~ 17.1 ~
15:45, 25 August 2021Unicode________
“ ခေါင်းက ငြိမ်ငြိမ်နေ ”
မိုးရေစိုထားသဖြင့် အချောင်းလိုက်ကပ်နေသော ဆံပင်များကို ဆော့ဂျင်က တဘက်တစ်ထည်ဖြင့် သုတ်ပေးသည်။သိပ်မကြာသေးခင်က မိုးပြိုတော့မလို အုံ့မှိုင်းနေခဲ့သော ကောင်လေးသည် ယခုတော့လည်း ကြည်ကြည်သာသာဖြင့် စိတ်လိုလက်ရ ငြိမ်ခံနေသည်။
“ အဟင်း.. ”
ရယ်သံ မပီမသနှင့် ကောင်လေးက လက်ဝါးဖြင့် သူပါးစပ်သူ ပိတ်ကာ ကြိတ်ပြုံးနေသည်။ဆော့ဂျင်က အမြင်ကပ်ကပ်နှင့် ဆံပင်များကိုသာမက ခေါင်းကိုပါ မူးထွက်သွားအောင် တဘက်ဖြင့်အုပ်ကာ အားထည့်ပြီးသုတ်လိုက်သည်။
“ အ့..ဖြည်းဖြည်း အစ်ကိုရ ”
“ မင်းပြော..ဘာတွေကြိတ်ရယ်နေတာလဲ ”
“ ကြိတ်ရယ်တာ မဟုတ်ရပါဘူးဗျာ။ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ပြုံးနေတာ ”
အနည်ငယ် စိုထိုင်းသွားသော တဘက်ကို ဆိုဖာခုံနောက်ကျောမှာ လွှားထားလိုက်သည်။ထိုအခါ အားလပ်သွားပြီဖြစ်သော သူ့လက်နှစ်ဘက်ကို ေဂျာင်ကုက ဆွဲယူပြီး ဆုပ်ထားသည်။ဆော့ဂျင်လက်က ရှည်ရှည်သွယ်သွယ်ဖြစ်ပြီး ကောင်လေးလက်နှင့်ယှဥ်လျှင် မသိမသာသေးငယ်သွားသည်။လက်ချင်းဆုပ်ထားသည့် အခါမျိုးတွင် သူ့လက်သည် ကောင်လေး၏ လက်ဖဝါးပြင်ကျယ်ထဲတွင် မြုပ်နေတတ်ပါသည်။
“ အစ်ကို့လက်တွေ အေးစက်နေတာပဲ ”
ဂျောင်ကုက ပြောပြောဆိုဆိုနှင့်ပင် ဆော့ဂျင် လက်နှစ်ဖက်လုံးကို လုံသွားအောင် အုပ်ကိုင်လိုက်သည်။လက်ချောင်းကလေးများနှင့် လက်ဆစ်များကိုလည်း နှိပ်နယ်ပေးဖို့ သူမမေ့။အအေးဓာတ်ကြောင့် အနည်းငယ် ကိုက်ခဲနေသော သူ့လက်ချောင်းများသည် ဂျောင်ကု၏ ပြုစုမှုကြောင့် အတော်လေး သက်သာသွားသည်။
“ အစ်ကိုသိလား။အစ်ကို့ကို စမြင်ကတည်းက 'ဒီကောင်လေးက ငါ့လူ' ဖြစ်လာမှာ ဆိုတဲ့ အတွေးဝင်ခဲ့တယ်။ထူးဆန်းတယ်နော်။ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်အတွက် သတ်မှတ်ထားပြီးသား ထင်တယ် ”
ဂျောင်ကုစကားကြောင့် သူ့နှုတ်ခမ်းတွေ ေကွးတက်သွားသည်။
ကောင်လေးစကားတွေက ကလေးဆန်တယ်ထင်ရပေမယ့် သူ့အဓိပ္ပာယ်နဲ့သူ လေးနက်မှုတော့ရှိသား။ဒါကြောင့်လည်း မင်းကို မချစ်ဘဲနဲ့နေလို့မရတာထင်ပါရဲ့။
သည်တစ်ခါတော့ သူမကွယ်ဝှက်ချင်တော့။စိတ်လိုလက်ရဖြင့် ဝန်ခံမိသည်။
“ကိုယ့်စိတ်ကို ဘယ်လောက်ပဲလိမ်လိမ်,မင်းကိုမချစ်ဘဲနဲ့ မနေနိုင်ဘူး။မုန်းတယ် ဆိုပြီးအကြိမ်ကြိမ်တွေးနေပေမယ့် ငါ့ကိုယ်ငါ သတိထားမိတဲ့ အချိန်မှာ မင်းကိုအရမ်းချစ်နေခဲ့မိပြီ”
သူ မှတ်မိသလောက် 'ချစ်တယ်' ဆိုတဲ့ စကားတစ်ခွန်းကလွဲပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖွင့်မပြောခဲ့ဖူးပါ။အလွန်ဆုံးမှ 'အရမ်းချစ်တယ်' ဆိုတာလောက်ပဲ ပြောခဲ့ဖူးသည်။စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း ခပ်တိုတို,ခပ်ပြတ်ပြတ်ပဲ ပြောတတ်တဲ့သူ့အဖို့ ချစ်သူအပေါ် အနူးညံ့ဆုံး ပြောတတ်အောင် ေလ့လာသင်ယူရပါဦးမည်။
“ အိပ်ပျော်သွားပြီလား ”
ဂျောင်ကုဆီက မည်သည့်တုံ့ပြန်သံမှ မကြားရ။ထောင်ထားသော ဒူးနှစ်ဖက်ပေါ်တွင် မျက်နှာအပ်ထားပြီး အိပ်ပျော်သွားဟန်တူသည်။အိပ်ပျော်နေတော့လည်း မနှိုးရက်ပြန်။အိပ်ပြန်လွှတ်မည့် အတွေးများသည် လွင့်စင်သွားပြန်သည်။
' ဒီည ဒီမှာအိပ်ချင်ရင်လည်း အိပ်ပါစေ 'ဟု။
သို့သော် သူထင်သလိုမဟုတ်။ခဏကြာတော့ ကောင်လေး၏ ကျောပြင်ကလှုပ်လာသည်။
“ ဟင်! မင်း အိပ်နေတာမဟုတ်ဘူးလား ”
“ ဟင့်အင်း ”
ဂျောင်ကု အသံက သိသာစွာ တိုးဖျနေသည်။နှုတ်ဖျားက အသံမဟုတ်ဘဲ မမြင်နိုင်သော ရင်တွင်းတစ်နေရာက လာသောအသံမျိုးဖြစ်သည်။တုန်ရီနွမ်းလျမှု၊ဝမ်းနည်းမှုများ ပျော်ဝင်နေသည့် လှိုက်လှိုက်လှဲလှဲအသံမျိုးဖြင့် တိုးတိတ်စွာဆိုသည်။
“ ကျွန်တော့်ဘဝမှာ တစ်ခါမှ ဒီလောက်မပျော်ဖူးဘူး။ကိုယ်ကပဲ ချစ်နေခဲ့တယ်လို့ ထင်တဲ့သူဆီက ကိုယ့်ကို ဘယ်လောက်ချစ်ကြောင်း ကြားရတာ အိမ်မက်လိုပဲ။အစ်ကိုက အေးစက်စက်နဲ့ ကျွန်တော့်လောက် မချစ်ဘူးလို့ တွေးပြီး အမြဲသိမ်ငယ်နေခဲ့ရတာ”
“နောက်ဆို ကျွန်တော့်ကိုချစ်ကြောင်း များများပြောပေးပါ။အဲ့ဒါ ကျွန်တော့်ရဲ့တစ်ခုတည်းသော ပျော်ရွှင်မှုမို့လို့ ”
မော့ကြည့်လာသည့် ကောင်လေး၏ မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝေ့နေသည်။မမြင်ရက်စွာဖြင့် သုတ်ပေးမိတော့ ထိုလက်ကို ဆွဲယူပြီး ပါးပြင်မှာ ထိကပ်ထားသည်။ထိုအပြုအမူလေးတွေကိုပဲ အချစ်ပိုနေရသော ဆော့ဂျင်မှာ အသည်းယားစွာဖြင့် ေခါင်းလေးကိုဖွဖွပုတ်ပေးမိသည်။
“ ကိုယ့်ခန္ဓာကိုယ်ကြီးကိုမှ အားမနာ”
ထိုစကားသည် အပြစ်တင်စကားမဟုတ်။သဘောကျနှစ်ခြိုက်လွန်း၍ မချင့်မရဲဆိုမိခြင်းဖြစ်သည်။အများရှေ့တွင် မိမိရှေ့မှ ဒိုင်းသဖွယ် ကာကွယ်ပေးချင်သော ကောင်လေးသည် သည်လိုနှစ်ယောက်တည်းရှိသည့် အချိန်မျိုးတွင်သာ ရင်ခွင်ထဲ တိုးဝှေ့ကာ ဆိုးတတ်သောအချွဲလေးဖြစ်သည်။
ထိုအမူအကျင့်လေးများသည် မိမိအတွက် သီးသန့်ဖြစ်တည်လာခြင်းဖြစ်ရကာ ကြောင်လက်သည်းဝှက်သလို လူအများရှေ့တွင်ကျ ထုတ်မပြတတ်။
“ ကျွန်တော်က အငယ်ပဲဟာ။အလိုလိုက်ရမယ် ”
ဂျောင်ကုက မျက်လုံးကိုလှန်ကြည့်သည်။သူသည် ဆော့ဂျင်၏ ခြေထောက်နှစ်ချောင်းကြားက ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲမို့ သူ့ထက်မြင့်နေသော ဆော့ဂျင်ကို မော့ကြည့်ရသည်။
“ အင်း..ငါ့ကောင်လေးကို အလိုလိုက်ရမှာပေါ့ ”
ပါးလှပ်သော နှုတ်ခမ်းပါးလေးသည် အပေါ်သို့ကွေးတက်သွားပြီးနောက် မျက်လုံးလေးတွေ မှိတ်ကျသွားသည်အထိ ကြည်ကြည်နူးနူးပြုံးသည်။ယခုမှ ချစ်စခင်စ ကြင်နာစ အတွဲလိုမျိုး ကြည့်မဝရှုမဝဖြစ်နေသော ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်။
“ အဲ့ဒါဆို စောစောအိပ်တော့နော်။ကျွန်တော်ပြန်တော့မယ် ”
ဆော့ဂျင်သည် 'ဒီမှာ အိပ်ပါလား'ဟု အထွန့်မတက်ရဲ။ဂျောင်ကုကို မယုံကြည်လို့တော့မဟုတ်။သည်လို အခြေအနေ၊အချိန်အခါမျိုးတွင် နှစ်ယောက်လုံးအတွက် အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်သည်။
“ ဂျောင်ကု.. ”
“ ဗျာ ”
ထရပ်တော့မည့်ဆဲဆဲမှာပင် ကောင်လေး၏ ပခုံးကို ဖိထားလိုက်ရင်း ပြန်ထိုင်စေလိုက်သည်။
“ မပြန်ခင်လေ...”
