Fanfics

~ 20 ~

13:51, 15 September 2021

Unicode_________

ဖုန်းချခါနီး ပုံမှန် မဟုတ်သော ဂျောင်ကုအသံကြောင့် ဆော့ဂျင် စိတ်မဖြောင့်။စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ လေးလံနေသည်။လက်က လက်ပတ်နာရီကို ကြည့်တော့ ၃နာရီ မိနစ် ၂၀။ဖုန်းကို ထပ်ခေါ်ကြည့်တော့ အတန်ကြာသည်အထိ ဖုန်းမကိုင်ပြန်။

အမျိုးအမည်မသိသော ခံစားချက်တစ်မျိုးက ​တိုးဝင်လာသည်။

“ဆောင်းမင်း.. ”

“ဗျာ..အကို”

“ငါ အိမ်ပြန်တော့မယ်။လက်စသတ်စရာလေးတွေ ပြီးရင် ဆိုင်ပိတ်လိုက်တော့နော်။ဒီမှာ သော့ ”

“ဟုတ် အကို..စိတ်ချပါ”

ဆိုင်ဝန်ထမ်းလေးက အလုပ်လုပ်တာ ပိရိသေသပ်သလို ပြန်ကြည့်စရာ မလိုအောင် စိတ်ချရသည်။ထို့ကြောင့် ယုံယုံကြည်ကြည်နဲ့ သော့အပ်ခဲ့ခြင်းဖြစ်သည်။

လမ်းမပေါ်က ရရာ တက္ကစီတစ်စီးကို အလောတကြီး တားလိုက်သည်။ဖြစ်နိုင်လျှင် ခြေလျင်ပြေးသွားလိုက်ချင်တော့သည်။အိမ်နှင့် ဆိုင်က သိပ်မဝေးလှသောကြောင့် တော်တော့သည်။နို့မို့ဆို တော်တော်နှင့် ရောက်မည်မဟုတ်။

“ဟင်!”

အိမ်ရှေ့သို့ ရောက်,ရောက်ချင်း မြင်ကွင်းကြောင့် တဒဂ် ကြောင်သွားသည်။

မီးခိုးငွေ့များ နှင့်အတူ မွှန်ထူနေသော ညှော်နံ့။

ဝုန်းကနဲ ခုန်တက်သွားသည့် နှလုံးခုန်သံက တော်တော်နဲ့ ပြန်မကျ။ခေါင်းတစ်ခုလည်း ချာချာလည်သွားကာ စိုးရိမ်ရေမှတ်က အဆုံးထိမြင့်တက်သွားသည်။

“ဂေျာင်..ကုရေ..”

အိမ်အပေါက်ဝထိ မွှန်တက်လာသော မီးခိုးငွေ့များကြောင်​့ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရ။ထိုအခိုးအငွေ့များကြားထဲသို့ မရမက ဖြဲခွဲသွားရင်း ကောင်လေး၏ နာမည်ကိုသာ အကြိမ်ကြိမ် ခေါ်နေမိသည်။ပြန်ထူးသံ တစ်စုံတစ်ရာကိုကား ယခုထိမကြားရ။

“ဂေျာင်ကုရေ...ဂျောင်ကု....အဟွတ်..ဟွတ် ”

နှာခေါင်းထဲသို့ အလုံးလိုက် ဝင်လာသော မီးခိုးများကြောင့် မျက်လုံးတွေ စပ်ဖျင်းဖျင်း ဖြစ်လာသည်။လက်နှစ်ဖက်ဖြင့် နှာခေါင်းကို အုပ်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားသောအခါ မီးညွန့်က မျက်နှာကျက်အထိ တရိပ်ရိပ်ဟပ်နေလေသည်။

အသင့်ဆောင်ထားသော မီးသတ်ဆေးဘူးကို ယူပြီး

မီးရှိန်က လျော့သွားသည်။မျက်နှာကျက်အထိ မီးစွဲသွားလျှင်တော့ မလွယ်။မီးဖိုပေါ်က ဒယ်အိုးတစ်ခုလုံးလည်း ရစရာမရှိအောင် မဲတူးနေသည်။

“ ဂျောင်ကု..”

ဂျောင်ကုသည် ကြမ်းပြင်ပေါ်တွင် ခွေခွေကလေး လဲကျနေသည်။ဆွဲထူပွေ့လိုက်သောအခါ ပျော့ဖတ်တစ်ခုလို အလိုက်သင့်ပါလာသည်။ခြေထောက်နှစ်ချောင်းလုံး ရေခဲတုံးတစ်ခုလို အေးစက်စက်နှင့်။

“ဂေျာင်ကု...သတိထားပါဦး”

သူ့ခန္ဓာကိုယ်ကြီးကို မနိုင်တနိုင် သယ်ရင်း အိမ်ရှေ့က ဆိုဖာခုံပေါ်သို့အရောက်တွင် ပစ်ချလိုက်သည်။ခြေဆုံး ခေါင်းဆုံး မီးလောင်ဒဏ်ရာ တစ်ခုတစ်လေမှ မတွေ့ရ။အကြောက်လွန်ပြီး shock ဖြစ်သွားပုံရသည်။

အရင်တစ်ခါက ကားမောင်းခါနီး ဒီလိုတစ်ခါဖြစ်သေးသည်။အတိတ်မှာ ဘာတွေများ ဖြစ်ခဲ့လို့လဲ ဂျောင်ကုရယ်။

သူ စိတ်မကောင်းစွာဖြင့် ငေးစိုက်ကြည့်နေရင်းမှ သတိဝင်လာကာ ဖုန်းနံပါတ် တစ်ချို့ကို နှိပ်လိုက်သည်။

“ဟယ်လို...ယွန်းဂီလား။မင်းအသိထဲက ဆရာဝန်တစ်ယောက်လောက်နဲ့ အိမ်ကိုလာခဲ့လို့ ရမလား”

“......”

“အင်း..ဒီရောက်မှ အကြောင်းစုံ ရှင်းပြမယ်။ငါ ဆေးခန်းကို ဘယ်လိုမှလာလို့မရလို့..မင်းနဲ့ရင်းနှီးတဲ့ဒေါက်တာရှိတယ်မလား။သူ့ကို အိမ်ကိုပင့်ခဲ့ကွာ..နော် သူငယ်ချင်း ”

ဆိုဖာပေါ်က မျက်နှာပြင်သည် ပကတိ တည်ငြိမ်​နေဆဲ။ခြေဖျားလက်ဖျားများကို စမ်းကြည့်တော့ ခုနကလို အေးစက်စက်မနေတော့။အနည်းငယ် ပူနွေးလာသည်။ထိုအခါမှ ဆော့ဂျင် လေပူတစ်ချက်မှုတ်ထုတ် မိတော့သည်။

𖧷 .𖧷 .𖧷

အဆုံးအစမရှိသည့် တစ်မျှော်တစ်ခေါ် ကွင်းပြင်ကျယ်ကြီးထဲတွင် ကျွန်တော် ပြေးနေမိသည်။ဘယ်ဆီကို ဦးတည်ပြေးနေမိမှန်း မသိ။ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေ စက်စက်ကျနေပြီ။မောလွန်းလို့ ခဏနားချင်ပေမယ့် ခန္ဓာကိုယ်က ခွင့်မပြု။ပြေးနေဆဲပင်။

ထိုအခိုက်မှာပင် ကျွန်တော့်ခြေထောက်တွေ ရုတ်တရက် ရပ်တန့်သွားသည်။ပတ်ဝန်းကျင် တစ်ခုလုံး မြူလား၊နှင်းလား မကွဲပြားလောက်အောင် ပိတ်မှောင်နေသည်။ကျွန်တော်ပြေးနေသော ကွင်းပြင်ကျယ်၏ ​မြေကြီးသည် အဆုံးသတ်သွားလေပြီ။ရှေ့ဆက် ​ပြေးစရာ မြေမရှိ။ မှောင်မဲနေသော ချောက်တစ်ခုသာ ရှိသည်။မြူများ ကြားမှပင် မသဲမကွဲမြင်နေရသည်က ထိုချောက်ကမ်းပါး အစွန်းတွင် ရပ်နေသော အဖြူရောင် နောက်ကျောတစ်ခု။

“ဘယ်သူလဲ”

လေတဖြူးဖြူးတိုက်ခတ်နေသောကြောင့် ထိုလူ၏ အဝတ်အစားများသည် တဟူးဟူးလွင့်နေ၏။ထို နောက်ကျောပြင်က ထူးဆန်းစွာပင် ကျွန်တော့်အတွက် စိမ်းသက်မနေ။ရင်းနှီးကျွမ်းဝင်ခဲ့သည့် အငွေ့အသက်များကို ခံစားနေရသည်။

နှုတ်က အမည်နာမတစ်ခုကို ခေါ်ချင်သော်လည်း အသံထွက်မလာဘဲ လည်ချောင်းအဝတွင်ပင် တစ်ဆို့နေသည်။

“ကုကီး...”

ခေါ်သံနှင့်အတူ လှည့်ကြည့်လာသော မျက်နှာ။

နွမ်းလျနေပေမယ့် မျက်လုံးတွေက အရင်လို အသက်ဝင် တောက်ပနေဆဲပင်။

“ကုကီး...ငါ မင်းကို စောင့်နေတာ ”

ပြုံးနေသော မျက်နှာနှင့် အတူတဖြည်းဖြည်း ကျွန်တော့် ရှေ့တည့်တည့်ဆီသို့ လျှောက်လာသည်။

ဟင့်အင်း...မပြုံးပါနဲ့။ ငါ့ကို ဒေါသတကြီးနဲ့ ထုရိုက်ပစ်လိုက်ပါ။ ငါက အသုံးမကျတဲ့ကောင်ပါ။

ရင်တွင်းတွင် စကားလုံးများစွာဖြင့် အပြင်းအထန်အော်ဟစ်နေသော်လည်း အသံက အပြင်ကိုထွက်မလာ။

လက်တစ်ကမ်း အကွာတွင် သူ့ခြေထောက်တွေက ရပ်တန့်သွားသည်။ထို့နောက် လက်တစ်ဖက် ကမ်းလာကာ..

