Fanfics

~ 15 ~

15:15, 10 August 2021

Unicode_______

ကုတင်ပေါ်က လုံးထွေးနေတဲ့ အိပ်ယာခင်းများ၊စောင်များသည် တွန့်ကြေလျက်ရှိသည်။မွစာကြဲနေသော စီးကရက်အစီခံများကလည်း ဟိုအနားတစ်စု ဒီအနားတစ်စုနှင့်။မဖြီးတာကြာပြီဖြစ်သည့် ဆံပင်ဘုတ်သိုက်ကလည်း တော်တော့်ကို ရှင်းယူရဦးမည်။အကျီအပေါ်ပိုင်း ဗလာနှင့် ကုတင်ကိုခပ်လ​​ျှောလျှောမှီပြီး ထိုင်နေသော သူသည် ယခုအထိလည်း စီးကရက်တစ်လိပ်ကို လက်ကြားထဲတွင် ညှပ်ပြီးဖွာနေတုန်း။

ဒါတွေက ဒီတစ်ပတ်အတွင်း သူဘယ်လို ပစ္စလက်ခတ်နေခဲ့သလဲဆိုသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။

ပုံမှန်ဆို သွားလိုက် လာလိုက်နှင့် ကုန်မှန်းမသိကုန်ခဲ့သော တစ်ပတ်ဆိုသည့် အချိန်ကာလက ဒီလောက်အထိ ကြာမယ်မှန်း ဘယ်တုန်းကမှ မထင်ခဲ့။

အစ်ကိုနဲ့မတွေ့ရတဲ့ နာရီပိုင်းအချိန်လေးမှာတောင် လွမ်းနေတတ်တဲ့ ကျွန်တော်က အဆက်အသွယ်မလုပ်ဘဲ တစ်ပတ်ဆိုတဲ့ကာလကြီးကို ဖြတ်ကျော်ရတာ တကယ့်ဝဋ်ကြွေးတစ်ခုလိုမျိုး။

ဖုန်းခေါ်ထားတာ အကြိမ်ရေပေါင်း ရာချီနေပြီ။ဆက်တိုင်း အမြဲစက်ပိတ်ထားတတ်သော အစ်ကိုသည် ကျွန်တော့်အသံမ​ကြားချင်လို့များ ဆက်သွယ်မှုဧရိယာပြင်ပကို ထွက်ပြေးနေခဲ့သလား။

ဘာကြောင့် ကျွန်တော့်ကိုစိတ်ဆိုးသွားရသလဲ?

ဒီမေးခွန်းရဲ့ အဖြေကို တစ်ပတ်ကြာအောင်စဥ်းစားနေခဲ့မိတာ။

စတွေ့တဲ့နေ့ကတည်းက အဖြစ်အပျက်တွေက ကျွန်တော့်မြင်ကွင်းထဲမှာ တစ်ခုပြီးတစ်ခု စီရရီပေါ်ထွက်လာခဲ့တယ်။ဒါပေမဲ့ ဒီလောက်ထိ ခါးခါးသီးသီးဖြစ်စရာ အကြောင်းပြချက်တော့မရှိပါ။

"ဂျောင်ကုလေး အခန်းအပြင်ထွက်ပါဦး"

"ကျွန်တော့်ကို ပစ်ထားပေးပါ။တစ်ယောက်တည်းနေချင်လို့"

အခန်းအပြင်ဘက်က ဦးလေးရဲ့ စိုးရိမ်မှုရောယှက်နေတဲ့ စကားတွေကိုလည်း ကျွန်တော်ဥပေက္ခာပြုထားခဲ့မိတယ်။အစကတည်းက မဆိုသလောက်ဂရုစိုက်မှုလေးကိုပဲ ခံရတဲ့ ကျွန်တော်ဟာ ဘယ်သူ့ဆီကမှ အရေးတယူလုပ်မှုတွေကိုလည်း မမျှော်လင့်တော့ပါဘူး။တစ်ယောက်သော သူဆီကလွဲရင်ပေါ့။

တစ်ပတ်ဆိုတဲ့ အချိန်ဟာ အစ်ကို့အတွက် တစ်ခုခုကိုဆုံးဖြတ်ချက်ချနိုင်မယ့် အချိန်အတိုင်းအတာဖြစ်သလို ကျွန်တော့်အတွက်လည်း လွမ်းဖို့လုံလောက်တဲ့ အချိန်လည်းဖြစ်တယ်။

ကုတင်ပေါ် ပစ်ချထားတာ ကြာပြီဖြစ်သော ဖုန်းကိုကောက်ကိုင်လိုက်တော့ မျက်နှာပြင်မှာ အက်ကွဲရာအစင်းကြောင်းနှစ်ကြောင်းနဲ့။အစ်ကို့ဆီ ဖုန်းခေါ်လို့မရတိုင်း သူပစ်,ပစ်ချနေမိတာ။အောက်က ကုတင်မဟုတ်ဘဲ ကြမ်းပြင်သာဆို ဒီဖုန်းညက်ညက်ကြေနေပြီ။

"ဟယ်လို..အကို ယွန်းဂီ"

"အေး.....ဂျောင်ကု "

တစ်ဖက်က ယွန်းဂီအသံကို သူကောင်းကောင်းမကြားရ။လေတိုးသံတွေရော စကားပြောသံတွေရော ဆူညံနေသည်။

"ဘယ်ရောက်နေတာလဲ အခု"

"ဘေဘီလေးရဲ့ မွေးရပ်မြေ ဘူဆန်မှာကွ။ကျောင်းပိတ်ရက် အိမ်ပြန်ချင်တယ်ဆိုလို့ လိုက်ပို့တာ"

"အစ်ကိုဆော့ဂျင်ဆီ ဖုန်းဆက်ဖြစ်သေးလား"

"မဆက်ဖြစ်ဘူး ။ ဘာဖြစ်လို့လဲ"

"အကိုလည်း သိမှာပါ။ဟိုနေ့ကတည်းက တစ်ပတ်ရှိပြီ။ကျွန်တော် ဖုန်းခေါ်တာမကိုင်ဘူး"

"ဖုန်းမကိုင်ရင် အိမ်လိုက်သွားပေါ့ကွ။ဒါများ ဘာခက်တာလဲမှတ်လို့"

"ဒါ...ဒါပေမဲ့....ဗျာ..."

အကိုယွန်းဂီရဲ့ အကြံက ရိုးရှင်းလှပါသည်။ဒါပေမယ့် သူ့အတွက်ကတော့ တစ်ပတ်တိတိ စိတ်ကူးထဲကနေသာ အကြိမ်ကြိမ်သွားတွေ့ပြီး လက်တွေ့မှာ ခြေတစ်လှမ်းတောင် အစ်ကို့ရှိရာဘက်ကို ဦးတည်ဖို့မရဲသေး။အစ်ကို့မျက်ဝန်းအေးစက်စက်တွေ စကားလုံးစိမ်းစိမ်းတွေကို  ကြောက်သည်။

လက်ရဲဇက်ရဲနဲ့ ထစ်ခနဲဆို လက်ပါတတ်သော၊ ကောင်ဆိုးလေးဟု ကင်ပွန်းတပ်ခံရသော သူသည် အစ်ကို့အကြည့်အေးစက်စက် တစ်ချက်ကိုတော့ သေမလောက်ကြောက်သည်။စကားလုံးစိမ်းတွေဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့။

"မင်းကလေ ခိုးချင်တာလဲ ပျာလို့၊လက်နှေးတာလည်း ချာလို့ဆိုတာ မင်းလိုကောင်မျိုးကိုပြောတာ။ဖုန်းမကိုင်ရင် အိမ်လိုက်သွား။စိတ်ဆိုးရတဲ့ အကြောင်းအရင်းကိုမေးပြ​ီး ​ဖြေရှင်းလိုက်ရင် ပွဲသိမ်းနေပြီ။ကံကောင်းရင် 'ဂျောင်ကုကီးလေး'ဆိုပြီး ပါးစပ်ဖျားကနေတောင် မချနိုင်အောင်ဖြစ်သွားမှာ။မင်းကိုက မနေတတ်မစားတတ်....."

