Fasten 22
13:32, 6 November 2025"Ta ရောက်ပြီထတော့"
"ဟင်"
ပုခုံးကိုလှုပ်နှိုးလိုက်မှဆက်ကနဲမျက်လုံးဖွင့်ကြည့်လာတဲ့လူကအိပ်ချင်မူးတူးပုံစံနဲ့ပတ်ဝန်းကျင်ကိုစူးစမ်းနေပြန်တယ်။တစ်လျှောက်လုံးကားအမိုးဖွင့်မောင်းလာတာကြောင့် လေတိုက်ခံရလို့ရှုပ်ပွနေတဲ့ဆံပင်တွေကိုသပ်တင်ပြီးသေချာမပွင့်သေးတဲ့မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့ပွတ်သပ်နေပြန်တယ်။perthလက်နှစ်ဖက်ကိုဆွဲယူလိုက်ပြီး လက်မနဲ့ခပ်ဖွဖွပွတ်ပေးရင်း ပွနေတဲ့ဆံပင်တွေကိုပါသေချာသပ်တင်ပေးလိုက်တယ်။
"မပွတ်နဲ့တော့ မျက်လုံးကျိမ်းနေမယ် ဘယ်အရင်သွားချင်လဲ အခန်းကိုအရင်သွားမလား"
"အိပ်ချင်တယ်~"
"အိပ်ရေးမဝဘူးလား"
"အင်း"
"ဒါဆိုအခန်းကိုအရင်သွားမယ် တစ်ရေးလောက်ပြန်အိပ်ပြီးမှအပြင်လိုက်ပို့ပေးမယ်"
ခေါင်းတဆက်ဆက်ငြိမ့်ပြလာတဲ့ကလေးက တကယ်အိပ်ရေးမဝတဲ့ပုံမို့ ကြိုစာရင်းသွင်းထားတဲ့အခန်းကိုပဲမောင်းခဲ့လိုက်တယ်။အခန်းရောက်တာနဲ့တစ်ခါတည်းပြန်အိပ်သွားပြီး ခရီးပန်းနေပုံရတာကြောင့် perthခြေသံလုံလုံနဲ့ပစ္စည်းတွေကိုနေရာချလိုက်တယ်။မနက်ငါးနာရီလောက်ကထွက်လာခဲ့တာမို့ နေမပူခင်ရောက်ပြီးလမ်းလျှောက်ထွက်ဖို့လုပ်ထားတဲ့perthအစီအစဉ်တွေက ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးကိုကြည့်ပြီးပင်လယ်ထဲမျောပါသွားသလိုပဲ။
Pongsapakတို့က အစားနဲ့အအိပ်အတွက်ကိုတော့ စိတ်ပူပေးစရာမလိုဘူး။
ပစ္စည်းတွေနေရာချပြီးတာနဲ့ အပေါ်အင်္ကျီကိုချွတ်လိုက်ပြီးအိပ်နေတဲ့လူဘေးဝင်လှဲပြီးဖက်ထားပေး လိုက်တယ် ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ငဂျစ်က ခြေအိတ်ချွတ်မထားတာသတိရလိုက်မိတော့ ပြန်ထထိုင်လိုက်ပြီး ခြေအိတ်ဖြူလေးကိုအသာဆွဲချွတ်ပေးရတယ် ။ perthဘာလုပ်လုပ်နိုးမလာတော့တဲ့ဂျစ်တူးကိုကြည့်ပြီး ခေါင်းခါရင်းပြုံးလိုက်မိတယ် ။
နှစ်သစ်ကူးမှာထွက်ဖို့ရည်ရွယ်ထားတဲ့ honey moon ခရီးက ပါပါးဇာပနကြောင့်နောက်ဆုတ်ခဲ့ရတာမို့ အလုပ်တွေအပြီးဖြတ်ပြီးတာနဲ့အစီစဉ်မရှိဘဲ Phuketကိုထွက်လာခဲ့လိုက်တာ။ လက်ထပ်ပြီးခြောက်လကြာမှထွက်ခဲ့ရခဲ့ခရီးက တခြားသူတွေလိုromaticဆန်ဆန်မဟုတ်ပေမယ့် ရင်ခွင်ထဲကငဂျစ်နဲ့တူတူသွားရတဲ့ပထမဆုံးခရီးကသူ့အတွက် ရင်ခုံကြည်နူးစရာကောင်းပါတယ် ။ လက်မောင်းပေါ်ခေါင်းခုအိပ်နေတဲ့လူကတော့ ဘာမှမခံစားရသလိုအိပ်ဖို့ပဲလုံးပန်းနေတာမို့ ရောက်ရောက်ချင်းမှာပဲ ကုတက်ပေါ်မှာသုံးနာရီလောက်နေပေးလိုက်ရတဲ့ perthအဖြစ်ကကသိကအောက်နိုင်လွန်းပါတယ်။
