Fanfics

အပိုင္း၁၀

07:49, 25 November 2021

ျပင္သစ္က ဒီဇိုင္နာနဲ့ အလုပ္အေၾကာင္းေျပာေနရင္းကာမွ မေန့ကလူဆီကေန မတ္ေဆ့၀င္လာခဲ့တယ္။

ေန့လယ္၁၂နာရီ ျမို့ျပင္က ေဆာက္လုပ္ေရးရံုးအပ်က္မွာ ေစာင့္ေနတယ္ မင္းအတြက္လက္ေဆာင္နဲ့အတူ

ထိုမတ္ေဆ့လက္ခံရရိွေတာ့ ယြန္ဂီသည္ခ်က္ခ်င္းမတ္တပ္ရပ္လိုက္သည္။ မေန့ညကတည္းက သူေကာင္းေကာင္းမအိပ္ရသည္မွာဒီလူေၾကာင့္ပင္ျဖစ္သည္။ ငါမသိတဲ့ငါ့အေၾကာင္းကဘာမ်ားလဲ။

'' mr min what happen with you''

ဒီဇိုင္နာမိန္းကေလးက အတူထရပ္ျပီးေျပာလာေလသည္။ ထိုအခါမွ ယြန္ဂီသတိရသြားျပီး ဒီဇီုင္နာမိန္းကေလးကိုအားနာနာနဲ့ေျပာလာေလသည္။

'' sorry Lily ကၽြန္ေတာ္သြားစရာရိွေသးလို့ ဒီေန့ေတာ့ဒီေလာက္နဲ့ရပ္ထားၾကတာေပါ့ ေနာက္မွ ကၽြန္ေတာ္ျပန္ဆက္သြယ္လိုက္ပါ့မယ္''

''hey wait hey''

lilyဆက္ေျပာမယ့္စကားကိုပင္နားမေထာင္ေတာ့ပဲ ယြန္ဂီသည္ဖုန္းကိုကိုင္ကာ ဆိုင္အျပင္ဘက္ကိုထြက္လာေတာ့ လူတစ္ေယာက္နဲ့တိုက္မိသြားရာထိုလူဆီမွေကာဖီတစ္ခ်ို့သည္ ယြန္ဂီ့အက်ီကိုလာစင္ေလေတာ့ ယြန္ဂီတစ္ေယာက္အလန့္လြန္ျပီး ၾကမ္းျပင္ေပၚမွာဖင္ထိုင္ခ်မိကာတစ္ကိုယ္လံုးတုန္ေနေလသည္။အမွန္တရားတစ္ခ်ို့ကိုရင္ဆိုင္ဖို့သူ့မွာအင္အားအလံုအေလာက္မရိွေသးေပ။

''yoongi shii အဆင္ေျပလား''

ယြန္ဂီတုန္ေနတုန္းသူ့နာမည္ေခၚသံၾကားေတာ့လန့္သြားသည္နဲ့အတူ အနည္းငယ္ေႏြးေထြးတေယာင္။

''ေဂ်ာင္ဂု'

ယြန္ဂီသည္သူ့ေရွ့မွာ သူ့ကိုငံု့ၾကည့္ေနတဲ့ ေဂ်ာင္ဂုကို အငမ္းမရဖက္တြယ္လိုက္တယ္။ေနြးေထြးသြားတဲ့ခံစားခ်က္နဲ့အတူ စိတ္သက္သာသြားတယ္။

ေဂ်ာင္ဂုသည္ ယြန္ဂီရဲ့ေက်ာကိုဖြဖြေလးပုတ္ေပးကာ အဆင္ေျပသြားမွာပါဆိုတဲ့စကားကိုအၾကိမ္ၾကိမ္ေျပာေပးေနေလသည္။

