【03】
06:45, 2 December 2022⟨ Unicode Version ⟩အပိုင်း သုံး
“ ..... 'ဂျင်' ရှီက ဒီလောက်ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ကျောင်းတုန်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည် ဖြစ်ခဲ့မှာပဲ ... ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ဘာတွေများရှိခဲ့ရဲ့လား ... ”
အစီစဉ်တင်ဆက်သူရဲ့မေးခွန်းအဆုံး သူ ခေါင်းညိတ်ရင်း ရယ်လိုက်သည်။
" ဒါပေါ့ ကျွန်တော့်မျက်နှာနဲ့ဆို အကုန်လုံးကို ဖမ်းစားနိုင်တယ်လေ ... "
"လက်ရှိမှာရော စိတ်ဝင်စားနေတဲ့သူရှိလား "
" ... ရှိတယ်! တွဲနေတဲ့သူတောင်ရှိတယ် "
သူ့စကားကြောင့် ရှိနေတဲ့ ဝန်ထမ်းတွေအပါအဝင် အစီစဉ်တင်ဆက်သူပါ မျက်လုံးတွေပြူးသွားရတော့သည်။ သူ့မန်နေဂျာကတော့ သွေးတက်နေပြီဖြစ်သည်။
" အာ ~~ ဆော့ဂျင် ဆော့ဂျင် ... ပွဲစီစဉ်သူဆီက ဖုန်းလာနေတယ် ..."
" ကဒ်!!! "
သူ့အဖြေကြောင့် ချက်ချင်းပင် မန်နေဂျာအစ်ကိုက ရိုက်ကွင်းထဲဝင်ကာ Ngဖြစ်အောင်လုပ်ရင်း မလာတဲ့ဖုန်းကို ဟန်ဆောင်ကမ်းပေးပြီး ဆွဲထုတ်လာသည်။
" ကင်ဆော့ဂျင်ရဲ့!! ဘာပေါက်ကရတွေ လုပ်နေတာလဲ ... မင်း နာမည်ကြီးတယ်ဆိုတိုင်း ဖြေလို့မရဘူးလေ ... မင်းသက်တမ်းက နှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဆိုတာ သဘောပေါက် ... ငါ့ကိုပြသနာမဖြစ်အောင် လုပ်လို့မရဘူးလား ..."
သူ စိတ်ထင်ရာလုပ်တိုင်း ပြန်ဖြေရှင်းပေးရတဲ့ မန်နေဂျာအစ်ကိုက ထပ်ခါတလဲလဲ ပြောနေကျစကားတွေပြောလာတာ့ သူ ခေါင်းညိတ်လိုက်သည်။
" အစ်ကိုပဲပြောခဲ့တာလေ အမှန်အတိုင်း ရိုးရိုးသားသားနေဆို ... ပြီးတော့ ကျွန်တော်ကလည်း relationship နဲ့ ပတ်သက်ရင် လိမ်မှာမဟုတ်ဘူးလို့ ပြောပြီးသားနော် .. "
" သိတယ် သိတယ် ... ဒါပေမဲ့ ဒီ ချစ်သူရှိလားဆိုတဲ့မေးခွန်းတွေအကုန် ကန့်သတ်မေးခွန်းထဲ ထည့်ထားတာကို ... ဘာဖြစ်လို့ အစီစဉ်တင်ဆက်သူက မေးချလိုက်ရတာလဲ ... ကင်ဆော့ဂျင် ငါ့ကို Big Hitကနေ ကန်ထုတ်ခံထိအောင် မလုပ်ပါနဲ့ .."
" MCက မမှားပါဘူး ... စိတ်ဝင်စားတဲ့သူရှိလားလို့ မေးတာလေ ... အဲ့ဒီတော့ ရှိတယ်လို့ ပြန်ဖြေတာ ... ကန့်သတ်မေးခွန်းထဲက အလွတ်ကြီးပဲလေ ..."
" အမလေး ... ကင်ဆော့ဂျင်ရှီ !! မင်းရဲ့ အဲ့ဒီလိုပေါက်ကရကြောင့် Fandom Nameတောင် Cookie ဖြစ်သွားတာလည်း သတိရပါဦးနော် .. မင်းကောင်လေးကို မင်း အရမ်း အရမ်း အရမ်း ချစ်တာ သိပေမယ့် ... ငါတို့ကြိုးစားတည်ဆောက်လာတဲ့ လေးနှစ်တာကာလက အရမ်းကို ခက်ခဲခဲ့ကြတာမဟုတ်လား ..."
မန်နေဂျာရဲ့စိုးရိမ်စကားတွေအဆုံး သူ ပွဲဦးထွက်ခဲ့တဲ့နေ့က အဖြစ်အပျက်ကို သတိရမိသွားသည်။ တစ်ကိုယ်တော်ဖျော်ဖြေမှုအပြီး ပထမဦးဆုံး တီဗွီထုတ်လွှင့်မှုက စကရင်ထက်မှာ ပေါ်လာမှာမို့ တစ်နိုင်ငံလုံးကြားအောင် “Gukie-ya!! ချစ်တယ်” ဆိုပြီး သူ အော်ပြောခဲ့သည်။ ထူးဆန်းစွာနဲ့ တက်သစ်စအဆိုတော်တွေကြား Trendဖြစ်သွားခဲ့သည်မို့ ဖြေရှင်းချက်ထုတ်ရလေတော့ Cookieက Fandom nameပါဆိုပြီး ဖြေရှင်းခဲ့ရသည်။ဒီလိုနဲ့ သူ့ Fandom nameကို Cookieလို့ ခေါ်စေခဲ့ရသည်။
အဲ့ဒါတင်ကမ သူနဲ့ဂျောင်ဂု Anniversary နေ့မှာ Moonkook ဆိုတဲ့ Captionနဲ့ ဂျောင်ဂုပေးထားတဲ့ နက်ခ်တိုင်နဲ့Selca တင်လိုက်မိတာကို အဲ့ဒီ့အချိန်ကစ MoonKook Dayဆိုပြီး Cookie Selca Dayအဖြစ်သတ်မှတ်ကြပြန်သည်။ ၆လပိုင်း လေးရက်နေ့ ရောက်တိုင်း သူ့ခမျာ Moonkook ဆိုတဲ့ hashtagsအောက်မှာ သူ့ပုံနဲ့ တွဲရက်တင်ထားကြတဲ့ဖန်များစွာရဲ့ဓာတ်ပုံတွေကို မမောနိုင်မပန်းနိုင်ကြည့်ရပြန်သည်။ Anniversary နေ့မှာ သူ့ပုံကို ဂျောင်ဂုမဟုတ်တဲ့ တခြားတစ်ယောက်ပေါင်းများစွာနဲ့ တွဲမြင်နေရတာကတော့ သိပ်အဆင်မပြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ စိတ်အလိုမကျတာကို သိတဲ့သားသားဂျွန်ဂျောင်ဂုကတော့ Moonkook hashtags အောက်မှာ Selcaပုံလေးရအောင် တင်ပြီး သူ့ကို စနောက်တတ်သေးသည်။
အဲ့ဒီလိုပဲ ကြားထဲမှာ ဘာစည်းမျဉ်းမှ လွှမ်းမိုးမခံဘဲ နေခဲ့သည်မို့ မန်နေဂျာအတွက် ခေါင်းကိုက်စရာဖြစ်ခဲ့ပေမယ့် သူ့အတွက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ဖို့ကောင်းသည်။ ဂျောင်ဂုဂီပြောခဲ့သလိုပဲ နေရာတိုင်းမှာ သူ့ပုံတွေ၊ သူ့ကြေညာတွေရှိနေတော့ ဂျောင်ဂု ကျောင်းသွားတဲ့အခါဖြစ်ဖြစ်၊ ခရီးတွေထွက်တဲ့အခါဖြစ်ဖြစ် ဂျောင်ဂုဂီက သူ့ပုံတွေနဲ့ တွဲရိုက်ကာ သူ့ကို ပို့ပေးလာတတ်သည်။ အဲ့ဒီလိုအခါမျိုးဆို သူအူယားမတတ် ပေါက်စနလေးကို အသည်းယားရသည်။ အခုလည်း သူ့မွေးနေ့မို့ နေရာတကာက Billboard တွေ၊ Subway Ads နဲ့အတူ ပုံတွေ ပတ်ရိုက်ကာ သူ့ဆီပို့ထားပေးတာတွေရှိသည်။ သူ့ခမျာ အချိန်အကုန်ပြည့်နေတာမို့ သားသားဂျောင်ဂုပို့ထားတာ ကြည့်ဖို့ အချိန်မရသေး။
" ဂျင်ရှီ!! အဆင်သင့်ဖြစ်ပါပြီလား ... "
သူအတွေးများနေတုန်းမှာပဲ ကင်မရာဒါရိုက်တာရဲ့အသံကြောင့် အတွေးစတွေပြတ်တောက်သွားသည်။ မန်နေဂျာကတော့ လှည့်ကြည့်ကာ ခေါင်းညိတ်ရင်း အသည်းအသန်ပြန်ဖြေသည်။
" ဟုတ် ဖြစ်ပါပြီနော် ဖြစ်ပါပြီ "
သူ ဒါရိုက်တာဆီကို လျှောက်သွားရင်း စီစဉ်ထားတဲ့အပိုင်းအစတွေကို ပြန်ကြည့်မိသည်။ သူ့မန်နေဂျာကတော့ အယ်ဒီတာကြီးဆီကို ခုနက အပိုင်းလေးဖြတ်ထုတ်ပေးဖို့ အပူကပ်လို့ပေါ့ ...။
“ ဆော့ဂျင်ရှီ ... ဒီနေ့က အသက် ၂၂ပြည့်မွေးနေ့ မဟုတ်လား ... ဘာများစီစဉ်ထားသေးလဲရှင့် "
" မရှိပါဘူး Cookie တွေရဲ့အချစ်ကိုပဲ ခံယူရင်း ကုန်ဆုံးသွားမှာပါ ... ~~”
အဲ့ဒီ့နောက် ဒီအပိုင်းကို ညပိုင်း၇နာရီမှာ ထုတ်လွှင့်မှာဖြစ်တဲ့အတွက် သူ အပြီးသတ်ရိုက်ကူးရင်း ကျန်တဲ့အချိန်ဇယားတွေအတွက် သူလောလိုက်မိတော့သည်။ သူ ဂျောင်ဂုကို တွေ့ရဖို့ မစောင့်နိုင်တော့ပါလေ။
💠💠💠
// “ ..... 'ဂျင်' ရှီက ဒီလောက်ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ကျောင်းတုန်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည် ဖြစ်ခဲ့မှာပဲ ... ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ဘာတွေများရှိခဲ့ရဲ့လား ... ”
" ဒါပေါ့ ကျွန်တော့်မျက်နှာနဲ့ဆို အကုန်လုံးကို ဖမ်းစားနိုင်တယ်လေ ... " //
သူ ခပ်ရေးရေးလေးပြုံးလိုက်မိရင်း တီဗွီစကရင်ထက်ကို ခဏတာ မော်ကြည့်မိသည်။
ကိုကိုက စကရင်ထက်မှာ တင့်တင့်တယ်တယ်နဲ့ သိပ်လှလွန်းသည် ... တစ်ချိန်က သူတစ်ယောက်တည်းသာ သိခွင့်ရတဲ့ သဘောကျရတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ အမြဲတမ်း ရီနေတတ်တဲ့မျက်ဝန်းလေးတွေက အခုတော့ တစ်နိုင်ငံလုံးမြင်တွေ့ခွင့်ရသွားခဲ့ပြီဖြစ်သည်။ တစ်ခါတလေကျ ကိုကို့ကို သည်းသည်းလှုပ်နေတဲ့မိန်းမတွေကို 'ဒါငါ့အပိုင်' ဆိုပြီး ကြွားကာ ဖွက်သိမ်းပစ်လိုက်ချင်မိပေမယ့် သူ့မှာ လုပ်ခွင့်မှ မရှိတာလေ။ ကိုကို ဒီလမ်းကိုရွေးချယ်သွားအောင် သူကိုယ်တိုင်ပဲ လုပ်ခဲ့မိသည်ကိုး။
// " လက်ရှိမှာရော စိတ်ဝင်စားနေတဲ့သူရှိလား "//
ဒီမေးခွန်းကိုတော့ သူ တီဗွီထက်က အကြည့်လွှဲရင်း သိမ်းလက်စ ပန်းကန်တွေကို စုပုံလိုက်သည်။
// "မရှိပါဘူး Cookie တွေရဲ့အချစ်ကိုပဲ ခံယူရင်း ကုန်ဆုံးသွားမှာပါ ... ~~" //
ပြန်ဖြေပေးလာတဲ့စကားသံအဆုံး ခံပြင်းမိပေမယ့် ကိုကိုက ဝန်ခံလို့မှ မဖြစ်တာ ဆိုတဲ့အသိက သူ့ကို ထိန်းကျောင်းပေးလေတော့ သက်ပြင်းသာချလိုက်မိသည်။
ဒီပါးစပ်က ဘာဖြစ်လို့များ အိုင်ဒေါလ်အဖြစ်မြင်ချင်တယ်လို့ ပြောခဲ့မိတာလဲ မသိ။ မြင်ချင်တယ်လို့ပဲပြောလိုက်တာကို တကယ်လုပ်ချလိုက်တဲ့ ကိုကိုကြောင့် သူရင်မောနေခဲ့ရတာ တော်တော်ကြာကြာပင်။ သို့ပေမယ့်လည်း ကိုကို့ဆီကနေ သူ့အတွက် အချစ်ဆိုတာ ခံစားမိနေတာမို့ သူ့အချစ်ဇာတ်လမ်းငယ်လေးထဲမှာ သူပျော်မွေ့နေတာဖြစ်သည်။
" ဂျောင်ဂု! နားလိုက်တော့! ဒီနေ့ စောစောပြန်မယ်ဆို ... "
" ဟုတ်! ကျွန်တော် စောစောပြန်ပါမယ် "
ဆိုင်ရှင်အစ်ကိုကြီးအသံကြောင့် သူခေါင်းညိတ်လိုက်ရင်း လုပ်အားခရှင်းဖို့ ကောင်တာဆီ သွားမိသည်။ ကောင်တာပေါ်က အလှဆင်ထားတဲ့ ပန်းအိုးလေးမှာတော့ ကိုကို့စတစ်ကာတွေက ပြည့်နှက်နေသည်။ သူ စူးစိုက်ကြည့်ကာ ပြုံးရင်း သူ့လုပ်ခကို ရေတွက်နေတဲ့အစ်ကိုကြီးကို စောင့်မိသည်။
" ရော့ ဒီမှာ နှစ်ပတ်စာ ဝမ်******"
ကမ်းပေးလာတဲ့ပိုက်ဆံအလိပ်ကို သူ တရိုတသေလှမ်းယူလိုက်သည်။
" အာ ~~ နေဦး ... ဒီနေ့ ဂျင်မွေးနေ့မဟုတ်လား ... ရော့ ... ယူသွား မင်းက သူ့ဖန်ဘွိုင်းအကြီးစားပဲကို မေ့နေတာ ...."
