အပိုင္း၁၄
16:26, 15 November 2021ညသံေခါင္ယံမွာ အေပၚဆံုးထပ္က ရံုးခန္းမွာတစ္ေယာက္ထဲ ေဆးလိပ္ထိုင္ေသာက္ေနတဲ့ လူတစ္ေယာက္ဟာ ေနာက္ထပ္လူတစ္ေယာက္ကိုေစာင့္ေနေလသည္။ထိုအခ်ိန္မွာပဲ အခန္းတံခါးဟာ ဖြင့္လာခဲ့တယ္။ထိုအခ်ိန္မွာပဲ အခန္းထဲမွာထိုင္ေနတဲ့လူရဲ့မ်က္ႏွာကို ေသေသခ်ာခ်ာျမင္ရေတာ့တယ္။
ကင္နမ္ဂၽြန္ဟာ ထိုလူ၀င္လာတဲ့အခါ သူထိုင္ေနတဲ့ေနရာကေန ဖယ္ျပီး ထိုလူ့ကိုေနရာေပးလိုက္တယ္။ျပီးေတာ့ သူက ထိုလူရဲ့ေရွ့မွာ ကုန္းညြတ္ကာ ေလးစားသမုျပုလိုက္တယ္။ထိုအခါမွာပဲ အေမွာင္ထဲက ထိုလူဟာ နမ္ဂၽြန္ရဲ့ေနရာမွာ ထိုင္ျပီး စားပဲြေပၚက ေဆးလိပ္တစ္ခုကိုယူကာမီးညိွလုိက္ျပီးမွ
''သူဘယ္လိုေနေသးလဲ''
'' မေန့ကပဲ ဟန္ဂုကေန ျပန္လာတယ္ တျခားေထြေထြထူးထူးေတာ့မရိွေသးဘူး''
နမ္ဂၽြန္ေျဖလိုက္ေလတယ္။ထိုလူရဲ့အသံဟာ ရိုးရင္းသေလာက္ မာန္ပါသလို ရက္စက္ၾကမ္းၾကုတ္သည္ကို နမ္ဂၽြန္အသိျဖစ္တယ္။
''ဟန္ဂု.....ဟုတ္လား....ငါမင္းကိုမေျပာထားဘူးလား အဲ့ေကာင္ကိုဟန္ဂုကိုမပို့နဲ့လုိ့
ဟမ္......နမ္ဂၽြန္ မင္းကပါ ငါ့ကို ပထုတ္ခ်င္တယ္ေပါ့ေလ ''
''မဟုတ္ပါဘူး သူေဌး ကၽြန္ေတာ္ေနာက္ဆုိ သူ့ကိုမသြားခိုင္းေတာ့ပါဘူး''
''ထားလိုက္ေတာ့ ထယ္ေယာင္းရီွးဘယ္လိုေနေသးလဲ''
''ႏိုးေနပါျပီ ဒါမဲ့ စိတ္ခ်ပါ သူမေျပာပါဘူး သိတယ္မလားသူေဌး သူက သူ့အစ္ကိုကိုအရမ္းခ်စ္တာေလ''
''ဟက္ သူ့အစ္ကို..လား....ဒါမွမဟုတ္....''
ထိုလူဟာ ဆက္မေျပာေတာ့ပဲ နမ္ဂၽြန့္ကိုေမးဆတ္ျပေလသည္။ထိုအခါ နမ္ဂၽြန္ကလည္း ေခါင္းကိုေျမၾကီးထဲျမုပ္ထားမတတ္ ငုတ္ေနေလသည္။
''ငါျပန္ေတာ့မယ္ ဒီေလာက္ႏွစ္ေတြၾကာမွျပန္လာတာကို တစ္စံုတစ္ေယာက္ကေတာ့မေပ်ာ္သလိုပဲ အာ...ဒါနဲ့ေလ ငါလူတစ္ေယာက္ကိုျမင္လိုက္တယ္ အဲ့အေကာင္နဲ့ ၾကည့္ရတာ ဟန္ဂုမွာ သူငယ္ခ်င္းရိွေနပံုပဲ...''