"ဟာ!တော်ပြီဗျာ...သူမလုပ်ရတိုင်းမြှောက်ပင့်နေတယ်။ဂျောင်ကုကီးလေးဆိုပြီး အလိုလိုက်မခံရဘဲ ရှေ့သွားတွေကျွတ်ထွက်ပြီး ဆန်ပြုတ်နဲ့နှစ်ပါးသွားနေရမှ ဟုတ်ပေ့ ဖြစ်နေလိမ့်ဦးမယ်။တော်ပြီ....အကို့ဘာသာ ဘူဆန်မှာတစ်ဝကြီး ပျော်နေတော့"

တစ်ဖက်က ယွန်းဂီ၏ မချိမဆန့် ဆဲဆိုရေရွတ်သံတွေကို မကြားရခင် ဖုန်းအမြန်ချလိုက်သည်။စိတ်ညစ်ညစ်နဲ့ ေခါင်းကိုစုံကုတ်လိုက်တော့ အရင်ကတည်းက ပွယောင်းယောင်းဆံပင်တွေက ငှက်သိုက်လို ဘုတ်သိုက်ကြီးဖြစ်သွားတော့သည်။

'သတိရလိုက်တာ အစ်ကိုရာ'ဟူသော စကားကိုသာ သူ့ရင်ထဲ ထပ်တလဲလဲ ညည်းဆိုနေမိသည်။

ဝဋ်ကြွေးတော့ ဝဋ်ကြွေးပါပဲ။ကျေပါစေလို့တော့ မဆုတောင်းချင်ပါ။ချစ်၍ ဖြစ်လာသော ဝဋ်ကြွေးမို့ ကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး နစ်မွန်းချင်နေမိတော့လည်း အခက်သား။

𖧷.𖧷.𖧷

စူးရှလှသော နေရောင်သည် အိပ်ရာထဖို့ အချိန်တန်သည်ထက်ပင် လွန်နေပြီဖြစ်ကြောင်း သူ့မျက်ခံွတွေပေါ် ထိုးခွဲဝင်ရောက်ကာ သတိပေးသည်။ကိုယ်ပေါ်က စောင်ကို ခေါင်းအထိဆွဲခြုံပြီး ဆက်အိပ်ဖို့ပြင်စဥ် ဗိုက်ထဲက တဂွီဂွီနဲ့ ဆန္ဒပြတော့သည်။ဘယ်လိုမှ မနေနိုင်အောင် ဗိုက်ထဲက အောင့်လာတော့မှ ကိုယ်ပေါ်က စောင်ကိုခွာပစ်လိုက်ရင်း ခြေထောက်နဲ့ပါကန်လိုက်သည်။

"ဗိုက်ဆာလိုက်တာ"

ခေါင်းထဲကလည်း ရီဝေဝေ မူးနောက်နောက်နှင့်။လမ်းလျှောက်ရတာကအစ ဒယီးဒယိုင်။အိပ်ရေးပျက်လို့ မူးခြင်းမဟုတ်ဘဲ အအိပ်လွန်လို့ မူးနေခြင်းဖြစ်သည်။ထမင်းစားချိန်လောက်၊ရေချိုးချိန်လောက်သာ ထပြီး ကျန်တဲ့အချိန် အိပ်ရာပေါ် ထိုးအိပ်တတ်သည်မှာ စိတ်ဖိစီးလာတိုင်း ဆော့ဂျင်လုပ်တတ်သည့်အကျင့်ဖြစ်သည်။

မင်ယွန်းဂီ က အသည်းကွဲလျှင် အိပ်သည်။သူကတော့ စိတ်ညစ်လျှင် အိပ်သည်။

တစ်ခန်းလုံး အဝတ်တွေရော စားစရာသောက်စရာ မုန့်အခံွ၊အချိုရည် ဘူးခံွတွေက ခြေချစရာနေရာတောင် မရှိ။တစ်ပတ်လုံးလုံး ဆိုင်မထွက်သည့်အပြင် အိမ်သန့်ရှင်းရေးတောင် သူမလုပ်ပါ။ကင်ဆော့ဂျင်တို့ စိတ်ညစ်ပုံက ထူးဆန်းသည်။စိတ်ဖိစီးမှုတွေများတိုင်း အစားတွေနင်းကန်စားပြီး စိတ်ညစ်စရာတွေပုံလာလျှင်တော့ အိပ်ရာထဲက မထတမ်းအိပ်တတ်သည်။

"ဟင်း! အိမ်သန့်ရှင်းရေးလုပ်ဦးမှပဲ။​မြွေတောင် ဝင်ခွေလို့ရနေပြီ"

ပြောပြောဆိုဆိုနဲ့ပဲ တံမြက်စည်းတစ်ချောင်း ကောက်ကိုင်ပြီး ရှင်းလိုက်တော့လည်း ခဏလေးရယ်။တကယ်က အပျင်းထူနေတာလည်းပါသည်။

ရေချိုးခန်းထဲဝင် ကိုယ်လက်သန့်စင်ပြီး အသားထူထူရှိသော စပို့ရှပ်လည်ပိတ်လက်ရှည်နှင့် ဂျင်းဘောင်းဘီ တစ်ထည်ကိုကောက်ဝတ်လိုက်သည်။အနည်းငယ် အေးစိမ့်စိမ့်ရှိသည်မို့ ကော်ဖီပူပူတစ်ခွက်ကို သူ ဖန်တီးလိုက်သည်။

ကော်ဖီ......။

ဟိုကောင်လေးက ကော်ဖီနဲ့ စတော်ဘယ်ရီကိတ်ကို တဲွစားရတာ သိပ်ကြိုက်တာ။

နောက်ဆုံး ဆုံခဲ့တဲ့နေ့က တစ်နေ့လုံး ဘာမှမစားဘဲ ဗိုက်ဟောင်းလောင်းနဲ့ ဆိုင်ရှေ့မှာတစ်နေ့လုံး ထိုင်ခဲ့ရတာကိုတော့ သူနည်းနည်းစိတ်မကောင်းဖြစ်မိသည်။ဟိုးရက်က ဒေါသထွက်ထွက်နဲ့ ဥပေက္ခာပြုထားခဲ့မိတာ။ပြန်တွေးကြည့်မိတော့သနားစိတ်လေးက နှလုံးသည်းပွတ်ကြားက ယိုစိမ့်လာသည်။သို့သော် ကြာရှည်မခံ။သူ့အာရုံထဲ မျက်နှာတစ်ခု ပေါ်လာသောအခါ ထိုသနားသည့် စိတ်က ဘယ်ချောင်ကြိုချောင်ကြား ရောက်သွားမှန်းတောင်မသိတော့။

"ဟင်း!"

ဒီအကြောင်းတွေ တွေးတိုင်းသက်ပြင်းချရသည်မှာ မရေတွက်နိုင်အောင်ပင် များနေပြီ။စောစောစီးစီး အသက်တိုနေရင်လည်း ဒုက္ခ။ခေါင်းကို ဘယ်ပြန်ညာပြန်ခါထုတ်လိုက်ပြီး လက်ထဲကကော်ဖီခွက်ကို မော့ချလိုက်သည်။

"ဖွီး....ငန်...ငန်လိုက်တာ"

လျှာဖျားပေါ်ကနေ လည်ချောင်းထဲအထိ စီးဆင်းသွားသော ငန်ကျိကျိ ခါးသက်သက်အရသာ။အောက်ကို ပြန်ငုံ့ကြည့်မိတော့ စားပွဲပေါ်က ဆားဘူးက သူ့ကိုမချေမငံပြန်ကြည့်နေသယောင်။ထိုဆားထည့်သည့်ဘူးသာ လူသာဆို လည်မြိုနင်းသတ်မိမှာ အသေအချာ။

"အား..."

စိတ်တိုတိုနဲ့ လွှင့်ပစ်မလို့ ဟန်ပြင်လိုက်စဥ် ဂျောင်ကုအဖေ မျက်နှာကြီးက ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ။သူစိတ်တိုတိုနဲ့ လည်ပင်းညှစ်သလိုမျိုး ထိုဘူးကို လက်နှစ်ဖက်နှင့် အားရပါးရ ဖျစ်လိုက်သည်။

"ကဲ....သေစမ်းကွာ "

"ဟား...ဟား....."