ေကာဖီဆိုင္ေရွ့မွာ တစ္ေယာက္ကိုတစ္ေယာက္ဖက္တြယ္ထားၾကတဲ့လူႏွစ္ေယာက္နဲ့ ကားအနက္ေရာင္တစ္စီးေရွ့မွာရပ္ေနတဲ့လူငယ္ေလးတစ္ေယာက္။ထိုလူငယ္ကတစ္စံုတစ္ခုမွားယြင္ေတာ့မယ္ဆိုတာကိုသိေနတဲ့အလား။

~~~~~~~~

''ယြန္ဂီ မင္းအဆင္ေျပလား''

ႏွစ္ေယာက္သား ခံုတန္းေလးတစ္ခုမွာထိုင္ေနရင္း ေဂ်ာင္ဂုက ယြန္ဂီ့ကို ေကာဖီခြက္တစ္ခုကမ္းေပးရင္းဆိုလာေတာ့ ယြန္ဂီကလည္းလက္ခံလိုက္ျပီး

''အင္း ဒါနဲ့ ငါ့ေၾကာင့္စိတ္အေႏွာင့္အယွက္ျဖစ္သြားလား''

''မျဖစ္ပါဘူး ကိုယ္ကအဆင္ေျပတယ္ ယြန္ဂီသာအကူအညီိလိုရင္ကိုယ့္ကိုေျပာေနာ္''

''ငါနည္းနည္း မ်က္ႏွာေျပာင္တိုက္သလိုမ်ားျဖစ္ေနလားဟင္''

''ဟင့္အင္း မင္းဘာအကူအညီလိုလိုကိုယ္ကကူညီေပးမွာမို့လို့ ကိုယ့္ကိုအားမနာပါနဲ့''

''ေက်းဇူးပဲ ေဂ်ာင္ဂု တကယ္ေက်းဇူးတင္ပါတယ္ ငါ့နားမွာရိွေနေပးလို့''

ယြန္ဂီထိုသို့ေျပာလိုက္ေတာ့ ေဂ်ာင္ဂုသည္ ေကာဖီခြက္ကိုေဘးမွာခ်ထားလိုက္ျပီးယြန္ဂီ့ကိုရင္ခြင္ထဲဆဲြထည့္လိုက္တယ္။ထိုအခါမွ ယြန္ဂီသည္ အေမေပ်ာက္တဲ့ကေလးပမာ ငိုေၾကြးေနေလေတာ့သည္။ ယြန္ဂီသိေနတယ္ အတိတ္ကသူ့ကို သူျပန္ရွာေတြ့မယ္ဆိုရင္ေကာင္းတဲ့အရာေတြျဖစ္လာမွာမဟုတ္ဘူး။

''ငိုလိုက္ပါ ယြန္ဂီ ဒီေန့တစ္ရက္ေတာ့ ကိုယ္မင္းကိုခြင့္ျပုေပးမယ္''

''အီး ဟီး ဟီး.........''

''အဆင္ေျပပါတယ္ ကိုယ္ရိွေနတယ္မလား ကိုယ္မင္းျပသာနာေတြကိုကူရွင္းေပးမယ္''

ဆိုရင္းေကာင္ေလးကိုရင္ခြင္ထဲဆဲြသြင္းထားလိုက္တယ္။ မင္းမွာဘာျပသာနာေတြမ်ားရိွေနတာလဲ ယြန္ဂီ။ကိုယ္မရိွရင္ မင္းေပ်ာ္ရႊင္ေနဖို့ထိမလိုေပမယ့္ အဆင္ေျပေနတယ္ဆိုတာေလးေတာ့ၾကားခ်င္ခဲ့တာပါ။ဒါမဲ့ ဘာလို့ကိုယ္နဲ့ေတြ့တိုင္းမင္းကအဆင္ေျပမေနရတာလဲ ကိုယ္မင္းကိုစိတ္မခ်ခ်င္ေတာ့ဘူးေနာ္။

~~~~~~~~~

ျမို့ျပင္ကို ယြန္ဂီႏွင့္ေဂ်ာင္ဂုတို့ ကားတစ္စီးႏွင့္ အတူထြက္လာခဲ့ၾကတယ္။အေနာက္မွာလည္း ကားတစ္စီးလိုက္ပါလာသည္ကိုေတာ့ မသိၾကေပ။

ျမို့ျပင္ကခ်ိန္းထားတဲ့ေနရာေရာက္ေတာ့ ယြန္ဂီသည္ေဂ်ာင္ဂုကို ကားမွာသာေစာင့္ေနခိုင္းျပီး သူတစ္ေယာက္သာအထဲကို၀င္လာခဲ့သည္။

