~ 21 ~
03:23, 18 September 2021Unicode_________
ခေါင်မိုးပေါ်က မိုးစက်ကျသံ တဖြောက်ဖြောက်ကြောင့် ပိုအေးလာသည်ဟု ခံစားရသည်။ထို့ကြောင့်ခါးတစ်ဝက်လောက်အထိ ရောက်နေသော စောင်ကို ပခုံးအပေါ်ထိ ဆွဲခြုံလိုက်ရင်း အနွေးဓာတ် ငွေ့ငွေ့ရနေသည့် ရင်ခွင်ကျယ်ထဲသို့ ကွေးကွေးကလေး တိုးဝင်မိလိုက်သည်။
“အေးလိုက်တာ”
တစ်ကိုယ်တည်း ကြားရုံ ရေရွတ်လိုက်သောအခါ ရင်ခွင်ပိုင်ရှင်က နိုးသွားသည်ထင်။သန်မာသော လက်တစ်စုံက ဆော့ဂျင် ခါးထက်သို့ တင်းကျပ်စွာ လာဖက်သည်။ခန္ဓာကိုယ်ချင်း နီးကပ်အောင် ပိုဆွဲဖက်လိုက်တော့ ဆော့ဂျင် နှာဖျားက ကောင်လေး မေးစေ့ထက်မှာ။
“အရမ်း မဖက်နဲ့။လွှတ်ဦး”
“ကျွတ်!..ကိုကိုကလည်း ငြိမ်ငြိမ်လေးနေစမ်းပါ”
ဂျောင်ကုက စိတ်မရှည်သလို တစ်ချက်ငြီးတော့ သူဆက်ပြီး မငြင်းဆန်တော့ဘဲ ရင်ခွင်ကျယ်ထဲ အသာလေးငြိမ်နေလိုက်သည်။မငြိမ်လို့လည်း မဖြစ်။သူ့အားကြီးနှင့် ဆွဲဖက်လိုက်လျှင် အသက်ရှုကျပ်သည်အထိပင်။
ဂျောင်ကု လက်မောင်းတစ်ဖက်ပေါ် ေခါင်းအုံးလိုက်ရင်း ဆက်အိပ်မည် အပြုတွင် အိမ်ရှေ့တံခါးဆီက ဘဲလ်တီးသံကြောင့် ဂျောင်ကုကို တိုးတိုးလေး နှိုးလိုက်သည်။
“အိမ်ရှေ့မှာ ဘယ်သူလဲ မသိဘူး။ သွားကြည့်လိုက်ဦး”
ဆော့ဂျင်က အအိပ်ဆတ်ပေမယ့် ဂျောင်ကုက အိပ်ပြီဆိုလျှင် ဆင်းတက်နင်းတောင် မနိုးပါ။တစ်ခါနှိုးရုံနှင့် ထ လျှင် ဂျွန်ဂျောင်ကု ပီသလိမ့်မည် မဟုတ်။ယခုလည်း ထုံးစံမပျက် တုပ်တုပ်မျှပင် မလှုပ်ဘဲ ဆက်အိပ်နေသည်။
“ဂျွန်.ဂျောင်.ကု”
“ဗျ...ထပြီ..ထပြီ ”
ရင်ဘတ်ကို တစ်ချက်ထုပြီး ခပ်ဆတ်ဆတ် အော်လိုက်တော့မှ အိပ်မှုန်စုံမွှားဖြင့် လူးလဲထတော့သည်။
အိပ်ချင်စိတ် မပြေသေးသော ဂျောင်ကုက မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ကြည့်ရင်း အိမ်ရှေ့ဘက်သို့ ဒယိမ်းဒယိုင် လျှောက်လာသည်။
အိမ်ရှေ့ တံခါးကို ဆွဲဖွင့်လိုက်သောအခါ အပေါက်ဝတွင် ပြုံးပြုံးကြီး ရပ်နေသူက မင်ယွန်းဂီတို့ အတွဲပင်။
“ကောင်းသော နံနက်ခင်းလေးပါ ဂျွန်ဂျောင်ကု..အဟက်”
ဂျီမင်း၏ ပခုံးတစ်ဖက်ပေါ်သို့ သိုင်းဖက်ရင်း နှုတ်ဆက် စကားဆိုသည်။သေးကျဥ်းသော မျက်လုံးပေါက်လေးတွေ ပိတ်ကျသွားအောင်အထိ အားရပါးရ ရယ်လိုက်ပုံက ကြင်စဦး မောင်နှံ၏ နံနက်ခင်းကို နှောက်ယှက်လိုက်ရ၍ မဂ်လာရှိသွားသည့်ပုံ။
“စောစောစီးစီးဗျာ..”
