~ 18 ~
16:45, 5 September 2021Unicode________
ကားပေါ် ဆင်းဆင်းချင်း အိမ်ပေါ်ကို ခပ်မြန်မြန်လျှောက်မိသည်။အိမ်ပေါ်ရောက်သည်နှင့် အပေါ်က ထပ်ဝတ်ထားသော အကျီလက်ရှည် အနက်ကို အကျီချိတ်မှာ ချိတ်လိုက်သည်။ရာသီဥတုက အရမ်းပူမနေသည့်တိုင် သူ့နှုတ်ခမ်းတစ်ဝိုက်တွင်တော့ ချွေးစို့နေသည်။
“ဟူး...”
လေပူ တစ်ချက်မှုတ်ထုတ်ပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့ အချိုရည်တစ်ဘူးက သူ့မျက်နှာရှေ့တည့်တည့်ရောက်လာသည်။
“ပင်ပန်းသွားပြီလား.အစ်ကို.ဒါလေးသောက်လိုက်ပါဦး”
ဂျောင်ကုက လက်ထဲက အထုပ်ပေါင်းစုံကို သူ့နေရာနှင့်သူ နေရာတကျ ဖြစ်အောင်ထားသည်။ဟင်းသီးဟင်းရွက်၊အသားငါးတစ်ချို့ကို ရေခဲသေတ္တာထည့်သည်။တခြား အိမ်အသုံး အဆောင် ပစ္စည်း တိုလီထွာလီလေးတွေကအစ ပါအောင်ဝယ်လာသည်။ဥပမာ-အိမ်စီးဖိနပ်၊သွားတိုက်တံ၊ဆပ်ပြာကအစ အိပ်ရာခင်း၊ခေါင်းအုံးက အဆုံး အကုန်ပါသည်။ကောင်လေးက ပိုက်ဆံရှိသည့်အသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့ပေမယ့် အောက်သက်ကြေလွန်းသည်။
အားလုံးပြီးသွားသောအခါ ေဂျာင်ကုက ဆော့ဂျင်ဘေးကပ်ရပ်တွင် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ချွေးစို့နေသော ဆော့ဂျင် နားသယ်စပ်ကို သပ်တင်ပေးရင်း အပြုံးနှင့်ဆိုသည်။
“အစ်ကို ဒီနေ့လျှောက် သွားရတာ ပင်ပန်းနေပြီလား”
“နည်းနည်းတော့ ပင်ပန်းတယ်”
“နှိပ်ပေးရမလား”
“နေပါစေ...ရ...”
ဂျောင်ကုက စကားဆုံးအောင် စောင့်မနေ။ဆော့ဂျင်၏ ခြေထောက်တစ်ဖက်ကို ပေါင်ပေါ်အသာအယာ ဆွဲတင်ကာ နှိပ်နယ်ပေးသည်။မိမိထက် ငါးနှစ်ကြီးသူမို့ ချစ်သူတစ်ယောက်လို ချစ်သည့်အပြင် အစ်ကိုကြီး တစ်ယောက်လိုလည်း ပြုစုယုယရသေးသည်။
“ရပါတယ်”
ဆော့ဂျင်က အားနာဟန်ဖြင့် အသံတိုးတိုးထွက်ကာ အထွန့်တက်လိုက်သေးသည်။သို့သော် ဂျောင်ကုလက်တွေက အားလျော့မသွား။ခြေသလုံး ကြွက်သားများ အပေါ်တွင် ခပ်မှန်မှန် ပြေးလွှားနေကြသည်။
“အိပ်ရာခင်းတွေ ခေါင်းအုံးတွေကိုတော့ အပြာရောင်လေးပဲ ဝယ်လာလိုက်တယ် အစ်ကို။ကျွန်တော်က အနက်ရောင် ကြိုက်ပေမယ့် အပြာရောင်လေးက ပိုကောင်းမယ် ထင်လို့”
“အင်း ငါလည်းအပြာရောင်ကို သဘောကျပါတယ် ”
“မဂ်လာဝတ်စုံကတော့ အနက်ပဲဝတ်မယ်၊ပြီးတော့ baby'breath ပန်းလေးတွေနဲ့ ဧည့်ခံပွဲကို အလှဆင်မယ်”
“အင်း သဘောကျတယ် ”
သူတို့နှစ်ယောက်၏ ဘဝကို တရားဝင်ထပ်တူကျစေမည့် မဂ်လာပွဲရက်သည် အတော်နီးနေပြီဖြစ်သည်။မဂ်လာဝတ်စုံ၊အခမ်းအနားအပြင် အဆင် အားလုံး ဆော့ဂျင်အကြိုက် စီမံသည်။ဂျောင်ကုက အငယ်ပင်ဖြစ်သော်လည်း အရာရာတွင် ဆော့ဂျင် သဘောကို ဦးစားပေးသည်။
“ဂေျာင်ကု ”
သူ့ခေါ်သံကြောင့် နှိပ်နေသည့် လက်များက ရပ်တန့်သွားသည်။ထို့နောက် မျက်လုံးဝိုင်းကလေးများဖြင့် မော့ကြည့်လာသည်။
“ဗျာ ”
သူ ဘာမှထပ်မဆိုမိ။ဂျောင်ကု ပေါင်ပေါ်က သူ့ခြေထောက်များကို ချလိုက်သည်။ထို့နောက် ကျယ်ပြန့်လှသော ရင်ခွင်ကျယ်ထဲ ခေါင်းအပ်ကာ ဂျောင်ကု ကျောပြင်ကျယ်ကို မမှီမကမ်းလှမ်းဖက်ရင်း မျက်လုံးအစုံကိုပါ မှိတ်ထားလိုက်သည်။
သူ့အပြုအမူကြောင့် ကောင်လေးက အံ့သြသွားသည်ထင်။အတော်ကြာမှ အလိုက်သင့်ပြန်ဖက်ကာ သူ့ခေါင်းပေါ်ကို မေးတင်လာသည်။
“ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ အစ်ကိုရဲ့ ”
“ဖက်ထားချင်လို့ ”
မလုပ်စဖူး ထိုအပြုအမူကြောင့် ဂျောင်ကု ကြိတ်ပြုံးမိသည်။မေးစေ့အောက်က ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့ အစ်ကိုက ငြိမ်နေရှာသည်။
အစ်ကို့ကို ယခုလိုမျိုး ရင်ခွင်ထဲတွင် နစ်မြုပ်သွားမတတ် ပိုင်ပိုင်နိုင်နိုင် ဖက်ထားချင်ခဲ့ဖူးသည်။တခြားသော အပြူအမူများထက် မိမိချစ်ရသူကို ရင်ခွင်ထဲ တနင့်တပိုး ဖက်ထားရခြင်းကို ဂျောင်ကုက ပိုနှစ်သက်သည်။
“ငါ မင်းကို ရွေးချယ်ခဲ့တာ မမှားဘူးမဟုတ်လား ဂျောင်ကု”
