~ 2 ~
22:44, 1 August 2021Unicode_________
လိမ္မော်ပင်များကြားမှ ဖြတ်သန်းလာသော လေပြည်သည် ပြတင်းပေါက်က တစ်စုံတစ်ခုကို ဖြေးညှင်းစွာ ရိုက်ခတ်သွားသည်။နေရောင်ခြည်မျှင်တန်းတစ်ခုက လိပ်ပြာနတ်သမီးပုံ crystal လိုက်ကာကြိုးပေါ်တွင် ခဏတစ်ဖြုတ် ခိုနားသောကြောင့် အရောင်တစ်မျိုးတောက်ပနေသည်။လေတစ်ချက်တိုးလိုက်တိုင်း ထို crystal အရုပ်လေးတွေက တချွင်ချွင်မြည်သံပေး၏။
အခန်းပိုင်ရှင်ကတော့ Sofa bedပေါ်က စောင်ပုံကြားထဲမှာ လှုပ်လှုပ်ရွရွရှိနေဆဲ။အခန်းတွင်းမှာ ပစ္စည်းများများစားစားတော့မရှိ။coffe table မီးခိုးရောင်တစ်လုံး၊သောက်လက်စ ကော်ဖီခွက်၊လုံးထွေးနေသော အကျီအထည်ရယ်ပဲ ရှိသည်။
"အား!!! ကျွတ်...ကျွတ်..."
တံတောင်ဆစ်နေရာက နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ကပိုကရိုနဲ့ဖွာလန်ကျဲနေသော ဆံပင်တွေကို လက်နဲ့သပ်တင်ပြီး မျက်လုံးနှစ်ဖက်ကို လက်ဖနောင့်နဲ့ပွတ်သပ်သည်။တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးပါးအောက်က မှဲ့နက်က တစ်မျိုးဆွဲဆောင်မှုရှိသည်။ခြုံထားသော စောင်ကိုခွာချလိုက်ပြီး အပေါ်ပိုင်းဗလာအနေအထားနဲ့ပင် ရေချိုးခန်းထဲဝင်သည်။
ရေပိုက်ခေါင်းအောက်မှာ ရေတွေကို လက်ခုံနဲ့အပြည့်အမောက် ခံပြီး မျက်နှာတစ်ခုလုံး နှစ် ထားလိုက်သည်။ပြန်မော့လာသော မျက်နှာထက် ရေမှုန်ရေမွှားများ ခိုတွဲနေသည်။နှုတ်ခမ်းပါးက ရှေ့ကိုစုကာ တရွှီရွှီနဲ့ လေချွန်ပြီးကိုယ်လက်သန့်စင်သည်။
"ဂျောင်ကု...နိုးပြီလား.."
အိမ်ရှေ့က အသံတစ်သံကြောင့် ဦးလေးဂျွန် မနက်စာလာပို့မှန်းသိလိုက်သည်။ဒီနေရာက ဦးလေးဂျွန်ရဲ့ လိမ္မော်ခြံ။ဦးလေးက ဂျောင်ကုဖေဖေရဲ့ တစ်ဦးတည်းသော အစ်ကို။ဂျောင်ကုက ခြံထောင့်တစ်နေရာကို အပိုင်သိမ်းပစ်ပြီးတော့ သစ်လုံးအိမ်လေးတစ်လုံးဆောက်ပြီး နေတာဖြစ်သည်။
လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လိမ္မော်ခြံမှာပဲ အနေများသည်။ဆိုးလ်မြို့ပေါ်က အိမ်ကတော့ သွားလိုက်တိုင်း အဖေနဲ့တိုးနေတာမို့ တော်ရုံတန်ရုံ မပြန်ဖြစ်တော့ပေ။အသက်ရှုလိုက်တိုင်း လန်းဆန်းမှုကိုပေးသည့် လိမ္မော်ရနံ့သင်းနေသည့် ဒီခြံလေးက ဂျောင်ကုရဲ့ ခိုနားစရာ ရိပ်မြုံလေး။
"ကျွန်တော်...ဆိုင်မှာပဲ စားလိုက်တော့မယ် ဦးလေး"
"အော်..ဒီကလေးတော့ အမြဲ ဒီလိုပဲ"
"ညနေကျရင် မုန့်ဝယ်လာခဲ့မယ်..ဉီးလေး.. ကျွန်တော်သွားပြီ"
ဦးလေး ပခုံးကို ခပ်ဖွဖွဖျစ်ရင်း ရယ်ကျဲကျဲနဲ့ အိမ်အပြင်ကိုထွက်လာသည်။တံတောင်ဆစ်အထိခေါက်တင်ထားသော ရှပ်အကျီနက်ပြာရောင်၊style pant မီးခိုးရောင်က လူကြားထဲ ထင်းနေအောင်ကို ဂျောင်ကုနဲ့လိုက်ဖက်လွန်းသည်။Helmet အနက်ကို ဆောင်းပြီး လက်စွဲတော် ဆိုင်ကယ်ကိုစက်နှိုးပြီးသည်နှင့် လိမ္မော်ခြံထဲက ထွက်လာခဲ့သည်။
မနေ့က မိုးရွာထားတဲ့အရှိန်ကြောင့် လမ်းပေါ်က တစ်ချို့နေရာတွေမှာ စိုစွတ်နေဆဲပင်။ဆိုင်ကယ်ကို အရှိန်တင်လိုက်တော့ လမ်းဘေးမြင်ကွင်းတွေက ရိပ်ကနဲ ပြေးလွှားကြကုန်၏။
ဆိုးလ်မြို့အလယ်က ထိုင်နေကျ ကော်ဖီဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ကို ရပ်သည်။ထုံးစံအတိုင်း လေချွန်ပြီး ဆိုင်ကယ်သော့ကို လက်ညှိုးမှာစွပ်ကစားသည်။
ထောင့်ကျကျ စားပွဲဝိုင်းမှာ နေရာယူလိုက်ပြီး black coffee တစ်ခွက်ကို စိမ်ပြေနပြေ သောက်သည်။မိုးရေတွေကြောင့် မှုန်မှိုင်းနေတဲ့ မှန်တံခါးကိုမြင်တော့ မနေနိုင်မထိုင် လက်နဲ့ပွတ်မိသည်။အငွေ့တစ်ထောင်းထောင်း ထ နေတဲ့ ကော်ဖီကို အရသာခံသောက်ပြီး ဆိုင်အပြင်က လမ်းမပေါ်ကို တမေ့တမောငေးသည်။
ဘဝဆိုတာ ဒါပါပဲ။ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းတာကြာခဲ့ပြီး ဖြစ်တဲ့ ခြောက်ကပ်ကပ်ဘဝမှာ ကော်ဖီတစ်ခွက်ကို ဟောဒီလို စိတ်အေးလက်အေးသောက်နိုင်တာကပဲ ကျေနပ်စရာကောင်းတာ။ဟော...ပြောရင်းဆိုရင်း မိုးစက်တွေတောင်ကျလာပြီ။
ဝေါကနဲ သွန်ချသလို ရွာလိုက်တဲ့မိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်စိုစွတ်သွားသည်။ကော်ဖီတစ်ခွက်လည်း ကုန်စင်သွားပြီဖြစ်သောကြောင့် ကျသင့်တဲ့ငွေကို စားပွဲပေါ်မှာချပြီး ဆိုင်အပြင်ကို ထွက်သည်။ရင်းနှီးနေသော ဆိုင်ရှင်ကောင်လေးက သူ့ကို ပြုံးပြတော့ မှုန်ကုတ်ကုတ်နဲ့ ပြန်ကြည့်ပစ်သည်။
"ဟင်! ဒါက ဟိုမိန်းမ မဟုတ်လား"
မျက်နှာချင်းဆိုင်က လမ်းပေါ်မှာ အသက်ခပ်ငယ်ငယ် ယောက်ျားတစ်ယောက်၏ ခါးကိုဖက်ကာ ရယ်မောပျော်ရွှင်နေသော မိန်းကလေး။မနေ့ညကပဲ အဖေနဲ့အတူ ပါလာတဲ့တစ်ယောက်။အခုကျတော့ တခြားတစ်ယောက်နဲ့ ကလူကျီစယ်နေတာဖြစ်သည်။
"အလကား!!! တကယ့်အမှိုက်တွေ"
မမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကိုယ်သွားဖို့လုပ်ပေမဲ့ မနေ့ညက အဖေ့မျက်နှာကိုမြင်ယောင်သွားတော့ ရင်ထဲမှာ ဖျင်းကနဲ။ဆိုင်ကယ်လက်ကိုင်ပေါ်က လက်တွေကို ဘောင်းဘီအိတ်ထဲ ပြောင်းထည့်လိုက်ကာ ခပ်တည်တည်နဲ့ ထိုစုံတွဲရှိရာကို လျှောက်သွားသည်။
"ဟေ့....ဒီမှာ..ဒီမိန်းကလေးနဲ့ ခင်ဗျားနဲ့က..."
