Fanfics

Fasten 28

16:09, 6 January 2026

"အဲ့ဒါတော့ မင်းဘက်ကလွန်တယ်လို့ထင်တယ်"

"ဘာလွန်လို့လဲ မြင်လိုက်ရတာတစ်ခုတည်းနဲ့သူကသာငါ့ကိုမယုံမကြည်တွေဖြစ်နေတာ ဒီကိစ္စမှာငါမမှားဘူး"

ဘာမှမဟုတ်တဲ့အကြောင်းပြချက်နဲ့ထင်ရာတွေစွတ်စွဲနေတဲ့လူက သူဘာပြောပြောယုံပေးမှာလည်းမဟုတ်ဘူး။

"ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းကရှင်းမပြတော့ သူလည်းထင်ချင်ရင်ထင်‌နိုင်တာပဲကွ ။ မင်းတို့ကရော သူအထင်လွဲအောင်ထိဘယ်လိုပုံစံမျိုးဖြစ်ခဲ့ကြတာလဲ"

"ဘာမှမဖြစ်ဘူး အရင်ကအတိုင်းပြန်အဆင်ပြေချင်တယ်ပဲပြောတာ ။ ငါငြင်းနေတုန်းသူမြင်သွားတာပဲ"

"အဲ့တစ်ယောက်ကလည်း တကယ်မလွယ်တာပဲ"

Aouတစ်ယောက်ခေါင်းခါလိုက်ပြီးသာ ငြိမ်နေလိုက်ရတော့တယ်။ perthဘက်ကတွေးရင်လည်း သူဘာမှမမှားပဲစွတ်ဆွဲခံရတယ်ဆိုပေမယ့် ဟိုကလေးရဲ့အတွေးကိုလည်း အပြစ်တင်လို့မရပြန်ဘူး။ အရင်က perthနဲ့maiရဲ့ဆက်ဆံရေးကိုသိထားလောက်မယ်ထင်တယ်။

"သေချာစကားပြောကြည့်ပါဦးကွာ စိတ်တိုနေတဲ့အချိန်မို့ဖြစ်မှာပါ ။ သူလည်းတော်တော်စိတ်ရှုပ်နေမှာပဲလေ"

"စကားပြောလို့ရမှာမဟုတ်ဘူး"

".........."

Perthရှေ့မှာချထားတဲ့ခွက်ကိုတစ်ကျိုက်တည်းမော့သောက်လိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်မိတယ်။ သူလည်းစကားလွန်သွားတာမို့ ဘယ်လိုမှညှိလို့ရမှာမဟုတ်တော့ဘူး။ အဲ့ဒါကြောင့်ပဲ အိမ်မပြန်သေးဘဲလာသောက်နေမိတာ။ မဟုတ်ရင် ဘယ်ကစပြီးပြောရမလဲ သူ‌သေချာမသိဘူး။ သူမမှားဘဲတောင်းပန်ရမယ့်ကိစ္စအတွက် သူတကယ်ဝန်လေးနေမိတာအမှန်ပဲ။

"ငါ့အထင် မင်းတို့စကားသေချာပြောသင့်တယ် ဒီတိုင်းကျော်သွားလို့ပြီးမယ့်ကိစ္စလည်းမဟုတ်ဘူး"

"အင်း ငါသိတယ်"

"လက်ကိုလည်းဆေးသေချာထည့်လိုက်ဦးယောင်နေပြီ ခွေးကောင်ကတော့"

မနိုင်တော့ဘူးဆိုတဲ့ပုံစံနဲ့သာ aouရှေ့ကကောင်ကိုထိုင်ကြည့်နေမိတော့တယ်။ သခင်ငယ်လေးကိုလက်နဲ့ရွယ်မိသွားလို့ ကိုယ့်လက်ကိုနံရံနဲ့ဆင့်ထိုးခဲ့တဲ့ကောင်က Santa Pongsapakနဲ့ပတ်သတ်ရင် စိတ်အလုံးစုံပြောင်းလဲသွားတယ်ဆိုတာလူတိုင်းသိတဲ့အမှန်တရားပဲ။ ဒါကိုမွေးရာပါမာနလေးကတင်းခံနေတော့ လမ်းပျောက်နေတဲ့သူငယ်ချင်းပုံစံက တကယ်ကြံရာမရဖြစ်နေပုံပါပဲ။ အမှားမလုပ်ပဲမတောင်းပန်တတ်တာကလည်းမွေးရာပါအကျင့်ဖြစ်နေမှန်း သူကိုယ်တိုင်သိတာမို့ တဖြေးဖြေးညှိယူဖို့သာအကြံပေးလိုက်မိတယ်။

မနက်3နာရီကျော်တဲ့အထိ သောက်ပြီးထိုင်နေမိရာက နောက်ဆုံးတော့ထရပ်လိုက်ပြီး အိမ်ကိုပြန်ဖို့ပြင်ရတယ်။ ဖုန်းတစ်ချက်မှဆက်မလာတဲ့လူက အိမ်မှာရှိနေသေးရဲ့လားဆိုတဲ့အတွေးကြောင့် မြန်မြန်ပြန်ရောက်ဖို့သာ စိတ်စောနေ‌မိတယ်။ ဒီတစ်ခါအိမ်ပြန်သွားရင်တော့ မိဘတွေပါ ပါလာပြီးပြသနာပိုကြီးသွားမယ်ထင်တယ်။ perthကားမောင်းနေရင်း သက်ပြင်းထပ်ချလိုက်မိပြီး ဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်မိတယ်။