ကိုကို့မွေးနေ့ကို ဆိုင်ကနေ Event လေးလုပ်ထားပေးတာရှိတော့ photo cardနဲ့ minibookရယ် အအေးခွက်ရယ်ကို ကမ်းပေးသည်။ အားလုံးအမြင်မှာ သူက Soloist Jinကို တမ်းတမ်းစွဲဖြစ်နေပါတဲ့ ဖန်ဘွိုင်းလေး ဂျွန်ဂျောင်ဂုပေါ့ ...။ သူ့ဆီမှာ များပြားလွန်းတဲ့ကိုကို့ပုံတွေရှိနေပေမယ့်လည်း ကမ်းပေးလာတဲ့ပစ္စည်းတွေကို ယူရင်း စတော်ဘယ်ရီဖျော်ရည်လေးကို သောက်လိုက်မိသည်။
အဲ့ဒီ့နောက် သူမှန်းထားတဲ့အတိုင်း ကိုကို့မွေးနေ့အတွက် လက်ဆောင်လေးဝယ်ဖို့ သူ ကျောက်မျက်ရတနာဆိုင်ထဲ ဝင်ခဲ့တော့သည်။ သူ ဒီဆိုင်ထဲကို ဝင်ဖို့ ငယ်လွန်းနေတာလားတော့မသိ၊ သူဆိုင်ထဲရောက်သွားတာနဲ့ ကလေးလေးပဲ ဆိုတဲ့အသံကို သူကြားလိုက်ရသည်။ သို့ပေမယ့်လည်း သူဂရုမစိုက်ပါ။ ကိုကို့ကို အဖိုးတန်ဆုံးလေးပေးချင်လို့ တီတီပေးထားတဲ့မုန့်ဖိုးအပြင် သူ့ဟာသူ အချိန်ပိုင်းအလုပ်တွေ ကိုကိုမသိအောင် ခိုးလုပ်ထားသည်။ ဒီတိုင်း တီတီ့ဆီကမုန့်ဖိုးရယ် ကိုကိုပေးတဲ့မုန့်ဖိုးတွေရယ်နဲ့တင် ဝယ်လို့ရပေမယ့် သူကတော့ သူ့လုပ်အားခလေးပေါင်းပြီး ကိုကို့ကို လက်ဆောင်လေးပေးချင်သည်ပင်။
" ကောင်လေး ..ဘာများအလိုရှိလို့လဲ "
ကျောပိုးအိတ်လေးလွယ်ပြီး အအေးတစ်ခွက်နဲ့ ဆိုင်ထဲလျှောက်ကြည့်နေမိတဲ့သူ့အနားဆီ အစ်မကြီးတစ်ယောက်က လျှောက်လာကာမေးလေတော့ သူဖုန်းထုတ်လိုက်မိသည်။
" ဒါလေးအော်ဒါတင်ထားတဲ့တစ်ယောက်ပါ ... ကုဒ်နံပါတ်က 0613 ~~ "
သူပြောမိတော့မှ ထိုအစ်မကြီးက ပြူးတူးပြဲတဲနဲ့ သူ့ကို ပြုံးပြရင်း သေချာပြင်ဆင်ထားတဲ့စားပွဲဝိုင်းဆီ ဦးဆောင်ခေါ်သွားကာ သူ့ကို ထိုင်စေသည်။
" ခဏလေး ထိုင်စောင့်ပေးပါဦးနော် ... အော်ဒါတင်ထားတဲ့ဒီဇိုင်းကို ယူလာပေးပါ့်မယ် "
အဲ့ဒီ့နောက် သူမှာထားတဲ့ လည်ဆွဲလှလှလေးကို သူ့ရှေ့ဆီရောက်အောင် ယူလာရင်း စိတ်တိုင်းကျ၊ မကျ စစ်ဆေးစေသည်။ သူဟာ accessories တွေကို ဒီဇိုင်းဘယ်လိုဆွဲရမလဲ မသိပေမယ့် ကိုကို့လည်တိုင်ထက်မှာ လှလှပပတည်ရှိနိုင်မယ့် သူ့လက်ရာလေးတော့ရှိစေချင်သည်။ ထို့ကြောင့် သူ့စိတ်ကူးတွေအကုန် ဖန်တီးသူကို ပြောပြကာ ပုံပေါ်စေခဲ့တာဖြစ်သည်။ အခုတော့ ကတ္တီပါဘူးလေးထဲက ကြိုးမျှင်သေးသေးလေးဟာ လှပတင့်တယ်လွန်းနေသည်။ ကြိုးမျှင်သေးသေးလေးနှစ်ခုရဲ့အလယ်မှာရှိတဲ့ လက်စွပ်အဝိုင်းလေးက သူနဲ့ ကိုကို့ရဲ့တရားဝင်ချစ်ခွင့်ရမယ့်နေ့ကို သူ ရည်ရွယ်ပါသည်။
" အို့! ငါ ဒါကြိုက်တယ် !!! ယူမယ် .. တခြားသူကို ပြမနေဘဲ ထုပ်ပိုးလိုက်တော့ ..."
ရုတ်တရက် သူထိုင်နေတဲ့ စားပွဲခုံအနားကနေ သူ ကိုကို့အတွက်ရည်ရွယ်ပြီး ဖန်တီးထားတဲ့ လည်ဆွဲလေးကို လက်ညှိုးညွှန်ကာ ဝယ်ဖို့ပြောလာလေတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ခံစားချက်တွေ သိပ်မကောင်းသည်မို့ ခပ်မြန်မြန်ပဲ ပြန်သိမ်းကာ ကျန်ရှိနေတဲ့ပမာဏကို ငွေချေဖို့ ကြိုးစားလိုက်မိသည်။
" ... ဟို ~~ အစ်ကိုလေးရှင့် ... ဒါက customized ဖြစ်လို့ ရောင်းပေးလို့မရပါဘူး ... လိုချင်ရင်တော့ တခြားပုံစံလေးတွေ စိတ်ကြိုက်အပ်လို့ရပါတယ် ... "
သူ ငွေသာ ရှင်းနေပေမယ့် ကိုကို့အတွက်ရည်ရွယ်ထားတဲ့ကြိုးလေးကို မျက်စောင်းထိုးနေတဲ့ အဲ့ဒီ့ဦးလေးကြီးကို အမြင်ကပ်ပါသည်။
" ပိုင်ရှင်က ဘယ်သူလဲ မင်းလား ကောင်လေး "
အသက်၃၀ကျော် ထိုဦးလေးကြီးက သူ့ကို မေးငေါ့ကာ မေးလာလျှင် ပြုံးရယ်နေတတ်တဲ့ သူ့မျက်နှာကို တည်တည်တံ့တံ့ထားလိုက်မိသည်။
" ချစ်စရာလေးဟဲ့ "
သူမျက်နှာတည်လိုက်မှပဲ ဟိုဘက်ကောင်တာက အစ်မတွေရဲ့တီးတိုးသံလေးကို ကြားလိုက်ရသည်။
" ကျောင်းသားလေးပဲဖြစ်မယ်! ... ကျောင်းသားတစ်ယောက်က ဒီလောက်ပမာဏကို ဝယ်ပြီး ဘာလုပ်မလို့လဲ ... ထွေထွေထူးထူးမရှိရင် မင်းရဲ့ဒီဇိုင်းကို ငါယူမယ် ... ဘယ်လောက်ပေးရပေးရပါစေ ... နှစ်ဆပေးမယ်ကောင်လေး "
သူ့ကို ငွေစကားပြောလာတဲ့ ထိုဦးလေးကြီးကို မော့ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်မိသည်။ ဦးလေးကြီးဆိုပေမယ့် ချောတော့ အချောသား။ ရုပ်နဲ့စကားနဲ့ မလိုက်ဖက်တာလေးတစ်ခုပဲပေါ့။
" မရောင်းနိုင်ပါဘူး ... ဒီတစ်ဆိုင်လုံးမှာရှိတဲ့ဟာတွေ အကုန်လုံးနဲ့လဲရင်တောင် ကျွန်တော်မလဲပေးနိုင်ပါဘူး ..."
သူ့စကားကြောင့် ထိုလူကြီးက သူ့ကို အကဲခတ်သလိုပုံစံမျိုးနဲ့ကြည့်သည်။ ဝန်ထမ်းအစ်မကြီးကတော့ သူတို့နှစ်ယောက်ကြား ငိုရအခက်၊ ရယ်ရအခက်ပင်။
" .. ဂျင်ရဲ့ဖန်လား ...ငါ မင်းကို ဂျင်နဲ့ တစ်နာရီလောက် ဒိတ်လို့ရအောင် လုပ်ပေးနိုင်တယ်နော် ကောင်လေး "
ကိုကို့ပုံပါတဲ့ tea sleeve ကိုကြည့်ပြီး ပြောလာလေတော့ သူ့စိတ်ထဲ အမြင်မကြည်တာတွေ ဆထပ် ပွားလာရသည်။
ဘာမို့လို့ ကိုကိုနဲ့ ကိုင်ပေါက်ရတာလဲ ... ကိုကို့ကုမ္ပဏီကလူလား ... ဘာလို့ ကိုကို့နာမည်ကို သုံးရတာလဲ ...
" ... ခင်ဗျားကို ကြည့်ရတာ … သူ့အနားကပ်နိုင်တဲ့ပုံလဲ မပေါက်ဘဲနဲ့ ... နောက်အပတ် စာမေးပွဲရှိသေးတယ် ... ကျွန်တော့်အချိန်တွေကို လာမဖြုန်းနဲ့ ... .. အစ်မရေ ... ကျန်တာအကုန်လုံးကို ငွေသားတစ်ဝက်နဲ့ရှင်းပြီး ဒီကဒ်နဲ့ တစ်ဝက် ရှင်းပေးပါ ... "
လုပ်လက်စတွေကို ခပ်မြန်မြန်အဆုံးသတ်ကာ ထထွက်ဖို့လုပ်တော့ ထိုလူကြီးက သူ့လက်ထဲက ကဒ်လေးကို မယုံနိုင်စွာကြည့်သည်။ ဟုတ်ပါတယ် ... အမဲရောင်ကဒ်လေးဟာ ကိုကို့အဖေက ကိုကို့ကိုပေးထားတဲ့ကဒ်ဖြစ်ပြီး ကိုကိုက သူ့ကို ပြန်ပေးထားတဲ့ကဒ်လေးဖြစ်သည်။ အစက မသုံးဖို့ ဆုံးဖြတ်ထားပေမယ့် ဒီလူကြီးရှေ့မှာတော့ သုံးပြချင်ပါသည်၊ စိတ်ရှိလက်ရှိ ဒီတစ်ဆိုင်လုံး ကိုကို့ကဒ်နဲ့ ဝယ်ပစ်လိုက်ရရင် သူလွန်ရာ ကျဦးမည်။
" ကောင်လေး ~~ မင်းရဲ့လက်ရာလေး ... ဂျင်ကို ပေးဖို့အတွက် ငါ လာဝယ်တာဆိုရင်ရော လျောလျောလျူလျူရောင်းပေးနိုင်မလား ...."
