【04】
06:45, 2 December 2022⟨ Unicode Version ⟩Me, Myself & Bad Romance- အပိုင်း ၀၄-
ကွန်ဒိုရှေ့ရောက်တာနဲ့ ဆော့ဂျင်သက်ပြင်းချရင်း စိတ်တိုနေတာကို ဖြေလျော့မိသည်။ အချိန်ကတော့ တစ်နာရီ ထိုးတော့မယ်ဆိုပေမယ့် ဂျောင်ဂုလေး သူ့ကို စောင့်နေခဲ့ရင် စိတ်တိုရမယ့် အကြောင်းတွေ ပြန်မပြောချင်။
ဆော့ဂျင် အတတ်နိုင်ဆုံးပြုံးလိုက်ပြီး အိမ်ထဲဝင်သွားမိသည်။ အိမ်ထဲရောက်တာနဲ့ အေးချမ်းတိတ်ဆိတ်ပြီး ညအိပ်မီးပြာပြာလေး ခပ်လွင်လွင်တောက်ပနေသည်။ အရမ်းကို အသံတိတ်နေတာမို့ ဂျောင်ဂုလေး အိပ်ပျော်သွားတာများလား ...။
သူခြေဖျားထောက်ကာ လျှောက်လာရင်း ဧည့်ခန်းရောက်တော့ ပျော်ရွှင်စရာမြင်ကွင်းလေးကို မြင်လိုက်ရသည်။ ကိတ်မုန့်လေးရယ် ... နှင်းဆီပန်းလေးတွေရယ် ... ဝိုင်တစ်ခွက်ရယ် ... နို့တစ်ခွက်ရယ် ... သေချာပြင်ဆင်ထားပုံရတဲ့ ဒီပုံရိပ်လေးက ဂျောင်ဂုကို ပိုတိုးလို့ ချစ်လာစေသည်။ အလုပ်တွေရှုပ်နေလွန်းလို့ သေချာဂရုမစိုက်ပေးနိုင်တာတောင် ကောင်ငယ်လေးဟာ သူ့အတွက် သေချာပြင်ဆင်ထားပေးခဲ့သည်ပဲ။
ဆော့ဂျင် အဆင်မပြေဖြစ်လာတဲ့အကြောင်းအရာတွေကိုတောင် မေ့ပြီး ရင်ထဲကြည်နူးမှုလှိုင်းလေးတွေ ဖြတ်သန်းစီးဆင်းသွားရတော့သည်။ သူ ဂျောင်ဂုကို မတွေ့တာမို့ ရှာကြည့်မိတော့ ပြင်ဆင်ထားတဲ့စားပွဲရဲ့ဘေးဘက်ဆိုဖာမှာ ကွေးကွေးလေးအိပ်ပျော်နေတာကို မြင်လိုက်ရသည်။
ဘယ်လောက်တောင် စောင့်ခဲ့ရလို့ အခုလို အိပ်မောကျသွားတယ် သူမသိ။ ဂျောင်ဂုနဲ့စကားတွေ အများကြီးပြောချင်ပေမယ့်လည်း အိပ်ပျော်နေတဲ့ဂျောင်ဂုကို မနှိုးရက်။ ထို့ကြောင့် ဂျောင်ဂုပြင်ဆင်ထားပေးတဲ့ ကိတ်မုန့်အလယ်မှာ ဖယောင်းတိုင်အသေးလေး စိုက်ထွန်းရင်း ဝိုင်ခွက်နဲ့ နို့ခွက်ကို အသီးသီးဖြည့်လိုက်သည်။ ဂျောင်ဂုကတော့ အိပ်မောကျနေတာမို့လို့ နိုးမလာခဲ့ပါ။
သူ ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်ဆိုဖာအောက်မှာ ထိုင်ရင်း အိပ်ပျော်နေတဲ့ဂျောင်ဂုရော .. သူရော ... မွေးနေ့ကိတ်ရော ... ဝိုင်ခွက်နဲ့နို့ခွက်တွေကိုပါ ပါအောင် ဓာတ်ပုံလေးရိုက်လိုက်မိသည်။ အဲ့ဒီ့နောက် ဖယောင်းတိုင်အသေးလေးကို သူတစ်ယောက်တည်း ငြိမ်းစေလိုက်သည်။
" မွေးနေ့မှာ ပျော်ရွှင်ခဲ့ရပါတယ် ... ကလေးလေး ..."
အဲ့ဒီ့နောက် ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့သားသားကို သူ ပွေ့ချီကာ အိပ်ခန်းထဲခေါ်သွားမိတော့သည်။ နိုးမလာနိုင်တဲ့သားသားကတော့ သူ့လက်ပေါ်မှာ အေးဆေးသက်တောင့်သက်သာပင်။ ယောင်ပြီးတော့တောင် သူ့လည်တိုင်ကို ဖက်လိုက်သေးသည်။ အခန်းထဲရောက်တော့မှ သူ အဖြူလုံးလေးကို အိပ်ယာပေါ်တင်လိုက်သည်။ အဲ့ဒီတော့မှ အဖြူလုံးလေးက အပျင်းကြောဆန့်ကာ လူးလွန့်လာတော့သည်။ သို့ပေမယ့်လည်း နိုးနေတာတော့မဟုတ်။ ဝတ်ထားတဲ့လက်ရှည်ကို ဆွဲတင်ကာ လက်ကို ကုတ်ခြစ်လာလေတော့ သူ အဖြူလုံးလေးရဲ့လက်ကို တားပြီး ကုတ်ခြစ်နေတဲ့နေရာလေးကို ပွတ်သပ်ပေးလိုက်မိသည်။ ကုတ်ခြစ်လိုက်တာကြောင့် လက်ဖျံနားလောက်မှာ နီရဲရဲအရာက အထင်းသား။ ထို့ကြောင့် သူ ထိုနေရာလေးကို ဘေးအံဆွဲထဲက ဆေးယူကာ လိမ်းပေးလိုက်မိသည်။
တွ့န်တက်နေတဲ့အင်္ကျီလက်ကိုလည်း ပြန်ဆွဲချကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးရင်း ခြေသလုံးထိပေါ်နေတဲ့ဘောင်းဘီကိုလည်း ခြေမျက်စိဖုံးအောင် ဆွဲချပေးမိသည်။ အဲ့ဒီ့နောက် ဂျောင်ဂုကို သူချစ်မဝစွာ ကြည့်ရင်း ဟိုးအရင်ကအတိုင်း မပြောင်းလဲတဲ့ ဂျောင်ဂုဆံနွယ်လေးကို သူ အသည်းယားစွာ ဖွပစ်လိုက်မိသည်။
သူကသာ အဖြူလုံးလေး လို့ ရင်ထဲကနေ ခေါ်နေမိပေမယ့် ဂျောင်ဂုကတော့ အမည်းရောင်တွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်ပါသည်။ အခုလည်း ဆွယ်တာအမည်းလက်ရှည်နဲ့ ဘောင်းဘီရှည်အမည်းဝတ်ထားတဲ့အကောင်ပေါက်လေးဟာ ဖိနပ်အမြင့်ထူထူအမည်းရောင်တွေကို သိပ်သဘောကျသည်။ သို့ပေမယ့်လို့ ကျောင်းသွားတဲ့အခါ ကျောပိုးအိတ်ထဲ ထုတ်စစ်မယ်ဆိုရင်တော့ ပန်းရောင်ပုစိလေးတွေ ထွက်လာတတ်သည်။ ဒါကတော့ ပြောစရာမလို ကင်ဆော့ဂျင် ဆိုသည့် သူ့ကြောင့် ကလွဲပြီး တခြား ဘယ်သူမှမရှိ။
ဆော့ဂျင် အိပ်မောကျနေတဲ့ ဂျောင်ဂုကို ကြည့်ပြီး အားရပါးရ ပြုံးလိုက်မိသည်။ မတွေ့ရတာ တစ်လလောက်ရှိနေပြီဆိုပေမယ့် အဲ့ဒီ့တစ်လအတွင်း သူခါးစည်းခံခဲ့ရတဲ့ ပင်ပန်းမှုမှန်သမျှ ဂျောင်ဂုမျက်နှာလေးကို တွေ့လိုက်ရတာနဲ့တင် အကုန် အရည်ပျော်ကျသွားခဲ့ပြီဖြစ်သည်။
" ... ချစ်လိုက်ရတာ အခါအခါပါပဲ ကလေးလေးရယ် ... "
အားမလိုအားမရ ရေရွတ်ရင်း ဂျောင်ဂုနဖူးပြင်လေးကို ငုံ့နမ်းလိုက်မိသည်။ သူ့အနမ်းကြောင့် ဂျောင်ဂုက လှုပ်လှုပ်ရွရွဖြစ်ကာ တစ်ဖက်စောင်းပြီး ကျောခိုင်းသွားပြန်သည်။ အဲ့ဒီ့နောက် သူလည်း ထွေထွေထူးထူးလုပ်စရာမရှိတော့သည်မို့ ဂျောင်ဂုဘေးနား ဝင်တိုးရင်း ဂျောင်ဂုကို နောက်ကျောကနေ ပွေ့ဖက်လိုက်သည်။ အရင်က သူ့ကို ဂျောင်ဂုဖက်ထားသလိုမျိုး သူ့ခြေထောက်တွေက ဂျောင်ဂုအောက်ပိုင်းတစ်ခုလုံးကို ခွယူဆွဲသွင်းကာ လည်ဂုတ်ကို နောက်ထပ်အနမ်းတစ်ပွင့်ခြွေရင်း အိပ်စက်ခြင်းကို အစပျိုးမိလိုက်တော့သည်။
... ချစ်တယ်နော် အဖြူလုံးလေး ...
အာရုဏ်တက်ချိန်မှာတော့ တစ်ကိုယ်လုံးဖိညစ်ခံထားရတာမို့ ညောင်းညာလာတဲ့အကောင်ပေါက်လေးက ဆော့ဂျင်ရင်ခွင်ထဲကနေ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မပွင့်တပွင့်မျက်ဝန်းတွေနဲ့ သူ့ကိုဖက်တွယ်ထားတဲ့လက်ပိုက်ရှင်ကို စမ်းလိုက်မိသည်။ အလွတ်ရနေတဲ့လက်ညှိုးကောက်ကောက်လေးမှန်း သိတာနဲ့ အိပ်ချင်မပြေသည့်ကြားကနေ သူ ပြုံးလိုက်သည်။ သူ့အနောက်မှာ ဝင်သက်ထွက်သက်တို့ ပုံမှန်ဖြစ်နေတဲ့ အစ်ကိုကြီးလေး မနိုးသွားစေဖို့အတွက် ခပ်ဖြည်းဖြည်းလေး ကျောခိုင်းနေရာကနေ အရှေ့လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ အဲ့ဒီ့နောက် ညအိပ်မီးရောင်အောက်မှာ မြင်နေရတဲ့ အစ်ကိုကြီးရဲ့နှုတ်ခမ်းလေးကို ခဏတာ ဖိကပ်ရင်း ပါးလေးကို ခပ်ဖွဖွလေးပွတ်သပ်ကာ ရင်ခွင်ထဲတိုးဝှေ့လိုက်မိတော့သည်။
💠💠💠
နေရောင်ခြည်နုနုတွေ သူ့ကိုယ်ပေါ်ဖြာကျတာနဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ အိပ်ချင်မပြယ်သေးတာကြောင့် မကျေမနပ်နဲ့ ကိုယ်ကို တစ်ခြမ်းစောင်းလိုက်ရင်း နေရောင်ထိုးနေတာကို ကျောခိုင်းလိုက်မိတော့ နို့နဲ့ကွတ်ကီးရောထားတဲ့ အနံ့သင်းသင်းလေးက သူ့နှာဖျားဝ လာရိုက်ခတ်သည်။
" ကိုကို!! ထတော့!! သားသား ကျောင်းနောက်ကျတော့မယ် ... "
မျက်ဝန်းတွေ မဖွင့်ရသေးတာတောင် ကြားလိုက်ရတဲ့အသံဆာဆာလေးကြောင့် သူပြုံးလိုက်ရင်း လက်တွေကို စမ်းတဝါးဝါးရွေ့လျားလိုက်သည်။ အသံပိုင်ရှင်ကို မစမ်းမိ။
" ကိုကိုရေ!! အခုနေမှ ထပြီး မနက်စာတူတူလာမစားရင် သားသား ကျောင်းနောက်ကျမှာနော် ... ကိုကို့ကို ပစ်ထားတော့မှာနော်!! "
စိတ်မရှည်တော့တဲ့အသံပိုင်ရှင်ကြောင့် ဆော့ဂျင် မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိသည်။ ကုတင်ဘေးဘက်မှာ ခါးထောက်ကာ သူ့ကို နှုတ်ခမ်းလေးမဲ့ရင်း ကြည့်နေပါတဲ့ အဖြူလုံးလေး။ နားရွက်နှစ်ဖက်သာ ရှည်နေမယ်ဆိုရင် သေချာပေါက် ဖြူစွတ်စွတ်ယုန်ကလေးပင်။
" ... ~~ အဲ ~~ အင်း ~~~ ထမယ် .. ဒါပေမဲ့ ..."
အပျင်းကြောဆန့်ကာ အသံရှည်ဆွဲပြီး သူ့လက်တွေကို ဂျောင်ဂုလက်တွေဆီ ရောက်တဲ့အထိ သူလှမ်းလိုက်ရင်း ဂျောင်ဂုကို အိပ်ယာပေါ်ရောက်အောင် ဆွဲချလိုက်မိသည်။
" … ဟ! ကိုကို! ..."
" အင်း ~~ ငါးမိနစ် ... ငါးမိနစ်ပဲ ..."
ကပိုကရိုနဲ့ ပြုတ်ကျလာတဲ့အဖြူလုံးလေးကတော့ ရေချိုးပြီးခါစမို့ ထင်သည်။ သုံးနေကျနိူ့နှစ်ဆပ်ပြာရည်နံ့က သင်းသင်းလေးပင်။ သူဂျောင်ဂုကို ခါးကနေ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ဂျောင်ဂုလည်ဂုတ်ကို သူ့နှာဖျားနဲ့ ပွတ်သပ်နမ်းရှိုက်မိသည်။
" ကိုကိုရေ ~~~ "
ဂျောင်ဂုကတော့ သူ့အပြုအမူတွေကြောင့် ရင်ခွင်ထဲမှာတင် လှုပ်လှုပ်ရွရွဖြစ်လာကာ ဖက်တွယ်ထားတဲ့သူ့လက်တွေကို ပြန်ဆုပ်ကိုင်လာသည်။ သူ ဂျောင်ဂုကို အလျော့မပေးဘဲ ဂျောင်ဂုအင်္ကျီအောက်ကနေ တိုးဝင်ကာ ဂျောင်ဂုရင်ဘတ်ကို ပွတ်သပ်မိတော့ အကောင်ပေါက်စက သူ့လက်တွေကို တားမြစ်ဟန်နဲ့ ဆုပ်ကိုင်လာသည်။
" ကိုကိုရေ~~ ကျောင်းနောက်ကျမှာနော် ~~ လာ မမြူဆွယ်နဲ့ ~~ "
သူ့လက်ကောက်ဝတ်ကို ကိုင်ကာ အင်္ကျီထဲကနေ အပြင်ဘက်ကို ပြန်ဆွဲထုတ်ရင်း ပြောလာပြန်တော့ သူ ဂျောင်ဂုပါးပြင်ကို ဖျပ်ကနဲ့ နမ်းလိုက်မိသည်။
" ဟာ!! မျက်နှာလည်း မသစ်ရသေးဘဲနဲ့ လာနမ်းနေပြန်ပြီ ကိုကို ညစ်ပတ်!! .. သွား ~~ သားသားကို လာမဖက်နဲ့ ~~ ထ တော့!!"
ပြောရင်းနဲ့ သူ့လက်တွေကို ဆုပ်ကိုင်ကာ တွန်းထုတ်ဖို့ လုပ်လေတော့ သူပိုပြီး ခပ်တင်းတင်းဖက်ကာ ခေါင်းအုံးထက် မျက်နှာဖွက်ဖို့ကြိုးစားနေတဲ့ ဂျောင်ဂုရဲ့ပါးပြင်ကို ဒုတိယအကြိမ် နမ်းဖို့ ကြိုးစားမိသည်။
" ဟ! ကိုကိုနော် ...."
" ... တစ်ခါပဲ နမ်းနမ်းတစ်ခါပေးပြီးရင် တကယ်ထမယ် "
" ... "
နောက်ဆုံးမှာတော့ မရမကကို ပါးပြင်ထက် အနမ်းလာခြွေတဲ့ကိုကို့ကို သူအရှုံးပေးလိုက်ရသည်။ သို့ပေမယ့် ကိုကိုဟာ အိပ်ယာကနေ အခုထိ မထတဲ့အပြင် ကိုကို့လက်ချောင်းတွေကြား သူ့လက်ချောင်းတွေကို ဆုပ်ယူကာ သူ့တစ်ကိုယ်လုံးနစ်မြုပ်သွားအောင် သူ့နောက်ကျောကနေ ဖက်ထားရင်း သူ့ဆံနွယ်စတွေကို တဖွဖွနမ်းနေသေးသည်။
သူနဲ့တွေ့တိုင်း တစ်ကိုယ်လုံးနေရာ အနှံ့နမ်းတတ်တဲ့ ကိုကို့အကြောင်းကို သူသိသည်မို့ ကိုကိုမနမ်းရင် သူ နေမတတ်တော့ပါ။ ထပ်ပြီး ကြာကြာနေမိရင် သူရော၊ ကိုကိုပါ ဒီနေရာကနေ မထနိုင်တော့ဘူးဆိုတာ သိနေတာမို့ ကိုကို့လက်တွေကို ဆွဲခွာကာ ရင်ခွင်ထဲကနေ ကုန်းရုန်းထထိုင်မိသည်။
" ကိုကို!! မဆိုးနဲ့နော် ~~ သားသား အရေးကြီးတဲ့အတန်းချိန်ရှိတယ် "
" ~~ ကိုကို့လောက် အရေးကြီးလား ~~ "
" ကြီးတာပေါ့ ~~ သားသား ကျောင်းမြန်မြန်ပြီးမှ ကိုကို့နောက် တကောက်ကောက်လိုက်လို့ရမှာလေ ..."
သူပြောမိရင်း ကိုကို့အကြည့်တွေကို မခံယူနိုင်စွာ လွှဲမိတော့ ကိုကို့လက်ကောက်ဝတ်ပေါ်က ထင်းနေတဲ့ ပြာလဲ့လဲ့အရာလေးဆီ သူအကြည့်ရောက်သွားမိသည်။ မြင်မြင်ချင်းတစ်ခဏမှာပဲ မနေ့က ဖြစ်ပျက်သမျှအရာအားလုံးပြန်ပေါ်လာလေတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
အပြာရောင်လဲ့နေတဲ့ ဒီဝေလငါးအမြီးလေးက မနေ့က ဟိုဆိုင်မှာ ဟိုလူကြီးကို သူ လက်ညှိုးထိုးပြခဲ့တဲ့ လက်ကောက်လေးပင်။ အဲ့လူကြီး လျှောက်ပြောနေတယ်လို့ သူ ထင်ခဲ့မိပေမယ့် အခုတော့ ဒီဟာလေး ကိုကို့လက်ပေါ်မှာ သူပေးမယ့်ဟာထက် အရင်ဦးဆုံးနေရာယူလာလေတော့ စိတ်အလိုမကျမှုက ထင်းကနဲ့ ထိုးထောင်ထွက်လာသည်။
အဲ့လူကြီးပေးတာကို ဘာလို့ ကိုကိုက ဝတ်နေရတာလဲ .. မဟုတ်မှ ... အဲ့လူကြီးရဲ့စကားအတိုင်း ကိုကိုက သူမဟုတ်တဲ့ တခြားသူတွေနဲ့လည်း ဒိတ်နေရတာမျိုး ရှိနိုင်တာပေါ့လေ ...
