Fasten 27
18:09, 13 February 2026မာမားအိမ်ရောက်ပြီးခဏလောက်ကြာတာနဲ့အရေးကြီးတဲ့ဖုန်းဝင်လာလို့ အလုပ်ကိုအမြန်သွားရမယ်ဆိုတဲ့လူက သူ့ကိုမာမားအိမ်မှာသာထားခဲ့တယ်။ santaဘာမှပြောချိန်မရလိုက်ဘဲ နေခဲ့ရပြီး မာမားကိုသာတစ်နေ့လုံးမဖော်နေပေးနေလိုက်တယ်။ ပါပါးဆုံးပြီးကတည်းက ကြီးကြီးကမာမားဆီမကြာမကြာလာနေပေးပြီးအစ်မsammyကပါအဖော်နေပေးတာမို့ အိမ်ပြောင်းဖို့ကိစ္စကိုထပ်မပြောဖြစ်ကြတော့ဘူး။ ပါပါးမရှိတော့ကတည်းက အလုပ်အားလုံးကိုလက်လွှဲယူလိုက်ရတဲ့လူက မအားလပ်တဲ့အချိန်တွေသာများနေတာမို့ အိမ်ပြောင်းနေဖို့ကိုလည်းသေချာမတိုင်ပင်ရသေးဘူး။ အခုရက်ပိုင်းဆိုsantaကိုတောင်သေချာအချိန်မပေးနိုင်တော့တဲ့အထိ အလုပ်တွေရှုပ်နေတယ်တဲ့လေ။santaဘာမှမမေးမိအောင်သာနေပြီး မသိချင်ယောင်သာဆောင်ပေးနေလိုက်တော့တယ်။ ကိုကိုတကယ်ဘာဖြစ်ချင်နေလဲမသိဘူး။
"သားကိုကိုလာမှပြန်မှာမလား မာမားတစ်ခုခုစားဖို့ချက်လိုက်မယ်နော်"
"ဟုတ်ကဲ့ Taလည်းကူပေးမယ်မာမား"
မာမားနဲ့တူတူဟင်းချက်ဖို့ကူပေးရင်း စကားတပြောပြောနဲ့နေ့လည်စာစားဖြစ်ခဲ့ကြတယ်။ အိမ်သွားလည်ဖို့ခေါ်လာတဲ့လူက သူ့ကိုထားခဲ့ပြီးပြန်သွားတာမို့ မာမားကပါ ဆူသလိုပြောနေပြန်တယ်။ အလုပ်နားရက်မို့အစ်မsammyပါအတူရှိနေပြီး သုံးယောက်သားညနေခင်းအထိစကားပြောဖြစ်ကြတယ်။
"ဒီကောင်လေးကမဟုတ်သေးပါဘူးကွယ် အလုပ်နားရက်ကိုဘာအလုပ်တွေများရှုပ်နေလို့ခုထိပြန်မလာသေးတာလဲမသိဘူး"
ဧည့်ခန်းမှာစကားထိုင်ပြောရင်း ပြောနတဲ့မာမားကို santaဘာမှပြန်မပြောဘဲ ငြိမ်ပြီးပဲထိုင်နေမိတယ်။ မာမားကသူ့ဘေးမှာလာထိုင်ပြီးကျောကိုပွတ်ပေးရင်း မေးလာခဲ့တယ်။
"ဒီရက်ပိုင်းရော ဒီလိုပဲရှုပ်နေတာပဲလား သားငယ်လေးကိုရောအချိန်ပေးရဲ့လားမာမားကိုပြော"
"ပေးပါတယ်မာမားရဲ့ ဒီရက်ပိုင်းအလုပ်များနေလို့သာအလုပ်မှာပဲရှိနေရတာဖြစ်မယ်"
"Sammy ညည်းမောင်ကိုကြည့်ကျပ်ပြီးပြောထားဦးနော် အလုပ်ဘယ်လောက်လုပ်လုပ်မိသားစုကိုတော့ အချိန်ပေးရမှာကို ဒီကောင်လေးကတော့"