“အတူတူသွားကြရအောင် ကုကီး”

ဟင့်အင်း....သွားလို့မဖြစ်ဘူး။ငါ့ဘဝထဲမှာ ငါချစ်ရတဲ့ သူတစ်ယောက်ရှိနေပြီ။မင်း နောက်ကို လိုက်ခဲ့လို့မဖြစ်ဘူး။

ကျွန်တော့််ခြေလှမ်းတွေ နောက်ဘက်ကို တစ်လှမ်းချင်း ပြန်ဆုတ်လိုက်တော့ ကမ်းထားသော လက်ကိုပြန်ရုတ်သွားသည်။သူက အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်သည်။ခဏအကြာတွင် ပြေလျော့သွားသော မျက်ခုံးတန်းများနှင့်အတူ သက်ပြင်းငွေ့ငွေ့ချသံကို မထင်မရှားကြားလိုက်ရသည်။

နောက်ထပ်တစ်ကြိမ် သူစိတ်ပျက်သွားပြီလား။

“အင်းလေ..မင်း မလိုက်ချင်လည်း နေပါ။ငါကတော့ မင်းကို စောင့်နေခဲ့တာ”

'စောင့်နေခဲ့တာ' ဟူသော စကားတွင် သူ့အသံက အဖျားခတ်တုန်ရင်နေသည်။တောက်ပနေသော မျက်လုံးများက အရောင်မှိန်သွားသည်။ထို့နောက် မျက်နှာကို တစ်ဖက်သို့ ပြန်လှည့်သွားသည်။

သူ့ကို ကျွန်တော် ဘယ်လိုနှစ်သိမ့်ရမှန်း မသိတော့။ဒီတစ်ခေါက်လည်း သူ ကျွန်တော့်ကို ကျောခိုင်းသွားပြန်ပြီ။

“ငါ သွားတော့မယ် ကုကီး။ကောင်းကောင်း နေရစ်ခဲ့ပါ”

ဖျော့တော့တော့ အပြုံးတစ်ခုကို နောက်ဆုံးအနေနဲ့ သူ ပြုံးပြသည်။

တောင်းပန်ပါတယ်။ငါ့ဘဝမှာ အစ်ကိုသာမရှိခဲ့ရင် မင်းနောက်ကို ငါလိုက်ခဲ့မိမှာ။

ကျွန်တော့်နှုတ်ခမ်းတွေကို ဟ ပြီး အသံထွက်လာဖို့ ကြိုးစားကြည့်သည်။လည်ချောင်း တစ်လျှောက်လုံး နာကျင်နေပြီး ဘယ်လောက်ကြိုးစား,ကြိုးစား အသံက ထွက်မလာ။ကိုယ့်အဖြစ်ကို စိတ်တိုလွန်းလို့ အကျယ်ကြီး အော်ပစ်ချင်သည်အထိ။

“မင်....ဟို ”

နောက်ဆုံးမှာ ကျွန်တော့်လည်ချောင်းဝက အသံတစ်ချို့ ထွက်လာသည်။ကျွန်တော် နောက်ထပ်တစ်ကြိမ် ကြိုးစားပြီး ပြောကြည့်သည်။

“မင် ဟို....မင်ဟို ”

ဒီတစ်ခါတော့ သူလှည့်ကြည့်သည်။ပွင့်ဟသွားသော သူ့နှုတ်ခမ်းတစ်စုံက အံ့ဩ နေသယောင်။

“မင်ဟို...ငါ မင်းကို တောင်းပန်ပါတယ် ..ငါ...”

သူက ပြုံးသည်။အငြိုးအတေး အာဃာတ မပါသော ဖြူစင်လွန်းသည့် အပြုံး။

“မင်း အမှားမှ မဟုတ်တာ..ငါ ခွင့်လွှတ်ပြီးသားပါ”

ထိုစကားအဆုံးတွင် သူသည် ကျွန်တော့်မြင်ကွင်းက တရွေ့ရွေ့ ပျောက်ကွယ်သွားသည်။

ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး လက်ချောင်းကလေး တစ်ချောင်းတောင် လှုပ်နိုင်စွမ်းမရှိတော့။ထိုနေရာမှာပင် ကျွန်တော် ဒူးထောက် လဲကျသွားသည်။

ငါ့အမှားတွေပါ...။ အဲ့ဒီနေ့က ငါသာ စောစောရောက်လာခဲ့ရင် မင်း ဒီလိုဖြစ်မှာ မဟုတ်ဘူး။

𖧷 .𖧷 .𖧷

“ဂေျာင်ကု...ဂျောင်ကု..သတိရလာပြီလား ”

ကြားဖူးနေကျ အသံနှင့်အတူ စိုးရိမ်တကြီး ငုံ့ကြည့်နေတဲ့ မျက်နှာက ဖြူဖပ်ဖြူရော်နှင့်။မျက်နှာကျက်အမိုးက မြင်ကွင်းထဲတွင် တဝဲလည်လည်ရှိနေသည်။

ခေါင်းမူးလိုက်တာ...။

“သတိရပြီမဟုတ်လား...စိတ်ပူလိုက်ရတာကွာ”

အစ်ကိုက ခပ်တိုးတိုးပြောရင်း သူ့လက်တစ်ဖက်ကို ဆွဲယူကာ ရေစိုဝတ်တစ်ခုနဲ့ ပွတ်သပ်ပေးသည်။စိုးရိမ်မပြေသေးသည့် မျက်ဝန်းတွေက သူ့ကိုပဲ တစိုက်မတ်မတ် ကြည့်နေသည်။တစ်စုံတစ်ရာ ထပ်ဖြစ်သွားမှာ စိုးရိမ်နေသည့်ပုံပင်။

“အစ်ကို...”

“ဖြည်းဖြည်း ထ...ဆရာဝန်အခုပဲ ပြန်သွားတာ”

“ဘာတွေ ဖြစ်သွားသေးလဲဟင် ”

“ဘာမှမဖြစ်ဘူး။မင်းသာ နေကောင်းအောင်နေ”

ဆော့ဂျင်က ရေထည့်ထားသော ခွက်ကို သွန်ဖို့ ထရပ်လိုက်သည်။

“အစ်ကို..ကျွန်တော် သူနဲ့တွေ့ခဲ့တယ်။သူကလေ ကျွန်တော့်ကို အပြစ်မတင်တဲ့အပြင် ခွင့်လွှတ်တယ်တဲ့။ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်..သူ့ကို အားနာလွန်းလို့ ကျွန်တော်ဘယ်လို တောင်းပန်ရမှန်းမသိတော့ဘူး”

တတွတ်တွတ်ဆိုနေသော ကောင်လေးကို ဆော့ဂျင်က  အသာအယာဖက်လိုက်ပြီး ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးမိသည်။ထိုအခါ သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးလာသည်။

“တကယ်လို့ အတိတ်ကအကြောင်းတွေက မင်းကိုနာကျင်ရမယ်ဆိုရင် ငါ့ကိုမပြောပြပါနဲ့။မင်း နာကျင်တာတွေ့ရင် ငါလည်း ရင်နာရတယ်..”

ချော့ပြောကာမှ ပိုဆိုးလာသည့်အလား ေဂျာင်ကုမျက်နှာအပ်ထားသည့် သူ့ရင်ဘတ်တစ်နေရာတွင် စိုစိစိနှင့်။

“​ေခါင်းကိုက်နေဦးမယ်”

သူ့အပေါ် စိုးမိုးခြယ်လှယ်ချင်တဲ့ ဒီကောင်လေးက တစ်ခါတစ်လေတော့လည်း ကလေးတစ်ယောက်လို ရင်ခွင်ထဲ တိုးဝင်တတ်သည်။

ခဏကြာတော့ ဂျောင်ကုက သူ့ရင်ခွင်ထဲက ပြန်ထွက်ကာ အိမ်ရှေ့က လမ်းမဆီသို့ ငေးကြည့်သည်။ရီဝေ ညိုမှောင်သော မျက်လုံးများက ပြိုလုဆဲဆဲ မိုးကောင်းကင်လို အုံ့မှိုင်းနေသည်။ကြေကွဲစရာ ကောင်းသော အတိတ်က ဖြစ်ရပ်များသည် ဂျောင်ကု၏ စကားလုံးများကြားတွင် တဖန်ပြန်လည် အသက်ဝင်လာခဲ့သည်။