Pongsapakက ဘယ်လိုအတွေးနဲ့များသူ့ကိုဖောက်ပြန်နေတယ်လို့ ထင်ရတာလဲ သူထပ်ပြီးမတွေးနိုင်တော့ဘူး။

သူချစ်ပြခဲ့တာမလုံလောက်ခဲ့လို့များလားလို့ တွေးမိတိုင်း အကြိမ်ကြိမ်အောင့်သက်သွားရတဲ့နှလုံးသားက အဲဒီအဖြေကိုလက်မခံဘူး။Santa Pongsapakကိုသေမတက်မြတ်နိုးတာသူကလွဲပြီးဘယ်သူသိနိုင်မှာတဲ့လဲ။ ဘာက အဲဒီကလေးကိုအထင်လွဲစေခဲ့တာလဲ။ သူတကယ်မသိတော့ဘူး။......တိတ်ဆိတ်နေတဲ့အိမ်တစ်ခုလုံးက မီးရောင်တွေထွန်းထားဆဲမို့ အိမ်မပြန်သွားဘူးဆိုတာသိရပြီးစိတ်အေးရတယ်။ အသိစိတ်ရှိနေသေးပေမယ့် ဟန်ချက်မညီတော့တဲ့ခြေလှမ်းတွေကနှစ်‌ယောက် အိပ်အခန်းထဲကိုဦးတည်နေရင်းလေးလံနေခဲ့တယ်။ လော့ခ်ချမထားတဲ့တံခါးကြောင့် တစ်ဆက်တည်းတွန်းဖွင့်လိုက်ချိန်မှာ ညအိပ်မီးသာထွန်းထားတဲ့အခန်းက တိုးဖျဖျမှောင်ရီနေတယ်။ အလင်းရောင်မှိန်မှိန်သာတိုးဝင်နေတဲ့အခန်းတစ်နေရာမှာ တိုးဖျဖျကြားလိုက်ရတဲ့ရှိုက်သံလေးကြောင့် အပေါက်မှာရပ်နေမိရင်း သူ့စိတ်တွေလေးလံထုံထိုင်းသွားပြန်တယ်။ ညကတည်းကငိုပြီးကျန်ခဲ့တဲ့လူက အခုထိအငိုမတိတ်သေးတာသိရတော့ တင်းခံထားတဲ့သူ့မာနတွေရေစုန်မျောသွားတယ်ထင်ပါတယ်။ ခေါင်းငိုက်စိုက်ကျနေရာက အသက်ပြင်းပြင်းရှူထုတ်လိုက်မိပြီး တံခါးကိုဆွဲပိတ်လိုက်တယ်။

ပိုနီးကပ်လာတိုင်းကြားနေရတဲ့ ငိုသံတိုးတိုးကလေးကြောင့် perthကုတင်စွန်းမှာဝင်ထိုင်လိုက်ပြီး ကြည့်နေမိတယ်။ ခေါင်းအုံးမှာမျက်နှာအပ်ပြီး တသွင်သွင်စီးကျနေတဲ့မျက်ရည်စတွေက သူ့ပယောဂကြောင့်ဆိုတာသိရတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိတော့တယ်။

ငိုအောင်လုပ်မိပြန်ပြီပဲ။

ဘေးမှာထိုင်နေတဲ့သူ့ကို မော့ကြည့်မလာဘဲ မျက်နှာကွယ်ပစ်လိုက်တဲ့ကလေးကြောင့် အချိန်ကြာကြာထိုင်မိနေရာက အသိဝင်လာတယ်။ တစ်ဆက်တည်း ကွယ်ထားတဲ့မျက်နှာလေးကို လက်နှစ်ဖက်နဲ့ပင့်ယူလိုက်တာနဲ့ သူ့လက်တွေကနေအတင်းရုန်းဖယ်လာ‌တော့တယ်။

"Ta.."

"ဟင့်~လွှတ်ပေး..မထိနဲ့~!"

"ကိုယ်တို့သေချာစကားပြောရမယ်လေ Ta.."

"ဖယ်ပေးလို့..!"

လက်ကိုပါအားနဲ့ဆွဲကုပ်နေတာမို့ စိတ်ငြိမ်သွားအောင် လွှတ်ပေးလိုက်ရတယ်။ မော့ကြည့်လာတဲ့အကြည့်စူးစူးလေးက သူ့ကိုဘယ်လောက်စိတ်တိုနေမှန်းခန့်မှန်းကြည့်စရာတောင်မလိုဘူး။ ကျောပေးသွားတဲ့ကိုယ်လုံးလေးကို ဆွဲပွေ့လိုက်ရင်းဘေးမှာဝင်လှဲလိုက်မိတော့ လက်တွေကိုရိုက်ချနေပြန်တယ်။

"ကျွန်တော့်ကို မထိနဲ့လို့..ပြောနေတာ!Perth Tanapon~!"