''သိပါျပီ သူေဌး ကၽြန္ေတာ္ရွင္းလို္က္မယ္''
နမ္ဂၽြန္ေျပာေသာစကားေၾကာင့္ ထိုလူကေက်နပ္သြားျပီး သူ့ရဲ့ပုခံုးကိုပုတ္ေပးကာမွ
''ေတာ္တယ္ နမ္ဂၽြန္ မၾကာပါဘူး ကစားပဲြလည္းျပီးေတာ့မွာ အဲ့အခ်ိန္က်ရင္ေတာ့ သူမဟုတ္ရင္ငါေတာ့ေပ်ာက္ကြယ္ေပးရမွာပဲ ႏွေျမာစရာပဲ ကစားပဲြေလးရဲ့အဓိက စစ္တုရင္ေလးကေသသြားလို့ မဟုတ္ရင္ပိုျပီးၾကည့္လို့ေကာင္းမွာ ''
လို့ေျပာရင္းရယ္လိုက္တာက တစ္ခန္းလံုးေတာင္ျမည္ဟီးသြားတယ္။
ထိုလူထြက္သြားေတာ့ နမ္ဂၽြန္သည္ ထိုင္ခံုမွာထိုင္ရင္း အတိတ္ကိုေတြးေနလိုက္တယ္။
လြန္ခဲ့တဲ့၉ႏွစ္ခန့္က
အဲ့တုန္းက နမ္ဂၽြန္ဆိုတာက အသက္၃၀အရြယ္ျဖစ္ျပီး company တစ္ခုရဲ့ေတာက္တိုမယ္ရ လုပ္ေနရတဲ့ အလုပ္သင္အဆင့္ကေန မတက္သူတစ္ဦးျဖစ္တယ္။ တစ္ေန့ေတာ့ ကုမဏီမွာ အထက္လူၾကီးတစ္ေယာက္ကို ဆဲြထိုးလိုက္ေတာ့ တစ္ခါတည္းအလုပ္ျပုတ္သြားေလေရာ။အဲ့ေတာ့အိမ္ကို လစာမရဘဲ ဗလာျပန္လာခဲ့တယ္။အိမ္ကိုလည္းနမ္ဂၽြႏ္ေရာက္ေရာ မိန္းမျဖစ္သူက ၾကမ္းျပင္မွာလဲက်ေနေလသည္။
''မိန္းမ မိန္းမ ဆယ္ဟီး ဆယ္ဟီး ဘယ္လိုျဖစ္တာလဲ ကိုယ္ေခၚတာၾကားလား ဆယ္ဟီး ကိုယ့္ကိုမေျခာက္ပါနဲ့''
နမ္ဂၽြန္ကိုယ္၀န္သည္မိန္းမရဲ့ကိုယ္ကိုေပြ့ခ်ီကာ ေျပာေနရင္းမ်က္ရည္ကက်လာေလသည္။မိန္းမျဖစ္သူဆယ္ဟီးကေတာ့ အသက္မရွဴေတာ့သလို ကိုယ္ေတြလည္းေအးစက္ေနျပီး ေပါင္တစ္ေလွ်ာက္ ေသြးနီနီေတြကစီးက်ေနေလသည္။
နမ္ဂၽြန္ဟာ အေရးေပၚကားကိုဖုန္းေခၚလိုက္တယ္.အတန္ၾကာေတာ့ ကားေရာက္လာျပီးမိန္းမျဖစ္သူကိုသယ္သြၾးတယ္။သူကိုယ္တိုင္လည္းလိုက္လာရန္ျပင္လိုက္စဥ္မွာပဲ
''ဦးေလး !!!!!''
အေနာက္ကေန ေခၚေသာအသံေခၚသံေၾကာင့္ သူ့ေျခလွမ္းေတြရပ္လိုက္တယ္။အေနာက္ကိုသူၾကည့္လိုက္ေတာ့ ငိုေနတဲ့မ်က္ႏွာနဲ့ သူ့တူေလး ကင္ထယ္ေယာင္း
''ထယ္ေလး ဘာျဖစ္တာလဲ''
နမ္ဂၽြန္စိတ္ပူစြာေမးလိုက္ေသာ္လည္းသူ့စိတ္ေတြက ေဆးရံုကားက သူ့မိန္းမဆီကိုသာ။
''ထယ္ေလး အခုဦးေလးမအားေသးလို့ ေနာက္မွ...''
''ဦးေလး အေမအိမ္ကေန ထြက္ေျပးသြားျပီ ''
ထယ္ေလးေျပာလိုက္တဲ့စကားေၾကာင့္ နမ္ဂၽြန္သည္ အရုပ္ၾကိုးပ်က္ထိုင္ခ်လိုက္မိတယ္။ထိုအခါမွာပဲ ေဆးရံုကားက ၀န္ထမ္းတစ္ေယာက္ကအုပ္ထိန္းသူတစ္ေယာက္လိုက္ပါရန္ေျပာလို့ နမ္ဂၽြႏ္တစ္ေယာက္ စိတ္ပ်က္ခ်ိန္ေတာင္မရဘဲ ကားေပၚတက္သြားလိုက္တယ္။ျပီးေတာ့ ထယ္ေလးကိုၾကည့္ကာ
''ထယ္ေလးးး အိမ္မွာေစာင့္ေနလိုက္ ေရခဲေသတာထဲမွာ ၾကက္ဥေတြရိွေသးတယ္ ၾကည့္က်ပ္စားလိုက္ ဦးေလးျပန္လာမွ ၀က္သား၀ယ္ေပးခဲ့မယ္''
ဆိုကာ ေျပာထားျပီး ကေလးငယ္ကိုထားခဲ့လိုက္တယ္။
~~~~~~
နမ္ဂၽြန္တစ္ေယာက္ ေမွာင္မဲေနတဲ့ လမ္းမွာတစ္ေယာက္တည္းေလွ်ာက္ေနခဲ့တယ္။ ဆယ္ဟီးက ေမြးခါနီးျဖစ္ေနတာေတာင္သူမသိေအာင္ မုန့္လုပ္ေရာင္းေနခဲ့တယ္။ သိတယ္ သူတို့မိသားစုေငြေရးေၾကးေရးအေျခအေနကို...