ဂျောင်ကုအသံကြောင့် ထိုမိန်းမက အတော်လေးမူပျက်သွားသည်။မတည်ငြိမ်သော မျက်လုံးအကြည့်တွေက သူခိုးလူမိသွားသလို ကျီးကန်းတောင်းမှောက်နှင့်။
"ဟို...ဒါက..ဒါက..."
"ခင်ဗျား..ကျုပ်အဖေကို ငွေရလို့ ပတ်သက်နေတာလား"
"မင်း...မိုက်ရိုင်းလှချည်လား "
ပါးရိုးပေါ် ဖျတ်ကနဲကျလာသော လက်သီးချက်ကို ရှောင်လိုက်ကာ ထိုလူ့နှာရိုးတည့်တည့်ကို အားကုန်ထိုးချပစ်လိုက်သည်။
"မောင်...မောင်...သွေးတွေ"
နှာခေါင်းထဲက သွေးတွေ ဒလဟောကျလာတော့ ထိုမိန်းမက ပျာယာခတ်သွားကာ သူ့ကို မျက်ထောင့်နီဖြင့် မော့ကြည့်သည်။
"ရှင်..မိုက်ရိုင်းလှချည်လား...ကိုယ်ထိလက်ရောက် လုပ်ဖို့အထိလိုလို့လား"
"အဟက်..အရင်လာ စ တာ ခင်ဗျားလူလေ"
"နောက်ထပ်တစ်ခါ ကျုပ်အဖေ ဘေးနားမှာ ခင်ဗျားကိုထပ်တွေ့ရင် နှစ်ယောက်စလုံးကို သတ်ပစ်မယ်။ကျုပ်အဖေနဲ့ ထပ်မပတ်သက်နဲ့..လူလိမ်မ"
"ဝမ်းနည်းစရာပဲ...ရှင့်အဖေကလည်း ကျွန်မမှ ကျွန်မဖြစ်နေတာ..နောက်ထပ်လည်း ရှင့်အဖေဆီက ယူလို့ရသမျှ အကုန်ယူဦးမှာ"
ထိုမိန်းမ စကားကို အရေးမစိုက်သလို ပြုံးလိုက်ရင်း ပါးစောင်ကို လျှာဖြင့်ထိုးသည်။ထို့နောက် လက်နှစ်ဖက်ကို ဆန့်ကာ အကြောဖြေသလို လုပ်လိုက်ရင်း..
"အင်းပါ...ဒါပေမဲ့ ကျုပ်အဖေဘေးနားမှာ ထပ်တွေ့တဲ့နေ့က နောက်ဘဝကိုသွားရမယ့်နေ့လို့ မှတ်ထားလိုက်..အဟက်.."
ပြောပြီးသည်နှင့် နောက်ခိုင်းကာ ကော်ဖီဆိုင်ရှေ့ပြန်သွားတော့ နောက်ကစကားလုံးတစ်ချို့က နားထဲဝင်လာသည်။
"ချစ်...သူက ဘယ်သူလဲ"
"အလကားပါ..ချစ်ရဲ့စပွန်ဆာ အဘိုးကြီးရဲ့သား အရိုင်းအစိုင်းကောင်"
သွားတွေ အကုန်ကျွတ်သွားအောင် ထိုးပစ်လိုက်ချင်သည့် စိတ်က နောက်ထပ်တစ်ဖန် နှိုးဆွလာပြန်သည်။သို့သော် ကော်ဖီဆိုင်ရှေ့က ရိပ်ကနဲ အရိပ်တစ်ခုကြောင့် ဂျောင်ကု မျက်လုံးတွေ ဝိုင်းသွားသည်။
ရှပ်အကျီ နို့နှစ်ရောင်အကွက်၊ဘောင်းဘီရှည် နက်ပြာရောင်ကို ဝတ်ဆင်ထားသော ခပ်သွယ်သွယ်လူတစ်ယောက်။အမြင်အမှားဘူးဆိုလျှင်..သေချာပါတယ်။ဒါ...ညက လမ်းမှာ ဆိုင်ကယ်နဲ့တိုက်မလို ဖြစ်ခဲ့တဲ့လူ။
ကြည့်နေရင်းပင် ထိုလူက ဘတ်စ်ကားတစ်စီးပေါ် တက်သွားသည်။အခွင့်အရေးကို လက်လွတ်မခံသည့် ဂျောင်ကုက သူ့နောက်က ထပ်ကြပ်မကွာပင် လိုက်သည်။
စိတ်ကူးယဥ်တယ် ပြောပြော အရူးထတယ်လို့ပဲ ပြောပြော အဲ့ဒီလူရဲ့ အရိပ်ကလေးကို မြင်ရင်တောင် ရင်ခုန်သွားတာမျိုး။သတိမထားမိခင်လေးမှာပဲ ပြုံးမိသွားတာမျိုး။
ကားမှန်ကိုမှီပြီး အပြင်ဘက်ကို ငေးနေတဲ့ အဲ့ဒီမျက်နှာ။နောက်က တစ်ခုံကျော်မှာ ထိုင်နေပေမယ့် လှုပ်ရှားမှု သေးသေးလေးကအစ မြင်နေရသည်။
ခုနက ပူလောင်တင်းကျပ်နေတဲ့ ဒေါသတွေဟာ မီးခဲကို ရေဖြန်းလိုက်သလို အေးချမ်း ပျော်မြူးသွားသည်။
"ချောလိုက်တာ!!"
လွှတ်ကနဲ ပါးစပ်က ထွက်သွားပြီးမှ ကိုယ့်ဘာသာဘရိတ်အုပ်ကာ သဘောတကျပြုံးရသည်။ဒီအရွယ်အထိ ရည်းစား တစ်ယောက်မှ မထားဖူးဘူးဆိုလျှင် လိမ်ရာကျလိမ့်မည်။တွဲခဲ့သမျှ မိန်းကလေးတွေအကုန်လုံးက ဂျောင်ကုဘက်က စ ပြီး သဘောကျတာမဟုတ်ဘဲ ချမ်းသာမှုကြောင့်ရော ရုပ်ရည်ကြောင့်ရော အတင်းချဉ်းကပ်လာတဲ့သူက များသည်။၃ ရက်ထက် ပိုမတွဲတတ်သောသူက ကျောင်းက မိန်းကလေးများကြားထဲမှာ ice prince ဟု nickname ပေးရတဲ့အထိ နာမည်ကြီးသည်။
ခဏလေးမြင်လိုက်ရတဲ့ အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို ဒီလောက် ချစ်မိသွားမယ်လို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ။
မျက်တောင်ရှည်များ၏ အရိပ်က ဘေးတိုက်မြင်နေရသော ပါးပြင်တစ်ဖက်ပေါ်ကျရောက်သည်။သာမန်ထက် ဖောင်းအိနေသော နှုတ်ခမ်းလေးကို မြင်လိုက်ရတော့ ရင်ထဲ ကတုန်တယင် လှိုက်မောသွားရသည်။
ဘယ်မှတ်တိုင်တွေ ရောက်လို့ ရောက်မှန်းတောင်မသိတော့ဘူး။ဒီလိုသာ တစ်ချိန်လုံး ကြည့်ခွင့်ရမယ်ဆိုရင် ကမ္ဘာတစ်ပတ် ဘတ်စ်ကားစီးရမယ်ဆိုတောင် စီးနိုင်တယ်။
မှတ်တိုင်တစ်ခုရှေ့အရောက် ကားက တုံ့ခနဲ ရပ်သွားသည်။ခရီးဆုံးပြီ ထင်ပါရဲ့။လက်ထဲက ထီးအနက်ရောင်တစ်ချောင်းကို ကိုင်ထားတာကလွဲရင် ထိုသူ့လက်ထဲ ဘာမှမရှိ။
လူသွားလူလာ ခပ်ကျဲကျဲသာ ရှိနေသော လမ်းမပေါ် ခပ်ဖြေးဖြေးခြေလှမ်းတွေနဲ့ လျှောက်သည်။ခြေလှမ်းတွေ မြန်လျှင် ဂျောင်ကုက လိုက်မြန်သည်။ခပ်နှေးနှေးလျှောက်လျှင် ဂျောင်ကုကလည်း နှေးနှေးလျှောက်သည်။သူ့ရှေ့က ကောင်လေးကသာ သတိမထားမိတာ။ဂျောင်ကုကို သတိထားမိတဲ့ လမ်းသွားလမ်းလာ တစ်ချို့ကတော့ ကွက်ကြည့် ကွက်ကြည့်နဲ့။
ကိုယ်ချစ်တဲ့သူနောက်ကို ဒီလိုလေး တကောက်ကောက်လိုက်နေရတာကိုက ပျော်ဖို့ကောင်းနေတာ။ကျန်တဲ့သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။
ခဏကြာတော့ ရှေ့က လျှောက်နေသူက တစ်ခုခုကို သတိထားမိသွားဟန်တူသည်။ရုတ်တရက် ခြေလှမ်းတွေကို ရပ်ပစ်ကာ နောက်ကို ပြန်လှည့်ကြည့်သည်။
"ဒီမှာ...မင်း ငါ့နောက်ကို နောက်ယောင်ခံလိုက်နေတာလား"
မျက်နှာမြင်ရုံမက အသံလေးပါ ကြားလိုက်တော့ ဂျောင်ကုရင်ထဲ ပိုမြူးသွားသည်။ရယ်ကျဲကျဲနဲ့ အနားရောက်အောင်သွားရပ်သည်။
"မဟုတ်ဘူး.."
