Fasten 4
12:54, 26 December 2025********တင်းမာနေတဲ့အခြေအနေမှာ တစ်ယောက်ကမှလျှော့ဘဲ ရုန်းရင်းဆန်ခက်အခြေအနေကိုကူးပြောင်းသွားတယ်။
"Ta ကိုလွှတ်! Perth Tanapon!!"
လည်ပင်းကျောတွေထောင်တဲ့အထိ အော်လိုက်တဲ့အသံက car parking တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဆက်ကနဲလွှတ်ချလိုက်တာကြောင့် santaအနောက်ကို ယိုင်သွားပေမယ့် မထိန်းပေးဘဲ စိုက်ကြည့်နေတယ်။
"ဘယ်အချိန်ထင်လို့ အခုထိမပြန်သေးတာလဲ"
"Taဘာသာ ဘယ်အချိန်ပြန်ပြန်!"
"ဟက်! ဟုတ်မှာပါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ကောင်ဆိုတော့! သန်းခေါင်ကျော်တဲ့အထိ barမှာနေနေတဲ့ မင်းကိုဒီလိုလုပ်တာလဲ မဆန်းပါဘူး ဝတ်ထားတဲ့ပုံစံကကိုက အချိုးမပြေ!"
"ကျွန်တော့်ဘာသာ ဘာဝတ်ဝတ်ခင်ဗျားနဲ့ဘာဆိုင်လို့လဲ! ဘယ်ချိန်ထိနေနေ ဘာပဲဝတ်ဝတ် ဘယ်သူနဲ့ပဲအိပ်နေနေခင်ဗျားအပူမဟုတ်ဘူး!!"
"အေး ငါနဲ့မဆိုင်ဘူးဆိုလည်း လာ! အဲ့ကောင်တွေဆီပြန်ပို့ပေးမယ် မင်းဘာသာမင်းရှင်း ငါဝင်မပါဘူး! မင်းကို ဘယ်သူကတက်လုပ်သွားသွားရပ်ကြည့်နေပေးမယ်!"
ခွပ်**
အားပြင်းပြင်းနဲ့ထိုးချလိုက်တဲ့အရှိန်က မျက်နှာလည်ထွက်သွားတဲ့အထိ။တစ်ပြိုင်နက်တည်း မျက်ရည်တွေလည်လာတာကြောင့် အံကိုတင်းတင်းကျိတ်လိုက်မိတယ်။
"Taကိုမစော်ကားနဲ့...လူတကာနဲ့ အိပ်နေတဲ့လူလိုမျိုးလာမကြည့်နဲ့!!ကိုယ့်ကိစ္စကို ကိုယ့်ဘာသာရှင်းနိုင်တယ် ။ ခင်ဗျားကို ကူညီခိုင်းနေလို့လားTaကိုဘယ်သူကတက်လုပ်သွားသွားခင်ဗျားနဲ့ဆိုင်လို့လား!!"
"မင်း!"
ရှိုက်ကြီးတငင်ငိုလာပြီး သူ့ရင်ဘက်တွေကို လက်သီးစုပ်တွေနဲ့ ထုရိုက်တော့မှ လွန်သွားမှန်းသိလိုက်တယ်။ဝင်လာကတည်းက ဝတ်စားထားတဲ့ပုံကြောင့် စိတ်ထဲကြည်မနေတဲ့သူက ကြည့်နေရာကပျောက်သွားလို့ လိုက်သွားမိတော့ သူ့ပါးကိုညစ်ကိုင်ထားတဲ့ပြီးချုပ်ထားတဲ့ကောင်တွေကြောင့် ဒေါသကအထိန်းအကွတ်မဲ့သွားခဲ့တာ။
သူသာမလိုက်သွားခဲ့ရင်ဆိုတဲ့အတွေးက သူ့ဒေါသကို အဆုံးထိဆွဲချသွားတော့ ရှေ့ကဟာလေးကိုပါ ကိုင်ဆောင့်ပစ်ချင်လာတာ။
"ပြန်မယ်!"
"လွှတ်! ခင်ဗျားနဲ့မလိုက်ဘူး!"
"ကျစ်!ခေါင်းမမာစမ်းနဲ့ Pongsapak!!"
"ဖယ်!!မလိုက်ဘူးလို့ ဟင့်! Taဘာသာ..ပြန်မှာ!"
