~ 11 ~
16:50, 17 July 2021Unicode_______
ချွေးတွေ ရွှဲနစ်နေတဲ့ ဂျောင်ကု ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းသယ်ရင်း ဆော့ဂျင် ကားတံခါးကို ခြေထောက်တစ်ဖက်တည်းနဲ့ ပိတ်လိုက်သည်။ကြွက်သားအပြည့်ရှိနေသော ရင်အုပ်ကျယ်ကြီးနှင့် ယှဥ်လိုက်လျှင် ဆော့ဂျင်က လူကောင်သေးသယောင် ရှိသည်။ဒီကောင်လေးကို ဆိုဖာခုံပေါ်ရောက်တဲ့အထိ တွဲလာရသည်မှာ မလွယ်ကူလှပါ။ညနေက ဆိုင်မှာစားသမျှ ပြန်အန်ထွက်ချင်စိတ်ပင် ပေါက်သည်။
"လေးလိုက်တဲ့ ခန္ဓာကိုယ်ကြီး။အားကစားတွေ ဘယ်လောက်လုပ်ထားတယ် မသိဘူး"
ပြောပြောဆိုဆိုနှင့်ပင် ဆိုဖာပေါ် ဝုန်းကနဲ ပစ်ချလိုက်တော့သည်။သူပါရောပြီး အားလွန်လဲကျသွားပြီး ကပြာကယာ ထရပ်တော့ ခါးနေရာက မျက်ခနဲ။
"အမယ်လေး...ငါ့ခါး....ကျွတ်....ကျွတ်"
ဆော့ဂျင် မျက်နှာမှာ ရှုံ့မဲ့သွားရကာ အတန်ကြာသည်အထိ ခါးကို ဟိုဘက်ဒီဘက်လှည့်ပြီး လေ့ကျင့်ခန်းလုပ်ရသေးသည်။
"ချွေးတွေလည်း ရွှဲနေတာပဲ။ရေပတ်တိုက်ပေးရင် ကောင်းမလား"
ဆော့ဂျင် တစ်ကိုယ်တည်း ပွစိပွစိ ရေရွတ်ကာ ရေချိုးခန်းဘက်သွားဖို့ ခြေလှမ်းပြင်လိုက်စဉ်...
"အစ်ကို မသွားပါနဲ့ "
သူ့လက်တစ်ဖက်ကို အမိအရလှမ်းဆွဲရုံမျှမက ခါးတစ်ခုလုံးကိုပါ ကျစ်ကျစ်ပါအောင် ဖက်ထားခြင်းခံလိုက်ရတော့သည်။ပြီးတော့ ခေါင်းလေးပါ တိုးလာကာ သူ့ဝမ်းဗိုက်နေရာကို မျက်နှာအပ်ထားသည်။
"အစ်ကို...သူမသေဘူး ထင်တယ်။မီးထဲမှာ "
အစီအစဉ်မကျသော ဝါကျတွေ ဂျောင်ကုနှုတ်ဖျားက ထွက်လာလေလျှင် ဆော့ဂျင် အလိုက်သင့်ပြန်ဖက်ကာ ခေါင်းလေးကိုပွတ်ပေးလိုက်သည်။ထိုအပြုအမူကို နှစ်သက်သည့်အလား။ကောင်လေးက ငြိမ်ပြီး ခံယူသည်။
"အင်းပါ...မင်းဘာတွေ ကြုံခဲ့မှန်းမသိပေမယ့် အခုမင်းဘေးမှာ ငါတစ်ယောက်လုံးရှိတယ်။မကြောက်နဲ့"
"အင်း "
အကြောင်းအရင်းကို မေးဖို့ရည်ရွယ်ထားသော်လည်း ထိုကောင်လေး၏ စိတ်ဒဏ်ရာကိုအစကနေ ပြန်မဖော်ချင်တော့ပါ။လောလောဆယ် သူ့ခါးပေါ်မှာ မျက်နှာအပ်ပြီး ငြိမ်နေလိုက်တာများ။တကယ့် ၁၅နှစ်သားလေးလို။
တကယ်ပြောတာ။ တစ်ခါတစ်လေ ဒီကောင်လေးက တအားချွဲတတ်တာ။
"အစ်ကို ကိုယ်သင်းနံ့လေးက တကယ်ကောင်းတယ်။ကျွန်တော့်ဘေးမှာ အစ်ကိုရှိနေရင် အရမ်းကို စိတ်သက်သာရာရတယ်"
"ငါ့ကိုယ်မှာ ချွေးတွေနဲ့ နံစော်နေတာကို။ခုနက မင်းခန္ဓာကိုယ်ကြီးကို သယ်လာရတာ လွယ်တယ်ထင်လား"
"ဟင့်အင်း...ဒီအတိုင်းလေးပဲ ဖက်ထားချင်တယ်"
ပြောကာမှ ပိုတိုးဖက်ပြီး မျက်လုံးတွေမှိတ်ထားသည့် သကောင့်သားလေးက အရာရာကျေနပ်ပီတိဖြစ်နေသည့်ဟန်။
"ထတော့။မင်း အိမ်ကို ပြန်လိုက်ပို့မယ်"
"မပြန်ချင်ဘူး။အခုည အစ်ကို့အိမ်မှာပဲ အိပ်မယ်"
