~ 16 ~
18:37, 21 August 2021Unicode_________
သိပ်မကြာသေးခင်ကမှ ဆေးသုတ်ထားသော နို့နှစ်ရောင် နှစ်ထပ်တိုက်ပုလေးသည် မီးရောင်စုံများအောက်တွင် အရောင်တစ်မျိုးဟပ်ကာ ကြည့်ကောင်းနေသည်။တစ်ခြံလုံးတွင်ကား အစိမ်းရောင်မြက်ခင်းနုများက တစ်ခွင်တစ်ပြင် နေရာယူထားသည်။
ခြံရှေ့မှ အိမ်ရှေ့အထိ လမ်းတစ်လျှောက်ကိုမူရွှေရောင်ပူဖောင်းများနှင့် အစိမ်းရင့်ရင် ပူဖောင်းများကို လိမ်ယှက်ပြီး အသည်းပုံသဏ္ဍာန် ပုံဖော်ထားသည်က တစ်မျိုးအမြင်ဆန်းသစ်နေသည်။
ွရောင်စုံဆလိုက်မီးများ ကြားတွင် ရွှေရောင်စားပွဲခင်းများ ခင်းထားသော ခုံဝိုင်းများက ခပ်ကျဲကျဲနေရာယူထားသည်။သိပ်အများကြီးတော့ မဟုတ်။တစ်ဝိုင်းလျှင် ထိုင်ခုံလေးခုံသာ ချထားသော စားပွဲဝိုင်း ၅ဝိုင်း။
လူအယောက် ၂၀ခန့်ဖြင့်သာ ဖိတ်ထားသော ထိုမွေးနေ့ပွဲသည် အနောက်တိုင်းတေးဂီတသံစဥ်များဖြင့် ဝုန်းဒိုင်းကြဲမနေဘဲ ငြိမ့်ညောင်းသော တယောသံကြားတွင် အေးချမ်းတိတ်ဆိတ်နေသည်။
မွေးနေ့ပွဲလာသူများက ယွန်းဂီ၏ လုပ်ဖော်ကိုင်ဖက်တစ်ချို့နှင့် ဂျီမင်း၏ သူငယ်ချင်းတစ်ချို့သာဖြစ်သောကြောင့် လူငယ်ဆန်သော အရိပ်အငွေ့များနှင့်အတူ သောကြာနေ့ညသည် အိမ်မက်ဆန်စွာလှပနေသည်။
ခြံရှေ့က အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံကားများကြားတွင် စီးတော်ယာဥ်ဖြစ်သော ဆိုင်ကယ်လေးကို ဂျောင်ကုကထိုးရပ်လိုက်သည်။သူများတွေလို ကားမောင်းချင်သည်။အထူးသဖြင့် အစ်ကို့ကို ဘေးမှာထားပြီး မြို့အနှံ့ ကားလေးနှင့်ပတ်ချင်သည်။လူရှင်းသည့် နေရာရောက်လျှင် အစ်ကို့လက်ဖမိုးတစ်ဖက်ကို ဆုပ်ကိုင်ရင်း အချစ်စကားတွေ တီတီတာတာ ပြောချင်သည်။
စိတ်ကူးနှင့် အမြဲတမ်းရူးသွပ်ခဲ့ရသည့် အချိန်များကို အကောင်အထည်ဖော်ဖို့ အကြိမ်ကြိမ်အားတင်းပြီး ကားမောင်းဖို့ကြိုးစားခဲ့ပါသည်။သို့သော် စူးအောင့်ပြီး ပူလောင်တင်းကျပ်လာသော ဝေဒနာကို သူမလွန်ဆန်နိုင်ခဲ့ပါ။မတတ်သာသည့်အဆုံးတော့ ဘယ်နေရာကိုသွားသွား လက်စွဲတော်ဆိုင်ကယ်လေးကိုပဲ အားကိုးအားထားပြုရသည်။
"ဟော ဂျောင်ကု...လာ"
သူ့ပခုံးပေါ် လာဖက်သော အကိုယွန်းဂီက ဆံပင်ငွေမှင်ရောင်နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသော suitအဖြူရောင်ကြောင့်ည၏ အလယ်တွင် ထင်းနေသည်။
"အကိုယွန်းဂီ....ဟိုလေ..."
ခြံထဲမဝင်ခင် ဂျောင်ကုခြေလှမ်းတွေ ရပ်သွားသည်။ထို့ကြောင့် ယွန်းဂီလည်း ပခုံးဖက်လျက်သားနှင့် ဂျောင်ကုအတူရပ်လိုက်သည်။
"ပြော..ဘာလဲ"
"သူ......."
တိုးဖျသော အသံက ဆက်မပြောဘဲ တစ်လုံးတည်းသော နာမ်စားတွင် အဆုံးသတ်သွားသည်။တိုတောင်းသော စကားလုံးတစ်လုံးပင် ဖြစ်သော်ငြား ထိုစကားလုံး၏ နောက်တွင် ထုထည်ကြီးမားသောမေးခွန်းပေါင်းမြောက်များစွာ ရှိသည်။
ရင်ဆိုင်ဖို့အတွက် အဆင့်သင့်ဖြစ်ဟန်မတူသေးသော မျက်ဝန်းများသည် ယွန်းဂီ၏ မျက်ဝန်းနက်များထဲသို့ လိုက်ကြည့်ရင်း သူလိုချင်သော အဖြေကိုရှာဖို့ကြိုးစားသည်။
ယွန်းဂီက မျက်လုံးတွေတဖျတ်ဖျတ်ခတ်ရင်း ဂျောင်ကုကျောပြင်ကျယ်ပေါ် အသာအယာပုတ်လိုက်သည်။နှစ်သိမ့်သည့်သဘော၊တစ်နည်းအားဖြင့် အားပေးသည့် သဘောလည်းဖြစ်သည်။
"သူ ရောက်နှင့်နေပြီ။အခြေအနေကတော့ ေအးအေးဆေးဆေးပဲ။မင်းတို့နှစ်ယောက် အခုညပြေလည်အောင် ဖြေရှင်းလိုက်ကြ။ကံကောင်းပါစေ ဂျောင်ကု"
ထိုအခါ ဂျောင်ကုသည် သံပတ်ပေးလိုက်သော စက်ရုပ်လို Helmet ကြောင့် အနည်းငယ်ဖွာလန်ကြဲသွားသည့် ဆံပင်များကို လက်ဖြင့် ကရောသောပါး ပုံသွင်းလိုက်သည်။
ယွန်းဂီက အမြင်ကပ်ချင်ဟန်ဆောင်ကာ ခပ်ပြုံးပြုံးဖြင့် မျက်မှောင်ကြုတ်ကြည့်သည်။
"ဟေ့ကောင်..ပဲများမနေနဲ့။သူ့လူကြီး လာတယ်လဲဆိုရော ချက်ချင်း အလှတွေထပြင်တော့တာပဲ"
"မဟုတ်ပါဘူး "
မျက်နှာအောက်ငုံ့ပြီး ဂျောင်ကုက ပြုံးသည်။ပါးလှပ်သော အပေါ်နှုတ်ခမ်းပါးလေးသည် ပြုံးလိုက်သောအခါ ပို၍ ပါးသွားပြီး ရှေ့သွားကြီးကြီးနှစ်ချောင်းက ချစ်စဖွယ် ပေါ်ထွက်လာသည်။
"ဖြစ်နေတာ ရုပ်ကိုက.. ခုနကတော့ ဖြူဖပ်ဖြူရော်နဲ့ "
ယွန်းဂီက ဂျောင်ကုမျက်နှာကို မရမကလိုက်ကြည့်ရင်း အရယ်တစ်ဝက်နှင့်အတူ ပခုံးကိုဖျစ်ညှစ်လိုက်သည်။သူငယ်ချင်းဖြစ်သူနှင့် ပတ်သက်ပြီး သိခွင့်ရသော ထိုကောင်လေးကို အငယ်ဆုံးညီငယ်လေးသဖွယ် ချစ်စနိုးဖြင့် ချစ်ရပါသည်။
ဂျောင်ကုသည် စားပွဲဝိုင်းတွေကြား ေခြချမိသည်နှင့် ဟန်မဆောင်နိုင်စွာ မျက်လုံးကစားကြည့်လိုက်သည်။
"အစ်ကို "
တစ်ဦးတည်း ကြားနိုင်လောက်သော အသံက သူ့နှုတ်မှ ခပ်တိုးတိုးလေး ထွက်သွားသည်။
တစ်ပတ်ကျော်အထိ အောင့်သီးအောင့််သက် မချိမဆန့်ခံစားခဲ့ရသော ဝေဒနာ၏ ပြေရာပြေကြောင်း အရင်းအမြစ်ကလေးသည် ထောင့်စွန်းစားပွဲဝိုင်းတွင် ထိုင်နေသည်။
မျက်လွှာအောက်ချပြီး လက်ထဲက ဝိုင်ခွက်ကိုသာ အကြည့်ပို့ထားပုံက က္ကန္ဒြေရပြီး တည်ငြိမ်ရင့်ကျက်သည့် အသွင်ကိုဆောင်သည်။
ရက်အတော်ကြာ ညှိုးနွမ်းနေခဲ့ရသော သူ့စိတ်သည် အစ်ကို့ကို မြင်သည်နှင့် တိမ်လိုလေလို အငွေ့ပျံသွားသည်။အရင်လို 'အစ်ကို'ဟုခေါ်ကာ ရင်ခွင်ထဲ ဖက်ထားချင်ပေမယ့် လက်တွေ့မှာတော့ အစ်ကိုရှိရာကို ခြေတစ်လှမ်းရွေ့ဖို့တောင် အနိုင်နိုင် အားယူနေရသည်။
"ဟော ဂျောင်ကု...."
ကြက်သွေးရောင် suitအပြည့်အစုံနှင့် မွေးနေ့ရှင် ဂျီမင်းက သူ့ကို့မြင်တော့ လာနှုတ်ဆက်သည်။အကိုယွန်းဂီကတော့ ဘေးကနေ ကိုယ်ရံတော်သဖွယ် ဂျီမင်းသွားရာနောက် ကပ်ပါလာသည်။
"Happy Birthday ဂျီမင်း။မွေးနေ့ကစပြီး တစ်ဘဝလုံး ပျော်ရွှင်ရပါစေဗျာ"
"ကျေးဇူးပါ ဂျောင်ကု။အေးအေးဆေးဆေးမှ ပြန်နော်"
"ကဲ baby ရေ။ဟိုဘက်ဝိုင်းကို သွားနှုတ်ဆက်လိုက်ပါဦး"
ယွန်းဂီက စကားစကို မြန်မြန်ဖြတ်လိုက်ပြီး ဂျောင်ကုကို မျက်စပစ်ပြီး အချက်ပေးသည်။
"မြန်မြန်သွားလေ..ဘာလုပ်နေတာလဲ "
ေဘးကနေ ပခုံးစွန်းကိုတိုက်ပြီး ခပ်တိုးတိုး သတိပေးသွားတဲ့ အကိုယွန်းဂီကြောင့် သူ့ခြေထောက်တွေ ရှေ့ကိုတစ်လှမ်းရွေ့သွားသည်။
ထို့နောက်တွင်မူ ခန္ဓာကိုယ်မှရှိသမျှ အင်အားများကို ခြေထောက်နှစ်ချောင်းဆီသို့ ပို့လွှတ်ကာ အစ်ကို ထိုင်နေရာစားပွဲဝိုင်းဆီသို့ တစိုက်မတ်မတ်လျှောက်သွားလိုက်သည်။
𖧷 . 𖧷. 𖧷
ပြင်းရှရှအရသာက လျှာဖျားမှ တစ်ဆင့် ဖြတ်ကျော်ပြီး လည်ချောင်းထဲထိ တရိပ်ရိပ်ပူဆင်းသွားသည်။ထို့နောက် နွေးကနဲ ပူသွားသော ခံစားချက်။
ဆော့ဂျင်သည် ထိုအရသာကို တစိမ့်စိမ့်ခံစားရင်း ဖန်ခွက်ထဲက ဝိုင်ကို တစ်ငုံချင်းစီ အရသာခံသောက်နေမိသည်။
ထိုခဏအတွင်း ကြည်လင်နေသည့် ဖန်ခွက်မျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ယောက်၏ အရိပ်က ထင်ဟပ်လာသည်။ခပ်သော့သော့ လျှောက်လာသော ဖိနပ်သံသည် သူ့ရှေ့တည့်တည့်မှာ တိကနဲရပ်သွားသောအခါ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။
သို့သော် ထိုအပြုံးသည် ကြာရှည်မခံ။လက်ထဲက ဝိုင်ခွက်ကို စားပွဲပေါ်ချလိုက်သည်နှင့် အေးစက်စက် နှုတ်ခမ်းတစ်စုံက အစားထိုးဝင်ရောက်လာသည်။
နောက်ဆုံးတော့ မင်းလာပြီပေါ့။
"အစ်ကို "
ဂျောင်ကု မရဲတရဲခေါ်ရင်း မျက်နှာချင်းဆိုင်က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။အနည်းငယ်သွယ်ကျသွားသော မျက်နှာကျပုံကလွဲပြီး အစ်ကိုက အရင်ပုံစံအတိုင်း မပြောင်းလဲ။
"လွမ်းလိုက်တာ အစ်ကိုရာ"
မျက်တောင်မခတ်ဘဲ ကြာမြင့်စွာ စိုက်ကြည့်နေသည့် မျက်ဝန်းများသည် သူထင်ထားသည်ထက် ပိုပြီးအေးစက်နေသည်။
"ဂျွန်ဂျောင်ကု"
"ဗျာ "
"ငါ မင်းအပေါ် ခံစားချက်ရှိနေသေးတယ်လို့ ထင်နေတာလား"
အစ်ကို့ရဲ့ လျှပ်တစ်ပြက် မေးခွန်းကို သူရုတ်တရက် ပြန်မဖြေနိုင်။ဖြေဖို့ ယုံကြည်ချက်မရှိတာဆိုလျှင် ပိုမှန်ပေလိမ့်မည်။ချွန်မြနေသော ဆူးတစ်ချောင်းလို သူ့နှလုံးသား တည့်တည့်ဆီ ဦးတည်ထိုးစိုက်သွားသည့် ထိုမေးခွန်းသည် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားနိုင်စေသည်။
"သေချာတာတစ်ခုက အစ်ကို့အပေါ်ကိုတော့ ကျွန်တော်ခံစားချက် ရှိနေတုန်းပဲ။အဲ့ဒီခံစားချက်ကလည်း ဘယ်တော့မှလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး"
"ပြီးတော့ရော.."