"တီတီကလည်း ဒီရက်တွေမှာperthတကယ်အလုပ်ရှုပ်နေတာပါ mallအသစ်ဖွင့်မယ့်ကိစ္စရော maiတို့မိသားစုနဲ့ပူးပေါင်းတဲ့ကိစ္စရောနဲ့ပါအလုပ်များနေတာ"
"သမီးmaiနဲ့တူတူလုပ်မယ့် projectအသစ်ကစနေပြီလား"
"ဟုတ်တယ် အရက်တစ်ပတ်ကတည်းကစတာTaTaကိုအချိန်မပေးနိုင်ဘူးဆိုတာ အလုပ်နှစ်ခုဆုံတိုင်းနားချိန်မနည်းယူနေရတာမို့ပါTaလည်းp'perthကိုနားလည်ပေးလိုက်ပါနော်"
"ဟုတ် Taနားလည်ပါတယ်"
"ဒါနဲ့maiနဲ့တောင်မတွေ့ရတာကြာနေပြီ ဒီကောင်မလေးပြန်ရောက်ကတည်းကအိမ်ဘက်ကိုလှည့်မလာတော့တာပဲ"
"အမလေး တီတီ့တူမကအလုပ်မှာperthနဲ့တွေ့နေရတာနဲ့တင်ကျေနပ်ပြီးပီတိတွေဖျာနေပြီလေ ဒီအိမ်လာဖို့သတိရမှာမဟုတ်လောက်ဘူး"
"သမီး"
လွှတ်ကနဲ့ပြောလိုက်မိတဲ့sammyက တီတီဝင်ဟန့်လိုက်မှ ပါးစပ်ကိုမြန်မြန်ပြန်ပိတ်လိုက်ရတယ်။ အရင်ကအကျင့်အတိုင်း စနေကျမို့ပြောလိုက်မိပြီးမှ santaရှိနေတာကိုသူမေ့သွားတာပဲ။
ထိုင်နေရင်းငြိမ်ပြီးနားထောင်နေမိတဲ့ လူကနောက်ဆုံးမှာကြားလိုက်ရတဲ့အစ်မရဲ့စကားကိုပြန်ကြားမိရင်း တွေးစစဖြစ်သွားရပြန်တယ်။ အဲ့ဒီအစ်မနဲ့ ကိုကိုနဲ့ဆက်ဆံရေးက santaသိထားတာထက်ပိုနေတာမျိုးလား ။ ညနေရောက်တဲ့အထိအတွေးတွေလေလွင့်နေမိရင်း ပြန်လာခေါ်တဲ့လူနောက် ငြိမ်ပြီးပဲပြန်လိုက်သွားလိုက်မိတယ်။ အိမ်ပြန်ရောက်တာနဲ့ ညစာတူတူစားပြီး အရင်ပဲအပေါ်တက်လာခဲ့လိုက်တယ်။ အခန်းထဲရောက်မှ ပြန်ဝင်မလာသေးတဲ့လူကြောင့် သူဖုန်းဖွင့်လိုက်မိပြီး nameတစ်ခုကိုရိုက်ထည့်လိုက်မိတယ်။
တစ်ဆက်တည်းကျလာတဲ့ postတွေမှာ အောက်ဆုံးကနေထိဆွဲကြည့်လိုက်မိရင်း သူ့စိတ်တွေလေးလံသွားပြန်တယ်။ ပထမဆုံးpostတစ်ခုက designပုံတွေတင်ထားပြီး တတိယမြောက်ပို့စ်က ကိုကိုနဲ့တူတူရိုက်ထားတဲ့ပုံလေး။ အောက်ကပုံတွေမှာ အဖွဲ့လိုက်ဆိုပေမယ့် သီးသန့်တင်ထားတဲ့ပုံလေးမှာ ကိုကိုကပြုံးနေပြီး maiက ကိုကို့ကိုငေးကြည့်နေတဲ့ပုံလေးဖြစ်တယ်။ အဲဒီနောက်မှာကိုကို့ကျောပြင်နဲ့ပုံတစ်ပုံကိုထပ်တင်ထားပြီး my ဆိုတဲ့captionကိုကြည့်မိရင်း ပြုံးလိုက်မိတယ်။ သူထင်ထားတာထက်ပိုနေတာမျိုးပဲ။ ရည်းစားဟောင်းဆိုတာတကယ်မှန်နေတာပဲ။
"မအိပ်သေးဘူးလား"