ရယ်သံနက်ကြီးကြောင့် သူရုတ်တရက် လန့်ဖျပ်သွားကာ လက်ထဲက ဆားဘူးကိုပါ လွှတ်ချမိရက်သားဖြစ်သွားသည်။

အိမ်ပေါက်ဝမှာ ဆံပင်ငွေရောင် စုတ်ဖွားနဲ့ မျက်လုံးပေါက်ပိတ်မတတ်ရယ်နေတဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး။

သွားပြီ။သာယာနေတဲ့ သူ့ဘဝလေးက ဒီမှာတင်တစ်ခန်းရပ်သွားပြီဖြစ်ကြောင်း ရယ်သံနှင့်အတူကပ်ပါလာသည့် ေပြာင်စပ်စပ်မျက်နှာက သက်သေပင်ဖြစ်၏။

"ငါ့သူငယ်ချင်းကြီး ဆိုင်ပိတ်ပြီးတော့ အိမ်မှာ အလုပ်ကြီးအကိုင်ကြီးတွေလုပ်နေသလား မှတ်တယ်။ကော်ဘူးကြီးနဲ့ရန်ဖြစ်နေတာပဲ ဟား..ဟား"

"ဟေ့ကောင် ကော်ဖီဖျော်တာ ဆားဘူးနဲ့သကြားဘူး မှားဖျော်မိလို့ကွ. အပိုတွေ​ပြောမနေနဲ့"

"ဂျွန်ဂျောင်ကု မြင်ရင်တော့ အူတက်ပြီးပဲ သေမလား။ရူးသွားပြီ ဆိုပြီးတော့ပဲ ယူကြုံးမရ အပူလုံးကြွလေမလား.ဟားဟား "

အမျိုးမျိုးနှိပ်ကွက်နေသော အမောင်ယွန်းဂီအတွက် လက်ဆောင်ကတော့ ကော်ဘူးပျံပဲဖြစ်သည်။ဝှီးကနဲမြည်အောင် ပျံသန်းလာသော ဆော့ဂျင်၏ လက်ဆောင် ထိုဘူးကို အလျင်အမြန်သာ မရှောင်နိုင်ရင် နဖူးပေါ်မှာ အာလူးသီးတစ်လုံး တံဆိပ်ကပ်ပြီးသားဖြစ်မှာ ဧကန်မလွဲ။

"ဟေ့ကောင် ဒါလေးစတာကို မညှာမတာပစ်ရသလားကွ"

ယွန်းဂီ မျက်နှာကြီးရှုံ့ မဲ့ကာ ငိုတော့မလိုမျက်နှာမျိုးဖြင့် ဒရမ်မာချိုးလိုက်သည်။ကင်ဆော့ဂျင်ကို မသိမသာအကဲခတ်တော့ လက်သီးတပြင်ပြင်နဲ့။အနားကပ်တာနဲ့ ထိုးမည့်ပုံစံ။

"အသားမနာချင်ရင် ပေါက်ကရမပြောနဲ့"

"ဆားနဲ့သကြား မှားရလောက်တဲ့ အထိ စိတ်တွေက ဘယ်ရောက်နေတာလဲ။ဧကန္တ 'ကု'ဆီကိုလား..အဟိ"

မြေကြီးလက်ခတ် မလွဲအောင်မှန်နေသော ယွန်းဂီစကားကြောင့် ဆော့ဂျင်အရှိုက်ထိသွားကာ ချက်ချင်းနားရွက်တွေ နီရဲလာပြီး ကမူးရှုးထိုးဖြင့် ဖြေရှင်းချက်တွေ ပေးတော့သည်။

"ဟေ့ကောင် ငါရှေ့ သူ့အကြောင်း လာမပြောနဲ့။ဘာမှ တွေးစရာအကြောင်းမရှိဘူး။အခု သူနဲ့လည်း အဆက်အသွယ် ဖြတ်လိုက်ပြီ။ထပ်ပြီး မတွေ့တော့ဘူး"

"ပြောတော့သာ မကြိုက်ပါဘူး၊သတိမရပါဘူးနဲ့..စိတ်ထဲတော့ တွေးနေတာမလား..ကုက ကိုကို့ကို ဘာလို့ပစ်ထားရတာလဲဆိုပြီး..အဟက်"

"ဟေ့ကောင်..မင်းတော့ နာတော့မယ်။ဂျွန်ဂျောင်ကုနဲ့ မင်းနဲ့က တကယ်တွဲဖက်ညီတာသိလား။ဂျီမင်းနဲ့မဟုတ်ဘဲ ဂျွန်ဂျောင်ကုနဲ့ မင်းနဲ့ဖူးစာဆုံရမှာ"

"တော်ပါပြီ။ငါ့ baby လေးနဲ့ပဲ ကြည်နူးပါရစေ။မင်း ယုန်ပေါက်ကို မင်းပဲယူ။ပြီးမှ 'ငါ့ယုန်ပေါက်လေး' ချစ်မဝလှပါချည်ရဲ့ဆိုပြီး မြင်ယောင်သေး"

"ရား!!!!!!မင်ယွန်းဂီ"

ဆော့ဂျင် နားရွက်တွေ နီရဲပြီး နှုတ်ခမ်းလေးစူအောင် ပတွတ်,ပတွတ်ပြောနေလျှင် မင်ယွန်းဂီလောက် ကမ္ဘာမှာ ဝမ်းသာအားရ ဖြစ်မည့်သူ ရှိမယ်မထင်။စိတ်ထဲမှာ နှစ်ထောင်းအားရ ဖြစ်ကာ မျက်နှာပိုးမနည်းသတ်ထားရသည်။

ဘယ်လိုစကားမျိုးပြောရင် ဆော့ဂျင်စိတ်ဆိုးမည်၊အမြင်ကပ်မည်ကို ကောင်းကောင်းသိထားသူ ဖြစ်၍ ဒေါပွမည့်စကားတွေကိုပဲ ရှာကြံ ပြောဆိုလေ့ရှိသူပင်။ဘာရယ်တော့ မဟုတ်။သူငယ်ချင်းအချင်းချင်း အဲ့လို စလိုက်နောက်လိုက်ရမှ စားဝင်အိပ်ပျော်သူဖြစ်သည်။

လုပ်ငန်းခွင်မှာ အချေကိုယ်တော်ဟု နာမည်ကြီးသော မင်ယွန်းဂီသည် ကင်ဆော့ဂျင် ကိုတော့မစရမနေနိုင်။ဟိုက ​စိတ်ဆိုးဆိုးနဲ့ ပြန်လုပ်လိုက်ရင်လည်း တစ်ခါမှမသက်သာ။သို့ပေမယ့် သူတို့နှစ်ယောက်လုံး ကောင်းသည့်အချက်တစ်ခုကတော့ ကြာကြာစိတ်မဆိုးခြင်းဖြစ်သည်။

ယခုလည်း ခုနက တစ်ယောက်နဲ့တစ်ယောက် အော်ကြီးဟစ်ကျယ် စ နောက်နေသူတို့မှာ သူတို့မဟုတ်သည့် အတိုင်း အိမ်ရှေ့က ဆက်တီပေါ်မှာ ထိုင်ပြီး စကားပြောနေကြသည်။

"မနေ့က ဂျောင်ကုလေး ဖုန်းဆက်တယ်"

ယွန်းဂီ စကားကြောင့် ကော်ဖီခွက်ကိုင်းပေါ်က သူ့လက်တွေ တန့်သွားသည်။အကဲခတ်နေသော ယွန်းဂီရဲ့ မျက်လုံးတွေကို မသိကျိုးကျွံပြုကာ ဘာမှမဖြစ်သလိုပုံစံနှင့် ကော်ဖီတစ်ကျိုက် မော့သောက်လိုက်သည်။

"မင်း တကယ် သူနဲ့ပြတ်သွားပြီလား"

အတည်မေးလာတော့ သူ့မှာဖြေစရာစကားက မရှိ။ခံစားချက်တွေက မရေရာမသေချာနဲ့။ခန္ဓာကိုယ်က လှုပ်ရှားနေပေမယ့် ခေါင်းထဲမှာ ဂျောင်ကု အကြောင်းကိုပဲ အမြဲတွေးနေမိခဲ့တာတော့ သေချာသည်။သူ့ရင်ထဲ အငြိုးတရားတွေ လောင်မြိုက်နေတာက သပ်သပ်။ဂျောင်ကုအပေါ် သတိရတာက သပ်သပ်နှင့် ရင်တွင်းခံစားမျိုးစုံက အရောင်အမျိုးမျိုးပြောင်းပြီး တိုက်ပွဲဆင်နေကြ၏။

"စဥ်းစားတုန်း"

ရီဝေဆွေးမြေ့နေသည့် မျက်လုံး ဆော့ဂျင် မျက်ဝန်းတွေထဲမှာ အမုန်းတရားတွေမပါ၊နာကျည်းခြင်းတွေမပါ။ယွန်းဂီ အသံအကျယ်ကြီး ထရယ်တော့မှ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံ ဖြစ်ပြီး မျက်နှာကို ပိုတင်းထားလိုက်သည်။

" ဘာရယ်စရာပါလို့လဲ"