အမေးသဘော ဆောင်သည့် ထိုမေးခွန်းကို သူ ပေါ့ပေါ့တန်တန် မဖြေချင်ပါ။တစ်ဘဝလုံး အတူတူနေထိုင်သွားရမည့်အရေး အတွက် အစ်ကို့စိတ်ထဲက တွေဝေမှု၊စိုးရိမ်မှုများကို သူ့အချစ်များဖြင့် ကုစားချင်သည်။ယုယချင်သည်။
“ကျွန်တော့် အချစ်တွေနဲ့ သက်သေပြမယ်လေ”
ထို့နောက် အစ်ကို့ကို ရင်ခွင်ထဲ တင်းနေအောင် ပြန်ဖက်ထားလိုက်ရင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
အစ်ကို့ကို ပိုင်ဆိုင်ခွင့်ရတာက ဆုမတောင်းဘဲ ရောက်လာတဲ့ ကံကောင်းခြင်းပါပဲ။
𖧷 .𖧷 .𖧷
မဂ်လာပွဲသည် ကြီးကျယ်ခမ်းနားမှုမပါဘဲ ရိုးရိုးရှင်းရှင်း သာဖြစ်သည်။ဂျောင်ကုသဘောက ဘယ်သူနှင့်မှမတူဘဲ ခမ်းခမ်းနားနား ဆန်းဆန်းပြားပြားကျင်းပချင်သည်။ဆော့ဂျင် သဘောကတော့ churchကျောင်း တစ်ကျောင်းမှာပဲ အသိမိတ်ဆွေ အနည်းအကျဥ်းနှင့် အေးအေးချမ်းချမ်း ပြုလုပ်ချင်သည်။ထိုအခါ 'အစ်ကို့ သဘော' ဟူသည့် စကားတစ်ခွန်းကို လက်ကိုင်ထားသော ဂျောင်ကုက နှစ်ခါပြောစရာမလို။သူတို့မဂ်လာပွဲကို church ေကျာင်းမှာပဲ ကျင်းပဖို့ သဘောတူလိုက်သည်။
ဘဝနှစ်ခု ထပ်တူကျခြင်းသည် သာယာသော ညနေခင်းတစ်ခုတွင် အစပျိုးသည်။မိတ်ဆွေ အနည်းအကျဉ်းသာ ဖိတ်ထားသော မဂ်လာပွဲလေးသည် ထင်ထားသည်ထက် အေးချမ်းသည်။မလာလောက်ဘူးဟု တွက်ဆထားသည့် တရားသူကြီးဂျွန်သည်လည်း သားဖြစ်သူ၏ မဂ်လာပွဲတွင် ရှေ့ဆုံးကနေရာယူထားသည်။သူသည် မျက်နှာ မကောင်းလှပေမယ့် မျက်နှာလွှဲ ခဲပစ်တော့မလုပ်။
ထာဝရ ခိုင်မြဲသော အချစ်ကို ကိုယ်စားပြုသည့် Baby's Breath ပန်းအဖြူရောင်လေးများသည် ခန်းမတစ်ခုလုံး နှင်းခဲများပမာ အဆုပ်လိုက်ဖွေးနေသည်။ငွေရောင်လက်နေသည့် ဖဲပြားကလေးများကိုလည်း လျှောက်လမ်းဘေးတွင် အစီအရီသွယ်တန်းထားသည်။အဖြူရောင် ပန်းများကြားထဲတွင် အနက်ရောင်ဝတ်စုံဖြင့် သတို့သားနှစ်ဦး၏ ချောမောမှုကလည်း အထင်းသားပေါ်လွင်နေသည်။
“နည်းနည်း ပါးပါး ပါးစပ်စိပါဦးဟ..သွားတွေ အအေးပတ်တော့မယ်”
ယွန်းဂီက ပြုံးစိစိဖြင့် ေဂျာင်ကု နား,နားကပ်ပြီး အသိပေးရသည်။မဟုတ်ရင် ဒီကောင်လေး သွားအအေးပတ်မှာ အသေအချာ။
ဂျောင်ကု၏ မျက်လုံးဝိုင်းများသည် အကြင်နာရိပ် ခပ်ပါးပါးဖြင့် ချစ်ရည်ရွှန်းလဲ့နေသည်။ပါးလျသော နှုတ်ခမ်း နှစ်လွှာသည် တံခါးချပ်များသဖွယ် စေ့ပိတ်ထားသော်လည်း ပြုံးယောင်သန်းနေ၏။မေးရိုးထင်းထင်းက ချောမောသည့် မျက်နှာကို ပို၍ယောက်ျားပီသအောင် ပံ့ပိုးပေးထားသည်။
“အစ်ကို မလာသေးဘူးလား။ကြာနေပြီ”
လက်က နာရီကို တစ်ချက်ကြည့်လိုက်ရင်း လျှောက်လှမ်းအဝင်ဝကို မျှော်ကြည့်နေမိသည်။တစ်မိနစ်တိုင်းသည် တစ်ကမ္ဘာလောက် ကြာသည်ဟုထင်ရသည်။မြင်မြင်ချင်းကတည်းက စွဲလမ်းခဲ့ရသော အစ်ကိုသည် မကြာမီ အချိန်အတွင်း သူ့နှင့်အရင်းနှီးဆုံးလူသား ဖြစ်လာတော့မည်မှာ အိမ်မက်မဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးနေရသည်။
“ဟင်!! ”
အာမေဋိတ် အသံတစ်ခုသာ ထွက်သွားနိုင်သည်။က္ကန္ဒြေရသော အကြည့်တစ်စုံဖြင့် သူ့ရှေ့တည့်တည့်သို့ လျှောက်လှမ်းလာသော အစ်ကို။ကျယ်ပြန့်သည့် ပခုံးပြင်နှင့်လိုက်ဖက်သော smart ကျသည့် ခြေလှမ်းများသည် နှေးလွန်းသည်လည်း မဟုတ်၊မြန်လွန်းသည်လည်း မဟုတ်။အစ်ကို့ ခြေတစ်လှမ်းတိုင်း သူ့နှလုံးသွေးက တဒိတ်ဒိတ်ခုန်လှုပ်နေသည်။
ပန်းရောင်ဘက် သန်းနေသော နှုတ်ခမ်းလုံးများ၊ကြည်စင်နေသော မျက်နက်ဝန်းတစ်စုံ၊ဖြောင့်စင်းသည့် နှာတံတို့ဖြင့် ဘယ်အခါကြည့်ကြည့် မရိုးသွားနိုင်သော အစ်ကို့မျက်နှာသည် သက်ရှိပန်းပုရုပ်တစ်ခုလို ပြည့်စုံလွန်းသည်။
“ဂေျာင်ကု ”
နှစ်ကိုယ်ကြားရုံလေး ဆိုလာသော ခပ်တိုးတိုး အသံကိုကြားတော့မှ ဂျောင်ကုက မျက်တောင်တစ်ချက်ခတ်ရင်း အလောတကြီး ပြန်ထူးရသည်။အစ်ကိုသည် သူ့ဝိဉာဥ်လိပ်ပြာကို မှော်ပညာမလိုဘဲ ချုပ်ထိန်းဖမ်းစားသွားလေပြီ။
“သတိထားဦးလေ”
“အင်း အင်း sorry အစ်ကို။အိမ်ကျမှ အဝကြည့်မယ်”
“မင်း..”