အစ်ကိုက ဝိုင်ခွက်ကို လှည့်ပတ်ကစားရင်း ပျင်းရိငြီးတွဲစွာ မေးသည်။သူ့ ရင်ထဲ ဆစ်ကနဲ နာသွားသည်။
"အခု ကျွန်တော့်ကို လှောင်နေတာလား။အဲ့ဒီလို ဆက်လုပ်နေရင် ကျွန်တော်ရူးလိမ့်မယ် သိလား"
ဂျောင်ကု အသံက အနည်းငယ် ကျယ်သွားသည်မို့ ဘေးဝိုင်းက တစ်ချို့တစ်လေ မသိမသာစောင်းငဲ့ကြည့်ကုန်ကြသည်။
သူ မရှက်နိုင်တော့။အမြင်အာရုံက ကြည်ကြည်လင်လင်မရှိ။ရေခိုးရိုက်သလို မှုန်ဝါးလာကာ ငွေ့ရည်ဖွဲ့ချင်လာသည်။မကြာခင် ပါးပြင်ပေါ် အေးစက်စက်အရည်ပူတစ်ချို့ စီးကျသွားသည်။ဂျောင်ကု မလိုလားစွာနှင့်ပင် သုတ်ပစ်လိုက်သည်။
စိတ်ကြိုက်သာ ကစားလိုက်စမ်းပါ။အစ်ကိုက ကျွန်တော့်ကို နာကျင်စေရင်တောင်ကျွန်တော်ကတော့ အစ်ကို့ကို နာကျင်ရအောင် ဘယ်တော့မှပြန်မလုပ်ဘူး။
"အဲ့ဒါ တရားသူကြီး ဂျွယ်ဂျယ်အင်းရဲ့ သားမဟုတ်လား။သူ့အဖေက နာမည်ကြီးပဲလေ"
"ဟုတ်တယ်လေ။ဒါနဲ့ သူနဲ့စကားပြောနဲ့တစ်ယောက်က ဘယ်သူလဲ။သူ့ထက် အသက်ကြီးမယ့်ပုံပဲ"
"တွဲနေကြတာလား"
"ဖြစ်နိုင်တယ်။ဒါပေမယ့် အသက်ချင်း ကွာနေတာကို...."
"ပြီးတော့ ကောင်လေးက ဖအေကိုယ်တိုင်ကတောင် လက်မြှောက်ထားတာတဲ့နော်။သတင်းသဲ့သဲ့ကြားတာက သားအဖနှစ်ယောက်က တစ်အိမ်စီ ခွဲနေတာတဲ့"
"တော်....တော်... မပြောနဲ့တော့။ကြားသွားဦးမယ်"
'ကြားသွားဦးမယ်' ဟုဆိုသော်လည်း ထိုစကားတို့ကို နားပါးသော ဂျွန်ဂျောင်ကုက အစအဆုံးကြားခဲ့ပြီးဖြစ်သည်။သူသည် စိတ်ဆိုးဟန်၊ဒေါသထွက်ဟန် မပြ။ဝိုင်ဖန်ခွက် အပြည့် တစ်ခွက်ပြီးတစ်ခွက် ဆင့်ပြီးသောက်ချလိုက်သည်။
ဆော့ဂျင်သည် မျက်နှာကို ဘေးဘက်လွှဲထားသော်လည်း ထိုကောင်လေးကို မျက်လုံးထောင့်စွန်းကနေ တစ်စွန်းတစ်စ မြင်နေရသည်။
ဘယ်လောက်ပင် ဥပေက္ခာပြုထားချင်သော်လည်း သူ့နှလုံးသားက လက်သင့်မခံ။ဂျောင်ကုကို သူမုန်းချင်သည်။မေ့ပစ်ချင်သည်။သူ့အကြောင်းကို တွေးတိုင်း သူ့ဖခင်ဖြစ်သူ၏ ကောက်ကျစ်မှုကိုပါ တစ်ပါတည်းတွဲပြီး သတိရချင်သည်။ယခုမူ ကောင်လေး၏ မျက်ရည်တစ်စက်ကိုမြင်သည်နှင့် သူ့နှလုံးသားတစ်ခုလုံး ပြာပူထဲကို အရှင်လတ်လတ်ပစ်အချခံရသလို ပူလောင်နာကျင်လာသည်။
သည်ပုံအတိုင်းဆို နောက်ဆုံးမှာ အရှုံးသမားက ကိုယ်ပဲ ဖြစ်တော့မည်ထင်သည်။
"ဆိုင်ကယ်နဲ့ ပြန်မှာမလား။ဘာလို့ အများကြီး သောက်နေတာလဲ"
ထိန်းချုပ်နေသည့် ကြားက သံယောဇဉ်အငွေ့အသက်များသန်းနေသော စိုးရိမ်စကား တစ်ခွန်းသည် မထွေးနိုင်မအန်နိုင် ထွက်ကျသွားသည်။
"ပူမနေနဲ့ ..ဘာဖြစ်ဖြစ်"
ကောင်လေးသည် ဝိုင်အရှိန်ကြောင့်လား။နဂို စိတ်ရင်းခံပဲလားတော့ မသိ။သူ့စကားဆိုလျှင် အမြဲနားထောင်တတ်သော ယုန်လိမ္မာလေး ဘဝကနေ ယုန်တဇွတ်ထိုးလေးဘဝသို့ ချက်ချင်းကူးပြောင်းသွားသည်။
"ပြန်တော့မယ်"
ဂျောင်ကုက ထိုစကားတစ်ခွန်းသာ ပြောပြီးသည်နှင့် လက်ထဲကဖန်ခွက်ကို ဒုန်းကနဲ မြည်အောင်ဆောင့်ချသည်။ထို့နောက် ခပ်မှန်မှန်ခြေလှမ်းများဖြင့် ခြံအပြင်ဘက်က ဆိုင်ကယ်ဆီသို့ ထွက်သွားတော့သည်။
ကောင်လေးချခဲ့သော ဝိုင်ခွက်ကို အကြည့်ရောက်မိတော့ ဘယ်လောက်တောင် ဖျစ်ညှစ်ထားသည်မသိ။ရေခိုးရိုက်နေသော ဖန်သားပြင်ပေါ်တွင် လက်ချောင်းရာက အထင်သား။သူ့ရင်ထဲတွင် စိုးရိမ်စိတ်တွေက လှိုင်းတံပိုးတွေလို နိမ့်လိုက်၊မြင့်လိုက်နှင့်။
𖧷. 𖧷. 𖧷
မွေးနေ့ပါတီ ကျင်းပရာ ခြံနှင့် အတော်ပင်ဝေးလာခဲ့ပြီ။ဝိုင်အရှိန်က အစွမ်းပြနေပြီဖြစ်သော်လည်း အသိစိတ်ကောင်းကောင်း ရှိသေးသည်။လမ်းမီးတိုင် တစ်တိုင်ဘေးတွင် ဆိုင်ကယ်ကို ထိုးရပ်လိုက်ရင်း ဆိုင်ကယ်ဘေးမှာပင် မှီရပ်လိုက်သည်။စီးကရက် တစ်ရှိုက် နှစ်ရှိုက်လောက်ဖွာဖို့ ဂျာကင်အကျီအိတ်ထဲက စီးကရက်ဘူးကို စမ်းကြည့်ပေမယ့် ရှာမတွေ့။အိမ်မှာ ကျန်ခဲ့ပြီထင်သည်။
"အသက်ချင်း ကွာနေတာကို..."
"အသက်ချင်း ကွာနေတာကို.."
ထိုစကားက သူ့အာရုံထဲ အထပ်ထပ် ကြိမ်ဖန်တလဲလဲ ကြားယောင်နေသည်။စိတ်ရှိလက်ရှိ ထ သောင်းကျန်းချင်ပေမယ့် မွေးနေ့ရှင်ကိုရော အကိုယွန်းဂီကိုရော အားနာသမှုကြောင့် သူငြိမ်နေခဲ့သည်။
အစ်ကို့ကို စချစ်မိခဲ့ကတည်းက အသက်အရွယ်ကွာခြားမှုသည် သူ့အတွက် အနည်းငယ်မျှတောင် အဟန့်အတားမဖြစ်ခဲ့။၅နှစ်ဟူသော ကွာခြားမှုသည် ကိန်းဂဏန်းတစ်ခုသာဖြစ်သည်။စိတ်တူကိုယ်တူ ချစ်ကြသော လူသားနှစ်ဦးတွင် အသက်အရွယ်အကွာခြားမှုသည် ကသိကအောက်ဖြစ်ဖို့ မလိုဟု သူထင်သည်။
သူ့ဘဝထဲတွင် ကင်ဆော့ဂျင်ဟူသည့်သူ ဝင်ရောက်လာခဲ့ကတည်းက ရန်ပွဲမှန်သမျှ ရှောင်ခဲ့သည်။အရင်က အဖေနဲ့ပတ်သက်ပြီးဖြစ်ခဲ့သည့် ရန်ပွဲတွေကိုရော၊လူငယ်အချင်းချင်း ရန်ငြိုးရန်စ ရှိခဲ့တာတွေကိုရော တတ်နိုင်သလောက် ဝေးဝေးကရှောင်သည်။
ယခုညတော့ ကံကြမ္မာက ဖန်လာခဲ့ပြီ။
မကြာခင် စူးရှသော ကားမီးရောင်နှင့်အတူ ကားအနီရောင်လေးသည် လမ်းမပေါ် ခပ်ဖြေးဖြေးမောင်းလာသည်။သူ့နှုတ်ခမ်းတွေ ကွေးတက်သွားပြီး လမ်းမအလယ်တည့်တည့်တွင် ပိတ်ရပ်လိုက်သည်။
"ကျွီ....."