ဆယ္ဟီးႏွင့္ နမ္ဂၽြႏ္တို့က မိဘေတြသေဘာမတူပဲ ခိုးေျပးလာခဲ့တယ္။ ဘူဆန္ကေန ဆိုးလ္ကိုေရာက္လာခဲ့ေတာ့ ရိုးရိုးဘဲြ့သာရျပီး ေနာက္ခံမရိွတဲ့ နမ္ဂၽြန္ဟာ အလုပ္ရဖို့ခက္ခဲခဲ့တယ္။ဆယ္ဟီးဆိုတာကလည္း သူနာျဖုတစ္ေယာက္ျဖစ္ျပီး ကိုယ္၀န္ရိွကတည္းကအလုပ္မလုပ္ေတာ့တဲ့သူျဖစ္တယ္။
ရိုးသားၾကိုးစားတဲ့ နမ္ဂၽြန္ ဟာ လာဘ္စားတတ္တဲ့အထက္လူၾကီးေတြရဲ့ အျမင္မၾကည္ျခင္းကိုခံရတယ္။အဲ့ေတာ့ အလုပ္မွာ နမ္ဂၽြန္ကအဆင္မေျပပဲ အလုပ္တစ္ခုျပီးတစ္ခုေျပာင္းခဲ့ရတယ္။အခုအလုပ္လည္းေျပာင္းရတာပါပဲ။
ေဆးရံုမွာရိွေနတဲ့မိန္းမကလည္းကိုယ္၀န္ပ်က္က်သြားေတာ့ စိတ္ဓာတ္က်ကာ မိမိကုိယ္ကိုအျပစ္ဖို့ေနတယ္။နမ္ဂၽြန္ကမူ မိန္းမကိုလည္းအျပစ္မတင္ရက္တာေၾကာင့္အျပင္ကိုခနထြက္လာခဲ့တယ္။
ထို့ေနာက္ ထယ္ေလးဆီကိုဖုန္းေခၚလိုက္တယ္။
''ထယ္ေလး အိပ္ေနျပီလား ဦးေလးဒီညျပန္မလာေလာက္ေတာ့ဘူး မင္းအေဒၚကအမ်ားၾကီးေနမေကာင္းျဖစ္ေနတယ္။''
''(ကၽြန္ေတာ္မအိပ္ေသးဘူး အိပမ္စာလုပ္ေနတာ တစ္ေယာက္တည္းလည္းေနရဲတယ္ အဲေတာ့ကၽြႏ္ေတာ့္ကိုစိတ္မပူပါနဲ့) ''
''အင္း ဦးေလး ထယ္ေလးကိုစိတ္ခ်ပါတယ္ ဒါပဲေနာ္ ''
ဖုန္းခ်လိုက္ျပီး အေ၀းကိုေငးေနခဲ့တယ္။ထယ္ေလးအေမက မိမိမရီးျဖစ္ျပိး အစ္ကိုျဖစ္သူေသသြားေတာ့ ေလာင္ကစားေတြအရက္ေတြေသာက္ကာကေလးကိုတစ္ေယာ္ကတည္းထားတတ္သူတစ္ေယာက္ျဖစ္တယ္။အခုလည္း ေကာင္ေလးေနာက္ုိလိုက္သြားပံုရသည္။
အျပင္မွာ အေနၾကာေတာ့ မိန္းမႏိုးလာျပီလားဆိုျပီး ေဆးရံုထဲကို ျပန္၀င္သြားခဲ့တယ္။ မိန္းမနားေနတဲ့အခန္းကိုေရာက္ေတာ့ အခန္းကေမွာင္မဲေနခဲ့တယ္။ နမ္ဂၽြန္ကတံခါးေဘးကခလုတ္ကိုႏိွပ္လိုက္ျပီး မီးဖြင့္လိုက္ေတာ့
''ဆယ္ဟီး ဆယ္ဟီး ဘာလုပ္တာလဲ ဆယ္ဟီး''
ဆယ္ဟီးသည္ အခန္းထဲက ၾကမ္းျပင္မွာလဲေနျပီး ေသြးေတြကလည္း ျပန့္က်ဲေနသည္။လက္ေကာက္၀တ္ကုိ ပုလင္းကဲြစနဲ့ျဖတ္ထားတာျဖစ္တယ္။နမ္ဂၽြန္ဟာ ဆရာ၀န္ေခၚဘဲလ္ကို တီးကာ ဆယ္ဟိီးနားမွာသြားထိုက္ကာ ဆယ္ဟီးကိုေပါင္ေပၚထားထားလိုက္တယ္။
