~ 1 ~
16:39, 17 July 2021Unicode_________
ရွက်ဝါကြွေများ ပြန့်ကျဲနေသော လမ်းမထက်တွင် လူသွားလူလာက ခပ်ကျဲကျဲသာ ရှိသည်။MV Agusta ဆိုင်ကယ်၏ အရှိန်ကြောင့် ရွက်ကြွေများ လွင့်ကုန်သည်။လမ်းဘေးပတ်ဝန်းကျင် မြင်ကွင်းသည် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
"ဝူး......"
ဆိုင်ကယ်သံပြင်းပြင်းကြောင့် လူတွေ တွန့်ကနဲ လန့်ကုန်၏။ထိုအခါမျိုးတွင် Helmet အောက်က နှုတ်ခမ်းတစ်စုံသည် ကျေနပ်သည့် မဲ့ပြုံးတစ်ခုကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။အရှိန်ကိုကား အနည်းငယ်မျှ လျှော့ဖို့ အစီအစဉ်မရှိ။ဆိုင်ကယ်လက်ကိုင်ပေါ်က လက်တစ်စုံသည် တင်းကျပ်သွားပြီးသည့်နောက် အနက်ရောင် ဆိုင်ကယ်သည် လမ်းမထက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"သခင်လေး...ပြန်လာပြီလား"
အိမ်အကူအဒေါ်ကြီး၏ စကားကို သူက နားမထောင်။ရွှီကနဲ လေချွန်ကာ Helmetကို ချွတ်သည်။ဖွာလန်ကျဲသွားသော ဆံပင်များကို ဘယ်ညာယမ်းလိုက်ရင်း နဖူးပေါ်ကို သပ်တင်သည်။under cut hair styleကြောင့် နဖူးပေါ်နေသည့် မေးရိုးထင်းထင်း မျက်နှာကျသည် ရုပ်လုံးပေါ်လာသည်။ဆိုင်ကယ်သော့ကို လက်ညှိုးမှာ စွပ်ကစားရင်း အိမ်ထဲသို့ ဝင်သည်။
အပေါ်ထပ်တစ်နေရာက မီးလင်းနေသော အခန်းကြောင့် သူ့မျက်ခုံးတွေ အလိုလိုတွန့်ချိုးသွားသည်။လက်ထဲက helmet ကို ဆိုဖာထိုင်ခုံပေါ် လွှင့်ပစ်သည်။
သူ့နောက်က တစ်ချိန်လုံး လိုက်နေရှာသော အဒေါ်ကြီးက စိုးရိမ်နေသည့် အမူအရာနဲ့ တစ်စုံတစ်ခုကိုပြောဖို့ ပြင်သည်။
"ဟို...ဟို....သခင်လေး....သခင်လေးရဲ့ အဖေ...ရောက်နေတယ်"
"ဘာ!!"
ရုတ်တရက် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် မီးလင်းနေသော အပေါ်ထပ်က အခန်းဆီကို အပြေးအလွှားတက်သည်။Lockချမထားသော တံခါးကို ဒေါသတကြီးနှင့် ဆတ်ကနဲဆွဲဖွင့်သည်။
"ဟင်!!. .သား..ဂျောင်ကု"
"အို.."
ထင်တဲ့အတိုင်းပါပဲ။
သူ့အရွယ်နဲ့မတိမ်းမယိမ်း မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ထားသော အသက် ၅၀ခန့်ယောကျ်ားကြီးတစ်ဦး။တိတိကျကျ ပြောရရင် ဆိုးလ်မြို့ တရားရုံးတော်ရဲ့ တရားသူကြီး "ဂျွန်ဂျယ်အင်း"။
"ဘာလာလုပ်တာလဲ..."