ကား ဘရိတ်အုပ်သံနှင့်အတူ ကားပေါ်က ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်သည် သူ့ကိုမြင်တော့ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်သည်။
"ဟေ့...ဘာလုပ်တာလဲ။သေချင်ရင် တခြားသွားသေ။တခြားသူကို အမှုပတ်အောင် မလုပ်နဲ့"
ထိုနှစ်ယောက်ကို သူကောင်းကောင်းသိပါသည်။အကိုယွန်းဂီအလုပ်လုပ်သည့် ကုမ္ပဏီက ဝန်ထမ်းများဖြစ်သည်။အတိအကျပြောရလျှင် မွေးနေ့ပွဲမှာ အတင်းအဖျင်းဆိုခဲ့သော နှစ်ယောက်။အကိုယွန်းဂီဆီကနေ ကားနံပါတ်ကို မသိမသာမေးခဲ့ပြီး စောင့်နေခဲ့ခြင်းဖြစ်သည်။
"ကားမောင်းတဲ့ တစ်ယောက် တဆိတ်လောက် ဆင်းလာပါဦး"
ပါးစောင်ကို လျှာဖြင့် တစ်ချက်ထိုးပြီး ထီမထင်စွာ ဆိုလိုက်သောအခါ ထိုသူက ဘာအထာလဲ ဆိုသည့် သဘောဖြင့် မိုက်တိမိုက်ကန်းကြည့်သည်။
"သြော်...လက်စသတ်တော့ မင်းကိုး"
"ဟုတ်တယ်လေ။အသက် ၅ နှစ်ကွာတဲ့သူနဲ့ တွဲနေတဲ့ တရားသူကြီး ဂျွယ်ဂျယ်အင်းရဲ့ သား"
ထို့နောက် သူကဝုန်းကနဲ ပြေးဝင်ကာ ထိုသူ၏ အကျီကော်လံစနှစ်ဖက်ကို လက်ဖြင့်ဆွဲဆုပ်ထားပြီး ကားတံခါးမှာကပ်ပစ်လိုက်သည်။ကားထဲက မိန်းကလေး၏ အထိတ်တလန့်အော်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် စူးရှစွာထွက်ပေါ်လာသည်။
"အ့...မင်း....မင်း...လွှတ်စမ်း.."
"ပြော...ပြောစမ်း.ကျုပ်ချစ်သူနဲ့ ကျုပ်နဲ့အသက်ချင်းကွာတော့ ဘာဖြစ်လဲ။တိတိကျကျပြောရရင် ၅နှစ်ကွာတယ်။၅နှစ်ကွာတော့ ဘာဖြစ်လဲ။မချစ်ရတော့ဘူးလား..ဟမ်...ပြောလေ"
"မ...မဟုတ်ပါဘူး.. အဟွတ်..."
ပိုပြီး အင့်ကျပ်လာသော လည်ပင်းကြောင့် ထိုသူ့မှာ စကားတောင်ကောင်းကောင်းမပြောနိုင်။ထိုးဖို့ ရွယ်လာတဲ့ လက်တွေကို ဂျောင်ကုက ပိတ်ချုပ်လိုက်သည်။အကျီကော်လံစကို အားထည့်ပြီး ဆွဲညှစ်လိုက်သောအခါ ထိုသူ့မှာ မျော့နေသော ပုရွက်ဆိတ်တစ်ကောင်လို ယက်ကန်,ယက်ကန်ဖြစ်နေတော့သည်။
"တောင်း...တောင်းပန်ပါတယ်...နောက်..မပြော...အဟွတ်"
"နောက်ထပ် အာချောင်ရင် မလွယ်ဘူးမှတ်"
ကားပေါ်က မိန်းကလေးကိုပါ ရည်ရွယ်ရင်း သူသတိပေးလိုက်သည်။ထို့နောက် ထိုသူ့ကိုဆောင့်တွန်းပစ်လိုက်ပြီး ကားတံခါးကိုပါ ခြေထောက်ဖြင့် တစ်ချက် ဆောင့်ကန်လိုက်သည်။
"တောက်!!အလကား ဟာတွေ"
𖧷 .𖧷 .𖧷
မိုးရနံ့ပါသော လေကြမ်းတစ်ချို့ တစ်သုတ်,နှစ်သုတ် တိုက်ခတ်သွားပြီးသည့်နောက် တိမ်ညိုတစ်စုသည် ပြည့်ဝိုင်းနေသော လမင်းကိုဖုံးအုပ်သွားသည်။မည်းနက်နေသော မိုးသားတိမ်လိပ်များသည် ဘယ်အချိန်ကတည်းက ရွာဖို့ချောင်းနေသည် မသိ။မျက်တောင် တစ်ဖျတ်ခတ်လောက်ချိန်တွင် ပြိုကျသလို ဝုန်းကနဲရွာတော့သည်။
မွေးနေ့ပွဲလည်း အပြီး၊မိုးလည်းအရွာမို့ ကံကောင်းသည်ဟု ပြောရမည်။ကားရှေ့မှန်ကို ခမ်ကြမ်းကြမ်းရိုက်ခတ်နေသော မိုးရေများကြောင့် သတိထားမောင်းနေရသည်။ကားမီးရောင်၏ အကူအညီဖြင့် လမ်းဘေးဝဲယာတစ်ဖက် တစ်ချက်ကို ကြည့်ဖို့ကိုလည်း သူမမေ့။
ကောင်လေးများ မိုးရေထဲ ရပ်စောင့်နေမလားဟု ရူးကြောင်ကြောင်အတွေးကို တွေးမိသည်။အခုလောက်ဆိုရင်တော့ အိမ်ကိုတန်းတန်းမတ်မတ် ပြန်ရောက်လောက်ပြီထင်ပါသည်။ပြန်သွားတာ ကြာမှပဲ။
ည၏ အမှောင်စွမ်းအားကို ဝင်းကနဲလက်သွားသော လျှပ်စီးကြောင်းက အနိုင်ယူသွားသည်။လျှပ်စီးကြောင်းကို သူမကြောက်။သူကြောက်သည်က မိုးချုန်းသံ။အိမ်မှာသာဆိုလျှင် အိမ်ပြတင်းပေါက်တွေ အကုန်ပိတ်ပြီး စောင်ပုံထဲ သူကွေးနေပေလိမ့်မည်။လူသွားလူလာပြတ်သော ကားလမ်းမပေါ်မှာမိုးချုန်းသံ တစ်ခါကြားတိုင်း ကြောက်စိတ်တော့ဝင်မိသည်။
ခြံရှေ့သို့ ရောက်သည့်အခါ ကပျာကယာပဲ ေမာင်းဝင်လိုက်သည်။တစ်အိမ်လုံး မှောင်မဲနေသည်မို့ မီးမဖွင့်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်သည်။
တစ်ဝက်တစ်ပျက် စိုသွားသော ဆံပင်ပေါ်က ရေမှုန်ရေမွှားများကို ဆတ်ကနဲခါထုတ်လိုက်ရင်း တံခါးဖွင့်ဖို့ လက်အလှမ်းတွင် လျှပ်စီးရောင်ကြောင့် ဝင်းကနဲ ဖြစ်သွားသည်။
"အမယ်လေး "
ဖျတ်ကနဲ လင်းသွားသော အလင်းရောင်အောက်တွင်အိမ်ရှေ့တံခါးဘေးမှာ ငုတ်တုတ် ထိုင်ပြီး ေခါင်းငိုက်စိုက်ချထားသည့် လူတစ်ယောက်။သူ့အသံကြားတော့ ခေါင်းမော့ကြည့်လာသည်။
"ပြန်လာပြီလား"
ထိုအသံက မှားနိုင်ဖွယ်ရာမရှိ။နှစ်ယောက်မရှိနိုင်သော ဂျွန်ဂျောင်ကု၏ အသံ။
ဆော့ဂျင်သည် ဒေါသဖြစ်ဖို့ ရည်ရွယ်လိုက်သော်လည်း စိတ်အေးသွားရခြင်းနှင့်အတူ ပျော်ရွှင်သည့် စိတ်ကသာ အနိုင်ယူသွားသည်။
မူးမူးရူးရူးနဲ့ ဆိုင်ကယ် accident တွေဘာတွေ ဖြစ်မှာ စိုးရိမ်နေခဲ့တာ။
"အိမ်မပြန်ဘူးလား"
"ပြန်စရာ အိမ်မှမရှိတာ"
မဆီလျော်သော စကားကြောင့် ဆော့ဂျင်က မျက်စောင်းတစ်ချက်ဖြင့် ကြည့်လိုက်ရင်း မီးခလုတ်တွေကို လိုက်ဖွင့်သည်။
မီးရောင်အောက်မှာ အသေအချာကြည့်မိတော့မှ ကောင်လေးက တစ်ကိုယ်လုံး မိုးရေတွေစက်စက်ကျနေတာ။ထီးယူဖို့ အမြဲဝိရိယနည်းတဲ့ အဆိုးလေး။
"တစ်ကိုယ်လုံးလည်း စက်စက်ကျနေပြီ။ရော့.. ဒါနဲ့သုတ်လိုက်"
ဆော့ဂျင်က ဂျောင်ကုရှိရာသို့ တဘက်အကြီးကြီးတစ်ထည် ပစ်ပေးလိုက်သည်။သို့သော် သူက ယူပြီးသည်နှင့် ဆော့ဂျင်အနားကို တိုးကပ်လာသည်။
"သုတ်ပေး.."
မိုးအေးသည့်အခါတိုင်း ဆော့ဂျင်၏ အကျင့်က ကော်ဖီပူပူလေး တစ်ခွက်ကို မဖြစ်မနေသောက်တတ်လေ့ရှိသည်။ကော်ဖီတစ်ငုံလောက် သောက်ရင်း နားထောင်ရသည့် မိုးစက်ကျသံများက သူ့အတွက်မငြီးငွေ့နိုင်သော သံစဥ်တစ်ခုဖြစ်သည်။
ယခုမှု ကောင်လေး၏ စကားကြောင့် သူ့လက်တွေ တန့်သွားသည်။တစ်ပတ်လောက်ထိ ဝေးကွာခဲ့ပြီးမှ ပထမဦးဆုံးပြန်တွေ့သည့်အခါတွင် ကြားဖူးနေကျအသံက ရိုးမသွားဘဲ ရင်ခုန်သံအသစ်ကို ဖြစ်ပေါ်စေသည်။
ယွန်းဂီတို့အတွဲ ခဏခဏရန်ဖြစ် စိတ်ကောက်ပြီး၍ ပြန်တည့်သွားကြသည့် အခါမျိုးတွင် အရင်ကထက်နှစ်ဆလောက် ပိုပြီးတီတီတာတာချစ်ခင်နေတတ်သည်။ထိုအခါမျိုးတွင် ဆော့ဂျင်က နှာခေါင်းရှုံ့ဖူးသည်။ဘာကြောင့် အရင်ကထက် ပိုပြီး သည်းသည်းလှုပ်ချစ်နေကြသည်ကို သူမစဥ်းစားတတ်ခဲ့။
ယခုမူ သူကိုယ်ချင်းစာတတ်သွားခဲ့ပြီ။
"ေရသုတ်ပေးလို့...အစ်ကို"
သူမကြားဘူးထင်၍ ကောင်လေးက နောက်တစ်ခေါက်ထပ်ပြောသည်။
"ကိုယ့်လက်နဲ့ ကိုယ့်ဘာသာ သုတ်ပါလား"
"မလုပ်တတ်ဘူး"
"မင်းကလေ..တကယ်ပဲ"
နှုတ်ခမ်းပါးကလေးကို အနည်းငယ်စူပုတ်ပုတ်လုပ်ပြီး ဂျစ်တိုက်နေလျှင် သူမနေသာတော့။ဖျော်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်အသာအယာချလိုက်ပြီး ကောင်လေးခေါင်းပေါ်ကို သဘက်ဖြင့် အုပ်လိုက်သည်။
တခြားကြောင့်တော့ မဟုတ်ပါ။ကောင်လေး နေမကောင်းဖြစ်မှာစိုးလို့။
"ချစ်တယ်"
ရေသုတ်ခိုင်းခြင်းက အယောင်ပြသဘောဖြင့် ထောင်ချောက်ဆင်ထားသည်ကို ဆော့ဂျင် ရိပ်မိသည့်အချိန်တွင် နောက်ကျသွားခဲ့ပြီ။သူသည် ကောင်လေး၏ ရင်ခွင်ထဲတွင် ကျိုးကြေလုမတတ် အဖက်ခံလိုက်ရပြီ။
"မင်း...ဖယ်..."