“ အင်း..ပြောလေ အစ်ကို ”
“ ငါ့..ကို..နမ်း ”
အဖျားခတ်သွားသော တုန်ယင်မှုကို သူ မထိန်းလိုက်နိုင်။မည်သည့် အခါမှ မတောင်းဆိုဖူးသော အရဲစွန့်တောင်းဆိုမှုကြောင့် ကိုယ့်ဘာသာ အရှက်လွန်ကာ နားရွက်နှစ်ဖက်သည် ရဲရဲတွတ်သွားသည်။သူသည် ဂျောင်ကုကိုကြည့်မနေ။သူ မဟုတ်သလိုလိုနဲ့ မျက်နှာကိုတစ်ဖက်လွှဲထားသည်။ထိုအခါ အနီရောင်သည် နားရွက်မှ ပါးပြင်ပေါ်သို့ ကူးပြောင်းသွားသည်။
ထိုအခါ မယုံနိုင်သော မျက်လုံးဝိုင်းများဖြင့် ဂျောင်ကုက ကြည့်သည်။သို့သော် ဆက်ကြည့်နေလျှင် အရှက်လွန်ပြီး ထိုအခွင့်အရေးလေးကို ဆုံးရှုံးလိုက်ရမှာစိုးသောကြောင့် ဘာမှမဖြစ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။
“ အင်း..နမ်းမှာပေါ့ ”
ခပ်တိုးတိုး ဆိုပြီးနောက် ငုံ့မိုးကြည့်နေသော ဆော့ဂျင် မျက်နှာကို မေးရိုးနှစ်ဖက်မှ ညှပ်ကိုင်ကာ ရှေ့သို့ကိုင်းစေသည်။လွတ်သွားသော ဆိုဖာနောက်ကျော၏ အထိအတွေ့ကိုမူ ဆော့ဂျင်မရလိုက်။သူခံစားလိုက်ရသည်က နွေးထွေးအိစက်သော နှုတ်ခမ်းပေါ်က အထိအတွေ့သာ ဖြစ်သည်။
မချစ်တော့ဘူး..မုန်းတော့မယ်လို့ တွေးတယ်..မေ့လိုက်ပြီရယ်လို့ ကြွေးကြော်တယ်..ထူးဆန်းတဲ့ အချစ်ဟာ အချိန်တန်တော့ မင်းဆီကိုပဲပြန်ရောက်လာတယ်။
သေချာတာကတော့ မင်းက မှော်ဆရာလို မပြုစားဘဲ ငါကပဲ ရူးသွားခဲ့တာပါ။
𖧷. 𖧷. 𖧷
“ဟေ့ကောင်..တကယ်ကြီးလား ”
နားနားကပ်ပြီး အော်လိုက်သော ယွန်းဂီ၏ အသံနက်ကြီးကြောင့် ဆော့ချင်ခမျာ လန့်ဖျပ်ကာ နောက်ကို ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
“အေး ”
ဆော့ဂျင်ဆီက သေချာသော အဖြေရသွားသောအခါ ယွန်းဂီသည် ကာယကံရှင်ထက်ပင် အပျော်လုံးဆို့ပြီး မြူးထူးခုန်ပေါက်မတတ်ဖြစ်သွားသည်။စိတ်လှုပ်ရှားလျှင် ဖြစ်နေကျအတိုင်း ဂဏှာမငြိမ်ဖြစ်နေသော ခန္ဓာကိုယ်ကို ထိန်းမရ။ထိုင်ရမလို ထရမလိုဖြင့် ဆော့ဂျင်အနားတွင် တဝဲလည်လည်လုပ်နေသည်။
“ဘယ်လိုကနေ ဘယ်လိုအဆင်ပြေသွားကြတာလဲ။ဟိုနေ့က babyလေးမွေးနေ့တုန်းကတောင်မှ မင်းတို့နှစ်ယောက် တင်းနေကြတုန်းပဲ မဟုတ်လား”
ဆော့ဂျင်က oven ထဲက ကိတ်မုန့်ကို ထုတ်လိုက်ပြီးနောက် လုပ်လက်စ အလုပ်တို့ကိုလက်စသတ်လိုက်သည်။apron ကိုချွတ်နေရသေးသဖြင့် ယွန်းဂီ၏ မေးခွန်းကိုမဖြေနိုင်သေး။ပြီးမှ ရှေ့ဆံပင်ဖျားတွေကို တစ်ချက်နှစ်ချက် ဖွထုတ်လိုက်ကာ စားပွဲဝိုင်းမှာ လာထိုင်သည်။
“အဲ့ဒီညမှာပဲ အဆင်ပြေသွားတယ်ဆိုပါတော့။ငါ အခုရက်ပိုင်း အရမ်းကိုစိတ်ပင်ပန်းတယ် ယွန်းဂီ။သူနဲ့မတွေ့တဲ့ တစ်ပတ်လုံးမှာ အမျိုးမျိုးစဥ်းစားနေခဲ့တာ။သူနဲ့ရှေ့ဆက်ဖို့ သင့်မသင့်ပေါ့။တိတိကျကျ မဆုံးဖြတ်နိုင်ခဲ့ဘူး။နောက်ဆုံး သေချာတာတစ်ခုကတော့ ငါသူ့ကိုအရမ်းချစ်တယ်ဆိုတာပဲ။သူကလွဲပြီး တခြားဘာမှမစဥ်းစားချင်ဘူး။တွေးလည်း မတွေးချင်ဘူး”
သူ့စကားကြောင့် ယွန်းဂီက အနည်းငယ်ရှုပ်ထွေးသွားဟန်ဖြင့် မျက်မှောင်ကြုတ်ကြည့်သည်။ငွေရောင် ဆံပင်များက မျက်လုံးကိုထောက်နေသဖြင့် ဆတ်ကနဲခါလိုက်သောအခါ သေးကျဥ်းသော မျက်လုံးများတွင် ဝေခွဲမရသော အရိပ်များထင်နေသည်။
“ မင်းနဲ့သူ့ကြားမှာ တခြားအကြောင်းအရာရှိ နေသေးတာလား”
ဆော့ဂျင် မဖြေမိ။ရှေ့က စားပွဲခုံမျက်နှာပြင်ကိုသာ အကြောင်းမဲ့စိုက်ကြည့်နေမိသည်။နာကျင်စရာအမှတ်တရများ ပြည့်နှက်နေသော အတိတ်က ဖြစ်ရပ်များကို အစဆွဲမထုတ်မိအောင် ကြိုးစားရသည်။ပြန်မရတော့မည့် ဆုံးရှုံးမှုများကို တမ်းတနေမည့်အစား လက်ရှိဘဝမှာပဲ အကောင်းမွန်ဆုံးနေထိုင်ဖို့က အသင့်လျော်ဆုံးဖြစ်ပါလိမ့်မည်။
ဆော့ဂျင် သိသိသာသာ ငိုင်ကျသွားသောအခါ ယွန်းဂီက အလိုက်တသိဖြင့် ရှေ့ဆက်ပြီးဇွတ်မမေးတော့။ခဏတာတိတ်ဆိတ်မှုကို ရယ်သံဖြင့် ဖြိုခွဲလိုက်ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ ငါတော့ အရမ်းကျေနပ်တယ်။မင်းတို့နှစ်ယောက်ကို သဘောတူတယ်။ဂျောင်ကုက မင်းနဲ့ပတ်သက်လာရင် လေးနက်တယ်။မင်းမျက်နှာရိပ် မျက်နှာကဲကို အမြဲကြည့်ပြီး နေတဲ့ကောင်။အရိုးသားဆုံးပြောရရင် ဂျောင်ကုကလွဲပြီး တခြားတစ်ယောက်ရဲ့ လက်ထဲကိုထည့်ဖို့ ငါမင်းကိုစိတ်မချဘူး”
“ ဂျောင်ကုကိုလည်း မင်းနဲ့ပဲ စိတ်ချတယ်။သူက မင်းနဲ့မှ ပျော်တာ ”
တထစ်ချ အားရပါးရ ပြောနေသော ယွန်းဂီ၏ စကားများကို ခေါင်းငြိမ့်ပြီး မထောက်ခံသည့်တိုင် သူ့နှလုံးသားကတော့ တဆတ်ဆတ်ခုန်ပြီး သက်သေပြသည်။
မိသားစုကို ဆုံးရှုံးလိုက်ရပြီးကတည်းက တစ်စုံတစ်ယောက်ကို ထပ်ချစ်ဖို့ သူအလွန်ကြောက်သည်။ထိုကြောက်လန့်စိတ်ကို အလုံးစုံဖယ်ရှားပေးသူကလည်း ဂျွန်ဂျောင်ကု ဟူသည့်တစ်ဦးတည်းသော လူသာဖြစ်သည်။
သူ ချစ်ရမည့်သူက မိန်းကလေးဖြစ်ရမည်၊ယောက်ျားလေး ဖြစ်ရမည်ဟု သတ်မှတ်ချက်တွေမရှိ။ဂျောင်ကုပြောခဲ့သလိုပင် ကံကြမ္မာက သူတို့နှစ်ယောက် အတွက် သတ်မှတ်ခဲ့ပြီးသား ထင်သည်။
ဂျွန်ဂျောင်ကု ဆိုသည့် လူသားသည် သူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုလို ဖြစ်နေခဲ့ပြီဆိုတာကတော့ အချိန်ကြာလေ ထင်ရှားလာလေ ဖြစ်သည်။
𖧷 . 𖧷. 𖧷
ပြာလွင်နေသော ကောင်းကင်တွင် အဖြူရောင်တိမ်မျှင် တိမ်တန်းများသည် လေညွှန်ရာအတိုင်း အစီအစဥ်မကျ လွင့်မျောလျက်ရှိသည်။ထို အဖြူရောင်တိမ်တိုက်များကို ထိလုမတတ်တည်ရှိနေသည်ကအထပ်ပေါင်းမြောက်များစွာဖြင့် ကြီးကျယ်ထည်ဝါသော ဆိုးလ်မြို့ တရားရုံး။
ဂျောင်ကုသည် ဆိုင်ကယ်ကို တရားရုံးနှင့် မျက်စောင်းထိုး လမ်းတစ်ထက်ခြမ်းတွင် ရပ်လိုက်ပြီး အဆောက်အဦးထဲက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်။လမ်းဘေးဆိုင်က ဝယ်လာသော သကြားလုံးကို ပါးစောင်တစ်ဖက်ခြမ်းမှာ ငုံထားလိုက်ကာ လမ်းပေါ်က လူသွားလူလာများကို လိုက်ငေးသည်။
အတန်ကြာသည်အထိ အခြေအနေမထူးခြားသေးသောအခါ ဆိုင်ကယ်ကို ပျင်းရိပျင်းတွဲ မှီလိုက်ပြီး နှုတ်ခမ်းတွေကို စုချွန်ကာ တေးသွားတစ်ပုဒ်ကဲ့သို့ လေချွန်သည်။
နောက်ထပ် မိနစ်၂၀လောက်အကြာတွင် သူစောင့်နေသော သူသည် တရားရုံးအတွင်းမှ ခပ်ဖြေးဖြေးလျှောက်လာကာ အသင့်ရပ်ထားသော ကားပေါ်သို့တက်သွားသည်။ဘီးလှိမ့်ရုံသာ မောင်းလာသော ထိုကားသည် သူ့ဘေးနားသို့ ရောက်သောအခါ စက်သတ်သည်။
“ ဟင်း! ”
ွတရားသူကြီးဂျွန်သည် ကားပြတင်းပေါက်ကနေ သားဖြစ်သူကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချသလိုလိုနှင့် နှာခေါင်းရှုံ့သည်။
ထိုအပြုအမူကြောင့် ဂျောင်ကုသည် စိတ်ထဲတွင် ကျေနပ်အားရဖြစ်သွားရကာ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
လိုချင်တာက ဒါပဲ။အဖေ့မျက်လုံးထဲမှာ ဗရုတ်သုတ်ခ ထောင့်မကျိုးတဲ့ကောင်ဆိုပြီး မြင်စေချင်တာ။
