Fanfics

~ 12 ~

16:50, 17 July 2021

Unicode________

"သခင်လေးရဲ့အဖေ ရောက်နေတယ်"

အဒေါ်ကြီးက မရဲတရဲဖြင့် သူ့ကိုအသိပေးလာသည်။သူတို့ သားအဖနှစ်ယောက် မပြေလည်မှန်းသိထားသည်မို့ အဒေါ်ကြီးက ဒီလောက်သာပြောပြီး သူ့အလုပ်သူဆက်လုပ်သည်။

ဒီအိမ်ကြီးကို သူပြန်မလာတာ ၁လတိတိပြည့်ခဲ့ပြီ။ဦးလေးရဲ့ လိမ္မော်ခြံကအိမ်လေးထဲမှာ အနေများတာဖြစ်ပြီး အကြောင်းမရှိပဲ သူဘယ်တော့မှ ပြန်မလာတတ်။အခုလည်း သူ့အဝတ်အစားနည်းနည်း ပြန်ယူတာဖြစ်သည်။

ဂျောင်ကု အခန်းတံခါးကို ခပ်ဆတ်ဆတ်သုံးလေးချက် ဆင့်ခေါက်လိုက်ပြီး ဖွင့်ဝင်သည်။ဆိုဖာခုံမှာ ခြေချိတ်ထိုင်နေသူနှင့် မျက်နှာချင်းဆိုင်မကြည့်မိအောင် မျက်နှာကိုတစ်ဖက်လွှဲထားလိုက်ပြီး ခပ်တည်တည်ပင် ရပ်နေလိုက်သည်။

"ဖအေကိုတောင် နှုတ်မဆက်တော့ဘူးလား"

သတင်းစာတစ်စောင်ကို အေးအေးဆေးဆေး ဖတ်နေသော အဖေက သူ့ကိုမြင်တော့ မျက်မှန်ထူထူတွေပေါ်ကို ကျော်ပြီးကြည့်သည်။

"လို လို့လား "

သူ မထီမဲ့မြင်ပြုံးပြီး ကျွတ်ဆတ်ဆတ်နဲ့ ပြန်မေးတော့ အဖေက ချက်ချင်းရှုးရှုးရှဲရှဲဒေါသူပုန်ထ၏။

"မင်း စကားပြောတာကြည့်ပြော"

"လိုရင်းကိုပြော ကျွန်တော်မအားဘူး"

သူ့စကားကြောင့် အဖေသည် ဖတ်လက်စ သတင်းစာစောင်ကို ချကာ သူ့ရှေ့နားထိတိုးလာခဲ့သည်။အမြဲတစေ ဒေါသကြီးနေတတ်သော အဖေသည် ယခုလည်း ဝါးစားမတတ် အကြည့်များနှင့် ကြည့်နေသည်။

"မင်း ခြေလှမ်းတွေ ငါမသိဘူး မထင်နဲ့နော်။အေး တရားသူကြီး တစ်ယောက်ရဲ့သားက ယောက်ျားလေးတစ်ယောက်နဲ့ ကြိုက်နေပါတယ်ဆိုတာမျိုးတွေ သတင်းထွက်မလာစေနဲ့"

"အဖေ သိက္ခာကျမယ်ထင်ရင် ကျွန်တော့်ကို သားအဖြစ်စွန့်လိုက်လေ။မကောင်းဘူးလား"

"ကင်ဆော့ဂျင်အတွက် ဒီလောက်တောင် သတ္တိတွေရှိနေပြီပေါ့"

တစ်လျှောက်လုံး အေးစက်စွာ ငြိမ်ခံလာခဲ့သမျှ အစ်ကို့နာမည်ကြားလိုက်သည်နှင့် သူ့ဆံပင်မွှေးတွေထောင်ထသွားသလို ခံစားရသည်။အစ်ကို့နာမည်ကို တခြားတစ်ယောက်ဆီက ကြားရတာမျိုးမကြိုက်ဘူး။အထူးသဖြင့် အဖေ့လိုလူမျိုးဆီကပေါ့။

"ကျွန်တော့်ကိစ္စတွေကို စိတ်ဝင်စားတာ အဖေ့ပုံစံမဟုတ်ဘူးထင်တယ်"

"အေး အရင်က စိတ်မဝင်စားလည်း အခုစိတ်ဝင်စားတယ်ကွာ။ဘာဖြစ်လဲ"

"ပြောစရာကုန်ပြီလား။ချိန်းထားတာ ရှိလို့သွားနှင့်ပြီ"

သူလှည့်ထွက်ဖို့ပြင်တော့ အဖေ့အသံက ကပ်ပါလာသည်။

"မင်း အဲ့ဒီနေရာမှာတင် ရပ်လိုက်နော်။တစ်လှမ်းမှရွေ့ဖို့ စိတ်မကူးနဲ့ "

"ကျွန်တော် စိတ်မဝင်စားဘူး"

ဂျောင်ကု နောက်ကိုတစ်ချက်မှပြန်လှည့်မကြည်ဘဲ အိမ်ရှေ့ကိုပဲ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။သူ့ပုံစံက အဖေတစ်ယောက်အပေါ် သားတစ်ယောက်၏ ဆက်ဆံသင့်ပုံမှန်း မဟုတ်ပေမယ့် တရားသူကြီးဂျွန် ဆိုသည့် အဖေ့ကတော့ ခြွင်းချက်ဖြစ်သည်။

ကျွန်တော့်ဘဝ၊ကျွန်တော့်အိမ်မက်၊ကျွန်တော် ချစ်ရဆုံးသူတွေ။ဒါတွေအားလုံး ဆုံးရှုူံရအောင်လုပ်ခဲ့တာ ဘယ်သူလဲ။အဖေလုပ်ခဲ့တာတွေနဲ့ ယှဥ်ရင် ဒါက ပမွှားလေးပါ။

လှေကားထစ်တွေအတိုင်း အောက်ထပ်ကို ဆင်းလာတော့ အဒေါ်ကြီးက ကြက်မွှေးတံမြက်စည်းတစ်ချောင်းနှင့် ယောင်လည်လည်လုပ်နေသည်။တကယ်က သန့်ရှင်းရေးလုပ်သလိုလိုနှင့် သူတို့သားအဖအခြေအနေကို နားစွင့်နေဟန်တူပါသည်။ခါတိုင်းလို ထိုးကြိတ်မနေဘဲ ေဂျာင်ကုအေးအေးဆေးဆေး ဆင်းလာတော့မှ အဒေါ်ကြီးက စိတ်အေးသွားသည့်ပုံပါ။

"သခင်လေး ပြန်တော့မလို့လား။ထမင်းလေး စားသွားပါဦးလား"

မိခင်တစ်ယောက်၏ နွေးထွေးသည့်မေတ္တာမျိုးဖြင့် အဒေါ်ကြီးက ေမးသည်။ဒီကလေးအပေါ်မှာ အရင်ကလိုပြုစုဂရုစိုက်ပေးချင်ပေမယ့် အခြေအနေတွေက ကသောင်းမောင်းနင်းတွေ ဖြစ်ကုန်ခဲ့တာ။'အဒေါ်ကြီး'ဆိုပြီး မျက်လုံးဝိုင်းတွေနဲ့ ဆိုးနွဲ့တတ်သည့် ကလေးက ယခုတော့ခပ်စိမ်းစိမ်းအကြည့်တွေနဲ့။

"တော်ပါပြီ။အပြင်မှာပဲ စားလိုက်တော့မယ်"

ဆိုင်ကယ်ဦးထုပ်ကို ကောက်ဆောင်းပြီး အပြင်ရောက်ခါနီးမှ ဂျောင်ကုတစ်ခုခုကို သတိရသွားသလိုဖြင့် နောက်ကြောင်းပြန်လှည့်လာသည်။

"အဖေ့ကို ပြောလိုက်ပါ အဒေါ်ကြီး။ကျွန်တော့်ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်မယ်ဆိုရင် အဲ့ဒီလူလက်အကောင်း ခြေအကောင်းအတိုင်းပြန်ရဖို့ မမျှော်လင့်နဲ့လို့"

အိမ်ကြီးဘက်ဆီကို တစ်ချက်မှပြန်မကြည့်ဘဲ သူကျောခိုင်းလာခဲ့သည်။မကြာမီပင် အရှိန်ပြင်းလှစွာသော ဆိုင်ကယ်သံဖြင့် ရိပ်ကနဲ မြင်ရလောက်အောင် မောင်းထွက်သွားသည်။

ထိုနေ့က မိုးရိပ်မိုးသား ကင်းစင်ပြီး ကောင်းကင်တစ်ခုလုံး ပြာလဲ့နေသည်။သို့သော် ဂျွန်အိမ်တော်၏ ရာသီဥတုကား မကြာခင်ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလို အပူလှိုင်းတွေ အုံဖွဲ့ရစ်သိုင်းနေခဲ့သည်။

𖧷 . 𖧷 . 𖧷

ဂျောင်ကု ကားလမ်းဖြတ်ကူးဖို့ပြင်သော လမ်းတစ်ဖက်ခြမ်းက ဖြူဖြူသဏ္ဍာန်လေးကြောင့် မကူးသေးဘဲ သေချာကြည့်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးကို ေမ့လျော့ကာ ေဘးလွယ်အိတ် ထဲက တစ်ခုခုကို ငုံ့ရှာနေသော ကျွန်တော့်ရင်ခုန်သံလေး။

"အစ်ကို..."

မကြားပါ။အိတ်ထဲကို သဲကြီးမဲကြီး မွှေနှောက်ရှာနေသည်။

ဂျောင်ကု ပြုံးလိုက်ပြီးလျှင် ခပ်မြန်မြန်ပဲ ကားလမ်းကိုဖြတ်ကူးလိုက်သည်။သူ အစ်ကို့နောက်သို့ ရောက်သွားသည့်တိုင်အောင် သူ့ကိုသတိမထားမိသေးပါ။ရှာလို့ဖွေလို့ ဝသွားသော အစ်ကိုသည် တစ်ခုခုကို တွေးကာ ဖြေးဖြေးချင်း လျှောက်နေသည်။

သူ အသံမပေးဘဲ အစ်ကို့ခြေလှမ်းတွေနောက် ထပ်ကြပ်မကွာ လိုက်လာသည်။ဒီလိုဆိုတော့ အစ်ကို့နောက်ကို လိုက်ခဲ့သည့် ပထမဆုံးနေ့ကိုပင် သတိရသွားသည်။အဲ့ဒီနေ့ကလည်း ကားပေါ်ကနေ ဆင်းတဲ့အထိ သူတောက်လျှောက်လိုက်ခဲ့တာ။

အတန်ကြာတော့မှ အစ်ကိုက သတိထားမိသွားဟန်တူသည်။နောက်ကို ချက်ချင်းလှည့်ကြည့်လာသည်။သူ့ကို မြင်တော့ ပါးစပ်ကလေး အဟောင်းသားနှင့်။

"အမယ်လေး....ဂျွန်ဂျောင်ကု ဘယ်အချိန်ကတည်းက"

"ဆိုင်ကယ်ရော"

ဂျောင်ကု နှုတ်ခမ်းတွေ ကွေးတက်သွားအောင်ပြုံးပြီးလျှင် ဆော့ဂျင်ဘေးနားကို ကပ်လျှောက်သည်။ပခုံးချင်း မထိတထိတိုက်ရင်း ကြည့်မဝရှုမဝအကြည့်တွေနှင့် ခိုးကြည့်ရုံတဖုံ၊ပေါ်တင်ကြည့်၍တဖုံဖြင့် သဘောတွေကျနေသည်။