အတန်ကြာတိတ်ဆိတ်မိပြီး မျက်မှောင်ကြုတ်မိတော့ ကိုကိုက သူ စိုက်ကြည့်နေတဲ့လက်ကောက်ဝတ်လေးဆီ အကြည့်ရောက်သွားသည်။
" အာ~~ "
ကိုကိုက တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမယ့် သူကတော့ အရင်ဆုံး မေးခွန်းထုတ်လိုက်သည်။
" ဒါ ဘာလဲ ကိုကို "
လေသံကတော့ မမာပေမယ့် မကြိုက်နေတဲ့ပုံစံတော့အထင်းသားပင်။ သူ့မေးခွန်းအဆုံး ကိုကိုကတော့ ထို bracelet လေးကို ဆွဲဖြတ်ကာ ကုတင်ဘေး သူ့စာကြည့်စားပွဲနားက အမှိုက်ပုံးထဲ ချက်ချင်းပစ်လွှင့်လိုက်သည်။ ကိုကို့အပြုအမူကြောင့် သူ့မျက်ခုံးနှစ်ဖက်ပင့်တက်သွားမိသည်။
ကိုကို ဘာလုပ်နေလဲ သူနားမလည်ပါ ...
" အမှိုက်လေ ~~ ကိုကိုပစ်ဖို့ မေ့သွားတာ .. "
ပြုံးကာ ပြောရင်းနဲ့ အိပ်ယာထက် ထထိုင်လာတော့ ကိုကို့ကို သူအထူးအဆန်းကြည့်မိသည်။ သူ့အကြည့်မှာတော့ မေးခွန်းတွေက အများကြီးပင်။
ဘယ်သူပေးတာလဲဘာလို့ပစ်လိုက်ရတာလဲ ဘာလို့အမှိုက်ဖြစ်တာလဲ အမှိုက်ဆိုရင် ဘာလို့အစကတည်းက လက်မှာ ဝတ်ထားသေးလဲဝတ်ထားပြီးတော့ အိမ်ကိုတောင် ပြန်သယ်လာသေးတယ် .. မဟုတ်မှ သူတွေခဲ့တဲ့လူကြီးပေးတာလား ...
မေးခွန်းများစွာရှိနေပေမယ့် ဘယ်ကစမေးရမယ်မသိ၊ သို့ပေမယ့်လည်း ကိုကိုကတော့ သူ့ကိုသိနေတဲ့အလား အဖြေပြန်ပေးလာခဲ့ပါသည်။
" ... ကိုကိုတို့ကုမ္ပဏီမှာ စီနီယာတစ်ယောက်ရှိတယ် သူက အသစ်တွေဆိုရင် အဲ့လိုပဲ .. ကိုကို သူ့ဆီက လက်မခံချင်ပေမယ့် အရှေ့မှာ တခြားသူတွေရဲ့လက်ဆောင်တွေကို လက်ခံထားတာမို့ မန်နေဂျာမျက်နှာထောက်ပြီး လက်ခံလိုက်တာ ... ဒါကို လွှင့်ပစ်မယ်လို့ စဉ်းစားပြီးသားပဲ ... "
ကိုကို့စကားအဆုံးမှာတော့ သူမသိမသာသက်ပြင်းချလိုက်မိသည်။ အကြည့်တွေကတော့ အမှိုက်ပုံးထဲက ဝေလငါးအမြီးလေးဆီမှာ ရှိနေတုန်းပင်။
" .. ဂုဂီ - ya ~~... "
" .. မခေါ်နဲ့တော့ သွားတော့ကိုကို ~~ မျက်နှာသစ်၊ရေချိုးတော့ !!"
ပြောရင်းနဲ့ပဲ အဲ့ဒီ့လက်ကောက်အကြောင်းကို သူ မေ့ပစ်ရင်း ကိုကို့ကို ကုတင်ပေါ်ကနေ ဆွဲချကာ ရေချိုးခန်းဆီကို ဦးတည်ပို့လိုက်မိတော့သည်။ အဲ့ဒီ့နောက် ရေချိုးခန်းကနေ ထွက်လာမယ့်ကိုကို့ကို လက်ဆောင်လေးပေးဖို့ သူစောင့်နေမိလိုက်တော့သည်။
“ ... ဂျောင်ဂု! ဘာလုပ်နေတာလဲ ... အခုထိ ကျောင်းဝတ်စုံမလဲသေးဘဲနဲ့ ... "
သူ ရေချိုးခန်းက ထွက်လာတာနဲ့ စာကြည့်စားပွဲမှာ ထိုင်ကာ သူ့ကို စောင့်နေပုံရတဲ့ ဂျောင်ဂုကို သူကြည့်လိုက်မိသည်။ ကျောင်းဝတ်စုံတောင် မလဲရသေးတဲ့ဂျောင်ဂုဟာ ထိုင်ခုံပေါ်မှာ လုံးလုံးလေးပင်။ အုပ်ကျနေတဲ့ဆံပင်တွေကလည်း ဂျောင်ဂုရဲ့ကလေးမျက်နှာကို ပိုထင်းလာစေသည်။
သူကတော့ ရေချိုးပြီးခါစမို့ ခါးထက်မှာ တဘက်ဖြူတစ်ထည်သာ ရှိသည်။ ဂျောင်ဂုကတော့ ထုံးစံအတိုင်း သူ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ကိုယ်ကို ပြူးကြောင်ကြောင်လေးခေါင်းစောင်းကာ ကြည့်သည်။
" ... အဟမ်း~~ ဂျွန် ဂျောင် ဂု ရေ !! "
" ဟမ် ~~ အင်း ~~ ဟို အင်္ကျီ !! ကိုကို့ကို အင်္ကျီဝတ်ပေးမလို့~~ "
" !!! "
ပြောမိပြောရာ ပြောလိုက်ပုံရတဲ့ဂျောင်ဂုကြောင့် သူ မျက်ခုံးပင့်ကာ ခါးထောက်ကြည့်မိတော့ ဂျောင်ဂုက စကားမှားသွားတဲ့ပုံနဲ့ နှုတ်ခမ်းတွေကို ရွဲ့ကာ မျက်ဝန်းတွေကို ပြူးကျယ်ရင်း ယုန်သွားလေးတွေ ထုတ်သုံးလာသည်။
" ... ဟီး ~~ ဟီး ~~ အင်္ကျီထုတ်ထားပေးတယ် ပြောမလို့ ... ဒါ ဟိုးရှေ့နှစ်လတုန်းက ကိုကိုလာတုန်းက ချန်ထားတဲ့အင်္ကျီလေး ... ကြယ်သီးပြုတ်နေတာမြင်လို့ ပြန်တပ်ထားပေးတယ် .."
ပြောရင်းနဲ့ ထလာကာ သူ့ဆီကို ကမ်းပေးတော့ သူ လှမ်းယူကာ ဝတ်လိုက်မိသည်။ ကြယ်သီးတပ်ထားပေးတယ်ဆိုလို့ သေချာကြည့်မှ ကော်လံနားလေးမှာ ယုန်ကလေးနားရွက်ထောင်ကြယ်သီးလေး ရှိနေသည်။
" ... ဒီယုန်ပေါက်ကတော့လေ ... ပေါက်ပေါက်ရှာရှာ ကြယ်သီးတွေဘယ်ကရှာလာတာတုန်း "
သူ ကြယ်သီးတပ်ဖို့ ကြိုးစားရင်း ပြောမိတော့ ဂျောင်ဂုရဲ့လက်တွေက သူ့လက်တွေကို တားမြစ်ကာ သူ့ကိုမော့ကြည့်လာသည်။
" ... အဒေါ်ကြီးကို မေးပြီး ရှာဝယ်ထားတာ နောက်ဆို ကိုကို့ပစ္စည်းတွေအပေါ်မှာ ယုန်ကလေးတွေ ကပ်ထားမယ် ... သားသားရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ်နဲ့ပေ့ါ "
ပြောရင်းဆိုရင်း ကော်လံကို ဆွဲချကာ သူ့နှုတ်ခမ်းကို တစ်ချက်ဖိဆွဲလာလေတော့ သူဂျောင်ဂုရဲ့ခါးကို ဆွဲပွေ့ကာ သူ့ခန္ဓာကိုယ်နဲ့ ပူးကပ်မိသည်။ ဂျောင်ဂုကတော့ သူ့ကို ပြုံးပြုံးကြီးပင် ရီဝေဝေစိုက်ကြည့်သည်။
ဒီ ၁၇နှစ်သားကို စိတ်ရှိလက်ရှိချစ်ပစ်လိုက်ချင်ပေမယ့် ဂျောင်ဂုခံစားချက်တွေကို သူငဲ့နေလို့သာ ဘာအဆင့်မှ မတက်နိုင်နေတာဖြစ်သည်။ ဒီပေါက်စနလေးကို ဒီအတိုင်း ညာစားရင်လည်း ရတယ်ဆိုပေမယ့် ဂျောင်ဂုခံစားချက်တွေ သေချာလာတဲ့အထိ သူစောင့်ပါမည်။ ဂျောင်ဂုကတော့ တစ်ခါလေးတောင် ခံစားချက်တွေကို ဆန်းစစ်ဖူးပုံ မပေါ်နေပါ။
" .. တော်တော်ဆိုးနေပါလား ... ကဲ ... ဘယ်မှာလဲ မွေးနေ့လက်ဆောင် ..."
" ... ကိတ်ခွဲပေးဖို့တောင် စောင့်နေတာ ကိုကိုကသာ မှီအောင်ပြန်မလာတာလေ ... ကိုကိုက နောက်ကျလွန်းတယ် .. အယ် .. ဒါနဲ့ ညက ကိတ်တွေက အပြင်စားပွဲမှာလေ ... ကိုကို ဘာလုပ်လိုက်ပြီလဲ "
" ...မင်းက အိပ်ပျော်နေတော့ ကိုကိုတစ်ယောက်တည်း ပါတီလုပ်လိုက်တာလေ ... အခု ဘယ်မှာလဲ လက်ဆောင် ! အဲ့ဒီ့ပါတီက လက်ဆောင်လို့တော့ မပြောနဲ့နော် .."
သူပြောမိတော့ ဂျောင်ဂုကရယ်ရင်း အိတ်ကပ်ထဲက တစ်စုံတစ်ခုကို ဆွဲယူထုတ်သည်။ အဲ့ဒီ့နောက် သူ့အရှေ့မှာတင် ထုတ်ပြလာလေတော့ သူသေချာကြည့်လိုက်မိသည်။ ကြိုးမျှင်သေးသေးလေးနှစ်ခုကို ဆက်သွယ်ထားတဲ့လက်စွပ်ပုံစံလေးနဲ့ လည်ဆွဲလေးဖြစ်သည်။
" .. ဒန် ဒန် .. "
" ... ဒါက ဘာလဲ ... "
" လည်ဆွဲလေ ... ဒီနေ့ကစပြီး ဘယ်သွားသွား ဘာလုပ်လုပ် ကိုကိုဝတ်ကို ဝတ်ရမယ့် လည်ဆွဲပဲ ... အလည်လက်စွပ်လေးက ကိုကိုနဲ့သားသား တရားဝင်ချစ်ခွင့်ရမယ့်နေ့ကို ရည်ရွယ်တာ .. အဲ့ဒီ့နေ့မရောက်မချင်း ကိုကို ချွတ်လို့မဖြစ်ဘူးနော် "
" ဟင် အခုလည်း တရားဝင်တွဲနေတာပဲ ဘယ်သူက မင်းကို ခိုးတွဲနေလို့လဲ ..."
" ကိုကိုနော်~~ မနောက်နဲ့ ... အခုက ဘယ်လိုလုပ်တရားဝင်တွဲလို့ရမှာလဲ ... ကိုကိုက တက်သစ်အနုပညာရှင်တစ်ယောက်လေ ~~ သားသား ကိုကိုနဲ့ တရားဝင်မတွဲနိုင်သေးဘူး "
" ... ဂုဂီ ... ကိုကိုက မင်းနဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားတာမရှိဘူးနော် တွဲနေတဲ့သူရှိလားမေးရင် ချက်ချင်းပဲ ဖြေမှာ ... ဂျွန်ဂျောင်ဂု ပါလို့ .. ဘာတွေဖြစ်လာ ဖြစ်လာ ဂရုမစိုက်ဘူး ..."
သူပြောမိတော့ ဂျောင်ဂုက မျက်နှာမဲ့လာသည်။
" ဟင်အင်း သားသားကတော့ ဂရုစိုက်တယ် ... သားသားနဲ့တွဲနေတာ တစ်ယောက်ယောက်က သိသွားလို့ အဲ့ဒါကို အသုံးချပြီး ကိုကို့ကို ဆွဲချမယ်ဆိုတာမျိုး လုံးဝအဖြစ်မခံနိုင်ဘူး ... သားသားက ကိုကို့အနားမှာရှိရတာထက် ကိုကိုတောက်ပနေတာကို ကြည့်ရတာမျိုး ပိုသဘောကျတယ် ကိုကို "
ဂျောင်ဂုစကားကြောင့် သူမျက်မှောင်ကြုတ်ရင်း နှုတ်ခမ်းကို ချွန်လိုက်မိသည်။ ဂျောင်ဂုသဘောက တစ်ယောက်ယောက်က လမ်းခွဲဖို့ လာပြောရင် ဂျောင်ဂုက ချက်ချင်းလမ်းခွဲပေးဖို့ ဆန္ဒရှိတဲ့ပုံပင်။ သူကတော့ ဒါမျိုးကို သဘောမတူ၊ လမ်းခွဲဖို့ ဖိအားပေးခံရရင်တောင် လမ်းခွဲမှာမဟုတ်။ ဂျောင်ဂုသာ အချစ်ကို နားလည်သွားလို့ တစ်ခြားတစ်ယောက်ကို ချစ်မိသွားရင်တောင် သူ လမ်းမခွဲပေးနိုင်ပါ။ အတ္တကြီးတယ်ပဲပြောပြော၊ တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ဘာအကြောင်းပြချက်နဲ့မှ လမ်းမခွဲပေးနိုင်။ ဂျောင်ဂု သူ့ကိုမချစ်ရင်တောင် သူ့အနားမှာပဲ ဂျောင်ဂုကို ထားပါမည်။
သို့ပေမယ့် ဂျောင်ဂုဘက်ကနေသာ သူ့ကို ချန်ထားခဲ့မယ်ဆိုရင်တော့ .... ။
" ကိုကို ~~ လျှောက်မတွေးနဲ့ .. သားသားက ကိုကို့ကို အများကြီးချစ်တယ်လေ ... "
သူ နှုတ်ခမ်းချွန်ထားမိလို့ စိတ်ဆိုးတယ် ထင်သွားတဲ့ အကောင်ပေါက်ကတော့ သူ့နှုတ်ခမ်းကို လက်ညှိုးနဲ့ ထိကစားလာသည်။
" ဂုဂီရား ~~~ ကတိတစ်ခုလောက်ပေးနိုင်မလား ..."
" ဘာများလဲ ... "
" ကိုကို့အပြင် နောက်တစ်ယောက်ကို မချစ်စေရဘူးဆိုတဲ့ကတိ ..."
" ဟင် ..."
" ဟုတ်တယ် ~~ အခု မင်း ကိုကို့ကို မချစ်ဘူးဆိုရင်တောင် တခြားတစ်ယောက်ကိုတော့ သွားချစ်လို့မရဘူး ... အကယ်လို့ ကိုကိုမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားမယ်ဆိုရင် ~~ "
" အင်း ~~ ကိုကိုမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားရင် ~~ ? "
သူပြောတာကို အလေးအနက်မထားဘဲ ပြောင်ချော်ချော်လုပ်လာတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ဒီတော့မှ မျက်နှာပိုးသေကာ သူပြောတာကို အလေးအနက်ပြန်ရှိလာသည်။
" ... မင်းကို မုန်းပစ်ပြီး မရှိသလို လျစ်လျူရှုမှာ ~~ "
သူ့စကားအဆုံး ဂျောင်ဂုက မျက်ခုံးနှစ်ဖက်ပင့်တက်ရင်း သူ့ပါးပြင်လေးကို လက်ချောင်းလေးနဲ့ ပွတ်သပ်သည်။
" စိတ်ချကိုကို ... အဲ့ဒီလိုနေ့က မရှိလာစေရဘူး ... ဘာဖြစ်လို့လဲဆိုတော့ ကိုကို့ရဲ့အရာရာအားလုံးထဲမှာ သားသား ပျော်ဝင်နေပြီးသား မို့လို့လေ ..."
အဖြူလုံးလေးရဲ့စကားကို ဆော့ဂျင်ပြုံးရင်း ပါးပြင်လေးကို သူ နမ်းရှိုက်လိုက်မိသည်။ အဲ့ဒီ့နောက် ခြေဖျားထောက်ကာ သူ့လည်တိုင်ကို ခိုတွယ်လာတဲ့လက်လေးတွေက လည်ဆွဲတပ်ပေးဖို့ ကြိုးစားလေတော့ သူအနည်းငယ်ငုံ့ချလိုက်မိသည်။ သူ ငုံ့ချလိုက်တာမို့ သူ့နှာဖျားဝက ဂျောင်ဂုလည်တိုင်နဲ့ ကွက်တိပင်။ သူ အသည်းယားစွာနဲ့ တစ်ချက် ဆွဲနမ်းမိတော့ ဂျောင်ဂု ခန္ဓာကိုယ်လေး တုန်တက်သွားပေမယ့် ချက်ချင်းပင် သူလုပ်သလိုမျိုး ပြန်လိုက်လုပ်ကာ သူ့လည်တိုင်ပေါ်က လက်စွပ်ကွင်းလေး ရှိနေတဲ့ညှပ်ရိုးတည့်တည့်ကို နှုတ်ခမ်းနဲ့ လာဖိကပ်သည်။
ချစ်ရပါသော ဒီလူသားလေးရဲ့ ခပ်ကဲကဲအပြုအမူတွေကို သူ သဘောကျစွာ ပြုံးရင်း တူညီတဲ့အချစ်တွေ ရှိနေဖို့ သူဆုတောင်းလိုက်မိသည်။
ဂျောင်ဂုကတော့ သူ့လည်တိုင်ပေါ်မှာ ရှိနေတဲ့ ကြိုးလေးကို ကြည့်ပြီး သဘောကျစွာ ရယ်နေခဲ့ပါတော့သည်။
အဲ့ဒီ့အချိန်အထိ သူ သေချာသိပါသည် .. ဂျောင်ဂုဟာ သူ့ကို မချစ်သေးဘူးဆိုတာ ...။
💠💠💠
“ ... ဆော့ဂျင် … ကျောင်းစာတွေကရော ဘယ်လိုရှိလဲ ... ညပိုင်း အတန်းချိန်ထပ်ယူလိုက် ... ပြီးတော့ ဟိုကောင်လေးနဲ့ ခိုးတွေ့နေတာ လျော့! "
အဖေနဲ့ ညစာအတူတူစားရင်း အဖေ့ဆီက မပြောစဖူး အသံထွက်လာတော့ သူအဖေ့ကို ကြည့်လိုက်မိသည်။ သူ ဂျောင်ဂုနဲ့ တွဲနေတာ အဖေသိပေမယ့် အခုလိုတော့ တားမြစ်တာမျိုး မရှိခဲ့။
" ခိုးမတွေ့ပါဘူး ... ကျွန်တော်က ခိုးတွဲနေတယ်ထင်လို့လား ...ပြီးတော့ ကျောင်းစာတွေလဲ နိုင်ပါတယ် ... assignmentလဲ ပုံမှန်ထပ်တယ်… "
" မင်းကို အနုပညာရှင်ဖြစ်စေချင်ခဲ့တယ်ဆိုတာ ... ငါ့လုပ်ငန်းရဲ့အဓိက ဖြစ်တဲ့ အဲ့ဒီ့အနုပညာရှင်တွေရဲ့ခံစားချက်ကို သိစေချင်လို့ပဲ ... အချိန်တန်ရင်တော့ ငါ့နေရာကို မင်းယူရမှာ ... အဲ့ဒီတော့ သူများတွေထက် နှစ်ဆ ကြိုးစားဖို့လိုတယ် ... "
" သိပါတယ် ... ကြိုးစားနေတာမို့လို့ အဖေက စိတ်မပူပါနဲ့ ... ပြီးတော့ ဂျောင်ဂုကို စောင့်ရှောက်ပေးလို့လည်း ကျေးဇူးတင်ပါတယ် ..."