“ မြင်လိုက်ရရင် ဘယ်တော့မှ အချိုးမပြေဘူး”
သူဖြစ်စေချင်သည့်အတိုင်း အဖေသည် တန်းတန်းမတ်မတ်ပြောသည်။သားလိမ္မာတစ်ယောက်လို,အပိုးကျိုးနေတဲ့ သားတစ်ယောက်လို သူ့ကို ဘယ်တော့မှ မမြင်စေရဟု သူသံဓိဌာန်ချခဲ့ဖူးသည် မဟုတ်လား။
“လိုရင်းပဲ ပြောရအောင်။ကျွန်တော် လက်ထပ်တော့မယ်”
ခပ်လွယ်လွယ်ပဲ ပြောချလိုက်သောအခါ အဖေသည် မျက်လုံးပြူးတွေနှင့်ကြည့်သည်။သို့သော် ကြာရှည်မခံ။အဖေသည် ရုပ်ပြောင်းရုပ်လွှဲ အတတ်ကို တတ်မြောက်သူပမာ ချက်ချင်းပြန်တည်သွားသည်။ထို့နောက် သက်ပြင်းငွေ့ငွေ့ချကာ ကားလမ်းမတစ်နေရာကို ငေးကြည့်ပြီး အဖြေကို ကြိုတင်သိနေသူလိုမထူးဆန်းသည့်ဟန်ဖြင့် ဆိုသည်။
“ကင်ဆော့ဂျင်နဲ့ပေါ့ ”
“ဟုတ်တယ်။ကျွန်တော့်ကို မွေးထားတဲ့လူတစ်ယောက်အနေနဲ့ သိသင့်မယ်ထင်လို့ လာအသိပေးတာ”
“အင်းလေ..ငါတားလည်း မရမယ့်အတူတူ မင်းစိတ်ကြိုက်သာ လုပ် ”
“ Ok! wedding dayကျရင် ဖိတ်လိုက်မယ်။လာချင်တဲ့စိတ်ရှိရင် လာပေါ့..ကျွန်တော်သွားပြီ”
ဆိုင်ကယ်ကို စက်နှိုးကာ အသားကုန်မောင်းထွက်သွားသော သားဖြစ်သူ၏ နောက်ကျောပြင်ကိုကြည့်ပြီး ဂျွယ်ဂျယ်အင်း ခေါင်းထဲ မူးဝေသွားသည်။
“ ဘယ်ကို မောင်းရမလဲ ဆရာ ”
ယောင်မင်း၏ အသံကြားကိုကြားမှ သူသတိပြန်ဝင်လာသည်။ပါးစပ်ထဲမှ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း နောက်ကိုမှီချလိုက်သည်။
“ အိမ်ကိုပဲမောင်း ”
ဘယ်သောအခါကမှ အဆင်မပြေသော သူတို့သားအဖနှစ်ယောက်၏ ဆက်ဆံရေးတွင် သံယောဇဉ် အမျှင်တန်းစရာတောင် ရှိသေးရဲ့လားဟု အဖြေရှာနေမိသည်။ယခုတွင်မူ အဖြေရှာစရာမလိုအောင် ဂျောင်ကုဘက်က စိမ်းသက်လွန်းသည်။ထိုစိမ်းသက်ခါးသီးမှုတို့ကို သားဖြစ်သူ၏ ရင်တွင်းတစ်နေရာထဲသို့ မျိုးစေ့ ချပေးခဲ့သူမှာ မိမိကိုယ်တိုင်ပဲ ဖြစ်နေသလားဟု မပြောတတ်တော့။သူ သတိထားမိသည့်အချိန်တွင်မူ စိမ်းကားမှု အသီးအပွင့်တို့က လှိုင်လှိုင်ပိုင်ပိုင် သီးပွင့်ကာ ကြီးထွားနေကြပြီ။
ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက ၅နှစ်သားအရွယ် ဂျောင်ကုလေးကို ပြန်ရဖို့ ဆုတစ်ခုပဲတောင်းမိပါလိမ့်မည်။အလုပ်ကပြန်လာလျှင် 'ဖေဖေ'ဟု မပီကလာပီကလာ ခေါ်တတ်သော ကလေးလေးသည် ယခုတော့ သူ့ရင်ကိုစွန့်ပြီး အတောင်အလက်စုံစွာ ပျံသန်းသွားတော့မည်။
ရင်ဘတ်ထောင့်စွန်းက မီးခဲတစ်ခဲလို ပူလောင်ပြင်းပြလာသော ဝေဒနာနှင့်အတူ မျက်လုံးတွေကိုသာ မှိတ်ထားလိုက်တော့သည်။
𖧷 . 𖧷 . 𖧷
”အစ်ကို့ကို ပြောစရာရှိတယ်”
အပေါ်ထပ်ကုတ်အကျီကို ချွတ်ပြီး အကျီချိတ်တစ်ခုမှာ ချိတ်နေစဥ် အိမ်ရှေ့က ေဂျာင်ကု၏ အသံကိုကြားလိုက်ရသည်။
လက်တွေ ခြေထောက်တွေ မသယ်ချင်လောက်အောင် ေညာင်းညာကိုက်ခဲနေသည်မို့ ခါတိုင်းဆိုင်ပိတ်ချိန်ထက် စောပြီး သူပြန်လာခဲ့တာဖြစ်သည်။
“ အင်း ပြောလေ ”
အိမ်ရှေ့က ဆိုဖာခုံပေါ် ခြေပစ်လက်ပစ် ထိုင်လိုက်မိသည့် အချိန်တွင် ဂျောင်ကုက အနားကိုတိုးကပ်လာသည်။သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို မျက်တောင်မခတ်တမ်း လိုက်ကြည့်သည်။ထို့နောက် လက်သွယ်သွယ်များက သူ့ဇက်ပိုးဆီကျရောက်လာကာ မလျော့လွန်း မပြင်းလွန်းသော အားဖြင့် နှိပ်နယ်ပေးသည်။
“ အာ...ရပါတယ်။မလုပ်နဲ့ ”
ချစ်သူအချင်းချင်းပင် ဖြစ်သော်ငြား ထိုအပြုအမူကို သူမရင်းနှီး။အထိတ်တလန့်ဖြင့် တားမြစ်လိုက်သော်လည်း သူ့လည်ဂုတ်က လက်ချောင်းအထိအတွေ့များသည် အားလျော့မသွားဘဲ ခပ်မှန်မှန်ပြေးလွှားနေကြသည်။
“ ဇက်ကြောတွေ တင်းနေတာပဲ။ငြိမ်ငြိမ်နေပါ အစ်ကိုရဲ့ ”
ဂျောင်ကု၏ လက်နှင့်ထိတွေ့သွားသည့် နေရာတိုင်း တင်းကြပ်နေသော ခံစားမှုများ ပြေလျော့သွားသည်ဟု ခံစားရသည်။ခဏကြာသောအခါ ထိုအထိအတွေ့တို့နှင့် အသားကျလာသည်။ခန္ဓာကိုယ်ချင်း နီးကပ်နေသောအခါ ဂျောင်ကုဆီက ကိုယ်သင်းနံ့သည် သူ့နှာခေါင်းဝဆီသို့ တစ်ချက်,တစ်ချက် တိုးဝှေ့လာသည်။
ချွေးနံ့နှင့်အတူ ရောပြွန်းနေသော ယောက်ျားဆန်သည့် ပြင်းရှရှရနံ့။စူးနေတာမျိုး မဟုတ်ဘဲ ခပ်သင်းသင်းသာ ရတတ်သော ဆွဲဆောင်မှုရှိသည့် ရနံ့။
သူ့ရင်ခုန်သံတွေ ပုံမှန်နှုန်းထက် မြန်လာသည်။ယောက်ျားလေးချင်းအတူတူ တစ်မူးသာပြီး ရင်ခုန်စရာ ကောင်းနေေသာ ဂျောင်ကု၏ ကိုယ်သင်းရနံ့ကို စွဲမက်မိသည့် ကိုယ့်စိတ်ကိုလည်း အားမလိုအားမရ ဖြစ်မိသည်။
“နည်းနည်းတော့ သက်သာသွားပြီမလား။ကိုယ်ရော စိတ်ရောပင်ပန်းနေပြီထင်တယ်။အကြောတွေလည်း တင်းတောင့်နေတာပဲ။စိတ်ဖိစီးမှုတွေ ရှိနေတာလား။ကျွန်တော့်ကို ပြောပြ”
ဂျောင်ကုက သူ့ခြေထောက်တစ်ဖက်ကို ပေါင်ပေါ် ဆွဲတင်လိုက်ပြီး လည်ဂုတ်ကို နှိပ်သလိုမျိုး ခပ်ဖွဖွနှိပ်နယ်ပြန်သည်။သည်တစ်ခါတော့ သူမငြင်းမိတော့။ငြင်းရလောက်အောင်လည်း ဂျောင်ကု၏ အပြုအမူများက ပိုင်စိုးပိုင်နင်းဖြင့် အထက်စီးဆန်မနေ။သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ကသိကအောက် မဖြစ်စေဘဲ သက်တောင့်သက်သာ ဖြစ်အောင် ဂျောင်ကုက ဖန်တီးနိုင်သည်။
“ဟင့်အင်း..ဘာမှမဖြစ်ဘူး။ဆိုင်မှာ နည်းနည်း ပင်ပန်းသွားလို့..မင်းဘာပြောမလို့လဲ ပြောလေ”
“ အင်း...ကျွန်တော်နဲ့ အဖေရဲ့ ဆက်ဆံရေးအကြောင်းအစ်ကို့ကိုပြောပြထားချင်လို့”
“အင်း ပြော ”
ထိုအခါ ဂျောင်ကုသည် ပေါင်ပေါ်က ဆော့ဂျင်ခြေထောက်ကို အသာချပေးလိုက်ရင်း ဆိုဖာခုံပေါ် အသာအယာမှီသည်။လက်နှစ်ဖက်ကို ခေါင်းအောက်ခုထိုးလိုက်ပြီး မျက်တောင်တွေ တဖျတ်ဖျတ်ခတ်သည်။စကားသံက လည်ချောင်းဝမှ တော်တော်နှင့်ထွက်မလာ။
အဖေနှင့်သူ၏ ဆက်ဆံရေးကို တခြားတစ်ယောက်ကို ပြန်လည်ပြောပြဖို့ကို သူအရမ်းကြောက်သည်။ထိုသို့ပြောပြတိုင်း အေးစက်စိမ်းကားသွားသော ဆက်ဆံရေးကိုဖြစ်စေခဲ့သည့် အဓိကအကြောင်းအရင်းကပါ ဦးနှောက်ထဲအစီအရီပြန်ပေါ်လာသောကြောင့် ဖြစ်သည်။ထို့နောက် အားယူရင်း စကားစလိုက်၏။
“အဖေနဲ့ကျွန်တော့်ကြားမှာ သားအဖသံယောဇဥ်ရယ်လို့ မရှိတော့ဘူး။သူ့ကြောင့် ကျွန်တော်ချစ်တဲ့ ၊ပိုင်ဆိုင်တဲ့အရာတွေအကုန်လုံး ဆုံးရှုံးခဲ့ရတယ်။ကျွန်တော့် ဘဝထဲမှာ ဘာမှကိုမကျန်တော့တဲ့အထိပဲ”
ေပြာရင်းနှင့်ပင် စကားစကို ခဏရပ်ထားလိုက်ရသည်။ရင်ထဲမှာ လှိုက်ဟာစွာ နာကျင်လာသည်။ထို့နောက် လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
“အဲ့ဒါကြောင့် မဂ်လာပွဲကျရင် ကျွန်တော်ဟာ မိဘမဲ့တစ်ယောက်နဲ့မခြားဘူး အစ်ကို။အဖေလာချင်ရင်လည်း လာမယ်။မလာချင်ရင်လည်း မလာဘူးပေါ့။သူလာသည်ဖြစ်စေ,မလာသည်ဖြစ်စေ ကျွန်တော်က အာရုံထဲမထားဘူး။မိဘတွေ မပါတဲ့ မဂ်လာပွဲမို့ အစ်ကို့ဘက်က...”