“သူ့နာမည်က 'ချွဲမင်ဟိုတဲ့။ အထက်တန်းတုန်းက  ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ပေါ့”

~~~~~~~~~~~~ 🔹🔹🔹🔹~~~~~~~~~~

အတိတ်ဆီသို့.......။

“ဂေျာင်ကု လာပြီ”

သူ ကျောင်းဝင်းထဲသို့ ခြေလှမ်းလိုက်သည်နှင့် မိန်းကလေး အတော်များများ၏ အာရုံသည် သူ့ဘက်သို့ လှည့်လာသည်။စာတော်သော ကျောင်းသားဖြစ်သော်လည်း လိမ္မာသည့် အထဲတော့မပါ။ခပ်မိုက်မိုက် ဂျစ်ကန်ကန် စတိုင်ကြောင့် 'ဂျွန်ဂျောင်ကု'ဆိုသည့် နာမည်သည် မိန်းကလေးများ၏ နှုတ်ဖျားတွင် ရေပန်းစားသည်။

“ဂေျာင်ကု..ငါ နင့်ကိုချစ်တယ်”

အသည်းပုံစံ ကိတ်မုန့်လှလှလေး တစ်တုံးကို ကိုင်ကာ လမ်းရှေ့တည့်တည့်တွင် ပိတ်ရပ်နေသော ကောင်မလေး။နဖူးပေါ်တွင် ရှေ့ဆံမြိတ်အတိကို ချကာ ပုလင်းဖင်လောက် ထူသောမျက်မှန်ဝိုင်းနှင့်။

ကျွတ်! ..တကယ့်ကို စိတ်ရှုပ်စရာတွေ။

ဂျောင်ကုက အရေးမလိုသလိုနဲ့ ဘေးကို ရှောင်သွားဖို့ ပြင်တော့ ကောင်မလေးက ဘေးသို့လိုက်ပိတ်ရပ်သည်။

သူ ဆက်ပြီး သည်းမခံနိုင်တော့။

“ဖယ်စမ်းပါ..အရှုပ်ထုပ်တွေ”

ချိုချိုသာသာ ငြင်းတတ်သည့်အထဲတွင် သူမပါ။စိတ်ရှုပ်သလို စုပ်တစ်ချက်သပ်လိုက်ရင်း ထိုကောင်မလေး လက်ထဲက ကိတ်မုန့်တုံးကို လက်နှင့်ပုတ်ထုတ်လိုက်သည်။

“ဟင်! ”

“ဟာ! ”

မသိမသာ အကဲခတ်ကြည့်နေကြသော ကျောင်းသားများထံမှ အာမေဍိတ်သံ အစီအရီထွက်လာကြသည်။

ဂျောင်ကုက နည်းနည်းလေးတောင် စောင်းငဲ့မကြည့်။

အနည်းငယ်စွန်းသွားသော အကျီလက်စကို တစ်ရှုးဖြင့် သုတ်လိုက်ပြီး ထိုနေရာမှာပင် တစ်ရှုးစကို လုံးချေပြီး ပစ်ပေါက်ခဲ့သည်။

ထို့နောက် ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားရင်း လူရှင်းသော လမ်းအကွေ့အချိုးသို့ ရောက်သောအခါ အကျီနောက်ကျောစက တင်းကနဲ ဖြစ်သွားသည်။ပြန်လှည့်ကြည့်လိုက်သောအခါ အားရပါးရ ​ပစ်ဝင်လာသော လက်သီးတစ်လုံး​ကြောင့် သူရုတ်တရက် မရှောင်လိုက်နိုင်။မေးရိုးတစ်ခုလုံး ပျားတုပ်သလို ပူထူသွားသည်။

“ခွပ်!”

“အ့”

သွေးစို့သွားသော နှုတ်ခမ်းထောင့်စွန်းကို ပွတ်လိုက်ရင်း လက်သီးပိုင်ရှင်ကို ကြည့်တော့ မျက်မှန်ဝိုင်းဝိုင်းနဲ့ ငဒူတစ်ကောင်။

ကျွတ်!လာပြန်ပြီ....။

“ဘယ်လိုလဲ..အတော်နာသွားသလား။ မင်းငြင်းခဲ့တဲ့ မိန်းကလေးက ဘယ်လောက်ရှက်သွားသလဲ သိလား။နှမသားချင်း မစာနာတဲ့ကောင်”

နောက်တစ်ချက် ပစ်ဝင်လာသော လက်သီးတစ်လုံးကိုတော့ ဂျောင်ကု မိမိရရရှောင်လိုက်သည်။ထိုကောင်လေး လက်ကို ဖမ်းချုပ်လိုက်ကာ နှာနုရိုးတည့်တည့်သို့ လက်သီးစာကျွေးလိုက်သည်။

ဂျွန်ဂျောင်ကုကို လာမစမ်းနဲ့။နှစ်ခါ သည်းခံတတ်တဲ့ ကောင်မဟုတ်ဘူး။

“မင်းအကြောင်းမပါဘဲနဲ့ ဝင်မပါနဲ့...နောက်တစ်ခါ ဝင်ပါရင် ဒီထက်ပိုနာမယ်”

အူကြောင်ကြောင် ဖြစ်နေသော ထိုကောင်လေးက မတ်တပ်ရပ်ဖို့ ပြင်နေတဲ့ သူ့ခြေထောက်နှစ်ချောင်းကို ဖမ်းချုပ်ထားသောကြောင့် ဖင်ထိုင်လဲကျသွားသည်။ထို့နောက် ရင်ဘတ်ပေါ်မှ ခွစီးကာ အားရပါးရ ထို့ဖို့အလုပ်တွင် ဂျောင်ကုကလည်း အလျော့မပေး။ကိုယ်ကို တစ်ပတ်လှိမ့်ပြီး အသာစီးမှနေရာပြန်ယူလိုက်သည်။

“ခွပ်! ”

တစ်ချက်ပြီး တစ်ချက် ထိုးကြိတ်နေစဥ်တွင်...

“ဟေ့ကောင်တွေ..ရပ်စမ်း”

မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့် သူတို့၏ အတန်းပိုင်ဆရာ။

နောက်ဆုံးရလာဒ်ကတော့ သူတို့နှစ်ယောက်လုံး ကျောင်းအုပ်ကြီးရုံးခန်းသို့ နေ့မကူးဘဲ ရောက်သွားသည်။အပြစ်ပေးသည့် အနေဖြင့် တစ်လတိတိ ကျောင်းစာသင်ခန်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ရတော့သည်။

“ရော့...ယူထားလိုက် ”

လက်ထဲက ဆေးထုပ်ကို သူ့ရှေ့တည့်တည့်သို့ ပစ်ချလိုက်သောအခါ ထိုမျက်မှန်နှင့်ငကြောင်က တံမြက်စည်းလှည်း နေရာမှ မော့ကြည့်လာသည်။

“ဘာလဲ ”

“မင်း မျက်နှာကို ဆေးထည့်ဖို့”

“မလိုပါဘူး”

“အိုက်တင် ခံမနေနဲ့ ဟေ့ကောင်..ငါ့လက်ဆလက်နကို ငါပဲသိတယ်..မင်းနှာနုရိုးကို ဂရုစိုက် ”

“ငါလည်း မင်းကိုတောင်းပန်တယ် ”

ထိုကောင်လေးက မျက်မှန်ကို ပင့်တင်တာ တောင်းပန်စကားဆိုလာသည်။

“ငါက မနက်ကမှ ေကျာင်းပြောင်းလာတဲ့ ကျောင်းသားသစ်...ငါ့နာမည်က ချွဲမင်ဟိုပါ”

“Ok! ငါ့နာမည်က ဂျွန်ဂျောင်ကု”

ထို တစ်လအတွင်းတွင် သူတို့နှစ်ဦး တစ်စတစ်စ ရင်းနှီးလာကြသည်။မင်ဟိုက အနည်းငယ် အူကြောင်ကြောင်နိုင်သည်။သို့သော် စိတ်ရင်းကောင်းသည်။တစ်ယောက်အကြောင်း တစ်ယောက်သိသွားသောအခါ သူတို့နှစ်ယောက်သည် ညီအစ်ကိုရင်းပမာ ရင်းနှီးသွားကြသည်။

မင်ဟိုက သူ့မိသားစုနှင့် ပတ်သက်ပြီး တစ်ခါမှဖွင့်ဟ မပြော။မေးလို့လည်း မရ။မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရှိသလားတော့ မပြောတတ်။တစ်ခါတစ်လေ ငိုင်နေတတ်သည်။

အထက်တန်းပြီးသည့် အထိ သူတို့နှစ်ယောက်လုံး တပူးပူး တတွဲတွဲဖြင့်။ဂျောင်ကုဘေးမှာ မင်ဟိုက အမြဲရှိနေတတ်သလို မင်ဟိုဘေးမှာလည်း ဂျောင်ကုက အမြဲရှိနေတတ်သည်။

ထိုနေ့က စာမေးပွဲပြီးသည့် နောက်ဆုံးရက်...

ကားမောင်းနေရင်း ရုတ်တရက် ဖုန်းဝင်လာသည်။နံပါတ်စိမ်းမို့ ဘယ်သူဘယ်ဝါဆိုတာ သူမသိ။

“ကု..ကီး...”

တစ်ဖက်က ခေါ်သံကြောင့် ဂျောင်ကု ကြောင်သွားသည်။'ကုကီး' ဆိုသည့် နာမည်ကို ခေါ်တတ်သူက မင်ဟို တစ်ယောက်တည်းသာ ရှိသည်မို့။

“အင်း..မင်ဟို ပြောလေ”

“ငါ့...ငါ့ဆီ မြန်...မြန်လာ..ပေးပါ”

ပုံမှန်မဟုတ်သော အသက်ရှုသံပြင်းပြင်းက ဖုန်းထဲကတောင် ကြားရသည်။အသက်ကို မနည်းလုရှုနေရသည့်ပုံ။

“မင်းအသံက ဘာဖြစ်နေတာလဲ..ငါ ဘယ်ကိုလာခဲ့ရမလဲ”

“ငါ..တို့...ကျောင်းခိုးပြေးနေကျ...တောအစပ်.. ”

စကားမဆုံးမီပင် တစ်ဖက်က ဖုန်းကျသွားသည်။အန္တရာယ် တစ်ခုခုကြုံနေပြီဖြစ်ကြောင်း သူတပ်အပ်သိသည်။အမြန်နှုန်း ဘယ်လောက်ထိ အရှိန်တင်မောင်းမိမှန်း သူမသိတော့။စိတ်ပူခြင်းကသာ ကြီးစိုးနေသည်။

ေမှာင်မိုက်နေသော ကောင်းကင်ပြင်တွင် လရောင်ကိုတစ်စွန်းတစ်စမျှတောင် မတွေ့ရ။အမှောင်ထုသည် မကောင်းမှုကို အားပေးသည်။တောစပ်က သစ်ပင်ဖျားဆီမှ ငှက်ဆိုးတစ်ကောင်၏ အော်သံကြောင့် ဂျောင်ကု ကြက်သီးထသွားသည်။

မင်ဟို၏ အရိပ်အယောင်ကိုမှ သူမတွေ့။လူသံလည်း မကြားရ။ရှာဖို့ တစ်နေရာသာ ရှိတော့သည်။ချောက်ကမ်းပါး ရှိသောနေရာ။ကျောင်းခိုးပြေးတိုင်း ထိုနေရာကို သူတို့နှစ်ယောက် ဘယ်တော့မှမသွား။ချောက်က အလွန်တရာနက်ကာ အောက်တွင် ကျောက်တုံး ကျောက်ခဲများရှိသည်။

မသက်ာသော စိတ်ဖြင့် ထိုချောက်ကမ်းပါးဘက် ဆီသို့ ဦးတည်လိုက်သောအခါ..

“ဟင်!”

ချောက်ကမ်းပါး၏ အစပ်တွင် ကားအနက်လေး တစ်စီး။ကားပြတင်းပေါက်မှ တစက်စက်ကျနေသော သွေးစီးကြောင်းများ။

သူ အကြောက်အလန့် ကင်းစွာဖြင့် အနားသို့တိုးကပ်သွားသည်။တခြားမည်သူတစ်ဦး တစ်ယောက်မှရှိမနေ။

ကားတံခါးကို ဆွဲဖွင့်လိုက်သောအခါ သွေးတွေ ပေကျံနေသော မျက်နှာ။

“မင်..ဟို..”

သူ့မျက်လုံးအစုံက ပြူးကျယ်သွားသည်။ဦးခေါင်းထက်မှ စီးကျနေသော သွေးများကို မယုံနိုင်အောင် ငေးကြည့်ရင်း လက်တစ်ဖက်ကို ကိုင်လှုပ်လိုက်သည်။

“ကု...ကီး”

ပါးစပ်လှုပ်ရုံ အသံတိုးတိုးက မနည်းအားယူခေါ်နေရသည်။သူ့မျက်နှာ တစ်ခုလုံး မြင်ရက်စရာ မရှိလောက်အောင် ရဲရဲတွတ်နေသည်။

“ဘာ...ဘာမှမဖြစ်ဘူး..ငါ မင်းကို ခေါ်သွားပေးမယ်..အားတင်းထား...ဘာမှမဖြစ်ဘူးနော်.”

မင်​ဟိုခန္ဓာကိုယ်ကို ခါးအောက်ကနေ ပွေ့ချီပြီး အပြင်ဘက်သို့ ဆွဲထုတ်လိုက်စဥ်တွင် မထင်မှတ်ထားသော အဖြစ်အပျက် တစ်ခု ရုတ်တရက် ဖြစ်သွားခဲ့သည်။

“အ့”

သူ့ဦးခေါင်း တစ်ခုလုံးကို မာကြောသော အရာတစ်ခုနှင့် ခပ်ပြင်းပြင်း ရိုက်ခံလိုက်ရသည်။ပွေ့ချီထားသော လက်များ ရုတ်တရက် အားပျော့သွားပြီး မြေကြီးပေါ်က သစ်ရွက်ခြောက်များကြားထဲသို့ သူ့တစ်ကိုယ်လုံး ပစ်လဲကျသွားသည်။

ခြေသံ ခပ်ပြင်းပြင်းများကို ကြားရပြီးနောက် မင်ဟိုရှိနေသော ကားတစ်စီးလုံး ချောက်ထဲသို့ ထိုးကျသွားသည်။

“မဖြစ်ဘူး...မလုပ်...မလုပ်ကြပါနဲ့”

ရှိသမျှ အင်အားအကုန်လုံးကို ဖျစ်ညှစ်ပြီး သူ,လေးဘက်ထောက်ကာ တရွေ့ရွေ့သွားသည်။စိတ်ဆောင် နေသလားတော့ မပြောတတ်။ချောက်ကမ်းပါး အစွန်းသို့ ရောက်အောင် သူသွားနိုင်ခဲ့သည်။

“မဖြစ်ဘူး...မင်...ဟို....မင်ဟို ”

ဝုန်းကနဲ ပေါက်ကွဲသွားသော အသံနက်ကြီးနှင့်အတူ နီရဲနေသော မီးညွန့်မီးလျှံများကိုက ချောက်ကမ်းပါး ေအာက်ခြေမှ တလိပ်လိပ်တက်လာသည်။

“မင်...ဟို...”

ရုတ်တရက် သူ့ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားတော့သည်။