အရေးထဲ ကျီစားနေသော ကောင်လေးကို ဆော့ဂျင်က တံတောင်ဖြင့် မသိမသာထိုးပြီး သတိပေးသည်။ထိုအခါ မျက်လုံးဝိုင်းများသည် ေကွးညွှတ်သွားသည်။ထို့နောက် တည်ကြည်သော မျက်နှာ၊နွေးထွေးသော အပြုံးတို့ဖြင့် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကြရင်း ကတိသစ္စာစကား တိုင်တည်ကြသည်။
အပ်ကျသံပင် ကြားရလောက်အောက် တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမတွင်းဝယ် ဂျောင်ကု၏ ကြည်လင်ချိုမြသောအသံက လွှမ်းမိုးသွားသည်။
“ယနေ့ကစပြီး ကျွန်တော် ဂျွန်ဂျောင်ကုက ခင်ပွန်းဖြစ်သူ ကင်ဆော့ဂျင်နဲ့ ရှေ့ဆက်မယ့် ဘဝခရီးလမ်းတစ်လျှောက်လုံးမှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ရှိပါစေ၊ ကောင်းခြင်း ဆိုးခြင်းမှန်သမျှကို အေးအတူ ပူအမျှ မျှဝေခံစားရင်း လက်တွဲမဖြုတ်တမ်း သစ္စာရှိရှိ ချစ်သွားပါ့မယ်။အသက်ရှင်သမျှ ကာလပတ်လုံး တန်ဖိုးထားပြီး ရိုးမြေကျ ပေါင်းသင်းသွားပါ့မယ်လို့ ကတိသစ္စာပြုပါတယ်”
တစ်ဘဝတွင် တစ်ခါသာကြုံရသော ထို အခိုက်အတန့်တွင် ဂျောင်ကု၏ စကားလုံးများသည် သူ့နှလုံးသားထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားသည်။နောက်ဘက်က လူထုပရိသတ်သည်လည်း သူ့အာရုံထဲတွင် မရှိတော့။သူသိသည်က ဂျောင်ကုနှင့် သူနှစ်ဦးတည်းရယ်။
“ငါတို့ ဘဝတစ်ခုတည်ဆောက်ကြမယ်၊မင်းအပေါ် ရိုးသားမယ်၊ဂရုစိုက်မယ်၊သစ္စာရှိမယ်။မင်းဘေးနားမှာ တစ်ဘဝလုံး လက်တွဲမဖြုတ်ဘဲ သစ္စာရှိရှိ ကြင်ကြင်နာနာ ရှိသွားပေးမယ်လို့ ကတိပေးပါတယ် ”
ဆော့ဂျင်သည် ခံစားချက်တို့ကို အမြဲတမ်း ထိန်းသိမ်းနိုင်စွမ်း ရှိခဲ့သည့်တိုင် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တော့ ဆို့နင့်နေခဲ့ပါသည်။ကမ္ဘာငယ်လေးထဲက မျောလွင့်နေသော စိတ်ဝိညာဉ်လိပ်ပြာငယ်လေးသည် လက်ခုပ်သံ တဖြောင်းဖြောင်းကို ကြားမှ သူ့နှလုံးအိမ်ထဲ ပြန်လည် ဝင်ရောက်သွားဟန်ရှိသည်။
ေဂျာင်ကုသည်လည်း သူ့လိုပင် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ရှိသည်။တည်ငြိမ်မှုမရှိသော လက်အစုံက သူ့လက်တစ်ချောင်းကို ယူပြီး လက်ထပ်လက်စွပ်ကွင်းလေးကို ဆင်မြန်းပေးသည်။သူသည်လည်း ဂျောင်ကုလက်သန်းကြွယ်လက်တွင် လက်စွပ်ကလေးကို အသာအယာစွပ်ပေးလိုက်သည်။
“အစ်ကို...”
ခွင့်တောင်းသလို ကြည့်လာသော ချိုရှရှမျက်ဝန်းများ။နီးကပ်လာသော ဝင်သက်ထွက်သက် လေငွေ့နွေးနွေးနှင့်အတူ ထိကပ်လာသော အနမ်းတစ်ပွင့်က တစ်ဘဝစာအတွက် အချိုမြိန်ဆုံး အမှတ်ရစရာ။
မင်းကိုရွေးချယ်ခဲ့တာ ဘယ်တော့မှ မှားမယ်မထင်ဘူး ဂျောင်ကု။
ငါ မင်းကိုအရမ်းချစ်တယ်။
𖧷 .𖧷 .𖧷
အခန်းတံခါးကို ဖွင့်ဖွင့်ချင်း အပြာရောင် နှစ်ယောက်အိပ် မဂ်လာကုတင်ကြီးကြောင့် ဆောဂျင်နားရွက်ဖျားတွေ ရဲသွားသည်။၅နှစ်တာနေလာခဲ့သော အိမ်သည် ဘယ်တုန်းကမှ ဒီလောက်အထိ ရင်ခုန်ဖို့မကောင်းခဲ့။ဂျောင်ကုက ဆိုးလ်မြို့ပေါ်က သူ့အိမ်မှာနေဖို့ ခေါ်ခဲ့ပေမယ့် မျက်နှာချင်း မဆိုင်ချင်သူကြောင့် ဒီအိမ်လေးမှာပဲ နေဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ ရေသွားချိုးလေ ဂျောင်ကုရဲ့ ”
ဂျောင်ကုက သတို့သားဝတ်စုံတောင် မလဲသေးဘဲ အသင့်ပြင်ထားသော အိပ်ရာပေါ်မှာ လူးလှိမ့်နေသည်။ဆော့ဂျင်ကတော့ တစ်နေရာက ပြန်လာရင် ရေချိုးလိုက်ရမှ နေသာထိုင်သာရှိသည်။ထို့ကြောင့် အပေါ်အကျီချွတ်ပြီး ရေချိုးခန်းထဲ ဝင်မည်အပြုတွင် လက်တစ်ဖက်ကို ဆောင့်ဆွဲခြင်း ခံလိုက်ရသောကြောင့် မွေ့ယာပေါ် အိကနဲလဲကျသွားသည်။
“ အတူချိုးကြရအောင် အစ်ကို ”
ဂျောင်ကုက အတင်းသိမ်းကြုံးဖက်ကာ သူ့လည်တိုင်အစပ်နား မထိတထိနမ်းသည်။ပုံမှန်နှင့်မတူသော ရီဝေဝေမျက်လုံးများကြောင့် ကုန်းရုန်းထဖို့ ကြံပေမယ့် မရ။ပခုံးနှစ်ဘက်ဘေးကနေ သိုင်းဖက်ထားသောကြောင့် သူ့တစ်ကိုယ်လုံးနီးပါး နစ်မြုပ်နေသည်။
“ ချွေးတွေနဲ့..ဖယ်ပေး ဂျောင်ကု ”
“ လက်ထပ်ပြီးပြီလေ..ဂျောင်ကုပဲလား ”
ဂျောင်ကု မျက်နှာက အငြိမ်မနေ။သူ့လည်တိုင်တစ်လျှောက်နှင့် မျက်နှာပေါ်တွင် ဝဲကာသီကာ ပွတ်သပ်နေသည်။
“ဂေျာင်ကုမို့လို့ ဂျောင်ကုခေါ်တာလေ။မကျေနပ်ရင် ဂျွန်ဂျောင်ကုလို့ ခေါ်ပေးရမလား ”
ထိုစကားကြောင့် ေကာင်လေး၏ လက်များက ပိုတင်းကျပ်သွားသည်မှာ 'အင့်'ကနဲအသံထွက်သည်အထိ။
“Honey ဆိုရင်ရော..အင်း..ဒါမှမဟုတ် yeobo”
“ ဟင့်အင်း..မခေါ်ချင်ဘူး ”
'ချစ်တယ်' ဆိုတာလောက်ပဲ ပြောတတ်သူ သူ့အဖို့ ဂျောင်ကုခေါ်စေချင်သော အခေါ်အဝေါ်များက ကြက်သီးထသွားစေသည်။
“ ဒါဆို အကြားချင်ဆုံး နာမည်လေးရှိတယ် ခေါ်မလား ”
သူ့ပါးတစ်ဖက်ကို မွှေးကြူရင်း ဂျောင်ကု အပြုံးတစ်ဝက်နှင့်မေးသည်။
“ဘာနာမည်လဲ”
“ မောင်....လို့ ခေါ် ”
“ ဟင့်အင်း.. ”
“ခေါ်ကြည့်..မောင် လို့ ”
