Fasten 29
06:52, 18 December 2025အလင်းရောင်တိုးဖျဖျကလေးတိုးဝင်နေတဲ့အခန်းထဲမှာ ငြိမ်ပြီးထိုင်နေမိတာ ညနေကတည်းက။ မားအိမ်ကပြန်လာပြီးအရေးကြီးအလုပ်ပေါ်လာတာကြောင့် အလုပ်ကိုအပြေးသွားရတဲ့လူက အခုထိပြန်မလာသေးတာမို့ သူလည်းအောက်မဆင်းဘဲ ထိုင်နေမိတာ ။ ပြန်ရောက်ရောက်ချင်းပြောဖို့ပြင်ထားတဲ့ စကားတွေကိုပြန်တွေးရင်း အချိန်ကြာကြာထိုင်နေမိတာမလှုပ်မယှက်။ သူ့ဘက်က စပြီးမှားတာမို့ စကားသေချာပြောဖို့ဆုံးဖြတ်လိုက်မိတယ်။
ပြောစရာစကားတွေစီထားမိတဲ့လူက တံခါးဖွင့်သံချက်ကနဲ ကြားရချင်းမှာ တွေးထားသမျှအကုန်ပျောက်သွားရပြန်တယ်။ အပေါ်ကုတ်ချွတ်ပြီးတာနဲ့ ထိုင်နေတဲ့သူ့ဘေးမှာ ဝင်ထိုင်လာတာမို့ ကိုယ်ကိုနောက်ကိုပိုကျုံ့လိုက်မိတယ်။
"ညစာစားပြီးပြီလား"
သူခေါင်းခါပြလိုက်တော့ ခဏငြိမ်သွားပြီး ပိုတိုးကပ်ပြီးထိုင်လိုက်တာမို့ ကုတင်စွန်းမှာမျက်နှာချင်းဆိုင်ဖြစ်သွားတယ်။
"ဘာစားချင်လဲ ကိုကိုဘာလုပ်ပေးရမလဲ"
"............."
"အဲ့လိုပုံစံမျိုးနဲ့တော့ စိတ်မဆိုးပါနဲ့ကွာ Taဒီရက်ပိုင်းပိုပိန်သွားသလိုပဲ။ ကိုယ်ပြောတာနားမထောင်ချင်ရင်တောင် ကျန်းမာရေးကိုတော့ဂရုစိုက်ရမယ်လေ"
"............"
"ကိုယ်ဘယ်လိုပုံစံမျိုးနဲ့မင်းကိုချော့ရမလဲမသိတော့ဘူး ။ စကားလေးတော့ပြန်ပြောပါဦး ကိုယ့်ကိုရူးစေချင်နေတာလားကွာ~"
နောက်ဆုံးစကားသံလေးကတိမ်ဝင်သွားပြီး ငြိမ်လျက်ထိုင်နေဆဲလူရဲ့လက်ဖျားလေးကိုဆုပ်ကိုင်လိုက်မိတယ် ။ မရုန်းတဲ့လက်ကလေးက တစ်ဖြေးဖြေးတုန်ရီလာပြီး မျက်လုံးတွေပါမှိတ်ချပစ်တာမို့ သူဘာမှဆက်မပြောတော့ဖို့ဆုံးဖြတ်လိုက်တယ်။
သူ့ကြောင့်နဲ့အချစ်မျက်ရည်တွေကိုထပ်မြင်ရမယ်ဆိုရင် သူ့ကိုယ်သူတစ်ခုခုလုပ်မိလိမ့်မယ်ထင်တယ်။
"အင်း~ ကိုယ်ဘာမှမပြောတော့ဘူးနော် ။ ဝေးဝေးမှာပဲနေပေးမှာမို့ အချစ်ကတော့မငိုပါနဲ့လား~"
နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘက်နေရာနဲ့အတူ မျက်ခမ်းစလေးတွေပါမျက်ရည်စတွေစွန်းသွားလေတော့ သူဘာစကားမှဆက်မပြောတော့ဘဲ ထရပ်လိုက်မိတယ်။ သူဆက်ထိုင်နေရင်ငိုတော့မယ့်ကလေးကို ထားခဲ့ပြီး အခန်းထဲကထွက်ဖို့ပြင်ကာမှ သူ့လက်ကိုလှမ်းဆွဲလာတဲ့ အေးစက်စက်လက်ကလေး။