"ခံစားချက်တွေကို မလိမ်စမ်းပါနဲ့ ကင်ဆော့ဂျင်ရာ။မင်း မျက်နှာမှာ အထင်းသားကြီးပေါ်နေတယ်ကွ။မင်းလည်း ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်လေးမှ မဟုတ်တော့တာ။သေသေချာချာ စဥ်းစားပြီးမှ ဆုံးဖြတ်စေချင်တယ်"

"ဂျောင်ကုက မင်းကိုတအားချစ်တာ..ဘေးနားက ငါတို့တောင်ရိပ်မိတယ်"

"ယွန်းဂီ..တော်တော့"

အထိတ်တလန့်ခေါ်ခြင်းက ဆက်မပြောပါနဲ့လို့ တားမြစ်ခြင်းလည်းမည်၏။ဂျောင်ကု ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပြန်မြင်လာသည့်အခါ သူ့ရင်ဘတ်တွေ နာလာသည်။

ယွန်းဂီက သက်ပြင်းတစ်ချက်ချပြီး သူ့လက်ဖမိုးပေါ် ကြင်နာစွာ ဆုပ်ကိုင်လာသည်။

"မင်းတို့နှစ်ယောက်ကြားထဲက ပြဿနာကို ငါသေချာမသိပေမယ့် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့ကွာ။အမှန်အတိုင်းပြောရရင် ဂျောင်ကုက မင်းအပေါ်တကယ်မချစ်ဘူးလို့ ငါခံစားရရင် သူ့ဘာသာ သေလောက်အောင် ခံစားပြနေနေ ငါဂရုစိုက်မှာမဟုတ်ဘူး။မင်းအပေါ် သူတကယ်ချစ်နေတယ်လို့ ငါယုံကြည်လို့ ပြီးတော့ မင်းကလည်းသူ့အပေါ် ခံစားချက်ရှိတယ်ဆိုတာ သေချာလို့သာ ငါအခုလိုပြောနေရတာ"

ယွန်းဂီပြောမှ သူ့မှာ တစ်ပတ်လုံးလုံး အဖြေရှာနေခဲ့တဲ့ ယောင်ဝါးဝါး မေးခွန်းတွေအတွက် သေချာတဲ့အဖြေတစ်ခုရှာတွေ့ဖို့ လမ်းစမြင်လိုက်သလိုမျိုး။အမြဲတမ်း ရွှတ်နောက်နောက်နဲ့ စကားဆယ်ခွန်းမှာ ကိုးခွန်းလောက်က ဗလရွှတ်တ ​ပြောတတ်သူက အခုလိုအတည်ကြီး ပြောလာတော့ ကြက်သီးထစရာ။

မင်ယွန်းဂီဟောတဲ့ ဂျွန်ဂျောင်ကုတရားမှာ နစ်မြောပြီး သူတောင် အသိတရားဝင်ချင်လာသလိုလို။ဒီကောင် သိပ်အပြောကောင်း။

"အမယ်...​ဒီလောက်ငြိမ်သွားပုံ ထောက်ရင်တော့ ငါ့ကောင်ကြီး တကယ် heartထိသွားပြီနဲ့တူတယ် ဟဲဟဲ"

ချီးမွမ်းမယ့် ကြံရင်  အဲ့ဒီလိုထပြီး ဖောက်ပြန်တတ်တဲ့ မင်ယွန်းဂီရယ်ပါ။မေးရိုးကို လက်သီးတစ်ချက်နှင့်အတူ မနာအောင်ခပ်ဖွဖွ ထိုးတော့ တဟဲဟဲနဲ့ထရယ်သည်။

"လာရင်း ကိစ္စတောင်မေ့တယ်။မနက်ဖြန် ေဘဘီလေးမွေးနေ့..ငါ့ခြံထဲမှာ Birthday party လုပ်မယ်။ငြင်းဖို့မကြိုးစားနဲ့..အကြောင်းပြချက်အမျိုးမျိုးပေးဖို့ မကြံစည်နဲ့..ဆက်ဆက်လာဖြစ်အောင် လာခဲ့..ဒါပဲ

တစ်ချက်လွှတ်အမိန့်နဲ့ ရာဇသံပေးပုံက မလာရင် ခေါင်းဖြတ်တော့မည့်လေသံနှင့်။သူ့ဆီက အဖြေစကားမရခင် အိမ်ရှေ့က ကားပေါ်ထိရောက်နှင့်နေပြီးသော သကောင့်သားကို ဆော့ချင်ခမျာ ဘာမှမပြောနိုင်တော့ဘဲ လက်မြှောက်အလျှော့ပေးလိုက်ရတော့သည်။

ထိုင်ခုံပေါ် ပြိုင်ထိုင်မည်အပြုမှာ အိမ်ရှေ့ဆီက ဆိုင်ကယ်သံကြားတော့ သူ့ခြေထောက်တွေ ပြတင်းပေါက်နား ဘယ်လိုရောက်သွားမှန်းတော့ မသိတော့။လိုက်ကာစကို အဆောတလျင်ဖွင့်ရင်း ပြတင်းပေါက် အပြင်ကို ခေါင်းပြူထွက်ကြည့်လိုက်လျှင် အိမ်ရှေ့မှာ သူထင်သလိုမျိုး ဆိုင်ကယ်ကိုမှီရပ်ပြီး ဂျစ်ကန်ကန် ပြုံးပြနေမည့် ကောင်ဆိုးလေးကရှိမနေ။

သူ့ရင်ထဲ လှိုက်ကနဲ ဆို့တက်သွားကာ မျက်တောင်ဖျားကို ​ပုတ်ခတ်,ပုတ်ခတ်လုပ်ပစ်လိုက်သည်။

"ကောင်စုတ်လေး..ဖုန်းခေါ်မရတာကို အိမ်အထိလိုက်မလာဘူး။ငါ့ကို ပစ်ထားတယ်"

ရင်နှင့်မဆန့်အောင် လွမ်းခဲ့ရတဲ့ နေ့တွေညတွေမှာ' ဂျွန်ဂျောင်ကုကို မုန်းတယ်' ဆိုတာ ကျိန်ပြောရင်တောင် ယုံစရာမရှိပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တမင် update လုပ်မပေးတာ မဟုတ်ပါဘူးနော်။မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ဖျားနေလို့ တစ်အိမ်လုံးရဲ့ စင်ဒရဲလားလေး လုပ်နေရပါတယ်။အဲ့ဒါကြောင့် ေနာက်ကျသွားတာရယ်😓

Thanks for your reading & votingRiona🌼

.........Zawgyi-----------

ကုတင္ေပၚက လုံးေထြးေနတဲ့ အိပ္ယာခင္းမ်ား၊ေစာင္မ်ားသည္ တြန္႔ေၾကလ်က္႐ွိသည္။မြစာႀကဲေနေသာ စီးကရက္အစီခံမ်ားကလည္း ဟိုအနားတစ္စု ဒီအနားတစ္စုႏွင့္။မၿဖီးတာၾကာၿပီျဖစ္သည့္ ဆံပင္ဘုတ္သိုက္ကလည္း ေတာ္ေတာ္႕ကို ႐ွင္းယူရဦးမည္။အက်ီအေပၚပိုင္း ဗလာႏွင့္ ကုတင္ကိုခပ္လ​​်ွောေလွ်ာမွီၿပီး ထိုင္ေနေသာ သူသည္ ယခုအထိလည္း စီးကရက္တစ္လိပ္ကို လက္ၾကားထဲတြင္ ညႇပ္ၿပီးဖြာေနတုန္း။

ဒါေတြက ဒီတစ္ပတ္အတြင္း သူဘယ္လို ပစၥလက္ခတ္ေနခဲ့သလဲဆိုသည့္ ျပယုဂ္တစ္ခုပင္ျဖစ္သည္။

ပုံမွန္ဆို သြားလိုက္ လာလိုက္ႏွင့္ ကုန္မွန္းမသိကုန္ခဲ့ေသာ တစ္ပတ္ဆိုသည့္ အခ်ိန္ကာလက ဒီေလာက္အထိ ၾကာမယ္မွန္း ဘယ္တုန္းကမွ မထင္ခဲ့။

အစ္ကိုနဲ႔မေတြ႕ရတဲ့ နာရီပိုင္းအခ်ိန္ေလးမွာေတာင္ လြမ္းေနတတ္တဲ့ ကြၽန္ေတာ္က အဆက္အသြယ္မလုပ္ဘဲ တစ္ပတ္ဆိုတဲ့ကာလႀကီးကို ျဖတ္ေက်ာ္ရတာ တကယ့္ဝဋ္ေႂကြးတစ္ခုလိုမ်ိဳး။

ဖုန္းေခၚထားတာ အႀကိမ္ေရေပါင္း ရာခ်ီေနၿပီ။ဆက္တိုင္း အၿမဲစက္ပိတ္ထားတတ္ေသာ အစ္ကိုသည္ ကြၽန္ေတာ္႕အသံမ​ၾကားခ်င္လို႔မ်ား ဆက္သြယ္မႈဧရိယာျပင္ပကို ထြက္ေျပးေနခဲ့သလား။

ဘာေၾကာင့္ ကြၽန္ေတာ္႕ကိုစိတ္ဆိုးသြားရသလဲ?