သူ့အော်သံကြောင့် ထိုမိန်းကလေးက ဆတ်ကနဲတုန်သွားကာ မျက်နှာအောက်ငုံ့သွားသည်။ဖရိုဖရဲဖြစ်နေသော အကျီအနေအထားကို ပြန်ပြုပြင်ရင်း ထိုလူက ထရပ်သည်။
"ဘာလာလုပ်ရမလဲ...ကိုယ့်သားဆီလာတာလေ..ဘာလဲ မလာရဘူးလား"
အသက် ၅၀ ဟုမထင်ရလောက်အောင် နုပျိုနေဆဲ အဖေ့ကို ကြည့်ရင်း ဂျောင်ကု မဲ့ပြုံးပြုံးသည်။ထို့နောက် လက်ညှိုးဖြင့် နားထဲကို ထိုးထည့်လိုက်ပြီးမျက်နှာကိုရှုံ့ကာ ပခုံးတွန့်ပြသည်။
"အဟက်...သားလို့မခေါ်ပါနဲ့၊နားထဲ ကျလိကျလိနဲ့"
"မင်း...ငါ့ကို အရွဲ့မတိုက်နဲ့ ဂျွန်ဂျောင်ကု။ဘယ်လိုပဲ ဖြစ်နေပါစေ။မင်းက ငါ့သားဆိုတဲ့ အမှန်တရားက ပြောင်းလဲမသွားဘူး"
ဂျောင်ကုက ဂရုမစိုက်သည့် ပုံစံဖြင့် ကုတင်ပေါ်က မိန်းကလေးဆီသို့ သွားသည်။မျက်နှာအောက်ငုံ့ထားသော ထိုမိန်းကလေးကို မေးစေ့အောက်ကနေ ဆွဲမော့စေလိုက်သည်။ရွှန်းရွှန်းစားစားအကြည့်တွေနှင့် ကြည့်ရင်း မချိုမချဉ်မျက်နှာပေးနှင့် မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"ဒါက... အမေအသစ်လေးလား...မဆိုးပါဘူး"
"မင်း... မိုက်ရိုင်းလှချည်လား ဂျွန်ဂျောင်ကု "
ဒေါသထွက်နေသော ဖအေလုပ်သူကို ကြည့်ရင်း ဂျောင်ကုက တဟားဟား အော်ရယ်သည်။ထို့နောက် tissue boxထဲက tissue တစ်စကို ဆွဲထုတ်လိုက်ရင်း သူ့လက်ဖဝါးနှစ်ဖက်ကို တစ်ခုခုပေသွားသလို အကဲပိုပြရင်း သုတ်သည်။
"ကြည့်စမ်းပါဦး....ကျွန်တော့်လက် ညစ်ပတ်သွားပြီ။ဒီအခန်းက ရွံစရာ အပြည့်ပဲ..ထွီ."
"ဂျွန်ဂျောင်ကု...ငါကြည့်နေတာ အကောင်းမှတ်မနေနဲ့...အခု ဖအေ့သိက္ခာကို ချနေတာလား။မင်းလို ပြဿနာကောင်ကို မမွေးခဲ့မိရင် ကောင်းမယ်"
ဂျောင်ကုက ဘာတစ်ခွန်းမှ ထပ်မပြော။သုတ်လက်စ tissue စ ကို ခြေထောက်အောက်မှာ နင်းချေလိုက်ရင်း နံရံပေါ်က ဓာတ်ပုံကိုကြည့်သည်။တရားသူကြီးဝတ်စုံပြည့်ဖြင့် ပြုံးနေသော အဖေ။
"အဟက်...ဘာတဲ့...စိတ်နှလုံးပြည့်ဝတဲ့ တရားသူကြီးဆိုလားပဲ"
အံကြိတ်ပြီး ဝါးစားမတတ် ကြည့်နေသည့် သူ့အဖေမျက်လုံးတွေကို ပြုံးပြီးစိုက်ကြည့်သည်။မေးကြောတွေ ထောင်ထတဲ့အထိ ဒေါသကြီးနေတဲ့ အဖေ့ပုံကို မြင်ရလေ ပျော်ရွှင်ရလေ။
"စာလုံးပေါင်းတွေ မှားနေတယ်...တကယ်ဆိုရင် ဥပဒေကို အသုံးချပြီး တစ်စုံတစ်ယောက်ကို သေစေခဲ့တဲ့ တ-ရား-သူ-ကြီး"
"မင်း...မင်း...တော်တော့..ဟေ့ကောင်"
အနာပေါ်တုတ်ကျသွားဟန်တူသော အဖေရဲ့ ဒေါသက ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာသည်။သူ့အကျီစကို ဆွဲဆုပ်လိုက်ရင်း လက်သီးနဲ့ ထိုးဖို့ပြင်သည်။ဂျောင်ကုက ရုန်းလည်း မရုန်းသလို မျက်နှာလည်း တစ်ချက်ပျက်မသွား။အထိုးခံဖို့ အသင့်အနေအထားရှိသည့် ပုံစံနှင့် ပါးတစ်ဖက်ကို ခံပေးသည်။
