Fanfics

Fasten 24

06:54, 29 January 2026

"ကိုကို!"

"ဗျာ"

"ဘာဗျာလဲ! အဲ့ဗျာလို့ထူးနေတာဆယ်ခါမကတော့ဘူး! ကိုကိုကဗျ!"

"နေပါဦးကွာ ကိုယ်ဒါလေးလက်စသတ်နေလို့ပါခဏလေးပဲ"

အိပ်ယာပေါ်ကဆူပုတ်နေတဲ့ငဂျစ်ကို ခဏလွှတ်ထားလိုက်ရင်း ပြီးတော့မယ့်အလုပ်ကိုမြန်မြန်လက်စသက်ရတယ် ။ တစ်မနက်လုံးအလုပ်စားပွဲမှာထိုင်နေတဲ့လူက နုံးနေပေမယ့် ခရီးကြောင့်ဖြတ်ထားခဲ့ရတဲ့အလုပ်ပုံမှာပြန်ခေါင်းစိုက်နေရတယ် ။ သူထမလာတော့ ပျင်းတိပျင်းရွဲနဲ့ကလေးက အလုပ်စားပွဲမှာထိုင်နေတဲ့သူ့အနားကိုရောက်လာတယ် ။ perth‌တစ်ချက်မော့ကြည့်လိုက်ပြီးပြန်ငုံ့သွားတော့ ဆောင့်အောင့်ပြီးသူ့အပေါ်ကိုခွထိုင်လာတော့တယ် ။

"Pongsapak"

"ဘာလဲ"

"ကိုကိုအလုပ်လုပ်နေတယ်လေ"

"လုပ်လေ"

"မင်းကထိုင်နေမှတော့"

"အ့ဆိုမလုပ်နဲ့"

"Pongsapak"

"အဲ့လိုခေါ်တာမကြိုက်ပါဘူးဆိုနေမှဗျ!ကိုကိုက!"

"ကျစ်! လာမရှုပ်ပါနဲ့ဦးကွာ ဒီနေ့တော့အလုပ်ပြတ်မှရမို့ ငြိမ်ငြိမ်လေးနေပေး နော်"

"ငြိုငြင်နေတာလားပြော! ခုတော့နှင်တောင်လွှတ်နေပြီပေါ့လေ! ခင်ဗျားကြီးကကျွန်တော့်ကိုမလိုချင်တော့ဘူးပေါ့ ဟုတ်လား!"

သိရဲ့သားနဲ့သက်သက်ဂျစ်နေတဲ့လူဆိုးကောင်လေးက သူ့ရင်ဘက်ကိုပါရိုက်ပြီးမကျေမနပ်ပြောတယ် ။ perthဘာမှပြန်မပြောဘဲ စိုက်ကြည့်နေလိုက်တော့ နှုတ်ခမ်းပိုဆူသွားပြီးမျက်နှာငယ်လေးဖြစ်သွားပြန်တယ် ။ အမျိုးမျိုးလည်း တတ်နိုင်တဲ့ကလေး ။ ခုနကပဲရန်ထောင်နေတာသူမဟုတ်တဲ့အတိုင်းပဲ။

"ကိုကိုကမချစ်ဘူး~~"

"ဘာပြောတာလဲ?"

ရင်ဘက်ပေါ်ခေါင်းတိုးဝေ့လာပြီးဗထွေးပထွေးပြောနေတဲ့အသံလေးက ကြောင်ကလေးအီနေသလိုပဲ ။ မကြားချင်ယောင်ဆောင်ပြီးထပ်မေးလိုက်မိတော့ ခေါင်းထောင်ပြီးသူ့ကိုမကျေမချမ်းကြည့်တယ် ။

"မချစ်တော့ဘူးမလား~လူကိုအမြဲတမ်းပစ်ထားပြီးအဲ့အလုပ်ကြီးပဲခေါင်းထဲမှာရှိတာမလား!"

"မချစ်အောင်လာလုပ်နေတာဘယ်သူလဲ ကိုယ်အလုပ်ရှုပ်နေတဲ့အချိန်အလိုက်တသိငြိမ်နေမပေးတဲ့မင်းမဟုတ်ဘူးလား ။ ခဏခဏဂျီကျမလာနဲ့နော် မချစ်ချင်တော့အောင်လာမလုပ်နဲ့ ပစ်ထားလိုက်မှာ"

"ကိုကို!"