တံခါးဖွင့်ပြီးဝင်လာတဲ့လူကြောင့် ဝင်ထားတဲ့postတွေထဲကအမြန်ထွက်လိုက်ပြီး ပြန်မော့ကြည့်လိုက်တယ်။ ကိုကို့မျက်နှာကိုမြင်ရတိုင်း မဟုတ်တယုတ်လျှောက်တွေးနေမိတဲ့ကိုယ့်ကိုယ့်ကိုယ်လည်း စိတ်ပျက်သလိုခံစားလာမိပြန်တယ်။ သူကိုကို့ကိုမယုံသလိုဖြစ်နေပြီမဟုတ်ဘူးလား။
"အိပ်မှာ ကိုကိုမလာသေးလို့"
"ဘယ်တုန်းကလိမ္မာသွားတာလဲ ကိုယ့်ကိုတောင်အလိုက်တသိစောင့်ပေးနေတယ်ဆိုတော့"
"ဟွန့် Taကလိမ္မာပါတယ်နော် ကိုကိုကသာ"
"ကိုကိုကဘာဖြစ်လဲ"
ဆက်မပြောတော့တဲ့သူ့ကို ဆွဲပွေ့ပြီးဘေးမှာဝင်လှဲတာမို့ ခုပေးလာတဲ့လက်မောင်းပေါ်ခေါင်းတင်လိုက်ရင်းမျက်လုံးတွေမှိတ်ထားလိုက်မိတယ်။
"ဒီလိုမနေရတာဘယ်လောက်ကြာနေပြီလဲကွာလွမ်းလိုက်တာကိုယ့်ကလေးလေးကို"
"အလုပ်ကအရမ်းရှုပ်နေလို့လား"
"အင်း ဒီလမကုန်ခင်လောက်အပြီးသတ်ချင်လို့မြန်မြန်ပြီးအောင်လုပ်နေတာ"
"ကိုကိုတစ်ယောက်တည်းမနိုင်ရင် Taပါဝင်ကူပေးရမလား"
ပွေ့ဖက်ထားတဲ့သူ့ကိုထူးဆန်းသလိုငုံ့ကြည့်နေတဲ့ကိုကိုက တဖြည်းဖြည်းပြုံးပြုံးလာပြီးသူ့ပါးနှစ်ဖက်ကိုဆွဲညှစ်ပြန်တယ်။ santaရုန်းလိုက်ပြီးကိုကို့လက်ကိုရိုက်ပစ်လိုက်တော့ နဖူးပြင်ကိုခပ်ဖွဖွနမ်းလာတာမို့ မျက်လုံးတွေကိုအသာမှိတ်ချပေးလိုက်မိတယ်။ သူလည်းဒီလိုအချိန်လေးတွေကိုလွမ်းနေမိတာပါပဲ ။ တစ်အိမ်တည်းတူတူနေပြီး စကားသိပ်မပြောဖြစ်တဲ့နေ့ရက်တွေက သိသိသာသာခြောက်ကပ်နေတတ်တာမို့ သူတကယ်မနေတတ်တာအမှန်ပါပဲ။
"မလိုပါဘူးဗျာ babyကဒီတိုင်းလေးပဲကိုကို့အနားမှာရှိနေပေးရင်ရပါပြီ ကိုယ့်ကလေးလေးပင်ပန်းနေမှာမျိုးမကြည့်ရက်ပါဘူးကွာ"
"မဟုတ်တာကို ကိုကိုကလည်း ကိုကိုပင်ပန်းရင်လည်းTaမကြည့်ရက်ဘူးလေ အဲ့ဒါကြောင့်ဝင်ကူမယ်ပြောတာကို"
မယုံကြည်သလိုကြည့်နေတဲ့ကိုကို့မျက်မှာကို လက်နှစ်ဖက်နဲ့ဆွဲယူလိုက်ပြီး နဖူးပြင်ကိုနမ်းရှိုက်လိုက်တယ်။ အလိုက်တသင့်မှိတ်ချပေးတဲ့မျက်ခုံးစလေးတွေကသူ့အနမ်းတွေကိုအသာတကြည်ခံယူတယ်။ ခပ်ကြာကြာဖိနမ်းနေမိတဲ့နှုတ်ခမ်းပါးလေးတွေတုန်ရီနေမှုက ကိုကို့ကိုမယုံကြည်ရကောင်းလားဆိုပြီးခံပြင်းနေတဲ့စိတ်ကြောင့်ပါပဲ။
"ချစ်တယ်~"
"..........."