ပြောပြီး ဝမ်းဗိုက်ကို ရွှတ်ကနဲ တစ်ချက်နမ်းလိုက်တော့ ဆော့ဂျင် တစ်ကိုယ်လုံး ကြက်သီးတွေပင် ထကာ လန့်ဖျပ်သွားသည်။
စိတ်မထင်ရင် မထင်သလို ကိုက်လိုက်၊နမ်းလိုက်နဲ့ အမျိုးမျိုးကို လုပ်နေတော့တာပဲ။ခါးတစ်ခုလုံးလည်း ဒီကောင်လေးရဲ့ လက်မောင်းတွေကြားထဲမှာ ကျိုးကြေလုမတတ်။
"မအိပ်ရဘူး....ပြန်တော့။ငါ့အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေရင် မအိပ်တတ်ဘူး"
"ပြီးတော့ ငါ့က ညဘက်ဆို ဆံပင်စုတ်ဖွားနဲ့ ယောင်ပြီး လမ်းထ, ထ လျှောက်တတ်တယ်"
ခုနက ဗိုက်ကို နမ်းလိုက်သော အနမ်းကိုပြန်သတိရကာ ဆော့ဂျင် အကြီးအကျယ်ခြိမ်းခြောက်လေသည်။'ဂေျာင်ကု ငါ့အိမ်မှာ ညမအိပ်ရေး၊ငါ့အရေး'ဟု သဘောပိုက်ကာ ဘယ်လိုအကြောင်းပြချက်နဲ့ နှင်ရမလဲဆိုတာ အကြံထုတ်နေသည်။
ပါးရည်နပ်ရည်ရှိသော ဂျောင်ကုကလည်း ဒီလောက်ကတော့ မဖြုံပါ။တစ်ချက်ခိုးပြုံး လိုက်ပြီးလျှင် အပြစ်အကင်းစင်ဆုံး ယုန်သူငယ်လေးအသွင်ဟန်ဆောင်ကာ မျက်လုံးဝိုင်းတွေနဲ့ ပြန်အကျပ်ကိုင်လေသည်။
"ခုနကလို ထပ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။အစ်ကိုက ပစ်ထားတော့မလို့လား"
ထိုမျက်လုံးဝိုင်းတွေနဲ့ ဆွဲဆောင်မှုရှိသော အသံလေးက ဆော့ဂျင် အသည်းနှလုံးအညှာကို ထိသွားပုံရသည်။ချက်ချင်း သူ့ခေါင်းလေးကို ပွတ်သပ်ချော့မြူချင်တဲ့အထိ ပျော်ဝင်သွားချင်တော့တာမျိုး။
"နော်...အစ်ကို ။ဒီတစ်ညပဲ အိပ်မှာပါ"
နောက်ဆုံးတော့ အလျှော့ပေးလက်မြှောက်လိုက်ရသူက ဆော့ဂျင်ပဲ ဖြစ်ကာ ဟန်ဆောင်ကောင်းတဲ့ ယုန်ဆိုးလေးကတော့ မျက်နှာတစ်ဖက်လှည့်ကာ အကြီးအကျယ် သဘောတွေကျနေတော့သည်။
𖧷 . 𖧷. 𖧷
"အစ်ကို့....လာပါဦး။အကျီတွေကလည်း တစ်ထည်မှ မတော်ဘူး"
ရေချိုးပြီးတော့ သူ့အခန်းထဲ ဝင်သွားတဲ့ ဂျောင်ကုက ခဏအကြာမှာ အသံထွက်လာလေသည်။
ဆော့ဂျင် လှီးလက်စ အသီးအရွက်တွေကို ပစ်ချခဲ့ကာ ဂျောင်ကုထံ အပြေးအလွှားသွားလေသည်။
"ကြယ်သီးတပ်မရလို့ "
ဆော့ဂျင်ရဲ့ အကျီအနက်ရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်အထိ ဆွဲတင်ထားပြီး ကျယ်ပြန့်လှသော ရင်အုပ်ကျယ်ကို မရမကဆွဲဖုံးကာ ကြယ်သီးစေ့တွေကို တပ်နေသည်။
"ဘယ်လိုလုပ်တပ်လို့မရလဲ။မင်း ရင်ဘတ်က ဒီလောက်ကျယ်နေတာ။ငြိမ်ငြိမ်နေ ငါတပ်ပေးမယ်"
ရုတ်တရက် လာရပ်ပြီး ကြယ်သီးစေ့တွေကို မရမကလာတပ်နေသော လက်ချောင်းဖြူဖြူလေးများကိုကြည့်ရင်း ဂျောင်ကု အာခေါင်တွေခြောက်လာသည်။စိတ်ရှိလက်ရှိ ထင်တိုင်းကြဲရလျှင် အစ်ကို့နှုတ်ခမ်းတွေ ဖူးယောင်သွားမှာ။မီးဖိုခန်းထဲ ဝင်ထားလို့ထင်သည်။နှုတ်ခမ်းအပေါ်ဘက်မှာ ချွေးစလေးတွေ သီးနေသည်။
"အဟမ်း..ဟမ်း.."