“ဟဲ..ဟဲ..ဘေဘီလေးနဲ့ စေ့စပ်ပွဲအတွက်..ဝတ်စုံတွေ ဘာတွေ သွားကြည့်မလို့လေ..ကြုံလို့ လှည့်ဝင်လာတာ”
အကိုယွန်းဂီနှင့်သာ အမြဲ စ လိုက်,နောက် လိုက် ကျီစယ်လေ့ရှိပေမယ့် ဂျီမင်းပါ, ပါလာသောအခါ ဂျောင်ကုက ဘာမှထပ်မပြောတော့ဘဲ ကြည်ကြည်သာသာပင် အိမ်ထဲသို့ ခေါ်သည်။
“ထိုင်ဦး..အစ်ကိုကတော့ အိပ်တုန်းထင်တယ်”
“အိပ်တုန်းလား”
“အင်း...ညက အိပ်ရေးပျက်သွားလို့”
ဂျောင်ကုက ေရခဲသေတ္တာ တံခါးကို ဆွဲဖွင့်ပြီး ယွန်းဂီတို့အတွဲကို ဧည့်ခံဖို့ စပျစ်သီးအချို့ကို ထုတ်လိုက်သည်။ထို့နောက် သူကိုယ်တိုင်လည်း ရေသန့်တစ်ဘူးကို ဖောက်ပြီး မော့သောက်သည်။
“အိပ်ရေးပျက်ရအောင် မင်းတို့နှစ်ယောက်က ဘာလုပ်နေလို့တုန်း”
“အဟွတ်..ဟွတ် ”
ယွန်းဂီက ဘာရယ်မဟုတ် ပြောလိုက်ပေမယ့် ဂျောင်ကုက အတွေးတစ်မျိုးပေါက်သွားကာ ချောင်း ထ ဆိုးတော့သည်။
“ဟေ့ကောင်..ဖြည်းဖြည်း..ေရသီးဦးမယ်”
“ဂျီမင်းတို့ပါလား..ထိုင်ကြဦး..နံနက်စာ ဒီမှာစားသွားကြ”
မျက်နှာသုတ် ပုဝါကို ပခုံးပေါ်တင်ထားသော ဆော့ဂျင်က အိပ်ရာနိုးသွားပြီထင်။အခန်းထဲက ထွက်လာရင်းဆိုသည်။ဖွေးသန့်နေသော မျက်နှာက မနက်ခင်း၏ ခန့်ညားမှုတစ်ခုလို အရောင်အဝါထွက်နေသသည်။
“ေနပါစေ ဆိုင်မှာစားလာပြီးပြီ။ငါ မင်းကို လာခေါ်တာ ဆော့ဂျင်ရ”
“ဟေ...ငါ့ကို...ဘာဖြစ်လို့လဲ”
“စေ့စပ်ပွဲအတွက် လိုတာလေးတွေ ဝယ်ဖို့လေ...မင်းက နည်းနည်း အမြင်ရှိတယ်မဟုတ်လား..လိုက်ကြည့်ပေးဦး”
“ဟုတ်တယ်...အစ်ကိုဂျင် တို့ လက်ထပ်ပွဲတုန်းက wedding suit တွေကအစ decoration တွေကအဆုံး ကျွန်တော်ဖြင့် အရမ်းသဘောကျတာပဲ”
ဂျီမင်းကပါ ဝင်ပြောသောအခါ ဂျောင်ကုက ကျေနပ်သော အပြုံးဖြင့် ဂုဏ်ဆာပြန်သည်။
“လှမှာပေါ့..အစ်ကိုရွေးတာပဲ ”
“ဟေ့ကောင်! ငါသိတယ် ဆော့ဂျင်ရွေးမှန်း..အဲ့ဒါကြောင့် ဆရာလာတင်တာပေါ့ကွ”
“ဟင်း..သိရင်ပြီးတာပဲဗျာ”
“ဂေျာင်ကုရေ...ယွန်းဂီတို့နဲ့ အစ်ကိုလိုက်သွားဦးမယ်။မနေ့ညက ချက်ထားတဲ့ဟင်း ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်။နွှေးပြီး စားလိုက်နော်။လျှောက်သွားမနေနဲ့ဦး။မီးဖွင့်ရင် သတိထား..တစ်ခုခုဖြစ်ရင် ဖုန်းလှမ်းဆက်လိုက်နော်”
အကြီးအကျယ် မှာတမ်းခြွေနေသော သူငယ်ချင်း ဖြစ်သူကို ယွန်းဂီက အငေါ်တူးတူးဖြင့် မျက်နှာကို ရှုံ့မဲ့ကာ ကြည့်သည်။
“အင်းပါ..စိတ်ချပါဗျ..ဂရုစိုက်သွားနော် အစ်ကို”
“ပြန်လာရင် စားစရာတစ်ခုခု ဝယ်လာခဲ့မယ်”
“ဟင့်အင်း..အစ်ကို့ အချစ်တွေနဲ့တင် လုံလောက်ပြီ”
“အင်း..လက်လွှတ်ပေးဦး..”
နှစ်ဦးသား ကြားရုံမျှ ခပ်တိုးတိုးပြောနေကြသော်လည်း ဧည့်ခန်းထဲတွင် နားစွင့်နေသူ နှစ်ယောက်ကတော့ ထိုစကားများကို အတိုင်းသားကြားနေရသည်။
“ခေါင်းတွေမူးလိုက်တာ ဘေဘီလေးရေ..ကိုယ့်အတွက် ရေတစ်ခွက်လောက် သွားခပ်ပေးစမ်းပါ။ပြီးရင် အဆိပ်လေးပါ ခတ်ခဲ့...ဒီနှစ်ယောက်ကို ကိုယ်တကယ် မကြည့်နိုင်တော့ဘူး..တကတည်းမှပဲ”
ဂျီမင်းကလည်း အလိုက်သိစွာပင် ရေတစ်ခွက်ခပ်လာပေးသည်။ထို့နောက် ယွန်းဂီနား,နားကပ်ကာ မျက်လုံးဝိုင်းတွေဖြင့် အံ့ဩ တကြီး မေးသည်။
“Gigi..သူတို့နှစ်ယောက်က အဲ့လိုပဲလားဟင်”
“ကြားတဲ့အတိုင်းပဲ...ဘေဘီရေ”
ဂျီမင်း လာပေးသော ရေတစ်ခွက်ကို မော့သောက်လိုက်ပြီး မပြီးနိုင်မစီးနိုင် အလွမ်းသယ်နေသူ နှစ်ယောက်ကြားအောင် အော်ပြောလိုက်သည်။
“ကင်ဆော့ဂျင်ရေ...မင်း စိတ်မချရင် ဂျွန်ဂျောင်ကုကို အိတ်ကပ်ထဲ ထည့်ခေါ်ခဲ့တော့ဟေ့”
𖧷. 𖧷. 𖧷
လိမ္မော်ရောင် နေလုံးသည် အရောင်လွင့်စ ပြုကာ တိမ်တိုက်များကြားထဲသို့ တိုးဝှေ့ကွယ်ပျောက်တော့မည်။မကြာခင် အမှောင်ထုက ကြီးစိုးလာတော့မည်။မြို့ထဲက တိုက်ခန်းတစ်ချို့တွင် မီးရောင်များ လင်းနေကြသည်။အချိန်ကား မနည်းတော့။ည ၇ နာရီ တီးလုပြီ။
ခြံထဲသို့ ကား ဝင်,ဝင်လာချင်း တစ်အိမ်လုံး ေမှာင်မဲနေသောကြောင့် သူ ရင်ထိတ်သွားသည်။'ဂျောင်ကု ဘယ်ရောက်နေလဲ' ၊ 'တစ်ခုခုဖြစ်နေပြီလား' ဟု စိုးရိမ်သည့်စိတ်က ကြီးစိုးသွားသည်။
“ဂေျာင်ကုရေ....”
