာကို ဒီလိုလဲ ... ရွင္းခူ႐ို ... နင္က ခပ္ေအးေအးေကာင္မေလးတစ္ေယာက္ပါ ... ဘယ္လိုျဖစ္ၿပီး ဒီလိုပုံစံေျပာင္းသြားရတာလဲ "
သူသိခဲ့တဲ့ရွင္းခူ႐ိုနဲ႔မတူဘဲ ခပ္ဆိုးဆိုးရွင္းခူ႐ိုျဖစ္ေနသည္မို႔ သူေမးလိုက္မိသည္။
" ... မဟုတ္ဘူး ... ငါကအစကတည္းက ဒီလိုပုံစံပဲ ... နင္သိထားတဲ့႐ိုး႐ိုးေအးေအးရွင္းခူ႐ိုက ဂြၽန္ေဂ်ာင္ဂုကို ခင္ခ်င္လို႔ ဟန္ေဆာင္ထားတဲ့ပုံစံခ်ည္း .. ဒါကမွ ငါ့ပုံစံပဲ ဂြၽန္ေဂ်ာင္ဂု ... စိတ္ဆိုးလား ေဂ်ာင္ဂု "
အျပစ္ရွိသလိုေျပာလာေလေတာ့ သူ႔မ်က္ခုံးပင့္တင္မိရင္း သက္ျပင္းခ်လိုက္မိသည္။ စိတ္ေတာ့မဆိုးေပမယ့္ အံ့ဩရတာကအမွန္ပင္။ သူ မထင္မွတ္ထားတဲ့ပုံစံကို ျမင္လိုက္ရသည္မို႔ေလ။
" ... ဒါဆို studying cafeေတြဆီ သြားခဲ့တာေတြ ... ရည္းစားေဟာင္းဆိုၿပီး လာေႏွာင့္ယွက္တာေတြကေရာ ... ငါ့ကို ဘာေတြ ညာထားေသးလဲ နင္ ..."
" ေသခ်ာေပါက္ ညာထားတာေပါ့ ... ဒါေပမဲ့ နင့္ေက်းဇူးနဲ႔ ငါလည္း ေသခ်ာစာလုပ္ျဖစ္တယ္ေလ ... ၿပီးေတာ့ ရည္းစားေဟာင္းေတြကက် တကယ္ပဲ .. ငါလိမ္ထားတာရယ္ေတာ့မဟုတ္ပါဘူး ... နင့္အနားမွာ ငါကလြဲလို႔ ဘယ္သူမွ မရွိေစခ်င္လို႔ အဲ့လိုေနေနတာ ... ေျပာရရင္ နင့္ကို ႀကိဳက္တဲ့သူမွန္သမွ် ငါရွင္းထုတ္ေနတာ ..."
မထူးေတာ့ဘူးဆိုၿပီး အကုန္ေျပာခ်ေနပုံရတဲ့ရွင္းခူ႐ိုေၾကာင့္ သူ ရယ္လိုက္မိသည္။ တကယ္ဆို စိတ္ဆိုးသင့္တာ ဆိုေပမယ့္ သူ စိတ္မဆိုးေန။ သူနဲ႔ခူ႐ိုၾကားမွာရွိတဲ့ သူငယ္ခ်င္းဆက္ဆံေရး ေပ်ာက္ပ်က္သြားမွာကိုပဲ သူ စိုးရိမ္ပါသည္။ အလယ္တန္းႏွစ္ေတြ တစ္ေလွ်ာက္လုံး သူ႔အနားမွာ ဆိုးအတူ ေကာင္းအတူ ရွိေပးခဲ့တာမဟုတ္လား။ အဲ့ဒါက အလိမ္အညာဆိုရင္ေတာင္မွေပါ့။
" ...နင္က ဘာရယ္တာလဲ ေဂ်ာင္ဂု! .. စိတ္မဆိုးဘူးလား ... စိတ္မတိုဘူးလား ... ငါနင့္အေပၚမွာ အမ်ားႀကီး အမွားေတြလုပ္ထားတယ္ေနာ္ "
သူရယ္ေနတာကို အံ့ဩဟန္နဲ႔ေမးလာေတာ့ သူေခါင္းခါလိုက္မိသည္။
" ... မဆိုးပါဘူး .. ငါ့မွာ သူငယ္ခ်င္းဆိုလို႔ နင္ပဲရွိတာေလ ... ဒါေပမဲ့ ငါ့ကိုႀကိဳက္တဲ့သူေတြကို လိုက္ရွင္းထုတ္ေနတယ္ဆိုေတာ့ ဘယ္လိုလဲ ရွင္းထုတ္လို႔ရရဲ႕လား .. ."
" .. .. ဘယ္ရမလဲ ... နင္က ခ်စ္ဖို႔ေကာင္းတာကိုး ... အဲ့ဒါေၾကာင့္ ဟိုတစ္ေန႔က ငါေတာင္ ~~ "
ေျပာေနရင္းမွ ရပ္တန႔္ကာ မွားၿပီဆိုတဲ့ပုံစံျဖစ္သြားတာမို႔ သူလည္း ရယ္ေနရင္းကေန မ်က္ႏွာတည္လိုက္မိသည္။
" ... "
" ... ေတာင္းပန္ပါတယ္ ေဂ်ာင္ဂု ..."
" .. "
" ... ငါ .. ငါနင့္ကို နမ္းခဲ့မိတဲ့အတြက္ .. ဒါေပမဲ့ ...နင္စိတ္ခ် ... ငါ ေနာက္တစ္ခါ ထပ္မလုပ္ေတာ့ဘူး... ငါကတိေပးတယ္! .. ငါက ေကာင္ေလးေတြအမ်ားႀကီးနဲ႔တြဲတတ္ေပမယ့္ ... နင့္အေပၚ အဲ့လို စိတ္မရွိဘူး ... အစကေတာ့ ႀကိဳက္ေပမယ့္ နင္နဲ႔ခင္ၿပီးေနာက္ပိုင္း အဲ့လိုထပ္မရွိေတာ့ဘူး .. တကယ္ေျပာတာ ... ငါ ထပ္မလုပ္ေတာ့ဘူး ... ငါ့ကို စိတ္မတိုပါနဲ႔ ... ငါ့ကို သူငယ္ခ်င္းအျဖစ္ကေန မစြန႔္လႊတ္နဲ႔ ..."
သူၿငိမ္သက္မိေနတဲ့အေပၚ အထင္တစ္မ်ိဳးေရာက္သြားပုံေပၚတာမို႔ တရစပ္ေျပာခ်လာေတာ့ ထုံးစံအတိုင္း သူ ထပ္ရယ္လိုက္မိသည္။ ေျပာရရင္ သူလည္း ခူ႐ိုကို ညာခဲ့တာရွိတာပဲ။ ကိုကိုနဲ႔ တြဲေနတာကို လိမ္ၿပီး ကိုကို႔ကို သူ႔အစ္ကိုပါလို႔ ေျပာထားတာေလ။ အဲ့ဒါအျပင္ ကိုကိုက နာမည္ႀကီးတဲ့တက္သစ္စ " ဂ်င္ " ဆိုတာလဲ ခူ႐ိုက မသိဘူးေလ။
" ... အဟမ္း .. စိတ္ထဲေတာ့ ဘာမွ မရွိေပမယ့္ ... တစ္ခုခုျပန္လုပ္ေပးရမယ္မဟုတ္လား ... နင္ငါ့အေပၚမွားထားတာေတြက အရမ္းမ်ားေနၿပီ ... ဒီအတိုင္း ခြင့္လႊတ္ေပးလိုက္ရင္ လြယ္ရာက်တယ္ေလ ..."