"မဟုတ်ရင်..ဘာလိုက်လုပ်တာလဲ"
"ချစ်လို့.."
"ဘာ!!!ရူးနေတာလား"
"အင်း ဟုတ်တယ်..ရူးနေတာ.."
ပါးနှစ်ဖက်လုံး ရဲသွားကာ ခြေလှမ်းတွေကို မှန်အောင်ဆက်လျှောက်သည်။နောက်က ထပ်ကြပ်မကွာ လိုက်လာသူက အတင့်ရဲကာ ဘေးကိုရောက်လာသည်။
"ကျွန်တော့်ထက်အသက်ကြီးမယ်လို့တော့ ထင်တယ်...အစ်ကိုလို့ပဲ ခေါ်မယ်နော်"
ဂျောင်ကုစကားကြောင့် စိတ်ရှုပ်သွားသည့် ပုံစံနဲ့ လက်ထဲက ထီးကိုကျစ်ကျစ်ပါအောင်ဆုပ်သည်။ဒီအရွယ်ကြီးရောက်မှ လမ်းပေါ်မှာ ရည်းစားစကားလိုက်ပြောခံရတဲ့ အဖြစ်။ကင်ဆော့ဂျင်ရေ..ကံဆိုးမှုတွေကတော့ ဆက်တိုက်ပဲ။မနေ့ညကလည်း ဆိုင်ကယ်တိုက်မလို ဖြစ်တယ်။အခုလည်း လမ်းသရဲတစ်ကောင်ရဲ့ နှောင့်ယှက်မှုကို ခံရတယ်။
"မင်း..ဘာလို့ ငါ့နောက်တောက်လျှောက်လိုက်နေတာလဲ..မရှက်ဘူးလား"
"ချစ်လို့ လိုက်တာပဲ..မရှက်ပါဘူး"
"တောက်!! မင်း..ငါ့နောက်ကို ဆက်လိုက်လာလျှင် လူကြားထဲမှာပဲ ဖြစ်နေပါစေ..ငါ ဆွဲထိုးမှာနော်"
"အဟက်!!! လုပ်လေ..လက်သီးနဲ့ထိုးလည်း ခံနိုင်တယ်..အစ်ကို့ကို ချစ်လွန်းလို့ ကော်ဖီဆိုင်ရှေ့မှာကတည်းက ကားပေါ်တက်လိုက်လာတာ"
ထိုစကားကြောင့် ဆော့ဂျင် ခြေလှမ်းတွေ ရပ်တန့်သွားကာ ထိုကောင်လေးကို သေချာကြည့်မိသည်။ဆံပင်စတိုင် ခပ်မိုက်မိုက်နဲ့ လူကောင်ထွားထွားကောင်လေးက မိမိထက် ငယ်မှာတော့ သေချာသည်။ပြုံးပြနေသည့် နှုတ်ခမ်းပါးတွေမှာ ဟန်ဆောင်ကောက်ကျစ်မှုတွေမပါ။မျက်လုံးတွေကို အကဲခတ်လိုက်တော့ ပကတိအဖြူထည်အတိုင်းပင်။လမ်းသရဲမဟုတ်တာတော့ သေချာသည်။
"မင်းမှာ အရမ်းတွေ အချိန်ပိုနေသလိုပဲ..မင်းနဲ့ခင်မင်ဖို့စိတ်ကူး ငါ့မှာလုံးဝမရှိဘူး။ဒီလို အချိန်တွေကိုအလဟသ ဖြုန်းတီးနေတဲ့ မင်းလိုလူမျိုးတွေကို ငါသိပ်မုန်းတာ..မင်းပြန်လိုက်တော့"
မာနရှိသည့် လူတစ်ယောက်ဆို အရှိုက်ထိမယ့် စကားလုံးတွေပေမယ့် ကောင်လေးကတော့ ဖြုံတောင်မဖြုံ။သွားတွေပေါ်အောင် သဘောအကျကြီးကျကာ ရယ်ပင်ရယ်လိုက်သေးသည်။
"ရယ်စရာပါလား"
"မဟုတ်ပါဘူး...အဲ့လိုပြောနေပုံလေးကို အသည်းယားလို့"
ထီးကိုင်ထားသော ဆော့ဂျင်လက်ဖဝါးတွေ ချွေးစေးပြန်ချင်လာသည်။ဘယ်လိုပြောပြော နာမည့်ပုံမပေါ်။အဲ့လိုလူတွေလောက် မုန်းတာ မရှိတော့။မိဘလုပ်စားထိုင်စားပြီး ပွေရှုပ်နေတဲ့ အလကားကောင်တွေ။ရုပ်က ဘယ်လောက်ပြောပြော အချိုးပြေသွားမယ့်ရုပ်မဟုတ်ဘူး။အကြောတင်းတဲ့ကောင်။
"ကောင်းပြီလေ...ယွန်းဂီကို ခေါ်လိုက်ရုံပဲရှိတော့တာပေါ့"
"ယွန်းဂီက ဘယ်သူလဲ"
"ငါနဲ့ မကြာခင်လက်ထပ်မယ့်သူ"
တောက်လျှောက် ရယ်ပြုံးနေတဲ့ မျက်နှာက ကွက်ခနဲတစ်ချက်ပျက်သွားသည်။ဒါပေမဲ့ သိပ်မကြာလိုက်။ဆော့ဂျင် ဖုန်းထုတ်ဆက်နေတော့ ခေါင်းငုံ့ကာ ဖိနပ်အောက်က သစ်ရွက်ကြွေတစ်ချို့ကို ခပ်ဖွဖွ ကန်သည်။
"တောင်းပန်ပါတယ်..အစ်ကို့ကို နှောင့်ယှက်သလို ဖြစ်သွားလို့"
"မလိုဘူး..နောက်နေ့တွေလည်း ငါ့ကိုလိုက်မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ် "
"နှောင့်ယှက်ချင်တဲ့စိတ်နဲ့ အစ်ကို့နောက်ကို လိုက်ခဲ့တာမဟုတ်ပါဘူး... မြင်မြင်ချင်း ချစ်ခဲ့မိလို့"
"ယွန်းဂီကလည်း ကြာလိုက်တာ..မလာသေးဘူး"
သူပြောတာတွေကို နားမထောင်ဘဲ လက်က နာရီကိုငုံ့ကြည့်ကာ ညည်းညူမိတော့ မျက်နှာငယ်လေးနှင့်လိုက်ကြည့်သည်။ဘာပဲ ဖြစ်ဖြစ်..အပြတ်ရှင်းလိုက်မှဖြစ်မယ့် ကိစ္စ။နို့မို့ဆို နေ့တိုင်း အနောက်က လိုက်နေရင်မလွယ်ဘူး။
သိပ်မကြာလိုက်..
အနက်ရောင် ကားတစ်စီး သူတို့အနားကို ရောက်လာသည်။
"ဆော့ဂျင်..ဘာဖြစ်နေတာလဲ"
ကားပေါ်က ဆင်းလာသည့်လူက ဂျောင်ကုကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မှုန်ကုပ်ကုပ်နဲ့ပြောသည်။ယွန်းဂီဆိုတာ သူပဲ ဖြစ်လိမ့်မည်။
"ဘာမှမဟုတ်ပါဘူး...မင်းက လာကြိုတာနောက်ကျလိုက်တာ..သွားရအောင်"
ကားပေါ်တက်သွားတဲ့ အစ်ကိုက တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။ဘာတတ်နိုင်မလဲလေ။
ကားပြတင်းဘောင်ပေါ်က ခပ်သွယ်သွယ်လက်ချောင်းတွေကို တမေ့တမောလိုက်ငေးသည်။ကားတစ်စီးလုံး မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ဂျောင်ကု ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိတုန်း။
ဆံပင်ပေါ်က စိုစွတ်တဲ့ အထိအတွေ့နှင့်အတူ မိုးဖွဲလေးတွေ ကျလာသည်။ခပ်စိပ်စိပ်ကျလာသော မိုးရေတွေကြား တစ်ကိုယ်လုံးစိုရွှဲကုန်သည်။တက္ကစီတစ်စီးလှမ်းတားပြီး ကပျာကယာဝင်လိုက်ရသည်။မနေ့ညက မိုးရေတွေစိုနေတဲ့ အစ်ကို့မျက်တောင်တွေ အကြောင်း စဉ်းစားရင်း ပြုံးမိသည်။
မတော်တဆ ထိခိုက်ခဲ့မိတဲ့ ခလုတ်ကန်သင်းလေးတစ်ခုပါပဲ။ဒီရင်ထဲ ဒီလောက်ထိ လှုပ်ခတ်သွားမိမယ်လို့တော့ မထင်ခဲ့မိဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ခွပ်!!!"
