Fanfics

~ 10 ~

16:50, 17 July 2021

Unicode_______

"Morning ပါ အစ်ကို "

ဖုန်းဖွင့်တာနဲ့ noti သံနှင့်အတူ ရောက်လာတဲ့ ဂျောင်ကုရဲ့ စာတိုလေး။

အိပ်ယာထကာစမို့ ဆော့ဂျင်မျက်ခံွလေးတွေ မို့အစ်နေသည်။လက်ခုံနဲ့ မျက်လုံးတွေကို ခတ်ဖွဖွပွတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် သူဖတ်မိသွားပြန်သည်။

"အစ်ကို အိပ်ပုတ်လေး အိပ်ယာထပြီ မဟုတ်လား"

နောက်ထပ်ရောက်လာသော စာတိုလေးကို ဖတ်ကြည့်ပြီး သူ့ရင်ထဲ ရှိန်းကနဲ လှိုက်ဖိုသွားရသည်။သိတတ်စအရွယ်ကစပြီး ယုယုယယ အိပ်ယာအနှိုးခံရဖူးတာဆိုလို့ ဒီတစ်မနက်က ပထမဆုံးဖြစ်မည်ထင်သည်။

အချစ်ဆုံးသူငယ်ချင်းကြီး မင်ယွန်းဂီလည်း သူ့ကို ဖုန်းတစ်လုံးနဲ့ လှမ်း,လှမ်း နိုးတတ်ပါသည်။အခုလို နူးနူးညံ့ညံ တော့မဟုတ်။

​ကိုရီးယားကနေ အမေဇုန်သစ်တောထဲအထိ ကြားနိုင်လောက်သော အသံကြီးနှင့်ဖြစ်သည်။ကာလနဂါးမင်း ယွန်းဂီက အခါတိုင်းတော့နှိုးသည်မဟုတ်ပါ။ဆော့ဂျင်ခရီးသွားစရာရှိသည့်အခါမျိုးတွင် တာဝန်အရ နံနက်စောစောလှမ်းနှိုးပေးတာမျိုးဖြစ်သည်။ထိုနေ့မျိုးတွင် ဆော့ဂျင်ခမျာ အဆမတန်လန့်နိုးသွားသော နိုးထခြင်းမျိုးဖြင့် ထရလေသည်။

"ဘာလို့ replyမပြန်တာလဲ!""နံနက်စာ စားဖြစ်အောင်စားနော်""ဒဏ်ရာကိုလည်း ဆေးထည့်ဖို့ မမေ့နဲ့ဦး"

Notification သံတတီတီနဲ့ နောက်ထပ်ရောက်လာသော စာလေးတွေကြောင့် ဆော့ဂျင် ပြုံးယောင်သမ်းသွားသည်။

ဒီလိုကျတော့လည်း ကိုယ့်ကောင်လေးက ဂရုစိုက်တတ်သား။

"ထပြီ "

အတိုဆုံးရေးပြီး reply ပြန်ပြီးသည့်နောက် ဆော့ဂျင် ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။အိပ်ယာခင်းကို သေချာညီညာအောင်ခေါက်ရင်း RJ ရုပ်လေးကိုပါ သပ်သပ်ရပ်ရပ်ထားလိုက်သည်။အဖြူဆွတ်ဆွတ် RJ ရုပ်လေးသည် သူ ညတိုင်းဖက်အိပ်နေကျ အဖော်လေးဖြစ်သည်။

သန့်စင်ခန်းဝင်ကာ ရေမိုးချိုး၊နံနက်စာစားကာ ကျက်စပြုနေပြီဖြစ်သော ဒဏ်ရာကို ဆေးထည့်ပြီးသည့်နောက်တွင်တော့ ဆော့ဂျင်၏ တစ်မနက်စာသည် ကုန်ဆုံးသွားသည်။

ထို့နောက် သူ၏ ကားအဖြူလေးသည် ကားလမ်းမပေါ်သို့ တရိပ်ရိပ်ပြေးတက်သွားသည်။

ဆိုင်ရောက်ခါနီးမှ ဖုန်းမြည်သံကြောင့် ဆော့ဂျင် ကောက်ကိုင်လိုက်သည်။

"ဟယ်လို အစ်ကို "

"ပြော "

"ဒီနေ့ ကျွန်တော်မလာနိုင်ဘူး။ဂေဟာမှာ စာသင်ပေးရမယ့်အလှည့်"

"အင်း "

"အစ်ကို့ဆိုင်က ဝန်ထမ်းနေရာလွတ်နေတယ်မလား။ကျွန်တော်အသိ ကောင်လေးတစ်ယောက်လွှတ်ထားတယ်။အစ်ကို တစ်ယောက်တည်းဆို မနိုင်မှာစိုးလို့"

တကယ်တော့ အလုပ်ခေါ်ဖို့ကို မအားတာရော၊အမှုမဲ့အမှတ်မဲ့ကြောင့်ရော ဆော့ဂျင် မေ့နေခဲ့တာ။ကောင်လေးက သတိတရရှိသားပဲ။

"ညနေမှ တွေ့ကြမယ်နော်....လွမ်းနေတာ"

"ကျွန်တော့်ကို ချစ်တယ်မလား"

ဂျောင်ကု ဒီလိုမေးတိုင်း သူ့ဘယ်ဘက်ရင်အုံထောင့်စွန်းလေးက ပရမ်းပတာလှုပ်ခါသွားတတ်သည်။အချစ်နှင့်ပတ်သက်လာရင် ဆော့ဂျင်က ထိန်းချုပ်နိုင်စွမ်းကြီးသည်။ဂျောင်ကုလို လူရှေ့သူရှေ့မရှောင် သဲသဲလှုပ်ဖို့ဝေးစွ။နှစ်ယောက်တည်း စကားပြောနေချိန်မှာတောင် ခပ်မာမာပဲပြောတတ်သည်။

"ဒါဆို ဖုန်းချလိုက်တော့မယ်"

"ဟာ..နေ...နေဦးလေ...ကျွန်တော်မေးတာမှ မဖြေသေးပဲနဲ့"

"သိပြီးသားကို ဘာလို့ခဏခဏထပ်မေးနေတာလဲ"

"အစ်ကိုဖြေမှ ဖုန်းချမှာနော်။မဟုတ်ရင် တစ်နေ့လုံး ခဏခဏဖုန်းခေါ်နေမှာ"

မယုံမရှိနဲ့။ဒီကောင်လေးက တကယ်ပြောတဲ့အတိုင်း လုပ်တတ်တာ။

"အရစ်ကလည်း ရှည်လိုက်တာ...ချစ်တယ်ကွာ"

သူ ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေတော့ တစ်ဖက်က ရယ်သံသဲ့သဲ့ကြားရသည်။ထို့နောက် ဖုန်းချသွားသည်။

"ဒီအရူးကောင်လေးကတော့..."