''ဆယ္ဟီး ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မင္းေဘးမွာေနေပးခဲ့ရမွာ ကို္ယ္မေကာင္းတာပါ ဒီလိုလဲမေနပါနဲ့ ကိုယ့္ကို ထၾကည့္ပါဦး ဆယ္ဟိးးးးး အဟင့္ အဟင့္''
''ကိုယ္မွားပါတယ္ ဆယ္ဟီး ကိုယ္တို့ႏွစ္ေတြအၾကာၾကီးေနရအုန္းမယ္ေလ ဆယ္ဟီးးး''
နမ္ဂၽြႏ္သည္ သူ့ေပါင္ေပၚက ဇနီးသည္ကို ေပြ့ထားရင္းငိုေၾကြးေနခဲ့တယ္။
~~~~
''oppa ေတာင္းပန္ပါတယ္ အစ္ကို့အတြက္ ကၽြန္မခ်စ္ဖို့ေကာင္းတဲ့သားေလးမေမြးေပးႏိုင္ခဲ့လို့
ကၽြန္မကေလ အစ္ကို့အတြက္ ၀န္ထုတ္၀န္ပိုးျဖစ္ေနမလားေတာင္မသိဘူး သားေလး ကၽြန္မဆီကိုေရာက္လာေတာ့ ကၽြန္မအဲ့လိုမေတြးေတာ့ဘူး
ဘာျဖစ္ျဖစ္ သားေလးအတြက္ပဲျဖစ္ျဖစ္ အစ္ကို့အတြက္ျဖစ္ျဖစ္ ၾကိုစားအသက္ရွင္မယ္လုိ့ စားစရာမရိွ ၀တ္စရာမရိွရင္ေတာင္မွ
အစ္ကို ကၽြန္မမရိွလည္းေကာင္းေကာင္းေနႏိုင္တယ္မလား....
ေတာင္ပန္ပါတယ္အစ္ကို ေက်ာေပးသြားတဲ့အစ္ကို့ေနာက္ေက်ာကိုၾကည့္ရင္း ကၽြန္မအရမ္းအားနာေနမိတယ္။
ေကာင္းေကာင္းေနထိုင္ပါေနာ္ သားေလးကအရမ္းေအးေနတယ္တဲ့ ကၽြန္မသားေလးကိုေပြ့ဖက္ေပးဖို့
သြားေတာ့မယ္....အစ္ကိုကေတာ့ ၾကံ့ခိုင္တဲ့လူတစ္ေယာက္မို့ ကၽြန္မအစ္ကို့ကိုထားခဲ့ေတာ့မယ္ေနာ္ ကၽြန္မကိုအစ္ကိုစိတ္မဆိုးပါနဲ့ေနာ္ ျပီးေတာ့ ကိုယ္ကိုကိုယ္လည္း အျပစ္မတင္ပါနဲ့ ဒါကအစ္ကို့ အမွားမဟုတ္ပါဘူး ကၽြန္မကိုယ္တိုင္ေရြးခ်ယ္ခဲ့တာပါ တကယ္ကိုေတာင္းပန္ပါတယ္ .......''
နမ္ဂၽြန္ဟာ ဆယ္ဟီးေရးထားခဲ့တဲ့စာကို ဖတ္ရင္း မ်က္ရာည္က်ေနခဲ့တယ္။သူအသံုးမက်လို့ ဆယ္ဟီးေသခဲ့ရတာ ငါကညံ့လို့ ငါကသူ့ကို ခ်မ္းခ်မ္းသာသာထားပါ့မယ္လို့ဂတိေပးခဲ့ေပမယ့္မတည္ခဲ့တာ။ဆယ္ဟီးေလးဘယ္ေလာက္ တစ္ေယာက္တည္း ပင္ပန္းေနခဲ့မလဲ....ငါေနာက္က်တဲ့အထိ အခ်ိန္ပိုဆင္းခဲ့တဲ့ညေတြမွာ တစ္ေယာက္တည္းဘယ္ေလာက္ေတာင္ ေစာင့္ေနခဲ့ရမလဲ....