~~~~~~~~~~~ 🔹🔹🔹🔹🔹~~~~~~~~~~

“အဲ့ဒါ ပါပဲ..အစ်ကို။ကျွန်တော်သာ စောစောရောက်သွားခဲ့ရင် သူဒီလို အဖြစ်ဆိုးနဲ့ ကြုံခဲ့မှာ မဟုတ်ဘူး။အဲ့ဒီနေ့ကစပြီး မီးတောက်တွေကို မြင်ရင် ကျွန်တော်ချစ်တဲ့ သူ တစ်ယောက်ဆုံးရှုံးရသလို ခံစားရတယ်..ကားမောင်းဖို့ ကြိုးစားလိုက်တိုင်း အဲ့ဒီအဖြစ်အပျက်ကြီးက ခေါင်းထဲကို ဝင်လာတယ်။အဲ့ဒါကြောင့် ကျွန်တော် ဆိုင်ကယ်ပဲ စီးတော့တယ်”

ဂျောင်ကု၏ စကားအဆုံးတွင် ဆော့ဂျင်က စိတ်မသက်သာစွာ ကြည့်ရင်း သက်ပြင်းတစ်ချက်ချသည်။ထို့နောက် ဂျောင်ကုလက်တစ်ဖက်ကို အုပ်ကိုင်ကာ မျက်လုံးထဲသို့ အကြည့်ချင်းဆုံအောင် ကြည့်လိုက်ရင်း...

“မင်းလည်း အကောင်းဆုံး ကြိုးစားခဲ့တာပဲ မဟုတ်လား။မင်းကြောင်​့ သူသေရတာလို့ မတွေးပါနဲ့။အခုလောက်ဆို ကောင်းကင်ဘုံမှာ သူ ေအးအေးချမ်းချမ်း ရှိနေလောက်ပါပြီ ”

“ဒါ.ပေမယ့်...တွေးလိုက်တိုင်း... ကျွန်တော့် အပြစ်တွေ မကင်းသလို ခံစားရ...”

ကောင်လေး၏ စကားမဆုံးခင်မှာပင် ကျောပြင်ကျယ်ကို မမှီမကမ်းနှင့် သိမ်းကြုံးဖက်လိုက်သည်။ထို့နောက် နဖူးပြင်ကို ဖွဖွနမ်းရင်း မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