"ဒါဆိုကိုယ်ပြောတာနားထောင်"

"မထောင်ဘူး~! ဟင့်~! လူယုတ်မာ!"

"ဟုတ်ပါတယ် ကိုယ်မကောင်းတာပါ မင်းယုံအောင်မရှင်းပြမိတဲ့ကိုယ်ကမှားတာပါ။ ကိုယ်တောင်းပန်ပါတယ်ကွာ နော်~"

"ဟင့်အင်း... ဘာစကားမှမကြားချင်ဘူး ခင်ဗျားဆီကထွက်လာသမျှစကားတိုင်းကအလိမ်အညာတွေချည်းပဲ..!"

"Ta.."

"အင့်~! လွှတ်လို့ပြောနေတာ.. Perth Tanapon!ကွာပေး! ခင်ဗျားလိုလူနဲ့ဆက်မပေါင်းဘူး!လူယုတ်မာ! ဟင့်~! မထိနဲ့..လို့..!"

ငိုယိုပြီးရုန်းကန်နေတာကြောင့် perthအိပ်နေတဲ့လူပေါ်အုပ်မိုးလိုက်ပြီး နှုတ်ခမ်းတွေကိုဆွဲကိုက်ဖိနမ်းပစ်လိုက်တယ်။ အော်သံတွေတိကနဲပျောက်ရှသွားပေမယ့် အတင်းချုပ်နမ်းနေတဲ့သူ့အောက်မှာ ကျောပြင်ကိုတဘုန်းဘုန်းထုရိုက်ပြီး ရုန်းကန်နေပြန်တယ်။ အသိစိတ်မနည်းကပ်ထားရတဲ့ သူ့စိတ်တွေက ကွာရှင်းမယ်ဆိုတဲ့စကားကိုပြန်ကြားလိုက်ရတာမို့ ပါးနှစ်ဖက်ကိုဆွဲညှစ်ပြီး အသက်ရှူရပ်မတက်နမ်းလိုက်ပစ်မိတယ်။

ကျန်တာကိုလက်ခံနိုင်တယ်။ လမ်းခွဲဖို့ပြောမယ်ဆိုရင်တော့ သူစိတ်တွေဆက်ပြီးထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး။

"အွန့်..! လွှတ်..ပေး! ဟင့်~!"

ပြွတ်စ်!

ကျောပြင်ကိုဆွဲကုပ်နေတဲ့လက်တွေက အားလျှော့မသွားသလို ဒေါသတွေကိုထိန်းထားရတဲ့သူကလည်း အောက်မှာငိုယိုသောင်းကျန်းနေတဲ့လူကို တဆစီဖြစ်သွားအောင်လုပ်ပစ်လိုက်ချင်စိတ်ကထိန်းမရ။ သူ့နှုတ်ခမ်းတွေကိုပြန်ပြီးဆွဲကိုက်နေတာမို့ ဝတ်ထားတဲ့အင်္ကျီအပါးစကိုကြယ်သီးကနေဆွဲဖြဲပစ်လိုက်တယ်။ ပေါ်လာတဲ့ဖြူစွတ်စွတ်ရင်ဘက်နေရာတွေကို ဆွဲကိုက်ပစ်နေမိပြီး တွန်းကန်နေတဲ့လက်တွေကိုဆုပ်ကိုင်ပြီးချုပ်ထားလိုက်တယ်။

ညှိနှိုင်းလို့မရမှတော့ စိတ်ရှိတိုင်းလုပ်ရုံပဲရှိ‌တယ်။သူ့စိတ်ကိုတစ်နည်းမဟုတ်နည်းနဲ့ လောက်မြိုက်အောင်လုပ်နိုင်လွန်းတဲ့လူကို နောက်တစ်ခါကွာဖို့ထပ်မပြောရဲအောင်ထိလုပ်ပစ်ချင်နေတဲ့စိတ်သာသူ့ခေါင်းထဲမှာရှိတော့တယ်။

"လွှတ်လို့!!.မကောင်းတဲ့ကောင်!အင့်~!"

ရဲစုပ်နေတဲ့ညှပ်ရိုးတွေထိ ဆွဲကိုက်ပစ်လိုက်ပြီး လည်တိုင်ကိုအတင်းတိုးဝင်စုပ်ယူနေတဲ့အခါ အော်သံတွေတိကနဲပျော်ရှပြီး ငြိမ်ကျသွားတယ်။တအင့်အင့်ရှိုက်‌ငိုနေပေမယ့် ထပ်အော်မလာတော့ဘဲ မျက်နှာကိုလက်နဲ့အုပ်ပြီးငိုနေမှ သူလွန်သွားမှန်းသိရတယ်။ လက်ထောက်လျက်အုပ်မိုးကြည့်နေတဲ့သူ့ကို ထပ်ကြည့်မလာတော့ဘဲမျက်နှာကိုဘေးလွှဲပစ်ပြီးမျက်နှာတစ်ပြင်လုံးရဲစုတ်နေတဲ့အထိ ငိုနေတဲ့လူကြောင့် ပြာယာခပ်သွားရပြန်တယ်။

"ကိုယ်..တောင်းပန်ပါတယ်..Ta.."

