~ 19 ~
15:40, 12 September 2021Unicode_________
ညက ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည် မသိ။မိုးလင်းနေပြီဟု သိနေသည့်တိုင် မျက်လုံးနှစ်ဖက်က ဖွင့်မရလောက်အောင် လေးလံနေသည်။အချစ်တော် RJ ရုပ်လေးကို လက်တစ်ဖက်ဖြင့် လိုက်စမ်းမိတော့ နူးနူးညံ့ညံ့အထိအတွေ့အစား အနည်းငယ် မာတောင့်နေသော လက်မောင်းကြွက်သား တစ်ခုကိုစမ်းမိသွားသည်။
“ဟင်!”
ဦးနှောက်ထဲသို့ တစ်စုံတစ်ရာသောအသိက ခပ်ပြင်းပြင်း အချက်ပေးလိုက်သောအခါ သူ့နှုတ်မှ အာမေဍိတ်သံ ခပ်တိုးတိုးထွက်သွားသည်။သူသည် လက်ထပ်ပြီးသည့် အဖြစ်ကို ရုတ်တရက် မေ့လျော့သွားခြင်း ဖြစ်သည်။
သူ စမ်းမိသော လက်မောင်း ကြွက်သားမှတဆင့် အပေါ်ဘက်သို့ ခပ်ဖြေးဖြေးစမ်းကြည့်ရင်း နူးညံ့သော နှုတ်ခမ်းနှစ်လွှာကြားသို့ အရောက်တွင် သူ့လက်ညှိုးလေးသည် ချွန်ထက်သော အရာဖြင့် ဖိကိုက်ခံလိုက်ရသကဲ့သို့ စူးကနဲ ဖြစ်သွားသည်။
“အ့”
နာကျင်မှုကြောင့် မျက်လုံးအစုံကို ဆက်လက်မှိတ်ထားဖို့ မစွမ်းသာတော့။လေးလံနေသည့် မျက်ခံွအစုံကို မရမကဖွင့်ကြည့်လိုက်သည်။ပြတ်ပြတ်ထင်ထင် မမြင်ရဘဲ ဝေဝါးနေသော မြင်ကွင်းသည် ခဏအကြာတွင် ရှင်းလင်းပြတ်သားလာသည်။အပြာနုရောင် မွေ့ယာထက်တွင် ကိုယ်တစောင်း အနေအထားအဖြင့် ခေါင်းအောက်တွင် လက်ထောက်ပြီး မျက်တောင်မခတ်တမ်းကြည့်နေသော ပြုံးစစမျက်နှာ။တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် မိမိနှင့် အရင်းနှီးဆုံးလူသား။
“ဘာတွေ ကြည့်နေတာလဲ..ကျွန်တော့်ကို မမြင်ဖူးလို့လား”
ဂျောင်ကုက ပြောပြောဆိုဆိုနှင့်ပင် ဆော့ဂျင် လက်ညှိုးလေး တစ်ချောင်းဆွဲယူကာ ကိုက်ပစ်လိုက်သည်။
“နာတယ်..ဘာဖြစ်လို့ ကိုက်နေတာလဲ ”
“အသည်းယားလို့ ”
ကျယ်ပြန့်သော ရင်အုပ်နှင့်အတူ ကြံ့ခိုင်ကျစ်လစ်သော ကြွက်သားတို့ကို မြင်သောအခါ ဆော့ဂျင်မျက်နှာလွှဲလိုက်သည်။ဂျောင်ကုက အလွှဲမခံ။သူ့ကျောပြင်ထက်သို့ သိုင်းဖက်ကာ မျက်နှာချင်းဆိုင်စေသည်။
“မင်းရဲ့ အပေါ်အကျီက ဘယ်ရောက်သွားတာလဲ ”
“ညက ချွတ်ပစ်လိုက်တာ ”
ပြီတီတီ မျက်နှာပေးက မသက်ာစရာကောင်းလောက်အောင်ပင်။ပြီးတော့ ဂျောင်ကုမျက်နှာက အငြိမ်မနေ။နှုတ်ခမ်းပါးပါးတို့ကို စုချွန်ကာ မိမိမျက်နှာနားသို့ ကပ်လာသောအခါ ဆော့ဂျင်က လက်တစ်ဖက်ဖြင့် ကာထားလိုက်သည်။စောင်အောက်က ကိုယ့်အကျီနှင့် ေဘာင်းဘီကို စစ်ဆေးကြည့်တော့ အနည်းငယ်တောင် ပုံမပျက်။အကျီအပေါ်ကြယ်သီးတစ်လုံး ပြုတ်နေတာကလွဲလို့။
“မင်း...”
သူ ဆက်ပြောလာမည့် စကားများကို ဂျောင်ကုက နားလည်သယောင်ဖြင့် ခပ်အုပ်အုပ်ရယ်သည်။ရယ်လိုက်သောအခါ ပေါ်လာသော ဖြူဖွေးနေသည့် သွားတန်းများကို သူငေးကြည့်နေမိသည်။
ဂျောင်ကုရယ်ရင် အရမ်းကြည့်ကောင်းတာပဲ။
“ဘာတွေ လန့်နေတာလဲဗျာ။အစ်ကိုကဖြင့် ညကအစောကြီး အိပ်ပျော်သွားတာကို...ပြီးတော့ ကျွန်တော်က ညဘက်အိပ်ရင် ယောင်ပြီး အကျီချွတ်အိပ်တတ်တယ်..အဲ့ဒါကြောင့် ”
“အင်း”
ထိုအခါမှ ဆော့ဂျင်က သက်ပြင်းသဲ့သဲ့ချပြီး စောင်ပုံထဲသို့ ခေါင်းဝင်တိုးလိုက်သည်။ဂျောင်ကုက ကုတင်ဘေးသို့ရောက်နေသော RJ ရုပ်လေးကို ဆော့ဂျင်ရင်ဘတ်ရှေ့တိုးပေးလိုက်ရင်း စောင်ကို ရင်ဘတ်အထိဆွဲခြုံပေးလိုက်သည်။ထို့နောက် နဖူးပေါ်က ဆံပင်နုနုတို့ကို သပ်တင်ပေးလိုက်ပြီး အနမ်းတစ်ချက်ခြွေသည်။
“ဆက်အိပ်လိုက်ဦး..နည်းနည်းစောသေးတယ်။ကျွန်တော် မနက်စာသွားပြင်လိုက်ဦးမယ်”
“အင်း”