အရက္မူးလာတဲ့ေန့တိုင္း သူမကို ထမင္းစားျပီးျပီလားေတာင္မေမးဘဲ ကုိယ္တိုင္ကသာအျပင္မွာစားခဲ့တယ္။သူမေစာင့္ေနမွန္းသိသိရက္ သူမဖုန္းေခၚေနမွန္းသိသိနဲ့ ဖုန္းေတာင္မကိုင္ခဲ့ဘူး။ သူမဆင္ေပးသမွ်ကိုသာ၀တ္ေနခဲ့ျပီး သူမအတြက္အ၀တ္တစ္စံုေတာင္၀တ္ေပးရမွန္းမသိခဲ့ဘူး။
နမ္ဂၽြန္ဟာ ေဆးရံုေခါင္မိုးထပ္မွာ ရပ္ေနခဲ့တယ္။ေလာကၾကီးကို သူစိတ္ကုန္ေနခဲ့ျပီး လူေတြကိုရိုက်ိုးေနရတာ သူပင္ပန္းေနခဲ့ျပီ ။အဆင္သင့္ျဖစ္လို့ ေလနဲ့အတူလြင့္ေမာဖို့ျပင္လိုက္ေတာ့ လူတစ္ေယာက္က သူ့ေနာက္ကေန ေျပာလိုက္တယ္။
''ငါနဲ့အတူ ဂိမ္းေလးတစ္ခုေလာက္မကစားခ်င္ဘူးလား ကင္နမ္ဂၽြန္ရီွးးးးးး''
ထိုသို့ျဖင့္ နမ္ဂၽြန္ဆီကို ရယ္သံတစ္ခုနဲ့အတူ နတ္ဆိုးတစ္ေကာင္ ေရာက္လာခဲ့တယ္။
~~~~~~~
(ၾကယ္ေလးတစ္ခ်က္ေလာက္ ႏိုပ္ေပးခဲ့အုန္းေနာ္ love you allပါ 🥰)
unicode
ညသံခေါင်ယံမှာ အပေါ်ဆုံးထပ်က ရုံးခန်းမှာတစ်ယောက်ထဲ ဆေးလိပ်ထိုင်သောက်နေတဲ့ လူတစ်ယောက်ဟာ နောက်ထပ်လူတစ်ယောက်ကိုစောင့်နေလေသည်။ထိုအချိန်မှာပဲ အခန်းတံခါးဟာ ဖွင့်လာခဲ့တယ်။ထိုအချိန်မှာပဲ အခန်းထဲမှာထိုင်နေတဲ့လူရဲ့မျက်နှာကို သေသေချာချာမြင်ရတော့တယ်။
ကင်နမ်ဂျွန်ဟာ ထိုလူဝင်လာတဲ့အခါ သူထိုင်နေတဲ့နေရာကနေ ဖယ်ပြီး ထိုလူ့ကိုနေရာပေးလိုက်တယ်။ပြီးတော့ သူက ထိုလူရဲ့ရှေ့မှာ ကုန်းညွတ်ကာ လေးစားသမုပြုလိုက်တယ်။ထိုအခါမှာပဲ အမှောင်ထဲက ထိုလူဟာ နမ်ဂျွန်ရဲ့နေရာမှာ ထိုင်ပြီး စားပွဲပေါ်က ဆေးလိပ်တစ်ခုကိုယူကာမီးညှိလိုက်ပြီးမှ
''သူဘယ်လိုနေသေးလဲ''
'' မနေ့ကပဲ ဟန်ဂုကနေ ပြန်လာတယ် တခြားထွေထွေထူးထူးတော့မရှိသေးဘူး''
နမ်ဂျွန်ဖြေလိုက်လေတယ်။ထိုလူရဲ့အသံဟာ ရိုးရင်းသလောက် မာန်ပါသလို ရက်စက်ကြမ်းကြုတ်သည်ကို နမ်ဂျွန်အသိဖြစ်တယ်။
''ဟန်ဂု.....ဟုတ်လား....ငါမင်းကိုမပြောထားဘူးလား အဲ့ကောင်ကိုဟန်ဂုကိုမပို့နဲ့လို့
ဟမ်......နမ်ဂျွန် မင်းကပါ ငါ့ကို ပထုတ်ချင်တယ်ပေါ့လေ ''
''မဟုတ်ပါဘူး သူဌေး ကျွန်တော်နောက်ဆို သူ့ကိုမသွားခိုင်းတော့ပါဘူး''
''ထားလိုက်တော့ ထယ်ယောင်းရှီးဘယ်လိုနေသေးလဲ''
''နိုးနေပါပြီ ဒါမဲ့ စိတ်ချပါ သူမပြောပါဘူး သိတယ်မလားသူဌေး သူက သူ့အစ်ကိုကိုအရမ်းချစ်တာလေ''
''ဟက် သူ့အစ်ကို..လား....ဒါမှမဟုတ်....''
ထိုလူဟာ ဆက်မပြောတော့ပဲ နမ်ဂျွန့်ကိုမေးဆတ်ပြလေသည်။ထိုအခါ နမ်ဂျွန်ကလည်း ခေါင်းကိုမြေကြီးထဲမြုပ်ထားမတတ် ငုတ်နေလေသည်။
''ငါပြန်တော့မယ် ဒီလောက်နှစ်တွေကြာမှပြန်လာတာကို တစ်စုံတစ်ယောက်ကတော့မပျော်သလိုပဲ အာ...ဒါနဲ့လေ ငါလူတစ်ယောက်ကိုမြင်လိုက်တယ် အဲ့အကောင်နဲ့ ကြည့်ရတာ ဟန်ဂုမှာ သူငယ်ချင်းရှိနေပုံပဲ...''