"အင့်~!"

"sorry ကိုယ်လွန်သွားတယ် ကိုယ်စိတ်မထိန်းနိုင်လိုက်မိလို့ တောင်းပန်.."

ဖြန်း!

ပင့်ရိုက်လိုက်တဲ့လက်တစ်ဖက်ကဘေးကိုမျက်နှာလှည့်ထွက်သွားတဲ့အထိအားပြင်းတယ်။ perthပူထူသွားတဲ့ပါးကိုဂရုမစိုက်နိုင်ဘဲမျက်ရည်တွေပြည့်နေတဲ့မျက်နှာလေးကိုပင့်ကိုင်လိုက်မိတယ်။

"အင့်~! မူးနေရင်ကိုယ်ဘာသာအိပ်နေလိုက်Perth Tanapon! Taကိုစိတ်ကုန်အောင်လာမလုပ်နဲ့!"

"တောင်းပန်ပါတယ်..နော်~ မကျေနပ်သေးရင်ထပ်ရိုက်လို့ရတယ်...ကိုယ့်ကိုရိုက်ပါ.. ဒါပေမယ့်ကိုယ်ပြောတာ‌ကိုတော့ နားထောင်ပေးပါကွာ~"

"အင့်~!"

"ကိုယ့်ကိုကြည့်ပါဦးအချစ်ရယ်~ ကိုယ်တောင်းပန်ပါတယ်.."

"ဘာလို့လိမ်တာလဲ~"

"..........."

"တွဲခဲ့ဖူးတဲ့‌အကြောင်းက ကျွန်တော်သိလို့မရတဲ့ကိစ္စမို့လို့လား~"

"မဟုတ်ပါဘူးကွာ...အချစ်သိဖို့မလိုဘူးထင်လို့ မပြောပြခဲ့တာပါ..ကိုယ်အချစ်ကိုလိမ်တာမဟုတ်ရပါဘူးကွာ...ကိုယ်ပြောတာကိုယုံပေးပါ နော်~"

"အမှန်းအတိုင်းဖြေ~"

".........."

"လက်ထပ်ခဲ့တာ စီးပွားရေး‌အကြောင်းပြချက်တစ်ခုတည်းကြောင့်လား... ချစ်ခဲ့တာကရော..တကယ်ဟုတ်ရဲ့လား~"

"Ta.."

"‌ပြန်ပတ်သတ်ချင်တယ်ဆိုရင်လည်းပြောလို့ရတယ်..Taဘက်ကစပြီး နောက်ဆုတ်ပေးမယ်"

"ဘာတွေပြောနေတာလဲကွာ..ကိုယ်ကဘယ်သူနဲ့ပြန်ပတ်သတ်ရမှာလဲ... တွဲခဲ့ဖူးတယ်ဆိုတာကလည်း မာမားတို့တိုက်တွန်းမှုကြောင့်ပဲ ..ကိုယ့်ဘဝမှာမင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူးတာပါကွာ..ယုံပေးစမ်းပါအချစ်ရယ်~"

"ဟင့်~!"

"မငိုနဲ့တော့... Taအထင်လွဲအောင်လုပ်မိလို့ကိုယ်တောင်းပန်တယ် နော် ။ သူနဲ့ထပ်ပြီးမပတ်သတ်တော့ဘူးလို့ ကိုယ်ကတိပေးတယ်"

"............"

"ကိုယ့်ကိုကြည့်.."

"ဖယ်~ဟင့်! တစ်ယောက်တည်းနေချင်တယ် လွှတ်ထားပေးပါ.."

ဘယ်လိုပြောပြောနားမဝင်တော့တာမို့ စိတ်ငြိမ်သွားစေဖို့ပဲလွှတ်ထားပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဖိထားမိရာကဖယ်ပေးလိုက်တော့ ဘေးကိုစောင်းအိပ်သွားတဲ့ကိုယ်လေးကို ငေးကြည့်ရင်းသူအိပ်မပျော်နိုင်ခဲ့ဘူး။ ပျော်စရာတွေပဲဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားကာမှ ဘယ်အရာကစပြီးလွဲမှားစေခဲ့တာလည်း သူသေချာမသိတော့ဘူး။ အငိုတိတ်သွားပေမဲ့တစ်ချက်တစ်ချက်ရှိုက်နေဆဲမို့ ကျောပြင်သေးသေးလေးကိုနောက်က‌နေတိုးဝေ့ပွေ့ဖက်ထားလိုက်မိတယ်။စီးကျနေဆဲမျက်ရည်စလေးတွေကို နှုတ်ခမ်းနဲ့ပွတ်သုတ်ပေးလိုက်ရင်း လည်တိုင်မှာ‌မျက်နှာအပ်ထားမိရင်းမျက်လုံးတွေကိုမှိတ်ချလိုက်မိတော့တယ်။

အချစ်ကိုပျော်ရွှင်စေချင်တာ အမှန်ဆုံးသစ္စာမို့ အချစ်မျက်ရည်တွေကိုသူထပ်မမြင်ချင်တော့ပါဘူး။.....