မျက်ရည်တွေကိုအကြမ်းပတမ်းဆွဲသုတ်ပစ်လိုက်ပြီး ရှေ့ကလူကိုတွန်းလွှတ်လိုက်တယ်။သူကဘာမှန်လို့ဒေါသလာထွက်နေတာလဲ။အစကတည်းက သူ့ဘာသာရောက်လာပြီး လူကို ကျိုးကျေမတတ်ဆွဲဆောင့်နေတာ သူပဲမဟုတ်ဘူးလား!
"Santa Pongsapak!!ဂျစ်မတိုက်စမ်းနဲ့!ဒီအချိန်တစ်ယောက်တည်းပြန်ပြီး..တောက်!"
ဆက်ပြောရင်ကိုယ်ပဲအဆိုးဖြစ်တော့မှာမို့ ခါးကဆွဲပွေ့ပြီးကားပေါ်အတင်းတင်တော့ ခြေထောက်တွေနဲ့ကန်ကျောက်လာပြန်တယ်။
ဘယ်အထိ ဂျစ်တိုက်ဖို့စဉ်းစားထားတာလဲ pongsapak
"မလိုက်ဘူး..လို့! အီးဟီးးး Perth Tanapon မကောင်းတဲ့ကောင်!! လွှတ်! မလိုက်ဘူး..အွတ်!"
တိကနဲရပ်သွားတဲ့အော်ငိုသံအဆုံး ခပ်ပြင်းပြင်းနမ်းရှိုက်သံတွေကြီးစိုးလာတယ်။ရဲနေသေးတဲ့ ပါးပြင်ကို ဆုပ်ကိုင်လိုက်ပြီး လျှာဖျားတွေအထိတိုးဝင်လိုက်တော့ ကျောပြင်တွေကို တဘုန်းဘုန်းထုရိုက်နေပြန်တယ်။
Perthလွှတ်မပေးမိ။အသံတိတ်သွားစေဖို့ နမ်းလိုက်ပေမယ့် ထိကပ်လိုက်မိတဲ့နှုတ်ခမ်းစိုတွေမှာ ရပ်တန့်ပစ်ဖို့အတွေးတွေရေစုန်မျောကုန်တယ်။
ဟင့်!!
တသွင်သွင်စီးလာတဲ့မျက်ရည်တွေပိုများလာမှ လွှတ်ပေးလိုက်တော့ မရုန်းတော့ဘဲ မျက်နှာလွှဲချသွားပြီးရှိုက်ငိုတယ်။သူ့ဆီမှာအနမ်းခံရတာကို ဒေါသထွက်တာထက် ခံပြင်းနေတဲ့ပုံပဲ။
ဘာမှပြောမလာတော့တာကြောင့် safety beltကိုသေချာပတ်ပေးလိုက်ပြီး မောင်းသွားလိုက်တယ်။တစ်လမ်းလုံး လှည့်မလာတော့တဲ့လူက တစ်ခါတစ်ခါရှိုက်သံလေးတွေထွက်လာတတ်တယ်။ပြန်နေတုန်း ဝင်နေတဲ့ဖုန်းကိုလည်းမကိုင်တော့ဘဲ စက်ပိတ်ပစ်လိုက်တာကြောင့် perthအိမ်တော်ရောက်အောင် အမြန်ဆုံးမောင်းလိုက်တော့တယ်။မိဘတွေစိတ်ပူနေမှာကိုရော မတွေးမိဘူးလား။.....အိမ်တော်ကိုရောက်တာနဲ့ ပူပန်တပြင်းထွက်ကြိုတဲ့ မားနဲ့phi boomကို ဘာမှပြောမသွားဘဲ အပေါ်ကိုပြေးတက်သွားတာကြောင့် perthကပဲ အကျိုးအကြောင်းပြောပြလိုက်ရတယ်။သတင်းကြားပြီး ပိုစိတ်ပူသွားတဲ့ မားက perthကိုကျေးဇူးတင်ကြောင်းနဲ့ ဂရုစိုက်ပေးဖို့ တောင်းဆိုလာတယ်။Perthစိတ်မပူရန်ပြောပြီး နှုတ်ဆက်ကာ အိမ်ကိုပဲ အမြန်ပြန်ခဲ့ရတော့တယ်။လင်းခါနီးနေပြီမို့ မာမားတို့စိတ်ပူနေလောက်ပြီ။
______________
"သား perth ညကအိမ်ပြန်နောက်ကျတယ်နော်"