မျက်လုံးများကို မှိတ်ထားရင်း ပြန်ဖြေလိုက်သည်။ကြည်နူးမှု ၊ ကျေနပ်မှုတို့ ရောပြွှန်းနေသော ခံစားမှုအဟုန်က သူ့နှလုံးသားတွင်းဝယ် ဖိတ်လျှံကျလျက်ရှိသည်။သူ့ဘဝထဲသို့ သူစိမ်းတစ်ယောက်ဝင်ရောက်လာသော ပထမဆုံးနေ့ရက်သည် မျှော်လင့်ထားသည်ထက် ချိုမြိန်နေခဲ့သည်။
𖧷 . 𖧷 . 𖧷
ကိုယ်လက်သန့်စင်ပြီး မှန်ရှေ့တွင် သူရပ်လိုက်ပြီး သီးသန့်ပြင်ဆင်နေစရာမလိုသော မျက်နှာကို လက်နှစ်ဖက်ဖြင့် အနည်းငယ်ပွတ်လိုက်သည်။ cotton shirt အဖြူရောင်အပေါ်မှာ အစိမ်းပုပ်ရောင် လက်ရှည်ကိုထပ်ဝတ်လိုက်ကာ အကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်လိုက်သည်။
မှန်ထဲက မြင်နေရသည့် သူ့မျက်နှာသည် ပြောင်းလဲခြင်းမရှိ။ထူးခြားနေသည်က သူ့လည်တိုင်တစ်လျှောက်နှင့် လည်ညှပ်ရိုးပေါ်တွင် ဖြစ်သည်။အစီအရီ ပေါ်နေသော အနီဖျော့ဖျော့အကွက်များ။
“ဘာဖြစ်တာလဲ..အိပ်နေတုန်းများ အကောင်တစ်ကောင်,ကောင်ကိုက်သွားတာများလား”
“သေတော့ မသေလောက်ပါဘူး။အဆိပ်ရှိတဲ့ အကောင်ဆို ငါသေတာကြာပြီပေါ့”
ဆော့ဂျင်က အမျိုးမျိုး တွေးတောနေရင်း ဂျောင်ကုခေါ်သံကြောင့် ခေါင်းတစ်ချက်ခါလိုက်ရင်း အိမ်ရှေ့သို့ ထွက်လာလိုက်သည်။
“အစ်ကိုရေ နံနက်စာ စားလို့ရပြီဗျ”
ထမင်း စားပွဲသို့ ဝင်ထိုင်လိုက်သောအခါ မွှေးပျံ့နေသော ရနံ့များက ပြန်မထချင်လောက်အောင် ဆွဲဆောင်လျက်ရှိသည်။
ဂျောင်ကုက ပန်းကန်ပြား နှစ်ချပ်ကို ချကာ မျက်နှာချင်းဆိုင်ထိုင်ခုံတွင် နေရာယူသည်။အနည်းငယ်ရှည်စပြုနေသည့် ဆံပင်တို့ကို ခေါင်းစည်းကွင်း တစ်ကွင်းနှင့် ကြက်တောင်စည်း စုစည်းထားသော ဂျောင်ကုပုံကိုကြည့်ရင်း ဆော့ဂျင်က အသံမထွက်အောင် ကြိတ်ရယ်သည်။
“အဟင်း! ဘာဟင်းတွေချက်ထားတာလဲ”
“ပဲခေါက်ဆွဲကြော်ရယ်၊ ပေါင်မုန့်မီးကင်နဲ့ ကော်ဖီရယ်..အစ်ကိုဘာကြိုက်တတ်မှန်းမသိလို့ နှစ်မျိုးလုပ်ထားတာ”
“ပဲခေါက်ဆွဲကြော်ပဲ စားမယ်”
ဆော့ဂျင်ထံမှ ဆုံးဖြတ်ချက်ရသည်နှင့် ဂျောင်ကုက ချွေးတလုံးလုံးကြားကပင် မမောနိုင်မပမ်းနိုင် ပြင်ဆင်တော့သည်။
လက်ချောင်းဖြူဖြူသွယ်သွယ်များက တူနှစ်ချောင်းကို ကျွမ်းကျင်စွာ ကိုင်ကာ တစ်လုတ်မြည်းစမ်းကြည့်သည်။ဂျောင်ကု မျက်တောင် မခတ်တမ်းလိုက်ကြည့်ရင်း အသက်မရှုရဲ။မနှစ်သက်သည့် အမူအရာတစ်မျိုးမျိုးဖြင့် တုံ့ပြန်လာမည်ကို သူကြောက်သည်။
“ဘယ်လိုနေလဲ စားကောင်းလား”
“အင်း! ကောင်းသားပဲ”
ခပ်တိုးတိုးဖြေသံကို ကြားတော့မှ ပေါ့ပါးလွတ်လပ်စွာပြုံးမိတော့သည်။
“အင်တာနက်ကနေ ရှာပြီး ချက်ထားတာ။စိတ်တိုင်းမကျလို့ မနက်က အိမ်ကအဒေါ်ကြီးကိုတောင် ဖုန်းဆက်မေးရသေးတယ်။ကျွန်တော်, တော်တယ်မလားဟင်”
ဂျောင်ကုပုံစံက သူ့လုပ်ရပ်အတွက် ချီးကျူးခံချင်နေသည့် ကလေးတစ်ဦးနှယ်။ထိုအမေးစကားတွင် မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးဝိုင်းတွေက အရည်လဲ့နေသည်။
“တော်တယ်...”
“အဟင်း!.. ”
ဂျောင်ကုက သူစိတ်လှုပ်ရှားနေသည့် အမူအရာကို သူခိုးလူမိသွားသလိုပုံစံဖြင့် မျက်နှာကိုအောက်ငုံ့ကာ အရှက်ပြေရယ်သည်။
“ဒါဆို အစ်ကို့ကို ဆိုင်လိုက်ပို့မယ်။ညနေကျ ကျွန်တော်လာကြိုမယ်...ဒီနေ့ ဂေဟာကို မရောက်တာကြာလို့ သွားလိုက်ဦးမယ် ”
“အင်း..”
“ဆိုင်မှာလည်း အလုပ်တွေကိုတစ်ယောက်တည်း သိမ်းကြုံးလုပ်မနေနဲ့နော်။ဝန်ထမ်း မလောက်ရင် အသစ်ထပ်ခေါ်လိုက်ပါလား”
“ရတယ် ငါလုပ်နိုင်ပါတယ်”
“ပြီးတော့ ကားလမ်းကူးတာလည်း ကြည့်ကူးနော်။အရင်တစ်ခါကလို ခေါ်လို့မကြား၊အော်လို့မကြား မလုပ်နဲ့”
“အင်းပါ..”
