Fasten 30 Final
08:26, 9 May 2026"babyတကယ်မလိုက်ချင်တာလား"
ရေချိုးခန်းထဲကထွက်လာပြီး ခေါင်းသုတ်ရင်းမေးနေပြန်တာမို့ santaလုပ်လက်စကိုခဏရပ်ပြီး ကိုကို့ကိုပြန်လှည့်ကြည့်လိုက်တယ်။ ခေါင်းသုတ်နေတဲ့လူက santaလှည့်ကြည့်တော့မျက်နှာငယ်လေးနဲ့ဖြစ်နေပြီး သူ့အနားကိုလာရပ်တယ်။
"ကိုကိုမေးနေတာ ဘယ်နှခါရှိပြီလဲ"
"သေချာအောင်ထပ်မေးတာပါ ။ နေခဲ့ပြီးမှအချစ်ပြန်လိုက်ချင်နေမှာဆိုးလို့လေ ။ လွမ်းလို့ပြေးပြီးပြန်လာလို့ရတဲ့ခရီးလဲမဟုတ်တာကို"
အခုထိအဝတ်မကပ်ရသေးတဲ့ကိုကိုက တစ်ညနေခင်းလုံးလည်း ဒီမွေးခွန်းကိုအပ်ကြောင်းထပ်အောင်မေးနေတာမို့ သူစိတ်မရှည်ချင်တော့ဘူး။ အနားမှာလာရပ်နေတဲ့လူကို ကျောပေးပြီး ထည့်လက်စအဝတ်တွေပြန်စီရင်းဖြေလိုက်တယ်။
"Taတကယ်မလိုက်ချင်တာပါ ။ Taလိုက်ခဲ့ရင်လည်း ကိုကိုအလုပ်ပိုနေမှာပဲရှိမှာလေ ပြီးတော့မာမားကိုလည်းပစ်ထားမိတာကြာပြီဆိုတော့ကိုကိုမရှိတဲ့အချိန် မာမားကိုအဖော်လုပ်ပြီးနေပေးချင်တယ်"
"မာမားကိုက ကိုကိုပြန်လာမှတူတူသွားနေပေးလို့ရတာပဲလေ"
"ကိုကို"
ထပ်ပြီးအထွန့်တက်နေသေးတာကြောင့် ခပ်တင်းတင်းဖိခေါ်လိုက်တော့မှ မျက်နှာငယ်လေးနဲ့ငြိမ်ကျသွားတယ်။ အလုပ်ကိစ္စနဲ့သွားရမယ့်ခရီးက မထင်မှတ်ဘဲပေါ်လာတာကြောင့်အစီစဉ်မရှိဘဲနဲ့လည်းမသွားချင်ဘူး ။ အဲဒါထက် အစ်မပါလိုက်ရမှာမို့ အိမ်မှာမာမားတစ်ယောက်တည်းကြီးကြီးနဲ့ကျန်ခဲ့မှာကြောင့် အဖော်နေခဲ့ပေးဖို့သာဆုံးဖြတ်လိုက်တယ်။
ခေါင်းဆက်မသုတ်တော့တဲ့လူက တဘက်ကိုပုခုံးပေါ်ပစ်တင်ပြီး ကျောပေးရင်းအဝတ်ထည့်ပေးနေတဲ့သူ့ကို သိုင်းဖက်လာတယ်။ ရေချိုးပြီးကာစမို့ အေးစက်နေတဲ့ခန္ဒာကိုယ်ကြောင့် အဝတ်ဝတ်ဖို့ပြောနေပေမယ့် စကားနားမထောင်ဘဲ ပေကပ်နေတာမို့လွှတ်ထားလိုက်ရတော့တယ်။ ကိုကို့ပုံစံက ကျောင်းမသွားချင်တဲ့ကလေးဂျီနေသလိုပါပဲ။
နောက်ကဖက်ထားပြီး သူ့လက်တွေကိုပါလက်ချင်းယှက်ပြီးဖိကပ်ဖက်ပစ်တာမို့ ရင်ပြင်ကျယ်ကြီးထဲမှာမြုပ်သွားရတယ်။ အငြိမ်မနေဘဲ နောက်ကနေသိုင်းဖက်ထားပြီး မျက်နှာတစ်ခုလုံးကိုထိတို့နမ်းနေပြန်တာကြောင့် ယှက်ထားတဲ့လက်ကိုအားနဲ့ဖျစ်ညှစ်ပစ်လိုက်တယ်။
"ဖယ်ပါကိုကိုရာ...Taအဝတ်ထည့်ပေးနေတာမပြီးသေးဘူး"
"ပြီးမှထည့်.."
စကားကိုနားမထောင်ဘဲ လူကိုပြန်ဆွဲကပ်ပစ်ပြီးနားသယ်စပ်ကလေးတွေထိပါ ထိတွေ့နမ်းရှိုက်နေတဲ့လူက သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး စိတ်ရှိတိုင်းတွေလုပ်နေတော့တာ။ santaမနိုင်တဲ့အဆုံး ဘာမှမပြောတော့ဘဲငြိမ်နေပေးလိုက်ပြီး ဖက်ထားခံရတဲ့ရင်ခွင်ထဲကိုမှီချလိုက်တယ်။ ပိုပြီးတိုးဖက်လာတဲ့ကိုကို့ကို ကြည့်ရင်းသဘောကျရယ်မိသလို သနားလည်းသနားမိပါတယ်။ တစ်လလုံးလည်းကောင်းကောင်းမွန်မွန်မနားရသေးဘဲ အလုပ်နဲ့ပဲအချိန်ကုန်နေရပြီး နေ့လည်စာစားချိန်တောင် santaကိုယ်တိုင်ပို့ပေးပြီးဂရုစိုက်နေရတဲ့အဖြစ်။ အခုလည်းသွားရမယ့်ခရီးမှာစိတ်မပါမှန်းသိပေမယ့် သူလိုက်မသွားဖို့သာဆုံးဖြတ်မိတယ်။ သူလိုက်ရင်ကိုကိုအလုပ်ပိုနေမှာပဲရှိမှာလေ။
"ကလေးလေးလား..ဟင်~"
ခပ်နောက်နောက်မေးတဲ့သူ့စကားကိုမဖြေဘဲ ပုခုံးဆက်အနားမှာမျက်နှာအပ်ပြီးငြိမ်နေပြန်တယ်။ santaသက်ပြင်းချလိုက်မိပြီး ပွေ့ဖက်ထားတဲ့ ကိုကို့ဆီကရုန်းလိုက်ရင်း မျက်နှာချင်းဆိုင်လှည့်လိုက်တယ်။ မျက်လုံးလှန်ကြည့်နေတဲ့ကိုကို့လည်ပင်းကိုသိုင်းဖက်လိုက်ရင်း ကိုကို့နှာခေါင်းလေးကိုအသံမြည်အောင်ဖိကပ်နမ်းလိုက်တယ်။
"မြန်မြန်ပြန်လာနော် လွမ်းနေမယ်"
"babyကကိုယ့်ကို လွမ်းနိုင်တယ်ပေါ့"
"ဘယ်နှစ်ရက်ကြာမှာမို့လဲကွာ...ကိုကိုက ကလေးလည်းမဟုတ်ဘဲနဲ့"
"ကိုယ်မှမခွဲနိုင်တာ.."