ဆော့ဂျင် ကြိမ်းမောင်းလိုက်ပေမဲ့ နှုတ်ခမ်းထောင့်စွန်းတွေကတော့ ကွေးတက်နေခဲ့သည်။

အချစ်ဖြင့် နိုးထလာရသော မနက်ခင်းသည် ခါတိုင်းနေ့ရက်များနှင့်မတူ ၊တစ်မူ ထူးခြားနေလေသည်။

𖧷.𖧷.𖧷

"မဂ်လာပါ ကျွန်တော့်နာမည်က ဂျိုဆောင်းမင်းပါ။အစ်ကို ဂျောင်ကု လွှတ်လိုက်တာပါ"

ဆိုင်ရှေ့က ခုံတန်းလေးပေါ်မှာ ထိုင်နေတဲ့ကောင်လေးက သူ့ကိုမြင်မြင်ချင်း လာနှုတ်ဆက်သည်။ဆံပင်အကြေကောက်ကောက်ထားသော ထိုကလေးက သူ့ထက်အတော်လေးငယ်ပုံရသည်။

"ကျွန်တော်အရင်က cake bakery ဆိုင်တစ်ဆိုင်မှာ တစ်နှစ်လောက်ဝင်လောက်ဖူးပါတယ်"

"Ok...ပိုအဆင်ပြေတာပေါ့။ကိုယ့်ဆိုင်က ညနေ၄ နာရီဆိုင်ပိတ်တယ်။လုပ်အားခက တစ်ပတ်ကိုတစ်ခါရှင်းပေးတယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

ထို့နောက် ထိုကောင်လေးသည် ဆိုင်တံဆိပ်ပါသော uniformကို လှဲလှယ်ဝတ်ဆင်ပြီးနောက် သွက်လက်စွာပင် အလုပ်စတော့သည်။

"အဟမျး..ဟမျး..."

ချောင်းဟန့်သံကြောင့် ဆော့ဂျင်လှည့်ကြည့်တော့ ပြုံးစစမျက်နှာပေးနှင့် ယွန်းဂီ။ဂျီမင်းပခုံးကိုဖက်ကာ ကမ္ဘာပေါ်မှာ သူ့လောက်ကံကောင်းတဲ့သူ မရှိဟူသော ဒီဇိုင်းနဲ့။

ဟိုနေ့က အသည်းကွဲနေတဲ့ မျက်နှာနဲ့များတခြားစီ။

"တီတီတာတာ ကဲကဲသဲသဲ အချစ်ငှက်နှစ်ကောင်မှာ တစ်ကောင်က ပျံသွားတော့ ကျန်ခဲ့တဲ့ အချစ်ငှက်ကလေးခမျာမှာ တစ်ကောင်တည်း အဖော်မဲ့....."

"ဒီကောင်.......မင်း ပါးစပ်ပိတ်ထား "

'မြင်မြင်ချင်း ဆောက်နဲ့ထွင်း' ဆိုသလိုပဲ။မင်ယွန်းဂီတို့များ ဘယ်အချိန်ကတည်းက ဖဲ့ဖို့အကွက်ချောင်းနေတယ်မသိ။ဒီနေ့ ဂျောင်ကုဆိုင်ကိုမလာတာက ဆော့ဂျင်အတွက် ကံဆိုးခြင်းလား၊ယွန်းဂီအတွက် ကံကောင်းခြင်းလားမပြောတတ်တော့။အရင်ရက်ကတည်းက ငြိုးထားသော ယွန်းဂီကတော့ ဒီနေ့အားရပါးရ ကလဲ့စားချေမည်ဟု တွေးထားပုံရသည်။

"မင်းကို ပြောတာမဟုတ်ပါဘူး...ငါ့ဘာသာ Babyလေးကို ပုံပြင်ပြောပြနေတာ"

"ဟိုရက်တုန်းကလေ Baby ေလးမသိလို့သာ...ဒီကောင့်ဆိုင်ရှေ့မှာကွာ...ငှက်ကလေးနှစ်ကောင် တစ်နေ့တစ်နေ့ ကလူကျီစယ်နေတာများ မမြင်ချင်အဆုံး။ဒီနေ့ကျတော့ တစ်ကောင်တည်းအဖော်မဲ့ပြီး မပြုံးနိုင်မရယ်နိုင်နဲ့..."

" ဒီ........"

ဆော့ဂျင်ပါးစပ်က အဆဲစကားလုံးများတန်းစီ ထွက်သွားသည့်အခါ ယွန်းဂီတစ်ယောက်နေသာ ထိုင်သာရှိသွားပုံရသည်။တခွီခွီနှင့် ကြိတ်ရယ်တော့သည်။သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်း အတွင်းသိအဆင်းသိ သိထားသော ဂျီမင်းတစ်ယောက် ရှေ့ကချထားသော မုန့်ကိုမစားနိုင်။မျက်လုံးပေါက်လေးတွေ ပိတ်သည်အထိ ရယ်လေတော့သည်။

ဆော့ဂျင်မျက်နှာကတော့ ဆိုဖွယ်ရာမရှိတော့။အမှည့်လွန်သော ခရမ်းချဥ်သီးတစ်လုံးလို ရဲတွတ်နေသည်။

"အခုလောက်ဆို တွေးနေပြီ သိလား...ကိုကိုဂျောင်ကုရယ် မြန်မြန်လာပါတော့လို့"

"Yahh!!! မင်ယွန်းဂီ"

ဆော့ဂျင် သည်းမခံနိုင်တော့တဲ့အဆုံး ထိုင်နေရာမှ ရုတ်တရက် ထလာပြီးလျှင် ယွန်းဂီခေါင်းပေါ်သို့ သုံးလေးချက်ဆင့်ပြီး ထုလေတော့သည်။

"အား....သေပါပြီ...တွေ့လား အမှန်အတိုင်း ပြောတော့မခံနိုင်ဘူး"

"တော်ပြီ Gigi ရာ...အစ်ကိုဂျင့် မျက်နှာတွေရဲနေပြီ။မ စ နဲ့တော့"

ဂျီမင်းဟန့်လိုက်မှ ယွန်းဂီ တစ်ယောက်ခေါင်းကိုပွတ်ကာ မျက်နှာပိုး သတ်တော့သည်။

"​ေ-ွးကောင်....ငါ့ဆိုင်လာရင် ေအးဆေးမလာဘူး။တောင်ပြော မြောက်ပြောနဲ့"

"စ တာပါကွာ...မင်းကလည်း စိတ်မဆိုးပါနဲ့"

"Gigi ကသာ အဲ့လောက် စ နေတာနော်။အစ်ကိုဂျင်က သူ့ကောင်လေးနဲ့ရော တီတီတာတာ ပြောတတ်ရဲ့လား။ဒီလောက် ဘုဘောက်ပြောနေတာကို"

"မထင်နဲ့နော်..ဟိုက 'အစ်ကို့' ဆိုပြီး မျက်လုံးဝိုင်းတွေနဲ့တစ်ချက်ချွဲလိုက်ရင် ပျော့ခွေသွားရော"

တကယ်က ဆော့ဂျင်ရှက်တတ်မှန်းသိလို့ 'စ' ကောင်းကောင်းနဲ့ စ နေခြင်းဖြစ်သည်။အရင်ရက်က ဂျွန်ဂျောင်ကုကောင်းမှုကြောင့် မုန့်တွေနင်၊အချိုရည်တွေသီးရတာကို ယွန်းဂီမမေ့ပါ။

"မင်းကပဲ ပြောရတယ်ရှိသေး...ဂျီမင်းထားခဲ့တုန်းက နှပ်ရည်တရွှဲရွှဲနဲ့ ဆိုင်မှာလာလာငိုနေတာ ဘယ်သူပါလိမ့်"

ဆော့ဂျင်က အနိုင်ပိုင်းလိုက်သည့် လေသံနှင်​့ မျက်နှာကိုမော်ကြွားနေသည်။

"ဟင်!!တကယ်....အစ်ကိုဂျင် ပြောပါဦး...သူ..လာငိုနေတယ် ဟုတ်လား"

"ဟုတ်တာပေါ့...ငိုတာမှနေ့တိုင်း...ပြောလိုက်ငိုလိုက်နဲ့"

"ဟေ့ကောင်....ဒါတော့နည်းနည်းများသွားပြီ။ငါ အဲ့လောက်တော့မခံစားရဘူး.

