အပိုင္း၅
07:02, 24 March 2022ဂျောင်ဂုဒီနေ့ ကုမ္ပဏီညစာစားပွဲရှိလို့ အိမ်ကိုအစောကြီးပြန်မလာနိုင်ဘူး။
စိုနေတဲ့ suit ကိုကြည့်ပြီး ဒေါသကတစ်လိပ်လိပ်ထွက်လာတယ်။
ဂျောင်ဂုဆိုတာ Jeon groupရဲ့ CEOဖြစ်တယ်။ အလုပ်လုပ်တဲ့အချိန်မှာ ဘယ်အရာကိုမှအမှားမခံနိုင်သူ။ ခုနက ပါတီမှာလည်း မိတ်ဆွေတစ်ချို့နဲ့ စကားပြောနေတုန်း ကောင်မလေးတစ်ယောက်က ဝိုင်နဲ့လာတိုက်မိတော့ ကိုယ့်အကျီးတွေအကုန်စိုကုန်ရော။ဒါနဲ့ပဲ မိတ်ဆွေတွေကိုစကားပင်ဆုံးအောင်မပြောလိုက်ရသေး။
အိမ်ကိုရောက်တော့ မီးတွေအကုန်ပိတ်နေလေတယ်။ သြော် ဟုတ်သားပဲ ဒီနေ့မီတာဆောင်ရမှာကိုမေ့နေတာလေ။ ဒါဖြင့် ဖက်ထုပ်လေးအဆင်ပြေပါ့မလား။
သူစိုးရိမ်သွားပြီး အပေါ်ထပ်ကိုအမြန်ပြေးသွားလိုက်တယ်။
အပေါ်ထပ်ကိုရောက်တော့ သော့ခက်ထားတဲ့အခန်းကို ဂျောင်ဂုဖွင့်လိုက်တယ်။
ထိုအချိန်သူ အံသြသွားလေသည်။
ယွန်ဂီတစ်ယောက် ရုတ်ချည်းမီးပျက်သွားတော့ တစ်ယောက်ထဲအခက်တွေ့ပြီလေ။ စောက်ကလေးက သူ့ကိုဖယောင်းတိုင်လေးတောင်ဝယ်မပေးထါးဘူး။
မဟုတ်ဘူး ပြောချင်တာ အိမ်မှာချုပ်ထားချင်တယ်ဆိုရင်လည်း အားလုံးပြင်ပြင်ဆင်ဆင်လေး လုပ်ပေးပြီးတော့ ထားထားပေါ့။ ငါနှင့်ဒါလေးတောင်နားမလည်တဲ့ကောင်က ငါ့ကိုတော့ ပြန်ပေးဆွဲထားသေးတယ်။
ခက်တယ်..ဟူး...ငါကိုယ်ငါထက်ဘယ်သူမှပိုမကောင်းနိုင်ဘူးဆိုတဲ့ ငါ့ရဲ့ဆောင်ပုဒ်ကတစ်ကယ်အမှန်ပဲ။
ထိုသို့တွေးပြီး ယွန်ဂီသည် ပြတင်းပေါက်တွေအကုန်ကို လိုက်ဖွင့်လိုက်တယ်။
ပြီးတဲ့နောက်မှာ အပြင်ကနေလာတဲ့ မြို့ထဲက အလင်းတွေက သူ့အခန်းထဲကိုလာစုနေလေတော့ အများကြီးမဟုတ်တောင် နည်နည်းတော့လင်းနေလေသည်။
ထိုအခါမှ ယွန်ဂီက ဝါရံတာမှာ ထိုင်ချလိုက်ပြီး အပြင်ကိုငေးနေခဲ့တယ်။
ပြောအုန်းမယ် ယွန်ဂီက အ လိုက်တာ ပြတင်းပေါက်ကနေထွက်ပြေးလို့ရတာပဲ မတွေးလိုက်နဲ့။ ဂျွန်ဂျောင်ဂုဆိုတဲ့လူရဲ့အိမ်အပေါ်ထပ်က တစ်မြို့လုံးကိုတောင်ကြည့်လို့ရတယ်။
အခုချိန်မှာတော့ ဂျောင်ဂုက သူ့ရဲ့အတော်ဆုံးလေးကိုကြည့်ရင်းပြုံးလိုက်တယ်။
ပြီးတော့ ယွန်ဂီဆီကို တဖြေးဖြေးလျှောက်လာလိုက်တယ်။
"မင်းပြန်လာပြီလား ငါပြောမယ် မင်းငါ့ကိုချုပ်ထားမယ်ဆိုရင်လည်း မီတာခဆောင်ဖို့တော့မမေ့ပါနဲ့လားဟင်....''
"ဟားဟား !!!''
"မင်းကဘာကိစ္စထရယ်ပြန်တာလဲ ငါဟာသပြောနေတာမဟုတ်ဘူးနော်... ''
ဂျောင်ဂုသည် ရယ်နေရင်း ယွန်ဂီရဲ့ဘေးမှာထိုင်လိုက်တယ်။ပြီးတော့နှစ်ယောက်သားအပြင်ကိုငေးနေကြတယ်။
"ဆောရီ ကိုယ်မေ့သွားတယ် မနက်ကျရင်ကိုယ်မီတာခသွားဆောင်လိုက်မယ်''
"ပြီးတာပဲ...''
