Fanfics

Fasten 25

11:58, 4 December 2025

ကားဟွန်းသံ ၊ ညဈေးထွက်သူတွေနဲ့စည်နေတဲ့ညဘက်ဈေးမှာဖြစ်တယ် ။ ညဘက်ဆိုbarကလွဲပြီးမရောက်ဖြစ်တဲ့perthတစ်ယောက် ဒီညတော့ငဂျစ်ကလေးရဲ့ဂျီကျမှုကြောင့် အလုပ်ကပြန်ရောက်ရောက်ချင်းညဈေးလိုက်ပေးရတဲ့အဖြစ် ။ မြင်မြင်သမျှဝယ်ပြီးတွေ့ရာအကုန်လျှောက်စားနေတဲ့ငဂျစ်ကပျော်နေပေမယ့် သူကတော့ဆွဲထားတဲ့လက်ကလေးလွတ်သွားမှာဆိုးတာကြောင့် နောက်ကမခွာဘဲလိုက်ပေးနေရတယ် ။ဈေး‌လည်ခေါင်လောက်ရောက်မှ လူနည်းနည်းကျဲသွားပြီးဆွဲထားတဲ့သူ့လက်ကိုလူဆိုးကောင်လေးက ပြန်ဆွဲကိုင်ပြီးရှေ့ကနေတဟုန်ထိုးပြေးသွားပြန်တယ်။ သတိလွတ်သွားတဲ့perthတစ်ယောက် ဆွဲခေါ်သွားနဲ့နောက်ကိုဟန်ချက်မပြတ်ပြေးလိုက်ရပြန်တယ်။

"Ta ချော်လဲမယ်လေကွာ ဖြေးဖြေးလျှောက်"

‌သိသိသာသာအရှိုန်လျှော့လိုက်တဲ့ခြေလှမ်းလေးက perthရှေ့မှာမျက်နှာချင်းဆိုင်လာရပ်ပြန်တယ် ။ ဆင်တူဝယ်ပေးထားတဲ့ဖိနပ်အဖြူလေးက ငဂျစ်ကလေးနဲ့မှပိုလိုက်ဖက်နေသလို ။ ခြေအိတ်မပါဘဲစီးထားတာမို့ခြေချင်းဝတ်နုနုလေးတွေက အထင်းသား ။ ဆက်ကြည့်နေရင်းအိမ်ပြန်ခေါ်သွားချင်စိတ်တွေပေါက်လာတာမို့ မျက်နှာချင်းဆိုင်ကမျက်နှာကြည်ကြည်လေးဆီအကြည့်ပြန်လွှဲရတယ် ။

Pongsapakကသူ့စိတ်အလုံးစုံကို အဲဒီလိုခြယ်လှယ်နိုင်တဲ့လူဆိုးလေးပါပဲ။

"ကိုကို"

"အင်း ဘာလိုချင်သေးလို့လဲ"

"အရုပ်ကောက်ချင်တယ်"

"အရုပ်လား"

"အင်း"

"ဟုတ်ပြီ သွားမယ်"

ဆွဲထားတဲ့လက်ကလေးကိုအံဝင်ဂွင်ကျဖြစ်အောင်ပြန်ကိုင်ရင်း လိုက်ရပြန်တယ် ။ အရုပ်ကောက်စက်နားရောက်တော့ပျော်နေတဲ့ငဂျစ်က သူ့ကိုပါမေ့သွားပြီး သည်းကြီးမည်းကြီးဆော့‌နေတယ် ။ ကောက်လိုက်တိုင်းပြန်ကျတဲ့အရုပ်ကအကြွေစေ့တွေကုန်သွားတဲ့အထိပါမလာဘူး။ ဘေးမှာမှီရပ်နေတဲ့သူ့ကို မျက်နှာငယ်လေးနဲ့ကြည့်လာပုံက မွေ့ရမ်းပစ်ချင်စရာကောင်းပေမယ့် မသိသလိုသာဟန်ဆောင်ပြီး မျက်ခုံးပင့်ကြည့်လိုက်တော့ မျက်နှာချိုသွေးပြီးပြုံးပြန်တယ် ။ လက်ပိုက်လျက်မှီရပ်နေတဲ့သူ့အနားတိုးလာပြီး ဖြူစွတ်စွတ်လက်ကလေးကိုသူ့ရှေ့မှာလာဖြန့်ပြတယ်။ perthရယ်ချင်သွားပေမယ့် မသိသလိုမေးဆက်ပြဝောာ့ အောက်နှုတ်လေးကသိသိသာသာစူထွက်လာတော့တယ်။