"ဆိုင်ကယ်က ဟိုအနားက သူငယ်ချင်းရဲ့ဆိုင်မှာ ထားခဲ့တယ်။အစ်ကိုမကြားဘူးမလား။ကိုယ် လှမ်းခေါ်သေးတယ်"

"ငါ့အာရုံနဲ့ငါမို့လို့ မကြားလိုက်ဘူး"

ဆော့ဂျင် စကား​ကြောင့် ဂျောင်ကု နှုတ်ခမ်းမသိမသာစူသွားရကာ ဆော့ဂျင်ရှေ့မှာပိတ်ရပ်လိုက်သည်။

"ပြော ဘယ်သူ့အကြောင်းတွေးနေတာလဲ"

"ဟာ!လမ်းသွားတာ အိန္ဒြေပျက်လိုက်တာ။သူများတွေ ကြည့်ကုန်တော့မယ်"

ဆော့ဂျင် တိုးတိုးကြိတ်ကြိတ် ဆူပူလိုက်သော်လည်း ဂျောင်ကုက ဖယ်မပေးဘဲ သူ့မျက်နှာကိုကြည့်ကာ နောက်ပြန်လျှောက်သည်။

"ပြောလေ ဘယ်သူ့အကြောင်းတွေးနေတာလဲလို့"

"ငါ့ဘာသာ ဘာတွေးတွေးပေါ့"

"မရဘူး။ကျွန်တော့်အကြောင်းပဲ တွေးနေရမယ်"

"လောဘကြီးလှည်ချည်လား ယုန်ပေါက်ရဲ့"

ဆော့ဂျင် ေဂျာင်ကုဆံပင်လေးတွေကို မှီအောင် ​ခြေဖျားနည်းနည်းထောက်လိုက်ကာ ဆွဲဖွပေးလိုက်သည်။ဒါတောင် ကိုယ်တော်ချောက မှုန်ကုပ်ကုပ်နဲ့။ပြောမကောင်းဆို မကောင်းလေး။

"သဝန်တိုတာပေါ့"

ဆော့ဂျင် အတွေးတွေနှင့်ပင် ယှဥ်ပြိုင်ပြီး ရန်လုပ်ချင်နေသည့်ကောင်းလေးပါပင်။

"ဟုတ်ပြီ။နောက်တစ်ခါ မင်းအ​ကြောင်းကိုပဲ တွေးတော့မယ်နော်။ကလေးလေးကျနေတာပဲ"

ဒီတော့မှ ပြန်ပြုံးလာရကာ လက်တစ်ဖက်ကို ဆော့ဂျင်ဆီသို့ကမ်းပေးသည်။ဆော့ဂျင်က ချက်ချင်းပြန်မတုံ့ပြန်သေးဘဲ မျက်လုံးတွေပြူးကာ မေးသည်။

"လမ်းမကြီးမှာ လက်ကိုင်မလို့လား"

"ဘာလို့လဲ။အကြောင်းရှိမှ ကိုင်ရမှာလား"

သူလုပ်ချင်တာကို မရမကလုပ်တတ်သော တဇွတ်ထိုးလေးကို ဘယ်အရာကမှ မတားနိုင်ပါ။​ဘေးလွယ်အိတ်ကြိုးတွေကို တင်းနေအောင်ဆုပ်ထားသော ဆော့ဂျင်၏ လက်တစ်ဖက်ကို ဖျတ်ကနဲဆုပ်လိုက်တာများ သူ့လက်ဖဝါးပြင်ကြားထဲ ပျောက်သွားသည်အထိ။

ပြီးတော့ ထိုဆုပ်လျက်သားအနေအထားဖြင့်ပင် သူ့ရင်အုပ်ကျယ်ကြီးပေါ်အထိ ဆွဲကပ်လိုက်သေးသည်။

"ကိုယ့်လက်တွေ အေးနေလို့ နွေးအောင်လုပ်တာ"

ဤသည်ကား အကြောင်းပြချက် သက်သက်ဖြစ်သည်။

တကယ်က ကိုင်ချင်လို့ကို ကိုင်တာ။

ဒါကို သိသိရက်နဲ့  အညာခံချင်နေသူကလည်း သဘောတွေကျကာ ပြုံးလို့မဆုံးနိုင်တော့ပေ။

𖧷 . 𖧷 . 𖧷

ဆော့ဂျင်အနား တကပ်ကပ်ဖြင့် ထိတော့မလို ကိုင်တော့မလို လုပ်နေသော ဂျောင်ကုကို ဆိုင်ဝန်ထမ်းလေးကလည်း လှည့်ကြည့်,လှည့်ကြည့်နှင့်။

ဆော့ဂျင် ကိတ်မုန့်ဖုတ်သည့်နေရာက ကောင်တာအဖြူလေးနောက်မှာမို့သာ တော်တော့သည်။နို့မို့ဆို ထိုအတွဲကိုကြည့်ပြီး တစ်ကိုယ်တည်းအထီးကျန်နေသည့် စားသုံးသူအစ်မကြီးများပင် ချက်ချင်း သွေးတက်ချင်စိတ်ပေါက်လိမ့်မည်။

"ဂျောင်ကုကီး ဖယ်ပေးဦး။အလုပ်လုပ်ရတာ မလွတ်မလပ်နဲ့။သွား...ဝေးဝေးသွားထိုင်နေ"

ထိုမျှလောက်နဲ့ မျက်နှာညှိုးသွားမည်မထင်ပါနဲ့။

ပိုပြီး အတင့်ရဲကာ ခါးကိုပင်သိုင်းဖက်လိုက်သေးသည်။

"Yarrrr!!! ဂျောင်ကုကီး"

"အစ်ကိုကလည်း "

"အစ်ကိုကလည်းမနေနဲ့။သွား..ငြိမ်ငြိမ်သွားထိုင်"

"ပြီးရော"

ဂျောင်ကုကီးသည် ဆော့ဂျင်စကားကို ေမြဝယ်မကျနားထောင်သည်ဟု အချီးကျူးမစောသင့်ပါ။ဝေးဝေးသွားတာကတော့ သွားပါသည်။ဆော့ဂျင်နှင့် ခြေလှမ်းသုံးနေရာလောက်ဝေးသော ထိုင်ခုံပေါ်ကိုဖြစ်သည်။

ဆော့ဂျင် လုပ်သမျှကို မေးထောက်ပြီး ခိုးကြည့်သည်။ခိုးငေးရတာ အားမရဘူးထင်လျှင် ပေါ်တင်ကြည့်သည်။

ဂျောင်ကုနှင့်အရင်တကည်းက အသိအကျွမ်းဖြစ်သော ဆိုင်ဝန်းထမ်းလေးက လာပြီးနှုတ်ဆက်ပေမယ့် ကင်ဆော့ဂျင်ဟူသော ရေယာဥ်ကြောမှာ မျောနေသည့် ဂျောင်ကုကတော့ တုပ်တုပ်မျှပင် မလှုပ်ပါ။

"အစ်ကိုဂျောင်ကု ကျွန်တော့်ကိုအလုပ်သွင်းပေးတာ ကျေးဇူးတင်ပါတယ်။သူဌေးက အရမ်းသဘောကောင်းပြီး အလုပ်လုပ်တာလည်း စည်းစနစ်ကျတယ်"

'ဒါပေါ့..ငါ့ကောင်လေးပဲလေ'ဟူသော ဂုဏ်ဆာချင်စိတ် အတော်ထိန်းချုပ်ထားလိုက်ရကာ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။

"ဒါနဲ့ အစ်ကိုက ဘာလို့သူဌေးကို အဲ့လောက်ကြည့်နေတာလဲဟင်"

"ကြည့်ချင်လို့ကြည့်တာလေ။ခိုးကြောင် ခိုးဝှက်ကြည့်နေရတာ စိတ်ကုန်လာလို့"

တုံးအလွန်းပြီး အရိပ်အကဲနားမလည်သော ဝန်ထမ်းလေးသည် 'ဩော်'ဟူသော အသံရှည်ကြီးဆွဲကာ ပါးစပ်ကလေးပိတ်သွားတော့သည်။

𖧷 .𖧷 .𖧷

"အစ်ကို ရုပ်ရှင်သွားကြည့်ရအောင်"

"မသွားချင်ဘူး "

"ဘာလို့လဲ..သရဲကားအသစ်တင်တယ်တဲ့ သွားကြည့်ကြမယ်လေ"

ဆိုင်ကယ်ပေါ် တက်ခါနီး မရမကမဲဆွယ်နေသော ကောင်လေးကို ဆော့ဂျင် စောင်ပြီးကြည့်လိုက်သည်။ချစ်သူနဲ့ ရုပ်ရှင်သွားကြည့်တာ သရဲကားတဲ့လား။

"ငါမကြည့်ရဲဘူး။ငါ ငယ်ငယ်ကဆို ရုပ်ရှင်တစ်ခါလေး သွားကြည့်ပါတယ်။သရဲကားနဲ့တိုးလို့ သူငယ်ချင်းကိုယ်ပေါ် ဖက်တက်ရတဲ့အထိ"

"အစ်ကို ကြောက်ရင် ကျွန်တော့်ရင်ခွင်ထဲ ပုန်းနေပေါ့"

"ရူးနေလား"

"တကယ်ပြောတာ။နော်...သွားကြည့်ရအောင် အစ်ကို"

"မကြည့်ဘူးကွာ"

"ကြည့်မယ်ဗျာ"

"တခြား ကားဆိုကြည့်မယ်။သရဲကားဆို မကြည့်ဘူး"

"Ok...ရတယ်။ရတယ်။တခြားရုပ်ရှင်ကားပဲ ကြည့်ကြမယ်။'တိုက်တန်းနစ်' ရုပ်ရှင် ဒီနေ့ပြမယ်တဲ့။အဲ့ဒါလေး သွားကြည့်ကြမလား"

"အဲ့ဒါကြီးကဖြင့် ကြည့်ပြီးသားကြီးကို"

"ဘယ်တူမလဲဗျ။ကိုယ့်ချစ်သူကို ဘေးမှာထားပြီး ကြည့်တဲ့ခံစားချက်နဲ့ တစ်ယောက်တည်းကြည့်တဲ့ ခံစားချက် ဘယ်တူပါ့မလဲ"

"အင်း ကြည့်မယ်"

ဆော့ဂျင်ဆီက ဆုံးဖြတ်ချက်တစ်ခုရဖို့ အာပေါက်မတတ် မဲဆွယ်နေသော ဂျောင်ကုသည် အောင်မြင်သွားသည့်အထိမ်းအမှတ်ဖြင့် နဖူးကို ဖျတ်ခနဲ နမ်းသည်။

"လူတွေနဲ့...."