''သိပါပြီ သူဌေး ကျွန်တော်ရှင်းလ်ိုက်မယ်''
နမ်ဂျွန်ပြောသောစကားကြောင့် ထိုလူကကျေနပ်သွားပြီး သူ့ရဲ့ပုခုံးကိုပုတ်ပေးကာမှ
''တော်တယ် နမ်ဂျွန် မကြာပါဘူး ကစားပွဲလည်းပြီးတော့မှာ အဲ့အချိန်ကျရင်တော့ သူမဟုတ်ရင်ငါတော့ပျောက်ကွယ်ပေးရမှာပဲ နှမြောစရာပဲ ကစားပွဲလေးရဲ့အဓိက စစ်တုရင်လေးကသေသွားလို့ မဟုတ်ရင်ပိုပြီးကြည့်လို့ကောင်းမှာ ''
လို့ပြောရင်းရယ်လိုက်တာက တစ်ခန်းလုံးတောင်မြည်ဟီးသွားတယ်။
ထိုလူထွက်သွားတော့ နမ်ဂျွန်သည် ထိုင်ခုံမှာထိုင်ရင်း အတိတ်ကိုတွေးနေလိုက်တယ်။
လွန်ခဲ့တဲ့၉နှစ်ခန့်က
အဲ့တုန်းက နမ်ဂျွန်ဆိုတာက အသက်၃၀အရွယ်ဖြစ်ပြီး company တစ်ခုရဲ့တောက်တိုမယ်ရ လုပ်နေရတဲ့ အလုပ်သင်အဆင့်ကနေ မတက်သူတစ်ဦးဖြစ်တယ်။ တစ်နေ့တော့ ကုမဏီမှာ အထက်လူကြီးတစ်ယောက်ကို ဆွဲထိုးလိုက်တော့ တစ်ခါတည်းအလုပ်ပြုတ်သွားလေရော။အဲ့တော့အိမ်ကို လစာမရဘဲ ဗလာပြန်လာခဲ့တယ်။အိမ်ကိုလည်းနမ်ဂျွန်ရောက်ရော မိန်းမဖြစ်သူက ကြမ်းပြင်မှာလဲကျနေလေသည်။
''မိန်းမ မိန်းမ ဆယ်ဟီး ဆယ်ဟီး ဘယ်လိုဖြစ်တာလဲ ကိုယ်ခေါ်တာကြားလား ဆယ်ဟီး ကိုယ့်ကိုမခြောက်ပါနဲ့''
နမ်ဂျွန်ကိုယ်ဝန်သည်မိန်းမရဲ့ကိုယ်ကိုပွေ့ချီကာ ပြောနေရင်းမျက်ရည်ကကျလာလေသည်။မိန်းမဖြစ်သူဆယ်ဟီးကတော့ အသက်မရှူတော့သလို ကိုယ်တွေလည်းအေးစက်နေပြီး ပေါင်တစ်လျှောက် သွေးနီနီတွေကစီးကျနေလေသည်။
နမ်ဂျွန်ဟာ အရေးပေါ်ကားကိုဖုန်းခေါ်လိုက်တယ်.အတန်ကြာတော့ ကားရောက်လာပြီးမိန်းမဖြစ်သူကိုသယ်သွြးတယ်။သူကိုယ်တိုင်လည်းလိုက်လာရန်ပြင်လိုက်စဉ်မှာပဲ
''ဦးလေး !!!!!''
အနောက်ကနေ ခေါ်သောအသံခေါ်သံကြောင့် သူ့ခြေလှမ်းတွေရပ်လိုက်တယ်။အနောက်ကိုသူကြည့်လိုက်တော့ ငိုနေတဲ့မျက်နှာနဲ့ သူ့တူလေး ကင်ထယ်ယောင်း
''ထယ်လေး ဘာဖြစ်တာလဲ''
နမ်ဂျွန်စိတ်ပူစွာမေးလိုက်သော်လည်းသူ့စိတ်တွေက ဆေးရုံကားက သူ့မိန်းမဆီကိုသာ။
''ထယ်လေး အခုဦးလေးမအားသေးလို့ နောက်မှ...''
''ဦးလေး အမေအိမ်ကနေ ထွက်ပြေးသွားပြီ ''
ထယ်လေးပြောလိုက်တဲ့စကားကြောင့် နမ်ဂျွန်သည် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိတယ်။ထိုအခါမှာပဲ ဆေးရုံကားက ဝန်ထမ်းတစ်ယောက်ကအုပ်ထိန်းသူတစ်ယောက်လိုက်ပါရန်ပြောလို့ နမ်ဂျွန်တစ်ယောက် စိတ်ပျက်ချိန်တောင်မရဘဲ ကားပေါ်တက်သွားလိုက်တယ်။ပြီးတော့ ထယ်လေးကိုကြည့်ကာ
''ထယ်လေး အိမ်မှာစောင့်နေလိုက် ရေခဲသေတာထဲမှာ ကြက်ဥတွေရှိသေးတယ် ကြည့်ကျပ်စားလိုက် ဦးလေးပြန်လာမှ ဝက်သားဝယ်ပေးခဲ့မယ်''
ဆိုကာ ပြောထားပြီး ကလေးငယ်ကိုထားခဲ့လိုက်တယ်။
~~~~~~
နမ်ဂျွန်တစ်ယောက် မှောင်မဲနေတဲ့ လမ်းမှာတစ်ယောက်တည်းလျှောက်နေခဲ့တယ်။ ဆယ်ဟီးက မွေးခါနီးဖြစ်နေတာတောင်သူမသိအောင် မုန့်လုပ်ရောင်းနေခဲ့တယ်။ သိတယ် သူတို့မိသားစုငွေရေးကြေးရေးအခြေအနေကို...