"တစ်ဘဝလုံးပုံအပ်ပြီးမြတ်နိုးတာမို့ ကိုကို့ကိုဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ဘူး သိရဲ့လား~"
တုန်ရီသွားတဲ့သူ့အသံမှာ အနက်ရှိုင်းဆုံးထိညိတွယ်နေမှုတွေ။ ပျောက်ပျက်သွားမှာဆိုးတဲ့ဆေးမင်ကလေးကို တယုတယသိုသိပ်ထားချင်သလိုမျိုး။ အဆုံးရှုံးမခံနိုင်ပါဘူး။ အသက်ရှင်သန်မှုရဲ့မှီတည်ရာရပ်ဝန်းလေးမို့ သူတကယ်မြတ်နိုးရပါတယ်။
"ကိုယ်ကပိုချစ်တယ် အချစ်ထင်ထားတာထက်ပိုပြီးချစ်တာမို့ အတွေးမများနဲ့"
ပိုတိုးဖက်ပေးလာတဲ့ရင်ကွင်ကျယ်ကြီးဆီတိုးဝေ့ရင်း စိတ်ချလက်ချအိပ်ပျော်နိုင်ဖို့ကြိုးစားရတယ်။ လေးလံနေတဲ့နှလုံးသားက ဒီလိုပဲနူးညံ့တဲ့အထိအတွေ့မှာ စိတ်ချလက်ချခုန်လှုပ်နေခဲ့တယ်။ ချစ်တယ်ဆိုတဲ့အတွေးကလွဲရင် သူဘာမှထပ်ပြီးမစဉ်းစားချင်တော့ဘူး။......
အနက်ရောင်ဟူဒီလေးနဲ့ ဂျင်းpantမိုးပြာရောင်လေးကခါးသိမ်သိမ်လေးပေါ်မှာ ပနံသင့်စွာနေရာယူပြီးတာနဲ့ နောက်ဆုံးတစ်ခါဆံပင်ကိုပြန်ပြင်ရင်း အောက်ကိုဆင်းလာခဲ့လိုက်တယ်။ အလုပ်ကိုမလိုက်ခဲ့တော့ဘူးပြောထားပေမယ့် စိတ်ပါလို့ထချက်ထားတဲ့ပထမဆုံးလက်ရာလေးကို ကိုကို့ကိုစားစေချင်တာမို့ santaထမင်းဘူးကိုကိုင်းရင်း companyရှိရာကိုထွက်လာခဲ့လိုက်တယ်။ထမင်းစားချိန်မမှန်တဲ့ကိုကိုက အနည်းငယ်ပိန်ကျသွားတာမို့ စိတ်မကောင်းဖြစ်ရပြန်တယ်။ကိုကိုပင်ပန်းနေတာမကြည့်ရက်တော့တာကြောင့် ဝါသနာမပါပေမယ့် santaအလုပ်အကြောင်းအချို့ကို ကိုကို့ဆီကသင်ယူရင်း ဝင်ကူပေးဖို့ကြိုးစားနေရတယ်။ ဒီအကြောင်းကို ပါပါးတို့ကြားတော့ တစ်သက်လုံးခိုင်းလို့မရတဲ့ဟာလေးက အချိုးပြောင်းနေပြီဆိုပြီးမကြာခဏလှမ်းစလေ့ရှိတယ်။ မတက်နိုင်ဘူး။ ကိုကိုပင်ပန်းနေတာတကယ်မကြည့်ရက်တော့ဘူး။
ကားကိုparkingမှာထိုးထားခဲ့ရင်း အခန်းဆီကိုမြန်မြန်ဦးတည်ရတယ်။ နာရီကြည့်မိတော့ နေ့လည်1နာရီထိုးနေပြီမို့ ကိုကိုထမင်းမစားသေးဖို့ဆုတောင်းရတယ် ။ မဟုတ်ရင် ချက်ထားတာလေးအလဟသက်ဖြစ်ကုန်မှာ ။
"ခင်ဗျားတို့ ဘော့စ်ရှိတယ်မလား"
"ဟုတ်ကဲ့ ရုံးခန်းမှာရှိပါတယ်ဗျ"
ဝင်ထမ်းတစ်ယောက်က ထမင်းဘူးကိုကိုင်ပေးဖို့ပြောပေမယ့် သူငြင်းလိုက်ပြီး ကိုကို့ရုံးခန်းဆီကိုဦးတည်လိုက်တယ်။ တစ်ဆက်တည်းမှာပဲ တံခါးတွန်းဖွင့်လိုက်ပြီးတဲ့နောက်မှာ သူ့ခြေလှမ်းတွေအပေါက်မှာတင် ရပ်တန့်သွားခဲ့တယ်။ လက်ထဲမှာကိုင်ထားတဲ့ boxကိုင်းကလေးက ပိုပြီးတင်းကျပ်စွာကိုင်ခံလိုက်ရပြီး ရုံးခန်းထဲကိုစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကစူးရဲနေခဲ့တယ်။
"ကိုကို"
သူ့အသံတွေတုန်ရီနေခဲ့တယ်။ နေရာမှာတင်ရပ်နေမိရင်း သူ့ဦးနှောက်ဟာဗလာနကျင်းဖြစ်သွားတဲ့အထိ ထိန့်လန့်သွားခဲ့ရတယ်။
"Ta.."