မကောင်းတဲ့ အတိတ်ကအဖြစ်တွေကို မေ့လိုက်ပါတော့ ဂျောင်ကုရယ်။အားလုံးကို ခဝါချပြီး ငါတို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ အေးချမ်းတဲ့ ဘဝကို တည်ဆောက်ကြမယ်။

~~~~~~~~~~~~~ // ~~~~~~~~~~~

Thanks for your reading & votingRiona........

Zawgyi_________

ဖုန္းခ်ခါနီး ပုံမွန္ မဟုတ္ေသာ ေဂ်ာင္ကုအသံေၾကာင့္ ေဆာ့ဂ်င္ စိတ္မေျဖာင့္။စိတ္ထဲတြင္ ဘာေၾကာင့္မွန္းမသိ ေလးလံေနသည္။လက္က လက္ပတ္နာရီကို ၾကည့္ေတာ့ ၃နာရီ မိနစ္ ၂၀။ဖုန္းကို ထပ္ေခၚၾကည့္ေတာ့ အတန္ၾကာသည္အထိ ဖုန္းမကိုင္ျပန္။

အမ်ိဳးအမည္မသိေသာ ခံစားခ်က္တစ္မ်ိဳးက ​တိုးဝင္လာသည္။

“ေဆာင္းမင္း.. ”

“ဗ်ာ..အကို”

“ငါ အိမ္ျပန္ေတာ့မယ္။လက္စသတ္စရာေလးေတြ ၿပီးရင္ ဆိုင္ပိတ္လိုက္ေတာ့ေနာ္။ဒီမွာ ေသာ့ ”

“ဟုတ္ အကို..စိတ္ခ်ပါ”

ဆိုင္ဝန္ထမ္းေလးက အလုပ္လုပ္တာ ပိရိေသသပ္သလို ျပန္ၾကည့္စရာ မလိုေအာင္ စိတ္ခ်ရသည္။ထို႔ေၾကာင့္ ယုံယုံၾကည္ၾကည္နဲ႔ ေသာ့အပ္ခဲ့ျခင္းျဖစ္သည္။

လမ္းမေပၚက ရရာ တကၠစီတစ္စီးကို အေလာတႀကီး တားလိုက္သည္။ျဖစ္ႏိုင္လွ်င္ ေျခလ်င္ေျပးသြားလိုက္ခ်င္ေတာ့သည္။အိမ္ႏွင့္ ဆိုင္က သိပ္မေဝးလွေသာေၾကာင့္ ေတာ္ေတာ့သည္။ႏို႔မို႔ဆို ေတာ္ေတာ္ႏွင့္ ေရာက္မည္မဟုတ္။

“ဟင္!”

အိမ္ေ႐ွ႕သို႔ ေရာက္,ေရာက္ခ်င္း ျမင္ကြင္းေၾကာင့္ တဒဂ္ ေၾကာင္သြားသည္။

မီးခိုးေငြ႕မ်ား ႏွင့္အတူ မႊန္ထူေနေသာ ေညႇာ္နံ႔။

ဝုန္းကနဲ ခုန္တက္သြားသည့္ ႏွလုံးခုန္သံက ေတာ္ေတာ္နဲ႔ ျပန္မက်။ေခါင္းတစ္ခုလည္း ခ်ာခ်ာလည္သြားကာ စိုးရိမ္ေရမွတ္က အဆုံးထိျမင့္တက္သြားသည္။

“ေဂ်ာင္..ကုေရ..”

အိမ္အေပါက္ဝထိ မႊန္တက္လာေသာ မီးခိုးေငြ႕မ်ားေၾကာင္​့ ျမင္ကြင္းကို ႐ွင္း႐ွင္းလင္းလင္း မျမင္ရ။ထိုအခိုးအေငြ႕မ်ားၾကားထဲသို႔ မရမက ၿဖဲခြဲသြားရင္း ေကာင္ေလး၏ နာမည္ကိုသာ အႀကိမ္ႀကိမ္ ေခၚေနမိသည္။ျပန္ထူးသံ တစ္စုံတစ္ရာကိုကား ယခုထိမၾကားရ။

“ေဂ်ာင္ကုေရ...ေဂ်ာင္ကု....အဟြတ္..ဟြတ္ ”

ႏွာေခါင္းထဲသို႔ အလုံးလိုက္ ဝင္လာေသာ မီးခိုးမ်ားေၾကာင့္ မ်က္လုံးေတြ စပ္ဖ်င္းဖ်င္း ျဖစ္လာသည္။လက္ႏွစ္ဖက္ျဖင့္ ႏွာေခါင္းကို အုပ္ၿပီး မီးဖိုခန္းထဲသို႔ ဝင္သြားေသာအခါ မီးၫြန္႔က မ်က္ႏွာက်က္အထိ တရိပ္ရိပ္ဟပ္ေနေလသည္။

အသင့္ေဆာင္ထားေသာ မီးသတ္ေဆးဘူးကို ယူၿပီး

မီး႐ွိန္က ေလ်ာ့သြားသည္။မ်က္ႏွာက်က္အထိ မီးစြဲသြားလွ်င္ေတာ့ မလြယ္။မီးဖိုေပၚက ဒယ္အိုးတစ္ခုလုံးလည္း ရစရာမ႐ွိေအာင္ မဲတူးေနသည္။

“ ေဂ်ာင္ကု..”

ေဂ်ာင္ကုသည္ ၾကမ္းျပင္ေပၚတြင္ ေခြေခြကေလး လဲက်ေနသည္။ဆြဲထူေပြ႕လိုက္ေသာအခါ ေပ်ာ့ဖတ္တစ္ခုလို အလိုက္သင့္ပါလာသည္။ေျခေထာက္ႏွစ္ေခ်ာင္းလုံး ေရခဲတုံးတစ္ခုလို ေအးစက္စက္ႏွင့္။

“ေဂ်ာင္ကု...သတိထားပါဦး”

သူ႕ခႏၶာကိုယ္ႀကီးကို မႏိုင္တႏိုင္ သယ္ရင္း အိမ္ေ႐ွ႕က ဆိုဖာခုံေပၚသို႔အေရာက္တြင္ ပစ္ခ်လိုက္သည္။ေျခဆုံး ေခါင္းဆုံး မီးေလာင္ဒဏ္ရာ တစ္ခုတစ္ေလမွ မေတြ႕ရ။အေၾကာက္လြန္ၿပီး shock ျဖစ္သြားပုံရသည္။

အရင္တစ္ခါက ကားေမာင္းခါနီး ဒီလိုတစ္ခါျဖစ္ေသးသည္။အတိတ္မွာ ဘာေတြမ်ား ျဖစ္ခဲ့လို႔လဲ ေဂ်ာင္ကုရယ္။

သူ စိတ္မေကာင္းစြာျဖင့္ ေငးစိုက္ၾကည့္ေနရင္းမွ သတိဝင္လာကာ ဖုန္းနံပါတ္ တစ္ခ်ိဳ႕ကို ႏွိပ္လိုက္သည္။

“ဟယ္လို...ယြန္းဂီလား။မင္းအသိထဲက ဆရာဝန္တစ္ေယာက္ေလာက္နဲ႔ အိမ္ကိုလာခဲ့လို႔ ရမလား”

“......”

“အင္း..ဒီေရာက္မွ အေၾကာင္းစုံ ႐ွင္းျပမယ္။ငါ ေဆးခန္းကို ဘယ္လိုမွလာလို႔မရလို႔..မင္းနဲ႔ရင္းႏွီးတဲ့ေဒါက္တာ႐ွိတယ္မလား။သူ႕ကို အိမ္ကိုပင့္ခဲ့ကြာ..ေနာ္ သူငယ္ခ်င္း ”

ဆိုဖာေပၚက မ်က္ႏွာျပင္သည္ ပကတိ တည္ၿငိမ္​ေနဆဲ။ေျခဖ်ားလက္ဖ်ားမ်ားကို စမ္းၾကည့္ေတာ့ ခုနကလို ေအးစက္စက္မေနေတာ့။အနည္းငယ္ ပူေႏြးလာသည္။ထိုအခါမွ ေဆာ့ဂ်င္ ေလပူတစ္ခ်က္မႈတ္ထုတ္ မိေတာ့သည္။

𖧷.𖧷.𖧷

အဆုံးအစမ႐ွိသည့္ တစ္ေမွ်ာ္တစ္ေခၚ ကြင္းျပင္က်ယ္ႀကီးထဲတြင္ ကြၽန္ေတာ္ ေျပးေနမိသည္။ဘယ္ဆီကို ဦးတည္ေျပးေနမိမွန္း မသိ။ကြၽန္ေတာ္႕တစ္ကိုယ္လုံး ေခြၽးေတြ စက္စက္က်ေနၿပီ။ေမာလြန္းလို႔ ခဏနားခ်င္ေပမယ့္ ခႏၶာကိုယ္က ခြင့္မျပဳ။ေျပးေနဆဲပင္။

ထိုအခိုက္မွာပင္ ကြၽန္ေတာ္႕ေျခေထာက္ေတြ ႐ုတ္တရက္ ရပ္တန္႔သြားသည္။ပတ္ဝန္းက်င္ တစ္ခုလုံး ျမဴလား၊ႏွင္းလား မကြဲျပားေလာက္ေအာင္ ပိတ္ေမွာင္ေနသည္။ကြၽန္ေတာ္ေျပးေနေသာ ကြင္းျပင္က်ယ္၏ ​ေျမႀကီးသည္ အဆုံးသတ္သြားေလၿပီ။ေ႐ွ႕ဆက္ ​ေျပးစရာ ေျမမ႐ွိ။ ေမွာင္မဲေနေသာ ေခ်ာက္တစ္ခုသာ ႐ွိသည္။ျမဴမ်ား ၾကားမွပင္ မသဲမကြဲျမင္ေနရသည္က ထိုေခ်ာက္ကမ္းပါး အစြန္းတြင္ ရပ္ေနေသာ အျဖဴေရာင္ ေနာက္ေက်ာတစ္ခု။

“ဘယ္သူလဲ”

ေလတျဖဴးျဖဴးတိုက္ခတ္ေနေသာေၾကာင့္ ထိုလူ၏ အဝတ္အစားမ်ားသည္ တဟူးဟူးလြင့္ေန၏။ထို ေနာက္ေက်ာျပင္က ထူးဆန္းစြာပင္ ကြၽန္ေတာ္႕အတြက္ စိမ္းသက္မေန။ရင္းႏွီးကြၽမ္းဝင္ခဲ့သည့္ အေငြ႕အသက္မ်ားကို ခံစားေနရသည္။

ႏႈတ္က အမည္နာမတစ္ခုကို ေခၚခ်င္ေသာ္လည္း အသံထြက္မလာဘဲ လည္ေခ်ာင္းအဝတြင္ပင္ တစ္ဆို႔ေနသည္။

“ကုကီး...”

ေခၚသံႏွင့္အတူ လွည့္ၾကည့္လာေသာ မ်က္ႏွာ။

ႏြမ္းလ်ေနေပမယ့္ မ်က္လုံးေတြက အရင္လို အသက္ဝင္ ေတာက္ပေနဆဲပင္။

“ကုကီး...ငါ မင္းကို ေစာင့္ေနတာ ”