သူ့ပါးနှစ်ဖက်လုံးရော နားရွက်ဖျားတွေပါ ရဲတွတ်လာသည်။ဂျောင်ကုပုံက အလျှော့ပေးမည့်ပုံ မပေါ်။
“အင်း.ခေါ်မယ်..မျက်လုံးမှိတ်ထား။တစ်ခါပဲ ခေါ်မယ်”
ထိုစကားကြောင့် ဖက်ထားသော ဂျောင်ကုလက်များ ပြေလျော့သွားသည်။မျက်လုံးမှိတ်ပြီး အကျအနထိုင်ကာ နားထောင်ဖို့ အသင့်အနေထားဖြင့်။
ဆော့ဂျင်က ချောင်း တစ်ချက်ဟန့်လိုက်သည်။ပြီးမှ ဂျောင်ကုမျက်နှာ နားကပ်ကာ နှစ်ကိုယ်ကြား ခပ်တိုးတိုးခေါ်သည်။
“အရူးလေး ”
ထို့နောက် ဂျောင်ကု၏ ပါးတစ်ဖက်ကို ဖျတ်ကနဲနမ်းကာ ရေချိုးခန်းထဲ အပြေးဝင်သွားသည်။
“ အားး...အစ်ကိုက....ဗျာ ”
အလိမ်အညာခံလိုက်ရသော ကောင်လေးသည် ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင် နှုတ်ခမ်းစူရင်း ဖက်လုံးတစ်လုံးပေါ်တွင် မျက်နှာအပ်ကာ အော်နေတော့သည်။
𖧷. 𖧷. 𖧷
ေရချိုးပြီး ခေါင်းပါလျှော်လိုက်တော့မှ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။အားကစား လုပ်ထားသော သူ့ခန္ဓာကိုယ်သည် မြင့်မားသော အရပ်နှင့်လိုက်ဖက်စွာ ကြွက်သားများက ဖုထစ်ဖောင်းကြွကာ အဆီပိုမရှိဘဲ ကျစ်လျစ်ပြီးအချိုးကျသည်။ကျယ်ပြန့်သော ရင်အုပ်က ရေချိုးပြီးစမို့ ဝင်းမွတ်နေသည်။ပျော့စင်းနေသော ဆံပင်များက နဖူးတစ်ဝိုက်တွင် ဖွာလွင့်နေသည်။ရှပ်အကျီ တစ်ထည်ကောက်စွတ်လိုက်ရင်း အခန်းထဲဝင်တော့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည့် အစ်ကို။
ဒီနေ့အဖို့ အတော်ပင်ပန်းသွားပြီ ထင်သည်။ဂျောင်ကုဘေးမှာ ဝင်ထိုင်လိုက်တာတောင် မနိုး။နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။
ခပ်ဟဟ ဖြစ်နေသော နှုတ်ခမ်းနှစ်လွှာက သွေးရောင်သန်းနေသည်။သူ မနေနိုင်မထိုင်နိုင်စွာ လက်မနဲ့ဖွဖွလေး ပွတ်ဆွဲမိပြန်တော့လည်း ကိုယ်တော်ချောက တုပ်တုပ်တောင်မလှုပ်။
ဂျောင်ကုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ရင်း နဖူးပေါ်က ဆံပင်တွေကို သိမ်းတင်ပေးလိုက်သည်။အပေါ်ကြယ်သီး တစ်လုံး မတပ်ထားသောကြောင့် လည်ညှပ်ရိုးလေးတွေက အထင်းသားပေါ်နေသည်။
အစ်ကို့ဘေးတွင် ကပ်လှဲလိုက်ရင်း မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်သည်။ထို့နောက် ဟပြဲဖြစ်နေသော အကျီအောက်က ညှပ်ရိုးဖြူဖြူတွေအပေါ် မက်မောစွာ စုပ်ယူနမ်းလိုက်မိသည်။သူ့အနမ်းကြောင့် အစ်ကို့လည်တိုင်နှင့် ရင်ဘတ်အပေါ်ပိုင်း တစ်ဝိုက်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် နီရဲနေပြီဖြစ်သည်။အိပ်နေသူ တစ်ယောက်အပေါ် ဆက်ပြီးဇွတ်မတိုးချင်တော့တာကြောင့် သူ့စိတ်အစဥ်ကို ထိန်းချုပ်လိုက်သည်။
“ ဘယ်လို နေနေ ချစ်တယ် အစ်ကိုရယ် ”
သူ တစ်ယောက်တည်း ခပ်တိုးတိုး ငြီးတွားရင်း အစ်ကို့ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။အရူးအမူး တစ်ဖက်သတ် သဘောကျခဲ့ရသော လူတစ်ယောက်ကို ရင်ခွင်ထဲ ေထွးသိပ်ခွင့်ရသော ထိုတစ်ညသည် သူ့အတွက်တော့ အကြည်နူးရဆုံးသော ညတစ်ညဖြစ်ခဲ့သည်။
သိပ်ချစ်တယ်..ကိုကို။ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
~~~~~~~~~~~~~~~ // ~~~~~~~~~~~~~~
AN-အင်တာနက်တွေ ဖြတ်မယ်ဆိုတဲ့သတင်းကြားရင် စာရေးချင်စိတ်တွေပါပျောက်တယ်အားလုံး ကျန်းမာရေးရော တခြားအန္တရာယ်တွေရော ဂရုစိုက်ကြပါရှင်💙
Thanks for your reading and voting.Riona🌼
........Zawgyi _______
ကားေပၚ ဆင္းဆင္းခ်င္း အိမ္ေပၚကို ခပ္ျမန္ျမန္ေလွ်ာက္မိသည္။အိမ္ေပၚေရာက္သည္ႏွင့္ အေပၚက ထပ္ဝတ္ထားေသာ အက်ီလက္႐ွည္ အနက္ကို အက်ီခ်ိတ္မွာ ခ်ိတ္လိုက္သည္။ရာသီဥတုက အရမ္းပူမေနသည့္တိုင္ သူ႕ႏႈတ္ခမ္းတစ္ဝိုက္တြင္ေတာ့ ေခြၽးစို႔ေနသည္။
“ဟူး...”
ေလပူ တစ္ခ်က္မႈတ္ထုတ္ၿပီး ဆိုဖာေပၚ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္ေတာ့ အခ်ိဳရည္တစ္ဘူးက သူ႕မ်က္ႏွာေ႐ွ႕တည့္တည့္ေရာက္လာသည္။
“ပင္ပန္းသြားၿပီလား.အစ္ကို.ဒါေလးေသာက္လိုက္ပါဦး”
ေဂ်ာင္ကုက လက္ထဲက အထုပ္ေပါင္းစုံကို သူ႕ေနရာႏွင့္သူ ေနရာတက် ျဖစ္ေအာင္ထားသည္။ဟင္းသီးဟင္း႐ြက္၊အသားငါးတစ္ခ်ိဳ႕ကို ေရခဲေသတၱာထည့္သည္။တျခား အိမ္အသုံး အေဆာင္ ပစၥည္း တိုလီထြာလီေလးေတြကအစ ပါေအာင္ဝယ္လာသည္။ဥပမာ-အိမ္စီးဖိနပ္၊သြားတိုက္တံ၊ဆပ္ျပာကအစ အိပ္ရာခင္း၊ေခါင္းအုံးက အဆုံး အကုန္ပါသည္။ေကာင္ေလးက ပိုက္ဆံ႐ွိသည့္အသိုင္းအဝိုင္းတြင္ ႀကီးျပင္းလာခဲ့ေပမယ့္ ေအာက္သက္ေၾကလြန္းသည္။
အားလုံးၿပီးသြားေသာအခါ ေဂ်ာင္ကုက ေဆာ့ဂ်င္ေဘးကပ္ရပ္တြင္ ေျခပစ္ လက္ပစ္ ထိုင္ခ်လိုက္သည္။ေခြၽးစို႔ေနေသာ ေဆာ့ဂ်င္ နားသယ္စပ္ကို သပ္တင္ေပးရင္း အျပဳံးႏွင့္ဆိုသည္။
“အစ္ကို ဒီေန႔ေလွ်ာက္ သြားရတာ ပင္ပန္းေနၿပီလား”
“နည္းနည္းေတာ့ ပင္ပန္းတယ္”
“ႏွိပ္ေပးရမလား”
“ေနပါေစ...ရ...”