ဆစ်ကနဲတုန့်ပြန်လိုက်တဲ့နှလုံးသားကသက်ဆိုင်သူရဲ့ခြေတော်ရင်းမှာ ဝပ်တွားခယတယ်။ ထွက်မသွားနိုင်ဘဲ ၊ ဆွဲထားခံရတဲ့လက်ကလေးကိုလည်းမလွှတ်မိဘဲ နေရာမှာသာအသက်မရှိသလိုခပ်ကြာကြာရပ်နေမိတယ်။ သူ့လက်ကိုဆွဲထားပြီး ခပ်တိုးတိုးလေးရှိုက်သံကလေးကြားလိုက်ရချိန်မှာ ဘေးနားကိုဝင်ထိုင်လိုက်ပြီး ပါးပြင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်မိတယ်။မျက်ရည်တွေပြည့်နေတဲ့ ပါးပြင်ကလေးနဲ့ တဆက်ဆက်တုန်ရီနေတဲ့နှုတ်ခမ်းသားလေးတွေက သူ့အသက်သွေးကြောမှီတည်ရာလေးဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ။ ရှိရှိသမျှမာနတွေမြေပြင်မှာခဝါချထားလိုက်မိတဲ့အထိ သူဟာ သူ့ရှေ့ကမှီတည်ရာအရိပ်ကလေးအပေါ် အရာရာပုံအပ်ထားပြီးသားပါ။ ဒါကို အချစ်သိရင်ကောင်းမယ်။
"အင့်~ တောင်းပန်ပါတယ်~"
ခေါင်းငုံ့ပြီး ပြောလာတဲ့တိုးဖျဖျအသံလေး။ခပ်တိုးတိုးစကားသံလေးက အဖျားခတ်တုန်ရီသွားသလိုပဲ သူ့နှလုံးသားတစ်နေရာမှာလည်း အဲဒီစကားတစ်ခွန်းကြောင့် ခပ်ဖြေးဖြေးတုန်ရီလာခဲ့တယ်။ အချစ်မျက်ရည်တွေက သူ့ကိုဒီလိုပုံစံမျိုးနဲ့ ဆောက်တည်ရာမရစေဖို့ထိသက်ရောက်နိုင်ကြောင်း အချစ်ကလေးမသိလေသလား။
"အချစ်ကဘာလို့တောင်းပန်ရတာလဲ။ အပြစ်ရှိတာကိုယ်ပါ ။ အချစ်ယုံအောက်ရှင်းမပြနိုင်ခဲ့တာကိုယ်ပါကွာ"
"ဟင့်အင်း~! Taက...Taကဦးနှောက်မရှိတဲ့လူပါ။ကိုကို့ကိုအဲ့လိုမထင်လိုက်သင့်ဘူး~ Taမှားပါတယ်~တောင်းပန်ပါတယ်~ဟင့်!"
"..........."
"Taက..ကို့ကို့ကိုဘာအကြောင်းကြောင့်နဲ့မှအရှုံးဆုံးမခံနိုင်ဘူး အဲ့ဒါကိုသိရဲ့လား ။ တစ်ချိန်ချိန်မှာ.. ကိုကို့ကိုဆုံးရှုံးလိုက်ရမှာကိုကြောက်တယ် ။ကိုကိုကTaအတွက်မဟုတ်တော့မှာကိုကြောက်တယ်~Taနေရာမှာတစ်ခြားတစ်ယောက်ဖြစ်လာခဲ့မှာလည်း..ကြောက်တယ်ကိုကို~"
နှုတ်ခမ်းပါးတွေတဆက်ဆက်တုန်ရီနေတဲ့အထိငိုနေတဲ့အချစ်ကို နှစ်သိမ့်မိရင်း သူပါမျက်ရည်မဆယ်နိုင်တဲ့အထိ ထိခိုက်ရှနာရပါတယ်။လေးနက်ပြီး ခိုင်မြဲလွန်းတဲ့ တစ်ချို့သောအချစ်တွေက ဒီလိုပဲမျက်ရည်မဆယ်နိုင်အောင်ထိ နက်နဲလွန်းပါသလား။ အဆုံးရှုံးမခံနိုင်လို့ ဆိုတဲ့အကြောင်းပြချက်က တင်းထားတဲ့သူ့စိတ်တွေကိုဒီလိုပုံစံမျိုးနဲ့ယိုင်နဲ့စေပါတယ်။ သူ့ပေးအပ်ခဲ့တဲ့မြတ်နိုးမှုတွေဟာ အချစ်ရဲ့ သူ့အပေါ်ပုံအပ်ထားတဲ့အရာအားလုံးနဲ့ ထပ်တူကျမှန်းသိရတဲ့အခါ သူမငိုမိဘဲမနေနိုင်တော့ပါဘူး။
"ကိုကိုက..Taတစ်ယောက်တည်းကိုပဲ အဆုံးထိချစ်သွားမှာ နောင်ဘဝဆိုတာရှိခဲ့ရင်တောင်ကိုကို့အချစ်တွေက Taတစ်ယောက်တည်းအတွက်ပဲဖြစ်နေဦးမှာ ။ မင်းကကိုကို့ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်မို့ အချစ်ကဒီလိုမျိုးဝမ်းနည်းနေဖို့မလိုပါဘူးကွာ~"
"အင့်!"