ေဂ်ာင္ဂုကလည္းျငိမ္ျငိမ္ေလးသာေနရစ္ခဲ့သည္။

ေဆာက္လုပ္ေရးရံုးအေဟာင္းကို ယြန္ဂီ၀င္သြားေတာ့ သိပ္ပင္မရွာလိုက္ရေပ။အထဲမွာ သူ့ကို ေက်ာခိုင္းထားတဲ့လူကိုျမင္လိုက္ရသည္။ထိုလူျပန္လွည့္လာခ်ိန္မွာေတာ့ ယြန္ဂီအံအားရသည္။

''ေဒါက္တာ ဘဲ့မူေယာင္းရီွး''

တကယ္ပင္ ဘဲ့မူေယာင္းျဖစ္သည္။မ်က္မွန္မတပ္ထားတာေၾကာင့္နည္းနည္းေတာ့အသက္ငယ္ေသးသေယာင္။

''ေရာက္လာျပီလား မင္ရွူးဂါးရီွး''

''ကၽြန္ေတာ္က မင္ယြန္ဂီေလ ဦးေလး မမွတ္မိဘူးလား''

''မွတ္မိတာေပါ့ အပိုေတြမေျပာနဲ့ ပိုက္ဆံေရာ''

ဆိုေတာ့ ယြႏ္ဂီလည္းလက္ကကိုင္ထားတဲ့ လက္ဆဲြအိတ္တစ္ခုလံုးကိုပစ္ေပးလိုက္သည္။ဒီေငြေလာက္ေတာ့ ယြန္ဂီအတြက္ျပန္ရွာရတာမခက္ဘူး။အဓိကက ကိုယ္ေပးသေလာက္တန္ရဲ့လားဆိုတာပဲမူတည္တယ္။

''ဂတိတည္တာပဲ ငါၾကိုက္တယ္ ေရာ့ ဒီမွာ ဒီကတ္မွာမင္းလိုခ်င္တဲ့အရာရိွတယ္ ''

ဆိုျပီး ဘဲ့မူေယာင္းက ယြန္ဂီကို memory ကတ္တစ္ခုေပးလိုက္ေလသည္။ထို့ေနာက္အေနာက္တံခါးကေနထြက္ေျပးသြားေလသည္။

ယြန္ဂီကေတာ့ ထိုလူရဲ့အမူအရာေတြနားမလည္စြာေၾကာင္ေၾကည့္ေနေလရာ ကတ္စစ္ဖို့ေတာင္ေမ့သြားေလသည္။ခနၾကာမွပဲ ကတ္ကိုဖုန္းထဲထည့္လိုက္ျပီး ဗီဒီယိုတစ္ခုခ်င္းကိုစစ္လိုက္ေလသည္။