ေဂ်ာင္ကုက စကားဆုံးေအာင္ ေစာင့္မေန။ေဆာ့ဂ်င္၏ ေျခေထာက္တစ္ဖက္ကို ေပါင္ေပၚအသာအယာ ဆြဲတင္ကာ ႏွိပ္နယ္ေပးသည္။မိမိထက္ ငါးႏွစ္ႀကီးသူမို႔ ခ်စ္သူတစ္ေယာက္လို ခ်စ္သည့္အျပင္ အစ္ကိုႀကီး တစ္ေယာက္လိုလည္း ျပဳစုယုယရေသးသည္။
“ရပါတယ္”
ေဆာ့ဂ်င္က အားနာဟန္ျဖင့္ အသံတိုးတိုးထြက္ကာ အထြန္႔တက္လိုက္ေသးသည္။သို႔ေသာ္ ေဂ်ာင္ကုလက္ေတြက အားေလ်ာ့မသြား။ေျခသလုံး ႂကြက္သားမ်ား အေပၚတြင္ ခပ္မွန္မွန္ ေျပးလႊားေနၾကသည္။
“အိပ္ရာခင္းေတြ ေခါင္းအုံးေတြကိုေတာ့ အျပာေရာင္ေလးပဲ ဝယ္လာလိုက္တယ္ အစ္ကို။ကြၽန္ေတာ္က အနက္ေရာင္ ႀကိဳက္ေပမယ့္ အျပာေရာင္ေလးက ပိုေကာင္းမယ္ ထင္လို႔”
“အင္း ငါလည္းအျပာေရာင္ကို သေဘာက်ပါတယ္ ”
“မဂ္လာဝတ္စုံကေတာ့ အနက္ပဲဝတ္မယ္၊ၿပီးေတာ့ baby'breath ပန္းေလးေတြနဲ႔ ဧည့္ခံပြဲကို အလွဆင္မယ္”
“အင္း သေဘာက်တယ္ ”
သူတို႔ႏွစ္ေယာက္၏ ဘဝကို တရားဝင္ထပ္တူက်ေစမည့္ မဂ္လာပြဲရက္သည္ အေတာ္နီးေနၿပီျဖစ္သည္။မဂ္လာဝတ္စုံ၊အခမ္းအနားအျပင္ အဆင္ အားလုံး ေဆာ့ဂ်င္အႀကိဳက္ စီမံသည္။ေဂ်ာင္ကုက အငယ္ပင္ျဖစ္ေသာ္လည္း အရာရာတြင္ ေဆာ့ဂ်င္ သေဘာကို ဦးစားေပးသည္။
“ေဂ်ာင္ကု ”
သူ႕ေခၚသံေၾကာင့္ ႏွိပ္ေနသည့္ လက္မ်ားက ရပ္တန္႔သြားသည္။ထို႔ေနာက္ မ်က္လုံးဝိုင္းကေလးမ်ားျဖင့္ ေမာ့ၾကည့္လာသည္။
“ဗ်ာ ”
သူ ဘာမွထပ္မဆိုမိ။ေဂ်ာင္ကု ေပါင္ေပၚက သူ႕ေျခေထာက္မ်ားကို ခ်လိုက္သည္။ထို႔ေနာက္ က်ယ္ျပန္႔လွေသာ ရင္ခြင္က်ယ္ထဲ ေခါင္းအပ္ကာ ေဂ်ာင္ကု ေက်ာျပင္က်ယ္ကို မမွီမကမ္းလွမ္းဖက္ရင္း မ်က္လုံးအစုံကိုပါ မွိတ္ထားလိုက္သည္။
သူ႕အျပဳအမူေၾကာင့္ ေကာင္ေလးက အံ့ၾသသြားသည္ထင္။အေတာ္ၾကာမွ အလိုက္သင့္ျပန္ဖက္ကာ သူ႕ေခါင္းေပၚကို ေမးတင္လာသည္။
“႐ုတ္တရက္ႀကီး ဘာျဖစ္လို႔လဲ အစ္ကိုရဲ႕ ”
“ဖက္ထားခ်င္လို႔ ”
မလုပ္စဖူး ထိုအျပဳအမူေၾကာင့္ ေဂ်ာင္ကု ႀကိတ္ျပဳံးမိသည္။ေမးေစ့ေအာက္က ေခါင္းေလးကို ပြတ္သပ္ေပးလိုက္ေတာ့ အစ္ကိုက ၿငိမ္ေန႐ွာသည္။
အစ္ကို႔ကို ယခုလိုမ်ိဳး ရင္ခြင္ထဲတြင္ နစ္ျမဳပ္သြားမတတ္ ပိုင္ပိုင္ႏိုင္ႏိုင္ ဖက္ထားခ်င္ခဲ့ဖူးသည္။တျခားေသာ အျပဴအမူမ်ားထက္ မိမိခ်စ္ရသူကို ရင္ခြင္ထဲ တနင့္တပိုး ဖက္ထားရျခင္းကို ေဂ်ာင္ကုက ပိုႏွစ္သက္သည္။
“ငါ မင္းကို ေ႐ြးခ်ယ္ခဲ့တာ မမွားဘူးမဟုတ္လား ေဂ်ာင္ကု”
အေမးသေဘာ ေဆာင္သည့္ ထိုေမးခြန္းကို သူ ေပါ့ေပါ့တန္တန္ မေျဖခ်င္ပါ။တစ္ဘဝလုံး အတူတူေနထိုင္သြားရမည့္အေရး အတြက္ အစ္ကို႔စိတ္ထဲက ေတြေဝမႈ၊စိုးရိမ္မႈမ်ားကို သူ႕အခ်စ္မ်ားျဖင့္ ကုစားခ်င္သည္။ယုယခ်င္သည္။
“ကြၽန္ေတာ္႕ အခ်စ္ေတြနဲ႔ သက္ေသျပမယ္ေလ”
ထို႔ေနာက္ အစ္ကို႔ကို ရင္ခြင္ထဲ တင္းေနေအာင္ ျပန္ဖက္ထားလိုက္ရင္း သူ႕မ်က္လုံးမ်ားကို မွိတ္ထားလိုက္သည္။
အစ္ကို႔ကို ပိုင္ဆိုင္ခြင့္ရတာက ဆုမေတာင္းဘဲ ေရာက္လာတဲ့ ကံေကာင္းျခင္းပါပဲ။
𖧷 . 𖧷. 𖧷