ဖြစ်ချင်သော ဆန္ဒအားလုံးကို မျိုသိပ်ကာ ဂျောင်ကုလက်သီးတွေကို တင်းတင်းဆုပ်ထားလိုက်မိသည်။
ရိပ်မိပုံမရသော ဆော့ဂျင်ကမူ အန္တရာယ်ကို ကြိုမမြင်သော သားကောင်လေးနှယ်။ဂျောင်ကုမျက်နှာကို ကြည့်ကာ ပြုံးစိစိလုပ်နေသည်။
"ဘာဖြစ်နေတာလဲ မင်းရုပ်ကြီးက"
"မရယ်ပါနဲ့...ကျွန်တော် စိတ်ထိန်းမရဖြစ်လိမ့်မယ်"
"ဟမ်..ဘာကိုလဲ"
ဆော့ဂျင် အူကြောင်ကြောင်နဲ့ ပြန်မေးလိုက်လျှင် ဂျောင်ကုက တံတွေးတစ်ချက်မျိုချကာ အတင်းတွန်းလွှတ်တော့သည်။
"သွား..သွားတော့။ကျွန်တော့်ဘာသာ ကြယ်သီးတပ်တော့မယ်။မြန်မြန်သွား"
အခန်းအပြင်ရောက်အောင် မရမက တွန်းလွှတ်ပြီး တံခါးကို အတင်းဆွဲပိတ်သည်။
မြန်မြန်ဆန်ဆန်ပြောင်းလဲသွားသော ဂျောင်ကုရဲ့ အပြုအမူတွေကို ဆော့ဂျင်နားမလည်တော့ပါ။
ချက်ချင်းကြီး ဘာဖြစ်သွားပါလိမ့်ပေါ့နော်။
𖧷. 𖧷. 𖧷
"အား!!အစ်ကို့ အိပ်ယာကြီးက မိုက်လိုက်တာ"
သူ့ခန္ဓာကိုယ်ကြီးနဲ့ အိပ်ယာပေါ် အားယားမှောက်လှဲချ လိုက်တာများ ဝုန်းခနဲ။ပြီးတော့ ခေါင်းအုံးတွေ ဖက်လုံးတွေကြားထဲ အတင်းဝင်တိုးကာ ရေကူးသလို ယက်ကန်,ယက်ကန်လုပ်နေလိုက်သေးသည်။သူများ အိပ်ယာထဲ နှောင့်ယှက်ရတာကောင်လေးက တော်တော်လေးအူမြူးနေပုံရသည်။
"ဟေ့ကောင်..ငါ့အိပ်ယာတွေ တွန့်ကြေကုန်ပြီ"
ဂျွန်ဂျောင်ကု ဒဏ်ကို အလူးအလဲ ခံနေရသော အိပ်ယာဘဝကတော့ လွန်စွာမှ သနားစရာကောင်းတော့သည်။ပိုင်ရှင်ဖြစ်သူ ကင်ဆော့ဂျင်မှာ ခါးထောက်ပြီး ကြည့်နေရုံမှတစ်ပါး။
စ တွေ့ခါစက ဂျစ်ကန်ကန် ကောင်ဆိုးလေးက ဂျွန်ဂျောင်ကုမှ ဟုတ်ရဲ့လားလို့ သံသယဝင်မိသည်အထိ။
"ဘုန်း "
ပြောစကား နားမထောင်သည့် ကောင်လေးရဲ့ တင်ပါးကို ခပ်ဆတ်ဆတ်လေးတစ်ချက်ရိုက်လိုက်တော့မှ ချက်ချင်းထ ထိုင်သည်။ပြီးတော့ ရှုံ့မဲ့နေကာ မချိမဆန့်နာသွားသည့်ပုံစံက အရေးပေါ်ကားပဲ ေခါ်ပေးရတော့မလိုလို။
"အ့...နာတယ် အစ်ကိုရ "
"မင်းမှ စကားနားမထောင်တာ"
"ဒီလက်သေးသေးလေးက တော်တော်လေး စွာနေပါလား"
ထို့နောက် ဝုန်းကနဲ ထရပ်ကာ ဆော့ဂျင် နောက်ကျောကို သိုင်းဖက်ပြီး လက်တွေကိုအတင်းချုပ်ထားတော့သည်။အားကုန်ရုန်းပေမယ့် ဗလချင်းယှဥ်လျှင် ဂျွန်ဂျောင်ကုက ပိုသာပါသည်။
ရုန်းရင်းဆန်ခတ် အနေအထားမှာ ကုတင်ဘေးက စားပွဲကိုနှစ်ယောက်လေး ဝင်တိုက်လိုက်တာကြောင့် အတော်လေး အီဆိမ့်သွားသည်။
"လွှတ်စမ်း...လွှတ်..."
"မလွှတ်ဘူး....အဲ့လက်ကလေးကို ကိုက်ရမှ ကျေနပ်မယ်"
"ကိုက်ရအောင် မင်းက ခွေးပေါက်လား"
"ဟုတ်တယ်... အစ်ကို့လက်လေးကို မြင်ရင် အသေအသည်းယားတာ"
တဖြည်းဖြည်း ဆော့ဂျင်လက်တစ်ဖက်ကို ဂျောင်ကုအမိအရ ဆွဲကာ အစာငမ်းနေသည့် ယုန်ဆိုးလေးလို အတင်းကိုက်ဖို့ပြင်သည်။
"ကိုက်ရရင် လွှတ်ပေးမှာလား"
ဆော့ဂျင်လည်း တော်တော်မောနေပြီ ဖြစ်သည်။မရုန်းနိုင်တော့တဲ့အဆုံး သူ့လက်လေးတစ်ဖက်ကို ထိုးကျွေးဖို့ပဲရှိတော့သည်။
"အင်း...လွှတ်ပေးမယ်"
"အဲ့ဒါဆို...ရော့....ကိုက်"
ဂျောင်ကု မျက်လုံးရှေ့ရောက်လာသည်က ဖြူဖြူလက်သီးဆုပ်လေး။အပြစ်အနာအဆာမရှိသည့် ထိုလက်ချောင်းလေးတွေကို အဘယ်မှာ ကိုက်ရက်မည်နည်း။
"ပြွတ်..."