ခပ်တိုးတိုး ပြောပြီး ခေါင်းငုံ့သွားသော ဆော့ဂျင်ပုံစံကို ကြည့်ကာ နောက်ထပ် ထပ်မနမ်းမိခင် ဂျောင်ကုဆိုင်ကယ်ဦးထုပ်ဆောင်းပေးလိုက်သည်။

"ငါ့ဘာသာ ဆောင်းလည်း ရပါတယ်"

ခေါင်းနဲ့ ေသချာအံဝင်ခွင်ကျအောင် ဆောင်းပေးပြီး အဆုံးသတ်အနေဖြင့် မေးသိုင်းကြိုးကိုပါ တပ်ပေးလိုက်သည်။အနည်းငယ်ဖူးနေသော နှုတ်ခမ်းကို အနီးကပ်မြင်လိုက်ရချိန်မှာ သူ့ရင်တွေ ပရမ်းပတာနှင့်။၅ စက္ကန့်လောက် ကြည့်မိရင်ကို သူ့စိတ်တွေ မထိန်းနိုင်တာ။

"ပြောပြီးပြီလေ။ဒီလိုအသေးအဖွဲကိစ္စလေးတွေက ကိုယ့်ဘာသာလုပ်လည်း ရပေမယ့် ကိုယ်ရှိရင် ကိုယ်ကပဲဂရုစိုက်ပေးမယ်"

သူ ပြောတော့ အစ်ကို့မျက်နှာက ပိုပြီးငုံ့သွားကာ လက်ချောင်းအချင်းချင်းဖိချေနေသည်။

"ဒီလိုနဲ့ အကျင့်ဖြစ်သွားပြီး ငါ့အနားမှာ မင်းမရှိတော့ရင်ရော"

"ဟာဗျာ....အဲ့လိုမပြောပါနဲ့"

"မပြောလို့မှမရတာ"

"တော်ပြီ။မဟုတ်တာတွေ မတွေးနဲ့တော့ ဂျွန်ဆော့ဂျင်။ဆိုင်ကယ်ပေါ်တက်ပေတော့"

ဆော့ဂျင် ရုတ်တရက် ကြောင်သွားပြီးမှ အသိဝင်လာကာ ဂျောင်ကုလက်မောင်းတစ်ဖက်ကို ကိုင်လှုပ်ပြီး မေးတော့သည်။

"ဘာကြီး...မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ"

"မကြားဘူးလား။ဂျွန်ဆော့ဂျင်လို့ ခေါ်တာလေ"

ဆိုင်ကယ်ပေါ် သူပါတက်ခွလိုက်ပြီးလျှင် ဆိုင်ကယ်နောက်စွန်းကို ကိုင်ထားသည့် ဆော့ဂျင်လက်တွေကို သူ့ခါးမှာ ဖက်တွယ်စေသည်။မြန်ဆန်လှသော အပြုအမူတွေကြောင့် ဆော့ဂျင်မှာ စကားပြောချိန်ပင် မရလိုက်။သူ့ခါးကို ဖက်ကာ သူ့ကျောပြင်ကို မျက်နှာအပ်ထားသလို အနေအထားဖြင့်။

"ဖက်ထား။ကိုယ်က ဆိုင်ကယ်အမောင်းကြမ်းတယ်။အဲ့လက်ကို ဖြုတ်ရင် ရုပ်ရှင်ရုံကျ လက်သေးသေးလေး အကိုက်ခံရမယ်"

"မင်းကပဲ...ငါ့ကို.... "

မကျေမနပ်ဖြင့် ရန်ထောင်ဖို့ဟန်ပြင်လိုက်စဥ် သူက နောက်ပြန်လှည့်ကာ သတိပေးသည်။

"ဟိုတစ်ခါကိုက်တာထက် ဆိုးမယ်နော်"

ထို့နောက် ဆိုင်ကယ်ကို ဖြေးဖြေးသက်သာ မထွက်ဘဲ အရှိန်နှင့် ဆောင့်ထွက်လိုက်လျှင် ဆော့ဂျင် သူ့ကျောပြင်ကျယ်ကြီးကို ပြေးကပ်မိတာ အင့်ကနဲ။ကြောက်လို့တော့ မဟုတ်ပေမဲ့ ဒီကောင်လေးက မထင်ရင်မထင်သလို ကိုက်တာမို့ သူ့ခါးပေါ်က လက်တွေကို တင်းတင်းကျပ်ကျပ်ပင် ဖက်ထားလိုက်မိတော့သည်။

Helmet အောက်က ယုန်ဆိုးလေး၏ မျက်နှာကတော့ ပျားရည်အိုးထဲ လိမ့်ကျထားသလို အပြုံးတွေဝေနေခဲ့သည်။

"ဂျောင်ကု ဖြည်းဖြည်းမောင်း။ငါကြောက်တယ်..အရှိန်လျှော့ဦး"

ဆော့ဂျင် အော်ပြောလိုက်လျှင် သူကလည်း ပြန်အော်ပြောသည်။

"ချစ်တယ်လို့ ပြောရင် အရှိန်လျော့ပေးမယ်"

"ချစ်တယ်ကွာ။ချစ်တယ်...ချစ်တယ်။ရပြီလား"

အလောတကြီး အဖြေပေးလိုက်ပေးမယ့် သကောင့်သားလေးက ယခင်ကထက်ပင် ဆိုင်ကယ်ကို ပိုအရှိန်မြှင့်လိုက်သည်။ပြီးမှ ဖြေးဖြေးချင်း အရှိန်လျှော့တော့သည်။

'အကျင့်မကောင်းလေး'ဟု မကြားတကြားပြောကာ ကျောပြင်ကို ဗြောတင်တော့ မနာတဲ့အပြင် အော်ရယ်နေတာ အားရပါးရ။

ဂျောင်ကုကီးက တစ်ခါတစ်လေ ထိုကဲ့သို့သော လူဆိုးကလေးဖြစ်သည်။

  𖧷 .𖧷 .𖧷

ပေါက်ပေါက်ဆုပ်ဘူး၊အချိုရည်ဘူး၊ကြက်ဥပြုတ်ထုပ်တွေ တစ်ပွေ့တစ်ပိုက်သယ်ကာ ဆော့ဂျင် ရုပ်ရှင်ရုံထဲသို့ ဝင်လိုက်သည်။

"အစ်ကိုကလည်း ဒီမှာ အခြေချတော့မလို့လား။စားစရာတွေအများကြီး"

"ငါ့ပါးစပ်နဲ့ငါစားတာ ဘာဖြစ်လဲ "

"ဟုတ်ပါပြီဗျာ။ဟုတ်ပါပြီ။စားပါ...စားပါ"

ဂျောင်ကု အလျှော့ပေးလိုက်ပြီး ပြုံးပြုံးလေးပဲ ကြည့်နေလိုက်တော့သည်။

"ပေး...ကျွန်တော်သယ်မယ်"

ဆော့ဂျင်လက်ထဲက အထုပ်တွေအားလုံး ဂျောင်ကုလွှဲပြောင်းယူလိုက်ပြီးနောက် ဘေးချင်းယှဥ်လျှောက်လျှင်..

"နေဦး...အဲ့လိုကြီးမလျှောက်နဲ့။ငါနဲ့ သုံးပေခွါပြီးလိုက်"

"ဟာဗျာ...ဘာဖြစ်လို့လဲ"

"ပြန်မမေးနဲ့ ။ငါပြောသလို လုပ်"

ဂျောင်ကု မျက်နှာကြီးသုန်မှုန်သွားပြီးသလို ဆော့ဂျင်ကလည်း ပတ်ဝန်းကျင်ကို ကွက်ကြည့်,ကွက်ကြည့်နှင့်။သူခိုး လူမိသွားမှာကိုစိုးရိမ်နေသော ပုံစံဖြင့်။

ထို့နောက် သူတို့ခုံနံပါတ်မှာ နေရာယူလိုက်ပြီး စားစရာတွေကိုတော့ ​ေဆာ့ဂျင်ဘေးက​ ခံုအလွတ်​ပေါ်ထားကာ တတိတိယူစားနေတော့သည်။ရုပ်ရှင်လာကြည့်တာလား။ပေါက်ပေါက်ဆုပ်လာစားတာလား မသဲကွဲတော့။

"ဒီမှာဗျ...ဒီအထုပ်တွေက "

သိပ်မကြာလိုက်ပါ။သူတို့လိုပဲ ခပ်ငယ်ငယ်ယောက်ျားလေး နှစ်ယောက်ရောက်လာပြီး ခုံအလွတ်ပေါ်က စားစရာထုတ်တွေကို မေးငေါ့ပြသည်။

"အာ...တောင်းပန်ပါတယ် ။လူမလာသေးလို့ တင်ထားတာပါ"

သူ့မှာ အားနာသွားရကာ အထုတ်တွေကိုအမြန်ယူလိုက်သည်။ထို့နောက် ထိုကောင်လေးနှစ်ယောက်သည် တစ်ယောက်က ပခုံးကိုသိုင်းဖက်၊တစ်ယောက်က မသိမသာလေးမှီကာ ရုပ်ရှင်ထဲအာရုံရောက်နေသည်။

"Babyလေး အချိုရည်သောက်ဦးမလား"

ကြားဖူးနေကျ အခေါ်အဝေါ်ကြောင့် ဆော့ဂျင် ဆံပင်တွေပင် ထောင်ထ သွားသည်။

ဘုရားရေ။ဒီအသံကြီး ကြားဖူးသလိုလိုပဲ။

ဆော့ဂျင် ပေါက်ပေါက်ဘူးကို မသိမသာကွယ်ရင်း ဘေးခုံကို ကြည့်လိုက်တော့.....

ေသာက်ကျိုးနည်း.....

မင်ယွန်းဂီတို့ အတွဲကြီးဟ။

ဂျီမင်းကို လက်တစ်ဖက်က ဖက်ပြီး တစ်ဖက်က အချိုရည်ဘူးပိုက်တပ်ပေးနေကာ ဂျီမင်းကလည်း အပြုံးတွေအပြည့်ဖြင့် အကြည်ဆိုက်နေသည့် ထိုအတွဲကိုမြင်​ေတာ့ ဆော့ဂျင် ပေါက်ပေါက်တွေတောင် နင်တော့မတတ်ဖြစ်သွားသည်။

တိုက်ဆိုက်ချက်များ။ဘေးချင်း ကပ်လျက်ကြီး။ဟိုက သူတို့ကိုမမှတ်မိတာဖြစ်နိုင်သည်။သူ့ babyနှင့်သူ သာယာနေတာကြောင့် အဘယ်မှာ အခြားသူတွေကို မျက်စိထဲတိုးနိုင်ပါတော့မည်နည်း။

မဖြစ်ဘူး... တစ်ခုခုလုပ်မှ ဖြစ်မယ်။ငါ့တို့ကို မြင်သွားရင် မင်ယွန်းဂီ အကြီးအကျယ် နှိပ်ကွက်တော့မှာ။

"ဂျောင်ကု ဂျောင်ကု ဂျောင်ကု "

တစ်ယောက်တည်း ပြာယာခတ်နေသော သူ့ကို ဂျောင်ကုက မရိပ်မိသေးပါ။ရုပ်ရှင်ကိုသာ စိတ်ဝင်တစား ကြည့်နေသည်။တိုးတိုးလေး ခေါ်တာတောင်မကြားလို့ အသံထွက်ခေါ်တော့လည်း မကြား။

"ဂျွန်ဂျောင်ကု "

နာမည်အ​ပြည့်အစုံခေါ်ကာ ဂျောင်ကု ကုတ်အကျီထဲ မျက်နှာကွယ်ပြီး တိုးလိုက်တော့မှ ငုံ့ကြည့်သည်။

"ဗျာ ဘာဖြစ်လို့လဲ"

"သွားရအောင် ထ..ထ..မြန်မြန်"

အခုထိ ရိပ်ပုံမရသော ဂျောင်ကုက အေးအေးဆေးဆေးပင် ဆက်ကြည့်နေသည်။

"ထ....အပြင်ထွက်ကြမယ်"

"ဘာလို့လဲ "

"စကားမများနဲ့။ငါ ထွက်ဆိုထွက်လိုက်"

"ပြီးရောဗျာ။ကောင်းခန်းရောက်မှ.."