" ဒါဆို ဘာျပန္လုပ္ေပးရမလဲ ေျပာ ... ႀကိဳက္တဲ့မုန႔္ဆိုင္ကိုေခၚသြား ငါရွင္းမယ္ ေဂ်ာင္ဂု .."
" ဟင္အင္း မုန႔္က ငါ့ဟာနဲ႔ ငါဝယ္စားမွာ ... နင္က ငါနဲ႔တူတူ ေက်ာင္းေျပး႐ုံေလးပဲ "
" ဟင္ "
သူ႔စကားအဆုံးမွာေတာ့ သူမမ်က္ဝန္းေတြျပဴးက်ယ္သြားသည္။ ဟုတ္ပါရဲ႕ ... သူတစ္ခါမွ ဒီလိုေက်ာင္းေျပးတယ္ဆိုတာ မရွိဖူးဘူးေလ။
" ... ေဂ်ာင္ဂု ... နင္ .. "
" အင္း ေက်ာင္းလစ္ခ်င္တယ္ .."
" အင္း ... လစ္မယ္ .... ငါအေဖာ္လုပ္ေပးမယ္ ေဂ်ာင္ဂု ဒါေပမဲ့ ဒီနံရံကေန ေက်ာ္ထြက္ရမွာေနာ္ ... လုပ္ႏိုင္ပါ့မလား ... "
" ... ငါလား ... လုပ္ၾကည့္မယ္ေလ .. လုပ္ႏိုင္မွာေပါ့ ... နင္ေရာ ..."
" ... ငါက အေတြ႕အႀကဳံရွိၿပီးသားေလ .. ေဂ်ာင္ဂုရား ..."
အဲ့ဒီ့ေနာက္ ခူ႐ိုက ရႈပ္ပြေနတဲ့ဆံပင္ေတြကို သပ္ရပ္ေအာင္ ျပင္ဆင္ရင္း ေက်ာင္းနံရံေပၚကို ေက်ာက္တုံးေတြကေနတစ္ဆင့္ ေက်ာ္ခြကာ ေလ်ာေလ်ာလ်ဴလ်ဴ အျပင္ေရာက္သြားသည္။ သူလည္း တစ္ခါမွေတာ့ မလုပ္ဖူးေပမယ့္ ပထမဆုံးအေနနဲ႔ ခူ႐ို႕အကူအညီေၾကာင့္ ေလ်ာေလ်ာလ်ဴလ်ဴပင္။ ဒါေပမဲ့ ေျခေထာက္မွာေတာ့ ျခစ္ရာနည္းနည္းေလး ရခဲ့ေသးသည္။
ထိုေန႔က သြားေနက် အခ်ိန္ပိုေတြလည္း မသြားဘဲ၊ Studying Cafe လည္း မသြားဘဲ သူနဲ႔ခူ႐ို တစ္ေနကုန္ စိတ္လြတ္ကိုယ္လြတ္ေလွ်ာက္လည္ရင္း ေပ်ာ္႐ႊင္ခဲ့ၾကပါသည္။ သို႔ေပမယ့္ ..
" ... ဝါး … အိုပါးကေတာ့ Album အသစ္ထုတ္ျပန္ၿပီပဲ ...ဒီတစ္ခါေတာ့ ငါ မဝယ္ႏိုင္ေတာ့ဘူး ..."
႐ုတ္တရက္ စတိုးဆိုင္ေရွ႕ထိုင္ရင္း Bus carမွတ္တိုင္က Boardကို ျမင္ေလေတာ့ ခူ႐ို႕ဆီက အသံထြက္လာသည္။ သူပါ ၾကည့္မိေတာ့ ကိုကို႔ album အသစ္အတြက္ ေၾကာ္ျငာBoardပင္။
" ... အင္း ~~ ဒီတစ္ခါ ငါလည္း မဝယ္ဘူး "
လွပေသသပ္လြန္းတဲ့ကိုကို႔ပုံရိပ္ကို သူၾကည့္ရင္း ဝမ္းနည္းစြာ သူေျပာမိေတာ့ ခူ႐ိုက သူ႔ကိုၾကည့္သည္။
" မယုံပါဘူး ဂ်င္ရဲ႕ထြက္သမွ်ပစၥည္းတိုင္း နင္ဝယ္ေနက်ပဲကို .... နင့္ကိုယ္ေပၚမွာ ဂ်င္နဲ႔ မပတ္သက္တဲ့ပစၥည္းဘယ္ႏွစ္ခုရွိလို႔လဲ .. ၾကည့္ ... ေက်ာပိုးအိတ္ကေသာ့ခ်ိတ္ေတာင္ သူ႔ပုံပဲမလား ..."
အမႈမဲ့အမွတ္မဲ့စကားေပမယ့္ သတိေပးသလိုျဖစ္သြားတဲ့ခူ႐ို႕စကားေၾကာင့္ သူ ေက်ာေလးမတ္သြားမိသည္။
ဟုတ္သား ... သူ႔ဆီမွာ ကိုကိုနဲ႔ပတ္သက္တာေတြပဲရွိတာကို ဘယ္လိုလုပ္ ကိုကို႔ကိုေမ့ၿပီးလမ္းခြဲဖို႔ျဖစ္ႏိုင္မွာလဲ ... ဘယ္လိုလုပ္မွ ကိုကိုနဲ႔အေဝးမွာေနႏိုင္မွာလဲ ... အခုေတာင္ ... အခုေတာင္ ခူ႐ိုနဲ႔ ေပ်ာ္ေအာင္ေနၿပီး ကိုကို႔ကို မေတြးမိဖို႔ ႀကိဳးစားေနတာ တကယ္အဆင္မေျပေနဘူးေလ ...
ေတြးရင္းနဲ႔ ေဂ်ာင္ဂု စိတ္ရႈပ္လာသည္မို႔ သက္ျပင္းခ်ကာ မ်က္ေမွာင္ၾကဳတ္ရင္း ေခါင္းငုံ႔လိုက္မိသည္။
" ရား ... ဂြၽန္ေဂ်ာင္ဂု ... ဘာျဖစ္ေနတာလဲ ... ငါမရွိတဲ့အခ်ိန္အတြင္း ဘာစိတ္ညစ္စရာရွိလို႔လဲ ... အိုပါးရဲ႕ Dating scandal ေၾကာင့္လား ... အဲ့ဒါဆို ငါႏွစ္သိမ့္ေပးမယ္ ..."
ခူ႐ို႕စကားေၾကာင့္ သူ ရင္ေမာစြာ ၿပဳံးရင္း ခူ႐ို႕ကို ၾကည့္မိသည္။
" ... အဲ့လိုႀကီးၿပဳံးမေနနဲ႔ ... ဂ်င္အိုပါးက ... ဘယ္သူ႔နဲ႔မွ မတြဲႏိုင္ေသးပါဘူး .. ဓာတ္ပုံေတြကလည္း တျခားတစ္ေယာက္ပဲျဖစ္မွာပါ .... အဲ့ကိစၥကို မေတြးနဲ႔ေတာ့ ..."
သူ႔ကို အထင္လြဲၿပီး ႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားေနပုံရတာမို႔ သူေခါင္းခါရင္း ခူ႐ို႕ကို အမွန္တိုင္းေျပာဖို႔ ႀကိဳးစားမိသည္။
" ... နင္သိလား ခူ႐ို ... အဲ့ဒီ့ဓာတ္ပုံေတြက အမွန္ပဲဆိုတာ "
" ဟင္ ... "
" ... Dating scandal ထြက္ထားတဲ့ပုံေတြက အမွန္ပဲ ... နင္တို႔ရဲ႕ေဆာ့ဂ်င္အိုပါးက .. ေကာင္ေလးတစ္ေယာက္နဲ႔တြဲလာတာ ေတာ္ေတာ္ၾကာေနၿပီ "
" ဟင္? ဘာ? မျဖစ္ႏိုင္တာ ...လာမေနာက္နဲ႔ .. အခ်ိန္ေကာင္းမဟုတ္ဘူး ..."