အဖေက မာမီလို ပေါ်တင်စောင့်ရှောက်တာမျိုးမဟုတ်ပေမယ့် နောက်ကွယ်ကနေ တိတ်တိတ်လေး စောင့်ရှောက်ပေးနေတာ သူသိတော့ ကျေးဇူးစကားဆိုလိုက်မိသည်။ ကွယ်လွန်သူ ဂျောင်ဂုအဖေဟာ သူ့အဖေနဲ့ သူငယ်ချင်းထက်ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာတော့ သူ အနည်းအကျဉ်းသိထားပါသည်။
" အခုတလောတော့ တွေ့တာ လျော့လိုက်ပါ ဆော့ဂျင် ဂျောင်ဂုနောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူတစ်ယောက်ရှိနေတယ် ... အဲ့ဒီ့လူက ပရိုဂျူဆာဟွမ်ရဲ့လူပဲ ... ... ပြီးတော့ မင်းကို s*x partnerအတွက် ကမ်းလှမ်းတယ်ဆို !! "
သူဘာဖြစ်နေတယ် ဆိုတာ အတိအကျသိနေတဲ့အပြင် ဂျောင်ဂုကိစ္စကိုပါ သိနေတော့ သူမျက်မှောင်ကြုတ်လိုက်မိသည်။ ဂျောင်ဂုကို ဘာဖြစ်လို့ ပရိုဂျူဆာဟွမ်က နောက်ယောင်ခံလိုက်ရတာလဲ ... သူနဲ့ ပတ်သက်ပြီး သိနေလို့လား ... မဟုတ်မှ ဂျောင်ဂုကိုလည်း သူ့လိုမျိုး ကမ်းလှမ်းဖို့ ကြိုးစားနေတာလား ...
" ... အဲ့ဒီ့ကောင်ကို ကုမ္ပဏီကနေ ဖြုတ်ချလို့မရဘူးလား ... သူက ဘာအကန့်ရှိလို့ ဂျောင်ဂုနောက်ကို လိုက်ရတာလဲ .. အဖေ!!! ဂျောင်ဂု ထိခိုက်လို့မဖြစ်ဘူးနော် .... ဂျောင်ဂုကို ကာကွယ်ဖို့ ကျွန်တော် စီစဉ်လိုက်ရမလား ... မဟုတ်ရင် အဖေ့အိမ်မှာ ဂျောင်ဂုကို ထားလိုက်ရမလား "
ကင်မ်မင်ဆွန်းတစ်ယောက် သူ့ရှေ့မှာ အချစ်ကြောင့် ယောက်ယတ်ခတ်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ပြောချင်နေတဲ့အကြောင်းအရာက သားဖြစ်သူ s*x partner အဖြစ်ကမ်းလှမ်းခံရလို့ ဒေါသထွက်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အကြောင်းအရာဖြစ်သည်။ သို့ပေမယ့် သားဖြစ်သူကတော့ သူ့ကိုယ်သူ အရင်စိတ်မပူဘဲ သည်းသည်းလှုပ်နေရတဲ့ချစ်သူကောင်လေးကိုသာ အပူတကပ်ကပ်ဖြစ်နေသည်။
" ကင် ဆော့ ဂျင် ~~ ဂျွန်ဂျောင်ဂုကို စိတ်မပူဘဲ ... မင်းကိုယ်မင်းသာ ဘယ်လိုလှည့်ကွက်သုံးပြီး ရှောင်ရမလဲ တွေးစမ်းပါ ... ဟွမ်က အကျင့်မကောင်းပေမယ့် ငါ့ကုမ္ပဏီမှာ သူ့ကို လိုနေသေးတယ် ... ပြီးတော့ ... မင်းမာမီက မင်း ဂျောင်ဂုနဲ့ တွဲနေတာကို မသိဘူးမဟုတ်လား ... ဘယ်အချိန်ထိ ဖုံးကွယ်ထားမှာလဲ "
အဖေမေးတော့ သူစားလက်စ ဇွန်းကို ပြန်ချကာ နှုတ်ခမ်းတွေကို သုတ်လိုက်မိသည်။
" ... လက်ထပ်ဖို့ အရွယ်ရောက်တဲ့အချိန်ကျမှ မာမီ့ကို အသိပေးမှာပါ ... "
" ကောင်းပြီလေ ... ကဲ စားပြီးရင် ငါ့လက်ထောက် မင်းကို လာကြိုလိမ့်မယ် ... ငါက ပါတီရှိတာမို့လို့ သွားပြီ ဆော့ဂျင် !! ပြီးတော့ အတတ်နိုင်ဆုံး စိတ်ထိန်းပြီးနေစမ်းပါ ... အင်တာတိန်းမန့်နယ်ပယ်က စကားတစ်ခွန်းမှားတာနဲ့ လိုသလို ချဲ့လို့ရတယ်ဆိုတာ သိတယ်မဟုတ်လား ... ဂရုစိုက်ပြီး ကိုယ့်image ကိုယ်ထိန်း ..."
ပေါ့ပေါ့ပါးပါးပင် အကြံပေးကာ ထထွက်သွားတဲ့ တစ်ခေတ်တစ်ချိန်က ကြယ်ပွင့်ကြီး ကင်မင်ဆွန်းကို ဆော့ဂျင် ပြုံးကာ ခေါင်းညိတ်ရင်း ရှိနေတဲ့ လိမ္မော်ရည်ခွက်ကို ကုန်အောင် သောက်လိုက်မိသည်။ သူ့ရဲ့အဖေဟာ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ HYPE Label ကို ဦးစီးနေတဲ့ ဥက္ကဌတစ်ယောက်ဖြစ်သည်။ တော်တော်များများက သူနဲ့အဖေ့ရဲ့တော်စပ်မှုကို မသိကြပါ ...။ အဖေနဲ့ တူတူမနေတာကြောင့်လည်း ဘယ်သူမှ သတိမထားမိ။ သူကိုယ်တိုင်လည်း ထုတ်ပြောတာမျိုးမရှိသလို ဂျောင်ဂုတောင်မှ သူ့အဖေဟာ ကင်မင်ဆွန်းဆိုတာကို မသိ။ ဒီအတိုင်း အနုပညာရှင်၊ စီအီးအိုတစ်ယောက်လို့သာ သိထားတာဖြစ်သည်။
တော်တော်များများကိုလည်း အဖေက ချုပ်ကိုင်နိုင်စွမ်းရှိတာမို့ သူဟာ အဖေ့အားကိုးနဲ့ ဂျောင်ဂုကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာဖြစ်သည်။ အဖေက သိပ်မတွေ့နဲ့လို့ ပြောလိုက်ပေမယ့် ဂျောင်ဂုကို နောက်ယောင်ခံလိုက်နေတာသိတော့ သူ ဂျောင်ဂုဆီ ညတိုင်း သွားကို သွားမှ ဖြစ်တော့မည်။
ဆော့ဂျင်တွေးလိုက်မိရင်း လိမ္မော်ရည်ကုန်ပြီမို့ ထထွက်ဖို့ ကြိုးစားလိုက်မိသည်။ ဟိုတယ်ရဲ့ စားသောက်ဆိုင်မို့ လူရှင်းနေတဲ့အပြင် တစ်ဖက်ခြမ်းမှာလဲ Studying Cafeရှိနေတာမို့ တိတ်ဆိတ်လွန်းလှသည်။ အဖေ့လက်ထောက်ကတော့ လာကြိုမယ်လို့ပြောပေမယ့် သူကတော့ လျှောက်သွားချင်ပါသေးသည်။ ထို့ကြောင့် maskလေးတပ်ကာ oversized hoodie ကြီးကို ခေါင်းစောင်းလိုက်မိသည်။ ဆောင်းတွင်းမို့ အအေးဓာတ်က ခပ်ကဲကဲပင်။
" ... ကျွန်တော့် ကောင်မလေးကို ခင်ဗျား ထိစရာမလိုဘူး … "
ရုတ်တရက် သိပ်ရင်းနှီးရတဲ့အသံကြောင့် ဆော့ဂျင်ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။
" ... မင်းက? အဟက် !! ... ငါတို့ မပျက်ခင်ကတည်းက တွဲနေကြတာလား ... ဒါဆို ဖောက်ပြန်တာပဲပေါ့ ... မင်းလည်းဖောက်ပြန်တာချင်း အတူတူ ငါ့ကို လာမစွပ်စွဲနဲ့ ရှင်းခူရို!! "
" ... မဟုတ်ဘူး! ခင်ဗျားနဲ့ ပြတ်ပြီးမှ ကျွန်တော်နဲ့တွဲတာ ... အဲ့ဒါကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးလာမလုပ်နဲ့ ... "
မယုံကြည်နိုင်စွာ ဆော့ဂျင်လှည့်ကြည့်မိတော့ Studying Cafe ရဲ့အပြင်ဘက်မှာ ချစ်လှစွာသော ဂျွန်ဂျောင်ဂုနဲ့ ကောင်မလေးတစ်ယောက်ရယ်၊ နောက်ထပ်အခြားကောင်လေးတစ်ယောက်ရယ်ကို မြင်လိုက်ရသည်။ ကြားရတဲ့စကားတွေအတိုင်းတော့ ဂျောင်ဂုဟာ ဘေးက ရှင်းခူရိုဆိုတဲ့ကောင်မလေးကို ကာကွယ်ပေးနေပုံရပြီး တစ်ဖက်ကကောင်လေးကတော့ ကောင်မလေးရဲ့အဆက်ဟောင်းဖြစ်ပုံရသည်။
" ... လုပ်တော့ ဘာဖြစ်ချင်လဲ ... အဲ့ကောင်မကလေ ... ငါ ဝါးပြီးသားဆိုတာ မင်းသိလား .. "
တစ်ဖက်ကောင်လေးရဲ့စကားအဆုံးမှာ သူ့ပေါက်စနက မျက်နှာကြီးနီကာ တစ်ဖက်ကောင်လေးရဲ့ကော်လံကို ဆောင့်ဆွဲသည်။ သူ တစ်ခါလေးတောင် မမြင်ဖူးတဲ့ ဂျွန်ဂျောင်ဂုရဲ့ ပုံစံမို့ သူကြောင်အစွာ ငေးကြည့်နေမိရင်း ရင်ဘတ်က နာလာသလိုပင်။
သူ ဖူးဖူးမှုတ်ထားရတဲ့ကောင်ငယ်လေးက အခုတော့ တခြားသူတစ်ယောက်ကို ကာကွယ်ပေးနေတာတဲ့လား ... သူတောင် မမြင်ဖူးတဲ့ ကောင်ငယ်လေးရဲ့ရင့်သီးတဲ့ပုံစံဟာ သူ့ကိုတောင် ကြောက်လန့်သွားဖို့ လုံလောက်သွားစေခဲ့သည်။
" အဲ့ဒီတော့ ဘာဖြစ်လဲ! ငါက ချစ်ပြီး တန်ဖိုးထားရင် ရပြီမဟုတ်လား ... ရှင်းခူရိုက ငါ့ကောင်မလေးမို့လို့ နောက်ကွယ်မှာ ဒီစကားတွေ ထပ်ကြားရင် အခုလို သေဖို့သာပြင် ..."
ပြောပြောဆိုဆို ဂျောင်ဂုက တစ်ဖက်ကောင်လေးကို ခွပ်ကနဲ့ ထိုးချလိုက်သည်။ ဘာကြောင့် အဲ့ဒီ့လောက်ထိ ရဲနေရလဲ သူ မသိပေမယ့် တစ်ဖက်ကောင်လေးက ဂျောင်ဂုကို ပြန်တုံ့ပြန်မယ့်အချိန်မှာတော့ သူ ထိုနေရာကို သွားဖို့လိုလာပြီဆိုတာတော့ သိလိုက်ရသည်။
" အထက်တန်းကျောင်းသားတစ်ယောက်ကို အနိုင်ကျင့်မလို့လား !! မင်းက ဂျူနီယာနှစ်ကကောင်ပဲရှိသေးတာကို ! "
ဂျောင်ဂုကို ပြန်ဆွဲထိုးမယ့်လက်တွေကို သူဖမ်းဆွဲရင်း တွန်းထုတ်လိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ ကွက်ကြည့် ကွက်ကြည့်လုပ်လာတဲ့လူတွေကြောင့် ထိုကောင်လေးက လက်လျော့လိုက်ပေမယ့် ဂျောင်ဂုကတော့ သူ့ကို တအံ့တဩကြည့်သည်။
" ကိုကို~~ "
လုံးဝမထင်မှတ်ထားတဲ့ပုံမို့လို့ အံ့ဩကာ တုန်လှုပ်သွားပုံပေါ်သည်။ ဘေးက ကောင်မလေးကတော့ သူနဲ့ဂျောင်ဂုကို အူကြောင်ကြောင်ပင် ကြည့်နေသေးသည်။
" လစ်တော့ ကောင်လေး! ပြသနာကြီးအောင် မလုပ်ချင်စမ်းနဲ့ "
သူ ပြန်ဖြေရင်း ပထုတ်မိတော့ ထိုကောင်လေးက လက်လျော့ကာ ထွက်သွားပေမယ့် ဂျောင်ဂုကို မကျေမနပ်ကြည့်သွားသေးသည်။ နောက်ယောင်ခံလိုက်တဲ့ကိစ္စက မပြီးသေးခင် ဂျောင်ဂုကတော့ သူစိတ်ပူရအောင် နောက်ပြသနာတစ်ခုကို ထပ်ရှာနေပြန်ပြီဖြစ်သည်။
" ... ကိုကို ... သားသားကလေ .. "
" ပါးစပ်ပေါက်ကို ပိတ်ပြီး လိုက်ခဲ့ ဂျွန်ဂျောင်ဂု! "
ခုနကပုံရိပ်တွေနဲ့ မတူစွာ ပျော့ပျောင်းနူးညံ့လာတဲ့ ဂျောင်ဂုကို လက်ကောက်ဝတ်ကနေ သူ ကိုင်ဆွဲရင်း ထိုနေရာကနေ တရွတ်တိုက်ခေါ်ခဲ့မိသည်။ ကျန်နေခဲ့တဲ့ကောင်မလေးကိုတော့ သူ မပူ။ အဲ့ဒီ့နောက် အသင့်စောင့်နေတဲ့ အဖေ့လက်ထောက်ရဲ့ကားထဲ အတင်းထည့်ကာ သူ စကားတစ်ခွန်းတောင် မပြောဘဲ ကွန်ဒိုကိုသာ တန်းမောင်းစေလိုက်သည်။
" ကိုကို ~~ သားသား ... သားသားကို စိတ်ဆိုးနေတာလား ... ကိုကို ... သားသားနဲ့ ရိုရိုကလေ ... "
" ငါ မေးမိလို့လား ဂျွန်ဂျောင်ဂု ... "
အိမ်အထိတောင် မပြန်ရသေးဘဲ ကားပေါ်ကဆင်းတာနဲ့ ရှင်းပြဖို့ ကြိုးစားလာလေတော့ ဆော့ဂျင် စကားသံမာသွားမိသည်။ ဂျောင်ဂုနဲ့တွဲပြီးကတည်းက ဂျောင်ဂုအပေါ် စကားမာမာတွေ မပြောခဲ့တာ တော်တော်ကြာခဲ့ပြီလေ။ အခုတော့ သူ့လေသံကြောင့် ပေါက်စနလေးက လန့်ကာ မျက်နှာညှိုးနေပြီဖြစ်သည်။ အပြစ်လုပ်ထားသလို မျက်နှာလေးက ခေါင်းငုံ့ကာ သူ ဆူပူကြိမ်းမောင်းမှာကို အသင့်ခံယူမယ့်အနေအထားဖြစ်နေတော့ သူ ဆူရမလား၊ ချော့ရမလား မခွဲတတ်တော့။ တကယ်ကို စိတ်ဆိုးနေပါလျက်နဲ့ ဂျောင်ဂုက သူ့ကို မချစ်သေးဘူးဆိုတဲ့အသိက ဝင်လာတော့ သူ့ခမျာ တစ်ယောက်တည်း ဝမ်းနည်းဒေါသတွေထွက်လာရသည်။ ဒါကို ဒီအကောင်ပေါက်စနလေးက နားလည်နိုင်မှာမဟုတ်။
သူက အမြတ်တနိုး တန်ဖိုးထားရတဲ့အရာလေးက တခြားသူတစ်ယောက်ကို အထိခိုက်ခံပြီးကာကွယ်ပေးနေတာမြင်တော့ သူလည်း လူသားမို့ ရင်နာတတ်ပါသည်။
" ... "
ဂျောင်ဂုမျက်နှာကို ကြည့်ကာ ဘာစကားမှ မထွက်လာတော့သည်မို့ ကျောခိုင်းပြီးအဆောက်အဦထဲ ဝင်ဖို့ ကြိုးစားမိသည်။ ဂျောင်ဂုကတော့ သူ့အနောက်ကနေ တဖြည်းဖြည်းလိုက်လာကာ တီးတိုးရေရွတ်သည်။
" ... ဒါပေမယ့် ရှင်းပြချင်တယ်လေ ..."