မျက်လုံးတွေမှေးကျဉ်းပြီးပြောနေပုံက အကဲပိုလွန်းနေတာမို့ santa အဝတ်မကပ်သေးတဲ့ကိုကို့ရင်ဘက်ကိုဖက်ကနဲ ရိုက်ပစ်လိုက်တယ်။ချက်ချင်းဖမ်းဆွဲထားတဲ့လက်က သူ့လက်ကိုဆုပ်ကိုင်ပြီး လက်ချောင်းထိပ်လေးတွေကိုပါဖိကပ်နမ်းရှိုက်နေပြန်တယ်။
"အချစ်နဲ့မခွဲချင်တာကိုကွာ.."
"ကလေးလိုလုပ်မနေနဲ့တော့ လာ ခေါင်းသုတ်ပေးမယ်"
လက်ကိုမလွှတ်တမ်းဆွဲထားတဲ့ကိုကို့ကို ကုတင်မှာထိုင်စေပြီး ရှေ့မှာဝင်ရပ်လိုက်တယ်။ ပုခုံးပေါ်တင်ထားတဲ့တဘက်ကိုဆွဲယူလိုက်ပြီး စိုနေတဲ့ခေါင်းကိုသုတ်ပေးနေတော့ သူ့ခါးကိုဆွဲဖက်ပြီး ဝမ်းဗိုက်နေရာကိုတရှုံ့ရှုံ့နမ်းနေပြန်တယ်။ santaဘာမှမပြောနိုင်တော့ဘဲ ခေါင်းရမ်းလိုက်မိပြီး ကိုကို့ဆံပင်တွေကိုဆွဲဖွပစ်လိုက်တယ်။
"Taကိုကိုက ကလေးလေးပဲကွာ.."
"ဘယ်မှာလဲ"
"ဒီမှာလေ"
ကိုကို့မျက်နှာကိုပင့်ယူပြီး မေးဆက်ပြလိုက်တော့ ခါးကနေဆွဲယူပြီး ပေါင်ပေါ်မှာထိုင်စေတယ်။ ကိုကိုက လည်ပင်းမှာချိတ်တင်ထားတဲ့ သူ့လက်ခုံကိုဆွဲယူပြီး စူးစူးနစ်နစ်နမ်းရှိုက်တယ်။ရေမခြောက်သေးတဲ့ကိုကို့ဆံပင်လေးတွေကို ဆွဲဖွပေးနေတဲ့သူ့ကို ကိုကိုကအချိန်ကြာကြာမော့ကြည့်နေပြန်တယ်။ santa ဘာစကားမှမပြောတော့ဘဲငြိမ်နေတဲ့ကိုကို့ကို မျက်နှာကနေဆွဲယူပြီး နဖူးပြင်ကိုအနမ်းခြွေလိုက်ဝောာ့မျက်တောင်စလေးတွေက အလိုက်တသိမှတိကျသွားတယ်။
"ချစ်တယ်~"
"ကိုယ်ကပိုချစ်တယ်"
ဂုတ်ပိုးကဆွဲချပြီး မော့နမ်းလိုက်တဲ့နှုတ်ခမ်းသားတွေက အတိုင်းအဆမရှိခုန်လှုပ်နေတဲ့ရင်ခုံသံတွေလိုပဲ ထပ်တူကျစွာ စီးချက်ညီတယ်။ ပေါင်ပေါ်ပွေ့တင်ခံထားရတဲ့ကိုယ်လုံးလေးကို လက်တစ်ဖက်တည်းနဲ့ထိန်းကိုင်ရင်း ခေါင်းမော့နမ်းနေတဲ့ကိုကို့ ပုံစံဟာ သူ့ရင်အစုံအဆမတန်ခုံလှုပ်စေပြီး အကြိမ်ကြိမ်နစ်မွန်းချင်စိတ်တွေက ကိုကို့ခြေတော်ရင်းမှာ ခယတယ်။ လည်ပင်းကိုပြန်ဖက်တွယ်လို့ ကိုကို့အရှိန်ကိုအမီလိုက်ရင်း သူ့ဆံစတွေထဲတိုးဝေ့လာတဲ့ လက်ဖဝါးနုနုရဲ့အထိအတွေ့မှာ ရပ်တန့်ချင်စိတ်တွေဟာ တိမ်မျှင်တွေလိုပျက်သုဉ်းပျောက်ကွယ်ရပါတယ် ။ ကိုကိုဟာ သူ့ကို ဒီလိုပုံစံမျိုးနဲ့ အကြိမ်ကြိမ်အနိုင်ယူနိုင်လွန်းပါတယ်။
ပြွတ်စ်!
"ဟင်းးး ကိုကို့..!"
"အင်း"
ခပ်နက်နက်ထူးလိုက်တဲ့အသံကို အခေါက်ပေါင်းများစွာကြားဖူးတယ်ဆိုပေမယ့် ကျင့်သားမရသေးသလို ကိုကိုဒီလိုထူးလိုက်တိုင်း သူ့ရင်ကိုအဆမတန်လှိုက်ခုန်စေတယ်။ ပါးပြင်နှစ်ဖက်လုံးနီဆွေးနေတဲ့သူ့အဖြစ်ကို ကြည့်ရင်း ကိုကိုကနှုတ်ခမ်းတွန့်ရုံပြုံးပြီး ခါးသိမ်သိမ်ကလေးကိုပြန်ဆွဲဖက်တယ်။ ပြန်နီးကပ်သွားတဲ့အကွာအဝေးဟာ ကိုကို့အသက်ရှူသံလေးတွေကတောင် သူ့ပါးပြင်ကိုလာရောက်ရိုက်ခတ်တဲ့အထိပါပဲ။
ကိုကိုသူ့ကို အသေများသတ်နေပါသလား ။
"ဘာဖြစ်လို့လဲ"
"Ta..."
"အင်း..ဘာဖြစ်လဲ"
"ဟင့်~"
ဆက်မပြောနိုင်တော့တဲ့ လူက အောက်ပိုင်းနေရာတွေကိုထိတွေ့ပွတ်တိုက်လိုက်တဲ့ကိုကို့ကြောင့်သာဖြစ်တယ်။ pajamaလဲထားပြီးပြီမို့ ပါးကပ်နေတဲ့သူ့ဘောင်းဘီစက ကိုကို့ပေါင်ပေါ်မှာတက်ထိုင်ထားတာမို့ အလွှာပါးပါးလေးသာခြားထားသလို ။ နားရွက်တွေထိပါနီရဲလာတဲ့သူ့အဖြစ်ကို ကြည့်ပြီးရယ်လိုက်တဲ့ကိုကိုကြောင့် ရှက်စိတ်ကတဖျင်းဖျင်း ။ အသံထွက်တဲ့အထိရယ်ပြီးသဘောကျနေတဲ့ကိုကို့ကြောင့် ရင်ဘက်နေရာကိုခက်ဆက်ဆက်ကလေးပစ်ရိုက်ပစ်လိုက်မှ အရယ်ရပ်ပြီး အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ပြန်မော့ကြည့်တယ်။
"ရှက်နေတာလေးကကွာ..."