နိုးလာတာနဲ့ဆက်ကနဲထထိုင်ပြီး အခန်းမှန်ကမြင်နေရတဲ့ပင်လယ်ကိုမျက်လုံးလက်လက်ကလေးတွေနဲ့ကြည့်ပြီး perthဘက်ကိုလှည့်ကြည့်လာတယ်။ perthမသိချင်ယောင်ဆောင်နေလိုက်ပြီး လက်နှစ်ဖက်ကိုခေါင်းအောက်ခုထားရင်းအိပ်နေလျက်ပြန်ကြည့်ပေးလိုက်တယ်။အကြည့်လွှဲသွားတဲ့လူက အခန်းမှန်နံရံနားထိပြေးသွားပြီးသဘောတကျရယ်နေပုံက ရေဆော့ချင်တဲ့ငါးနှစ်သားလေးလိုပဲ။
"အပြင်ထွက်မယ်လေ မအိပ်နဲ့တော့"
"အပြင်မှာပူသေးတယ် မသွားနဲ့ဦး ။ တစ်ခုခုစားမလား ဗိုက်မဆာဘူးလား"
"မပူပါဘူး သွားမယ်လို့ နော်"
အိပ်နေတဲ့perthကိုအတင်းဆွဲထူတဲ့ကလေးက မရရအောင်ဂျီကျတော့မယ်မှန်းသိပေမယ့် မထသေးဘဲပေအိပ်နေလိုက်တယ်။ Pongsapak ဘယ်လိုဂျီကျမလဲသိချင်သေးတယ် ။
"ဟေ့လူ ထတော့လို့ ရေဆော့ပါမယ်ဆို"
"p'perth"
"ဘာလဲ"
"ကိုယ့်နာမည် ဟိတ်လူမဟုတ်ဘူး p'perthလို့ပြန်ပြင်ခေါ်"
"မခေါ်ဘူး Taကိုလာမရစ်နဲ့ ။ မလိုက်ချင်နေကိုယ့်ဟာကိုယ်သွားမယ်"
တံခါးတွန်းဖွင့်ပြီးခြေဆောင့်ထွက်သွားတဲ့လူက အလာကအတိုင်းအတွင်းအပြင်ဖောက်မြင်နေရတဲ့လက်တိုအဖြူနဲ့မို့ perthမျက်မှောင်ကျုံ့လိုက်ပြီးအပေါ်ထပ်နို့စိမ်းရောင်တစ်ထည်ကိုဆွဲပြီးပြီးလိုက်သွားရတော့တယ်။ စကားကိုဘယ်တော့မှနားမထောင်တဲ့လူက အတိုအပြတ်တွေမဝတ်နဲ့လို့ပြောတိုင်းစကားများရတာမို့ ကိုယ်တိုင်ကပဲအင်္ကျီရှည်ကိုင်ပြီးနောက်ကတကောက်ကောက်လိုက်ရတာအကျင့်လိုဖြစ်နေပြီ ။ အတိုဝတ်ချင်တာနည်းနည်းperthကိုရွဲ့ချင်တာကများနေတာဖြစ်မယ်။
"Pongsapak လက်ရှည်လာဝတ်ဦး"
"မဝတ်ဘူး"
"စကားနားထောင်စမ်း ကိုယ်တိုင်လာမှာလား ချီခေါ်ပြီးဝတ်ပေးရမှာလား"
ရေထဲခြေထောက်စိမ်ပြီးဆော့နေတဲ့လူက perthအော်လိုက်တော့မှ အနားပြန်လျှောက်လာပြီး ကိုင်ပေးထားတဲ့အင်္ကျီပေါက်ထဲလက်ထိုးထည့်လာတာမို့ သေချာပြန်ဝတ်ပေးလိုက်ရတယ်။
"သူများကျလက်ရှည်ကြီးဝတ်ပေးပြီးသူကတော့ဇွတ်မိမိုက်ချင်နေတာ ။ ကြည့်မရဘူး"
"ဘာပြောတာလဲ"
"ဘာမှမပြောဘူး"
"ဗိုက်မဆာဘူးလား မင်း"
"မဆာဘူး ။ ရေဆော့မယ် လာ!"