တကယ်ကို ဘာလေးလဲကွာ ။

"ဘာလဲ"

"ကုန်သွားပြီ"

"ဘာကုန်တာလဲ"

"ပိုက်ဆံလေ"

"ကုန်ရင်ပြန်မယ်လေ"

ရှေ့ကလက်ကလေးကိုဆွဲကိုင်လိုက်ရင်းပြန်ဖို့လုပ်တော့ လက်မောင်းကိုအတင်းဆွဲပြီး သူ့ပုခုံးနားကိုပါးလေးကပ်လာပြန်တာက အမွေးပွခွေးပေါက်ကလေးနဲ့တူတယ် ။ perthမနေနိုင်တော့ဘဲ ခေါင်းလုံးလုံးလေးကိုဆွဲဖွလိုက်‌မိတယ်။

"ဟာ မပြန်ပါဘူး မပြန်ရဘူးနော် Taအဲ့အရုပ်လိုချင်တယ် ။ လုပ်ပါ ပိုက်ဆံထပ်ပေးနော်"

"မရဘူး ပေးထားတာကုန်သွားပြီမလား ထပ်ဆော့လည်းရှုံးမှာပဲ ပြန်မယ်"

"ကိုကိုကဗျ! ဆော့မှာပါဆို မပြန်ဘူးနော် အဲ့အရုပ်မရမချင်းမပြန်ဘူးလို့.. လုပ်ပါ နည်းနည်းပဲထပ်ပေး ထပ်ဆော့ကြည့်‌ရင်ရတော့မှာပါဆို!"

"မရဘူး"

မျက်နှာတည်နဲ့ငြင်းနေတဲ့သူ့ကို မကြည်ကြည့်ကြည့်လာပြီး အံကျိတ်ပစ်တယ် ။ လိုချင်တာမှန်သမျှperthကဘဲလိုက်ရှင်းပြီး ဝယ်ပေးနေကျမို့ဒီကလေးဆီမှာငွေသားမရှိတာသိတာကြောင့်ဆက်ပြီးစနေမိတယ် ။ မရတဲ့အဆုံးမလှုပ်မရပ် ရပ်နေတဲ့perthလက်မောင်းကို အုန်းကနဲရိုက်ပြီး ခြေဆောင့်လိုက်တဲ့ငဂျစ်က မျက်စောင်းပါထိုးနေပြန်တယ် ။

"နည်းနည်းလေးပဲပေးပါဆိုနေမှပဲ ကိုကိုက! အိမ်ရောက်ရင်ပြန်ပေးမယ် ခင်ဗျားပိုက်ဆံကိုဘယ်သူမှအလကားယူမနေဘူး သိလား!"

"ဘယ်ကပိုက်ဆံနဲ့ပြန်ပေးမှာလဲ ပြော"

"မာမားပိုက်ဆံနဲ့ပြန်ပေးမှာ စိတ်ချ! သူများမသထာတဲ့ပိုက်ဆံကို ဘယ်သူမှယူမနေဘူး!"

"သေချာလို့လား ကိုယ့်ပိုက်ဆံနဲ့ကိုယ့်ကိုပြန်အကြွေးဆက်မှာတော့မဟုတ်ဘူးမလား"

"ကိုကိုနော်! ခင်ဗျားအကျင့်မယုတ်နဲ့!"

"ဘယ်မှာယုတ်လို့လဲ ကိုယ်ပြောတာမှန်တယ်မလား"

"ဘာမှမဟုတ်ဘူး မာမားဆီကတောင်းမှာပါဆို!ဘယ်လိုလူလဲမသိဘူး သူများသားကိုယူထားပြီး ပိုက်ဆံလေးပေးရမှာကိုနှမြောနေတာ မပေးချင်ရင်အစကတည်းကမယူပါနဲ့လား!"

မကျေမနပ်ပြောနေတဲ့လူအနားတိုးကပ်သွားလိုက်ရင်း ပုခုံးကိုဆွဲလှည့်လိုက်ပြီး အကြည့်ချင်းစုံစေလိုက်တယ်။

"ဒီမှာဂျစ်တူး ကိုယ့်ကိုကြည့်"

"ဘာလဲ!'