လည်ပင်းကိုသိုင်းဖက်ပြီး တအင့်အင့်ရှိုက်ငိုနေတဲ့ ကျောပြင်ကလေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။ စိုရွှဲသွားတဲ့ပုခုံးတွေမှာ အချစ်မျက်ရည်ပူတွေစွန်းနေသလိုပဲ သူ့မျက်ရည်စတွေကလည်း အချစ်လည်တိုင်မှာ တစ်စွန်းတစ်ဆတွဲခိုနေပြန်တယ်။ သက်ဆိုင်သူရဲ့ ဝမ်းနည်းပူဆွေးမှုတွေဟာ ဒီလိုပဲကူးစက်တတ်ပါသလား။
"ကိုကိုကချစ်တယ်နော်"
"Taကပိုချစ်တယ်~"
ခေါင်းလုံးလုံးလေးကိုပွတ်သပ်ပေးလိုက်ရင်းမျက်ရည်စတွေကိုပွတ်သုတ်ပေးတော့ ပတ်တီးဖြူကလေးပတ်ထားဆဲသူ့လက်ကို ခပ်ဖွဖွကိုင်ပြီးငြိမ်ကျသွားတယ်။ perthဘာစကားမှမပြောမိဘဲ ငြိမ်နေတော့ ပတ်တီးစလေးကိုဖြည်လိုက်တဲ့အချစ်က အနည်းငယ်နီနေဆဲသူ့လက်ကို မျက်နှာကလေးမဲ့ရင်း အချိန်ကြာကြာစိုက်ကြည့်နေတယ်။ ပိုပြီးငိုက်ကျသွားတဲ့ခေါင်းကလေးက လက်အနားကိုပိုကပ်သွားတော့ မျက်ရည်စကလေးတွေကသူ့လက်မှာတစက်စက်ကျဆင်းလာပြန်တယ်။ နောက်တစ်ကြိမ်ထပ်ငိုနေပြန်တာမို့perthလက်ကိုရုန်းပြီး ဖက်ထားပေးဖို့ပြင်လိုက်ပေမယ့် လက်ကိုလွှတ်မပေးဘဲ သူ့ကိုမော့ကြည့်တယ်။ ပြီးတော့ အပြစ်တင်သလိုလေးပြောတဲ့ခပ်တိုးတိုးစကားလုံးလေး။
"အရူး~"
"ထပ်ပြီးတောင်းပန်တယ်နော် ။ အဲ့နေ့ကတည်းကတောင်းပန်ချင်နေပေမယ့် Taကပြောခွင့်မပေးလို့"
"ဒီလောက်ထိလုပ်ဖို့လိုလို့လား ။ ကိုကိုကအရူးလား~!"
"ကိုကိုဘာမှမဖြစ်ပါဘူး သက်သာနေပြီ"
"ဒီလိုမျိုးထပ်မလုပ်နဲ့~!"
"............"
"တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကိုကိုက~အင့်~!"
"အင်း အင်း ထပ်မလုပ်တော့ဘူးနော် ။ နောက်မဖြစ်စေရဘူး ကိုကိုတောင်းပန်တယ်နော်"
"ကတိပေး"
"အင်းပါကွာ ပေးပါတယ် ။ ထပ်မလုပ်တော့ဘူးနော်~"
မျက်လုံးလေးလှန်ကြည့်တဲ့ကလေးကို ရင်ခွင်ထဲဆွဲပွေ့ရင်း ကုတင်ခေါင်းရင်းကိုမှီထိုင်လိုက်တော့ သူ့ပေါင်ပေါ်မှာထိုင်လျက်သားဖြစ်သွားတယ်။ ရင်ဘက်နေရာဆီခေါင်းတိုးဝေ့ရင်း ငြိမ်နေတဲ့အချစ်ကလေးကို ပွေ့ထားရင်း လည်တိုင်မှာခေါင်းအပ်လိုက်မိတယ်။ ဆွဲလမ်းခဲ့ရတဲ့ဆာကူရာပန်းရနံ့လေးက သေသည်အထိရိုးအီသွားမယ်မထင်ပါဘူး။ အကြိမ်ကြိမ်တိုးဝင်မိတိုင်း သိမ့်ကနဲနွေးထွေးနေဆဲ။
"ကိုကိုရှင်းပြတာကို နားထောင်ချင်သေးလား"
"..........."