အပေါက်မှာ တောင့်တင်းစွာရပ်နေမိတဲ့သူ့ကိုမြင်တာနဲ့ကိုကိုကထိုင်ရာကနေဆက်ကနဲထရပ်တယ်။ အတိအကျပြောရရင် ကိုကိုက သူ့အလုပ်စားပွဲပေါ်တက်ထိုင်နေတဲ့ maiအရှေ့ကခုံကနေသူ့ကို အလန့်တကြားလှမ်းကြည့်တယ်။ ကိုကိုထရပ်လိုက်ချိန်မှာ ကိုကို့ပုခုံးပေါ်တင်ထားတဲ့maiလက်တစ်ဖက်ကို သူမြင်ဖြစ်အောင်ပးမြင်လိုက်ရပြန်တယ်။ကိုကို့အသံကဘာဖြစ်နေတာတဲ့လဲ။ ဘာဖြစ်လို့များလူမိခံရသလို လန့်နေတာတဲ့လဲ။
"Ta ဘယ်တုန်းကရောက်.."
"လူတစ်ယောက်လုံးရောက်နေတာတောင်မသိတော့တဲ့အထိလား"
"Ta ဘာတွေပြောနေတာလဲ"
"အရမ်းလန့်သွားသလား ဟမ် ရောက်မလာနိုင်ဘူးထင်ပြီးစိတ်ချလက်ချနေနေတာမို့လို့လား"
"Ta..."
"ဘာလဲ..! ဘာလို့ငြိမ်နေတာလဲ! ခင်ဗျားတစ်ခုခုပြောစမ်းပါ! Taယုံနိုင်မယ့်အကြောင်းပြချက်ပေးလေ!"
"Pongsapak! ဘာတွေထင်ရာလျှောက်ပြောနေတာလဲ မင်းထင်နေသလိုမဟုတ်ဘူး"
"ဒါဆိုဘယ်လိုမျိုးလဲ ဟမ်! နှစ်ယောက်တည်းရုံးခန်းထဲမှာတူတူရှိနေပြီး ဒီလိုပုံစံမျိုးနဲ့တွေ့လိုက်ရတာကို Taကဘယ်လိုမျိုးလို့ ယူဆရမှာလဲ!ခင်ဗျားပြောလေ!"
"TaTa.."
"ဟို.. မောင်လေးအထင်မှားနေပြီထင်တယ်.."
"ခင်ဗျားကို မေးနေတာမဟုတ်ဘူး! ကျွန်တော်တို့ကြားကိုဘာမှဝင်ပါစရာမလိုဘူး!"
"Pongsapak! မရိုင်းစမ်းနဲ့! ဘယ်လိုလေသံနဲ့ပြောနေတာလဲ!"
တချက်လွှတ်အော်လာတဲ့ကိုကိုက သူ့ကိုဒေါသတကြီးငုံ့ကြည့်ပြီး ဟိုမိန်းမကိုအပြင်ထွက်ဖို့ပြောတယ်။ santaအသံတိကနဲပျောက်ရှသွားတဲ့နောက်မှာ နိမ့်ချည်မြင့်ချည်ဖြစ်လာတဲ့ရင်ဘက်တစ်နေရာက မယုံကြည်နိုင်မှုတွေအလုံးအရင်းဝင်ရောက်လာခဲ့တယ် ။ ဝေဝါးသွားတဲ့မြင်ကွင်းတွေကြောင့် စီးကျလာတဲ့မျက်ရည်တွေကိုအကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး ရှေ့ကလူကိုပြန်မော့ကြည့်လိုက်တယ်။
"ဘာလို့လဲ! အဲ့တစ်ယောက်ကိုထိတော့နာတယ်ပေါ့လေ ဟုတ်လား! Taကိုတောင်ပြန်အော်တဲ့အထိ နာနေတာပေါ့လေ!"