ထိုအခါမွ ဗီဒီယိုတစ္ခုကိုေတြ့ေတာ့ ယြန္ဂီလန့္သြားရသည္။

~~~~~~~~

မူေယာင္းသည္ ပိုက္ဆံထုတ္ကိုပိုက္ကာ အျပင္ကိုထြက္ျပီး ကားထဲကို၀င္သြားးျပီးတာနဲ့ ပိုက္ဆံကိုစစ္ၾကည့္လိုက္သည္။ ဒီေကာင္ေလးက ဂတိေတာ့တည္သားပဲ ပိုက္ဆံမွအျပည့္ပဲ။

ေဒါက္ ေဒါက္

ရုတ္တရက္ကားျပတင္းေပါက္မွန္ကိုလာေခါက္ေတာ့ မူေယာင္းလည္း ဟိုေကာင္ေလးလိုက္လာေသးသည္အထင္နဲ့ မွန္ခ်လိုက္မိေလေတာ့ ေခါင္းကိုခ်ိန္လာတဲ့ေသနတ္...

မူယာင္းလန့္သြားျပီးလွည့္လိုက္ေတာ့ ကင္နမ္ဂၽြန္ရဲ့ တပည့္ ဂ်င္ျဖစ္ေနတာကိုေတြ့လိုက္ရတယ္။

''မင္း မင္း ဂ်င္....!!!!!!!!!!!!!''

''ခင္မ်ားေတာ့ မေျပာသင့္တာေျပာမိသြားျပီ''

''ဒိုင္း!!!!!!!!!!!!!!!!!''

ေသနတ္ကအသံတိတ္ေသနတ္ျဖစ္တာေၾကာင့္ အသံသိပ္မမည္ေပမယ့္ ထိုလူရဲ့ ေသြးေတြက ဂ်င္ရဲ့အက်ီကိုလာစင္ေတာ့ ဂ်င္လည္းစိတ္ပ်က္ေနေသာမ်က္ႏွာျဖင့္ ပု၀ါတစ္ခုကိုထုတ္ကာ သုတ္လိုက္တယ္။ျပီးတာနဲ့ ဖုန္းကိုထုတ္ကာ ကင္နမ္ဂၽြန္ဆီကိုဖုန္းေခၚလိုက္တယ္။

''သူေဌး သူအားလံုးေျပာလိုက္ျပီ ''

''(က်စ္ မင္းကဘာလုပ္ေနတာလဲ အခုေရာ ဘယ္လိုေနလဲ)''

''ရွင္းလိုက္ျပီ သခင္ေလးကိုဘယ္လိုလုပ္ရမွာလဲ''

''(သူဘယ္ထိသိထားလဲ ၾကည့္ၾကည့္လိုက္ သက္ေသမွန္သမွန္သမွ်ဖ်က္စီးလိုက္  )''

''နားလည္ပါျပီ သူေဌး''

ဂ်င္သူေဌးဆီက ဖုန္းခ်လိုက္ျပီးတာနဲ့ လွည့္ထြက္သြားရန္ျပင္လိုက္ေတာ့ သခင္ေလးကိုေတြ့လိုက္ရတယ္။

''မင္း ဘာလို့သူ့ကိုသတ္လိုက္တာလဲဂ်င္ မဟုတ္မွလဲြေရာ ငါ့ေၾကာင့္လား''

ယြန္ဂီသည္ ဂ်င့္ကိုေမးလိုက္ေတာ့ ဂ်င္တစ္ေယာက္တည္ျငိမ္ေသာမ်က္ႏွာနဲ့ ေခါင္းကိုငုတ္ကာ

''သခင္ေလး ကၽြန္ေတာ္တစ္ခုေျပာမယ္ေနာ္ သိထားသမွ်ကိုထုတ္မေျပာပါနဲ့ အဲ့တာကသခင္ေလးအသက္ကို ျခိမ္းေျခာက္လာႏိုင္တယ္''

ဘာ....အခု သူငါ့ကိုဘာေျပာလိုက္တာလဲ .....အေဖကေရာဘာလုပ္ေနတာလဲ...ငါတစ္ေယာက္တည္းဘာမွန္းမသိျဖစ္ေနတာလား

မင္းေတာ့အေျဖရွာသင့္ျပီထင္တယ္ ယြန္ဂီ

အဲ့တုန္းက ျဖစ္ခဲ့တာက ဘာလို့ လူ့အသက္ေတာင္ထိပါးလာရတာလဲ....

~~~~~~~~~

unicode

ပြင်သစ်က ဒီဇိုင်နာနဲ့ အလုပ်အကြောင်းပြောနေရင်းကာမှ မနေ့ကလူဆီကနေ မတ်ဆေ့ဝင်လာခဲ့တယ်။

နေ့လယ်၁၂နာရီ မြို့ပြင်က ဆောက်လုပ်ရေးရုံးအပျက်မှာ စောင့်နေတယ် မင်းအတွက်လက်ဆောင်နဲ့အတူ

ထိုမတ်ဆေ့လက်ခံရရှိတော့ ယွန်ဂီသည်ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ မနေ့ညကတည်းက သူကောင်းကောင်းမအိပ်ရသည်မှာဒီလူကြောင့်ပင်ဖြစ်သည်။ ငါမသိတဲ့ငါ့အကြောင်းကဘာများလဲ။

'' mr min what happen with you''

ဒီဇိုင်နာမိန်းကလေးက အတူထရပ်ပြီးပြောလာလေသည်။ ထိုအခါမှ ယွန်ဂီသတိရသွားပြီး ဒီဇီုင်နာမိန်းကလေးကိုအားနာနာနဲ့ပြောလာလေသည်။