မဂ္လာပြဲသည္ ႀကီးက်ယ္ခမ္းနားမႈမပါဘဲ ႐ိုး႐ိုး႐ွင္း႐ွင္း သာျဖစ္သည္။ေဂ်ာင္ကုသေဘာက ဘယ္သူႏွင့္မွမတူဘဲ ခမ္းခမ္းနားနား ဆန္းဆန္းျပားျပားက်င္းပခ်င္သည္။ေဆာ့ဂ်င္ သေဘာကေတာ့ churchေက်ာင္း တစ္ေက်ာင္းမွာပဲ အသိမိတ္ေဆြ အနည္းအက်ဥ္းႏွင့္ ေအးေအးခ်မ္းခ်မ္း ျပဳလုပ္ခ်င္သည္။ထိုအခါ 'အစ္ကို႔ သေဘာ' ဟူသည့္ စကားတစ္ခြန္းကို လက္ကိုင္ထားေသာ ေဂ်ာင္ကုက ႏွစ္ခါေျပာစရာမလို။သူတို႔မဂ္လာပြဲကို church ေက်ာင္းမွာပဲ က်င္းပဖို႔ သေဘာတူလိုက္သည္။
ဘဝႏွစ္ခု ထပ္တူက်ျခင္းသည္ သာယာေသာ ညေနခင္းတစ္ခုတြင္ အစပ်ိဳးသည္။မိတ္ေဆြ အနည္းအက်ဥ္းသာ ဖိတ္ထားေသာ မဂ္လာပြဲေလးသည္ ထင္ထားသည္ထက္ ေအးခ်မ္းသည္။မလာေလာက္ဘူးဟု တြက္ဆထားသည့္ တရားသူႀကီးဂြၽန္သည္လည္း သားျဖစ္သူ၏ မဂ္လာပြဲတြင္ ေ႐ွ႕ဆုံးကေနရာယူထားသည္။သူသည္ မ်က္ႏွာ မေကာင္းလွေပမယ့္ မ်က္ႏွာလႊဲ ခဲပစ္ေတာ့မလုပ္။
ထာဝရ ခိုင္ၿမဲေသာ အခ်စ္ကို ကိုယ္စားျပဳသည့္ Baby's Breath ပန္းအျဖဴေရာင္ေလးမ်ားသည္ ခန္းမတစ္ခုလုံး ႏွင္းခဲမ်ားပမာ အဆုပ္လိုက္ေဖြးေနသည္။ေငြေရာင္လက္ေနသည့္ ဖဲျပားကေလးမ်ားကိုလည္း ေလွ်ာက္လမ္းေဘးတြင္ အစီအရီသြယ္တန္းထားသည္။အျဖဴေရာင္ ပန္းမ်ားၾကားထဲတြင္ အနက္ေရာင္ဝတ္စုံျဖင့္ သတို႔သားႏွစ္ဦး၏ ေခ်ာေမာမႈကလည္း အထင္းသားေပၚလြင္ေနသည္။
“နည္းနည္း ပါးပါး ပါးစပ္စိပါဦးဟ..သြားေတြ အေအးပတ္ေတာ့မယ္”
ယြန္းဂီက ျပဳံးစိစိျဖင့္ ေဂ်ာင္ကု နား,နားကပ္ၿပီး အသိေပးရသည္။မဟုတ္ရင္ ဒီေကာင္ေလး သြားအေအးပတ္မွာ အေသအခ်ာ။
ေဂ်ာင္ကု၏ မ်က္လုံးဝိုင္းမ်ားသည္ အၾကင္နာရိပ္ ခပ္ပါးပါးျဖင့္ ခ်စ္ရည္႐ႊန္းလဲ့ေနသည္။ပါးလ်ေသာ ႏႈတ္ခမ္း ႏွစ္လႊာသည္ တံခါးခ်ပ္မ်ားသဖြယ္ ေစ့ပိတ္ထားေသာ္လည္း ျပဳံးေယာင္သန္းေန၏။ေမး႐ိုးထင္းထင္းက ေခ်ာေမာသည့္ မ်က္ႏွာကို ပို၍ေယာက်္ားပီသေအာင္ ပံ့ပိုးေပးထားသည္။
“အစ္ကို မလာေသးဘူးလား။ၾကာေနၿပီ”
လက္က နာရီကို တစ္ခ်က္ၾကည့္လိုက္ရင္း ေလွ်ာက္လွမ္းအဝင္ဝကို ေမွ်ာ္ၾကည့္ေနမိသည္။တစ္မိနစ္တိုင္းသည္ တစ္ကမ႓ာေလာက္ ၾကာသည္ဟုထင္ရသည္။ျမင္ျမင္ခ်င္းကတည္းက စြဲလမ္းခဲ့ရေသာ အစ္ကိုသည္ မၾကာမီ အခ်ိန္အတြင္း သူ႕ႏွင့္အရင္းႏွီးဆုံးလူသား ျဖစ္လာေတာ့မည္မွာ အိမ္မက္မဟုတ္ေၾကာင္း သူ႕ကိုယ္သူ သတိေပးေနရသည္။
“ဟင္!! ”
အာေမဋိတ္ အသံတစ္ခုသာ ထြက္သြားႏိုင္သည္။ကၠေႁႏၵရေသာ အၾကည့္တစ္စုံျဖင့္ သူ႕ေ႐ွ႕တည့္တည့္သို႔ ေလွ်ာက္လွမ္းလာေသာ အစ္ကို။က်ယ္ျပန္႔သည့္ ပခုံးျပင္ႏွင့္လိုက္ဖက္ေသာ smart က်သည့္ ေျခလွမ္းမ်ားသည္ ေႏွးလြန္းသည္လည္း မဟုတ္၊ျမန္လြန္းသည္လည္း မဟုတ္။အစ္ကို႔ ေျခတစ္လွမ္းတိုင္း သူ႕ႏွလုံးေသြးက တဒိတ္ဒိတ္ခုန္လႈပ္ေနသည္။
ပန္းေရာင္ဘက္ သန္းေနေသာ ႏႈတ္ခမ္းလုံးမ်ား၊ၾကည္စင္ေနေသာ မ်က္နက္ဝန္းတစ္စုံ၊ေျဖာင့္စင္းသည့္ ႏွာတံတို႔ျဖင့္ ဘယ္အခါၾကည့္ၾကည့္ မ႐ိုးသြားႏိုင္ေသာ အစ္ကို႔မ်က္ႏွာသည္ သက္႐ွိပန္းပု႐ုပ္တစ္ခုလို ျပည့္စုံလြန္းသည္။
“ေဂ်ာင္ကု ”
ႏွစ္ကိုယ္ၾကား႐ုံေလး ဆိုလာေသာ ခပ္တိုးတိုး အသံကိုၾကားေတာ့မွ ေဂ်ာင္ကုက မ်က္ေတာင္တစ္ခ်က္ခတ္ရင္း အေလာတႀကီး ျပန္ထူးရသည္။အစ္ကိုသည္ သူ႕ဝိဉာဥ္လိပ္ျပာကို ေမွာ္ပညာမလိုဘဲ ခ်ဳပ္ထိန္းဖမ္းစားသြားေလၿပီ။
“သတိထားဦးေလ”
“အင္း အင္း sorry အစ္ကို။အိမ္က်မွ အဝၾကည့္မယ္”
“မင္း..”