“ရှုပ်ပါတယ်ဗျာ..ကျွန်တော်လာခေါ်မှ ဆိုင်အပြင်ကိုထွက်တော့..ဟုတ်ပြီလား”
ငါးနှစ်သားလေးကို စိတ်မချလို့မှာနေသလိုမျိုး အပီအပြင်မှာတမ်း ေခြွနေသော ဂျွန်ဂျောင်ကုကို ဆော့ဂျင်စိတ်မရှည်တော့။
“ဟင့်အင်း တစ်ယောက်တည်း ပြန်လာခဲ့မယ်။မင်း လာခေါ်တာလည်း မစောင့်ဘူး။ကားလာနေတုန်း လမ်းဖြတ်ကူးမယ်”
တမင်သက်သက် အရွဲ့တိုက်ပြောနေသော စူအောင့်အောင့် နှုတ်ခမ်းတစ်စုံကို ကြည့်ပြီး ဂျောင်ကု တင်းမခံနိုင်တော့။ရှိစုမဲ့စု စျာန်လေး လျှောသွားရလေသည်။
“စကားနားမထောင်ဘူးပေါ့...လာခဲ့”
သန်မာသော လက်အစုံနှင့် ခါးကိုသိုင်းဖက်ပြီးနောက်နီးကပ်သွားသော ပန်းရောင်ပြေးနေသည့် မျက်နှာ။တလှုပ်လှုပ် တရွရွဖြင့် တစ်ခုခုပြောဖို့ ဟန်ပြင်နေသော ထိုနှုတ်ခမ်းဖူးဖူးကို ဖိကပ်နမ်းပစ်လိုက်သည်။
တိတ်ဆိတ်သွားသော အခန်းအတွင်းဝယ် ပြတင်းပေါက်မှ လေတိုးသံသဲ့သဲ့မှအပ မည်သည့်အသံကိုမှ မကြားရ။အနမ်းချင်း ဖလှယ်နေကြသည့် လူနှစ်ယောက်သည်သာလျှင်...။
𖧷 .𖧷 .𖧷
“အား...ဂျွန်ဂျောင်ကု မင်းတရားလွန်နေပြီ”
ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း Helmet ကို ဖြုတ်ပေးရင်း ပါးကိုဖျတ်ကနဲ ခိုးနမ်းသော ဂျောင်ကုကြောင့် ဆော့ဂျင် အော်လိုက်သည်။
လူလည်ကလေးက နည်းနည်းလေးတောင် အဖက်မလုပ်။အပြုံးမပျက်သော မျက်နှာဖြင့် နောက်တစ်ကြိမ် တိုးကပ်လာလေလျှင်...
“ဟေ့..ဟေ့...မင်းတို့တွေ မိုးလင်းနေကြပြီလေ။သတိလေး ဘာလေးထားပါဦး”
ထိုအသံကြောင့် သူတို့နှစ်ယောက်လုံး လန့်ဖျပ်သွားကာ ရုတ်တရက် လူချင်းခွာလိုက်သည်။အသံလာရာကို ကြည့်လိုက်တော့စုံထောက် မျက်လုံးလို အကဲခတ်ကြည့်နေသည့် မင်ယွန်းဂီ။
“သွားတော့လေ ဂျောင်ကု..နောက်ကျနေမယ်”
“ဟင်!...အင်း....သွားပြီ အစ်ကို ”
ဆော့ဂျင်က ဘာမှမဖြစ်သလိုနှင့် ဆိုင်ထဲဝင်ဖို့ ပြင်လိုက်စဥ် နောက်ထပ်ထွက်ပေါ်လာသော သကောင့်သား၏ အသံကြောင့် မျက်နှာတစ်ခုလုံး ပူထူသွားတော့သည်။
“မင်းတို့ နှစ်ယောက် ဘာတွေလုပ်နေလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ..ဟမ် ”
“ဘာကိုလဲ ”
ယွန်းဂီက မအူမလည် လုပ်နေသော ဆော့ဂျင်ကို အံကြိတ်ရင်း ကြည့်လိုက်သည်။လည်ပင်းတစ်ဝိုက်က အနည်းငယ်ထင်ကျန်နေသော ပန်းရောင်အကွက်တစ်ချို့ကို ရည်ရွယ်ပြီး ပြောတော့ နားမလည်သလို မော့ကြည့်လာသည်။
“ဟင်း! ကိုယ့်ဘာသာ သိလေ ”
“မင်း ဘာပြောနေမှန်း..ငါ တကယ်မသိဘူး။ညက အစောကြီး အိပ်ပျော်သွားတာ”
ထိုအခါ ယွန်းဂီက အ,ရန်ကော ဟူသည့် မျက်နှာဖြင့် ဆော့ဂျင်နား,နားကပ်ကာ ခပ်တိုးတိုးရှင်းပြလိုက်သည်။
“ဟင်.... အဲ့..အဲ့လိုလား”
“အဲ့ဒါပဲလေ..single တွေ ရုတ်တရက် ချစ်သူလည်းရေရာ အထူအပါး ဘာမှနားမလည်တော့ဘူး ဟား..ဟား...”
“အေးပါ..ရယ်ထား ကာလနဂါးကောင် ”
“မနက်ကတည်းက ငါ့မှာဗိုက်ဟောင်းလောင်းနဲ့ မင်းဆိုင်ရှေ့မှာ စောင့်နေတာကွ။ကြင်စဦး မောင်နှံရဲ့ အခြေအနေကို အကဲခတ်တာလည်း ပါတာပေါ့လေ..အဟက်”
“သွား...သွား...ဟိုစားပွဲမှာ ထိုင်စောင့်နေ။ပြီးရင် စားစရာလာချပေးမယ်”
ယွန်းဂီက ချစ်သူငယ်ချင်းဖြစ်သူ ဆော့ဂျင်အား ဒေါသမထွက်,ထွက်အောင် ကလိနေကျဖြစ်ရာ တော်တော်နဲ့မသွား။counter ရှေ့တွင်ရပ်ကာ မေးထောက်ပြီး စကားကြောရှည်နေလေသည်။
“ဒါနဲ့ ဂျောင်ကုကို ဘယ်လိုခေါ်လဲ..ေမာင် လား? ဂျွန်လား? ကိုကိုလား? ပြောပါဦး..ငါတောင်ရင်တွေ ခုန်လာ..”
“မင်... ယွန်း..ဂီ..”