ဒီေမးခြန္းရဲ႕ အေျဖကို တစ္ပတ္ၾကာေအာင္စဥ္းစားေနခဲ့မိတာ။

စေတြ႕တဲ့ေန႔ကတည္းက အျဖစ္အပ်က္ေတြက ကြၽန္ေတာ္႕ျမင္ကြင္းထဲမွာ တစ္ခုၿပီးတစ္ခု စီရရီေပၚထြက္လာခဲ့တယ္။ဒါေပမဲ့ ဒီေလာက္ထိ ခါးခါးသီးသီးျဖစ္စရာ အေၾကာင္းျပခ်က္ေတာ့မ႐ွိပါ။

"ေဂ်ာင္ကုေလး အခန္းအျပင္ထြက္ပါဦး"

"ကြၽန္ေတာ္႕ကို ပစ္ထားေပးပါ။တစ္ေယာက္တည္းေနခ်င္လို႔"

အခန္းအျပင္ဘက္က ဦးေလးရဲ႕ စိုးရိမ္မႈေရာယွက္ေနတဲ့ စကားေတြကိုလည္း ကြၽန္ေတာ္ဥေပကၡာျပဳထားခဲ့မိတယ္။အစကတည္းက မဆိုသေလာက္ဂ႐ုစိုက္မႈေလးကိုပဲ ခံရတဲ့ ကြၽန္ေတာ္ဟာ ဘယ္သူ႕ဆီကမွ အေရးတယူလုပ္မႈေတြကိုလည္း မေမွ်ာ္လင့္ေတာ့ပါဘူး။တစ္ေယာက္ေသာ သူဆီကလြဲရင္ေပါ့။

တစ္ပတ္ဆိုတဲ့ အခ်ိန္ဟာ အစ္ကို႔အတြက္ တစ္ခုခုကိုဆုံးျဖတ္ခ်က္ခ်ႏိုင္မယ့္ အခ်ိန္အတိုင္းအတာျဖစ္သလို ကြၽန္ေတာ္႕အတြက္လည္း လြမ္းဖို႔လုံေလာက္တဲ့ အခ်ိန္လည္းျဖစ္တယ္။

ကုတင္ေပၚ ပစ္ခ်ထားတာ ၾကာၿပီျဖစ္ေသာ ဖုန္းကိုေကာက္ကိုင္လိုက္ေတာ့ မ်က္ႏွာျပင္မွာ အက္ကြဲရာအစင္းေၾကာင္းႏွစ္ေၾကာင္းနဲ႔။အစ္ကို႔ဆီ ဖုန္းေခၚလို႔မရတိုင္း သူပစ္,ပစ္ခ်ေနမိတာ။ေအာက္က ကုတင္မဟုတ္ဘဲ ၾကမ္းျပင္သာဆို ဒီဖုန္းညက္ညက္ေၾကေနၿပီ။

"ဟယ္လို..အကို ယြန္းဂီ"

"ေအး.....ေဂ်ာင္ကု "

တစ္ဖက္က ယြန္းဂီအသံကို သူေကာင္းေကာင္းမၾကားရ။ေလတိုးသံေတြေရာ စကားေျပာသံေတြေရာ ဆူညံေနသည္။

"ဘယ္ေရာက္ေနတာလဲ အခု"

"ေဘဘီေလးရဲ႕ ေမြးရပ္ေျမ ဘူဆန္မွာကြ။ေက်ာင္းပိတ္ရက္ အိမ္ျပန္ခ်င္တယ္ဆိုလို႔ လိုက္ပို႔တာ"

"အစ္ကိုေဆာ့ဂ်င္ဆီ ဖုန္းဆက္ျဖစ္ေသးလား"

"မဆက္ျဖစ္ဘူး ။ ဘာျဖစ္လို႔လဲ"

"အကိုလည္း သိမွာပါ။ဟိုေန႔ကတည္းက တစ္ပတ္႐ွိၿပီ။ကြၽန္ေတာ္ ဖုန္းေခၚတာမကိုင္ဘူး"

"ဖုန္းမကိုင္ရင္ အိမ္လိုက္သြားေပါ့ကြ။ဒါမ်ား ဘာခက္တာလဲမွတ္လို႔"

"ဒါ...ဒါေပမဲ့....ဗ်ာ..."

အကိုယြန္းဂီရဲ႕ အၾကံက ႐ိုး႐ွင္းလွပါသည္။ဒါေပမယ့္ သူ႕အတြက္ကေတာ့ တစ္ပတ္တိတိ စိတ္ကူးထဲကေနသာ အႀကိမ္ႀကိမ္သြားေတြ႕ၿပီး လက္ေတြ႕မွာ ေျခတစ္လွမ္းေတာင္ အစ္ကို႔႐ွိရာဘက္ကို ဦးတည္ဖို႔မရဲေသး။အစ္ကို႔မ်က္ဝန္းေအးစက္စက္ေတြ စကားလုံးစိမ္းစိမ္းေတြကို  ေၾကာက္သည္။

လက္ရဲဇက္ရဲနဲ႔ ထစ္ခနဲဆို လက္ပါတတ္ေသာ၊ ေကာင္ဆိုးေလးဟု ကင္ပြန္းတပ္ခံရေသာ သူသည္ အစ္ကို႔အၾကည့္ေအးစက္စက္ တစ္ခ်က္ကိုေတာ့ ေသမေလာက္ေၾကာက္သည္။စကားလုံးစိမ္းေတြဆိုရင္ေတာ့ ဆိုဖြယ္ရာ မ႐ွိေတာ့။

"မင္းကေလ ခိုးခ်င္တာလဲ ပ်ာလို႔၊လက္ေႏွးတာလည္း ခ်ာလို႔ဆိုတာ မင္းလိုေကာင္မ်ိဳးကိုေျပာတာ။ဖုန္းမကိုင္ရင္ အိမ္လိုက္သြား။စိတ္ဆိုးရတဲ့ အေၾကာင္းအရင္းကိုေမးျပ​ီး ​ေျဖ႐ွင္းလိုက္ရင္ ပြဲသိမ္းေနၿပီ။ကံေကာင္းရင္ 'ေဂ်ာင္ကုကီးေလး'ဆိုၿပီး ပါးစပ္ဖ်ားကေနေတာင္ မခ်ႏိုင္ေအာင္ျဖစ္သြားမွာ။မင္းကိုက မေနတတ္မစားတတ္....."

"ဟာ!ေတာ္ၿပီဗ်ာ...သူမလုပ္ရတိုင္းေျမႇာက္ပင့္ေနတယ္။ေဂ်ာင္ကုကီးေလးဆိုၿပီး အလိုလိုက္မခံရဘဲ ေ႐ွ႕သြားေတြကြၽတ္ထြက္ၿပီး ဆန္ျပဳတ္နဲ႔ႏွစ္ပါးသြားေနရမွ ဟုတ္ေပ့ ျဖစ္ေနလိမ့္ဦးမယ္။ေတာ္ၿပီ....အကို႔ဘာသာ ဘူဆန္မွာတစ္ဝႀကီး ေပ်ာ္ေနေတာ့"

တစ္ဖက္က ယြန္းဂီ၏ မခ်ိမဆန္႔ ဆဲဆိုေရ႐ြတ္သံေတြကို မၾကားရခင္ ဖုန္းအျမန္ခ်လိုက္သည္။စိတ္ညစ္ညစ္နဲ႔ ေခါင္းကိုစုံကုတ္လိုက္ေတာ့ အရင္ကတည္းက ပြေယာင္းေယာင္းဆံပင္ေတြက ငွက္သိုက္လို ဘုတ္သိုက္ႀကီးျဖစ္သြားေတာ့သည္။

