Fasten 8
05:49, 17 October 2025ဘုန်း**
အာ့!
လူကိုကားခုံပေါ်ဆောင့်ချပြီး ကားတံခါးကိုဆွဲပိတ်တယ်။ဖြစ်သလိုပစ်ကျသွားတဲ့santaက အမူးပြေစေဖို့ ခဏငြိမ်နေလိုက်ပြီး ဘေးမှာထိုင်နေတဲ့လူအပေါ်ခွတက်ပြီး မျက်နှာကိုဆွဲထိုးဖို့လုပ်တယ်။လက်ကိုဆွဲဖမ်းထားတဲ့လူက အရှိန်မပြေသေးတဲ့ဒေါသကြောင့်မေးကျောတွေအထိတင်းမာနေပြီး မညှာမတာလုပ်ခံရတဲ့santaကလည်း မျက်နှာတစ်ခုလုံးနီဆွေးလာတယ်။
"လွှတ်!ဒီနေ့တော့ ခင်ဗျားကိုထိုးရမှ..ကျေနပ်မယ် ။ Taကိုဆို အမြဲတမ်းကြမ်းတမ်းတဲ့လူ!သူများသားသမီးကိုမညှာမတာလုပ်တဲ့လူ!အဲဒါကြောင့် ခင်ဗျားလိုလူနဲ့လက်မထပ်ချင်တာ..မယူရသေးခင်ကိုသေသေကြေကြေလုပ်နေမှတော့ ယူလိုက်ရင် Taအသက်ရှိပါဦးမလားတောင်မသိဘူး!!"
"မကြမ်းတမ်းစေချင်ရင် မကြမ်းတမ်းရအောင်နေလေ! မင်လုပ်တဲ့ပုံတွေကရောဟုတ်နေလို့လား စောက်ရေးမပါတာတွေပဲလုပ်နေတဲ့ကောင်က..!"
"Taကို ကောင် ကောင် ဆိုပြီးလာမပြောနဲ့!ဟင့်!ခင်ဗျားကဘာမို့ အဲ့လိုတွေလာအော်နေတာလဲ!!"
လူပေါ်ကိုခွထိုင်ပြီးသူ့ရင်ဘက်တွေကို အားကုန်ထုရိုက်နေတယ်။ကြယ်သီးဖွင့်ဟထားတဲ့ သူ့ရင်ဘက်တွေလည်းနီရဲနေပြီမို့ လက်တွေကိုဆောင့်ဆွဲချလိုက်တယ်။ရင်ဘက်ချင်းအပ်သွားတဲ့နောက် ထပ်မရုန်းဆော့ဘဲ ခေါင်းငုံပြီးငိုချလာတော့တယ်။မျက်ရည်တွေစိုရွှဲသွားတဲ့ ရင်ဘက်ပေါ်မှာ ရှိုက်ကြီးတငင်ငိုချနေတာ သူဘာမှမတတ်နိုင်တော့ဘူးဆိုတာသိသွားပုံရတယ်။ငြိမ်ကျပြီးငိုနေတဲ့လူကြောင့် သူလည်းစိတ်ပြေစေဖို့ခဏငြိမ်နေပေးလိုက်တယ်။ထင်ရာတွေလျှောက်လုပ်တတ်တဲ့လူက ငိုဖို့နဲ့ဂျစ်တိုက်ဖို့ကလွဲရင်ခေါင်းထဲဘာမှရှိနေပုံမရဘူး။Perthပေါင်ပေါ်ကလူရဲ့ခေါင်းကို အသာထိန်းကိုင်လိုက်ပြီး လေသံကိုအတက်နိုင်ဆုံး ထိန်းပြီးပြောလိုက်တယ်။
"လက်ထပ်တာကိုသဘောတူပေး"
"မတူဘူး"
"ငြင်းနေလည်းအပိုပဲ မရရအောင်စီစဉ်မှာ။ထပ်မငြင်းနဲ့"
"ထွက်ပြေးမှာ"
ရင်ဘက်ပေါ်ခေါင်းအပ်ထားတဲ့လူက မော့ကြည့်မလာဘဲပြောသမျှစုန်ကန်ပြီးငြင်းနေပြန်တယ်။perthသက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။ကြမ်ကြမ်းတမ်းတမ်းဆက်ဆံတာမဟုတ်ဘဲ သူ့ကိုဆိုအတင်းလုပ်ယူပြီးနူးညံ့ပေးနေရတာကိုကျမြင်ပုံမရဘူး။perthစိတ်အတိုင်းသာဆိုရင် ဘာမှညှိနှိုင်းပေးနေစရာတောင်အကြောင်းမရှိဘူး။
"Pongsapak"
"ဖယ်..လာမထိနဲ့"
"ကိုယ့်ကိုကြည့်။ကိုယ်ပြောတာကိုနားထောင်"
"ဟင့်...."