ယွန်းဂီ မျက်နှာပြောင်ခဲ့သမျှ တစ်ချက်တည်းနဲ့ အပိုးကျိုးသွားကာ ဂျီမင်း မျက်နှာရိပ်မျက်နှာကဲကိုလိုက်ကြည့်နေရှာသည်။

"သိပါတယ်...သိပ်မခံစားခဲ့ရဘူးမလား။Gigi က ကျွန်တော့်ကို အလေးအနက်ထားတာမှမဟုတ်တာ..."

"ဟာ...ဟေ့....မဟုတ်ဘူးလေ "

နောက်ဆုံးတော့ ဂျီမင်းတစ်ယောက် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ဆိုင်ပြင်ထွက်သွားလေသည်။ယွန်းဂီခမျာမှာလည်း နှစ်ခါပင် စဥ်းစားမနေတော့။ချော့ဖို့ရန်အတွက် ကောက်ကောက်ပါအောင် လိုက်သွားလေတော့သည်။

"မင်းတွေ့မယ်...မင်း..."

ဆိုင်အပြင်ဘက်က ယွန်းဂီက လက်သီးဆုပ်ပြလေလျှင် ဆော့ဂျင်က အပြုံးလေးနှင့် လက်နှစ်ချောင်းထောင်ပြသည်။

ဘာပဲပြောပြော သူ့ဆိုင်လေးက ယွန်းဂီတို့စုံတွဲလေးကြောင့် ပြန်ပြီးအသက်ဝင်လာရသည်ကိုတော့ မငြင်းလိုပါ။

နောက်နေ့မနက်ရောက်လျှင်တော့ လွန်စွာမှ သင့်မြတ်လှသော ချစ်သူနှစ်ဦးသည် ထောင့်စွန်းဝိုင်းမှာအတူထိုင်ကာ ချစ်ကြည်ရေး ပြန်ဖွဲ့မှာကို မြင်ယောင်မိသည်။

စိတ်ဆိုးလို့ ကောက်တာမှာမဟုတ်တာ။အချစ်စမ်းရင်း စိတ်ကောက်တာ။

𖧷.𖧷.𖧷

ေဂဟာဝန်းထဲ သူ့ကားလေး ထိုးရပ်လိုက်ချိန်မှာ စကားပြောသံ၊ရယ်မောသံသဲ့သဲ့မှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဆော့ဂျင်မျက်လုံးကစားကြည့်လိုက်တော့ ေဂျာင်ကု၏ ဆိုင်ကယ်ကို ခြံထောင့်တစ်နေရာမှာတွေ့ရသည်။

ဆော့ဂျင် ဂေဟာထဲမဝင်သေးဘဲ အနောက်ဘက်မြေသားလမ်းလေးဆီကိုပဲ ဦးတည်လျှောက်သွားလိုက်သည်။ထိုင်စရာ ခုံတန်းလေးတွေကို ဆေးအပြာရောင်သုတ်ထားကာ အစိမ်းရောင်သစ်ပင်ကြားမှာ ကဗျာဆန်စွာလှပနေသည်။

ဟိုတစ်ခေါက်လာတုန်းက ဂျောင်ကုနှင့် ဒီထိုင်ခုံလေးမှာ အတူထိုင်ဖူးပါသည်။သူ လက်သီးနဲ့ထိုးလိုက်လို့ အညိုအမဲစွဲနေတဲ့ မျက်နှာလေးနှင့် ထိုကောင်လေးက ဒီနေရာမှာ ခပ်ကုပ်ကုပ်လေး ထိုင်နေခဲ့တာ။ပြန်တွေးကြည့်တိုင်း သူ့ရင်ထဲ မကောင်းပါ။အဲ့ဒီတုန်းက သူ့ဘက်က နည်းနည်းတော့ လွန်ခဲ့တာ ဝန်ခံပါသည်။အခု တစ်ခေါက်ပြန်တွေ့ရတာကတော့ အရင်အ​ခြေအနေလိုမဟုတ်။ချစ်သူတွေအဖြစ်နဲ့။

မိုးရွာထားတာ မကြာသေးတာကြောင့် ​မြေသင်းနံ့ခပ်သင်းသင်းလေးရနေသည်။ဆော့ဂျင် မြေသင်းနံ့ကို အရမ်းနှစ်သက်သည်။မျက်လုံးတွေမှိတ်ထားပြီး တစ်ဝကြီးအသက်ရှုသွင်းလိုက်၏။

"ဟင်!! အစ်ကို လိုက်လာတယ်"

ကလေးတွေရှေ့မို့ထင်။အရင်လို ဆံပင်စုတ်ဖွားဖွားလေးနှင့်မဟုတ်။ဆံပင်သပ်သပ်ရပ်ရပ်ဖြီးထားသည့် ဂျောင်ကုက လူကြီးပေါက်စလေးနှင့်တူသည်။

ထင်ရှားနေသော မေးရိုးများ၊ကြွက်သားအဖုအထစ်တွေသာ မရှိရင် ဂျောင်ကုက တကယ့်ကလေးလေးဖြစ်သည်။

"အင်း...."

"အား!!လွမ်းလိုက်တာ အစ်ကိုရာ"

မပြောမဆိုနဲ့ သူ့ရင်ခွင်ထဲ အတင်းဝင်တိုးကာ ခါးသိမ်သိမ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားသည်။

"ဘယ်လိုဖြစ်နေတာလဲ..ကလေးတွေမြင်ကုန်ဦးမယ်"

"ဒီဘက်ကို ဘယ်သူ မှ မလာပါဘူး..စိတ်မပူနဲ့ "

ပြောရင်း ပိုတိုးဖက်ကာ ဆော့ဂျင် ရင်ဘတ်တွေကိုအတင်းနမ်းတော့သည်။

"မွှေးနေတာပဲ...အစ်ကို့ကိုယ်နံ့လေးကို တကယ်ကြိုက်တယ်"

"ကလေးလည်း မဟုတ်ဘဲနဲ့"

ဆော့ဂျင် ခပ်တိုးတိုးလေးပြောလိုက်ရင်း သူ့ရင်ဘတ်ထဲ တိုးဝင်နေတဲ့ ကောင်လေးရဲ့ခေါင်းကို လက်လေးနဲ့ဖွဖွလေးပွတ်ပေးနေမိသည်။

"မင်း အဲ့လိုချွဲမှုတွေကြောင့် ဒီနေ့ ငါ့ကို ယွန်းဂီဘယ်လောက်တောင် စ တယ်မှတ်လဲ"

"ဟုတ်လား ဘယ်လိုတွေ စ လဲ"

ဂျောင်ကုက လွှတ်မပေးသေးပါ။ခါးကိုဖက်ထားရင်းနဲ့မှ ဖြေသည်။နဖူးပေါ်တစ်ချက်ထုလာသော ဆော့ဂျင်လက်သီးဆုပ်လေးကို ဖမ်းဆွဲလိုက်ပြီး နှုတ်ခမ်းလေးနဲ့ပြွတ်ကနဲ မြည်အောင် နမ်းသည်။

"ပြောလေ..ဆိုးလေ"

"အစ်ကို့လက်သီးဆုပ်လေးက အသည်းယားစရာလေးကို "

"အထိုးခံရတာ မမှတ်သေးဘူးထင်တယ်"

ဆော့ဂျင် ရယ်စရာပြောပေမယ့် ဂျောင်ကုက လိုက်မရယ်ပါ။ထိုလက်သီးဆုပ်လေးကို အနည်းငယ် ကိုက်ချလိုက်သည်။

"အား...နာတယ်လေ.."