သူကြည့်ချင်တာ မကြည့်ရလို့ တပွစိစိပြောနေတဲ့ကောင်လေးကို ဗိုက်ကိုလိမ်ဆွဲလိုက်မှ ပါးစပ်ပိတ်သွားတော့သည်။

"ရှုး..တိုးတိုး ။အသာလေး ထသွားရအောင်။ငါ့ကို မင်းအကျီနဲ့ကွယ်ထားပေး"

အကြောင်းအရင်းကို မသိပေမဲ့ ဂျောင်ကုက ဆော့ဂျင်ပြောသည့်အတိုင်း သူ့ကုတ်အကျီထဲ ဝှက်ပေးကာ အပြင်ရောက်အောင်ထွက်လာလိုက်သည်။ဆိုင်ကယ်နားရောက်သည်အထိ သူ ဂျောင်ကု အကျီကော်လံစနဲ့ ကွယ်ထားဆဲ ဖြစ်သည်။

"ဟူး..မောလိုက်တာ "

"ရော့ ရေလေးသောက်လိုက်ဦး"

ဂျောင်ကုကမ်းပေးတဲ့ ရေဘူးကို လှမ်းယူရင်း တစ်ကျိုက်တည်းမော့ပစ်လိုက်သည်။သူ့မျက်နှာမှာ ေချွးတွေစို့တာ မြင်တော့ ကောင်လေးက နဖူးပေါ်က ဆံပင်စတွေကို သိမ်းတင်ပေးသည်။

"ဘာဖြစ်လို့လဲဟင်...ချွေးတွေလည်းရွှဲနေရော"

"ခုနကလေ ဘေးမှာ မင်ယွန်းဂီ တို့ "

မျက်လုံးတွေ ဝိုင်းပြီး သူ့အဖြေကို မျှော်လင့်တကြီး စောင့်စားနေသည့် ကောင်လေးက အနည်းငယ်တော့ မျက်နှာတည်သွားခဲ့ပါသည်။

"ဘာများလဲလို့ဗျာ။နှုတ်ဆက်လိုက်ရမှာ မဟုတ်ဘူးလား"

"ဟင့်အင်း ငါ.. ငါ မလုပ်ချင်ဘူး"

သူ အထစ်ထစ်အငေါ့ငေါ့ပြောတော့ ဂျောင်ကုက သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကာ ဆိုင်ကယ်နဲ့ကပ်ပစ်လိုက်သည်။ပြီးတော့ မျက်လုံးတွေကို စိုက်ကြည့်လာပြီး...

"ကျွန်တော့်ကို အစ်ကိုချစ်သူလို့ပြောရမှာ သိမ်ငယ်နေလို့လား"

အံကြိတ်သံနဲ့အတူ မျက်လုံးဝိုင်းတွေထဲ မျက်ရည်တွေဝဲနေခဲ့သည်။သူ့မျက်လုံးတွေကို စိုက်ကြည့်နေတာများ ရင်ထဲထိဖောက်ထွက်မတတ်ပင်။ထို့နောက် ပခုံးပေါ်က လက်တွေတဖြည်းဖြည်း လျှောကျသွားကာ ခေါင်းအောက်စိုက်သွားသည်။

ပြီးတော့ ကျောပြင်ကျယ်တွေ တသိမ့်သိမ့်တုန်နေ၏။

ကောင်လေး...ငိုနေတာလား။

မေးနှစ်ဖက်ကနေ ပင့်မပြီး ကြည့်တော့ မျက်လုံးဝိုင်းတွေထဲ မျက်ရည်တွေနဲ့။အော်ဟစ် ငိုကြွေးနေတာမျိုး မဟုတ်ဘဲ အသံတိတ်မျက်ရည်ကျနေခဲ့တာ။သူ အော်ဟစ်ငေါက်ငမ်းထုတ်တုန်းကတောင် မျက်ရည်မကျတဲ့ ကလေးက ဒီကိစ္စလေးနဲ့ အတွက်နဲ့ငိုရသတဲ့လား။

"ဘာလို့ ငိုနေတာလဲ"

"ပတ်ဝန်းကျင်ကို အမှန်အတိုင်းဖွင့်ပြောဖို့ အစ်ကိုကြောက်နေတာလား"

ထိုမျက်လုံးဝိုင်းတွေထဲ သူအသက်မှန်အောင် မနည်းရှုနေရသည်။သူ့ခြေထောက်တွေ ခွေခေါက်လဲမသွားအောင်ပေါ့။ဒီကောင်လေးငိုရင် သူလည်း နာကျင်ရတယ်။

"မဟုတ် မဟုတ်ဘူး ဂျောင်ကု။ငါက သူများတွေကို ငါ့ရဲ့ ဒ​ီလိုပုံစံကို ဖော်ပြဖို့မရဲသေးတာ။ငါ့စိတ်တွေ အဆင်သင့်မဖြစ်သေးတာ။ငါ မင်းကို မချစ်ဘဲနေပါ့မလား ဂျောင်ကုရယ်။ဒါပေမဲ့ ပတ်ဝန်းကျင်က ငါ့ကို ပြောမှာထက် မင်းအပြောခံရမှာ ငါပိုကြောက်တာ။အဲ့ဒီစိတ်ကြောင့်ပဲ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ငါဖွင့်မပြရဲသေးတာပါ။မင်း နာကျင်ရမှာကို ပိုကြောက်တယ်။တစ်ချိန်ချိန်ကျရင် လူတွေက ကဲ့ရဲ့ကြရင် မင်း ငါ့ကိုစိတ်ပျက်ပြီးထားခဲ့ရမှာရောပဲ။ညတိုင်းပဲ အရာအားလုံးကို ငါစဥ်းစားနေခဲ့တာ"

"ပတ်ဝန်းကျင်ဆိုတာရော၊လူတွေဆိုတာရော ထည့်မပြောနဲ့ဗျာ။ကျွန်တော် ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘူး။အစ်ကို့လက်ကို ဆွဲပြီး ဒါ..ကျွန်တော့်ချစ်သူပါလို့ ကျွန်တော်အားလုံးကို ဖွင့်ပြောရဲတယ်။ဒါပေမယ့် အစ်ကို့စိတ်တွေ အခုလိုမျိုးအဆင့်သင့်မဖြစ်သေးမှာကို ကြိုတွေးမိပြီး ကျွန်တော်အထိုက်အလျောက်နေပေးခဲ့တာ"

"အစ်ကိုစိတ်ပင်ပန်းရမှာကို ကျွန်တော်လုံးဝမကြိုက်ဘူး။ အစ်ကိုက ကျွန်တော့်ချစ်သူပါလို့ တစ်ကမ္ဘာလုံးသိအောင်တောင် ကျွန်တော်ပြောရဲတယ်။ဒါပေမယ့် အဲ့ဒီစိတ်ထက် အစ်ကို ပင်ပန်းရမှာကို ကျွန်တော်ကြောက်တာ"

"ေရှ့လျှောက် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းနေသွားကြမယ်။တစ်ယောက်စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကိုလည်း အပြန်အလှန် ပြောကြမယ်။တစ်ယောက်တည်း ဖုံးကွယ်ပြီး ကြိတ်မှိတ်မခံစားပါနဲ့။အစ်ကို့ကို ဘယ်တော့မှ လက်လွတ်ပေးမှာမဟုတ်ဘူး"

"ကျွန်တော့်လက်တစ်စုံကို အစ်ကိုတစ်ယောက်ပဲ ဆုပ်ကိုင်ခွင့်ရှိတယ်...အဲ့ဒါကို အမြဲ မှတ်ထားပါ"

ဂျောင်ကု စကားအဆုံး သူ့တစ်ကိုယ်လုံး အားအင်တွေစုပ်ယူခံရသလို နွမ်းလျသွားသည်။ထို့နောက် မျက်ရည်ခိုးတွေရိုက်လာကာ ဂျောင်ကု၏ မျက်နှာကိုတောင် သေချာမသဲကွဲတော့။ဖြစ်တည်နေခဲ့သမျှ ရင်ထဲက အစိုင်အခဲတွေကို မျက်ရည်တွေအဖြစ် အရည်ဖျော်ချပစ်ချင်လိုက်တော့သည်။

"ဂျောင်ကုရယ် ငါ မင်းကိုအရမ်းချစ်တယ်။တကယ် ချစ်တယ်ဆိုတာ ယုံပါ"

ထို့နေညနေက အစ်ကိုသည် ပထမဦးဆုံးအ​ကြိမ်အဖြစ် သူ့ရင်ခွင်ထဲ မှီခို တိုးဝင်လာခဲ့ပါသည်။

ဒီဘဝမှာ တစ်ဦးတည်းသောသူ အဖြစ်အစ်ကို့ကိုပဲ နောက်ဆုံးထိ ချစ်သွားချင်တယ်။ကျွန်တော့်နှလုံးသားထဲ အစ်ကို့ကို တစ်သက်လုံး သိမ်းဆည်းထားလိုက်တော့မယ်။

𖧷 . 𖧷. 𖧷

AN/ ဒါနဲ့လေ အစ်မကြီးတို့အဖွဲ့ကို အလယ်နားလောက်မှာ တွေ့လိုက်မိလားမသိဘူး😝......

Zawgyi________

"သခင္ေလးရဲ႕အေဖ ေရာက္ေနတယ္"

အေဒၚႀကီးက မရဲတရဲျဖင့္ သူ႕ကိုအသိေပးလာသည္။သူတို႔ သားအဖႏွစ္ေယာက္ မေျပလည္မွန္းသိထားသည္မို႔ အေဒၚႀကီးက ဒီေလာက္သာေျပာၿပီး သူ႕အလုပ္သူဆက္လုပ္သည္။

ဒီအိမ္ႀကီးကို သူျပန္မလာတာ ၁လတိတိျပည့္ခဲ့ၿပီ။ဦးေလးရဲ႕ လိေမၼာ္ျခံကအိမ္ေလးထဲမွာ အေနမ်ားတာျဖစ္ၿပီး အေၾကာင္းမ႐ွိပဲ သူဘယ္ေတာ့မွ ျပန္မလာတတ္။အခုလည္း သူ႕အဝတ္အစားနည္းနည္း ျပန္ယူတာျဖစ္သည္။

ေဂ်ာင္ကု အခန္းတံခါးကို ခပ္ဆတ္ဆတ္သုံးေလးခ်က္ ဆင့္ေခါက္လိုက္ၿပီး ဖြင့္ဝင္သည္။ဆိုဖာခုံမွာ ေျခခ်ိတ္ထိုင္ေနသူႏွင့္ မ်က္ႏွာခ်င္းဆိုင္မၾကည့္မိေအာင္ မ်က္ႏွာကိုတစ္ဖက္လႊဲထားလိုက္ၿပီး ခပ္တည္တည္ပင္ ရပ္ေနလိုက္သည္။

"ဖေအကိုေတာင္ ႏႈတ္မဆက္ေတာ့ဘူးလား"

သတင္းစာတစ္ေစာင္ကို ေအးေအးေဆးေဆး ဖတ္ေနေသာ အေဖက သူ႕ကိုျမင္ေတာ့ မ်က္မွန္ထူထူေတြေပၚကို ေက်ာ္ၿပီးၾကည့္သည္။

"လို လို႔လား "

သူ မထီမဲ့ျမင္ျပဳံးၿပီး ကြၽတ္ဆတ္ဆတ္နဲ႔ ျပန္ေမးေတာ့ အေဖက ခ်က္ခ်င္း႐ႈး႐ႈး႐ွဲ႐ွဲေဒါသူပုန္ထ၏။

"မင္း စကားေျပာတာၾကည့္ေျပာ"

"လိုရင္းကိုေျပာ ကြၽန္ေတာ္မအားဘူး"

သူ႕စကားေၾကာင့္ အေဖသည္ ဖတ္လက္စ သတင္းစာေစာင္ကို ခ်ကာ သူ႕ေ႐ွ႕နားထိတိုးလာခဲ့သည္။အၿမဲတေစ ေဒါသႀကီးေနတတ္ေသာ အေဖသည္ ယခုလည္း ဝါးစားမတတ္ အၾကည့္မ်ားႏွင့္ ၾကည့္ေနသည္။