".........."
"ချစ်ချင်စရာလေး~"
"မပြောနဲ့~!"
ပုခုံးကိုထုရိုက်နေတဲ့သူ့လက်ကို ပြန်ဆွဲယူလိုက်တဲ့ကိုကိုက လက်ဖျားထိပ်ကလေးတွေကို တတိတိဆွဲကိုက်နေပြန်တယ်။ တဘက်တစ်ထည်သာပတ်ထားဆဲဘဲကြီးကအထာကျနေပေမယ့် သူ့ပေါင်ပေါ်မှာ ဖရိုဖရဲဖြစ်နေတဲ့santaကတော့ ပစ်ဆလက်ခတ်နိုင်လွန်းပါတယ်။ မကျေနပ်စိတ်ကလေးနဲ့ ပုခုံးနားထိခေါင်းငုံ့ပြီး ကိုကို့လည်ပင်းသားကိုသွားချွန်ချွန်လေးနဲ့ဆွဲကိုက်ပစ်လိုက်တယ် ။ တစ်ချက်မှမတွန့်တဲ့ကိုကိုက သူ့ခါးတွေကိုပွေ့ဖက်ထားရင်း သဘောတကျငြိမ်နေပေးတာမို့ ပိုပြီးခပ်နက်နက်ဆွဲကိုက်ပြီးမှလွှတ်ပေးလိုက်တယ် ။ ခရီးဝေးသွားရမယ့်လူကို ဒီတိုင်းတော့မလွှတ်လိုက်နိုင်ပါဘူး။ ပိုင်ရှင်ရှိပြီးသားလို့ပြောနေသယောင်ရှိတဲ့သွားရာကလေးက ကိုကို့လည်ပင်းနေရာမှာ ပနံသင့်စွာနေရာယူထားတာကိုကြည့်ပြီး ကျေနပ်သွားရတယ်။
"ကိုကိုကTaအပိုင်"
"အင်း ကိုယ်ကမင်းအပိုင်ပဲ"
တုန့်ပြန်စကားလေးကို သဘောတကျပြုံးလိုက်မိတော့ သူ့မေးဖျားကိုမော့နမ်းပြီးမွေ့ယာပေါ်ကိုနောက်ပြန်လှဲချလိုက်တာကြောင့် ဖက်ထားလျက်သားလဲကျသွားတဲ့လူက ကိုကို့ရင်ဘက်ပေါ်မှာဖားပျံလေးလိုဖြစ်သွားရပြန်တယ်။ ခါးမှာအလိုလိုခွထားမိတဲ့သူ့အနေအထားကအနည်းငယ်ကသိကအောင့်နိုင်တယ်။ နေရခက်နေတဲ့သူ့ပုံစံကိုစိုက်ကြည့်နေတဲ့ကိုကိုက ခေါင်းအောက်မှာလက်နှစ်ဖက်ခုထားရင်း ပြုံးနေပြန်တယ်။ ကိုကိုအကျင့်ယုတ်နေပြန်ပြီ။ ဒီလိုတွေမနေတတ်မှန်းသိရက်နဲ့ သက်သက်အနိုင်ကျင့်နေတဲ့ကိုကိုက အကျင့်မကောင်းလိုက်တာ။
"ကိုကို"
"ဗျာ"
"ထတော့.."
"ဘယ်ကိုထရမှာလဲ"
"အင်္ကျီအရင်သွားဝတ်"
"မဝတ်ဘူး ပြီးရင်လဲချွတ်ရမှာပဲကို.."
"အကျင့်မယုတ်နဲ့နော်ခင်ဗျား!"
ရင်ဘက်ကိုပစ်ရိုက်လိုက်တဲ့သူ့ကို ရယ်ပြီးကြည့်နေပြန်တာကြောင့် ဆင်းဖို့လုပ်လိုက်ပေမယ့် ခါးကိုတင်းတင်းကျပ်ကျပ်ပြန်ဆွဲဖက်ပစ်တယ်။
"ဘယ်မှာယုတ်လို့လဲကွာ.. Pongsapakက လူကိုအရမ်းစွတ်စွဲတာပဲ"
"ပေါက်ကရမပြောနဲ့ အဝတ်သွားဝတ်"
"ကိုကိုကဝတ်ရမှာမဟုတ်ဘူး babyကသာချွတ်သင့်နေတာ"
"ဘာချွတ်ရမှာလဲ...ခင်ဗျားနော် တစ်ချိန်လုံးအဲ့ဟာတွေပဲတွေးနေ!"
"ဘာဖြစ်လဲ ။ ကိုယ့်ယောင်္ကျားကိုယ်အလိုလိုက်သင့်တယ်မထင်ဘူးလား"
"ဘာမှမလိုက်ဘူး! ကိုကိုအကျင့်မယုတ်နဲ့"
"အချစ်ကလေး~"
"..........."
"တကယ်အလိုမလိုက်ဘူးလား..."
"..........."
"ကိုကိုကဟိုမှာတစ်ပတ်လောက်တောင် ကြာရင်ကြာမှာနော် ။ ကိုကို့အားဆေးလေးက အလိုမလိုက်ချင်ဘူးလား..ဟင်~"
"မ..မလိုက်ချင်ဘူး ။ ကိုကိုထတော့..ညစာစားမယ်"
ဆွဲထူလိုက်ပေမယ့် နေရာကမရွေ့တဲ့ကိုကိုက သူ့ကိုမျက်နှာငယ်လေးနဲ့လှမ်းကြည့်တယ်။santaစိတ်ကိုတင်းခံထားလိုက်ပြီး လူပေါ်ကဆင်းဖို့လုပ်တော့ လက်တွေကိုဖယ်ပေးပြီး သက်ပြင်းအရှည်ကြီးချပစ်တယ်။
"ဟူးးး Pongsapakက ကိုကို့ကိုတကယ်မချစ်ပါဘူးကွာ..လိုချင်တာရှိရင်သာကပ်ချွဲတတ်တဲ့ကောင်ဆိုးလေးပဲ.."