ဆယ်ဟီးနှင့် နမ်ဂျွန်တို့က မိဘတွေသဘောမတူပဲ ခိုးပြေးလာခဲ့တယ်။ ဘူဆန်ကနေ ဆိုးလ်ကိုရောက်လာခဲ့တော့ ရိုးရိုးဘွဲ့သာရပြီး နောက်ခံမရှိတဲ့ နမ်ဂျွန်ဟာ အလုပ်ရဖို့ခက်ခဲခဲ့တယ်။ဆယ်ဟီးဆိုတာကလည်း သူနာဖြုတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ရှိကတည်းကအလုပ်မလုပ်တော့တဲ့သူဖြစ်တယ်။
ရိုးသားကြိုးစားတဲ့ နမ်ဂျွန် ဟာ လာဘ်စားတတ်တဲ့အထက်လူကြီးတွေရဲ့ အမြင်မကြည်ခြင်းကိုခံရတယ်။အဲ့တော့ အလုပ်မှာ နမ်ဂျွန်ကအဆင်မပြေပဲ အလုပ်တစ်ခုပြီးတစ်ခုပြောင်းခဲ့ရတယ်။အခုအလုပ်လည်းပြောင်းရတာပါပဲ။
ဆေးရုံမှာရှိနေတဲ့မိန်းမကလည်းကိုယ်ဝန်ပျက်ကျသွားတော့ စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုအပြစ်ဖို့နေတယ်။နမ်ဂျွန်ကမူ မိန်းမကိုလည်းအပြစ်မတင်ရက်တာကြောင့်အပြင်ကိုခနထွက်လာခဲ့တယ်။
ထို့နောက် ထယ်လေးဆီကိုဖုန်းခေါ်လိုက်တယ်။
''ထယ်လေး အိပ်နေပြီလား ဦးလေးဒီညပြန်မလာလောက်တော့ဘူး မင်းအဒေါ်ကအများကြီးနေမကောင်းဖြစ်နေတယ်။''
''(ကျွန်တော်မအိပ်သေးဘူး အိပမ်စာလုပ်နေတာ တစ်ယောက်တည်းလည်းနေရဲတယ် အဲတော့ကျွန်တော့်ကိုစိတ်မပူပါနဲ့) ''
''အင်း ဦးလေး ထယ်လေးကိုစိတ်ချပါတယ် ဒါပဲနော် ''
ဖုန်းချလိုက်ပြီး အဝေးကိုငေးနေခဲ့တယ်။ထယ်လေးအမေက မိမိမရီးဖြစ်ပြိး အစ်ကိုဖြစ်သူသေသွားတော့ လောင်ကစားတွေအရက်တွေသောက်ကာကလေးကိုတစ်ယော်ကတည်းထားတတ်သူတစ်ယောက်ဖြစ်တယ်။အခုလည်း ကောင်လေးနောက်ိုလိုက်သွားပုံရသည်။
အပြင်မှာ အနေကြာတော့ မိန်းမနိုးလာပြီလားဆိုပြီး ဆေးရုံထဲကို ပြန်ဝင်သွားခဲ့တယ်။ မိန်းမနားနေတဲ့အခန်းကိုရောက်တော့ အခန်းကမှောင်မဲနေခဲ့တယ်။ နမ်ဂျွန်ကတံခါးဘေးကခလုတ်ကိုနှိပ်လိုက်ပြီး မီးဖွင့်လိုက်တော့
''ဆယ်ဟီး ဆယ်ဟီး ဘာလုပ်တာလဲ ဆယ်ဟီး''
ဆယ်ဟီးသည် အခန်းထဲက ကြမ်းပြင်မှာလဲနေပြီး သွေးတွေကလည်း ပြန့်ကျဲနေသည်။လက်ကောက်ဝတ်ကို ပုလင်းကွဲစနဲ့ဖြတ်ထားတာဖြစ်တယ်။နမ်ဂျွန်ဟာ ဆရာဝန်ခေါ်ဘဲလ်ကို တီးကာ ဆယ်ဟီးနားမှာသွားထိုက်ကာ ဆယ်ဟီးကိုပေါင်ပေါ်ထားထားလိုက်တယ်။
''ဆယ်ဟီး ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းဘေးမှာနေပေးခဲ့ရမှာ က်ိုယ်မကောင်းတာပါ ဒီလိုလဲမနေပါနဲ့ ကိုယ့်ကို ထကြည့်ပါဦး ဆယ်ဟိး အဟင့် အဟင့်''
''ကိုယ်မှားပါတယ် ဆယ်ဟီး ကိုယ်တို့နှစ်တွေအကြာကြီးနေရအုန်းမယ်လေ ဆယ်ဟီး''
နမ်ဂျွန်သည် သူ့ပေါင်ပေါ်က ဇနီးသည်ကို ပွေ့ထားရင်းငိုကြွေးနေခဲ့တယ်။
~~~~
''oppa တောင်းပန်ပါတယ် အစ်ကို့အတွက် ကျွန်မချစ်ဖို့ကောင်းတဲ့သားလေးမမွေးပေးနိုင်ခဲ့လို့
ကျွန်မကလေ အစ်ကို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေမလားတောင်မသိဘူး သားလေး ကျွန်မဆီကိုရောက်လာတော့ ကျွန်မအဲ့လိုမတွေးတော့ဘူး
ဘာဖြစ်ဖြစ် သားလေးအတွက်ပဲဖြစ်ဖြစ် အစ်ကို့အတွက်ဖြစ်ဖြစ် ကြိုစားအသက်ရှင်မယ်လို့ စားစရာမရှိ ဝတ်စရာမရှိရင်တောင်မှ
အစ်ကို ကျွန်မမရှိလည်းကောင်းကောင်းနေနိုင်တယ်မလား....