"ပြော"

မျက်နှာတစ်ပြင်လုံးရဲတက်လာတဲ့ကလေးကဒေါသထွက်သွားပုံရပြီး နှာခေါင်းလေးတွေထိပါနီရဲနေတယ် ။ perthစိတ်မဆိုးဆိုးအောင် တမင်စနေတာကိုအဟုတ်ထင်သွားတဲ့ပုံပဲ။

"မချစ်လည်း‌နေပေါ့! ဘယ်သူကချစ်ပါလို့လာပြောနေလို့လဲ! လူကိုအလုပ်လောက်တောင်အလေးမထားတဲ့အဖိုးကြီး! ခင်ဗျားကိုလည်းကျွန်တော်ကတစ်စက်မှချစ်မနေဘူးသိလား!!"

ရင်ဘက်ကိုတအုန်းအုန်းရိုက်ပြီးမကျေနပ်သမျှအော်ပြီးတာနဲ့ ခွထားရာကနေအတင်းဆင်းပြီးထွက်သွားတော့တယ် ။ perthလိုက်မသွားဘဲတမင်ထိုင်ပြီး အလုပ်ဆက်လုပ်နေလိုက်တယ်။အခုလိုက်သွားပြီးသာချော့ရင် အလုပ်မလုပ်ရဘဲနောက်ရက်ကူးသွားလောက်တယ် ။

တကယ်စိတ်ဆိုးသွားပုံရတဲ့ကလေးက အခုထိအခန်းထဲပြန်ဝင်မလာဘဲနေနေတာမို့ မနေနိုင်တဲ့perthကပဲထရတော့တယ် ။ စလိုက်မိတဲ့သူ့အပြစ်မို့ အလူးအလဲချော့ဖို့အားမွေးရတော့တယ်။ အခန်းပြင်ထွက်လာတော့ ငဂျစ်ကရှိမနေဘဲ တစ်အိမ်လုံးတိတ်ဆိတ်နေတယ် ။ perthပူထူသွားပြီးတစ်အိမ်လုံးပတ်ရှာပေမယ့် အရိပ်ယောင်ပင်မတွေ့ရဘူး ။

ဘယ်သွားပြန်တာလဲကွာ ။ စိတ်ဆိုးတာကိုအပြင်ထွက်သွားစရာလား ။

တစ်ယောက်တည်းပြာယာခက်နေတုန်းboomဆီကဖုန်းဝင်လာပြီးအိမ်ကိုရောက်နေတယ်လို့ပြောလာမှ စိတ်အေးရတဲ့အဖြစ် ။ စိတ်ဆိုးပြီးချက်ချင်းအိမ်ပြန်သွားပုံရတဲ့ လူဆိုးကောင်လေးက ဘယ်လိုတောင်ဂျစ်တိုက်နိုင်မှုလဲ။Perthအသည်းယားစွာပြုံးလိုက်မိရင်း လိုက်မသွားသေးဖို့ပါတစ်ခါတည်းဆုံးဖြတ်လိုက်တယ် ။ချက်ချင်းလိုက်ချော့ရင်ဒီကလေးပိုဆိုးမှာသေချာတယ် ။ အိမ်မှာတစ်ယောက်တည်းအလုပ်ဆက်လုပ်နေရင်း ညနေမှာဧည့်သည်တွေနဲ့dinnerသွားဖို့ပြင်ဆင်ရတယ် ။ တစ်အိမ်လုံးမှာတစ်ယောက်တည်း ရှိနေတာမို့ခြောက်ကပ်ကပ်နဲ့ ဆည်းလည်းလေးမရှိတော့လည်းမနေနိုင်တဲ့လူကသူပါပဲ ။ အလုပ်ပိတ်ရက်လေးမှာ ငဂျစ်နဲ့တူတူဖြတ်သန်းမယ့်ညနေခင်းလေးကရုတ်တရက်လှမ်းဖိတ်တဲ့dinnerပွဲကြောင့်ပျက်ရပြန်တယ် ။ ချက်ချင်းလိုက်မလာတဲ့သူ့ကို ကွေးနေအောင်ကောက်တော့မှာမြင်ယောင်ပါသေးတယ် ။