ကိုကို့အသံက တိုးတိုးလေးဆိုပေမယ့် သူကြားအောင်တမင်ပြောနေတာမို့ santaနှုတ်ခမ်းတွေဆူပုတ်သွားတယ်။ တစ်ပြိုင်နက်တည်း လှဲအိပ်နေတဲ့ကိုကို့အပေါ်ကနေ အုပ်မိုးပြီး လက်ထောက်လျက်ငုံ့ကြည့်လိုက်တယ်။
"ကိုကိုကမှဉာဏ်များတဲ့လူကြီး~"
"ဘယ်မှာလဲ"
"ဒီမှာလေ"
နှာခေါင်းထိပ်ကလေးကို ထိတို့ပြောလိုက်တဲ့သူ့ကို ကိုကိုကရွှန်းရွှန်းစားစားမော့ကြည့်တယ်။ဉာဏ်များလွန်းတဲ့ကိုကို့ထောင်ချက်ထဲကို ကျေကျေနပ်နပ်သက်ဆင်းရတာကလည်း သူကိုယ်တိုင်ပါပဲ။
"တစ်ခါပဲနော် Taစကားကိုနားထောင်ရမယ်မဟုတ်ရင်ခွင့်မပြုဘူး"
"ဈေးကိုင်လိုက်တာဗျာ~"
"သဘောမတူရင် နေခဲ့တော့"
"တူတယ်.."
ပြေးဆင်းတော့မယ့် အကောင်ပေါက်လေးကိုဆွဲပွေ့လိုက်ရင်းခပ်မြန်မြန်သဘောတူလိုက်ရတယ်။မွေးရာပါအကြောတင်းတဲ့ အချစ်ကလေးက ဆုံးဖြတ်ချက်ကို မပြောင်းလဲတတ်တာသိတာမို့ ဉာဏ်များရတဲ့သူကသာ အပစ်ဖြစ်တာပေါ့လေ။သဘောတူညီမှုရသွားတဲ့နောက်မှာ သူ့ဆေးစက်ချရာအရာထင်တဲ့ အဖြူလုံးလေးက သူ့အထိအတွေ့တွေကို မလွန်ဆန်နိုင်တော့ဘဲ မကျေနပ်တိုင်းခပ်တိုးတိုးဆဲသံကလေးသာထွက်လာတတ်တယ်။ ညစာစားခွင့်မရတော့တဲ့Pongsapakကလေးက မနက်အစောကြီးထသွားတဲ့သူ့ကို ခေါင်းအုံးနဲ့ပစ်ပေါက်ပြီးကျန်နေခဲ့တာကို ပြန်တွေးရင်း ခရီးတစ်လျှောက်လုံးပြုံးနေမိတာမရပ်တော့ဘူး။ မရောက်သေးခင် ပြန်ချင်နေတဲ့စိတ်ကိုချိုးနှိမ်ပြီး အလုပ်အတွက်ပဲအာရုံစိုက်ရတော့တယ် ။ လူဆိုးကောင်လေးမပါတဲ့ ခရီးကလိုတာထက်ပိုရှည်ကြာပြီးလွမ်းမောစရာကောင်းခဲ့ပါတယ်။.....
"မထသေးဘူးလားကလေးလေး ကိုယ်တောင်အခန်းကိုရောက်ပြီ"
ရောက်ရောက်ချင်းအင်္ကျီအပေါ်ထပ်ကိုချွတ်ပြီးချက်ချင်းvideo callခေါ်မိတော့ ခုထိထားခဲ့တုန်းကအတိုင်းအိပ်နေဆဲမို့ စိတ်ပူပြီးမေးလိုက်တယ်။ သွားခဲ့ရတဲ့ခရီးက နေ့ဝက်လောက်မှရောက်တာတောင် ခုထိမထသေးတဲ့ကလေးကြောင့် နေမကောင်းဖြစ်နေရမှာကိုစိုးရိမ်ရသေးတယ်။ သူကသာပူပင်တပြင်းမေးနေပေမယ့် ဖုန်းကိုင်ပြီးလှဲနေရင်း ဘာစကားမှမပြောသေးဘဲ သူ့ကိုအကြည့်စူးစူးနဲ့စိုက်ကြည့်နေတာကြောင့်သဘောတကျရယ်မိသွားတယ်။ စိတ်ဆိုးပြီးကျန်ခဲ့တာကို မေ့သွားတာပဲ။ Pongsapakတို့က နေမကောင်းတာထက် သူ့ကိုမကျေမနပ်ဖြစ်နေတာဖြစ်မယ်။
"မေးတာမဖြေတော့ဘူးလား ။ ကိုကိုကခဏနေရင် meetingတန်းတက်ရမှာ စိတ်ပူအောင်မလုပ်နဲ့"
".........."
"ဘေဘီ~"
".........."
"စကားလေးတော့ပြန်ပြောပါဦးဗျာ~ကောက်နေတုန်းလား..ဟင်~"
"ဘာမှမကောက်ဘူး~~!"
တိမ်တိမ်လေးထွက်လာတဲ့အသံလေးက အသံဝင်နေသလိုပဲ အက်ရှရှနိုင်တယ်။ ဆူပုတ်ပြီးမျက်စောင်းထိုးနေတဲ့ငဂျစ်ကလေးကိုကြည့်ရင်းပြေးဖက်ချင်စိတ်ကိုချိုးနှိမ်ထားရတာမလွယ်ကူပါဘူး။ ဒါကိုအလိုက်မသိတဲ့ အဆိုးလေးကသူ့ကိုရစ်ချင်နေတုန်း။
"နေမကောင်းဘူးလား.."
"ကောင်းတယ်~"
"အဲ့ဒါဆိုထတော့လေ ။ မာမားဆီသွားနေမှာမို့လား ၊ မိုးမချုပ်ခင်သွားနော် မှောင်နေလိမ့်မယ်"
"သိတယ်"
"စိတ်ကောက်နေတာလား"
screenနဲ့အနီးဆုံးမှာမြင်နေရတဲ့မျက်နှာလေးကအခုထိဆူပုတ်ပုတ်ဖြစ်နေပြီး သူ့ကိုသေချာမကြည့်သေးတာကြောင့် မေးမိတော့ မျက်လုံးလှန်ကြည့်ပြီးငြိမ်နေတယ်။ ဆင်းကော့နေတဲ့မျက်တောင်စလေးတွေကို ဘေးမှာသာရှိနေရင်ဖိကပ်နမ်းပစ်လိုက်မှာဆိုပေမယ့် အခုဝောာ့ မြင်သာမြင်ပြီးမကြင်ရတဲ့သူ့အဖြစ်ပါ ။
"မကောက်..ပါဘူး~"
"မကောက်ရင်ထတော့ ၊ ခေါင်းကိုက်နေလိမ့်မယ်"
"အင်း~"
ပျင်းတိပျင်းရွဲထထိုင်ပြီး ဆံပင်တွေရှုပ်ပွနေတဲ့ ငဂျစ်ကလေးကိုကြည့်ပြီး အသည်းတယားယားနဲ့မျက်ခုံးအလယ်နေရာကို လက်နဲ့ကုပ်ခြစ်လိုက်မိတယ်။ လူဆိုးကောင်လေးက သူ့ကို နိုင်စားနေပုံများ ။ ဝတ်ပေးထားခဲ့တဲ့သူ့အင်္ကျီပွပွကြီးထဲမှာမြုပ်နေပြီး ဖရိုဖရဲဖြစ်နေပုံက ညှပ်ရိုးလေးတွေပါပေါ်တဲ့အထိပစ်စလက်ခတ်နိုင်တယ်။ သူကိုယ်တိုင်ဝတ်ပေးတဲ့နေ့တိုင်း ဘောင်းဘီအတိုအပြတ်ကလေးတွေသာရွေးဝတ်ပေးတတ်တဲ့သူ့ကို ဂျီမကျတော့ဘဲ ငြိမ်ခံနေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ ။ ကိုယ်တိုင်ကအတိုဝတ်တာမကြိုက်ဘူးလို့ တားမြစ်ခဲ့ပေမယ့်အိမ်မှာအတူရှိနေတဲ့အချိန်တိုင်း ငဂျစ်ကလေးကိုယ်ပေါ်ကအတိုone setလေးတွေဟာသူကိုယ်တိုင်ရွေးပေးခဲ့တာတွေသာ။ မကြိုက်ဘူးဆိုတာထက် ဘယ်သူ့ကိုမှမမြင်စေချင်တာဆို ပိုမှန်ပါလိမ့်မယ်။
"နေလို့မကောင်းရင် ဆေးသောက်ပြီးမှပြန်အိပ်နော်အချစ် ။ မနက်စာကို ကိုကိုအောက်မှာပြင်ပေးထားခဲ့တယ်"
"အွန်း.."