"ဟေ့!"
လက်ကိုအတင်းဆွဲခေါ်သွားပြီး ရှေ့ကနေပြေးတာမို့ perth မျောက်လောင်းနောက်ကနေတရွတ်တိုက်ပါသွားတော့တယ် ။ ခါးစပ်လောက်ရောက်မှရပ်သွားတဲ့လူက perthကိုပါရေနဲ့ပတ်ပြီး တစ်ကိုယ်လုံးစိုအောင်လုပ်နေပုံက လုပ်ချင်တာလုပ်ရလို့ပျော်နေတဲ့ကလေးလိုပဲ ။ ခေါင်းတွေထိပါစိုရွှဲသွားတဲ့သူ့ကိုကြည့်ပြီး သဘောတကျရယ်နေတဲ့လူကို ခါးကဆွဲပွေ့ချီလိုက်တော့ စူးခဲအော်လာတယ်။
"အား! မလုပ်နဲ့! ဟားဟား အေးတယ်လို့ !"
"မင်းအလှည့်ကျအေးတယ်ပေါ့လေ ဟုတ်လား"
"အား! ဟားဟား ကလိမထိုးနဲ့! Perth Tanapon! ယားတယ်လို့ !"
ရေထဲထိုင်လျက်လုံးနေတဲ့နှစ်ယောက်လုံးပုံစံက ကြွက်စုတ်ကလေးတွေလိုဖြစ်နေပြီး ကမ်းစပ်ကတချို့လူတွေကသူတို့နှစ်ယောက်ပုံစံကိုသဘောတကျလှမ်းကြည့်တတ်ကြတယ် ။ perth မျောက်လောင်းလေးစိတ်ကျေနပ်အောင်ဆော့ပေးပြီးတာနဲ့ ရေစိုလို့ကပ်နေတဲ့ခန္ဒာကိုယ်ကအပေါ်ဝတ်ပါတာတောင်အထင်းသားဖြစ်နေတာမို့ ဆွဲပွေ့ချီပြီးအခန်းကိုမြန်မြန်ပြန်ခေါ်ခဲ့လိုက်ရတယ် ။ ရေတစ်ထပ် ထပ်ချိုးပေးပြီးတာနဲ့ ကုတင်ပေါ်တင်ပျဉ်ခွေထိုင်စေပြီး ဆံပင်ခြောက်အောင်သုတ်ပေးရတယ် ။ တစ်လျှောက်လုံး perthလုပ်ပေးသမျှငြိမ်နေတဲ့လူက ညနေဘက်အပြင်ထွက်ဖို့အင်္ကျီရွေးတော့မှ စကားများရပြန်တယ် ။ ကုတင်ပေါ်မှာbathrobeတစ်ထည်နဲ့ ကောက်ချိတ်နေတဲ့လူကိုကြည့်ပြီးperthမျက်နှာချင်းဆိုင်ခုံမှာhoddieအဖြူတစ်ထည်ကိုင်ရင်းသက်ပြင်းချလိုက်မိတယ်။သူ့ကိုမျက်စောင်းထိုးကြည့်လာတဲ့လူက အဆုံးထိဂျီကျဖို့တွေးထားတဲ့ပုံပဲမို့ perthကပဲလေသံသံအေးအေးနဲ့ချော့ပြောရတော့တယ်။
"မဆိုးစမ်းပါနဲ့ကွာ ဒီဟာဝတ်ပြီးအပြင်ထွက်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ အဝတ်အစားကအဲ့လောက်အရေးကြီးလို့လား"
"ဘာလို့မကြီးရမှာလဲ ကြီးတယ် ။ ခရီးထွက်မယ်ဆိုကတည်းကဒီပုံစံတွေကိုသေချာရွေးထားရတာ ခင်ဗျားဖျက်လိုဖျက်ဆီးလာမလုပ်နဲ့"
"Pongsapak ဂျီမကျစမ်းနဲ့ ဘယ်လိုအင်္ကျီထင်လို့အတင်းဝတ်မယ်လုပ်နေတာလဲ ။ ခါးစပ်ထိပြဲပြီးအကုန်ပေါ်နေတာကို ဘာကိစ္စအဲ့လောက်ဝတ်ချင်နေတာလဲ ပြော"