'' sorry Lily ကျွန်တော်သွားစရာရှိသေးလို့ ဒီနေ့တော့ဒီလောက်နဲ့ရပ်ထားကြတာပေါ့ နောက်မှ ကျွန်တော်ပြန်ဆက်သွယ်လိုက်ပါ့မယ်''

''hey wait hey''

lilyဆက်ပြောမယ့်စကားကိုပင်နားမထောင်တော့ပဲ ယွန်ဂီသည်ဖုန်းကိုကိုင်ကာ ဆိုင်အပြင်ဘက်ကိုထွက်လာတော့ လူတစ်ယောက်နဲ့တိုက်မိသွားရာထိုလူဆီမှကောဖီတစ်ချို့သည် ယွန်ဂီ့အကျီကိုလာစင်လေတော့ ယွန်ဂီတစ်ယောက်အလန့်လွန်ပြီး ကြမ်းပြင်ပေါ်မှာဖင်ထိုင်ချမိကာတစ်ကိုယ်လုံးတုန်နေလေသည်။အမှန်တရားတစ်ချို့ကိုရင်ဆိုင်ဖို့သူ့မှာအင်အားအလုံအလောက်မရှိသေးပေ။

''yoongi shii အဆင်ပြေလား''

ယွန်ဂီတုန်နေတုန်းသူ့နာမည်ခေါ်သံကြားတော့လန့်သွားသည်နဲ့အတူ အနည်းငယ်နွေးထွေးတယောင်။

''ဂျောင်ဂု'

ယွန်ဂီသည်သူ့ရှေ့မှာ သူ့ကိုငုံ့ကြည့်နေတဲ့ ဂျောင်ဂုကို အငမ်းမရဖက်တွယ်လိုက်တယ်။နွေးထွေးသွားတဲ့ခံစားချက်နဲ့အတူ စိတ်သက်သာသွားတယ်။

ဂျောင်ဂုသည် ယွန်ဂီရဲ့ကျောကိုဖွဖွလေးပုတ်ပေးကာ အဆင်ပြေသွားမှာပါဆိုတဲ့စကားကိုအကြိမ်ကြိမ်ပြောပေးနေလေသည်။

ကောဖီဆိုင်ရှေ့မှာ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားကြတဲ့လူနှစ်ယောက်နဲ့ ကားအနက်ရောင်တစ်စီးရှေ့မှာရပ်နေတဲ့လူငယ်လေးတစ်ယောက်။ထိုလူငယ်ကတစ်စုံတစ်ခုမှားယွင်တော့မယ်ဆိုတာကိုသိနေတဲ့အလား။

~~~~~~~~

''ယွန်ဂီ မင်းအဆင်ပြေလား''

နှစ်ယောက်သား ခုံတန်းလေးတစ်ခုမှာထိုင်နေရင်း ဂျောင်ဂုက ယွန်ဂီ့ကို ကောဖီခွက်တစ်ခုကမ်းပေးရင်းဆိုလာတော့ ယွန်ဂီကလည်းလက်ခံလိုက်ပြီး

''အင်း ဒါနဲ့ ငါ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားလား''

''မဖြစ်ပါဘူး ကိုယ်ကအဆင်ပြေတယ် ယွန်ဂီသာအကူအညီလိုရင်ကိုယ့်ကိုပြောနော်''

''ငါနည်းနည်း မျက်နှာပြောင်တိုက်သလိုများဖြစ်နေလားဟင်''

''ဟင့်အင်း မင်းဘာအကူအညီလိုလိုကိုယ်ကကူညီပေးမှာမို့လို့ ကိုယ့်ကိုအားမနာပါနဲ့''

''ကျေးဇူးပဲ ဂျောင်ဂု တကယ်ကျေးဇူးတင်ပါတယ် ငါ့နားမှာရှိနေပေးလို့''

ယွန်ဂီထိုသို့ပြောလိုက်တော့ ဂျောင်ဂုသည် ကောဖီခွက်ကိုဘေးမှာချထားလိုက်ပြီးယွန်ဂီ့ကိုရင်ခွင်ထဲဆွဲထည့်လိုက်တယ်။ထိုအခါမှ ယွန်ဂီသည် အမေပျောက်တဲ့ကလေးပမာ ငိုကြွေးနေလေတော့သည်။ ယွန်ဂီသိနေတယ် အတိတ်ကသူ့ကို သူပြန်ရှာတွေ့မယ်ဆိုရင်ကောင်းတဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူး။

''ငိုလိုက်ပါ ယွန်ဂီ ဒီနေ့တစ်ရက်တော့ ကိုယ်မင်းကိုခွင့်ပြုပေးမယ်''

''အီး ဟီး ဟီး.........''

''အဆင်ပြေပါတယ် ကိုယ်ရှိနေတယ်မလား ကိုယ်မင်းပြသာနာတွေကိုကူရှင်းပေးမယ်''

ဆိုရင်းကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းထားလိုက်တယ်။ မင်းမှာဘာပြသာနာတွေများရှိနေတာလဲ ယွန်ဂီ။ကိုယ်မရှိရင် မင်းပျော်ရွှင်နေဖို့ထိမလိုပေမယ့် အဆင်ပြေနေတယ်ဆိုတာလေးတော့ကြားချင်ခဲ့တာပါ။ဒါမဲ့ ဘာလို့ကိုယ်နဲ့တွေ့တိုင်းမင်းကအဆင်ပြေမနေရတာလဲ ကိုယ်မင်းကိုစိတ်မချချင်တော့ဘူးနော်။