တကယ်တမ်း ထိုလက်ကလေးတွေအပေါ် ရောက်လာတာက သွားချွန်ချွန်တွေအစား နှုတ်ခမ်းသား စိုအိအိတွေပဲ ဖြစ်သည်။နမ်းပြီးမှ တစ်ချက်ဖွဖွလေး ကိုက်သည်။
နောက်ကနေ သိုင်းဖက်ထားသည့် ထိုပုံစံဖြင့်ပင် ဂျောင်ကုက အိပ်ယာပေါ်နှစ်ယောက်စလုံး ပစ်လှဲချသည်။အခုလောလောဆယ် သူ့ခန္ဓာကိုယ်က ဂျောင်ကုရင်ခွင်ထဲမှာ ထွေးကနဲ။
"ဒီအတိုင်းလေး အိပ်ရအောင်"
ဖက်ထားရုံမျှမက ပါးချင်းကပ်လာကာ သူ့ခန္ဓာကိုယ် အားကြီးနဲ့ အတင်းချုပ်ထားသည်။ဆော့ဂျင်ပါးနှစ်ဖက်ကို ဖျစ်ညှစ်ကာ အစ်ထွက်လာသော ပါးမို့နှစ်ဖက်ကို အားရပါးရ စိတ်ရှိလက်ရှိ နမ်းနေတော့သည်။
"အား....ငါ့ကို မင်းည,ည ဖက်အိပ်တဲ့ ဝက်ဝံရုပ်ကြီးများ မှတ်နေသလား"
သူ့ပါးနှစ်ဖက်လုံး နီရဲပူထူနေပြီဖြစ်သည်။ရင်ခွင်ကျယ်ကြီးထဲမှာ မလှုပ်မယှက်ပုံစံလေးနဲ့ ငြိမ်နေရတာက အားပြင်းသော စပါးကြီးမြွေရစ်ပတ်ထားခံရသလိုပင်။
"တော်ပြီ...မနမ်းတော့ဘူးနော်။အိပ်ကြမယ်"
ဂျောင်ကုနည်းနည်း လျှော့ပေးလိုက်သည်နှင့် ဆော့ဂျင်ကလည်း အခွင့်အရေးကိုကောင်းကောင်းအသုံးချသည်။ကုတင်ပေါ်က အတင်းဆင်းပြေးဖို့ ပြင်တော့သည်။
ဒါမျိုးဆို ဂျွန်ဂျောင်ကု တို့ကလည်း လျင်ပါ့။
ချက်ချင်း ခါးကိုဆွဲဖက်ပြီး သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် လှဲချပစ်ကာ ဆော့ဂျင် ရင်ခွင်ထဲအတင်းတိုးဝင်လာသည်။
"အစ်ကိုသိလား ။ဒီလိုမျိုး တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာ မအိပ်ရတာကြာနေပြီ။မေမေ ဆုံးပြီးကတည်းကပေါ့။ကျွန်တော့်ကို တစ်ခါလေးပဲ ဖက်ပေးပါ။ငြိမ်ငြိမ်လေး အိပ်ပါ့မယ်...နော်...အစ်ကို"
ဂျောင်ကု အသက်ရှုငွေ့နွေးနွေးက သူ့ရင်ဘတ်ကိုလာ ထိခတ်နေသည်။ခေါင်းလေးကိုဖွဖွပုတ်ပေးလိုက်တော့ သူ့ရင်ခွင်ပိုတိုးကာ ကွေးကွေးလေး ငြိမ်နေရှာသည်။အတော်ကဲလှသော ယုန်ဆိုးလေးသည် မောသွားသည်ထင်။မျက်လုံးတွေ မှိတ်ကာ ခဏအကြာ အသက်ရှုသံစည်းချက်မှန်မှန်ဖြင့် အိပ်မောကျသွားတော့သည်။
"ဟူး..."
ထိုအခါမှပဲ ဆော့ဂျင်မှာ သက်ပြင်းချနိုင်တော့သည်။အိပ်မောကျသွားသော ထိုကောင်လေး၏ ကျောပြင်ကျယ်ကို မမှီမကန်းနဲ့ လှမ်းဖက်ရင်း မျက်လုံးတွေ မှိတ်ထားလိုက်သည်။
နောက်နေ့ မနက်တွင်တော့ ဆော့ဂျင်အိမ်ရှေ့တွင် ဆိုင်းဘုတ်လေးတစ်ခုချိတ်ရမည်ထင်သည်။
"အလွန်ဆိုးလှသော ယုန်ကလေး တစ်ကောင် ရောင်းရန်ရှိသည်" ဟူ၍။
(ဒီလိုပြောလို့ ဝယ်ဖို့ရာ စိတ်ကူးမယဥ်ကြပါနဲ့။ကိုယ့်ဘာသာတောင် ချစ်လို့မဝတာ ဘယ်သူ့မှမရောင်းပါဘူး )
𖧷. 𖧷. 𖧷
AN-အပိုင်းတိုသွားတယ်..တနဂ်နွေနေ့ညမှာပြန်တွေ့ကြမယ်နော်။နောက်ဆုံး စာကြောင်းက OCတဲ့အစ်မကြီးတွေကို မသိမသာလေးဖဲ့တာᕕ( ᐛ )ᕗ
Happy Jinkook Day parJinkook anni dayလေးမို့ အမှတ်တရလေးဖြစ်အောင် one shortလေးတစ်ပုဒ်ရေးပေးချင်တာ။မမှီတော့ဘူးရယ်။နောက်မှ Back dateနဲ့ ပြန်သွားကြတာပေါ့😉......
မနက်ကတည်းက ေပျာ်နေတဲ့စိတ်ကလေးက ညနေ၅နာရီလောက်က ပျောက်သွားတယ်😑
Thanks for your reading and votingRiona🌼
.....
Zawgyi______
ေခြၽးေတြ ႐ႊဲနစ္ေနတဲ့ ေဂ်ာင္ကု ခႏၶာကိုယ္ႀကီးကို မႏိုင္မနင္းသယ္ရင္း ေဆာ့ဂ်င္ ကားတံခါးကို ေျခေထာက္တစ္ဖက္တည္းနဲ႔ ပိတ္လိုက္သည္။ႂကြက္သားအျပည့္႐ွိေနေသာ ရင္အုပ္က်ယ္ႀကီးႏွင့္ ယွဥ္လိုက္လွ်င္ ေဆာ့ဂ်င္က လူေကာင္ေသးသေယာင္ ႐ွိသည္။ဒီေကာင္ေလးကို ဆိုဖာခုံေပၚေရာက္တဲ့အထိ တြဲလာရသည္မွာ မလြယ္ကူလွပါ။ညေနက ဆိုင္မွာစားသမွ် ျပန္အန္ထြက္ခ်င္စိတ္ပင္ ေပါက္သည္။
"ေလးလိုက္တဲ့ ခႏၶာကိုယ္ႀကီး။အားကစားေတြ ဘယ္ေလာက္လုပ္ထားတယ္ မသိဘူး"
ေျပာေျပာဆိုဆိုႏွင့္ပင္ ဆိုဖာေပၚ ဝုန္းကနဲ ပစ္ခ်လိုက္ေတာ့သည္။သူပါေရာၿပီး အားလြန္လဲက်သြားၿပီး ကျပာကယာ ထရပ္ေတာ့ ခါးေနရာက မ်က္ခနဲ။
"အမယ္ေလး...ငါ့ခါး....ကြၽတ္....ကြၽတ္"
ေဆာ့ဂ်င္ မ်က္ႏွာမွာ ႐ႈံ႕မဲ့သြားရကာ အတန္ၾကာသည္အထိ ခါးကို ဟိုဘက္ဒီဘက္လွည့္ၿပီး ေလ့က်င့္ခန္းလုပ္ရေသးသည္။
"ေခြၽးေတြလည္း ႐ႊဲေနတာပဲ။ေရပတ္တိုက္ေပးရင္ ေကာင္းမလား"
ေဆာ့ဂ်င္ တစ္ကိုယ္တည္း ပြစိပြစိ ေရ႐ြတ္ကာ ေရခ်ိဳးခန္းဘက္သြားဖို႔ ေျခလွမ္းျပင္လိုက္စဥ္...