ဂျောင်ဂုသည် ရုတ်တရက် ယွန်ဂီရဲ့ပေါင်ပေါ်မှာလဲချလိုက်တယ်။
ယွန်ဂီတစ်ယောက်လန့်ပြီး လက်တောင်အပေါ်ကမြှောက်သွားသေးတယ်။
ဒီကောင်ဘာဖြစ်ပြန်တာလဲ?
"ဟင် မင်းကဘာဖြစ်ပြန်တာလဲ''
"ကိုယ်ပုံပြင်နားထောင်ချင်တယ် ယွန်ဂီ ကိုယ့်ကိုချော့သိပ်နိုင်မလား''
"ငါက... ဘာလို့လဲ''
"လုပ်ပါ ယွန်ဂီကလည်းကွာ...''
"ဟိုးထား... ငါ့ကိုလာမချွဲနဲ့..ပြောဆိုလည်းပြောပြမယ် အဲ့အစားမနက်ဖြန်ကျရင်ငါ့ကို စာအုပ်လေးတွေဝယ်လာပေးပါလား ငါပျင်းတယ် လိုင်းလည်းမသုံးရ တီပီလည်းမကြည့်ရတော့ စာအုပ်လေးတွေဖတ်ချင်တယ် okayလား ''
"Deal''
"Yesssss''
''ဒါဖြင့် အပိုဆုလေးလည်းပေးအုန်း''
"ဘာလဲ''
''kiss!!!''
"F***k kissလား ''
"ယွန်ဂီကလည်း ဆဲပြန်ပြီ''
"ငါအကောင်းပြောနေတာနားထောင် မနက်ဖြန်ငါ စပါကတီစားချင်တယ်ပြီးတော့တော့ပူကီ ဟိုတစ်ခေါက်တုန်းကမင်းလုပ်ပေးတါက မှောက်သွားလို့ငါမစားလိုက်ရဘူး ဒီတစ်ခုပြန်လုပ်ပေး နော်......''
"ကိုယ့်ယောကျာ်းက ချွဲပြနေတော်မှတော့ ဂျောင်ဂုတို့က ချက်ပေးရမှာပေါ့ ဒါဆို ပုံပြင်စတော့....''
"No i'm not your husband ..but ငါပုံပြင်တော့ပြောပေးနိုင်တယ်...''
ဂျောင်ဂုကတော့ သူ့ဖက်ထုပ်လေးပြောသမျှကိုလိုက်နားထောင်နေ၊ ယွန်ဂီကလည်း နှုတ်ခမ်းတထော်ထော်နဲ့ အဖိုးကြီးဂိုက်နဲ့ပြောနေပြန်၊ ဂျောင်ဂုကလည်း သူ့ယွန်ဂီပြောတာကိုသဘောတကျနဲ့ ရယ်ပြန်.....
အဲ့လိုနဲ့တစ်ညသာတော့ကုန်ဆုံးသွားပြန်တယ်။
~~~~~~
Kim Nam Jeon
ဆိုတဲ့ နာမည်ဘုတ်ပြားနောက်မှာ all black အနောက်တိုင်းဝတ်စုံဝတ်ထားသူ။
ထိုအချိန်မှာမှ တံခါးခေါက်ပြီးဝင်လာတဲ့ နောက်လူတစ်ယာက်။
"ဘယ်လိုလဲ Jin သူအလုပ်စနေပြီလား''
"စနေပြီ ဆရာ''
"အဲ့ကောင်လေးက ကျားလိုလိုနဲ့တကယ်တော့ ငနုံငအလေး သူ့ကိုယ်သူတောင်ဘာမှန်းမသိဘူး ကိုယ့်အဆင့်ကဘယ်နေရာမှန်းတောင်မသိတာကို ... သနားလို့မျက်နှာသာပေးတါကို သူနဲ့ပုခုံးဖက်ပေါင်းမယ့်သူငယ်ချင်းများမှတ်နေလားမသိဘူး''
"ဆရာ ကျွန်တော်တို့ဘယ်အချိန်အလုပ်စလိုက်ရမလဲ''
"နေဦး ဘဲ့မူယောင်းဘက်ကနေ အရင်စပါစေ ငါတို့နောက်ကနေ စစ်တုရင်လေးတွေကိုလိုက်ရွေ့ပေးရုံပဲ''
"နားလည်ပါပြီဆရာ..''
"တော်တယ် Jinမင်းလည်း ဒီကိစ္စပြီးရင် ဟာဝိုင်အီသွားပြီးဖျောက်နေလိုက်....''
"ဟုတ်ကဲ့''
Jinထွက်သွားတော့ နမ်ဂျွန်တစ်ယောက် ဆေးလိပ်ကိုဖွာလိုက်ရင်းတွေးလိုက်တယ်။
အရင်ကတည်းက ကစားလာတဲ့ကစားပွဲတစ်ခုမှာ သူတစ်ခါမှမရှုံးဖူးသေးဘူး။ ဒီတစ်ခါလည်းအတူတူပဲ ငါမရှုံးဘူး....
____________________________________
(ဟက်ပီးဟိုလိုဝင်းဒေးပါ....👻👻)
မနက်ဖြန်မှဆိုပေမယ့် အကြိုသဘောလေးပါ☺☺
zawgyi
"ဟားဟား !!!''
"ပြီးတာပဲ...''
"ငါက... ဘာလို့လဲ''
"Deal''
"Yesssss''
"ဘာလဲ''
''kiss!!!''
"F***k kissလား ''
~~~~~~
Kim Nam Jeon
"စနေပြီ ဆရာ''
"နားလည်ပါပြီဆရာ..''
"ဟုတ်ကဲ့''
____________________________________
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