" မေနာက္ဘူး ... ေသခ်ာနားေထာင္ .... လန႔္မသြားနဲ႔ မေအာ္နဲ႔ ..."
လိမ္ထားတာေတြကို အမွန္တိုင္းေျပာၿပီးေနာက္မွာ ပိုပြင့္လင္းလာတဲ့ခူ႐ို႕အက်င့္စ႐ိုက္ေၾကာင့္ သူႀကိဳသတိေပးမိေတာ့ ခူ႐ိုက ေခါင္းညိတ္ကာ သူ႔ကိုပိုအာ႐ုံစိုက္လာသည္။
" ... တကယ္ေတာ့ အဲ့ဓာတ္ပုံထဲက ေကာင္ေလးက ငါပဲ ရွင္းခူ႐ို ... ငါတို႔တြဲလာတာ ေလးႏွစ္ရွိၿပီ"
" ဘာ!!!! "
မေအာ္နဲ႔လို႔ ႀကိဳမွာထားတာေတာင္ အသံက က်ယ္ေလာင္စြာ ထြက္လာသည္မို႔ လူေတြက ကြက္ၾကည့္ကြက္ၾကည့္ပင္။
" မဟုတ္ေသးဘူးေဂ်ာင္ဂု ... အခု နင္က ေဆာ့ဂ်င္အိုပါးနဲ႔ တြဲေနတယ္လို႔ ေျပာလိုက္တာလား ... နင္ကေလ .."
" အင္း ~~ သူ idolမျဖစ္ခင္ကတည္းက ငါတို႔တြဲခဲ့ၾကတာ ... ၿပီးေတာ့ ငါေျပာတဲ့ ကိုကိုဆိုတာကလည္း ဂ်င္ကိုေျပာတာပဲ ခူ႐ို ... အစ္ကိုလို႔ ေျပာထားေပမယ့္ တကယ္က တြဲေနၾကတာ ... ေဆာရီးခူ႐ို ... နင္နဲ႔မခင္ ခင္ကတည္းက တြဲခဲ့ၾကတာမို႔လို႔ နင့္ကို မေျပာျပမိတာ ... ဒါေပမဲ့ အခုေတာ့ ေျပာျပသင့္ၿပီထင္လို႔ ...."
လႈပ္ရွားသြားလာတဲ့လူေတြကို ၾကည့္ၿပီး သူေျပာမိေတာ့ ခူ႐ိုက အံ့အားသင့္ကာ ခဏတာ ၿငိမ္သက္ရင္း သူ႔ဆီက ထြက္လာမယ့္စကားလုံးေတြကို ထပ္ေစာင့္သည္။
" ... ဒါေပမဲ့ ... အခုေတာ့လမ္းခြဲရေတာ့မယ္ ... ငါတကယ္မလုပ္ခ်င္ေပမယ့္ လုပ္ရေတာ့မယ္ ... ကိုကို ငါ့ကို အသာတၾကည္လမ္းခြဲေပးေအာင္ ငါဘာလုပ္ရမလဲ ... ဘာကိုမွ မရိပ္မိဘဲ ေလ်ာေလ်ာလ်ဴလ်ဴေက်ာခိုင္းသြားေအာင္ ငါဘာလုပ္ရမလဲ "
တကယ္ရင္ထဲတင္းက်ပ္ေနတဲ့အေျဖကို ေမးမိေတာ့ ခူ႐ို႕မ်က္ဝန္းေတြ ထပ္ၿပီး ဝိုင္းစက္သြားျပန္သည္။
" လမ္းခြဲမယ္? ဘာေၾကာင့္လဲ သတင္းေတြေၾကာင့္လား ... ဒရာမာထဲကလို ေအဂ်င္စီဘက္က လမ္းခြဲဖို႔ နင့္ဆီလာေျပာလို႔လား ... ဒါမွမဟုတ္ .. ဂ်င္အိုပါးက နင့္ကိုအေပ်ာ္ကစားေနလို႔လား ..."
" ဟင္အင္း ... လမ္းခြဲခ်င္တာက ငါ့ဘက္က ... ကိုယ္ေရးကိုယ္တာ ကိစၥေတြ ရွိလို႔ လမ္းခြဲခ်င္တာ ... ဒါေပမဲ့ ကိုကိုကေတာ့ လမ္းခြဲေပးမွာမဟုတ္ဘူး .. ငါနဲ႔တြဲေနတယ္ဆိုတာ သူ႔ဘက္ကအတည္ျပဳခ်င္ေနတာ ... ငါကျငင္းေနလို႔ စကားမ်ားမလိုေတာင္ျဖစ္ေနသးတယ္ ..."
" ... ဒါဆို အိုပါးက နင့္ကို တကယ္အေလးအနက္ထားတာေပါ့ ... အိုပါးက နင့္ကို တကယ္ခ်စ္တာေပါ့ ... "
" ~~ အင္း ~~ အဲ့လိုထင္ရတာပဲေလ .."
" ဒါဆို နင္ကေရာ ... နင္ေရာ အိုပါးကို တကယ္ ခ်စ္လား ... "
ခူ႐ိုရဲ႕ေမးခြန္းမွာေတာ့ သူ႔ရင္ထဲ တင္းက်ပ္လာသည္။ သူ႔ကိုယ္သူေမးေနမိတဲ့ေမးခြန္းကို ခူ႐ို႕ဆီက ၾကားရေတာ့ သူေခါင္းခါလိုက္မိသည္။
" ... ငါမသိဘူး ခူ႐ို ... "
" ... မသိဘူး? မသိဘူးဆို ဘာလို႔တြဲခဲ့ေသးလဲ ... နင္လည္း သေဘာက်ေနလို႔တြဲခဲ့တာ မဟုတ္ဘူးလား ... "
" ... အင္း ~~ ငါသေဘာက်တယ္ ... ကိုကိုငါ့ကိုဂ႐ုစိုက္ေပးတာေတြ ~~ ငါ့ကိုဦးစားေပးတာေတြ ~~ ငါ့ကိုကာကြယ္ေပးတာေတြ ~~ ငါ့အတြက္ လုပ္ေပးခဲ့တာေတြ ~~ အနစ္နာခံတာေတြ အကုန္သေဘာက်တယ္ ... ဒါေပမဲ့ ငါ အခု ကိုကိုနဲ႔ရွိေနရတာ မေပ်ာ္ေတာ့ဘူး ... အဲ့ဒီ့စကားေတြကိုပဲ ၾကားေယာင္ေနၿပီး ... နာက်င္ရတယ္ ... "
ေျပာရင္းနဲ႔ ရင္ထဲမြန္းက်ပ္လာသည္မို႔ သူ မ်က္ရည္ဝိုင္းမိေတာ့ ခူ႐ိုရဲ႕လက္တစ္ဖက္က သူ႔ပခုံးေပၚေရာက္လာသည္။
" ...အိုပါးက နင့္ကို နာက်င္ေအာင္ ဘာစကားေတြေျပာလိုက္လို႔လဲ ..."