"ကြည့်ပါဦး... တကယ်သေးသေးလေး...ကလေးလေး လက်လေးလိုပဲ။တစ်ချိန်လုံးသာ ကိုက်နေချင်တော့တယ်"

ဂျောင်ကု အသည်းယားမယ်ဆိုလည်း ယားစရာပင်။ဖြူနုနေသော ဆော့ဂျင်လက်ချောင်းကောက်ကောက်လေးတွေက ဆုပ်လိုက်သောအခါ လက်သီးဆုပ်သေးသေးလေးဖြစ်သည်။

ကြည့်ရင်းနဲ့ မချင့်မရဲ ဖြစ်လာသော ဂျောင်ကုမှာ နောက်ထပ်တစ်ချက်ထပ်ကိုက်လိုက်လေသည်။

ဆော့ဂျင် လက်ခုံလေးမှာ သွားရာအကွင်းလိုက်။

"ခွေးကောင်လေး...နာတယ်ဟ။ကိုက်ပဲ ကိုက်နေတယ်"

သူတို့ကိုယ်ပေါ် မိုးဖွဲလေးတွေ ကျလာသောအခါမှာတော့ နှစ်ယောက်လုံး ထရပ်လိုက်သည်။အနောင်ဘက်ကောင်းကင်မှာ မဲညစ်နေသော တိမ်စိုင်တိမ်လိပ်ကြီးများ တရိပ်ရိပ်တက်လာပုံက အဆမတန်ရွာချတော့မည့်ပုံပင်။

"မိုးကြီးမယ်ထင်မယ်..ပြန်ကြရအောင် အစ်ကို"

"မင်းမှာ မိုးကာအကျီ ပါလား"

"မပါဘူး ။မေ့ခဲ့တယ်"

"အဲ့တာဆို ဆိုင်ကယ်ထားခဲ့။ငါ့ကားနဲ့လိုက်ခဲ့။အအေးမိမှာစိုးလို့"

"ရော့..ကားသော့ မင်းမောင်းမလား"

ဆော့ဂျင် ကားသော့ကို ဂျောင်ကုလက်ထဲထိုးပေးလိုက်ပေမယ့် တော်တော်နဲ့မယူပါ။တစ်ခုခုကို တွန့်ဆုတ်နေသည်။

"ဘာလို့လဲ...မမောင်းချင်လို့လား"

"မ...မဟုတ်ဘူး အစ်ကို "

"ရော့...ယူလေ "

ဂျောင်ကု အားတင်းကာ ကားသော့ကိုလှမ်းယူလိုက်သည်။ကားစတီယာရင်ကို လှမ်းထိလိုက်တော့ သူ့လက်တွေ ဓာတ်လိုက်သလိုကျဥ်ခနဲ။မျက်လုံးကို စုံမှိတ်ကာ အသက်ဝဝရှုသွင်းလိုက်သည်။

ဒီအဖြစ်အပျက်တွေက ကြာပြီပဲ။ဘာမှမဖြစ်လောက်ပါဘူးလေ။

ကားစတီယာရင်ပေါ် လက်နှစ်ဖက်လုံး ရောက်သွားချိန်မှာ သူ့ရင်တွေအခုန်မြန်လာသည်။အသက်ရှုရခက်ခဲလာသည်။ဘယ်ဘက် ရင်အုံကို ဓားနဲ့ထိုးခွဲသွားသလို စူးစူးရှရှနာကျင်လွန်းတဲ့ ဒီခံစားချက်တွေ။

"အား..."

"ဂျောင်ကု...ဘာဖြစ်တာလဲ "

သူ ရုတ်တရက် နောက်ပြန်လဲကျသွားကာ ဆိုဖာခုံပေါ် မှီလျက်သားဖြစ်သွားသည်။မီးတောက်တွေထဲ ကြားထဲက ထိုမျက်နှာက သူ့အာရုံမှာအထပ်ထပ်ပေါ်လာတိုင်း သူ့ရင်ဘတ်ကိုတစ်စစီဆွဲဖြဲ ခံရသလို။

"ကုကီး...ငါ့ကို ကူညီပါဦး။ငါ မသေဘူး.."

အသံတွေက နီးလာလိုက်၊ဝေးသွားလိုက်နှင့်။

"ကုကီး...ငါအရမ်းပူတယ်....ပူတယ်"

ထိုအသံတွေကို သူ သည်းမခံနိုင်တော့သည့်အဆုံး နားနှစ်ဖက်ကို ပိတ်ကာ အော်မိတော့သည်။

"ဂျောင်ကု...ဘာဖြစ်တာလဲ။ကိုယ့်ကိုပြော...ဘာဖြစ်လို့လဲ "

စိုးရိမ်တကြီးမေးနေတဲ့ အစ်ကို့မျက်နှာသည် သူ့အမြင်အာရုံထဲ ေဝဝါးသွားခဲ့လေသည်။

𖧷 . 𖧷. 𖧷

Thanks for your reading and votingRiona🌼

....Zawgyi______

"Morning ပါ အစ္ကို "

ဖုန္းဖြင့္တာနဲ႔ noti သံႏွင့္အတူ ေရာက္လာတဲ့ ေဂ်ာင္ကုရဲ႕ စာတိုေလး။

အိပ္ယာထကာစမို႔ ေဆာ့ဂ်င္မ်က္ခံြေလးေတြ မို႔အစ္ေနသည္။လက္ခုံနဲ႔ မ်က္လုံးေတြကို ခတ္ဖြဖြပြတ္လိုက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ သူဖတ္မိသြားျပန္သည္။

"အစ္ကို အိပ္ပုတ္ေလး အိပ္ယာထၿပီ မဟုတ္လား"

ေနာက္ထပ္ေရာက္လာေသာ စာတိုေလးကို ဖတ္ၾကည့္ၿပီး သူ႕ရင္ထဲ ႐ွိန္းကနဲ လိႈက္ဖိုသြားရသည္။သိတတ္စအ႐ြယ္ကစၿပီး ယုယုယယ အိပ္ယာအႏိႈးခံရဖူးတာဆိုလို႔ ဒီတစ္မနက္က ပထမဆုံးျဖစ္မည္ထင္သည္။

အခ်စ္ဆုံးသူငယ္ခ်င္းႀကီး မင္ယြန္းဂီလည္း သူ႕ကို ဖုန္းတစ္လုံးနဲ႔ လွမ္း,လွမ္း ႏိုးတတ္ပါသည္။အခုလို ႏူးႏူးညံ့ညံ ေတာ့မဟုတ္။