"အချစ်စိတ်ရှင်းသွားအောင် ရှင်းပြမယ်လေ"
"ဟင့်အင်း နားမထောင်ချင်ဘူး။ အဲ့ကိစ္စကိုမေ့ပစ်ချင်တယ် ။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်မိလိမ့်မယ်~"
"မဟုတ်တာကွာ Taထင်ချင်ရင်လည်းထင်နိုင်ပါတယ် ။ ကိုယ်ကသဘောကောင်းပေးလိုက်မိတာပါ။ နောက်ဆိုရင်တော့ ဒီလိုမျိုးထပ်မမြင်စေရဘူး ကတိပေးတယ်"
"အင်း ကိုကို့ကိုယုံတယ်"
ပုခုံးသားနုနုလေးအပေါ်မှီချလိုက်မိရင်း ဆံစလေးတွေကိုဆွဲဖွနေမိတယ်။ ငြိမ်နေတဲ့အချစ်ကလည်း မျက်လုံးတွေမှိတ်ထားရင်း သူ့ရဲ့ထွေးပွေ့ထားမှုမှာမလှုပ်မယှက်ထိုင်နေဆဲ။ သက်ပြင်းခပ်ဖွဖွချလိုက်ပြီး ဖြူနုနုလည်တိုင်လေးကိုနမ်းရှုံ့လိုက်မိတယ်။
"အချစ်လည်း ကိုယ့်ကိုကတိတစ်ခုပေး"
" ..........."
"နောက်တစ်ခါ ကိုကိုနဲ့ဘာပြသနာပဲရှိရှိ ကွာရှင်းမယ်ဆိုတဲ့စကားထပ်မပြောပါနဲ့ ။ ကျန်တာတွေအားလုံးကိုလိုက်လျောနိုင်ပေမယ့် ကိုကို့အနားကထွက်သွားဖို့ပြောတဲ့ ဘယ်စကားကိုမှ ကိုကိုလက်မခံနိုင်ဘူး ကလေးရဲ့~"
"............"
"အချစ်သိလား ကိုကိုကလည်းမင်းကိုဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ဘူး~"
ငိုထားတဲ့အရှိန်ကြောင့် နီဆွေးနေသေးတဲ့နှုတ်ခမ်းပါးလေးမှာ အနမ်းတွေခြွေရင်း တဖွဖွပြောနေမိတယ်။ အချစ်အမြဲတမ်းပြောနေကျစကားလိုပါပဲ ။ သူလည်း အချစ်ကိုဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ပါဘူး။ရည်ရွယ်ချက်ရှိရှိသိမ်းပိုက်ခဲ့ရတဲ့ အလှတရားလေးကို သူတစ်ယောက်တည်းကသာအပြည့်အဝပိုင်ဆိုင်နိုင်ဖို့ ဘယ်လောက်ထိစိတ်ပင်ပန်းခဲ့ရလဲသူသာအသိဆုံး။ အခုအနားမှာ ရှိနေရတာတောင် တစ်နေ့ထပ်တစ်နေ့ပိုတိုးလို့လောဘတက်မိတာဟာ အဆုံးရှုံးမခံနိုင်လို့ ၊ အသက်တမျှချစ်မြတ်နိုးရလို့ပါပဲ။......
ဘေစင်ပေါ်ထိုင်နေတဲ့သူ့ခြေထောက်တွေကြားနေရာဝင်ယူထားတဲ့လူက အငြိမ်မနေဘဲ သူ့ကိုဟိုတို့ဒီတို့စနေပြန်တယ်။ santaသက်ပြင်းချလိုက်ပြီး သူ့ပုခုံးပေါ်တင်ထားတဲ့လက်နဲ့ ခပ်ဆက်ဆက်ကလေးရိုက်ချပစ်လိုက်တယ်။ ဒါကိုအငြိမ်မနေဘဲခါးကိုထိတို့နေပြန်တာမို့ ဆပ်ပြာအနည်းငယ်ပေနေတဲ့ပါးပြင်ကိုဆွဲဖဲ့ပစ်လိုက်တယ်။
"ကိုကိုငြိမ်ငြိမ်နေလို့...ရှမိလိမ့်မယ်"
"မပြီးသေးဘူးလားကွာ"
"ခဏတင်ပဲကို ဘာဖြစ်နေတာလဲမသိဘူး"
"မြန်မြန်လုပ်"
"..........."