အိမ်ပြန်နောက်ကျလို့တစ်ခါမှမမေးဖူးတဲ့မာမားက မနက်စာစားဝိုင်းမှာသူ့ကိုအကဲခတ်သလိုမေးလာတယ်။
"ဟုတ်တယ်မာမား ကိစ္စရှိလို့ နောက်ကျသွားတာ"
ပြသနာမဖြစ်ဖူးတဲ့perthကြောင့် ပါးနဲ့မားက ပြောပြစေချင်ဟန်တူတယ်။perthဖြစ်ခဲ့တာတွေကို ပြောပြလိုက်တော့ မားကနှမျောတသပြောလာတယ်။
"သားကလည်း ကလေးကိုအိမ်ကိုတော့ ခေါ်မလာခဲ့ဘူး ။ ညည့်နက်နေတာများ မနက်မှပြန်ပို့ပေးလိုက်ရောပေါ့ ။ ကလေးဘယ်လောက် လန့်နေမလဲ"
နှစ်ယောက်သား ရန်ဖြစ်ခဲ့တဲ့အကြောင်းကို သေချာမပြောဘဲထားလိုက်တာကြောင့် မာမားဒီလိုပြောနိုင်တာပါ။သူ့ကို ကန့်ကန့်လန်အောင် ပြန်ပြောတာကို ပြောပြလိုက်ရင် ဒီလိုပြောနိုင်ဦးမလားသိချင်တယ်။
"သူဆိုးတာကို မာမားမသိလို့ပါ ။ မာမားတို့ကိုသာ လိမ္မာယဉ်ကျေးနေတာ ကျွန်တော့်ကိုဆို အမြဲပြန်စွာနေတဲ့ကလေး"
"သားကလည်းTaကို စကားကောင်းပြောလို့လား။Taကအချော့ကြိုက်တယ်။ကလေးလေးလိုပဲ သူကနူးနူးညံ့ညံ့ဆက်ဆံမှကြိုက်တာ"
"ဟုတ်တယ် perth မင်း သူများသားကို ကောင်းကောင်းမွန်မွန်ဆက်ဆံ ။ မျက်နှာပျက်စရာဖြစ်အောင်မလုပ်နဲ့"
ပါးကပါဝင်ပြောတော့ perth ခေါင်းသာငြိမ့်ပြီး နားထောင်လိုက်ရတယ်။
"Taနဲ့ အဆင်မပြေလို့ဆိုပြီး စီစဉ်ထားတာကိုတော့ မဖျက်ဘူးမလား သား"
"မဖျက်ပါဘူးမားရာ ။ Tanaponက ပြောစကားကိုတည်တယ် ။ မားတို့ ဂျစ်တူးကိုသာ စည်းရုံးကြည့်လိုက်ဦး"
Perthပါးနဲ့မားကိုနှုတ်ဆက်ပြီး အလုပ်ကိုသာ လာခဲ့လိုက်တော့တယ်။ဆက်ထိုင်နေရင် ကလေးထိန်းတရားတွေဆက်နာနေရနိုင်တယ်။...."ဟုတ်ကဲ့ ဦးလေး ကျွန်တော််လာခဲ့လိုက်ပါမယ်"
အလုပ်သွားတဲ့လမ်းပေါ်ရောက်မှ ဦ်းလေးက လှမ်းခေါ်တာမို့ ငြင်းလို့မကောင်းတာနဲ့ လမ်းကြောင်းပြန်ပြောင်းလိုက်ရတယ်။ဟိုကောင်လေးကို တွေ့ချင်တာလဲပါတယ်။ညက သူလွန်သွားတာကြောင့် ပြန်တောင်းပန်ဖို့တွေးထားလိုက်တယ်။
အိမ်တော်ကိုရောက်တော့ ဥက္ကဠကြီးတို့လင်မယားနှစ်ယောက်က ဧည့်ခန်းမှာထိုင်နေကြတယ်။တွေ့ချင်တဲ့ လူကို ဝေ့ဝဲရှာကြည့်ပေမယ့် အရိပ်အယောင်ပင် မတွေ့ရ။ညကကိစ္စကို ဦိးလေးကသိပုံမရတာကြောင့် perthဘာမှမမေးဘဲနေလိုက်တော့တယ်။
"Perthကိုခေါ်တာ တစ်ခြားမဟုတ်ဘူး။ဦီးလေးဟိုနေ့က အကူအညီတောင်းထားတာတဲ့ ကိစ္စပဲ"
"ဟုတ်ကဲ့။ကျွန်တော်က အဆင်ပြေပါတယ်။သူစိတ်ပါရင် လိုက်ခဲ့လို့ရပါတယ်"