မရဲတရဲ ကြည့်လာသည့် ဂျောင်ကုမျက်လုံးထဲတွင် စိုးရိမ်စိတ်အရိပ်အငွေ့များ ယှက်သန်းနေသည်။ဆော့ဂျင် ကောင်းကောင်းသိသည်။
ဒီကောင်လေးက သူ ငြိုငြင်သွားမှာကို အရမ်းကြောက်နေတာ။
“ မင်းနဲ့ ငါရဲ့ ဘဝနှစ်ခု ပေါင်းစပ်မှာလေ..ကျန်တာတွေ ဘာမှစိုးရိမ်မနေနဲ့။မင်းအဖေနဲ့ မင်းရဲ့ ဆက်ဆံရေးကို ငါက ဘာမှဝင်မပါမှာမို့လို့ စိတ်ထဲမထားနဲ့”
'ဖြစ်နိုင်ရင် မင်းအဖေရဲ့ မျက်နှာကိုတောင် ငါက ကြည့်ချင်တာ မဟုတ်ဘူး ဂျောင်ကုရယ်' ဟုတော့ သူမပြောဖြစ်လိုက်။သူတို့ကြားက အရှုပ်အရှင်းများကို ဂျောင်ကု မသိတာပဲ ကောင်းပါလိမ့်မည်။သူ့ဖခင်ဖြစ်သူ၏ ကောက်ကျစ်ချောက်တွန်းမှုကိုပါ ထပ်သိသွားလျှင် ပိုပြီးအမုန်းကြီး မုန်းကာ ဖခင်ဖြစ်သူကို မြင်တိုင်း ဘဝတစ်လျှောက်လုံး ပူလောင်နေရမှာ ဆော့ဂျင် စိုးရိမ်သည်။
အရှိန်အဟုန်ပြင်းဖို့ အစပြုနေသော မီးတောက်မီးစတို့ကို ထပ်ပြီး ဓာတ်ဆီလောင်းမပေးချင်တော့။သူရော ဂျောင်ကုပါ ဘဝအသစ်တစ်ခုတွင် အရာအားလုံးကို ခဝါချပြီး အေးအေးချမ်းချမ်း နေချင်သည်။
“နားလည်ပေးလို့ ကျေးဇူးလည်း တင်တယ်။တောင်းလည်း တောင်းပန်ပါတယ် အစ်ကို ”
“ မင်းအမှားမှ မဟုတ်တာပဲ။အရာအားလုံးဟာ ကံကြမ္မာကြောင့်လို့ပဲ သဘောထားလိုက်ပါတော့။အရေးကြီးဆုံးက ငါတို့တစ်ယောက်ကို တစ်ယောက် တစ်ဘဝလုံး ချစ်သွားဖို့ပဲ”
ထိုစကားကြောင့် ဂျောင်ကုက သူ့ရင်ခွင်ထဲ တိုးဝင်လာသည်။ထို့နောက် ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ကာ ဖွဖွနမ်းသည်။
“ကျွန်တော်က အစ်ကို့ကို မြင်ကတည်းက စချစ်ခဲ့ရတဲ့ကောင်ပါဗျာ။ထားသွားဖို့ ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။အစ်ကို နှင်ထုတ်ရင်တောင် အစ်ကို့အနားမှာပဲ နေမှာ ”
စကားအဆုံးမှာ ဆော့ဂျင်ခါးပေါ်က ကောင်လေး၏ လက်များသည် ပိုပြီးတင်းကျပ်လာသည်။နမ်းရုံတင် မဟုတ်တော့ဘဲ ရင်ဘတ်ဆီက နူးညံ့စိုထိုင်းသော အထိအတွေ့နွေးနွေးနှင့်အတူ အသက်ရှုသည့်ဝင်သက်ထွက်သက် လေကိုပါ ခံစားလိုက်ရသည်။
“ ဂျောင်ကု မင်း..ဘာလုပ် ”
စူးရှ နာကျင်မှုကို မခံစားရဘဲ စိုအိနေသော နှုတ်ခမ်းနှစ်လွှာ၏ အထိအတွေ့ကိုသာ ရသည်။မကိုက်ဘဲနှင့် ဂျောင်ကုက မည်သို့မည်ပုံပြုနေသည် မသိ။အကျီကြယ်သီး တစ်လုံးပြူတ်နေသော သူ့ရင်ဘတ်ပေါ်သို့ နှုတ်ခမ်းအိအိဖြင့် မထိတထိပွတ်ဆွဲပြီး အရသာအသစ်တစ်မျိုးကို လိုက်လံရှာဖွေနေသည့်အလား စုပ်ယူနမ်းရှိုက်သည်။
စိုစွတ်နွေးထွေးပြီး နူးအိလွန်းသောကြောင့် အသက်ရှုသံတွေ ကမောက်ကမဖြစ်လာသည်။အယောင်ယောင်မှားဖြင့် ဂျောင်ကု၏ ကျောကုန်းပေါ်က အကျီစကို ဆွဲဆုတ်မိလိုက်သည်။ကြာတော့ သူလက်တွေ အားမရှိတော့။နစ်မြော ပျော်ဝင်လုဆဲဆဲအခြေအနေသို့ ေရာက်မှန်းမသိအောင် ဂျောင်ကုကခေါ်ဆောင်သွားသည်။
“တော်..တော့ ”
သူ ထရပ်လိုက်သောအခါ ရီဝေဝေမျက်လုံးများနှင့် မော့ကြည့်လာသည်။လတ်လတ်ဆတ်ဆတ်အနမ်းကြောင့် စိုရဲနေသော နှုတ်ခမ်းဆီ အကြည့်ရောက်မိသောအခါ သူ ကတုန်ကယင် ဖြစ်သွားသည်။
“မ ကြိုက် လို့ လား ”
ဆော့ဂျင် ပြန်မဖြေတတ်။ရှက်ရံွ့ခြင်းကြောင့် သူ့သွေးခုန်နှုန်းများသည် ပုံမှန်နှုန်းထက် တုံ့ဆိုင်းကုန်သည်။ဂျောင်ကုမျက်နှာကို ရဲရဲမကြည့်ရဲလောက်အောင် ထူပူနေသဖြင့် မည်သို့အဖြေပေးရမည်ကို သူမသိ။သူ့နှလုံးသားအလိုဆန္ဒက ဂျောင်ကု၏ အနမ်းများကို ထပ်မံတောင့်တနေသော်လည်း ထိုတောင့်တမှုကို ဦးနှောက်က ငြင်းဆန်နေသည်။
“မ..မဟုတ်...ငါ..ရေချိုးတော့မယ်။ပြန်တော့”
အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောပြီးနောက် အခန်းထဲ ဝင်ပြေးသောအခါ သူ့ဘာသာနေသော ဆိုဖာခုံကိုလည်း ခလုတ်ဝင်တိုက်သွားသေးသည်။
အစ်ကိုရှက်နေမှန်းသိလို့ ဂျောင်ကု မစတော့။
အရှိန်မပြယ်သေးသော ချစ်ခြင်း ၏ အငွေ့အသက်များဖြင့် ဂျောင်ကုက ပြုံးသည်။
ချစ်လိုက်ရတာ အစ်ကိုရာ။ကျွန်တော့်တစ်ဘဝလုံးအတွက် မြတ်နိုးလို့မဆုံးပါဘဲ။
~~~~~~~~~~~~ // ~~~~~~~~~~~~~
AN- နောက်တစ်ပိုင်းက သီးသန့်လေးရေးချင်တာရော စာလုံးအရေအတွက်ကြောင့်ပါ(၁၇.၁) နဲ့ (၁၇.၂) ဆိုပြီး နှစ်ပိုင်းခွဲလိုက်ပါတယ်။စာလုံးအရေအတွက်ကတော့ ဒီအပိုင်းလောက် မများနိုင်ပါဘူး။မနက်ဖြန်ညကျရင် (၁၇.၂) up ပေးပါ့မယ်
Thanks for your reading & votingRiona🌼
........
Zawgyi________
“ ေခါင္းက ၿငိမ္ၿငိမ္ေန ”
မိုးေရစိုထားသျဖင့္ အေခ်ာင္းလိုက္ကပ္ေနေသာ ဆံပင္မ်ားကို ေဆာ့ဂ်င္က တဘက္တစ္ထည္ျဖင့္ သုတ္ေပးသည္။သိပ္မၾကာေသးခင္က မိုးၿပိဳေတာ့မလို အုံ႔မိႈင္းေနခဲ့ေသာ ေကာင္ေလးသည္ ယခုေတာ့လည္း ၾကည္ၾကည္သာသာျဖင့္ စိတ္လိုလက္ရ ၿငိမ္ခံေနသည္။
“ အဟင္း.. ”
ရယ္သံ မပီမသႏွင့္ ေကာင္ေလးက လက္ဝါးျဖင့္ သူပါးစပ္သူ ပိတ္ကာ ႀကိတ္ျပဳံးေနသည္။ေဆာ့ဂ်င္က အျမင္ကပ္ကပ္ႏွင့္ ဆံပင္မ်ားကိုသာမက ေခါင္းကိုပါ မူးထြက္သြားေအာင္ တဘက္ျဖင့္အုပ္ကာ အားထည့္ၿပီးသုတ္လိုက္သည္။
“ အ့..ျဖည္းျဖည္း အစ္ကိုရ ”
“ မင္းေျပာ..ဘာေတြႀကိတ္ရယ္ေနတာလဲ ”
“ ႀကိတ္ရယ္တာ မဟုတ္ရပါဘူးဗ်ာ။ကိုယ့္အေတြးနဲ႔ကိုယ္ သေဘာက်ၿပီး ျပဳံးေနတာ ”