"နမ်းချင်နေပီ~"
"ဘယ်လိုဖြစ်နေတာလဲ...ကိုကို!"
ခြေထောက်နှစ်ဖက်ကြားဝင်ရပ်နေတာမို့ ခွထားသလိုဖြစ်နေတဲ့သူ့ပေါင်နှစ်ဖက်ကိုဆွဲညှစ်နေတာကြောင့် santaဘယ်လိုမှမနိုင်တော့ဘဲ ရင်ဘက်တည့်တည့်ကိုပစ်ရိုက်ပစ်လိုက်တယ်။
"ကိုကိုငြိမ်ငြိမ်နေကွာ..ပြီးတော့မဲ့ဟာကို"
အငြိမ်မနေတဲ့မျက်နှာကိုလက်နဲ့ထိန်းကိုင်ပြီး ဓားမရှအောင်ဂရုစိုက်ပြီးရိတ်ပေးနေရတယ်။ အလုပ်ထဲပဲခေါင်းစိုက်နေရတဲ့ကိုကိုက မေးမွေးပင်မရိတ်နိုင်ဘဲပစ်စလက်ခတ်နေနေတာမို့ မနေနိုင်တဲ့သူကပဲ အလုပ်ပိတ်ရက်မှာအမိအရရိတ်ပေးနေရတဲ့အဖြစ်။ မေးမွေးရိတ်ခိုင်းတိုင်း မသိချင်ယောင်ဆောင်နေတာက ဒီပုံစံကပိုမိုက်နေလို့တဲ့လေ။ ဘယ်သူ့အတွက်များအဲ့လောက်ချောချင်နေမှန်းမသိ။
"ပြီးပြီ"
မျက်နှာပါတစ်ခါတည်းသစ်ပေးပြီးတာနဲ့ ပါးနှစ်ဖက်ကိုဆွဲညှစ်ပြီးပြောတော့ အနည်းငယ်ဆူသွားတဲ့ကိုကို့နှုတ်ခမ်းကိုကြည့်ရင်း ရယ်လိုက်မိတယ်။ ဘယ်လိုနေနေချောနေတဲ့ဘဲကြီးကို ပိုင်ထားရတယ်ဆိုတဲ့ခံစားချက်ကရူးကြောင်ကြောင်နိုင်ပေမယ့် တကယ်ပင်စိတ်ကျေနပ်မိတယ်။
"ဘယ်သူ့အတွက်အဲ့လောက်ချောပေးနေတာလဲ ပြော"
"သေချာပေါက်babyအတွက်ပဲပေါ့"
အွန့်!
ဆက်ပြီးအပြောမခံဘဲ ဂုတ်ပိုးကဆွဲချပြီးမော့နမ်းနေတာမို့ ပုခုံးကိုဖက်ထားရင်း အနမ်းတွေကိုအမီလိုက်ရတယ်။ မျက်နှာသစ်ထားကာစမို့ မျက်နှာသစ်ဆေးနံ့ခပ်သင်းသင်းက နှာခေါင်းဝမှာ အလိုက်မသိကျီစယ်နေတယ်။ နမ်းနေရင်းအငြိမ်မနေတဲ့လက်တွေက ပွေ့တင်ထားခံရမှုကြောင့် လိပ်တက်နေတဲ့ဘောင်းဘီစထဲလက်ထိုးပြီး ပေါင်သားတွေကိုဆွဲညှစ်နေပြန်တယ်။ အားထည့်ပြီးလုပ်ချင်တိုင်းတွေလုပ်နေတာမို့ ပေါင်တစ်လျှောက်လုံးလည်းနီစွေးနေပြီး တစ်ချက်တစ်ချက်ပွတ်ဆွဲနေပြန်တာမို့ santaမောဟိုက်လာပြီးပုခုံးကိုအားနဲ့အမြန်တွန်းလွှတ်လိုက်ရတယ်။ အရှိန်ပျက်သွားတဲ့လူက မျက်ခုံးတွေတွန့်ချိုးပြီးကြည့်လာတယ်။ တစ်ဆက်တည်းပြန်နမ်းဖို့လုပ်နေတာမို့ လက်တွေနဲ့အမိအရတွန်းထားရပြန်တယ်။
"ကိုကို..."
