Fanfics

အပိုင္း၄

07:01, 24 March 2022

"ဘာဖြစ်တာလဲ ဂျောင်ဂု ငါ့ကိုရှင်းပြအုန်း''

ဂျေဟုပ်တစ်ယောက် ဂျောင်ဂုအိမ်ကနေ ဆေးရုံကိုတောင်မရောက်သေးဘူး လမ်းတစ်ဝက်က ခေါက်ဆွဲဆိုင်မှာစားနေတုန်း

ရုတ်တရက်ဖုန်းလှမ်းခေါ်တော့ အရမ်းအရေးကြီးတယ်ထင်ပြီး ရောက်လာတော့ ကောင်လေးတစ်ယာက်ကိုကုခိုင်းပြန်တယိ။ကောင်လေးကလည်း ဖြူဆွတ်နေပြီး နှုတ်ခမ်းတွေ ပန်းရောင်သန်းနေတယ်။

လက်ကောက်ဝတ်မှာလည်း ရှရာကြီးထင်နေတယ်။ ဂျောင်ဂုကိုပြန်ကြည့်လိုက်တော့

စိုးရိမ်နေတာများ မြင်လို့တောင်မကောင်းဘူး။

ကောင်လေးကိုဆေးထည့်ပေး ပတ်တီး စည်းပေးပြီးတာနဲ့ အိပ်ဆေးထိုးပေးထါးပြီး အပြင်ကိုထွက်လာခဲ့ပြီး ဂျောင်ဂုကိုမေးလိုက်တော့ ဂျောင်ဂုက ခက်ထန်သော လေသံဖြင့်

"နောက်မှသေချာရှင်းပြမယ် အစ်ကို''

"ဟုတ်မှလည်းလုပ်ပါကွာ ကောင်လေးကြည့်ရတာ ရိုးရိုးလေးရယ်ပါ ဓားစာခံတော့မလုပ်နဲ့နော် မင်းလက်စားချေချင်တယ်ဆိုလည်း လုပ်တဲ့သူတွေကိုပဲ လက်စားချေ မဟုတ်တဲ့သူတွေကို ဆွဲမထည့်နဲ့...ပိုအရေးကြီးတာက မတရားမလုပ်နဲ့ပေါ့ကွာ အစ်ကိုပြောတာနားလည်တယ်မလား ....''

"ကျွန်တော်သိပါတယ် အစ်ကို ပြီးတော့ သူ့ကိုလက်စားချေချင်လို့ခေါ်ထားတာမဟုတ်ပါဘူး..ဟိုမိသားစုကနေပြီးတော့ ကာကွယ်ပေးထါးတာပါ အဲ့အတွက် စိတ်မပူပါနဲ့...''

"ဟုတ်ပါပြီ ရော့ဒီမှာဆေး ညကျရင် ဆေးပြန်ထည့်ပေးပြီး ပတ်တီးပြန်လဲပေးလိုက် ဒဏ်ရာကိုရေမထိစေနဲ့နော် တစ်ခုခုဆို အ်ကို့ကိုဖုန်းခေါ်လိုက်...''

"ဟုတ်ကဲ့ ကျေးဇူးပဲ jhope hyung''

"ရပါတယ်ကွာ ဒီလူနဲ့ဒီလူပဲ...''

ဂျေဟုပ်တစ်ယာက်ဒီတစ်ကြိမ်တော့ အိမ်ကိုပြန်ရောက်သွားလောက်ပါပြီ။

Jhope hyung ပြန်သွားတော့ ဂျောင်ဂုသည် အပေါ်ထပ်က သူ့ဖက်ထုပ်လေးဆီကို ပြန်သွားလေတော့သည်။

အခန်းထဲရောက်တော့ ယွန်ဂီက ဆေးအရှိန်ကြောင့် အိပ်ပျော်နေလေပြီဖြစ်သည်။

ဂျောင်ဂုသည် ကောင်လေးရဲ့ဘေးမှာထိုင်လိုက်ပြီး အညိုရောင် ဆံနွယ်တစ်ချို့ကို

လက်နဲ့တိုးဖွလိုက်သည်။

ဒီကောင်လေးကြောင့် သူ့မှာ ပြယာခက်နေတာကလည်းတစ်နေ့လုံးပင်ဖြစ်နေလေပြီ။

ဂျောင်ဂူသည် ယွန်ဂီရဲ့ကိုယ်ကိုစောင်သေချာခြုံပေးထါးလိုက်ပြီး နဖူးကိုနမ်းလိုက်ကာ

"ကောင်းသောညပါ ယွန်ဂီ''