အိမ်ရှေ့မှာ ဖိနပ်ချွတ်ရင်း ခေါ်ကြည့်တော့ အထဲက ပြန်ထူးသံ မကြားရ။တစ်ခုခုတော့ မှားနေပြီ။
နံရံက မီးခလုတ်ကို ဖွင်လိုက်တော့မှ တစ်ခန်းလုံး လင်းထင်းသွားသည်။
“အမယ်လေး! ”
မှောင်မှောင်မဲမဲထဲ ငုတ်တုပ်ထိုင်နေသော ဂျောင်ကုကြောင့် ဆော့ဂျင် လန့်ပြီး အော်မိသွားသည်။
“အသံမပေးဘဲ ဘာထိုင်လုပ်နေတာလဲ ”
ကောင်လေးက မဖြေ။ဒူးနှစ်ဖက်ပေါ် လက်တင်ထားပြီး ခေါင်းကို အောက်ငုံ့ထားသည်။
“ဖုန်းခေါ်တာ ဘာလို့မကိုင်တာလဲ”
သွားပြီ....။
ဆော့ဂျင် လန့်သွားကာ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်တော့မှ ဂျောင်ကုဆီက missed call ပေါင်း မြောက်များစွာဖြင့်။
“ဖုန်းသံကို မကြားမိတာ ဖြစ်မယ်။တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဆိုတော့”
“နေ့လည်က အကိုယွန်းဂီ ဖုန်းဆက်တယ်။အစ်ကို့ကို အိမ်ပြန်ရောက်ပြီလားတဲ့”
“ ေဩာ်..အဲ့ဒါက လမ်းမှာ သူငယ်ချင်းနဲ့တွေ့လို့ စကားပြောနေတာ”
“စကားပြောတာ တစ်နေ့ခင်းလုံးလား”
“အဲ့လိုတော့ မဟုတ်ဘူးလေ...”
“ယောက်ျားလေးလား... မိန်းကလေးလား ”
ဆော့ဂျင်ကလည်း ဆော့ဂျင်ပါပင်။အခြေအနေကို ကြည့်ပြီး အလိုက်အထိုက် နေသင့်ပေမယ့် မချော့တတ်သူပီပီ ဂျောင်ကုမေးခွန်းကို အရေးမလုပ်ဘဲ အပေါ်အကျီကို ချွတ်လဲသည်။
“ကျွန်တော် မေးနေတယ်လေ အစ်ကို”
“မိန်းကလေး...ကျောင်းတုန်းက သူငယ်ချင်း”
“အဲ့ဒီေတာ့ ဖုန်းမကိုင်နိုင်လောက်အောင် တော်တော်ပျော်လာတယ်ပေါ့”
ခနဲ့တဲ့တဲ့ စကားကြောင့် အကျီချွတ်လဲနေ ရာမှ ဆော့ဂျင် လှည့်ကြည့်လိုက်သည်။
“ဂျွန်ဂျောင်ကု...မင်း ဘာဖြစ်ချင်နေတာလဲ”
သူ့အသံက လိုအပ်သည်ထက် ပိုကျယ်သွားသည်။ဒေါသရောင်လွှမ်းနေသော မျက်လုံးများက မီးရောင်အောက်တွင် အရည်လဲ့နေသည်။
“အစ်ကို့ ယောက်ျားက ကျွန်တော်ဆိုတာ မေ့နေတာလား ”
ဂျောင်ကုက အလျော့မပေး။ထိုင်နေရာမှ ဝုန်းကနဲ ထလာကာ သူ့ဂျင်ခန္ဓာကိုယ်ကို နံရံနှင့် ကပ်ပစ်လိုက်သည်။ရုတ်တရက်မို့ သူမရှောင်လိုက်ပါ။သူ့လက်နှစ်ဖက်ကို အပေါ်သို့ ဆွဲမြှောက်ကာ လက်ကောက်ဝတ်ကနေ လှုပ်မရအောင် ချုပ်ထားသည်။
“အစ်ကို့ ယောက်ျားဆိုတာ သတိရအောင် လုပ်ပေးမယ် ”
“ဖယ်စမ်း..ဂျောင်...ကု....”
ကမူးရှုးထိုး ပူးကပ်လာသော မျက်နှာကို သူလွတ်အောင် ရှောင်လိုက်ပေမယ့် ဂျောင်ကုလက်ဖဝါးနှစ်ဖက်က သူ့မေးရိုး တစ်ဖက်တစ်ချက်စီကို ထိန်းကိုင်ထားသောကြောင့် မလူးသာ မလွန့်သာရှိနေသည်။မေးကြောတွေ ထောင်ထနေသော ဂျောင်ကုက အံတစ်ချက် ကြိတ်ကာ သူ့နှုတ်ခမ်းတွေကို အလွတ်မပေးတော့ဘဲ စုပ်နမ်းပစ်သည်။
“ဖယ်...”