"မင္း ေျခလွမ္းေတြ ငါမသိဘူး မထင္နဲ႔ေနာ္။ေအး တရားသူႀကီး တစ္ေယာက္ရဲ႕သားက ေယာက်္ားေလးတစ္ေယာက္နဲ႔ ႀကိဳက္ေနပါတယ္ဆိုတာမ်ိဳးေတြ သတင္းထြက္မလာေစနဲ႔"

"အေဖ သိကၡာက်မယ္ထင္ရင္ ကြၽန္ေတာ္႕ကို သားအျဖစ္စြန္႔လိုက္ေလ။မေကာင္းဘူးလား"

"ကင္ေဆာ့ဂ်င္အတြက္ ဒီေလာက္ေတာင္ သတၱိေတြ႐ွိေနၿပီေပါ့"

တစ္ေလွ်ာက္လုံး ေအးစက္စြာ ၿငိမ္ခံလာခဲ့သမွ် အစ္ကို႔နာမည္ၾကားလိုက္သည္ႏွင့္ သူ႕ဆံပင္ေမႊးေတြေထာင္ထသြားသလို ခံစားရသည္။အစ္ကို႔နာမည္ကို တျခားတစ္ေယာက္ဆီက ၾကားရတာမ်ိဳးမႀကိဳက္ဘူး။အထူးသျဖင့္ အေဖ့လိုလူမ်ိဳးဆီကေပါ့။

"ကြၽန္ေတာ္႕ကိစၥေတြကို စိတ္ဝင္စားတာ အေဖ့ပုံစံမဟုတ္ဘူးထင္တယ္"

"ေအး အရင္က စိတ္မဝင္စားလည္း အခုစိတ္ဝင္စားတယ္ကြာ။ဘာျဖစ္လဲ"

"ေျပာစရာကုန္ၿပီလား။ခ်ိန္းထားတာ ႐ွိလို႔သြားႏွင့္ၿပီ"

သူလွည့္ထြက္ဖို႔ျပင္ေတာ့ အေဖ့အသံက ကပ္ပါလာသည္။

"မင္း အဲ့ဒီေနရာမွာတင္ ရပ္လိုက္ေနာ္။တစ္လွမ္းမွေ႐ြ႕ဖို႔ စိတ္မကူးနဲ႔ "

"ကြၽန္ေတာ္ စိတ္မဝင္စားဘူး"

ေဂ်ာင္ကု ေနာက္ကိုတစ္ခ်က္မွျပန္လွည့္မၾကည္ဘဲ အိမ္ေ႐ွ႕ကိုပဲ ေျခလွမ္းေတြကို ဦးတည္လိုက္သည္။သူ႕ပုံစံက အေဖတစ္ေယာက္အေပၚ သားတစ္ေယာက္၏ ဆက္ဆံသင့္ပုံမွန္း မဟုတ္ေပမယ့္ တရားသူႀကီးဂြၽန္ ဆိုသည့္ အေဖ့ကေတာ့ ႁခြင္းခ်က္ျဖစ္သည္။

ကြၽန္ေတာ္႕ဘဝ၊ကြၽန္ေတာ္႕အိမ္မက္၊ကြၽန္ေတာ္ ခ်စ္ရဆုံးသူေတြ။ဒါေတြအားလုံး ဆုံး႐ႈူံရေအာင္လုပ္ခဲ့တာ ဘယ္သူလဲ။အေဖလုပ္ခဲ့တာေတြနဲ႔ ယွဥ္ရင္ ဒါက ပမႊားေလးပါ။

ေလွကားထစ္ေတြအတိုင္း ေအာက္ထပ္ကို ဆင္းလာေတာ့ အေဒၚႀကီးက ၾကက္ေမႊးတံျမက္စည္းတစ္ေခ်ာင္းႏွင့္ ေယာင္လည္လည္လုပ္ေနသည္။တကယ္က သန္႔႐ွင္းေရးလုပ္သလိုလိုႏွင့္ သူတို႔သားအဖအေျခအေနကို နားစြင့္ေနဟန္တူပါသည္။ခါတိုင္းလို ထိုးႀကိတ္မေနဘဲ ေဂ်ာင္ကုေအးေအးေဆးေဆး ဆင္းလာေတာ့မွ အေဒၚႀကီးက စိတ္ေအးသြားသည့္ပုံပါ။

"သခင္ေလး ျပန္ေတာ့မလို႔လား။ထမင္းေလး စားသြားပါဦးလား"

မိခင္တစ္ေယာက္၏ ေႏြးေထြးသည့္ေမတၱာမ်ိဳးျဖင့္ အေဒၚႀကီးက ေမးသည္။ဒီကေလးအေပၚမွာ အရင္ကလိုျပဳစုဂ႐ုစိုက္ေပးခ်င္ေပမယ့္ အေျခအေနေတြက ကေသာင္းေမာင္းနင္းေတြ ျဖစ္ကုန္ခဲ့တာ။'အေဒၚႀကီး'ဆိုၿပီး မ်က္လုံးဝိုင္းေတြနဲ႔ ဆိုးႏြဲ႕တတ္သည့္ ကေလးက ယခုေတာ့ခပ္စိမ္းစိမ္းအၾကည့္ေတြနဲ႔။

"ေတာ္ပါၿပီ။အျပင္မွာပဲ စားလိုက္ေတာ့မယ္"

ဆိုင္ကယ္ဦးထုပ္ကို ေကာက္ေဆာင္းၿပီး အျပင္ေရာက္ခါနီးမွ ေဂ်ာင္ကုတစ္ခုခုကို သတိရသြားသလိုျဖင့္ ေနာက္ေၾကာင္းျပန္လွည့္လာသည္။

"အေဖ့ကို ေျပာလိုက္ပါ အေဒၚႀကီး။ကြၽန္ေတာ္႕ကို ေနာက္ေယာင္ခံလိုက္ဖို႔ လူလႊတ္မယ္ဆိုရင္ အဲ့ဒီလူလက္အေကာင္း ေျခအေကာင္းအတိုင္းျပန္ရဖို႔ မေမွ်ာ္လင့္နဲ႔လို႔"

အိမ္ႀကီးဘက္ဆီကို တစ္ခ်က္မွျပန္မၾကည့္ဘဲ သူေက်ာခိုင္းလာခဲ့သည္။မၾကာမီပင္ အ႐ွိန္ျပင္းလွစြာေသာ ဆိုင္ကယ္သံျဖင့္ ရိပ္ကနဲ ျမင္ရေလာက္ေအာင္ ေမာင္းထြက္သြားသည္။

ထိုေန႔က မိုးရိပ္မိုးသား ကင္းစင္ၿပီး ေကာင္းကင္တစ္ခုလုံး ျပာလဲ့ေနသည္။သို႔ေသာ္ ဂြၽန္အိမ္ေတာ္၏ ရာသီဥတုကား မၾကာခင္ေပါက္ကြဲေတာ့မည့္ မီးေတာင္တစ္ခုလို အပူလိႈင္းေတြ အုံဖြဲ႕ရစ္သိုင္းေနခဲ့သည္။

𖧷 . 𖧷 . 𖧷

ေဂ်ာင္ကု ကားလမ္းျဖတ္ကူးဖို႔ျပင္ေသာ လမ္းတစ္ဖက္ျခမ္းက ျဖဴျဖဴသ႑ာန္ေလးေၾကာင့္ မကူးေသးဘဲ ေသခ်ာၾကည့္လိုက္သည္။

ပတ္ဝန္းက်င္ တစ္ခုလုံးကို ေမ့ေလ်ာ့ကာ ေဘးလြယ္အိတ္ ထဲက တစ္ခုခုကို ငုံ႔႐ွာေနေသာ ကြၽန္ေတာ္႕ရင္ခုန္သံေလး။

"အစ္ကို..."

မၾကားပါ။အိတ္ထဲကို သဲႀကီးမဲႀကီး ေမႊေႏွာက္႐ွာေနသည္။

ေဂ်ာင္ကု ျပဳံးလိုက္ၿပီးလွ်င္ ခပ္ျမန္ျမန္ပဲ ကားလမ္းကိုျဖတ္ကူးလိုက္သည္။သူ အစ္ကို႔ေနာက္သို႔ ေရာက္သြားသည့္တိုင္ေအာင္ သူ႕ကိုသတိမထားမိေသးပါ။႐ွာလို႔ေဖြလို႔ ဝသြားေသာ အစ္ကိုသည္ တစ္ခုခုကို ေတြးကာ ေျဖးေျဖးခ်င္း ေလွ်ာက္ေနသည္။

သူ အသံမေပးဘဲ အစ္ကို႔ေျခလွမ္းေတြေနာက္ ထပ္ၾကပ္မကြာ လိုက္လာသည္။ဒီလိုဆိုေတာ့ အစ္ကို႔ေနာက္ကို လိုက္ခဲ့သည့္ ပထမဆုံးေန႔ကိုပင္ သတိရသြားသည္။အဲ့ဒီေန႔ကလည္း ကားေပၚကေန ဆင္းတဲ့အထိ သူေတာက္ေလွ်ာက္လိုက္ခဲ့တာ။

အတန္ၾကာေတာ့မွ အစ္ကိုက သတိထားမိသြားဟန္တူသည္။ေနာက္ကို ခ်က္ခ်င္းလွည့္ၾကည့္လာသည္။သူ႕ကို ျမင္ေတာ့ ပါးစပ္ကေလး အေဟာင္းသားႏွင့္။

"အမယ္ေလး....ဂြၽန္ေဂ်ာင္ကု ဘယ္အခ်ိန္ကတည္းက"

"ဆိုင္ကယ္ေရာ"

ေဂ်ာင္ကု ႏႈတ္ခမ္းေတြ ေကြးတက္သြားေအာင္ျပဳံးၿပီးလွ်င္ ေဆာ့ဂ်င္ေဘးနားကို ကပ္ေလွ်ာက္သည္။ပခုံးခ်င္း မထိတထိတိုက္ရင္း ၾကည့္မဝ႐ႈမဝအၾကည့္ေတြႏွင့္ ခိုးၾကည့္႐ုံတဖုံ၊ေပၚတင္ၾကည့္၍တဖုံျဖင့္ သေဘာေတြက်ေနသည္။

"ဆိုင္ကယ္က ဟိုအနားက သူငယ္ခ်င္းရဲ႕ဆိုင္မွာ ထားခဲ့တယ္။အစ္ကိုမၾကားဘူးမလား။ကိုယ္ လွမ္းေခၚေသးတယ္"

"ငါ့အာ႐ုံနဲ႔ငါမို႔လို႔ မၾကားလိုက္ဘူး"

ေဆာ့ဂ်င္ စကား​ေၾကာင့္ ေဂ်ာင္ကု ႏႈတ္ခမ္းမသိမသာစူသြားရကာ ေဆာ့ဂ်င္ေ႐ွ႕မွာပိတ္ရပ္လိုက္သည္။

"ေျပာ ဘယ္သူ႕အေၾကာင္းေတြးေနတာလဲ"

"ဟာ!လမ္းသြားတာ အိေႁႏၵပ်က္လိုက္တာ။သူမ်ားေတြ ၾကည့္ကုန္ေတာ့မယ္"

ေဆာ့ဂ်င္ တိုးတိုးႀကိတ္ႀကိတ္ ဆူပူလိုက္ေသာ္လည္း ေဂ်ာင္ကုက ဖယ္မေပးဘဲ သူ႕မ်က္ႏွာကိုၾကည့္ကာ ေနာက္ျပန္ေလွ်ာက္သည္။

"ေျပာေလ ဘယ္သူ႕အေၾကာင္းေတြးေနတာလဲလို႔"

