Fanfics

အပိုင္း၂

07:00, 24 March 2022

"အဖေ အမေ သားတောင်းပန်ပါတယ်''

ဖြူလွလွ အုတ်ဂူနှစ်ခုရှေ့မှာ ပန်းစည်းနှစ်စည်းချထားပေးပြီး ဂျောင်ဂုသည် မိဘနှစ်ပါးကိုအရိုအသေပေးပြီး တောင်းပန်စကားဆိုလာသည်။

"သား ဆောယောင်းကို မချစ်ခဲ့သင့်ဘူး သူမက သားငယ်ရွယ်မှုနဲ့တကယ်ကိုမထိုက်တန်ဘူး ''

ဆိုရင်း ဂျောင်ဂုရဲ့ မျက်နှာပေါ်ကို ပူနွေးနွေး မျက်ရည်စတွေ ကျဆင်းလာခဲ့သည်။

အတန်ကြာတဲ့အထိနေပြီးတဲ့နောက် ထိုနေရာကိုစွန့်ခွာသွားခဲ့သည်။

ဂျောင်ဂု အုတ်ဂူကနေပြန်ပြီး အိမ်ကိုရောက်တော့ ယွန်ဂီအခန်းဆီကုဦးတည်သွားခဲ့တယ်။

အခန်းတံခါးကို သော့ဖွင့်လိုက်ပြီး ဝင်သွားတဲ့အခါမှာတော့ ကုတင်မှာ ယွန်ဂီကရှိမနေ။

ထို့နောက်မျက်စိဝေ့ရှာကြည့်တော့ နောက်စေ့ကိုပြင်းပြင်းရိုက်ခံလိုက်ရသည်။

ယွန်ဂီသည် ဂျောင်ဂုခေါင်းကို ပန်းအိုးနဲ့ ရိုက်ခွဲပြီးတာနဲ့ တံခါးကနေ ဖြတ်ပြီး အောက်ထပ်ကိုဆင်းရန်ပြင်လိုက်တော့ ဂျောင်ဂုက ခေါင်းမှာ သွေးတွေနဲ့ ယွန်ဂီရဲ့ခါးကို အတင်းဆွဲထားလိုက်သည်။

ဂျောင်ဂုသည် ခေါင်းနာနေပေမယ့် လက်နှစ်ဖက်နဲ့ ယွန်ဂီကိုခါးကနေ သယ်လိုက်ပြီး

အခန်းထဲကိုပြန်ဝင်သွားလေသည်။

ယွန်ဂီတစ်ယောက် ဂျောင်ဂုဆွဲရာကို ပါသွားလေသည်။

ကုတင်ပေါ်ကို ယွန်ဂီအားပစ်ချလိုက်သည်။

သို့သော် ယွန်ဂီကပြန်ထလာသည်။

"လွှတ်စမ်း သူတောင်းစားကောင်.... ငါ့အသားကိုမထိနဲ့...''

သူအော်ပြောလိုက်ပေမယ့် ဂျောင်ဂုက လုံးဝကိုမမူပဲ ယွန်ဂီကို ကုတင်ပေါ်မှာ လဲချလိုက်သည်။

ထို့နောက် ယွန်ဂီရဲ့လက်နှစ်စ်ဖက်လုံးကိုသူ့လက်နဲ့ချုပ်ထားပြီးမှ

"နောက်တစ်ခါ ထွက်ပြေးဖို့ ကြံရင် ငါမင်းကိုနမ်းပစ်မှာ...မယုံမရှိနဲ့..''

ထိုအခါ ယွန်ဂီသည် သူ့ခြေထောက်နဲ့ဂျောင်ဂုကို ကန်ရန်ပြင်လိုက်သော်လည်း ဂျောင်ဂုက သူ့ခြေထောက်နှစ်ဖက်နဲ့ပြန်ညှပ်ထားလိုက်ပြန်သည်။

အခုအခါမှာ ယွန်ဂီသည် ဂျောင်ဂုဆီမှာလုံးဝကိုအချုပ်ခံထားရတာဖြစ်သည်။

"ဟေ့ကောင် ငါ့ကိုလွှတ်စမ်း သူတောင်းစားကောင် ကျွဲကောင် လူ့ဘလူးကောင် ခွေးကလေး....အရူး..အွတ်..အွန်းးးးး''

စကားပင်မဆုံးသေးပေ ဂျောင်ဂုသည်ယွန်ဂီရဲ့ ပါးစပ်ကို နှုတ်ခမ်းနဲ့ အုပ်နမ်းလိုက်သည်။

ထို့နောက် ဂျောင်ဂုရဲ့ အနမ်းသည် ယွန်ဂီရဲ့နှုတ်ခမ်းထဲကိုဝင်ရန် ကျူးကျော်လာသော်လည်း ယွန်ဂီက လမ်းစမဖွင့်ပေး။