“အေးပါ..မမေးတော့ပါဘူး။သူငယ်ချင်းကလည်း စိတ်လျှော့..စိတ်လျှော့”
𖧷 . 𖧷. 𖧷
လက်က လက်ပတ်နာရီကို ကြည့်တော့ ညနေ ၃နာရီတိတိ။အစ်ကို့ ဆိုင်က ညနေ ၄ နာရီခွဲမှ ပိတ်သည်။ဆိုင်ကို သွားမကြိုခင် ညနေဖို့ ဟင်းချက်ထားလျှင် အချိန်ရသေးသည်။
လေကလေး တချွန်ချွန်ဖြင့် မီးဖိုခန်းထဲသို့ ဝင်ပြီးနောက် လုပ်ငန်းစဖို့ပြင်သည်။ဝင်ပေါက် ထွက်ပေါက်အနီးက စားပွဲပုလေးအပေါ်တွင် စတော်ဘယ်ရီသီးပုံစံ frame ဖြင့် ဘောင်ခတ်ထားသော အစ်ကိုငယ်စဥ်က ပုံကလေးကို ကြည့်ရင်း သူပြုံးမိသည်။
“ချစ်စရာလေး”
ဓာတ်ပုံက တစ်ခြမ်းသာပါပြီး နောက်တစ်ခြမ်းကို တစ်ယောက်ယောက်က ညှပ်ယူထားဟန်ရှိသည်။နောက်တစ်ခါ ကြုံမှ အစ်ကို့ကိုမေးရပါဦးမည်။ဘာလို့ ညှပ်ထားရသလဲ ဟု။
“ဘာချက်ရင် ကောင်းမလဲ”
“ဝက်ဂုတ်သားကင် ဆိုရင်ရော..အစ်ကို ကြိုက်လောက်မလား ”
တစ်ဦးတည်း တွေးတောနေရင်း မီးပလပ်ကို ဖွင့်ပြီး ဒယ်အိုးတစ်လုံးတင်တာ အပူချိန်အမြင့်ဆုံးထိ တင်လိုက်သည်။
“♫︎...♫︎....♫︎...♫︎ ”
ထိုစဥ် အိမ်ရှေ့ခန်းမှာ ချွတ်ထားခဲ့သော အပေါ်အကျီအိတ်ထဲက ringtone သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ရေခဲသေတ္တာထဲက အသားတစ်ချို့ကိုထုတ်ထားခဲ့ကာ ဖုန်းကိုင်လိုက်တော့ အစ်ကို့ဆီကဖြစ်သည်။
“ဟယ်လို...အစ်ကို”
“ဒီနေ့ ဆိုင်မှာ အလုပ်နည်းနည်းများနေလို့ ၅နာရီတီးမှ လာကြိုတော့ ”
“အင်း..၄ နာရီခွဲရင် ကျွန်တော်အိမ်က ထွက်ခဲ့မယ် ”
ထိုအခိုက် သူ့ နှာခေါင်းတွင်းသို့ စူးစူးရှရှ တိုးဝင်လာသော အနံ့။ မကောင်းဆိုးဝါး၏ အနံ့ကို ဒုတိယအကြိမ် ပြန်ရလိုက်သလိုမျိုး။
တူးခါးသော ညှော်နံ့...။
“ဟယ်လို..ဂျောင်ကု...ဂျောင်ကု..”
“ဟင်! ဒါ...ဒါပဲ....အစ်ကို ”
မီးဖိုခန်းဆီသို့ သွားနေသော သူခြေထောက်များသည် သွက်သွက်လက်လက် မရှိ။အကြောတွေ တုံ့ဆိုင်းနေသည်။
“ဝုန်း.. ”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးက သူ့နားစည်အတွင်းသို့ ရိုက်ခတ်သွားသည်။
ဟင့်အင်း...မဖြစ်ရဘူး။
မီးဖိုပေါ်က သူတင်ထားခဲ့သော ဒယ်အိုးတစ်ခုလုံးကို မီးတောက်များက ဖုံးလွှမ်းနေသည် ။မီးညွန့် မီးတောက်များသည် ဒေါသကြီးသော မိစ္ဆာတစ်ကောင်ပမာ ယိမ်းနွဲ့နေကာ စည်းချက်နှင့်ကခုန်နေသယောင်။
“ကုကီး...ငါ့ကို...ကယ်...ပါ...”
“ကု..ကီး... ငါ...မ..သေ..ဘူး”
“ပူ..တယ်..ပူ...တယ် ”
မီးလောင်ကျွမ်းစ ပြုနေသော မျက်နှာတစ်ခြမ်းက တဖြည်းဖြည်း နီးကပ်လာသည်။တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရှောင်လို့ တိမ်းလို့မရအောင် ချုပ်ကိုင်ထားသကဲ့သို့ပင်။ခြေထောက်နှစ်ဖက်လုံး ေရခဲတုံးပမာ အေးစက်ကာ လှုပ်လို့မရ။
အကြိမ်ကြိမ် ကြားယောင်နေသော မီးတောက်ကြားက ထိုအသံသည် အာရုံထဲတွင် ပျားပိတုန်းတစ်ကောင်နှယ် ဝေသီ ရစ်ဝဲနေသည်။
“တောင်း ပန် ပါ တယ်...ငါ... ”
သူ့ရင်ဘတ် တစ်ခုလုံး မီလောင်ပြင်တွင် နှစ်ခြမ်းဆုတ်ဖြဲ ခံလိုက်ရသလို နာကျင်မှုက အတိုင်းအဆမဲ့စွာ။
အမြင်အာရုံတစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းသွားချိန်တွင် သတိရမိသည်က တစ်ဦး တစ်ယောက်ကိုသာ။
အစ်ကို....
အစ်ကိုရေ...ကျွန်တော့်ကို ကယ်..ပါ။
~~~~~~~~~~~~~ // ~~~~~~~~~~~~
....
AN-အခုရက်ပိုင်းတော့ ဒီဘက်မှာ အခြေအနေက နည်းနည်းပြန်ငြိမ်သွားပါပြီ။ဖုန်းကိုင်လို့ ရတုန်းလေး..ဒီထက်အခြေအနေတွေ ပြင်းထန်မလာခင်ပေါ့..ပြီးသလောက် ရေးပေးပါ့မယ်..Take care
Thanks for your reading & voting.Riona
......Zawgyi________
ညက ဘယ္ေလာက္ေတာင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားသည္ မသိ။မိုးလင္းေနၿပီဟု သိေနသည့္တိုင္ မ်က္လုံးႏွစ္ဖက္က ဖြင့္မရေလာက္ေအာင္ ေလးလံေနသည္။အခ်စ္ေတာ္ RJ ႐ုပ္ေလးကို လက္တစ္ဖက္ျဖင့္ လိုက္စမ္းမိေတာ့ ႏူးႏူးညံ့ညံ့အထိအေတြ႕အစား အနည္းငယ္ မာေတာင့္ေနေသာ လက္ေမာင္းႂကြက္သား တစ္ခုကိုစမ္းမိသြားသည္။
“ဟင္!”