အိမ်အဝင်ဝတွင် ရိပ်ကနဲကျလာသော လက်သီးတစ်ချက်နှင့်အတူ မေးရိုးတစ်လျှောက် ပူထူသွားသည်။နောက်ထပ်သုံးလေးချက် ကျလာသော လက်သီးချက်တွေနှင့်အတူ နှုတ်ခမ်းထောင့်စွန်းက ငံကျိကျိအရသာကိုပါ ခံစားရသည်။ပေါက်ပြဲသွားသော အောက်နှုတ်ခမ်းကို လက်ခုံနဲ့သုတ်ပစ်လိုက်ရင်း မီးဝင်းဝင်းတောက်နေသည့် အဖေ့မျက်လုံးတွေကို ရင်ဆိုင်သည်။
"မင်းမနက်က ကော်ဖီဆိုင်ရှေ့မှာ ဘာလုပ်ခဲ့လဲ"
"အဖေ့မိန်းမလေးကို ထိလို့ အတော်နာသွားလား"
"အရိုင်းအစိုင်းကောင်.."
ပြောလည်းပြော မေးရိုးတည့်တည့်ကို ပစ်ဝင်လာသော လက်သီးချက်ကို ရှောင်လို့ရပေမယ့် မရှောင်တိမ်းချင်တော့။လုပ်ပါစေ..ကြိုက်သလိုသာ စိတ်ရှိလက်ရှိ ထိုးချလိုက်ပါ အဖေ။ဟိုမိန်းမနဲ့ ဆက်ပြီး မပတ်သက်ရင်ပြီးရော။
"မင်းက ဘာကောင်မို့လို့ ဆိုရီကို သွားထိရတာလဲ..သူက ဘယ်လောက်သနားစရာကောင်းတဲ့ မိန်းကလေးလဲ သိလား။ရောဂါဖြစ်နေတဲ့ အမေအိုကြီးကို ပြုစုနေရတဲ့သူကွ"
"အဖေကရော သူ့ရဲ့ ဘယ်နှစ်ယောက်မြောက်ယောက်ျားလဲဆိုတာ သိလား"
"မင်း..ပါးစပ်ပိတ်ထား..ငါရွေးချယ်တဲ့အရာတွေကို ဝေဖန်ခွင့်မရှိသလို တားပိုင်ခွင့်လည်းမရှိဘူး"
"ဆက်လုပ်ပါ...အဖေကြိုက်သလို ဆက်လုပ်လိုက်..နာမည်ကြီးတရားသူကြီးတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လှည့်စားမှုကို ပျော်ပျော်ကြီးခံနေလိုက်။မှတ်ထားရမှာက အဲ့ဒီမိန်းမကို နောက်တစ်ခါ အဖေ့အနားမှာ ထပ်တွေ့တဲ့နေ့ အဲ့ဒီမိန်းမရဲ့ စျာပနနေ့ပဲ"
"ဒီအရွယ်အထိ ကျွေးမွေးပြုစုခဲ့တာတွေက ဒီလိုမိုက်မဲဖို့အတွက်လား ဂျောင်ကု..ဟမ်."
"ပြန်လိုက်တော့...ကျွန်တော်စကားပြောချင်စိတ်မရှိဘူး"
"ဒုန်း"
ခပ်ပြင်းပြင်းတံခါးဖွင့်သံနှင့်အတူ ဒေါသတကြီးထွက်သွားသည့် အဖေ။အကြင်နာတရား၊မေတ္တာတရားဆိုတာ ဘယ်လိုအရာလဲဆိုတာ ဂျောင်ကု မသိ။အဖေနဲ့ဆုံလိုက်တိုင်း ဒေါသတွေနာကျည်းမှုတွေက အမြစ်တွယ်ပေါက်ပွားသည်။
အခန်းတံခါးကို lock ချပြီး တံခါးရွက်တွေကိုမှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။မျက်နှာတစ်ပြင်လုံး ပူထူကျိန်းစပ်နေသည်။မျက်ခုံးတစ်ဖက်က ပိတ်လုနီးပါး ယောင်နေ၏။စပ်ဖျင်းဖျင်းဖြစ်နေသော အောက်နှုတ်ခမ်းကို လျှာနဲ့တစ်ချက်သပ်မိတော့ ငံကျိကျိ အရသာရှိနေတုန်း။သွေးမတိတ်သေးဘူး ထင်ပါရဲ့။
"ဝုတ်..ဝုတ်.."
ခြေထောက်နားက ရွစိရွစိခံစားချက်ကြောင့် ပိတ်နေသော မျက်လုံးတွေကိုအားယူဖွင့်သည်။အမွှေးဖွားဖွားနှင့်တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော ဂျောင်ကုအချစ်တော်ခွေးလေး 'Gureum' ။သူ့ကို မော့ကြည့်နေသော gureum လေး၏နားရွက်လေးတွေကို သပ်ပေးလိုက်ရင်း လက်ထဲပွေ့ထားလိုက်သည်။
"ငါ့အဖေ ငါ့ကိုဆက်ဆံတဲ့ပုံက မင်းကိုဆက်ဆံတာထက်တောင် ဆိုးသေးတယ်"
သူ့စကားကိုနားလည်သည့်ပုံနဲ့ gureumလေးကမျက်လုံးဝိုင်းလေးတွေကို မလှုပ်ရှားဘဲ မော့ကြည့်နေသည်။
တိတ်ဆိတ်နေသော ခြံဝန်းအတွင်း လိမ္မော်ရနံ့တွေသင်းပျံ့လာသည်။မှောင်မဲနေတဲ့ သစ်လုံးအိမ်လေးထဲမှာတော့ ခွေးလေးကို ရင်ဝယ်ပိုက်ထားတဲ့ကောင်လေးတစ်ယောက် ငြိမ်ငြိမ်လေးထိုင်နေ၏။
ပြတင်းပေါက်က တစ်စွန်းတစ်စ ကျရောက်နေသော လရောင်သည် အခန်းတွင်းသို့ ဝင်လာသည်။ကောင်လေးက မျက်လုံးတွေမှိတ်ထားဆဲပင်။
"မင်ဟို...ချွဲမင်ဟို...ဘယ်ရောက်နေပြီလဲ။အဲ့ဒီနေ့က မင်းမဟုတ်ဘဲ ငါသေခဲ့ရမှာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for your reading & voting.Riona☽︎
....Zawgyi _______
လိေမၼာ္ပင္မ်ားၾကားမွ ျဖတ္သန္းလာေသာ ေလျပည္သည္ ျပတင္းေပါက္က တစ္စုံတစ္ခုကို ေျဖးညႇင္းစြာ ႐ိုက္ခတ္သြားသည္။ေနေရာင္ျခည္မွ်င္တန္းတစ္ခုက လိပ္ျပာနတ္သမီးပုံ crystal လိုက္ကာႀကိဳးေပၚတြင္ ခဏတစ္ျဖဳတ္ ခိုနားေသာေၾကာင့္ အေရာင္တစ္မ်ိဳးေတာက္ပေနသည္။ေလတစ္ခ်က္တိုးလိုက္တိုင္း ထို crystal အ႐ုပ္ေလးေတြက တခြၽင္ခြၽင္ျမည္သံေပး၏။
အခန္းပိုင္႐ွင္ကေတာ့ Sofa bedေပၚက ေစာင္ပုံၾကားထဲမွာ လႈပ္လႈပ္႐ြ႐ြ႐ွိေနဆဲ။အခန္းတြင္းမွာ ပစၥည္းမ်ားမ်ားစားစားေတာ့မ႐ွိ။coffe table မီးခိုးေရာင္တစ္လုံး၊ေသာက္လက္စ ေကာ္ဖီခြက္၊လုံးေထြးေနေသာ အက်ီအထည္ရယ္ပဲ ႐ွိသည္။
"အား!!! ကြၽတ္...ကြၽတ္..."
တံေတာင္ဆစ္ေနရာက နာက်င္မႈေၾကာင့္ ႐ႈံ႕မဲ့သြား၏။ကပိုက႐ိုနဲ႔ဖြာလန္က်ဲေနေသာ ဆံပင္ေတြကို လက္နဲ႔သပ္တင္ၿပီး မ်က္လုံးႏွစ္ဖက္ကို လက္ဖေနာင့္နဲ႔ပြတ္သပ္သည္။တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းပါးပါးေအာက္က မွဲ႔နက္က တစ္မ်ိဳးဆြဲေဆာင္မႈ႐ွိသည္။ျခဳံထားေသာ ေစာင္ကိုခြာခ်လိုက္ၿပီး အေပၚပိုင္းဗလာအေနအထားနဲ႔ပင္ ေရခ်ိဳးခန္းထဲဝင္သည္။
ေရပိုက္ေခါင္းေအာက္မွာ ေရေတြကို လက္ခုံနဲ႔အျပည့္အေမာက္ ခံၿပီး မ်က္ႏွာတစ္ခုလုံး ႏွစ္ ထားလိုက္သည္။ျပန္ေမာ့လာေသာ မ်က္ႏွာထက္ ေရမႈန္ေရမႊားမ်ား ခိုတြဲေနသည္။ႏႈတ္ခမ္းပါးက ေ႐ွ႕ကိုစုကာ တ႐ႊီ႐ႊီနဲ႔ ေလခြၽန္ၿပီးကိုယ္လက္သန္႔စင္သည္။
"ေဂ်ာင္ကု...ႏိုးၿပီလား.."