"လုပ်လေ...လုပ်ပါ...အနည်းဆုံးတော့ အဖေ့ဆီက အထိုးခံဖူးတာပေါ့"
"တောက်!!!မင်း..သောက်ကြောတင်းတဲ့ကောင်"
ဂျွန်ဂျယ်အင်းက ကြိတ်မနိုင်ခဲမရနှင့် ခပ်ပြင်းပြင်း တက်ခေါက်သည်။လက်ထဲက ဆွဲဆုပ်ထားသော ဂျောင်ကု အကျီစကို လျှော့ပေးလိုက်ရင်း အသက်ကို ပြင်းပြင်းရှုသည်။
"ဒါဆို အဖေ့ကိစ္စကို ဆက်လိုက်ပါဦး။ဒီလို အညှီအဟောက်တွေရှိတဲ့နေရာမှာ ကျွန်တော်ကတော့ တစ်စက္ကန့်တောင် မနေနိုင်ဘူး"
"ဂျွန်ဂျောင်ကု...ငါ ဒီအိမ်ကိုလာတိုင်း မင်းနဲ့ငြိမ်းချမ်းမှုလိုချင်လို့ ပြန်လာတာ...ရှေ့လျှောက် ငါတို့သားအဖ ချစ်ချစ်ခင်ခင် နေသွားကြရအောင်လေ"
"Wow!!! Amazing!! ပြေလည်ချင်လို့တဲ့လား..sorry. ..ကျွန်တော့်ဘက်က ပြန်ပြေလည်ဖို့အစီအစဉ်မရှိဘူး"
တံခါးကို ဒုန်းကနဲ မြည်အောင်ဆွဲပိတ်လိုက်ပြီး အောက်ထပ်ကို ပြန်ဆင်းသည်။ထုံးစံအတိုင်း အဖေ့ ဆဲဆိုမှုတွေက နားနှင့်မဆံ့အောင် ကပ်ပါလာသည်။
"ခွေးကောင်!. ..သောက်ကြောတင်းတဲ့ကောင်!!!"
ဆိုဖာပေါ်က Helmet ကို ပြန်ဆောင်းလိုက်ရင်း အိမ်ရှေ့မှာ ရပ်ထားသည့် ဆိုင်ကယ်ဆီသို့ သူ့ခြေလှမ်းတွေ ဦးတည်သည်။တစ်ချိန်လုံး အခြေအနေကို နားစွင့်နေဟန်တူသော အဒေါ်ကြီးက မျက်နှာမကောင်း။တစ်ခုခုကို စိတ်ပိုင်းဖြတ်ပြီးလျှင် မရရအောင်လုပ်တတ်သည့် ဂျောင်ကုကို မဟန့်တားရဲပေ။
အပြင်မှာ မိုးတွေ တဖြောက်ဖြောက်ရွာလာသည်။
"သခင်လေး...သခင်လေး..ညဉ့်နက်နေပြီ..ဘယ်ကိုလဲဟင်"
သူ့အမေးကို မဖြေဘဲ ဆိုင်ကယ်ကို ကမူးရှုးထိုး မောင်းထွက်သွားသည့် သခင်လေးကို ကြည့်ပြီး စိတ်ထဲမကောင်း။သူ ဒီအိမ်ကိုရောက်လာတဲ့ ၁၀နှစ်မှာ အစပိုင်းကတော့ ပျော်စရာအပြည့်ဖြစ်သည်။လွန်ခဲ့သော ၂ နှစ်လောက်က စပြီး သားအဖဆက်ဆံရေးက တစ်နေ့တစ်ခြားဆိုးဝါးလာခဲ့တာ။မိတဆိုးလေး ဂျောင်ကုကို ဘယ်လောက်ဆိုးဆိုး အဒေါ်ကြီးက နည်းနည်းလေးတောင် မငြိုငြင်မိပေ။
အခုလည်းကြည့်...ဖအေလုပ်သူရှေ့မှာသာ မခန့်လေးစား အကြောတင်းတဲ့ ပုံစံလုပ်နေတာ။helmetဆောင်းနေတဲ့ သခင်လေးရဲ့ မျက်လုံးမှာ မျက်ရည်တွေ အပြည့်နဲ့။
"အင်း...ချမ်းသာတဲ့လူတွေမှာလည်း ဒုက္ခကိုယ်စီနဲ့ပါလား။ဘယ်တော့မှများ အရင်လို ပြန်အဆင်ပြေမယ်မသိပါဘူး"
အဒေါ်ကြီးက တွေးတွေးဆဆပြောလိုက်ရင်း သူ့အခန်းလေးထဲ ပြန်ဝင်သွားသည်။အိမ်ကြီးကတော့ ညအမှောင်ကြားထဲ ပြန်လည်တိတ်ဆိတ်သွားသည်။