​ကိုရီးယားကေန အေမဇုန္သစ္ေတာထဲအထိ ၾကားႏိုင္ေလာက္ေသာ အသံႀကီးႏွင့္ျဖစ္သည္။ကာလနဂါးမင္း ယြန္းဂီက အခါတိုင္းေတာ့ႏိႈးသည္မဟုတ္ပါ။ေဆာ့ဂ်င္ခရီးသြားစရာ႐ွိသည့္အခါမ်ိဳးတြင္ တာဝန္အရ နံနက္ေစာေစာလွမ္းႏိႈးေပးတာမ်ိဳးျဖစ္သည္။ထိုေန႔မ်ိဳးတြင္ ေဆာ့ဂ်င္ခမ်ာ အဆမတန္လန္႔ႏိုးသြားေသာ ႏိုးထျခင္းမ်ိဳးျဖင့္ ထရေလသည္။

"ဘာလို႔ replyမျပန္တာလဲ!""နံနက္စာ စားျဖစ္ေအာင္စားေနာ္""ဒဏ္ရာကိုလည္း ေဆးထည့္ဖို႔ မေမ့နဲ႔ဦး"

Notification သံတတီတီနဲ႔ ေနာက္ထပ္ေရာက္လာေသာ စာေလးေတြေၾကာင့္ ေဆာ့ဂ်င္ ျပဳံးေယာင္သမ္းသြားသည္။

ဒီလိုက်ေတာ့လည္း ကိုယ့္ေကာင္ေလးက ဂ႐ုစိုက္တတ္သား။

"ထၿပီ "

အတိုဆုံးေရးၿပီး reply ျပန္ၿပီးသည့္ေနာက္ ေဆာ့ဂ်င္ ကုတင္ေပၚကေန ထထိုင္လိုက္သည္။အိပ္ယာခင္းကို ေသခ်ာညီညာေအာင္ေခါက္ရင္း RJ ႐ုပ္ေလးကိုပါ သပ္သပ္ရပ္ရပ္ထားလိုက္သည္။အျဖဴဆြတ္ဆြတ္ RJ ႐ုပ္ေလးသည္ သူ ညတိုင္းဖက္အိပ္ေနက် အေဖာ္ေလးျဖစ္သည္။

သန္႔စင္ခန္းဝင္ကာ ေရမိုးခ်ိဳး၊နံနက္စာစားကာ က်က္စျပဳေနၿပီျဖစ္ေသာ ဒဏ္ရာကို ေဆးထည့္ၿပီးသည့္ေနာက္တြင္ေတာ့ ေဆာ့ဂ်င္၏ တစ္မနက္စာသည္ ကုန္ဆုံးသြားသည္။

ထို႔ေနာက္ သူ၏ ကားအျဖဴေလးသည္ ကားလမ္းမေပၚသို႔ တရိပ္ရိပ္ေျပးတက္သြားသည္။

ဆိုင္ေရာက္ခါနီးမွ ဖုန္းျမည္သံေၾကာင့္ ေဆာ့ဂ်င္ ေကာက္ကိုင္လိုက္သည္။

"ဟယ္လို အစ္ကို "

"ေျပာ "

"ဒီေန႔ ကြၽန္ေတာ္မလာႏိုင္ဘူး။ေဂဟာမွာ စာသင္ေပးရမယ့္အလွည့္"

"အင္း "

"အစ္ကို႔ဆိုင္က ဝန္ထမ္းေနရာလြတ္ေနတယ္မလား။ကြၽန္ေတာ္အသိ ေကာင္ေလးတစ္ေယာက္လႊတ္ထားတယ္။အစ္ကို တစ္ေယာက္တည္းဆို မႏိုင္မွာစိုးလို႔"

တကယ္ေတာ့ အလုပ္ေခၚဖို႔ကို မအားတာေရာ၊အမႈမဲ့အမွတ္မဲ့ေၾကာင့္ေရာ ေဆာ့ဂ်င္ ေမ့ေနခဲ့တာ။ေကာင္ေလးက သတိတရ႐ွိသားပဲ။

"ညေနမွ ေတြ႕ၾကမယ္ေနာ္....လြမ္းေနတာ"

"ကြၽန္ေတာ္႕ကို ခ်စ္တယ္မလား"

ေဂ်ာင္ကု ဒီလိုေမးတိုင္း သူ႕ဘယ္ဘက္ရင္အုံေထာင့္စြန္းေလးက ပရမ္းပတာလႈပ္ခါသြားတတ္သည္။အခ်စ္ႏွင့္ပတ္သက္လာရင္ ေဆာ့ဂ်င္က ထိန္းခ်ဳပ္ႏိုင္စြမ္းႀကီးသည္။ေဂ်ာင္ကုလို လူေ႐ွ႕သူေ႐ွ႕မေ႐ွာင္ သဲသဲလႈပ္ဖို႔ေဝးစြ။ႏွစ္ေယာက္တည္း စကားေျပာေနခ်ိန္မွာေတာင္ ခပ္မာမာပဲေျပာတတ္သည္။

"ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္"

"ဟာ..ေန...ေနဦးေလ...ကြၽန္ေတာ္ေမးတာမွ မေျဖေသးပဲနဲ႔"

"သိၿပီးသားကို ဘာလို႔ခဏခဏထပ္ေမးေနတာလဲ"

"အစ္ကိုေျဖမွ ဖုန္းခ်မွာေနာ္။မဟုတ္ရင္ တစ္ေန႔လုံး ခဏခဏဖုန္းေခၚေနမွာ"

မယုံမ႐ွိနဲ႔။ဒီေကာင္ေလးက တကယ္ေျပာတဲ့အတိုင္း လုပ္တတ္တာ။

"အရစ္ကလည္း ႐ွည္လိုက္တာ...ခ်စ္တယ္ကြာ"

သူ ေဆာင့္ႀကီးေအာင့္ႀကီး ျပန္ေျဖေတာ့ တစ္ဖက္က ရယ္သံသဲ့သဲ့ၾကားရသည္။ထို႔ေနာက္ ဖုန္းခ်သြားသည္။

"ဒီအ႐ူးေကာင္ေလးကေတာ့..."

ေဆာ့ဂ်င္ ႀကိမ္းေမာင္းလိုက္ေပမဲ့ ႏႈတ္ခမ္းေထာင့္စြန္းေတြကေတာ့ ေကြးတက္ေနခဲ့သည္။

အခ်စ္ျဖင့္ ႏိုးထလာရေသာ မနက္ခင္းသည္ ခါတိုင္းေန႔ရက္မ်ားႏွင့္မတူ ၊တစ္မူ ထူးျခားေနေလသည္။

𖧷.𖧷.𖧷

"မဂ္လာပါ ကြၽန္ေတာ္႕နာမည္က ဂ်ိဳေဆာင္းမင္းပါ။အစ္ကို ေဂ်ာင္ကု လႊတ္လိုက္တာပါ"

ဆိုင္ေ႐ွ႕က ခုံတန္းေလးေပၚမွာ ထိုင္ေနတဲ့ေကာင္ေလးက သူ႕ကိုျမင္ျမင္ခ်င္း လာႏႈတ္ဆက္သည္။ဆံပင္အေၾကေကာက္ေကာက္ထားေသာ ထိုကေလးက သူ႕ထက္အေတာ္ေလးငယ္ပုံရသည္။

"ကြၽန္ေတာ္အရင္က cake bakery ဆိုင္တစ္ဆိုင္မွာ တစ္ႏွစ္ေလာက္ဝင္ေလာက္ဖူးပါတယ္"

"Ok...ပိုအဆင္ေျပတာေပါ့။ကိုယ့္ဆိုင္က ညေန၄ နာရီဆိုင္ပိတ္တယ္။လုပ္အားခက တစ္ပတ္ကိုတစ္ခါ႐ွင္းေပးတယ္"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ "

ထို႔ေနာက္ ထိုေကာင္ေလးသည္ ဆိုင္တံဆိပ္ပါေသာ uniformကို လွဲလွယ္ဝတ္ဆင္ၿပီးေနာက္ သြက္လက္စြာပင္ အလုပ္စေတာ့သည္။

"အဟမ်း..ဟမ်း..."