နှဖူးကိုခပ်ဖွဖွတောက်ရင်းလူဘက်လှည့်စေတော့စူးကနဲအော်ပြန်တယ်။ ဘေးမှာဆော့နေတဲ့ကလေးတချို့ကပါသူတို့ကိုမသိမသာကြည့်လာကြတယ် ။ perthရှေ့က မျက်စောင်းထိုးနေတဲ့ခွေးပေါက်လေးရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်တော့လက်ကိုဖယ်ချပြန်တယ်။

"တကယ်ဆို မင်းကကိုကို့ကိုတောင်ကျေးဇူးတင်ရမှာသိရဲ့လား"

"ဘာကျေးဇူးရှိလို့တင်ရမှာလဲ မတင်ပါဘူး"

"Udompochအိမ်တော်ရဲ့ အဆိုးအဆာလေးကိုယူပေးထားတဲ့ကိုယ့်ကို ကျေးဇူးတင်သင့်တာပေါ့ ကိုယ်သာမယူလိုက်ရင် မင်းလိုလူဆိုးကောင်လေးကိုဘယ်သူက သည်းခံနိုင်မှာတဲ့လဲ မင်းကိုချစ်ပြီးအလိုလိုက်ပေးနေတဲ့ကိုကို့ကို ကျေးဇူးတင်သင့်တာပေါ့ မဟုတ်ဘူးလား"

"ဘာမှဟုတ်မနေဘူး မယူချင်လည်းနေပေါ့ ဘယ်သူကအတင်းယူခိုင်းနေလို့လဲ သူဘဲအတင်းဇွတ်လက်ထပ်ချင်နေပြီးတော့ လက်မခံဘူးဆိုတာလည်းအတင်းဇွတ်အပိုင်သိမ်းတာခင်ဗျားမဟုတ်ဘူးလား ခင်ဗျားကသာTaမှTaဖြစ်နေလို့အတင်းယူချင်နေတာမဟုတ်ဘူးလားပြော!"

"ဟက်! ဟုတ်ပါတယ်ကွာ"

"ဟုတ်ရင်ပေး"

"ဘာပေးရမှာလဲ"

"ပိုက်ဆံပါဆိုနေ ခုဏကတည်းကပေးလိုက်ရင်ပြီးနေပြီကို ကိုကိုကရစ်နေတာ"

"မရှိတော့ဘူး ပြန်မယ်မိုးချုပ်နေပြီ"

"ဟာ! မပြန်ပါဘူးဆိုနေ အဲ့အရုပ်မရမချင်းမပြန်ဘူးလို့ ကိုကိုက! နည်းနည်းလေးထပ်ပေးလိုက်ရင်ရနေပြီကို‌ဗျ"

"Ta.. မဆိုးစမ်းနဲ့ကွာ ပြန်မယ် ကိုယ်နားချင်နေပြီ"

"ဘယ်မှာဆိုးလို့လဲ ကိုကိုပဲရစ်နေပြီးဝောာ့!ချက်ချင်းပေးလိုက်ရင်ပြန်လို့ရနေပြီကို သက်သက်ညစ်နေတာ!"

"မရဘူး"

"မပေးရင်မပြန်ဘူး!"

အရုပ်ကောက်စက်နားချက်ချင်းထိုင်ချပစ်တဲ့ငဂျစ်က မပေးမချင်းရစ်တော့မယ့်အရိပ်ယောင်တွေမြင်နေရပြီ။ perthအလျှော့မပေးဘဲ လက်ပိုင်ပြီးရပ်နေတော့ သူ့ကိုမော့ကြည်မ‌လာတော့တဲ့လူက နှုတ်ခမ်းဆူပြီးခေါင်းငုံ့ပစ်တယ်။ လိုချင်တယ်ဆိုတာထက် သက်သက်ရစ်ချင်နေတာသိတာမို့ perthအလျှော့မပေးမိအောင်စိတ်တင်းထားလိုက်တယ် ။ အနေအထားကမျက်နှာချင်းဆိုင်ဖြစ်ပြီး အရုပ်ကောက်စက်ရှေ့မှာ လက်ပိုက်လျက်ရပ်နေတဲ့သူ့ကို ကောက်ချိတ်ပြီးတင်ပျဉ်ခွေထိုင်နေတဲ့ဂျစ်တူးက အလျှော့မပေးရင်ထမှာမဟုတ်တာ သေချာတယ်။ အလျှော့မပေးချင်တာမဟုတ်ပေမယ့် ကိုယ်တိုင်ကိုက အရစ်ခံချင်နေတော့လည်း စိတ်မကောက်ကောက်အောင်စနေမိတော့တာ ။ ငဂျစ်ကလေးရစ်ရင် တကယ်အသည်းယားစရာကောင်းတယ်။

"Pongsapak"

"ဘာလဲ"

"ပြန်ဖို့အစီအစဉ်မရှိတော့ဘူးလား"

"မပြန်ဘူး"

"ကိုယ်ကပြန်မှာ"

"ပြန်လေ ကိုကို့ဘာသာပြန်ချင်ပြန်မပြန်ချင်နေ!"