____________

dinnerကပြန်လာပြီးတာနဲ့အိမ်မပြန်ဘဲ အိမ်တော်ကိုတစ်ခါတည်းသွားရတယ် ။perthရောက်ဧည့်ခန်းမှာလူစုံနေပြီး ကောက်စိန်တစ်ယောက်သာပျောက်နေတယ်။ အလုပ်ကနေတန်းလိုက်လာတဲ့သူ့ကိုမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့မားက သူ့ကိုအလိုလိုက်ပေးလို့ဆူတယ်။perthဘာမှပြန်မပြောနိုင်ဘဲ မားပြောသမျှငြိမ်ပြီးနားထောင်နေမိတယ် ။ မတက်နိုင်ဘူး ။ အလျှော့မပေးဘဲမနေနိုင်အောင်ကိုဂျစ်တူးကချစ်ဖို့ကောင်းတော့လည်း သူ့အပြစ်ပဲပေါ့။

"အလုပ်ကတန်းလာတာမဟုတ်လား ညစာရောစားခဲ့ပြီလား သား"

"စားခဲ့ပြီမား ညနေကအလုပ်မှာပဲတစ်ခါတည်းစားခဲ့တယ်"

"အင်း ဟုတ်ပါပြီ"

"ဘာဖြစ်ကြတာလဲperth ရောက်ကတည်းကဘာမှမပြောပြဘူး မားကိုပဲကပ်နေတာအဲ့ကလေး"

boomကဝင်မေးတာမို့သူဖြေရခက်သွားတယ် ။တစ်ကယ်ဆိုပြသနာမှမဟုတ်တာ ရန်ဖြစ်တာလည်းမဟုတ်ဘူး။ သူစလိုက်လို့စိတ်ကောက်သွားတာကိုလူကြီးတွေကိုဘယ်လိုပြောပြရမှာလဲ။

"ဘာမှမဖြစ်ပါဘူး စကားလည်းမများဘူး ။အလုပ်လုပ်တာကိုဝင်ရှုပ်လို့‌ စလိုက်မိတာစိတ်ဆိုးသွားတာပဲ"

"ကဲ ကြည့် အဲ့ကလေးဟာလေ ဘာမှမဟုတ်လည်းကောက်မယ်ဆိုတာချည်းဘဲ ။Perthမင်းလည်းသူ့ကိုကျပ်ကျပ်အလိုလိုက်နော်ဟိုကပိုအကမ်းတက်ပြီးမင်းကိုနိုင်စားသွားလိမ့်မယ် သိရဲ့လား"

"ကျွန်တော်လည်းစတာလွန်သွားတာပါ ။ သူ့အမှားမဟုတ်ပါဘူးမား"

သူပြောတာကို မားကတကယ်မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်လာတော့တယ်။ perthလူကြီးတွေနဲ့စကားခဏပြောပြီးတာနဲ့ မားကအလိုက်တသိစကားစဖြတ်ပြီးအပေါ်ကိုတက်သွားခိုင်းတယ်။perthအကုန်လုံးကိုနှုတ်ဆက်ပြီးတာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ် ။ အခန်းတံခါးရောက်မှသိလိုက်ရတာက လူဆိုးကောင်လေးကတံခါးကိုပါလော့ခ်ချထားပြီးသူလာမှာကိုသိတဲ့ပုံပဲ ။တံခါးခေါက်လိုက်ပေမယ့် အသံထွက်မလာတဲ့ကလေးက ဘယ်ထိစိတ်ဆိုးဖို့ပြင်ထားတယ်မသိ။

"Ta..တံခါးဖွင့်ဦး"

"............"

"TaTa ကိုယ်ပြောတာကြားလား အိမ်ပြန်မယ်ထွက်ခဲ့တော့ အိမ်ရောက်မှကောက်ချင်ကောက်"

"မလိုက်ဘူး! လာမခေါ်နဲ့!"

"ကိုယ်ပြောတာကိုနားမထောင်တော့ဘူးလား"

"ဘာကိစ္စနားထောင်ရမှာလဲ! မချစ်တော့ဘူးဆို!လာခေါ်မနေနဲ့! ကျွန်တော့်ကိုအရေးမလုပ်တဲ့လူနဲ့တစ်အိမ်တည်းတူတူမနေဘူး!"