ပုံမှန်အတိုင်းအလုပ်ပြန်လုပ်နေပေမယ့် စိတ်ဆိုးနေဆဲဖြစ်တဲ့ငဂျစ်ကလေးကြောင့် perth အလုပ်တော်တော်များများကို အစ်မနဲ့သာလွှဲထားပေးပြီး အိမ်မှာသာနေဖြစ်တယ်။ အလုပ်များတယ်ဆိုတာထက် တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်‌နေ့အတွက်တစ်ယောက်တည်း ကျိတ်ပြင်ဆင်နေခဲ့တာကိုမသိတဲ့ငဂျစ်ကလေးက သူ့ကိုဂရုမစိုက်ဝောာ့တာဖောက်ပြန်နေတယ်လို့သာထင်နေတာမို့ သူ့မှာရှင်းပြရခက် ချော့ရခက်ပါပဲ။ အရင်လကတည်းကပြင်ဆင်ခဲ့တဲ့ အခိုက်အတန့်လေးကိုမပျက်စီးစေချင်တဲ့ perthကပဲ အချစ်ကလေးအနားမှာနေ့တိုင်းရှိနေပေးရင်းသာ ချော့နေရတော့တယ်။ နှစ်‌ယောက်တည်းရှိတဲ့အိမ်မှာ မခေါ်မပြောလုပ်နေတဲ့လူကြောင့် perthနေရခက်နေတာတော့အမှန်ပဲ။ စကားလာမပြောနဲ့ဆိုတဲ့လူက သူ့ကိုဘယ်အချိန်ထိ စိတ်ဆိုးမယ်လို့ကြံထားလဲမသိဘူး။

အစ်မပို့ပေးထားတဲ့စာရင်းတွေပြန်စစ်ပြီးတာနဲ့အလုပ်ခန်းက‌နေအောက်ကိုဆင်းခဲ့တော့ ‌ကောက်နေတဲ့ဂျစ်တူးလေးကိုမတွေ့တာမို့ အပေါ်ပြန်တက်ရပြန်တယ်။ အခန်းရှေ့ရောက်ပြီး တံခါးဖွင့်ဖို့ပြင်မှ အထဲကနေတွန်းဖွင့်လာတာမို့ အပေါက်မှာတင်ရပ်နေလိုက်ရတယ်။ ဝတ်နေကျအတိုင်း T-shirtအနက်ရောင်ပွပွလေးက အနည်းငယ်ပိန်ကျသွားတဲ့ခန္ဒာကိုယ်လေးမှာပိုပြီးပွယောင်းနေသလိုပဲ။ သူနဲ့စကားမပြောတဲ့နေ့ကတည်းက ထမင်းတူတူစားတိုင်းအရင်ထသွားနေကျကလေးက ဒီရက်ပိုင်းဘာမှသိပ်မစားတာမို့ ပိုပိန်သွားသလိုခံစားရတယ်။perthဘာစကားမှမပြောမိဘဲ ရပ်နေတော့ သူ့ကိုမျက်လုံးလှန်ကြည့်ပြီး ချက်ချင်းအကြည့်လွှဲပစ်တယ်။

Pongsapakက မခေါ်မပြောလုပ်တဲ့နေရာမှာတော့ ပြိုင်ဘက်ကင်းအောင်တော်လွန်းပါတယ်။

"ဖယ်"

အကြည့်လွှဲထားရင်း ဆောင့်အောင့်ပြီးဖိပြောလိုက်တဲ့ အသံလေးကြားမှ အပေါက်မှာပိတ်ပြီးရပ်နေရာကနေ ဘေးကိုဖယ်ပေးလိုက်မိတယ်။ သူဖယ်ပေးလိုက်တာနဲ့ လူကိုတောင်ကြည့်မလာဘဲ လှစ်ကနဲထွက်သွားတဲ့လူကြောင့်perthအောက်ကိုလိုက်ဆင်းရပြန်တယ်။

"babyဘယ်သွားမလို့လဲ"

".........."

"ကိုယ်မေးတာဖြေဦး Ta"

လှေကားအဆင်းမှာတင် လက်ကိုလှမ်းဆွဲလိုက်တော့သူ့ကိုလှည့်မကြည့်ဘဲရပ်နေပြန်တယ်။ ပြီးမှ သက်ပြင်းချပြီး ပြန်ဖြေပုံက သူ့ကိုနည်းနည်းလေးမှစကားပြောချင်ပုံမပေါ်တာမို့ စိတ်မကောင်းဖြစ်သွားမိတယ်။ တစ်ချိန်တည်းမှာပဲသူ့စိတ်တွေ လေးလံသွားရပြန်တယ်။

"အိမ်ပြန်မလို့"

"Ta..ဘာပြောလိုက်တာလဲ?"

ကြားလိုက်ရတဲ့စကားကြောင့် ဆွဲထားတဲ့လက်ကိုပိုတင်းအောင်ဆုပ်ကိုင်လိုက်မိတယ်။

အိမ်ပြန်မယ်ဆိုတာဘာသဘောလဲ။အခုက သူ့အိမ်မှာပဲနေတော့ဖို့ပြောနေတာလား။

"ဘာလဲ.."