"သေချာလား"

မျက်လုံးပင့်ကြည့်ပြီးချက်ချင်းပြန်ငုံ့သွားပြန်တယ် ။ သေချာငုံ့ကြည့်နေတဲ့လူက ရယ်ချင်စိတ်ကိုအတင်းထိန်းပြီး တင်ပျဉ်ခွေထိုင်နေတဲ့လူရှေ့ ဒူးတစ်ဖက်ထောက်ချပြီး ထိုင်လိုက်မိတယ် ။ခေါင်းတစ်လုံးစာပိုနိမ့်နေတဲ့ဂျစ်တူးက သူ့ကိုမျက်လုံးလှန်ကြည့်ပြီးမျက်စောင်းထိုးနေပြန်တယ် ။ perthဆံစနုနုလေးတွေကို လက်နဲ့ဖွလိုက်ရင်း စမိတော့သူ့လက်ကိုပြန်ပုတ်ချတယ်။

တကယ် အကြောတင်းလေးပဲ ။

"ထတော့ သူများတွေပြန်ကုန်ပြီ"

"ပြန်ပါစေပေါ့ သူ့ဟာသူပြန်တာဘာလုပ်ရမှာလဲ"

"မရစ်ပါနဲ့ဝောာ့ကွာ ကိုကိုတကယ်နားချင်နေပြီ ပြန်ကြမယ်နော်"

"မပြန်ပါဘူးဆိုနေ! ကိုကိုမပေးမချင်မပြန်ဘူးနော်! ပြောထားပြီးသား!"

"ဒါဆိုနေခဲ့‌ ကိုကိုပြန်တော့မှာ"

"ပြန်ပေါ့"

"ပြီးတာပဲ"

ထိုင်နေတဲ့လူရဲ့ခေါင်းကဆံပင်တွေကိုဖွပစ်လိုက်ရင်း ထရပ်လိုက်တယ်။ ထပ်ကြည့်မလာတော့တဲ့လူဆိုးကောင်လေးက မရမချင်းဇွဲလျှော့မှာမဟုတ်တော့ဘူး ။ perthသက်ပြင်းချလိုက်မိရင်း အိတ်ကပ်ထဲကငွေသားကိုအကြွေစေ့နဲ့သွားလဲလိုက်တယ် ။ ထိုင်နေဆဲငဂျစ်ကမော့ကြည့်မလာဘဲ မလှုပ်မရပ်ထိုင်နေတာမို့ လက်ထဲကအကြွေစေ့ကိုထည့်လိုက်ပြီး ကိုယ်တိုင်ကောက်ကြည့်လိုက်တယ် ။ ပထမဆုံးကောက်ဖူးတာမို့ ခဏခဏပြန်ကျသွားပေမယ့် တစ်ခုတည်းကျန်တော့တဲ့‌အကြွေစေ့မှာ ဒုက္ခပေးနိုင်လွန်းတဲ့အရုပ်ကလေးကို ကောက်နိုင်သွားခဲ့တယ်။ ဟူးကနဲသက်ပျင်းချလိုက်မိရင်း အရုပ်ကိုဆွဲနှုတ်လိုက်တဲ့သူ့ပုံစံက လုပ်ငန်းprojectတွေအောင်မြင်တာထက်ပိုကျေနပ်နေတဲ့ပုံပေါ်နေတော့တယ်။ လက်ထဲပါလာတဲ့အရုပ်လေးက ကောက်ချိတ်နေတဲ့လူလိုပဲ နှုတ်ခမ်းဆူနေတဲ့ပုံလေး ။ ဆံပင်အနီရောင်ပုံဖြစ်ပြီး necktieပါတဲ့suitအနက်ဝတ်ထားပုံကလဲ ဂျစ်ကန်ကန်နိုင်နေပြန်တယ် ။ သူနဲ့တူတဲ့အရုပ်မျိုးကိုရွေးပြီးသဘောကျတတ်တဲ့ဟာလေးကိုလည်း ဆလံသမိတော့တယ် ။