ဦးေႏွာက္ထဲသို႔ တစ္စုံတစ္ရာေသာအသိက ခပ္ျပင္းျပင္း အခ်က္ေပးလိုက္ေသာအခါ သူ႕ႏႈတ္မွ အာေမဍိတ္သံ ခပ္တိုးတိုးထြက္သြားသည္။သူသည္ လက္ထပ္ၿပီးသည့္ အျဖစ္ကို ႐ုတ္တရက္ ေမ့ေလ်ာ့သြားျခင္း ျဖစ္သည္။
သူ စမ္းမိေသာ လက္ေမာင္း ႂကြက္သားမွတဆင့္ အေပၚဘက္သို႔ ခပ္ေျဖးေျဖးစမ္းၾကည့္ရင္း ႏူးညံ့ေသာ ႏႈတ္ခမ္းႏွစ္လႊာၾကားသို႔ အေရာက္တြင္ သူ႕လက္ညိႇဳးေလးသည္ ခြၽန္ထက္ေသာ အရာျဖင့္ ဖိကိုက္ခံလိုက္ရသကဲ့သို႔ စူးကနဲ ျဖစ္သြားသည္။
“အ့ ”
နာက်င္မႈေၾကာင့္ မ်က္လုံးအစုံကို ဆက္လက္မွိတ္ထားဖို႔ မစြမ္းသာေတာ့။ေလးလံေနသည့္ မ်က္ခံြအစုံကို မရမကဖြင့္ၾကည့္လိုက္သည္။ျပတ္ျပတ္ထင္ထင္ မျမင္ရဘဲ ေဝဝါးေနေသာ ျမင္ကြင္းသည္ ခဏအၾကာတြင္ ႐ွင္းလင္းျပတ္သားလာသည္။အျပာႏုေရာင္ ေမြ႕ယာထက္တြင္ ကိုယ္တေစာင္း အေနအထားအျဖင့္ ေခါင္းေအာက္တြင္ လက္ေထာက္ၿပီး မ်က္ေတာင္မခတ္တမ္းၾကည့္ေနေသာ ျပဳံးစစမ်က္ႏွာ။တစ္နည္းအားျဖင့္ ကမ႓ာေပၚတြင္ မိမိႏွင့္ အရင္းႏွီးဆုံးလူသား။
“ဘာေတြ ၾကည့္ေနတာလဲ..ကြၽန္ေတာ္႕ကို မျမင္ဖူးလို႔လား”
ေဂ်ာင္ကုက ေျပာေျပာဆိုဆိုႏွင့္ပင္ ေဆာ့ဂ်င္ လက္ညိႇဳးေလး တစ္ေခ်ာင္းဆြဲယူကာ ကိုက္ပစ္လိုက္သည္။
“နာတယ္..ဘာျဖစ္လို႔ ကိုက္ေနတာလဲ ”
“အသည္းယားလို႔ ”
က်ယ္ျပန္႔ေသာ ရင္အုပ္ႏွင့္အတူ ၾကံ့ခိုင္က်စ္လစ္ေသာ ႂကြက္သားတို႔ကို ျမင္ေသာအခါ ေဆာ့ဂ်င္မ်က္ႏွာလႊဲလိုက္သည္။ေဂ်ာင္ကုက အလႊဲမခံ။သူ႕ေက်ာျပင္ထက္သို႔ သိုင္းဖက္ကာ မ်က္ႏွာခ်င္းဆိုင္ေစသည္။
“မင္းရဲ႕ အေပၚအက်ီက ဘယ္ေရာက္သြားတာလဲ ”
“ညက ခြၽတ္ပစ္လိုက္တာ ”
ၿပီတီတီ မ်က္ႏွာေပးက မသက္ာစရာေကာင္းေလာက္ေအာင္ပင္။ၿပီးေတာ့ ေဂ်ာင္ကုမ်က္ႏွာက အၿငိမ္မေန။ႏႈတ္ခမ္းပါးပါးတို႔ကို စုခြၽန္ကာ မိမိမ်က္ႏွာနားသို႔ ကပ္လာေသာအခါ ေဆာ့ဂ်င္က လက္တစ္ဖက္ျဖင့္ ကာထားလိုက္သည္။ေစာင္ေအာက္က ကိုယ့္အက်ီႏွင့္ ေဘာင္းဘီကို စစ္ေဆးၾကည့္ေတာ့ အနည္းငယ္ေတာင္ ပုံမပ်က္။အက်ီအေပၚၾကယ္သီးတစ္လုံး ျပဳတ္ေနတာကလြဲလို႔။
“မင္း...”
သူ ဆက္ေျပာလာမည့္ စကားမ်ားကို ေဂ်ာင္ကုက နားလည္သေယာင္ျဖင့္ ခပ္အုပ္အုပ္ရယ္သည္။ရယ္လိုက္ေသာအခါ ေပၚလာေသာ ျဖဴေဖြးေနသည့္ သြားတန္းမ်ားကို သူေငးၾကည့္ေနမိသည္။
ေဂ်ာင္ကုရယ္ရင္ အရမ္းၾကည့္ေကာင္းတာပဲ။
“ဘာေတြ လန္႔ေနတာလဲဗ်ာ။အစ္ကိုကျဖင့္ ညကအေစာႀကီး အိပ္ေပ်ာ္သြားတာကို...ၿပီးေတာ့ ကြၽန္ေတာ္က ညဘက္အိပ္ရင္ ေယာင္ၿပီး အက်ီခြၽတ္အိပ္တတ္တယ္..အဲ့ဒါေၾကာင့္ ”
“အင္း”
ထိုအခါမွ ေဆာ့ဂ်င္က သက္ျပင္းသဲ့သဲ့ခ်ၿပီး ေစာင္ပုံထဲသို႔ ေခါင္းဝင္တိုးလိုက္သည္။ေဂ်ာင္ကုက ကုတင္ေဘးသို႔ေရာက္ေနေသာ RJ ႐ုပ္ေလးကို ေဆာ့ဂ်င္ရင္ဘတ္ေ႐ွ႕တိုးေပးလိုက္ရင္း ေစာင္ကို ရင္ဘတ္အထိဆြဲျခဳံေပးလိုက္သည္။ထို႔ေနာက္ နဖူးေပၚက ဆံပင္ႏုႏုတို႔ကို သပ္တင္ေပးလိုက္ၿပီး အနမ္းတစ္ခ်က္ေႁခြသည္။
“ဆက္အိပ္လိုက္ဦး..နည္းနည္းေစာေသးတယ္။ကြၽန္ေတာ္ မနက္စာသြားျပင္လိုက္ဦးမယ္”
“အင္း”
မ်က္လုံးမ်ားကို မွိတ္ထားရင္း ျပန္ေျဖလိုက္သည္။ၾကည္ႏူးမႈ ၊ ေက်နပ္မႈတို႔ ေရာႁပႊန္းေနေသာ ခံစားမႈအဟုန္က သူ႕ႏွလုံးသားတြင္းဝယ္ ဖိတ္လွ်ံက်လ်က္႐ွိသည္။သူ႕ဘဝထဲသို႔ သူစိမ္းတစ္ေယာက္ဝင္ေရာက္လာေသာ ပထမဆုံးေန႔ရက္သည္ ေမွ်ာ္လင့္ထားသည္ထက္ ခ်ိဳၿမိန္ေနခဲ့သည္။
𖧷 . 𖧷.𖧷