"အစ်ကို ကျွန်တော့်ကို ချစ်တယ်မဟုတ်လားဟင်။ခုနကပြောခဲ့တာတွေက အမှန်မဟုတ်ဘူးမလား"
"အဲ့ဒါ အမှန်တွေ"
ဂျောင်ကုသည် သူ့စကားတွေကို ပန်းနှင့်ပေါက်သည်ဟု ထင်ပုံရသည်။သူ့ရင်ဘတ်တွေဆီကို ခေါင်းကို နိမ့်လိုက်ရင်း ခါးကိုပြောင်းဖက်သည်။ထို့နောက် နှုတ်ခေါင်းလုံးလုံးက တရှုံ့ရှုံ့ဖြင့် ရင်ဘတ်တွေကို နမ်းေတာ့သည်။
"ရတယ်။မချစ်လည်းနေ...ကျွန်တော်ကပဲ ချစ်မယ်လေ။အစ်ကိုက အချစ်ခံပေါ့...အဲ့ဒီလိုရော မဖြစ်ဘူးလား"
"မသိဘူး..ဖယ်ပေး..ငါမနေတတ်ဘူး"
"ဟင့်အင်း မဖယ်ဘူး။အရမ်းလွမ်းနေတာ။တစ်ပတ်လုံးလုံး အခန်းအောင်းပြီး မအိပ်နိုင် မစားနိုင်နဲ့။စီးကရက်တွေ သောက်တတ်နေပြီ။အစ်ကိုက ဖုန်းကိုစက်ပိတ်ထားတော့ အသံလည်းမကြားရ။လာမတွေ့ရဲတော့ မျက်နှာလည်း မမြင်ရနဲ့ လွမ်းလိုက်တာ ရူးမလိုပဲ"
ဆော့ဂျင် ငြိမ်ကျသွားသည်။ကောင်လေးက ဘာပြန်ပြောရမှန်းမသိ။ဆန့်ကျင်ဘက် စကားတွေအများကြီး ပြောချင်ပေမယ့် သူ့နှလုံးသားက သစ္စာဖောက်စွာ တစ်ခွန်းမှ ပြောမထွက်ဖြစ်ခဲ့။ပြောမယ်ကြံတိုင်း လည်ချောင်းဝမှာပင် တစ်ဆို့ပျောက်ကွယ်သွားသည်။
"မပိုင်ဆိုင်ရလည်း ဖြစ်တယ်။အဝေးကပဲ ချစ်မယ်ဆိုတာတွေက ရုပ်ရှင်တွေထဲ ဝတ္တုစာအုပ်တွေထဲ မှာပဲ ရှိတယ် အစ်ကိုရဲ့။ချစ်ပြီ ဆိုကာမှတော့ ကျွန်တော်က မပိုင်ပိုင်အောင်,မဆိုင်ဆိုင်အောင် လုပ်မှာ။လွယ်လွယ်နဲ့ လက်လျော့မယ်မထင်နဲ့။ကျွန်တော်ပြောတာ နားလည်တယ်မလား"
"မင်း တော်တော် ဆိုးပါလား"
ထိုစဥ် သူ့ရင်ဘတ်က အကျီပေါ်မှာ ပူနွေးနွေးအရည်တစ်ချို့ စိုစွတ်သွားသည်။ဂျောင်ကုခေါင်းက မိုးရေစက်တွေ မဟုတ်တာတော့ သေချာသည်။မသက်ာလို့ ငုံ့ကြည့်တော့ မှိတ်ထားတဲ့ မျက်တောင်ဖျားမှာ မျက်ရည်စတွေ။
"နောက်လည်း အဆမတန် ဆိုးဦးမှာ"
"ဆိုးမယ် ဆိုရင်တော့ ငါနဲ့ဝေးဝေးမှာနေပေတော့"
"အစ်ကို လက်ထပ်ရအောင်"
ထိုစကားက သူမကြားချင်ဆုံးသော စကား။အကြောက်ဆုံး စကား။ယောက္ခမတော်ရမည့် ထိုသူနှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။
ကိုယ်က သူ့သားနဲ့သက်ဆိုင်လာတဲ့အခါကျရင် မျက်နှာချင်းမဆိုင်ချင်လည်း ဆိုင်ရတော့မှာ။မပတ်သက်ချင်လည်း ပတ်သက်ရတော့မှာ။ဟင့်အင်း...ငါမလုပ်နိုင်ဘူး ဂျောင်ကု။
"ကျွန်တော် အရက်လည်းမသောက်ဘူး။စီးကရက်လည်း မသောက်ဘူး။ရန်လည်း မဖြစ်တော့ဘူး။အစ်ကို့ကို စိတ်ဆင်းရဲအောင်လည်း မလုပ်ဘူး။လိမ္မာပါ့မယ်"
"ဘယ်လို လောကဓံပဲ ဖြစ်ဖြစ် ကျွန်တော့်ဘေးမှာ အစ်ကိုသာရှိနေရင် ကျွန်တော်ရင်ဆိုင်ရဲတယ်။အစ်ကို စိတ်ဆိုးနေတဲ့အခါ တိတ်တိတ်လေးနေပေးပြီး အစ်ကိုပင်ပန်းတဲ့အခါ ကျွန်တော့်လက်မောင်းက အစ်ကို့အတွက် ေခါင်းအုံးလေးတစ်ခုလိုရှိနေပေးမယ်။အစ်ကို့ကို အရမ်းချစ်တယ်။ဘယ်သူနဲ့မှ မတူတဲ့အချစ်မျိုးနဲ့ ချစ်တယ်။မခွဲချင်တော့ဘူး"
သူ့ရင်ထဲက ငြင်းဆန်လိုသည့် ဆန္ဒအားလုံးကို ဂျောင်ကုက တစ်ချက်တည်းဖြင့် ချုပ်သွားသည်။အတွေးတွေ ကယောက်ကယက်ဖြင့် ဆောက်တည်ရာမရဖြစ်နေတုန်း ေကာင်လေးလက်တွေက သူ့ကိုယ်ပေါ်က ဖယ်ခွာသွားသည်။
"အစ်ကို မဖြေနိုင်ေတာ့ဘူး မဟုတ်လား။ကျွန်တော် ပြန်တော့မယ်။နောက်နေ့တွေလည်း ကျွန်တော့်မျက်နှာ မမြင်စေရဘူး "
ဂျောင်ကုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချကာ ခြံရှေ့ကို ထွက်သွားသည်။နောက်ကြောင်းကို တစ်ချက်မှလှည့်မကြည့်။နှာခေါင်းထိပ်ဖျားတွေ နီရဲသည်အထိ မျက်ရည်ကြိတ်ကျနေဟန်တူသည်။တံခါးအပြင်ဘက်ရောက်တော့ မျက်ရည်ခိုးသုတ်လိုက်တာကို ဆော့ဂျင်က မြင်ဖြစ်အောင်မြင်လိုက်သေးသည်။
ထိုအခိုက်တွင် သူ့အာရုံထဲ ဗလာဟင်းလင်းဖြစ်သွားသည်။ဂျွန်ဂျောင်ကုဟူသည့် လူတစ်ယောက်ကလွဲပြီး သူဘာမှသိလည်းမသိချင်၊ကြားလည်း မကြားချင်။ရင်ထဲက လှိုက်တက်လာသည့် အမျိုးအမည်မသိသော ခံစားချက်ကို စကားလုံးအဖြစ် ပြောင်းလဲဖန်တီးပစ်လိုက်ချင်သည်။ယခုတစ်ခါ မပြောလိုက်ရလျှင် နောင်လည်း ဘယ်တော့မှ ပြောဖြစ်တော့မည်ဟု မထင်ရလောက်အောင် သူ့ဆန္ဒက ထိန်းမရသိမ်းမရအောင် ပြင်းပြလာသည်။
"ဟင့်အင်း...မဖြစ်ဘူး။မသွားနဲ့ဦး..."
သူ့ဘဝတစ်သက်တွင် တစ်ခါမှ မလုပ်ဖူးသောအလုပ်၊တစ်နည်းအားဖြင့် ဘယ်သောအခါမှလည်း လုပ်ဖြစ်မည်ဟုမထင်သည့်အလုပ်။
သူ့ခြေထောက်မှာ ဖိနပ်ပါရဲ့လားတောင် သတိမထားမိတော့။ခြံရှေ့ကို သတိလက်လွတ်ဖြင့် ပြေးထွက်သွားမိသည်။မိုးကလည်း မတိတ်သေး။အဆက်မပြတ် ရွာနေသေးသည်။
အရာအားလုံးကို လွှတ်ချချင်သည်။အမုန်းတွေရော အာဃာတတရားတွေကိုရော ဘာဆိုဘာမှ ဖက်တွယ်မထားချင်။
နှလုံးသား၏ ဆန္ဒအတိုင်း ရင်ထဲက ဝန်ထုပ်ဝန်ပိုးတစ်ခုကို ကျေကျေနပ်နပ်ဖြင့် လွှတ်ချမိစဥ် ထိုခဏတွင်...
"ဂျောင်ကု..."
ဆိုင်ကယ်ပေါ် တက်မည့်ဆဲဆဲ ကျောပြင်က ဆော့ဂျင် အသံကြောင့် လှည့်ကြည့်လာသည်။
ဆံပင်ဖျားတွေကတဆင့် စီးကျလာသော မိုးရေများကြောင့် သူ့မျက်လုံးတွေ စုံမှိတ်ထားလိုက်မိသည်။ဝင်းကနဲ လက်သွားသော လျှပ်စီးကိုလည်း သူမကြောက်။
သူ့အသံသည် မိုးထစ်ချုန်းနေသည့် ကြားမှပင် ဂျောင်ကုကြားနိုင်လောက်သည် အထိ။
"လက်ထပ်မယ်။ငါလည်း မင်းကို ချစ်တယ်။လက်ထပ်ကြရအောင်"
~~~~~~~~~~~~~~~//~~~~~~~~~~~~~
AN. အချိုတွေချည်းပဲ စားနေကြရလို့မအီသွားကြပါနဲ့ဦး။အရသာမျိုးစုံလာပါတော့မယ် 😉
..
Thanks for your reading & votingRiona🌼
....Zawgyi------------
သိပ္မၾကာေသးခင္ကမွ ေဆးသုတ္ထားေသာ ႏို႔ႏွစ္ေရာင္ ႏွစ္ထပ္တိုက္ပုေလးသည္ မီးေရာင္စုံမ်ားေအာက္တြင္ အေရာင္တစ္မ်ိဳးဟပ္ကာ ၾကည့္ေကာင္းေနသည္။တစ္ျခံလုံးတြင္ကား အစိမ္းေရာင္ျမက္ခင္းႏုမ်ားက တစ္ခြင္တစ္ျပင္ ေနရာယူထားသည္။
ျခံေ႐ွ႕မွ အိမ္ေ႐ွ႕အထိ လမ္းတစ္ေလွ်ာက္ကိုမူေ႐ႊေရာင္ပူေဖာင္းမ်ားႏွင့္ အစိမ္းရင့္ရင္ ပူေဖာင္းမ်ားကို လွိမ္ယွက္ၿပီး အသည္းပုံသ႑ာန္ ပုံေဖာ္ထားသည္က တစ္မ်ိဳးအျမင္ဆန္းသစ္ေနသည္။
ြေရာင္စုံဆလိုက္မီးမ်ား ၾကားတြင္ ေ႐ႊေရာင္စားပြဲခင္းမ်ား ခင္းထားေသာ ခုံဝိုင္းမ်ားက ခပ္က်ဲက်ဲေနရာယူထားသည္။သိပ္အမ်ားႀကီးေတာ့ မဟုတ္။တစ္ဝိုင္းလွ်င္ ထိုင္ခုံေလးခုံသာ ခ်ထားေသာ စားပြဲဝိုင္း ၅ဝိုင္း။
လူအေယာက္ ၂၀ခန္႔ျဖင့္သာ ဖိတ္ထားေသာ ထိုေမြးေန႔ပြဲသည္ အေနာက္တိုင္းေတးဂီတသံစဥ္မ်ားျဖင့္ ဝုန္းဒိုင္းႀကဲမေနဘဲ ၿငိမ့္ေညာင္းေသာ တေယာသံၾကားတြင္ ေအးခ်မ္းတိတ္ဆိတ္ေနသည္။
ေမြးေန႔ပြဲလာသူမ်ားက ယြန္းဂီ၏ လုပ္ေဖာ္ကိုင္ဖက္တစ္ခ်ိဳ႕ႏွင့္ ဂ်ီမင္း၏ သူငယ္ခ်င္းတစ္ခ်ိဳ႕သာျဖစ္ေသာေၾကာင့္ လူငယ္ဆန္ေသာ အရိပ္အေငြ႕မ်ားႏွင့္အတူ ေသာၾကာေန႔ညသည္ အိမ္မက္ဆန္စြာလွပေနသည္။
ျခံေ႐ွ႕က အေရာင္မ်ိဳးစုံ ဒီဇိုင္းမ်ိဳးစုံကားမ်ားၾကားတြင္ စီးေတာ္ယာဥ္ျဖစ္ေသာ ဆိုင္ကယ္ေလးကို ေဂ်ာင္ကုကထိုးရပ္လိုက္သည္။သူမ်ားေတြလို ကားေမာင္းခ်င္သည္။အထူးသျဖင့္ အစ္ကို႔ကို ေဘးမွာထားျပီး ၿမိဳ႕အႏွံ႔ ကားေလးႏွင့္ပတ္ခ်င္သည္။လူ႐ွင္းသည့္ ေနရာေရာက္လွ်င္ အစ္ကို႔လက္ဖမိုးတစ္ဖက္ကို ဆုပ္ကိုင္ရင္း အခ်စ္စကားေတြ တီတီတာတာ ေျပာခ်င္သည္။
စိတ္ကူးႏွင့္ အၿမဲတမ္း႐ူးသြပ္ခဲ့ရသည့္ အခ်ိန္မ်ားကို အေကာင္အထည္ေဖာ္ဖို႔ အႀကိမ္ႀကိမ္အားတင္းၿပီး ကားေမာင္းဖို႔ႀကိဳးစားခဲ့ပါသည္။သို႔ေသာ္ စူးေအာင့္ၿပီး ပူေလာင္တင္းက်ပ္လာေသာ ေဝဒနာကို သူမလြန္ဆန္ႏိုင္ခဲ့ပါ။မတတ္သာသည့္အဆုံးေတာ့ ဘယ္ေနရာကိုသြားသြား လက္စြဲေတာ္ဆိုင္ကယ္ေလးကိုပဲ အားကိုးအားထားျပဳရသည္။
"ေဟာ ေဂ်ာင္ကု...လာ"
သူ႕ပခုံးေပၚ လာဖက္ေသာ အကိုယြန္းဂီက ဆံပင္ေငြမွင္ေရာင္ႏွင့္ လိုက္ဖက္စြာ ဝတ္ဆင္ထားေသာ suitအျဖဴေရာင္ေၾကာင့္ည၏ အလယ္တြင္ ထင္းေနသည္။
"အကိုယြန္းဂီ....ဟိုေလ..."