တကယ်မန်ိုင်ဘူး ။

ကောက်ချိတ်နေဆဲငဂျစ်က သူ့ကိုထိုင်နေလျက်မော့ကြည့်တယ် ။ လက်ထဲကအရုပ်ကို ဆူပုတ်ပုတ်ဖြစ်နေတဲ့မျက်နှာအနားကပ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်တယ် ။ တစ်ဆက်တည်းဖုန်းထုတ်ပြီးမှတ်တမ်းတင်လိုက်တဲ့ပုံကလေးမှာ နှုတ်ခမ်းစူနေတဲ့ ပုံးလေးနှစ်ခုကနေရာယူတယ်။သူလုပ်သမျှလိုက်ကြည့်နေတဲ့လူက လိုချင်နေတဲ့အရုပ်ကိုလက်ထဲထည့်ပေးလိုက်မှမျက်နှာကြောပြေသွားတယ်။ ချက်ချင်းကျေနပ်သွားတဲ့မျက်နှာလေးက သူ့ကိုဟီးကနဲရယ်ပြလာပြန်တယ်။

"ကျေနပ်ပြီလား"

"အွန်း.. ကိုကိုကအရမ်းတော်တာပဲ"

"တော်ပါကွာ လိုချင်တာရမှမျက်နှာချိုသွေးနေတာ အရမ်းဆိုးတယ်နော်Pongsapak"

"အဲ့တော့မချစ်ဘူးလား ပြော"

"မချစ်ရဘူးလား"

"ကိုကိုနော်!"

"စတာ စတာ ချစ်တယ် ။ အရမ်းချစ်တယ် ။အများကြီးချစ်တာမို့ ပြန်ကြမယ်နော် စိတ်မကောက်နဲ့တော့"

"ဟွန့်."

"ထ ကိုကိုချီမယ်"

စူပုတ်နေတဲ့နှုတ်ခမ်းလုံးလေးကိုလက်နဲ့ဆွဲညှစ်လိုက်ပြီး ထိုင်နေတဲ့လူကိုကျောပေးလိုက်တော့ အလိုက်သင့်နဲ့ပုခုံးကိုဖက်တွယ်လာပုံက ပိုလာဝက်ဝံကလေးနဲ့တူတယ်။ လက်တစ်ဖက်ကအရုပ်ကိုပွေ့ထားပြီး ကျန်တဲ့တစ်ဖက်ကသူ့လည်ပင်းကိုဖက်တွယ်ထားပုံက နေသားတကျ။ အဲဒီလိုပဲ ငဂျစ်ကလေးရဲ့အရာရာတိုင်းမှာ သူဟာနေသားတစ်ကျဖြစ်နေမိသလို ဒီကောင်လေးက‌လည်း သူ့ရဲ့မြတ်နိုးခြင်းတွေမှာ အသားတကျပျော်မွေ့တတ်ပါသေးတယ်။ အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ ကျောပေါ်ကကောင်လေးရဲ့တီတီတာတာစကားလေးတွေကို အသည်းယားတိုင်း ရယ်နေမိပြီးနောက်ကိုလှည့်နမ်းမိတိုင်း ရုန်းတတ်တဲ့ငဂျစ်ကလေးကိုစရင်း အပြန်လမ်းဟာရှည်လျားခဲ့တယ်။ ရယ်သံလေးတွေပျံ့လွင့်သွားတဲ့အခါတိုင်း ကြည်နူးရတဲ့စိတ်က ပန်းကလေးတွေပျိုးတဲ့ဥယျဉ်မှူးတစ်ယောက်နဲ့တူပါတယ်။ ပန်းကလေးအနာတရကင်းကင်းပွင့်ဖူးနိုင်ဖို့အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးရတဲ့ခံစားချက်လိုမျိုး ။ ခံစားချက်တွေနစ်သဲလာတဲ့နောက်မှာသက်ဆိုင်သူကလေးပြုံးပျော်နေဖို့ကိုသာ လိုလားတောင့်တမိလာတယ်။ ချစ်ရသူပျော်ဖို့အတွက် အရာရာဖြည့်ဆီးပေးချင်တာဟာ ခိုင်မာတဲ့ခံယူချက်တစ်ခုဖြစ်လာခဲ့တယ်။

.....