"အစ္ကို မသြားပါနဲ႔ "
သူ႕လက္တစ္ဖက္ကို အမိအရလွမ္းဆြဲ႐ုံမွ်မက ခါးတစ္ခုလုံးကိုပါ က်စ္က်စ္ပါေအာင္ ဖက္ထားျခင္းခံလိုက္ရေတာ့သည္။ၿပီးေတာ့ ေခါင္းေလးပါ တိုးလာကာ သူ႕ဝမ္းဗိုက္ေနရာကို မ်က္ႏွာအပ္ထားသည္။
"အစ္ကို...သူမေသဘူး ထင္တယ္။မီးထဲမွာ "
အစီအစဥ္မက်ေသာ ဝါက်ေတြ ေဂ်ာင္ကုႏႈတ္ဖ်ားက ထြက္လာေလလွ်င္ ေဆာ့ဂ်င္ အလိုက္သင့္ျပန္ဖက္ကာ ေခါင္းေလးကိုပြတ္ေပးလိုက္သည္။ထိုအျပဳအမူကို ႏွစ္သက္သည့္အလား။ေကာင္ေလးက ၿငိမ္ၿပီး ခံယူသည္။
"အင္းပါ...မင္းဘာေတြ ၾကဳံခဲ့မွန္းမသိေပမယ့္ အခုမင္းေဘးမွာ ငါတစ္ေယာက္လုံး႐ွိတယ္။မေၾကာက္နဲ႔"
"အင္း "
အေၾကာင္းအရင္းကို ေမးဖို႔ရည္႐ြယ္ထားေသာ္လည္း ထိုေကာင္ေလး၏ စိတ္ဒဏ္ရာကိုအစကေန ျပန္မေဖာ္ခ်င္ေတာ့ပါ။ေလာေလာဆယ္ သူ႕ခါးေပၚမွာ မ်က္ႏွာအပ္ၿပီး ၿငိမ္ေနလိုက္တာမ်ား။တကယ့္ ၁၅ႏွစ္သားေလးလို။
တကယ္ေျပာတာ။ တစ္ခါတစ္ေလ ဒီေကာင္ေလးက တအားခြၽဲတတ္တာ။
"အစ္ကို ကိုယ္သင္းနံ႔ေလးက တကယ္ေကာင္းတယ္။ကြၽန္ေတာ္႕ေဘးမွာ အစ္ကို႐ွိေနရင္ အရမ္းကို စိတ္သက္သာရာရတယ္"
"ငါ့ကိုယ္မွာ ေခြၽးေတြနဲ႔ နံေစာ္ေနတာကို။ခုနက မင္းခႏၶာကိုယ္ႀကီးကို သယ္လာရတာ လြယ္တယ္ထင္လား"
"ဟင့္အင္း...ဒီအတိုင္းေလးပဲ ဖက္ထားခ်င္တယ္"
ေျပာကာမွ ပိုတိုးဖက္ၿပီး မ်က္လုံးေတြမွိတ္ထားသည့္ သေကာင့္သားေလးက အရာရာေက်နပ္ပီတိျဖစ္ေနသည့္ဟန္။
"ထေတာ့။မင္း အိမ္ကို ျပန္လိုက္ပို႔မယ္"
"မျပန္ခ်င္ဘူး။အခုည အစ္ကို႔အိမ္မွာပဲ အိပ္မယ္"
ေျပာၿပီး ဝမ္းဗိုက္ကို ႐ႊတ္ကနဲ တစ္ခ်က္နမ္းလိုက္ေတာ့ ေဆာ့ဂ်င္ တစ္ကိုယ္လုံး ၾကက္သီးေတြပင္ ထကာ လန္႔ဖ်ပ္သြားသည္။
စိတ္မထင္ရင္ မထင္သလို ကိုက္လိုက္၊နမ္းလိုက္နဲ႔ အမ်ိဳးမ်ိဳးကို လုပ္ေနေတာ့တာပဲ။ခါးတစ္ခုလုံးလည္း ဒီေကာင္ေလးရဲ႕ လက္ေမာင္းေတြၾကားထဲမွာ က်ိဳးေၾကလုမတတ္။
"မအိပ္ရဘူး....ျပန္ေတာ့။ငါ့အိမ္ထဲမွာ တစ္ေယာက္ေယာက္႐ွိေနရင္ မအိပ္တတ္ဘူး"
"ၿပီးေတာ့ ငါ့က ညဘက္ဆို ဆံပင္စုတ္ဖြားနဲ႔ ေယာင္ၿပီး လမ္းထ, ထ ေလွ်ာက္တတ္တယ္"