ကိုယ္လက္သန္႔စင္ၿပီး မွန္ေ႐ွ႕တြင္ သူရပ္လိုက္ၿပီး သီးသန္႔ျပင္ဆင္ေနစရာမလိုေသာ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အနည္းငယ္ပြတ္လိုက္သည္။ cotton shirt အျဖဴေရာင္အေပၚမွာ အစိမ္းပုပ္ေရာင္ လက္႐ွည္ကိုထပ္ဝတ္လိုက္ကာ အက်ီလက္ကို တံေတာင္ဆစ္အထိ ေခါက္တင္လိုက္သည္။
မွန္ထဲက ျမင္ေနရသည့္ သူ႕မ်က္ႏွာသည္ ေျပာင္းလဲျခင္းမ႐ွိ။ထူးျခားေနသည္က သူ႕လည္တိုင္တစ္ေလွ်ာက္ႏွင့္ လည္ညႇပ္႐ိုးေပၚတြင္ ျဖစ္သည္။အစီအရီ ေပၚေနေသာ အနီေဖ်ာ့ေဖ်ာ့အကြက္မ်ား။
“ဘာျဖစ္တာလဲ..အိပ္ေနတုန္းမ်ား အေကာင္တစ္ေကာင္,ေကာင္ကိုက္သြားတာမ်ားလား”
“ေသေတာ့ မေသေလာက္ပါဘူး။အဆိပ္႐ွိတဲ့ အေကာင္ဆိုတာ ငါေသတာၾကာၿပီေပါ့”
ေဆာ့ဂ်င္က အမ်ိဳးမ်ိဳး ေတြးေတာေနရင္း ေဂ်ာင္ကုေခၚသံေၾကာင့္ ေခါင္းတစ္ခ်က္ခါလိုက္ရင္း အိမ္ေ႐ွ႕သို႔ ထြက္လာလိုက္သည္။
“အစ္ကိုေရ နံနက္စာ စားလို႔ရၿပီဗ်”
ထမင္း စားပြဲသို႔ ဝင္ထိုင္လိုက္ေသာအခါ ေမႊးပ်ံ႕ေနေသာ ရနံ႔မ်ားက ျပန္မထခ်င္ေလာက္ေအာင္ ဆြဲေဆာင္လ်က္႐ွိသည္။
ေဂ်ာင္ကုက ပန္းကန္ျပား ႏွစ္ခ်ပ္ကို ခ်ကာ မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံတြင္ ေနရာယူသည္။အနည္းငယ္႐ွည္စျပဳေနသည့္ ဆံပင္တို႔ကို ေခါင္းစည္းကြင္း တစ္ကြင္းႏွင့္ ၾကက္ေတာင္စည္း စုစည္းထားေသာ ေဂ်ာင္ကုပုံကိုၾကည့္ရင္း ေဆာ့ဂ်င္က အသံမထြက္ေအာင္ ႀကိတ္ရယ္သည္။
“အဟင္း! ဘာဟင္းေတြခ်က္ထားတာလဲ”
“ပဲေခါက္ဆြဲေၾကာ္ရယ္၊ ေပါင္မုန္႔မီးကင္နဲ႔ ေကာ္ဖီရယ္..အစ္ကိုဘာႀကိဳက္တတ္မွန္းမသိလို႔ ႏွစ္မ်ိဳးလုပ္ထားတာ”
“ပဲေခါက္ဆြဲေၾကာ္ပဲ စားမယ္”
ေဆာ့ဂ်င္ထံမွ ဆုံးျဖတ္ခ်က္ရသည္ႏွင့္ ေဂ်ာင္ကုက ေခြၽးတလုံးလုံးၾကားကပင္ မေမာႏိုင္မပမ္းႏိုင္ ျပင္ဆင္ေတာ့သည္။
လက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္မ်ားက တူႏွစ္ေခ်ာင္းကို ကြၽမ္းက်င္စြာ ကိုင္ကာ တစ္လုတ္ျမည္းစမ္းၾကည့္သည္။ေဂ်ာင္ကု မ်က္ေတာင္ မခတ္တမ္းလိုက္ၾကည့္ရင္း အသက္မ႐ႈရဲ။မႏွစ္သက္သည့္ အမူအရာတစ္မ်ိဳးမ်ိဳးျဖင့္ တုံ႔ျပန္လာမည္ကို သူေၾကာက္သည္။
“ဘယ္လိုေနလဲ စားေကာင္းလား”
“အင္း! ေကာင္းသားပဲ”
ခပ္တိုးတိုးေျဖသံကို ၾကားေတာ့မွ ေပါ့ပါးလြတ္လပ္စြာျပဳံးမိေတာ့သည္။
“အင္တာနက္ကေန ႐ွာၿပီး ခ်က္ထားတာ။စိတ္တိုင္းမက်လို႔ မနက္က အိမ္ကအေဒၚႀကီးကိုေတာင္ ဖုန္းဆက္ေမးရေသးတယ္။ကြၽန္ေတာ္, ေတာ္တယ္မလားဟင္”
ေဂ်ာင္ကုပုံစံက သူ႕လုပ္ရပ္အတြက္ ခ်ီးက်ဴးခံခ်င္ေနသည့္ ကေလးတစ္ဦးႏွယ္။ထိုအေမးစကားတြင္ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ မ်က္လုံးဝိုင္းေတြက အရည္လဲ့ေနသည္။
“ေတာ္တယ္...”
“အဟင္း!.. ”
ေဂ်ာင္ကုက သူစိတ္လႈပ္႐ွားေနသည့္ အမူအရာကို သူခိုးလူမိသြားသလိုပုံစံျဖင့္ မ်က္ႏွာကိုေအာက္ငုံ႔ကာ အ႐ွက္ေျပရယ္သည္။
“ဒါဆို အစ္ကို႔ကို ဆိုင္လိုက္ပို႔မယ္။ညေနက် ကြၽန္ေတာ္လာႀကိဳမယ္...ဒီေန႔ ေဂဟာကို မေရာက္တာၾကာလို႔ သြားလိုက္ဦးမယ္ ”
“အင္း..”
“ဆိုင္မွာလည္း အလုပ္ေတြကိုတစ္ေယာက္တည္း သိမ္းၾကဳံးလုပ္မေနနဲ႔ေနာ္။ဝန္ထမ္း မေလာက္ရင္ အသစ္ထပ္ေခၚလိုက္ပါလား”
“ရတယ္ ငါလုပ္ႏိုင္ပါတယ္”
“ၿပီးေတာ့ ကားလမ္းကူးတာလည္း ၾကည့္ကူးေနာ္။အရင္တစ္ခါကလို ေခၚလို႔မၾကား၊ေအာ္လို႔မၾကား မလုပ္နဲ႔”
“အင္းပါ..”