ဘေစင်ပေါ်ထောင်ထားခံရတဲ့ဖုန်းလေးမှာမျက်နှာသစ်ခါစမျက်နှာကြည်ကြည်လေးကို မြင်လိုက်ရတာနဲ့ ဖုန်းချလိုက်ဖို့ပဲတွေးလိုက်မိတော့တယ်။
"ကိုကိုညမှပြန်ဆက်လိုက်မယ် ၊ အိမ်ကိုစောစောသွားနော် ဘေဘီ"
"အင်းပါ"
"အင်း ချစ်တယ်နော်"
ဖုန်းချပြီးတာနဲ့ ရင်မောစွာပဲသက်ပျင်းချလိုက်ရတယ် ။ လူဆိုးကောင်လေးကဘာမှမသိပေမယ့်နာရီပိုင်းပဲခွဲရသေးတဲ့ သူ့မှာ ယောက်ယက်ခတ်နေတဲ့စိတ်တွေကိုထိန်းချုပ်ရတာမလွယ်ပါဘူး။ဒါကိုအကဲပ်ိုတယ်လို့ လူတွေပြောလာရင်လည်း ခံယုံပဲရှိပါတယ် ။ အချစ်နဲ့ဝေးရာမှာ သူတကယ်မနေနိုင်ဘူး ။....
"အလုပ်တွေရောအဆင်ပြေတယ်မလား သား"
"ပြေတယ်မာမား မနက်ဖြန်မှဆွေးနွေးပွဲလုပ်ပြီးကျွန်တော်ကိုယ်တိုင်သွားကြည့်ဖို့စီစဉ်ထားတယ်"
"အင်းပါ ကျမ်းမားရေးလည်းဂရုစိုက်ဦးနော်အလုပ်ကိုပဲမဲမနေနဲ့"
"ဟုတ်ကဲ့ပါဗျာ ခွန်ပင်စိတ်မပူပါနဲ့ ကျွန်တော့်အမျိုးသားလေးကိုသာ သေချာဂရုစိုက်ပေးဖို့အပ်ပါတယ်နော်"
"တော်ပါ အပိုတွေ ၊ အဲ့ဒါမာမားပြောခဲ့တဲ့စကားကြီးနော် သခင်လေး ။ မာမားကTaလေးကိုအရင်ကတည်းကဂရုစိုက်တာ တစ်ချို့ကသာမချစ်သလိုကြီးအထာကိုင်နေတာ"
ရွဲ့ပြောနေတဲ့မာမားက သူ့ခါးကိုဖက်ထားရင်း ကိုကို့ကိုစတော့ မျက်နှာတစ်မျိုးပြောင်းသွားတဲ့ကိုကိုက သူ့ကိုပါကြည့်လာတယ် ။ santaပြုံးနေရင်းဘာမှပြန်မပြောတော့ သားအမိနှစ်ယောက်စကားပြန်တည့်သွားပြီးအလုပ်အကြောင်းကိုပြန်ရောက်သွားကြတယ်။ မာမားကို ကလေးလိုပြောတတ်တဲ့ကိုကို့ပုံစံက မြင်ရခဲတာမို့ သဘောတကျထိုင်ကြည့်နေမိတယ် ။ သူချွဲတာကိုသာခံရတဲ့ကိုကိုက ဒီလိုလည်းကလေးဆန်တတ်ကြောင်း မာမားကျေးဇူးကြောင့်သိခဲ့ရပါတယ်။
"ဘာတွေပြုံးနေတာလဲကလေးလေး"
"မပြုံးပါဘူး ဘယ်မှာပြုံးလို့လဲ"
"ကိုကို့ကိုမလွမ်းဘူးလား ၊ ဟင်~"
"မလွမ်းပါဘူး ကိုကိုမရှိတော့ပိုတောင်ကောင်းသေးတယ် ချုပ်ချယ်မဲ့လူမရှိတော့ဘူးလေ"
သူ့အဖြေစကားကိုကြားတော့ မျက်နှာတည်သွားတဲ့ပုံက ကြောင်ကလေးနဲ့တူတယ် ။ မာမားကအခန်းထဲပြန်ဝင်သွားပြီးမို့ သူလည်းအခန်းဆီပြန်ဝင်ခဲ့ရင်း ကုတင်မှာကျောမှီလိုက်တယ် ။တစ်ဖက်ကကိုကိုကတော့ ခုထိကုတ်အင်္ကျီမချွတ်ရသေးဘဲ အလုပ်ကပုံစံအတိုင်း ။ ဆိုဖာမှာထိုင်နေတဲ့ကိုကိုက နှာခေါင်းတစ်ချက်ရှုံ့ရင်းသက်ပြင်းချတယ်။
"Pongsapakကလေးက စိမ်းကားလိုက်တာဗျာတစ်ရက်လေးပဲခွဲရသေးတာကို စကားလုံးစိမ်းတွေပြောနေပြီ"
"အပိုတွေမပြောနဲ့"
"ဘယ်မှာပိုနေတာလဲ အမှန်ပြောတာကို"
"ကိုကိုမနားရသေးဘူးမလား ရေမြန်မြန်ချိုးပြီးနားဦး"
"..........."