'သတိရလိုက္တာ အစ္ကိုရာ'ဟူေသာ စကားကိုသာ သူ႕ရင္ထဲ ထပ္တလဲလဲ ညည္းဆိုေနမိသည္။

ဝဋ္ေႂကြးေတာ့ ဝဋ္ေႂကြးပါပဲ။ေက်ပါေစလို႔ေတာ့ မဆုေတာင္းခ်င္ပါ။ခ်စ္၍ ျဖစ္လာေသာ ဝဋ္ေႂကြးမို႔ ကိုယ္တိုင္က ေက်ေက်နပ္နပ္ႀကီး နစ္မြန္းခ်င္ေနမိေတာ့လည္း အခက္သား။

𖧷.𖧷.𖧷

စူး႐ွလွေသာ ေနေရာင္သည္ အိပ္ရာထဖို႔ အခ်ိန္တန္သည္ထက္ပင္ လြန္ေနၿပီျဖစ္ေၾကာင္း သူ႕မ်က္ခံြေတြေပၚ ထိုးခြဲဝင္ေရာက္ကာ သတိေပးသည္။ကိုယ္ေပၚက ေစာင္ကို ေခါင္းအထိဆြဲျခဳံၿပီး ဆက္အိပ္ဖို႔ျပင္စဥ္ ဗိုက္ထဲက တဂြီဂြီနဲ႔ ဆႏၵျပေတာ့သည္။ဘယ္လိုမွ မေနႏိုင္ေအာင္ ဗိုက္ထဲက ေအာင့္လာေတာ့မွ ကိုယ္ေပၚက ေစာင္ကိုခြာပစ္လိုက္ရင္း ေျခေထာက္နဲ႔ပါကန္လိုက္သည္။

"ဗိုက္ဆာလိုက္တာ"

ေခါင္းထဲကလည္း ရီေဝေဝ မူးေနာက္ေနာက္ႏွင့္။လမ္းေလွ်ာက္ရတာကအစ ဒယီးဒယိုင္။အိပ္ေရးပ်က္လို႔ မူးျခင္းမဟုတ္ဘဲ အအိပ္လြန္လို႔ မူးေနျခင္းျဖစ္သည္။ထမင္းစားခ်ိန္ေလာက္၊ေရခ်ိဳးခ်ိန္ေလာက္သာ ထၿပီး က်န္တဲ့အခ်ိန္ အိပ္ရာေပၚ ထိုးအိပ္တတ္သည္မွာ စိတ္ဖိစီးလာတိုင္း ေဆာ့ဂ်င္လုပ္တတ္သည့္အက်င့္ျဖစ္သည္။

မင္ယြန္းဂီ က အသည္းကြဲလွ်င္ အိပ္သည္။သူကေတာ့ စိတ္ညစ္လွ်င္ အိပ္သည္။

တစ္ခန္းလုံး အဝတ္ေတြေရာ စားစရာေသာက္စရာ မုန္႔အခံြ၊အခ်ိဳရည္ ဘူးခံြေတြက ေျခခ်စရာေနရာေတာင္ မ႐ွိ။တစ္ပတ္လုံးလုံး ဆိုင္မထြက္သည့္အျပင္ အိမ္သန္႔႐ွင္းေရးေတာင္ သူမလုပ္ပါ။ကင္ေဆာ့ဂ်င္တို႔ စိတ္ညစ္ပုံက ထူးဆန္းသည္။စိတ္ဖိစီးမႈေတြမ်ားတိုင္း အစားေတြနင္းကန္စားၿပီး စိတ္ညစ္စရာေတြပုံလာလွ်င္ေတာ့ အိပ္ရာထဲက မထတမ္းအိပ္တတ္သည္။

"ဟင္း! အိမ္သန္႔႐ွင္းေရးလုပ္ဦးမွပဲ။​ေႁမြေတာင္ ဝင္ေခြလို႔ရေနၿပီ"

ေျပာေျပာဆိုဆိုနဲ႔ပဲ တံျမက္စည္းတစ္ေခ်ာင္း ေကာက္ကိုင္ၿပီး ႐ွင္းလိုက္ေတာ့လည္း ခဏေလးရယ္။တကယ္က အပ်င္းထူေနတာလည္းပါသည္။

ေရခ်ိဳးခန္းထဲဝင္ ကိုယ္လက္သန္႔စင္ၿပီး အသားထူထူ႐ွိေသာ စပို႔႐ွပ္လည္ပိတ္လက္႐ွည္ႏွင့္ ဂ်င္းေဘာင္းဘီ တစ္ထည္ကိုေကာက္ဝတ္လိုက္သည္။အနည္းငယ္ ေအးစိမ့္စိမ့္႐ွိသည္မို႔ ေကာ္ဖီပူပူတစ္ခြက္ကို သူ ဖန္တီးလိုက္သည္။

ေကာ္ဖီ......။

ဟိုေကာင္ေလးက ေကာ္ဖီနဲ႔ စေတာ္ဘယ္ရီကိတ္ကို တဲြစားရတာ သိပ္ႀကိဳက္တာ။

ေနာက္ဆုံး ဆုံခဲ့တဲ့ေန႔က တစ္ေန႔လုံး ဘာမွမစားဘဲ ဗိုက္ေဟာင္းေလာင္းနဲ႔ ဆိုင္ေ႐ွ႕မွာတစ္ေန႔လုံး ထိုင္ခဲ့ရတာကိုေတာ့ သူနည္းနည္းစိတ္မေကာင္းျဖစ္မိသည္။ဟိုးရက္က ေဒါသထြက္ထြက္နဲ႔ ဥေပကၡာျပဳထားခဲ့မိတာ။ျပန္ေတြးၾကည့္မိေတာ့သနားစိတ္ေလးက ႏွလုံးသည္းပြတ္ၾကားက ယိုစိမ့္လာသည္။သို႔ေသာ္ ၾကာ႐ွည္မခံ။သူ႕အာ႐ုံထဲ မ်က္ႏွာတစ္ခု ေပၚလာေသာအခါ ထိုသနားသည့္ စိတ္က ဘယ္ေခ်ာင္ႀကိဳေခ်ာင္ၾကား ေရာက္သြားမွန္းေတာင္မသိေတာ့။

"ဟင္း!"

ဒီအေၾကာင္းေတြ ေတြးတိုင္းသက္ျပင္းခ်ရသည္မွာ မေရတြက္ႏိုင္ေအာင္ပင္ မ်ားေနၿပီ။ေစာေစာစီးစီး အသက္တိုေနရင္လည္း ဒုကၡ။ေခါင္းကို ဘယ္ျပန္ညာျပန္ခါထုတ္လိုက္ၿပီး လက္ထဲကေကာ္ဖီခြက္ကို ေမာ့ခ်လိုက္သည္။

"ဖြီး....ငန္...ငန္လိုက္တာ"

လွ်ာဖ်ားေပၚကေန လည္ေခ်ာင္းထဲအထိ စီးဆင္းသြားေသာ ငန္က်ိက်ိ ခါးသက္သက္အရသာ။ေအာက္ကို ျပန္ငုံ႔ၾကည့္မိေတာ့ စားပြဲေပၚက ဆားဘူးက သူ႕ကိုမေခ်မငံျပန္ၾကည့္ေနသေယာင္။ထိုဆားထည့္သည့္ဘူးသာ လူသာဆို လည္ၿမိဳနင္းသတ္မိမွာ အေသအခ်ာ။

"အား..."

စိတ္တိုတိုနဲ႔ လႊင့္ပစ္မလို႔ ဟန္ျပင္လိုက္စဥ္ ေဂ်ာင္ကုအေဖ မ်က္ႏွာႀကီးက ဘယ္ကဘယ္လို ေပၚလာမွန္းမသိ။သူစိတ္တိုတိုနဲ႔ လည္ပင္းညႇစ္သလိုမ်ိဳး ထိုဘူးကို လက္ႏွစ္ဖက္ႏွင့္ အားရပါးရ ဖ်စ္လိုက္သည္။

"ကဲ....ေသစမ္းကြာ "

"ဟား...ဟား....."