"စိတ်ဆိုးစရာမဟုတ်တာကိုကွာ အပြင်ထွက်လာခဲ့ စကားပြောမယ်"

"မပြောဘူး! ‌ဘာမှပြောစရာလည်းမရှိဘူး!ခင်ဗျားပြန်တော့!"

အောက်ကလူကြီးတွေကြားမှာဆိုးလို့ခပ်ကျိတ်ကျိတ်ပြောနေရပေမယ့် အကြောတင်းလေးကတစ်ခွန်းမှမခံတာမို့ သူသက်ပြင်းချပြီးရပ်နေရတော့တယ် ။ နောက်ဆိုမချစ်ဘူးလို့သွားမစဖို့ပါဆုံးဖြတ်လိုက်မိတယ်။ Pongsapakတို့ကတော်ရုံ‌ဆိုးနေတာမဟုတ်ဘူး။တံခါးရှေ့မှာတင်အကျပ်ရိုက်နေတုန်း မားကပါတက်လာပြီးအထဲကကလေးကိုဆူတော့တယ်။

"Santa Pongsapakလေး ဘာလို့အဲ့လောက် ဆိုးဆာနေတာလဲပြော။ မင်းp'perthကိုနိုင်စားနေတာတွေများနေပြီမထင်ဘူးလား"

"ဘယ်မှာနိုင်စားလို့လဲ မာမားသားမက်ကသာသားကိုအနိုင်ကျင့်တာ! သူကသားကိုအလေးမထားတော့ဘူး ဂရုလည်းမစိုက်တော့ဘူး သားသူနဲ့တူတူမနေတော့ဘူး!"

"သူနဲ့မနေလို့ သခင်ငယ်လေးကဘယ်သူနဲ့တူတူနေချင်လို့လဲပြောပါဦး"

"မားနဲ့နေမှာ"

"မနေခိုင်းပါဘူးနော်"

"မား!"

"ကဲ ထပ်ပြီးဆိုးမနေနဲ့တော့ မင်း ကိုကိုကအလုပ်ကလိုက်လာရတာခုထိနားရသေးမှာမဟုတ်ဘူး ။ဖြစ်ချင်တာကိုပဲလုပ်မနေနဲ့ပြန်လိုက်သွား"

တိတ်နေတဲ့ကလေးကဘာမှပြန်‌မပြောတော့ဘဲငြိမ်သွားတယ် ။ မားကသော့အပိုတစ်ချောင်းကိုသူ့လက်ထဲထည့်ပေးသွားပြီးတာနဲ့ပြန်ဆင်းသွားတယ် ။ perthလက်ထဲကသော့နဲ့တံခါးကိုမြန်မြန်ဖွင့်ပြီးဝင်သွားလိုက်တယ် ။ သူဝင်လာတာနဲ့မျက်လုံးပြူးလေးနဲ့မော့ကြည့်လာတဲ့ကလေးကချက်ချင်းသူ့ကိုမျက်စောင်းထိုးပြီးတစ်ဖက်လှည့်သွားတာမို့ အနားကိုဝင်ထိုင်လိုက်တယ်။

"အိမ်ပြန်မယ် ထတော့"

"မပြန်ဘူး"

"ဘာလို့ဒီလောက်ဆိုး‌နေတာလဲ ပြော ဒါလေးပြောလိုက်တာနဲ့အိမ်ပြန်သွားစရာလား"

"အဲ့တော့ ကျွန်တော်ကဆိုးတာပေါ့! ဘာမှအလိုက်မသိဘဲနေရာတကာလိုက်နှောက်ယှက်နေတဲ့လူပေါ့လေ ဟုတ်လား!"

"ဘာတွေထင်ရာလျှောက်ပြောနေတာလဲကွာကိုယ်ကစလိုက်တာသိရဲ့သားနဲ့ကို"

"ဘာမှမစဘူး! ခင်ဗျားစိတ်ထဲကပါနေ‌လို့ပြောတာပေါ့! မချစ်ချင်လည်းနေ! ခင်ဗျားနဲ့မနေဘူး!"

"နေပါဦး စကားကိုနားထောင်ပါဦး"

"လာမထိနဲ့!~ဖယ်!..လွှတ်လို့!"

"Ta..."

"ဖယ်လို့..!"

ဒုတ်*

အာ့!

မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပြီး လက်ကိုဆွဲကိုင်ထားတဲ့သူ့လက်ကိုအတင်းဖယ်ချတယ်။လွှတ်မပေးဘဲဆုပ်ကိုင်ထားတဲ့လက်ထဲက အားနဲ့ဆောင့်ရုန်းလိုက်တာမို့ နောက်ကနံရံနဲ့ခေါင်းနဲ့ဆောင့်မိသွားခြင်း ။ အော်သံထွက်လာတဲ့အထိအားကပြင်းပြီး မျက်နှာကလေးပါရှုံ့မဲ့သွားတာမို့ပြာယာခက်သွားရတယ်။

"ကျစ် ဘာလို့အတင်းရုန်းနေတာလဲကွာ နာသွားပြီဒီကိုပြဦး"

"အင့်! မထိနဲ့လို့! အဲ့ဒါ‌ခင်ဗျားကြောင့်!"

"ဟုတ်ပါတယ် ကိုယ့်ကြောင့်ပါ ကိုယ်ကြမ်းသွားတယ် တောင်းပန်တယ်နော်"

"ဟင့်~"

"နာလို့လား သွေးထွက်သွားပြီလားကြည့်ရအောင် ပြပါဦး"

နောက်ကိုအတင်းဆုတ်နေတဲ့ကိုယ်လေးကိုဆွဲပွေ့လိုက်ပြီး ရင်ခွင်ထဲထည့်လိုက်တယ် ။ ပူသွားတဲ့‌ခေါင်းလေးက သွေးမထွက်ပေမယ့် အဖုနဲနဲထသွားတာမို့ ခပ်ဖွဖွပွတ်ပေးရင်း ခေါင်းလုံးလုံးလေးကိုကိုင်ပြီးနှုတ်ခမ်းနဲ့လေမှုတ်ပေးရတယ်။ရင်ခွင်ထဲငြိမ်နေတဲ့ကလေးက သက်သာသွားမှသူ့ရင်ဘက်ကိုရှေ့နဖူးနဲ့မကျေမချမ်းတိုက်နေပြန်တယ် ။ perthခေါင်းလေးကိုထိန်းကိုင်လိုက်ရင်းနဖူးကိုလက်နဲ့တောက်လိုက်တော့ဆူပုတ်သွားပြီးသူ့ကိုမျက်စောင်းထိုးကြည့်တယ်။

"နာနေတာကိုဘာလို့တိုက်နေတာလဲ"

"ကိုကို့ကို အမြင်ကပ်လို့"

"ကိုကိုကဘာလုပ်မိလို့လဲ"

"မချစ်ဘူးလို့ပြောတာကိုကိုလေ!"

"ဟုတ်လား ကိုကိုပြောလိုက်မိ‌တယ်လား"

"ခင်ဗျားကြီးမသိချင်ယောင်ဆောင်မနေနဲ့! လူကိုစိတ်ဒုက္ခတွေပေးပြီး မေ့ချင်တိုင်းမေ့ပစ်လို့မရဘူးနော်!"

"အိုး အိုး ကလေးလေးကစိတ်မကောင်းဖြစ်သွားတာလား ကိုကိုကတောင်းပန်ပါတယ်ကွာ ကိုကိုမကောင်းတာပါ babyမကျေနပ်ရင်ရိုက်ရင်ရိုက်လေ စိတ်မဆိုးပါနဲ့~နော်"

ကလေးချော့သလိုချော့နေရင်း လက်သီးဆုပ်ထားတဲ့လက်ကလေးတွေကိုဆွဲယူပြီးသူ့ရင်ဘက်ကိုရိုက်စေတော့ မျက်လုံးပင့်ကြည့်ပြီးမျက်စောင်းထိုးလာတယ် ။ ကိုင်ထားတဲ့လက်ကောက်ဝတ်ကိုရုန်းလိုက်တဲ့ငဂျစ်က တင်ပျဉ်ခွေထိုင်ထားတဲ့ပေါင်ပေါ်က စောင်အနားစကို ဆုပ်ချေနေပြီးမျက်လွှာချသွားတယ်။

"မချစ်တော့ရင်လည်းပြောလို့ရတယ်~ အရင်ကအတိုင်းပြန်နေလို့ရတယ်~ Taကလိုက်ကပ်နေလို့ပြောမထွက်တာဆိုရင်မလိုဘူး~ မကြိုက်ဘူးဆိုရင်လည်းပြော~ဝေးဝေးမှာပဲနေပေးမယ်~"