Perthထုတ်ပေးထားတဲ့hoddieကိုမဝတ်ဘဲ boxလိုက်ဝယ်ထားတဲ့ ဂျိုင်းကနေခါးထိပြဲနေတဲ့vestအဖြူကိုမှဝတ်မယ်တကဲကဲလုပ်နေတဲ့လူက တော်ရုံဂျစ်တိုက်တာမျိုးမဟုတ်ဘူး။night out ထွက်တိုင်းအတိုအပြဲတွေပဲဝတ်တတ်တဲ့ကလေးကို အမြဲတမ်းအမြင်မကြည့်တဲ့သူက မျက်စိရှေ့မှာဝတ်တယ်ဆိုရင်တောင်ခွင့်မပြုပေးနိုင်ဘူး။ပြဲနေတာတော်ရုံမဟုတ်ဘဲ အတွင်းသားတွေပါထင်းနေအောင်ပေါ်နေတဲ့အင်္ကျီကိုဘယ်လိုရှာဝယ်လာတယ်မသိဘူး။ရွေးထားတဲ့ဘောင်းဘီကလည်း ပေါင်လည်ထိတဲ့အတိုအပြတ်နဲ့ ဘယ်နေရာမှအမြင်ကြည်စရာမရှိဘူး။
"ဘာဖြစ်လဲ ဘယ်ထိပြဲပြဲပေါ့ ယောင်္ကျားလေးပဲဟာကို ဘာမှမဝတ်ဘဲနေရင်တောင်ဘယ်သူမှဘာမှမပြောဘူး ခင်ဗျားကိုကအကုန်လိုက်ပိတ်ပင်နေတာ"
"Pongsapak"
"ကိုယ့်နာမည်ကိုသိတယ် အဲ့လောက်ခေါ်နေစရာမလိုဘူး!"
"ဘာလို့ဂျီကျနေတာလဲကွာ မဝတ်ရတော့ဘာဖြစ်မှာမို့လို့လဲ ။ အဲ့လောက်ထိပေါ်နေတဲ့အင်္ကျီကိုမဝတ်ရဘူး ။ ဘောင်းဘီကလည်း တိုပြတ်နေတာကို"
"ဟာ Taဘာသာကြိုက်လို့ဝတ်တာဘာဖြစ်လို့လဲ ။ ခင်ဗျားဝတ်ရတာလဲမဟုတ်ဘဲနဲ့"
"မရဘူး ထပ်မပြောနဲ့ လုံးဝမဝတ်ရဘူး"
လေသံမာမာနဲ့ပြောလိုက်တော့မှ ငြိမ်သွားတဲ့လူက ကုတင်ခေါင်းရင်းထိတိုးကပ်သွားပြီးperthကိုကြည့်မလာတော့ဘူး ။ လက်ထဲကကိုင်ထားတဲ့hoddieကိုခုံပေါ်တင်လိုက်ရင်း သက်ပြင်းချပြီးထရပ်လိုက်တယ် ။
"ညစာသွားစားမယ် အင်္ကျီမြန်မြန်ဝတ်"
"မစားဘူး! ကိုယ့်ဘာသာတစ်ယောက်တည်းသွား"
"သေချာလား"
"............"
"ပြီးရောလေ ပြီးမှဗိုက်ဆာတယ်ဆိုပြီးဂျစ်မတိုက်နဲ့ ခေါ်တုန်းမလိုက်ရင်ထပ်လိုက်မပို့ဘူးနော်"
"............"
"Pongsapak"
"............."
ဘာမှပြန်ဖြေမလာတဲ့ငဂျစ်ကစောင်ပုံထဲတိုးဝင်သွားပြီး ငြိမ်နေပြန်တယ် ။ perthမျက်ခုံးကိုလက်နဲ့ကုတ်လိုက်ရင်း ကျစ်သက်လိုက်မိတယ်။နောက်ဆုံးတော့ခရီးထွက်လာကာမှ စကားမများချင်တော့တဲ့perthကပဲအလျှော့ပေးရတော့တယ် ။ ဒီထက်ပိုဂျစ်နေရင်ညစာမစားရဘဲမိုးလင်းသွားဖို့ပဲရှိတော့မယ်။
"ထတော့ ညစာမမှီပဲနေမယ်"
"........."