ျခံထဲမဝင္ခင္ ေဂ်ာင္ကုေျခလွမ္းေတြ ရပ္သြားသည္။ထို႔ေၾကာင့္ ယြန္းဂီလည္း ပခုံးဖက္လ်က္သားႏွင့္ ေဂ်ာင္ကုအတူရပ္လိုက္သည္။
"ေျပာ..ဘာလဲ"
"သူ......."
တိုးဖ်ေသာ အသံက ဆက္မေျပာဘဲ တစ္လုံးတည္းေသာ နာမ္စားတြင္ အဆုံးသတ္သြားသည္။တိုေတာင္းေသာ စကားလုံးတစ္လုံးပင္ ျဖစ္ေသာ္ျငား ထိုစကားလုံး၏ ေနာက္တြင္ ထုထည္ႀကီးမားေသာေမးခြန္းေပါင္းေျမာက္မ်ားစြာ ႐ွိသည္။
ရင္ဆိုင္ဖို႔အတြက္ အဆင့္သင့္ျဖစ္ဟန္မတူေသးေသာ မ်က္ဝန္းမ်ားသည္ ယြန္းဂီ၏ မ်က္ဝန္းနက္မ်ားထဲသို႔ လိုက္ၾကည့္ရင္း သူလိုခ်င္ေသာ အေျဖကို႐ွာဖို႔ႀကိဳးစားသည္။
ယြန္းဂီက မ်က္လုံးေတြတဖ်တ္ဖ်တ္ခတ္ရင္း ေဂ်ာင္ကုေက်ာျပင္က်ယ္ေပၚ အသာအယာပုတ္လိုက္သည္။ႏွစ္သိမ့္သည့္သေဘာ၊တစ္နည္းအားျဖင့္ အားေပးသည့္ သေဘာလည္းျဖစ္သည္။
"သူ ေရာက္ႏွင့္ေနၿပီ။အေျခအေနကေတာ့ ေအးေအးေဆးေဆးပဲ။မင္းတို႔ႏွစ္ေယာက္ အခုညေျပလည္ေအာင္ ေျဖ႐ွင္းလိုက္ၾက။ကံေကာင္းပါေစ ေဂ်ာင္ကု"
ထိုအခါ ေဂ်ာင္ကုသည္ သံပတ္ေပးလိုက္ေသာ စက္႐ုပ္လို Helmet ေၾကာင့္ အနည္းငယ္ဖြာလန္ႀကဲသြားသည့္ ဆံပင္မ်ားကို လက္ျဖင့္ ကေရာေသာပါး ပုံသြင္းလိုက္သည္။
ယြန္းဂီက အျမင္ကပ္ခ်င္ဟန္ေဆာင္ကာ ခပ္ျပဳံးျပဳံးျဖင့္ မ်က္ေမွာင္ၾကဳတ္ၾကည့္သည္။
"ေဟ့ေကာင္..ပဲမ်ားမေနနဲ႔။သူ႕လူႀကီး လာတယ္လိုဆိုေရာ ခ်က္ခ်င္း အလွေတြထျပင္ေတာ့တာပဲ"
"မဟုတ္ပါဘူး "
မ်က္ႏွာေအာက္ငုံ႔ၿပီး ေဂ်ာင္ကုက ျပဳံးသည္။ပါးလွပ္ေသာ အေပၚႏႈတ္ခမ္းပါးေလးသည္ ျပဳံးလိုက္ေသာအခါ ပို၍ ပါးသြားၿပီး ေ႐ွ႕သြားႀကီးႀကီးႏွစ္ေခ်ာင္းက ခ်စ္စဖြယ္ ေပၚထြက္လာသည္။
"ျဖစ္ေနတာ ႐ုပ္ကိုက.. ခုနကေတာ့ ျဖဴဖပ္ျဖဴေရာ္နဲ႔ "
ယြန္းဂီက ေဂ်ာင္ကုမ်က္ႏွာကို မရမကလိုက္ၾကည့္ရင္း အရယ္တစ္ဝက္ႏွင့္အတူ ပခုံးကိုဖ်စ္ညႇစ္လိုက္သည္။သူငယ္ခ်င္းျဖစ္သူႏွင့္ ပတ္သက္ၿပီး သိခြင့္ရေသာ ထိုေကာင္ေလးကို အငယ္ဆုံးညီငယ္ေလးသဖြယ္ ခ်စ္စႏိုးျဖင့္ ခ်စ္ရပါသည္။
ေဂ်ာင္ကုသည္ စားပြဲဝိုင္းေတြၾကား ေျခခ်မိသည္ႏွင့္ ဟန္မေဆာင္ႏိုင္စြာ မ်က္လုံးကစားၾကည့္လိုက္သည္။
"အစ္ကို "
တစ္ဦးတည္း ၾကားႏိုင္ေလာက္ေသာ အသံက သူ႕ႏႈတ္မွ ခပ္တိုးတိုးေလး ထြက္သြားသည္။
တစ္ပတ္ေက်ာ္အထိ ေအာင့္သီးေအာင္္႕သက္ မခ်ိမဆန္႔ခံစားခဲ့ရေသာ ေဝဒနာ၏ ေျပရာေျပေၾကာင္း အရင္းအျမစ္ကေလးသည္ ေထာင့္စြန္းစားပြဲဝိုင္းတြင္ ထိုင္ေနသည္။
မ်က္လႊာေအာက္ခ်ၿပီး လက္ထဲက ဝိုင္ခြက္ကိုသာ အၾကည့္ပို႔ထားပုံက ကၠေႁႏၵရၿပီး တည္ၿငိမ္ရင့္က်က္သည့္ အသြင္ကိုေဆာင္သည္။
ရက္အေတာ္ၾကာ ညိႇဳးႏြမ္းေနခဲ့ရေသာ သူ႕စိတ္သည္ အစ္ကို႔ကို ျမင္သည္ႏွင့္ တိမ္လိုေလလို အေငြ႕ပ်ံသြားသည္။အရင္လို 'အစ္ကို'ဟုေခၚကာ ရင္ခြင္ထဲ ဖက္ထားခ်င္ေပမယ့္ လက္ေတြ႕မွာေတာ့ အစ္ကို႐ွိရာကို ေျခတစ္လွမ္းေ႐ြ႕ဖို႔ေတာင္ အႏိုင္ႏိုင္ အားယူေနရသည္။
"ေဟာ ေဂ်ာင္ကု...."
ၾကက္ေသြးေရာင္ suitအျပည့္အစုံႏွင့္ ေမြးေန႔႐ွင္ ဂ်ီမင္းက သူ႕ကို႔ျမင္ေတာ့ လာႏႈတ္ဆက္သည္။အကိုယြန္းဂီကေတာ့ ေဘးကေန ကိုယ္ရံေတာ္သဖြယ္ ဂ်ီမင္းသြားရာေနာက္ ကပ္ပါလာသည္။
"Happy Birthday ဂ်ီမင္း။ေမြးေန႔ကစၿပီး တစ္ဘဝလုံး ေပ်ာ္႐ႊင္ရပါေစဗ်ာ"
"ေက်းဇူးပါ ေဂ်ာင္ကု။ေအးေအးေဆးေဆးမွ ျပန္ေနာ္"
"ကဲ baby ေရ။ဟိုဘက္ဝိုင္းကို သြားႏႈတ္ဆက္လိုက္ပါဦး"
ယြန္းဂီက စကားစကို ျမန္ျမန္ျဖတ္လိုက္ၿပီး ေဂ်ာင္ကုကို မ်က္စပစ္ၿပီး အခ်က္ေပးသည္။
"ျမန္ျမန္သြားေလ..ဘာလုပ္ေနတာလဲ "
ေဘးကေန ပခုံးစြန္းကိုတိုက္ၿပီး ခပ္တိုးတိုး သတိေပးသြားတဲ့ အကိုယြန္းဂီေၾကာင့္ သူ႕ေျခေထာက္ေတြ ေ႐ွ႕ကိုတစ္လွမ္းေ႐ြ႕သြားသည္။
ထို႔ေနာက္တြင္မူ ခႏၶာကိုယ္မွ႐ွိသမွ် အင္အားမ်ားကို ေျခေထာက္ႏွစ္ေခ်ာင္းဆီသို႔ ပို႔လႊတ္ကာ အစ္ကို ထိုင္ေနရာစားပြဲဝိုင္းဆီသို႔ တစိုက္မတ္မတ္ေလွ်ာက္သြားလိုက္သည္။
𖧷. 𖧷. 𖧷
ျပင္း႐ွ႐ွအရသာက လွ်ာဖ်ားမွ တစ္ဆင့္ ျဖတ္ေက်ာ္ၿပီး လည္ေခ်ာင္းထဲထိ တရိပ္ရိပ္ပူဆင္းသြားသည္။ထို႔ေနာက္ ေႏြးကနဲ ပူသြားေသာ ခံစားခ်က္။
ေဆာ့ဂ်င္သည္ ထိုအရသာကို တစိမ့္စိမ့္ခံစားရင္း ဖန္ခြက္ထဲက ဝိုင္ကို တစ္ငုံခ်င္းစီ အရသာခံေသာက္ေနမိသည္။
ထိုခဏအတြင္း ၾကည္လင္ေနသည့္ ဖန္ခြက္မ်က္ႏွာျပင္ေပၚတြင္ တစ္စုံတစ္ေယာက္၏ အရိပ္က ထင္ဟပ္လာသည္။ခပ္ေသာ့ေသာ့ ေလွ်ာက္လာေသာ ဖိနပ္သံသည္ သူ႕ေ႐ွ႕တည့္တည့္မွာ တိကနဲရပ္သြားေသာအခါ ႏႈတ္ခမ္းေထာင့္ေတြ ေကြးတက္သြားသည္။
သို႔ေသာ္ ထိုအျပဳံးသည္ ၾကာ႐ွည္မခံ။လက္ထဲက ဝိုင္ခြက္ကို စားပြဲေပၚခ်လိုက္သည္ႏွင့္ ေအးစက္စက္ ႏႈတ္ခမ္းတစ္စုံက အစားထိုးဝင္ေရာက္လာသည္။
ေနာက္ဆုံးေတာ့ မင္းလာၿပီေပါ့။
"အစ္ကို "
ေဂ်ာင္ကု မရဲတရဲေခၚရင္း မ်က္ႏွာခ်င္းဆိုင္က ထိုင္ခုံမွာဝင္ထိုင္လိုက္သည္။အနည္းငယ္သြယ္က်သြားေသာ မ်က္ႏွာက်ပုံကလြဲၿပီး အစ္ကိုက အရင္ပုံစံအတိုင္း မေျပာင္းလဲ။
"လြမ္းလိုက္တာ အစ္ကိုရာ"
မ်က္ေတာင္မခတ္ဘဲ ၾကာျမင့္စြာ စိုက္ၾကည့္ေနသည့္ မ်က္ဝန္းမ်ားသည္ သူထင္ထားသည္ထက္ ပိုၿပီးေအးစက္ေနသည္။
"ဂြၽန္ေဂ်ာင္ကု"
"ဗ်ာ "
"ငါ မင္းအေပၚ ခံစားခ်က္႐ွိေနေသးတယ္လို႔ ထင္ေနတာလား"
အစ္ကို႔ရဲ႕ လွ်ပ္တစ္ျပက္ ေမးခြန္းကို သူ႐ုတ္တရက္ ျပန္မေျဖႏိုင္။ေျဖဖို႔ ယုံၾကည္ခ်က္မ႐ွိတာဆိုလွ်င္ ပိုမွန္ေပလိမ့္မည္။ခြၽန္ျမေနေသာ ဆူးတစ္ေခ်ာင္းလို သူ႕ႏွလုံးသား တည့္တည့္ဆီ ဦးတည္ထိုးစိုက္သြားသည့္ ထိုေမးခြန္းသည္ ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သြားႏိုင္ေစသည္။
"ေသခ်ာတာတစ္ခုက အစ္ကို႔အေပၚကိုေတာ့ ကြၽန္ေတာ္ခံစားခ်က္ ႐ွိေနတုန္းပဲ။အဲ့ဒီခံစားခ်က္ကလည္း ဘယ္ေတာ့မွလည္း ေပ်ာက္ပ်က္သြားမွာ မဟုတ္ဘူး"
"ၿပီးေတာ့ေရာ.."