"ဘယ်အိမ်ကိုပြန်မှာလဲ မပြန်ရဘူး ကိုယ်လုံးဝခွင့်မပြုဘူးနော်Ta"

"လွှတ်"

"ကိုယ်ပြောတာကိုနားထောင်ပါဦး ။ ကိုယ့်ကိုစိတ်ဆိုးနေလို့ မခေါ်မပြောလုပ်နေတာကို နားလည်တယ် ဒါပေမယ့် ကိုယ့်အနားမှာပဲနေပြီးစိတ်ဆိုးလို့မရဘူးလား ကိုယ်မင်းကိုဘယ်မှသွားခွင့်မပေးနိုင်ဘူး"

"လက်ကိုလွှတ်"

"Ta.."

"ဘယ်ကိုမှမပြန်ဘူးမို့ လက်ကိုလွှတ်လို့ပြောနေတာ Perth Tanapon.."

"............"

လွှတ်‌မပေးဘဲ ပိုတင်းအောင်ဆုပ်ကိုင်‌လိုက်မှ သူ့ဘက်ကိုလှည့်လာတယ် ။ အကြည့်ချင်းတစ်ချက်မှမဆုံအောင်နေနိုင်သူက သူ့ကိုမခေါ်မပြောဘဲနေနိုင်ပေမယ့် သူကတော့အဲ့လောက်ထိမာနမထားနိုင်ဘူး။ ဘယ်လောက်ဘဲစိတ်ဆိုးတယ်ပြောပြော သူရှေ့ကအရိပ်ကလေးကိုမလွန်ဆန်နိုင်ပါဘူး။ အဖြေစကားမကြားရမချင်းမျက်တောင်တစ်ချက်မှမခက်ဘဲ စိုက်ကြည့်နေတော့မှ ခပ်တိုးတိုးအသံလေးထပ်ထွက်လာတယ်။

"မားကလှမ်းခေါ်နေလို့...ခဏသွားမှာ"

သေချာလားဆိုတဲ့ပုံစံနဲ့ကြည့်နေမိတော့ သူ့လက်ထဲကနေအားနဲ့ရုန်းပြီးအောက်ကိုဆင်းသွားတယ်။သူလည်းနောက်ကလိုက်ဆင်းရင်း စားပွဲပေါ်ကကားသော့ကိုယူပြီး ဖိနပ်စီးနေတဲ့လူအနားသွားရပ်လိုက်တယ် ။

တစ်ယောက်တည်းတော့မလွှတ်လိုက်နိုင်ဘူး။ ပြန်မလာတော့ရင် မနေနိုင်မထိုင်နိုင်ဖြစ်ရမှာ သူကိုယ်တိုင်ပဲမို့။

"ကိုယ်လိုက်ပို့မယ်"

ဖိနပ်စီးနေရာက ဆက်ကနဲမော့ကြည့်တယ်။ ကားသော့ကိုင်ထားရင်း တစ်ဖက်ကအဖြေကိုစောင့်နေမိပေမယ့် ဘာမှပြန်မပြောဘဲကားထားတဲ့နားထွက်သွားတာမို့ နောက်ကပြေးလိုက်ပြီးတံခါးဖွင့်ပေးလိုက်တယ်။ သူ့ကိုတစ်ချက်မော့ကြည့်ပြီး ဝင်ထိုင်ပုံက ဆူအောင့်အောင့်နိုင်တယ်။ လက်ခံတယ်လည်းမပြောဘဲ မငြင်းတဲ့လူကြောင့်perthကျေနပ်သွားပြီး မြန်မြန်ဝင်ထိုင်လိုက်တယ်။

လမ်းတစ်လျှောက်လုံးဘာစကားမှမပြောဘဲ‌‌အပြင်ကိုသာအကြည့်လွှဲထားသူကြောင့် သူလည်းတိတ်နေမိတော့တယ်။ စကားများထားတာကိုသိသွားတဲ့မားက မနေ့ကတည်းကလှမ်းခေါ်နေတာသိပေမယ့် ငြင်းနေတဲ့ကလေးကြောင့်သူစကားမစမိခဲ့ဘူး။ ဖြစ်သမျှအကုန်သတင်းပို့တဲ့ကြီးကြီးကြောင့် မာမားလည်းသိသွားပြီးသူ့ကိုဖုန်းဆက်ပြီးလှမ်းဆူတာကို အလူးအလဲခံလိုက်ရသေးတယ်။ သူ့သားမက်ကလေး တစ်ဇွတ်ထိုးဆန်တာကိုကျ မသိဘဲperthကိုဘဲ နေဝင်မိုးချုပ်တဲ့အထိဆုံးမသွားတဲ့မာမားက သားမက်ကိုထိရင်လုံးဝမခံတဲ့ယောက္ခမမျိုးပဲ။