"ငါ့ဘာသာ ဘာေတြးေတြးေပါ့"

"မရဘူး။ကြၽန္ေတာ္႕အေၾကာင္းပဲ ေတြးေနရမယ္"

"ေလာဘႀကီးလွည္ခ်ည္လား ယုန္ေပါက္ရဲ႕"

ေဆာ့ဂ်င္ ေဂ်ာင္ကုဆံပင္ေလးေတြကို မွီေအာင္ ​ေျခဖ်ားနည္းနည္းေထာက္လိုက္ကာ ဆြဲဖြေပးလိုက္သည္။ဒါေတာင္ ကိုယ္ေတာ္ေခ်ာက မႈန္ကုပ္ကုပ္နဲ႔။ေျပာမေကာင္းဆို မေကာင္းေလး။

"သဝန္တိုတာေပါ့"

ေဆာ့ဂ်င္ အေတြးေတြႏွင့္ပင္ ယွဥ္ၿပိဳင္ၿပီး ရန္လုပ္ခ်င္ေနသည့္ေကာင္းေလးပါပင္။

"ဟုတ္ၿပီ။ေနာက္တစ္ခါ မင္းအ​ေၾကာင္းကိုပဲ ေတြးေတာ့မယ္ေနာ္။ကေလးေလးက်ေနတာပဲ"

ဒီေတာ့မွ ျပန္ျပဳံးလာရကာ လက္တစ္ဖက္ကို ေဆာ့ဂ်င္ဆီသို႔ကမ္းေပးသည္။ေဆာ့ဂ်င္က ခ်က္ခ်င္းျပန္မတုံ႔ျပန္ေသးဘဲ မ်က္လုံးေတြျပဴးကာ ေမးသည္။

"လမ္းမႀကီးမွာ လက္ကိုင္မလို႔လား"

"ဘာလို႔လဲ။အေၾကာင္း႐ွိမွ ကိုင္ရမွာလား"

သူလုပ္ခ်င္တာကို မရမကလုပ္တတ္ေသာ တဇြတ္ထိုးေလးကို ဘယ္အရာကမွ မတားႏိုင္ပါ။​ေဘးလြယ္အိတ္ႀကိဳးေတြကို တင္းေနေအာင္ဆုပ္ထားေသာ ေဆာ့ဂ်င္၏ လက္တစ္ဖက္ကို ဖ်တ္ကနဲဆုပ္လိုက္တာမ်ား သူ႕လက္ဖဝါးျပင္ၾကားထဲ ေပ်ာက္သြားသည္အထိ။

ၿပီးေတာ့ ထိုဆုပ္လ်က္သားအေနအထားျဖင့္ပင္ သူ႕ရင္အုပ္က်ယ္ႀကီးေပၚအထိ ဆြဲကပ္လိုက္ေသးသည္။

"ကိုယ့္လက္ေတြ ေအးေနလို႔ ေႏြးေအာင္လုပ္တာ"

ဤသည္ကား အေၾကာင္းျပခ်က္ သက္သက္ျဖစ္သည္။

တကယ္က ကိုင္ခ်င္လို႔ကို ကိုင္တာ။

ဒါကို သိသိရက္နဲ႔  အညာခံခ်င္ေနသူကလည္း သေဘာေတြက်ကာ ျပဳံးလို႔မဆုံးႏိုင္ေတာ့ေပ။

𖧷 . 𖧷 . 𖧷

ေဆာ့ဂ်င္အနား တကပ္ကပ္ျဖင့္ ထိေတာ့မလို ကိုင္ေတာ့မလို လုပ္ေနေသာ ေဂ်ာင္ကုကို ဆိုင္ဝန္ထမ္းေလးကလည္း လွည့္ၾကည့္,လွည့္ၾကည့္ႏွင့္။

ေဆာ့ဂ်င္ ကိတ္မုန္႔ဖုတ္သည့္ေနရာက ေကာင္တာအျဖဴေလးေနာက္မွာမို႔သာ ေတာ္ေတာ့သည္။ႏို႔မို႔ဆို ထိုအတြဲကိုၾကည့္ၿပီး တစ္ကိုယ္တည္းအထီးက်န္ေနသည့္ စားသုံးသူအစ္မႀကီးမ်ားပင္ ခ်က္ခ်င္း ေသြးတက္ခ်င္စိတ္ေပါက္လိမ့္မည္။

"ေဂ်ာင္ကုကီး ဖယ္ေပးဦး။အလုပ္လုပ္ရတာ မလြတ္မလပ္နဲ႔။သြား...ေဝးေဝးသြားထိုင္ေန"

ထိုမွ်ေလာက္နဲ႔ မ်က္ႏွာညိႇဳးသြားမည္မထင္ပါနဲ႔။

ပိုၿပီး အတင့္ရဲကာ ခါးကိုပင္သိုင္းဖက္လိုက္ေသးသည္။

"Yarrrr!!! ေဂ်ာင္ကုကီး"

"အစ္ကိုကလည္း "

"အစ္ကိုကလည္းမေနနဲ႔။သြား..ၿငိမ္ၿငိမ္သြားထိုင္"

"ၿပီးေရာ"

ေဂ်ာင္ကုကီးသည္ ေဆာ့ဂ်င္စကားကို ေျမဝယ္မက်နားေထာင္သည္ဟု အခ်ီးက်ဴးမေစာသင့္ပါ။ေဝးေဝးသြားတာကေတာ့ သြားပါသည္။ေဆာ့ဂ်င္ႏွင့္ ေျခလွမ္းသုံးေနရာေလာက္ေဝးေသာ ထိုင္ခုံေပၚကိုျဖစ္သည္။

ေဆာ့ဂ်င္ လုပ္သမွ်ကို ေမးေထာက္ၿပီး ခိုးၾကည့္သည္။ခိုးေငးရတာ အားမရဘူးထင္လွ်င္ ေပၚတင္ၾကည့္သည္။

ေဂ်ာင္ကုႏွင့္အရင္တကည္းက အသိအကြၽမ္းျဖစ္ေသာ ဆိုင္ဝန္းထမ္းေလးက လာၿပီးႏႈတ္ဆက္ေပမယ့္ ကင္ေဆာ့ဂ်င္ဟူေသာ ေရယာဥ္ေၾကာမွာ ေမ်ာေနသည့္ ေဂ်ာင္ကုကေတာ့ တုပ္တုပ္မွ်ပင္ မလႈပ္ပါ။

"အစ္ကိုေဂ်ာင္ကု ကြၽန္ေတာ္႕ကိုအလုပ္သြင္းေပးတာ ေက်းဇူးတင္ပါတယ္။သူေဌးက အရမ္းသေဘာေကာင္းၿပီး အလုပ္လုပ္တာလည္း စည္းစနစ္က်တယ္"

'ဒါေပါ့..ငါ့ေကာင္ေလးပဲေလ'ဟူေသာ ဂုဏ္ဆာခ်င္စိတ္ အေတာ္ထိန္းခ်ဳပ္ထားလိုက္ရကာ ေခါင္းပဲ ၿငိမ့္ျပလိုက္သည္။

"ဒါနဲ႔ အစ္ကိုက ဘာလို႔သူေဌးကို အဲ့ေလာက္ၾကည့္ေနတာလဲဟင္"

"ၾကည့္ခ်င္လို႔ၾကည့္တာေလ။ခိုးေၾကာင္ ခိုးဝွက္ၾကည့္ေနရတာ စိတ္ကုန္လာလို႔"

တုံးအလြန္းၿပီး အရိပ္အကဲနားမလည္ေသာ ဝန္ထမ္းေလးသည္ 'ေဩာ္'ဟူေသာ အသံ႐ွည္ႀကီးဆြဲကာ ပါးစပ္ကေလးပိတ္သြားေတာ့သည္။

𖧷 . 𖧷 . 𖧷

"အစ္ကို ႐ုပ္႐ွင္သြားၾကည့္ရေအာင္"

"မသြားခ်င္ဘူး "

"ဘာလို႔လဲ..သရဲကားအသစ္တင္တယ္တဲ့ သြားၾကည့္ၾကမယ္ေလ"

ဆိုင္ကယ္ေပၚ တက္ခါနီး မရမကမဲဆြယ္ေနေသာ ေကာင္ေလးကို ေဆာ့ဂ်င္ ေစာင္ၿပီးၾကည့္လိုက္သည္။ခ်စ္သူနဲ႔ ႐ုပ္႐ွင္သြားၾကည့္တာ သရဲကားတဲ့လား။

"ငါမၾကည့္ရဲဘူး။ငါ ငယ္ငယ္ကဆို ႐ုပ္႐ွင္တစ္ခါေလး သြားၾကည့္ပါတယ္။သရဲကားနဲ႔တိုးလို႔ သူငယ္ခ်င္းကိုယ္ေပၚ ဖက္တက္ရတဲ့အထိ"

"အစ္ကို ေၾကာက္ရင္ ကြၽန္ေတာ္႕ရင္ခြင္ထဲ ပုန္းေနေပါ့"

"႐ူးေနလား"

"တကယ္ေျပာတာ။ေနာ္...သြားၾကည့္ရေအာင္ အစ္ကို"

"မၾကည့္ဘူးကြာ"

"ၾကည့္မယ္ဗ်ာ"

"တျခား ကားဆိုၾကည့္မယ္။သရဲကားဆို မၾကည့္ဘူး"

"Ok...ရတယ္။ရတယ္။တျခား႐ုပ္႐ွင္ကားပဲ ၾကည့္ၾကမယ္။'တိုက္တန္းနစ္' ႐ုပ္႐ွင္ ဒီေန႔ျပမယ္တဲ့။အဲ့ဒါေလး သြားၾကည့္ၾကမလား"

"အဲ့ဒါႀကီးကျဖင့္ ၾကည့္ၿပီးသားႀကီးကို"

"ဘယ္တူမလဲဗ်။ကိုယ့္ခ်စ္သူကို ေဘးမွာထားၿပီး ၾကည့္တဲ့ခံစားခ်က္နဲ႔ တစ္ေယာက္တည္းၾကည့္တဲ့ ခံစားခ်က္ ဘယ္တူပါ့မလဲ"

"အင္း ၾကည့္မယ္"

ေဆာ့ဂ်င္ဆီက ဆုံးျဖတ္ခ်က္တစ္ခုရဖို႔ အာေပါက္မတတ္ မဲဆြယ္ေနေသာ ေဂ်ာင္ကုသည္ ေအာင္ျမင္သြားသည့္အထိမ္းအမွတ္ျဖင့္ နဖူးကို ဖ်တ္ခနဲ နမ္းသည္။

"လူေတြနဲ႔...."