ျပဳံးေနေသာ မ်က္ႏွာႏွင့္ အတူတျဖည္းျဖည္း ကြၽန္ေတာ္႕ ေ႐ွ႕တည့္တည့္ဆီသို႔ ေလွ်ာက္လာသည္။

ဟင့္အင္း...မျပဳံးပါနဲ႔။ ငါ့ကို ေဒါသတႀကီးနဲ႔ ထု႐ိုက္ပစ္လိုက္ပါ။ ငါက အသုံးမက်တဲ့ေကာင္ပါ။

ရင္တြင္းတြင္ စကားလုံးမ်ားစြာျဖင့္ အျပင္းအထန္ေအာ္ဟစ္ေနေသာ္လည္း အသံက အျပင္ကိုထြက္မလာ။

လက္တစ္ကမ္း အကြာတြင္ သူ႕ေျခေထာက္ေတြက ရပ္တန္႔သြားသည္။ထို႔ေနာက္ လက္တစ္ဖက္ ကမ္းလာကာ..

“အတူတူသြားၾကရေအာင္ ကုကီး”

ဟင့္အင္း....သြားလို႔မျဖစ္ဘူး။ငါ့ဘဝထဲမွာ ငါခ်စ္ရတဲ့ သူတစ္ေယာက္႐ွိေနၿပီ။မင္း ေနာက္ကို လိုက္ခဲ့လို႔မျဖစ္ဘူး။

ကြၽန္ေတာ္္႕ေျခလွမ္းေတြ ေနာက္ဘက္ကို တစ္လွမ္းခ်င္း ျပန္ဆုတ္လိုက္ေတာ့ ကမ္းထားေသာ လက္ကိုျပန္႐ုတ္သြားသည္။သူက အလိုမက်ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္သည္။ခဏအၾကာတြင္ ေျပေလ်ာ့သြားေသာ မ်က္ခုံးတန္းမ်ားႏွင့္အတူ သက္ျပင္းေငြ႕ေငြ႕ခ်သံကို မထင္မ႐ွားၾကားလိုက္ရသည္။

ေနာက္ထပ္တစ္ႀကိမ္ သူစိတ္ပ်က္သြားၿပီလား။

“အင္းေလ..မင္း မလိုက္ခ်င္လည္း ေနပါ။ငါကေတာ့ မင္းကို ေစာင့္ေနခဲ့တာ”

'ေစာင့္ေနခဲ့တာ' ဟူေသာ စကားတြင္ သူ႕အသံက အဖ်ားခတ္တုန္ရင္ေနသည္။ေတာက္ပေနေသာ မ်က္လုံးမ်ားက အေရာင္မွိန္သြားသည္။ထို႔ေနာက္ မ်က္ႏွာကို တစ္ဖက္သို႔ ျပန္လွည့္သြားသည္။

သူ႕ကို ကြၽန္ေတာ္ ဘယ္လိုႏွစ္သိမ့္ရမွန္း မသိေတာ့။ဒီတစ္ေခါက္လည္း သူ ကြၽန္ေတာ္႕ကို ေက်ာခိုင္းသြားျပန္ၿပီ။

“ငါ သြားေတာ့မယ္ ကုကီး။ေကာင္းေကာင္း ေနရစ္ခဲ့ပါ”

ေဖ်ာ့ေတာ့ေတာ့ အျပဳံးတစ္ခုကို ေနာက္ဆုံးအေနနဲ႔ သူ ျပဳံးျပသည္။

ေတာင္းပန္ပါတယ္။ငါ့ဘဝမွာ အစ္ကိုသာမ႐ွိခဲ့ရင္ မင္းေနာက္ကို ငါလိုက္ခဲ့မိမွာ။

ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြကို ဟ ၿပီး အသံထြက္လာဖို႔ ႀကိဳးစားၾကည့္သည္။လည္ေခ်ာင္း တစ္ေလွ်ာက္လုံး နာက်င္ေနၿပီး ဘယ္ေလာက္ႀကိဳးစား,ႀကိဳးစား အသံက ထြက္မလာ။ကိုယ့္အျဖစ္ကို စိတ္တိုလြန္းလို႔ အက်ယ္ႀကီး ေအာ္ပစ္ခ်င္သည္အထိ။

“မင္....ဟို ”

ေနာက္ဆုံးမွာ ကြၽန္ေတာ္႕လည္ေခ်ာင္းဝက အသံတစ္ခ်ိဳ႕ ထြက္လာသည္။ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားၿပီး ေျပာၾကည့္သည္။

“မင္ ဟို....မင္ဟို ”

ဒီတစ္ခါေတာ့ သူလွည့္ၾကည့္သည္။ပြင့္ဟသြားေသာ သူ႕ႏႈတ္ခမ္းတစ္စုံက အံ့ဩ ေနသေယာင္။

“မင္ဟို...ငါ မင္းကို ေတာင္းပန္ပါတယ္ ..ငါ...”

သူက ျပဳံးသည္။အၿငိဳးအေတး အာဃာတ မပါေသာ ျဖဴစင္လြန္းသည့္ အျပဳံး။

“မင္း အမွားမွ မဟုတ္တာ..ငါ ခြင့္လႊတ္ၿပီးသားပါ”

ထိုစကားအဆုံးတြင္ သူသည္ ကြၽန္ေတာ္႕ျမင္ကြင္းက တေ႐ြ႕ေ႐ြ႕ ေပ်ာက္ကြယ္သြားသည္။

ကြၽန္ေတာ္႕ ခႏၶာကိုယ္တစ္ခုလုံး လက္ေခ်ာင္းကေလး တစ္ေခ်ာင္းေတာင္ လႈပ္ႏိုင္စြမ္းမ႐ွိေတာ့။ထိုေနရာမွာပင္ ကြၽန္ေတာ္ ဒူးေထာက္ လဲက်သြားသည္။

ငါ့အမွားေတြပါ...။ အဲ့ဒီေန႔က ငါသာ ေစာေစာေရာက္လာခဲ့ရင္ မင္း ဒီလိုျဖစ္မွာ မဟုတ္ဘူး။

𖧷.𖧷.𖧷

“ေဂ်ာင္ကု...ေဂ်ာင္ကု..သတိရလာၿပီလား ”

ၾကားဖူးေနက် အသံႏွင့္အတူ စိုးရိမ္တႀကီး ငုံ႔ၾကည့္ေနတဲ့ မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ႏွင့္။မ်က္ႏွာက်က္အမိုးက ျမင္ကြင္းထဲတြင္ တဝဲလည္လည္႐ွိေနသည္။

ေခါင္းမူးလိုက္တာ...။

“သတိရၿပီမဟုတ္လား...စိတ္ပူလိုက္ရတာကြာ”

အစ္ကိုက ခပ္တိုးတိုးေျပာရင္း သူ႕လက္တစ္ဖက္ကို ဆြဲယူကာ ေရစိုဝတ္တစ္ခုနဲ႔ ပြတ္သပ္ေပးသည္။စိုးရိမ္မေျပေသးသည့္ မ်က္ဝန္းေတြက သူ႕ကိုပဲ တစိုက္မတ္မတ္ ၾကည့္ေနသည္။တစ္စုံတစ္ရာ ထပ္ျဖစ္သြားမွာ စိုးရိမ္ေနသည့္ပုံပင္။

“အစ္ကို...”

“ျဖည္းျဖည္း ထ...ဆရာဝန္အခုပဲ ျပန္သြားတာ”

“ဘာေတြ ျဖစ္သြားေသးလဲဟင္ ”

“ဘာမွမျဖစ္ဘူး။မင္းသာ ေနေကာင္းေအာင္ေန”

ေဆာ့ဂ်င္က ေရထည့္ထားေသာ ခြက္ကို သြန္ဖို႔ ထရပ္လိုက္သည္။

“အစ္ကို..ကြၽန္ေတာ္ သူနဲ႔ေတြ႕ခဲ့တယ္။သူကေလ ကြၽန္ေတာ္႕ကို အျပစ္မတင္တဲ့အျပင္ ခြင့္လႊတ္တယ္တဲ့။ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲဟင္..သူ႕ကို အားနာလြန္းလို႔ ကြၽန္ေတာ္ဘယ္လို ေတာင္းပန္ရမွန္းမသိေတာ့ဘူး”

တတြတ္တြတ္ဆိုေနေသာ ေကာင္ေလးကို ေဆာ့ဂ်င္က  အသာအယာဖက္လိုက္ၿပီး ေက်ာျပင္ကို ခပ္ဖြဖြေလး ပုတ္ေပးမိသည္။ထိုအခါ သူ႕ရင္ခြင္ထဲသို႔ ေခါင္းတိုးလာသည္။

“တကယ္လို႔ အတိတ္ကအေၾကာင္းေတြက မင္းကိုနာက်င္ရမယ္ဆိုရင္ ငါ့ကိုမေျပာျပပါနဲ႔။မင္း နာက်င္တာေတြ႕ရင္ ငါလည္း ရင္နာရတယ္..”

ေခ်ာ့ေျပာကာမွ ပိုဆိုးလာသည့္အလား ေဂ်ာင္ကုမ်က္ႏွာအပ္ထားသည့္ သူ႕ရင္ဘတ္တစ္ေနရာတြင္ စိုစိစိႏွင့္။

“​ေခါင္းကိုက္ေနဦးမယ္”

သူ႕အေပၚ စိုးမိုးျခယ္လွယ္ခ်င္တဲ့ ဒီေကာင္ေလးက တစ္ခါတစ္ေလေတာ့လည္း ကေလးတစ္ေယာက္လို ရင္ခြင္ထဲ တိုးဝင္တတ္သည္။

ခဏၾကာေတာ့ ေဂ်ာင္ကုက သူ႕ရင္ခြင္ထဲက ျပန္ထြက္ကာ အိမ္ေ႐ွ႕က လမ္းမဆီသို႔ ေငးၾကည့္သည္။ရီေဝ ညိဳေမွာင္ေသာ မ်က္လုံးမ်ားက ၿပိဳလုဆဲဆဲ မိုးေကာင္းကင္လို အုံ႔မိႈင္းေနသည္။ေၾကကြဲစရာ ေကာင္းေသာ အတိတ္က ျဖစ္ရပ္မ်ားသည္ ေဂ်ာင္ကု၏ စကားလုံးမ်ားၾကားတြင္ တဖန္ျပန္လည္ အသက္ဝင္လာခဲ့သည္။

“သူ႕နာမည္က 'ခြၽဲမင္ဟိုတဲ့။ အထက္တန္းတုန္းက  ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသားသစ္ေပါ့”