"အေး ဦးလေးပြောထားတယ်။ဒီနေ့ပဲ လိုက်ရမယ် ပြောထားတာ။မိန်းမ မင်းသားကိုသွားခေါ်"
"အင်းအင်း နှစ်ယောက်သားစကားပြောထားနှင့်ဦး။"
အန်တီကအပေါ်တက်သွားပြီးခဏအကြာမှာပြန်ဆင်းလာတယ်။စကားခဏပြောပြီး အကြာမှာပဲ အဖြူစွပ်စွပ်hoddieလည်ကတုံးဝတ်ထားတဲ့ကောင်လေးဆင်းလာတယ်။မျက်နှာက ပုံမှန်ထက်ပိုတင်းနေပြီး ဘယ်သူ့ကိုမှစကားမပြောဘဲ အမေဖြစ်သူအနားသွားရပ်နေတယ်။အခြေအနေကို သိတဲ့မားက ကျောပြင်ကို နှစ်ချက်မျှပုတ်ပြီး လိုက်သွားဖို့ ချော့ပြောတော့မှ perth ကိုမစောင့်ဘဲ ထွက်သွားတော့တယ်။
Perthအမြန်နှုတ်ဆက်ခဲ့ရပြီး အပြေးလိုက်သွားရတယ်။ကားအနားရောက်မှ မတ်တပ်ရပ်နေတဲ့သူကြောင့်ကားတံခါးလော့ခ်ကိုလှမ်းဖွင့်ပေးလိုက်မှ ဆူအောင့်အောင့်ဝင်ထိုင်တယ်။တစ်လမ်းလုံး စကားမပြောဘဲလိုက်လာတဲ့ကောင်လေးကြောင့် ဘယ်ကစကားစရမှန်းမသိဖြစ်နေတယ်။ကောင်လေးကို ရုံးခန်းထဲဝန်ထမ်းအစ်မနဲ့သေချာအပ်ခဲ့ပြီး အစည်းအဝေးဆီပြေးရပြန်တယ်။သူစီစဉ်သမျှ ဘာမှမပြောတဲ့လူက ထားခဲ့တဲ့အတိုင်း sofaပေါ်မှာ ဘာမှမစားမသောက်ဘဲ ထိုင်နေခဲ့ကြောင်း meetingကိုလိုက်လာတဲ့ အစ်မကပြောတော့ perthမျက်မှောင်တွေတွန့်ချိုးကုန်တယ်။
ဂျစ်တိုက်တာတော်ရုံပဲကောင်းတယ်pongsapak။မစားမသောက်ဘဲ ဆန္ဒပြနေတာဘာသဘောလဲ။.....
Meetingပြီးတာနဲ့ ရုံးခန်းထဲပြန်ဝင်ခဲ့တော့ sofaပေါ်မှာ ကွေးအိပ်နေတဲ့သူက ဖိနပ်ပင်ချွတ်မထား။perth အနားမှာဝင်ထိုင်လိုက်ပြီး စီးထားတဲ့ဖိနပ်ဖြူကို ချွတ်ပေးလိုက်တယ်။နေရာကျအောင်ပြန်ပြင်ပေးဖို့ ပုခုံးနှစ်ဖက်ကို မ,ပွေ့လိုက်တော့မှ မေးရိုးဆီကိုလာရိုက်တဲ့ အသက်ရှူခိုး ပူငွေ့ငွေ့ကြောင့် နဖူးကိုအလိုလိုစမ်းမိသွားတယ်။
shit ပူကျစ်နေတာပဲ
နေမကောင်းတာတောင် ပေကပ်အိပ်နေတဲ့ပုံစံက အဆုံးထိစကားမပြောဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။Perthအိပ်ပျော်နေတဲ့ ကိုယ်လေးကိုအသာလှုပ်နှိုးလိုက်တယ်။
"Pongsapak ထဦိး"
လှုပ်နှိုးခံလိုက်ရတဲ့လူရဲ့ မျက်လုံးမို့မို့တွေက မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်ကြည့်လာတယ်။perth အသာဆွဲထူလိုက်ပြီး နဖူးကိုထပ်စမ်းမိပြန်တယ်။
"မင်းဖျားနေပြီ ။ ဆေးခန်းသွားမယ် ထ"
"......."