ရွာနေသော မိုးနှင့်အပြိုင် အရှိန်ပြင်းပြင်းမောင်းနေသော လမ်းမထက်က ဆိုင်ကယ်တစ်စီး။ထိုဆိုင်ကယ်ပေါ်က ကောင်လေးရဲ့ မျက်ဝန်းမှာလည်း မိုးရေလား၊မျက်ရည်လား မခွဲခြားနိုင်အောင် မှုန်ဝါးနေခဲ့သည်။
တစ်စ တစ်စ ပြင်းထန်လာသော မိုးရေပေါက်တွေက တစ်ကိုယ်လုံးစက်စက်ကျလောက်အောင် သဲကြီးမဲကြီးရွာသည်။အထက်ကောင်းကင်ယံတွင်ဝင်းခနဲလက်ခနဲ ဖြာသွား၏။အဆောက်အဦးများစွာကို ဖြတ်ကျော်လာပြီးသည့်နောက် မြို့အစွန်ဘက်ရောက်ရှိလာသည်။
Helmetပေါ်က မိုးရေစက်တွေကြောင့် အမြင်အာရုံက မှုန်ဝါးဝါးနှင့်။လက်နဲ့တစ်ချက်သပ်လိုက်ရင်း လီဗာကို အရှိန်လျော့လိုက်သည်။သူ ဦးတည်နေသော နေရာကိုရောက်ဖို့က အတော်ဝေးသေးသည်။လျှပ်စီးလက်နေသော ပတ်ဝန်းကျင်တွင် လူ အသွားအလာသိပ်မရှိတော့။
"ဟာ!!!ဟေ့..ဟေ့.."
လမ်းအချိုးတစ်ခုရောက်လျှင် ဆိုင်ကယ်အရှေ့မှ မဲမဲသဏ္ဍာန်တစ်ခု ဘွားကနဲ ဖြတ်ပြေးသည်။ရုတ်တရက်မို့ မထိန်းနိုင်တော့ဘဲ ဆိုင်ကယ်ရောလူရော လမ်းမပေါ် ပစ်ကျသွားသည်။မိုးရေတွေနဲ့မို့ အရှိန်က မသေးလှ။တစောင်းကျသွားသော ခန္ဓာကိုယ်တစ်ခုလုံး၏ အားကို လက်မောင်းတစ်ဖက်တည်းနဲ့ ထောက်လိုက်သောကြောင့် နာကျင်မှုက ဆစ်ကနဲ။
အရှိန်မသေသေးသည့် ဆိုင်ကယ်ဘီးများသည် မိုးရေများကြားထဲတွင် လည်နေသေးသည်။ခေါင်းက helmet ကို ဆွဲချွတ်လိုက်ပြီး လွှင့်ပစ်သည်။အရှိန်ပြင်းလှသောကြောင့် တော်တော်နှင့် မထနိုင်။တံတောင်ဆစ်က သွေးစို့လာသော အခါတွင်တော့ ထိုမဲမဲသဏ္ဍာန်က သူ့ဆီသို့ တရွေ့ရွေ့ရောက်လာသည်။
"ဖျပ်..ဖျပ်..ဖျပ်"
ရှုံ့မဲ့နေသည့်ကြားက ခြေသံပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ခြေဖျားထိဖုံးနေသော မိုးကာအကျီ အနက်ရောင်ကြီးကို ဝတ်ထားသည့် လူတစ်ယောက်။ခေါင်းစွပ်ပါ စွပ်ထားသောကြောင့် မျက်နှာကို သဲသဲကွဲကွဲမမြင်ရပေ။လက်နှစ်ဖက်က ထိတော့မလို ကိုင်တော့မလိုနှင့် စိတ်လှုပ်ရှားနေပုံရသည်။
"တောက်!!! ဆိုင်ကယ်အနားရောက်မှ ဘာလို့ ဖြတ်ပြေးရတာလဲ..သေချင်နေတာလား"
စိတ်တိုတိုနဲ့ အသံကုန်အော်ပြီး ကျန်လက်တစ်ဖက်ကို အားပြုကာ ထ ရပ်သည်။ထိုသူနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် ရပ်လိုက်ပြီး တံတောင်ဆစ်ပေါ်သည်အထိ အကျီလက်ကို ဆွဲတင်သည်။ဂျောင်ကု လုပ်သမျှကို မိုးကာအကျီဝတ်လူက ကျောက်ရုပ်တစ်ရုပ်လို ရပ်ကြည့်သည်။
ဘာလဲကွ..လူတော့ ဟုတ်ပါတယ်နော်။စကားလည်း မပြောဘူး...ထူးဆန်းလှချည်လား။
သူ့မျက်ခုံးတွေ တွန့်ချိုးသွားကာ မိုးကာခေါင်းစွပ်အောက်က မျက်နှာကို အမိအရလိုက်ကြည့်သည်။ထိုအခိုက်မှာပင်...