"ပြောတာကြားလား"
သူ့စကားကိုမကျေနပ်သလို မျက်မှောက်ကျုံ့သွားတဲ့ကိုကိုကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိတယ် ။ ရစ်ချင်နေသေးတာသိပေမယ့် အလုပ်ပင်ပန်းနေတာကြောင့် နားစေချင်တဲ့စိတ်ကပိုတာမို့ မြန်မြန်စကားစဖြတ်နေတာကို ကိုကိုကအလိုက်မသိပုံများ။ နောက်ဆုံးတော့ လိုက်လျောပေးရတာသူပါပဲ ။ သူ့စကားကိုမကြားရမချင်း ဖုန်းချမယ်မထင်တာမို့..
"လွမ်းတယ်~"
".........."
"အရမ်းလွမ်းနေပြီမို့ မြန်မြန်ပြန်လာပေး"
"အခုချက်ချင်းပြန်လာချင်အောင်ပြောနေတာလား"
"ကိုကိုပဲမေးပြီးတော့"
ဆူပုတ်သွားတဲ့ကလေးက ရှက်နေပုံပေါ်ပြီးချက်ချင်းဖုန်းချသွားတာမို့ perthရယ်ရင်းကျန်ခဲ့တော့တယ်။ သူလည်းလွမ်းနေပါပြီ ။ အနားမှာမရိုးရအောင်ဂျစ်တိုက်မယ့်လူဆိုးကောင်လေးကိုသူတကယ်လွမ်းနေရပါပြီ ။
.....
"babyမြန်မြန်လိုက်လာခဲ့ပေး"
"ကိုကိုဘာဖြစ်လို့လဲ"
မေးတာကိုမဖြေတော့ဘဲ အလောတကြီးဖုန်းချသွားတာကြောင့် santaဘာမှမတွေးတောနိုင်ဘဲမြန်မြန်ပြင်ဆင်ပြီးလေဆိပ်ဆင်းရတယ်။ ခရီးကပြန်ရောက်ရောက်ချင်း Phuketကိုတန်းသွားရတဲ့လူက အရေးကြီးကိစ္စရှိပုံပေါ်ပြီးအလောတကြီးဖြစ်နေတာမို့ စိတ်ပူသွားရတယ် ။ရေရေရာရာမပြောတဲ့ကိုကို့ကြောင့် မာမားကိုလည်း ဘာမှပြောမထားခဲ့တော့ဘဲ ရောက်မှသာဖုန်းဆက်ဖို့တွေးထားလိုက်တယ် ။
လေယာဉ်ဆိုက်တာနဲ့အကြိုပို့ပေးတဲ့ကားပေါ်တက်လာခဲ့ရင်း သူ့စိတ်တွေဇဝေဇဝါဖြစ်နေရတယ် ။ ကိုကိုကဘာလို့ပါမလာတာလဲ။ သူဘာမေးမေးဘာမှမဖြေတဲ့သက်တော့စောင့်တွေကလည်း ရေငုံနှုတ်ပိတ်မို့ သက်ပြင်းမောချရင်းသာလိုက်လာခဲ့ရတော့တယ် ။ ကိုကိုဘာတွေလုပ်နေပြန်တာလဲ ။
ကားရပ်ပေးတာနဲ့ကားပေါ်ကမြန်မြန်ဆင်းပြီး ကိုကို့ကိုခေါင်းလှည့်ပြီးရှာမိတယ် ။ အရင်ကအတိုင်း ပင်လယ်ရေလှိုင်းသံတွေညံနေပြီးသစ်လွင်လန်းဆန်းသွားတဲ့ခံစားချက်က မပြောင်းလဲသွားဘူးဆိုပေမယ့် မောနေရတဲ့စိတ်ကအခုထိပေါ်မလာသေးတဲ့ကိုကိုကြောင့်ပဲ ။ သူ့လက်ထဲကအိတ်ကို သက်တော့စောင့်တစ်ယောက်က ယူသွားပြီးတာနဲ့ နေရမယ့်အခန်းကိုထွက်သွားကြတယ် ။ ကျန်ခဲ့တဲ့တစ်ယောက်ကသာ santaဘေးမှာရပ်နေတာမလှုပ်မယှက် ။ ဘာတွေလုပ်နေကြတာလဲ ။ သက်ပြင်းချလိုက်ပြီးကိုယ့်ကိုယ့်တစ်ချက်ပြန်ကြည့်လိုက်မိတယ် ။ အိမ်နေရင်းဝတ်ထားတဲ့ဘောင်းဘီတိုလေးတောင်မလဲခဲ့ရဘဲ အဖြူစွတ်စွတ်ပိုးသားဝမ်းစပ်ကိုသာကိုကိုမြင်ရင်သူ့ကိုဆူမယ်ထင်တယ် ။
"ခင်ဗျားတို့bossက ဘယ်သွားတာလဲ"
"ရှိပါတယ်သခင်ငယ်လေး ရောက်ရင်လိုက်လာခဲ့ဖို့လဲမှာထားပါတယ် ကျွန်တော်နဲ့လိုက်ခဲ့ပါ"
ဘာတွေလုပ်နေမှန်းမသိတာကြောင့် ခေါင်းငြိမ့်ပြီးသာခေါ်တဲ့နောက်ကိုလိုက်ရတော့တယ် ။မှောင်စပျိုးနေပြီမို့ သိပ်ပြီးမရှင်းလင်းတော့တဲ့မြင်ကွင်းက တစ်နေရာအရောက်မှာပြန်ပြီးအသက်ဝင်လာတယ် ။ တစ်ဆက်တည်းခြေလှမ်းတွေရပ်တန့်လိုက်မိတဲ့နေရာက သူခြေစုံရပ်လိုက်တာနဲ့ဘေးပတ်ပတ်လည်မှာ ဖျက်ကနဲလင်းလာတဲ့ ပန်းဆိုင်းတွေက သူတို့နှစ်ယောက်ကိုဝန်းရံထားသလိုဖြစ်သွားတယ် ။ လန့်ဖျန့်သွားတဲ့စိတ်က ခဏတာသာဖြစ်ပြီး လှိုက်လှိုက်လှဲလှဲပြုံးလိုက်မိတဲ့သူ့ကို ကိုကိုကလက်ပိုက်လျက်ပြုံးပြီးကြည့်နေတယ် ။ အိပ်မက်ထဲကလိုပဲ ။ စိတ်ကူးယဉ်မိတဲ့ကမ္ဘာငယ်လေးလိုပဲ ။ အပြင်အဆင်တိုင်းက အနုစိတ်ပြီး အချိန်အတန်ကြာအောင်မင်သက်သွားစေဖို့လုံလောက်ခဲ့တယ် ။အလောတကြီးဖုန်းဆက်ပြီး လိုက်လာခဲ့ဖို့ပြောတာဒါအတွက်လား ။ ဘယ်အချိန်ကတည်းကပြင်ဆင်နေခဲ့တာတဲ့လဲ။
"ဒီတိုင်းပဲရပ်နေတော့မှာလား"
"..........."
"ကိုကိုကလွမ်းနေခဲ့တာကို.."
အင့်!