" ဟင္အင္း ... ကိုကိုက ငါ့ကို နာက်င္ေအာင္ ဘယ္ေတာ့မွ မလုပ္ဘူး ... အဲ့ဒီ့စကားဆိုတာက .. ငါ့မိဘေတြနဲ႔ပတ္သက္တဲ့တစ္ခုခုပါ ... အခုခ်ိန္မွာေတာ့ ငါေသခ်ာမေျပာျပႏိုင္ေသးဘူး ~~ "
" ဒါျဖင့္ရင္ နင္မေျပာျပႏိုင္တဲ့ကိစၥက နင့္ကိုကိုနဲ႔ပတ္သက္ေနလို႔လား ..."
" တိုက္႐ိုက္ေတာ့မဟုတ္ေပမယ့္ ပတ္သက္ေနေသးတယ္ . "
" အဲ့ဒီေတာ့ နင္က လမ္းခြဲခ်င္ေနတာလား ... နင္လမ္းခြဲခ်င္တာကို နင့္ကိုကိုက သေဘာမတူတာလား ..."
" အင္း "
အဆုံးသတ္မွာေတာ့ စကားဝိုင္းေလးတိတ္ဆိတ္သြားသည္။ သူ႔ဆီကစကားသံထပ္မထြက္လာသလို ခူ႐ိုကလည္း တစ္ခုခုကို စဥ္းစားေနဟန္ပင္။
" .. ငါ့စိတ္ထင္တာေျပာရရင္ ... နင္က အိုပါးကို မခ်စ္မိေသးဘူးနဲ႔တူတယ္ ... အိုပါးက နင့္ကိုဂ႐ုစိုက္ေပးလို႔ ... အဲ့ဒါေတြကို နင္သေဘာက်ေနတာနဲ႔တူတယ္ ... ေဂ်ာင္ဂုရား ... ငါက နငါ့သူငယ္ခ်င္းဆိုေတာ့ နင့္ဘက္ကပဲေနမယ္ ... နင့္ကိုယ္နင္ေသခ်ာေအာင္ျပန္ေမး ... နင္ အိုပါးကိုခ်စ္လားလို႔ ... ခ်စ္တယ္ဆိုရင္ေတာ့ စိတ္ခုေနတာကို ရေအာင္ညႇိၿပီး တြဲပါ ... "
" ..."
" ေအး ... နင္မခ်စ္မိေသးဘူးဆိုရင္ေတာ့ .. လမ္းခြဲလိုက္ ... နင္ေရာ အိုပါးေရာ မနာက်င္ရေတာ့ဘူးေပါ့ ... ဒါေပမဲ့ နင္ကေတာ့ လမ္းခြဲၿပီးမွ မခ်စ္မိသြားေစနဲ႔ ... အဲ့ဒါက အရမ္းနာက်င္ရတယ္ .... ကိုယ့္မွာရွိေနတုန္းက တန္ဖိုးမထားဘဲ သူမ်ားလက္ထဲေရာက္မွ ျပန္လိုခ်င္တဲ့ခံစားခ်က္လိုမ်ိဳး အရမ္းမုန္းဖို႔ေကာင္းတယ္ေလ ... "
ပခုံးကိုပုတ္ကာ အႀကံေပးလာတဲ့သူငယ္ခ်င္းမရဲ႕စကားသံအဆုံး သူ ငိုခ်လိုက္မိသည္။ ဘာေၾကာင့္ငိုတယ္ဆိုတာေတာ့သူမသိ။ သူ႔စိတ္ေတြ မြန္းက်ပ္ရႈပ္ေထြးေနသည္။ အခ်စ္ေတြ၊ ဘာေတြ မစဥ္းစားႏိုင္ေတာ့ဘဲ ကိုကို႔နဲ႔ဇာတ္လမ္းၿပီးခ်င္ေနတာပဲ သိေတာ့သည္။
" ... ငိုလိုက္ ေဂ်ာင္ဂုရား ... ငိုခ်လိုက္ ... နင္လမ္းခြဲတာကို နင့္ကိုကိုလက္ခံဖို႔ကေတာ့ ငါ့ထက္ နင္ပိုသိမွာပါ ... နင္ဘာလုပ္ရင္ သူ႔ဘက္က စိတ္ကုန္မယ္ဆိုတာေလ ... .."
" .... "
" ...အိုက္ရီဂူး ... ငါတို႔အိုပါးကေတာ့ သနားစရာပဲ ... မၾကာခင္မွာ လမ္းခြဲခံရေတာ့မယ္ ... ဒီေလာက္ျပည့္စုံတဲ့အိုပါးကို လမ္းခြဲမယ့္ေကာင္ေလးကို သတ္ပစ္ခ်င္လိုက္တာ ... တကယ္ပဲ ... "
ဆက္တိုက္ကို မ်က္ရည္က်ေနတာမို႔ ခူ႐ိုက ကိုကို႔ေၾကာ္ျငာဘုတ္ေတြၾကည့္ကာ ေပါ့ေပါ့ပါးပါးေျပာလာေလေတာ့ သူမ်က္ရည္ေတြကို သုတ္ပစ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ သူ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုလည္း ခ်က္ခ်င္းခ်လိုက္မိသည္။
... ဟုတ္တယ္ ... လမ္းခြဲရမယ္ ... အခုခ်ိန္မွာေတာ့ သူ႔ကိုယ္သူ မသိေသးေပမယ့္ လမ္းခြဲၿပီးမွ ခူ႐ိုေျပာသလိုမ်ိဳးျဖစ္လာရင္လည္း အဲ့ဒီ့အတိုင္း သူ လက္ခံမယ္ ... ကိုကို႔ကို သူ ခ်စ္လား မခ်စ္လားဆိုတာ သူသိဖို႔အတြက္ အနည္းဆုံး သူ ႀကိဳးစားၾကည့္ဖို႔လိုပါသည္ ... ႀကိဳးစားၾကည့္ဖို႔ဆိုတာကလည္း ကိုကိုနဲ႔ ေဝးရာကို ေျပးဖို႔လိုသည္ေလ ....
" ... ကဲ ထ သြားမယ္ ေဂ်ာင္ဂု ... "
" ... "
" ... ဟာ ... လာခဲ့ ... တက္တက္ႂကြႂကြေန ! အဲ့အေၾကာင္းေတြ မေတြးနဲ႔ေတာ့ ... ခဏေန အိမ္ျပန္ရေတာ့မယ္ လာ ..."
ေခၚေနေပမယ့္ ထိုင္ခုံကေန ပါမလာတဲ့ ေဂ်ာင္ဂုေၾကာင့္ ခူ႐ိုစိတ္မရွည္စြာ ေဂ်ာင္ဂုလက္ကို ဆြဲယူလိုက္သည္။ အဲ့ဒီ့ေနာက္ ေလးဖင့္ေနတဲ့ သူငယ္ခ်င္းျဖစ္သူကို လက္ကေန အတင္းဆြဲကာ ကားလမ္းတစ္ဖက္ျခမ္းကို ျဖတ္ကူးသြားေတာ့သည္။
ထိုျမင္ကြင္းကိုေတာ့ မီးစိမ္းကိုေစာင့္ရင္း ကားေပၚကေန ျမင္လိုက္ရတဲ့ေကာင္ေလးတစ္ေယာက္။ မ်က္ဝန္းအိမ္ေတြ လႈပ္လႈပ္ရွားရွားျဖစ္ကာ ကားတံခါးကို ဆြဲဖို႔ႀကိဳးစားလိုက္မိသည္။
" ေဆာ့ဂ်င္ ဒါ ဘာလုပ္မလို႔လဲ ..."