ရုတ်တရက်ဆန်စွာ ဘေးကပ်နေသော လက်နှစ်ဖက်က လှုပ်ရှားလာသည်။ဘာတစ်ခွန်းမှ မပြောလိုက်ရသေးခင် သူ့ရင်ဘတ်ကို အသားကုန်တွန်းပစ်ပြီး ထွက်ပြေးသည်။
"အား.."
ခုနက နာထားသော လက်တစ်ဖက်နဲ့ပင် မြေကြီးပေါ်ထောက်ကျသွားတော့ နာကျင်မှုက အသည်းခိုက်မတတ်။ထိန်းချုပ်မရသော ဒေါသက ရင်ဘတ်တစ်ခုလုံး ဆောင့်တက်လာသည်။
နည်းနည်းလွန်တယ်လို့ မထင်ဘူးလား။တကယ်ဆို တောင်းပန်စကားတစ်ခွန်းတော့ ပြောဖို့ကောင်းတယ်။အခုတော့ ဒဏ်ရာရနေတဲ့လူကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတွန်းလိုက်သေး။လူတွေအကုန်လုံး ဘာဖြစ်ချင်နေကြတာလဲ..တစ်ယောက်မှကို အချိုးမပြေဘူး။
ခပ်ဝေးဝေးမရောက်သေးတာမို့ နောက်ကနေ အပြေးလိုက်သည်။ဆံပင်ပေါ်က မိုးရေစက်တွေက မေးစေ့အောက် စီးကျသည်။သူ့တစ်ကိုယ်လုံးလည်း စက်စက်ကျနေပြီ။
လက်တစ်ကမ်းအလိုရောက်တော့ မိုးကာခေါင်းစွပ်ကို ဂုတ်ကနေ ဆွဲချွတ်ပစ်လိုက်သည်။ထို့နောက် ပခုံးတစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲလှည့်သည်။ဂျွန်ဂျောင်ကုဆိုတာ ကိုယ့်ကိုတစ်ချက်ထိရင် ဆယ်ဆလောက် ပြန်တုံ့ပြန်တတ်သည့် လူစား။လက်သီးဆုပ်ထဲ ရှိသမျှအားကုန်သွင်းကာ လှည့်လာမည့် မျက်နှာကို ထိုးလိုက်ဖို့ အသင့်အနေအထားနှင့်။
"မင်း..ဘာလို့..."