ေခ်ာင္းဟန္႔သံေၾကာင့္ ေဆာ့ဂ်င္လွည့္ၾကည့္ေတာ့ ျပဳံးစစမ်က္ႏွာေပးႏွင့္ ယြန္းဂီ။ဂ်ီမင္းပခုံးကိုဖက္ကာ ကမ႓ာေပၚမွာ သူ႕ေလာက္ကံေကာင္းတဲ့သူ မ႐ွိဟူေသာ ဒီဇိုင္းနဲ႔။

ဟိုေန႔က အသည္းကြဲေနတဲ့ မ်က္ႏွာနဲ႔မ်ားတျခားစီ။

"တီတီတာတာ ကဲကဲသဲသဲ အခ်စ္ငွက္ႏွစ္ေကာင္မွာ တစ္ေကာင္က ပ်ံသြားေတာ့ က်န္ခဲ့တဲ့ အခ်စ္ငွက္ကေလးခမ်ာမွာ တစ္ေကာင္တည္း အေဖာ္မဲ့....."

"ဒီေကာင္.......မင္း ပါးစပ္ပိတ္ထား "

'ျမင္ျမင္ခ်င္း ေဆာက္နဲ႔ထြင္း' ဆိုသလိုပဲ။မင္ယြန္းဂီတို႔မ်ား ဘယ္အခ်ိန္ကတည္းက ဖဲ့ဖို႔အကြက္ေခ်ာင္းေနတယ္မသိ။ဒီေန႔ ေဂ်ာင္ကုဆိုင္ကိုမလာတာက ေဆာ့ဂ်င္အတြက္ ကံဆိုးျခင္းလား၊ယြန္းဂီအတြက္ ကံေကာင္းျခင္းလားမေျပာတတ္ေတာ့။အရင္ရက္ကတည္းက ၿငိဳးထားေသာ ယြန္းဂီကေတာ့ ဒီေန႔အားရပါးရ ကလဲ့စားေခ်မည္ဟု ေတြးထားပုံရသည္။

"မင္းကို ေျပာတာမဟုတ္ပါဘူး...ငါ့ဘာသာ Babyေလးကို ပုံျပင္ေျပာျပေနတာ"

"ဟိုရက္တုန္းကေလ Baby ေလးမသိလို႔သာ...ဒီေကာင့္ဆိုင္ေ႐ွ႕မွာကြာ...ငွက္ကေလးႏွစ္ေကာင္ တစ္ေန႔တစ္ေန႔ ကလူက်ီစယ္ေနတာမ်ား မျမင္ခ်င္အဆုံး။ဒီေန႔က်ေတာ့ တစ္ေကာင္တည္းအေဖာ္မဲ့ၿပီး မျပဳံးႏိုင္မရယ္ႏိုင္နဲ႔..."

" ဒီ........"

ေဆာ့ဂ်င္ပါးစပ္က အဆဲစကားလုံးမ်ားတန္းစီ ထြက္သြားသည့္အခါ ယြန္းဂီတစ္ေယာက္ေနသာ ထိုင္သာ႐ွိသြားပုံရသည္။တခြီခြီႏွင့္ ႀကိတ္ရယ္ေတာ့သည္။သူတို႔သူငယ္ခ်င္းႏွစ္ေယာက္အေၾကာင္း အတြင္းသိအဆင္းသိ သိထားေသာ ဂ်ီမင္းတစ္ေယာက္ ေ႐ွ႕ကခ်ထားေသာ မုန္႔ကိုမစားႏိုင္။မ်က္လုံးေပါက္ေလးေတြ ပိတ္သည္အထိ ရယ္ေလေတာ့သည္။

ေဆာ့ဂ်င္မ်က္ႏွာကေတာ့ ဆိုဖြယ္ရာမ႐ွိေတာ့။အမွည့္လြန္ေသာ ခရမ္းခ်ဥ္သီးတစ္လုံးလို ရဲတြတ္ေနသည္။

"အခုေလာက္ဆို ေတြးေနၿပီ သိလား...ကိုကိုေဂ်ာင္ကုရယ္ ျမန္ျမန္လာပါေတာ့လို႔"

"Yahh!!! မင္ယြန္းဂီ"

ေဆာ့ဂ်င္ သည္းမခံႏိုင္ေတာ့တဲ့အဆုံး ထိုင္ေနရာမွ ႐ုတ္တရက္ ထလာၿပီးလွ်င္ ယြန္းဂီေခါင္းေပၚသို႔ သုံးေလးခ်က္ဆင့္ၿပီး ထုေလေတာ့သည္။

"အား....ေသပါၿပီ...ေတြ႕လား အမွန္အတိုင္း ေျပာေတာ့မခံႏိုင္ဘူး"

"ေတာ္ၿပီ Gigi ရာ...အစ္ကိုဂ်င့္ မ်က္ႏွာေတြရဲေနၿပီ။မ စ နဲ႔ေတာ့"

ဂ်ီမင္းဟန္႔လိုက္မွ ယြန္းဂီ တစ္ေယာက္ေခါင္းကိုပြတ္ကာ မ်က္ႏွာပိုး သတ္ေတာ့သည္။

"​ေ-ြးေကာင္....ငါ့ဆိုင္လာရင္ ေအးေဆးမလာဘူး။ေတာင္ေျပာ ေျမာက္ေျပာနဲ႔"

"စ တာပါကြာ...မင္းကလည္း စိတ္မဆိုးပါနဲ႔"

"Gigi ကသာ အဲ့ေလာက္ စ ေနတာေနာ္။အစ္ကိုဂ်င္က သူ႕ေကာင္ေလးနဲ႔ေရာ တီတီတာတာ ေျပာတတ္ရဲ႕လား။ဒီေလာက္ ဘုေဘာက္ေျပာေနတာကို"

"မထင္နဲ႔ေနာ္..ဟိုက 'အစ္ကို႔' ဆိုၿပီး မ်က္လုံးဝိုင္းေတြနဲ႔တစ္ခ်က္ခြၽဲလိုက္ရင္ ေပ်ာ့ေခြသြားေရာ"

တကယ္က ေဆာ့ဂ်င္႐ွက္တတ္မွန္းသိလို႔ 'စ' ေကာင္းေကာင္းနဲ႔ စ ေနျခင္းျဖစ္သည္။အရင္ရက္က ဂြၽန္ေဂ်ာင္ကုေကာင္းမႈေၾကာင့္ မုန္႔ေတြနင္၊အခ်ိဳရည္ေတြသီးရတာကို ယြန္းဂီမေမ့ပါ။

"မင္းကပဲ ေျပာရတယ္႐ွိေသး...ဂ်ီမင္းထားခဲ့တုန္းက ႏွပ္ရည္တ႐ႊဲ႐ႊဲနဲ႔ ဆိုင္မွာလာလာငိုေနတာ ဘယ္သူပါလိမ့္"

ေဆာ့ဂ်င္က အႏိုင္ပိုင္းလိုက္သည့္ ေလသံႏွင္​့ မ်က္ႏွာကိုေမာ္ႂကြားေနသည္။

"ဟင္!!တကယ္....အစ္ကိုဂ်င္ ေျပာပါဦး...သူ..လာငိုေနတယ္ ဟုတ္လား"

"ဟုတ္တာေပါ့...ငိုတာမွေန႔တိုင္း...ေျပာလိုက္ငိုလိုက္နဲ႔"

"ေဟ့ေကာင္....ဒါေတာ့နည္းနည္းမ်ားသြားၿပီ။ငါ အဲ့ေလာက္ေတာ့မခံစားရဘူး.