"ကိုကို"

"ဗျာ"

"baby ဘာဖြစ်လို့လဲ"

မေးတာကိုမဖြေဘဲ အလုပ်လုပ်နေတဲ့သူ့အနားကို မျက်နှာလေးမဲ့ရှုံ့ပြီးရောက်လာတယ်။ လက်တစ်ဖက်က ဗိုက်ကိုဖိကိုင်ထားပြီးငိုမဲ့မြဲလေးဖြစ်နေတာမို့ ပြာယာခတ်သွားရပြီး လက်ကနေဆွဲခေါ်ပြီးပေါင်ပေါ်ထိုင်စေလိုက်တယ်။

"ဘာဖြစ်လို့လဲ နေမကောင်းလို့လား"

"‌ဗိုက်အောင့်တယ်~ဟင့်~"

ခပ်အီအီအသံလေးက သူ့လည်တိုင်ကြားမှာခေါင်းအပ်ထားရင်းထွက်လာတယ်။ perthသက်ပြင်းချလိုက်မိပြီး ခေါင်းလုံးလုံးလေးကိုဖိကိုင်ရင်း ‌မျက်နှာမော့စေလိုက်တယ်။ မျက်ခုံးတွေတွန့်ချိုးထားပုံက တကယ်နေမကောင်းတဲ့ပုံဖြစ်နေတာမို့ စိတ်မကောင်းဖြစ်ရပြန်တယ်။ အထိခိုက်မခံတဲ့ကလေးက တကယ်ကိုနုနယ်နေတာ အလိုလိုက်ခံအတန်းစားလေးမှန်းသိသာလွန်းတယ်။

"အရမ်းနာနေတာလား ဆေးခန်းသွားမလား ကိုကိုလိုက်ပို့မယ်"

"ဟင့်အင်း~ မသွားချင်ဘူး"

"ဟင်းးးPongsapakကတကယ် ပြောရဆိုရခက်တယ်နော် တွေ့ရာတွေလျှောက်စားပြီးဖြစ်ပြီမလား မင်းကကိုကို့စကားကိုဆိုဘယ်တော့မှနားမထောင်ဘူး"

"မဆူပါနဲ့~"

ခပ်အီအီအသံလေးကတိမ်ဝင်သွားတာမို့ ဆက်ပြီးပြောတော့ဘဲ နေသာအောင်ခုံကိုပြင်ထိုင်လိုက်ရတယ်။ ခါးမှာအံဝင်ဂွင်ကျချိတ်ထားတဲ့ခြေထောက်လေးတွေကပါအေးစက်နေပြီး တစ်ချက်တစ်ချက်အင့်ကနဲ့ငြီးငြူလိုက်တိုင်း ပြာယာခက်နေရတဲ့သူ့အဖြစ်။ ဆေးတိုက်မယ်ဆိုတော့လည်း အထမခံတဲ့ကလေးကြောင့် အင်္ကျီထဲလက်လျှိုဝင်ပြီး ဗိုက်သားချပ်ချပ်ကလေးကို ခပ်ဖွဖွပွတ်‌သပ်ပေးနေမိတယ်။ နေသာသွားတဲ့ကလေးက သူ့လည်ပင်းကြားမှာမျက်နှာကပ်ပြီးအသက်ရှူမှန်မှန်နဲ့ငြိမ်ကျသွားတယ်။

"သက်သာလား"

"အင်း~"

"နောက်ဆိုဘယ်ဈေးတန်းမှလိုက်မပို့တော့ဘူးတွေ့ရာအကုန်လျှောက်စားပြီးဖြစ်တာပဲနေမှာ ။ နောက်ထပ်ပြီးသွားရဖို့စိတ်မကူးနဲ့ မင်း"

"ကိုကိုကလည်း~~"

"ဘာလဲ"

"နေမကောင်းပါဘူးဆို လာဆူနေတယ်~!"

"ထ အခန်းထဲသွားမယ် ဆေးလိမ်းရအောင်"