"ဝတ်ခွင့်ပေးမယ် ဂျီမကျနဲ့တော့"
စောင်ပုံထဲကနေ ဆက်ကနဲခေါင်းထောင်ကြည့်လာပုံက လိုချင်တာရသွားလို့ကျေနပ်သွားတဲ့ပုံစံမို့ perthကုတင်နားထိတိုးသွားလိုက်ရင်းသတိပေးလိုက်တယ်။
"တစ်ခါပဲနော် ဒီတစ်ခါပဲ နောက်ဆိုမရဘူး"
"အွန်း"
"ထ မြန်မြန်လဲ မိုးချုပ်နေပြီ"
ကုတင်ပေါ်ကပြေးဆင်းပြီး သန့်စင်ခန်းထဲမှာ အဝတ်လဲပြီးတာနဲ့perthရှေ့လာရပ်ပြီး မျက်နှာချိုသွေးပြီးပြုံးပြတယ် ။ perthရှေ့ကငဂျစ်လေးရဲ့ခေါင်းကိုဆွဲဖွလိုက်ပြီး နဖူးကိုမနာအောင်တောက်လိုက်တယ်။
"သိပ်ပြီးဂျီကျချင်မနေနဲ့ နောက်ဆိုအလိုမလိုက်တော့ဘူး"
"သိပါပြီ မြန်မြန်သွားမယ်"
လက်မောင်းကိုဆွဲဖက်ပြီးခေါ်သွားတာမို့ ဆူဖို့လုပ်ထားတဲ့စကားတွေကိုပြန်မျိုသိပ်လိုက်ရပြီးလိုက်သွားရတော့တယ် ။ မကြိုက်လို့ဆိုတာထက် တစ်ကိုယ်လုံးဖြူနုနေတဲ့ကလေးက vestဝတ်ရင်ဆွဲဆောင်ရှိအောင်ချောနေတတ်တာမို့အမြင်မကြည်ဖြစ်ရတာ။သူကိုယ်တိုင်တောင် ငေးလို့မဝတဲ့အဖြူလုံးလေးရဲ့အလှကိုတခြားသူတွေကိုမမြင်စေချင်တာသူမှားလား ။ လိုချင်တာရလို့အနားမှာကပ်ချွဲနေတဲ့ကလေးက ပျော်နေပေမယ့် သူ့မှာတော့ ဆိုင်ရောက်တဲ့အထိအင်္ကျီဟပြဲဝတ်ထားတဲ့ကလေးနောက်ကိုမကွာအောင်လိုက်ပြီး ငေးကြည့်နေတဲ့ဘေးကလူတွေကို မျက်လုံးစိမ်းတွေနဲ့စစ်ခင်းရတာကိုငဂျစ်ကတော့မသိဘူး ။
နောက်ဆိုဒီလိုဟာမျိုးထပ်ဝတ်ဖို့ လုံးဝမစဉ်းစားနဲ့ Pongsapak။ Bangkokရောက်ရင် ဝယ်ထားတဲ့boxတစ်ခုလုံးလွှတ်ပစ်မှာ ။
_______________
ညစာစားပြီးတာနဲ့ လမ်းလျှောက်ချင်သေးတယ်ဆိုတဲ့ကလေးကြောင့် လက်ဆွဲပြီးတူတူလျှောက်ပေးရတယ် ။ ပင်လယ်ကြိုက်တဲ့ငဂျစ်ကရောက်ကတည်းကပျော်နေတာများ perthကိုတောင်ပြုံးမပြဖူးတဲ့အပြုံးနဲ့တစ်လျှောက်လုံးပြုံးနေတတ်တယ်။နောက်ဆို ပင်လယ်ကိုခဏခဏလာရတော့မယ်ထင်တယ် ။ နာရီဝက်လောက်စိတ်ကျေနပ်အောင်လျှောက်ပေးပြီးမှ အခန်းကိုပြန်ခေါ်လာခဲ့လိုက်တယ် ။ ပြန်ရောက်တော့လည်းတစ်ခါတည်းကုတင်ပေါ်တက်အိပ်တဲ့လူကိုကြည့်ပြီး perthခေါင်းရမ်းလိုက်မိတယ် ။honey