အတင်းတိုးဝင်လာသော လျှာဖျားကို ဆော့ဂျင်က ဝင်ခွင့်မပေးဘဲ နှုတ်ခမ်းနှစ်လွှာကို စေ့ပိတ်ထားသောအခါ ဂျောင်ကုက ပိုပြီး ဒေါသထွက်သွားသည်ထင်။သူ့အောက်နှုတ်ခမ်းထူထူကို သွားချွန်ချွန်ဖြင့် ကိုက်ချပစ်လိုက်သည်။
“အ့..”
နာကျင်မှုကြောင့် သူ့နှုတ်ခမ်းတွေ ပွင့်ဟသွားသည်။ထိုအခွင့်အရေးကို ဂျောင်ကုက လက်လွတ်မခံ။နက်ရှိုင်း မွတ်သိပ်သော အနမ်းကြမ်းကြမ်းများဖြင့် အသက်ရှုချိန်မရလောက်အောင် စိတ်ရှိလက်ရှိ နမ်းသည်။သူ့ခြေထောက်တွေ ခွေကျမသွားအောင် မနည်းကြိုးစားနေရသည်။ဒီလိုပုံစံမျိုးဖြင့် ဂျောင်ကု၏ အချစ်နွံထဲသို့ သူမနစ်မွန်းချင်။
“ခွပ်.. ”
ရှိသမျှ အားနှင့် ချုပ်ထားသော လက်တို့ကို ရုန်းကန်လိုက်ရင်း ဂျောင်ကု၏ ရင်ဘတ်တည့်တည့်ကို လက်သီးနှင့် ထိုးချလိုက်သည်။သတိကောင်းသော ဂျောင်ကုက ကိုယ်ကိုရုတ်တရက်ဘေးသို့ ရှောင်လိုက်တာမို့ မိမိရရ မထိုးမိလိုက်။ပွတ်ကာ သီကာလေး လွဲသွားသည်။
ထိုအခါမှ ဂျောင်ကုက သတိဝင်သွားသည်ထင်။ဆော့ဂျင် အောက်နှုတ်ခမ်းကို တစ်ချက် စုပ်ဆွဲကာ လွှတ်ပေးသည်။
“ဖယ်စမ်း..တွေ့ကရာလူနဲ့ သဝန်တိုပြီး ငါ့ကို ဒီလိုပုံစံမျိုး မဆက်ဆံနဲ့..မင်းကိုချစ်လွန်းလို့ လက်ထပ်ခဲ့တာ..စိတ်ပျက်အောင် လာမလုပ်နဲ့ ”
ဆော့ဂျင်၏ မျက်နှာထားက အတည်တံ့ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။စူးရှပြီး တည်ငြိမ်နေသော မျက်လုံး၊နက်မှောင်သော မျက်ခုံးတန်းများဖြင့် ဂျောင်ကုကို တစ်ချက်စိုက်ကြည့်လိုက်ရင်း ပေါက်သွားသော နှုတ်ခမ်းကို ဖိသုတ်ကာ လှည့်ထွက်သွားသည်။
ဂျောင်ကု ခေါင်းငိုက်စိုက်ကျသွားသည်။တဂ်စိတ်လွတ် လက်လွတ်ပြုမူလိုက်သော အပြုအမူအတွက်လည်း နောင်တ,ရချင် သလိုဖြစ်သွား၏။
𖧷.𖧷.𖧷
ဆော့ဂျင် ရေချိုးခန်းက ထွက်လာပြီးနောက် အဖြူရောင် ရှပ်အကျီတစ်ထည် ကောက်ဝတ်လိုက်သည်။ဂျောင်ကုကိုလည်း စကားမပြော။အနားကို လျှောက်လာတော့ မသိချင်ယောင်ဆောင်ပြီး မျက်နှာကိုလွှဲပစ်လိုက်သည်။
“အစ်ကို ”
လာမခေါ်နဲ့..။မှတ်လောက်သားလောက်ရှိအောင် မင်းကို ပစ်ထားဦးမယ်။
ဆော့ဂျင်က ပြန်မထူးဘဲ အခန်းထဲက ထွက်မည်အပြုတွင် ေဂျာင်ကုက ခါးကိုနောက်ကနေ သိုင်းဖက်လာသည်။
“ကျွန်တော် မှားသွားပါတယ်။ချစ်လွန်းလို့ သဝန်တိုမိသွားတာပါ...နော်..အစ်ကို”
နားရွက်ဖျားကို မထိတထိ လာနမ်းသော ဂျောင်ကု၏ နှုတ်ခမ်းကို ဆော့ဂျင်က လက်နှင့်ကာထားလိုက်သည်။
“အစ်ကိုကလည်း... ”
“အခုမှ လာချွဲမနေနဲ့..”
“ဘာဖြစ်လို့လဲ...အစ်ကိုက မကြိုက်ဘူးလား”
သူ့တစ်ကိုယ်လုံး အားကြီးနှင့် လာမှီနေသော ၂၄ နှစ်အရွယ် ကလေးဆိုးကြီးကို မာန်ရမှာလည်း အခက်၊ရိုက်ရမှာလည်း အခက်။စိတ်ဆိုးမပြေချင်သေးသည့် ဆော့ဂျင်တောင် ပြုံးမိသွားသည်။
“ထမင်းသွားစားလေ”
“မစားတော့ဘူး”
ဆော့ဂျင်က အကျီကြယ်သီးတွေကို တပ်မယ်ကြံတော့ ဂျောင်ကုက အတပ်မခံ။လက်တစ်ဖက်ကို ဆွဲကာ ကုတင်ပေါ်တွင် ထိုင်စေသည်။
“ အစ်ကို..ကျွန်တော့်ကို ကြည့်”
ဂျောင်ကုက ဆော့ဂျင် မေးဖျားကို ကိုင်လိုက်ရင်း မျက်နှာချင်းဆိုင်စေသည်။ရီဝေနေသော မျက်ဝိုင်းများက ခါတိုင်းနှင့်မတူ။ သံလိုက်ဓာတ်များစွာ ပျော်ဝင်နေပြီး လူကိုညှို့နေသယောင် ရှိသည်။
“တောင်းပန်ပါတယ် အစ်ကို....အစ်ကို့ဆီက မိန်းကလေးဆိုတဲ့ အသံကိုကြားကြားချင်း ပူထူပြီးတော့ သဝန်တိုမိသွားတယ်။အဲ့ဒါက အစ်ကိုရဲ့ ဂုဏ်သိက္ခာကို စော်ကားသလိုဖြစ်စေမိသွားရင်ေတာင်းပန်ပါတယ်”
“ငါ ခွင့်လွှတ်တာမို့ မတောင်းပန်နဲ့တော့”
ဆော့ဂျင်က အမှန်တကယ်ပင် စိတ်ပြေသွားပြီဖြစ်သည်။အကြာကြီး မခေါ်မပြောဘဲ စိတ်ဆိုးရအောင်လည်း ဒီအိမ်မှာ သူနဲ့ကိုယ် နှစ်ယောက်တည်းရယ်။
“နှုတ်ခမ်းလေး ပေါက်သွားတယ်မဟုတ်လား”
ဂျောင်ကုက စိတ်မကောင်းသလို ချော့မြူတော့ သူ့နားရွက်ဖျားတွေ ရဲသွားသည်။
“နည်းနည်းလေးပါ..ရ..”
