ကျေးဇူးတင်လွှာ🤍🖤
11:58, 20 November 2025နောက်ဆုံးတော့ အဆုံးထိသွားနိုင်ခဲ့ပါပြီ ။ ဒီခံစားချက်က ဘာနဲ့မှမတူပါဘူးရှင်😭
အဆုံးထိလိုက်ပါပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အလေးအနက်ကျေးဇူးတင်ပါတယ်🫶အချိန်ပေးပြီးဖတ်ပေးကြပြီး ကျမရဲ့လိုအပ်ချက်ကလေးတွေကို ဖြည့်တွေးဖက်ပေးကြတဲ့ ချစ်သောလေးတို့ကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။
နှစ်ယောက်သားဝတ်ထားတဲ့ ကြိုးနီကလေးကိုမြင်ပြီး အခြေတည်ထားတဲ့ ဒီficကလေးမှာ ကျမဖော်ပြချင်တဲ့ နှစ်ယောက်လုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အနည်းငယ်လောက်လေးခံစားမိတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ ။
သိစေချင်တာတစ်ခုရှိပါသေးတယ် ။
ကျမဖော်ပြထားတဲ့ စာသားကလေးကိုပါ။
{ "ကျေးဇူးတင်တယ်နော်~"
"Taဘေးမှာအမြဲရှိနေပေးလို့ ။ အမြဲဂရုစိုက်ပေးပြီးချစ်ပေးတဲ့ကိုကို့ကို တကယ်ကျေးဇူးတင်တယ်~" }
ဒီနေရာလေးပါ ။ ဒါက ကျမကိုယ်တိုင် phi perthကို ပြောပြချင်နေတဲ့စကားလုံးလေးပါ ။
ဘာအခက်အခဲတွေပဲရှိရှိ ကလေးငယ်ကို မျက်နှာတစ်ချက်မညှိုးစေဘဲ ဂရုတစိုက်ချစ်ပေးတတ်တဲ့ ကိုကို့ကို တကယ်ကျေးဇူးတင်ရပါတယ်😭
အတိုက်အခိုက်တွေဘယ်လောက်များများ ကိုကို့ဘေးမှာရှိနေရရင် ပြုံးရွှင်နေတတ်တဲ့ကလေးငယ်ကို စိတ်လုံခြုံမှုအပြည့်ပေးတဲ့ ကိုကို့ကို TaTaရဲ့မာမီတစ်ယောက်အနေနဲ့ တကယ်ကျေးဇူးတင်ရပါတယ် ။
မုန်တိုင်းတွေဘယ်လောက်ကြမ်းကြမ်း ဥယာဉ်မှူးလေးက ဂရုတစိုက်အရိပ်တကြည့်ကြည့်ချစ်ပေးနေလို့သာ ပန်းကလေးပျော်ရွှင်နိုင်တာပါ🥺
နှစ်ယောက်လုံးရဲ့ချစ်ခြင်းမေတ္တာတွေ အမှန်တကယ်ထပ်တူကျသွားမယ့်အချိန်ကိုလည်းစောင့်မျှော်နေပါတယ်ရှင်🫶
_____________
မြန်မြန်ဇာတ်သိမ်းလိုက်ရလို့စိတ်မဆိုးကြဖို့လဲမှာချင်ပါတယ် ။ အပြီးထိမသွားနိုင်မှာဆိုးတဲ့ စိတ်ကြောင့် ကျမအားစိုက်ပြီး ဖန်တီးလိုက်ရတာမို့ နားလည်ပေးကြပါ ။
Extraလေးတွေပါဖို့ စိတ်ကူးထားပေမယ့် DoDoလေးကို မေးထားကြတဲ့သူလေးတွေကိုတွေ့မိတော့ စိတ်ကူးတစ်ခုရသွားပါတယ်။
ဒါကတော့ ရှင်လေးတို့ရဲ့သဘောပါ ။
Domiiaလေးကိုပါစေချင်တယ်ဆိုရင် ကျမက family typeလေးကို extraအနေနဲ့ထည့်ပေးပါမယ် ။ ဒီနေရာမှာသိစေချင်တာက အချိန်တစ်ချို့ကို skipလုပ်ပြီးပဲ ရေးဖို့ရည်ရွယ်ထားတာမို့လို့ pregnantအပိုင်းတွေကိုပါskipမှာပါ ။ ဒါကြောင့် extraပိုင်းမှာ လေးနှစ်သားmiiangလေးပါလာမှာပါ ။
ရေးစေချင်တယ်ဆိုရင် cmမှာပြောခဲ့ပေးပါ ။ ရှင်တို့သဘောတူမှအပ်ပေးမှာပါနော်😉
Love you all🫶
စာကြွင်း**
စိတ်ကူးရလို့ချထားတဲ့plotနှစ်ခုလည်းရှိပါသေးတယ် ။ အချိန်အတိအကျတော့ မပြောနိုင်သေးပါဘူး ။ ကျောင်းတစ်ဖက်နဲ့မို့ပါရှင့် ။ အားလုံးပြင်ဆင်ပြီးတာနဲ့ လာအကြောင်းကြားပါမယ် ။ ပြန်ဆုံကြမယ်နော်🫶🖤🤍
20. 11.2025
Day🩵
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