တောင်ပန်ပါတယ်အစ်ကို ကျောပေးသွားတဲ့အစ်ကို့နောက်ကျောကိုကြည့်ရင်း ကျွန်မအရမ်းအားနာနေမိတယ်။
ကောင်းကောင်းနေထိုင်ပါနော် သားလေးကအရမ်းအေးနေတယ်တဲ့ ကျွန်မသားလေးကိုပွေ့ဖက်ပေးဖို့
သွားတော့မယ်....အစ်ကိုကတော့ ကြံ့ခိုင်တဲ့လူတစ်ယောက်မို့ ကျွန်မအစ်ကို့ကိုထားခဲ့တော့မယ်နော် ကျွန်မကိုအစ်ကိုစိတ်မဆိုးပါနဲ့နော် ပြီးတော့ ကိုယ်ကိုကိုယ်လည်း အပြစ်မတင်ပါနဲ့ ဒါကအစ်ကို့ အမှားမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်ရွေးချယ်ခဲ့တာပါ တကယ်ကိုတောင်းပန်ပါတယ် .......''
နမ်ဂျွန်ဟာ ဆယ်ဟီးရေးထားခဲ့တဲ့စာကို ဖတ်ရင်း မျက်ရာည်ကျနေခဲ့တယ်။သူအသုံးမကျလို့ ဆယ်ဟီးသေခဲ့ရတာ ငါကညံ့လို့ ငါကသူ့ကို ချမ်းချမ်းသာသာထားပါ့မယ်လို့ဂတိပေးခဲ့ပေမယ့်မတည်ခဲ့တာ။ဆယ်ဟီးလေးဘယ်လောက် တစ်ယောက်တည်း ပင်ပန်းနေခဲ့မလဲ....ငါနောက်ကျတဲ့အထိ အချိန်ပိုဆင်းခဲ့တဲ့ညတွေမှာ တစ်ယောက်တည်းဘယ်လောက်တောင် စောင့်နေခဲ့ရမလဲ....
အရက်မူးလာတဲ့နေ့တိုင်း သူမကို ထမင်းစားပြီးပြီလားတောင်မမေးဘဲ ကိုယ်တိုင်ကသာအပြင်မှာစားခဲ့တယ်။သူမစောင့်နေမှန်းသိသိရက် သူမဖုန်းခေါ်နေမှန်းသိသိနဲ့ ဖုန်းတောင်မကိုင်ခဲ့ဘူး။ သူမဆင်ပေးသမျှကိုသာဝတ်နေခဲ့ပြီး သူမအတွက်အဝတ်တစ်စုံတောင်ဝတ်ပေးရမှန်းမသိခဲ့ဘူး။
နမ်ဂျွန်ဟာ ဆေးရုံခေါင်မိုးထပ်မှာ ရပ်နေခဲ့တယ်။လောကကြီးကို သူစိတ်ကုန်နေခဲ့ပြီး လူတွေကိုရိုကျိုးနေရတာ သူပင်ပန်းနေခဲ့ပြီ ။အဆင်သင့်ဖြစ်လို့ လေနဲ့အတူလွင့်မောဖို့ပြင်လိုက်တော့ လူတစ်ယောက်က သူ့နောက်ကနေ ပြောလိုက်တယ်။
''ငါနဲ့အတူ ဂိမ်းလေးတစ်ခုလောက်မကစားချင်ဘူးလား ကင်နမ်ဂျွန်ရှီး''
ထိုသို့ဖြင့် နမ်ဂျွန်ဆီကို ရယ်သံတစ်ခုနဲ့အတူ နတ်ဆိုးတစ်ကောင် ရောက်လာခဲ့တယ်။
~~~~~~~
(ကြယ်လေးတစ်ချက်လောက် နိုပ်ပေးခဲ့အုန်းနော် love you allပါ 🥰)
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