အနူးညံ့ဆုံး ငုံထွေးလိုက်သော ဂျောင်ကုနှုတ်ခမ်းများအောက်တွင် သူ့စကားလုံးများက တစ်စွန်းတစ်စဖြင့်ပင် ပျောက်ဆုံးသွားရသည်။
“...”
ဆိတ်ငြိမ်နေသော အခန်းထဲတွင် သူတို့နှစ်ဦး၏ ရင်ခုန်သံများကသာ ကြီးစိုးနေသည်။စိုစွတ်နူးအိသော အနမ်းများက တဖြည်းဖြည်း အရိုင်းဆန်လာကာ ရှေ့သို့တစ်ဆင့်ပြီး တစ်ဆင့်တက်လာသည်။ဂျောင်ကု၏ အကျီကော်လံကို သူတင်းကြပ်စွာ ဆုပ်ကိုင်မိရက်သားဖြစ်သွားသည်။
“kook-ah ”
အသာအယာ လှဲချလိုက်သော ဂျောင်ကုကို သူမတားလိုက်နိုင်။ကျွမ်းကျင်ပိုင်နိုင်လွန်းသော ဂျောင်ကုအနမ်းများကို အာရုံရောက်နေသည့်အခိုက်တွင် မွေ့ယာ၏ နူးနူးညံ့ညံ့ အထိအတွေ့ကို ခံစားလိုက်ရတော့မှ သတိဝင်လာမိသည်။
“ချစ်တယ် အစ်ကို ”
မပီမသ လေသံတိုးတိုးနှင့်အတူ သူ့လည်ပင်းတစ်လျှောက် တဖွဖွလိုက်နမ်းသည်။ထိုမှတဆင့် အကျီကြယ်သီးများကို ဖြုတ်လိုက်ရင်း ပခုံးသားများပေါ်သို့ စုပ်နမ်းလာသည်။
“ငါလည်း ချစ်တယ်..ဂျောင်ကု”
⚠︎ ⚠︎ ⚠︎
လစ်ဟာသွားသည့် ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အပိုင်ကစားစရာ အရုပ်လေးတစ်ရုပ်လို ခြယ်လှယ်သည်။စိုစွတ်နေသော ခပ်နွေးနွေး အထိအတွေ့က သူ့နှုတ်ခမ်းသားတစ်ဝိုက်ကိုသာ ရစ်ဝဲနေသည်။
"ဂျောင်.ကု...မလုပ်..နဲ့"
ရင်ဘတ် တစ်နေရာဆီသို့ တရွေ့ရွေ့ပြိုဆင်းလာသော အနမ်းများက ပန်းပွင့်၏ ဝတ်ရည်စုပ်သော ပျားပိတုန်းကဲ့သို့ပင်။ ရပ်တန့်ဖို့ရာ အစီအစဉ် မရှိတော့သော သူ့နှုတ်ခမ်းပါးတွေက တစ်နေရာဆီသို့ ရုတ်တရက် ဦးတည်လာတော့ ဆော့ဂျင်ခန္ဓာကိုယ် တစ်ခုလုံး လှုပ်လှုပ်ရှားဖြစ်သွားသည်။တားမြစ်သံသဲ့သဲ့ကို သူက အရေးမလုပ်ပဲ ခါးပေါ်က လက်တွေကသာ ပိုပြီးတင်းကြပ်လာသည်။
"ကု..."
ဆော့ဂျင် နှုတ်ခမ်းကို ကိုက်မိသွားသည်။ချိုသာသော သူ့အသံလေးမှာ ယခုမူ အနည်းငယ်အက်ရှနေသည်။ဂျောင်ကုက စိတ်ရှည်လက်ရှည်နှင့် အခြေအနေတစ်ခုသို့ ရောက်မှန်းမသိ ရောက်အောင် ဆွဲခေါ်သွားသည်။
အိပ်ယာခင်းစနှစ်ဖက်ကို ဆုပ်မိဆုပ်ရာအတင်းဆုပ်ရင်း သူပြုသမျှနုနေရသည့် အဖြစ်။သတိထားမိသွားဟန်တူသော ဂျောင်ကုက ဆော့ဂျင်နှုတ်ခမ်းဖျားက အသံတစ်ချို့ကို နှုတ်ခမ်းတွေနှင့်ဖိကပ်ပြီး သက်သာလိုသက်သာငြား ဖြေလျော့ပေးသည်။တိတ်ဆိတ်သော ပတ်ဝန်းကျင်က ရှိုက်ညည်းသံသဲ့သဲ့ကိုတော့ အနိုင်ယူနိုင်မည့်ပုံ မပေါ်။
"ကိုယ့်ကို ယုံတယ်မလား။ချစ်..တယ်...နော်"
ချော့မြူသလို ပြောရင်း ချွေးစို့နေသော နဖူးပြင်ထက်ကို ငုံ့နမ်းသည်။ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးဆုပ်တွေကို ဖြန့်စေပြီး သူ့ကျောပြင်ကို အားကိုးရာတစ်ခုအဖြစ် ဖက်တွယ်စေလိုက်သည်။ထိုအခါ တိုးသွားသော အသက်ရှုငွေ့ခပ်နွေးနွေးက တည်ငြိမ်စပြုလာသည်။အခြေအနေတွေ အနည်ထိုင်သွားတော့မှ ဂျောင်ကုရှေ့ဆက် ခရီးဆက်သည်။
အခြေချမိသွားသော သူတို့နှစ်ယောက်၏ သာယာမှုရပ်ဝန်းတစ်ခုကြောင့် ဂျောင်ကု သတိလက်လွတ်နဲ့ ရှေ့ဆက်တိုးလိုက်မိသည်။အဆုံးမရှိသော ချစ်ခြင်းတရားများက အနက်ရှိုင်းဆုံး နယ်မြေအထိ နယ်ချဲ့သွားမိတော့သည်။
"....."