အိမ္ေ႐ွ႕က အသံတစ္သံေၾကာင့္ ဦးေလးဂြၽန္ မနက္စာလာပို႔မွန္းသိလိုက္သည္။ဒီေနရာက ဦးေလးဂြၽန္ရဲ႕ လိေမၼာ္ျခံ။ဦးေလးက ေဂ်ာင္ကုေဖေဖရဲ႕ တစ္ဦးတည္းေသာ အစ္ကို။ေဂ်ာင္ကုက ျခံေထာင့္တစ္ေနရာကို အပိုင္သိမ္းပစ္ၿပီးေတာ့ သစ္လုံးအိမ္ေလးတစ္လုံးေဆာက္ၿပီး ေနတာျဖစ္သည္။
လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက လိေမၼာ္ျခံမွာပဲ အေနမ်ားသည္။ဆိုးလ္ၿမိဳ႕ေပၚက အိမ္ကေတာ့ သြားလိုက္တိုင္း အေဖနဲ႔တိုးေနတာမို႔ ေတာ္႐ုံတန္႐ုံ မျပန္ျဖစ္ေတာ့ေပ။အသက္႐ႈလိုက္တိုင္း လန္းဆန္းမႈကိုေပးသည့္ လိေမၼာ္ရနံ႔သင္းေနသည့္ ဒီျခံေလးက ေဂ်ာင္ကုရဲ႕ ခိုနားစရာ ရိပ္ျမဳံေလး။
"ကြၽန္ေတာ္...ဆိုင္မွာပဲ စားလိုက္ေတာ့မယ္ ဦးေလး"
"ေအာ္..ဒီကေလးေတာ့ အၿမဲ ဒီလိုပဲ"
"ညေနက်ရင္ မုန္႔ဝယ္လာခဲ့မယ္..ဉီးေလး.. ကြၽန္ေတာ္သြားၿပီ"
ဦးေလး ပခုံးကို ခပ္ဖြဖြဖ်စ္ရင္း ရယ္က်ဲက်ဲနဲ႔ အိမ္အျပင္ကိုထြက္လာသည္။တံေတာင္ဆစ္အထိေခါက္တင္ထားေသာ ႐ွပ္အက်ီနက္ျပာေရာင္၊style pant မီးခိုးေရာင္က လူၾကားထဲ ထင္းေနေအာင္ကို ေဂ်ာင္ကုနဲ႔လိုက္ဖက္လြန္းသည္။Helmet အနက္ကို ေဆာင္းၿပီး လက္စြဲေတာ္ ဆိုင္ကယ္ကိုစက္ႏိႈးၿပီးသည္ႏွင့္ လိေမၼာ္ျခံထဲက ထြက္လာခဲ့သည္။
မေန႔က မိုး႐ြာထားတဲ့အ႐ွိန္ေၾကာင့္ လမ္းေပၚက တစ္ခ်ိဳ႕ေနရာေတြမွာ စိုစြတ္ေနဆဲပင္။ဆိုင္ကယ္ကို အ႐ွိန္တင္လိုက္ေတာ့ လမ္းေဘးျမင္ကြင္းေတြက ရိပ္ကနဲ ေျပးလႊားၾကကုန္၏။
ဆိုးလ္ၿမိဳ႕အလယ္က ထိုင္ေနက် ေကာ္ဖီဆိုင္ေ႐ွ႕ေရာက္ေတာ့ ဆိုင္ကယ္ကို ရပ္သည္။ထုံးစံအတိုင္း ေလခြၽန္ၿပီး ဆိုင္ကယ္ေသာ့ကို လက္ညိႇဳးမွာစြပ္ကစားသည္။
ေထာင့္က်က် စားပြဲဝိုင္းမွာ ေနရာယူလိုက္ၿပီး black coffee တစ္ခြက္ကို စိမ္ေျပနေျပ ေသာက္သည္။မိုးေရေတြေၾကာင့္ မႈန္မိႈင္းေနတဲ့ မွန္တံခါးကိုျမင္ေတာ့ မေနႏိုင္မထိုင္ လက္နဲ႔ပြတ္မိသည္။အေငြ႕တစ္ေထာင္းေထာင္း ထ ေနတဲ့ ေကာ္ဖီကို အရသာခံေသာက္ၿပီး ဆိုင္အျပင္က လမ္းမေပၚကို တေမ့တေမာေငးသည္။
ဘဝဆိုတာ ဒါပါပဲ။ေပ်ာ္႐ႊင္စရာေတြ ဆိတ္သုဥ္းတာၾကာခဲ့ၿပီး ျဖစ္တဲ့ ေျခာက္ကပ္ကပ္ဘဝမွာ ေကာ္ဖီတစ္ခြက္ကို ေဟာဒီလို စိတ္ေအးလက္ေအးေသာက္ႏိုင္တာကပဲ ေက်နပ္စရာေကာင္းတာ။ေဟာ...ေျပာရင္းဆိုရင္း မိုးစက္ေတြေတာင္က်လာၿပီ။
ေဝါကနဲ သြန္ခ်သလို ႐ြာလိုက္တဲ့မိုးေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံး ေအးစက္စိုစြတ္သြားသည္။ေကာ္ဖီတစ္ခြက္လည္း ကုန္စင္သြားၿပီျဖစ္ေသာေၾကာင့္ က်သင့္တဲ့ေငြကို စားပြဲေပၚမွာခ်ၿပီး ဆိုင္အျပင္ကို ထြက္သည္။ရင္းႏွီးေနေသာ ဆိုင္႐ွင္ေကာင္ေလးက သူ႕ကို ျပဳံးျပေတာ့ မႈန္ကုတ္ကုတ္နဲ႔ ျပန္ၾကည့္ပစ္သည္။
"ဟင္! ဒါက ဟိုမိန္းမ မဟုတ္လား"
မ်က္ႏွာခ်င္းဆိုင္က လမ္းေပၚမွာ အသက္ခပ္ငယ္ငယ္ ေယာက်္ားတစ္ေယာက္၏ ခါးကိုဖက္ကာ ရယ္ေမာေပ်ာ္႐ႊင္ေနေသာ မိန္းကေလး။မေန႔ညကပဲ အေဖနဲ႔အတူ ပါလာတဲ့တစ္ေယာက္။အခုက်ေတာ့ တျခားတစ္ေယာက္နဲ႔ ကလူက်ီစယ္ေနတာျဖစ္သည္။
"အလကား!!! တကယ့္အမိႈက္ေတြ"
မျမင္ခ်င္ေယာင္ေဆာင္ၿပီး ကိုယ့္လမ္းကိုယ္သြားဖို႔လုပ္ေပမဲ့ မေန႔ညက အေဖ့မ်က္ႏွာကိုျမင္ေယာင္သြားေတာ့ ရင္ထဲမွာ ဖ်င္းကနဲ။ဆိုင္ကယ္လက္ကိုင္ေပၚက လက္ေတြကို ေဘာင္းဘီအိတ္ထဲ ေျပာင္းထည့္လိုက္ကာ ခပ္တည္တည္နဲ႔ ထိုစုံတြဲ႐ွိရာကို ေလွ်ာက္သြားသည္။
"ေဟ့....ဒီမွာ..ဒီမိန္းကေလးနဲ႔ ခင္ဗ်ားနဲ႔က..."
ေဂ်ာင္ကုအသံေၾကာင့္ ထိုမိန္းမက အေတာ္ေလးမူပ်က္သြားသည္။မတည္ၿငိမ္ေသာ မ်က္လုံးအၾကည့္ေတြက သူခိုးလူမိသြားသလို က်ီးကန္းေတာင္းေမွာက္ႏွင့္။
"ဟို...ဒါက..ဒါက..."