တကယ်ကို တိုးညင်းတဲ့အသံပေမယ့် သူကြားမိတော့ အိမ်ထဲထိရောက်အောင် မသွားနိုင်တော့။ ချက်ချင်း ဂျောင်ဂုကို အဆောက်အဦနံရံနဲ့ကပ်ကာ သူ ငုံ့မိုးရင်း မေးခွန်းထုတ်မိသည်။
" ... ရည်းစား? ကောင်မလေး? ချစ်ပြီး တန်ဖိုးထားရင် ရပြီ?? .... ဘာတွေလဲ ဂျွန်ဂျောင်ဂု! ဟိုတစ်နေ့ကတင် ဘာကတိပေးထားတာလဲ မေ့နေတာလား ? "
ခက်ထန်နေတဲ့သူ့အသံတွေကြားမှာ ဂျောင်ဂုဟာ နေမထိထိုင်မသာ ဖြစ်နေပုံပေါ်သည်။ အမှားလုပ်မိထားသလို အထိတ်ထိတ်အလန့်လန့်နဲ့ သူ့ကို ဖြေရှင်းချက်တွေ ပေးပြန်သည်။
" ... ကိုကိုက သားသား ရှင်းပြတာကို အရင်နားမထောင်ဘဲ ဘာလို့လာအော်နေတာလဲ... သားသားက သားသားတို့ စာလုပ်နေတာကို လာမနှောင့်ယှက်စေချင်ရုံပဲ ... သားသားက ခူရိုနဲ့စာလုပ်မလို့ကို သူက အဲ့လိုနှောင့်ယှက်နေတော့ နောက်ခါမလာရအောင်လို့ ပြောလိုက်တာကို ... ကိုကိုက အကြောင်းစုံလဲ မသိဘဲနဲ့ ... လျှောက်ဆူနေတယ် !! "
ပြန်ဖြေရှင်းလာတဲ့ ဂျောင်ဂုစကားတွေကြောင့် သူ့ဝမ်းနည်းဒေါသက တစ်ဝက်လျော့သွားပေမယ့် သူ့အတွက် အပူတစ်ခုတိုးလာသလို ခံစားလိုက်ရသည်။ ရှင်းခူရိုဆိုတဲ့ကောင်မလေးနဲ့ သူငယ်ချင်းတွေဆိုတာ သိပေမယ့် ရုတ်တရက် ခံစားချက်တွေ ပြောင်းလဲခဲ့ရင် နောက်ဆုံးကျန်နေခဲ့မှာ ကင်ဆော့ဂျင်ဆိုတဲ့ သူသာဖြစ်သည်မို့လေ။
" ... ကြည့်!! ကိုကို သားသားကို ဆူဖို့ စကားလုံးတွေ စဉ်းစားနေပြန်ပြီမဟုတ်လား!! ကိုကို့ကြောင့်နဲ့ ဒီနေ့ သားသား စာမလုပ်ရတော့ဘူး ... "
အပြစ်လုပ်သူက ဂျွန်ဂျောင်ဂုပေမယ့် လက်တွေ့မှာတော့ ကင်ဆော့ဂျင် ဆိုတဲ့သူက ဂျောင်ဂုဆီကနေ အဆူခံလိုက်ရသလိုပင်။ တကယ်က ဒေါသထွက်နေတဲ့သူ့ကို ဂျောင်ဂုက စိတ်ဖြေနိုင်အောင် လမ်းကြောင်းပြောင်းနေတယ်ဆိုတာ သူသိသည်။ တစ်ယောက်ယောက်ကြောင့် သူ ဒေါသထွက်လာတိုင်း ဂျောင်ဂုလုပ်ပေးနေကျအကျင့်မို့လို့ပင်။
" ... ဂျွန် ဂျောင် ဂု ! ဒီတစ်ခါ မင်းကို ငါ တကယ် စိတ်တိုနေတာနော် .."
" ... အင်းလေ ~~ သားသားက .. ဘယ်နှစ်ခါ ကိုကို့ကို လိမ်ဖူးလို့လဲ သားသားပြောပြတာ အကုန်အမှန်တွေပဲလေ ... လာမနှောင့်ယှက်ရအောင် လိမ်ပြောလိုက်တာပါဆိုနေ ... ကိုကိုက သားသားကို မယုံဘူးလား ... သားသားပြောပြီးသားနော် သားသားက ကိုကို့ရဲ့အရာရာအားလုံးထဲမှာ ပျော်ဝင်ပြီးသားမို့လို့ ကိုကို သံသယတောင်ဖြစ်စရာမလိုဘူး ..."
သူ့ကိုမျက်မှောင်ကြုတ်ကာ မသင်္ကာသလို ကြည့်လာတဲ့ ကိုကို့ကို သူ အသည်းအသန်ဖြေရှင်းပြနေပေမယ့် ကိုကို သူ့ကို မယုံကြည်တာ သူ ခံစားမိသည်။ ကိုကို သူ့ကို အထိခိုက်မခံရလောက်အောင် သိပ်ချစ်တယ်ဆိုတာ သိပေမယ့် ကိုကိုဟာ သူ့ကို အပြစ်ရှိတဲ့ခံစားချက်တွေ အမြဲပေးနေသလိုပင်။ ဥပမာပြောရရင် သူ့ကို မယုံကြည်တာမျိူးပေါ့။ မယုံကြည်တာကို ထုတ်ပြောတာမျိုး မလုပ်ပေမယ့် တစ်ခါတလေ ကိုကို သူ့ကို ကြည့်တဲ့အကြည့်တွေမှာ အထင်းသားမြင်ရသည်။
" ... ဟုတ်ပြီ ... ဒီတစ်ခါတော့ မင်းကို ထပ်မဆူတော့ဘူး ဂျွန်ဂျောင်ဂု ~~ ဒါပေမဲ့ ... အဲ့ဒီ့ ရှင်းခူရိုဆိုတဲ့ ကောင်မလေးနဲ့ တွဲသွားတွဲလာ သိပ်မလုပ်နဲ့ ... မကြိုက်ဘူး ဂျွန်ဂျောင်ဂု ... သဝန်တိုရအောင် လာမလုပ်နဲ့ ... "
သူ့စကားကြောင့် ဂျောင်ဂုကတော့ မျက်နှာမဲ့နေရာကနေ တဖြည်းဖြည်း ပြုံးရယ်လာသည်။ အဲ့ဒီ့နောက် ရယ်ချင်စိတ်ကို ထိန်းမရဟန်လေးနဲ့ သူ့ကို အားရပါးရရယ်ကာ သူဝတ်ထားတဲ့ maskကို ဆွဲချွတ်သည်။
" ဟား ... ဟား ကိုကို သဝန်တိုနေတာပဲ ... မျက်နှာလေးပြပါဦး ... သဝန်တိုနေတဲ့မျက်နှာလေး ...ကိုကိုရေ ပြပါဦးလို့ ..."
လက်ချောင်းသေးသေးတွေက သူ့မျက်နှာကို ကိုင်တွယ်ဖို့ ကြိုးစားလာလေလျှင် သူရှောင်ဖယ်လိုက်မိသည်။
" ကိုကိုရေလို့ !!"
" .. "
" ခ် ခ် "
သူ့မျက်နှာကို ထိကိုင်ဖို့ ကြိုးစားနေတဲ့ ဂျောင်ဂုကြောင့် ထိုနေရာကနေ ကွန်ဒိုဆီ ပြေးတက်ဖို့ ခြေဦးလှည့်လိုက်သည်။ စိတ်တိုနေတာတွေတောင် ပျောက်ရှရလောက်အောင် ဂျောင်ဂုရယ်သံတွေက သူ့စိတ်ကို ရွှင်ပျလာစေလျှင် သူပါ ရောယောင်ပြီး ပြုံးလိုက်မိသည်။ ခြေလှမ်းကျဲတွေနဲ့ အဆောက်အဦထဲဝင်သွားတဲ့ သူ့နောက်ကိုတော့ ဂျောင်ဂုက ပြေးလိုက်ကာ သူ့ကိုယ်ပေါ်ကို နောက်ကျောကနေ ခွတက်လာသည်။
" ဟ! ပြုတ်ကျမယ်လေ .. ပြုတ်ကျမယ်လေ ဂျွန်ဂျောင်ဂုရေ ..."
သူ့ခါးထက်ခွင်ထားတဲ့ခြေထောက်တွေကို အငြိမ်မနေဘဲ လှုပ်ရွကာ သူ့လည်တိုင်ကို တင်းနေအောင်ဖက်ရင်း သူ့မျက်နှာနား ကပ်လာလေတဲ့ အကောင်ပေါက်စကို သူတင်ပါးကနေထိန်းကိုင်လိုက်မိသည်။
" ဟင်အင်း ... ကိုကို့လက်ထဲမှာဆို သားသား ဘယ်တော့မှ အနာတရဖြစ်မှာမဟုတ်ဘူး ... ကိုကိုရေ ... အခုတော့ မျက်နှာလေးပြပါဦး ... သဝန်တိုနေတဲ့ ကိုကို့မျက်နှာလေးကို အလွတ်မှတ်ထားမလို့ ... "
ပြောပြောဆိုဆို သူ့မျက်နှာအနားပိုတိုးကပ်ကာ သူ့ပါးပြင်ထက် အနမ်းတွေ ဆက်တိုက်ခြွေချလာတော့ သူလည်း ပြုံးရယ်ရင်း ထိုအနေအထားအတိုင်း ဂျောင်ဂုလေးကို အိမ်အထိ ရောက်အောင်ပို့ပေးလိုက်မိတော့သည်။
ထိုအချင်းအရာအားလုံးကိုတော့ မှတ်တမ်းတင်ထားတဲ့ သူတစ်ယောက်။
" ပို့ပေးလိုက်ပါပြီ ... ဆရာ ... စစ်ဆေးကြည့်ပါဦး "
နှောင့်နှေးခြင်း နည်းနည်းလေးတောင်မရှိပါဘဲနဲ့ ရောက်ရှိသွားတဲ့ ပုံတွေနဲ့ မှတ်တမ်းတွေကိုတော့ သေချာကြည့်ကာ ဟွမ်ဂင်ဝန်း ရယ်လိုက်မိသည်။
" အိုဟိုး! ... ထင်တဲ့အတိုင်း ဒီစိတ်ဝင်စားစရာ အကောင်ပေါက်လေးကလည်း ကင်ဆော့ဂျင်နဲ့ ပတ်သက်နေပါလား ... အတွဲတွေထင်တယ် ... ဆက်စုံစမ်းလိုက်! အဲ့ဒီ့ကောင်လေးက ကင်ဆော့ဂျင်ကို ချုပ်ကိုင်နိုင်မယ့် အားနည်းချက်တစ်ခုလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ ..."
" ပြီးတော့ ဆရာ ... ဥက္ကဌကင်မင်ဆွန်းက ဒီညပါတီမတက်ခင် ကင်ဆော့ဂျင်နဲ့ ညစာစားခဲ့ပါတယ် .. အတွင်းလူတွေပြောပြချက်အရ ကင်ဆော့ဂျင်က တစ်ဦးတည်းသော ဆက်ခံသူပါတဲ့ "
ထိုစကားမှာတော့ သူမျက်ခုံးပင့်တက်ရင်း ပြောပြလာတဲ့လက်ထောက်ကို ပြန်လှည့်ကြည့်မိသည်။
" ... ကင်မင်ဆွန်းရဲ့သား?? ... အဲ့ဒါကြောင့်ဖြစ်မယ် စတွေ့ကတည်းက ကင်မင်ဆွန်းရဲ့အငွေ့အသက်တွေရနေတာ ~~ ဒါဖြင့်ရင် ဂျွန်ဂျောင်ဂုက မဟုတ်မှလဲ ဂျွန်ဟယ်ယောင်းရဲ့သားများလား ... "
" ... သေချာမသိရသေးပါဘူး ဂျွန်ဂျောင်ဂုကို ထောက်ပံ့နေတဲ့သူကတော့ ဆေးဝါးသုတေသနဌာနက ပါရဂူတစ်ယောက်လို့ပြောပါတယ်"
" ဟုတ်ပြီ လက်ထောက်ချွဲ ... တော်တယ် ... ဂျောင်ဂုအကြောင်း ပိုစုံစမ်းထား .... ကင်ဆော့ဂျင်ကတော့ ကင်မင်ဆွန်းရဲ့သားဆိုမှတော့ ငါက ပိုလို့တောင် အလွတ်မပေးသင့်တော့ဘူး ... ငါခံစားခဲ့ရသလိုမျိုး ပြန်ပေးဆပ်သင့်တယ်မဟုတ်လား .. ဟား .. ဟား .. ဟား ... "
အဲ့ဒီ့နောက် စားပွဲပေါ်မှာ မှောက်ထားတဲ့ ဓာတ်ပုံလေးကို ပြန်ထောင်လိုက်မိသည်။ ဓာတ်ပုံထဲမှာတော့ ဂျူနီယာနှစ်ကျောင်းသားဖြစ်တဲ့သူရယ်၊ Artist ကင်မင်ဆွန်းရယ်၊ နောက်တစ်ယောက်ကတော့ တစ်သက်လုံးပြန်မလာနိုင်တော့တဲ့ ဂျွန်ဟယ်ယောင်းရယ် ...။
ပျော်စရာအတိတ်တွေအားလုံးကို အရင်ဆုံး ဖျက်ဆီးပစ်ခဲ့တဲ့သူက ကင်မင်ဆွန်း ... ။ ကင်မင်ဆွန်းသာ သူ့အပေါ်သစ္စာမဖောက်ခဲ့ဘူးဆိုရင် သူ့ဘဝကလဲ ဒီလောက်ထိ အထီးကျန်ပြီး ပျက်စီးနေမှာမဟုတ်။ အနိုင်ကျင့်တတ်ပြီး One Night Stanတွေနဲ့ ဖြတ်သန်းလာတတ်တဲ့ သူ့ဘဝအစကလည်း ကင်မင်ဆွန်းကြောင့်ပင်။ မရရတဲ့နည်းနဲ့ အနားမှာ ကပ်တွယ်နေခဲ့တာတောင် အခုထက်ထိကို လှည့်မကြည့်တော့တဲ့ကင်မင်ဆွန်း .. သားဖြစ်သူထိရင်တော့ သူ့ကို လှည့်ကြည့်မှာပါလေ .. ဟုတ်တယ်မလား ...။
" ဟား ... ဟား .. ဟား ... "
အဲ့ဒီ့နောက် အချစ်အစပြုရာကနေ တောက်လောင်နေသော အမုန်းမီးများဖြင့် သူ အရူးတစ်ယောက်လို ရယ်နေခဲ့ပါတော့သည်။
💠💠💠
Sep 24, 2022
NoTe : ကိုကိုနဲ့သားသားထက် ဖေဖေတို့အကြောင်းက ပိုစိတ်ဝင်စားစရာကောင်းနေတယ်လို့ထင်တယ် Jinkook Verနဲ့ ခွဲရေးလိုက်ရမလား (っ˘̩╭╮˘̩)っ
ဒါလေးက ရေးပြီးသွားပေမယ့် လိုအပ်တဲ့ information တွေပဲထည့်ထားခဲ့တာမို့လို့ အပ်ပုဒိတ်မပေးခဲ့တာပါ .. နောက်ဆို သုံးရက်တစ်ပိုင်း မဟုတ်ရင် နှစ်ရက်တစ်ပိုင်း ပုံမှန်အပ်ပေးနိုင်ဖို့ ကြိုးစားပါမယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩Me, Myself & Bad Romance- အပိုင္း ၀၄-
ကြန္ဒိုေရွ႕ေရာက္တာနဲ႔ ေဆာ့ဂ်င္သက္ျပင္းခ်ရင္း စိတ္တိုေနတာကို ေျဖေလ်ာ့မိသည္။ အခ်ိန္ကေတာ့ တစ္နာရီ ထိုးေတာ့မယ္ဆိုေပမယ့္ ေဂ်ာင္ဂုေလး သူ႔ကို ေစာင့္ေနခဲ့ရင္ စိတ္တိုရမယ့္ အေၾကာင္းေတြ ျပန္မေျပာခ်င္။
ေဆာ့ဂ်င္ အတတ္ႏိုင္ဆုံးၿပဳံးလိုက္ၿပီး အိမ္ထဲဝင္သြားမိသည္။ အိမ္ထဲေရာက္တာနဲ႔ ေအးခ်မ္းတိတ္ဆိတ္ၿပီး ညအိပ္မီးျပာျပာေလး ခပ္လြင္လြင္ေတာက္ပေနသည္။ အရမ္းကို အသံတိတ္ေနတာမို႔ ေဂ်ာင္ဂုေလး အိပ္ေပ်ာ္သြားတာမ်ားလား ...။
သူေျခဖ်ားေထာက္ကာ ေလွ်ာက္လာရင္း ဧည့္ခန္းေရာက္ေတာ့ ေပ်ာ္႐ႊင္စရာျမင္ကြင္းေလးကို ျမင္လိုက္ရသည္။ ကိတ္မုန႔္ေလးရယ္ ... ႏွင္းဆီပန္းေလးေတြရယ္ ... ဝိုင္တစ္ခြက္ရယ္ ... ႏို႔တစ္ခြက္ရယ္ ... ေသခ်ာျပင္ဆင္ထားပုံရတဲ့ ဒီပုံရိပ္ေလးက ေဂ်ာင္ဂုကို ပိုတိုးလို႔ ခ်စ္လာေစသည္။ အလုပ္ေတြရႈပ္ေနလြန္းလို႔ ေသခ်ာဂ႐ုမစိုက္ေပးႏိုင္တာေတာင္ ေကာင္ငယ္ေလးဟာ သူ႔အတြက္ ေသခ်ာျပင္ဆင္ထားေပးခဲ့သည္ပဲ။
ေဆာ့ဂ်င္ အဆင္မေျပျဖစ္လာတဲ့အေၾကာင္းအရာေတြကိုေတာင္ ေမ့ၿပီး ရင္ထဲၾကည္ႏူးမႈလႈိင္းေလးေတြ ျဖတ္သန္းစီးဆင္းသြားရေတာ့သည္။ သူ ေဂ်ာင္ဂုကို မေတြ႕တာမို႔ ရွာၾကည့္မိေတာ့ ျပင္ဆင္ထားတဲ့စားပြဲရဲ႕ေဘးဘက္ဆိုဖာမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနတာကို ျမင္လိုက္ရသည္။
ဘယ္ေလာက္ေတာင္ ေစာင့္ခဲ့ရလို႔ အခုလို အိပ္ေမာက်သြားတယ္ သူမသိ။ ေဂ်ာင္ဂုနဲ႔စကားေတြ အမ်ားႀကီးေျပာခ်င္ေပမယ့္လည္း အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုကို မႏႈိးရက္။ ထို႔ေၾကာင့္ ေဂ်ာင္ဂုျပင္ဆင္ထားေပးတဲ့ ကိတ္မုန႔္အလယ္မွာ ဖေယာင္းတိုင္အေသးေလး စိုက္ထြန္းရင္း ဝိုင္ခြက္နဲ႔ ႏို႔ခြက္ကို အသီးသီးျဖည့္လိုက္သည္။ ေဂ်ာင္ဂုကေတာ့ အိပ္ေမာက်ေနတာမို႔လို႔ ႏိုးမလာခဲ့ပါ။
သူ ေဂ်ာင္ဂုနဲ႔မ်က္ႏွာခ်င္းဆိုင္ဆိုဖာေအာက္မွာ ထိုင္ရင္း အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုေရာ .. သူေရာ ... ေမြးေန႔ကိတ္ေရာ ... ဝိုင္ခြက္နဲ႔ႏို႔ခြက္ေတြကိုပါ ပါေအာင္ ဓာတ္ပုံေလး႐ိုက္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ဖေယာင္းတိုင္အေသးေလးကို သူတစ္ေယာက္တည္း ၿငိမ္းေစလိုက္သည္။
" ေမြးေန႔မွာ ေပ်ာ္႐ႊင္ခဲ့ရပါတယ္ ... ကေလးေလး ..."