" ... ကြၽန္ေတာ္သြားမွ ျဖစ္မယ္အစ္ကို ... "
" ... မျဖစ္ဘူး ... ေဆာ့ဂ်င္ ... တစ္ေနကုန္ ႐ိုက္ကြင္းမွာ အလြဲေတြလုပ္ထားတဲ့အျပင္ ... Pre-recording ကိုပါ ထပ္ၿပီး အလြတ္ခံဦးမလို႔လား ... ကင္ေဆာ့ဂ်င္ ... ဒီတစ္ခါ ငါ မင္းသေဘာအတိုင္း မလုပ္ေပးႏိုင္ဘူး ..."
" ... ဒါေပမဲ့ ... တစ္ေနကုန္ ဖုန္းေခၚတာေတာင္ မကိုင္တဲ့ အဲ့ကေလးက အခုလို ညဘက္မွာ ေလွ်ာက္သြားေနတယ္ေလ ... "
" ... ေဆာ့ဂ်င္ ... မင္းေကာင္ေလးက ဆယ္ေက်ာ္သက္ပဲရွိေသးတာေနာ္ ... ဆယ္ေက်ာ္သက္ပဲရွိေသးတာ ... ခ်ဳပ္ခ်ယ္လို႔မရဘူး .. ၿပီးေတာ့ မင္းေရာ အခုမွ ဒီလမ္းေပၚမွာ ေအာင္ျမင္စျပဳတာေနာ္ ... ငါ ပ်ိဳးေထာင္ထားတဲ့ပန္းတစ္ပြင့္ ညႇိဳးမွာကို ငါမၾကည့္ေနႏိုင္ဘူး ... ကင္ေဆာ့ဂ်င္ ... အခုကစၿပီး မင္းကို ငါၾကပ္မတ္ေတာ့မွာ ..."
မန္ေနဂ်ာအစ္ကိုရဲ႕စကားအဆုံး သူအံႀကိတ္မိရင္း ရွာမေတြ႕ေတာ့တဲ့ပုံရိပ္ေလးသြားရာလမ္းကို ေမွ်ာ္ေငးၾကည့္လိုက္သည္။ မီးစိမ္းေလးလင္းၿပီးမို႔ လွိမ့္ထြက္သြားတဲ့ကားေလးကေတာ့ ဆန႔္က်င္ဘက္လားရာဆီပင္။ ဒီေန႔ေရာ သူဘယ္ႏွစ္နာရီအထိ အလုပ္လုပ္ရဦးမွာလဲ ...။ သူမ်ားေတြထက္ အေရွ႕ကိုအၿမဲေရာက္ေနရတဲ့သူ႔ဘဝက မေရာက္လာေသးတဲ့ဘယ္လအတြက္ ဘာေတြထပ္လုပ္ရဦးမွာလဲ ...။
လူကသာ The Show ရဲ႕ pre-recording အတြက္ stage ေပၚမွာရွိေနေပမယ့္ သူ႔စိတ္ကေတာ့ ေက်ာင္းဝတ္စုံနဲ႔ေကာင္ေလးဆီကပ္ၿငိသြားခဲ့ၿပီျဖစ္သည္။
ကေလးေလး ... ဖုန္းေတာင္ မကိုင္ရေလာက္တဲ့အထိ ကိုကို႔အေပၚ ဘာေတြမ်ားျဖစ္ေနရတာလဲဟင္ ...
စိတ္ကသာ ဝမ္းနည္းေနေပမယ့္ သူကေတာ့ စတိတ္ထက္မွာ သူ႔ပရိသတ္ေတြအတြက္ အေကာင္းဆုံးေဖ်ာ္ေျဖမႈကိုေတာ့ သူေပးႏိုင္ခဲ့ပါသည္။
💠💠💠
" ဘာလို႔ဖုန္းမကိုင္တာလဲ ... ပို႔သမွ်စာေတြလည္း ဘာလို႔ reply တစ္ခုေတာင္မလာရတာလဲ .. ေဂ်ာင္ဂု-ah ... ကိုကို ဘာေတြလုပ္မိထားလို႔ စိတ္ေကာက္ေနတာလဲ ..."
အျပင္ခံအျဖဴတစ္ထည္ေလးဝတ္ၿပီး ဦးထုပ္အျဖဴ၊ maskအမည္းတပ္ထားတဲ့ ကိုကိုဟာ သူ႔ကို အလိုမက်စြာ ေမးခြန္းထုတ္လာသည္။ အရင္ကအေျခအေနနဲ႔ဆို ပ်ာပ်ာသလဲ ကိုကိုစိတ္မဆိုးဖို႔ ကပ္ခြၽဲေတာ့မွာျဖစ္ေပမယ့္ အခုေတာ့ ထူးဆန္းစြာ ၿငိမ္သက္ေနမိသည္။
" ... ကြၽန္ေတာ္ စိတ္မေကာက္တတ္ေတာ့ဘူး ကိုကို ..."
" ... "
တည္ၿငိမ္ေနသေယာင္ရွိတဲ့သူ႔စကားေၾကာင့္ ကိုကို႔ရဲ႕အလိုမက်မႈေတြ စိုးရိမ္မႈအသြင္ေျပာင္းသြားဟန္ပင္။
" ... ေဂ်ာင္ဂု-ah .... ဘာျဖစ္ခ်င္ေနတာလဲ … ကိုကို ဘာလုပ္ေပးရမလဲ ..."
" ... လမ္းခြဲခ်င္တယ္ ... လမ္းခြဲေပးပါ ... ကိုကိုနဲ႔တြဲရတာၿငီးေငြ႕လာၿပီ ... ဒီထက္ပိုၾကာလာရင္ ၿငီးေငြ႕လြန္းလို႔ ေသရလိမ့္မယ္ ..."
စိတ္မပါဘဲ ထြက္သြားတဲ့ ေဂ်ာင္ဂုရဲ႕စကားလုံးအခ်ိဳ႕အေပၚ ေဆာ့ဂ်င္မ်က္ဝန္းေတြ ယိမ္းယိုင္သြားသည္။ သို႔ေပမယ့္ ယိုင္နဲ႔သြားတဲ့စိတ္ထိခိုက္မႈေတြကို ဖယ္ရွားရင္း မယုံသလို ရယ္လိုက္မိသည္။
" ... အဟက္! .. မဟုတ္တာေတြ မေျပာနဲ႔ေဂ်ာင္ဂု ... မေန႔ညကတည္းက ကိုကို တစ္စက္ေလးေတာင္ မအိပ္ရေသးဘူး ... အဲ့ဒါေၾကာင့္ ေခါင္းလည္းကိုက္ေနတယ္ ... တစ္ညလုံးေလ့က်င့္ေနခဲ့တာမို႔ တစ္ကိုယ္လုံးနာေနတယ္ ... အခု ... မဟုတ္တဲ့စကားေတြနဲ႔ ကိုကို႔ကို နာက်င္ေအာင္ မလုပ္နဲ႔ ... လမ္းခြဲမယ္? ဘာလို႔လမ္းခြဲမွာလဲ? ၿငီးေငြ႕တယ္? ၿငီးေငြ႕မွာစိုးလို႔ပဲ တရားဝင္တြဲဖို႔လုပ္ခဲ့တယ္ေလ ... အဲ့ဒါကို မင္းက သေဘာမွမတူခဲ့တာ ... "
ျဖစ္တည္လာဟန္ရွိတဲ့ေဒါသေတြကို ၿမိဳသိပ္ရင္း သူ႔ကို မေအာ္မိေအာင္ ေျပာေနပုံရတဲ့ကိုကို႔ေၾကာင့္ သူ႔မ်က္ခမ္းစပ္ေတြ ပူစပ္ပူေလာင္ျဖစ္လာရသည္။
ေတြ႕လား ... ကိုကို သူ႔ကို ဘယ္ေလာက္ထိ အေလးထားလဲ သူ ခံစားမိေနတယ္ ... စိတ္တိုတာေတာင္ မေအာ္ရက္တဲ့အထိ ခ်စ္ေပးတဲ့ကိုကို႔ကို လမ္းခြဲပစ္ရမွာ ကိုကို႔အတြက္ နာက်င္ရတယ္ဆိုရင္ သူ႔အျဖစ္က ႏွစ္ဖက္ခြၽန္ဓားသြားလိုပါပဲ ကိုကို႔ကို ထိုးစိုက္ေလ သူကိုယ္တိုင္လည္း နာက်င္ရေလပဲ ...