ခပ္တိုးတိုး ေျပာၿပီး ေခါင္းငုံ႔သြားေသာ ေဆာ့ဂ်င္ပုံစံကို ၾကည့္ကာ ေနာက္ထပ္ ထပ္မနမ္းမိခင္ ေဂ်ာင္ကုဆိုင္ကယ္ဦးထုပ္ေဆာင္းေပးလိုက္သည္။

"ငါ့ဘာသာ ေဆာင္းလည္း ရပါတယ္"

ေခါင္းနဲ႔ ေသခ်ာအံဝင္ခြင္က်ေအာင္ ေဆာင္းေပးၿပီး အဆုံးသတ္အေနျဖင့္ ေမးသိုင္းႀကိဳးကိုပါ တပ္ေပးလိုက္သည္။အနည္းငယ္ဖူးေနေသာ ႏႈတ္ခမ္းကို အနီးကပ္ျမင္လိုက္ရခ်ိန္မွာ သူ႕ရင္ေတြ ပရမ္းပတာႏွင့္။၅ စကၠန္႔ေလာက္ ၾကည့္မိရင္ကို သူ႕စိတ္ေတြ မထိန္းႏိုင္တာ။

"ေျပာၿပီးၿပီေလ။ဒီလိုအေသးအဖြဲကိစၥေလးေတြက ကိုယ့္ဘာသာလုပ္လည္း ရေပမယ့္ ကိုယ္႐ွိရင္ ကိုယ္ကပဲဂ႐ုစိုက္ေပးမယ္"

သူ ေျပာေတာ့ အစ္ကို႔မ်က္ႏွာက ပိုၿပီးငုံ႔သြားကာ လက္ေခ်ာင္းအခ်င္းခ်င္းဖိေခ်ေနသည္။

"ဒီလိုနဲ႔ အက်င့္ျဖစ္သြားၿပီး ငါ့အနားမွာ မင္းမ႐ွိေတာ့ရင္ေရာ"

"ဟာဗ်ာ....အဲ့လိုမေျပာပါနဲ႔"

"မေျပာလို႔မွမရတာ"

"ေတာ္ၿပီ။မဟုတ္တာေတြ မေတြးနဲ႔ေတာ့ ဂြၽန္ေဆာ့ဂ်င္။ဆိုင္ကယ္ေပၚတက္ေပေတာ့"

ေဆာ့ဂ်င္ ႐ုတ္တရက္ ေၾကာင္သြားၿပီးမွ အသိဝင္လာကာ ေဂ်ာင္ကုလက္ေမာင္းတစ္ဖက္ကို ကိုင္လႈပ္ၿပီး ေမးေတာ့သည္။

"ဘာႀကီး...မင္း ငါ့ကို ဘယ္လိုေခၚလိုက္တာ"

"မၾကားဘူးလား။ဂြၽန္ေဆာ့ဂ်င္လို႔ ေခၚတာေလ"

ဆိုင္ကယ္ေပၚ သူပါတက္ခြလိုက္ၿပီးလွ်င္ ဆိုင္ကယ္ေနာက္စြန္းကို ကိုင္ထားသည့္ ေဆာ့ဂ်င္လက္ေတြကို သူ႕ခါးမွာ ဖက္တြယ္ေစသည္။ျမန္ဆန္လွေသာ အျပဳအမူေတြေၾကာင့္ ေဆာ့ဂ်င္မွာ စကားေျပာခ်ိန္ပင္ မရလိုက္။သူ႕ခါးကို ဖက္ကာ သူ႕ေက်ာျပင္ကို မ်က္ႏွာအပ္ထားသလို အေနအထားျဖင့္။

"ဖက္ထား။ကိုယ္က ဆိုင္ကယ္အေမာင္းၾကမ္းတယ္။အဲ့လက္ကို ျဖဳတ္ရင္ ႐ုပ္႐ွင္႐ုံက် လက္ေသးေသးေလး အကိုက္ခံရမယ္"

"မင္းကပဲ...ငါ့ကို.... "

မေက်မနပ္ျဖင့္ ရန္ေထာင္ဖို႔ဟန္ျပင္လိုက္စဥ္ သူက ေနာက္ျပန္လွည့္ကာ သတိေပးသည္။

"ဟိုတစ္ခါကိုက္တာထက္ ဆိုးမယ္ေနာ္"

ထို႔ေနာက္ ဆိုင္ကယ္ကို ေျဖးေျဖးသက္သာ မထြက္ဘဲ အ႐ွိန္ႏွင့္ ေဆာင့္ထြက္လိုက္လွ်င္ ေဆာ့ဂ်င္ သူ႕ေက်ာျပင္က်ယ္ႀကီးကို ေျပးကပ္မိတာ အင့္ကနဲ။ေၾကာက္လို႔ေတာ့ မဟုတ္ေပမဲ့ ဒီေကာင္ေလးက မထင္ရင္မထင္သလို ကိုက္တာမို႔ သူ႕ခါးေပၚက လက္ေတြကို တင္းတင္းက်ပ္က်ပ္ပင္ ဖက္ထားလိုက္မိေတာ့သည္။

Helmet ေအာက္က ယုန္ဆိုးေလး၏ မ်က္ႏွာကေတာ့ ပ်ားရည္အိုးထဲ လိမ့္က်ထားသလို အျပဳံးေတြေဝေနခဲ့သည္။

"ေဂ်ာင္ကု ျဖည္းျဖည္းေမာင္း။ငါေၾကာက္တယ္..အ႐ွိန္ေလွ်ာ့ဦး"

ေဆာ့ဂ်င္ ေအာ္ေျပာလိုက္လွ်င္ သူကလည္း ျပန္ေအာ္ေျပာသည္။

"ခ်စ္တယ္လို႔ ေျပာရင္ အ႐ွိန္ေလ်ာ့ေပးမယ္"

"ခ်စ္တယ္ကြာ။ခ်စ္တယ္...ခ်စ္တယ္။ရၿပီလား"

အေလာတႀကီး အေျဖေပးလိုက္ေပးမယ့္ သေကာင့္သားေလးက ယခင္ကထက္ပင္ ဆိုင္ကယ္ကို ပိုအ႐ွိန္ျမႇင့္လိုက္သည္။ၿပီးမွ ေျဖးေျဖးခ်င္း အ႐ွိန္ေလွ်ာ့ေတာ့သည္။

'အက်င့္မေကာင္းေလး'ဟု မၾကားတၾကားေျပာကာ ေက်ာျပင္ကို ေျဗာတင္ေတာ့ မနာတဲ့အျပင္ ေအာ္ရယ္ေနတာ အားရပါးရ။

ေဂ်ာင္ကုကီးက တစ္ခါတစ္ေလ ထိုကဲ့သို႔ေသာ လူဆိုးကေလးျဖစ္သည္။

ေပါက္ေပါက္ဆုပ္ဘူး၊အခ်ိဳရည္ဘူး၊ၾကက္ဥျပဳတ္ထုပ္ေတြ တစ္ေပြ႕တစ္ပိုက္သယ္ကာ ေဆာ့ဂ်င္ ႐ုပ္႐ွင္႐ုံထဲသို႔ ဝင္လိုက္သည္။

"အစ္ကိုကလည္း ဒီမွာ အေျခခ်ေတာ့မလို႔လား။စားစရာေတြအမ်ားႀကီး"

"ငါ့ပါးစပ္နဲ႔ငါစားတာ ဘာျဖစ္လဲ "

"ဟုတ္ပါၿပီဗ်ာ။ဟုတ္ပါၿပီ။စားပါ...စားပါ"

ေဂ်ာင္ကု အေလွ်ာ့ေပးလိုက္ၿပီး ျပဳံးျပဳံးေလးပဲ ၾကည့္ေနလိုက္ေတာ့သည္။

"ေပး...ကြၽန္ေတာ္သယ္မယ္"

ေဆာ့ဂ်င္လက္ထဲက အထုပ္ေတြအားလုံး ေဂ်ာင္ကုလႊဲေျပာင္းယူလိုက္ၿပီးေနာက္ ေဘးခ်င္းယွဥ္ေလွ်ာက္လွ်င္..

"ေနဦး...အဲ့လိုႀကီးမေလွ်ာက္နဲ႔။ငါနဲ႔ သုံးေပခြါၿပီးလိုက္"

"ဟာဗ်ာ...ဘာျဖစ္လို႔လဲ"

"ျပန္မေမးနဲ႔ ။ငါေျပာသလို လုပ္"

ေဂ်ာင္ကု မ်က္ႏွာႀကီးသုန္မႈန္သြားၿပီးသလို ေဆာ့ဂ်င္ကလည္း ပတ္ဝန္းက်င္ကို ကြက္ၾကည့္,ကြက္ၾကည့္ႏွင့္။သူခိုး လူမိသြားမွာကိုစိုးရိမ္ေနေသာ ပုံစံျဖင့္။

ထို႔ေနာက္ သူတို႔ခုံနံပါတ္မွာ ေနရာယူလိုက္ၿပီး စားစရာေတြကိုေတာ့ ​ေဆာ့ဂ်င္ေဘးက​ ခံဳအလြတ္​ေပၚထားကာ တတိတိယူစားေနေတာ့သည္။႐ုပ္႐ွင္လာၾကည့္တာလား။ေပါက္ေပါက္ဆုပ္လာစားတာလား မသဲကြဲေတာ့။

"ဒီမွာဗ်...ဒီအထုပ္ေတြက "

သိပ္မၾကာလိုက္ပါ။သူတို႔လိုပဲ ခပ္ငယ္ငယ္ေယာက်္ားေလး ႏွစ္ေယာက္ေရာက္လာၿပီး ခုံအလြတ္ေပၚက စားစရာထုတ္ေတြကို ေမးေငါ့ျပသည္။

"အာ...ေတာင္းပန္ပါတယ္ ။လူမလာေသးလို႔ တင္ထားတာပါ"

သူ႕မွာ အားနာသြားရကာ အထုတ္ေတြကိုအျမန္ယူလိုက္သည္။ထို႔ေနာက္ ထိုေကာင္ေလးႏွစ္ေယာက္သည္ တစ္ေယာက္က ပခုံးကိုသိုင္းဖက္၊တစ္ေယာက္က မသိမသာေလးမွီကာ ႐ုပ္႐ွင္ထဲအာ႐ုံေရာက္ေနသည္။

"Babyေလး အခ်ိဳရည္ေသာက္ဦးမလား"

ၾကားဖူးေနက် အေခၚအေဝၚေၾကာင့္ ေဆာ့ဂ်င္ ဆံပင္ေတြပင္ ေထာင္ထ သြားသည္။

ဘုရားေရ။ဒီအသံႀကီး ၾကားဖူးသလိုလိုပဲ။

ေဆာ့ဂ်င္ ေပါက္ေပါက္ဘူးကို မသိမသာကြယ္ရင္း ေဘးခုံကို ၾကည့္လိုက္ေတာ့.....

ေသာက္က်ိဳးနည္း.....

မင္ယြန္းဂီတို႔ အတြဲႀကီးဟ။

ဂ်ီမင္းကို လက္တစ္ဖက္က ဖက္ၿပီး တစ္ဖက္က အခ်ိဳရည္ဘူးပိုက္တပ္ေပးေနကာ ဂ်ီမင္းကလည္း အျပဳံးေတြအျပည့္ျဖင့္ အၾကည္ဆိုက္ေနသည့္ ထိုအတြဲကိုျမင္​ေတာ့ ေဆာ့ဂ်င္ ေပါက္ေပါက္ေတြေတာင္ နင္ေတာ့မတတ္ျဖစ္သြားသည္။

တိုက္ဆိုက္ခ်က္မ်ား။ေဘးခ်င္း ကပ္လ်က္ႀကီး။ဟိုက သူတို႔ကိုမမွတ္မိတာျဖစ္ႏိုင္သည္။သူ႕ babyႏွင့္သူ သာယာေနတာေၾကာင့္ အဘယ္မွာ အျခားသူေတြကို မ်က္စိထဲတိုးႏိုင္ပါေတာ့မည္နည္း။

မျဖစ္ဘူး... တစ္ခုခုလုပ္မွ ျဖစ္မယ္။ငါ့တို႔ကို ျမင္သြားရင္ မင္ယြန္းဂီ အႀကီးအက်ယ္ ႏွိပ္ကြက္ေတာ့မွာ။

"ေဂ်ာင္ကု ေဂ်ာင္ကု ေဂ်ာင္ကု "

တစ္ေယာက္တည္း ျပာယာခတ္ေနေသာ သူ႕ကို ေဂ်ာင္ကုက မရိပ္မိေသးပါ။႐ုပ္႐ွင္ကိုသာ စိတ္ဝင္တစား ၾကည့္ေနသည္။တိုးတိုးေလး ေခၚတာေတာင္မၾကားလို႔ အသံထြက္ေခၚေတာ့လည္း မၾကား။

"ဂြၽန္ေဂ်ာင္ကု "

နာမည္အ​ျပည့္အစုံေခၚကာ ေဂ်ာင္ကု ကုတ္အက်ီထဲ မ်က္ႏွာကြယ္ၿပီး တိုးလိုက္ေတာ့မွ ငုံ႔ၾကည့္သည္။

"ဗ်ာ ဘာျဖစ္လို႔လဲ"

"သြားရေအာင္ ထ..ထ..ျမန္ျမန္"

အခုထိ ရိပ္ပုံမရေသာ ေဂ်ာင္ကုက ေအးေအးေဆးေဆးပင္ ဆက္ၾကည့္ေနသည္။

"ထ....အျပင္ထြက္ၾကမယ္"

"ဘာလို႔လဲ "

"စကားမမ်ားနဲ႔။ငါ ထြက္ဆိုထြက္လိုက္"

"ၿပီးေရာဗ်ာ။ေကာင္းခန္းေရာက္မွ.."