အစ္ကိုက ဝိုင္ခြက္ကို လွည့္ပတ္ကစားရင္း ပ်င္းရိၿငီးတြဲစြာ ေမးသည္။သူ႕ ရင္ထဲ ဆစ္ကနဲ နာသြားသည္။
"အခု ကြၽန္ေတာ္႕ကို ေလွာင္ေနတာလား။အဲ့ဒီလို ဆက္လုပ္ေနရင္ ကြၽန္ေတာ္႐ူးလိမ့္မယ္ သိလား"
ေဂ်ာင္ကု အသံက အနည္းငယ္ က်ယ္သြားသည္မို႔ ေဘးဝိုင္းက တစ္ခ်ိဳ႕တစ္ေလ မသိမသာေစာင္းငဲ့ၾကည့္ကုန္ၾကသည္။
သူ မ႐ွက္ႏိုင္ေတာ့။အျမင္အာ႐ုံက ၾကည္ၾကည္လင္လင္မ႐ွိ။ေရခိုး႐ိုက္သလို မႈန္ဝါးလာကာ ေငြ႕ရည္ဖြဲ႕ခ်င္လာသည္။မၾကာခင္ ပါးျပင္ေပၚ ေအးစက္စက္အရည္ပူတစ္ခ်ိဳ႕ စီးက်သြားသည္။ေဂ်ာင္ကု မလိုလားစြာႏွင့္ပင္ သုတ္ပစ္လိုက္သည္။
စိတ္ႀကိဳက္သာ ကစားလိုက္စမ္းပါ။အစ္ကိုက ကြၽန္ေတာ္႕ကို နာက်င္ေစရင္ေတာင္ကြၽန္ေတာ္ကေတာ့ အစ္ကို႔ကို နာက်င္ရေအာင္ ဘယ္ေတာ့မွ ျပန္မလုပ္ဘူး။
"အဲ့ဒါ တရားသူႀကီး ဂြၽယ္ဂ်ယ္အင္းရဲ႕ သားမဟုတ္လား။သူ႕အေဖက နာမည္ႀကီးပဲေလ"
"ဟုတ္တယ္ေလ။ဒါနဲ႔ သူနဲ႔စကားေျပာနဲ႔တစ္ေယာက္က ဘယ္သူလဲ။သူ႕ထက္ အသက္ႀကီးမယ့္ပုံပဲ"
"တြဲေနၾကတာလား"
"ျဖစ္ႏိုင္တယ္။ဒါေပမယ့္ အသက္ခ်င္း ကြာေနတာကို...."
"ၿပီးေတာ့ ေကာင္ေလးက ဖေအကိုယ္တိုင္ကေတာင္ လက္ေျမႇာက္ထားတာတဲ့ေနာ္။သတင္းသဲ့သဲ့ၾကားတာက သားအဖႏွစ္ေယာက္က တစ္အိမ္စီ ခြဲေနတာတဲ့"
"ေတာ္....ေတာ္... မေျပာနဲ႔ေတာ့။ၾကားသြားဦးမယ္"
'ၾကားသြားဦးမယ္' ဟုဆိုေသာ္လည္း ထိုစကားတို႔ကို နားပါးေသာ ဂြၽန္ေဂ်ာင္ကုက အစအဆုံးၾကားခဲ့ၿပီးျဖစ္သည္။သူသည္ စိတ္ဆိုးဟန္၊ေဒါသထြက္ဟန္ မျပ။ဝိုင္ဖန္ခြက္ အျပည့္ တစ္ခြက္ၿပီးတစ္ခြက္ ဆင့္ၿပီးေသာက္ခ်လိုက္သည္။
ေဆာ့ဂ်င္သည္ မ်က္ႏွာကို ေဘးဘက္လႊဲထားေသာ္လည္း ထိုေကာင္ေလးကို မ်က္လုံးေထာင့္စြန္းကေန တစ္စြန္းတစ္စ ျမင္ေနရသည္။
ဘယ္ေလာက္ပင္ ဥေပကၡာျပဳထားခ်င္ေသာ္လည္း သူ႕ႏွလုံးသားက လက္သင့္မခံ။ေဂ်ာင္ကုကို သူမုန္းခ်င္သည္။ေမ့ပစ္ခ်င္သည္။သူ႕အေၾကာင္းကို ေတြးတိုင္း သူ႕ဖခင္ျဖစ္သူ၏ ေကာက္က်စ္မႈကိုပါ တစ္ပါတည္းတြဲၿပီး သတိရခ်င္သည္။ယခုမူ ေကာင္ေလး၏ မ်က္ရည္တစ္စက္ကိုျမင္သည္ႏွင့္ သူ႕ႏွလုံးသားတစ္ခုလုံး ျပာပူထဲကို အ႐ွင္လတ္လတ္ပစ္အခ်ခံရသလို ပူေလာင္နာက်င္လာသည္။
သည္ပုံအတိုင္းဆို ေနာက္ဆုံးမွာ အ႐ႈံးသမားက ကိုယ္ပဲ ျဖစ္ေတာ့မည္ထင္သည္။
"ဆိုင္ကယ္နဲ႔ ျပန္မွာမလား။ဘာလို႔ အမ်ားႀကီး ေသာက္ေနတာလဲ"
ထိန္းခ်ဳပ္ေနသည့္ ၾကားက သံေယာဇဥ္အေငြ႕အသက္မ်ားသန္းေနေသာ စိုးရိမ္စကား တစ္ခြန္းသည္ မေထြးႏိုင္မအန္ႏိုင္ ထြက္က်သြားသည္။
"ပူမေနနဲ႔ ..ဘာျဖစ္ျဖစ္"
ေကာင္ေလးသည္ ဝိုင္အ႐ွိန္ေၾကာင့္လား။နဂို စိတ္ရင္းခံပဲလားေတာ့ မသိ။သူ႕စကားဆိုလွ်င္ အၿမဲနားေထာင္တတ္ေသာ ယုန္လိမၼာေလး ဘဝကေန ယုန္တဇြတ္ထိုးေလးဘဝသို႔ ခ်က္ခ်င္းကူးေျပာင္းသြားသည္။
"ျပန္ေတာ့မယ္"
ေဂ်ာင္ကုက ထိုစကားတစ္ခြန္းသာ ေျပာၿပီးသည္ႏွင့္ လက္ထဲကဖန္ခြက္ကို ဒုန္းကနဲ ျမည္ေအာင္ေဆာင့္ခ်သည္။ထို႔ေနာက္ ခပ္မွန္မွန္ေျခလွမ္းမ်ားျဖင့္ ျခံအျပင္ဘက္က ဆိုင္ကယ္ဆီသို့ ထြက္သြားေတာ့သည္။
ေကာင္ေလးခ်ခဲ့ေသာ ဝိုင္ခြက္ကို အၾကည့္ေရာက္မိေတာ့ ဘယ္ေလာက္ေတာင္ ဖ်စ္ညႇစ္ထားသည္မသိ။ေရခိုး႐ိုက္ေနေသာ ဖန္သားျပင္ေပၚတြင္ လက္ေခ်ာင္းရာက အထင္သား။သူ႕ရင္ထဲတြင္ စိုးရိမ္စိတ္ေတြက လိႈင္းတံပိုးေတြလို နိမ့္လိုက္၊ျမင့္လိုက္ႏွင့္။
𖧷 . 𖧷. 𖧷
ေမြးေန႔ပါတီ က်င္းပရာ ျခံႏွင့္ အေတာ္ပင္ေဝးလာခဲ့ၿပီ။ဝိုင္အ႐ွိန္က အစြမ္းျပေနၿပီျဖစ္ေသာ္လည္း အသိစိတ္ေကာင္းေကာင္း ႐ွိေသးသည္။လမ္းမီးတိုင္ တစ္တိုင္ေဘးတြင္ ဆိုင္ကယ္ကို ထိုးရပ္လိုက္ရင္း ဆိုင္ကယ္ေဘးမွာပင္ မွီရပ္လိုက္သည္။စီးကရက္ တစ္႐ိႈက္ ႏွစ္႐ိႈက္ေလာက္ဖြာဖို႔ ဂ်ာကင္အက်ီအိတ္ထဲက စီးကရက္ဘူးကို စမ္းၾကည့္ေပမယ့္ ႐ွာမေတြ႕။အိမ္မွာ က်န္ခဲ့ၿပီထင္သည္။
"အသက္ခ်င္း ကြာေနတာကို..."
"အသက္ခ်င္း ကြာေနတာကို.."
ထိုစကားက သူ႕အာ႐ုံထဲ အထပ္ထပ္ ႀကိမ္ဖန္တလဲလဲ ၾကားေယာင္ေနသည္။စိတ္႐ွိလက္႐ွိ ထ ေသာင္းက်န္းခ်င္ေပမယ့္ ေမြးေန႔႐ွင္ကိုေရာ အကိုယြန္းဂီကိုေရာ အားနာသမႈေၾကာင့္ သူၿငိမ္ေနခဲ့သည္။
အစ္ကို႔ကို စခ်စ္မိခဲ့ကတည္းက အသက္အ႐ြယ္ကြာျခားမႈသည္ သူ႕အတြက္ အနည္းငယ္မွ်ေတာင္ အဟန္႔အတားမျဖစ္ခဲ့။၅ႏွစ္ဟူေသာ ကြာျခားမႈသည္ ကိန္းဂဏန္းတစ္ခုသာျဖစ္သည္။စိတ္တူကိုယ္တူ ခ်စ္ၾကေသာ လူသားႏွစ္ဦးတြင္ အသက္အ႐ြယ္အကြာျခားမႈသည္ ကသိကေအာက္ျဖစ္ဖို႔ မလိုဟု သူထင္သည္။
သူ႕ဘဝထဲတြင္ ကင္ေဆာ့ဂ်င္ဟူသည့္သူ ဝင္ေရာက္လာခဲ့ကတည္းက ရန္ပြဲမွန္သမွ် ေ႐ွာင္ခဲ့သည္။အရင္က အေဖနဲ႔ပတ္သက္ၿပီးျဖစ္ခဲ့သည့္ ရန္ပြဲေတြကိုေရာ၊လူငယ္အခ်င္းခ်င္း ရန္ၿငိဳးရန္စ ႐ွိခဲ့တာေတြကိုေရာ တတ္ႏိုင္သေလာက္ ေဝးေဝးကေ႐ွာင္သည္။
ယခုညေတာ့ ကံၾကမၼာက ဖန္လာခဲ့ၿပီ။
မၾကာခင္ စူး႐ွေသာ ကားမီးေရာင္ႏွင့္အတူ ကားအနီေရာင္ေလးသည္ လမ္းမေပၚ ခပ္ေျဖးေျဖးေမာင္းလာသည္။သူ႕ႏႈတ္ခမ္းေတြ ေကြးတက္သြားၿပီး လမ္းမအလယ္တည့္တည့္တြင္ ပိတ္ရပ္လိုက္သည္။
"ကြၽီ....."