ခုနက ဗိုက္ကို နမ္းလိုက္ေသာ အနမ္းကိုျပန္သတိရကာ ေဆာ့ဂ်င္ အႀကီးအက်ယ္ၿခိမ္းေျခာက္ေလသည္။'ေဂ်ာင္ကု ငါ့အိမ္မွာ ညမအိပ္ေရး၊ငါ့အေရး'ဟု သေဘာပိုက္ကာ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ ႏွင္ရမလဲဆိုတာ အၾကံထုတ္ေနသည္။
ပါးရည္နပ္ရည္႐ွိေသာ ေဂ်ာင္ကုကလည္း ဒီေလာက္ကေတာ့ မျဖဳံပါ။တစ္ခ်က္ခိုးျပဳံး လိုက္ၿပီးလွ်င္ အျပစ္အကင္းစင္ဆုံး ယုန္သူငယ္ေလးအသြင္ဟန္ေဆာင္ကာ မ်က္လုံးဝိုင္းေတြနဲ႔ ျပန္အက်ပ္ကိုင္ေလသည္။
"ခုနကလို ထပ္ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ။အစ္ကိုက ပစ္ထားေတာ့မလို႔လား"
ထိုမ်က္လုံးဝိုင္းေတြနဲ႔ ဆြဲေဆာင္မႈ႐ွိေသာ အသံေလးက ေဆာ့ဂ်င္ အသည္းႏွလုံးအညႇာကို ထိသြားပုံရသည္။ခ်က္ခ်င္း သူ႕ေခါင္းေလးကို ပြတ္သပ္ေခ်ာ့ျမဴခ်င္တဲ့အထိ ေပ်ာ္ဝင္သြားခ်င္ေတာ့တာမ်ိဳး။
"ေနာ္...အစ္ကို ။ဒီတစ္ညပဲ အိပ္မွာပါ"
ေနာက္ဆုံးေတာ့ အေလွ်ာ့ေပးလက္ေျမႇာက္လိုက္ရသူက ေဆာ့ဂ်င္ပဲ ျဖစ္ကာ ဟန္ေဆာင္ေကာင္းတဲ့ ယုန္ဆိုးေလးကေတာ့ မ်က္ႏွာတစ္ဖက္လွည့္ကာ အႀကီးအက်ယ္ သေဘာေတြက်ေနေတာ့သည္။
𖧷. 𖧷. 𖧷
"အစ္ကို႔....လာပါဦး။အက်ီေတြကလည္း တစ္ထည္မွ မေတာ္ဘူး"
ေရခ်ိဳးၿပီးေတာ့ သူ႕အခန္းထဲ ဝင္သြားတဲ့ ေဂ်ာင္ကုက ခဏအၾကာမွာ အသံထြက္လာေလသည္။
ေဆာ့ဂ်င္ လွီးလက္စ အသီးအ႐ြက္ေတြကို ပစ္ခ်ခဲ့ကာ ေဂ်ာင္ကုထံ အေျပးအလႊားသြားေလသည္။
"ၾကယ္သီးတပ္မရလို႔ "
ေဆာ့ဂ်င္ရဲ႕ အက်ီအနက္ေရာင္႐ွပ္လက္႐ွည္ကို တံေတာင္ဆစ္အထိ ဆြဲတင္ထားၿပီး က်ယ္ျပန္႔လွေသာ ရင္အုပ္က်ယ္ကို မရမကဆြဲဖုံးကာ ၾကယ္သီးစေ႕ေတြကို တပ္ေနသည္။
"ဘယ္လိုလုပ္တပ္လို႔မရလဲ။မင္း ရင္ဘတ္က ဒီေလာက္က်ယ္ေနတာ။ၿငိမ္ၿငိမ္ေန ငါတပ္ေပးမယ္"
႐ုတ္တရက္ လာရပ္ၿပီး ၾကယ္သီးေစ့ေတြကို မရမကလာတပ္ေနေသာ လက္ေခ်ာင္းျဖဴျဖဴေလးမ်ားကိုၾကည့္ရင္း ေဂ်ာင္ကု အာေခါင္ေတြေျခာက္လာသည္။စိတ္႐ွိလက္႐ွိ ထင္တိုင္းႀကဲရလွ်င္ အစ္ကို႔ႏႈတ္ခမ္းေတြ ဖူးေယာင္သြားမွာ။မီးဖိုခန္းထဲ ဝင္ထားလို႔ထင္သည္။ႏႈတ္ခမ္းအေပၚဘက္မွာ ေခြၽးစေလးေတြ သီးေနသည္။
"အဟမ္း..ဟမ္း.."