ဆိုင်ထဲက ထွက်တော့မယ့် သူ့ကို ကောင်တာအနားထိ လှမ်းဆွဲကာ ပြောလာတော့ သူ ဒေါသငွေ့ငွေ့ပါတဲ့မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်မိသည်။
ကိုကို့နာမည်နဲ့ ကိုင်ပေါက်နေတဲ့ ထိုလူကြီးကို သူမုန်းပါသည် ... ဘယ်သူမှန်းမသိတာတောင် ကိုကို့ကို ပိုင်ဆိုင်သလို လုပ်ပြနေတာ ပိတ်ရိုက်ပစ်ဖို့ကောင်းသည်။
" ... ဘယ်လိုလုပ်မလဲ ... ကျွန်တော်လည်း ကင်ဆော့ဂျင်ကို ပေးမလို့ ... စိတ်ချပါ ... ဒီကြိုးလေးကို ကိုကို့လည်တိုင်မှာ အမြဲမြင်စေရမယ် "
သူပြောတော့ ထိုလူကြီးမျက်နှာမဲ့သွားကာ သူ့လက်ကို ထပ်ဆွဲသည်။ ကြည့်ရတာ အလျော့ပေးမယ့်ပုံမပေါ်။
" … ကင်ဆော့ဂျင်နဲ့ သိတာလား "
ဒီမေးခွန်းကိုတော့ သူမဖြေမိ။ ကိုကို့အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သူခံစားလိုက်မိတဲ့အတွက်ဖြစ်သည်။
" ခင်ဗျား လွှတ်!! "
သူ့လက်ကို တင်းကျပ်နေအောင် ဆွဲထားတဲ့အတွက်သာ သူ လွှတ်ပေးဖို့ ရုန်းမိသည်။
" လွှတ်ပေးမယ် !! ကင်ဆော့ဂျင်နဲ့ လိုက်တဲ့ဟာတစ်ခုရွေးပေးရင် လွှတ်ပေးမယ်!!"
ဂရုမစိုက်စွာ သူ့လက်ကို ဆွဲရင်း ခင်းကျင်းထားတဲ့ Accessories တွေကို ပြလာလေတော့ သူ အံကြိတ်လိုက်မိသည်။ လူမြင်ကွင်းမှာ မသိတဲ့သူတစ်ယောက်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရတာကို သူ မကြိုက်။ ခပ်ရိုင်းရိုင်းတွန်းလွှတ်ပြီး ပြန်လာချင်ပေမယ့် သူ့အလွန်ဖြစ်ဦးမှာစိုးသည်။ ထို့ကြောင့် ရချင်တာရဆိုပြီး လက်ညှိုး ညွှန်လိုက်မိသည်။ သူ ညွှန်လိုက်တဲ့ဟာကတော့ ငွေရောင်လဲ့နေတဲ့ bracelet ပင်။ အဖျားပိုင်းလေးမှာတော့ ဝေလငါးရဲ့အမြီးလေးကို ပြာလဲ့လဲ့ရောင်ကျောက်လေးနဲ့ စီခြယ်ထားသည်။
အို! ဒါ ဝယ်ပေးဖို့ စဉ်းစားဖူးတဲ့ဟာပဲ ... ကိုကို့လက်မှာဆို သိပ်လှမှာ ....
သူကိုယ်တိုင်လည်း အံ့ဩရင်း ငြိမ်သက်သွားတဲ့ခဏမှာ ထိုလူကြီးကတော့ သူ့လက်ကို လွှတ်ကာ သူ ညွှန်ပေးတဲ့ bracelet လှလှလေးကိုကြည့်ပြီး သဘောကျစွာပြုံးသည်။
" ... တကယ်ပဲ! ကင်ဆော့ဂျင်အကြိုက်ကို မင်းသိတယ် .. ကျေးဇူးပဲကောင်လေး! နောက်မှ အေးဆေးဆပ်မယ်! "
ထိုလူကြီးပြောနေတဲ့စကားကို သူအာရုံမထားတော့ဘဲ သူ့လက်ကို ထပ်မဆွဲထားတော့ဘူးတာနဲ့ ထိုနေရာကနေ သူ အမြန်ပြေးထွက်လာတော့သည်။ မှာထားတဲ့ကိတ်တွေကို အလှဆင်ပြီး သူ ကိုကို့ကို စောင့်ရဦးမယ်လေ။
ဒီလူကြီးဟာ သိပ်ကို ရှုပ်လွန်းသည်။
ဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ ထိုလူကြီးကတော့ ဂျောင်ဂုထွက်သွားတာနဲ့ ဖုန်းလေးထုတ်ဆက်လိုက်သည်။
" အခုလေးတင် ဆိုင်ထဲက ထွက်သွားတဲ့ကောင်လေးရဲ့အကြောင်း ငါလိုချင်တယ်! စုံစမ်းထား "
💠💠💠
" ကင်ဆော့ဂျင် မွေးနေ့မှာ ပျော်ရွှင်ပါစေ ..."
စီအီးအိုရဲ့စကားကြောင့် ဆော့ဂျင် ပြုံးလိုက်ပြီးခေါင်းညိတ်လိုက်သည်။ သူ့အချိန်ဇယားတွေ အကုန်ပြီးသွားပေမယ့် ရုတ်တရက်ရောက်လာတဲ့ စီအီးအိုကြောင့် သူ့မွေးနေ့ပွဲကို ဆင်နွှဲနေရတာဖြစ်သည်။ လူကသာ ကုမ္ပဏီရဲ့6လွှာမှာရှိနေပေမယ့် စိတ်ကတော့ နှစ်လမ်းခြားတဲ့ကွန်ဒိုဆီက အကောင်ပေါက်လေးဆီမှာပင်။
" ... ဒီနှစ်မှာ ဒရာမာတွေလည်း ရိုက်ဖို့ အကြံပြုချင်ပါတယ် ... ကဲ အခုတော့ အလုပ်ကြောင်းမပြောဘဲ သောက်ရအောင် !! မွေးနေ့ကို ဂုဏ်ပြုပါတယ် "
စီအီးအိုက အစပြုလာတော့ ရှိနေတဲ့ပရိုဂျူဆာတွေ၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေကပါ ခွက်မြောက်ရင်း သူ့မွေးနေ့ကို ဂုဏ်ပြုသည်။ သူသည်လည်း ဒီတိုင်းခွက်မြောက်ရင်း အလိုက်သင့်လေး မော့ချလိုက်မိသည်။ သူက သောက်နိုင်တဲ့လူစားထဲမှာ ပါပေမယ့် Limit ကျော်သွားရင်တော့ အန္တရာယ်များလွန်းသည်။ အသက်ပြည့်ပြီး အဖေနဲ့ သောက်တုန်းက လစ်မစ်ကျော်သွားခဲ့သည်မို့ အဖေ သူ့ကို တော်တော်လေး ထိန်းလိုက်ရသည်တဲ့။ တော်သေးတာက အဖေရှိနေလို့ပေါ့ ... မဟုတ်ရင် နောက်ဆက်တွဲရှင်းရမယ့် ကိစ္စကတော့ ပေါ့သေးသေးမဟုတ်။
" .... ဂျင်ရှီ!! ဒါက ကျွန်တော့်Teamရဲ့လက်ဆောင်ပါ .. "
တက်သစ်စအဆိုတော်တစ်ယောက်ကို အရေးပေးလွန်းတာမို့ သူအနေရခက်စွာ ပြုံးရင်း မန်နေဂျာကို ကြည့်မိသည်။ မန်နေဂျာကတော့လက်ခံပေးလိုက်ပါ ဆိုတဲ့ပုံစံနဲ့ သူ့ကိုကြည့်သည်။ ဒါတောင် အဖေနဲ့ သူ့ရဲ့တော်စပ်မှုကို ဘယ်သူမှ သိတာမဟုတ်။
" ... ဟာ ~~ ပရိုဂျူဆာဟွမ်... ပရိုဂျူဆာဟွမ်က ဘာဖြစ်လို့များ ဒီအချိန်ကြီး ... ကြိုလည်း မပြောဘူး .. လာမယ်ဆိုတာ သေချာသိရင် ပြင်ဆင်ထားမှာပေါ့ ..."
ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ ပရိုဂျူဆာဟွမ်ကြောင့် ပေါ့ပေါ့ပါးပါးနေနေတဲ့သူတွေအကုန် ကျောလေးမတ်ကာ တောင့်တင်းသွားကြသည်။ သူကတော့ ဘာသိဘာသာပင် သက်ပြင်းခပ်ရေးရေးချသည်။
ပြန်ချင်ပြီလေ .... အိမ်ပြန်ချင်ပြီလေ ... တစ်ဦးတည်းသော သားသားလေးနဲ့ တွေ့ချင်နေပြီလေ ... ဘာလို့ တစ်ယောက်ပြီး တစ်ယောက်လာနေရတာလဲ ...
" ... အာ ~~~ ပါတီလုပ်နေကြတာလား ... ငါက Big Hitဘက်ကို မရောက်တာကြာလို့ လှည့်လာတာ ..."
ပြောရင်းနဲ့ သူ့ကို ကြည့်လာလေတော့ သူ ရိုရိုကျို့ကျို့လေး နေလိုက်မိသည်။ ပရိုဂျူဆာဟွမ်ဆိုတာက HYPE အင်တာတိန်းမန့်ရဲ့ ဈေးအကြီးဆုံးပရိုဂျူဆာပင်။ သူလုပ်နေတဲ့ Big Hitအင်တာတိန်းမန့်ဆိုတာကတော့ HYPEရဲ့ လက်အောက်ခံ ကုမ္ပဏီအခွဲတစ်ခုပေါ့။ ရာထူးအရရော၊ ကုမ္ပဏီအရပါ ကြီးသည်မို့ စီအီးအိုကအစ အလိုက်သင့်ဆက်ဆံရသည်။ အဲ့ဒီလိုပဲ ပရိုဂျူဆာနယ်ပယ်တစ်ခုလုံးမှာတော့ ဟွမ်က ထိပ်တန်းစာရင်းဝင်ပင်။
" ... ဘယ်သူ့ ပါတီလဲ ..."
" အာ ~~ ဒါကတော့ ဒီနှစ်အတွင်း ငွေအများဆုံးရှာပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့တက်သစ်စလေး ဂျင်ရဲ့မွေးနေ့ပါတီပါ .. "
" ဒီလိုဆိုမှ ~~ လမ်းကြုံတာပဲပေါ့ ... တစ်ခွက်လောက် သောက်ရအောင် ကင်ဆော့ဂျင် ..."
အကျင့်မကောင်းတဲ့အပြင် နိုင်ထက်စီးနင်းဆက်ဆံတတ်တာ သိသည်မို့ ဆော့ဂျင် ခပ်မာမာကြည့်လိုက်မိသည်။ သူ့အကြည့်ကြောင့် မန်နေဂျာမျက်နှာက မိုးပြိုမတတ်ပင်။
" ... Love Shot ဆိုရင်ရော ... "
အသင့်ငှဲ့ထားတဲ့ခွက်ကို သူ့လက်ထဲထည့်ကာ ပြောလာလေတော့ မန်နေဂျာက သူ့ကို ခဏလောက် သည်းခံပေးပါ ဆိုပြီး ကြည့်သည်။ သူ့ဟာသူသာဆိုရင် ငြင်းပစ်မှာဆိုပေမယ့် သူ့အပေါ်ကောင်းပြီး အစစအရာရာကာကွယ်ပေးတဲ့မန်နေဂျာမျက်နှာကြောင့် အလိုက်သင့်နေပေးဖို့ ဆုံးဖြတ်လိုက်သည်။
အားလုံးကလဲ ပြန်ပြောရဲကြတာ မရှိတာမို့ သူ့အဖြစ်ကို ငြိမ်ခံပြီးကြည့်နေကြသည်။ သူကတော့ အလိုက်သင့်ပင် Love shot ဆိုလည်း shot တာပေါ့ဆိုပြီး လက်ချင်းချိတ်ကာ သောက်လိုက်မိသည်။
" ... မရည်ရွယ်ပေမယ့် လမ်းကြုံဝယ်လာခဲ့တဲ့ bracelet ကတော့ မင်းအတွက်ဖြစ်သွားပြီပဲ ဂျင် "
နောက်တစ်ဆင့်ထပ်တက်ကာ လက်ဆောင်ပေးဖို့ ကြိုးစားလေတော့ သူ ခပ်ဖျော့ဖျော့လေး ရီလိုက်မိသည်။ အခု သူ့ကို ငွေနဲ့မျှားဖို့ ကြိုးစားနေပုံပေါ်သည်။ သူ့ပုံစံက အဲ့လောက်ထိလွယ်နေတဲ့ပုံပေါက်နေတာလား။
ဒီနယ်ပယ်မှာ ပရိုဂျူဆာဟွမ် ဘယ်လိုရှိတယ်ဆိုတာ သိနေတဲ့လူတွေကတော့ နှာခေါင်းရှုံ့ရင်း ငြိမ်သက်နေသည်။
" .. .. ကျွန်တော် ငြင်းပါရစေ ... တန်ဖိုးကြီးလက်ဆောင်တွေကို ကျွန်တော် လက်မခံပါရစေနဲ့ ..."
ပေါ်တင်ပဲ ငြင်းမိတော့ အကုန်လုံး အံ့ဩသွားကြပေမယ့် မန်နေဂျာကတော့ သူ့အနား အပြေးလေးရောက်လာသည်။
" .. အာ ~~ လက်ခံလိုက်ပါမယ်နော် ... ပရိုဂျူဆာဟွမ် ... ဂျင်လေးကို အများကြီးကြည့်ရှုစောင့်ရှောက်ပေးပါဦးနော် ..."