ကား ဘရိတ္အုပ္သံႏွင့္အတူ ကားေပၚက ေယာက်္ားတစ္ေယာက္ႏွင့္ မိန္းကေလးတစ္ေယာက္သည္ သူ႕ကိုျမင္ေတာ့ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ ၾကည့္သည္။
"ေဟ့...ဘာလုပ္တာလဲ။ေသခ်င္ရင္ တျခားသြားေသ။တျခားသူကို အမႈပတ္ေအာင္ မလုပ္နဲ႔"
ထိုႏွစ္ေယာက္ကို သူေကာင္းေကာင္းသိပါသည္။အကိုယြန္းဂီအလုပ္လုပ္သည့္ ကုမၸဏီက ဝန္ထမ္းမ်ားျဖစ္သည္။အတိအက်ေျပာရလွ်င္ ေမြးေန႔ပြဲမွာ အတင္းအဖ်င္းဆိုခဲ့ေသာ ႏွစ္ေယာက္။အကိုယြန္းဂီဆီကေန ကားနံပါတ္ကို မသိမသာေမးခဲ့ၿပီး ေစာင့္ေနခဲ့ျခင္းျဖစ္သည္။
"ကားေမာင္းတဲ့ တစ္ေယာက္ တဆိတ္ေလာက္ ဆင္းလာပါဦး"
ပါးေစာင္ကို လွ်ာျဖင့္ တစ္ခ်က္ထိုးၿပီး ထီမထင္စြာ ဆိုလိုက္ေသာအခါ ထိုသူက ဘာအထာလဲ ဆိုသည့္ သေဘာျဖင့္ မိုက္တိမိုက္ကန္းၾကည့္သည္။
"ေၾသာ္...လက္စသတ္ေတာ့ မင္းကိုး"
"ဟုတ္တယ္ေလ။အသက္ ၅ ႏွစ္ကြာတဲ့သူနဲ႔ တြဲေနတဲ့ တရားသူႀကီး ဂြၽယ္ဂ်ယ္အင္းရဲ႕ သား"
ထို႔ေနာက္ သူကဝုန္းကနဲ ေျပးဝင္ကာ ထိုသူ၏ အက်ီေကာ္လံစႏွစ္ဖက္ကို လက္ျဖင့္ဆြဲဆုပ္ထားၿပီး ကားတံခါးမွာကပ္ပစ္လိုက္သည္။ကားထဲက မိန္းကေလး၏ အထိတ္တလန္႔ေအာ္သံက တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္တြင္ စူး႐ွစြာထြက္ေပၚလာသည္။
"အ့...မင္း....မင္း...လႊတ္စမ္း.."
"ေျပာ...ေျပာစမ္း.က်ဳပ္ခ်စ္သူနဲ႔ က်ဳပ္နဲ႔အသက္ခ်င္းကြာေတာ့ ဘာျဖစ္လဲ။တိတိက်က်ေျပာရရင္ ၅ႏွစ္ကြာတယ္။၅ႏွစ္ကြာေတာ့ ဘာျဖစ္လဲ။မခ်စ္ရေတာ့ဘူးလား..ဟမ္...ေျပာေလ"
"မ...မဟုတ္ပါဘူး.. အဟြတ္..."
ပိုၿပီး အင့္က်ပ္လာေသာ လည္ပင္းေၾကာင့္ ထိုသူ႕မွာ စကားေတာင္ေကာင္းေကာင္းမေျပာႏိုင္။ထိုးဖို႔ ႐ြယ္လာတဲ့ လက္ေတြကို ေဂ်ာင္ကုက ပိတ္ခ်ဳပ္လိုက္သည္။အက်ီေကာ္လံစကို အားထည့္ၿပီး ဆြဲညႇစ္လိုက္ေသာအခါ ထိုသူ႕မွာ ေမ်ာ့ေနေသာ ပု႐ြက္ဆိတ္တစ္ေကာင္လို ယက္ကန္,ယက္ကန္ျဖစ္ေနေတာ့သည္။
"ေတာင္း...ေတာင္းပန္ပါတယ္...ေနာက္..မေျပာ...အဟြတ္"
"ေနာက္ထပ္ အာေခ်ာင္ရင္ မလြယ္ဘူးမွတ္"
ကားေပၚက မိန္းကေလးကိုပါ ရည္႐ြယ္ရင္း သူသတိေပးလိုက္သည္။ထို႔ေနာက္ ထိုသူ႕ကိုေဆာင့္တြန္းပစ္လိုက္ၿပီး ကားတံခါးကိုပါ ေျခေထာက္ျဖင့္ တစ္ခ်က္ ေဆာင့္ကန္လိုက္သည္။
"ေတာက္!!အလကား ဟာေတြ"
𖧷 .𖧷 .𖧷
မိုးရနံ႔ပါေသာ ေလၾကမ္းတစ္ခ်ိဳ႕ တစ္သုတ္,ႏွစ္သုတ္ တိုက္ခတ္သြားၿပီးသည့္ေနာက္ တိမ္ညိဳတစ္စုသည္ ျပည့္ဝိုင္းေနေသာ လမင္းကိုဖုံးအုပ္သြားသည္။မည္းနက္ေနေသာ မိုးသားတိမ္လိပ္မ်ားသည္ ဘယ္အခ်ိန္ကတည္းက ႐ြာဖို႔ေခ်ာင္းေနသည္ မသိ။မ်က္ေတာင္ တစ္ဖ်တ္ခတ္ေလာက္ခ်ိန္တြင္ ၿပိဳက်သလို ဝုန္းကနဲ႐ြာေတာ့သည္။
ေမြးေန႔ပြဲလည္း အၿပီး၊မိုးလည္းအ႐ြာမို႔ ကံေကာင္းသည္ဟု ေျပာရမည္။ကားေ႐ွ႕မွန္ကို ခမ္ၾကမ္းၾကမ္း႐ိုက္ခတ္ေနေသာ မိုးေရမ်ားေၾကာင့္ သတိထားေမာင္းေနရသည္။ကားမီးေရာင္၏ အကူအညီျဖင့္ လမ္းေဘးဝဲယာတစ္ဖက္ တစ္ခ်က္ကို ၾကည့္ဖို႔ကိုလည္း သူမေမ့။
ေကာင္ေလးမ်ား မိုးေရထဲ ရပ္ေစာင့္ေနမလားဟု ႐ူးေၾကာင္ေၾကာင္အေတြးကို ေတြးမိသည္။အခုေလာက္ဆိုရင္ေတာ့ အိမ္ကိုတန္းတန္းမတ္မတ္ ျပန္ေရာက္ေလာက္ၿပီထင္ပါသည္။ျပန္သြားတာ ၾကာမွပဲ။
ည၏ အေမွာင္စြမ္းအားကို ဝင္းကနဲလက္သြားေသာ လွ်ပ္စီးေၾကာင္းက အႏိုင္ယူသြားသည္။လွ်ပ္စီးေၾကာင္းကို သူမေၾကာက္။သူေၾကာက္သည္က မိုးခ်ဳန္းသံ။အိမ္မွာသာဆိုလွ်င္ အိမ္ျပတင္းေပါက္ေတြ အကုန္ပိတ္ၿပီး ေစာင္ပုံထဲ သူေကြးေနေပလိမ့္မည္။လူသြားလူလာျပတ္ေသာ ကားလမ္းမေပၚမွာမိုးခ်ဳန္းသံ တစ္ခါၾကားတိုင္း ေၾကာက္စိတ္ေတာ့ဝင္မိသည္။
ျခံေ႐ွ႕သို႔ ေရာက္သည့္အခါ ကပ်ာကယာပဲ ေမာင္းဝင္လိုက္သည္။တစ္အိမ္လုံး ေမွာင္မဲေနသည္မို႔ မီးမဖြင့္ခဲ့မိသည့္ ကိုယ့္ကိုယ္ကိုပဲ အျပစ္တင္လိုက္သည္။
တစ္ဝက္တစ္ပ်က္ စိုသြားေသာ ဆံပင္ေပၚက ေရမႈန္ေရမႊားမ်ားကို ဆတ္ကနဲခါထုတ္လိုက္ရင္း တံခါးဖြင့္ဖို႔ လက္အလွမ္းတြင္ လွ်ပ္စီးေရာင္ေၾကာင့္ ဝင္းကနဲ ျဖစ္သြားသည္။
"အမယ္ေလး "
ျဖတ္ကနဲ လင္းသြားေသာ အလင္းေရာင္ေအာက္တြင္အိမ္ေ႐ွ႕တံခါးေဘးမွာ ငုတ္တုတ္ ထိုင္ၿပီး ေခါင္းငိုက္စိုက္ခ်ထားသည့္ လူတစ္ေယာက္။သူ႕အသံၾကားေတာ့ ေခါင္းေမာ့ၾကည့္လာသည္။
"ျပန္လာၿပီလား"
ထိုအသံက မွားႏိုင္ဖြယ္ရာမ႐ွိ။ႏွစ္ေယာက္မ႐ွိႏိုင္ေသာ ဂြၽန္ေဂ်ာင္ကု၏ အသံ။
ေဆာ့ဂ်င္သည္ ေဒါသျဖစ္ဖို႔ ရည္႐ြယ္လိုက္ေသာ္လည္း စိတ္ေအးသြားရျခင္းႏွင့္အတူ ေပ်ာ္႐ႊင္သည့္ စိတ္ကသာ အႏိုင္ယူသြားသည္။
မူးမူး႐ူး႐ူးနဲ႔ ဆိုင္ကယ္ accident ေတြဘာေတြ ျဖစ္မွာ စိုးရိမ္ေနခဲ့တာ။
"အိမ္မျပန္ဘူးလား"
"ျပန္စရာ အိမ္မွမ႐ွိတာ"
မဆီေလ်ာ္ေသာ စကားေၾကာင့္ ေဆာ့ဂ်င္က မ်က္ေစာင္းတစ္ခ်က္ျဖင့္ ၾကည့္လိုက္ရင္း မီးခလုတ္ေတြကို လိုက္ဖြင့္သည္။
မီးေရာင္ေအာက္မွာ အေသအခ်ာၾကည့္မိေတာ့မွ ေကာင္ေလးက တစ္ကိုယ္လုံး မိုးေရေတြစက္စက္က်ေနတာ။ထီးယူဖို႔ အၿမဲဝိရိယနည္းတဲ့ အဆိုးေလး။
"တစ္ကိုယ္လုံးလည္း စက္စက္က်ေနၿပီ။ေရာ့.. ဒါနဲ႔သုတ္လိုက္"
ေဆာ့ဂ်င္က ေဂ်ာင္ကု႐ွိရာသို႔ တဘက္အႀကီးႀကီးတစ္ထည္ ပစ္ေပးလိုက္သည္။သို႔ေသာ္ သူက ယူၿပီးသည္ႏွင့္ ေဆာ့ဂ်င္အနားကို တိုးကပ္လာသည္။
"သုတ္ေပး.."
မိုးေအးသည့္အခါတိုင္း ေဆာ့ဂ်င္၏ အက်င့္က ေကာ္ဖီပူပူေလး တစ္ခြက္ကို မျဖစ္မေနေသာက္တတ္ေလ့႐ွိသည္။ေကာ္ဖီတစ္ငုံေလာက္ ေသာက္ရင္း နားေထာင္ရသည့္ မိုးစက္က်သံမ်ားက သူ႕အတြက္မၿငီးေငြ႕ႏိုင္ေသာ သံစဥ္တစ္ခုျဖစ္သည္။
ယခုမႈ ေကာင္ေလး၏ စကားေၾကာင့္ သူ႕လက္ေတြ တန္႔သြားသည္။တစ္ပတ္ေလာက္ထိ ေဝးကြာခဲ့ၿပီးမွ ပထမဦးဆုံးျပန္ေတြ႕သည့္အခါတြင္ ၾကားဖူးေနက်အသံက ႐ိုးမသြားဘဲ ရင္ခုန္သံအသစ္ကို ျဖစ္ေပၚေစသည္။
ယြန္းဂီတို႔အတြဲ ခဏခဏရန္ျဖစ္ စိတ္ေကာက္ၿပီး၍ ျပန္တည့္သြားၾကသည့္ အခါမ်ိဳးတြင္ အရင္ကထက္ႏွစ္ဆေလာက္ ပိုၿပီးတီတီတာတာခ်စ္ခင္ေနတတ္သည္။ထိုအခါမ်ိဳးတြင္ ေဆာ့ဂ်င္က ႏွာေခါင္း႐ႈံ႕ဖူးသည္။ဘာေၾကာင့္ အရင္ကထက္ ပိုၿပီး သည္းသည္းလႈပ္ခ်စ္ေနၾကသည္ကို သူမစဥ္းစားတတ္ခဲ့။
ယခုမူ သူကိုယ္ခ်င္းစာတတ္သြားခဲ့ၿပီ။
"ေရသုတ္ေပးလို႔...အစ္ကို"
သူမၾကားဘူးထင္၍ ေကာင္ေလးက ေနာက္တစ္ေခါက္ထပ္ေျပာသည္။
"ကိုယ့္လက္နဲ႔ ကိုယ့္ဘာသာ သုတ္ပါလား"
"မလုပ္တတ္ဘူး"
"မင္းကေလ..တကယ္ပဲ"
ႏႈတ္ခမ္းပါးကေလးကို အနည္းငယ္စူပုတ္ပုတ္လုပ္ၿပီး ဂ်စ္တိုက္ေနလွ်င္ သူမေနသာေတာ့။ေဖ်ာ္လက္စ ေကာ္ဖီခြက္ကို စားပြဲေပၚအသာအယာခ်လိုက္ၿပီး ေကာင္ေလးေခါင္းေပၚကို သဘက္ျဖင့္ အုပ္လိုက္သည္။
တျခားေၾကာင့္ေတာ့ မဟုတ္ပါ။ေကာင္ေလး ေနမေကာင္းျဖစ္မွာစိုးလို႔။
"ခ်စ္တယ္"
ေရသုတ္ခိုင္းျခင္းက အေယာင္ျပသေဘာျဖင့္ ေထာင္ေခ်ာက္ဆင္ထားသည္ကို ေဆာ့ဂ်င္ ရိပ္မိသည့္အခ်ိန္တြင္ ေနာက္က်သြားခဲ့ၿပီ။သူသည္ ေကာင္ေလး၏ ရင္ခြင္ထဲတြင္ က်ိဳးေၾကလုမတတ္ အဖက္ခံလိုက္ရၿပီ။
"မင္း...ဖယ္..."