“႐ႈပ္ပါတယ္ဗ်ာ..ကြၽန္ေတာ္လာေခၚမွ ဆိုင္အျပင္ကိုထြက္ေတာ့..ဟုတ္ၿပီလား”
ငါးႏွစ္သားေလးကို စိတ္မခ်လို႔မွာေနသလိုမ်ိဳး အပီအျပင္မွာတမ္း ေႁခြေနေသာ ဂြၽန္ေဂ်ာင္ကုကို ေဆာ့ဂ်င္စိတ္မ႐ွည္ေတာ့။
“ဟင့္အင္း တစ္ေယာက္တည္း ျပန္လာခဲ့မယ္။မင္း လာေခၚတာလည္း မေစာင့္ဘူး။ကားလာေနတုန္း လမ္းျဖတ္ကူးမယ္”
တမင္သက္သက္ အ႐ြဲ႕တိုက္ေျပာေနေသာ စူေအာင့္ေအာင့္ ႏႈတ္ခမ္းတစ္စုံကို ၾကည့္ၿပီး ေဂ်ာင္ကု တင္းမခံႏိုင္ေတာ့။႐ွိစုမဲ့စု စ်ာန္ေလး ေလွ်ာသြားရေလသည္။
“စကားနားမေထာင္ဘူးေပါ့...လာခဲ့”
သန္မာေသာ လက္အစုံႏွင့္ ခါးကိုသိုင္းဖက္ၿပီးေနာက္နီးကပ္သြားေသာ ပန္းေရာင္ေျပးေနသည့္ မ်က္ႏွာ။တလႈပ္လႈပ္ တ႐ြ႐ြျဖင့္ တစ္ခုခုေျပာဖို႔ ဟန္ျပင္ေနေသာ ထိုႏႈတ္ခမ္းဖူးဖူးကို ဖိကပ္နမ္းပစ္လိုက္သည္။
တိတ္ဆိတ္သြားေသာ အခန္းအတြင္းဝယ္ ျပတင္းေပါက္မွ ေလတိုးသံသဲ့သဲ့မွအပ မည္သည့္အသံကိုမွ မၾကားရ။အနမ္းခ်င္း ဖလွယ္ေနၾကသည့္ လူႏွစ္ေယာက္သည္သာလွ်င္...။
𖧷 . 𖧷. 𖧷
“အား...ဂြၽန္ေဂ်ာင္ကု မင္းတရားလြန္ေနၿပီ”
ဆိုင္ကယ္ေပၚက ဆင္းဆင္းခ်င္း Helmet ကို ျဖဳတ္ေပးရင္း ပါးကိုဖ်တ္ကနဲ ခိုးနမ္းေသာ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္ ေအာ္လိုက္သည္။
လူလည္ကေလးက နည္းနည္းေလးေတာင္ အဖက္မလုပ္။အျပဳံးမပ်က္ေသာ မ်က္ႏွာျဖင့္ ေနာက္တစ္ႀကိမ္ တိုးကပ္လာေလလွ်င္...
“ေဟ့..ေဟ့...မင္းတို႔ေတြ မိုးလင္းေနၾကၿပီေလ။သတိေလး ဘာေလးထားပါဦး”
ထိုအသံေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး လန္႔ဖ်ပ္သြားကာ ႐ုတ္တရက္ လူခ်င္းခြာလိုက္သည္။အသံလာရာကို ၾကည့္လိုက္ေတာ့စုံေထာက္ မ်က္လုံးလို အကဲခတ္ၾကည့္ေနသည့္ မင္ယြန္းဂီ။
“သြားေတာ့ေလ ေဂ်ာင္ကု..ေနာက္က်ေနမယ္”
“ဟင္!...အင္း....သြားၿပီ အစ္ကို ”
ေဆာ့ဂ်င္က ဘာမွမျဖစ္သလိုႏွင့္ ဆိုင္ထဲဝင္ဖို႔ ျပင္လိုက္စဥ္ ေနာက္ထပ္ထြက္ေပၚလာေသာ သေကာင့္သား၏ အသံေၾကာင့္ မ်က္ႏွာတစ္ခုလုံး ပူထူသြားေတာ့သည္။
“မင္းတို႔ ႏွစ္ေယာက္ ဘာေတြလုပ္ေနလို႔ ဒီေလာက္ေတာင္ ေနာက္က်ေနရတာလဲ..ဟမ္ ”
“ဘာကိုလဲ ”
ယြန္းဂီက မအူမလည္ လုပ္ေနေသာ ေဆာ့ဂ်င္ကို အံႀကိတ္ရင္း ၾကည့္လိုက္သည္။လည္ပင္းတစ္ဝိုက္က အနည္းငယ္ထင္က်န္ေနေသာ ပန္းေရာင္အကြက္တစ္ခ်ိဳ႕ကို ရည္႐ြယ္ၿပီး ေျပာေတာ့ နားမလည္သလို ေမာ့ၾကည့္လာသည္။
“ဟင္း! ကိုယ့္ဘာသာ သိေလ ”
“မင္း ဘာေျပာေနမွန္း..ငါ တကယ္မသိဘူး။ညက အေစာႀကီး အိပ္ေပ်ာ္သြားတာ”
ထိုအခါ ယြန္းဂီက အ,ရန္ေကာ ဟူသည့္ မ်က္ႏွာျဖင့္ ေဆာ့ဂ်င္နား,နားကပ္ကာ ခပ္တိုးတိုး႐ွင္းျပလိုက္သည္။
“ဟင္.... အဲ့..အဲ့လိုလား”
“အဲ့ဒါပဲေလ..single ေတြ ႐ုတ္တရက္ ခ်စ္သူလည္းရရော အထူအပါး ဘာမွနားမလည္ေတာ့ဘူး ဟား..ဟား...”
“ေအးပါ..ရယ္ထား ကာလနဂါးေကာင္ ”
“မနက္ကတည္းက ငါ့မွာဗိုက္ေဟာင္းေလာင္းနဲ႔ မင္းဆိုင္ေ႐ွ႕မွာ ေစာင့္ေနတာကြ။ၾကင္စဦး ေမာင္ႏွံရဲ႕ အေျခအေနကို အကဲခတ္တာလည္း ပါတာေပါ့ေလ..အဟက္”
“သြား...သြား...ဟိုစားပြဲမွာ ထိုင္ေစာင့္ေန။ၿပီးရင္ စားစရာလာခ်ေပးမယ္”
ယြန္းဂီက ခ်စ္သူငယ္ခ်င္းျဖစ္သူ ေဆာ့ဂ်င္အား ေဒါသမထြက္,ထြက္ေအာင္ ကလိေနက်ျဖစ္ရာ ေတာ္ေတာ္နဲ႔မသြား။counter ေ႐ွ႕တြင္ရပ္ကာ ေမးေထာက္ၿပီး စကားေၾကာ႐ွည္ေနေလသည္။
“ဒါနဲ႔ ေဂ်ာင္ကုကို ဘယ္လိုေခၚလဲ..ေမာင္ လား? ဂြၽန္လား? ကိုကိုလား? ေျပာပါဦး..ငါေတာင္ရင္ေတြ ခုန္လာ..”
“မင္... ယြန္း..ဂီ..”