moonထွက်လာတာအိပ်ဖို့ခေါ်လာတယ်ထင်နေသလားမသိဘူး ။ ဒီကောင်လေးခေါင်းထဲမှာ တကယ်ကိုအိပ်ဖို့နဲ့စားဖို့ပဲရှိတဲ့ပုံပဲ ။ အချိန်အခါကောင်းကိုစောင့်နေပေမယ့် ရောက်ကတည်းက အိပ်လိုက်စားလိုက်ဆော့လိုက်လုပ်နေတဲ့လူကြောင့် ဖွင့်ပြောမယ့်စကားလုံးတွေကိုပြန်မျိုချနေရတဲ့အဖြစ်က ကသိကအောင့်နိုင်လွန်းနေပါပြီ။
ကိုယ်တိုင်ခြေလက်သန့်စင်ပြီးတာနဲ့ ကုတင်ပေါ်အိပ်နေတဲ့လူဘေးဝင်လှဲလိုက်တယ် ။ တစ်ဆက်တည်းကျောပေးထားတဲ့လူကိုဆွဲလှည့်လိုက်တော့ မျက်လုံးတွေပွင့်မလာပေမယ့် မျက်ခုံးတန်းတွေတွန့်ချိုးသွားတယ် ။ အိပ်မပျော်သေးတာကိုပေကပ်ပြီးမျက်လုံးမှိတ်ထားတဲ့သူက သူမနိုးနိုးအောင်လုပ်တော့မယ်မှန်းသိနေပုံရတယ် ။ perthပြုံးလိုက်မိရင်း ရင်ခွင်ထဲကမျက်နှာလေးကိုဆွဲယူလိုက်ရင်း တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကိုတဖွဖွနမ်းနေလိုက်တယ်။အကြောတင်းလေးက မျက်လုံးဖွင့်မလာပေမယ့်မျက်ခုံးတွေပိုတွန့်ချိုးသွားတာသိသိသာသာ။မနေနိုင်တဲ့အဆုံးစိုရဲနေတဲ့နှုတ်ခမ်းတွေကိုလျှာနဲ့တိုးဝင်မွှေနှောက်ရင်း ပါးနှစ်ဖက်ကိုလက်နဲ့ညှစ်နမ်းနေတော့မှ သူ့လက်တွေကိုဆုပ်ကိုင်ပြီးရုန်းလာတော့တယ်။
"မလုပ်နဲ့..! အင့်..လာမနမ်းနဲ့လို့! Taအိပ်ချင်နေပြီ"
"အိပ်လေ ကိုယ်နှိုးနေလို့လား"
"ခင်ဗျားအတင်းဇွတ်နမ်းနေမှတော့ ဘယ်လိုအိပ်မလဲ"
"အဲ့ဒါဆိုလည်း မအိပ်နဲ့တော့ ငြိမ်ငြိမ်နေ"
"ဖယ်..!"
ပြွတ်စ်**
အားပြင်းပြင်းစုပ်ယူနမ်းရှိုက်လာတဲ့လူက သူ့ကိုယ်ပေါ်ကိုအုပ်မိုးလာပြီး အငမ်းမရနမ်းနေပြန်တယ် ။ တွန်းဖယ်နေတဲ့သူ့လက်တွေက နောက်ပြန်ချုပ်ခံလိုက်ရပြီး ရင်ဘက်နေရာကိုခေါင်းငုံ့လာတဲ့လူက ညှုပ်ရိုးတွေကိုပါကိုက်ခဲလာတယ် ။Snataတစ်ချက်တွန့်သွားပေမယ့် ရုန်းမရအောင်ချုပ်ထားတဲ့လူအောက်မှာ မလူးသာမလွန့်သာဖြစ်လာရတယ် ။ နားတစ်ဝိုက်ကိုကျီစယ်နေတဲ့အနမ်းတွေနောက်မှာ လျှာဖျားနဲ့ခပ်ဖွဖွစုပ်ယူလာတဲ့အခါ santaတစ်ကိုယ်လုံးတုန်ရီသွားပြီး ခြေချောင်းတွေပါကုပ်လိုက်မိတယ်။
"ဟာ့..အွန့်!"