"ခင္ဗ်ား..က်ဳပ္အေဖကို ေငြရလို႔ ပတ္သက္ေနတာလား"
"မင္း...မိုက္႐ိုင္းလွခ်ည္လား "
ပါး႐ိုးေပၚ ဖ်တ္ကနဲက်လာေသာ လက္သီးခ်က္ကို ေ႐ွာင္လိုက္ကာ ထိုလူ႕ႏွာ႐ိုးတည့္တည့္ကို အားကုန္ထိုးခ်ပစ္လိုက္သည္။
"ေမာင္...ေမာင္...ေသြးေတြ"
ႏွာေခါင္းထဲက ေသြးေတြ ဒလေဟာက်လာေတာ့ ထိုမိန္းမက ပ်ာယာခတ္သြားကာ သူ႕ကို မ်က္ေထာင့္နီျဖင့္ ေမာ့ၾကည့္သည္။
"႐ွင္..မိုက္႐ိုင္းလွခ်ည္လား...ကိုယ္ထိလက္ေရာက္ လုပ္ဖို႔အထိလိုလို႔လား"
"အဟက္..အရင္လာ စ တာ ခင္ဗ်ားလူေလ"
"ေနာက္ထပ္တစ္ခါ က်ဳပ္အေဖ ေဘးနားမွာ ခင္ဗ်ားကိုထပ္ေတြ႕ရင္ ႏွစ္ေယာက္စလုံးကို သတ္ပစ္မယ္။က်ဳပ္အေဖနဲ႔ ထပ္မပတ္သက္နဲ႔..လူလိမ္မ"
"ဝမ္းနည္းစရာပဲ...႐ွင့္အေဖကလည္း ကြၽန္မမွ ကြၽန္မျဖစ္ေနတာ..ေနာက္ထပ္လည္း ႐ွင့္အေဖဆီက ယူလို႔ရသမွ် အကုန္ယူဦးမွာ"
ထိုမိန္းမ စကားကို အေရးမစိုက္သလို ျပဳံးလိုက္ရင္း ပါးေစာင္ကို လွ်ာျဖင့္ထိုးသည္။ထို႔ေနာက္ လက္ႏွစ္ဖက္ကို ဆန္႔ကာ အေၾကာေျဖသလို လုပ္လိုက္ရင္း..
"အင္းပါ...ဒါေပမဲ့ က်ဳပ္အေဖေဘးနားမွာ ထပ္ေတြ႕တဲ့ေန႔က ေနာက္ဘဝကိုသြားရမယ့္ေန႔လို႔ မွတ္ထားလိုက္..အဟက္.."
ေျပာၿပီးသည္ႏွင့္ ေနာက္ခိုင္းကာ ေကာ္ဖီဆိုင္ေ႐ွ႕ျပန္သြားေတာ့ ေနာက္ကစကားလုံးတစ္ခ်ိဳ႕က နားထဲဝင္လာသည္။
"ခ်စ္...သူက ဘယ္သူလဲ"
"အလကားပါ..ခ်စ္ရဲ႕စပြန္ဆာ အဘိုးႀကီးရဲ႕သား အ႐ိုင္းအစိုင္းေကာင္"
သြားေတြ အကုန္ကြၽတ္သြားေအာင္ ထိုးပစ္လိုက္ခ်င္သည့္ စိတ္က ေနာက္ထပ္တစ္ဖန္ ႏိႈးဆြလာျပန္သည္။သို႔ေသာ္ ေကာ္ဖီဆိုင္ေ႐ွ႕က ရိပ္ကနဲ အရိပ္တစ္ခုေၾကာင့္ ေဂ်ာင္ကု မ်က္လုံးေတြ ဝိုင္းသြားသည္။
႐ွပ္အက်ီ ႏို႔ႏွစ္ေရာင္အကြက္၊ေဘာင္းဘီ႐ွည္ နက္ျပာေရာင္ကို ဝတ္ဆင္ထားေသာ ခပ္သြယ္သြယ္လူတစ္ေယာက္။အျမင္အမွားဘူးဆိုလွ်င္..ေသခ်ာပါတယ္။ဒါ...ညက လမ္းမွာ ဆိုင္ကယ္နဲ႔တိုက္မလို ျဖစ္ခဲ့တဲ့လူ။
ၾကည့္ေနရင္းပင္ ထိုလူက ဘတ္စ္ကားတစ္စီးေပၚ တက္သြားသည္။အခြင့္အေရးကို လက္လြတ္မခံသည့္ ေဂ်ာင္ကုက သူ႕ေနာက္က ထပ္ၾကပ္မကြာပင္ လိုက္သည္။
စိတ္ကူးယဥ္တယ္ ေျပာေျပာ အ႐ူးထတယ္လို႔ပဲ ေျပာေျပာ အဲ့ဒီလူရဲ႕ အရိပ္ကေလးကို ျမင္ရင္ေတာင္ ရင္ခုန္သြားတာမ်ိဳး။သတိမထားမိခင္ေလးမွာပဲ ျပဳံးမိသြားတာမ်ိဳး။
ကားမွန္ကိုမွီၿပီး အျပင္ဘက္ကို ေငးေနတဲ့ အဲ့ဒီမ်က္ႏွာ။ေနာက္က တစ္ခုံေက်ာ္မွာ ထိုင္ေနေပမယ့္ လႈပ္႐ွားမႈ ေသးေသးေလးကအစ ျမင္ေနရသည္။
ခုနက ပူေလာင္တင္းက်ပ္ေနတဲ့ ေဒါသေတြဟာ မီးခဲကို ေရျဖန္းလိုက္သလို ေအးခ်မ္း ေပ်ာ္ျမဴးသြားသည္။
"ေခ်ာလိုက္တာ!!"
လႊတ္ကနဲ ပါးစပ္က ထြက္သြားၿပီးမွ ကိုယ့္ဘာသာဘရိတ္အုပ္ကာ သေဘာတက်ျပဳံးရသည္။ဒီအ႐ြယ္အထိ ရည္းစား တစ္ေယာက္မွ မထားဖူးဘူးဆိုလွ်င္ လိမ္ရာက်လိမ့္မည္။တြဲခဲ့သမွ် မိန္းကေလးေတြအကုန္လုံးက ေဂ်ာင္ကုဘက္က စ ၿပီး သေဘာက်တာမဟုတ္ဘဲ ခ်မ္းသာမႈေၾကာင့္ေရာ ႐ုပ္ရည္ေၾကာင့္ေရာ အတင္းခ်ဥ္းကပ္လာတဲ့သူက မ်ားသည္။၃ ရက္ထက္ ပိုမတြဲတတ္ေသာသူက ေက်ာင္းက မိန္းကေလးမ်ားၾကားထဲမွာ ice prince ဟု nickname ေပးရတဲ့အထိ နာမည္ႀကီးသည္။
ခဏေလးျမင္လိုက္ရတဲ့ အခ်ိန္တိုအတြင္းမွာ လူတစ္ေယာက္ကို ဒီေလာက္ ခ်စ္မိသြားမယ္လို႔ေတာ့ ဘယ္ထင္ခဲ့ပါ့မလဲ။
မ်က္ေတာင္႐ွည္မ်ား၏ အရိပ္က ေဘးတိုက္ျမင္ေနရေသာ ပါးျပင္တစ္ဖက္ေပၚက်ေရာက္သည္။သာမန္ထက္ ေဖာင္းအိေနေသာ ႏႈတ္ခမ္းေလးကို ျမင္လိုက္ရေတာ့ ရင္ထဲ ကတုန္တယင္ လိႈက္ေမာသြားရသည္။
ဘယ္မွတ္တိုင္ေတြ ေရာက္လို႔ ေရာက္မွန္းေတာင္မသိေတာ့ဘူး။ဒီလိုသာ တစ္ခ်ိန္လုံး ၾကည့္ခြင့္ရမယ္ဆိုရင္ ကမ႓ာတစ္ပတ္ ဘတ္စ္ကားစီးရမယ္ဆိုေတာင္ စီးႏိုင္တယ္။
မွတ္တိုင္တစ္ခုေ႐ွ႕အေရာက္ ကားက တုံ႔ခနဲ ရပ္သြားသည္။ခရီးဆုံးၿပီ ထင္ပါရဲ႕။လက္ထဲက ထီးအနက္ေရာင္တစ္ေခ်ာင္းကို ကိုင္ထားတာကလြဲရင္ ထိုသူ႕လက္ထဲ ဘာမွမ႐ွိ။
လူသြားလူလာ ခပ္က်ဲက်ဲသာ ႐ွိေနေသာ လမ္းမေပၚ ခပ္ေျဖးေျဖးေျခလွမ္းေတြနဲ႔ ေလွ်ာက္သည္။ေျခလွမ္းေတြ ျမန္လွ်င္ ေဂ်ာင္ကုက လိုက္ျမန္သည္။ခပ္ေႏွးေႏွးေလွ်ာက္လွ်င္ ေဂ်ာင္ကုကလည္း ေႏွးေႏွးေလွ်ာက္သည္။သူ႕ေ႐ွ႕က ေကာင္ေလးကသာ သတိမထားမိတာ။ေဂ်ာင္ကုကို သတိထားမိတဲ့ လမ္းသြားလမ္းလာ တစ္ခ်ိဳ႕ကေတာ့ ကြက္ၾကည့္ ကြက္ၾကည့္နဲ႔။
ကိုယ္ခ်စ္တဲ့သူေနာက္ကို ဒီလိုေလး တေကာက္ေကာက္လိုက္ေနရတာကိုက ေပ်ာ္ဖို႔ေကာင္းေနတာ။က်န္တဲ့သူေတြ ဘယ္လိုထင္ထင္ ဂ႐ုမစိုက္ဘူး။
ခဏၾကာေတာ့ ေ႐ွ႕က ေလွ်ာက္ေနသူက တစ္ခုခုကို သတိထားမိသြားဟန္တူသည္။႐ုတ္တရက္ ေျခလွမ္းေတြကို ရပ္ပစ္ကာ ေနာက္ကို ျပန္လွည့္ၾကည့္သည္။
"ဒီမွာ...မင္း ငါ့ေနာက္ကို ေနာက္ေယာင္ခံလိုက္ေနတာလား"
မ်က္ႏွာျမင္႐ုံမက အသံေလးပါ ၾကားလိုက္ေတာ့ ေဂ်ာင္ကုရင္ထဲ ပိုျမဴးသြားသည္။ရယ္က်ဲက်ဲနဲ႔ အနားေရာက္ေအာင္သြားရပ္သည္။
"မဟုတ္ဘူး.."