"တောက်! ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ Pongsapak! ကိုယ်ဒေါသထွက်မလာခင်တော်လိုက်တော့နော်"
"ဖောက်ပြန်တဲ့ကောင်!"
"Santa Pongsapak!"
"မကောင်းတဲ့လူ! သူများသားသမီးကိုယူထားပြီးတစ်ခြားတစ်ယောက်နဲ့ဖောက်ပြန်လောက်တဲ့အထိ အောက်တန်းကျတဲ့လူ!"
"ဝောာ်တော့! ဆက်မပြောနဲ့တော့! မင်းဆိုးချင်တိုင်းဆိုးလို့ရတဲ့နေရာမဟုတ်ဘူးနော်pongsapak! စကားကိုသိက္ခာရှိရှိပြောစမ်း!"
တင်းမာနေတဲ့နှစ်ယောက်ကြားကအခြေအနေကြောင့် အပြင်ကဝန်ထမ်းတစ်ချို့ကပါမသိမသာလှည့်ကြည့်လာကြတယ်။ santaတစ်ချက်ရှိုက်လိုက်မိပြီး ရှေ့ကလူရဲ့ရင်ဘက်ကိုစောင့်တွန်းလွှတ်လိုက်တယ်။
"ဘာလို့လဲ! ဖောက်ပြန်နေတာကိုလူတွေသိမှာဆိုးနေတာလား! ခင်ဗျားလုပ်ရက်ကရော သိက္ခာရှိလွန်းနေတာလားပြန်စဉ်းစားကြည့်စမ်းပါ!"
"တောက်! မင်းတော့!"
ရှိုက်ကြီးတငင်ငိုနေတဲ့သူ့ကို ကျောပေးပြီးသက်ပြင်းချလိုက်တဲ့လူက စိတ်ကုန်နေပြီဆိုတဲ့သဘောနဲ့ဘာမှပြောမလာတော့ဘူး။santaမျက်ရည်တွေကို ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်ပြီး လှည့်ထွက်လာခဲ့လိုက်တော့တယ်။နေရာမှာတင်ရပ်ကျန်နေခဲ့တဲ့လူက သူ့ကိုလှည့်မကြည့်တော့သလို ဘာမှပြောမလာတော့ဘူး။ဝေဝါးနေတဲ့မြင်ကွင်းတွေနဲ့ ဦးတည်ရာမဲ့လျှောက်သွားနေမိရင်း တစ်လမ်းလုံးငိုနေမိခဲ့တယ်။ဘာတွေဖြစ်နေတာလဲဆိုတာလည်း သူ့ကိုယ်သူသေချာမသိတော့ဘူး။ သူသိချင်တဲ့အဖြေကိုအဲဒီလူဆီကနေထပ်မကြားနိုင်တော့ဘူး။တကယ်ပဲ သူကဒုတိယလူလား။ အဲဒါထက်ဖောက်ပြန်ခံနေရတာ သူလား အဲဒီမိန်းကလေးလား။
.....
"စိတ်လိုက်မာန်ပါလျှောက်လုပ်မနေနဲ့ဦးနော်TaTa ပြသနာကိုသေချာဖြေရှင်း ဒေါသထွက်နေလို့ကောင်းတာမရှိဘူး နားလည်လား"
"အင်း Taသိတယ် လိုက်ပို့ပေးလို့ကျေးဇူးပါ"
"အင်း သွားပြီနော်"
p'ohmကိုနှုတ်ဆက်ပြီးတာနဲ့ လေးလံနေတဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲဝင်ခဲ့လိုက်တယ် ။တစ်ယောက်တည်းလျှောက်သွားနေမိတုန်း လမ်းမှာp'ohmနဲ့တွေ့တာမို့ ဘားကိုလိုက်သွားပြီးရင်ဖွင့်လိုက်တော့မှသူ့စိတ်တွေအနည်းငယ်ပေါ့ပါးသွားခဲ့တယ်။ အိမ်ထဲဝင်ပြီးဖိနပ်ချွတ်နေတုန်းမှာ အပေါ်ကဆင်းလာတဲ့လူက သူ့အနားကိုခြေလှမ်းကျဲတွေနဲ့လျှောက်လာတယ်။
"ဘာလို့ဖုန်းမကိုင်တာလဲ"
".........."