ဆွဲထူပြီးချီဖို့ပြင်တော့လည်း သူ့ပုခုံးကိုဖက်ပြီးငြိမ်ငြိမ်လေးလိုက်လာတဲ့ပုံလေးက သနားစရာလေးဖြစ်နေပြန်တယ် ။ အခန်းထဲရောက်တာနဲ့နေရာမှာချပေးပြီး သက်သာစေဖို့ဗိုက်ကိုဆေးလိမ်းပေးနေတော့ သူ့ကိုကြောင်ပေါက်ကလေးလိုမျက်လုံးလှန်ပြီးကြည့်နေပြန်တယ်။ အင်္ကျီကိုအပေါ်လိပ်တင်ထားတာမို့ ဖြူနုနေတဲ့ဗိုက်သားပြင်လေးပေါ်မှာ သူ့လက်တွေပြေးလွှားနေတာကိုကြည့်ပြီး နားရွက်ဖျားတွေထိရဲတက်သွားတဲ့ကောင်ဆိုးလေးက ရှက်တတ်တဲ့နေရာမှာလည်းနှစ်ယောက်မရှိဘူး ။ ဆွဲကိုက်ခံထားရတဲ့အောက်နှုတ်ခမ်းလေးကိုအတန်ကြာအောင်မလွှတ်တမ်းကိုက်နေသေးတာမို့ နှုတ်ခမ်းအောက်ကမှည့်ကလေးကိုငုံ့နမ်းရင်း ခပ်တိုးတိုးလေးကပ်ပြောလိုက်မိတယ်။

"နှုတ်ခမ်းကိုက်မထားနဲ့ ကိုကိုမင်းကိုတစ်ခုခုလုပ်မိလိမ့်မယ်"

ချက်ချင်းလွှတ်လိုက်တဲ့အောက်နှုတ်ခမ်းသားလေးက သွားရာလေးပါပေါ်နေပြီးစိုရဲနေပြန်တယ် ။ ပြောမိတာမှားသွားပြီးဆိုတာ အရည်လဲ့နေတဲ့နှုတ်ခမ်းလေးကိုစိုက်ကြည့်နေမိရင်း သိလိုက်ရတယ်။

"အင့်~"

ပြွတ်စ်*

မနေနိုင်တော့တဲ့အဆုံးလှဲနေတဲ့လူကို ငုံ့နမ်းလိုက်မိတယ်။ သူ့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီးပြန်မော့နမ်းလာပုံက ဆေးတိုက်ခံရတုန်းကအပြုအမူနဲ့ခပ်ဆင်ဆင်ပါပဲ။ နာနေတဲ့အသိစိတ်ကို သူ့အနမ်းတွေနဲ့ဖြေဖျောက်နေ‌တဲ့ ကောင်ဆိုးလေးက ညဏ်များတဲ့ခွေးပေါက်ကလေးပဲဖြစ်မယ်။ အဆုံးသတ်အနေနဲ့‌ အရာထင်နေတဲ့အောက်နှုတ်ခမ်းလေးကိုဆွဲကိုက်ပြီးမှ လွတ်ပေးရင်း ဖွာကျနေတဲ့ဆံပင်တွေကိုသပ်တင်ပေးနေတော့ ထိုင်နေတဲ့သူ့ခြေထောက်တွေနားမှာမျက်နှာဖွတ်ပစ်တဲ့‌အသေးလေးက သူ့ကိုဒီလိုပုံစံနဲ့လည်းအသည်းယားအောင်လုပ်နိုင်လွန်းပါတယ်။

Perthအသံထွက်အောင်ပြုံးလိုက်မိရင်း ဆေးဘူးကိုစားပွဲပေါ်တင်တိုက်တယ် ။ မျက်နှာမဖော်ဆော့တဲ့ငဂျစ်ကလေးကိုသိမ်းပွေ့ရင်းဘေးမှာဝင်လှဲလိုက်တယ်။

"သက်သာလား"

"........."

"မေးတာကိုဖြေဦးလေကွာ မနမ်းဖူးတာမဟုတ်ဘဲဘာတွေဒီလောက်ရှက်နေတာလဲ"

"ကိုကို~"

"အင်း"

"မပြောနဲ့~"

သူ့နှုတ်ခမ်းကိုလက်သေးသေးလေးနဲ့ဖိကပ်ပြီးမော့ကြည့်တယ်။ နှုတ်ခမ်းကိုထိကပ်ထားတဲ့လက်ညှိုးလေးကိုခပ်ဖွဖွဆွဲကိုက်လိုက်တော့ သူ့ရင်ဘက်ကိုအားနဲ့ရိုက်ချလာတော့တယ်။ perthအသည်းယားပြီး နားရွက်ဖျားလေးတွေနဲ့ ‌နှာခေါင်းလုံးလုံးလေးပါမကျန် ခပ်ဖွဖွ‌ဆွဲကိုက်နေမိတယ်။

"အင့်~! ဘာလို့လိုက်ကိုက်နေတာလဲ ကိုကို!"