“ေအးပါ..မေမးေတာ့ပါဘူး။သူငယ္ခ်င္းကလည္း စိတ္ေလွ်ာ့..စိတ္ေလွ်ာ့”
𖧷 .𖧷 .𖧷
လက္က လက္ပတ္နာရီကို ၾကည့္ေတာ့ ညေန ၃နာရီတိတိ။အစ္ကို႔ ဆိုင္က ညေန ၄ နာရီခြဲမွ ပိတ္သည္။ဆိုင္ကို သြားမႀကိဳခင္ ညေနဖို႔ ဟင္းခ်က္ထားလွ်င္ အခ်ိန္ရေသးသည္။
ေလကေလး တခြၽန္ခြၽန္ျဖင့္ မီးဖိုခန္းထဲသို႔ ဝင္ၿပီးေနာက္ လုပ္ငန္းစဖို႔ျပင္သည္။ဝင္ေပါက္ ထြက္ေပါက္အနီးက စားပြဲပုေလးအေပၚတြင္ စေတာ္ဘယ္ရီသီးပုံစံ frame ျဖင့္ ေဘာင္ခတ္ထားေသာ အစ္ကိုငယ္စဥ္က ပုံကေလးကို ၾကည့္ရင္း သူျပဳံးမိသည္။
“ခ်စ္စရာေလး”
ဓာတ္ပုံက တစ္ျခမ္းသာပါၿပီး ေနာက္တစ္ျခမ္းကို တစ္ေယာက္ေယာက္က ညႇပ္ယူထားဟန္႐ွိသည္။ေနာက္တစ္ခါ ၾကဳံမွ အစ္ကို႔ကိုေမးရပါဦးမည္။ဘာလို႔ ညႇပ္ထားရသလဲ ဟု။
“ဘာခ်က္ရင္ ေကာင္းမလဲ”
“ဝက္ဂုတ္သားကင္ ဆိုရင္ေရာ..အစ္ကို ႀကိဳက္ေလာက္မလား ”
တစ္ဦးတည္း ေတြးေတာေနရင္း မီးပလပ္ကို ဖြင့္ၿပီး ဒယ္အိုးတစ္လုံးတင္တာ အပူခ်ိန္အျမင့္ဆုံးထိ တင္လိုက္သည္။
“♫︎...♫︎....♫︎...♫︎ ”
ထိုစဥ္ အိမ္ေ႐ွ႕ခန္းမွာ ခြၽတ္ထားခဲ့ေသာ အေပၚအက်ီအိတ္ထဲက ringtone သံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ေရခဲေသတၱာထဲက အသားတစ္ခ်ိဳ႕ကိုထုတ္ထားခဲ့ကာ ဖုန္းကိုင္လိုက္ေတာ့ အစ္ကို႔ဆီကျဖစ္သည္။
“ဟယ္လို...အစ္ကို”
“ဒီေန႔ ဆိုင္မွာ အလုပ္နည္းနည္းမ်ားေနလို႔ ၅နာရီတီးမွ လာႀကိဳေတာ့ ”
“အင္း..၄ နာရီခြဲရင္ ကြၽန္ေတာ္အိမ္က ထြက္ခဲ့မယ္ ”
ထိုအခိုက္ သူ႕ ႏွာေခါင္းတြင္းသို႔ စူးစူး႐ွ႐ွ တိုးဝင္လာေသာ အနံ႔။ မေကာင္းဆိုးဝါး၏ အနံ႔ကို ဒုတိယအႀကိမ္ ျပန္ရလိုက္သလိုမ်ိဳး။
တူးခါးေသာ ေညႇာ္နံ႔...။
“ဟယ္လို..ေဂ်ာင္ကု...ေဂ်ာင္ကု..”
“ဟင္! ဒါ...ဒါပဲ....အစ္ကို ”
မီးဖိုခန္းဆီသို႔ သြားေနေသာ သူေျခေထာက္မ်ားသည္ သြက္သြက္လက္လက္ မ႐ွိ။အေၾကာေတြ တုံ႔ဆိုင္းေနသည္။
“ဝုန္း.. ”
ျပင္းထန္လွေသာ ေပါက္ကြဲသံႀကီးက သူ႕နားစည္အတြင္းသို႔ ႐ိုက္ခတ္သြားသည္။
ဟင့္အင္း...မျဖစ္ရဘူး။
မီးဖိုေပၚက သူတင္ထားခဲ့ေသာ ဒယ္အိုးတစ္ခုလုံးကို မီးေတာက္မ်ားက ဖုံးလႊမ္းေနသည္ ။မီးၫြန္႔ မီးေတာက္မ်ားသည္ ေဒါသႀကီးေသာ မိစၧာတစ္ေကာင္ပမာ ယိမ္းႏြဲ႕ေနကာ စည္းခ်က္ႏွင့္ကခုန္ေနသေယာင္။
“ကုကီး...ငါ့ကို...ကယ္...ပါ...”
“ကု..ကီး... ငါ...မ..ေသ..ဘူး”
“ပူ..တယ္..ပူ...တယ္ ”
မီးေလာင္ကြၽမ္းစ ျပဳေနေသာ မ်က္ႏွာတစ္ျခမ္းက တျဖည္းျဖည္း နီးကပ္လာသည္။တစ္စုံတစ္ေယာက္က သူ႕ခႏၶာကိုယ္တစ္ခုလုံးကို ေ႐ွာင္လို႔ တိမ္းလို႔မရေအာင္ ခ်ဳပ္ကိုင္ထားသကဲ့သို႔ပင္။ေျခေထာက္ႏွစ္ဖက္လုံး ေရခဲတုံးပမာ ေအးစက္ကာ လႈပ္လို႔မရ။
အႀကိမ္ႀကိမ္ ၾကားေယာင္ေနေသာ မီးေတာက္ၾကားက ထိုအသံသည္ အာ႐ုံထဲတြင္ ပ်ားပိတုန္းတစ္ေကာင္ႏွယ္ ေဝသီ ရစ္ဝဲေနသည္။
“ေတာင္း ပန္ ပါ တယ္...ငါ... ”
သူ႕ရင္ဘတ္ တစ္ခုလုံး မီေလာင္ျပင္တြင္ ႏွစ္ျခမ္းဆုတ္ၿဖဲ ခံလိုက္ရသလို နာက်င္မႈက အတိုင္းအဆမဲ့စြာ။
အျမင္အာ႐ုံတစ္ခုလုံး မီးေတာက္မ်ားျဖင့္ ဖုံးလႊမ္းသြားခ်ိန္တြင္ သတိရမိသည္က တစ္ဦးတစ္ေယာက္သာ။
အစ္ကို....
အစ္ကိုေရ...ကြၽန္ေတာ္႕ကို ကယ္..ပါ။
~~~~~~~~~~~~~ // ~~~~~~~~~~~~
AN-အခုရက္ပိုင္းေတာ့ ဒီဘက္မွာ အေျခအေနက နည္းနည္းျပန္ၿငိမ္သြားပါၿပီ။ဖုန္းကိုင္လို႔ ရတုန္းေလး..ဒီထက္အေျခအေနေတြ ျပင္းထန္မလာခင္ေပါ့..ၿပီးသေလာက္ ေရးေပးပါ့မယ္..Take care
Thanks for your reading & voting.Riona
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