အေရးထဲ က်ီစားေနေသာ ေကာင္ေလးကို ေဆာ့ဂ်င္က တံေတာင္ျဖင့္ မသိမသာထိုးၿပီး သတိေပးသည္။ထိုအခါ မ်က္လုံးဝိုင္းမ်ားသည္ ေကြးၫႊတ္သြားသည္။ထို႔ေနာက္ တည္ၾကည္ေသာ မ်က္ႏွာ၊ေႏြးေထြးေသာ အျပဳံးတို႔ျဖင့္ တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ၾကည့္ၾကရင္း ကတိသစၥာစကား တိုင္တည္ၾကသည္။
အပ္က်သံပင္ ၾကားရေလာက္ေအာက္ တိတ္ဆိတ္ၿငိမ္သက္ေနေသာ ခန္းမတြင္းဝယ္ ေဂ်ာင္ကု၏ ၾကည္လင္ခ်ိဳျမေသာအသံက လႊမ္းမိုးသြားသည္။
“ယေန႔ကစၿပီး ကြၽန္ေတာ္ ဂြၽန္ေဂ်ာင္ကုက ခင္ပြန္းျဖစ္သူ ကင္ေဆာ့ဂ်င္နဲ႔ ေ႐ွ႕ဆက္မယ့္ ဘဝခရီးလမ္းတစ္ေလွ်ာက္လုံးမွာ ဘယ္လိုအခက္အခဲ အတားအဆီးေတြ ႐ွိပါေစ၊ ေကာင္းျခင္း ဆိုးျခင္းမွန္သမွ်ကို ေအးအတူ ပူအမွ် မွ်ေဝခံစားရင္း လက္တြဲမျဖဳတ္တမ္း သစၥာ႐ွိ႐ွိ ခ်စ္သြားပါ့မယ္။အသက္႐ွင္သမွ် ကာလပတ္လုံး တန္ဖိုးထားၿပီး ႐ိုးေျမက် ေပါင္းသင္းသြားပါ့မယ္လို႔ ကတိသစၥာျပဳပါတယ္”
တစ္ဘဝတြင္ တစ္ခါသာၾကဳံရေသာ ထို အခိုက္အတန္႔တြင္ ေဂ်ာင္ကု၏ စကားလုံးမ်ားသည္ သူ႕ႏွလုံးသားထဲသို႔ တိုက္႐ိုက္ စိမ့္ဝင္သြားသည္။ေနာက္ဘက္က လူထုပရိသတ္သည္လည္း သူ႕အာ႐ုံထဲတြင္ မ႐ွိေတာ့။သူသိသည္က ေဂ်ာင္ကုႏွင့္ သူႏွစ္ဦးတည္းရယ္။
“ငါတို႔ ဘဝတစ္ခုတည္ေဆာက္ၾကမယ္၊မင္းအေပၚ ႐ိုးသားမယ္၊ဂ႐ုစိုက္မယ္၊သစၥာ႐ွိမယ္။မင္းေဘးနားမွာ တစ္ဘဝလုံး လက္တြဲမျဖဳတ္ဘဲ သစၥာ႐ွိ႐ွိ ၾကင္ၾကင္နာနာ ႐ွိသြားေပးမယ္လို႔ ကတိေပးပါတယ္ ”
ေဆာ့ဂ်င္သည္ ခံစားခ်က္တို႔ကို အၿမဲတမ္း ထိန္းသိမ္းႏိုင္စြမ္း ႐ွိခဲ့သည့္တိုင္ စိတ္လႈပ္႐ွားမႈေၾကာင့္ အနည္းငယ္ေတာ့ ဆို႔နင့္ေနခဲ့ပါသည္။ကမ႓ာငယ္ေလးထဲက ေမ်ာလြင့္ေနေသာ စိတ္ဝိညာဥ္လိပ္ျပာငယ္ေလးသည္ လက္ခုပ္သံ တေျဖာင္းေျဖာင္းကို ၾကားမွ သူ႕ႏွလုံးအိမ္ထဲ ျပန္လည္ ဝင္ေရာက္သြားဟန္႐ွိသည္။
ေဂ်ာင္ကုသည္လည္း သူ႕လိုပင္ အနည္းငယ္ စိတ္လႈပ္႐ွားေနဟန္႐ွိသည္။တည္ၿငိမ္မႈမ႐ွိေသာ လက္အစုံက သူ႕လက္တစ္ေခ်ာင္းကို ယူၿပီး လက္ထပ္လက္စြပ္ကြင္းေလးကို ဆင္ျမန္းေပးသည္။သူသည္လည္း ေဂ်ာင္ကုလက္သန္းႂကြယ္လက္တြင္ လက္စြပ္ကေလးကို အသာအယာစြပ္ေပးလိုက္သည္။
“အစ္ကို...”
ခြင့္ေတာင္းသလို ၾကည့္လာေသာ ခ်ိဳ႐ွ႐ွမ်က္ဝန္းမ်ား။နီးကပ္လာေသာ ဝင္သက္ထြက္သက္ ေလေငြ႕ေႏြးေႏြးႏွင့္အတူ ထိကပ္လာေသာ အနမ္းတစ္ပြင့္က တစ္ဘဝစာအတြက္ အခ်ိဳၿမိန္ဆုံး အမွတ္ရစရာ။
မင္းကိုေ႐ြးခ်ယ္ခဲ့တာ ဘယ္ေတာ့မွ မွားမယ္မထင္ဘူး ေဂ်ာင္ကု။
ငါ မင္းကိုအရမ္းခ်စ္တယ္။
𖧷 . 𖧷. 𖧷
အခန္းတံခါးကို ဖြင့္ဖြင့္ခ်င္း အျပာေရာင္ ႏွစ္ေယာက္အိပ္ မဂ္လာကုတင္ႀကီးေၾကာင့္ ေဆာဂ်င္နား႐ြက္ဖ်ားေတြ ရဲသြားသည္။၅ႏွစ္တာေနလာခဲ့ေသာ အိမ္သည္ ဘယ္တုန္းကမွ ဒီေလာက္အထိ ရင္ခုန္ဖို႔မေကာင္းခဲ့။ေဂ်ာင္ကုက ဆိုးလ္ၿမိဳ႕ေပၚက သူ႕အိမ္မွာေနဖို႔ ေခၚခဲ့ေပမယ့္ မ်က္ႏွာခ်င္း မဆိုင္ခ်င္သူေၾကာင့္ ဒီအိမ္ေလးမွာပဲ ေနဖို႔ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။
“ ေရသြားခ်ိဳးေလ ေဂ်ာင္ကုရဲ႕ ”
ေဂ်ာင္ကုက သတို႔သားဝတ္စုံေတာင္ မလဲေသးဘဲ အသင့္ျပင္ထားေသာ အိပ္ရာေပၚမွာ လူးလွိမ့္ေနသည္။ေဆာ့ဂ်င္ကေတာ့ တစ္ေနရာက ျပန္လာရင္ ေရခ်ိဳးလိုက္ရမွ ေနသာထိုင္သာ႐ွိသည္။ထို႔ေၾကာင့္ အေပၚအက်ီခြၽတ္ၿပီး ေရခ်ိဳးခန္းထဲ ဝင္မည္အျပဳတြင္ လက္တစ္ဖက္ကို ေဆာင့္ဆြဲျခင္း ခံလိုက္ရေသာေၾကာင့္ ေမြ႕ယာေပၚ အိကနဲလဲက်သြားသည္။
“ အတူခ်ိဳးၾကရေအာင္ အစ္ကို ”
ေဂ်ာင္ကုက အတင္းသိမ္းၾကဳံးဖက္ကာ သူ႕လည္တိုင္အစပ္နား မထိတထိနမ္းသည္။ပုံမွန္ႏွင့္မတူေသာ ရီေဝေဝမ်က္လုံးမ်ားေၾကာင့္ ကုန္း႐ုန္းထဖို႔ ၾကံေပမယ့္ မရ။ပခုံးႏွစ္ဘက္ေဘးကေန သိုင္းဖက္ထားေသာေၾကာင့္ သူ႕တစ္ကိုယ္လုံးနီးပါး နစ္ျမဳပ္ေနသည္။
“ ေခြၽးေတြနဲ႔..ဖယ္ေပး ေဂ်ာင္ကု ”
“ လက္ထပ္ၿပီးၿပီေလ..ေဂ်ာင္ကုပဲလား ”
ေဂ်ာင္ကု မ်က္ႏွာက အၿငိမ္မေန။သူ႕လည္တိုင္တစ္ေလွ်ာက္ႏွင့္ မ်က္ႏွာေပၚတြင္ ဝဲကာသီကာ ပြတ္သပ္ေနသည္။
“ေဂ်ာင္ကုမို႔လို႔ ေဂ်ာင္ကုေခၚတာေလ။မေက်နပ္ရင္ ဂြၽန္ေဂ်ာင္ကုလို႔ ေခၚေပးရမလား ”