"ချစ်ဖို့ကောင်းတယ်"

"ဖယ်‌ပေး~ ကိုကိုအနိုင်မကျင့်နဲ့လို့..! ဟင့်! နေမကောင်းပါဘူးဆိုသူများသားသမီးကို နာအောင်လုပ်နေတာ!"

"ပလီပလာနဲ့ကွာ~"

"ဘယ်မှာပလီတာလဲ"

"မနာဘဲနဲ့မအော်နဲ့ တကယ်နာ‌သွားအောင်လုပ်လိုက်မှာနော်"

"အကျင့်မကောင်းတဲ့ကိုကို!"

"ဟက်! ကိုကိုကောင်းတာမင်းအသိဆုံးပဲလေ"

"တော်တော့လို့ပြောနေတာကို အဲ့ကိုကိုက!"

ရင်ဘက်ကိုတဘုန်းဘုန်းရိုက်နေတဲ့လက်က‌လေးကိုဆွဲယူပြီး ရင်ခွင်ထဲသိမ်းပွေ့ထားလိုက်မိတယ်။မြိုချထားချင်အောင်ထိ အသည်းယားအောင်လုပ်နိုင်လွန်းသူလေးက အန္တာများတဲ့သတ္တဝါ‌လေးပဲ။

ပွေ့ထားပေးရင်းငြိမ်နေတုန်း စားပွဲပေါ်ကတုန်ခါနေတဲ့ဖုန်းကိုယူကြည့်လိုက်မိတယ်။မကိုင်သေးဘဲကြည့်နေတော့ ရင်ခွင်ထဲကအသေးလေးကပါcontact nameကိုမြင်ပြီးငြိမ်သွားတယ် ။ ခေါ်နေသူကmaiဖြစ်ပြီး အလုပ်ပိတ်ရက်ဖြစ်နေတာမို့ perthမဖြေချင်ဘဲ အသံပိတ်ပြီးပစ်ထားလိုက်တယ်။

"ဘာလို့မကိုင်တာလဲ"

"နေပါစေ အလုပ်ကိစ္စပြောမှာနေမှာ မနက်ဖြန်မှပြောလိုက်မယ်"

"အရေးကြီးရင်ဘယ်လိုလုပ်မလဲ"

"မကြီးဘူး အလုပ်ချိန်မဟုတ်ဘဲအလုပ်ကြောင်းမပြောချင်ဘူး ။ ကိုယ့်ဘေဘီနဲ့ပဲအချိန်ကုန်ချင်တာမို့ ဘေဘီကငြိမ်ငြိမ်လေးနေပေး"

"အင့်~"

"နာနေသေးလား"

"နည်းနည်း~ ဒီလိုနေပေးလို့သိပ်မနာတော့ဘူးကိုကိုညောင်းနေရင်ပြောနော် Taဖယ်ပေးမယ်"

"ရတယ် မညောင်းဘူး။ တစ်ရေးလောက်အိပ်လိုက် နိုးလို့မသက်သာရင်ဆေးခန်းလိုက်ပို့ပေးမယ်"

ခပ်တင်းတင်းသိုင်းဖက်လိုက်တဲ့ကိုယ်လုံးလေးကို ရင်ဘက်ပေါ်တင်ရင်းမျက်လုံးတွေမှိတ်လိုက်တယ်။ အရင်ကတည်းကနှစ်ဖက်မိဘကသူငယ်ချင်းတွေဖြစ်နေတာကြောင့်perthအလိုက်သင့်ဆက်ဆံပေးခဲ့ပေမဲ့ သူစိတ်ရှုပ်ရတာတွေကိုတကယ်မကြိုက်ဘူး။ နှစ်ရက်ပဲတွဲခဲ့မိတဲ့ ရည်းစားဟောင်းဆိုတဲ့ခေါင်းစဉ်နဲ့တင်သူတော်တော်စိတ်အိုက်နေပြီမို့ maiကိုဆိုသူသိသိသာသာရှောင်နေမိတာ။ ငဂျစ်ကလေးကိုယ်တိုင်ကလည်း အဲဒီမိန်းကလေးကိုသဘောမကျတဲ့ပုံပေါ်နေတာမို့ သိပ်မတွေ့ဖြစ်အောင်သာနေလိုက်မိတယ်။ မလိုလားတဲ့အကြောင်းပြချက်တွေကြောင့်နဲ့ ကတောက်ကဆဖြစ်ရမှာမျိုးထပ်မလိုချင်တော့ဘူး။

TBC**

There are no comments yet. Log in to be the first to leave a review!

Similar stories