~~~~~~~~~~~~ 🔹🔹🔹🔹~~~~~~~~~~

အတိတ္ဆီသို႔.......။

“ေဂ်ာင္ကု လာၿပီ”

သူ ေက်ာင္းဝင္းထဲသို႔ ေျခလွမ္းလိုက္သည္ႏွင့္ မိန္းကေလး အေတာ္မ်ားမ်ား၏ အာ႐ုံသည္ သူ႕ဘက္သို႔ လွည့္လာသည္။စာေတာ္ေသာ ေက်ာင္းသားျဖစ္ေသာ္လည္း လိမၼာသည့္ အထဲေတာ့မပါ။ခပ္မိုက္မိုက္ ဂ်စ္ကန္ကန္ စတိုင္ေၾကာင့္ 'ဂြၽန္ေဂ်ာင္ကု'ဆိုသည့္ နာမည္သည္ မိန္းကေလးမ်ား၏ ႏႈတ္ဖ်ားတြင္ ေရပန္းစားသည္။

“ေဂ်ာင္ကု..ငါ နင့္ကိုခ်စ္တယ္”

အသည္းပုံစံ ကိတ္မုန္႔လွလွေလး တစ္တုံးကို ကိုင္ကာ လမ္းေ႐ွ႕တည့္တည့္တြင္ ပိတ္ရပ္ေနေသာ ေကာင္မေလး။နဖူးေပၚတြင္ ေ႐ွ႕ဆံၿမိတ္အတိကို ခ်ကာ ပုလင္းဖင္ေလာက္ ထူေသာမ်က္မွန္ဝိုင္းႏွင့္။

ကြၽတ္! ..တကယ့္ကို စိတ္႐ႈပ္စရာေတြ။

ေဂ်ာင္ကုက အေရးမလိုသလိုနဲ႔ ေဘးကို ေ႐ွာင္သြားဖို႔ ျပင္ေတာ့ ေကာင္မေလးက ေဘးသို႔လိုက္ပိတ္ရပ္သည္။

သူ ဆက္ၿပီး သည္းမခံႏိုင္ေတာ့။

“ဖယ္စမ္းပါ..အ႐ႈပ္ထုပ္ေတြ”

ခ်ိဳခ်ိဳသာသာ ျငင္းတတ္သည့္အထဲတြင္ သူမပါ။စိတ္႐ႈပ္သလို စုပ္တစ္ခ်က္သပ္လိုက္ရင္း ထိုေကာင္မေလး လက္ထဲက ကိတ္မုန္႔တုံးကို လက္ႏွင့္ပုတ္ထုတ္လိုက္သည္။

“ဟင္! ”

“ဟာ! ”

မသိမသာ အကဲခတ္ၾကည့္ေနၾကေသာ ေက်ာင္းသားမ်ားထံမွ အာေမဍိတ္သံ အစီအရီထြက္လာၾကသည္။

ေဂ်ာင္ကုက နည္းနည္းေလးေတာင္ ေစာင္းငဲ့မၾကည့္။

အနည္းငယ္စြန္းသြားေသာ အက်ီလက္စကို တစ္႐ႈးျဖင့္ သုတ္လိုက္ၿပီး ထိုေနရာမွာပင္ တစ္႐ႈးစကို လုံးေခ်ၿပီး ပစ္ေပါက္ခဲ့သည္။

ထို႔ေနာက္ ကိုယ့္လမ္းကိုယ္ ဆက္ေလွ်ာက္သြားရင္း လူ႐ွင္းေသာ လမ္းအေကြ႕အခ်ိဳးသို႔ ေရာက္ေသာအခါ အက်ီေနာက္ေက်ာစက တင္းကနဲ ျဖစ္သြားသည္။ျပန္လွည့္ၾကည့္လိုက္ေသာအခါ အားရပါးရ ​ပစ္ဝင္လာေသာ လက္သီးတစ္လုံး​ေၾကာင့္ သူ႐ုတ္တရက္ မေ႐ွာင္လိုက္ႏိုင္။ေမး႐ိုးတစ္ခုလုံး ပ်ားတုပ္သလို ပူထူသြားသည္။

“ခြပ္!”

“အ့”

ေသြးစို႔သြားေသာ ႏႈတ္ခမ္းေထာင့္စြန္းကို ပြတ္လိုက္ရင္း လက္သီးပိုင္႐ွင္ကို ၾကည့္ေတာ့ မ်က္မွန္ဝိုင္းဝိုင္းနဲ႔ ငဒူတစ္ေကာင္။

ကြၽတ္!လာျပန္ၿပီ....။

“ဘယ္လိုလဲ..အေတာ္နာသြားသလား။ မင္းျငင္းခဲ့တဲ့ မိန္းကေလးက ဘယ္ေလာက္႐ွက္သြားသလဲ သိလား။ႏွမသားခ်င္း မစာနာတဲ့ေကာင္”

ေနာက္တစ္ခ်က္ ပစ္ဝင္လာေသာ လက္သီးတစ္လုံးကိုေတာ့ ေဂ်ာင္ကု မိမိရရေ႐ွာင္လိုက္သည္။ထိုေကာင္ေလး လက္ကို ဖမ္းခ်ဳပ္လိုက္ကာ ႏွာႏု႐ိုးတည့္တည့္သို႔ လက္သီးစာေကြၽးလိုက္သည္။

ဂြၽန္ေဂ်ာင္ကုကို လာမစမ္းနဲ႔။ႏွစ္ခါ သည္းခံတတ္တဲ့ ေကာင္မဟုတ္ဘူး။

“မင္းအေၾကာင္းမပါဘဲနဲ႔ ဝင္မပါနဲ႔...ေနာက္တစ္ခါ ဝင္ပါရင္ ဒီထက္ပိုနာမယ္”

အူေၾကာင္ေၾကာင္ ျဖစ္ေနေသာ ထိုေကာင္ေလးက မတ္တပ္ရပ္ဖို႔ ျပင္ေနတဲ့ သူ႕ေျခေထာက္ႏွစ္ေခ်ာင္းကို ဖမ္းခ်ဳပ္ထားေသာေၾကာင့္ ဖင္ထိုင္လဲက်သြားသည္။ထို႔ေနာက္ ရင္ဘတ္ေပၚမွ ခြစီးကာ အားရပါးရ ထို႔ဖို႔အလုပ္တြင္ ေဂ်ာင္ကုကလည္း အေလ်ာ့မေပး။ကိုယ္ကို တစ္ပတ္လွိမ့္ၿပီး အသာစီးမွေနရာျပန္ယူလိုက္သည္။

“ခြပ္! ”

တစ္ခ်က္ၿပီး တစ္ခ်က္ ထိုးႀကိတ္ေနစဥ္တြင္...

“ေဟ့ေကာင္ေတြ..ရပ္စမ္း”

မီးဝင္းဝင္းေတာက္ေနသည့္ မ်က္လုံးမ်ားႏွင့္ သူတို႔၏ အတန္းပိုင္ဆရာ။

ေနာက္ဆုံးရလာဒ္ကေတာ့ သူတို႔ႏွစ္ေယာက္လုံး ေက်ာင္းအုပ္ႀကီး႐ုံးခန္းသို႔ ေန႔မကူးဘဲ ေရာက္သြားသည္။အျပစ္ေပးသည့္ အေနျဖင့္ တစ္လတိတိ ေက်ာင္းစာသင္ခန္းတစ္ခုလုံးကို သန္႔႐ွင္းေရး လုပ္ရေတာ့သည္။

“ေရာ့...ယူထားလိုက္ ”

လက္ထဲက ေဆးထုပ္ကို သူ႕ေ႐ွ႕တည့္တည့္သို႔ ပစ္ခ်လိုက္ေသာအခါ ထိုမ်က္မွန္ႏွင့္ငေၾကာင္က တံျမက္စည္းလွည္း ေနရာမွ ေမာ့ၾကည့္လာသည္။

“ဘာလဲ ”

“မင္း မ်က္ႏွာကို ေဆးထည့္ဖို႔”

“မလိုပါဘူး”

“အိုက္တင္ ခံမေနနဲ႔ ေဟ့ေကာင္..ငါ့လက္ဆလက္နကို ငါပဲသိတယ္..မင္းႏွာႏု႐ိုးကို ဂ႐ုစိုက္ ”

“ငါလည္း မင္းကိုေတာင္းပန္တယ္ ”

ထိုေကာင္ေလးက မ်က္မွန္ကို ပင့္တင္တာ ေတာင္းပန္စကားဆိုလာသည္။

“ငါက မနက္ကမွ ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသားသစ္...ငါ့နာမည္က ခြၽဲမင္ဟိုပါ”

“Ok! ငါ့နာမည္က ဂြၽန္ေဂ်ာင္ကု”

ထို တစ္လအတြင္းတြင္ သူတို႔ႏွစ္ဦး တစ္စတစ္စ ရင္းႏွီးလာၾကသည္။မင္ဟိုက အနည္းငယ္ အူေၾကာင္ေၾကာင္ႏိုင္သည္။သို႔ေသာ္ စိတ္ရင္းေကာင္းသည္။တစ္ေယာက္အေၾကာင္း တစ္ေယာက္သိသြားေသာအခါ သူတို႔ႏွစ္ေယာက္သည္ ညီအစ္ကိုရင္းပမာ ရင္းႏွီးသြားၾကသည္။

မင္ဟိုက သူ႕မိသားစုႏွင့္ ပတ္သက္ၿပီး တစ္ခါမွဖြင့္ဟ မေျပာ။ေမးလို႔လည္း မရ။မိသားစုနဲ႔ ပတ္သက္ၿပီး စိတ္ဒဏ္ရာ ႐ွိသလားေတာ့ မေျပာတတ္။တစ္ခါတစ္ေလ ငိုင္ေနတတ္သည္။

အထက္တန္းၿပီးသည့္ အထိ သူတို႔ႏွစ္ေယာက္လုံး တပူးပူး တတြဲတြဲျဖင့္။ေဂ်ာင္ကုေဘးမွာ မင္ဟိုက အၿမဲ႐ွိေနတတ္သလို မင္ဟိုေဘးမွာလည္း ေဂ်ာင္ကုက အၿမဲ႐ွိေနတတ္သည္။

ထိုေန႔က စာေမးပြဲၿပီးသည့္ ေနာက္ဆုံးရက္...

ကားေမာင္းေနရင္း ႐ုတ္တရက္ ဖုန္းဝင္လာသည္။နံပါတ္စိမ္းမို႔ ဘယ္သူဘယ္ဝါဆိုတာ သူမသိ။

“ကု..ကီး...”