ထ ရပ်လိုက်ပြီး ထိုင်နေတဲ့သူကိုပါဆွဲထူတော့ ပေကပ်ပြီးထိုင်နေပြန်တယ်။
"Pongsapak မဆိုးစမ်းနဲ့ ။ စိတ်ကောက်ချင်ရင် ပြီးမှကောက် ။ အခု ဆေးခန်းသွားပြရမယ် ထတော့"
စိတ်မရှည်တဲ့perthကပဲ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကိုယ်တိုင်ချွတ်ပေးထားတဲ့ ဖိနပ်ဖြူလေးကို ပြန်စီးပေးရတယ်။သူလုပ်သမျှ ငြိမ်နေတဲ့ကောင်လေးက ဆေးခန်းရောက်တော့လည်း မေးမှသာဖြေပြီး ဘာတစ်ခွန်းမှမပြောဘူး။
ဒီလိုဂျစ်တိုက်ပုံမျိုးနဲ့ လိမ္မာတယ်လို့အဖန်တလဲလဲပြောနေတဲ့ပါးနဲ့မားကို ချီခေါ်ပြီး ပြလိုက်ချင်တယ်။
ဆေးခန်းကပြန်လာပြီးကားပေါ်မှာတင် perthစိတ်မရှည်တော့တာကြောင့် သူကပဲစကားစလိုက်တယ်။
"ဖျားနေတာ သိရဲ့သားနဲ့ ဘာလို့လိုက်လာတာလဲ"
"......"
"Pongsapak"
"ကျစ်! နာမည််အရင်းကြီးခေါ်ခေါ်ပြီး မအော်လို့ရမလား ။ အဲ့လိုခေါ်တာ မကြိုက်ဘူး လာမခေါ်နဲ့"
"ပြန်စွာနိုင်ပုံထောက်ရင် ဆေးစွမ်းထက်တဲ့ပုံပဲ။စကားပြောချင်ကစိတ်ရှိသွားပြီလား"
ရွဲ့နေတဲ့လူကိုsantaမျက်စောင်းထိုးပြီးကြည့်လိုက်တယ်။တစ်မျိုးမဟုတ် တစ်မျိုး ရန်စနေတဲ့လူက သူမဟုတ်တဲ့အတိုင်းပဲ။
မနက်ကတည်းကနေလို့မကောင်းပေမယ့် မိုးလင်းကတည်းက company လိုက်သွားဖို့ရာဇသံပေးလာတဲ့ ပါးကြောင့် ဘာမှပြောချင်စိတ်မရှိတာနဲ့ လိုက်လာခဲ့တာ။ဘယ်သူက သူ့ဆီလိုက်ချင်နေလို့လဲ။
"ခင်ဗျားကိုက ဘယ်တုန်းကမှပြောချင်စိတ်ရှိမနေဘူး"
"စွာနေပြန်ပြီလား"
မျက်နှာအနားရုတ်တရက်ကပ်လာသူကြောင့် နောက်ကိုအလန့်တကြားဆုတ်လိုက်မိတော့ ကားတံခါးနဲ့ခေါင်းနဲ့ဆောင့်မိပြီး မျက်လုံး စုံမှိတ်လိုက်မိတယ်။ပူထူသွားမယ် ထင်ထားပေမယ့် ခေါင်းပေါ်မှာခံလာတဲ့ လက်ကြောင့်သိပ်မနာသော်ငြား လက်ကတော့နာသွားမှာအသေချာပဲ။
ထပ်ရုန်းလိုက်မိတဲ့santaကို ထိုလူကခေါင်းကနေ ထိန်းကိုင်လာတယ်။
"ငြိမ်ငြိမ်နေ အချိန်ပြည့် ရုန်းကန်ချင်နေတာပဲ"
"ဖယ် မထိနဲ့"
"တောင်းပန်တယ်"
"??"