ဂျောင်ကု ဖန်ဆင်းထားသည့် အချစ်ကမ္ဘာထဲ ဆော့ဂျင် အသက်ကို မနည်းရှုနေရသည်။မြန်ဆန်လာသော ရင်ခုန်သံတွေက ပေါက်ကွဲလုဆဲဆဲ မီးတောင်တစ်ခုလို ဆူညံစွာရိုက်ခတ်နေသည်။အလိုအလျောက် တုံ့ပြန်နေပြီဖြစ်သည့် ခန္ဓာကိုယ်ကိုလည်း မထိန်းချုပ်နိုင်တော့သည့်အဆုံး လွတ်လွတ်လပ်လပ် ဖြေလျော့ချမိလိုက်သည်။
နှစ်ယောက်ကြား ဆက်သွယ်မှုက အချိန်ကြာလာသည်နှင့်အမျှ နူးညံ့မနေတော့ဘဲ မုန်တိုင်းတစ်ခုလို အရိုင်းဆန်လာသည်။ နှုတ်ခမ်းဖူးဖူးဆီက မပီဝိုးတဝါး အသံတွေက ရုတ်တရက်ဖိကပ်လာသော ဂျောင်ကု နှုတ်ခမ်းပါးများကြားတွင်ပင် ပျောက်ရှသွား၏။
"Ahh.."
မြန်ဆန်လာသည့် လှုပ်ရှားမှုတွေထဲမှာ အသက်ရှုသံတွေပါ မြန်လာသည်။လွတ်ထွက်သွားချင်နေပြီဖြစ်တဲ့ စိတ်အစဉ်ကိုထိန်းချုပ်ဖို့ရာ မတတ်နိုင်တော့။ရှိရှိသမျှ ခံစားချက်တွေအားလုံးကို သူတို့နှစ်ယောက်၏ ပေါင်းစည်းမှုတစ်ခုအဖြစ်သွန်ချလိုက်မိတော့သည်။
ချိုမြိန်သော ပျားရည်မြစ်တစ်စင်းက သွေးကြောထဲထိ ပူနွေးစွာ၊ပြည့်စုံစွာ၊နူးညံ့စွာ အတိုင်းအဆမဲ့ စီးဆင်းသွားသည်။စိုစွတ်သွားသည့် အိပ်ယာခင်းစမှာ အဖြူရောင်အချစ် သကေ်တများ။
နွေးထွေးပြည့်စုံလွန်းစွာနဲ့ပဲ သူ့ရင်ဘတ်ပေါ် အမောဖြေရင်း ချွေးစို့နေသော နဖူးပြင်ကို ဖွဖွနမ်းသည်။မလွန်ဆန်နိုင်သော လိုအင်ဆန္ဒတွေရဲ့ အမှတ်အသားတွေအဖြစ် ဂျောင်ကု ကျောပြင်ကျယ်ပေါ်က သူ့လက်ချက် အစင်းရာတွေရယ်၊သူ့ရင်ဘတ်တစ်လျှောက်က အနီရင့်ရောင့် သကေ်တတွေက သက်သေပင်ဖြစ်သည်။ရန်ရှာခံထားရသော သူ့ခန္ဓာကိုယ် တစ်နေရာက တဆစ်ဆစ်နာကျင်လာသလို တစ်ကိုယ်လုံး နွမ်းနယ်နေသည်။
"တော်တော့..ငါ အိပ်ချင်ပြီ"
တစ်ဖက်လှည့်ဖို့ကြံနေတဲ့ သူ့ခန္ဓာကိုယ်ကို လက်တစ်ဖက်တည်းအားနဲ့ ဆွဲလှည့်ကာ ရီဝေဝေမျက်လုံးတွေနဲ့ ကြည့်လာသည်။ဖိကိုက်ထားရလွန်းသဖြင့် သွေးစို့နေပြီဖြစ်သော ဆော့ဂျင် အောက်နှုတ်ခမ်းကို စိတ်မကောင်းစွာကြည့်ရင်း ဖိကပ်နမ်းပြန်သည်။
"ဒါပေမယ့်....ကျွန်တော်....."