~~~~~~~~~

မြို့ပြင်ကို ယွန်ဂီနှင့်ဂျောင်ဂုတို့ ကားတစ်စီးနှင့် အတူထွက်လာခဲ့ကြတယ်။အနောက်မှာလည်း ကားတစ်စီးလိုက်ပါလာသည်ကိုတော့ မသိကြပေ။

မြို့ပြင်ကချိန်းထားတဲ့နေရာရောက်တော့ ယွန်ဂီသည်ဂျောင်ဂုကို ကားမှာသာစောင့်နေခိုင်းပြီး သူတစ်ယောက်သာအထဲကိုဝင်လာခဲ့သည်။

ဂျောင်ဂုကလည်းငြိမ်ငြိမ်လေးသာနေရစ်ခဲ့သည်။

ဆောက်လုပ်ရေးရုံးအဟောင်းကို ယွန်ဂီဝင်သွားတော့ သိပ်ပင်မရှာလိုက်ရပေ။အထဲမှာ သူ့ကို ကျောခိုင်းထားတဲ့လူကိုမြင်လိုက်ရသည်။ထိုလူပြန်လှည့်လာချိန်မှာတော့ ယွန်ဂီအံအားရသည်။

''ဒေါက်တာ ဘဲ့မူယောင်းရှီး''

တကယ်ပင် ဘဲ့မူယောင်းဖြစ်သည်။မျက်မှန်မတပ်ထားတာကြောင့်နည်းနည်းတော့အသက်ငယ်သေးသယောင်။

''ရောက်လာပြီလား မင်ရှူးဂါးရှီး''

''ကျွန်တော်က မင်ယွန်ဂီလေ ဦးလေး မမှတ်မိဘူးလား''

''မှတ်မိတာပေါ့ အပိုတွေမပြောနဲ့ ပိုက်ဆံရော''

ဆိုတော့ ယွန်ဂီလည်းလက်ကကိုင်ထားတဲ့ လက်ဆွဲအိတ်တစ်ခုလုံးကိုပစ်ပေးလိုက်သည်။ဒီငွေလောက်တော့ ယွန်ဂီအတွက်ပြန်ရှာရတာမခက်ဘူး။အဓိကက ကိုယ်ပေးသလောက်တန်ရဲ့လားဆိုတာပဲမူတည်တယ်။

''ဂတိတည်တာပဲ ငါကြိုက်တယ် ရော့ ဒီမှာ ဒီကတ်မှာမင်းလိုချင်တဲ့အရာရှိတယ် ''

ဆိုပြီး ဘဲ့မူယောင်းက ယွန်ဂီကို memory ကတ်တစ်ခုပေးလိုက်လေသည်။ထို့နောက်အနောက်တံခါးကနေထွက်ပြေးသွားလေသည်။

ယွန်ဂီကတော့ ထိုလူရဲ့အမူအရာတွေနားမလည်စွာကြောင်ကြေည့်နေလေရာ ကတ်စစ်ဖို့တောင်မေ့သွားလေသည်။ခနကြာမှပဲ ကတ်ကိုဖုန်းထဲထည့်လိုက်ပြီး ဗီဒီယိုတစ်ခုချင်းကိုစစ်လိုက်လေသည်။