အနည္ငယ္ စိုထိုင္းသြားေသာ တဘက္ကို ဆိုဖာခုံေနာက္ေက်ာမွာ လႊားထားလိုက္သည္။ထိုအခါ အားလပ္သြားၿပီျဖစ္ေသာ သူ႕လက္ႏွစ္ဘက္ကို ေဂ်ာင္ကုက ဆြဲယူၿပီး ဆုပ္ထားသည္။ေဆာ့ဂ်င္လက္က ႐ွည္႐ွည္သြယ္သြယ္ျဖစ္ၿပီး ေကာင္ေလးလက္ႏွင့္ယွဥ္လွ်င္ မသိမသာေသးငယ္သြားသည္။လက္ခ်င္းဆုပ္ထားသည့္ အခါမ်ိဳးတြင္ သူ႕လက္သည္ ေကာင္ေလး၏ လက္ဖဝါးျပင္က်ယ္ထဲတြင္ ျမဳပ္ေနတတ္ပါသည္။
“ အစ္ကို႔လက္ေတြ ေအးစက္ေနတာပဲ ”
ေဂ်ာင္ကုက ေျပာေျပာဆိုဆိုႏွင့္ပင္ ေဆာ့ဂ်င္ လက္ႏွစ္ဖက္လုံးကို လုံသြားေအာင္ အုပ္ကိုင္လိုက္သည္။လက္ေခ်ာင္းကေလးမ်ားႏွင့္ လက္ဆစ္မ်ားကိုလည္း ႏွိပ္နယ္ေပးဖို႔ သူမေမ့။အေအးဓာတ္ေၾကာင့္ အနည္းငယ္ ကိုက္ခဲေနေသာ သူ႕လက္ေခ်ာင္းမ်ားသည္ ေဂ်ာင္ကု၏ ျပဳစုမႈေၾကာင့္ အေတာ္ေလး သက္သာသြားသည္။
“ အစ္ကိုသိလား။အစ္ကို႔ကို စျမင္ကတည္းက 'ဒီေကာင္ေလးက ငါ့လူ' ျဖစ္လာမွာ ဆိုတဲ့ အေတြးဝင္ခဲ့တယ္။ထူးဆန္းတယ္ေနာ္။ကံၾကမၼာက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္အတြက္ သတ္မွတ္ထားၿပီးသား ထင္တယ္ ”
ေဂ်ာင္ကုစကားေၾကာင့္ သူ႕ႏႈတ္ခမ္းေတြ ေကြးတက္သြားသည္။
ေကာင္ေလးစကားေတြက ကေလးဆန္တယ္ထင္ရေပမယ့္ သူ႕အဓိပၸာယ္နဲ႔သူ ေလးနက္မႈေတာ့႐ွိသား။ဒါေၾကာင့္လည္း မင္းကို မခ်စ္ဘဲနဲ႔ေနလို႔မရတာထင္ပါရဲ႕။
သည္တစ္ခါေတာ့ သူမကြယ္ဝွက္ခ်င္ေတာ့။စိတ္လိုလက္ရျဖင့္ ဝန္ခံမိသည္။
“ကိုယ့္စိတ္ကို ဘယ္ေလာက္ပဲလိမ္လိမ္,မင္းကိုမခ်စ္ဘဲနဲ႔ မေနႏိုင္ဘူး။မုန္းတယ္ ဆိုၿပီးအႀကိမ္ႀကိမ္ေတြးေနေပမယ့္ ငါ့ကိုယ္ငါ သတိထားမိတဲ့ အခ်ိန္မွာ မင္းကိုအရမ္းခ်စ္ေနခဲ့မိၿပီ”
သူ မွတ္မိသေလာက္ 'ခ်စ္တယ္' ဆိုတဲ့ စကားတစ္ခြန္းကလြဲၿပီး ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ ဖြင့္မေျပာခဲ့ဖူးပါ။အလြန္ဆုံးမွ 'အရမ္းခ်စ္တယ္' ဆိုတာေလာက္ပဲ ေျပာခဲ့ဖူးသည္။စိတ္ထဲတြင္ ေပၚလာသည့္အတိုင္း ခပ္တိုတို,ခပ္ျပတ္ျပတ္ပဲ ေျပာတတ္တဲ့သူ႕အဖို႔ ခ်စ္သူအေပၚ အႏူးညံ့ဆုံး ေျပာတတ္ေအာင္ ေလ့လာသင္ယူရပါဦးမည္။
“ အိပ္ေပ်ာ္သြားၿပီလား ”
ေဂ်ာင္ကုဆီက မည္သည့္တုံ႔ျပန္သံမွ မၾကားရ။ေထာင္ထားေသာ ဒူးႏွစ္ဖက္ေပၚတြင္ မ်က္ႏွာအပ္ထားၿပီး အိပ္ေပ်ာ္သြားဟန္တူသည္။အိပ္ေပ်ာ္ေနေတာ့လည္း မႏိႈးရက္ျပန္။အိပ္ျပန္လႊတ္မည့္ အေတြးမ်ားသည္ လြင့္စင္သြားျပန္သည္။
' ဒီည ဒီမွာအိပ္ခ်င္ရင္လည္း အိပ္ပါေစ 'ဟု။
သို႔ေသာ္ သူထင္သလိုမဟုတ္။ခဏၾကာေတာ့ ေကာင္ေလး၏ ေက်ာျပင္ကလႈပ္လာသည္။
“ ဟင္! မင္း အိပ္ေနတာမဟုတ္ဘူးလား ”
“ ဟင့္အင္း ”
ေဂ်ာင္ကု အသံက သိသာစြာ တိုးဖ်ေနသည္။ႏႈတ္ဖ်ားက အသံမဟုတ္ဘဲ မျမင္ႏိုင္ေသာ ရင္တြင္းတစ္ေနရာက လာေသာအသံမ်ိဳးျဖစ္သည္။တုန္ရီႏြမ္းလ်မႈ၊ဝမ္းနည္းမႈမ်ား ေပ်ာ္ဝင္ေနသည့္ လိႈက္လိႈက္လွဲလွဲအသံမ်ိဳးျဖင့္ တိုးတိတ္စြာဆိုသည္။
“ ကြၽန္ေတာ္႕ဘဝမွာ တစ္ခါမွ ဒီေလာက္မေပ်ာ္ဖူးဘူး။ကိုယ္ကပဲ ခ်စ္ေနခဲ့တယ္လို႔ ထင္တဲ့သူဆီက ကိုယ့္ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ၾကားရတာ အိမ္မက္လိုပဲ။အစ္ကိုက ေအးစက္စက္နဲ႔ ကြၽန္ေတာ္႕ေလာက္ မခ်စ္ဘူးလို႔ ေတြးၿပီး အၿမဲသိမ္ငယ္ေနခဲ့ရတာ”
“ေနာက္ဆို ကြၽန္ေတာ္႕ကိုခ်စ္ေၾကာင္း မ်ားမ်ားေျပာေပးပါ။အဲ့ဒါ ကြၽန္ေတာ္႕ရဲ႕တစ္ခုတည္းေသာ ေပ်ာ္႐ႊင္မႈမို႔လို႔ ”
ေမာ့ၾကည့္လာသည့္ ေကာင္ေလး၏ မ်က္ဝန္းတြင္ မ်က္ရည္ၾကည္မ်ား ေဝ့ေနသည္။မျမင္ရက္စြာျဖင့္ သုတ္ေပးမိေတာ့ ထိုလက္ကို ဆြဲယူၿပီး ပါးျပင္မွာ ထိကပ္ထားသည္။ထိုအျပဳအမူေလးေတြကိုပဲ အခ်စ္ပိုေနရေသာ ေဆာ့ဂ်င္မွာ အသည္းယားစြာျဖင့္ ေခါင္းေလးကိုဖြဖြပုတ္ေပးမိသည္။
“ ကိုယ့္ခႏၶာကိုယ္ႀကီးကိုမွ အားမနာ”
ထိုစကားသည္ အျပစ္တင္စကားမဟုတ္။သေဘာက်ႏွစ္ၿခိဳက္လြန္း၍ မခ်င့္မရဲဆိုမိျခင္းျဖစ္သည္။အမ်ားေ႐ွ႕တြင္ မိမိေ႐ွ႕မွ ဒိုင္းသဖြယ္ ကာကြယ္ေပးခ်င္ေသာ ေကာင္ေလးသည္ သည္လိုႏွစ္ေယာက္တည္း႐ွိသည့္ အခ်ိန္မ်ိဳးတြင္သာ ရင္ခြင္ထဲ တိုးေဝွ႔ကာ ဆိုးတတ္ေသာအခြၽဲေလးျဖစ္သည္။ထိုအမူအက်င့္ေလးမ်ားသည္ မိမိအတြက္ သီးသန္႔ျဖစ္တည္လာျခင္းျဖစ္ရကာ ေၾကာင္လက္သည္းဝွက္သလို လူအမ်ားေ႐ွ႕တြင္က် ထုတ္မျပတတ္။
“ ကြၽန္ေတာ္က အငယ္ပဲဟာ။အလိုလိုက္ရမယ္ ”
ေဂ်ာင္ကုက မ်က္လုံးကိုလွန္ၾကည့္သည္။သူသည္ ေဆာ့ဂ်င္၏ ေျခေထာက္ႏွစ္ေခ်ာင္းၾကားက ၾကမ္းျပင္ေပၚတြင္ ထိုင္ေနဆဲမို႔ သူ႕ထက္ျမင့္ေနေသာ ေဆာ့ဂ်င္ကို ေမာ့ၾကည့္ရသည္။
“ အင္း..ငါ့ေကာင္ေလးကို အလိုလိုက္ရမွာေပါ့ ”
ပါးလွပ္ေသာ ႏႈတ္ခမ္းပါးေလးသည္ အေပၚသို႔ေကြးတက္သြားၿပီးေနာက္ မ်က္လုံးေလးေတြ မွိတ္က်သြားသည္အထိ ၾကည္ၾကည္ႏူးႏူးျပဳံးသည္။ယခုမွ ခ်စ္စခင္စ ၾကင္နာစ အတြဲလိုမ်ိဳး ၾကည့္မဝ႐ႈမဝျဖစ္ေနေသာ ကိုယ့္ကိုယ္ကိုလည္း နားမလည္ႏိုင္။
“ အဲ့ဒါဆို ေစာေစာအိပ္ေတာ့ေနာ္။ကြၽန္ေတာ္ျပန္ေတာ့မယ္ ”
ေဆာ့ဂ်င္သည္ 'ဒီမွာ အိပ္ပါလား'ဟု အထြန္႔မတက္ရဲ။ေဂ်ာင္ကုကို မယုံၾကည္လို႔ေတာ့မဟုတ္။သည္လို အေျခအေန၊အခ်ိန္အခါမ်ိဳးတြင္ ႏွစ္ေယာက္လုံးအတြက္ အႏၲရာယ္႐ွိႏိုင္ေသာေၾကာင့္ျဖစ္သည္။
“ ေဂ်ာင္ကု.. ”
“ ဗ်ာ ”
ထရပ္ေတာ့မည့္ဆဲဆဲမွာပင္ ေကာင္ေလး၏ ပခုံးကို ဖိထားလိုက္ရင္း ျပန္ထိုင္ေစလိုက္သည္။
“ မျပန္ခင္ေလ...”