သူငြင်းနေတဲ့ကိစ္စကို မန်နေဂျာအစ်ကိုက လက်ခံလိုက်လေလျှင် သူမျက်မှောင်ကြုတ်ကာ မန်နေဂျာကိုကြည့်မိသည်။ ပရိုဂျူဆာဟွမ်ကတော့ အနိုင်ရသလိုအပြုံးနဲ့ သူ့လက်ကို ဖြတ်ကနဲ့ဆွဲယူကာ လက်ကောက်ဝတ်ထက်မှာ bracelet ကို တပ်ပေးနေပြီဖြစ်သည်။ သူရုန်းထွက်ဖို့ ကြိုးစားလိုက်ပေမယ့် ဒီအခန်းထဲမှာ ရှိနေတဲ့ မျက်ဝန်းပေါင်းများစွာက သူ့အပြစ်ကို ရှာနေဟန်နဲ့တူသည်။ ဒီနယ်ပယ်မှာ ဆယ်စုနှစ်လောက်ရှင်သန်လာတဲ့ နာမည်ကြီးစီနီယာတစ်ယောက်ကို သူငြင်းလိုက်ရင် သူ့ရဲ့ပြစ်ချက်ဖြစ်သွားပေလိမ့်မည်။ အနုပညာနယ်ပယ်က နားရင် အဖေ့ကုမ္ပဏီကို ဦးစီးရမှာဆိုပေမယ့် သူ့မန်နေဂျာကတော့ လတ်တလော ခက်ခဲသွားနိုင်သေးသည်။
ဆော့ဂျင် ဒီတစ်ခါတော့ သည်းခံရင်း မကျေမနပ်သာ ပြုံးလိုက်သည်။ အဲ့ဒီ့နောက် ပုံမှန်အငွေ့အသက်တွေဖြစ်သွားတဲ့ ပတ်ဝန်းကျင်ကို သူလျစ်လျူရှုကာ စိတ်တိုတိုနဲ့ ပြန်ဖို့ ပြင်ဆင်လိုက်မိသည်။ ပြန်မယ်ဆိုပေမယ့် ဒေါသတွေကို ဖြေသိမ့်ဖို့ လိုနေသေးသည်။ ထို့ကြောင့် သန့်စင်ခန်းဝင်ကာ စိတ်ကို ငြိမ်တဲ့အထိ အသက်ကို ပုံမှန်ရှူမိသည်။ ပေါက်စနလေးနဲ့ တွေ့ရမှာ သူဒေါသ ထွက်နေလို့မရ။ တွေ့ရမယ့် အချိန်ခဏလေးမှာ သူ့ခံစားချက်တွေ ကောင်းနေရမှာဖြစ်သည်။
ဆော့ဂျင် သောက်ထားတာ မသိသာအောင် ခံတွင်းသန့်ရင်း သက်ပြင်းခဏချမိသည်။ သူရှုပ်နေတုန်းမှာပဲ ရုတ်တရက် သူ့အနောက်နားကနေ ခါးကို ဆွဲယူကာ သူ့လည်တိုင်ကို နှုတ်ခမ်းနဲ့ လာထိတဲ့တစ်စုံတစ်ယောက်ကြောင့် သူ ချက်ချင်းပြန်လှည့်ကာ တစ်ဖက်က သန့်စင်ခန်းနံရံနဲ့ ဆောင့်ကပ်လိုက်မိသည်။
"ဘာလုပ်တာလဲ ခင်ဗျား!!!! "
တခြားသူတော့မဟုတ်။ ပရိုဂျူဆာဟွမ်ပင်။
ပြေလျော့သွားတဲ့စိတ်တွေက ချက်ချင်းပင် လှိုက်တက်ကာ ဟွမ်ရဲ့ရင်ဘတ်ကို သူ့တံတောင်ဆစ်နဲ့ ဖိကပ်ရင်း မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်မိသည်။
" ... ဝါး ... ကင်ဆော့ဂျင်က မလွယ်ဘူး .. ငါရွေးတာ မမှားဘူးပဲ ..."
ပြုံးရင်းပြောလာတဲ့ ထီမထင်အပြုံးကို သူ မဲ့ပစ်မိသည်။
" ... ဘာလိုချင်တာလဲ ... ကျွန်တော်က ငြိမ်ခံနေမယ်ထင်နေတာလား ..."
" ဟား ဟား မထင်ပေမယ့် ဒီလောက်ကြီးဖြစ်နေမယ်လို့ မထင်ဘူး ... ဂျင် ... မင်းဘက်က ဒီလိုဆိုမှ ငါ လိုချင်တာကိုပဲ တည့်ပြောမယ် .."
ပြောရင်းနဲ့ ပရိုဂျူဆာဟွမ်လက်တွေက သူ့ပါးပေါ်ရောက်လာတော့ သူ့တံတောင်ဆစ်ကို အားပိုထည့်လိုက်မိသည်။
" အဟွတ်! .. အဲ့လောက်ထိလည်း မဖြစ်နဲ့ဦး ... ကင်ဆော့ဂျင် ... Soloist တစ်ယောက်အနေနဲ့ နိုင်ငံကျော်တစ်ယောက်ဖြစ်ချင်လား ... USဘက်ကို ငါလမ်းဖွင့်ပေးနိုင်တယ် ..."
" အဲ့ဒီ့တော့ .. "
" အဲ့ဒီတော့ ... မင်းဘက်က ငါနဲ့ အိပ်ပေးရုံပဲ .. position ကို ကြိုက်သလို ရွေးချယ်လို့ရတယ် ... ငါ မင်းရဲ့အထိအတွေ့ကို လိုချင်ရုံလေးပဲ ..."
ပြောပြီးတာနဲ့ သူ့နှုတ်ခမ်းတွေကို လက်မနဲ့ဖိကပ်လာတော့ သူ ကော်လံကနေဆွဲယူကာ မျက်နှာကို တစ်ချက်ဆွဲထိုးမိသည်။
" ( ခွပ် ) "
" ခွေးစကားတွေ မပြောနဲ့ !!! အိုလ်ဒေါလုပ်ဖို့ ရွေးချယ်ခဲ့တာ အောင်မြင်မှုအတွက် မဟုတ်ဘူး ... ရှင်းရှင်းပဲပြောမယ်!! ကျုပ်ကို လာမထိနဲ့ .. ဆယ်နှစ်စာ ကြိုးပမ်းလာတဲ့ခင်ဗျားရဲ့ career အဆုံးသတ်သွားမယ် "
စီနီယာတွေရော ဘာတွေရော မစဉ်းစားနိုင်တော့ဘဲ သူ စိတ်ပေါက်ပေါက်နဲ့ ပြောကာ ထွက်လာခဲ့လိုက်တော့သည်။ တကယ့်ဟာတွေ! သူ့အရှေ့က ဘယ်နှစ်ယောက်ကိုများ ဒီခွေးစကားတွေ ပြောပြီးပြီလဲ မသိ … ။
" တောက် "
စိတ်တိုလိုက်တာ ... ဟွမ်ဂင်ဝန်း ... ထပ်လွန်လာရင် HYPE Label ကနေ ခင်ဗျားကို ဖြုတ်ချပစ်ဖို့ ကြိုးစားမယ်!
အဲ့ဒီ့နောက် ဆော့ဂျင် ဂျောင်ဂုဆီ ဦးတည်သွားလိုက်ပေမယ့် ကျန်နေခဲ့တဲ့ ဟွမ်ကတော့ ထိုးခံထိလို့ စိတ်မတိုနေတဲ့အပြင် ပြုံးရင်းနဲ့ လက်မတွေကိုသာ ပွတ်သပ်နေခဲ့တော့သည်။
ကင်ဆော့ဂျင်! ကင်ဆော့ဂျင်! မင်းက ဘာကောင်လေးလဲ ... တကယ်ကို ပေါ့သေးသေးလေး မဟုတ်ဘူးပဲ .... ဒါပေမယ့်လည်း ... ငါက မင်းကိုပဲ လိုချင်နေတာ ဘယ်လိုလုပ်မလဲ ... ခက်ခဲတာကို မကြိုက်ပေမယ့် မင်းကိုတော့ ကြိုက်နေမိတယ် ...
💠💠💠
Sep 18, 2022
Jinah's Note:::ဂျင်နာပါဝင်ထားတဲ့ ပရာဂျက်တွေထဲကတစ်ခုဖြစ်တဲ့ “ နွေဦးပုံပြင် ” Jinkook/KookJin Collection လေးကို Yeol's Bookateria ပေ့ခ်ျမှာ သွားရောက်အော်ဒါတင်နိုင်ပါပြီနော် ... ဂျင်ကူးကူးအာသာနင်မ် ကိုးယောက်နဲ့အတူ စုပေါင်းရေးဖွဲ့ထားတဲ့ အမှတ်တရ လှလှလေးပါ ... ပရောဂျက်ရဲ့ရည်ရွယ်ချက်လေးက အလှူအတွက်ပါ ... ဘယ်နေရာလှူမှာလဲဆိုတာတော့ အားလုံးသိမယ်ထင်ပါတယ် ... ဂျင်နာ ဒီအရှေ့မှာ ပါဝင်ထားတဲ့ "From Us To You ” , Clover စတဲ့ပရောဂျက်တွေနဲ့ ရည်ရွယ်ချက်ချင်း ဆင်တူပါတယ် ... နွေဦးပုံပြင်လေးကတော့ စာအုပ်လဲ သိမ်းခွင့်ရ၊ အလှူလည်းလုပ်ဖြစ်မယ့် ပရောဂျက်လေးမို့လို့ ပါဝင်ပေးကြပါဦးနော်
အသေးစိတ်ကိုတော့ Yeol's Bookateria Pageထဲ ဝင်ရောက်ကြည့်နိုင်ပါတယ်ရှင် ...
ဒါလေးကတော့ သားသားက ကိုကို့အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးတဲ့ necklace လေးပါ versionနှစ်မျိုးကိုမှ ကြိုက်နှစ်သက်ရာ versionနဲ့ ပုံဖော်နိုင်ပါတယ်ရှင် .... နောက်လာမယ့်အပိုင်းမှာ သားသားက ကိုကို့ကို ဘယ်လိုနည်းနဲ့ လက်ဆောင်တွေပေးမလဲဆိုတာတော့ အတူတူရင်ခုန်ရအောင်နော် 【ဂျင်နာလည်းမသိသေးဘူး ... မစဉ်းစားရသေးလို့ (≧▽≦)】
Version 01
Version 02
အားလုံးပဲ ဂွဒ်နိုက်ပါ ... ဂျင်နာတို့ဘက်ခြမ်းမှာတော့ မိုးတွေအရမ်းကြီးပြီး ရေတွေပါကြီးနေလို့ မအိပ်နိုင်ဖြစ်နေရပါတယ် ... အားလုံးပဲ ဘေးကင်းကြပါစေနော် ❤️🐰🐹
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩အပိုင္း သုံး
“ ..... 'ဂ်င္' ရွီက ဒီေလာက္ေခ်ာေမာတဲ့႐ုပ္ရည္နဲ႔ဆိုရင္ ေက်ာင္းတုန္းက ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ ျဖစ္ခဲ့မွာပဲ ... ႐ိုမန႔္တစ္ဇာတ္လမ္းေလးေတြ ဘာေတြမ်ားရွိခဲ့ရဲ႕လား ... ”
အစီစဥ္တင္ဆက္သူရဲ႕ေမးခြန္းအဆုံး သူ ေခါင္းညိတ္ရင္း ရယ္လိုက္သည္။
" ဒါေပါ့ ကြၽန္ေတာ့္မ်က္ႏွာနဲ႔ဆို အကုန္လုံးကို ဖမ္းစားႏိုင္တယ္ေလ ... "
" လက္ရွိမွာေရာ စိတ္ဝင္စားေနတဲ့သူရွိလား "
" ... ရွိတယ္! တြဲေနတဲ့သူေတာင္ရွိတယ္ "
သူ႔စကားေၾကာင့္ ရွိေနတဲ့ ဝန္ထမ္းေတြအပါအဝင္ အစီစဥ္တင္ဆက္သူပါ မ်က္လုံးေတြျပဴးသြားရေတာ့သည္။ သူ႔မန္ေနဂ်ာကေတာ့ ေသြးတက္ေနၿပီျဖစ္သည္။
" အာ ~~ ေဆာ့ဂ်င္ ေဆာ့ဂ်င္ ... ပြဲစီစဥ္သူဆီက ဖုန္းလာေနတယ္ ..."
" ကဒ္!!! "
သူ႔အေျဖေၾကာင့္ ခ်က္ခ်င္းပင္ မန္ေနဂ်ာအစ္ကိုက ႐ိုက္ကြင္းထဲဝင္ကာ Ngျဖစ္ေအာင္လုပ္ရင္း မလာတဲ့ဖုန္းကို ဟန္ေဆာင္ကမ္းေပးၿပီး ဆြဲထုတ္လာသည္။
" ကင္ေဆာ့ဂ်င္ရဲ႕!! ဘာေပါက္ကရေတြ လုပ္ေနတာလဲ ... မင္း နာမည္ႀကီးတယ္ဆိုတိုင္း ေျဖလို႔မရဘူးေလ ... မင္းသက္တမ္းက ႏွစ္ႏွစ္ေက်ာ္ေက်ာ္ပဲရွိေသးတယ္ဆိုတာ သေဘာေပါက္ ... ငါ့ကိုျပသနာမျဖစ္ေအာင္ လုပ္လို႔မရဘူးလား ..."