အဲ့ဒီလိုဆိုတိုင္း သူ ဆက္တြဲေနလို႔မရ ... ကိုကို႔ကိုျမင္တိုင္း တီတီ့လုပ္ရပ္ေတြကို ျမင္လာသလို သူ႔ကို ေစာင့္ေရွာက္ေပးခဲ့တဲ့ပုံရိပ္ေတြပါ သူျမင္လာသည္။ ငယ္ငယ္ကတည္းကေန အခုထိ လူသတ္သမားကို အေမထင္ၿပီး ယုံၾကည္ခဲ့ရတာေလ .. အဲ့ဒီ့လူရဲ႕ေသြးသားကလည္း အခု သူ႔ေရွ႕မွာရွိေနခဲ့တာမဟုတ္လား ... ဘယ္လိုအင္အားမ်ိဳးနဲ႔ ေထြးဖက္ႏိုင္ေတာ့မွာလဲ ... အဲ့ေလာက္ထိ သူ႔အသည္းက မမာေသး။
" ... ကိုကို ဘာလို႔ တစ္ကိုယ္ေကာင္းဆန္ရတာလဲ ... ကြၽန္ေတာ္က ကိုကို႔အတြက္ပဲ ျဖစ္တည္လာတာလို႔ ထင္ေနတာလား ... ငယ္႐ြယ္ၿပီး မစဥ္းစားတတ္ေသးတဲ့ ကြၽန္ေတာ့္ကို ကိုကိုက လွည့္စားၿပီး တြဲခဲ့တာမဟုတ္လား ..."
စားပြဲခုံေအာက္မွာ လက္သီးကို တင္းတင္းဆုပ္ထားရင္း ေျပာလိုက္မိေတာ့ ကိုကို႔မ်က္ႏွာတည္တင္းသြားသလို မ်က္ဝန္းေတြက ေၾကကြဲရိပ္ေတြ ထင္ဟပ္လာသည္။ ကိုကို႔ႏႈတ္ခမ္းကေတာ့ တင္းတင္းေစ့လ်က္ နီရဲေနတဲ့မ်က္ဝန္းေတြနဲ႔သာ သူ႔ကို စိုက္ၾကည့္သည္။ သာမန္အခ်ိန္ဆို ထိုအၾကည့္ေတြကို သူမခုခံရဲေလာက္ေအာင္ ေၾကာက္ေနတတ္ေပမယ့္ အခုေတာ့ ထိုအၾကည့္ေတြက နာက်င္ေစမယ့္စကားလုံးေတြ ေ႐ြးေျပာဖို႔ ဖိအားေပးေနသလိုျဖစ္လာေလေတာ့သည္။
" ကိုကို ... ကြၽန္ေတာ္ ကိုကို႔ကိုတြဲခဲ့တယ္ဆိုတာ ကြၽန္ေတာ္ နားမလည္ေသးလို႔ေလ ... အဲ့ဒီ့တုန္းက ကြၽန္ေတာ္ငယ္လြန္းေသးတယ္ ... ကိုကိုကသာ ကြၽန္ေတာ့္ရဲ႕ကေလးစိတ္ကို အႏိုင္ပိုင္းၿပီးတြဲခဲ့တာမဟုတ္လား .. အခုခ်ိန္မွာ ျပန္စဥ္းစားၾကည့္ရင္ ကိုကို႔ျဖစ္တည္မႈက ကြၽန္ေတာ့္အတြက္ အပိုပဲ ... ကြၽန္ေတာ္ ကိုကိုနဲ႔ရွိေနရင္ ဘာခံစားခ်က္မွ ျဖစ္မလာေတာ့ဘူး ... ကြၽန္ေတာ္ ကိုကို႔ကို စိတ္ကုန္ေနတာ ၾကာေနၿပီ "
ဒီစကားအဆုံးမွာ ေဒါသႀကီးတတ္တဲ့ကိုကို႔ႏႈတ္ခမ္းဖ်ားေတြ တဆတ္ဆတ္တုန္ယင္လာသည္။ မငိုတတ္တဲ့ကိုကို႔မ်က္ဝန္းေတြကလည္း တစ္ေၾကာင္းတည္းေသာမ်က္ရည္ကို စီးက်ခြင့္ျပဳရင္း သူ႔ကို ေတြေတြေလး စိုက္ၾကည့္လာသည္။
" .. မယုံဘူး ေဂ်ာင္ဂု ~~ စိတ္ကုန္ေနတယ္ဆိုရင္ ဘာလို႔ ဒီစကားေလးေျပာတာကို မင္း ငိုေနရတာလဲ ... "
သူ႔လည္း ကိုကိုနဲ႔အျဖစ္တူစြာ ငိုေနခဲ့တာမို႔ ကိုကိုေမးခြန္းထုတ္လာေလေတာ့ သူေခါင္းငုံ႔လိုက္မိသည္။
" ... အားနာလို႔ ... အားနာမိလို႔ .... ကိုကို႔ကိုေဖာက္ျပန္သလိုျဖစ္သြားမိတယ္ ... ကြၽန္ေတာ္ ကိုကိုနဲ႔ရွိေနရင္ ဘာခံစားခ်က္မွ ျဖစ္မလာေတာ့တာဘာလို႔လဲသိလား ..."