ဂျောင်ဂုကလည်း ခေသူမဟုတ်ပေ ယွန်ဂီရဲ့နှုတ်ခမ်းကိုကိုက်ချလိုက်ပြီး ခံတွင်းထဲကိုအတင်းဝင်လာလေသည်။

ခနမျှ အနမ်းဖလှယ်ပြီးတာနဲ့ ဂျောင်ဂုက ပြန်လွှတ်ပေးလိုက်သည်။

ထိုအချိန် ယွန်ဂီကမူ ငြိမ်ကျနေလေပြီ။

"နောက်တစ်ခါဆို လိမ္မာနော် မဟုတ်ရင် ကိုယ်အပြစ်ပေးရလိမ့်မယ်....''

ဆိုရင်း ဂျောင်ဂုသည် ယွန်ဂီရဲ့ ပြဲနေတဲ့နှုတ်ခမ်းကြားကသွေးစက်လေးတွေကို လက်နဲ့ သုတ်ပေးလိုက်ကာ ခေါင်းကိုပုတ်သပ်ပေးပြီး အခန်းထဲကနေ ထွက်သွားလိုက်သည်။

ယွန်ဂီမှာမူ ကုတင်ပေါ်မှာ လဲနေလေရာကနေ ထမလာသေးပေ။

~~~~~~

"ဒါဘာကိုပြောချင်တာလဲ ဘဲ့မူယောင်း ''

"စိတ်အေးအေးထားပါ ကင်နမ်ဂျွန်ရယ် ခင်များသားကို ကျွန်တော်နေရာအနှံ့လိုက်ရှာခိုင်းထားပါတယ်..''

ကင်နမ်ဂျွန်သည် သားဖြစ်သူကြောင့်အမေရိက ကနေ ဆိုးလ်ကိုအမြန်လေယာဥ်နဲ့ရောက်လာခဲ့သည်။

ထို့နောက် ခမည်းခမက်ဖြစ်သူနဲ့ တစ်အိမ်ထဲမှာ စကားပြောနေလေသည်။

သားဖြစ်သူ မင်ယွန်ဂီက သူ၏မွေးစားသားဖြစ်သည်။ သူ့သားမဂ်လာဆောင်ကိုမလာနိုင်လို့ အမေရိကကိုချွေးမဖြစ်သူနဲ့အတူ ဟန်နီးမွန်းလာဖို့ သူ့သားကို ပြောထားပြီးသားဖြစ်သည်။

သို့သော် ယခုက ချွေးမရဲ့အဆက်ဟောင်းကြောင့် သူ့သားပျောက်သွားတယ်တဲ့လား။

သူတို့ခမည်းခမက် စကားပြောနတုန်း ချွေးမဖြစ်သူ ဘဲ့ဆောယောင်းကရောက်လာပြီး

"ဦးလေး စိတ်မပူပါနဲ့ သမီး ကိုကို့ကိုသေသေချာချာ ရှာပါ့မယ် သမီးရဲတွေကိုလည်းအကြောင်းကြားပြီးပါပြီ''

"တော်ပြီ ငါ့ဘာသာငါပဲ ကြည့်ရှင်းလိုက်မယ် မင်းတို့ဘာမှလုပ်စရာမလိုဘူး မင်းတို့လုပ်ရမှာက အိမ်ထဲမှာငြိမ်ငြိမ်လေးနေပြီး ဘာပြသာနာမှ မရှာဖို့ပဲ ငါပြောတာသဘောပေါက်တယ်မလား...''

"ဒါပေမယ့် ကိုကို..''

"ဟုတ်ဟုတ် သဘောပေါက်ပါတယ် ''

ဆောယောင်းက ငြင်းဖို့ကြံနေပေမယ့် ဘဲ့မူယောင်းက လက်ခံလိုက်သည်။

ကင်နမ်ဂျွန်းဆိုတာက တကယ့်ကိုပါဝါကြီးတဲ့ လူတစ်ယောက်မလား။ သူ့သားကို သူရှာနိုင်ပါတယ်။

ကင်နမ်ဂျွန်သည် ဘဲ့အိမ်တော်ကနေ ထွက်လာပြီးတဲ့နောက်မှာတော့ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်တယ်။

"Jin အလုပ်စလိုက်တော့...''

ဟုဆိုပြီး နမ်ဂျွန်တစ်ယောက်အမည်မသိ အပြုံးတစ်ခုကို ပန်ဆင်လိုက်သည်။

______________________________________

zawgyi

"အေဖ အေမ သားတောင်းပန္ပါတယ်''

ျဖူလြလြ အုတ္ဂူနွစ္ခုရွေ့မွာ ပန်းစည်းနွစ္စည်းခ်ထားပေးပြီး ဂော်င္ဂုသည် မိဘနွစ္ပါးကိုအရိုအေသေပးပြီး တောင်းပန္စကားဆိုလာသည်။

"သား ဆောယောင်းကို မခ်စ္ခဲ့သင့်ဘူး သူမက သားငယ်ရယ္မြှုနဲ့တကယ္ကိုမထိုက္တန္ဘူး ''

ဆိုရင်း ဂော်င္ဂုရဲ့ မ်က်နွာပေါ်ကို ပူနြေးနြေး မ်က်ရည္စတြေ က်ဆင်းလာခဲ့သည်။

အတန်ကြာတဲ့အထိနေပြီးတဲ့နောက် ထိုနေရာကိုစြန့်ခြာသြားခဲ့သည်။

ဂော်င္ဂု အုတ္ဂူကေနျပန်ပြီး အိမ္ကိုရောက်တော့ ယြန္ဂီအခန်းဆီကုဦးတည်သြားခဲ့တယ်။

အခန်းတံခါးကို သော့ဖြင့်လိုက်ပြီး ဝင်သြားတဲ့အခါမွာတော့ ကုတင္မွာ ယြန္ဂီကရွိမေန။

ထို့နောက္မ်က္စိဝေ့ရွာကြည့်တော့ နောက်စေ့ကျိုပင်ျးပင်းရိုက္ခံလိုက်ရသည်။

ယြန္ဂီသည် ဂော်င္ဂုခေါင်းကို ပန်းအိုးနဲ့ ရိုက္ခြဲပြီးတာနဲ့ တံခါးကေနျဖတ်ပြီး အောက္ထပ္ကိုဆင်းရန်ျပင္လိုက်တော့ ဂော်င္ဂုက ခေါင်းမွာ သြေးတြေနဲ့ ယြန္ဂီရဲ့ခါးကို အတင်းဆြဲထားလိုက်သည်။

ဂော်င္ဂုသည် ခေါင်းနာနေပမယ့် လက်နွစ္ဖက္နဲ့ ယြန္ဂီကိုခါးကေန သယ္လိုက်ပြီး

အခန်းထဲကျိုပန်ဝင်သြားလေသည်။

ယြန္ဂီတစ်ယောက် ဂော်င္ဂုဆြဲရာကို ပါသြားလေသည်။

ကုတင်ပေါ်ကို ယြန္ဂီအားပစ္ခ်လိုက်သည်။

သို့သော် ယြန္ဂီကျပန္ထလာသည်။

"လွှတ္စမ်း သူတောင်းစားကောင်.... ငါ့အသားကိုမထိနဲ့...''

သူအော်ျေပာလိုက်ပေမယ့် ဂော်င္ဂုက လုံးဝကိုမမူပဲ ယြန္ဂီကို ကုတင်ပေါ်မွာ လဲခ်လိုက်သည်။

ထို့နောက် ယြန္ဂီရဲ့လက်နွစ္စ္ဖက္လုံးကိုသူ့လက္နဲ့ခ်ုပ္ထားပြီးမွ

"နောက္တစ္ခါ ထြက်ျေပးဖို့ ကြံရင် ငါမင်းကိုနမ်းပစ္မွာ...မယုံမရွိနဲ့..''

ထိုအခါ ယြန္ဂီသည် သူ့ျေခေထာက္နဲ့ဂော်င္ဂုကို ကန်ရန်ျပင္လိုက်သ္လောည်း ဂော်င္ဂုက သူ့ျေခေထာက်နွစ္ဖက္နျဲ့ပန်ညွပ္ထားလိုက်ျပန်သည်။

အခုအခါမွာ ယြန္ဂီသည် ဂော်င္ဂုဆီမွာလုံးဝကိုအခ်ုပ္ခံထားရတျာဖစ်သည်။

"ဟေ့ကောင် ငါ့ကိုလွှတ္စမ်း သူတောင်းစားကောင် ကျြဲကောင် လူ့ဘလူးကောင် ခြေးကေလး....အရူး..အြတ်..အြန်းးးးး''

စကားပင္မဆုံးသေးပေ ဂော်င္ဂုသည်ယြန္ဂီရဲ့ ပါးစပ္ကို နှုတ္ခမ်းနဲ့ အုပ္နမ်းလိုက်သည်။

ထို့နောက် ဂော်င္ဂုရဲ့ အနမ်းသည် ယြန္ဂီရဲ့နှုတ္ခမ်းထဲကိုဝင်ရန် က်ူးကေ်္လာာသ္လောည်း ယြန္ဂီက လမ်းစမဖြင့်ပေး။

ဂော်င္ဂုကလည်း ခေသူမဟုတ်ပေ ယြန္ဂီရဲ့နှုတ္ခမ်းကိုကိုက္ခ်လိုက်ပြီး ခံတြင်းထဲကိုအတင်းဝင္လာလေသည်။

ခနမွ် အနမ်းဖလွယ်ပြီးတာနဲ့ ဂော်င္ဂုကျပန္လွှတ်ပေးလိုက်သည်။

ထိုအခိန် ယြန္ဂီကမူ ငြိမ္က်နေလပြီ။

"နောက္တစ္ခါဆို လိမ္မာနော် မဟုတ်ရင် ကိုယ်အျပစ်ပေးရလိမ့်မယ်....''

ဆိုရင်း ဂော်င္ဂုသည် ယြန္ဂီရဲ့ ပြဲနေတဲ့နှုတ္ခမ်းကြားကေသြးစက်လေးတြေကို လက္နဲ့ သုတ်ပေးလိုက္ကာ ခေါင်းကိုပုတ်သပ်ပေးပြီး အခန်းထဲကေန ထြက်သြားလိုက်သည်။

ယြန္ဂီမွာမူ ကုတင်ပေါ်မွာ လဲနေလရာကေန ထမလာသေးပေ။

~~~~~~

"ဒါဘာကိျုေပာခ်င္တာလဲ ဘဲ့မူယောင်း ''

"စိတ်အေးအေးထားပါ ကင္နမ္ဂျြန်ရယ် ခင္မ်ားသားကို ကျြန်တော်နေရာအနွံ့လိုက်ရွာခိုင်းထားပါတယ်..''

ကင္နမ္ဂျြန်သည် သာျးဖစ်သူကြောင့်အေမရိက ကေန ဆိုးလ္ကိုအျမန်လေယာဉ္နဲ့ရောက္လာခဲ့သည်။

ထို့နောက် ခမည်းခမက်ျဖစ်သူနဲ့ တစ်အိမ္ထဲမွာ စကာျးေပာနေလသည်။

သာျးဖစ်သူ မင်ယြန္ဂီက သူ၏မြေးစားသာျးဖစ်သည်။ သူ့သားမဂ္လာဆောင္ကိုမလာနိုင္လို့ အေမရိကကိုချြေးမျဖစ်သူနဲ့အတူ ဟန္နီးမြန်းလာဖို့ သူ့သားကိုျေပာထားပြီးသာျးဖစ်သည်။

သို့သော် ယခုက ချြေးမရဲ့အဆက်ဟောင်းကြောင့် သူ့သားပော်က်သြားတယ္တဲ့လား။

သူတို့ခမည်းခမက် စကာျးေပာနတုန်း ချြေးမျဖစ်သူ ဘဲ့ဆောယောင်းကေရာက္လာပြီး

"ဦးလေး စိတ္မပူပါနဲ့ သမီး ကိုကို့ကိုသေသခ်ာခ်ာ ရွာပါ့မယ် သမီးရဲတြေကိုလည်းအေကြာင်းကြားပြီးပါပြီ''

"တော်ပြီ ငါ့ဘာသာငါပဲ ကြည့်ရွင်းလိုက္မယ် မင်းတို့ဘာမွလုပ္စရာမလိုဘူး မင်းတို့လုပ်ရမွာက အိမ္ထဲမွာငြိမ်ငြိမ်လေးနေပြီး ဘျာပသာနာမွ မရွာဖို့ပဲ ငျါေပာတာသေဘာပေါက္တယ္မလား...''

"ဒါပေမယ့် ကိုကို..''

"ဟုတ်ဟုတ် သေဘာပေါက္ပါတယ် ''

ဆောယောင်းကျငင်းဖို့ကြံနေပမယ့် ဘဲ့မူယောင်းက လက္ခံလိုက်သည်။

ကင္နမ္ဂျြန်းဆိုတာက တကယ့်ကိုပါဝါကြီးတဲ့ လူတစ်ယောက္မလား။ သူ့သားကို သူရွာနိုင္ပါတယ်။

ကင္နမ္ဂျြန်သည် ဘဲ့အိမ်တ္ကောနေ ထြက္လာပြီးတဲ့နောက္မွာတော့ တစ္စုံတစ်ယောက္ကိုဖုန်းခေါ်လိုက္တယ်။

"Jin အလုပ္စလိုက်တော့...''

ဟုဆိုပြီး နမ္ဂျြန္တစ်ယောက်အမည္မသိ အပြုံးတစ္ခုကို ပန်ဆင္လိုက်သည်။

______________________________________

There are no comments yet. Log in to be the first to leave a review!

Similar stories