ရယ္သံနက္ႀကီးေၾကာင့္ သူ႐ုတ္တရက္ လန္႔ဖ်ပ္သြားကာ လက္ထဲက ဆားဘူးကိုပါ လႊတ္ခ်မိရက္သားျဖစ္သြားသည္။

အိမ္ေပါက္ဝမွာ ဆံပင္ေငြေရာင္ စုတ္ဖြားနဲ႔ မ်က္လုံးေပါက္ပိတ္မတတ္ရယ္ေနတဲ့ ခ်စ္လွစြာေသာ သူငယ္ခ်င္းႀကီး။

သြားၿပီ။သာယာေနတဲ့ သူ႕ဘဝေလးက ဒီမွာတင္တစ္ခန္းရပ္သြားၿပီျဖစ္ေၾကာင္း ရယ္သံႏွင့္အတူကပ္ပါလာသည့္ ေျပာင္စပ္စပ္မ်က္ႏွာက သက္ေသပင္ျဖစ္၏။

"ငါ့သူငယ္ခ်င္းႀကီး ဆိုင္ပိတ္ၿပီးေတာ့ အိမ္မွာ အလုပ္ႀကီးအကိုင္ႀကီးေတြလုပ္ေနသလား မွတ္တယ္။ေကာ္ဘူးႀကီးနဲ႔ရန္ျဖစ္ေနတာပဲ ဟား..ဟား"

"ေဟ့ေကာင္ ေကာ္ဖီေဖ်ာ္တာ ဆားဘူးနဲ႔သၾကားဘူး မွားေဖ်ာ္မိလို႔ကြ. အပိုေတြ​ေျပာမေနနဲ႔"

"ဂြၽန္ေဂ်ာင္ကု ျမင္ရင္ေတာ့ အူတက္ၿပီးပဲ ေသမလား။႐ူးသြားၿပီ ဆိုၿပီးေတာ့ပဲ ယူၾကဳံးမရ အပူလုံးႂကြေလမလား.ဟားဟား "

အမ်ိဳးမ်ိဳးႏွိပ္ကြက္ေနေသာ အေမာင္ယြန္းဂီအတြက္ လက္ေဆာင္ကေတာ့ ေကာ္ဘူးပ်ံပဲျဖစ္သည္။ဝွီးကနဲျမည္ေအာင္ ပ်ံသန္းလာေသာ ေဆာ့ဂ်င္၏လက္ေဆာင္ ထိုဘူးကို အလ်င္အျမန္သာ မေ႐ွာင္ႏိုင္ရင္ နဖူးေပၚမွာ အာလူးသီးတစ္လုံး တံဆိပ္ကပ္ၿပီးသားျဖစ္မွာ ဧကန္မလြဲ။

"ေဟ့ေကာင္ ဒါေလးစတာကို မညႇာမတာပစ္ရသလားကြ"

ယြန္းဂီ မ်က္ႏွာႀကီး႐ႈံ႕ မဲ့ကာ ငိုေတာ့မလိုမ်က္ႏွာမ်ိဳးျဖင့္ ဒရမ္မာခ်ိဳးလိုက္သည္။ကင္ေဆာ့ဂ်င္ကို မသိမသာအကဲခတ္ေတာ့ လက္သီးတျပင္ျပင္နဲ႔။အနားကပ္တာနဲ႔ ထိုးမည့္ပုံစံ။

"အသားမနာခ်င္ရင္ ေပါက္ကရမေျပာနဲ႔"

"ဆားနဲ႔သၾကား မွားရေလာက္တဲ့ အထိ စိတ္ေတြက ဘယ္ေရာက္ေနတာလဲ။ဧကႏၲ 'ကု'ဆီကိုလား..အဟိ"

ေျမႀကီးလက္ခတ္ မလြဲေအာင္မွန္ေနေသာ ယြန္းဂီစကားေၾကာင့္ ေဆာ့ဂ်င္အ႐ိႈက္ထိသြားကာ ခ်က္ခ်င္းနား႐ြက္ေတြ နီရဲလာၿပီး ကမူး႐ႈးထိုးျဖင့္ ေျဖ႐ွင္းခ်က္ေတြ ေပးေတာ့သည္။

"ေဟ့ေကာင္ ငါေ႐ွ႕ သူ႕အေၾကာင္း လာမေျပာနဲ႔။ဘာမွ ေတြးစရာအေၾကာင္းမ႐ွိဘူး။အခု သူနဲ႔လည္း အဆက္အသြယ္ ျဖတ္လိုက္ၿပီ။ထပ္ၿပီး မေတြ႕ေတာ့ဘူး"

"ေျပာေတာ့သာ မႀကိဳက္ပါဘူး၊သတိမရပါဘူးနဲ႔..စိတ္ထဲေတာ့ ေတြးေနတာမလား..ကုက ကိုကို႔ကို ဘာလို႔ပစ္ထားရတာလဲဆိုၿပီး..အဟက္"

"ေဟ့ေကာင္..မင္းေတာ့ နာေတာ့မယ္။ဂြၽန္ေဂ်ာင္ကုနဲ႔ မင္းနဲ႔က တကယ္တြဲဖက္ညီတာသိလား။ဂ်ီမင္းနဲ႔မဟုတ္ဘဲ ဂြၽန္ေဂ်ာင္ကုနဲ႔ မင္းနဲ႔ဖူးစာဆုံရမွာ"

"ေတာ္ပါၿပီ။ငါ့ baby ေလးနဲ႔ပဲ ၾကည္ႏူးပါရေစ။မင္း ယုန္ေပါက္ကို မင္းပဲယူ။ၿပီးမွ 'ငါ့ယုန္ေပါက္ေလး' ခ်စ္မဝလွပါခ်ည္ရဲ႕ဆိုၿပီး ျမင္ေယာင္ေသး"

"ရား!!!!!!မင္ယြန္းဂီ"

ေဆာ့ဂ်င္ နား႐ြက္ေတြ နီရဲၿပီး ႏႈတ္ခမ္းေလးစူေအာင္ ပတြတ္,ပတြတ္ေျပာေနလွ်င္ မင္ယြန္းဂီေလာက္ ကမ႓ာမွာ ဝမ္းသာအားရ ျဖစ္မည့္သူ ႐ွိမယ္မထင္။စိတ္ထဲမွာ ႏွစ္ေထာင္းအားရ ျဖစ္ကာ မ်က္ႏွာပိုးမနည္းသတ္ထားရသည္။

ဘယ္လိုစကားမ်ိဳးေျပာရင္ ေဆာ့ဂ်င္စိတ္ဆိုးမည္၊အျမင္ကပ္မည္ကို ေကာင္းေကာင္းသိထားသူ ျဖစ္၍ ေဒါပြမည့္စကားေတြကိုပဲ ႐ွာၾကံ ေျပာဆိုေလ့႐ွိသူပင္။ဘာရယ္ေတာ့ မဟုတ္။သူငယ္ခ်င္းအခ်င္းခ်င္း အဲ့လို စလိုက္ေနာက္လိုက္ရမွ စားဝင္အိပ္ေပ်ာ္သူျဖစ္သည္။

လုပ္ငန္းခြင္မွာ အေခ်ကိုယ္ေတာ္ဟု နာမည္ႀကီးေသာ မင္ယြန္းဂီသည္ ကင္ေဆာ့ဂ်င္ ကိုေတာ့မစရမေနႏိုင္။ဟိုက ​စိတ္ဆိုးဆိုးနဲ႔ ျပန္လုပ္လိုက္ရင္လည္း တစ္ခါမွမသက္သာ။သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္လုံး ေကာင္းသည့္အခ်က္တစ္ခုကေတာ့ ၾကာၾကာစိတ္မဆိုးျခင္းျဖစ္သည္။

ယခုလည္း ခုနက တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ႀကီးဟစ္က်ယ္ စ ေနာက္ေနသူတို႔မွာ သူတို႔မဟုတ္သည့္ အတိုင္း အိမ္ေ႐ွ႕က ဆက္တီေပၚမွာ ထိုင္ၿပီး စကားေျပာေနၾကသည္။

"မေန႔က ေဂ်ာင္ကုေလး ဖုန္းဆက္တယ္"

ယြန္းဂီ စကားေၾကာင့္ ေကာ္ဖီခြက္ကိုင္းေပၚက သူ႕လက္ေတြ တန္႔သြားသည္။အကဲခတ္ေနေသာ ယြန္းဂီရဲ႕ မ်က္လုံးေတြကို မသိက်ိဳးကြၽံျပဳကာ ဘာမွမျဖစ္သလိုပုံစံႏွင့္ ေကာ္ဖီတစ္က်ိဳက္ ေမာ့ေသာက္လိုက္သည္။

"မင္း တကယ္ သူနဲ႔ျပတ္သြားၿပီလား"

အတည္ေမးလာေတာ့ သူ႕မွာေျဖစရာစကားက မ႐ွိ။ခံစားခ်က္ေတြက မေရရာမေသခ်ာနဲ႔။ခႏၶာကိုယ္က လႈပ္႐ွားေနေပမယ့္ ေခါင္းထဲမွာ ေဂ်ာင္ကု အေၾကာင္းကိုပဲ အၿမဲေတြးေနမိခဲ့တာေတာ့ ေသခ်ာသည္။သူ႕ရင္ထဲ အၿငိဳးတရားေတြ ေလာင္ၿမိဳက္ေနတာက သပ္သပ္။ေဂ်ာင္ကုအေပၚ သတိရတာက သပ္သပ္ႏွင့္ ရင္တြင္းခံစားမ်ိဳးစုံက အေရာင္အမ်ိဳးမ်ိဳးေျပာင္းၿပီး တိုက္ပြဲဆင္ေနၾက၏။