စကားမဆုံးခင် ပြေးဝင်လာတဲ့ကိုယ်လုံးလေးကိုချီပွေ့ထားလိုက်တော့ တွယ်ဖက်လာတဲ့လက်တစ်စုံကနေသားတကျ ။ သဘောတကျရယ်မိရင်း မြောက်တက်သွားအောင်ပွေ့ချီပစ်လိုက်တော့ သူ့နဖူးနေရာကိုထိကပ်လာတဲ့နဖူးပြင်နုနုလေးက အအေးဒဏ်ကြောင့်ခပ်ရဲရဲ~ ဘာစကားမှဆိုမလာသေးဘဲ မျက်လုံးတွေမှိတ်ထားဆဲ ငဂျစ်ကလေးကြောင့် အစီအစဉ်အထမြောက်သွားကြောင်းယူဆလိုက်မိတယ်။ အချစ်ကိုပျော်ရွှင်အောင် တစ်ခဏတာပဲဖြစ်ဖြစ်ဖန်တီးပေးချင်တဲ့ဆန္ဒလေးက မင်သက်နေဆဲအချစ်မျက်ဝန်းတွေကြောင့် ပြည့်ဝသွားကြောင်းသိလိုက်ရတော့ပျော်ရွှင်မှုကအတိုင်းထက်အလွန်ပါပဲ ။ ပွေ့ချီထားတဲ့ကိုယ်လုံးလေးကို ချပေးပြီးခါးကိုဆွဲဖက်လိုက်တော့ မျက်လွှာပင့်ကြည့်လာတဲ့အချစ်ကအနားမှာရှိတဲ့ပန်းကလေးတွေထက်ပိုလှနေတယ်။ မဟုတ်ဘူး ဖြစ်တည်သမျှအရာအားလုံးထက် ပိုပြီးလှပနေတာမျိုး ။
Udompochအိမ်တော်ရဲ့ အငယ်ဆုံးသခင်လေးက လှတတ်လွန်းပါတယ် ။
"Happy one year anniversaryပါ baby "
ဝိုင်းစက်သွားတဲ့မျက်လုံးအိမ်လေးတွေက ကို့ကို့ကို အံ့ဩတကြီးမော့ကြည့်လိုက်မိတယ် ။
"သဘောကျရဲ့လား"
"အင်း"
ခေါင်းတဆက်ဆက်ငြိမ်ပြတဲ့အချစ်ကလေးရဲ့ဆံပင်ကို ဆွဲဖွလိုက်ပြီး နဖူးပြင်ကိုငုံ့နမ်းလိုက်တယ် ။ ပြီးနောက် မော့ကြည့်နေတဲ့အချစ်မျက်ဝန်းလှလှလေးတွေကို ရွှန်းရွှန်းစားစားငုံ့ကြည့်လိုက်မိရင်း တိုးဖွဖွဆိုမိလိုက်တဲ့စကားသံ~
"အရမ်းချစ်တယ်~"
လေးလုံးတည်းသော စကားလုံးလေးမှာ ဝေ့ဝဲတက်လာတဲ့မျက်ရည်စတွေက ရှေ့ကသက်ဆိုင်သူကိုမော့ကြည့်မိရင်း မယုံကြည်နိုင်သေးတဲ့စိတ်ကြောင့်သာ ။ ဘယ်သူကထင်မှာလဲ ။ အမြဲဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့ စိတ်ဝိညာဉ်နှစ်ခုက တစ်ချိန်ချိန်မှာ ဒီလိုထပ်တူကျနေခဲ့လိမ့်မယ်လို့ ။ဘယ်သူကယုံကြည့်ခဲ့မှာလဲ ။ သူ့ရှေ့ကတစ်ဦးတည်းသောသူဟာ သူ့အပိုင်အဖြစ်တည်ရှိနေခဲ့လိမ့်မယ်လို့ ။ လက်ကိုဆုပ်ကိုင်လာတဲ့ကိုကို့လက်ဖဝါးနုနုမှာ နေရာယူထားတဲ့ လက်ထပ်လက်စွပ်ကလေးက သူ့ရဲ့မယုံကြည်သေးတဲ့စိတ်တွေကို အတည်ပြုပေးနေဟန်ရှိပါတယ် ။တစ်ဆက်တည်း ကိုယ့်လက်ကိုယ်ငုံ့ကြည့်ပြီး စိတ်လုံခြုံမိသလိုပြုံးလိုက်မိတယ် ။
"ကျေးဇူးတင်တယ်နော်~"
".........."
"Taဘေးမှာအမြဲရှိနေပေးလို့ ။ အမြဲဂရုစိုက်ပေးပြီးချစ်ပေးတဲ့ကိုကို့ကို တကယ်ကျေးဇူးတင်တယ်~"
မျက်ရည်ဝဲလျက်ပြောနေတဲ့သူ့ကို ကိုကိုကပြုံးပြီးကြည့်နေမြဲ ။ ကိုင်ထားတဲ့လက်ကလေးကိုယှက်တင်လိုက်တော့ ထပ်တူကျသွားတဲ့ဖဝါးနှစ်ဖက်က စီးချက်ညီညီခုန်လှုပ်နေတဲ့နှစ်လုံးသားတစ်စုံလိုပဲ။ တည်မြဲခြင်းတရားတွေကို ဒီနေရာမှာသာအတည်ပြုပေးပြီး သက်ဆုံးထိတိုင်ဆိုတဲ့ ဆေးစက်ကလေးကို အချစ်နှလုံးသားနေရာမှာ ကဗျည်းတင်မယ် ။ မည်သို့သောအကြောင်းတရားကြောင့်ဖြစ်စေ အချစ်ကထပ်ပြီးမျက်နှာမညှိုးရလေအောင် ဒီကောင်ကဖြည့်ဆီးပေးမှာပါ ။
"အချစ်ကိုလည်း ကိုကိုကကျေးဇူးတင်တယ် ။ကိုယ့်အပိုင်အဖြစ်မွေးဖွားလာပေးလို့ အနားမှာအတူရှိနေပေးလို့ ကျေးဇူးတင်တယ် အချစ်သာမရှိရင် ကိုကိုတော့မဖြစ်တော့ဘူးထင်တယ်"