“ အင္း..ေျပာေလ အစ္ကို ”
“ ငါ့..ကို..နမ္း ”
အဖ်ားခတ္သြားေသာ တုန္ယင္မႈကို သူ မထိန္းလိုက္ႏိုင္။မည္သည့္ အခါမွ မေတာင္းဆိုဖူးေသာ အရဲစြန္႔ေတာင္းဆိုမႈေၾကာင့္ ကိုယ့္ဘာသာ အ႐ွက္လြန္ကာ နား႐ြက္ႏွစ္ဖက္သည္ ရဲရဲတြတ္သြားသည္။သူသည္ ေဂ်ာင္ကုကိုၾကည့္မေန။သူ မဟုတ္သလိုလိုနဲ႔ မ်က္ႏွာကိုတစ္ဖက္လႊဲထားသည္။ထိုအခါ အနီေရာင္သည္ နား႐ြက္မွ ပါးျပင္ေပၚသို႔ ကူးေျပာင္းသြားသည္။
ထိုအခါ မယုံႏိုင္ေသာ မ်က္လုံးဝိုင္းမ်ားျဖင့္ ေဂ်ာင္ကုက ၾကည့္သည္။သို႔ေသာ္ ဆက္ၾကည့္ေနလွ်င္ အ႐ွက္လြန္ၿပီး ထိုအခြင့္အေရးေလးကို ဆုံး႐ႈံးလိုက္ရမွာစိုးေသာေၾကာင့္ ဘာမွမျဖစ္သလို ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္လိုက္သည္။
“ အင္း..နမ္းမွာေပါ့ ”
ခပ္တိုးတိုး ဆိုၿပီးေနာက္ ငုံ႔မိုးၾကည့္ေနေသာ ေဆာ့ဂ်င္ မ်က္ႏွာကို ေမး႐ိုးႏွစ္ဖက္မွ ညႇပ္ကိုင္ကာ ေ႐ွ႕သို႔ကိုင္းေစသည္။လြတ္သြားေသာ ဆိုဖာေနာက္ေက်ာ၏ အထိအေတြ႕ကိုမူ ေဆာ့ဂ်င္မရလိုက္။သူခံစားလိုက္ရသည္က ေႏြးေထြးအိစက္ေသာ ႏႈတ္ခမ္းေပၚက အထိအေတြ႕သာ ျဖစ္သည္။
မခ်စ္ေတာ့ဘူး..မုန္းေတာ့မယ္လို႔ ေတြးတယ္..ေမ့လိုက္ၿပီရယ္လို႔ ေႂကြးေၾကာ္တယ္..ထူးဆန္းတဲ့ အခ်စ္ဟာ အခ်ိန္တန္ေတာ့ မင္းဆီကိုပဲျပန္ေရာက္လာတယ္။
ေသခ်ာတာကေတာ့ မင္းက ေမွာ္ဆရာလို မျပဳစားဘဲ ငါကပဲ ႐ူးသြားခဲ့တာပါ။
𖧷 . 𖧷. 𖧷
“ေဟ့ေကာင္..တကယ္ႀကီးလား ”
နားနားကပ္ၿပီး ေအာ္လိုက္ေသာ ယြန္းဂီ၏ အသံနက္ႀကီးေၾကာင့္ ေဆာ့ခ်င္ခမ်ာ လန္႔ဖ်ပ္ကာ ေနာက္ကို ေျခႏွစ္လွမ္းခန္႔ ဆုတ္လိုက္မိသည္။
“ေအး ”
ေဆာ့ဂ်င္ဆီက ေသခ်ာေသာ အေျဖရသြားေသာအခါ ယြန္းဂီသည္ ကာယကံ႐ွင္ထက္ပင္ အေပ်ာ္လုံးဆို႔ၿပီး ျမဴးထူးခုန္ေပါက္မတတ္ျဖစ္သြားသည္။စိတ္လႈပ္႐ွားလွ်င္ ျဖစ္ေနက်အတိုင္း ဂဏွာမၿငိမ္ျဖစ္ေနေသာ ခႏၶာကိုယ္ကို ထိန္းမရ။ထိုင္ရမလို ထရမလိုျဖင့္ ေဆာ့ဂ်င္အနားတြင္ တဝဲလည္လည္လုပ္ေနသည္။
“ဘယ္လိုကေန ဘယ္လိုအဆင္ေျပသြားၾကတာလဲ။ဟိုေန႔က babyေလးေမြးေန႔တုန္းကေတာင္မွ မင္းတို႔ႏွစ္ေယာက္ တင္းေနၾကတုန္းပဲ မဟုတ္လား”
ေဆာ့ဂ်င္က oven ထဲက ကိတ္မုန္႔ကို ထုတ္လိုက္ၿပီးေနာက္ လုပ္လက္စ အလုပ္တို႔ကိုလက္စသတ္လိုက္သည္။apron ကိုခြၽတ္ေနရေသးသျဖင့္ ယြန္းဂီ၏ ေမးခြန္းကိုမေျဖႏိုင္ေသး။ၿပီးမွ ေ႐ွ႕ဆံပင္ဖ်ားေတြကို တစ္ခ်က္ႏွစ္ခ်က္ ဖြထုတ္လိုက္ကာ စားပြဲဝိုင္းမွာ လာထိုင္သည္။
“အဲ့ဒီညမွာပဲ အဆင္ေျပသြားတယ္ဆိုပါေတာ့။ငါ အခုရက္ပိုင္း အရမ္းကိုစိတ္ပင္ပန္းတယ္ ယြန္းဂီ။သူနဲ႔မေတြ႕တဲ့ တစ္ပတ္လုံးမွာ အမ်ိဳးမ်ိဳးစဥ္းစားေနခဲ့တာ။သူနဲ႔ေ႐ွ႕ဆက္ဖို႔ သင့္မသင့္ေပါ့။တိတိက်က် မဆုံးျဖတ္ႏိုင္ခဲ့ဘူး။ေနာက္ဆုံး ေသခ်ာတာတစ္ခုကေတာ့ ငါသူ႕ကိုအရမ္းခ်စ္တယ္ဆိုတာပဲ။သူကလြဲၿပီး တျခားဘာမွမစဥ္းစားခ်င္ဘူး။ေတြးလည္း မေတြးခ်င္ဘူး”
သူ႕စကားေၾကာင့္ ယြန္းဂီက အနည္းငယ္႐ႈပ္ေထြးသြားဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္ၾကည့္သည္။ေငြေရာင္ ဆံပင္မ်ားက မ်က္လုံးကိုေထာက္ေနသျဖင့္ ဆတ္ကနဲခါလိုက္ေသာအခါ ေသးက်ဥ္းေသာ မ်က္လုံးမ်ားတြင္ ေဝခြဲမရေသာ အရိပ္မ်ားထင္ေနသည္။
“ မင္းနဲ႔သူ႕ၾကားမွာ တျခားအေၾကာင္းအရာ႐ွိ ေနေသးတာလား”
ေဆာ့ဂ်င္ မေျဖမိ။ေ႐ွ႕က စားပြဲခုံမ်က္ႏွာျပင္ကိုသာ အေၾကာင္းမဲ့စိုက္ၾကည့္ေနမိသည္။နာက်င္စရာအမွတ္တရမ်ား ျပည့္ႏွက္ေနေသာ အတိတ္က ျဖစ္ရပ္မ်ားကို အစဆြဲမထုတ္မိေအာင္ ႀကိဳးစားရသည္။ျပန္မရေတာ့မည့္ ဆုံး႐ႈံးမႈမ်ားကို တမ္းတေနမည့္အစား လက္႐ွိဘဝမွာပဲ အေကာင္းမြန္ဆုံးေနထိုင္ဖို႔က အသင့္ေလ်ာ္ဆုံးျဖစ္ပါလိမ့္မည္။
ေဆာ့ဂ်င္ သိသိသာသာ ငိုင္က်သြားေသာအခါ ယြန္းဂီက အလိုက္တသိျဖင့္ ေ႐ွ႕ဆက္ၿပီးဇြတ္မေမးေတာ့။ခဏတာတိတ္ဆိတ္မႈကို ရယ္သံျဖင့္ ၿဖိဳခြဲလိုက္ၿပီးေနာက္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
“ ငါေတာ့ အရမ္းေက်နပ္တယ္။မင္းတို႔ႏွစ္ေယာက္ကို သေဘာတူတယ္။ေဂ်ာင္ကုက မင္းနဲ႔ပတ္သက္လာရင္ ေလးနက္တယ္။မင္းမ်က္ႏွာရိပ္ မ်က္ႏွာကဲကို အၿမဲၾကည့္ၿပီး ေနတဲ့ေကာင္။အ႐ိုးသားဆုံးေျပာရရင္ ေဂ်ာင္ကုကလြဲၿပီး တျခားတစ္ေယာက္ရဲ႕ လက္ထဲကိုထည့္ဖို႔ ငါမင္းကိုစိတ္မခ်ဘူး”
“ ေဂ်ာင္ကုကိုလည္း မင္းနဲ႔ပဲ စိတ္ခ်တယ္။သူက မင္းနဲ႔မွ ေပ်ာ္တာ ”
တထစ္ခ် အားရပါးရ ေျပာေနေသာ ယြန္းဂီ၏ စကားမ်ားကို ေခါင္းၿငိမ့္ၿပီး မေထာက္ခံသည့္တိုင္ သူ႕ႏွလုံးသားကေတာ့ တဆတ္ဆတ္ခုန္ၿပီး သက္ေသျပသည္။
မိသားစုကို ဆုံး႐ႈံးလိုက္ရၿပီးကတည္းက တစ္စုံတစ္ေယာက္ကို ထပ္ခ်စ္ဖို႔ သူအလြန္ေၾကာက္သည္။ထိုေၾကာက္လန္႔စိတ္ကို အလုံးစုံဖယ္႐ွားေပးသူကလည္း ဂြၽန္ေဂ်ာင္ကု ဟူသည့္တစ္ဦးတည္းေသာ လူသာျဖစ္သည္။
သူ ခ်စ္ရမည့္သူက မိန္းကေလးျဖစ္ရမည္၊ေယာက်္ားေလး ျဖစ္ရမည္ဟု သတ္မွတ္ခ်က္ေတြမ႐ွိ။ေဂ်ာင္ကုေျပာခဲ့သလိုပင္ ကံၾကမၼာက သူတို႔ႏွစ္ေယာက္ အတြက္ သတ္မွတ္ခဲ့ၿပီးသား ထင္သည္။
ဂြၽန္ေဂ်ာင္ကု ဆိုသည့္ လူသားသည္ သူ႕ခႏၶာကိုယ္ထဲက အစိတ္အပိုင္းတစ္ခုလို ျဖစ္ေနခဲ့ၿပီဆိုတာကိုေတာ့ အခ်ိန္ၾကာေလ ထင္႐ွားလာေလ ျဖစ္သည္။
𖧷 . 𖧷 .𖧷
ျပာလြင္ေနေသာ ေကာင္းကင္တြင္ အျဖဴေရာင္တိမ္မွ်င္ တိမ္တန္းမ်ားသည္ ေလၫႊန္ရာအတိုင္း အစီအစဥ္မက် လြင့္ေမ်ာလ်က္႐ွိသည္။ထို အျဖဴေရာင္တိမ္တိုက္မ်ားကို ထိလုမတတ္တည္႐ွိေနသည္ကအထပ္ေပါင္းေျမာက္မ်ားစြာျဖင့္ ႀကီးက်ယ္ထည္ဝါေသာ ဆိုးလ္ၿမိဳ႕ တရား႐ုံး။
ေဂ်ာင္ကုသည္ ဆိုင္ကယ္ကို တရား႐ုံးႏွင့္ မ်က္ေစာင္းထိုး လမ္းတစ္ထက္ျခမ္းတြင္ ရပ္လိုက္ၿပီး အေဆာက္အဦးထဲက တစ္စုံတစ္ေယာက္ကို ေစာင့္ေမွ်ာ္ေနသည္။လမ္းေဘးဆိုင္က ဝယ္လာေသာ သၾကားလုံးကို ပါးေစာင္တစ္ဖက္ျခမ္းမွာ ငုံထားလိုက္ကာ လမ္းေပၚက လူသြားလူလာမ်ားကို လိုက္ေငးသည္။
အတန္ၾကာသည္အထိ အေျခအေနမထူးျခားေသးေသာအခါ ဆိုင္ကယ္ကို ပ်င္းရိပ်င္းတြဲ မွီလိုက္ၿပီး ႏႈတ္ခမ္းေတြကို စုခြၽန္ကာ ေတးသြားတစ္ပုဒ္ကဲ့သို႔ ေလခြၽန္သည္။
ေနာက္ထပ္ မိနစ္၂၀ေလာက္အၾကာတြင္ သူေစာင့္ေနေသာ သူသည္ တရား႐ုံးအတြင္းမွ ခပ္ေျဖးေျဖးေလွ်ာက္လာကာ အသင့္ရပ္ထားေသာ ကားေပၚသို႔တက္သြားသည္။ဘီးလွိမ့္႐ုံသာ ေမာင္းလာေသာ ထိုကားသည္ သူ႕ေဘးနားသို႔ ေရာက္ေသာအခါ စက္သတ္သည္။
“ ဟင္း! ”
ြတရားသူႀကီးဂြၽန္သည္ ကားျပတင္းေပါက္ကေန သားျဖစ္သူကို ေျခဆုံးေခါင္းဆုံး တစ္ခ်က္ၾကည့္ၿပီးေနာက္ သက္ျပင္းခ်သလိုလိုႏွင့္ ႏွာေခါင္း႐ႈံ႕သည္။
ထိုအျပဳအမူေၾကာင့္ ေဂ်ာင္ကုသည္ စိတ္ထဲတြင္ ေက်နပ္အားရျဖစ္သြားရကာ ႏႈတ္ခမ္းတြန္႔႐ုံမွ် ျပဳံးလိုက္သည္။