ကြမ်းရှရှအထိအတွေ့တွေကြားမှာ သတိလွတ်သွားတဲ့လူက နားရှက်စရာအသံတွေထွက်လာတာမို့ ကိုယ့်ပါးစပ်က်လက်နဲ့မြန်မြန်အုပ်လိုက်မိတယ်။သူ့ရဲ့အထိမခံနိုင်တဲ့နေရာတွေကိုမှ ရွေးပြီးအနိုင်ကျင့်နေတဲ့လူက ခေါင်းမော့ကြည့်လာတဲ့အခါ မကြည်ဖြူကြောင်းအကြည့်စူးစူးနဲ့သတိပေးလိုက်မိတယ် ။ လိုချင်လာရင်မညှာတာတတ်တဲ့လူက ကြည်ကြည်ဖြူဖြူလိုက်လျောလိုက်မိရင် တစ်ပတ်လောက်ထနိုင်ပါဦးမလားတောင်မသိဘူး ။
"လိုချင်တယ် ပေးမလား"
အပ်ရှရှခွင့်တောင်းသံက နက်နက်ရှိုင်းရှိုင်းနဲ့ ထိန်းချုပ်ထားရတဲ့စိတ်ခံစားချက်တွေဟာ santaတစ်ကိုယ်လုံးကိုကြက်သီးထသွားစေတဲ့အထိဆွဲအားပြင်းတယ် ။ santaကိုနစ်ဝင်မတတ်စိုက်ကြည့်နေတဲ့လူက သူ့လက်ချက်ကြောင့်ဖရိုဖရဲဖြစ်နေတဲ့လူတစ်ကိုယ်လုံးကိုငုံ့ကြည့်ပြီး မျက်လုံးအိမ်တွေမည်းနက်သွားတာမို့ အလန့်တကြားနဲ့ပုခုံးကိုတွန်းထုတ်လိုက်မိတယ်။
"Ta..စိတ်မပါဘူး တကယ်အိပ်ချင်နေပြီ"
"စိတ်မပါရင်ပါအောင်လုပ်ပေးမယ် မင်းကငြိမ်ငြိမ်လေးလှဲနေရုံပဲ"
"ဟင့်..နေဦးလို့!"
"ဘာလဲကွာ"
ပုခုံးကိုအတင်းတွန်းထားမိတဲ့သူ့ကို စိတ်မရှည်သလိုကြည့်လာတာက သွေးဆာနေတဲ့နတ်ဆိုးတစ်ကောင်လိုပဲ ။ အသက်ရှူသံပြင်းပြင်းက စိတ်တင်းထားပုံရပြီး တင်းမာနေတဲ့အောက်ပိုင်းတစ်နေရာကြောင့် မလိုက်လျောလို့မရတော့မှန်းသိလိုက်တော့တယ် ။
"နေရအောင်ကွာ..ကိုယ်မရတော့ဘူး"
သူ့လည်တိုင်ကြားမှာခေါင်းအပ်ပြီးခွင့်တောင်းသံမှာ ပုခုံးပေါ်တင်ထားမိတဲ့santaလက်တွေတင်းကျပ်သွားတယ် ။ တကယ်ဆို သူကိုယ်တိုင်လည်း အမျိုးမျိုးကလိနေတဲ့လူကြောင့်တစ်ခုခုကိုလိုအပ်နေသလိုခံစားနေရပြီ။
"အရမ်း..မလုပ်နဲ့နော် ။ Taမနက်ဖြန်ကျ လမ်းလျှောက်ထွက်ချင်သေးတယ်..ဖြည်းဖြည်းပဲသွားမယ်"
"ဟင်းး"
"မရရင် မလုပ်နဲ့တော့"
"ရတယ်ကွာ ငြိမ်ငြိမ်နေတော့"
ခွင့်ပြုပေးလိုက်တာနဲ့သူဝတ်ထားတဲ့vestအဖြူကိုအလျင်စလိုဆွဲချွတ်ပစ်တယ် ။ အပေါ်ကတက်ဖိထားသူကြောင့် လိပ်တက်နေတဲ့ဘောင်းဘီတိုအနက်ကလေးက တစ်ဖက်လူလက်ထဲအကြမ်းပတမ်းပါသွားပြီးတဲ့နောက်မှာ သူသတိပေးတာကအသုံးမဝင်တော့မှန်းသဘောပေါက်လိုက်ရတယ် ။
မွေးရာပါကြမ်းတမ်းတဲ့လူလက်ထဲမှာ ဒီလိုပုံစံနဲ့ဆို သူအသက်ရှင်ရပါ့မလားတောင်မသေချာဘူး။
*TBC~~
စိတ်မကောင်းစွာဘဲဖြတ်ချလိုက်ရပါပြီရှင်🤗နောက်အပိုင်းမှ တွေ့ကြမယ်နော်:)🙇
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