အနားယူချင်ပုံမရသေးသော သူက ဆော့ဂျင် ပါးပြင်တစ်ဖက်ကို ငုံ့နမ်းပြီး ရှေ့ဆက်ဖို့ တောင်းဆိုသည်။ချွေးစို့နေသော နဖူးပြင်နှင့် တိကျသေသပ်လှသော Jaw lineများက မျက်လုံးဝိုင်းတွေနှင့် ချစ်စရာကောင်းသည့် ကောင်လေး၏ သဏ္ဍာန်နဲ့ဆန့်ကျင်လွန်းစွာ။
ခါတိုင်းလို သူ့ရင်ခွင်ထဲ ခေါင်းတိုးပြီး ဆိုးနွဲ့တတ်တဲ့ ကလေးဆိုးလေးဟာ ဒီကောင်လေးရဲ့ ကိုယ်ပွားလို့တောင်ထင်ရသည်။တကယ်တော့ ဒီကောင်လေးဟာ ယုန်ဖြူလေးပုံစံ ဟန်ဆောင်ထားတဲ့ ကျားဆိုးလေးတစ်ကောင်သာဖြစ်ကြောင်း သူအခုမှ သဘောပေါက်တော့သည်။
"မနက်ဖြန်တော့ အိမ်မှာပဲနားရတော့မယ်ထင်တယ်"
ခပ်တိုးတိုး စကားသံအဆုံးမှာ ထိုကောင်လေးရဲ့ လည်ပင်းကို ပြန်လည်ဖက်တွယ်လိုက်ပြီး တုံ့ပြန်အနမ်းတွေနဲ့ခရီးဆက်သည်။ကျေနပ်သွားပုံရသော ကောင်လေး၏ နှုတ်ခမ်းထက်က အပြုံးတွေက မီးရောင်ဖျော့ဖျော့အောက်မှာ မပီမဝိုးတဝါးနှင့် သိပ်ကိုလှလွန်းခဲ့သည်။
မင်းက တကယ်ကောင်ဆိုးလေးပဲ ဂျွန်ဂျောင်ကု။
𖧷.𖧷.𖧷
အိပ်မောကျနေရာမှ ဖျတ်ကနဲ သူလန့်နိုးသွားသည်။ခန္ဓာကိုယ်ထဲ ချမ်းစိမ့်စိမ့်ဖြစ်လာသည်မို့ ဂျောင်ကု မနိုးအောင် ဖွဖွနင်းရင်း အိပ်ရာထက်က ဆင်းခဲ့သည်။နာရီကို ကြည့်တော့ မနက် ၄ နာရီတိတိ။
အကျီလက်ရှည်တစ်ထည် ထပ်ဝတ်ဖို့ အဝတ်ဗီရိုထဲ မွှေနောက်ရင်း သူ့ခြေဖျားပေါ် ထွက်ကျလာသော ခပ်မာမာအရာတစ်ခုကြောင့် ငုံ့ကောက်လိုက်သည်။
“ဘာလေးလဲ”
လက်ဝါးသာသာ အရွယ် စာအုပ်လေးတစ်အုပ်။
“အရင်ရည်းစားတွေရဲ့ အကြောင်းများလား ”
ဆော့ဂျင် မျက်မှောင်တွန့်ချိုးရင်း ပြန်ထားဖို့ ပြင်သည်။သို့သော် သိချင်စိတ်၊စူးစမ်းချင်စိတ်ကိုကား မတားဆီးနိုင်။အထူးသဖြင့် သူချစ်သောတစ်စုံတစ်ယောက်နှင့် သက်ဆိုင်နေသည်မို့ ပိုလို့တောင် သိချင်မိသည်။
ဖြစ်ချင်ရာဖြစ် ဟု သဘောထားကာ စာရွက်လေးတွေကို လှန်ကြည့်မိလိုက်သည်။လက်ရေးဝိုင်းဝိုင်းများနှင့် ရေးထားသော စာကြောင်းများက သူ့သွားတွေ ပေါ်သည်အထိပြုံးမိသွားစေသည်။
သူနှင့် စ တွေ့သည့်ရက်ကတည်းက တစ်နေ့ချင်းစီ၏ အကြောင်းအရာများကို ချရေးထားခြင်းဖြစ်သည်။သူကိုယ်တိုင်ပင် သတိမထားမိသော အပြုအမူများ၊အမူအကျင့်များကအစ ဂျောင်ကုက အသေးစိတ်ရေးထားခြင်းဖြစ်သည်။
“ဒါတွေကအစ ေရးထားတာလား..အရူးလေး။ ငါ ကိုယ်တိုင်တောင် သတိမထားမိတဲ့ဟာတွေကို..ဂျွန်ဂျောင်ကုက တကယ့်လူပဲ”
စာအုပ်အဖုံးကို ပြန်ပိတ်မည်အပြုတွင် မျက်နှာဖုံးထူထူကြားက တစ်စုံတစ်ခုကို လက်နှင့်စမ်းမိသွားသည်။ညှပ်နေသော ထိုအရာကိုဆွဲထုတ်လိုက်တော့ ဓာတ်ပုံတစ်ပုံ။
“သူ ငယ်ငယ်က ပုံများလား”
ဆေးသားပြယ်စပြုနေသည်မို့ မနည်းပြူးပြဲကြည့်ရသည်။မျက်နှာကတော့ အထင်အရှားရှိနေတုန်းပင်။မျက်မှန်ဝိုင်းလေး တပ်ထားသော ကောင်လေးတစ်ယောက်၏ ပုံ။ဓာတ်ပုံနောက်ကျောဘက်ကို လှန်ကြည့်မိတော့ မှင်အနက်ဖြင့် ရေးထားသည်က 'ချွဲမင်ဟို'တဲ့။
သေသွားတဲ့ သူ့ သူငယ်ချင်းပုံကိုး။
ပြန်ထည့်ဖို့ လုပ်ရင်း မသက်ာစိတ်ကြောင့် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
မီးရောင်အောက်တွင် ထင်ရှားသဲကွဲနေသည့် ထိုမျက်နှာကို နောက်ဘဝရောက်လျှင်တောင် သူမမေ့။သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားသည်။တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံက ပြန်ကြားရလောက်သည်အထိပင်။