ထိုအခါမှ ဗီဒီယိုတစ်ခုကိုတွေ့တော့ ယွန်ဂီလန့်သွားရသည်။

~~~~~~~~

မူယောင်းသည် ပိုက်ဆံထုတ်ကိုပိုက်ကာ အပြင်ကိုထွက်ပြီး ကားထဲကိုဝင်သွားပြီးတာနဲ့ ပိုက်ဆံကိုစစ်ကြည့်လိုက်သည်။ ဒီကောင်လေးက ဂတိတော့တည်သားပဲ ပိုက်ဆံမှအပြည့်ပဲ။

ဒေါက် ဒေါက်

ရုတ်တရက်ကားပြတင်းပေါက်မှန်ကိုလာခေါက်တော့ မူယောင်းလည်း ဟိုကောင်လေးလိုက်လာသေးသည်အထင်နဲ့ မှန်ချလိုက်မိလေတော့ ခေါင်းကိုချိန်လာတဲ့သေနတ်...

မူယာင်းလန့်သွားပြီးလှည့်လိုက်တော့ ကင်နမ်ဂျွန်ရဲ့ တပည့် ဂျင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။

''မင်း မင်း ဂျင်....!!!!!!!!!!!!!''

''ခင်များတော့ မပြောသင့်တာပြောမိသွားပြီ''

''ဒိုင်း!!!!!!!!!!!!!!!!!''

သေနတ်ကအသံတိတ်သေနတ်ဖြစ်တာကြောင့် အသံသိပ်မမည်ပေမယ့် ထိုလူရဲ့ သွေးတွေက ဂျင်ရဲ့အကျီကိုလာစင်တော့ ဂျင်လည်းစိတ်ပျက်နေသောမျက်နှာဖြင့် ပုဝါတစ်ခုကိုထုတ်ကာ သုတ်လိုက်တယ်။ပြီးတာနဲ့ ဖုန်းကိုထုတ်ကာ ကင်နမ်ဂျွန်ဆီကိုဖုန်းခေါ်လိုက်တယ်။

''သူဌေး သူအားလုံးပြောလိုက်ပြီ ''

''(ကျစ် မင်းကဘာလုပ်နေတာလဲ အခုရော ဘယ်လိုနေလဲ)''

''ရှင်းလိုက်ပြီ သခင်လေးကိုဘယ်လိုလုပ်ရမှာလဲ''

''(သူဘယ်ထိသိထားလဲ ကြည့်ကြည့်လိုက် သက်သေမှန်သမှန်သမျှဖျက်စီးလိုက် )''

''နားလည်ပါပြီ သူဌေး''

ဂျင်သူဌေးဆီက ဖုန်းချလိုက်ပြီးတာနဲ့ လှည့်ထွက်သွားရန်ပြင်လိုက်တော့ သခင်လေးကိုတွေ့လိုက်ရတယ်။

''မင်း ဘာလို့သူ့ကိုသတ်လိုက်တာလဲဂျင် မဟုတ်မှလွဲရော ငါ့ကြောင့်လား''

ယွန်ဂီသည် ဂျင့်ကိုမေးလိုက်တော့ ဂျင်တစ်ယောက်တည်ငြိမ်သောမျက်နှာနဲ့ ခေါင်းကိုငုတ်ကာ

''သခင်လေး ကျွန်တော်တစ်ခုပြောမယ်နော် သိထားသမျှကိုထုတ်မပြောပါနဲ့ အဲ့တာကသခင်လေးအသက်ကို ခြိမ်းခြောက်လာနိုင်တယ်''

ဘာ....အခု သူငါ့ကိုဘာပြောလိုက်တာလဲ .....အဖေကရောဘာလုပ်နေတာလဲ...ငါတစ်ယောက်တည်းဘာမှန်းမသိဖြစ်နေတာလား

မင်းတော့အဖြေရှာသင့်ပြီထင်တယ် ယွန်ဂီ

အဲ့တုန်းက ဖြစ်ခဲ့တာက ဘာလို့ လူ့အသက်တောင်ထိပါးလာရတာလဲ....

~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories