အပိုင္း၁
07:40, 25 November 2021ခမ်းနားလှတဲ့ ဆိုးလ်မြို့အလယ်မှာကျင်းပတဲ့
ချမ်းသာသူတို့ရဲ့ လက်ထပ်ပွဲတစ်ခု။
သတို့သမီးဖြစ်သူကအလှဆုံးပြင်ဆင်ထားကာ ပန်းစည်းကိုင်ထားရင်း နားနေခန်းမှာ သတို့သားအလာကိုစောင့်နေခဲ့တယ်။
ထိုအချိန် သတို့သမီးရဲ့ မိဘတွေကရောက်လာကြပြီး
"ဆောယောင်းလေးရေ မင်ယွန်ဂီ ပျောက်နေတယ်!!!''
"ရှင့် ''
"ဝန်ထမ်းကောင်မလေးတစ်ယောက်ပြောတာကတော့ ရုပ်ဖျက်ထားတဲ့ လူဆိုးတစ်ချို့ကဖမ်းခေါ်သွားတယ်တဲ့ လုပ်ပါဦး သမီးရယ် မျက်နှာပျက်စရာတွေတော့ဖြစ်ကုန်တော့မှာပဲ...''
"စိတ်အေးအေးထားပါဦး မေမေရေ သမီး yoongi oppa ဆီကို ဖုန်းခေါ်ကြည့်ပါဦးမယ်''
ဆိုပြီး ဆောယောင်းဟာ yoongi oppaရဲ့ဖုန်းကို ခေါ်လိုက်ပေမယ့် လူကြီးမင်းနဲ့ပဲတိုးနေလေသည်။
အကြိမ်ကြိမ်ခေါ်ပေမယ့် yoongi oppaက ဖုန်းမကိုင်ပေ။
ထိုအချိန်မှာပဲ ဖုန်းကောတစ်ခုဝင်လာတာကြောင့် ဆောယောင်းလည်း ကိုင်လိုက်သည်။
"ဟယ်လို''
"(ဟယ်လို ကိုယ့်အချစ်ဟောင်းလေး)''
"ရှင်ဘယ်သူလဲ''
"(ကိုယ့်အသံကိုတောင်မမှတ်မိတော့ဘူးလား )''
ဆိုတော့ ဆောယောင်းမှတ်မိသွားကာ အံကြိတ်လိုက်သည်။
လက်စသတ်တော့ ဒင်းလက်ချက်ကို။
"Yoongi oppa ဘယ်မှာလဲ''
"(မင်ယွန်ဂီလား ကိုယ့်ဘေးမှာ အိပ်နေတယ်)''
"ရှင် ရှင် ကိုကို့ကိုဘာမှမလုပ်နဲ့နော် ''
"(ကိုယ်ကဘာလုပ်ရမှာလဲ ဆောယောင်းရေ ဒီတိုင်း ဆောယောင်းရွေးတဲ့ယောကျာ်းကဘယ်လောက်ချောလဲ ဆိုတာစစ်ကြည့်နေတာပေါ့ ဒါနဲ့ဆောယောင်းရေ မင်းကိုကိုက ဒီနေ့ပြန်လို့မရလောက်တော့ဘူး အိပ်နေတာလှုပ်တောင်မလှုပ်ဘူး နောက်နေ့မှ လွှတ်လိုက်မယ်နော်... sorry ဆောယောင်းရေ)''
"ရှင် ရှင် ဂျွန်ဂျောင်ဂု နင်ယုတ်မာလှချည်လား''
"....''
"Yarrrr ဂျွန်ဂျောင်ဂု''
ဆောယောင်း သည် ချသွားသောဖုန်းကိုကြည့်ရင်း အော်လိုက်တော့ မိဘနှစ်ပါးအပါအဝင် အခန်းထဲက လူတိုင်း လန့်သွားလေသည်။
ဂျွန်ဂျောင်ဂု နင်ကများ ငါ့ကိုရန်လာစရဲတယ်ပေါ့လေ...
တစ်ဖက်မှာတော့ ဂျောင်ဂုသည် ကုတင်ပေါ်မှာ လဲအိပ်နေသော ဖက်ထုပ်လုံးလေးကိုကြည့်နေလေသည်။
မဆိုးပါဘူး ချောတာပဲ။
ဆိုရင်း ဂျွန်ဂုသည် ယွန်ဂီကို စောင်ခြုံပေးထါးကာ အခန်းအပြင်ကိုထွက်လာခဲ့သည်။ထို့နောက် အပြင်ကနေ သော့ခက်ထားလိုက်သည်။
~~~~
ယွန်ဂီတစ်ယောက် နောက်စေ့ကနေ နာနေရင်းကာနေမှ နိုးလာခဲ့တော့ သူမသိတဲ့ နေရာတစ်ခုကိုရောက်နေမှန်းသတိထားမိလိုက်သည်။
ဒါဘယ်နေရာလဲ။
ထထိုင်ရန်ပြင်လိုက်တော့ လက်နှစ်ဖက်လုံးကိုကုတင်ကနေ ကြိုးတုတ်ထားတာကိုတွေ့လိုက်ရသည်။
ဘယ်သူတောင်းစားက ငါ့ကိုကြိုးချည်ရဲတာလဲ?