သူ စိတ္ထင္ရာလုပ္တိုင္း ျပန္ေျဖရွင္းေပးရတဲ့ မန္ေနဂ်ာအစ္ကိုက ထပ္ခါတလဲလဲ ေျပာေနက်စကားေတြေျပာလာတာ့ သူ ေခါင္းညိတ္လိုက္သည္။
" အစ္ကိုပဲေျပာခဲ့တာေလ အမွန္အတိုင္း ႐ိုး႐ိုးသားသားေနဆို ... ၿပီးေတာ့ ကြၽန္ေတာ္ကလည္း relationship နဲ႔ ပတ္သက္ရင္ လိမ္မွာမဟုတ္ဘူးလို႔ ေျပာၿပီးသားေနာ္ .. "
" သိတယ္ သိတယ္ ... ဒါေပမဲ့ ဒီ ခ်စ္သူရွိလားဆိုတဲ့ေမးခြန္းေတြအကုန္ ကန႔္သတ္ေမးခြန္းထဲ ထည့္ထားတာကို ... ဘာျဖစ္လို႔ အစီစဥ္တင္ဆက္သူက ေမးခ်လိုက္ရတာလဲ ... ကင္ေဆာ့ဂ်င္ ငါ့ကို Big Hitကေန ကန္ထုတ္ခံထိေအာင္ မလုပ္ပါနဲ႔ .."
" MCက မမွားပါဘူး ... စိတ္ဝင္စားတဲ့သူရွိလားလို႔ ေမးတာေလ ... အဲ့ဒီေတာ့ ရွိတယ္လို႔ ျပန္ေျဖတာ ... ကန႔္သတ္ေမးခြန္းထဲက အလြတ္ႀကီးပဲေလ ..."
" အမေလး ... ကင္ေဆာ့ဂ်င္ရွီ !! မင္းရဲ႕ အဲ့ဒီလိုေပါက္ကရေၾကာင့္ Fandom Nameေတာင္ Cookie ျဖစ္သြားတာလည္း သတိရပါဦးေနာ္ .. မင္းေကာင္ေလးကို မင္း အရမ္း အရမ္း အရမ္း ခ်စ္တာ သိေပမယ့္ ... ငါတို႔ႀကိဳးစားတည္ေဆာက္လာတဲ့ ေလးႏွစ္တာကာလက အရမ္းကို ခက္ခဲခဲ့ၾကတာမဟုတ္လား ..."
မန္ေနဂ်ာရဲ႕စိုးရိမ္စကားေတြအဆုံး သူ ပြဲဦးထြက္ခဲ့တဲ့ေန႔က အျဖစ္အပ်က္ကို သတိရမိသြားသည္။ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖမႈအၿပီး ပထမဦးဆုံး တီဗြီထုတ္လႊင့္မႈက စကရင္ထက္မွာ ေပၚလာမွာမို႔ တစ္ႏိုင္ငံလုံးၾကားေအာင္ “Gukie-ya!! ခ်စ္တယ္” ဆိုၿပီး သူ ေအာ္ေျပာခဲ့သည္။ ထူးဆန္းစြာနဲ႔ တက္သစ္စအဆိုေတာ္ေတြၾကား Trendျဖစ္သြားခဲ့သည္မို႔ ေျဖရွင္းခ်က္ထုတ္ရေလေတာ့ Cookieက Fandom nameပါဆိုၿပီး ေျဖရွင္းခဲ့ရသည္။ဒီလိုနဲ႔ သူ႔ Fandom nameကို Cookieလို႔ ေခၚေစခဲ့ရသည္။
အဲ့ဒါတင္ကမ သူနဲ႔ေဂ်ာင္ဂု Anniversary ေန႔မွာ Moonkook ဆိုတဲ့ Captionနဲ႔ ေဂ်ာင္ဂုေပးထားတဲ့ နက္ခ္တိုင္နဲ႔Selca တင္လိုက္မိတာကို အဲ့ဒီ့အခ်ိန္ကစ MoonKook Dayဆိုၿပီး Cookie Selca Dayအျဖစ္သတ္မွတ္ၾကျပန္သည္။ ၆လပိုင္း ေလးရက္ေန႔ ေရာက္တိုင္း သူ႔ခမ်ာ Moonkook ဆိုတဲ့ hashtagsေအာက္မွာ သူ႔ပုံနဲ႔ တြဲရက္တင္ထားၾကတဲ့ဖန္မ်ားစြာရဲ႕ဓာတ္ပုံေတြကို မေမာႏိုင္မပန္းႏိုင္ၾကည့္ရျပန္သည္။ Anniversary ေန႔မွာ သူ႔ပုံကို ေဂ်ာင္ဂုမဟုတ္တဲ့ တျခားတစ္ေယာက္ေပါင္းမ်ားစြာနဲ႔ တြဲျမင္ေနရတာကေတာ့ သိပ္အဆင္မေျပ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ စိတ္အလိုမက်တာကို သိတဲ့သားသားဂြၽန္ေဂ်ာင္ဂုကေတာ့ Moonkook hashtags ေအာက္မွာ Selcaပုံေလးရေအာင္ တင္ၿပီး သူ႔ကို စေနာက္တတ္ေသးသည္။
အဲ့ဒီလိုပဲ ၾကားထဲမွာ ဘာစည္းမ်ဥ္းမွ လႊမ္းမိုးမခံဘဲ ေနခဲ့သည္မို႔ မန္ေနဂ်ာအတြက္ ေခါင္းကိုက္စရာျဖစ္ခဲ့ေပမယ့္ သူ႔အတြက္ကေတာ့ လြတ္လြတ္လပ္လပ္နဲ႔ ေပ်ာ္ဖို႔ေကာင္းသည္။ ေဂ်ာင္ဂုဂီေျပာခဲ့သလိုပဲ ေနရာတိုင္းမွာ သူ႔ပုံေတြ၊ သူ႔ေၾကညာေတြရွိေနေတာ့ ေဂ်ာင္ဂု ေက်ာင္းသြားတဲ့အခါျဖစ္ျဖစ္၊ ခရီးေတြထြက္တဲ့အခါျဖစ္ျဖစ္ ေဂ်ာင္ဂုဂီက သူ႔ပုံေတြနဲ႔ တြဲ႐ိုက္ကာ သူ႔ကို ပို႔ေပးလာတတ္သည္။ အဲ့ဒီလိုအခါမ်ိဳးဆို သူအူယားမတတ္ ေပါက္စနေလးကို အသည္းယားရသည္။ အခုလည္း သူ႔ေမြးေန႔မို႔ ေနရာတကာက Billboard ေတြ၊ Subway Ads နဲ႔အတူ ပုံေတြ ပတ္႐ိုက္ကာ သူ႔ဆီပို႔ထားေပးတာေတြရွိသည္။ သူ႔ခမ်ာ အခ်ိန္အကုန္ျပည့္ေနတာမို႔ သားသားေဂ်ာင္ဂုပို႔ထားတာ ၾကည့္ဖို႔ အခ်ိန္မရေသး။
" ဂ်င္ရွီ!! အဆင္သင့္ျဖစ္ပါၿပီလား ... "
သူအေတြးမ်ားေနတုန္းမွာပဲ ကင္မရာဒါ႐ိုက္တာရဲ႕အသံေၾကာင့္ အေတြးစေတြျပတ္ေတာက္သြားသည္။ မန္ေနဂ်ာကေတာ့ လွည့္ၾကည့္ကာ ေခါင္းညိတ္ရင္း အသည္းအသန္ျပန္ေျဖသည္။
" ဟုတ္ ျဖစ္ပါၿပီေနာ္ ျဖစ္ပါၿပီ "
သူ ဒါ႐ိုက္တာဆီကို ေလွ်ာက္သြားရင္း စီစဥ္ထားတဲ့အပိုင္းအစေတြကို ျပန္ၾကည့္မိသည္။ သူ႔မန္ေနဂ်ာကေတာ့ အယ္ဒီတာႀကီးဆီကို ခုနက အပိုင္းေလးျဖတ္ထုတ္ေပးဖို႔ အပူကပ္လို႔ေပါ့ ...။
“ ေဆာ့ဂ်င္ရွီ ... ဒီေန႔က အသက္ ၂၂ျပည့္ေမြးေန႔ မဟုတ္လား ... ဘာမ်ားစီစဥ္ထားေသးလဲရွင့္ "
" မရွိပါဘူး Cookie ေတြရဲ႕အခ်စ္ကိုပဲ ခံယူရင္း ကုန္ဆုံးသြားမွာပါ ... ~~”
အဲ့ဒီ့ေနာက္ ဒီအပိုင္းကို ညပိုင္း၇နာရီမွာ ထုတ္လႊင့္မွာျဖစ္တဲ့အတြက္ သူ အၿပီးသတ္႐ိုက္ကူးရင္း က်န္တဲ့အခ်ိန္ဇယားေတြအတြက္ သူေလာလိုက္မိေတာ့သည္။ သူ ေဂ်ာင္ဂုကို ေတြ႕ရဖို႔ မေစာင့္ႏိုင္ေတာ့ပါေလ။
💠💠💠
// “ ..... 'ဂ်င္' ရွီက ဒီေလာက္ေခ်ာေမာတဲ့႐ုပ္ရည္နဲ႔ဆိုရင္ ေက်ာင္းတုန္းက ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ ျဖစ္ခဲ့မွာပဲ ... ႐ိုမန႔္တစ္ဇာတ္လမ္းေလးေတြ ဘာေတြမ်ားရွိခဲ့ရဲ႕လား ... ”
" ဒါေပါ့ ကြၽန္ေတာ့္မ်က္ႏွာနဲ႔ဆို အကုန္လုံးကို ဖမ္းစားႏိုင္တယ္ေလ ... " //
သူ ခပ္ေရးေရးေလးၿပဳံးလိုက္မိရင္း တီဗြီစကရင္ထက္ကို ခဏတာ ေမာ္ၾကည့္မိသည္။
ကိုကိုက စကရင္ထက္မွာ တင့္တင့္တယ္တယ္နဲ႔ သိပ္လွလြန္းသည္ ... တစ္ခ်ိန္က သူတစ္ေယာက္တည္းသာ သိခြင့္ရတဲ့ သေဘာက်ရတဲ့ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ အၿမဲတမ္း ရီေနတတ္တဲ့မ်က္ဝန္းေလးေတြက အခုေတာ့ တစ္ႏိုင္ငံလုံးျမင္ေတြ႕ခြင့္ရသြားခဲ့ၿပီျဖစ္သည္။ တစ္ခါတေလက် ကိုကို႔ကို သည္းသည္းလႈပ္ေနတဲ့မိန္းမေတြကို 'ဒါငါ့အပိုင္' ဆိုၿပီး ႂကြားကာ ဖြက္သိမ္းပစ္လိုက္ခ်င္မိေပမယ့္ သူ႔မွာ လုပ္ခြင့္မွ မရွိတာေလ။ ကိုကို ဒီလမ္းကိုေ႐ြးခ်ယ္သြားေအာင္ သူကိုယ္တိုင္ပဲ လုပ္ခဲ့မိသည္ကိုး။
// " လက္ရွိမွာေရာ စိတ္ဝင္စားေနတဲ့သူရွိလား "//
ဒီေမးခြန္းကိုေတာ့ သူ တီဗြီထက္က အၾကည့္လႊဲရင္း သိမ္းလက္စ ပန္းကန္ေတြကို စုပုံလိုက္သည္။
// "မရွိပါဘူး Cookie ေတြရဲ႕အခ်စ္ကိုပဲ ခံယူရင္း ကုန္ဆုံးသြားမွာပါ ... ~~" //
ျပန္ေျဖေပးလာတဲ့စကားသံအဆုံး ခံျပင္းမိေပမယ့္ ကိုကိုက ဝန္ခံလို႔မွ မျဖစ္တာ ဆိုတဲ့အသိက သူ႔ကို ထိန္းေက်ာင္းေပးေလေတာ့ သက္ျပင္းသာခ်လိုက္မိသည္။
ဒီပါးစပ္က ဘာျဖစ္လို႔မ်ား အိုင္ေဒါလ္အျဖစ္ျမင္ခ်င္တယ္လို႔ ေျပာခဲ့မိတာလဲ မသိ။ ျမင္ခ်င္တယ္လို႔ပဲေျပာလိုက္တာကို တကယ္လုပ္ခ်လိုက္တဲ့ ကိုကိုေၾကာင့္ သူရင္ေမာေနခဲ့ရတာ ေတာ္ေတာ္ၾကာၾကာပင္။ သို႔ေပမယ့္လည္း ကိုကို႔ဆီကေန သူ႔အတြက္ အခ်စ္ဆိုတာ ခံစားမိေနတာမို႔ သူ႔အခ်စ္ဇာတ္လမ္းငယ္ေလးထဲမွာ သူေပ်ာ္ေမြ႕ေနတာျဖစ္သည္။
" ေဂ်ာင္ဂု! နားလိုက္ေတာ့! ဒီေန႔ ေစာေစာျပန္မယ္ဆို ... "
" ဟုတ္! ကြၽန္ေတာ္ ေစာေစာျပန္ပါမယ္ "
ဆိုင္ရွင္အစ္ကိုႀကီးအသံေၾကာင့္ သူေခါင္းညိတ္လိုက္ရင္း လုပ္အားခရွင္းဖို႔ ေကာင္တာဆီ သြားမိသည္။ ေကာင္တာေပၚက အလွဆင္ထားတဲ့ ပန္းအိုးေလးမွာေတာ့ ကိုကို႔စတစ္ကာေတြက ျပည့္ႏွက္ေနသည္။ သူ စူးစိုက္ၾကည့္ကာ ၿပဳံးရင္း သူ႔လုပ္ခကို ေရတြက္ေနတဲ့အစ္ကိုႀကီးကို ေစာင့္မိသည္။
" ေရာ့ ဒီမွာ ႏွစ္ပတ္စာ ဝမ္******"
ကမ္းေပးလာတဲ့ပိုက္ဆံအလိပ္ကို သူ တ႐ိုတေသလွမ္းယူလိုက္သည္။
" အာ ~~ ေနဦး ... ဒီေန႔ ဂ်င္ေမြးေန႔မဟုတ္လား ... ေရာ့ ... ယူသြား မင္းက သူ႔ဖန္ဘြိဳင္းအႀကီးစားပဲကို ေမ့ေနတာ ...."