ျဖစ္ခ်င္ေသာ ဆႏၵအားလုံးကို မ်ိဳသိပ္ကာ ေဂ်ာင္ကုလက္သီးေတြကို တင္းတင္းဆုပ္ထားလိုက္မိသည္။
ရိပ္မိပုံမရေသာ ေဆာ့ဂ်င္ကမူ အႏၲရာယ္ကို ႀကိဳမျမင္ေသာ သားေကာင္ေလးႏွယ္။ေဂ်ာင္ကုမ်က္ႏွာကို ၾကည့္ကာ ျပဳံးစိစိလုပ္ေနသည္။
"ဘာျဖစ္ေနတာလဲ မင္း႐ုပ္ႀကီးက"
"မရယ္ပါနဲ႔...ကြၽန္ေတာ္ စိတ္ထိန္းမရျဖစ္လိမ့္မယ္"
"ဟမ္..ဘာကိုလဲ"
ေဆာ့ဂ်င္ အူေၾကာင္ေၾကာင္နဲ႔ ျပန္ေမးလိုက္လွ်င္ ေဂ်ာင္ကုက တံေတြးတစ္ခ်က္မ်ိဳခ်ကာ အတင္းတြန္းလႊတ္ေတာ့သည္။
"သြား..သြားေတာ့။ကြၽန္ေတာ္႕ဘာသာ ၾကယ္သီးတပ္ေတာ့မယ္။ျမန္ျမန္သြား"
အခန္းအျပင္ေရာက္ေအာင္ မရမက တြန္းလႊတ္ၿပီး တံခါးကို အတင္းဆြဲပိတ္သည္။
ျမန္ျမန္ဆန္ဆန္ေျပာင္းလဲသြားေသာ ေဂ်ာင္ကုရဲ႕ အျပဳအမူေတြကို ေဆာ့ဂ်င္နားမလည္ေတာ့ပါ။
ခ်က္ခ်င္းႀကီး ဘာျဖစ္သြားပါလိမ့္ေပါ့ေနာ္။
𖧷 . 𖧷. 𖧷
"အား!!အစ္ကို႔ အိပ္ယာႀကီးက မိုက္လိုက္တာ"
သူ႕ခႏၶာကိုယ္ႀကီးနဲ႔ အိပ္ယာေပၚ အားယားေမွာက္လွဲခ် လိုက္တာမ်ား ဝုန္းခနဲ။ၿပီးေတာ့ ေခါင္းအုံးေတြ ဖက္လုံးေတြၾကားထဲ အတင္းဝင္တိုးကာ ေရကူးသလို ယက္ကန္,ယက္ကန္လုပ္ေနလိုက္ေသးသည္။သူမ်ား အိပ္ယာထဲ ေႏွာင့္ယွက္ရတာေကာင္ေလးက ေတာ္ေတာ္ေလးအူျမဴးေနပုံရသည္။
"ေဟ့ေကာင္..ငါ့အိပ္ယာေတြ တြန္႔ေၾကကုန္ၿပီ"
ဂြၽန္ေဂ်ာင္ကု ဒဏ္ကို အလူးအလဲ ခံေနရေသာ အိပ္ယာဘဝကေတာ့ လြန္စြာမွ သနားစရာေကာင္းေတာ့သည္။ပိုင္႐ွင္ျဖစ္သူ ကင္ေဆာ့ဂ်င္မွာ ခါးေထာက္ၿပီး ၾကည့္ေန႐ုံမွတစ္ပါး။
စ ေတြ႕ခါစက ဂ်စ္ကန္ကန္ ေကာင္ဆိုးေလးက ဂြၽန္ေဂ်ာင္ကုမွ ဟုတ္ရဲ႕လားလို႔ သံသယဝင္မိသည္အထိ။
"ဘုန္း "
ေျပာစကား နားမေထာင္သည့္ ေကာင္ေလးရဲ႕ တင္ပါးကို ခပ္ဆတ္ဆတ္ေလးတစ္ခ်က္႐ိုက္လိုက္ေတာ့မွ ခ်က္ခ်င္းထ ထိုင္သည္။ၿပီးေတာ့ ႐ႈံ႕မဲ့ေနကာ မခ်ိမဆန္႔နာသြားသည့္ပုံစံက အေရးေပၚကားပဲ ေခၚေပးရေတာ့မလိုလို။
"အ့...နာတယ္ အစ္ကိုရ "
"မင္းမွ စကားနားမေထာင္တာ"
"ဒီလက္ေသးေသးေလးက ေတာ္ေတာ္ေလး စြာေနပါလား"
ထို႔ေနာက္ ဝုန္းကနဲ ထရပ္ကာ ေဆာ့ဂ်င္ ေနာက္ေက်ာကို သိုင္းဖက္ၿပီး လက္ေတြကိုအတင္းခ်ဳပ္ထားေတာ့သည္။အားကုန္႐ုန္းေပမယ့္ ဗလခ်င္းယွဥ္လွ်င္ ဂြၽန္ေဂ်ာင္ကုက ပိုသာပါသည္။
႐ုန္းရင္းဆန္ခတ္ အေနအထားမွာ ကုတင္ေဘးက စားပြဲကိုႏွစ္ေယာက္ေလး ဝင္တိုက္လိုက္တာေၾကာင့္ အေတာ္ေလး အီဆိမ့္သြားသည္။
"လႊတ္စမ္း...လႊတ္..."
"မလႊတ္ဘူး....အဲ့လက္ကေလးကို ကိုက္ရမွ ေက်နပ္မယ္"
"ကိုက္ရေအာင္ မင္းက ေခြးေပါက္လား"
"ဟုတ္တယ္... အစ္ကို႔လက္ေလးကို ျမင္ရင္ အေသအသည္းယားတာ"
တျဖည္းျဖည္း ေဆာ့ဂ်င္လက္တစ္ဖက္ကို ေဂ်ာင္ကုအမိအရ ဆြဲကာ အစာငမ္းေနသည့္ ယုန္ဆိုးေလးလို အတင္းကိုက္ဖို႔ျပင္သည္။
"ကိုက္ရရင္ လႊတ္ေပးမွာလား"
ေဆာ့ဂ်င္လည္း ေတာ္ေတာ္ေမာေနၿပီ ျဖစ္သည္။မ႐ုန္းႏိုင္ေတာ့တဲ့အဆုံး သူ႕လက္ေလးတစ္ဖက္ကို ထိုးေကြၽးဖို႔ပဲ႐ွိေတာ့သည္။
"အင္း...လႊတ္ေပးမယ္"
"အဲ့ဒါဆို...ေရာ့....ကိုက္"
ေဂ်ာင္ကု မ်က္လုံးေ႐ွ႕ေရာက္လာသည္က ျဖဴျဖဴလက္သီးဆုပ္ေလး။အျပစ္အနာအဆာမ႐ွိသည့္ ထိုလက္ေခ်ာင္းေလးေတြကို အဘယ္မွာ ကိုက္ရက္မည္နည္း။
"ႁပြတ္..."