ယြန္းဂီ မ်က္ႏွာေျပာင္ခဲ့သမွ် တစ္ခ်က္တည္းနဲ႔ အပိုးက်ိဳးသြားကာ ဂ်ီမင္း မ်က္ႏွာရိပ္မ်က္ႏွာကဲကိုလိုက္ၾကည့္ေန႐ွာသည္။

"သိပါတယ္...သိပ္မခံစားခဲ့ရဘူးမလား။Gigi က ကြၽန္ေတာ္႕ကို အေလးအနက္ထားတာမွမဟုတ္တာ..."

"ဟာ...ေဟ့....မဟုတ္ဘူးေလ "

ေနာက္ဆုံးေတာ့ ဂ်ီမင္းတစ္ေယာက္ ေက်ာပိုးအိတ္ကို ေကာက္လြယ္ၿပီး ဆိုင္ျပင္ထြက္သြားေလသည္။ယြန္းဂီခမ်ာမွာလည္း ႏွစ္ခါပင္ စဥ္းစားမေနေတာ့။ေခ်ာ့ဖို႔ရန္အတြက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားေလေတာ့သည္။

"မင္းေတြ႕မယ္...မင္း..."

ဆိုင္အျပင္ဘက္က ယြန္းဂီက လက္သီးဆုပ္ျပေလလွ်င္ ေဆာ့ဂ်င္က အျပဳံးေလးႏွင့္ လက္ႏွစ္ေခ်ာင္းေထာင္ျပသည္။

ဘာပဲေျပာေျပာ သူ႕ဆိုင္ေလးက ယြန္းဂီတို႔စုံတြဲေလးေၾကာင့္ ျပန္ၿပီးအသက္ဝင္လာရသည္ကိုေတာ့ မျငင္းလိုပါ။

ေနာက္ေန႔မနက္ေရာက္လွ်င္ေတာ့ လြန္စြာမွ သင့္ျမတ္လွေသာ ခ်စ္သူႏွစ္ဦးသည္ ေထာင့္စြန္းဝိုင္းမွာအတူထိုင္ကာ ခ်စ္ၾကည္ေရး ျပန္ဖြဲ႕မွာကို ျမင္ေယာင္မိသည္။

စိတ္ဆိုးလို႔ ေကာက္တာမွာမဟုတ္တာ။အခ်စ္စမ္းရင္း စိတ္ေကာက္တာ။

𖧷.𖧷.𖧷

ေဂဟာဝန္းထဲ သူ႕ကားေလး ထိုးရပ္လိုက္ခ်ိန္မွာ စကားေျပာသံ၊ရယ္ေမာသံသဲ့သဲ့မွအပ တိတ္ဆိတ္ၿငိမ္သက္ေနသည္။

ေဆာ့ဂ်င္မ်က္လုံးကစားၾကည့္လိုက္ေတာ့ ေဂ်ာင္ကု၏ ဆိုင္ကယ္ကို ျခံေထာင့္တစ္ေနရာမွာေတြ႕ရသည္။

ေဆာ့ဂ်င္ ေဂဟာထဲမဝင္ေသးဘဲ အေနာက္ဘက္ေျမသားလမ္းေလးဆီကိုပဲ ဦးတည္ေလွ်ာက္သြားလိုက္သည္။ထိုင္စရာ ခုံတန္းေလးေတြကို ေဆးအျပာေရာင္သုတ္ထားကာ အစိမ္းေရာင္သစ္ပင္ၾကားမွာ ကဗ်ာဆန္စြာလွပေနသည္။

ဟိုတစ္ေခါက္လာတုန္းက ေဂ်ာင္ကုႏွင့္ ဒီထိုင္ခုံေလးမွာ အတူထိုင္ဖူးပါသည္။သူ လက္သီးနဲ႔ထိုးလိုက္လို႔ အညိဳအမဲစြဲေနတဲ့ မ်က္ႏွာေလးႏွင့္ ထိုေကာင္ေလးက ဒီေနရာမွာ ခပ္ကုပ္ကုပ္ေလး ထိုင္ေနခဲ့တာ။ျပန္ေတြးၾကည့္တိုင္း သူ႕ရင္ထဲ မေကာင္းပါ။အဲ့ဒီတုန္းက သူ႕ဘက္က နည္းနည္းေတာ့ လြန္ခဲ့တာ ဝန္ခံပါသည္။အခု တစ္ေခါက္ျပန္ေတြ႕ရတာကေတာ့ အရင္အ​ေျခအေနလိုမဟုတ္။ခ်စ္သူေတြအျဖစ္နဲ႔။

မိုး႐ြာထားတာ မၾကာေသးတာေၾကာင့္ ​ေျမသင္းနံ႔ခပ္သင္းသင္းေလးရေနသည္။ေဆာ့ဂ်င္ ေျမသင္းနံ႔ကို အရမ္းႏွစ္သက္သည္။မ်က္လုံးေတြမွိတ္ထားၿပီး တစ္ဝႀကီးအသက္႐ႈသြင္းလိုက္၏။

"ဟင္!! အစ္ကို လိုက္လာတယ္"

ကေလးေတြေ႐ွ႕မို႔ထင္။အရင္လို ဆံပင္စုတ္ဖြားဖြားေလးႏွင့္မဟုတ္။ဆံပင္သပ္သပ္ရပ္ရပ္ၿဖီးထားသည့္ ေဂ်ာင္ကုက လူႀကီးေပါက္စေလးႏွင့္တူသည္။

ထင္႐ွားေနေသာ ေမး႐ိုးမ်ား၊ႂကြက္သားအဖုအထစ္ေတြသာ မ႐ွိရင္ ေဂ်ာင္ကုက တကယ့္ကေလးေလးျဖစ္သည္။

"အင္း...."