ဆိုပြီး အခန်းထဲကနေ ထွက်သွားလေသည်။

~~~~~~~~

"ဖေဖေ သမီးကတော့ ဒီတိုင်းထိုင်မနေနိုင်တော့ဘူးနော် ''

ဆောယောင်းသည် ကိုကိုပျောက်သွားကတည်းက သေချာပင်မအိပ်ရ မစားရဖြစ်နေလေသည်။

အကြောင်းမှာ မင်ယွန်ဂီကို သိပ်ချစ်လွန်းလို့တော့မဟုတ်ပေ။ မိဘတွေရဲ့ ကုမ္ပဏီကြီးဒေဝါလီခံရတော့မှာမို့လို့ပင်ဖြစ်သည်။

တကယ်တော့ သူမ ယွန်ဂီကိုလက်ထပ်မယ်ဆိုတာက ငွေကြောင့်ပင်ဖြစ်သည်။

ယွန်ဂီဆိုတာ ကိုးရီးယားမှာအချမ်းသာဆုံးဖြစ်ပြီး အရမ်းကိုလျိုလွန်းနိုင်သူတစ်ယောက်ဖြစ်တယ်။

ဆောယောင်းတောင်မှ မတော်တဆသိသွားပြီး ယွန်ဂီ့ကို အပိုင်ကြံလိုက်တာဖြစ်တယ်။

မိဘတွေ တည်ထောင်ထားတဲ့ ဆေးကုမ္ပဏီကြီးက အရင်းရော အမြတ်ပါ မရတော့တဲ့အပြင် ရှယ်ယာရှင်တွေက ရှယ်ယာတွေပြန်ထုတ်နေကြတော့ Bae Group ကအခွံသာရှိပြီး အဆံမရှိတော့တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလေပြီ။

သူမမိသားစုရဲ့ ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့က

မင်ယွန်ဂီဆိုတဲ့လူကြီးရဲ့ငွေတွေအများကြိီးလိုအပ်တယ်။

အခုချိန်မှာ အဖေနဲ့သမီး ဧည့်ခန်းမှာ ထိုင်ရင်း ထိုအကြောင်းကိုဆွေးနွေးနေကြသည်။

"ထိုင်မနေနိုင်တော့ရော အဖေတို့ကဘာလုပ်နိုင်မှာလဲ.. အခုချိန်မှာ ဘာလုပ်လုပ်အဖေတို့ဘက်ကအရှုံးပဲ''

"ဒါပေမယ့်...''

"သမီးအသာနေနေလိုက် အဖေအခု အရမ်းသေချာတဲ့ကိစ္စတစ်ခုကို တွေ့ထားတယ် အဲ့တာသာအောင်မြင်ရင် အဖေတို့ရဲ့ကုမ္ပဏီကိုပြန်ဆယ်နိုင်မယ် ကင်နမ်ဂျွန်ကိုတောင် အဖေတို့ပြန်အံတုနိုင်မယ် ခနလေးပဲစောင့်....''

"အဖေဘာလုပ်မလို့လဲ...''

"လွန်ခဲ့တဲ့ သုံးနှစ်....''

ဆိုပြီးပြောကာ ဘဲ့မူယောင်းသည် အမည်မဲ့အပြုံးတစ်ခုပန်ဆင်လိုက်သည်။

ဆောယာင်းတစ်ယောက်အဖေဘာများကြံစည်နေပါလိမ့်ဟုစူးစမ်းလျက်။

ဘဲ့မူယောင်းကမူ လွန်ခဲ့တဲ့သုံးနှစ်က သူလုပ်ခဲ့တဲ့ကိစ္စအပေါ်နည်းနည်းမှ နောင်တမရသလို

ကျေနေပ်နေသေးလေသည်။

ဒါကနည်းနည်းများ မျက်နှာပြောင်တိုက်မနေဘူလား။

တစ်ဖက်မှာတော့ ညရောက်လို့ ယွန်ဂီနိုးလာခဲ့တယ်။

လက်ကောက်ဝတ်ကလည်း ထုံဆေးပြယ်တော့အရမ်းကိုနာနေတယ်။

ထိုအချိန်မှာပဲ အခန်းထဲကို ဂျောင်ဂုဝင်လာခဲ့တယ်။

ပြီးတော့ ယွန်ဂီရဲ့ ကုတင်ပေါ်မှာထိုင်ချလိုက်ပြီး ယွန်ဂီရဲ့လက်ကောက်ဝတ်ကိုကိုင်လိုက်ကာ

"နာနေသေးလား ယွန်ဂီ''

"အင်းးနာတယ် ဖြစ်တုန်းကတော့မနာပေမယ့် အခုကပိုနာနေသလိုပဲ မင်းငါ့ကိုမဟုတ်တဲ့ဆေးတွေတော့မထိုးပေးထါးပါဘူးနော်''

"မင်းကိုယ့်ကိုတောင်မယုံဘူးလား''

"ငါက ငါ့ကိုယ်ငါကလွဲပြီး ဘယ်သူ့ကိုမှမယုံဘူး တစ်ခါတစ်လေငါ့ကိုယ်ငါတောင်မယုံဘူး''