"ချက်ချင်းလက်ထပ်ဖို့ပြောနေတာမဟုတ်ဘူးစီစဉ်ထားရုံပဲ။ဒီအတောအတွင်း မင်းနဲ့ကိုယ်နဲ့ညှိလို့ရတာပဲ။လုံးဝအဆင်မပြေဘူးဆိုရင် ငြင်းလို့ရတယ်။ကိုယ်ပြောတာနားလည်လား"
အတက်နိုင်ဆုံးချော့ပြောတော့မှ မို့အစ်နေတဲ့မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့စဉ်းစားနေပုံရတယ်။ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ရမှာပဲဆိုပေမယ့် အဆင်ပြေပြေနဲ့ပဲဖြစ်စေချင်တယ်။အကြမ်းနည်းနဲ့မရမှတော့ ချော့ရုံသာရှိတော့တယ်။
"အတင်းဇွတ်ငြင်းနေလို့ လူကြီးတွေကလက်လျှေ့ာမှမဟုတ်ဘူး ။ ဒီကြားထဲ မင်းကစောင့်ကြည့်ပေးရုံပဲ ။ အဲ့လိုမှအဆင်မပြေဘူးဆိုရင် ကိုယ်ပါအတူငြင်းပေးမယ် ။ လက်ခံတယ်မလား"
"အင်း"
"......."
"လက်ထပ်တာကိုပြောတာမဟုတ်ဘူး ခင်ဗျားပြောတာကိုလက်ခံတယ်လို့ပြောတာ"
"အင်း ဟုတ်ပြီ။ နောက်ဆိုဘာမှဇွတ်တရွတ်မလုပ်နဲ့။ မင်းအတွက်အန္တရာယ်ရှိလို့ပြောတာ။နားလည်လား"
"သိတယ် အဖေလိုလာပြောမနေနဲ့"
တမင်ကိုချော့ပြောပေးနေတဲ့လူကို လမ်းကြောင်းလွဲအောင်လာလာလုပ်နေတာ pongsapakပဲမဟုတ်ဘူးလား။perthကိုဆို ပြန်ခံပြောလိုက်ရမှကျေနပ်တဲ့သတ္တဝါမျိုးပဲ။
"လူပေါ်ကမဆင်းတော့ဘူးလား။ပြန်လိုက်ပို့မလို့"
သူပြောလိုက်မှ ခွရက်ငြိမ်နေတဲ့လူက ဘေးခုံကိုလှစ်ကနဲပြန်ထိုင်သွားတယ်။perthနှုတ်ခမ်းတွန့်ရုံပြုံးပြီးသာ အိမ်ပြန်ပို့ပေးခဲ့ရတယ်။ပြန်ရောက်တော့ Perth Tanapon ပြောတဲ့အတိုင်းပါးနဲ့မားကိုညှိလိုက်တယ်။အဆင်မပြေရင် ဖျက်သိမ်းဖို့ကတိကိုပါတောင်းလိုက်တယ်။ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေမှာမဟုတ်ဘူး။Santa Pongsapakရဲ့ဒဏ်ကို ဘယ်သူကကြာကြာခံနိုင်မှာတဲ့လဲ။.....ပါပါးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် Perth Tanapon companyကို santaနေ့တိုင်းလိုလိုလိုက်ရတယ်။အရင်ကလိုဆို ဂျစ်တိုက်ပြီး ပေကပ်နေနေမှာပေမယ့် နောက်ပိုင်းပါးနဲ့စကားမများချင်တော့တဲ့santaကပဲ အလျှော့ပေးလိုက်ရတယ်။လိုက်သွားလို့ပဲပြောတာလေ။အလုပ်လုပ်ခိုင်းတာမှမဟုတ်တာ။