လိုခ်င္တာက ဒါပဲ။အေဖ့မ်က္လုံးထဲမွာ ဗ႐ုတ္သုတ္ခ ေထာင့္မက်ိဳးတဲ့ေကာင္ဆိုၿပီး ျမင္ေစခ်င္တာ။
“ ျမင္လိုက္ရရင္ ဘယ္ေတာ့မွ အခ်ိဳးမေျပဘူး”
သူျဖစ္ေစခ်င္သည့္အတိုင္း အေဖသည္ တန္းတန္းမတ္မတ္ေျပာသည္။သားလိမၼာတစ္ေယာက္လို,အပိုးက်ိဳးေနတဲ့ သားတစ္ေယာက္လို သူ႕ကို ဘယ္ေတာ့မွ မျမင္ေစရဟု သူသံဓိဌာန္ခ်ခဲ့ဖူးသည္ မဟုတ္လား။
“လိုရင္းပဲ ေျပာရေအာင္။ကြၽန္ေတာ္ လက္ထပ္ေတာ့မယ္”
ခပ္လြယ္လြယ္ပဲ ေျပာခ်လိုက္ေသာအခါ အေဖသည္ မ်က္လုံးျပဴးေတြႏွင့္ၾကည့္သည္။သို႔ေသာ္ ၾကာ႐ွည္မခံ။အေဖသည္ ႐ုပ္ေျပာင္း႐ုပ္လႊဲ အတတ္ကို တတ္ေျမာက္သူပမာ ခ်က္ခ်င္းျပန္တည္သြားသည္။ထို႔ေနာက္ သက္ျပင္းေငြ႕ေငြ႕ခ်ကာ ကားလမ္းမတစ္ေနရာကို ေငးၾကည့္ၿပီး အေျဖကို ႀကိဳတင္သိေနသူလို မထူးဆန္းသည့္ဟန္ျဖင့္ ဆိုသည္။
“ကင္ေဆာ့ဂ်င္နဲ႔ေပါ့ ”
“ဟုတ္တယ္။ကြၽန္ေတာ္႕ကို ေမြးထားတဲ့လူတစ္ေယာက္အေနနဲ႔ သိသင့္မယ္ထင္လို႔ လာအသိေပးတာ”
“အင္းေလ..ငါတားလည္း မရမယ့္အတူတူ မင္းစိတ္ႀကိဳက္သာ လုပ္ ”
“ Ok! wedding dayက်ရင္ ဖိတ္လိုက္မယ္။လာခ်င္တဲ့စိတ္႐ွိရင္ လာေပါ့..ကြၽန္ေတာ္သြားၿပီ”
ဆိုင္ကယ္ကို စက္ႏိႈးကာ အသားကုန္ေမာင္းထြက္သြားေသာ သားျဖစ္သူ၏ ေနာက္ေက်ာျပင္ကိုၾကည့္ၿပီး ဂြၽယ္ဂ်ယ္အင္း ေခါင္းထဲ မူးေဝသြားသည္။
“ ဘယ္ကို ေမာင္းရမလဲ ဆရာ ”
ေယာင္မင္း၏ အသံၾကားကိုၾကားမွ သူသတိျပန္ဝင္လာသည္။ပါးစပ္ထဲမွ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ရင္း ေနာက္ကိုမွီခ်လိုက္သည္။
“ အိမ္ကိုပဲေမာင္း ”
ဘယ္ေသာအခါကမွ အဆင္မေျပေသာ သူတို႔သားအဖႏွစ္ေယာက္၏ ဆက္ဆံေရးတြင္ သံေယာဇဥ္ အမွ်င္တန္းစရာေတာင္ ႐ွိေသးရဲ႕လားဟု အေျဖ႐ွာေနမိသည္။ယခုတြင္မူ အေျဖ႐ွာစရာမလိုေအာင္ ေဂ်ာင္ကုဘက္က စိမ္းသက္လြန္းသည္။ထိုစိမ္းသက္ခါးသီးမႈတို႔ကို သားျဖစ္သူ၏ ရင္တြင္းတစ္ေနရာထဲသို႔ မ်ိဳးေစ့ ခ်ေပးခဲ့သူမွာ မိမိကိုယ္တိုင္ပဲ ျဖစ္ေနသလားဟု မေျပာတတ္ေတာ့။သူ သတိထားမိသည့္အခ်ိန္တြင္မူ စိမ္းကားမႈ အသီးအပြင့္တို႔က လိႈင္လိႈင္ပိုင္ပိုင္ သီးပြင့္ကာ ႀကီးထြားေနၾကၿပီ။
ဆုေတာင္းတိုင္းသာ ျပည့္မည္ဆိုပါက ၅ႏွစ္သားအ႐ြယ္ ေဂ်ာင္ကုေလးကို ျပန္ရဖို႔ ဆုတစ္ခုပဲေတာင္းမိပါလိမ့္မည္။အလုပ္ကျပန္လာလွ်င္ 'ေဖေဖ'ဟု မပီကလာပီကလာ ေခၚတတ္ေသာ ကေလးေလးသည္ ယခုေတာ့ သူ႕ရင္ကိုစြန္႔ၿပီး အေတာင္အလက္စုံစြာ ပ်ံသန္းသြားေတာ့မည္။
ရင္ဘတ္ေထာင့္စြန္းက မီးခဲတစ္ခဲလို ပူေလာင္ျပင္းျပလာေသာ ေဝဒနာႏွင့္အတူ မ်က္လုံးေတြကိုသာ မွိတ္ထားလိုက္ေတာ့သည္။
𖧷 . 𖧷. 𖧷
“အစ္ကို႔ကို ေျပာစရာ႐ွိတယ္”
အေပၚထပ္ကုတ္အက်ီကို ခြၽတ္ၿပီး အက်ီခ်ိတ္တစ္ခုမွာ ခ်ိတ္ေနစဥ္ အိမ္ေ႐ွ႕က ေဂ်ာင္ကု၏ အသံကိုၾကားလိုက္ရသည္။
လက္ေတြ ေျခေထာက္ေတြ မသယ္ခ်င္ေလာက္ေအာင္ ေညာင္းညာကိုက္ခဲေနသည္မို႔ ခါတိုင္းဆိုင္ပိတ္ခ်ိန္ထက္ ေစာၿပီး သူျပန္လာခဲ့တာျဖစ္သည္။
“ အင္း ေျပာေလ ”
အိမ္ေ႐ွ႕က ဆိုဖာခုံေပၚ ေျခပစ္လက္ပစ္ ထိုင္လိုက္မိသည့္ အခ်ိန္တြင္ ေဂ်ာင္ကုက အနားကိုတိုးကပ္လာသည္။သူ႕မ်က္ႏွာ အစိတ္အပိုင္းတစ္ခုခ်င္းစီကို မ်က္ေတာင္မခတ္တမ္း လိုက္ၾကည့္သည္။ထို႔ေနာက္ လက္သြယ္သြယ္မ်ားက သူ႕ဇက္ပိုးဆီက်ေရာက္လာကာ မေလ်ာ့လြန္း မျပင္းလြန္းေသာ အားျဖင့္ ႏွိပ္နယ္ေပးသည္။
“ အာ...ရပါတယ္။မလုပ္နဲ႔ ”
ခ်စ္သူအခ်င္းခ်င္းပင္ ျဖစ္ေသာ္ျငား ထိုအျပဳအမူကို သူမရင္းႏွီး။အထိတ္တလန္႔ျဖင့္ တားျမစ္လိုက္ေသာ္လည္း သူ႕လည္ဂုတ္က လက္ေခ်ာင္းအထိအေတြ႕မ်ားသည္ အားေလ်ာ့မသြားဘဲ ခပ္မွန္မွန္ေျပးလႊားေနၾကသည္။
“ ဇက္ေၾကာေတြ တင္းေနတာပဲ။ၿငိမ္ၿငိမ္ေနပါ အစ္ကိုရဲ႕ ”
ေဂ်ာင္ကု၏ လက္ႏွင့္ထိေတြ႕သြားသည့္ ေနရာတိုင္း တင္းၾကပ္ေနေသာ ခံစားမႈမ်ား ေျပေလ်ာ့သြားသည္ဟု ခံစားရသည္။ခဏၾကာေသာအခါ ထိုအထိအေတြ႕တို႔ႏွင့္ အသားက်လာသည္။ခႏၶာကိုယ္ခ်င္း နီးကပ္ေနေသာအခါ ေဂ်ာင္ကုဆီက ကိုယ္သင္းနံ႔သည္ သူ႕ႏွာေခါင္းဝဆီသို႔ တစ္ခ်က္,တစ္ခ်က္ တိုးေဝွ႔လာသည္။
ေခြၽးနံ႔ႏွင့္အတူ ေရာႁပြန္းေနေသာ ေယာက်္ားဆန္သည့္ ျပင္း႐ွ႐ွရနံ႔။စူးေနတာမ်ိဳး မဟုတ္ဘဲ ခပ္သင္းသင္းသာ ရတတ္ေသာ ဆြဲေဆာင္မႈ႐ွိသည့္ ရနံ႔။
သူ႕ရင္ခုန္သံေတြ ပုံမွန္ႏႈန္းထက္ ျမန္လာသည္။ေယာက်္ားေလးခ်င္းအတူတူ တစ္မူးသာၿပီး ရင္ခုန္စရာ ေကာင္းေနေသာ ေဂ်ာင္ကု၏ ကိုယ္သင္းရနံ႔ကို စြဲမက္မိသည့္ ကိုယ့္စိတ္ကိုလည္း အားမလိုအားမရ ျဖစ္မိသည္။
“နည္းနည္းေတာ့ သက္သာသြားၿပီမလား။ကိုယ္ေရာ စိတ္ေရာပင္ပန္းေနၿပီထင္တယ္။အေၾကာေတြလည္း တင္းေတာင့္ေနတာပဲ။စိတ္ဖိစီးမႈေတြ ႐ွိေနတာလား။ကြၽန္ေတာ္႕ကို ေျပာျပ”
ေဂ်ာင္ကုက သူ႕ေျခေထာက္တစ္ဖက္ကို ေပါင္ေပၚ ဆြဲတင္လိုက္ၿပီး လည္ဂုတ္ကို ႏွိပ္သလိုမ်ိဳး ခပ္ဖြဖြႏွိပ္နယ္ျပန္သည္။သည္တစ္ခါေတာ့ သူမျငင္းမိေတာ့။ျငင္းရေလာက္ေအာင္လည္း ေဂ်ာင္ကု၏ အျပဳအမူမ်ားက ပိုင္စိုးပိုင္နင္းျဖင့္ အထက္စီးဆန္မေန။သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ကသိကေအာက္ မျဖစ္ေစဘဲ သက္ေတာင့္သက္သာ ျဖစ္ေအာင္ ေဂ်ာင္ကုက ဖန္တီးႏိုင္သည္။
“ဟင့္အင္း..ဘာမွမျဖစ္ဘူး။ဆိုင္မွာ နည္းနည္း ပင္ပန္းသြားလို႔..မင္းဘာေျပာမလို႔လဲ ေျပာေလ”
“ အင္း...ကြၽန္ေတာ္နဲ႔ အေဖရဲ႕ ဆက္ဆံေရးအေၾကာင္းအစ္ကို႔ကိုေျပာျပထားခ်င္လို႔”
“အင္း ေျပာ ”
ထိုအခါ ေဂ်ာင္ကုသည္ ေပါင္ေပၚက ေဆာ့ဂ်င္ေျခေထာက္ကို အသာခ်ေပးလိုက္ရင္း ဆိုဖာခုံေပၚ အသာအယာမွီသည္။လက္ႏွစ္ဖက္ကို ေခါင္းေအာက္ခုထိုးလိုက္ၿပီး မ်က္ေတာင္ေတြ တဖ်တ္ဖ်တ္ခတ္သည္။စကားသံက လည္ေခ်ာင္းဝမွ ေတာ္ေတာ္ႏွင့္ထြက္မလာ။
အေဖႏွင့္သူ၏ ဆက္ဆံေရးကို တျခားတစ္ေယာက္ကို ျပန္လည္ေျပာျပဖို႔ကို သူအရမ္းေၾကာက္သည္။ထိုသို႔ေျပာျပတိုင္း ေအးစက္စိမ္းကားသြားေသာ ဆက္ဆံေရးကိုျဖစ္ေစခဲ့သည့္ အဓိကအေၾကာင္းအရင္းကပါ ဦးေႏွာက္ထဲအစီအရီျပန္ေပၚလာေသာေၾကာင့္ ျဖစ္သည္။ထို႔ေနာက္ အားယူရင္း စကားစလိုက္၏။
“အေဖနဲ႔ကြၽန္ေတာ္႕ၾကားမွာ သားအဖသံေယာဇဥ္ရယ္လို႔ မ႐ွိေတာ့ဘူး။သူ႕ေၾကာင့္ ကြၽန္ေတာ္ခ်စ္တဲ့ ၊ပိုင္ဆိုင္တဲ့အရာေတြအကုန္လုံး ဆုံး႐ႈံးခဲ့ရတယ္။ကြၽန္ေတာ္႕ ဘဝထဲမွာ ဘာမွကိုမက်န္ေတာ့တဲ့အထိပဲ”
ေျပာရင္းႏွင့္ပင္ စကားစကို ခဏရပ္ထားလိုက္ရသည္။ရင္ထဲမွာ လိႈက္ဟာစြာ နာက်င္လာသည္။ထို႔ေနာက္ ေလပူတစ္ခ်ိဳ႕ကို မႈတ္ထုတ္လိုက္ၿပီး ပင့္သက္တစ္ခ်က္႐ိႈက္လိုက္သည္။
“အဲ့ဒါေၾကာင့္ မဂ္လာပြဲက်ရင္ ကြၽန္ေတာ္ဟာ မိဘမဲ့တစ္ေယာက္နဲ႔မျခားဘူး အစ္ကို။အေဖလာခ်င္ရင္လည္း လာမယ္။မလာခ်င္ရင္လည္း မလာဘူးေပါ့။သူလာသည္ျဖစ္ေစ,မလာသည္ျဖစ္ေစ ကြၽန္ေတာ္က အာ႐ုံထဲမထားဘူး။မိဘေတြ မပါတဲ့ မဂ္လာပြဲမို႔ အစ္ကို႔ဘက္က...”