အံ့ဩသွားတဲ့လူက santaဖြစ်ပြီး ထိုလူကဘာအမူအယာမှမပြောင်းလဲဘဲ သူမျက်လုံးအိမ်တွေကိုသာ စိုက်ကြည့်နေတယ်။
"မနေ့ညက ကိုယ်လွန်သွားတာ။ တောင်းပန်ပါတယ်။ဒေါသထွက်ရင် ထိန်းချုပ်ရခက်တဲ့လူမို့ မင်းကိုထိခိုက်စေခဲ့ရင် ကိုယ်တောင်းပန်ပါတယ်"
ဘာမှပြန်မပြောနိုင်တဲ့သူက မျက်လုံးအိမ်လေးတွေ ဟိုရွှေ့ဒီရွှေ့လုပ်နေမိတယ်။တကယ်ဆို santaလည်းပြောတာလွန်သွားတာပဲ။ကူညီပေးတဲ့လူကို အဲဒီလိုမပြောသင့်မှန်းသိပေမယ့် အကြမ်းပတမ်းဆက်ဆံခံရတာကြောင့် အော်မိသွားခဲ့တာ။
ဘာတုန့်ပြန်မှုမှပေးမလာတဲ့ကောင်လေးက သူ့အကြည့်တွေကို တိမ်းရှောင်နေတယ်။အဖျားရှိန်ကြောင့် ခပ်ရဲရဲဖြစ်နေတဲ့ နှာခေါင်းလုံးလေးတွေနဲ့ ဆေးမကူဘဲစိုရဲနေတဲ့ နှုတ်ခမ်းတွေကြား လမ်းပျောက်မသွားစေဖို့ဗြာများနေရတာ ဒီကောင်းလေးသိရင် သူ့ကိုဆွဲထိုးမလားမသိ ။
"ဖယ်တော့.."
"ကိုယ့်ကိုစိတ်မဆိုးဘူးလို့ အရင်ပြော ဖယ်ပေးမယ်"
"......"
"ဟင်"
"........."
"အိမ်ပြန်မယ်"
ထွက်လာတဲ့စကားက ထင်ထားသလိုမဟုတ်တာကြောင့် အောင့်သက်သက်ဖြစ်သွားပေမယ့် သူကပဲလက်လျှော့လိုက်ရတယ်။နေမကောင်းလေ ပိုဂျစ်လေပဲမို့ ဆက်မေးနေရင် နေဝင်သွားဖို့သာရှိတော့မယ်။
"ဒီချိန်ဆို ဦိးလေးတို့ အိမ်မှာရှိမှာမဟုတ်ဘူး။လေလံပွဲတက်စရာရှိတယ်လို့ ပြောသွားတယ်။အိမ်ပြန်ရင် တစ်ယောက်တည်းဖြစ်နေလိမ့်မယ်။ကိုယ့်အိမ်ကိုပဲ သွားမလား။အိမ်မှာ မာမားရှိတယ်"
Santaတွေးဆဆဖြစ်သွားပြီးထိုလူပြောတာကို လက်ခံလိုက်တယ်။နေမကောင်းရင်တစ်ယောက်တည်းမနေချင်ဘဲ အစ်ကိုနဲ့ အမေကိုဂျီကျတတ်တာက မွေးရာပါအကျင့်တစ်ခုလိုဖြစ်နေတယ်။
ငဂျစ်ကလေးကဒီတစ်ခေါက်တော့သူ့စကားကို လက်ခံလိုက်တာကြောင့် အိမ်ကမားကိုလှမ်းပြောတော့ ပြာယာခတ်သွားတဲ့မားက ကားကိုဂရုစိုက်မောင်းဖို့တတွတ်တွတ်မှာလာတယ်။အိမ်ပြန်မလာတဲ့ရက်တွေမှာတောင် စိတ်မချမဖြစ်ဘဲပြန်လာမှာကိုသာစောင့်တတ်တဲ့ မာမားက သူ့သားမက်ကိုသူ့ထက်ပို ဂရုစိုက်နေတာသိရတော့ လူကအောင့်သက်သက်ဖြစ်သွားရပြန်တယ်။
လူတိုင်းရဲ့အလိုလိုက်တာကိုခံနေရမှတော့ ဒီကောင်လေးဆိုးနေတာ မဆန်းပါဘူး။
TBC
ဖတ်ပေးတဲ့သူလေးတွေရှိလို့ကျေးဇူးတင်ပါတယ်ရှင်🙏
ကြိုက်တယ်ဆိုရင် reviewလေးပေးပေးကြပါဦးလို့အကူအညီတောင်းချင်ပါတယ်🥹😘
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