သူၾကည့္ခ်င္တာ မၾကည့္ရလို႔ တပြစိစိေျပာေနတဲ့ေကာင္ေလးကို ဗိုက္ကိုလိမ္ဆြဲလိုက္မွ ပါးစပ္ပိတ္သြားေတာ့သည္။

"႐ႈး..တိုးတိုး ။အသာေလး ထသြားရေအာင္။ငါ့ကို မင္းအက်ီနဲ႔ကြယ္ထားေပး"

အေၾကာင္းအရင္းကို မသိေပမဲ့ ေဂ်ာင္ကုက ေဆာ့ဂ်င္ေျပာသည့္အတိုင္း သူ႕ကုတ္အက်ီထဲ ဝွက္ေပးကာ အျပင္ေရာက္ေအာင္ထြက္လာလိုက္သည္။ဆိုင္ကယ္နားေရာက္သည္အထိ သူ ေဂ်ာင္ကု အက်ီေကာ္လံစနဲ႔ ကြယ္ထားဆဲ ျဖစ္သည္။

"ဟူး..ေမာလိုက္တာ "

"ေရာ့ ေရေလးေသာက္လိုက္ဦး"

ေဂ်ာင္ကုကမ္းေပးတဲ့ ေရဘူးကို လွမ္းယူရင္း တစ္က်ိဳက္တည္းေမာ့ပစ္လိုက္သည္။သူ႕မ်က္ႏွာမွာ ေခြၽးေတြစို႔တာ ျမင္ေတာ့ ေကာင္ေလးက နဖူးေပၚက ဆံပင္စေတြကို သိမ္းတင္ေပးသည္။

"ဘာျဖစ္လို႔လဲဟင္...ေခြၽးေတြလည္း႐ႊဲေနေရာ"

"ခုနကေလ ေဘးမွာ မင္ယြန္းဂီ တို႔ "

မ်က္လုံးေတြ ဝိုင္းၿပီး သူ႕အေျဖကို ေမွ်ာ္လင့္တႀကီး ေစာင့္စားေနသည့္ ေကာင္ေလးက အနည္းငယ္ေတာ့ မ်က္ႏွာတည္သြားခဲ့ပါသည္။

"ဘာမ်ားလဲလို႔ဗ်ာ။ႏႈတ္ဆက္လိုက္ရမွာ မဟုတ္ဘူးလား"

"ဟင့္အင္း ငါ.. ငါ မလုပ္ခ်င္ဘူး"

သူ အထစ္ထစ္အေငါ့ေငါ့ေျပာေတာ့ ေဂ်ာင္ကုက သူ႕ပခုံးႏွစ္ဖက္ကို ဆုပ္ကာ ဆိုင္ကယ္နဲ႔ကပ္ပစ္လိုက္သည္။ၿပီးေတာ့ မ်က္လုံးေတြကို စိုက္ၾကည့္လာၿပီး...

"ကြၽန္ေတာ္႕ကို အစ္ကိုခ်စ္သူလို႔ေျပာရမွာ သိမ္ငယ္ေနလို႔လား"

အံႀကိတ္သံနဲ႔အတူ မ်က္လုံးဝိုင္းေတြထဲ မ်က္ရည္ေတြဝဲေနခဲ့သည္။သူ႕မ်က္လုံးေတြကို စိုက္ၾကည့္ေနတာမ်ား ရင္ထဲထိေဖာက္ထြက္မတတ္ပင္။ထို႔ေနာက္ ပခုံးေပၚက လက္ေတြတျဖည္းျဖည္း ေလွ်ာက်သြားကာ ေခါင္းေအာက္စိုက္သြားသည္။

ၿပီးေတာ့ ေက်ာျပင္က်ယ္ေတြ တသိမ့္သိမ့္တုန္ေန၏။

ေကာင္ေလး...ငိုေနတာလား။

ေမးႏွစ္ဖက္ကေန ပင့္မၿပီး ၾကည့္ေတာ့ မ်က္လုံးဝိုင္းေတြထဲ မ်က္ရည္ေတြနဲ႔။ေအာ္ဟစ္ ငိုေႂကြးေနတာမ်ိဳး မဟုတ္ဘဲ အသံတိတ္မ်က္ရည္က်ေနခဲ့တာ။သူ ေအာ္ဟစ္ေငါက္ငမ္းထုတ္တုန္းကေတာင္ မ်က္ရည္မက်တဲ့ ကေလးက ဒီကိစၥေလးနဲ႔ အတြက္နဲ႔ငိုရသတဲ့လား။

"ဘာလို႔ ငိုေနတာလဲ"

"ပတ္ဝန္းက်င္ကို အမွန္အတိုင္းဖြင့္ေျပာဖို႔ အစ္ကိုေၾကာက္ေနတာလား"

ထိုမ်က္လုံးဝိုင္းေတြထဲ သူအသက္မွန္ေအာင္ မနည္း႐ႈေနရသည္။သူ႕ေျခေထာက္ေတြ ေခြေခါက္လဲမသြားေအာင္ေပါ့။ဒီေကာင္ေလးငိုရင္ သူလည္း နာက်င္ရတယ္။

"မဟုတ္ မဟုတ္ဘူး ေဂ်ာင္ကု။ငါက သူမ်ားေတြကို ငါ့ရဲ႕ ဒ​ီလိုပုံစံကို ေဖာ္ျပဖို႔မရဲေသးတာ။ငါ့စိတ္ေတြ အဆင္သင့္မျဖစ္ေသးတာ။ငါ မင္းကို မခ်စ္ဘဲေနပါ့မလား ေဂ်ာင္ကုရယ္။ဒါေပမဲ့ ပတ္ဝန္းက်င္က ငါ့ကို ေျပာမွာထက္ မင္းအေျပာခံရမွာ ငါပိုေၾကာက္တာ။အဲ့ဒီစိတ္ေၾကာင့္ပဲ ငါတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ငါဖြင့္မျပရဲေသးတာပါ။မင္း နာက်င္ရမွာကို ပိုေၾကာက္တယ္။တစ္ခ်ိန္ခ်ိန္က်ရင္ လူေတြက ကဲ့ရဲ႕ၾကရင္ မင္း ငါ့ကိုစိတ္ပ်က္ၿပီးထားခဲ့ရမွာေရာပဲ။ညတိုင္းပဲ အရာအားလုံးကို ငါစဥ္းစားေနခဲ့တာ"

"ပတ္ဝန္းက်င္ဆိုတာေရာ၊လူေတြဆိုတာေရာ ထည့္မေျပာနဲ႔ဗ်ာ။ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ ဂ႐ုစိုက္မေနဘူး။အစ္ကို႔လက္ကို ဆြဲၿပီး ဒါ..ကြၽန္ေတာ္႕ခ်စ္သူပါလို႔ ကြၽန္ေတာ္အားလုံးကို ဖြင့္ေျပာရဲတယ္။ဒါေပမယ့္ အစ္ကို႔စိတ္ေတြ အခုလိုမ်ိဳးအဆင့္သင့္မျဖစ္ေသးမွာကို ႀကိဳေတြးမိၿပီး ကြၽန္ေတာ္အထိုက္အေလ်ာက္ေနေပးခဲ့တာ"

"အစ္ကိုစိတ္ပင္ပန္းရမွာကို ကြၽန္ေတာ္လုံးဝမႀကိဳက္ဘူး။ အစ္ကိုက ကြၽန္ေတာ္႕ခ်စ္သူပါလို႔ တစ္ကမ႓ာလုံးသိေအာင္ေတာင္ ကြၽန္ေတာ္ေျပာရဲတယ္။ဒါေပမယ့္ အဲ့ဒီစိတ္ထက္ အစ္ကို ပင္ပန္းရမွာကို ကြၽန္ေတာ္ေၾကာက္တာ"

"ေ႐ွ႕ေလွ်ာက္ ကြၽန္ေတာ္တို႔ ပြင့္ပြင့္လင္းလင္းေနသြားၾကမယ္။တစ္ေယာက္စိတ္ထဲမွာ ဘာျဖစ္ေနတယ္ဆိုတာကိုလည္း အျပန္အလွန္ ေျပာၾကမယ္။တစ္ေယာက္တည္း ဖုံးကြယ္ၿပီး ႀကိတ္မွိတ္မခံစားပါနဲ႔။အစ္ကို႔ကို ဘယ္ေတာ့မွ လက္လြတ္ေပးမွာမဟုတ္ဘူး"

"ကြၽန္ေတာ္႕လက္တစ္စုံကို အစ္ကိုတစ္ေယာက္ပဲ ဆုပ္ကိုင္ခြင့္႐ွိတယ္...အဲ့ဒါကို အၿမဲ မွတ္ထားပါ"

ေဂ်ာင္ကု စကားအဆုံး သူ႕တစ္ကိုယ္လုံး အားအင္ေတြစုပ္ယူခံရသလို ႏြမ္းလ်သြားသည္။ထို႔ေနာက္ မ်က္ရည္ခိုးေတြ႐ိုက္လာကာ ေဂ်ာင္ကု၏ မ်က္ႏွာကိုေတာင္ ေသခ်ာမသဲကြဲေတာ့။ျဖစ္တည္ေနခဲ့သမွ် ရင္ထဲက အစိုင္အခဲေတြကို မ်က္ရည္ေတြအျဖစ္ အရည္ေဖ်ာ္ခ်ပစ္ခ်င္လိုက္ေတာ့သည္။

"ေဂ်ာင္ကုရယ္ ငါ မင္းကိုအရမ္းခ်စ္တယ္။တကယ္ ခ်စ္တယ္ဆိုတာ ယုံပါ"

ထို႔ေနညေနက အစ္ကိုသည္ ပထမဦးဆုံးအ​ႀကိမ္အျဖစ္ သူ႕ရင္ခြင္ထဲ မွီခို တိုးဝင္လာခဲ့ပါသည္။

ဒီဘဝမွာ တစ္ဦးတည္းေသာသူ အျဖစ္အစ္ကို႔ကိုပဲ ေနာက္ဆုံးထိ ခ်စ္သြားခ်င္တယ္။ကြၽန္ေတာ္႕ႏွလုံးသားထဲ အစ္ကို႔ကို တစ္သက္လုံး သိမ္းဆည္းထားလိုက္ေတာ့မယ္။

𖧷. 𖧷. 𖧷

AN/ဒါနဲ႔ေလ အစ္မႀကီးတို႔အဖြဲ႕ကို အလယ္နားေလာက္မွာ ေတြ႕လိုက္မိလားမသိဘူး🤭😝

There are no comments yet. Log in to be the first to leave a review!

Similar stories