" ... "
" ... ေဆာရီးပဲကိုကို ~~ ကိုကို႔ကို ခ်စ္ဖို႔ႀကိဳးစားရင္း အျခားတစ္ေယာက္ကို ခ်စ္မိသြားလို႔ ... "
စကားဆုံးတာနဲ႔ ဘာအသံမွမထြက္လာေတာ့ဘဲ အားရပါးရငိုခ်လိုက္တာမို႔ ေဆာ့ဂ်င္ ရင္ဘတ္တစ္ခုလုံး မြန္းက်ပ္ရႈပ္ေထြးသြားသည္။ သူ႔ကေလးေလး ဒီလိုျဖစ္လာမယ္လို႔ ေတြးဖူးခဲ့ေပမယ့္ ဒီေလာက္ထ္ျမန္ျမန္ႀကီးေရာက္လာမယ္လို႔မထင္ထားခဲ့။ သူမျမင္ႏိုင္တဲ့အျခားတစ္ဖက္မွာ ခ်စ္ရတဲ့ကေလးေလးက အျခားတစ္ေယာက္ကို ခ်စ္မိသြားခဲ့ၿပီျဖစ္သည္။
ခ်စ္တတ္သြားခဲ့လို႔ ဂုဏ္ယူခ်င္ေပမယ့္ ေဂ်ာင္ဂုအခ်စ္ေတြဟာ သူ႔အတြက္ မဟုတ္မွန္းသိလိုက္ရေတာ့ ႏွလုံးသားက စူးေအာင့္နာက်င္လာသည္။
သူ ဘာစကားမွ မထြက္လာဘဲ ေဂ်ာင္ဂုကို ေတြေတြႀကီး စိုက္ၾကည့္ေနမိသည္။ ခႏၶာကိုယ္က မနားရေသးတဲ့အရွိန္နဲ႔ အခုေဂ်ာင္ဂုေျပာတဲ့စကားေတြ ေရာေထြးၾကားေယာင္ကာ သူ ထူပူလာမိသည္။ ေဂ်ာင္ဂုကေတာ့ သူ႔အေရွ႕မွာ ငိုေနတုန္းပင္။
" ... မင္းေဘးနားကတစ္ေယာက္လား ... အဲ့ေကာင္မေလးကို အေနနီးလို႔ အခ်စ္ပိုသြားတယ္ဆိုရင္ ... ေဂ်ာင္ဂု ... ကိုကိုေျပာမယ္ ... ကိုကိုလည္း မင္းအတြက္ရွိေနေပးႏိုင္တယ္ ... ဂ်င္ ဆိုတဲ့နာမည္ကို စြန႔္လႊတ္ၿပီး မင္းအနားမွာ ရွိေနေပးႏိုင္တယ္ ... ကိုကို႔ရဲ႕အခ်ိန္ေတြအကုန္လုံးေပးႏိုင္တယ္ ... ဒီလိုႀကိဳးစားရင္ေရာ ကိုကို႔အတြက္ အခြင့္အေရး ရွိဦးမလား ... "
အတန္ၾကာမွ ထြက္လာမိတဲ့ကိုကို႔စကားအဆုံးမွာ သူအငိုတိတ္ၿပီး ေက်ာကိုမတ္လိုက္မိသည္။
" ... ဟင္အင္း .... မရွိေတာ့ဘူး ကိုကို ... ကြၽန္ေတာ္က ကိုကို႔ကို မခ်စ္ႏိုင္ဘူး ... မခ်စ္ႏိုင္တဲ့အျပင္ လိုလည္း မလိုခ်င္ေတာ့သလို ထပ္ၿပီး အတူတူလည္း မရွိခ်င္ေတာ့ဘူး ... ဘာျဖစ္လို႔လဲ သိလား ... ကိုကိုက ကြၽန္ေတာ့္အေပၚအမွားအႀကီးႀကီးလုပ္ခဲ့တယ္ေလ .... ကြၽန္ေတာ္ ၁၃ႏွစ္အ႐ြယ္ကစၿပီး ဘယ္သူ႔အေပၚကိုမွ စိတ္ယိုင္လို႔မရေအာင္ ကိုကို ခ်ဳပ္ကိုင္ထားခဲ့တာေလ .. ျပန္စဥ္းစားၾကည့္ရင္ ကိုကို႔ဂ႐ုစိုက္မႈေတြက မြန္းက်ပ္ဖို႔ေကာင္းသလို ကြၽန္ေတာ္လိုခ်င္ေနတာမ်ိဳးမဟုတ္ဘူး ကိုကို .. ... "
ေဂ်ာင္ဂုစကားေၾကာင့္ ေဆာ့ဂ်င္ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ရင္း လႈိက္တက္လာတဲ့ေဒါသကို ထိန္းေက်ာင္းမိသည္။
သိပ္ခ်စ္မိလို႔ ေဂ်ာင္ဂုတစ္ေယာက္တည္းပဲ ၾကည့္ခဲ့တာမိတာက ေကာင္ငယ္ေလးအတြက္ မြန္းက်ပ္သြားေစခဲ့တာလား ...
သူ႔အခ်စ္ေတြက ေဂ်ာင္ဂုအေပၚ နည္းနည္းေလးေတာင္ မသက္ေရာက္ခဲ့ဘူးလား ...
" ... ကိုကို ~~ ဘာလို႔ dating သတင္းထြက္တာကို ျငင္းခ်င္ရလဲသိလား ... ကြၽန္ေတာ့္မွာ ကိုကို႔ထက္ပိုခ်စ္ရမယ့္သူရွိလို႔ပဲ ... ကိုကို ... ေတာင္းပန္ပါတယ္ ... သစၥာမရွိတဲ့လုပ္ရပ္ကို ကြၽန္ေတာ္ကိုယ္တိုင္လုပ္မိခဲ့လို႔ ... "
မ်က္ဝန္းအေသေတြနဲ႔ ေဖ်ာ့ေတာ့စြာေျပာကာ မ်က္ရည္ေတြကို သုတ္ပစ္ေနတဲ့ေကာင္ငယ္ေလးကို ေဆာ့ဂ်င္ စူးစူးရဲရဲစိုက္ၾကည့္ေနမိသည္။ ေဒါသေတြဟာ တစ္ကိုယ္လုံးေပါက္ထြက္မတတ္ျဖစ္ေနေပမယ့္ သူ ေဂ်ာင္ဂုကို တစ္ခုခုလုပ္မိလို႔ မျဖစ္။ ထို႔ေၾကာင့္ မ်က္ဝန္းအိမ္က နီရဲလာျပန္ေတာ့ အသုံးမဝင္တဲ့မ်က္ရည္ေတြသာ စီးက်လာရသည္။
" .... ေဂ်ာင္ဂု-ah ~~ အခုလမ္းခြဲမယ္ဆိုရင္ ဒါ ကိုကိုတို႔ႏွစ္ေယာက္ တစ္သက္စာေဝးမွာေတာ့မွာေနာ္ .... ကိုကို မင္းကို ညီတစ္ေယာက္အျဖစ္ေတာင္ မဆက္ဆံေပးႏိုင္ဘူးေနာ္ ... ပိုင္ဆိုင္ခ်င္လြန္းလို႔ ႐ူးမတတ္ျဖစ္ခဲ့ရတာမို႔ လမ္းခြဲၿပီးရင္ေတာင္ မင္းကို သိေနတဲ့လူတစ္ေယာက္လို မဆက္ဆံေပးႏိုင္ဘူးေနာ္ ... တစ္သက္လုံး မင္းကို မသိတဲ့လူတစ္ေယာက္လို ေနသြားေတာ့မွာေနာ္ ... ဒီလိုဆိုရင္ေတာင္ လမ္းခြဲဦးမွာလား .."
" ... အင္း လမ္းခြဲမယ္ .. ကိုကို႔ကို ကြၽန္ေတာ္က မလိုခ်င္ေတာ့မွ ထပ္ဆုံစရာအေၾကာင္းလဲ မရွိေတာ့ဘူးေလ ... ၿပီးေတာ့ ထပ္ၿပီးကတိေပးတယ္ ကြၽန္ေတာ့္ကို ျမင္လို႔ ကိုကိုနာက်င္ေနရမယ္ဆိုရင္ ကိုကိုရွိေနတဲ့ေနရာကို ကြၽန္ေတာ္ လုံးဝလာမွာမဟုတ္ဘူး ... "
" .... ငါက မင္းကို မုန္းသြားမယ္ဆိုရင္ေတာင္ လမ္းခြဲဦးမွာလား ... တကယ္လမ္းခြဲမွ ျဖစ္မွာလား ဂြၽန္ေဂ်ာင္ဂု ..."
" ... အဆုံးသတ္လိုက္ၾကရေအာင္ ကိုကို ~~ ကြၽန္ေတာ္က ကိုကိုတစ္ေယာက္တည္းရဲ႕အပိုင္မဟုတ္ဘူး ... ကြၽန္ေတာ္က တျခားသူအပိုင္လည္းျဖစ္ႏိုင္ပါေသးတယ္ ... "
" ... "
" ... ကြၽန္ေတာ့္ကို ဆက္ဆြဲထားရင္ နာက်င္ရမွာက ကိုကိုပဲ ... အဲ့ဒီ့ေတာ့ နာက်င္မခံဘဲ ကြၽန္ေတာ့္ႏွလုံးသားကို လြတ္လပ္ခြင့္ေပးပါ ... ဆက္တားေနမယ္ဆို ကြၽန္ေတာ္ ကိုကို႔ကို မုန္းမိေတာ့မယ္ .."