ကြိတ်မနိုင် ခဲမရဖြစ်နေသော ဒေါသစကားလုံးတို့က မိုးရေထဲမှာပင် တစ်ဝက်တစ်ပျက် ပျောက်ကွယ်သွားသည်။
ဒီဘက်လှည့်လာသော မျက်နှာက ကြောက်ရွံနေသည်လည်း မဟုတ်၊အံ့သြနေသည်လည်း မဟုတ်ပေ။မျက်တောင်ထိပ်ဖျားက ခိုသီးနေသော မိုးရေဥတွေက သစ်ရွက်ပေါ်က နှင်းရည်တွေလို ဖျတ်ကနဲ လျောကျသွားသည်။ပါးနှစ်ဖက်က သိသိသာသာ ပန်းရောင်သန်းသည်။သာမန်ထက် ထူရဲသော နှုတ်ခမ်းနှစ်လွှာသည် တစ်စုံတစ်ခုကို ပြောတော့မည့်အတိုင်း လှုပ်လှုပ်ရွရွနှင့်။
အထူးခြားဆုံးက မျက်ဝန်းတွေ။သူ့ကို ပြန်ကြည့်နေသည့် မျက်ဝန်းတွေကို သားရဲတစ်ကောင်လို စူးစူးရဲရဲရှိလှသည်။ဖျတ်ကနဲ လက်သွားသော လျှပ်စီးရောင်အောက်မှာ မျက်လုံးအစုံက အားမာန်အပြည့်။
"မင်းလက်ကို ဖယ်ပေး"
အသံက သြရှရှပေမယ့် ကရုဏာသံလိုမျိုး။
အညှို့ခံရသောလူတစ်ယောက်လို တခြားဘာကိုမှ မတွေးနိုင်တော့။ထိုသူပြောသည့် အတိုင်းပင် အကျီစကို လွှတ်ပေးလိုက်မိသည်။ရွယ်ထားသော လက်သီးဆုပ်သည် လေထဲမှာပင် ရပ်တန့်သည်။
လွှတ်ပေးလိုက်သည်နှင့် ယုန်ကလေးတစ်ကောင်လိုဂျောင်ကု မြင်ကွင်းထဲက အပြေးအလွှား ပျောက်ကွယ်သည်။ကျန်နေခဲ့သည့်သူမှာတော့ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်ရှားနိုင်သေးပေ။
ဘယ်သူဘယ်ဝါမှန်း မသိလိုက်ခင်မှာပဲ ကိုယ့်နှလုံးသားကို အပိုင်သိမ်းသွားမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။
အဲ့ဒီမျက်ဝန်းတွေကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ ထိထိရှရှလေး ရင်ထဲနွေးသွားတယ်။
အေးစက်နေတဲ့ နှလုံးသားအပေါ်လေငွေ့လေး ဖြတ်တိုက်သွားသလိုမျိုးပဲ
ရင်ခုန်သံဆိုတာ...ဒီလို စ ခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
1.1.2021 မှာ ဒီခရီးလေးကို စ လိုက်ပါပြီ❣
စာဖတ်သူများအားလုံး နှစ်သစ်မှာကျန်းမာပျော်ရွှင်ကြပါစေရှင့်🎆☘💐
Thanks for your reading and voting .Riona☽︎........Zawgyi_______
႐ြက္ဝါေႂကြမ်ား ျပန္႔က်ဲေနေသာ လမ္းမထက္တြင္ လူသြားလူလာက ခပ္က်ဲက်ဲသာ ႐ွိသည္။MV Agusta ဆိုင္ကယ္၏ အ႐ွိန္ေၾကာင့္ ႐ြက္ေႂကြမ်ား လြင့္ကုန္သည္။လမ္းေဘးပတ္ဝန္းက်င္ ျမင္ကြင္းသည္ ရိပ္ခနဲ ျဖတ္ေျပးသြားသည္။
"ဝူး......"