နဂိုကတည်းကsantaဝါသနာပါတာကိုလျစ်လျူရှုပြီး companyနဲ့ပတ်သတ်တဲ့designပိုင်းကိုသာရွေးချယ်စေပြီးကျောင်းထားတယ်။ဝါသနားမပါဘူးဆိုပေမယ့် လေ့လာရင်းသဘောကျလာခဲ့တော့ designနဲ့ပတ်သတ်တဲ့ ဘွဲ့ကိုသာယူလိုက်ရတယ်။ဒါပေမယ့် အရွဲ့တိုက်တတ်တဲ့ santaက ပြန်လာပြီးကတည်းကဘာအလုပ်မှမလုပ်လဲ အလေလိုက်နေတော့တာ။အခုဆိုပိုပြီး ဘာမှလုပ်ချင်စိတ်မရှိဘူး။santaသဘောမတူတာကို အတင်းစီစဉ်တဲ့ပါးကြောင့် ဘာအလုပ်မှမလုပ်ဘဲ ပါးပြောတဲ့အတိုင်းPerth Tanapon companyမှာ မုန့်စားလိုက်၊ဂိမ်းဆော့လိုက် သွားနေနေလိုက်တယ်။အနည်းဆုံးတော့ အလုပ်မှာရှိနေရင် အဆူမခံရတော့တာပေါ့။
"မောင်လေး bossက car parkingကိုလိုက်လာခဲ့လို့ဖုန်းဆက်တယ်"
sofaပေါ်မှာပျင်းတိပျင်းရွဲဂိမ်းထိုင်ဆော့နေတဲ့သူ့ကို secretoryအစ်မက ခက်တိုးတိုးလာပြောမှ ထထိုင်လိုက်တယ်။ကျစ် တစ်ချက်သတ်ပြီး စိတ်မရှည်စွာနဲ့ဂိမ်းကထွက်လိုက်တော့တယ်။ဂိမ်းမရှုံးချင်လို့ တရဆက်ဝင်နေတဲ့ဖုန်းတွေကိုချပစ်နေတာကိုနားမလည်ဘူးလားမသိဘူး။မပြောမဆိုထွက်သွားတဲ့သူ့ကို ကျန်တဲ့ကောင်တွေဒေါသထွက်နေလောက်ပြီ။
ဖုန်းပိတ်ပြီးဆက်ကနဲထရပ်လိုက်တော့ သူ့ရှေ့ကအစ်မက အလန့်တကြားကြည့်လာတယ်။santaဘာမှမပြောဘဲ တံခါးကိုဆောင့်ပိတ်ပြီးထွက်လာခဲ့လိုက်တယ်။ဘာလုပ်ဦးမလို့ခေါ်နေတာတုန်း!
တည်တင်းနေတဲ့မျက်နှာနဲ့ထွက်သွားတဲ့ perthသတို့သားလောင်းလေးကိုကြည့်ပြီး Sammyတံတွေးပင်မြိုချမိသွားတယ်။ကြောက်စရာကောင်းနေတာလား မထီတထီပုံစံကဆွဲဆောင်မှုရှိနေတာလားဝေခွဲမရဘူး။perthလို ကြမ်းကြမ်းတမ်းတမ်းလူကိုတောင် ဂရုမစိုက်တဲ့ပုံထောက်ရင် တော်ရုံသတ္တိတော့မဟုတ်ဘူး။
"ဖုန်းဆက်နေတာကိုဘာလို့မကိုင်တာလဲ"
ကားကိုကျောပေးရပ်နေတဲ့perthအနားကို မျက်နှာမကြည်မသာနဲ့လာနေပုံက ဖြတ်ရိုက်ပစ်ချင်စရာကောင်းတယ်။စကားနဲ့မှမဟုတ်ဘူး ရုပ်ပုံစံနဲ့ကိုသူ့ဒေါသကိုဆွနိုင်တဲ့လူပဲ။