"မဟုတ္ရင္..ဘာလိုက္လုပ္တာလဲ"
"ခ်စ္လို႔.."
"ဘာ!!!႐ူးေနတာလား"
"အင္း ဟုတ္တယ္..႐ူးေနတာ.."
ပါးႏွစ္ဖက္လုံး ရဲသြားကာ ေျခလွမ္းေတြကို မွန္ေအာင္ဆက္ေလွ်ာက္သည္။ေနာက္က ထပ္ၾကပ္မကြာ လိုက္လာသူက အတင့္ရဲကာ ေဘးကိုေရာက္လာသည္။
"ကြၽန္ေတာ္႕ထက္အသက္ႀကီးမယ္လို႔ေတာ့ ထင္တယ္...အစ္ကိုလို႔ပဲ ေခၚမယ္ေနာ္"
ေဂ်ာင္ကုစကားေၾကာင့္ စိတ္႐ႈပ္သြားသည့္ ပုံစံနဲ႔ လက္ထဲက ထီးကိုက်စ္က်စ္ပါေအာင္ဆုပ္သည္။ဒီအ႐ြယ္ႀကီးေရာက္မွ လမ္းေပၚမွာ ရည္းစားစကားလိုက္ေျပာခံရတဲ့ အျဖစ္။ကင္ေဆာ့ဂ်င္ေရ..ကံဆိုးမႈေတြကေတာ့ ဆက္တိုက္ပဲ။မေန႔ညကလည္း ဆိုင္ကယ္တိုက္မလို ျဖစ္တယ္။အခုလည္း လမ္းသရဲတစ္ေကာင္ရဲ႕ ေႏွာင့္ယွက္မႈကို ခံရတယ္။
"မင္း..ဘာလို႔ ငါ့ေနာက္ေတာက္ေလွ်ာက္လိုက္ေနတာလဲ..မ႐ွက္ဘူးလား"
"ခ်စ္လို႔ လိုက္တာပဲ..မ႐ွက္ပါဘူး"
"ေတာက္!! မင္း..ငါ့ေနာက္ကို ဆက္လိုက္လာလွ်င္ လူၾကားထဲမွာပဲ ျဖစ္ေနပါေစ..ငါ ဆြဲထိုးမွာေနာ္"
"အဟက္!!! လုပ္ေလ..လက္သီးနဲ႔ထိုးလည္း ခံႏိုင္တယ္..အစ္ကို႔ကို ခ်စ္လြန္းလို႔ ေကာ္ဖီဆိုင္ေ႐ွ႕မွာကတည္းက ကားေပၚတက္လိုက္လာတာ"
ထိုစကားေၾကာင့္ ေဆာ့ဂ်င္ ေျခလွမ္းေတြ ရပ္တန္႔သြားကာ ထိုေကာင္ေလးကို ေသခ်ာၾကည့္မိသည္။ဆံပင္စတိုင္ ခပ္မိုက္မိုက္နဲ႔ လူေကာင္ထြားထြားေကာင္ေလးက မိမိထက္ ငယ္မွာေတာ့ ေသခ်ာသည္။ျပဳံးျပေနသည့္ ႏႈတ္ခမ္းပါးေတြမွာ ဟန္ေဆာင္ေကာက္က်စ္မႈေတြမပါ။မ်က္လုံးေတြကို အကဲခတ္လိုက္ေတာ့ ပကတိအျဖဴထည္အတိုင္းပင္။လမ္းသရဲမဟုတ္တာေတာ့ ေသခ်ာသည္။
"မင္းမွာ အရမ္းေတြ အခ်ိန္ပိုေနသလိုပဲ..မင္းနဲ႔ခင္မင္ဖို႔စိတ္ကူး ငါ့မွာလုံးဝမ႐ွိဘူး။ဒီလို အခ်ိန္ေတြကိုအလဟသ ျဖဳန္းတီးေနတဲ့ မင္းလိုလူမ်ိဳးေတြကို ငါသိပ္မုန္းတာ..မင္းျပန္လိုက္ေတာ့"
မာန႐ွိသည့္ လူတစ္ေယာက္ဆို အ႐ိႈက္ထိမယ့္ စကားလုံးေတြေပမယ့္ ေကာင္ေလးကေတာ့ ျဖဳံေတာင္မျဖဳံ။သြားေတြေပၚေအာင္ သေဘာအက်ႀကီးက်ကာ ရယ္ပင္ရယ္လိုက္ေသးသည္။
"ရယ္စရာပါလား"
"မဟုတ္ပါဘူး...အဲ့လိုေျပာေနပုံေလးကို အသည္းယားလို႔"
ထီးကိုင္ထားေသာ ေဆာ့ဂ်င္လက္ဖဝါးေတြ ေခြၽးေစးျပန္ခ်င္လာသည္။ဘယ္လိုေျပာေျပာ နာမည့္ပုံမေပၚ။အဲ့လိုလူေတြေလာက္ မုန္းတာ မ႐ွိေတာ့။မိဘလုပ္စားထိုင္စားၿပီး ေပြ႐ႈပ္ေနတဲ့ အလကားေကာင္ေတြ။႐ုပ္က ဘယ္ေလာက္ေျပာေျပာ အခ်ိဳးေျပသြားမယ့္႐ုပ္မဟုတ္ဘူး။အေၾကာတင္းတဲ့ေကာင္။
"ေကာင္းၿပီေလ...ယြန္းဂီကို ေခၚလိုက္႐ုံပဲ႐ွိေတာ့တာေပါ့"
"ယြန္းဂီက ဘယ္သူလဲ"
"ငါနဲ႔ မၾကာခင္လက္ထပ္မယ့္သူ"
ေတာက္ေလွ်ာက္ ရယ္ျပဳံးေနတဲ့ မ်က္ႏွာက ကြက္ခနဲတစ္ခ်က္ပ်က္သြားသည္။ဒါေပမဲ့ သိပ္မၾကာလိုက္။ေဆာ့ဂ်င္ ဖုန္းထုတ္ဆက္ေနေတာ့ ေခါင္းငုံ႔ကာ ဖိနပ္ေအာက္က သစ္႐ြက္ေႂကြတစ္ခ်ိဳ႕ကို ခပ္ဖြဖြ ကန္သည္။
"ေတာင္းပန္ပါတယ္..အစ္ကို႔ကို ေႏွာင့္ယွက္သလို ျဖစ္သြားလို႔"
"မလိုဘူး..ေနာက္ေန႔ေတြလည္း ငါ့ကိုလိုက္မေႏွာင့္ယွက္ဖို႔ ေမွ်ာ္လင့္ပါတယ္ "
"ေႏွာင့္ယွက္ခ်င္တဲ့စိတ္နဲ႔ အစ္ကို႔ေနာက္ကို လိုက္ခဲ့တာမဟုတ္ပါဘူး... ျမင္ျမင္ခ်င္း ခ်စ္ခဲ့မိလို႔"
"ယြန္းဂီကလည္း ၾကာလိုက္တာ..မလာေသးဘူး"
သူေျပာတာေတြကို နားမေထာင္ဘဲ လက္က နာရီကိုငုံ႔ၾကည့္ကာ ညည္းညဴမိေတာ့ မ်က္ႏွာငယ္ေလးႏွင့္လိုက္ၾကည့္သည္။ဘာပဲ ျဖစ္ျဖစ္..အျပတ္႐ွင္းလိုက္မွျဖစ္မယ့္ ကိစၥ။ႏို႔မို႔ဆို ေန႔တိုင္း အေနာက္က လိုက္ေနရင္မလြယ္ဘူး။
သိပ္မၾကာလိုက္..