"စဥ္းစားတုန္း"

ရီေဝေဆြးေျမ့ေနသည့္ မ်က္လုံး ေဆာ့ဂ်င္ မ်က္ဝန္းေတြထဲမွာ အမုန္းတရားေတြမပါ၊နာက်ည္းျခင္းေတြမပါ။ယြန္းဂီ အသံအက်ယ္ႀကီး ထရယ္ေတာ့မွ ကိုယ့္ကိုယ္ကို လိပ္ျပာမလုံ ျဖစ္ၿပီး မ်က္ႏွာကို ပိုတင္းထားလိုက္သည္။

" ဘာရယ္စရာပါလို႔လဲ"

"ခံစားခ်က္ေတြကို မလိမ္စမ္းပါနဲ႔ ကင္ေဆာ့ဂ်င္ရာ။မင္း မ်က္ႏွာမွာ အထင္းသားႀကီးေပၚေနတယ္ကြ။မင္းလည္း ဆယ္ေက်ာ္သက္ ၿမီးေကာင္ေပါက္အ႐ြယ္ေလးမွ မဟုတ္ေတာ့တာ။ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ဆုံးျဖတ္ေစခ်င္တယ္"

"ေဂ်ာင္ကုက မင္းကိုတအားခ်စ္တာ..ေဘးနားက ငါတို႔ေတာင္ရိပ္မိတယ္"

"ယြန္းဂီ..ေတာ္ေတာ့"

အထိတ္တလန္႔ေခၚျခင္းက ဆက္မေျပာပါနဲ႔လို႔ တားျမစ္ျခင္းလည္းမည္၏။ေဂ်ာင္ကု ပုံရိပ္ေတြ တစ္ခုၿပီးတစ္ခု ျပန္ျမင္လာသည့္အခါ သူ႕ရင္ဘတ္ေတြ နာလာသည္။

ယြန္းဂီက သက္ျပင္းတစ္ခ်က္ခ်ၿပီး သူ႕လက္ဖမိုးေပၚ ၾကင္နာစြာ ဆုပ္ကိုင္လာသည္။

"မင္းတို႔ႏွစ္ေယာက္ၾကားထဲက ျပႆနာကို ငါေသခ်ာမသိေပမယ့္ စိတ္လိုက္မာန္ပါ မဆုံးျဖတ္ပါနဲ႔ကြာ။အမွန္အတိုင္းေျပာရရင္ ေဂ်ာင္ကုက မင္းအေပၚတကယ္မခ်စ္ဘူးလို႔ ငါခံစားရရင္ သူ႕ဘာသာ ေသေလာက္ေအာင္ ခံစားျပေနေန ငါဂ႐ုစိုက္မွာမဟုတ္ဘူး။မင္းအေပၚ သူတကယ္ခ်စ္ေနတယ္လို႔ ငါယုံၾကည္လို႔ ၿပီးေတာ့ မင္းကလည္းသူ႕အေပၚ ခံစားခ်က္႐ွိတယ္ဆိုတာ ေသခ်ာလို႔သာ ငါအခုလိုေျပာေနရတာ"

ယြန္းဂီေျပာမွ သူ႕မွာ တစ္ပတ္လုံးလုံး အေျဖ႐ွာေနခဲ့တဲ့ ေယာင္ဝါးဝါး ေမးခြန္းေတြအတြက္ ေသခ်ာတဲ့အေျဖတစ္ခု႐ွာေတြ႕ဖို႔ လမ္းစျမင္လိုက္သလိုမ်ိဳး။အၿမဲတမ္း ႐ႊတ္ေနာက္ေနာက္နဲ႔ စကားဆယ္ခြန္းမွာ ကိုးခြန္းေလာက္က ဗလ႐ႊတ္တ ​ေျပာတတ္သူက အခုလိုအတည္ႀကီး ေျပာလာေတာ့ ၾကက္သီးထစရာ။

မင္ယြန္းဂီေဟာတဲ့ ဂြၽန္ေဂ်ာင္ကုတရားမွာ နစ္ေျမာၿပီး သူေတာင္ အသိတရားဝင္ခ်င္လာသလိုလို။ဒီေကာင္ သိပ္အေျပာေကာင္း။

"အမယ္...​ဒီေလာက္ၿငိမ္သြားပုံ ေထာက္ရင္ေတာ့ ငါ့ေကာင္ႀကီး တကယ္ heartထိသြားၿပီနဲ႔တူတယ္ ဟဲဟဲ"

ခ်ီးမြမ္းမယ့္ ၾကံရင္  အဲ့ဒီလိုထၿပီး ေဖာက္ျပန္တတ္တဲ့ မင္ယြန္းဂီရယ္ပါ။ေမး႐ိုးကို လက္သီးတစ္ခ်က္ႏွင့္အတူ မနာေအာင္ခပ္ဖြဖြ ထိုးေတာ့ တဟဲဟဲနဲ႔ထရယ္သည္။

"လာရင္း ကိစၥေတာင္ေမ့တယ္။မနက္ျဖန္ ေဘဘီေလးေမြးေန႔..ငါ့ျခံထဲမွာ Birthday party လုပ္မယ္။ျငင္းဖို႔မႀကိဳးစားနဲ႔..အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေပးဖို႔ မၾကံစည္နဲ႔..ဆက္ဆက္လာျဖစ္ေအာင္ လာခဲ့..ဒါပဲ

တစ္ခ်က္လႊတ္အမိန္႔နဲ႔ ရာဇသံေပးပုံက မလာရင္ ေခါင္းျဖတ္ေတာ့မည့္ေလသံႏွင့္။သူ႕ဆီက အေျဖစကားမရခင္ အိမ္ေ႐ွ႕က ကားေပၚထိေရာက္ႏွင့္ေနၿပီးေသာ သေကာင့္သားကို ေဆာ့ခ်င္ခမ်ာ ဘာမွမေျပာႏိုင္ေတာ့ဘဲ လက္ေျမႇာက္အေလွ်ာ့ေပးလိုက္ရေတာ့သည္။

ထိုင္ခုံေပၚ ၿပိဳင္ထိုင္မည္အျပဳမွာ အိမ္ေ႐ွ႕ဆီက ဆိုင္ကယ္သံၾကားေတာ့ သူ႕ေျခေထာက္ေတြ ျပတင္းေပါက္နား ဘယ္လိုေရာက္သြားမွန္းေတာ့ မသိေတာ့။လိုက္ကာစကို အေဆာတလ်င္ဖြင့္ရင္း ျပတင္းေပါက္ အျပင္ကို ေခါင္းျပဴထြက္ၾကည့္လိုက္လွ်င္ အိမ္ေ႐ွ႕မွာ သူထင္သလိုမ်ိဳး ဆိုင္ကယ္ကိုမွီရပ္ၿပီး ဂ်စ္ကန္ကန္ ျပဳံးျပေနမည့္ ေကာင္ဆိုးေလးက႐ွိမေန။

သူ႕ရင္ထဲ လိႈက္ကနဲ ဆို႔တက္သြားကာ မ်က္ေတာင္ဖ်ားကို ​ပုတ္ခတ္,ပုတ္ခတ္လုပ္ပစ္လိုက္သည္။

"ေကာင္စုတ္ေလး..ဖုန္းေခၚမရတာကို အိမ္အထိလိုက္မလာဘူး။ငါ့ကို ပစ္ထားတယ္"

ရင္ႏွင့္မဆန္႔ေအာင္ လြမ္းခဲ့ရတဲ့ ေန႔ေတြညေတြမွာ' ဂြၽန္ေဂ်ာင္ကုကို မုန္းတယ္' ဆိုတာ က်ိန္ေျပာရင္ေတာင္ ယုံစရာမ႐ွိပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တမင္ update လုပ္မေပးတာ မဟုတ္ပါဘူးေနာ္။မိသားစုဝင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဖ်ားေနလို႔ တစ္အိမ္လုံးရဲ႕ စင္ဒရဲလားေလး လုပ္ေနရပါတယ္။အဲ့ဒါေၾကာင့္ ေနာက္က်သြားတာရယ္😓

Thanks for your reading & votingRiona🌼

There are no comments yet. Log in to be the first to leave a review!

Similar stories