"မကိုင်ရင်မခေါ်နဲ့လေ ။ ဂိမ်းဆော့နေတာမသိဘူးလား"
"ဟ မင်းဂိမ်းကအဲ့လောက်အရေးကြီးသလား။ထမင်းမစားနိုင်မသောက်နိုင်ဆော့နေရအောင် ပိုက်ဆံဘယ်လောက်ရလို့လဲ"
"ဘယ်လောက်ရရ ခင်ဗျားအပူပါလား။Taဘာသာ ဆော့ချင်ဆော့မှာမဆော့ချင်မဆော့ဘူး"
တစ်ခွန်းမကျန်ကန့်ကန့်လန်နေတဲ့လူကြောင့်ပဲ perthဒေါသတွေအမြဲထွက်ရတာ။သူအော်ရင် မကြိုက်ဘူး။ပြီးရင်သူပဲ ကန့်ကန့်လန်။စကားအေးဆေးပြောနိုင်ဖို့ လုပ်ယူနေရတဲ့perthက အမြဲတမ်း စွာနေတဲ့လူကြောင့်ပဲ လမ်းကြောင်းလွဲရတာ။
"မင်း ပါပါးကcompanyကို ဂိမ်းထိုင်ဆော့ဖို့ထည့်ပေးလိုက်တယ် ထင်နေတာလား"
"ဘာဖြစ်လဲ မကျေနပ်ရင် သွားပြောလိုက်လေ။Pongsapakကို မခေါ်ချင်တော့ဘူးလို့သွားပြောလိုက်"
"တောက်! အာရုံလာမနောက်နဲ့ pongsapakငါ့မှာမင်းနဲ့ရန်ဖြစ်နေဖို့အချိန်မရှိဘူး"
"Taက ခင်ဗျားနဲ့စကားကိုမပြောချင်တာ"
တကယ် အရိုင်းအစိုင်းပဲ။Udompochအိမ်တော်ရဲ့သခင်ငယ်လေးက လိမ္မာရေးခြားရှိတယ်ဆိုတာ ဒီလိုမျိုးလား။perthသက်ပြင်းချလိုက်ပြီး ခါးထောက်ပြီးသာရပ်ကြည့်နေတော့တယ်။ကတောက်ကဆဖြစ်သွားတဲ့အလုပ်ကြောင့် မပြေသေးတဲ့ဒေါသက ရှေ့ကဟာလေးနဲ့တွေ့မှ ပိုဆိုးလာတာမို့ စိတ်ကိုထိန်းလိုက်ရတယ်။စိတ်ရှိတိုင်းသာဆို ကျိုးကြေကုန်တော့မှာ။
"တက် ကားပေါ်။နေ့လည်စာမစားရသေးဘူးမလား"
"........"
"မေးနေရင်ဖြေ"
"မစားဘူး!"
"အဲ့ဒါဘယ်လဲ"
Perthကိုကျော်ပြီး ထွက်သွားတဲ့လူကြောင့် နောက်ကလိုက်ဆွဲရပြန်တယ်။လိုက်လာတဲ့နေ့ကစပြီး ကလေးထိန်းအလုပ်တစ်ခုပိုလာတော့တာပဲ။
"ပြန်မှာ!ခင်ဗျားနဲ့ဆက်ပြောနေရင် ရန်ဖြစ်ဖို့ပဲရှိတယ်။ ဒီနေ့ ကိုယ့်ဘာသာဘဲပြန်မယ်"
"ဘယ်ချိန်ရှိသေးလို့ပြန်မှာလဲ။ အစ်မနဲ့ အလုပ်အကြောင်းပြောစရာရှိတယ် မင်းပြန်လို့မရဘူး"
"Taစိတ်မဝင်စားဘူး။ မလုပ်ချင်ဘူး ။ဘာမှလဲလာမခိုင်းနဲ့"
"Pongsapak"
"ဖယ်..လို့..!"
"ပြောနေရင်နားထောင်!"