အဲ့ဒီ့ေနာက္ ဆိုဖာေပၚမွာ ေကြးေကြးေလး အိပ္ေပ်ာ္ေနတဲ့သားသားကို သူ ေပြ႕ခ်ီကာ အိပ္ခန္းထဲေခၚသြားမိေတာ့သည္။ ႏိုးမလာႏိုင္တဲ့သားသားကေတာ့ သူ႔လက္ေပၚမွာ ေအးေဆးသက္ေတာင့္သက္သာပင္။ ေယာင္ၿပီးေတာ့ေတာင္ သူ႔လည္တိုင္ကို ဖက္လိုက္ေသးသည္။ အခန္းထဲေရာက္ေတာ့မွ သူ အျဖဴလုံးေလးကို အိပ္ယာေပၚတင္လိုက္သည္။ အဲ့ဒီေတာ့မွ အျဖဴလုံးေလးက အပ်င္းေၾကာဆန႔္ကာ လူးလြန႔္လာေတာ့သည္။ သို႔ေပမယ့္လည္း ႏိုးေနတာေတာ့မဟုတ္။ ဝတ္ထားတဲ့လက္ရွည္ကို ဆြဲတင္ကာ လက္ကို ကုတ္ျခစ္လာေလေတာ့ သူ အျဖဴလုံးေလးရဲ႕လက္ကို တားၿပီး ကုတ္ျခစ္ေနတဲ့ေနရာေလးကို ပြတ္သပ္ေပးလိုက္မိသည္။ ကုတ္ျခစ္လိုက္တာေၾကာင့္ လက္ဖ်ံနားေလာက္မွာ နီရဲရဲအရာက အထင္းသား။ ထို႔ေၾကာင့္ သူ ထိုေနရာေလးကို ေဘးအံဆြဲထဲက ေဆးယူကာ လိမ္းေပးလိုက္မိသည္။
တြ႕န္တက္ေနတဲ့အက်ႌလက္ကိုလည္း ျပန္ဆြဲခ်ကာ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပင္ေပးရင္း ေျခသလုံးထိေပၚေနတဲ့ေဘာင္းဘီကိုလည္း ေျခမ်က္စိဖုံးေအာင္ ဆြဲခ်ေပးမိသည္။ အဲ့ဒီ့ေနာက္ ေဂ်ာင္ဂုကို သူခ်စ္မဝစြာ ၾကည့္ရင္း ဟိုးအရင္ကအတိုင္း မေျပာင္းလဲတဲ့ ေဂ်ာင္ဂုဆံႏြယ္ေလးကို သူ အသည္းယားစြာ ဖြပစ္လိုက္မိသည္။
သူကသာ အျဖဴလုံးေလး လို႔ ရင္ထဲကေန ေခၚေနမိေပမယ့္ ေဂ်ာင္ဂုကေတာ့ အမည္းေရာင္ေတြကို စြဲစြဲၿမဲၿမဲဝတ္ဆင္တတ္ပါသည္။ အခုလည္း ဆြယ္တာအမည္းလက္ရွည္နဲ႔ ေဘာင္းဘီရွည္အမည္းဝတ္ထားတဲ့အေကာင္ေပါက္ေလးဟာ ဖိနပ္အျမင့္ထူထူအမည္းေရာင္ေတြကို သိပ္သေဘာက်သည္။ သို႔ေပမယ့္လို႔ ေက်ာင္းသြားတဲ့အခါ ေက်ာပိုးအိတ္ထဲ ထုတ္စစ္မယ္ဆိုရင္ေတာ့ ပန္းေရာင္ပုစိေလးေတြ ထြက္လာတတ္သည္။ ဒါကေတာ့ ေျပာစရာမလို ကင္ေဆာ့ဂ်င္ ဆိုသည့္ သူ႔ေၾကာင့္ ကလြဲၿပီး တျခား ဘယ္သူမွမရွိ။
ေဆာ့ဂ်င္ အိပ္ေမာက်ေနတဲ့ ေဂ်ာင္ဂုကို ၾကည့္ၿပီး အားရပါးရ ၿပဳံးလိုက္မိသည္။ မေတြ႕ရတာ တစ္လေလာက္ရွိေနၿပီဆိုေပမယ့္ အဲ့ဒီ့တစ္လအတြင္း သူခါးစည္းခံခဲ့ရတဲ့ ပင္ပန္းမႈမွန္သမွ် ေဂ်ာင္ဂုမ်က္ႏွာေလးကို ေတြ႕လိုက္ရတာနဲ႔တင္ အကုန္ အရည္ေပ်ာ္က်သြားခဲ့ၿပီျဖစ္သည္။
" ... ခ်စ္လိုက္ရတာ အခါအခါပါပဲ ကေလးေလးရယ္ ... "
အားမလိုအားမရ ေရ႐ြတ္ရင္း ေဂ်ာင္ဂုနဖူးျပင္ေလးကို ငုံ႔နမ္းလိုက္မိသည္။ သူ႔အနမ္းေၾကာင့္ ေဂ်ာင္ဂုက လႈပ္လႈပ္႐ြ႐ြျဖစ္ကာ တစ္ဖက္ေစာင္းၿပီး ေက်ာခိုင္းသြားျပန္သည္။ အဲ့ဒီ့ေနာက္ သူလည္း ေထြေထြထူးထူးလုပ္စရာမရွိေတာ့သည္မို႔ ေဂ်ာင္ဂုေဘးနား ဝင္တိုးရင္း ေဂ်ာင္ဂုကို ေနာက္ေက်ာကေန ေပြ႕ဖက္လိုက္သည္။ အရင္က သူ႔ကို ေဂ်ာင္ဂုဖက္ထားသလိုမ်ိဳး သူ႔ေျခေထာက္ေတြက ေဂ်ာင္ဂုေအာက္ပိုင္းတစ္ခုလုံးကို ခြယူဆြဲသြင္းကာ လည္ဂုတ္ကို ေနာက္ထပ္အနမ္းတစ္ပြင့္ေႁခြရင္း အိပ္စက္ျခင္းကို အစပ်ိဳးမိလိုက္ေတာ့သည္။
... ခ်စ္တယ္ေနာ္ အျဖဴလုံးေလး ...
အာ႐ုဏ္တက္ခ်ိန္မွာေတာ့ တစ္ကိုယ္လုံးဖိညစ္ခံထားရတာမို႔ ေညာင္းညာလာတဲ့အေကာင္ေပါက္ေလးက ေဆာ့ဂ်င္ရင္ခြင္ထဲကေန လႈပ္လႈပ္ရွားရွားျဖစ္လာသည္။ မပြင့္တပြင့္မ်က္ဝန္းေတြနဲ႔ သူ႔ကိုဖက္တြယ္ထားတဲ့လက္ပိုက္ရွင္ကို စမ္းလိုက္မိသည္။ အလြတ္ရေနတဲ့လက္ညႇိဳးေကာက္ေကာက္ေလးမွန္း သိတာနဲ႔ အိပ္ခ်င္မေျပသည့္ၾကားကေန သူ ၿပဳံးလိုက္သည္။ သူ႔အေနာက္မွာ ဝင္သက္ထြက္သက္တို႔ ပုံမွန္ျဖစ္ေနတဲ့ အစ္ကိုႀကီးေလး မႏိုးသြားေစဖို႔အတြက္ ခပ္ျဖည္းျဖည္းေလး ေက်ာခိုင္းေနရာကေန အေရွ႕လွည့္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ အဲ့ဒီ့ေနာက္ ညအိပ္မီးေရာင္ေအာက္မွာ ျမင္ေနရတဲ့ အစ္ကိုႀကီးရဲ႕ႏႈတ္ခမ္းေလးကို ခဏတာ ဖိကပ္ရင္း ပါးေလးကို ခပ္ဖြဖြေလးပြတ္သပ္ကာ ရင္ခြင္ထဲတိုးေဝွ႔လိုက္မိေတာ့သည္။
💠💠💠
ေနေရာင္ျခည္ႏုႏုေတြ သူ႔ကိုယ္ေပၚျဖာက်တာနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ အိပ္ခ်င္မျပယ္ေသးတာေၾကာင့္ မေက်မနပ္နဲ႔ ကိုယ္ကို တစ္ျခမ္းေစာင္းလိုက္ရင္း ေနေရာင္ထိုးေနတာကို ေက်ာခိုင္းလိုက္မိေတာ့ ႏို႔နဲ႔ကြတ္ကီးေရာထားတဲ့ အနံ႔သင္းသင္းေလးက သူ႔ႏွာဖ်ားဝ လာ႐ိုက္ခတ္သည္။
" ကိုကို!! ထေတာ့!! သားသား ေက်ာင္းေနာက္က်ေတာ့မယ္ ... "
မ်က္ဝန္းေတြ မဖြင့္ရေသးတာေတာင္ ၾကားလိုက္ရတဲ့အသံဆာဆာေလးေၾကာင့္ သူၿပဳံးလိုက္ရင္း လက္ေတြကို စမ္းတဝါးဝါးေ႐ြ႕လ်ားလိုက္သည္။ အသံပိုင္ရွင္ကို မစမ္းမိ။
" ကိုကိုေရ!! အခုေနမွ ထၿပီး မနက္စာတူတူလာမစားရင္ သားသား ေက်ာင္းေနာက္က်မွာေနာ္ ... ကိုကို႔ကို ပစ္ထားေတာ့မွာေနာ္!! "
စိတ္မရွည္ေတာ့တဲ့အသံပိုင္ရွင္ေၾကာင့္ ေဆာ့ဂ်င္ မ်က္ဝန္းေတြကို ဖြင့္ၾကည့္လိုက္မိသည္။ ကုတင္ေဘးဘက္မွာ ခါးေထာက္ကာ သူ႔ကို ႏႈတ္ခမ္းေလးမဲ့ရင္း ၾကည့္ေနပါတဲ့ အျဖဴလုံးေလး။ နား႐ြက္ႏွစ္ဖက္သာ ရွည္ေနမယ္ဆိုရင္ ေသခ်ာေပါက္ ျဖဴစြတ္စြတ္ယုန္ကေလးပင္။
" ... ~~ အဲ ~~ အင္း ~~~ ထမယ္ .. ဒါေပမဲ့ ..."
အပ်င္းေၾကာဆန႔္ကာ အသံရွည္ဆြဲၿပီး သူ႔လက္ေတြကို ေဂ်ာင္ဂုလက္ေတြဆီ ေရာက္တဲ့အထိ သူလွမ္းလိုက္ရင္း ေဂ်ာင္ဂုကို အိပ္ယာေပၚေရာက္ေအာင္ ဆြဲခ်လိုက္မိသည္။
" … ဟ! ကိုကို! ..."
" အင္း ~~ ငါးမိနစ္ ... ငါးမိနစ္ပဲ ..."
ကပိုက႐ိုနဲ႔ ျပဳတ္က်လာတဲ့အျဖဴလုံးေလးကေတာ့ ေရခ်ိဳးၿပီးခါစမို႔ ထင္သည္။ သုံးေနက်ႏိူ႔ႏွစ္ဆပ္ျပာရည္နံ႔က သင္းသင္းေလးပင္။ သူေဂ်ာင္ဂုကို ခါးကေန တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ကာ ေဂ်ာင္ဂုလည္ဂုတ္ကို သူ႔ႏွာဖ်ားနဲ႔ ပြတ္သပ္နမ္းရႈိက္မိသည္။
" ကိုကိုေရ ~~~ "
ေဂ်ာင္ဂုကေတာ့ သူ႔အျပဳအမူေတြေၾကာင့္ ရင္ခြင္ထဲမွာတင္ လႈပ္လႈပ္႐ြ႐ြျဖစ္လာကာ ဖက္တြယ္ထားတဲ့သူ႔လက္ေတြကို ျပန္ဆုပ္ကိုင္လာသည္။ သူ ေဂ်ာင္ဂုကို အေလ်ာ့မေပးဘဲ ေဂ်ာင္ဂုအက်ႌေအာက္ကေန တိုးဝင္ကာ ေဂ်ာင္ဂုရင္ဘတ္ကို ပြတ္သပ္မိေတာ့ အေကာင္ေပါက္စက သူ႔လက္ေတြကို တားျမစ္ဟန္နဲ႔ ဆုပ္ကိုင္လာသည္။
" ကိုကိုေရ~~ ေက်ာင္းေနာက္က်မွာေနာ္ ~~ လာ မျမဴဆြယ္နဲ႔ ~~ "
သူ႔လက္ေကာက္ဝတ္ကို ကိုင္ကာ အက်ႌထဲကေန အျပင္ဘက္ကို ျပန္ဆြဲထုတ္ရင္း ေျပာလာျပန္ေတာ့ သူ ေဂ်ာင္ဂုပါးျပင္ကို ဖ်ပ္ကနဲ႔ နမ္းလိုက္မိသည္။
" ဟာ!! မ်က္ႏွာလည္း မသစ္ရေသးဘဲနဲ႔ လာနမ္းေနျပန္ၿပီ ကိုကို ညစ္ပတ္!! .. သြား ~~ သားသားကို လာမဖက္နဲ႔ ~~ ထ ေတာ့!!"
ေျပာရင္းနဲ႔ သူ႔လက္ေတြကို ဆုပ္ကိုင္ကာ တြန္းထုတ္ဖို႔ လုပ္ေလေတာ့ သူပိုၿပီး ခပ္တင္းတင္းဖက္ကာ ေခါင္းအုံးထက္ မ်က္ႏွာဖြက္ဖို႔ႀကိဳးစားေနတဲ့ ေဂ်ာင္ဂုရဲ႕ပါးျပင္ကို ဒုတိယအႀကိမ္ နမ္းဖို႔ ႀကိဳးစားမိသည္။
" ဟ! ကိုကိုေနာ္ ...."
" ... တစ္ခါပဲ နမ္းနမ္းတစ္ခါေပးၿပီးရင္ တကယ္ထမယ္ "
" ... "
ေနာက္ဆုံးမွာေတာ့ မရမကကို ပါးျပင္ထက္ အနမ္းလာေႁခြတဲ့ကိုကို႔ကို သူအရႈံးေပးလိုက္ရသည္။ သို႔ေပမယ့္ ကိုကိုဟာ အိပ္ယာကေန အခုထိ မထတဲ့အျပင္ ကိုကို႔လက္ေခ်ာင္းေတြၾကား သူ႔လက္ေခ်ာင္းေတြကို ဆုပ္ယူကာ သူ႔တစ္ကိုယ္လုံးနစ္ျမဳပ္သြားေအာင္ သူ႔ေနာက္ေက်ာကေန ဖက္ထားရင္း သူ႔ဆံႏြယ္စေတြကို တဖြဖြနမ္းေနေသးသည္။
သူနဲ႔ေတြ႕တိုင္း တစ္ကိုယ္လုံးေနရာ အႏွံ႔နမ္းတတ္တဲ့ ကိုကို႔အေၾကာင္းကို သူသိသည္မို႔ ကိုကိုမနမ္းရင္ သူ ေနမတတ္ေတာ့ပါ။ ထပ္ၿပီး ၾကာၾကာေနမိရင္ သူေရာ၊ ကိုကိုပါ ဒီေနရာကေန မထႏိုင္ေတာ့ဘူးဆိုတာ သိေနတာမို႔ ကိုကို႔လက္ေတြကို ဆြဲခြာကာ ရင္ခြင္ထဲကေန ကုန္း႐ုန္းထထိုင္မိသည္။
" ကိုကို!! မဆိုးနဲ႔ေနာ္ ~~ သားသား အေရးႀကီးတဲ့အတန္းခ်ိန္ရွိတယ္ "
" ~~ ကိုကို႔ေလာက္ အေရးႀကီးလား ~~ "
" ႀကီးတာေပါ့ ~~ သားသား ေက်ာင္းျမန္ျမန္ၿပီးမွ ကိုကို႔ေနာက္ တေကာက္ေကာက္လိုက္လို႔ရမွာေလ ..."
သူေျပာမိရင္း ကိုကို႔အၾကည့္ေတြကို မခံယူႏိုင္စြာ လႊဲမိေတာ့ ကိုကို႔လက္ေကာက္ဝတ္ေပၚက ထင္းေနတဲ့ ျပာလဲ့လဲ့အရာေလးဆီ သူအၾကည့္ေရာက္သြားမိသည္။ ျမင္ျမင္ခ်င္းတစ္ခဏမွာပဲ မေန႔က ျဖစ္ပ်က္သမွ်အရာအားလုံးျပန္ေပၚလာေလေတာ့ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
အျပာေရာင္လဲ့ေနတဲ့ ဒီေဝလငါးအၿမီးေလးက မေန႔က ဟိုဆိုင္မွာ ဟိုလူႀကီးကို သူ လက္ညႇိဳးထိုးျပခဲ့တဲ့ လက္ေကာက္ေလးပင္။ အဲ့လူႀကီး ေလွ်ာက္ေျပာေနတယ္လို႔ သူ ထင္ခဲ့မိေပမယ့္ အခုေတာ့ ဒီဟာေလး ကိုကို႔လက္ေပၚမွာ သူေပးမယ့္ဟာထက္ အရင္ဦးဆုံးေနရာယူလာေလေတာ့ စိတ္အလိုမက်မႈက ထင္းကနဲ႔ ထိုးေထာင္ထြက္လာသည္။
အဲ့လူႀကီးေပးတာကို ဘာလို႔ ကိုကိုက ဝတ္ေနရတာလဲ .. မဟုတ္မွ ... အဲ့လူႀကီးရဲ႕စကားအတိုင္း ကိုကိုက သူမဟုတ္တဲ့ တျခားသူေတြနဲ႔လည္း ဒိတ္ေနရတာမ်ိဳး ရွိႏိုင္တာေပါ့ေလ ...
အတန္ၾကာတိတ္ဆိတ္မိၿပီး မ်က္ေမွာင္ၾကဳတ္မိေတာ့ ကိုကိုက သူ စိုက္ၾကည့္ေနတဲ့လက္ေကာက္ဝတ္ေလးဆီ အၾကည့္ေရာက္သြားသည္။
" အာ~~ "
ကိုကိုက တစ္ခုခုေျပာဖို႔ ႀကိဳးစားလိုက္ေပမယ့္ သူကေတာ့ အရင္ဆုံး ေမးခြန္းထုတ္လိုက္သည္။
" ဒါ ဘာလဲ ကိုကို "
ေလသံကေတာ့ မမာေပမယ့္ မႀကိဳက္ေနတဲ့ပုံစံေတာ့အထင္းသားပင္။ သူ႔ေမးခြန္းအဆုံး ကိုကိုကေတာ့ ထို bracelet ေလးကို ဆြဲျဖတ္ကာ ကုတင္ေဘး သူ႔စာၾကည့္စားပြဲနားက အမႈိက္ပုံးထဲ ခ်က္ခ်င္းပစ္လႊင့္လိုက္သည္။ ကိုကို႔အျပဳအမူေၾကာင့္ သူ႔မ်က္ခုံးႏွစ္ဖက္ပင့္တက္သြားမိသည္။
ကိုကို ဘာလုပ္ေနလဲ သူနားမလည္ပါ ...