ထိုစကားေၾကာင့္ ေကာင္ေလး၏ လက္မ်ားက ပိုတင္းက်ပ္သြားသည္မွာ 'အင့္'ကနဲအသံထြက္သည္အထိ။
“Honey ဆိုရင္ေရာ..အင္း..ဒါမွမဟုတ္ yeobo”
“ ဟင့္အင္း..မေခၚခ်င္ဘူး ”
'ခ်စ္တယ္' ဆိုတာေလာက္ပဲ ေျပာတတ္သူ သူ႕အဖို႔ ေဂ်ာင္ကုေခၚေစခ်င္ေသာ အေခၚအေဝၚမ်ားက ၾကက္သီးထသြားေစသည္။
“ ဒါဆို အၾကားခ်င္ဆုံး နာမည္ေလး႐ွိတယ္ ေခၚမလား ”
သူ႕ပါးတစ္ဖက္ကို ေမႊးၾကဴရင္း ေဂ်ာင္ကု အျပဳံးတစ္ဝက္ႏွင့္ေမးသည္။
“ဘာနာမည္လဲ”
“ ေမာင္....လို႔ ေခၚ ”
“ ဟင့္အင္း.. ”
“ေခၚၾကည့္..ေမာင္ လို႔ ”
သူ႕ပါးႏွစ္ဖက္လုံးေရာ နား႐ြက္ဖ်ားေတြပါ ရဲတြတ္လာသည္။ေဂ်ာင္ကုပုံက အေလွ်ာ့ေပးမည့္ပုံ မေပၚ။
“အင္း.ေခၚမယ္..မ်က္လုံးမွိတ္ထား။တစ္ခါပဲ ေခၚမယ္”
ထိုစကားေၾကာင့္ ဖက္ထားေသာ ေဂ်ာင္ကုလက္မ်ား ေျပေလ်ာ့သြားသည္။မ်က္လုံးမွိတ္ၿပီး အက်အနထိုင္ကာ နားေထာင္ဖို႔ အသင့္အေနထားျဖင့္။
ေဆာ့ဂ်င္က ေခ်ာင္း တစ္ခ်က္ဟန္႔လိုက္သည္။ၿပီးမွ ေဂ်ာင္ကုမ်က္ႏွာ နားကပ္ကာ ႏွစ္ကိုယ္ၾကား ခပ္တိုးတိုးေခၚသည္။
“အ႐ူးေလး ”
ထို႔ေနာက္ ေဂ်ာင္ကု၏ ပါးတစ္ဖက္ကို ဖ်တ္ကနဲနမ္းကာ ေရခ်ိဳးခန္းထဲ အေျပးဝင္သြားသည္။
“ အားး...အစ္ကိုက....ဗ်ာ ”
အလိမ္အညာခံလိုက္ရေသာ ေကာင္ေလးသည္ ခႏၶာကိုယ္ႀကီးႏွင့္ မလိုက္ေအာင္ ႏႈတ္ခမ္းစူရင္း ဖက္လုံးတစ္လုံးေပၚတြင္ မ်က္ႏွာအပ္ကာ ေအာ္ေနေတာ့သည္။
𖧷 . 𖧷. 𖧷
ေရခ်ိဳးၿပီး ေခါင္းပါေလွ်ာ္လိုက္ေတာ့မွ သူ႕တစ္ကိုယ္လုံး ေပါ့ပါးသြားသည္။အားကစား လုပ္ထားေသာ သူ႕ခႏၶာကိုယ္သည္ ျမင့္မားေသာ အရပ္ႏွင့္လိုက္ဖက္စြာ ႂကြက္သားမ်ားက ဖုထစ္ေဖာင္းႂကြကာ အဆီပိုမ႐ွိဘဲ က်စ္လ်စ္ၿပီးအခ်ိဳးက်သည္။က်ယ္ျပန္႔ေသာ ရင္အုပ္က ေရခ်ိဳးၿပီးစမို႔ ဝင္းမြတ္ေနသည္။ေပ်ာ့စင္းေနေသာ ဆံပင္မ်ားက နဖူးတစ္ဝိုက္တြင္ ဖြာလြင့္ေနသည္။႐ွပ္အက်ီ တစ္ထည္ေကာက္စြတ္လိုက္ရင္း အခန္းထဲဝင္ေတာ့ ကုတင္ေပၚမွာ ေကြးေကြးေလး အိပ္ေပ်ာ္ေနသည့္ အစ္ကို။
ဒီေန႔အဖို႔ အေတာ္ပင္ပန္းသြားၿပီ ထင္သည္။ေဂ်ာင္ကုေဘးမွာ ဝင္ထိုင္လိုက္တာေတာင္ မႏိုး။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသည္။
ခပ္ဟဟ ျဖစ္ေနေသာ ႏႈတ္ခမ္းႏွစ္လႊာက ေသြးေရာင္သန္းေနသည္။သူ မေနႏိုင္မထိုင္ႏိုင္စြာ လက္မနဲ႔ဖြဖြေလး ပြတ္ဆြဲမိျပန္ေတာ့လည္း ကိုယ္ေတာ္ေခ်ာက တုပ္တုပ္ေတာင္မလႈပ္။
ေဂ်ာင္ကုက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးလိုက္ရင္း နဖူးေပၚက ဆံပင္ေတြကို သိမ္းတင္ေပးလိုက္သည္။အေပၚၾကယ္သီး တစ္လုံး မတပ္ထားေသာေၾကာင့္ လည္ညႇပ္႐ိုးေလးေတြက အထင္းသားေပၚေနသည္။
အစ္ကို႔ေဘးတြင္ ကပ္လွဲလိုက္ရင္း မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ဆြဲလွည့္လိုက္သည္။ထို႔ေနာက္ ဟၿပဲျဖစ္ေနေသာ အက်ီေအာက္က ညႇပ္႐ိုးျဖဴျဖဴေတြအေပၚ မက္ေမာစြာ စုပ္ယူနမ္းလိုက္မိသည္။သူ႕အနမ္းေၾကာင့္ အစ္ကို႔လည္တိုင္ႏွင့္ ရင္ဘတ္အေပၚပိုင္း တစ္ဝိုက္တြင္ ဟိုတစ္ကြက္ ဒီတစ္ကြက္ နီရဲေနၿပီျဖစ္သည္။အိပ္ေနသူ တစ္ေယာက္အေပၚ ဆက္ၿပီးဇြတ္မတိုးခ်င္ေတာ့တာေၾကာင့္ သူ႕စိတ္အစဥ္ကို ထိန္းခ်ဳပ္လိုက္သည္။
“ ဘယ္လို ေနေန ခ်စ္တယ္ အစ္ကိုရယ္ ”
သူ တစ္ေယာက္တည္း ခပ္တိုးတိုး ၿငီးတြားရင္း အစ္ကို႔ ခႏၶာကိုယ္ကို ေပြ႕ဖက္ကာ အိပ္ေပ်ာ္ဖို႔ႀကိဳးစားလိုက္သည္။အ႐ူးအမူး တစ္ဖက္သတ္ သေဘာက်ခဲ့ရေသာ လူတစ္ေယာက္ကို ရင္ခြင္ထဲ ေထြးသိပ္ခြင့္ရေသာ ထိုတစ္ညသည္ သူ႕အတြက္ေတာ့ အၾကည္ႏူးရဆုံးေသာ ညတစ္ညျဖစ္ခဲ့သည္။
သိပ္ခ်စ္တယ္..ကိုကို။ကြၽန္ေတာ္႕ကို ေ႐ြးခ်ယ္ခဲ့တဲ့ အတြက္ ေက်းဇူးတင္ပါတယ္။
~~~~~~~~~~~~~ // ~~~~~~~~~~~~~~
AN-အင္တာနက္ေတြ ျဖတ္မယ္ဆိုတဲ့သတင္းၾကားရင္ စာေရးခ်င္စိတ္ေတြပါေပ်ာက္တယ္အားလုံး က်န္းမာေရးေရာ တျခားအႏၲရာယ္ေတြေရာ ဂ႐ုစိုက္ၾကပါ႐ွင္💙
Thanks for your reading and voting.Riona🌼
........Zawgyi _______
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