"ကိုယ်မေးနေရင်ဖြေ Ta"
"မကိုင်ချင်လို့"
"မသွားနဲ့ဦး စကားပြောမယ်"
လှမ်းဆွဲထားတဲ့ လက်ကလေးတစ်ဖက်ကအေးစက်နေပြီး မသိမသာတုန်ရီနေတယ်။ ဘယ်အချိန်ထိအပြင်မှာနေခဲ့လို့ဒီလောက်အေးစက်နေရတာလဲ ။ ကိုယ်ကတော့ အခုထိအိမ်ပြန်မလာသေးလို့စိတ်ပူနေပေမယ့် သူကဟိုကောင်နဲ့ဒီချိန်ကြီးထိဘာကိစ္စတူတူရှိနေတာတဲ့လဲ ။ ကျစ်!
"လွှတ်! ခင်ဗျားနဲ့ပြောစရာဘာအကြောင်းမှမရှိဘူး"
"ဘာလို့မရှိရမှာလဲ ထင်ရာတွေလျှောက်ပြောပြီးစွတ်ဆွဲနေတာမင်းမဟုတ်ဘူးလား"
"ထင်ရာတွေ..ဟုတ်လား"
ခါးထောက်လျက်ရပ်နေပြီး သူ့ကိုစိုက်ကြည့်နေတဲ့လူရှေ့ဝင်ရပ်လိုက်တယ်။ စူးစူရဲရဲမော့ကြည့်လိုက်တဲ့ သူ့မျက်ဝန်းစတွေတစ်ဖြည်းဖြည်းစိုစွတ်သွားပြန်တယ် ။ အဲဒီလူနဲ့ပတ်သတ်တိုင်း ခံစားချက်တွေကအထိအရှလွယ်လွန်းနေတဲ့ကိုယ့်ကိုယ်ကိုယ်လည်း မုန်းပစ်ချင်လာတယ်။
"ကျွန်တော်တွေ့လိုက်ရတဲ့ခင်ဗျားတို့နှစ်ယောက်ရဲ့ အနေအထားကိုဘယ်လိုမျိုးသတ်မှတ်ရမှာလဲ ခင်ဗျားပြောပါဦး အဲ့မိန်းမရင်ခွင်ထဲမရောက်ရုံတမယ် ဖြစ်ပျက်နေတဲ့မြင်ကွင်းကို ထင်ရာလျှောက်ပြောနေတာတဲ့လား! ဟမ်! ခင်ဗျားရှင်းလေ!"
"စောက်ရေးမပါတာကိုကွာ! ဘာမှရှင်းနေစရာအကြောင်းမရှိဘူး! မင်းထင်နေတာလည်းတစ်ခုမှမဟုတ်ဘူး! မင်းကသာဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ ဟိုကောင်ဆီဘာသွားလုပ်တာလဲ ပြော!"
"ခင်ဗျား!"
"သားတို့ စကားအေးဆေးပြောကြပါကွယ်"
တစ်ချက်လွတ်အော်ပစ်လိုက်တဲ့ သူ့အသံကြောင့်ကြီးကြီးအိမ်ထဲပြေးဝင်လာပြီးဝင်ဖြေတယ် ။santaဘာကိုမှအာရုံမစိုက်နိုင်တော့တဲ့အထိလည်ပင်းထဲမှာတစ်စို့နေပြီး အံတင်းတင်းကျိတ်လိုက်မိတယ်။
"အောက်တန်းစား!"
"အေး! အဲ့အောက်တန်းစားကိုပဲမင်းက စိတ်ရှိတိုင်းစွတ်စွဲနေတာမို့လား! မင်းကရောဘယ်အတိုင်းအတာထိမှန်နေလို့လဲ! ပြောစမ်းပါဦး!ဘယ်အချိန်မှ ငါ့စကားကိုအရာသွင်းမှာလဲ!"
"ခင်ဗျားစိတ်နဲ့လာမနှိုင်းနဲ့! p'ohmက ကျွန်တော့်ဘဝထဲမှာ ခင်ဗျားဆိုတာရှိမလာခင်ကတည်းက ဒီလိုပဲနေလာခဲ့တဲ့လူ! ခင်ဗျားကသာ လက်ထပ်ပြီးသားလူရှိရဲ့နဲ့ ဖောက်ပြန်နေတဲ့ကောင်မဟုတ်ဘူးလား!"
"Pongsapak!!"
"ဘာလဲ!! ကျွန်တော်ပြောတာမှားနေလို့လား!ကျွန်တော်ကိုတော့စီးပွားရေးအကျိုးအမြတ်အတွက်လက်ထပ်တယ်ဆိုပြီး သူ့ကိုကျတော့ရော စီးပွားရေးအရဆိုပြီး အလိုလိုက်အကြိုက်ဆောင်ပြီး လက်ပွန်းတတီးနေပေးနေတာမဟုတ်ဘူးလား!!"