" အမႈိက္ေလ ~~ ကိုကိုပစ္ဖို႔ ေမ့သြားတာ .. "
ၿပဳံးကာ ေျပာရင္းနဲ႔ အိပ္ယာထက္ ထထိုင္လာေတာ့ ကိုကို႔ကို သူအထူးအဆန္းၾကည့္မိသည္။ သူ႔အၾကည့္မွာေတာ့ ေမးခြန္းေတြက အမ်ားႀကီးပင္။
ဘယ္သူေပးတာလဲဘာလို႔ပစ္လိုက္ရတာလဲ ဘာလို႔အမႈိက္ျဖစ္တာလဲ အမႈိက္ဆိုရင္ ဘာလို႔အစကတည္းက လက္မွာ ဝတ္ထားေသးလဲဝတ္ထားၿပီးေတာ့ အိမ္ကိုေတာင္ ျပန္သယ္လာေသးတယ္ .. မဟုတ္မွ သူေတြခဲ့တဲ့လူႀကီးေပးတာလား ...
ေမးခြန္းမ်ားစြာရွိေနေပမယ့္ ဘယ္ကစေမးရမယ္မသိ၊ သို႔ေပမယ့္လည္း ကိုကိုကေတာ့ သူ႔ကိုသိေနတဲ့အလား အေျဖျပန္ေပးလာခဲ့ပါသည္။
" ... ကိုကိုတို႔ကုမၸဏီမွာ စီနီယာတစ္ေယာက္ရွိတယ္ သူက အသစ္ေတြဆိုရင္ အဲ့လိုပဲ .. ကိုကို သူ႔ဆီက လက္မခံခ်င္ေပမယ့္ အေရွ႕မွာ တျခားသူေတြရဲ႕လက္ေဆာင္ေတြကို လက္ခံထားတာမို႔ မန္ေနဂ်ာမ်က္ႏွာေထာက္ၿပီး လက္ခံလိုက္တာ ... ဒါကို လႊင့္ပစ္မယ္လို႔ စဥ္းစားၿပီးသားပဲ ... "
ကိုကို႔စကားအဆုံးမွာေတာ့ သူမသိမသာသက္ျပင္းခ်လိုက္မိသည္။ အၾကည့္ေတြကေတာ့ အမႈိက္ပုံးထဲက ေဝလငါးအၿမီးေလးဆီမွာ ရွိေနတုန္းပင္။
" .. ဂုဂီ - ya ~~... "
" .. မေခၚနဲ႔ေတာ့ သြားေတာ့ကိုကို ~~ မ်က္ႏွာသစ္၊ေရခ်ိဳးေတာ့ !!"
ေျပာရင္းနဲ႔ပဲ အဲ့ဒီ့လက္ေကာက္အေၾကာင္းကို သူ ေမ့ပစ္ရင္း ကိုကို႔ကို ကုတင္ေပၚကေန ဆြဲခ်ကာ ေရခ်ိဳးခန္းဆီကို ဦးတည္ပို႔လိုက္မိေတာ့သည္။ အဲ့ဒီ့ေနာက္ ေရခ်ိဳးခန္းကေန ထြက္လာမယ့္ကိုကို႔ကို လက္ေဆာင္ေလးေပးဖို႔ သူေစာင့္ေနမိလိုက္ေတာ့သည္။
“ ... ေဂ်ာင္ဂု! ဘာလုပ္ေနတာလဲ ... အခုထိ ေက်ာင္းဝတ္စုံမလဲေသးဘဲနဲ႔ ... "
သူ ေရခ်ိဳးခန္းက ထြက္လာတာနဲ႔ စာၾကည့္စားပြဲမွာ ထိုင္ကာ သူ႔ကို ေစာင့္ေနပုံရတဲ့ ေဂ်ာင္ဂုကို သူၾကည့္လိုက္မိသည္။ ေက်ာင္းဝတ္စုံေတာင္ မလဲရေသးတဲ့ေဂ်ာင္ဂုဟာ ထိုင္ခုံေပၚမွာ လုံးလုံးေလးပင္။ အုပ္က်ေနတဲ့ဆံပင္ေတြကလည္း ေဂ်ာင္ဂုရဲ႕ကေလးမ်က္ႏွာကို ပိုထင္းလာေစသည္။
သူကေတာ့ ေရခ်ိဳးၿပီးခါစမို႔ ခါးထက္မွာ တဘက္ျဖဴတစ္ထည္သာ ရွိသည္။ ေဂ်ာင္ဂုကေတာ့ ထုံးစံအတိုင္း သူ႔အေပၚပိုင္းဗလာျဖစ္ေနတဲ့ကိုယ္ကို ျပဴးေၾကာင္ေၾကာင္ေလးေခါင္းေစာင္းကာ ၾကည့္သည္။
" ... အဟမ္း~~ ဂြၽန္ ေဂ်ာင္ ဂု ေရ !! "
" ဟမ္ ~~ အင္း ~~ ဟို အက်ႌ !! ကိုကို႔ကို အက်ႌဝတ္ေပးမလို႔~~ "
" !!! "
ေျပာမိေျပာရာ ေျပာလိုက္ပုံရတဲ့ေဂ်ာင္ဂုေၾကာင့္ သူ မ်က္ခုံးပင့္ကာ ခါးေထာက္ၾကည့္မိေတာ့ ေဂ်ာင္ဂုက စကားမွားသြားတဲ့ပုံနဲ႔ ႏႈတ္ခမ္းေတြကို ႐ြဲ႕ကာ မ်က္ဝန္းေတြကို ျပဴးက်ယ္ရင္း ယုန္သြားေလးေတြ ထုတ္သုံးလာသည္။
" ... ဟီး ~~ ဟီး ~~ အက်ႌထုတ္ထားေပးတယ္ ေျပာမလို႔ ... ဒါ ဟိုးေရွ႕ႏွစ္လတုန္းက ကိုကိုလာတုန္းက ခ်န္ထားတဲ့အက်ႌေလး ... ၾကယ္သီးျပဳတ္ေနတာျမင္လို႔ ျပန္တပ္ထားေပးတယ္ .."
ေျပာရင္းနဲ႔ ထလာကာ သူ႔ဆီကို ကမ္းေပးေတာ့ သူ လွမ္းယူကာ ဝတ္လိုက္မိသည္။ ၾကယ္သီးတပ္ထားေပးတယ္ဆိုလို႔ ေသခ်ာၾကည့္မွ ေကာ္လံနားေလးမွာ ယုန္ကေလးနား႐ြက္ေထာင္ၾကယ္သီးေလး ရွိေနသည္။
" ... ဒီယုန္ေပါက္ကေတာ့ေလ ... ေပါက္ေပါက္ရွာရွာ ၾကယ္သီးေတြဘယ္ကရွာလာတာတုန္း "
သူ ၾကယ္သီးတပ္ဖို႔ ႀကိဳးစားရင္း ေျပာမိေတာ့ ေဂ်ာင္ဂုရဲ႕လက္ေတြက သူ႔လက္ေတြကို တားျမစ္ကာ သူ႔ကိုေမာ့ၾကည့္လာသည္။
" ... အေဒၚႀကီးကို ေမးၿပီး ရွာဝယ္ထားတာ ေနာက္ဆို ကိုကို႔ပစၥည္းေတြအေပၚမွာ ယုန္ကေလးေတြ ကပ္ထားမယ္ ... သားသားရဲ႕ကိုယ္ပိုင္အမွတ္တံဆိပ္အျဖစ္နဲ႔ေပ့ါ "
ေျပာရင္းဆိုရင္း ေကာ္လံကို ဆြဲခ်ကာ သူ႔ႏႈတ္ခမ္းကို တစ္ခ်က္ဖိဆြဲလာေလေတာ့ သူေဂ်ာင္ဂုရဲ႕ခါးကို ဆြဲေပြ႕ကာ သူ႔ခႏၶာကိုယ္နဲ႔ ပူးကပ္မိသည္။ ေဂ်ာင္ဂုကေတာ့ သူ႔ကို ၿပဳံးၿပဳံးႀကီးပင္ ရီေဝေဝစိုက္ၾကည့္သည္။
ဒီ ၁၇ႏွစ္သားကို စိတ္ရွိလက္ရွိခ်စ္ပစ္လိုက္ခ်င္ေပမယ့္ ေဂ်ာင္ဂုခံစားခ်က္ေတြကို သူငဲ့ေနလို႔သာ ဘာအဆင့္မွ မတက္ႏိုင္ေနတာျဖစ္သည္။ ဒီေပါက္စနေလးကို ဒီအတိုင္း ညာစားရင္လည္း ရတယ္ဆိုေပမယ့္ ေဂ်ာင္ဂုခံစားခ်က္ေတြ ေသခ်ာလာတဲ့အထိ သူေစာင့္ပါမည္။ ေဂ်ာင္ဂုကေတာ့ တစ္ခါေလးေတာင္ ခံစားခ်က္ေတြကို ဆန္းစစ္ဖူးပုံ မေပၚေနပါ။
" .. ေတာ္ေတာ္ဆိုးေနပါလား ... ကဲ ... ဘယ္မွာလဲ ေမြးေန႔လက္ေဆာင္ ..."
" ... ကိတ္ခြဲေပးဖို႔ေတာင္ ေစာင့္ေနတာ ကိုကိုကသာ မွီေအာင္ျပန္မလာတာေလ ... ကိုကိုက ေနာက္က်လြန္းတယ္ .. အယ္ .. ဒါနဲ႔ ညက ကိတ္ေတြက အျပင္စားပြဲမွာေလ ... ကိုကို ဘာလုပ္လိုက္ၿပီလဲ "
" ...မင္းက အိပ္ေပ်ာ္ေနေတာ့ ကိုကိုတစ္ေယာက္တည္း ပါတီလုပ္လိုက္တာေလ ... အခု ဘယ္မွာလဲ လက္ေဆာင္ ! အဲ့ဒီ့ပါတီက လက္ေဆာင္လို႔ေတာ့ မေျပာနဲ႔ေနာ္ .."
သူေျပာမိေတာ့ ေဂ်ာင္ဂုကရယ္ရင္း အိတ္ကပ္ထဲက တစ္စုံတစ္ခုကို ဆြဲယူထုတ္သည္။ အဲ့ဒီ့ေနာက္ သူ႔အေရွ႕မွာတင္ ထုတ္ျပလာေလေတာ့ သူေသခ်ာၾကည့္လိုက္မိသည္။ ႀကိဳးမွ်င္ေသးေသးေလးႏွစ္ခုကို ဆက္သြယ္ထားတဲ့လက္စြပ္ပုံစံေလးနဲ႔ လည္ဆြဲေလးျဖစ္သည္။
" .. ဒန္ ဒန္ .. "
" ... ဒါက ဘာလဲ ... "
" လည္ဆြဲေလ ... ဒီေန႔ကစၿပီး ဘယ္သြားသြား ဘာလုပ္လုပ္ ကိုကိုဝတ္ကို ဝတ္ရမယ့္ လည္ဆြဲပဲ ... အလည္လက္စြပ္ေလးက ကိုကိုနဲ႔သားသား တရားဝင္ခ်စ္ခြင့္ရမယ့္ေန႔ကို ရည္႐ြယ္တာ .. အဲ့ဒီ့ေန႔မေရာက္မခ်င္း ကိုကို ခြၽတ္လို႔မျဖစ္ဘူးေနာ္ "
" ဟင္ အခုလည္း တရားဝင္တြဲေနတာပဲ ဘယ္သူက မင္းကို ခိုးတြဲေနလို႔လဲ ..."
" ကိုကိုေနာ္~~ မေနာက္နဲ႔ ... အခုက ဘယ္လိုလုပ္တရားဝင္တြဲလို႔ရမွာလဲ ... ကိုကိုက တက္သစ္အႏုပညာရွင္တစ္ေယာက္ေလ ~~ သားသား ကိုကိုနဲ႔ တရားဝင္မတြဲႏိုင္ေသးဘူး "
" ... ဂုဂီ ... ကိုကိုက မင္းနဲ႔ဆက္ဆံေရးကို ဖုံးကြယ္ထားတာမရွိဘူးေနာ္ တြဲေနတဲ့သူရွိလားေမးရင္ ခ်က္ခ်င္းပဲ ေျဖမွာ ... ဂြၽန္ေဂ်ာင္ဂု ပါလို႔ .. ဘာေတြျဖစ္လာ ျဖစ္လာ ဂ႐ုမစိုက္ဘူး ..."
သူေျပာမိေတာ့ ေဂ်ာင္ဂုက မ်က္ႏွာမဲ့လာသည္။
" ဟင္အင္း သားသားကေတာ့ ဂ႐ုစိုက္တယ္ ... သားသားနဲ႔တြဲေနတာ တစ္ေယာက္ေယာက္က သိသြားလို႔ အဲ့ဒါကို အသုံးခ်ၿပီး ကိုကို႔ကို ဆြဲခ်မယ္ဆိုတာမ်ိဳး လုံးဝအျဖစ္မခံႏိုင္ဘူး ... သားသားက ကိုကို႔အနားမွာရွိရတာထက္ ကိုကိုေတာက္ပေနတာကို ၾကည့္ရတာမ်ိဳး ပိုသေဘာက်တယ္ ကိုကို "
ေဂ်ာင္ဂုစကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ရင္း ႏႈတ္ခမ္းကို ခြၽန္လိုက္မိသည္။ ေဂ်ာင္ဂုသေဘာက တစ္ေယာက္ေယာက္က လမ္းခြဲဖို႔ လာေျပာရင္ ေဂ်ာင္ဂုက ခ်က္ခ်င္းလမ္းခြဲေပးဖို႔ ဆႏၵရွိတဲ့ပုံပင္။ သူကေတာ့ ဒါမ်ိဳးကို သေဘာမတူ၊ လမ္းခြဲဖို႔ ဖိအားေပးခံရရင္ေတာင္ လမ္းခြဲမွာမဟုတ္။ ေဂ်ာင္ဂုသာ အခ်စ္ကို နားလည္သြားလို႔ တစ္ျခားတစ္ေယာက္ကို ခ်စ္မိသြားရင္ေတာင္ သူ လမ္းမခြဲေပးႏိုင္ပါ။ အတၱႀကီးတယ္ပဲေျပာေျပာ၊ တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ ဘာအေၾကာင္းျပခ်က္နဲ႔မွ လမ္းမခြဲေပးႏိုင္။ ေဂ်ာင္ဂု သူ႔ကိုမခ်စ္ရင္ေတာင္ သူ႔အနားမွာပဲ ေဂ်ာင္ဂုကို ထားပါမည္။
သို႔ေပမယ့္ ေဂ်ာင္ဂုဘက္ကေနသာ သူ႔ကို ခ်န္ထားခဲ့မယ္ဆိုရင္ေတာ့ .... ။
" ကိုကို ~~ ေလွ်ာက္မေတြးနဲ႔ .. သားသားက ကိုကို႔ကို အမ်ားႀကီးခ်စ္တယ္ေလ ... "
သူ ႏႈတ္ခမ္းခြၽန္ထားမိလို႔ စိတ္ဆိုးတယ္ ထင္သြားတဲ့ အေကာင္ေပါက္ကေတာ့ သူ႔ႏႈတ္ခမ္းကို လက္ညႇိဳးနဲ႔ ထိကစားလာသည္။
" ဂုဂီရား ~~~ ကတိတစ္ခုေလာက္ေပးႏိုင္မလား ..."
" ဘာမ်ားလဲ ... "
" ကိုကို႔အျပင္ ေနာက္တစ္ေယာက္ကို မခ်စ္ေစရဘူးဆိုတဲ့ကတိ ..."
" ဟင္ ..."
" ဟုတ္တယ္ ~~ အခု မင္း ကိုကို႔ကို မခ်စ္ဘူးဆိုရင္ေတာင္ တျခားတစ္ေယာက္ကိုေတာ့ သြားခ်စ္လို႔မရဘူး ... အကယ္လို႔ ကိုကိုမဟုတ္တဲ့တျခားတစ္ေယာက္ကို ခ်စ္မိသြားမယ္ဆိုရင္ ~~ "
" အင္း ~~ ကိုကိုမဟုတ္တဲ့တျခားတစ္ေယာက္ကို ခ်စ္မိသြားရင္ ~~ ? "
သူေျပာတာကို အေလးအနက္မထားဘဲ ေျပာင္ေခ်ာ္ေခ်ာ္လုပ္လာေတာ့ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ အဲ့ဒီေတာ့မွ မ်က္ႏွာပိုးေသကာ သူေျပာတာကို အေလးအနက္ျပန္ရွိလာသည္။
" ... မင္းကို မုန္းပစ္ၿပီး မရွိသလို လ်စ္လ်ဴရႈမွာ ~~ "
သူ႔စကားအဆုံး ေဂ်ာင္ဂုက မ်က္ခုံးႏွစ္ဖက္ပင့္တက္ရင္း သူ႔ပါးျပင္ေလးကို လက္ေခ်ာင္းေလးနဲ႔ ပြတ္သပ္သည္။
" စိတ္ခ်ကိုကို ... အဲ့ဒီလိုေန႔က မရွိလာေစရဘူး ... ဘာျဖစ္လို႔လဲဆိုေတာ့ ကိုကို႔ရဲ႕အရာရာအားလုံးထဲမွာ သားသား ေပ်ာ္ဝင္ေနၿပီးသား မို႔လို႔ေလ ..."
အျဖဴလုံးေလးရဲ႕စကားကို ေဆာ့ဂ်င္ၿပဳံးရင္း ပါးျပင္ေလးကို သူ နမ္းရႈိက္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ေျခဖ်ားေထာက္ကာ သူ႔လည္တိုင္ကို ခိုတြယ္လာတဲ့လက္ေလးေတြက လည္ဆြဲတပ္ေပးဖို႔ ႀကိဳးစားေလေတာ့ သူအနည္းငယ္ငုံ႔ခ်လိုက္မိသည္။ သူ ငုံ႔ခ်လိုက္တာမို႔ သူ႔ႏွာဖ်ားဝက ေဂ်ာင္ဂုလည္တိုင္နဲ႔ ကြက္တိပင္။ သူ အသည္းယားစြာနဲ႔ တစ္ခ်က္ ဆြဲနမ္းမိေတာ့ ေဂ်ာင္ဂု ခႏၶာကိုယ္ေလး တုန္တက္သြားေပမယ့္ ခ်က္ခ်င္းပင္ သူလုပ္သလိုမ်ိဳး ျပန္လိုက္လုပ္ကာ သူ႔လည္တိုင္ေပၚက လက္စြပ္ကြင္းေလး ရွိေနတဲ့ညႇပ္႐ိုးတည့္တည့္ကို ႏႈတ္ခမ္းနဲ႔ လာဖိကပ္သည္။
ခ်စ္ရပါေသာ ဒီလူသားေလးရဲ႕ ခပ္ကဲကဲအျပဳအမူေတြကို သူ သေဘာက်စြာ ၿပဳံးရင္း တူညီတဲ့အခ်စ္ေတြ ရွိေနဖို႔ သူဆုေတာင္းလိုက္မိသည္။
ေဂ်ာင္ဂုကေတာ့ သူ႔လည္တိုင္ေပၚမွာ ရွိေနတဲ့ ႀကိဳးေလးကို ၾကည့္ၿပီး သေဘာက်စြာ ရယ္ေနခဲ့ပါေတာ့သည္။
အဲ့ဒီ့အခ်ိန္အထိ သူ ေသခ်ာသိပါသည္ .. ေဂ်ာင္ဂုဟာ သူ႔ကို မခ်စ္ေသးဘူးဆိုတာ ...။
💠💠💠
“ ... ေဆာ့ဂ်င္ … ေက်ာင္းစာေတြကေရာ ဘယ္လိုရွိလဲ ... ညပိုင္း အတန္းခ်ိန္ထပ္ယူလိုက္ ... ၿပီးေတာ့ ဟိုေကာင္ေလးနဲ႔ ခိုးေတြ႕ေနတာ ေလ်ာ့! "
အေဖနဲ႔ ညစာအတူတူစားရင္း အေဖ့ဆီက မေျပာစဖူး အသံထြက္လာေတာ့ သူအေဖ့ကို ၾကည့္လိုက္မိသည္။ သူ ေဂ်ာင္ဂုနဲ႔ တြဲေနတာ အေဖသိေပမယ့္ အခုလိုေတာ့ တားျမစ္တာမ်ိဳး မရွိခဲ့။
" ခိုးမေတြ႕ပါဘူး ... ကြၽန္ေတာ္က ခိုးတြဲေနတယ္ထင္လို႔လား ...ၿပီးေတာ့ ေက်ာင္းစာေတြလဲ ႏိုင္ပါတယ္ ... assignmentလဲ ပုံမွန္ထပ္တယ္… "
" မင္းကို အႏုပညာရွင္ျဖစ္ေစခ်င္ခဲ့တယ္ဆိုတာ ... ငါ့လုပ္ငန္းရဲ႕အဓိက ျဖစ္တဲ့ အဲ့ဒီ့အႏုပညာရွင္ေတြရဲ႕ခံစားခ်က္ကို သိေစခ်င္လို႔ပဲ ... အခ်ိန္တန္ရင္ေတာ့ ငါ့ေနရာကို မင္းယူရမွာ ... အဲ့ဒီေတာ့ သူမ်ားေတြထက္ ႏွစ္ဆ ႀကိဳးစားဖို႔လိုတယ္ ... "
" သိပါတယ္ ... ႀကိဳးစားေနတာမို႔လို႔ အေဖက စိတ္မပူပါနဲ႔ ... ၿပီးေတာ့ ေဂ်ာင္ဂုကို ေစာင့္ေရွာက္ေပးလို႔လည္း ေက်းဇူးတင္ပါတယ္ ..."