"ဒါမယ့် ကိုယ့်ကိုတော့ ချွင်းချက်ထားလိုက် လာ နာနေတယ်မလား ကိုယ်မှုတ်ပေးမယ်''

ဆိုကာ ဂျောင်ဂုသည် ယွန်ဂီရဲ့လက်ကောက်ဝတ်ကို ဖြေးဖြေးလေးကိုင်ကာ အာငွေ့ပူနဲ့ မှုတ်ပေးနေလေသည်။

ယွန်ဂီကတော့ ထပ်ပြီး ဂျောင်ဂုရဲ့အပြုအမူကို နားမလည်ဆဲ ကြောင်နေဆဲ။

_____________________________________

zawgyi

"ဘာျဖစ္တာလဲ ေဂ်ာင္ဂု ငါ့ကိုရွင္းျပအုန္း''

ေဂ်ဟဳပ္တစ္ေယာက္ ေဂ်ာင္ဂုအိမ္ကေန ေဆး႐ုံကိုေတာင္မေရာက္ေသးဘူး လမ္းတစ္ဝက္က ေခါက္ဆြဲဆိုင္မွာစားေနတုန္း

႐ုတ္တရက္ဖုန္းလွမ္းေခၚေတာ့ အရမ္းအေရးႀကီးတယ္ထင္ၿပီး ေရာက္လာေတာ့ ေကာင္ေလးတစ္ယာက္ကိုကုခိုင္းျပန္တယိ။ေကာင္ေလးကလည္း ျဖဴဆြတ္ေနၿပီး ႏႈတ္ခမ္းေတြ ပန္းေရာင္သန္းေနတယ္။

လက္ေကာက္ဝတ္မွာလည္း ရွရာႀကီးထင္ေနတယ္။ ေဂ်ာင္ဂုကိုျပန္ၾကည့္လိုက္ေတာ့

စိုးရိမ္ေနတာမ်ား ျမင္လို႔ေတာင္မေကာင္းဘူး။

ေကာင္ေလးကိုေဆးထည့္ေပး ပတ္တီး စည္းေပးၿပီးတာနဲ႕ အိပ္ေဆးထိုးေပးထါးၿပီး အျပင္ကိုထြက္လာခဲ့ၿပီး ေဂ်ာင္ဂုကိုေမးလိုက္ေတာ့ ေဂ်ာင္ဂုက ခက္ထန္ေသာ ေလသံျဖင့္

"ေနာက္မွေသခ်ာရွင္းျပမယ္ အစ္ကို''

"ဟုတ္မွလည္းလုပ္ပါကြာ ေကာင္ေလးၾကည့္ရတာ ရိုးရိုးေလးရယ္ပါ ဓားစာခံေတာ့မလုပ္နဲ႕ေနာ္ မင္းလက္စားေခ်ခ်င္တယ္ဆိုလည္း လုပ္တဲ့သူေတြကိုပဲ လက္စားေခ် မဟုတ္တဲ့သူေတြကို ဆြဲမထည့္နဲ႕...ပိုအေရးႀကီးတာက မတရားမလုပ္နဲ႕ေပါ့ကြာ အစ္ကိုေျပာတာနားလည္တယ္မလား ....''

"ကြၽန္ေတာ္သိပါတယ္ အစ္ကို ၿပီးေတာ့ သူ႕ကိုလက္စားေခ်ခ်င္လို႔ေခၚထားတာမဟုတ္ပါဘူး..ဟိုမိသားစုကေနၿပီးေတာ့ ကာကြယ္ေပးထါးတာပါ အဲ့အတြက္ စိတ္မပူပါနဲ႕...''

"ဟုတ္ပါၿပီ ေရာ့ဒီမွာေဆး ညက်ရင္ ေဆးျပန္ထည့္ေပးၿပီး ပတ္တီးျပန္လဲေပးလိုက္ ဒဏ္ရာကိုေရမထိေစနဲ႕ေနာ္ တစ္ခုခုဆို အ္ကို႔ကိုဖုန္းေခၚလိုက္...''

"ဟုတ္ကဲ့ ေက်းဇူးပဲ jhope hyung''

"ရပါတယ္ကြာ ဒီလူနဲ႕ဒီလူပဲ...''

ေဂ်ဟဳပ္တစ္ယာက္ဒီတစ္ႀကိမ္ေတာ့ အိမ္ကိုျပန္ေရာက္သြားေလာက္ပါၿပီ။

Jhope hyung ျပန္သြားေတာ့ ေဂ်ာင္ဂုသည္ အေပၚထပ္က သူ႕ဖက္ထုပ္ေလးဆီကို ျပန္သြားေလေတာ့သည္။

အခန္းထဲေရာက္ေတာ့ ယြန္ဂီက ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္ေနေလၿပီျဖစ္သည္။

ေဂ်ာင္ဂုသည္ ေကာင္ေလးရဲ႕ေဘးမွာထိုင္လိုက္ၿပီး အညိုေရာင္ ဆံႏြယ္တစ္ခ်ိဳ႕ကို

လက္နဲ႕တိုးဖြလိုက္သည္။

ဒီေကာင္ေလးေၾကာင့္ သူ႕မွာ ျပယာခက္ေနတာကလည္းတစ္ေန႕လုံးပင္ျဖစ္ေနေလၿပီ။

ေဂ်ာင္ဂူသည္ ယြန္ဂီရဲ႕ကိုယ္ကိုေစာင္ေသခ်ာၿခဳံေပးထါးလိုက္ၿပီး နဖူးကိုနမ္းလိုက္ကာ

"ေကာင္းေသာညပါ ယြန္ဂီ''

ဆိုၿပီး အခန္းထဲကေန ထြက္သြားေလသည္။