စကားအဆုံးမွာေတာ့ သူခ်က္ခ်င္းမတ္တပ္ရပ္လိုက္မိသည္။ ကိုကို႔ရဲ႕ၿပိဳလဲေနတဲ့မ်က္ဝန္းေတြကို သူရင္ဆိုင္ဖို႔အင္အားမရွိေတာ့။ ဒီ့မတိုင္ခင္က အရမ္းလမ္းခြဲခ်င္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ကိုကို႔စကားေတြေၾကာင့္ ရင္ဘတ္က တဆစ္ဆစ္နာကာ တစ္ခုခုကို စိုးရိမ္ေနမိသည္။ လမ္းခြဲရတဲ့အေၾကာင္းရင္းကို အမွန္တိုင္းေျပာလို႔မျဖစ္တဲ့အတြက္ အခုလို မုသားသုံးလိုက္မိတာက ကိုကို သူ႔ကိုျပတ္သားႏိုင္ေအာင္ပင္။
" .. ဒါ .. ဒါေျပာစရာအကုန္ပဲ ကိုကို ... ဒီေန႔ကစၿပီး ... ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တစ္ေယာက္တစ္လမ္းျဖစ္ေတာ့မွာကိုကို ~~ ကြၽန္ေတာ္ကိုကို႔ေနာက္ကို မလိုက္ေတာ့ဘဲ ကြၽန္ေတာ္ခ်စ္တဲ့သူရဲ႕လက္ကိုတြဲၿပီး ကြၽန္ေတာ္ျဖစ္ခ်င္တာေတြ ကြၽန္ေတာ္လုပ္ေတာ့မယ္ ... ကိုကိုလည္း ... အဲ့ဒီ့ေနရာမွာ ၾကယ္တစ္ပြင့္အျဖစ္ ေတာက္ေတာက္ပပလင္းလက္လိုက္ပါ ကိုကို ~~ "
" ... "
" ကြၽန္ေတာ္တို႔ေတြ အဆုံးသတ္ၾကရေအာင္ ~~ "
တိုးလ်သြားတဲ့ေလသံအဆုံးမွာေတာ့ တုံ႔ျပန္မႈမရွိေတာ့တဲ့ေဆာ့ဂ်င္ကို တစ္ေယာက္တည္း ခ်န္ရစ္ကာ ေဂ်ာင္ဂု အခန္းထဲကေန ေျပးထြက္သြားေတာ့သည္။ ကိုကို႔ကြယ္ရာကိုေရာက္တာနဲ႔ ပါးႏွစ္ဖက္ေပၚစီးက်လာတာက မ်က္ရည္ေတြပင္။ သုတ္ေလက်ေလ ... က်ေလ ငိုေလ ျဖစ္တာမို႔ ထိုဆိုင္ခန္းေလးထဲက ငိုယိုၿပီးထြက္လာရင္း အျပင္မွာေစာင့္ေနတဲ့ ခူ႐ို႕ဆီသာ ေျပးမိသည္။ ထပ္ၿပီး ၾကာၾကာေနမိရင္ သူကိုယ္တိုင္လည္း မျပတ္မသားျဖစ္လာေတာ့မွာမို႔ အားတင္းၿပီး ေျပာခဲ့ရသည္။ မိဘကိုေသေစခဲ့တဲ့လူရဲ႕ေသြးသားကို သူလက္မခံႏိုင္သေ႐ြ႕ ကိုကို႔အနားျပန္လာမွာ မဟုတ္တဲ့အတြက္ ရလာမယ့္ နာက်င္မႈေတြကို သူ ခံႏိုင္ရည္ရွိေအာင္ျပင္ဆင္ထားရေတာ့မွာျဖစ္သည္။
ေဂ်ာင္ဂုထြက္သြားၿပီးတဲ့ေနာက္ အခန္းထဲက်န္ရစ္ခဲ့တဲ့ေဆာ့ဂ်င္မွာေတာ့ နာက်င္ေနတဲ့စိတ္ခံစားခ်က္ကို ရႈိက္သက္တစ္ခုနဲ႔ ေရာေခ်လိုက္သည္။ အဲ့ဒီ့အခ်ိန္မွာပဲ သူ႔မ်က္ဝန္းအိမ္ကေန မ်က္ရည္ၾကည္ေတြက်ဆင္းလာသည္။ ေဂ်ာင္ဂုကို ခ်စ္ခြင့္ေတာင္ မရေတာ့ဘူးဆိုမွေတာ့ သူေျပာခဲ့တဲ့အတိုင္း သူလည္း ေဂ်ာင္ဂုကို တြယ္ကပ္ေနမွာမဟုတ္။ တျခားတစ္ေယာက္နဲ႔အတူရွိေနမယ့္ ေဂ်ာင္ဂုကိုလည္း ညီတစ္ေယာက္လို မဆက္ဆံႏိုင္။
႐ူးခါသြားရေလာက္တဲ့အထိ အႀကိမ္ႀကိမ္အခါခါခ်စ္ခဲ့မိတဲ့အတြက္ ေဂ်ာင္ဂုကို သူမွ မပိုင္ဆိုင္ရရင္ ႐ူးခါသြားရေလာက္တဲ့အထိ အႀကိမ္ႀကိမ္အခါခါမုန္းႏိုင္ဖို႔ ႀကိဳးစားမွာျဖစ္သည္။ နာက်င္ေနတဲ့သူ႔ႏွလုံးသားအတြက္ ႏွစ္သိမ့္ေပးႏိုင္တဲ့အေကာင္းဆုံးနည္းလမ္းကေတာ့ ေဂ်ာင္ဂုကို မုန္းပစ္ၿပီး ရွင္သန္ဖို႔ပင္။ ေမ့ပစ္လို႔မရေတာ့မွ မုန္းပစ္႐ုံကလြဲ သူ႔မွာ တျခားဘာအရာမွမရွိခဲ့ပါ ....။
အဲ့ဒီ့ေနာက္ ေဆာ့ဂ်င္ ထိုင္ေနရာကေန ထလိုက္မိသည္။ ေသမတတ္နာက်င္ခံစားေနရေပမယ့္ အသက္မဝင္စြာ အားတင္းၿပီး သူေျခလွမ္းလိုက္မိသည္။ သို႔ေပမယ့္ သူ႔ေျခေထာက္ေတြက သူ႔စိတ္အလိုအတိုင္းေ႐ြ႕လ်ားလာတာမ်ိဳးမရွိေတာ့ဘဲ ၫြတ္ေခြကာ ထူပူမူးေနာက္လာတဲ့အာ႐ုံေတြကလည္း သူ႔တစ္ကိုယ္လုံးကို ဝါးၿမိဳငုံေထြးသြားခဲ့ေတာ့သည္။
ခႏၶာကိုယ္ကနာက်င္မႈအားလုံးထက္ သူခံစားမိေနတဲ့တစ္ခုတည္းေသာ နာက်င္မႈက အသည္းကြဲျခင္းပင္။
💠💠💠
Part 1’s FinalOctober 9,2022“ ေပ်ာ္႐ႊင္ဖြယ္ရာ သီတင္းကြၽတ္ေလးျဖစ္ၾကပါေစ ... မခ်စ္မႏွစ္သက္သူရဲ႕အေဝးမွာေနရၿပီး ခ်စ္ခင္ႏွစ္ေသာသူရဲ႕အနီးအနားမွာ ေပ်ာ္႐ႊင္ခ်မ္းေျမ့စြာ ေနႏိုင္ၾကပါေစ ”
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