အိမ်တော်ကိုရောက်တော့ မားတို့တစ်မိသားစုလုံးတူတူရှိနေကြပြီး ‌ဧည့်ခန်းမှာထိုင်နေကြတယ်။ နှစ်ယောက်သားစကားများတဲ့အခေါက်တိုင်းအိမ်လာခဲ့ဖို့အမြဲခေါ်တတ်တဲ့ နှစ်ဖက်မိဘတွေကသူတို့နှစ်ယောက်ကို ဘာအကြောင်းကြောင့်နဲ့မှ ကတောက်ကဆမဖြစ်စေချင်ကြဘူး။ ကားရပ်ပေးလိုက်တာနဲ့ ရှေ့ကနေဆူအောင့်အောင့်နဲ့ဝင်သွားတဲ့ကလေးနောက် အမြန်လိုက်ရတယ်။ အိမ်ထဲရောက်တာနဲ့ မားဘေးမှာသွားထိုင်တာမို့ perthက ပါးနဲ့boomအနားမှာဝင်ထိုင်လိုက်ရတယ်။

"ဘာဖြစ်တာလဲရုပ်က"

"ဘာမှမဖြစ်ပါဘူး မားဘာပြောစရာရှိလို့လဲ"

"အို ပြောစရာရှိမှခေါ်ရမှာလားရှင် သခင်ငယ်လေးကအမြဲတမ်းသူ့ကိုကိုနားပဲကပ်နေတော့ ကျွန်မတို့ကိုသတိမရတော့ဘူးတောင်ထင်တယ်နော်"

Perthကိုမျက်စလှမ်းပစ်ရင်း မားကစနေတော့ပိုပြီးမျက်နှာပျက်သွားတဲ့ကလေးက ကျုံ့ကျုံ့လေးထိုင်နေရာကငြိမ်နေဆဲ။ သူဘာမှဝင်မပြောဘဲ ထိုင်ကြည့်နေတော့လည်း တစ်ချက်မှကြည့်မလာဘဲ မားဘက်လှည့်ထိုင်သွားပြန်တယ်။

"နောက်ဆိုနေ့တိုင်းလာမယ် မားနှင်ရင်တောင်Taကမပြန်ဘူး"

"သေချာလို့လား"

ဘာမှပြန်မပြောတော့ဘဲ ဆူပုတ်နေတဲ့ကလေးကို ပါးကလည်းပြုံးရင်းသာထိုင်ကြည့်နေတယ်။ မားကခေါင်းလုံးလေးကိုတစ်ချက်ပွတ်ပေးပြီးသူ့ဘက်ကိုလှည့်လာတယ်။

"သားရော အလုပ်တွေအဆင်ပြေရဲ့လား boomဝင်ကူပေးစရာရှိရင်လည်းပြောနော် အားမနာနဲ့"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်မား"

"အင်း အင်း မားတို့လည်း မင်းမာမားဆီမရောက်ဖြစ်တာကြာပြီ အားတဲ့နေ့မှသွားနေဦးမယ်ဘယ်လိုလဲ မာမားနေကောင်းရဲ့လား"

"ကောင်းပါတယ်ဗျ အစ်မလည်းနေပေးနေတာမို့ အဆင်ပြေပါတယ်"

"‌အင်းပါ ဒါနဲ့ လက်ကဘာဖြစ်တာလဲသား.."

ပတ်တီးခပ်ပါးပါးစည်းထားတဲ့သူ့လက်ကို ကြည့်ပြီးစိုးရိမ်တကြီးမေးမှ သူမေ့ပြီးမဖြည်ခဲ့ရတာကိုသတိရတယ်။ အယောင်သိပ်မကျသေးတာကြောင့် မဖြည်ခဲ့မိတာ။ မားဆီလာမှာကိုသတိမေ့သွားတာပဲ။

"အာ အရင်ရက်ကတံခါးညှပ်မိတာပါ ဘာမှမဖြစ်ပါဘူး"

လက်ကိုကိုင်ပြီးဖြေတဲ့သူ့ကို ထိုင်နေရာကမျက်လုံးလှန်ကြည့်တယ်။ ဒီတစ်ခါperthကအရင်အကြည့်လွှဲလိုက်မိပြီး ငြိမ်နေမိတယ်။ ဒေါသထွက်ပြီးလက်နဲ့ရွယ်ခဲ့မိတဲ့ကိုယ့်ကိုယ်ကိုယ်ဒီလိုလုပ်မိလိုက်တာကောင်လေးသိရင် သူ့ကိုဘာပြောလာမလဲ။ ရူးတယ်လို့ပြောလာခဲ့ရင်လည်းခံရုံပဲရှိပါတယ်။ ဒေါသမထိန်းနိုင်ခဲ့တဲ့သူပဲမှားတာမလား။

"သားတို့စကားပြောနှင့်ကြဦးနော် Ta မားနဲ့ခဏလိုက်ခဲ့"

ငြိမ်ပြီးထိုင်နေတဲ့santaလက်ကိုဆွဲခေါ်သွားပြီး စာကြည့်ခန်းထဲက ခုံမှာထိုင်စေတယ်။ မားကဘေးမှာဝင်ထိုင်ပြီး santaပုခုံးကိုကိုင်ပြီးမျက်နှာချင်းဆိုင်ထိုင်လိုက်တာမို့ santaမားကိုမကြည့်ဘဲ မျက်နှာလွှဲထားမိတယ်။ အလည်လာဖို့ခေါ်တယ်ဆိုကတည်းက ပြောချင်တာရှိမှန်းသိပေမယ့် သူဘယ်လိုပြောပြရမလဲမသိဘူး။