အေဖက မာမီလို ေပၚတင္ေစာင့္ေရွာက္တာမ်ိဳးမဟုတ္ေပမယ့္ ေနာက္ကြယ္ကေန တိတ္တိတ္ေလး ေစာင့္ေရွာက္ေပးေနတာ သူသိေတာ့ ေက်းဇူးစကားဆိုလိုက္မိသည္။ ကြယ္လြန္သူ ေဂ်ာင္ဂုအေဖဟာ သူ႔အေဖနဲ႔ သူငယ္ခ်င္းထက္ပိုရင္းႏွီးတဲ့ ဆက္ဆံေရးရွိတယ္ဆိုတာေတာ့ သူ အနည္းအက်ဥ္းသိထားပါသည္။
" အခုတေလာေတာ့ ေတြ႕တာ ေလ်ာ့လိုက္ပါ ေဆာ့ဂ်င္ ေဂ်ာင္ဂုေနာက္ကို ေနာက္ေယာင္ခံလိုက္ေနတဲ့သူတစ္ေယာက္ရွိေနတယ္ ... အဲ့ဒီ့လူက ပ႐ိုဂ်ဴဆာဟြမ္ရဲ႕လူပဲ ... ... ၿပီးေတာ့ မင္းကို s*x partnerအတြက္ ကမ္းလွမ္းတယ္ဆို !! "
သူဘာျဖစ္ေနတယ္ ဆိုတာ အတိအက်သိေနတဲ့အျပင္ ေဂ်ာင္ဂုကိစၥကိုပါ သိေနေတာ့ သူမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ေဂ်ာင္ဂုကို ဘာျဖစ္လို႔ ပ႐ိုဂ်ဴဆာဟြမ္က ေနာက္ေယာင္ခံလိုက္ရတာလဲ ... သူနဲ႔ ပတ္သက္ၿပီး သိေနလို႔လား ... မဟုတ္မွ ေဂ်ာင္ဂုကိုလည္း သူ႔လိုမ်ိဳး ကမ္းလွမ္းဖို႔ ႀကိဳးစားေနတာလား ...
" ... အဲ့ဒီ့ေကာင္ကို ကုမၸဏီကေန ျဖဳတ္ခ်လို႔မရဘူးလား ... သူက ဘာအကန႔္ရွိလို႔ ေဂ်ာင္ဂုေနာက္ကို လိုက္ရတာလဲ .. အေဖ!!! ေဂ်ာင္ဂု ထိခိုက္လို႔မျဖစ္ဘူးေနာ္ .... ေဂ်ာင္ဂုကို ကာကြယ္ဖို႔ ကြၽန္ေတာ္ စီစဥ္လိုက္ရမလား ... မဟုတ္ရင္ အေဖ့အိမ္မွာ ေဂ်ာင္ဂုကို ထားလိုက္ရမလား "
ကင္မ္မင္ဆြန္းတစ္ေယာက္ သူ႔ေရွ႕မွာ အခ်စ္ေၾကာင့္ ေယာက္ယတ္ခတ္ေနတဲ့ သားျဖစ္သူကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္မိသည္။ ေျပာခ်င္ေနတဲ့အေၾကာင္းအရာက သားျဖစ္သူ s*x partner အျဖစ္ကမ္းလွမ္းခံရလို႔ ေဒါသထြက္ၿပီး ဘယ္လိုဆက္လုပ္မယ္ဆိုတဲ့ အေၾကာင္းအရာျဖစ္သည္။ သို႔ေပမယ့္ သားျဖစ္သူကေတာ့ သူ႔ကိုယ္သူ အရင္စိတ္မပူဘဲ သည္းသည္းလႈပ္ေနရတဲ့ခ်စ္သူေကာင္ေလးကိုသာ အပူတကပ္ကပ္ျဖစ္ေနသည္။
" ကင္ ေဆာ့ ဂ်င္ ~~ ဂြၽန္ေဂ်ာင္ဂုကို စိတ္မပူဘဲ ... မင္းကိုယ္မင္းသာ ဘယ္လိုလွည့္ကြက္သုံးၿပီး ေရွာင္ရမလဲ ေတြးစမ္းပါ ... ဟြမ္က အက်င့္မေကာင္းေပမယ့္ ငါ့ကုမၸဏီမွာ သူ႔ကို လိုေနေသးတယ္ ... ၿပီးေတာ့ ... မင္းမာမီက မင္း ေဂ်ာင္ဂုနဲ႔ တြဲေနတာကို မသိဘူးမဟုတ္လား ... ဘယ္အခ်ိန္ထိ ဖုံးကြယ္ထားမွာလဲ "
အေဖေမးေတာ့ သူစားလက္စ ဇြန္းကို ျပန္ခ်ကာ ႏႈတ္ခမ္းေတြကို သုတ္လိုက္မိသည္။
" ... လက္ထပ္ဖို႔ အ႐ြယ္ေရာက္တဲ့အခ်ိန္က်မွ မာမီ့ကို အသိေပးမွာပါ ... "
" ေကာင္းၿပီေလ ... ကဲ စားၿပီးရင္ ငါ့လက္ေထာက္ မင္းကို လာႀကိဳလိမ့္မယ္ ... ငါက ပါတီရွိတာမို႔လို႔ သြားၿပီ ေဆာ့ဂ်င္ !! ၿပီးေတာ့ အတတ္ႏိုင္ဆုံး စိတ္ထိန္းၿပီးေနစမ္းပါ ... အင္တာတိန္းမန႔္နယ္ပယ္က စကားတစ္ခြန္းမွားတာနဲ႔ လိုသလို ခ်ဲ႕လို႔ရတယ္ဆိုတာ သိတယ္မဟုတ္လား ... ဂ႐ုစိုက္ၿပီး ကိုယ့္image ကိုယ္ထိန္း ..."
ေပါ့ေပါ့ပါးပါးပင္ အႀကံေပးကာ ထထြက္သြားတဲ့ တစ္ေခတ္တစ္ခ်ိန္က ၾကယ္ပြင့္ႀကီး ကင္မင္ဆြန္းကို ေဆာ့ဂ်င္ ၿပဳံးကာ ေခါင္းညိတ္ရင္း ရွိေနတဲ့ လိေမၼာ္ရည္ခြက္ကို ကုန္ေအာင္ ေသာက္လိုက္မိသည္။ သူ႔ရဲ႕အေဖဟာ တစ္ခ်ိန္က ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ HYPE Label ကို ဦးစီးေနတဲ့ ဥကၠဌတစ္ေယာက္ျဖစ္သည္။ ေတာ္ေတာ္မ်ားမ်ားက သူနဲ႔အေဖ့ရဲ႕ေတာ္စပ္မႈကို မသိၾကပါ ...။ အေဖနဲ႔ တူတူမေနတာေၾကာင့္လည္း ဘယ္သူမွ သတိမထားမိ။ သူကိုယ္တိုင္လည္း ထုတ္ေျပာတာမ်ိဳးမရွိသလို ေဂ်ာင္ဂုေတာင္မွ သူ႔အေဖဟာ ကင္မင္ဆြန္းဆိုတာကို မသိ။ ဒီအတိုင္း အႏုပညာရွင္၊ စီအီးအိုတစ္ေယာက္လို႔သာ သိထားတာျဖစ္သည္။
ေတာ္ေတာ္မ်ားမ်ားကိုလည္း အေဖက ခ်ဳပ္ကိုင္ႏိုင္စြမ္းရွိတာမို႔ သူဟာ အေဖ့အားကိုးနဲ႔ ေဂ်ာင္ဂုကို ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္တာျဖစ္သည္။ အေဖက သိပ္မေတြ႕နဲ႔လို႔ ေျပာလိုက္ေပမယ့္ ေဂ်ာင္ဂုကို ေနာက္ေယာင္ခံလိုက္ေနတာသိေတာ့ သူ ေဂ်ာင္ဂုဆီ ညတိုင္း သြားကို သြားမွ ျဖစ္ေတာ့မည္။
ေဆာ့ဂ်င္ေတြးလိုက္မိရင္း လိေမၼာ္ရည္ကုန္ၿပီမို႔ ထထြက္ဖို႔ ႀကိဳးစားလိုက္မိသည္။ ဟိုတယ္ရဲ႕ စားေသာက္ဆိုင္မို႔ လူရွင္းေနတဲ့အျပင္ တစ္ဖက္ျခမ္းမွာလဲ Studying Cafeရွိေနတာမို႔ တိတ္ဆိတ္လြန္းလွသည္။ အေဖ့လက္ေထာက္ကေတာ့ လာႀကိဳမယ္လို႔ေျပာေပမယ့္ သူကေတာ့ ေလွ်ာက္သြားခ်င္ပါေသးသည္။ ထို႔ေၾကာင့္ maskေလးတပ္ကာ oversized hoodie ႀကီးကို ေခါင္းေစာင္းလိုက္မိသည္။ ေဆာင္းတြင္းမို႔ အေအးဓာတ္က ခပ္ကဲကဲပင္။
" ... ကြၽန္ေတာ့္ ေကာင္မေလးကို ခင္ဗ်ား ထိစရာမလိုဘူး … "
႐ုတ္တရက္ သိပ္ရင္းႏွီးရတဲ့အသံေၾကာင့္ ေဆာ့ဂ်င္ေျခလွမ္းေတြ ရပ္တန႔္သြားမိသည္။
" ... မင္းက? အဟက္ !! ... ငါတို႔ မပ်က္ခင္ကတည္းက တြဲေနၾကတာလား ... ဒါဆို ေဖာက္ျပန္တာပဲေပါ့ ... မင္းလည္းေဖာက္ျပန္တာခ်င္း အတူတူ ငါ့ကို လာမစြပ္စြဲနဲ႔ ရွင္းခူ႐ို!! "
" ... မဟုတ္ဘူး! ခင္ဗ်ားနဲ႔ ျပတ္ၿပီးမွ ကြၽန္ေတာ္နဲ႔တြဲတာ ... အဲ့ဒါေၾကာင့္ ကိုယ္ထိလက္ေရာက္က်ဴးလြန္တာမ်ိဳးလာမလုပ္နဲ႔ ... "
မယုံၾကည္ႏိုင္စြာ ေဆာ့ဂ်င္လွည့္ၾကည့္မိေတာ့ Studying Cafe ရဲ႕အျပင္ဘက္မွာ ခ်စ္လွစြာေသာ ဂြၽန္ေဂ်ာင္ဂုနဲ႔ ေကာင္မေလးတစ္ေယာက္ရယ္၊ ေနာက္ထပ္အျခားေကာင္ေလးတစ္ေယာက္ရယ္ကို ျမင္လိုက္ရသည္။ ၾကားရတဲ့စကားေတြအတိုင္းေတာ့ ေဂ်ာင္ဂုဟာ ေဘးက ရွင္းခူ႐ိုဆိုတဲ့ေကာင္မေလးကို ကာကြယ္ေပးေနပုံရၿပီး တစ္ဖက္ကေကာင္ေလးကေတာ့ ေကာင္မေလးရဲ႕အဆက္ေဟာင္းျဖစ္ပုံရသည္။
" ... လုပ္ေတာ့ ဘာျဖစ္ခ်င္လဲ ... အဲ့ေကာင္မကေလ ... ငါ ဝါးၿပီးသားဆိုတာ မင္းသိလား .. "
တစ္ဖက္ေကာင္ေလးရဲ႕စကားအဆုံးမွာ သူ႔ေပါက္စနက မ်က္ႏွာႀကီးနီကာ တစ္ဖက္ေကာင္ေလးရဲ႕ေကာ္လံကို ေဆာင့္ဆြဲသည္။ သူ တစ္ခါေလးေတာင္ မျမင္ဖူးတဲ့ ဂြၽန္ေဂ်ာင္ဂုရဲ႕ ပုံစံမို႔ သူေၾကာင္အစြာ ေငးၾကည့္ေနမိရင္း ရင္ဘတ္က နာလာသလိုပင္။
သူ ဖူးဖူးမႈတ္ထားရတဲ့ေကာင္ငယ္ေလးက အခုေတာ့ တျခားသူတစ္ေယာက္ကို ကာကြယ္ေပးေနတာတဲ့လား ... သူေတာင္ မျမင္ဖူးတဲ့ ေကာင္ငယ္ေလးရဲ႕ရင့္သီးတဲ့ပုံစံဟာ သူ႔ကိုေတာင္ ေၾကာက္လန႔္သြားဖို႔ လုံေလာက္သြားေစခဲ့သည္။
" အဲ့ဒီေတာ့ ဘာျဖစ္လဲ! ငါက ခ်စ္ၿပီး တန္ဖိုးထားရင္ ရၿပီမဟုတ္လား ... ရွင္းခူ႐ိုက ငါ့ေကာင္မေလးမို႔လို႔ ေနာက္ကြယ္မွာ ဒီစကားေတြ ထပ္ၾကားရင္ အခုလို ေသဖို႔သာျပင္ ..."
ေျပာေျပာဆိုဆို ေဂ်ာင္ဂုက တစ္ဖက္ေကာင္ေလးကို ခြပ္ကနဲ႔ ထိုးခ်လိုက္သည္။ ဘာေၾကာင့္ အဲ့ဒီ့ေလာက္ထိ ရဲေနရလဲ သူ မသိေပမယ့္ တစ္ဖက္ေကာင္ေလးက ေဂ်ာင္ဂုကို ျပန္တုံ႔ျပန္မယ့္အခ်ိန္မွာေတာ့ သူ ထိုေနရာကို သြားဖို႔လိုလာၿပီဆိုတာေတာ့ သိလိုက္ရသည္။
" အထက္တန္းေက်ာင္းသားတစ္ေယာက္ကို အႏိုင္က်င့္မလို႔လား !! မင္းက ဂ်ဴနီယာႏွစ္ကေကာင္ပဲရွိေသးတာကို ! "
ေဂ်ာင္ဂုကို ျပန္ဆြဲထိုးမယ့္လက္ေတြကို သူဖမ္းဆြဲရင္း တြန္းထုတ္လိုက္သည္။ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတာမို႔ ကြက္ၾကည့္ ကြက္ၾကည့္လုပ္လာတဲ့လူေတြေၾကာင့္ ထိုေကာင္ေလးက လက္ေလ်ာ့လိုက္ေပမယ့္ ေဂ်ာင္ဂုကေတာ့ သူ႔ကို တအံ့တဩၾကည့္သည္။
" ကိုကို~~ "
လုံးဝမထင္မွတ္ထားတဲ့ပုံမို႔လို႔ အံ့ဩကာ တုန္လႈပ္သြားပုံေပၚသည္။ ေဘးက ေကာင္မေလးကေတာ့ သူနဲ႔ေဂ်ာင္ဂုကို အူေၾကာင္ေၾကာင္ပင္ ၾကည့္ေနေသးသည္။
" လစ္ေတာ့ ေကာင္ေလး! ျပသနာႀကီးေအာင္ မလုပ္ခ်င္စမ္းနဲ႔ "
သူ ျပန္ေျဖရင္း ပထုတ္မိေတာ့ ထိုေကာင္ေလးက လက္ေလ်ာ့ကာ ထြက္သြားေပမယ့္ ေဂ်ာင္ဂုကို မေက်မနပ္ၾကည့္သြားေသးသည္။ ေနာက္ေယာင္ခံလိုက္တဲ့ကိစၥက မၿပီးေသးခင္ ေဂ်ာင္ဂုကေတာ့ သူစိတ္ပူရေအာင္ ေနာက္ျပသနာတစ္ခုကို ထပ္ရွာေနျပန္ၿပီျဖစ္သည္။
" ... ကိုကို ... သားသားကေလ .. "
" ပါးစပ္ေပါက္ကို ပိတ္ၿပီး လိုက္ခဲ့ ဂြၽန္ေဂ်ာင္ဂု! "
ခုနကပုံရိပ္ေတြနဲ႔ မတူစြာ ေပ်ာ့ေပ်ာင္းႏူးညံ့လာတဲ့ ေဂ်ာင္ဂုကို လက္ေကာက္ဝတ္ကေန သူ ကိုင္ဆြဲရင္း ထိုေနရာကေန တ႐ြတ္တိုက္ေခၚခဲ့မိသည္။ က်န္ေနခဲ့တဲ့ေကာင္မေလးကိုေတာ့ သူ မပူ။ အဲ့ဒီ့ေနာက္ အသင့္ေစာင့္ေနတဲ့ အေဖ့လက္ေထာက္ရဲ႕ကားထဲ အတင္းထည့္ကာ သူ စကားတစ္ခြန္းေတာင္ မေျပာဘဲ ကြန္ဒိုကိုသာ တန္းေမာင္းေစလိုက္သည္။
" ကိုကို ~~ သားသား ... သားသားကို စိတ္ဆိုးေနတာလား ... ကိုကို ... သားသားနဲ႔ ႐ို႐ိုကေလ ... "
" ငါ ေမးမိလို႔လား ဂြၽန္ေဂ်ာင္ဂု ... "
အိမ္အထိေတာင္ မျပန္ရေသးဘဲ ကားေပၚကဆင္းတာနဲ႔ ရွင္းျပဖို႔ ႀကိဳးစားလာေလေတာ့ ေဆာ့ဂ်င္ စကားသံမာသြားမိသည္။ ေဂ်ာင္ဂုနဲ႔တြဲၿပီးကတည္းက ေဂ်ာင္ဂုအေပၚ စကားမာမာေတြ မေျပာခဲ့တာ ေတာ္ေတာ္ၾကာခဲ့ၿပီေလ။ အခုေတာ့ သူ႔ေလသံေၾကာင့္ ေပါက္စနေလးက လန႔္ကာ မ်က္ႏွာညႇိဳးေနၿပီျဖစ္သည္။ အျပစ္လုပ္ထားသလို မ်က္ႏွာေလးက ေခါင္းငုံ႔ကာ သူ ဆူပူႀကိမ္းေမာင္းမွာကို အသင့္ခံယူမယ့္အေနအထားျဖစ္ေနေတာ့ သူ ဆူရမလား၊ ေခ်ာ့ရမလား မခြဲတတ္ေတာ့။ တကယ္ကို စိတ္ဆိုးေနပါလ်က္နဲ႔ ေဂ်ာင္ဂုက သူ႔ကို မခ်စ္ေသးဘူးဆိုတဲ့အသိက ဝင္လာေတာ့ သူ႔ခမ်ာ တစ္ေယာက္တည္း ဝမ္းနည္းေဒါသေတြထြက္လာရသည္။ ဒါကို ဒီအေကာင္ေပါက္စနေလးက နားလည္ႏိုင္မွာမဟုတ္။
သူက အျမတ္တႏိုး တန္ဖိုးထားရတဲ့အရာေလးက တျခားသူတစ္ေယာက္ကို အထိခိုက္ခံၿပီးကာကြယ္ေပးေနတာျမင္ေတာ့ သူလည္း လူသားမို႔ ရင္နာတတ္ပါသည္။
" ... "
ေဂ်ာင္ဂုမ်က္ႏွာကို ၾကည့္ကာ ဘာစကားမွ မထြက္လာေတာ့သည္မို႔ ေက်ာခိုင္းၿပီးအေဆာက္အဦထဲ ဝင္ဖို႔ ႀကိဳးစားမိသည္။ ေဂ်ာင္ဂုကေတာ့ သူ႔အေနာက္ကေန တျဖည္းျဖည္းလိုက္လာကာ တီးတိုးေရ႐ြတ္သည္။
" ... ဒါေပမယ့္ ရွင္းျပခ်င္တယ္ေလ ..."