"အား!!လြမ္းလိုက္တာ အစ္ကိုရာ"

မေျပာမဆိုနဲ႔ သူ႕ရင္ခြင္ထဲ အတင္းဝင္တိုးကာ ခါးသိမ္သိမ္ကို က်စ္က်စ္ပါေအာင္ ဖက္ထားသည္။

"ဘယ္လိုျဖစ္ေနတာလဲ..ကေလးေတြျမင္ကုန္ဦးမယ္"

"ဒီဘက္ကို ဘယ္သူ မွ မလာပါဘူး..စိတ္မပူနဲ႔ "

ေျပာရင္း ပိုတိုးဖက္ကာ ေဆာ့ဂ်င္ ရင္ဘတ္ေတြကိုအတင္းနမ္းေတာ့သည္။

"ေမႊးေနတာပဲ...အစ္ကို႔ကိုယ္နံ႔ေလးကို တကယ္ႀကိဳက္တယ္"

"ကေလးလည္း မဟုတ္ဘဲနဲ႔"

ေဆာ့ဂ်င္ ခပ္တိုးတိုးေလးေျပာလိုက္ရင္း သူ႕ရင္ဘတ္ထဲ တိုးဝင္ေနတဲ့ ေကာင္ေလးရဲ႕ေခါင္းကို လက္ေလးနဲ႔ဖြဖြေလးပြတ္ေပးေနမိသည္။

"မင္း အဲ့လိုခြၽဲမႈေတြေၾကာင့္ ဒီေန႔ ငါ့ကို ယြန္းဂီဘယ္ေလာက္ေတာင္ စ တယ္မွတ္လဲ"

"ဟုတ္လား ဘယ္လိုေတြ စ လဲ"

ေဂ်ာင္ကုက လႊတ္မေပးေသးပါ။ခါးကိုဖက္ထားရင္းနဲ႔မွ ေျဖသည္။နဖူးေပၚတစ္ခ်က္ထုလာေသာ ေဆာ့ဂ်င္လက္သီးဆုပ္ေလးကို ဖမ္းဆြဲလိုက္ၿပီး ႏႈတ္ခမ္းေလးနဲ႔ႁပြတ္ကနဲ ျမည္ေအာင္ နမ္းသည္။

"ေျပာေလ..ဆိုးေလ"

"အစ္ကို႔လက္သီးဆုပ္ေလးက အသည္းယားစရာေလးကို "

"အထိုးခံရတာ မမွတ္ေသးဘူးထင္တယ္"

ေဆာ့ဂ်င္ ရယ္စရာေျပာေပမယ့္ ေဂ်ာင္ကုက လိုက္မရယ္ပါ။ထိုလက္သီးဆုပ္ေလးကို အနည္းငယ္ ကိုက္ခ်လိုက္သည္။

"အား...နာတယ္ေလ.."

"ၾကည့္ပါဦး... တကယ္ေသးေသးေလး...ကေလးေလး လက္ေလးလိုပဲ။တစ္ခ်ိန္လုံးသာ ကိုက္ေနခ်င္ေတာ့တယ္"

ေဂ်ာင္ကု အသည္းယားမယ္ဆိုလည္း ယားစရာပင္။ျဖဴႏုေနေသာ ေဆာ့ဂ်င္လက္ေခ်ာင္းေကာက္ေကာက္ေလးေတြက ဆုပ္လိုက္ေသာအခါ လက္သီးဆုပ္ေသးေသးေလးျဖစ္သည္။

ၾကည့္ရင္းနဲ႔ မခ်င့္မရဲ ျဖစ္လာေသာ ေဂ်ာင္ကုမွာ ေနာက္ထပ္တစ္ခ်က္ထပ္ကိုက္လိုက္ေလသည္။

ေဆာ့ဂ်င္ လက္ခုံေလးမွာ သြားရာအကြင္းလိုက္။

"ေခြးေကာင္ေလး...နာတယ္ဟ။ကိုက္ပဲ ကိုက္ေနတယ္"

သူတို႔ကိုယ္ေပၚ မိုးဖြဲေလးေတြ က်လာေသာအခါမွာေတာ့ ႏွစ္ေယာက္လုံး ထရပ္လိုက္သည္။အေနာင္ဘက္ေကာင္းကင္မွာ မဲညစ္ေနေသာ တိမ္စိုင္တိမ္လိပ္ႀကီးမ်ား တရိပ္ရိပ္တက္လာပုံက အဆမတန္႐ြာခ်ေတာ့မည့္ပုံပင္။

"မိုးႀကီးမယ္ထင္မယ္..ျပန္ၾကရေအာင္ အစ္ကို"

"မင္းမွာ မိုးကာအက်ီ ပါလား"

"မပါဘူး ။ေမ့ခဲ့တယ္"

"အဲ့တာဆို ဆိုင္ကယ္ထားခဲ့။ငါ့ကားနဲ႔လိုက္ခဲ့။အေအးမိမွာစိုးလို႔"

"ေရာ့..ကားေသာ့ မင္းေမာင္းမလား"

ေဆာ့ဂ်င္ ကားေသာ့ကို ေဂ်ာင္ကုလက္ထဲထိုးေပးလိုက္ေပမယ့္ ေတာ္ေတာ္နဲ႔မယူပါ။တစ္ခုခုကို တြန္႔ဆုတ္ေနသည္။

"ဘာလို႔လဲ...မေမာင္းခ်င္လို႔လား"

"မ...မဟုတ္ဘူး အစ္ကို "

"ေရာ့...ယူေလ "

ေဂ်ာင္ကု အားတင္းကာ ကားေသာ့ကိုလွမ္းယူလိုက္သည္။ကားစတီယာရင္ကို လွမ္းထိလိုက္ေတာ့ သူ႕လက္ေတြ ဓာတ္လိုက္သလိုက်ဥ္ခနဲ။မ်က္လုံးကို စုံမွိတ္ကာ အသက္ဝဝ႐ႈသြင္းလိုက္သည္။

ဒီအျဖစ္အပ်က္ေတြက ၾကာၿပီပဲ။ဘာမွမျဖစ္ေလာက္ပါဘူးေလ။

ကားစတီယာရင္ေပၚ လက္ႏွစ္ဖက္လုံး ေရာက္သြားခ်ိန္မွာ သူ႕ရင္ေတြအခုန္ျမန္လာသည္။အသက္႐ႈရခက္ခဲလာသည္။ဘယ္ဘက္ ရင္အုံကို ဓားနဲ႔ထိုးခြဲသြားသလို စူးစူး႐ွ႐ွနာက်င္လြန္းတဲ့ ဒီခံစားခ်က္ေတြ။

"အား..."

"ေဂ်ာင္ကု...ဘာျဖစ္တာလဲ "

သူ ႐ုတ္တရက္ ေနာက္ျပန္လဲက်သြားကာ ဆိုဖာခုံေပၚ မွီလ်က္သားျဖစ္သြားသည္။မီးေတာက္ေတြထဲ ၾကားထဲက ထိုမ်က္ႏွာက သူ႕အာ႐ုံမွာအထပ္ထပ္ေပၚလာတိုင္း သူ႕ရင္ဘတ္ကိုတစ္စစီဆြဲၿဖဲ ခံရသလို။

"ကုကီး...ငါ့ကို ကူညီပါဦး။ငါ မေသဘူး.."

အသံေတြက နီးလာလိုက္၊ေဝးသြားလိုက္ႏွင့္။

"ကုကီး...ငါအရမ္းပူတယ္....ပူတယ္"

ထိုအသံေတြကို သူ သည္းမခံႏိုင္ေတာ့သည့္အဆုံး နားႏွစ္ဖက္ကို ပိတ္ကာ ေအာ္မိေတာ့သည္။

"ေဂ်ာင္ကု...ဘာျဖစ္တာလဲ။ကိုယ့္ကိုေျပာ...ဘာျဖစ္လို႔လဲ "

စိုးရိမ္တႀကီးေမးေနတဲ့ အစ္ကို႔မ်က္ႏွာသည္ သူ႕အျမင္အာ႐ုံထဲ ေဝဝါးသြားခဲ့ေလသည္။

𖧷.𖧷.𖧷

Thanks for your reading and votingRiona🌼

There are no comments yet. Log in to be the first to leave a review!

Similar stories