ကိုကို႔ေမြးေန႔ကို ဆိုင္ကေန Event ေလးလုပ္ထားေပးတာရွိေတာ့ photo cardနဲ႔ minibookရယ္ အေအးခြက္ရယ္ကို ကမ္းေပးသည္။ အားလုံးအျမင္မွာ သူက Soloist Jinကို တမ္းတမ္းစြဲျဖစ္ေနပါတဲ့ ဖန္ဘြိဳင္းေလး ဂြၽန္ေဂ်ာင္ဂုေပါ့ ...။ သူ႔ဆီမွာ မ်ားျပားလြန္းတဲ့ကိုကို႔ပုံေတြရွိေနေပမယ့္လည္း ကမ္းေပးလာတဲ့ပစၥည္းေတြကို ယူရင္း စေတာ္ဘယ္ရီေဖ်ာ္ရည္ေလးကို ေသာက္လိုက္မိသည္။
အဲ့ဒီ့ေနာက္ သူမွန္းထားတဲ့အတိုင္း ကိုကို႔ေမြးေန႔အတြက္ လက္ေဆာင္ေလးဝယ္ဖို႔ သူ ေက်ာက္မ်က္ရတနာဆိုင္ထဲ ဝင္ခဲ့ေတာ့သည္။ သူ ဒီဆိုင္ထဲကို ဝင္ဖို႔ ငယ္လြန္းေနတာလားေတာ့မသိ၊ သူဆိုင္ထဲေရာက္သြားတာနဲ႔ ကေလးေလးပဲ ဆိုတဲ့အသံကို သူၾကားလိုက္ရသည္။ သို႔ေပမယ့္လည္း သူဂ႐ုမစိုက္ပါ။ ကိုကို႔ကို အဖိုးတန္ဆုံးေလးေပးခ်င္လို႔ တီတီေပးထားတဲ့မုန႔္ဖိုးအျပင္ သူ႔ဟာသူ အခ်ိန္ပိုင္းအလုပ္ေတြ ကိုကိုမသိေအာင္ ခိုးလုပ္ထားသည္။ ဒီတိုင္း တီတီ့ဆီကမုန႔္ဖိုးရယ္ ကိုကိုေပးတဲ့မုန႔္ဖိုးေတြရယ္နဲ႔တင္ ဝယ္လို႔ရေပမယ့္ သူကေတာ့ သူ႔လုပ္အားခေလးေပါင္းၿပီး ကိုကို႔ကို လက္ေဆာင္ေလးေပးခ်င္သည္ပင္။
" ေကာင္ေလး ..ဘာမ်ားအလိုရွိလို႔လဲ "
ေက်ာပိုးအိတ္ေလးလြယ္ၿပီး အေအးတစ္ခြက္နဲ႔ ဆိုင္ထဲေလွ်ာက္ၾကည့္ေနမိတဲ့သူ႔အနားဆီ အစ္မႀကီးတစ္ေယာက္က ေလွ်ာက္လာကာေမးေလေတာ့ သူဖုန္းထုတ္လိုက္မိသည္။
" ဒါေလးေအာ္ဒါတင္ထားတဲ့တစ္ေယာက္ပါ ... ကုဒ္နံပါတ္က 0613 ~~ "
သူေျပာမိေတာ့မွ ထိုအစ္မႀကီးက ျပဴးတူးၿပဲတဲနဲ႔ သူ႔ကို ၿပဳံးျပရင္း ေသခ်ာျပင္ဆင္ထားတဲ့စားပြဲဝိုင္းဆီ ဦးေဆာင္ေခၚသြားကာ သူ႔ကို ထိုင္ေစသည္။
" ခဏေလး ထိုင္ေစာင့္ေပးပါဦးေနာ္ ... ေအာ္ဒါတင္ထားတဲ့ဒီဇိုင္းကို ယူလာေပးပါ့္မယ္ "
အဲ့ဒီ့ေနာက္ သူမွာထားတဲ့ လည္ဆြဲလွလွေလးကို သူ႔ေရွ႕ဆီေရာက္ေအာင္ ယူလာရင္း စိတ္တိုင္းက်၊ မက် စစ္ေဆးေစသည္။ သူဟာ accessories ေတြကို ဒီဇိုင္းဘယ္လိုဆြဲရမလဲ မသိေပမယ့္ ကိုကို႔လည္တိုင္ထက္မွာ လွလွပပတည္ရွိႏိုင္မယ့္ သူ႔လက္ရာေလးေတာ့ရွိေစခ်င္သည္။ ထို႔ေၾကာင့္ သူ႔စိတ္ကူးေတြအကုန္ ဖန္တီးသူကို ေျပာျပကာ ပုံေပၚေစခဲ့တာျဖစ္သည္။ အခုေတာ့ ကတၱီပါဘူးေလးထဲက ႀကိဳးမွ်င္ေသးေသးေလးဟာ လွပတင့္တယ္လြန္းေနသည္။ ႀကိဳးမွ်င္ေသးေသးေလးႏွစ္ခုရဲ႕အလယ္မွာရွိတဲ့ လက္စြပ္အဝိုင္းေလးက သူနဲ႔ ကိုကို႔ရဲ႕တရားဝင္ခ်စ္ခြင့္ရမယ့္ေန႔ကို သူ ရည္႐ြယ္ပါသည္။
" အို႔! ငါ ဒါႀကိဳက္တယ္ !!! ယူမယ္ .. တျခားသူကို ျပမေနဘဲ ထုပ္ပိုးလိုက္ေတာ့ ..."
႐ုတ္တရက္ သူထိုင္ေနတဲ့ စားပြဲခုံအနားကေန သူ ကိုကို႔အတြက္ရည္႐ြယ္ၿပီး ဖန္တီးထားတဲ့ လည္ဆြဲေလးကို လက္ညႇိဳးၫႊန္ကာ ဝယ္ဖို႔ေျပာလာေလေတာ့ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ခံစားခ်က္ေတြ သိပ္မေကာင္းသည္မို႔ ခပ္ျမန္ျမန္ပဲ ျပန္သိမ္းကာ က်န္ရွိေနတဲ့ပမာဏကို ေငြေခ်ဖို႔ ႀကိဳးစားလိုက္မိသည္။
" ... ဟို ~~ အစ္ကိုေလးရွင့္ ... ဒါက customized ျဖစ္လို႔ ေရာင္းေပးလို႔မရပါဘူး ... လိုခ်င္ရင္ေတာ့ တျခားပုံစံေလးေတြ စိတ္ႀကိဳက္အပ္လို႔ရပါတယ္ ... "
သူ ေငြသာ ရွင္းေနေပမယ့္ ကိုကို႔အတြက္ရည္႐ြယ္ထားတဲ့ႀကိဳးေလးကို မ်က္ေစာင္းထိုးေနတဲ့ အဲ့ဒီ့ဦးေလးႀကီးကို အျမင္ကပ္ပါသည္။
" ပိုင္ရွင္က ဘယ္သူလဲ မင္းလား ေကာင္ေလး "
အသက္၃၀ေက်ာ္ ထိုဦးေလးႀကီးက သူ႔ကို ေမးေငါ့ကာ ေမးလာလွ်င္ ၿပဳံးရယ္ေနတတ္တဲ့ သူ႔မ်က္ႏွာကို တည္တည္တံ့တံ့ထားလိုက္မိသည္။
" ခ်စ္စရာေလးဟဲ့ "
သူမ်က္ႏွာတည္လိုက္မွပဲ ဟိုဘက္ေကာင္တာက အစ္မေတြရဲ႕တီးတိုးသံေလးကို ၾကားလိုက္ရသည္။
" ေက်ာင္းသားေလးပဲျဖစ္မယ္! ... ေက်ာင္းသားတစ္ေယာက္က ဒီေလာက္ပမာဏကို ဝယ္ၿပီး ဘာလုပ္မလို႔လဲ ... ေထြေထြထူးထူးမရွိရင္ မင္းရဲ႕ဒီဇိုင္းကို ငါယူမယ္ ... ဘယ္ေလာက္ေပးရေပးရပါေစ ... ႏွစ္ဆေပးမယ္ေကာင္ေလး "
သူ႔ကို ေငြစကားေျပာလာတဲ့ ထိုဦးေလးႀကီးကို ေမာ့ၾကည့္ရင္း မဲ့ၿပဳံးၿပဳံးလိုက္မိသည္။ ဦးေလးႀကီးဆိုေပမယ့္ ေခ်ာေတာ့ အေခ်ာသား။ ႐ုပ္နဲ႔စကားနဲ႔ မလိုက္ဖက္တာေလးတစ္ခုပဲေပါ့။
" မေရာင္းႏိုင္ပါဘူး ... ဒီတစ္ဆိုင္လုံးမွာရွိတဲ့ဟာေတြ အကုန္လုံးနဲ႔လဲရင္ေတာင္ ကြၽန္ေတာ္မလဲေပးႏိုင္ပါဘူး ..."
သူ႔စကားေၾကာင့္ ထိုလူႀကီးက သူ႔ကို အကဲခတ္သလိုပုံစံမ်ိဳးနဲ႔ၾကည့္သည္။ ဝန္ထမ္းအစ္မႀကီးကေတာ့ သူတို႔ႏွစ္ေယာက္ၾကား ငိုရအခက္၊ ရယ္ရအခက္ပင္။
" .. ဂ်င္ရဲ႕ဖန္လား ...ငါ မင္းကို ဂ်င္နဲ႔ တစ္နာရီေလာက္ ဒိတ္လို႔ရေအာင္ လုပ္ေပးႏိုင္တယ္ေနာ္ ေကာင္ေလး "
ကိုကို႔ပုံပါတဲ့ tea sleeve ကိုၾကည့္ၿပီး ေျပာလာေလေတာ့ သူ႔စိတ္ထဲ အျမင္မၾကည္တာေတြ ဆထပ္ ပြားလာရသည္။
ဘာမို႔လို႔ ကိုကိုနဲ႔ ကိုင္ေပါက္ရတာလဲ ... ကိုကို႔ကုမၸဏီကလူလား ... ဘာလို႔ ကိုကို႔နာမည္ကို သုံးရတာလဲ ...
" ... ခင္ဗ်ားကို ၾကည့္ရတာ … သူ႔အနားကပ္ႏိုင္တဲ့ပုံလဲ မေပါက္ဘဲနဲ႔ ... ေနာက္အပတ္ စာေမးပြဲရွိေသးတယ္ ... ကြၽန္ေတာ့္အခ်ိန္ေတြကို လာမျဖဳန္းနဲ႔ ... .. အစ္မေရ ... က်န္တာအကုန္လုံးကို ေငြသားတစ္ဝက္နဲ႔ရွင္းၿပီး ဒီကဒ္နဲ႔ တစ္ဝက္ ရွင္းေပးပါ ... "
လုပ္လက္စေတြကို ခပ္ျမန္ျမန္အဆုံးသတ္ကာ ထထြက္ဖို႔လုပ္ေတာ့ ထိုလူႀကီးက သူ႔လက္ထဲက ကဒ္ေလးကို မယုံႏိုင္စြာၾကည့္သည္။ ဟုတ္ပါတယ္ ... အမဲေရာင္ကဒ္ေလးဟာ ကိုကို႔အေဖက ကိုကို႔ကိုေပးထားတဲ့ကဒ္ျဖစ္ၿပီး ကိုကိုက သူ႔ကို ျပန္ေပးထားတဲ့ကဒ္ေလးျဖစ္သည္။ အစက မသုံးဖို႔ ဆုံးျဖတ္ထားေပမယ့္ ဒီလူႀကီးေရွ႕မွာေတာ့ သုံးျပခ်င္ပါသည္၊ စိတ္ရွိလက္ရွိ ဒီတစ္ဆိုင္လုံး ကိုကို႔ကဒ္နဲ႔ ဝယ္ပစ္လိုက္ရရင္ သူလြန္ရာ က်ဦးမည္။
" ေကာင္ေလး ~~ မင္းရဲ႕လက္ရာေလး ... ဂ်င္ကို ေပးဖို႔အတြက္ ငါ လာဝယ္တာဆိုရင္ေရာ ေလ်ာေလ်ာလ်ဴလ်ဴေရာင္းေပးႏိုင္မလား ...."