"ဘယ်လိုဖြစ်တာလဲ နှစ်ယောက်သားစကားမပြောဘဲနေနေတာရော ဘယ်လောက်ကြာနေပီလဲ။ ဟင်"

"ကြီးကြီးပြောပြထားပီးသားမလား"

"သားပြောပြတာကိုပဲကြားချင်တာ ဘယ်လိုဖြစ်ပြီးပြသနာကဒီလောက်ကြီးသွားရတာလဲ ဒေါသကိုရှေ့မထားနဲ့လို့မားပြောထားရဲ့သားနဲ့ကွယ်"

santaဘာမှမပြောနိုင်ဝောာ့ဘဲ မားရင်ခွင်ထဲကိုတိုးဖက်လိုက်မိတယ်။ ကျောပြင်ကိုပွတ်သပ်ပေးပြီးသူပြောမယ့်စကားကိုမားကစောင့်ပေးတယ်။ ပုခုံးပေါ်မျက်နှာအပ်ထားမိရာက တိုးတိုးလေးပဲပြောလိုက်မိတယ်။

"သားမသိဘူး~ဘယ်ကစပြီးမှားသွားမိလဲသေချာမသိဘူး~"

"............"

"ဘာလို့perthကိုအဲဒီလိုထင်လိုက်ရတာလဲ ။သားကိုကိုကသားကိုဘယ်လောက်ချစ်လဲမာမားတို့လည်းသိနေတာပဲလေ"

"ဟင့်အင်း~Ta..ကိုကို့ကိုအဆုံးရှုံးမခံနိုင်ဘူး~အဲဒါကြောင့် Taဘာမှမတွေးလိုက်မိတာ ကိုကို့အဖြေကိုနားမထောင်မိခဲ့ဘူး ဟင့်~Taမှားသွားပြီထင်တယ် မား~"

"မဟုတ်တာ သားရယ် ။ မှားတယ်ဆိုတာသိရင်သေချာစကားပြောပြီးဖြေရှင်းရ‌မယ်လေ ။ သားကမခေါ်မပြောဘဲနေနေတော့ရော ပြသနာကပြီးသွားမှာတဲ့လား perthလည်းစိတ်မကောင်းဖြစ်နေမှာပေါ့ကွယ်"

"ဟင့်~ စကား..မပြောရဲဘူး~"

ပုခုံးပေါ်မျက်နှာအပ်ရင်း ငိုတဲ့ကလေးရဲ့ ခပ်တိုးတိုးစကားသံကြောင့် ပြုံးလိုက်မိတော့တယ်။ အမှားလုပ်ထားပြီး ပြန်ခေါ်ရမှာကြောက်နေတာပဲ။ သခင်ငယ်လေးက ဘယ်တုန်းကများကြောက်တတ်သွားတာတဲ့လဲ။

"ဘာလို့လဲ p'perthကလည်းသားကိုစကားမပြောဘူးလား"

"ပြောပါတယ် ။ Taက..ဘယ်လိုစပြီးပြောရမလဲ မသိလို့.."

ဒေါသထွက်နေတုန်းအော်ချင်ရာအော်ခဲ့မိတာလွန်သွားမှန်းကိုယ့်ကိုယ်ကိုယ်သိတာမို့ ပြန်ခေါ်ဖို့သူဝန်လေးနေမိတာ။ ကိုကိုကအရင်အတိုင်းချော့ပြီးစကားပြောပေမယ့် သူ့စိတ်ထဲအတိအလင်းမရှင်းလင်းရသေးတဲ့ပြသနာကြောင့် ပြန်ခေါ်ဖို့မတွေးနိုင်သေးဘူး။ စကားများတဲ့နေ့ကp'aouကဖုန်းဆက်ပြီး ရှင်းပြထားပေမယ့် ကိုကိုကတော့တစ်ခွန်းမှစကားစမလာဘဲနေနေတာမို့ သူလည်းဘာမှမပြောဘဲနေနေမိတာ။

"သားငယ်လေးကလွန်သွားတာကိုယ့်ကိုယ်ကိုယ်သိတယ်ဆိုရင် သေချာစကားပြောပြီးတောင်းပန်လိုက်ပါ မင်းကိုကိုလည်းဒီရက်ပိုင်းအလုပ်များနေတာနဲ့စိတ်ရှုပ်နေမှာပေါ့"

santaခေါင်းငြိမ့်ပြလိုက်ပြီးသာငြိမ်နေလိုက်တယ်။ မျက်ရည်တွေသုတ်ပေးနေတဲ့မားက သူ့ခေါင်းကိုပွတ်ပေးပြီး ပြုံး‌ပြပေမယ့် သူပြန်မပြုံးနိုင်တော့ဘူး။ ရင်ထဲလေးကန်နေတဲ့ခံစားချက်က တော်တော်ပင်ဆိုးဆိုးဝါးဝါးမို့ မားကိုဖက်ထားရင်းသာ ငြိမ်နေမိတော့တယ်။

TBC**

There are no comments yet. Log in to be the first to leave a review!

Similar stories