နောက်ဆုံးအသံလေးကတိမ်ဝင်သွားပြီး ခပ်တိုးတိုးလေးရှိုက်လိုက်တာမို့ perthပူထူသွားပြီး‌မျက်ရည်တွေဝေ့နေတဲ့ကလေးကိုပေါင်ပေါ်ဆွဲတင်လိုက်တယ်။ သူကစလိုက်မိတာကို အဟုတ်ထင်သွားတာပဲ။ တစ်ယောက်တည်းလျှောက်တွေးနေတဲ့ကလေးက ရောက်ကတည်းကအမေအနားပဲကပ်နေတယ်ဆိုတဲ့စကားကိုပြန်ကြားရင်းစိတ်မကောင်းဖြစ်သွားရတယ်။

"မဟုတ်တာကိုကွာ~ ကိုယ်ကစလိုက်မိတာပါကိုယ်မကောင်းတာပါ ။ ဒီလိုတစ်ယောက်တည်းလျှောက်တွေးပြီးနေနေစရာလားကွာ မကျေနပ်ရင်ကိုယ့်ကိုအရင်လိုပြန်ပြောလေ"

"ဟင့်~ ကိုကိုက~ငြိုငြင်နေသလိုကြီးလာပြောနေတာ~ Taမကြိုက်ပါဘူး~"

"အင်း အင်း ကိုကိုမှားပါတယ် မင်းစိတ်မကောင်းဖြစ်အောင်မပြောလိုက်သင့်ဘူး ။ ကိုကိုကမင်းကိုမချစ်လို့ဘယ်သူ့ကိုချစ်ရမှာလဲကွာ~"

"မသိဘူး~ချစ်ချင်တဲ့လူသွားချစ်!"

"တောင်းပန်တယ် တောင်းပန်တယ်နော် စိတ်မဆိုးနဲ့တော့နော် ကိုကိုကငိုအောင်လုပ်မိလို့တောင်းပန်ပါတယ် babyမကျေနပ်ရင်ရိုက်မလား ကိုယ်အရိုက်ခံမယ်လေ စိတ်မဆိုးပါနဲ့"

"မကောင်းတဲ့ကိုကို!"

"ဟုတ်ပါတယ် ကိုကိုမကောင်းတာပါ babyကပဲခွင့်လွှတ်ပေးပါဦး နော်"

"မချစ်ဘူးလို့မပြောနဲ့!"

"အင်း အင်း ထပ်မပြောတော့ဘူး ဘယ်တော့မှမပြောမိစေရဘူး ကိုကိုကတိပေးတယ်"

မျက်လုံးလှန်ကြည့်လာတဲ့ကလေးက မျက်ရည်တွေဝေ့နေတာမို့ အသာဖိသုတ်ပေးရင်းတတွတ်တွတ်ပြောနေမိတယ် ။ စိတ်ဆိုးရင်ချော့ဖို့ခက်တဲ့ကလေးက သူ့ပေါင်ပေါ်မှာထိုင်ရင်းမိုးချုပ်တဲ့အထိဂျီကျနေတော့တယ်။ ခေါင်းကိုဖွဖွပွတ်ပေးရင်း တောင်းပန်ကြောင်းတဖွဖွပြောနေတော့မှ စိတ်ဆိုးပြေပြီးအိမ်ပြန်ဖို့သဘောတူသွားတယ်။အခန်းထဲမှာတင် နှစ်နာရီကျော်ချော့ခဲ့ရပြီးပြန်တဲ့အချိန်ကျမှမားတို့ကိုနှုတ်ဆက်ပြီးဂျစ်တူးကိုပြန်ခေါ်ခွင့်ရခဲ့တဲ့သူ့အဖြစ်ပါ။

နောက်ဆိုရင် Santa Pongsapakကိုမချစ်တော့ဘူးလို့ မ‌စရဲတော့အောင်ကို သူနောင်တရသွားပါပြီ ။

TBC**

အချော့နိုင်ဆုံးသောဆုကို ကိုကိုPerth Tanaponအား ပေးအပ်ခြင်း🥇👏🎉🫠

တိုသွားတယ်ကွယ်😌🙇🙏

There are no comments yet. Log in to be the first to leave a review!

Similar stories