ဆိုင္ထဲက ထြက္ေတာ့မယ့္ သူ႔ကို ေကာင္တာအနားထိ လွမ္းဆြဲကာ ေျပာလာေတာ့ သူ ေဒါသေငြ႕ေငြ႕ပါတဲ့မ်က္ဝန္းေတြနဲ႔ စူးစိုက္ၾကည့္မိသည္။
ကိုကို႔နာမည္နဲ႔ ကိုင္ေပါက္ေနတဲ့ ထိုလူႀကီးကို သူမုန္းပါသည္ ... ဘယ္သူမွန္းမသိတာေတာင္ ကိုကို႔ကို ပိုင္ဆိုင္သလို လုပ္ျပေနတာ ပိတ္႐ိုက္ပစ္ဖို႔ေကာင္းသည္။
" ... ဘယ္လိုလုပ္မလဲ ... ကြၽန္ေတာ္လည္း ကင္ေဆာ့ဂ်င္ကို ေပးမလို႔ ... စိတ္ခ်ပါ ... ဒီႀကိဳးေလးကို ကိုကို႔လည္တိုင္မွာ အၿမဲျမင္ေစရမယ္ "
သူေျပာေတာ့ ထိုလူႀကီးမ်က္ႏွာမဲ့သြားကာ သူ႔လက္ကို ထပ္ဆြဲသည္။ ၾကည့္ရတာ အေလ်ာ့ေပးမယ့္ပုံမေပၚ။
" … ကင္ေဆာ့ဂ်င္နဲ႔ သိတာလား "
ဒီေမးခြန္းကိုေတာ့ သူမေျဖမိ။ ကိုကို႔အတြက္ အႏၲရာယ္ျဖစ္ႏိုင္တယ္လို႔ သူခံစားလိုက္မိတဲ့အတြက္ျဖစ္သည္။
" ခင္ဗ်ား လႊတ္!! "
သူ႔လက္ကို တင္းက်ပ္ေနေအာင္ ဆြဲထားတဲ့အတြက္သာ သူ လႊတ္ေပးဖို႔ ႐ုန္းမိသည္။
" လႊတ္ေပးမယ္ !! ကင္ေဆာ့ဂ်င္နဲ႔ လိုက္တဲ့ဟာတစ္ခုေ႐ြးေပးရင္ လႊတ္ေပးမယ္!!"
ဂ႐ုမစိုက္စြာ သူ႔လက္ကို ဆြဲရင္း ခင္းက်င္းထားတဲ့ Accessories ေတြကို ျပလာေလေတာ့ သူ အံႀကိတ္လိုက္မိသည္။ လူျမင္ကြင္းမွာ မသိတဲ့သူတစ္ေယာက္နဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ရတာကို သူ မႀကိဳက္။ ခပ္႐ိုင္း႐ိုင္းတြန္းလႊတ္ၿပီး ျပန္လာခ်င္ေပမယ့္ သူ႔အလြန္ျဖစ္ဦးမွာစိုးသည္။ ထို႔ေၾကာင့္ ရခ်င္တာရဆိုၿပီး လက္ညႇိဳး ၫႊန္လိုက္မိသည္။ သူ ၫႊန္လိုက္တဲ့ဟာကေတာ့ ေငြေရာင္လဲ့ေနတဲ့ bracelet ပင္။ အဖ်ားပိုင္းေလးမွာေတာ့ ေဝလငါးရဲ႕အၿမီးေလးကို ျပာလဲ့လဲ့ေရာင္ေက်ာက္ေလးနဲ႔ စီျခယ္ထားသည္။
အို! ဒါ ဝယ္ေပးဖို႔ စဥ္းစားဖူးတဲ့ဟာပဲ ... ကိုကို႔လက္မွာဆို သိပ္လွမွာ ....
သူကိုယ္တိုင္လည္း အံ့ဩရင္း ၿငိမ္သက္သြားတဲ့ခဏမွာ ထိုလူႀကီးကေတာ့ သူ႔လက္ကို လႊတ္ကာ သူ ၫႊန္ေပးတဲ့ bracelet လွလွေလးကိုၾကည့္ၿပီး သေဘာက်စြာၿပဳံးသည္။
" ... တကယ္ပဲ! ကင္ေဆာ့ဂ်င္အႀကိဳက္ကို မင္းသိတယ္ .. ေက်းဇူးပဲေကာင္ေလး! ေနာက္မွ ေအးေဆးဆပ္မယ္! "
ထိုလူႀကီးေျပာေနတဲ့စကားကို သူအာ႐ုံမထားေတာ့ဘဲ သူ႔လက္ကို ထပ္မဆြဲထားေတာ့ဘူးတာနဲ႔ ထိုေနရာကေန သူ အျမန္ေျပးထြက္လာေတာ့သည္။ မွာထားတဲ့ကိတ္ေတြကို အလွဆင္ၿပီး သူ ကိုကို႔ကို ေစာင့္ရဦးမယ္ေလ။
ဒီလူႀကီးဟာ သိပ္ကို ရႈပ္လြန္းသည္။
ဆိုင္ထဲမွာ က်န္ေနခဲ့တဲ့ ထိုလူႀကီးကေတာ့ ေဂ်ာင္ဂုထြက္သြားတာနဲ႔ ဖုန္းေလးထုတ္ဆက္လိုက္သည္။
" အခုေလးတင္ ဆိုင္ထဲက ထြက္သြားတဲ့ေကာင္ေလးရဲ႕အေၾကာင္း ငါလိုခ်င္တယ္! စုံစမ္းထား "
💠💠💠
" ကင္ေဆာ့ဂ်င္ ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ ..."
စီအီးအိုရဲ႕စကားေၾကာင့္ ေဆာ့ဂ်င္ ၿပဳံးလိုက္ၿပီးေခါင္းညိတ္လိုက္သည္။ သူ႔အခ်ိန္ဇယားေတြ အကုန္ၿပီးသြားေပမယ့္ ႐ုတ္တရက္ေရာက္လာတဲ့ စီအီးအိုေၾကာင့္ သူ႔ေမြးေန႔ပြဲကို ဆင္ႏႊဲေနရတာျဖစ္သည္။ လူကသာ ကုမၸဏီရဲ႕6လႊာမွာရွိေနေပမယ့္ စိတ္ကေတာ့ ႏွစ္လမ္းျခားတဲ့ကြန္ဒိုဆီက အေကာင္ေပါက္ေလးဆီမွာပင္။
" ... ဒီႏွစ္မွာ ဒရာမာေတြလည္း ႐ိုက္ဖို႔ အႀကံျပဳခ်င္ပါတယ္ ... ကဲ အခုေတာ့ အလုပ္ေၾကာင္းမေျပာဘဲ ေသာက္ရေအာင္ !! ေမြးေန႔ကို ဂုဏ္ျပဳပါတယ္ "
စီအီးအိုက အစျပဳလာေတာ့ ရွိေနတဲ့ပ႐ိုဂ်ဴဆာေတြ၊ မန္ေနဂ်ာေတြနဲ႔ ဝန္ထမ္းေတြကပါ ခြက္ေျမာက္ရင္း သူ႔ေမြးေန႔ကို ဂုဏ္ျပဳသည္။ သူသည္လည္း ဒီတိုင္းခြက္ေျမာက္ရင္း အလိုက္သင့္ေလး ေမာ့ခ်လိုက္မိသည္။ သူက ေသာက္ႏိုင္တဲ့လူစားထဲမွာ ပါေပမယ့္ Limit ေက်ာ္သြားရင္ေတာ့ အႏၲရာယ္မ်ားလြန္းသည္။ အသက္ျပည့္ၿပီး အေဖနဲ႔ ေသာက္တုန္းက လစ္မစ္ေက်ာ္သြားခဲ့သည္မို႔ အေဖ သူ႔ကို ေတာ္ေတာ္ေလး ထိန္းလိုက္ရသည္တဲ့။ ေတာ္ေသးတာက အေဖရွိေနလို႔ေပါ့ ... မဟုတ္ရင္ ေနာက္ဆက္တြဲရွင္းရမယ့္ ကိစၥကေတာ့ ေပါ့ေသးေသးမဟုတ္။
" .... ဂ်င္ရွီ!! ဒါက ကြၽန္ေတာ့္Teamရဲ႕လက္ေဆာင္ပါ .. "
တက္သစ္စအဆိုေတာ္တစ္ေယာက္ကို အေရးေပးလြန္းတာမို႔ သူအေနရခက္စြာ ၿပဳံးရင္း မန္ေနဂ်ာကို ၾကည့္မိသည္။ မန္ေနဂ်ာကေတာ့လက္ခံေပးလိုက္ပါ ဆိုတဲ့ပုံစံနဲ႔ သူ႔ကိုၾကည့္သည္။ ဒါေတာင္ အေဖနဲ႔ သူ႔ရဲ႕ေတာ္စပ္မႈကို ဘယ္သူမွ သိတာမဟုတ္။
" ... ဟာ ~~ ပ႐ိုဂ်ဴဆာဟြမ္... ပ႐ိုဂ်ဴဆာဟြမ္က ဘာျဖစ္လို႔မ်ား ဒီအခ်ိန္ႀကီး ... ႀကိဳလည္း မေျပာဘူး .. လာမယ္ဆိုတာ ေသခ်ာသိရင္ ျပင္ဆင္ထားမွာေပါ့ ..."
႐ုတ္တရက္ အခန္းထဲ ဝင္လာတဲ့ ပ႐ိုဂ်ဴဆာဟြမ္ေၾကာင့္ ေပါ့ေပါ့ပါးပါးေနေနတဲ့သူေတြအကုန္ ေက်ာေလးမတ္ကာ ေတာင့္တင္းသြားၾကသည္။ သူကေတာ့ ဘာသိဘာသာပင္ သက္ျပင္းခပ္ေရးေရးခ်သည္။
ျပန္ခ်င္ၿပီေလ .... အိမ္ျပန္ခ်င္ၿပီေလ ... တစ္ဦးတည္းေသာ သားသားေလးနဲ႔ ေတြ႕ခ်င္ေနၿပီေလ ... ဘာလို႔ တစ္ေယာက္ၿပီး တစ္ေယာက္လာေနရတာလဲ ...
" ... အာ ~~~ ပါတီလုပ္ေနၾကတာလား ... ငါက Big Hitဘက္ကို မေရာက္တာၾကာလို႔ လွည့္လာတာ ..."
ေျပာရင္းနဲ႔ သူ႔ကို ၾကည့္လာေလေတာ့ သူ ႐ို႐ိုက်ိဳ႕က်ိဳ႕ေလး ေနလိုက္မိသည္။ ပ႐ိုဂ်ဴဆာဟြမ္ဆိုတာက HYPE အင္တာတိန္းမန႔္ရဲ႕ ေဈးအႀကီးဆုံးပ႐ိုဂ်ဴဆာပင္။ သူလုပ္ေနတဲ့ Big Hitအင္တာတိန္းမန႔္ဆိုတာကေတာ့ HYPEရဲ႕ လက္ေအာက္ခံ ကုမၸဏီအခြဲတစ္ခုေပါ့။ ရာထူးအရေရာ၊ ကုမၸဏီအရပါ ႀကီးသည္မို႔ စီအီးအိုကအစ အလိုက္သင့္ဆက္ဆံရသည္။ အဲ့ဒီလိုပဲ ပ႐ိုဂ်ဴဆာနယ္ပယ္တစ္ခုလုံးမွာေတာ့ ဟြမ္က ထိပ္တန္းစာရင္းဝင္ပင္။
" ... ဘယ္သူ႔ ပါတီလဲ ..."
" အာ ~~ ဒါကေတာ့ ဒီႏွစ္အတြင္း ေငြအမ်ားဆုံးရွာေပးႏိုင္တဲ့ ကြၽန္ေတာ္တို႔ရဲ႕တက္သစ္စေလး ဂ်င္ရဲ႕ေမြးေန႔ပါတီပါ .. "
" ဒီလိုဆိုမွ ~~ လမ္းႀကဳံတာပဲေပါ့ ... တစ္ခြက္ေလာက္ ေသာက္ရေအာင္ ကင္ေဆာ့ဂ်င္ ..."
အက်င့္မေကာင္းတဲ့အျပင္ ႏိုင္ထက္စီးနင္းဆက္ဆံတတ္တာ သိသည္မို႔ ေဆာ့ဂ်င္ ခပ္မာမာၾကည့္လိုက္မိသည္။ သူ႔အၾကည့္ေၾကာင့္ မန္ေနဂ်ာမ်က္ႏွာက မိုးၿပိဳမတတ္ပင္။
" ... Love Shot ဆိုရင္ေရာ ... "
အသင့္ငွဲ႔ထားတဲ့ခြက္ကို သူ႔လက္ထဲထည့္ကာ ေျပာလာေလေတာ့ မန္ေနဂ်ာက သူ႔ကို ခဏေလာက္ သည္းခံေပးပါ ဆိုၿပီး ၾကည့္သည္။ သူ႔ဟာသူသာဆိုရင္ ျငင္းပစ္မွာဆိုေပမယ့္ သူ႔အေပၚေကာင္းၿပီး အစစအရာရာကာကြယ္ေပးတဲ့မန္ေနဂ်ာမ်က္ႏွာေၾကာင့္ အလိုက္သင့္ေနေပးဖို႔ ဆုံးျဖတ္လိုက္သည္။
အားလုံးကလဲ ျပန္ေျပာရဲၾကတာ မရွိတာမို႔ သူ႔အျဖစ္ကို ၿငိမ္ခံၿပီးၾကည့္ေနၾကသည္။ သူကေတာ့ အလိုက္သင့္ပင္ Love shot ဆိုလည္း shot တာေပါ့ဆိုၿပီး လက္ခ်င္းခ်ိတ္ကာ ေသာက္လိုက္မိသည္။
" ... မရည္႐ြယ္ေပမယ့္ လမ္းႀကဳံဝယ္လာခဲ့တဲ့ bracelet ကေတာ့ မင္းအတြက္ျဖစ္သြားၿပီပဲ ဂ်င္ "
ေနာက္တစ္ဆင့္ထပ္တက္ကာ လက္ေဆာင္ေပးဖို႔ ႀကိဳးစားေလေတာ့ သူ ခပ္ေဖ်ာ့ေဖ်ာ့ေလး ရီလိုက္မိသည္။ အခု သူ႔ကို ေငြနဲ႔မွ်ားဖို႔ ႀကိဳးစားေနပုံေပၚသည္။ သူ႔ပုံစံက အဲ့ေလာက္ထိလြယ္ေနတဲ့ပုံေပါက္ေနတာလား။
ဒီနယ္ပယ္မွာ ပ႐ိုဂ်ဴဆာဟြမ္ ဘယ္လိုရွိတယ္ဆိုတာ သိေနတဲ့လူေတြကေတာ့ ႏွာေခါင္းရႈံ႕ရင္း ၿငိမ္သက္ေနသည္။
" .. .. ကြၽန္ေတာ္ ျငင္းပါရေစ ... တန္ဖိုးႀကီးလက္ေဆာင္ေတြကို ကြၽန္ေတာ္ လက္မခံပါရေစနဲ႔ ..."