~~~~~~~~

"ေဖေဖ သမီးကေတာ့ ဒီတိုင္းထိုင္မေနနိုင္ေတာ့ဘူးေနာ္ ''

ေဆာေယာင္းသည္ ကိုကိုေပ်ာက္သြားကတည္းက ေသခ်ာပင္မအိပ္ရ မစားရျဖစ္ေနေလသည္။

အေၾကာင္းမွာ မင္ယြန္ဂီကို သိပ္ခ်စ္လြန္းလို႔ေတာ့မဟုတ္ေပ။ မိဘေတြရဲ႕ ကုမၸဏီႀကီးေဒဝါလီခံရေတာ့မွာမို႔လို႔ပင္ျဖစ္သည္။

တကယ္ေတာ့ သူမ ယြန္ဂီကိုလက္ထပ္မယ္ဆိုတာက ေငြေၾကာင့္ပင္ျဖစ္သည္။

ယြန္ဂီဆိုတာ ကိုးရီးယားမွာအခ်မ္းသာဆုံးျဖစ္ၿပီး အရမ္းကိုလ်ိဳလြန္းနိုင္သူတစ္ေယာက္ျဖစ္တယ္။

ေဆာေယာင္းေတာင္မွ မေတာ္တဆသိသြားၿပီး ယြန္ဂီ့ကို အပိုင္ႀကံလိုက္တာျဖစ္တယ္။

မိဘေတြ တည္ေထာင္ထားတဲ့ ေဆးကုမၸဏီႀကီးက အရင္းေရာ အျမတ္ပါ မရေတာ့တဲ့အျပင္ ရွယ္ယာရွင္ေတြက ရွယ္ယာေတြျပန္ထုတ္ေနၾကေတာ့ Bae Group ကအခြံသာရွိၿပီး အဆံမရွိေတာ့တဲ့ ကုမၸဏီတစ္ခုျဖစ္ေနေလၿပီ။