အနက္ေရာင္ ကားတစ္စီး သူတို႔အနားကို ေရာက္လာသည္။
"ေဆာ့ဂ်င္..ဘာျဖစ္ေနတာလဲ"
ကားေပၚက ဆင္းလာသည့္လူက ေဂ်ာင္ကုကို ေျခဆုံးေခါင္းဆုံးၾကည့္ကာ မႈန္ကုပ္ကုပ္နဲ႔ေျပာသည္။ယြန္းဂီဆိုတာ သူပဲ ျဖစ္လိမ့္မည္။
"ဘာမွမဟုတ္ပါဘူး...မင္းက လာႀကိဳတာေနာက္က်လိုက္တာ..သြားရေအာင္"
ကားေပၚတက္သြားတဲ့ အစ္ကိုက တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ခဲ့ဘူး။ဘာတတ္ႏိုင္မလဲေလ။
ကားျပတင္းေဘာင္ေပၚက ခပ္သြယ္သြယ္လက္ေခ်ာင္းေတြကို တေမ့တေမာလိုက္ေငးသည္။ကားတစ္စီးလုံး ျမင္ကြင္းထဲက ေပ်ာက္သြားတဲ့အထိ ေဂ်ာင္ကု ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္ေနမိတုန္း။
ဆံပင္ေပၚက စိုစြတ္တဲ့ အထိအေတြ႕ႏွင့္အတူ မိုးဖြဲေလးေတြ က်လာသည္။ခပ္စိပ္စိပ္က်လာေသာ မိုးေရေတြၾကား တစ္ကိုယ္လုံးစို႐ႊဲကုန္သည္။တကၠစီတစ္စီးလွမ္းတားၿပီး ကပ်ာကယာဝင္လိုက္ရသည္။မေန႔ညက မိုးေရေတြစိုေနတဲ့ အစ္ကို႔မ်က္ေတာင္ေတြ အေၾကာင္း စဥ္းစားရင္း ျပဳံးမိသည္။
မေတာ္တဆ ထိခိုက္ခဲ့မိတဲ့ ခလုတ္ကန္သင္းေလးတစ္ခုပါပဲ။ဒီရင္ထဲ ဒီေလာက္ထိ လႈပ္ခတ္သြားမိမယ္လို႔ေတာ့ မထင္ခဲ့မိဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ခြပ္!!!"
အိမ္အဝင္ဝတြင္ ရိပ္ကနဲက်လာေသာ လက္သီးတစ္ခ်က္ႏွင့္အတူ ေမး႐ိုးတစ္ေလွ်ာက္ ပူထူသြားသည္။ေနာက္ထပ္သုံးေလးခ်က္ က်လာေသာ လက္သီးခ်က္ေတြႏွင့္အတူ ႏႈတ္ခမ္းေထာင့္စြန္းက ငံက်ိက်ိအရသာကိုပါ ခံစားရသည္။ေပါက္ၿပဲသြားေသာ ေအာက္ႏႈတ္ခမ္းကို လက္ခုံနဲ႔သုတ္ပစ္လိုက္ရင္း မီးဝင္းဝင္းေတာက္ေနသည့္ အေဖ့မ်က္လုံးေတြကို ရင္ဆိုင္သည္။
"မင္းမနက္က ေကာ္ဖီဆိုင္ေ႐ွ႕မွာ ဘာလုပ္ခဲ့လဲ"
"အေဖ့မိန္းမေလးကို ထိလို႔ အေတာ္နာသြားလား"
"အ႐ိုင္းအစိုင္းေကာင္.."
ေျပာလည္းေျပာ ေမး႐ိုးတည့္တည့္ကို ပစ္ဝင္လာေသာ လက္သီးခ်က္ကို ေ႐ွာင္လို႔ရေပမယ့္ မေ႐ွာင္တိမ္းခ်င္ေတာ့။လုပ္ပါေစ...ႀကိဳက္သလိုသာ စိတ္႐ွိလက္႐ွိ ထိုးခ်လိုက္ပါ အေဖ။ဟိုမိန္းမနဲ႔ ဆက္ၿပီး မပတ္သက္ရင္ၿပီးေရာ။
"မင္းက ဘာေကာင္မို႔လို႔ ဆိုရီကို သြားထိရတာလဲ..သူက ဘယ္ေလာက္သနားစရာေကာင္းတဲ့ မိန္းကေလးလဲ သိလား။ေရာဂါျဖစ္ေနတဲ့ အေမအိုႀကီးကို ျပဳစုေနရတဲ့သူကြ"
"အေဖကေရာ သူ႕ရဲ႕ ဘယ္ႏွစ္ေယာက္ေျမာက္ေယာက်္ားလဲဆိုတာ သိလား"
"မင္း..ပါးစပ္ပိတ္ထား..ငါေ႐ြးခ်ယ္တဲ့အရာေတြကို ေဝဖန္ခြင့္မ႐ွိသလို တားပိုင္ခြင့္လည္းမ႐ွိဘူး"
"ဆက္လုပ္ပါ...အေဖႀကိဳက္သလို ဆက္လုပ္လိုက္..နာမည္ႀကီးတရားသူႀကီးတစ္ေယာက္က မိန္းမတစ္ေယာက္ရဲ႕ လွည့္စားမႈကို ေပ်ာ္ေပ်ာ္ႀကီးခံေနလိုက္။မွတ္ထားရမွာက အဲ့ဒီမိန္းမကို ေနာက္တစ္ခါ အေဖ့အနားမွာ ထပ္ေတြ႕တဲ့ေန႔ အဲ့ဒီမိန္းမရဲ႕ စ်ာပနေန႔ပဲ"
"ဒီအ႐ြယ္အထိ ေကြၽးေမြးျပဳစုခဲ့တာေတြက ဒီလိုမိုက္မဲဖို႔အတြက္လား ေဂ်ာင္ကု..ဟမ္."
"ျပန္လိုက္ေတာ့...ကြၽန္ေတာ္စကားေျပာခ်င္စိတ္မ႐ွိဘူး"
"ဒုန္း"
ခပ္ျပင္းျပင္းတံခါးဖြင့္သံႏွင့္အတူ ေဒါသတႀကီးထြက္သြားသည့္ အေဖ။အၾကင္နာတရား၊ေမတၱာတရားဆိုတာ ဘယ္လိုအရာလဲဆိုတာ ေဂ်ာင္ကု မသိ။အေဖနဲ႔ဆုံလိုက္တိုင္း ေဒါသေတြနာက်ည္းမႈေတြက အျမစ္တြယ္ေပါက္ပြားသည္။
အခန္းတံခါးကို lock ခ်ၿပီး တံခါး႐ြက္ေတြကိုမွီကာ မ်က္လုံးေတြကို မွိတ္ထားလိုက္သည္။မ်က္ႏွာတစ္ျပင္လုံး ပူထူက်ိန္းစပ္ေနသည္။မ်က္ခုံးတစ္ဖက္က ပိတ္လုနီးပါး ေယာင္ေန၏။စပ္ဖ်င္းဖ်င္းျဖစ္ေနေသာ ေအာက္ႏႈတ္ခမ္းကို လွ်ာနဲ႔တစ္ခ်က္သပ္မိေတာ့ ငံက်ိက်ိ အရသာ႐ွိေနတုန္း။ေသြးမတိတ္ေသးဘူး ထင္ပါရဲ႕။
"ဝုတ္..ဝုတ္.."
ေျခေထာက္နားက ႐ြစိ႐ြစိခံစားခ်က္ေၾကာင့္ ပိတ္ေနေသာ မ်က္လုံးေတြကိုအားယူဖြင့္သည္။အေမႊးဖြားဖြားႏွင့္တစ္ကိုယ္လုံး ဆြတ္ဆြတ္ျဖဴေနေသာ ေဂ်ာင္ကုအခ်စ္ေတာ္ေခြးေလး 'Gureum' ။သူ႕ကို ေမာ့ၾကည့္ေနေသာ gureum ေလး၏နား႐ြက္ေလးေတြကို သပ္ေပးလိုက္ရင္း လက္ထဲေပြ႕ထားလိုက္သည္။
"ငါ့အေဖ ငါ့ကိုဆက္ဆံတဲ့ပုံက မင္းကိုဆက္ဆံတာထက္ေတာင္ ဆိုးေသးတယ္"
သူ႕စကားကိုနားလည္သည့္ပုံနဲ႔ gureumေလးကမ်က္လုံးဝိုင္းေလးေတြကို မလႈပ္႐ွားဘဲ ေမာ့ၾကည့္ေနသည္။
တိတ္ဆိတ္ေနေသာ ျခံဝန္းအတြင္း လိေမၼာ္ရနံ႔ေတြသင္းပ်ံ႕လာသည္။ေမွာင္မဲေနတဲ့ သစ္လုံးအိမ္ေလးထဲမွာေတာ့ ေခြးေလးကို ရင္ဝယ္ပိုက္ထားတဲ့ေကာင္ေလးတစ္ေယာက္ ၿငိမ္ၿငိမ္ေလးထိုင္ေန၏။
ျပတင္းေပါက္က တစ္စြန္းတစ္စ က်ေရာက္ေနေသာ လေရာင္သည္ အခန္းတြင္းသို႔ ဝင္လာသည္။ေကာင္ေလးက မ်က္လုံးေတြမွိတ္ထားဆဲပင္။
"မင္ဟို...ခြၽဲမင္ဟို...ဘယ္ေရာက္ေနၿပီလဲ။အဲ့ဒီေန႔က မင္းမဟုတ္ဘဲ ငါေသခဲ့ရမွာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for your reading & voting.Riona☽︎
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