လျှံတက်လာတဲ့မျက်ရည်စလေးတွေကို သုတ်ပေးပြီး အချစ်ခြေတော်ရင်းမှာ ဒူးထောက်လျက်ထိုင်ချလိုက်တယ် ။ အိတ်ကပ်ထဲကထုတ်လိုက်တဲ့ ဘူးအဖြူကလေးကိုကြည့်ပြီး သူ့စိတ်အစုံခုန်လှုပ်နေမှုက အပိုင်အဖြစ်အတည်ပြုခွင့်ရလိုက်တဲ့နေ့ကလိုပါပဲ ။ အသားမကျသေးတဲ့ရင်ခုန်သံတွေက အချစ်ကြောင့်ပဲ အမြဲတစ်စေအသစ်ဖြစ်နေခဲ့တာ ။ ထုတ်ယူလိုက်တဲ့ လက်စွပ်အဖြူလေးက သက်ဆိုင်သူလေးရဲ့ဘယ်ဘက်လက်ညှိုးလေးမှာ အံဝင်ဂွင်ကျနေရာယူတယ် ။စိတ်တိုင်းကျပြင်ဆင်ခဲ့တဲ့လက်စွပ်ကလေးမှာ P&Sဆိုတဲ့စာလုံးလေးနှစ်လုံးက လိုက်ဖက်စွာဖောက်ထွင်းထားခံရတယ် ။ တလက်လက်တောက်ပနေတဲ့ငွေရောင်လက်စွပ်ကလေးကအချစ်မျက်ဝန်းတွေကမျက်ရည်တွေလို တလဲ့လဲ့~ ငုံ့နမ်းလိုက်မိတဲ့လက်ခုံကလေးက တစ်စက်စက်တုန်ရီလာပြီး ပိုင်ဆိုင်မှုလေးကရှိုက်သံထွက်တဲ့အထိငိုလာတော့တယ် ။
"ကိုယ့်အပိုင်အဖြစ် တစ်သက်လုံးရှိနေပေးပါ။ကိုယ်ကအချစ်အနားမှာအရိပ်တစ်ခုလိုရှိနေပေးပြီး အရာရာကိုဖြည့်ဆီးပေးပါ့မယ်"
"ဟင့်~ အင်း..တစ်သက်လုံးအတူရှိနေမယ်~"
အဖြေစကားလေးအဆုံးမှာ ဖျက်ကနဲလင်းသွားတဲ့ကောင်းကင်ယံက အရောင်စုံစာလုံးလေးတွေနေရာယူသွားခြင်းခံရတယ် ။ အလန့်တကြားမော့ကြည့်လိုက်မိတဲ့မြင်ကွင်းက သူ့ကမ္ဘာကလေးတစ်သက်တာငြိမ်းချမ်းသွားစေနိုင်တဲ့အထိပဲ ။ လုံခြုံမှုတွေ ၊ နွေးထွေးမှုတွေအမြဲတစေပေးတတ်တဲ့ ဒီလူ့ဆီကနေ သူက ဘယ်အဝေးကိုများထွက်သွားနိုင်ဦးမှာလဲ ။
ကြယ်တွေနဲ့အပြိုင်တောက်ပနေတဲ့စာသားလေးက
'အနားမှာ ထာဝရရှိနေပေးပါ' တဲ့ ။
သေချာပေါက်ပေါ့ ။ ထာဝရဆိုတာထက်ပိုလွန်တဲ့စကားလုံးရှိရင် သူကိုကို့ကိုပြောပြချင်ပါတယ် ။သူဆိုတဲ့ Pongsapak Udompochက ကိုကို့အနားမှာ အရိပ်လေးလို ကပ်ပါနေဦးမည်ဖြစ်ကြောင်း ၊ သေသည်အထိ တည်ရှိနေပေးမယ့်ဖြစ်တည်မှုလေးဖြစ်ကြောင်း ။
"ကိုကို့ကိုချစ်တယ်~"
ငိုသံတွေကြားကထွက်လာတဲ့ ခပ်အက်အက်စကားသံလေး ။ ဒူးထောက်ထားရာက အချစ်ရှေ့မှာခြေစုံရပ်လိုက်တော့ ရင်ခွင်ထဲတိုးဝင်လာတဲ့အသက်တမျှလေးက ခပ်တိုးတိုးရှိုက်ငိုနေဆဲ ။ဆံသားနုနုလေးတွေကို ဖွပေးရင်း သဘောတကျပြုံးမိတာ ဘယ်နှကြိမ်လဲသူမမှတ်မိတော့ဘူး ။တကယ်ပါ ။ Pongsapakကလေးသာအနားမှာမရှိရင် သူဘယ်လိုပုံစံဖြစ်နေမလဲမတွေးဆရဲပါဘူး။
အချစ်ကိုသိစေချင်ပါသေးတယ် ။ ရာသီတွေပျက်သုဉ်းသွားရင်တောင် ၊ တိုးဝေ့နေတဲ့လေပြေကလေးတွေ အသက်မဲ့သွားခဲ့ရင်ဝောာင် ၊ အချစ်ကို ချစ်တယ်လို့ တဖွဖွမပြောပြနိုင်ခဲ့တော့ရင်တောင် သူဟာအချစ်အနားမှာပဲတည်ရှိနေဦးမယ့်သက်ရှိဖြစ်တည်မှုလေးဖြစ်ကြောင်း ။ ခွဲခွာခြင်းဆိုတာ အသက်သွေးကြောလေးပျက်တောက်သွားမှ ၊ သူသေဆုံးသွားမှသာ ဖြစ်လာနိုင်လိမ့်ပါမယ်။သက်ဆုံးတိုင်ထိ~နောင်အခါသောဘဝတွေအထိ~သံသရာအဆက်ဆက်ထိပေါ့အချစ်ရယ်~
ကိုကိုက မင်းကိုအသက်တမျှချစ်မြတ်နိုးရပါတယ် ကလေးငယ်~
ထပ်တူကျသွားတဲ့နှုတ်ခမ်းတစ်စုံကို ဒီတစ်ကြိမ်မှာတော့ လမင်းကလေးက ပြုံးပြီးကြည့်နေခဲ့ပါတယ် ။ လေပြေကလေးတွေကတော့ တိုးဝေ့ဆဲ~ညငှက်ကလေးတွေအော်မြည်နေဆဲ~ထပ်တူကျခဲ့တဲ့နှလုံးသားတစ်စုံဟာ စီးချက်ညီညီခုန်လှုပ်နေဆဲ ။
ကိုကိုပြောခဲ့သလိုပါပဲ ။ သူကလည်း ကိုကို့ကို အသက်တမျှမြတ်နိုးရပါတယ်~
* အမှတ်မထင်ချည်နှောင်ခဲ့သော ဤကြိုးစကလေးသည် သံသရာအဆက်ဆက်ထိတိုင် ခိုင်မြဲနေပေလိမ့်မည် ။
ကိုကိုဟူသောလူသားလေးနှင့် သက်ရှိအလှတရားလေး၏ ချစ်ခြင်းတရားသည် မမှန်းဆနိုင်သည်အထိ အထပ်ထပ်ပေါက်ဖွားနေပေဦးမည်။
ဆင်တူကြိုးနီကလေးအားအခြေတည်၍ ဆေးစက်ချခဲ့သော ဤခြည်နှောင်မှုလေး၏ အချစ်ပုံပြင် Fastenသည် ဤနေရာတွင် ပြီးဆုံး၏။
နှစ်ဦးသားဖလှယ်ခဲ့သည့် ကတိကဝတ်လေးသည် သံသရာအဆုံးထိတိုင် တည်စေသော်..
***The End***
Song Recommend ~ ညရဲ့လမင်း (ဆောင်းဦးလှိုင်)
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