တကယ္ကို တိုးညင္းတဲ့အသံေပမယ့္ သူၾကားမိေတာ့ အိမ္ထဲထိေရာက္ေအာင္ မသြားႏိုင္ေတာ့။ ခ်က္ခ်င္း ေဂ်ာင္ဂုကို အေဆာက္အဦနံရံနဲ႔ကပ္ကာ သူ ငုံ႔မိုးရင္း ေမးခြန္းထုတ္မိသည္။
" ... ရည္းစား? ေကာင္မေလး? ခ်စ္ၿပီး တန္ဖိုးထားရင္ ရၿပီ?? .... ဘာေတြလဲ ဂြၽန္ေဂ်ာင္ဂု! ဟိုတစ္ေန႔ကတင္ ဘာကတိေပးထားတာလဲ ေမ့ေနတာလား ? "
ခက္ထန္ေနတဲ့သူ႔အသံေတြၾကားမွာ ေဂ်ာင္ဂုဟာ ေနမထိထိုင္မသာ ျဖစ္ေနပုံေပၚသည္။ အမွားလုပ္မိထားသလို အထိတ္ထိတ္အလန႔္လန႔္နဲ႔ သူ႔ကို ေျဖရွင္းခ်က္ေတြ ေပးျပန္သည္။
" ... ကိုကိုက သားသား ရွင္းျပတာကို အရင္နားမေထာင္ဘဲ ဘာလို႔လာေအာ္ေနတာလဲ... သားသားက သားသားတို႔ စာလုပ္ေနတာကို လာမေႏွာင့္ယွက္ေစခ်င္႐ုံပဲ ... သားသားက ခူ႐ိုနဲ႔စာလုပ္မလို႔ကို သူက အဲ့လိုေႏွာင့္ယွက္ေနေတာ့ ေနာက္ခါမလာရေအာင္လို႔ ေျပာလိုက္တာကို ... ကိုကိုက အေၾကာင္းစုံလဲ မသိဘဲနဲ႔ ... ေလွ်ာက္ဆူေနတယ္ !! "
ျပန္ေျဖရွင္းလာတဲ့ ေဂ်ာင္ဂုစကားေတြေၾကာင့္ သူ႔ဝမ္းနည္းေဒါသက တစ္ဝက္ေလ်ာ့သြားေပမယ့္ သူ႔အတြက္ အပူတစ္ခုတိုးလာသလို ခံစားလိုက္ရသည္။ ရွင္းခူ႐ိုဆိုတဲ့ေကာင္မေလးနဲ႔ သူငယ္ခ်င္းေတြဆိုတာ သိေပမယ့္ ႐ုတ္တရက္ ခံစားခ်က္ေတြ ေျပာင္းလဲခဲ့ရင္ ေနာက္ဆုံးက်န္ေနခဲ့မွာ ကင္ေဆာ့ဂ်င္ဆိုတဲ့ သူသာျဖစ္သည္မို႔ေလ။
" ... ၾကည့္!! ကိုကို သားသားကို ဆူဖို႔ စကားလုံးေတြ စဥ္းစားေနျပန္ၿပီမဟုတ္လား!! ကိုကို႔ေၾကာင့္နဲ႔ ဒီေန႔ သားသား စာမလုပ္ရေတာ့ဘူး ... "
အျပစ္လုပ္သူက ဂြၽန္ေဂ်ာင္ဂုေပမယ့္ လက္ေတြ႕မွာေတာ့ ကင္ေဆာ့ဂ်င္ ဆိုတဲ့သူက ေဂ်ာင္ဂုဆီကေန အဆူခံလိုက္ရသလိုပင္။ တကယ္က ေဒါသထြက္ေနတဲ့သူ႔ကို ေဂ်ာင္ဂုက စိတ္ေျဖႏိုင္ေအာင္ လမ္းေၾကာင္းေျပာင္းေနတယ္ဆိုတာ သူသိသည္။ တစ္ေယာက္ေယာက္ေၾကာင့္ သူ ေဒါသထြက္လာတိုင္း ေဂ်ာင္ဂုလုပ္ေပးေနက်အက်င့္မို႔လို႔ပင္။
" ... ဂြၽန္ ေဂ်ာင္ ဂု ! ဒီတစ္ခါ မင္းကို ငါ တကယ္ စိတ္တိုေနတာေနာ္ .."
" ... အင္းေလ ~~ သားသားက .. ဘယ္ႏွစ္ခါ ကိုကို႔ကို လိမ္ဖူးလို႔လဲ သားသားေျပာျပတာ အကုန္အမွန္ေတြပဲေလ ... လာမေႏွာင့္ယွက္ရေအာင္ လိမ္ေျပာလိုက္တာပါဆိုေန ... ကိုကိုက သားသားကို မယုံဘူးလား ... သားသားေျပာၿပီးသားေနာ္ သားသားက ကိုကို႔ရဲ႕အရာရာအားလုံးထဲမွာ ေပ်ာ္ဝင္ၿပီးသားမို႔လို႔ ကိုကို သံသယေတာင္ျဖစ္စရာမလိုဘူး ..."
သူ႔ကိုမ်က္ေမွာင္ၾကဳတ္ကာ မသကၤာသလို ၾကည့္လာတဲ့ ကိုကို႔ကို သူ အသည္းအသန္ေျဖရွင္းျပေနေပမယ့္ ကိုကို သူ႔ကို မယုံၾကည္တာ သူ ခံစားမိသည္။ ကိုကို သူ႔ကို အထိခိုက္မခံရေလာက္ေအာင္ သိပ္ခ်စ္တယ္ဆိုတာ သိေပမယ့္ ကိုကိုဟာ သူ႔ကို အျပစ္ရွိတဲ့ခံစားခ်က္ေတြ အၿမဲေပးေနသလိုပင္။ ဥပမာေျပာရရင္ သူ႔ကို မယုံၾကည္တာမ်ိဴးေပါ့။ မယုံၾကည္တာကို ထုတ္ေျပာတာမ်ိဳး မလုပ္ေပမယ့္ တစ္ခါတေလ ကိုကို သူ႔ကို ၾကည့္တဲ့အၾကည့္ေတြမွာ အထင္းသားျမင္ရသည္။
" ... ဟုတ္ၿပီ ... ဒီတစ္ခါေတာ့ မင္းကို ထပ္မဆူေတာ့ဘူး ဂြၽန္ေဂ်ာင္ဂု ~~ ဒါေပမဲ့ ... အဲ့ဒီ့ ရွင္းခူ႐ိုဆိုတဲ့ ေကာင္မေလးနဲ႔ တြဲသြားတြဲလာ သိပ္မလုပ္နဲ႔ ... မႀကိဳက္ဘူး ဂြၽန္ေဂ်ာင္ဂု ... သဝန္တိုရေအာင္ လာမလုပ္နဲ႔ ... "
သူ႔စကားေၾကာင့္ ေဂ်ာင္ဂုကေတာ့ မ်က္ႏွာမဲ့ေနရာကေန တျဖည္းျဖည္း ၿပဳံးရယ္လာသည္။ အဲ့ဒီ့ေနာက္ ရယ္ခ်င္စိတ္ကို ထိန္းမရဟန္ေလးနဲ႔ သူ႔ကို အားရပါးရရယ္ကာ သူဝတ္ထားတဲ့ maskကို ဆြဲခြၽတ္သည္။
" ဟား ... ဟား ကိုကို သဝန္တိုေနတာပဲ ... မ်က္ႏွာေလးျပပါဦး ... သဝန္တိုေနတဲ့မ်က္ႏွာေလး ...ကိုကိုေရ ျပပါဦးလို႔ ..."
လက္ေခ်ာင္းေသးေသးေတြက သူ႔မ်က္ႏွာကို ကိုင္တြယ္ဖို႔ ႀကိဳးစားလာေလလွ်င္ သူေရွာင္ဖယ္လိုက္မိသည္။
" ကိုကိုေရလို႔ !!"
" .. "
" ခ္ ခ္ "
သူ႔မ်က္ႏွာကို ထိကိုင္ဖို႔ ႀကိဳးစားေနတဲ့ ေဂ်ာင္ဂုေၾကာင့္ ထိုေနရာကေန ကြန္ဒိုဆီ ေျပးတက္ဖို႔ ေျခဦးလွည့္လိုက္သည္။ စိတ္တိုေနတာေတြေတာင္ ေပ်ာက္ရွရေလာက္ေအာင္ ေဂ်ာင္ဂုရယ္သံေတြက သူ႔စိတ္ကို ႐ႊင္ပ်လာေစလွ်င္ သူပါ ေရာေယာင္ၿပီး ၿပဳံးလိုက္မိသည္။ ေျခလွမ္းက်ဲေတြနဲ႔ အေဆာက္အဦထဲဝင္သြားတဲ့ သူ႔ေနာက္ကိုေတာ့ ေဂ်ာင္ဂုက ေျပးလိုက္ကာ သူ႔ကိုယ္ေပၚကို ေနာက္ေက်ာကေန ခြတက္လာသည္။
" ဟ! ျပဳတ္က်မယ္ေလ .. ျပဳတ္က်မယ္ေလ ဂြၽန္ေဂ်ာင္ဂုေရ ..."
သူ႔ခါးထက္ခြင္ထားတဲ့ေျခေထာက္ေတြကို အၿငိမ္မေနဘဲ လႈပ္႐ြကာ သူ႔လည္တိုင္ကို တင္းေနေအာင္ဖက္ရင္း သူ႔မ်က္ႏွာနား ကပ္လာေလတဲ့ အေကာင္ေပါက္စကို သူတင္ပါးကေနထိန္းကိုင္လိုက္မိသည္။
" ဟင္အင္း ... ကိုကို႔လက္ထဲမွာဆို သားသား ဘယ္ေတာ့မွ အနာတရျဖစ္မွာမဟုတ္ဘူး ... ကိုကိုေရ ... အခုေတာ့ မ်က္ႏွာေလးျပပါဦး ... သဝန္တိုေနတဲ့ ကိုကို႔မ်က္ႏွာေလးကို အလြတ္မွတ္ထားမလို႔ ... "
ေျပာေျပာဆိုဆို သူ႔မ်က္ႏွာအနားပိုတိုးကပ္ကာ သူ႔ပါးျပင္ထက္ အနမ္းေတြ ဆက္တိုက္ေႁခြခ်လာေတာ့ သူလည္း ၿပဳံးရယ္ရင္း ထိုအေနအထားအတိုင္း ေဂ်ာင္ဂုေလးကို အိမ္အထိ ေရာက္ေအာင္ပို႔ေပးလိုက္မိေတာ့သည္။
ထိုအခ်င္းအရာအားလုံးကိုေတာ့ မွတ္တမ္းတင္ထားတဲ့ သူတစ္ေယာက္။
" ပို႔ေပးလိုက္ပါၿပီ ... ဆရာ ... စစ္ေဆးၾကည့္ပါဦး "
ေႏွာင့္ေႏွးျခင္း နည္းနည္းေလးေတာင္မရွိပါဘဲနဲ႔ ေရာက္ရွိသြားတဲ့ ပုံေတြနဲ႔ မွတ္တမ္းေတြကိုေတာ့ ေသခ်ာၾကည့္ကာ ဟြမ္ဂင္ဝန္း ရယ္လိုက္မိသည္။
" အိုဟိုး! ... ထင္တဲ့အတိုင္း ဒီစိတ္ဝင္စားစရာ အေကာင္ေပါက္ေလးကလည္း ကင္ေဆာ့ဂ်င္နဲ႔ ပတ္သက္ေနပါလား ... အတြဲေတြထင္တယ္ ... ဆက္စုံစမ္းလိုက္! အဲ့ဒီ့ေကာင္ေလးက ကင္ေဆာ့ဂ်င္ကို ခ်ဳပ္ကိုင္ႏိုင္မယ့္ အားနည္းခ်က္တစ္ခုလည္း ျဖစ္ခ်င္ျဖစ္ေနမွာေပါ့ ..."
" ၿပီးေတာ့ ဆရာ ... ဥကၠဌကင္မင္ဆြန္းက ဒီညပါတီမတက္ခင္ ကင္ေဆာ့ဂ်င္နဲ႔ ညစာစားခဲ့ပါတယ္ .. အတြင္းလူေတြေျပာျပခ်က္အရ ကင္ေဆာ့ဂ်င္က တစ္ဦးတည္းေသာ ဆက္ခံသူပါတဲ့ "
ထိုစကားမွာေတာ့ သူမ်က္ခုံးပင့္တက္ရင္း ေျပာျပလာတဲ့လက္ေထာက္ကို ျပန္လွည့္ၾကည့္မိသည္။
" ... ကင္မင္ဆြန္းရဲ႕သား?? ... အဲ့ဒါေၾကာင့္ျဖစ္မယ္ စေတြ႕ကတည္းက ကင္မင္ဆြန္းရဲ႕အေငြ႕အသက္ေတြရေနတာ ~~ ဒါျဖင့္ရင္ ဂြၽန္ေဂ်ာင္ဂုက မဟုတ္မွလဲ ဂြၽန္ဟယ္ေယာင္းရဲ႕သားမ်ားလား ... "
" ... ေသခ်ာမသိရေသးပါဘူး ဂြၽန္ေဂ်ာင္ဂုကို ေထာက္ပံ့ေနတဲ့သူကေတာ့ ေဆးဝါးသုေတသနဌာနက ပါရဂူတစ္ေယာက္လို႔ေျပာပါတယ္"
" ဟုတ္ၿပီ လက္ေထာက္ခြၽဲ ... ေတာ္တယ္ ... ေဂ်ာင္ဂုအေၾကာင္း ပိုစုံစမ္းထား .... ကင္ေဆာ့ဂ်င္ကေတာ့ ကင္မင္ဆြန္းရဲ႕သားဆိုမွေတာ့ ငါက ပိုလို႔ေတာင္ အလြတ္မေပးသင့္ေတာ့ဘူး ... ငါခံစားခဲ့ရသလိုမ်ိဳး ျပန္ေပးဆပ္သင့္တယ္မဟုတ္လား .. ဟား .. ဟား .. ဟား ... "
အဲ့ဒီ့ေနာက္ စားပြဲေပၚမွာ ေမွာက္ထားတဲ့ ဓာတ္ပုံေလးကို ျပန္ေထာင္လိုက္မိသည္။ ဓာတ္ပုံထဲမွာေတာ့ ဂ်ဴနီယာႏွစ္ေက်ာင္းသားျဖစ္တဲ့သူရယ္၊ Artist ကင္မင္ဆြန္းရယ္၊ ေနာက္တစ္ေယာက္ကေတာ့ တစ္သက္လုံးျပန္မလာႏိုင္ေတာ့တဲ့ ဂြၽန္ဟယ္ေယာင္းရယ္ ...။
ေပ်ာ္စရာအတိတ္ေတြအားလုံးကို အရင္ဆုံး ဖ်က္ဆီးပစ္ခဲ့တဲ့သူက ကင္မင္ဆြန္း ... ။ ကင္မင္ဆြန္းသာ သူ႔အေပၚသစၥာမေဖာက္ခဲ့ဘူးဆိုရင္ သူ႔ဘဝကလဲ ဒီေလာက္ထိ အထီးက်န္ၿပီး ပ်က္စီးေနမွာမဟုတ္။ အႏိုင္က်င့္တတ္ၿပီး One Night Stanေတြနဲ႔ ျဖတ္သန္းလာတတ္တဲ့ သူ႔ဘဝအစကလည္း ကင္မင္ဆြန္းေၾကာင့္ပင္။ မရရတဲ့နည္းနဲ႔ အနားမွာ ကပ္တြယ္ေနခဲ့တာေတာင္ အခုထက္ထိကို လွည့္မၾကည့္ေတာ့တဲ့ကင္မင္ဆြန္း .. သားျဖစ္သူထိရင္ေတာ့ သူ႔ကို လွည့္ၾကည့္မွာပါေလ .. ဟုတ္တယ္မလား ...။
" ဟား ... ဟား .. ဟား ... "
အဲ့ဒီ့ေနာက္ အခ်စ္အစျပဳရာကေန ေတာက္ေလာင္ေနေသာ အမုန္းမီးမ်ားျဖင့္ သူ အ႐ူးတစ္ေယာက္လို ရယ္ေနခဲ့ပါေတာ့သည္။
💠💠💠
Sep 24, 2022
NoTe : ကိုကိုနဲ႔သားသားထက္ ေဖေဖတို႔အေၾကာင္းက ပိုစိတ္ဝင္စားစရာေကာင္းေနတယ္လို႔ထင္တယ္ Jinkook Verနဲ႔ ခြဲေရးလိုက္ရမလား (っ˘̩╭╮˘̩)っ
ဒါေလးက ေရးၿပီးသြားေပမယ့္ လိုအပ္တဲ့ information ေတြပဲထည့္ထားခဲ့တာမို႔လို႔ အပ္ပုဒိတ္မေပးခဲ့တာပါ .. ေနာက္ဆို သုံးရက္တစ္ပိုင္း မဟုတ္ရင္ ႏွစ္ရက္တစ္ပိုင္း ပုံမွန္အပ္ေပးႏိုင္ဖို႔ ႀကိဳးစားပါမယ္
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