ေပၚတင္ပဲ ျငင္းမိေတာ့ အကုန္လုံး အံ့ဩသြားၾကေပမယ့္ မန္ေနဂ်ာကေတာ့ သူ႔အနား အေျပးေလးေရာက္လာသည္။
" .. အာ ~~ လက္ခံလိုက္ပါမယ္ေနာ္ ... ပ႐ိုဂ်ဴဆာဟြမ္ ... ဂ်င္ေလးကို အမ်ားႀကီးၾကည့္ရႈေစာင့္ေရွာက္ေပးပါဦးေနာ္ ..."
သူျငင္းေနတဲ့ကိစၥကို မန္ေနဂ်ာအစ္ကိုက လက္ခံလိုက္ေလလွ်င္ သူမ်က္ေမွာင္ၾကဳတ္ကာ မန္ေနဂ်ာကိုၾကည့္မိသည္။ ပ႐ိုဂ်ဴဆာဟြမ္ကေတာ့ အႏိုင္ရသလိုအၿပဳံးနဲ႔ သူ႔လက္ကို ျဖတ္ကနဲ႔ဆြဲယူကာ လက္ေကာက္ဝတ္ထက္မွာ bracelet ကို တပ္ေပးေနၿပီျဖစ္သည္။ သူ႐ုန္းထြက္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ ဒီအခန္းထဲမွာ ရွိေနတဲ့ မ်က္ဝန္းေပါင္းမ်ားစြာက သူ႔အျပစ္ကို ရွာေနဟန္နဲ႔တူသည္။ ဒီနယ္ပယ္မွာ ဆယ္စုႏွစ္ေလာက္ရွင္သန္လာတဲ့ နာမည္ႀကီးစီနီယာတစ္ေယာက္ကို သူျငင္းလိုက္ရင္ သူ႔ရဲ႕ျပစ္ခ်က္ျဖစ္သြားေပလိမ့္မည္။ အႏုပညာနယ္ပယ္က နားရင္ အေဖ့ကုမၸဏီကို ဦးစီးရမွာဆိုေပမယ့္ သူ႔မန္ေနဂ်ာကေတာ့ လတ္တေလာ ခက္ခဲသြားႏိုင္ေသးသည္။
ေဆာ့ဂ်င္ ဒီတစ္ခါေတာ့ သည္းခံရင္း မေက်မနပ္သာ ၿပဳံးလိုက္သည္။ အဲ့ဒီ့ေနာက္ ပုံမွန္အေငြ႕အသက္ေတြျဖစ္သြားတဲ့ ပတ္ဝန္းက်င္ကို သူလ်စ္လ်ဴရႈကာ စိတ္တိုတိုနဲ႔ ျပန္ဖို႔ ျပင္ဆင္လိုက္မိသည္။ ျပန္မယ္ဆိုေပမယ့္ ေဒါသေတြကို ေျဖသိမ့္ဖို႔ လိုေနေသးသည္။ ထို႔ေၾကာင့္ သန႔္စင္ခန္းဝင္ကာ စိတ္ကို ၿငိမ္တဲ့အထိ အသက္ကို ပုံမွန္ရႉမိသည္။ ေပါက္စနေလးနဲ႔ ေတြ႕ရမွာ သူေဒါသ ထြက္ေနလို႔မရ။ ေတြ႕ရမယ့္ အခ်ိန္ခဏေလးမွာ သူ႔ခံစားခ်က္ေတြ ေကာင္းေနရမွာျဖစ္သည္။
ေဆာ့ဂ်င္ ေသာက္ထားတာ မသိသာေအာင္ ခံတြင္းသန႔္ရင္း သက္ျပင္းခဏခ်မိသည္။ သူရႈပ္ေနတုန္းမွာပဲ ႐ုတ္တရက္ သူ႔အေနာက္နားကေန ခါးကို ဆြဲယူကာ သူ႔လည္တိုင္ကို ႏႈတ္ခမ္းနဲ႔ လာထိတဲ့တစ္စုံတစ္ေယာက္ေၾကာင့္ သူ ခ်က္ခ်င္းျပန္လွည့္ကာ တစ္ဖက္က သန႔္စင္ခန္းနံရံနဲ႔ ေဆာင့္ကပ္လိုက္မိသည္။
"ဘာလုပ္တာလဲ ခင္ဗ်ား!!!! "
တျခားသူေတာ့မဟုတ္။ ပ႐ိုဂ်ဴဆာဟြမ္ပင္။
ေျပေလ်ာ့သြားတဲ့စိတ္ေတြက ခ်က္ခ်င္းပင္ လႈိက္တက္ကာ ဟြမ္ရဲ႕ရင္ဘတ္ကို သူ႔တံေတာင္ဆစ္နဲ႔ ဖိကပ္ရင္း မီးေတာက္ေနတဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္မိသည္။
" ... ဝါး ... ကင္ေဆာ့ဂ်င္က မလြယ္ဘူး .. ငါေ႐ြးတာ မမွားဘူးပဲ ..."
ၿပဳံးရင္းေျပာလာတဲ့ ထီမထင္အၿပဳံးကို သူ မဲ့ပစ္မိသည္။
" ... ဘာလိုခ်င္တာလဲ ... ကြၽန္ေတာ္က ၿငိမ္ခံေနမယ္ထင္ေနတာလား ..."
" ဟား ဟား မထင္ေပမယ့္ ဒီေလာက္ႀကီးျဖစ္ေနမယ္လို႔ မထင္ဘူး ... ဂ်င္ ... မင္းဘက္က ဒီလိုဆိုမွ ငါ လိုခ်င္တာကိုပဲ တည့္ေျပာမယ္ .."
ေျပာရင္းနဲ႔ ပ႐ိုဂ်ဴဆာဟြမ္လက္ေတြက သူ႔ပါးေပၚေရာက္လာေတာ့ သူ႔တံေတာင္ဆစ္ကို အားပိုထည့္လိုက္မိသည္။
" အဟြတ္! .. အဲ့ေလာက္ထိလည္း မျဖစ္နဲ႔ဦး ... ကင္ေဆာ့ဂ်င္ ... Soloist တစ္ေယာက္အေနနဲ႔ ႏိုင္ငံေက်ာ္တစ္ေယာက္ျဖစ္ခ်င္လား ... USဘက္ကို ငါလမ္းဖြင့္ေပးႏိုင္တယ္ ..."
" အဲ့ဒီ့ေတာ့ .. "
" အဲ့ဒီေတာ့ ... မင္းဘက္က ငါနဲ႔ အိပ္ေပး႐ုံပဲ .. position ကို ႀကိဳက္သလို ေ႐ြးခ်ယ္လို႔ရတယ္ ... ငါ မင္းရဲ႕အထိအေတြ႕ကို လိုခ်င္႐ုံေလးပဲ ..."
ေျပာၿပီးတာနဲ႔ သူ႔ႏႈတ္ခမ္းေတြကို လက္မနဲ႔ဖိကပ္လာေတာ့ သူ ေကာ္လံကေနဆြဲယူကာ မ်က္ႏွာကို တစ္ခ်က္ဆြဲထိုးမိသည္။
" ( ခြပ္ ) "
" ေခြးစကားေတြ မေျပာနဲ႔ !!! အိုလ္ေဒါလုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ ေအာင္ျမင္မႈအတြက္ မဟုတ္ဘူး ... ရွင္းရွင္းပဲေျပာမယ္!! က်ဳပ္ကို လာမထိနဲ႔ .. ဆယ္ႏွစ္စာ ႀကိဳးပမ္းလာတဲ့ခင္ဗ်ားရဲ႕ career အဆုံးသတ္သြားမယ္ "
စီနီယာေတြေရာ ဘာေတြေရာ မစဥ္းစားႏိုင္ေတာ့ဘဲ သူ စိတ္ေပါက္ေပါက္နဲ႔ ေျပာကာ ထြက္လာခဲ့လိုက္ေတာ့သည္။ တကယ့္ဟာေတြ! သူ႔အေရွ႕က ဘယ္ႏွစ္ေယာက္ကိုမ်ား ဒီေခြးစကားေတြ ေျပာၿပီးၿပီလဲ မသိ … ။
" ေတာက္ "
စိတ္တိုလိုက္တာ ... ဟြမ္ဂင္ဝန္း ... ထပ္လြန္လာရင္ HYPE Label ကေန ခင္ဗ်ားကို ျဖဳတ္ခ်ပစ္ဖို႔ ႀကိဳးစားမယ္!
အဲ့ဒီ့ေနာက္ ေဆာ့ဂ်င္ ေဂ်ာင္ဂုဆီ ဦးတည္သြားလိုက္ေပမယ့္ က်န္ေနခဲ့တဲ့ ဟြမ္ကေတာ့ ထိုးခံထိလို႔ စိတ္မတိုေနတဲ့အျပင္ ၿပဳံးရင္းနဲ႔ လက္မေတြကိုသာ ပြတ္သပ္ေနခဲ့ေတာ့သည္။
ကင္ေဆာ့ဂ်င္! ကင္ေဆာ့ဂ်င္! မင္းက ဘာေကာင္ေလးလဲ ... တကယ္ကို ေပါ့ေသးေသးေလး မဟုတ္ဘူးပဲ .... ဒါေပမယ့္လည္း ... ငါက မင္းကိုပဲ လိုခ်င္ေနတာ ဘယ္လိုလုပ္မလဲ ... ခက္ခဲတာကို မႀကိဳက္ေပမယ့္ မင္းကိုေတာ့ ႀကိဳက္ေနမိတယ္ ...
💠💠💠
Sep 18, 2022
Jinah's Note:::ဂ်င္နာပါဝင္ထားတဲ့ ပရာဂ်က္ေတြထဲကတစ္ခုျဖစ္တဲ့ “ ေႏြဦးပုံျပင္ ” Jinkook/KookJin Collection ေလးကို Yeol's Bookateria ေပ့ခ္်မွာ သြားေရာက္ေအာ္ဒါတင္ႏိုင္ပါၿပီေနာ္ ... ဂ်င္ကူးကူးအာသာနင္မ္ ကိုးေယာက္နဲ႔အတူ စုေပါင္းေရးဖြဲ႕ထားတဲ့ အမွတ္တရ လွလွေလးပါ ... ပေရာဂ်က္ရဲ႕ရည္႐ြယ္ခ်က္ေလးက အလႉအတြက္ပါ ... ဘယ္ေနရာလႉမွာလဲဆိုတာေတာ့ အားလုံးသိမယ္ထင္ပါတယ္ ... ဂ်င္နာ ဒီအေရွ႕မွာ ပါဝင္ထားတဲ့ "From Us To You ” , Clover စတဲ့ပေရာဂ်က္ေတြနဲ႔ ရည္႐ြယ္ခ်က္ခ်င္း ဆင္တူပါတယ္ ... ေႏြဦးပုံျပင္ေလးကေတာ့ စာအုပ္လဲ သိမ္းခြင့္ရ၊ အလႉလည္းလုပ္ျဖစ္မယ့္ ပေရာဂ်က္ေလးမို႔လို႔ ပါဝင္ေပးၾကပါဦးေနာ္
အေသးစိတ္ကိုေတာ့ Yeol's Bookateria Pageထဲ ဝင္ေရာက္ၾကည့္ႏိုင္ပါတယ္ရွင္ ...
ဒါေလးကေတာ့ သားသားက ကိုကို႔အတြက္ ေမြးေန႔လက္ေဆာင္ဝယ္ေပးတဲ့ necklace ေလးပါ versionႏွစ္မ်ိဳးကိုမွ ႀကိဳက္ႏွစ္သက္ရာ versionနဲ႔ ပုံေဖာ္ႏိုင္ပါတယ္ရွင္ .... ေနာက္လာမယ့္အပိုင္းမွာ သားသားက ကိုကို႔ကို ဘယ္လိုနည္းနဲ႔ လက္ေဆာင္ေတြေပးမလဲဆိုတာေတာ့ အတူတူရင္ခုန္ရေအာင္ေနာ္ 【ဂ်င္နာလည္းမသိေသးဘူး ... မစဥ္းစားရေသးလို႔ (≧▽≦)】
Version 01
Version 02
အားလုံးပဲ ဂြဒ္ႏိုက္ပါ ... ဂ်င္နာတို႔ဘက္ျခမ္းမွာေတာ့ မိုးေတြအရမ္းႀကီးၿပီး ေရေတြပါႀကီးေနလို႔ မအိပ္ႏိုင္ျဖစ္ေနရပါတယ္ ... အားလုံးပဲ ေဘးကင္းၾကပါေစေနာ္ ❤️🐰🐹
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