"ဘာလဲကွာ~"
စိတ်မရှည်တဲ့အသံလေးထွက်လာပြီး သူ့ခါးနှစ်ဖက်ကိုဆွဲညှစ်ပစ်တယ်။ တွန့်သွားမိတဲ့ကိုယ်က ကိုကို့အထိအတွေ့တိုင်းကိုအလိုက်သင့်တုန့်ပြန်နေပြီး ကိုကို့လက်နှစ်ဖက်ကြားမှာမြုပ်သွားတဲ့ခါးလေးကလည်း ဆက်ကနဲမတ်သွားမိတယ်။
"မလုပ်..နဲ့တော့.."
"ဘာလို့လဲ~babyကြိုက်တယ်မဟုတ်လား~"
"နာတယ်~ကိုကိုကအားကြီးနဲ့.."
"အားကြီးနဲ့..ဘာဖြစ်လဲ"
"အာ~"
"ဟင်~ ကိုကိုဘာလုပ်နေလို့လဲ~"
"ဟင့်~"
ခေါင်းတစ်လုံးစာပိုမြင့်နေတဲ့သူ့နားတစ်ဖက်ကို မော့ပြီးဆွဲကိုက်လိုက်တာမို့ ခြေချောင်းလေးတွေပါကုပ်လိုက်မိတယ်။ ကိုကိုက သူ့ကိုဘယ်လိုပုံစံမျိုးနဲ့ခြယ်လှယ်ရမလဲဆိုတာ သူ့ထက်ကိုပိုသိနေသလိုပါပဲ။
"ပြောလေ~ကိုကိုက ဘေဘီ့ကိုဘာလုပ်လို့လဲ~"
"လျှောက်မထိနဲ့~..Taမနေတတ်တော့ဘူး ကိုကို~"
"အဟား~!"
သဘောတကျခေါင်းမော့ပြီးရယ်နေတဲ့ ခပ်ချောချောမျက်နှာက ဆွဲဆောင်မှုအပြည့်ရှိနေတာကြောင့် သူအောက်နှုတ်ခမ်းလေးကိုမသိမသာဆွဲကိုက်မိသွားတယ်။ ဘယ်လိုနေနေချောနေတာကြီးကို သူတကယ်မကြိုက်ပါဘူး။ အဲဒါထက်ကိုကိုဘယ်လိုပဲစစ ရှက်သွေးဖြာနေရတဲ့ကိုယ့်ကိုယ်ကိုယ်ပိုမကြိုက်တာမို့ မကျေနပ်စိတ်ကလေးဝင်လာရတယ်။ အရင်ကအဲ့လိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ခေါင်းကျောမာတာသိပေမယ့် ကိုကိုနဲ့တူတူရှိလာရတဲ့နေ့ရက်တွေမှာ သူဟာအမြဲတစေရှက်သွေးဖြာနေရမြဲ။ မရှက်ရှက်အောင် လိုက်စနေတဲ့ကိုကိုကလည်းအလိုက်ကမ်းဆိုးမသိလိုက်ပုံများ။
"ဟေ့ ဘာတွေတွေးနေတာလဲ"
"ကိုကို့မကောင်းကြောင်း"
"ဘာပြောလိုက်တယ်"
"ကိုကိုအကျင့်မကောင်းတဲ့အကြောင်းတွေးနေတာလေ"
"ကိုကိုကဘာမကောင်းတာလဲ ပြောပါဦး"
"ကိုကိုပဲ လူကိုမရှက်ရှက်အောင် လိုက်စနေတာလေ~!"
"အာ~Pongsapakကလေးကရှက်နေတာလား ဟုတ်လား ကိုကို့ကလေးလေးကရှက်နေတာပေါ့~"
အထိမခံနိုင်တဲ့နားရွက်ဖျားလေးကိုမှ လျှာနဲ့မထိတထိစုပ်ယူနေပြန်တာကြောင့် ကျောကလေးမတ်သွားမိပြီး လက်ကိုတင်းတင်းဆုပ်လိုက်မိတယ်။ သူ့ရဲ့တုန့်ပြန်မှုကိုသတိထားမိတဲ့ကိုကိုက အကျင့်မကောင်းစွာပဲ နားရွက်ကိုကိုက်နေရင်းရယ်တယ်။ တစ်ချိန်တည်းမှာ အင်္ကျီထဲလက်ထိုးထည့်ပြီးပွတ်သပ်နေပြန်တာမို့ အငြိမ်မနေတဲ့လက်ကိုပါ ဆွဲထားလိုက်ရတယ်။
"Pongsapakကလေးကအလှလေးပဲကွာ~"
"ကိုကိုလို့~"
"အရမ်းလှတယ်~သေမတက်လှတာ~အဲဒါကိုသိရဲ့လား~"
"မပြောနဲ့~!"