မင်ယွန်ဂီသည် လက်ထဲကကြိုးကို ဖြည်ရန်ကြိုးစားလိုက်ပေမယ့်အချည်နှီးပင်။
ထို့ကြောင့် လဲနေရင်း အဖြစ်အပျက်ကို ပြန်တွေးကြည့်လိုက်သည်။
ဒီမနက်ဆောယောင်းနဲ့ သူ့ရဲ့မဂ်လာဆောင်ဖြစ်တာကြောင့် မနက်အစောကြီးထပြီး ပြင်ဆင်နေခဲ့တယ်။
ပြင်ဆင်ပြီးတော့ သတို့သမီးအခန်းကိုသွားဖို့ပြင်လိုက်စဥ်မှာပဲ နောက်စေ့ကိုအရိုက်ခံလိုက်ရပြီး သတိမေ့သွားတယ်။
နောက်တော့ ဒီနေရာမှာပြန်နိုးလာခဲ့တယ်။
ငါပြန်ပေးဆွဲခံလိုက်ရတာလား?
ထိုသို့သူတွေးနေတုန်းမှာပဲ တံခါးဂျက်ဖွင့်သံကြားလို့ ကြည့်လိုက်တော့ လူတစ်ယောက်ကိုသူတွေ့လိုက်တယ်။
"နိုးလာပြီလား ကိုယ့်ယောကျာ်းလေး''
"F**kကို မင်းယောကျာ်းလား မင်းဘယ်သူလဲ ဘာလို့ငါ့ကိုဖမ်းတာလဲ...''
"ကိုယ့်ယောကျာ်းလေးက အဆဲသန်တာပဲ
ဒီဘက်ကိုလှည့်ပါဦး..''
ဆိုပြီး ဂျောင်ဂုသည် ယွန်ဂီရဲ့ ဟိုဘက်လှည့်ထားတဲ့မျက်နှာကို မေးစေ့ကနေ ဆွဲယူလိုက်ကာ သူ့ဘက်လှည့်စေသည်။
"မင်းဘာလို့ငါ့ကိုဖမ်းထားတာလဲ? "
"ဗိုက်ဆာနေတယ်မလား ဒီမှာကိုယ် စွပ်ပြုတ်ယူလာတယ် စားလိုက်အုန်း''
"ယီးကိုစားရမှာလား ငါ့ကိုလွှတ်ပေး သူတောင်းစားကောင်..''
ဆိုပြီး ယွန်ဂီသည် အသားကုန် ရုန်းနေလေသည်။
ဂျောင်ဂုမှာမူ ကြည့်ရင်းသာ ဆက်ကြည့်နေလေသည်။
နောက်တော့ ယွန်ဂီလည်း မထူးတော့မှန်းသိတာမို့ ဆက်ပြီးမရုန်းတော့ပဲ နေနေလိုက်သည်။
"ရုန်းလို့ဝပြီလား လာ ကိုယ်ခွန့်ကျွေးမယ်..''
ဆ်ုတော့ ယွန်ဂီလည်း ဗိုက်ဆာနေတာကြောင့် ထိုစွပ်ပြုတ်ကို စားလိုက်သည်။
အဆိပ်များပါလားလို့တွေးမိပေမယ့် ဒီလိုကြိုးချည်ထားနေမှတော့ ဘယ်ကအဆိပ်ကိုကျွေးနေရအုန်းမှာလဲ။
စွပ်ပြုတ်စားပြီးတာနဲ့ ဂျောင်ဂုက
"ကိုယ့်ယောကျာ်းလေး အိပ်တော့နော် ကိုယ်မနက်ဖြန်ပြန်လာခဲ့မယ်...''
ဆိုပြီးဂျောင်ဂုသည် စွတ်ပြုတ်ပန်းကန်ကို သယ်ကာ တံခါးအပြင်ကို ထွက်သွားလေသည်။
ယွန်ဂီတစ်ယောက် နေ့ချင်းညချင်းယောကျာ်းရသွားသည်ကိုပင် မယုံနိုင်ဖြစ်နေလေသည်။
ကံဆိုးတာပဲ မင်ယွန်ဂီရေ။
______________________________________
Zawgyi
"ရှင့် ''
"ဟယ်လို''
"ရှင်ဘယ်သူလဲ''
"Yoongi oppa ဘယ်မှာလဲ''
"....''
"Yarrrr ဂျွန်ဂျောင်ဂု''
မဆိုးပါဘူး ချောတာပဲ။
~~~~
ဒါဘယ်နေရာလဲ။
ဒီဘက်ကိုလှည့်ပါဦး..''
______________________________________
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