တကယ္တမ္း ထိုလက္ကေလးေတြအေပၚ ေရာက္လာတာက သြားခြၽန္ခြၽန္ေတြအစား ႏႈတ္ခမ္းသား စိုအိအိေတြပဲ ျဖစ္သည္။နမ္းၿပီးမွ တစ္ခ်က္ဖြဖြေလး ကိုက္သည္။
ေနာက္ကေန သိုင္းဖက္ထားသည့္ ထိုပုံစံျဖင့္ပင္ ေဂ်ာင္ကုက အိပ္ယာေပၚႏွစ္ေယာက္စလုံး ပစ္လွဲခ်သည္။အခုေလာေလာဆယ္ သူ႕ခႏၶာကိုယ္က ေဂ်ာင္ကုရင္ခြင္ထဲမွာ ေထြးကနဲ။
"ဒီအတိုင္းေလး အိပ္ရေအာင္"
ဖက္ထား႐ုံမွ်မက ပါးခ်င္းကပ္လာကာ သူ႕ခႏၶာကိုယ္ အားႀကီးနဲ႔ အတင္းခ်ဳပ္ထားသည္။ေဆာ့ဂ်င္ပါးႏွစ္ဖက္ကို ဖ်စ္ညႇစ္ကာ အစ္ထြက္လာေသာ ပါးမို႔ႏွစ္ဖက္ကို အားရပါးရ စိတ္႐ွိလက္႐ွိ နမ္းေနေတာ့သည္။
"အား....ငါ့ကို မင္းည,ည ဖက္အိပ္တဲ့ ဝက္ဝံ႐ုပ္ႀကီးမ်ား မွတ္ေနသလား"
သူ႕ပါးႏွစ္ဖက္လုံး နီရဲပူထူေနၿပီျဖစ္သည္။ရင္ခြင္က်ယ္ႀကီးထဲမွာ မလႈပ္မယွက္ပုံစံေလးနဲ႔ ၿငိမ္ေနရတာက အားျပင္းေသာ စပါးႀကီးေႁမြရစ္ပတ္ထားခံရသလိုပင္။
"ေတာ္ၿပီ...မနမ္းေတာ့ဘူးေနာ္။အိပ္ၾကမယ္"
ေဂ်ာင္ကုနည္းနည္း ေလွ်ာ့ေပးလိုက္သည္ႏွင့္ ေဆာ့ဂ်င္ကလည္း အခြင့္အေရးကိုေကာင္းေကာင္းအသုံးခ်သည္။ကုတင္ေပၚက အတင္းဆင္းေျပးဖို႔ ျပင္ေတာ့သည္။
ဒါမ်ိဳးဆို ဂြၽန္ေဂ်ာင္ကု တို႔ကလည္း လ်င္ပါ့။
ခ်က္ခ်င္း ခါးကိုဆြဲဖက္ၿပီး သူနဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ လွဲခ်ပစ္ကာ ေဆာ့ဂ်င္ ရင္ခြင္ထဲအတင္းတိုးဝင္လာသည္။
"အစ္ကိုသိလား ။ဒီလိုမ်ိဳး တစ္ေယာက္ေယာက္ရဲ႕ ရင္ခြင္ထဲမွာ မအိပ္ရတာၾကာေနၿပီ။ေမေမ ဆုံးၿပီးကတည္းကေပါ့။ကြၽန္ေတာ္႕ကို တစ္ခါေလးပဲ ဖက္ေပးပါ။ၿငိမ္ၿငိမ္ေလး အိပ္ပါ့မယ္...ေနာ္...အစ္ကို"
ေဂ်ာင္ကု အသက္႐ႈေငြ႕ေႏြးေႏြးက သူ႕ရင္ဘတ္ကိုလာ ထိခတ္ေနသည္။ေခါင္းေလးကိုဖြဖြပုတ္ေပးလိုက္ေတာ့ သူ႕ရင္ခြင္ပိုတိုးကာ ေကြးေကြးေလး ၿငိမ္ေန႐ွာသည္။အေတာ္ကဲလွေသာ ယုန္ဆိုးေလးသည္ ေမာသြားသည္ထင္။မ်က္လုံးေတြ မွိတ္ကာ ခဏအၾကာ အသက္႐ႈသံစည္းခ်က္မွန္မွန္ျဖင့္ အိပ္ေမာက်သြားေတာ့သည္။
"ဟူး..."
ထိုအခါမွပဲ ေဆာ့ဂ်င္မွာ သက္ျပင္းခ်ႏိုင္ေတာ့သည္။အိပ္ေမာက်သြားေသာ ထိုေကာင္ေလး၏ ေက်ာျပင္က်ယ္ကို မမွီမကန္းနဲ႔ လွမ္းဖက္ရင္း မ်က္လုံးေတြ မွိတ္ထားလိုက္သည္။
ေနာက္ေန႔ မနက္တြင္ေတာ့ ေဆာ့ဂ်င္အိမ္ေ႐ွ႕တြင္ ဆိုင္းဘုတ္ေလးတစ္ခုခ်ိတ္ရမည္ထင္သည္။
"အလြန္ဆိုးလွေသာ ယုန္ကေလး တစ္ေကာင္ ေရာင္းရန္႐ွိသည္" ဟူ၍။
(ဒီလိုေျပာလို႔ ဝယ္ဖို႔ရာ စိတ္ကူးမယဥ္ၾကပါနဲ႔။ကိုယ့္ဘာသာေတာင္ ခ်စ္လို႔မဝတာ ဘယ္သူ႕မွမေရာင္းပါဘူး )
𖧷 . 𖧷. 𖧷
AN-အပိုင္းတိုသြားတယ္..တနဂ္ေႏြေန႔ညမွာျပန္ေတြ႕ၾကမယ္။ေနာက္ဆုံး စာေၾကာင္းက OCတဲ့အစ္မႀကီးေတြကို မသိမသာေလးဖဲ့တာᕕ( ᐛ )ᕗ
Happy Jinkook Day parJinkook anni dayေလးမို႔ အမွတ္တရေလးျဖစ္ေအာင္ one shortေလးတစ္ပုဒ္ေရးေပးခ်င္တာ။မမွီေတာ့ဘူးရယ္။ေနာက္မွ Back dateနဲ႔ ျပန္သြားၾကတာေပါ့😉
မနက္ကတည္းက ေပ်ာ္ေနတဲ့စိတ္ကေလးက ညေန၅နာရီေလာက္က ေပ်ာက္သြားတယ္😑
Thanks for your reading and votingRiona🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