အော်လွှတ်လိုက်တော့မှ သူ့ကိုဂြိုလ်ကြည့်ကြည့်လာတယ်။car parkingမှာ ရှေ့ကပြေးမတက်သွားနေတဲ့သူနောက် အတင်းလိုက်ဆွဲနေရတဲ့perthပုံစံကတော်တော် ကသိကအောင့်နိုင်နေပြီ။
"နေ့လည်စာချိန်ကျော်နေပြီ။အရင်သွားမယ် ပြီးမှဆက်ဂျစ်ချင်ရင်ဂျစ်"
"ဘယ်မှာဂျစ်နေလို့လဲ။ခင်ဗျားပဲ လူကိုလာအော်နေတာ"
"အင်း ကိုယ်မှားတယ်။မင်းလည်းမှားတယ်ဆိုပေမယ့် ကိုယ်ကစမှားတာ ဟုတ်ပြီလား။ တော်လိုက်တော့ သွားမယ်"
ထိုအခါမှသူ့လက်ကိုလွှတ်ချပြီး ကားထဲဝင်ထိုင်သွားတယ်။ကလေးထိန်းရတာထက်ပိုဆိုးနေတာပဲ။ကလေးဆိုရင်လည်း ရိုက်ပြီးပြောလို့ရသေးတယ်။လေသံမာတာတောင်မကြိုက်တဲ့ 22နှစ်သားနဲ့တော့ ခက်တာပါပဲ။နေ့လည်စာစားချိန်ကျော်သွားရင် ဗိုက်အောင့်နေမှာဆိုးတာကြောင့် perthကပဲအလျှော့ပေးလိုက်ရတော့တယ်။
....."ဘာမှာမှာလဲ"
"ဘာနေနေ ရတယ်"
မျက်နှာချင်းဆိုင်စားပွဲမှာ မျက်နှာသေနဲ့လက်ပိုက်ထိုင်နေပြီး ဘာမေးမေးဘောက်ဆက်ဆက်ဖြေတယ်။ဝန်ထမ်းကောင်လေးက သူတို့နှစ်ယောက်အနားမှာကြောင်တောင်တောင်နဲ့သာရပ်နေရတယ်။
"Colaတစ်ဗူးရောပေး"
"Colaမသောက်ရဘူး တစ်ခြားဟာမှာ"
"အဲ့ဒါပဲသောက်မှာ"
"Pongsapak"
".........."
"ဘာသောက်မှာလဲ"
"ဘာမှမသောက်ဘူး"
စပြီ။Pongsapakရဲ့ဂျစ်တိုက်မှုပေါင်းသောင်းခြောက်ထောင်က။VIP roomမို့သာတော်သေးတယ်ပြောရမယ်။ရောက်ရာအရပ်မှာ စကားများတတ်တဲ့နှစ်ယောက်က ဘယ်လိုမှအတူတူနေလို့ရမှာမဟုတ်ဘူး။မှာတာကို ရေးရတော့မှာလို မရေးရတော့ဘူးလိုနဲ့ ကြောင်နေတဲ့waiterကို perthကပဲအဆင်ပြေမဲ့ juiceတစ်ခုခုယူခဲ့ဖို့ပြောလိုက်ရတယ်။ပြီးမှ ရှေ့မှာလက်ပိုက်ထိုင်နေတဲ့လူရှေ့လှည့်လိုက်တယ်။
"ဘာဖြစ်ချင်နေတာလဲပြော"
"ဘာမှမဖြစ်ချင်ဘူး"
"Pongsapak အရွဲ့တိုက်တာတော်ရုံပဲကောင်းတယ်နော်။မင်းတစ်မနက်လုံးလည်း အဲ့colaတွေပဲသောက်နေတာမဟုတ်ဘူးလား။ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေပြီလား"
တကယ်လည်း တစ်မနက်လုံးperthရှေ့က sofaပေါ်မှာ ဂိမ်းဆော့လိုက်မုန့်စားလိုက်နဲ့ အချိုရည်တစ်ဗူးပြီးတစ်ဗူးဖောက်သောက်နေတာ။ကလေးမဟုတ်ဘဲ ပြောရဆိုရခက်တဲ့ဟာလေး။
"သေသွားတော့လည်း ကောင်းတာပဲလေ။ခင်ဗျားနဲ့မယူရတော့တာပေါ့"
"အေး မင်းခေါင်းထဲမှာကိုယ်နဲ့ယူရမယ်ဆိုတဲ့အတွေးကို သေချာထည့်ထား။သေမယ်ဆိုရင်တောင် အလွတ်မပေးဘူး"
"လူယုတ်မာ"
ပတ်ကနဲပြန်ပြောလာတာကြောင့် perthမသိမသာပြုံးမိသွားတယ်။သူ့စကားကိုမနိုင်တိုင်း ဒီလိုပြန်ခံဆဲတတ်တာက နောက်ပိုင်းမှသတိထားမိလာတဲ့အကျင်းဆိုးတစ်ခုပဲ။
TBC**
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