"စောက်ရမ်းလှတယ်~အလှဆုံးပဲ"
"ဟင့်~မပြောနဲ့လို့..!"
"ဘာလို့လဲ"
"မ..မကြိုက်ဘူး~"
"သေချာလို့လား"
"အ့!"
ဗိုက်သားပေါ်ပြေးလွှာနေတဲ့လက်တွေကအငြိမ်မနေသလို လည်တိုင်မှာနေရာယူထားတဲ့နှုတ်ခမ်းတွေကလည်း နီဆွေးနေတဲ့ညှပ်ရိုးလေးတွေကို တတိတိကိုက်ဖျက်နေတယ်။ လန့်ပြီး ခွထားမိတဲ့ ကိုကို့ခါးကို ပိုအားထည့်ခိုက်မိတာနဲ့ ဆက်ကနဲဖြစ်သွားတဲ့ကိုကိုက သူ့လည်တိုင်မှာမျက်နှာအပ်ထားရာက မော့ကြည့်လာတယ်။
!!
"ကိုကို.."
"အင်း"
ခပ်အက်အက်ထူးသံက သူ့နှုတ်ခမ်းနဲ့အနီးဆုံးနေရာကဖြစ်ပြီး ကိုကို့အကြည့်တွေကလည်း သူ့နှုတ်သားတွေမှာဝေ့ဝဲနေတယ်။ santaမနေတတ်တော့ဘဲ ခေါင်းကိုငုံ့ချလိုက်မိပြီး အောက်နှုတ်ခမ်းကိုဆွဲကိုက်လိုက်မိတယ် ။ ရှက်ပါတယ်ဆို အမျိုးမျိုးစနေတော့တာပဲ ။ အကျင့်မကောင်းတဲ့ကိုကို!
"Ta"
"ဟင်"
"ကိုက်မထားနဲ့"
"ဟမ်~"
"နှုတ်ခမ်းမကိုက်ဖို့သတိပေးတာဘယ်နှစ်ကြိမ်ရှိပြီလဲ"
"?!!"
နှာခေါင်းချင်းပွတ်တိုက်ပြီး ခပ်အက်အက်ပြောတော့မှ သတိရသွားပြီးချက်ချင်းလွှတ်လိုက်မိတယ်။ ရှက်ရင်နှုတ်ခမ်းကိုက်တတ်တာအကျင့်ဖြစ်နေပြီး ကိုကို့ရှေ့မှာကိုက်မိတိုင်းလွတ်လမ်းကင်းရမြဲဆိုတာသူမေ့သွားတာ။ အလန့်တကြားမော့လိုက်မိတဲ့သူ့ခေါင်းကို ကိုကိုထိန်းကိုင်ပစ်ပြီးအားနဲ့ဆွဲချလိုက်တာမို့ ကိုကို့ရင်ဘက်ကိုလက်နဲ့တွန်းထားလိုက်ပေမယ့် မမီတော့ဘူး။
"နောက်ကျသွားပြီကလေးလေး"
"အင့်~! ကို..ကို!"
လျှာဖျားထဲထိချက်ချင်းတိုးဝင်ပြီး မွှေနှောက်ပစ်တဲ့ကိုကိုက သူ့ကိုအလွတ်မပေးတော့ဘူးဆိုတာ အသက်ရှူသံပျင်းပျင်းတွေကိုခံစားမိတာနဲ့ သိလိုက်ရတယ်။ ပုခုံးကိုအားနဲ့တွန်းထားမိပေမယ့် တင်ပါးကနေပင့်ချီပစ်လိုက်တာမို့ အလန့်တကြားဖက်ထားလိုက်မိတယ်။ ရုန်းနေတဲ့သူ့မျက်နှာကို လက်တစ်ဖက်နဲ့ပင့်ကိုင်ပြီး လူကိုလည်းလက်တစ်ဖက်တည်းနဲ့ချီထားတာမို့ ကိုကို့ပုခုံးကိုပြုတ်မကျအောက်ထိန်းကိုင်လိုက်ရတယ်။ ရေချိုးခန်းတံခါးကို ခြေထောက်နဲ့တွန်းဖွင့်ပြီး အခန်းဆီဝင်လိုက်တာနဲ့ မရုံးလို့မရေးတော့မှန်းသိလိုက်ရတယ်။
"အင့်!"
"ကိုကို..!ခ..ဏ...ဟင့်~! လွှတ်ဦး!"