"အစ္ကို ကြၽန္ေတာ္႕ကို ခ်စ္တယ္မဟုတ္လားဟင္။ခုနကေျပာခဲ့တာေတြက အမွန္မဟုတ္ဘူးမလား"
"အဲ့ဒါ အမွန္ေတြ"
ေဂ်ာင္ကုသည္ သူ႕စကားေတြကို ပန္းႏွင့္ေပါက္သည္ဟု ထင္ပုံရသည္။သူ႕ရင္ဘတ္ေတြဆီကို ေခါင္းကို နိမ့္လိုက္ရင္း ခါးကိုေျပာင္းဖက္သည္။ထို႔ေနာက္ ႏႈတ္ေခါင္းလုံးလုံးက တ႐ႈံ႕႐ႈံ႕ျဖင့္ ရင္ဘတ္ေတြကို နမ္းေတာ့သည္။
"ရတယ္။မခ်စ္လည္းေန...ကြၽန္ေတာ္ကပဲ ခ်စ္မယ္ေလ။အစ္ကိုက အခ်စ္ခံေပါ့...အဲ့ဒီလိုေရာ မျဖစ္ဘူးလား"
"မသိဘူး..ဖယ္ေပး..ငါမေနတတ္ဘူး"
"ဟင့္အင္း မဖယ္ဘူး။အရမ္းလြမ္းေနတာ။တစ္ပတ္လုံးလုံး အခန္းေအာင္းၿပီး မအိပ္ႏိုင္ မစားႏိုင္နဲ႔။စီးကရက္ေတြ ေသာက္တတ္ေနၿပီ။အစ္ကိုက ဖုန္းကိုစက္ပိတ္ထားေတာ့ အသံလည္းမၾကားရ။လာမေတြ႕ရဲေတာ့ မ်က္ႏွာလည္း မျမင္ရနဲ႔ လြမ္းလိုက္တာ ႐ူးမလိုပဲ"
ေဆာ့ဂ်င္ ၿငိမ္က်သြားသည္။ေကာင္ေလးက ဘာျပန္ေျပာရမွန္းမသိ။ဆန္႔က်င္ဘက္ စကားေတြအမ်ားႀကီး ေျပာခ်င္ေပမယ့္ သူ႕ႏွလုံးသားက သစၥာေဖာက္စြာ တစ္ခြန္းမွ ေျပာမထြက္ျဖစ္ခဲ့။ေျပာမယ္ၾကံတိုင္း လည္ေခ်ာင္းဝမွာပင္ တစ္ဆို႔ေပ်ာက္ကြယ္သြားသည္။
"မပိုင္ဆိုင္ရင္လည္း ျဖစ္တယ္။အေဝးကပဲ ခ်စ္မယ္ဆိုတာေတြက ႐ုပ္႐ွင္ေတြထဲ ဝတၱဳစာအုပ္ေတြထဲ မွာပဲ ႐ွိတယ္ အစ္ကိုရဲ႕။ခ်စ္ၿပီ ဆိုကာမွေတာ့ ကြၽန္ေတာ္က မပိုင္ပိုင္ေအာင္,မဆိုင္ဆိုင္ေအာင္ လုပ္မွာ။လြယ္လြယ္နဲ႔ လက္ေလ်ာ့မယ္မထင္နဲ႔။ကြၽန္ေတာ္ေျပာတာ နားလည္တယ္မလား"
"မင္း ေတာ္ေတာ္ ဆိုးပါလား"
ထိုစဥ္ သူ႕ရင္ဘတ္က အက်ီေပၚမွာ ပူေႏြးေႏြးအရည္တစ္ခ်ိဳ႕ စိုစြတ္သြားသည္။ေဂ်ာင္ကုေခါင္းက မိုးေရစက္ေတြ မဟုတ္တာေတာ့ ေသခ်ာသည္။မသက္ာလို႔ ငုံ႔ၾကည့္ေတာ့ မွိတ္ထားတဲ့ မ်က္ေတာင္ဖ်ားမွာ မ်က္ရည္စေတြ။
"ေနာက္လည္း အဆမတန္ ဆိုးဦးမွာ"
"ဆိုးမယ္ ဆိုရင္ေတာ့ ငါနဲ႔ေဝးေဝးမွာေနေပေတာ့"
"အစ္ကို လက္ထပ္ရေအာင္"
ထိုစကားက သူမၾကားခ်င္ဆုံးေသာ စကား။အေၾကာက္ဆုံး စကား။ေယာကၡမေတာ္ရမည့္ ထိုသူႏွင့္ ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ။
ကိုယ္က သူ႕သားနဲ႔သက္ဆိုင္လာတဲ့အခါက်ရင္ မ်က္ႏွာခ်င္းမဆိုင္ခ်င္လည္း ဆိုင္ရေတာ့မွာ။မပတ္သက္ခ်င္လည္း ပတ္သက္ရေတာ့မွာ။ဟင့္အင္း...ငါမလုပ္ႏိုင္ဘူး ေဂ်ာင္ကု။
"ကြၽန္ေတာ္ အရက္လည္းမေသာက္ဘူး။စီးကရက္လည္း မေသာက္ဘူး။ရန္လည္း မျဖစ္ေတာ့ဘူး။အစ္ကို႔ကို စိတ္ဆင္းရဲေအာင္လည္း မလုပ္ဘူး။လိမၼာပါ့မယ္"
"ဘယ္လို ေလာကဓံပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္႕ေဘးမွာ အစ္ကိုသာ႐ွိေနရင္ ကြၽန္ေတာ္ရင္ဆိုင္ရဲတယ္။အစ္ကို စိတ္ဆိုးေနတဲ့အခါ တိတ္တိတ္ေလးေနေပးၿပီး အစ္ကိုပင္ပန္းတဲ့အခါ ကြၽန္ေတာ္႕လက္ေမာင္းက အစ္ကို႔အတြက္ ေခါင္းအုံးေလးတစ္ခု႐ွိေနေပးမယ္။အစ္ကို႔ကို အရမ္းခ်စ္တယ္။ဘယ္သူနဲ႔မွ မတူတဲ့အခ်စ္မ်ိဳးနဲ႔ ခ်စ္တယ္။မခြဲခ်င္ေတာ့ဘူး"
သူ႕ရင္ထဲက ျငင္းဆန္လိုသည့္ ဆႏၵအားလုံးကို ေဂ်ာင္ကုက တစ္ခ်က္တည္းျဖင့္ ခ်ဳပ္သြားသည္။အေတြးေတြ ကေယာက္ကယက္ျဖင့္ ေဆာက္တည္ရာမရျဖစ္ေနတုန္း ေကာင္ေလးလက္ေတြက သူ႕ကိုယ္ေပၚက ဖယ္ခြာသြားသည္။
"အစ္ကို မေျဖႏိုင္ေတာ့ဘူး မဟုတ္လား။ကြၽန္ေတာ္ ျပန္ေတာ့မယ္။ေနာက္ေန႔ေတြလည္း ကြၽန္ေတာ္႕မ်က္ႏွာ မျမင္ေစရဘူး "
ေဂ်ာင္ကုက စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းငိုက္စိုက္ခ်ကာ ျခံေ႐ွ႕ကို ထြက္သြားသည္။ေနာက္ေၾကာင္းကို တစ္ခ်က္မွလွည့္မၾကည့္။ႏွာေခါင္းထိပ္ဖ်ားေတြ နီရဲသည္အထိ မ်က္ရည္ႀကိတ္က်ေနဟန္တူသည္။တံခါးအျပင္ဘက္ေရာက္ေတာ့ မ်က္ရည္ခိုးသုတ္လိုက္တာကို ေဆာ့ဂ်င္က ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။
ထိုအခိုက္တြင္ သူ႕အာ႐ုံထဲ ဗလာဟင္းလင္းျဖစ္သြားသည္။ဂြၽန္ေဂ်ာင္ကုဟူသည့္ လူတစ္ေယာက္ကလြဲၿပီး သူဘာမွသိလည္းမသိခ်င္၊ၾကားလည္း မၾကားခ်င္။ရင္ထဲက လိႈက္တက္လာသည့္ အမ်ိဳးအမည္မသိေသာ ခံစားခ်က္ကို စကားလုံးအျဖစ္ ေျပာင္းလဲဖန္တီးပစ္လိုက္ခ်င္သည္။ယခုတစ္ခါ မေျပာလိုက္ရလွ်င္ ေနာင္လည္း ဘယ္ေတာ့မွ ေျပာျဖစ္ေတာ့မည္ဟု မထင္ရေလာက္ေအာင္ သူ႕ဆႏၵက ထိန္းမရသိမ္းမရေအာင္ ျပင္းျပလာသည္။
"ဟင့္အင္း...မျဖစ္ဘူး။မသြားနဲ႔ဦး..."
သူ႕ဘဝတစ္သက္တြင္ တစ္ခါမွ မလုပ္ဖူးေသာအလုပ္၊တစ္နည္းအားျဖင့္ ဘယ္ေသာအခါမွလည္း လုပ္ျဖစ္မည္ဟုမထင္သည့္အလုပ္။
သူ႕ေျခေထာက္မွာ ဖိနပ္ပါရဲ႕လားေတာင္ သတိမထားမိေတာ့။ျခံေ႐ွ႕ကို သတိလက္လြတ္ျဖင့္ ေျပးထြက္သြားမိသည္။မိုးကလည္း မတိတ္ေသး။အဆက္မျပတ္ ႐ြာေနေသးသည္။
အရာအားလုံးကို လႊတ္ခ်ခ်င္သည္။အမုန္းေတြေရာ အာဃာတတရားေတြကိုေရာ ဘာဆိုဘာမွ ဖက္တြယ္မထားခ်င္။
ႏွလုံးသား၏ ဆႏၵအတိုင္း ရင္ထဲက ဝန္ထုပ္ဝန္ပိုးတစ္ခုကို ေက်ေက်နပ္နပ္ျဖင့္ လႊတ္ခ်မိစဥ္ ထိုခဏတြင္...
"ေဂ်ာင္ကု..."
ဆိုင္ကယ္ေပၚ တက္မည့္ဆဲဆဲ ေက်ာျပင္က ေဆာ့ဂ်င္ အသံေၾကာင့္ လွည့္ၾကည့္လာသည္။
ဆံပင္ဖ်ားေတြကတဆင့္ စီးက်လာေသာ မိုးေရမ်ားေၾကာင့္ သူ႕မ်က္လုံးေတြ စုံမွိတ္ထားလိုက္မိသည္။ဝင္းကနဲ လက္သြားေသာ လွ်ပ္စီးကိုလည္း သူမေၾကာက္။
သူ႕အသံသည္ မိုးထစ္ခ်ဳန္းေနသည့္ ၾကားမွပင္ ေဂ်ာင္ကုၾကားႏိုင္ေလာက္သည္ အထိ။
"လက္ထပ္မယ္။ငါလည္း မင္းကို ခ်စ္တယ္။လက္ထပ္ၾကရေအာင္"
~~~~~~~~~~~~~~~//~~~~~~~~~~~~~
AN. အခ်ိဳေတြခ်ည္းပဲ စားေနၾကရလို႔မအီသြားၾကပါနဲ႔ဦး။အရသာမ်ိဳးစုံလာပါေတာ့မယ္ 😉
..
Thanks for your reading & votingRiona🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