"မင်း!!"
"သားငယ်!!"
ချိန်ရွယ်လာတဲ့လက်တစ်ဖက်ကြောင့် မျက်လုံးတွေကိုခပ်တင်းတင်းမှိတ်ပစ်မိရင်း သူကြောင်အသွားခဲ့တယ်။ ကြီးကြီးကလက်ရွယ်ထားတဲ့သူ့ကိုဝင်ဆွဲပြီးထိန်းပေးနေပေမယ့် လည်ပင်းကြောတွေထိထောင်ထနေတဲ့လူက သူ့ကိုဒေါသတကြီးကြည့်ပြီး ရိုက်ဖို့ရွယ်နေတာတဲ့လား။
"ရိုက်မလို့လား ရိုက်လေ! ခင်ဗျားကျွန်တော့်အသားကိုနာအောင်ထိကြည့်လိုက်စမ်းပါ!"
"တောက်!"
တိမ်ဝင်သွားတဲ့အသံက ထပ်ထွက်မလာတော့ဘဲရှိုက်ငိုနေမိတဲ့လူက ခြေထောက်တွေခွေယိုင်တော့မတတ်အသိစိတ်လွတ်သွားခဲ့တယ်။ မျက်နှာမော့ပေးထားတဲ့သူ့ကိုမကြည့်တော့ဘဲ ကျစ်သတ်လိုက်တဲ့လူကလည်းမျက်နှာပျက်နေပြီး လက်ကိုတင်းတင်းဆုပ်ထားပြန်တယ်။
"သားတို့ စိတ်ငြိမ်သွားမှအေးဆေးစကားပြောကြပါကွယ် ။ သားငယ်လည်းတော်တော့ မလိုအပ်ပဲအလွန်တွေဖြစ်ကုန်ပါ့မယ်"
"ဟင့်~ ကွာပေး!"
"ဘာ!"
"ကွာရှင်းပေး! ဖောက်ပြန်တဲ့ကောင်နဲ့ဆက်ပြီးမပေါင်းဘူး!"
"မကွာပေးဘူး! ဘာအကြောင်းကြောင့်နဲ့မှကွာမပေးနိုင်ဘူးမို့ သေအောင်ပြောနေလိုက်!"
"မကောင်းတဲ့ကောင်! ကျွန်တော့်ကိုဘယ်ချိန်ထိစိတ်ဒုက္ခတွေလိုက်ပေးနေဦးမှာလဲ! တကယ်ခင်ဗျားကိုမုန်းပစ်ချင်နေပြီသိရဲ့လား!!"
"အေး! မုန်းကွာ! ကြိုက်သလောက်မုန်း! ငါကသေရင်တောင်ကွာမပေးနိုင်ဘူးမို့ ကွာရှင်းမယ်ဆိုတဲ့စကားထပ်ထွက်မလာနဲ့!"
အံကျိတ်ပြီးပြောနေတဲ့လူက မေးကြောတင်းနေတဲ့အထိ သူ့ကိုစူးစူးရဲရဲကြည့်ပြီးထွက်သွားတယ်။ကျောခိုင်းသွားတဲ့ကျောပြင်ကျယ်ကိုဆက်မကြည့်နိုင်တော့ဘဲ ရုပ်ကြိုးပျက်ထိုင်ချမိလိုက်ပြီးငိုချလိုက်မိတော့တယ်။ အဆုံးထိ အဆုံးထိပဲ ။ဘာဖြေရှင်းချက်မှပေးမလာတဲ့လူက နောက်ဆုံးအချိန်ထိသူ့ကိုငဲ့မကြည့်ခဲ့ဘူး။ မဟုတ်ဘူးဆိုရင်တောင် သူယုံကြည်ပေးနိုင်မယ့် အကြောင်းပြချက်ပေးမလာတဲ့လူက ဘာများမှန်နေခဲ့လို့လဲ။
TBC**
စာရေးသူသည် real lifeတွင်ခွေးစာအမြဲကျွေးသောအတွဲအား မကျေနပ်သဖြင့် ရန်ဖြစ်ခိုင်းခြင်းဖြစ်၏။ စာဖတ်သူများ ခွေးလွှတ်ကြပါရန်❕🫡😑
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