“မဖြစ်နိုင်တာ”
လဲကျမသွားအောင် ကိုယ့်ကိုယ်ကို ထိန်းရင်း မီးဖိုခန်း ဝင်ပေါက်ထွက်ပေါက်က စားပွဲပုလေးဆီသို့ သွားမိသည်။သူ့ခြေလှမ်းများက ထူးဆန်းစွာ လေးကန်နေသည်။
ကျေးဇူးပြုပြီး....သူမဖြစ်ပါစေနဲ့...တခြားတစ်ယောက်ပဲ ဖြစ်ပါစေ။
သူ ဆုတောင်းကား မပြည့်။
စတော်ဘယ်ရီသီးပုံစံ frame ဖြင့် ဘောင်ခတ်ထားသော သူ ငယ်စဥ်က ဓာတ်ပုံကလေးကို ဖြုတ်ယူလိုက်ပြီး ဂျောင်ကုစာအုပ်မျက်နှာဖုံးထဲက ဓာတ်ပုံနှင့် ဆက်ကြည့်လိုက်သည်။
ထိုအခါ ဓာတ်ပုံထဲက ကောင်လေးနှစ်ယောက်၏ ပခုံးဖက်လျက်သား ရုပ်ပုံက တိကျသပ်ရပ်စွာ ရုပ်လုံးပေါ်သွားသည်။
တဆတ်ဆတ်တုန်နေသော သူ့နှုတ်ခမ်းဖျားဆီက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော အမည်နာမတစ်ခု ပေါ်ထွက်လာသည်။
“ကင်..ဆူ...ဂျင်”
~~~~~~~~~~~~~~ // ~~~~~~~~~~~~~~~
AN- ဖတ်ရတာ အဆင်ပြေရဲ့လားမသိ။
mature scene ေတွမှာ မသင့်တော်တဲ့ စကားလုံးတွေကို အတတ်နိုင်ဆုံး ရှောင်သုံးထားပါတယ်။
ဒီရက်ပိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ဖုန်းကိုင်နိုင်ဖို့ အချိန်ရော လူရော မနည်းအားယူနေရပါတယ်။ဒီအပိုင်းက ရှေ့ရက်ကတည်းက ရေးပြီးသားမို့ လိုတာလေးတွေပဲ ဖြည့်စွက်ပြီး up လိုက်တာပါ။အခုလောလောဆယ် စာမရေးနိုင်သေးတဲ့ အခြေအနေပါ။အားနာစွာနဲ့ပဲ ပြောပါရစေ။ အပိုင်းသစ်အတွက် update ကြာနိုင်ပါတယ်။အခြေအနေအရပါပဲ။
ဇာတ်လည်း သိမ်းပါတော့မယ်..လွန်ဆုံးရှိ နောက်သုံးပိုင်းပေါ့။
Thanks for reading & votingRiona
........
Zawgyi________
“အေးလိုက်တာ”
“အရမ်း မဖက်နဲ့။လွှတ်ဦး”
ဂျောင်ကု လက်မောင်းတစ်ဖက်ပေါ် ခေါင်းအုံးလိုက်ရင်း ဆက်အိပ်မည် အပြုတွင် အိမ်ရှေ့တံခါးဆီက ဘဲလ်တီးသံကြောင့် ဂျောင်ကုကို တိုးတိုးလေး နှိုးလိုက်သည်။
“ဂျွန်.ဂျောင်.ကု”
“ဗျ...ထပြီ..ထပြီ ”
“စောစောစီးစီးဗျာ..”
“အိပ်တုန်းလား”
“အဟွတ်..ဟွတ် ”
“ဟေ့ကောင်..ဖြည်းဖြည်း..ရေသီးဦးမယ်”
“ဟုတ်တယ်...အစ်ကိုဂျင် တို့ လက်ထပ်ပွဲတုန်းက wedding suit တွေကအစ decoration တွေအဆုံး ကျွန်တော်ဖြင့် အရမ်းသဘောကျတာပဲ”
“အင်း..လက်လွှတ်ပေးဦး..”
𖧷 .𖧷 .𖧷
“ဂျောင်ကုရေ....”
“အမယ်လေး! ”
သွားပြီ....။
“ ဩော်..အဲ့ဒါက လမ်းမှာ သူငယ်ချင်းနဲ့တွေ့လို့ စကားပြောနေတာ”
“အဲ့ဒီတော့ ဖုန်းမကိုင်နိုင်လောက်အောင် တော်တော်ပျော်လာတယ်ပေါ့”
“ဖယ်စမ်း..ဂျောင်...ကု....”
“ဖယ်...”
“အ့..”
“ခွပ်.. ”
𖧷.𖧷.𖧷
“အစ်ကို ”
ဆော့ဂျင်က ပြန်မထူးဘဲ အခန်းထဲက ထွက်မည်အပြုတွင် ဂျောင်ကုက ခါးကိုနောက်ကနေ သိုင်းဖက်လာသည်။
“အစ်ကိုကလည်း... ”
“အခုမှ လာချွဲမနေနဲ့..”
“ထမင်းသွားစားလေ”
“မစားတော့ဘူး”
“နည်းနည်းလေးပါ..ရ..”
“...”
“kook-ah ”
“ချစ်တယ် အစ်ကို ”
⚠︎ ⚠︎ ⚠︎
"ဂျောင်.ကု...မလုပ်..နဲ့"
"ကု..."
"ကိုယ့်ကို ယုံတယ်မလား။ချစ်..တယ်...နော်"
"....."
"Ahh.."
"ဒါပေမယ့်....ကျွန်တော်....."
𖧷.𖧷.𖧷
“ဘာလေးလဲ”
“သူ ငယ်ငယ်က ပုံများလား”
“မဖြစ်နိုင်တာ”
သူ ဆုတောင်းကား မပြည့်။
“ကင်..ဆူ...ဂျင်”
~~~~~~~~~~~~~~ // ~~~~~~~~~~~~~~~
mature scene တွေမှာ မသင့်တော်တဲ့ စကားလုံးတွေကို အတတ်နိုင်ဆုံး ရှောင်သုံးထားပါတယ်။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)