သူမမိသားစုရဲ႕ ဂုဏ္သိကၡာကိုျပန္ဆယ္ဖို႔က

မင်ယွန်ဂီဆိုတဲ့လူကြီးရဲ့ငွေတွေအများကြိီးလိုအပ်တယ်။

အခုခ်ိန္မွာ အေဖနဲ႕သမီး ဧည့္ခန္းမွာ ထိုင္ရင္း ထိုအေၾကာင္းကိုေဆြးႏြေးေနၾကသည္။

"ထိုင္မေနနိုင္ေတာ့ေရာ အေဖတို႔ကဘာလုပ္နိုင္မွာလဲ.. အခုခ်ိန္မွာ ဘာလုပ္လုပ္အေဖတို႔ဘက္ကအရႈံးပဲ''

"ဒါေပမယ့္...''

"သမီးအသာေနေနလိုက္ အေဖအခု အရမ္းေသခ်ာတဲ့ကိစၥတစ္ခုကို ေတြ႕ထားတယ္ အဲ့တာသာေအာင္ျမင္ရင္ အေဖတို႔ရဲ႕ကုမၸဏီကိုျပန္ဆယ္နိုင္မယ္ ကင္နမ္ဂြၽန္ကိုေတာင္ အေဖတို႔ျပန္အံတုနိုင္မယ္ ခနေလးပဲေစာင့္....''

"အေဖဘာလုပ္မလို႔လဲ...''

"လြန္ခဲ့တဲ့ သုံးႏွစ္....''

ဆိုၿပီးေျပာကာ ဘဲ့မူေယာင္းသည္ အမည္မဲ့အၿပဳံးတစ္ခုပန္ဆင္လိုက္သည္။

ေဆာယာင္းတစ္ေယာက္အေဖဘာမ်ားႀကံစည္ေနပါလိမ့္ဟုစူးစမ္းလ်က္။

ဘဲ့မူေယာင္းကမူ လြန္ခဲ့တဲ့သုံးႏွစ္က သူလုပ္ခဲ့တဲ့ကိစၥအေပၚနည္းနည္းမွ ေနာင္တမရသလို

ေက်ေနပ္ေနေသးေလသည္။

ဒါကနည္းနည္းမ်ား မ်က္ႏွာေျပာင္တိုက္မေနဘူလား။

တစ္ဖက္မွာေတာ့ ညေရာက္လို႔ ယြန္ဂီနိုးလာခဲ့တယ္။

လက္ေကာက္ဝတ္ကလည္း ထုံေဆးျပယ္ေတာ့အရမ္းကိုနာေနတယ္။

ထိုအခ်ိန္မွာပဲ အခန္းထဲကို ေဂ်ာင္ဂုဝင္လာခဲ့တယ္။

ၿပီးေတာ့ ယြန္ဂီရဲ႕ ကုတင္ေပၚမွာထိုင္ခ်လိဳက္ၿပီး ယြန္ဂီရဲ႕လက္ေကာက္ဝတ္ကိုကိုင္လိုက္ကာ

"နာေနေသးလား ယြန္ဂီ''

"အင္းးနာတယ္ ျဖစ္တုန္းကေတာ့မနာေပမယ့္ အခုကပိုနာေနသလိုပဲ မင္းငါ့ကိုမဟုတ္တဲ့ေဆးေတြေတာ့မထိုးေပးထါးပါဘူးေနာ္''

"မင္းကိုယ့္ကိုေတာင္မယုံဘူးလား''

"ငါက ငါ့ကိုယ္ငါကလြဲၿပီး ဘယ္သူ႕ကိုမွမယုံဘူး တစ္ခါတစ္ေလငါ့ကိုယ္ငါေတာင္မယုံဘူး''

"ဒါမယ့္ ကိုယ့္ကိုေတာ့ ခြၽင္းခ်က္ထားလိုက္ လာ နာေနတယ္မလား ကိုယ္မႈတ္ေပးမယ္''

ဆိုကာ ေဂ်ာင္ဂုသည္ ယြန္ဂီရဲ႕လက္ေကာက္ဝတ္ကို ေျဖးေျဖးေလးကိုင္ကာ အာေငြ႕ပူနဲ႕ မႈတ္ေပးေနေလသည္။

ယြန္ဂီကေတာ့ ထပ္ၿပီး ေဂ်ာင္ဂုရဲ႕အျပဳအမူကို နားမလည္ဆဲ ေၾကာင္ေနဆဲ။

_____________________________________

There are no comments yet. Log in to be the first to leave a review!

Similar stories