တစ္ဖက္က ေခၚသံေၾကာင့္ ေဂ်ာင္ကု ေၾကာင္သြားသည္။'ကုကီး' ဆိုသည့္ နာမည္ကို ေခၚတတ္သူက မင္ဟို တစ္ေယာက္တည္းသာ ႐ွိသည္မို႔။

“အင္း..မင္ဟို ေျပာေလ”

“ငါ့...ငါ့ဆီ ျမန္...ျမန္လာ..ေပးပါ”

ပုံမွန္မဟုတ္ေသာ အသက္႐ႈသံျပင္းျပင္းက ဖုန္းထဲကေတာင္ ၾကားရသည္။အသက္ကို မနည္းလု႐ႈေနရသည့္ပုံ။

“မင္းအသံက ဘာျဖစ္ေနတာလဲ..ငါ ဘယ္ကိုလာခဲ့ရမလဲ”

“ငါ..တို႔...ေက်ာင္းခိုးေျပးေနက်...ေတာအစပ္.. ”

စကားမဆုံးမီပင္ တစ္ဖက္က ဖုန္းက်သြားသည္။အႏၲရာယ္ တစ္ခုခုၾကဳံေနၿပီျဖစ္ေၾကာင္း သူတပ္အပ္သိသည္။အျမန္ႏႈန္း ဘယ္ေလာက္ထိ အ႐ွိန္တင္ေမာင္းမိမွန္း သူမသိေတာ့။စိတ္ပူျခင္းကသာ ႀကီးစိုးေနသည္။

ေမွာင္မိုက္ေနေသာ ေကာင္းကင္ျပင္တြင္ လေရာင္ကိုတစ္စြန္းတစ္စမွ်ေတာင္ မေတြ႕ရ။အေမွာင္ထုသည္ မေကာင္းမႈကို အားေပးသည္။ေတာစပ္က သစ္ပင္ဖ်ားဆီမွ ငွက္ဆိုးတစ္ေကာင္၏ ေအာ္သံေၾကာင့္ ေဂ်ာင္ကု ၾကက္သီးထသြားသည္။

မင္ဟို၏ အရိပ္အေယာင္ကိုမွ သူမေတြ႕။လူသံလည္း မၾကားရ။႐ွာဖို႔ တစ္ေနရာသာ ႐ွိေတာ့သည္။ေခ်ာက္ကမ္းပါး ႐ွိေသာေနရာ။ေက်ာင္းခိုးေျပးတိုင္း ထိုေနရာကို သူတို႔ႏွစ္ေယာက္ ဘယ္ေတာ့မွမသြား။ေခ်ာက္က အလြန္တရာနက္ကာ ေအာက္တြင္ ေက်ာက္တုံး ေက်ာက္ခဲမ်ား႐ွိသည္။

မသက္ာေသာ စိတ္ျဖင့္ ထိုေခ်ာက္ကမ္းပါးဘက္ ဆီသို႔ ဦးတည္လိုက္ေသာအခါ..

“ဟင္!”

ေခ်ာက္ကမ္းပါး၏ အစပ္တြင္ ကားအနက္ေလး တစ္စီး။ကားျပတင္းေပါက္မွ တစက္စက္က်ေနေသာ ေသြးစီးေၾကာင္းမ်ား။

သူ အေၾကာက္အလန္႔ ကင္းစြာျဖင့္ အနားသို႔တိုးကပ္သြားသည္။တျခားမည္သူတစ္ဦး တစ္ေယာက္မွ႐ွိမေန။

ကားတံခါးကို ဆြဲဖြင့္လိုက္ေသာအခါ ေသြးေတြ ေပက်ံေနေသာ မ်က္ႏွာ။

“မင္..ဟို..”

သူ႕မ်က္လုံးအစုံက ျပဴးက်ယ္သြားသည္။ဦးေခါင္းထက္မွ စီးက်ေနေသာ ေသြးမ်ားကို မယုံႏိုင္ေအာင္ ေငးၾကည့္ရင္း လက္တစ္ဖက္ကို ကိုင္လႈပ္လိုက္သည္။

“ကု...ကီး”

ပါးစပ္လႈပ္႐ုံ အသံတိုးတိုးက မနည္းအားယူေခၚေနရသည္။သူ႕မ်က္ႏွာ တစ္ခုလုံး ျမင္ရက္စရာ မ႐ွိေလာက္ေအာင္ ရဲရဲတြတ္ေနသည္။

“ဘာ...ဘာမွမျဖစ္ဘူး..ငါ မင္းကို ေခၚသြားေပးမယ္..အားတင္းထား...ဘာမွမျဖစ္ဘူးေနာ္.”

မင္​ဟိုခႏၶာကိုယ္ကို ခါးေအာက္ကေန ေပြ႕ခ်ီၿပီး အျပင္ဘက္သို႔ ဆြဲထုတ္လိုက္စဥ္တြင္ မထင္မွတ္ထားေသာ အျဖစ္အပ်က္ တစ္ခု ႐ုတ္တရက္ ျဖစ္သြားခဲ့သည္။

“အ့”

သူ႕ဦးေခါင္း တစ္ခုလုံးကို မာေၾကာေသာ အရာတစ္ခုႏွင့္ ခပ္ျပင္းျပင္း ႐ိုက္ခံလိုက္ရသည္။ေပြ႕ခ်ီထားေသာ လက္မ်ား ႐ုတ္တရက္ အားေပ်ာ့သြားၿပီး ေျမႀကီးေပၚက သစ္႐ြက္ေျခာက္မ်ားၾကားထဲသို႔ သူ႕တစ္ကိုယ္လုံး ပစ္လဲက်သြားသည္။

ေျခသံ ခပ္ျပင္းျပင္းမ်ားကို ၾကားရၿပီးေနာက္ မင္ဟို႐ွိေနေသာ ကားတစ္စီးလုံး ေခ်ာက္ထဲသို႔ ထိုးက်သြားသည္။

“မျဖစ္ဘူး...မလုပ္...မလုပ္ၾကပါနဲ႔”

႐ွိသမွ် အင္အားအကုန္လုံးကို ဖ်စ္ညႇစ္ၿပီး သူ,ေလးဘက္ေထာက္ကာ တေ႐ြ႕ေ႐ြ႕သြားသည္။စိတ္ေဆာင္ ေနသလားေတာ့ မေျပာတတ္။ေခ်ာက္ကမ္းပါး အစြန္းသို႔ ေရာက္ေအာင္ သူသြားႏိုင္ခဲ့သည္။

“မျဖစ္ဘူး...မင္...ဟို....မင္ဟို ”

ဝုန္းကနဲ ေပါက္ကြဲသြားေသာ အသံနက္ႀကီးႏွင့္အတူ နီရဲေနေသာ မီးၫြန္႔မီးလွ်ံမ်ားကိုက ေခ်ာက္ကမ္းပါး ေအာက္ေျခမွ တလိပ္လိပ္တက္လာသည္။

“မင္...ဟို...”

႐ုတ္တရက္ သူ႕ကမ႓ာတစ္ခုလုံး အေမွာင္က်သြားေတာ့သည္။

~~~~~~~~~~~ 🔹🔹🔹🔹🔹~~~~~~~~~~

“အဲ့ဒါ ပါပဲ..အစ္ကို။ကြၽန္ေတာ္သာ ေစာေစာေရာက္သြားခဲ့ရင္ သူဒီလို အျဖစ္ဆိုးနဲ႔ ၾကဳံခဲ့မွာ မဟုတ္ဘူး။အဲ့ဒီေန႔ကစၿပီး မီးေတာက္ေတြကို ျမင္ရင္ ကြၽန္ေတာ္ခ်စ္တဲ့ သူ တစ္ေယာက္ဆုံး႐ႈံးရသလို ခံစားရတယ္..ကားေမာင္းဖို႔ ႀကိဳးစားလိုက္တိုင္း အဲ့ဒီအျဖစ္အပ်က္ႀကီးက ေခါင္းထဲကို ဝင္လာတယ္။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဆိုင္ကယ္ပဲ စီးေတာ့တယ္”

ေဂ်ာင္ကု၏ စကားအဆုံးတြင္ ေဆာ့ဂ်င္က စိတ္မသက္သာစြာ ၾကည့္ရင္း သက္ျပင္းတစ္ခ်က္ခ်သည္။ထို႔ေနာက္ ေဂ်ာင္ကုလက္တစ္ဖက္ကို အုပ္ကိုင္ကာ မ်က္လုံးထဲသို႔ အၾကည့္ခ်င္းဆုံေအာင္ ၾကည့္လိုက္ရင္း...

“မင္းလည္း အေကာင္းဆုံး ႀကိဳးစားခဲ့တာပဲ မဟုတ္လား။မင္းေၾကာင္​့ သူေသရတာလို႔ မေတြးပါနဲ႔။အခုေလာက္ဆို ေကာင္းကင္ဘုံမွာ သူ ေအးေအးခ်မ္းခ်မ္း ႐ွိေနေလာက္ပါၿပီ ”

“ဒါ.ေပမယ့္...ေတြးလိုက္တိုင္း... ကြၽန္ေတာ္႕ အျပစ္ေတြ မကင္းသလို ခံစားရ...”

ေကာင္ေလး၏ စကားမဆုံးခင္မွာပင္ ေက်ာျပင္က်ယ္ကို မမွီမကမ္းႏွင့္ သိမ္းၾကဳံးဖက္လိုက္သည္။ထို႔ေနာက္ နဖူးျပင္ကို ဖြဖြနမ္းရင္း မ်က္လုံးေတြကို မွိတ္ထားလိုက္သည္။

မေကာင္းတဲ့ အတိတ္ကအျဖစ္ေတြကို ေမ့လိုက္ပါေတာ့ ေဂ်ာင္ကုရယ္။အားလုံးကို ခဝါခ်ၿပီး ငါတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေတြနဲ႔ ေအးခ်မ္းတဲ့ ဘဝကို တည္ေဆာက္ၾကမယ္။

~~~~~~~~~~~~~ // ~~~~~~~~~~~

Thanks for your reading & votingRiona........

There are no comments yet. Log in to be the first to leave a review!

Similar stories