မရဲတရဲ ၾကည့္လာသည့္ ေဂ်ာင္ကုမ်က္လုံးထဲတြင္ စိုးရိမ္စိတ္အရိပ္အေငြ႕မ်ား ယွက္သန္းေနသည္။ေဆာ့ဂ်င္ ေကာင္းေကာင္းသိသည္။
ဒီေကာင္ေလးက သူ ၿငိဳျငင္သြားမွာကို အရမ္းေၾကာက္ေနတာ။
“ မင္းနဲ႔ ငါရဲ႕ ဘဝႏွစ္ခု ေပါင္းစပ္မွာေလ..က်န္တာေတြ ဘာမွစိုးရိမ္မေနနဲ႔။မင္းအေဖနဲ႔ မင္းရဲ႕ ဆက္ဆံေရးကို ငါက ဘာမွဝင္မပါမွာမို႔လို႔ စိတ္ထဲမထားနဲ႔”
'ျဖစ္ႏိုင္ရင္ မင္းအေဖရဲ႕ မ်က္ႏွာကိုေတာင္ ငါက ၾကည့္ခ်င္တာ မဟုတ္ဘူး ေဂ်ာင္ကုရယ္' ဟုေတာ့ သူမေျပာျဖစ္လိုက္။သူတို႔ၾကားက အ႐ႈပ္အ႐ွင္းမ်ားကို ေဂ်ာင္ကု မသိတာပဲ ေကာင္းပါလိမ့္မည္။သူ႕ဖခင္ျဖစ္သူ၏ ေကာက္က်စ္ေခ်ာက္တြန္းမႈကိုပါ ထပ္သိသြားလွ်င္ ပိုၿပီးအမုန္းႀကီး မုန္းကာ ဖခင္ျဖစ္သူကို ျမင္တိုင္း ဘဝတစ္ေလွ်ာက္လုံး ပူေလာင္ေနရမွာ ေဆာ့ဂ်င္ စိုးရိမ္သည္။
အ႐ွိန္အဟုန္ျပင္းဖို႔ အစျပဳေနေသာ မီးေတာက္မီးစတို႔ကို ထပ္ၿပီး ဓာတ္ဆီေလာင္းမေပးခ်င္ေတာ့။သူေရာ ေဂ်ာင္ကုပါ ဘဝအသစ္တစ္ခုတြင္ အရာအားလုံးကို ခဝါခ်ၿပီး ေအးေအးခ်မ္းခ်မ္း ေနခ်င္သည္။
“နားလည္ေပးလို႔ ေက်းဇူးလည္း တင္တယ္။ေတာင္းလည္း ေတာင္းပန္ပါတယ္ အစ္ကို ”
“ မင္းအမွားမွ မဟုတ္တာပဲ။အရာအားလုံးဟာ ကံၾကမၼာေၾကာင့္လို႔ပဲ သေဘာထားလိုက္ပါေတာ့။အေရးႀကီးဆုံးက ငါတို႔တစ္ေယာက္ကို တစ္ေယာက္ တစ္ဘဝလုံး ခ်စ္သြားဖို႔ပဲ”
ထိုစကားေၾကာင့္ ေဂ်ာင္ကုက သူ႕ရင္ခြင္ထဲ တိုးဝင္လာသည္။ထို႔ေနာက္ ရင္ဘတ္ေပၚတြင္ မ်က္ႏွာအပ္ကာ ဖြဖြနမ္းသည္။
“ကြၽန္ေတာ္က အစ္ကို႔ကို ျမင္ကတည္းက စခ်စ္ခဲ့ရတဲ့ေကာင္ပါဗ်ာ။ထားသြားဖို႔ ဆိုတာ ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး။အစ္ကို ႏွင္ထုတ္ရင္ေတာင္ အစ္ကို႔အနားမွာပဲ ေနမွာ ”
စကားအဆုံးမွာ ေဆာ့ဂ်င္ခါးေပၚက ေကာင္ေလး၏ လက္မ်ားသည္ ပိုၿပီးတင္းက်ပ္လာသည္။နမ္း႐ုံတင္ မဟုတ္ေတာ့ဘဲ ရင္ဘတ္ဆီက ႏူးညံ့စိုထိုင္းေသာ အထိအေတြ႕ေႏြးေႏြးႏွင့္အတူ အသက္႐ႈသည့္ဝင္သက္ထြက္သက္ ေလကိုပါ ခံစားလိုက္ရသည္။
“ ေဂ်ာင္ကု မင္း..ဘာလုပ္ ”
စူး႐ွ နာက်င္မႈကို မခံစားရဘဲ စိုအိေနေသာ ႏႈတ္ခမ္းႏွစ္လႊာ၏ အထိအေတြ႕ကိုသာ ရသည္။မကိုက္ဘဲႏွင့္ ေဂ်ာင္ကုက မည္သို႔မည္ပုံျပဳေနသည္ မသိ။အက်ီၾကယ္သီး တစ္လုံးျပဴတ္ေနေသာ သူ႕ရင္ဘတ္ေပၚသို႔ ႏႈတ္ခမ္းအိအိျဖင့္ မထိတထိပြတ္ဆြဲၿပီး အရသာအသစ္တစ္မ်ိဳးကို လိုက္လံ႐ွာေဖြေနသည့္အလား စုပ္ယူနမ္း႐ိႈက္သည္။
စိုစြတ္ေႏြးေထြးၿပီး ႏူးအိလြန္းေသာေၾကာင့္ အသက္႐ႈသံေတြ ကေမာက္ကမျဖစ္လာသည္။အေယာင္ေယာင္မွားျဖင့္ ေဂ်ာင္ကု၏ ေက်ာကုန္းေပၚက အက်ီစကို ဆြဲဆုတ္မိလိုက္သည္။ၾကာေတာ့ သူလက္ေတြ အားမ႐ွိေတာ့။နစ္ေျမာ ေပ်ာ္ဝင္လုဆဲဆဲအေျခအေနသို႔ ေရာက္မွန္းမသိေအာင္ ေဂ်ာင္ကုကေခၚေဆာင္သြားသည္။
“ေတာ္..ေတာ့ ”
သူ ထရပ္လိုက္ေသာအခါ ရီေဝေဝမ်က္လုံးမ်ားႏွင့္ ေမာ့ၾကည့္လာသည္။လတ္လတ္ဆတ္ဆတ္အနမ္းေၾကာင့္ စိုရဲေနေသာ ႏႈတ္ခမ္းဆီ အၾကည့္ေရာက္မိေသာအခါ သူ ကတုန္ကယင္ ျဖစ္သြားသည္။
“မ ႀကိဳက္ လို႔ လား ”
ေဆာ့ဂ်င္ ျပန္မေျဖတတ္။႐ွက္ရံြ႕ျခင္းေၾကာင့္ သူ႕ေသြးခုန္ႏႈန္းမ်ားသည္ ပုံမွန္ႏႈန္းထက္ တုံ႔ဆိုင္းကုန္သည္။ေဂ်ာင္ကုမ်က္ႏွာကို ရဲရဲမၾကည့္ရဲေလာက္ေအာင္ ထူပူေနသျဖင့္ မည္သို႔အေျဖေပးရမည္ကို သူမသိ။သူ႕ႏွလုံးသားအလိုဆႏၵက ေဂ်ာင္ကု၏ အနမ္းမ်ားကို ထပ္မံေတာင့္တေနေသာ္လည္း ထိုေတာင့္တမႈကို ဦးေႏွာက္က ျငင္းဆန္ေနသည္။
“မ..မဟုတ္...ငါ..ေရခ်ိဳးေတာ့မယ္။ျပန္ေတာ့”
အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာၿပီးေနာက္ အခန္းထဲ ဝင္ေျပးေသာအခါ သူ႕ဘာသာေနေသာ ဆိုဖာခုံကိုလည္း ခလုတ္ဝင္တိုက္သြားေသးသည္။
အစ္ကို႐ွက္ေနမွန္းသိလို႔ ေဂ်ာင္ကု မစေတာ့။
အ႐ွိန္မျပယ္ေသးေသာ ခ်စ္ျခင္း ၏ အေငြ႕အသက္မ်ားျဖင့္ ေဂ်ာင္ကုက ျပဳံးသည္။
ခ်စ္လိုက္ရတာ အစ္ကိုရာ။ကြၽန္ေတာ္႕တစ္ဘဝလုံးအတြက္ ျမတ္ႏိုးလို႔မဆုံးပါဘဲ။
~~~~~~~~~~~~~~// ~~~~~~~~~~~~~
AN- ေနာက္တစ္ပိုင္းက သီးသန္႔ေလးေရးခ်င္တာေရာ စာလုံးအေရအတြက္ေၾကာင့္ပါ(၁၇.၁) နဲ႔ (၁၇.၂) ဆိုၿပီး ႏွစ္ပိုင္းခြဲလိုက္ပါတယ္။စာလုံးအေရအတြက္ကေတာ့ ဒီအပိုင္းေလာက္ မမ်ားႏိုင္ပါဘူး။မနက္ျဖန္ညက်ရင္ (၁၇.၂) up ေပးပါ့မယ္
Thanks for your reading & votingRiona🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