အတင်းရုန်းတော့မှ မျက်ခုံးတွေတွန့်ချိုးပြီးလွှတ်ပေးတယ်။ နမ်းနေတုန်းရုန်းရင် မကြိုက်တာသိပေမယ့် အခုအနေအထားကြီးက ဘယ်လိုမှအဆင်မပြေဘူးလေ။
"ဘာလဲ"
"ပြုတ်ကျလိမ့်မယ်~အောက်ကိုချပေး"
"မကျဘူး"
"ဟင့်!မလုပ်နဲ့လို့~!"
"ဒီလိုကြီးမနေရဲဘူးလို့..!ချပေးပါဆို!"
"ပြုတ်မကျစေရဘူးကွာ~ကိုကို့ကိုမယုံဘူးလား"
"အင့်..မလုပ်!"
"တိတ်တိတ်နေတော့ကလေးလေး ထပ်မရုန်းနဲ့"
နေရာကျအောင် ပြင်ချီပြီးတာနဲ့အသံထွက်ခွင့်မပေးတော့ဘဲ နှုတ်ခမ်းတွေနဲ့တိကနဲပျောက်ရှစေတယ်။ ပြောမရတဲ့အဆုံး ပုခုံးကိုကျစ်ကျစ်ပါအောင်ဖက်ထားမိပြီး ကိုကိုပြုသမျှနုရတော့တယ်။ ကိုကိုအထိအတွေ့ကြားမှာ အသံမထွက်မိအောင်ထိန်းရင်း အသက်လုရှူနေရပေမယ့် sensitiveဖြစ်တတ်တဲ့အစိတ်အပိုင်းတွေကိုမှ မရမကထိတွေ့ပြီး အကျင့်ယုတ်တဲ့ကိုကိုက သူအသိစိတ်လွတ်ပြီးငြီးလိုက်မိတိုင်း သဘောတကျရယ်တယ်။ ကူရာမဲ့ဖြစ်နေပေမယ့် ခေါင်းကျောမာတဲ့သူက ကိုကိုခပ်ဟဟရယ်လိုက်တိုင်း အဝတ်မဲ့နေတဲ့ကိုကို့ပုခုံးသားတွေကို အရာထင်အောင်ထိဆွဲကိုက်ပစ်တတ်တယ်။
"ကိုကို့တစ်ကိုယ်လုံးလည်း မင်းကိုက်ရာတွေချည်းပဲကွာ~ခွေးပေါက်လေးလား ဟမ်"
"ကိုကိုက.."
"အင်းးး ကိုကိုက..ဘာဖြစ်လဲ"
"အကျင့်..မကောင်းတာလေ!"
စွာနေတဲ့သူ့ကို မွေ့ယာပေါ်ပစ်ချပြီးခရီးဆက်တယ်။ အသံမထွက်နိုင်တော့ဘဲ လက်အုပ်ထားရတဲ့အထိ ကြမ်းတမ်းနေတဲ့ကိုကိုက ဘယ်လိုမှထိန်းမရတော့ဘဲ သူ့တစ်ကိုယ်လုံးကိုစိတ်တိုင်းကျ ခြယ်လှယ်တယ်။ santaမကျေနပ်စိတ်လေးကိုချိုးနှိမ်ပြီး ကိုကို့ဆန္ဒနောက်လိုက်ရင်းသာ မြန်မြန်အဆုံးသတ်ဖို့ဆုတောင်းရတယ်။
အကျင့်မကောင်းတဲ့ကိုကို။မနက်နိုးလာတော့မှ ကလေးလေးလို့ခေါ်ပြီးချော့ရင် တွေ့မယ်!
TBC**
ဘာတွေရေးမိမှန်းလည်းမသိဘူးရှင် ကျမရေးချင်တာရေးထားတာ ရှင်တို့လည်းဖတ်ချင်ရာဖတ်ကြ🙈🙉
စာကြွင်း**
ချစ်စရာcmလေးတွေဖက်ပြီး စိတ်ကျေနပ်ရပါတယ်ရှင် ။ အပိုင်းဆက်တင်ပေးဖို့တောင်းကြတဲ့ ညီမလေးတွေကိုတွေ့ပေမယ့် နားလည်ပေးကြဖို့ပြောချင်ပါတယ်။ ကျမတို့ဘက်က ညဘက်လိုင်းလုံးဝမရတဲ့အခြေအနေမို့ပါ ။ အဲဒါကြောင့် ညဘက်ကိုလုံးဝမအပ်တာကို သတိထားမိကြမှာပါ။ နားလည်ပေးကြပါနော်💕
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