ဆိုင္ကယ္သံျပင္းျပင္းေၾကာင့္ လူေတြ တြန္႔ကနဲ လန္႔ကုန္၏။ထိုအခါမ်ိဳးတြင္ Helmet ေအာက္က ႏႈတ္ခမ္းတစ္စုံသည္ ေက်နပ္သည့္ မဲ့ျပဳံးတစ္ခုကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးသည္။အ႐ွိန္ကိုကား အနည္းငယ္မွ် ေလွ်ာ့ဖို႔ အစီအစဥ္မ႐ွိ။ဆိုင္ကယ္လက္ကိုင္ေပၚက လက္တစ္စုံသည္ တင္းက်ပ္သြားၿပီးသည့္ေနာက္ အနက္ေရာင္ ဆိုင္ကယ္သည္ လမ္းမထက္တြင္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။
"သခင္ေလး...ျပန္လာၿပီလား"
အိမ္အကူအေဒၚႀကီး၏ စကားကို သူက နားမေထာင္။႐ႊီကနဲ ေလခြၽန္ကာ Helmetကို ခြၽတ္သည္။ဖြာလန္က်ဲသြားေသာ ဆံပင္မ်ားကို ဘယ္ညာယမ္းလိုက္ရင္း နဖူးေပၚကို သပ္တင္သည္။under cut hair styleေၾကာင့္ နဖူးေပၚေနသည့္ ေမး႐ိုးထင္းထင္း မ်က္ႏွာက်သည္ ႐ုပ္လုံးေပၚလာသည္။ဆိုင္ကယ္ေသာ့ကို လက္ညိႇဳးမွာ စြပ္ကစားရင္း အိမ္ထဲသို႔ ဝင္သည္။
အေပၚထပ္တစ္ေနရာက မီးလင္းေနေသာ အခန္းေၾကာင့္ သူ႕မ်က္ခုံးေတြ အလိုလိုတြန္႔ခ်ိဳးသြားသည္။လက္ထဲက helmet ကို ဆိုဖာထိုင္ခုံေပၚ လႊင့္ပစ္သည္။
သူ႕ေနာက္က တစ္ခ်ိန္လုံး လိုက္ေန႐ွာေသာ အေဒၚႀကီးက စိုးရိမ္ေနသည့္ အမူအရာနဲ႔ တစ္စုံတစ္ခုကိုေျပာဖို႔ ျပင္သည္။
"ဟို...ဟို....သခင္ေလး....သခင္ေလးရဲ႕ အေဖ...ေရာက္ေနတယ္"
"ဘာ!!"
႐ုတ္တရက္ သူ႕ေျခလွမ္းေတြ ရပ္တန္႔သြားသည္။လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီးေနာက္ မီးလင္းေနေသာ အေပၚထပ္က အခန္းဆီကို အေျပးအလႊားတက္သည္။Lockခ်မထားေသာ တံခါးကို ေဒါသတႀကီးႏွင့္ ဆတ္ကနဲဆြဲဖြင့္သည္။
"ဟင္!!. .သား..ေဂ်ာင္ကု"
"အို.."
ထင္တဲ့အတိုင္းပါပဲ။
သူ႕အ႐ြယ္နဲ႔မတိမ္းမယိမ္း မိန္းကေလးတစ္ေယာက္ကို ေပြ႕ဖက္ထားေသာ အသက္ ၅၀ခန္႔ေယာက်္ားႀကီးတစ္ဦး။တိတိက်က် ေျပာရရင္ ဆိုးလ္ၿမိဳ႕ တရား႐ုံးေတာ္ရဲ႕ တရားသူႀကီး "ဂြၽန္ဂ်ယ္အင္း"။
"ဘာလာလုပ္တာလဲ..."
သူ႕ေအာ္သံေၾကာင့္ ထိုမိန္းကေလးက ဆတ္ကနဲတုန္သြားကာ မ်က္ႏွာေအာက္ငုံ႔သြားသည္။ဖ႐ိုဖရဲျဖစ္ေနေသာ အက်ီအေနအထားကို ျပန္ျပဳျပင္ရင္း ထိုလူက ထရပ္သည္။
"ဘာလာလုပ္ရမလဲ...ကိုယ့္သားဆီလာတာေလ..ဘာလဲ မလာရဘူးလား"
အသက္ ၅၀ ဟုမထင္ရေလာက္ေအာင္ ႏုပ်ိဳေနဆဲ အေဖ့ကို ၾကည့္ရင္း ေဂ်ာင္ကု မဲ့ျပဳံးျပဳံးသည္။ထို႔ေနာက္ လက္ညိႇဳးျဖင့္ နားထဲကို ထိုးထည့္လိုက္ၿပီးမ်က္ႏွာကို႐ႈံ႕ကာ ပခုံးတြန္႔ျပသည္။
"အဟက္...သားလို႔မေခၚပါနဲ႔၊နားထဲ က်လိက်လိနဲ႔"
"မင္း...ငါ့ကို အ႐ြဲ႕မတိုက္နဲ႔ ဂြၽန္ေဂ်ာင္ကု။ဘယ္လိုပဲ ျဖစ္ေနပါေစ။မင္းက ငါ့သားဆိုတဲ့ အမွန္တရားက ေျပာင္းလဲမသြားဘူး"
ေဂ်ာင္ကုက ဂ႐ုမစိုက္သည့္ ပုံစံျဖင့္ ကုတင္ေပၚက မိန္းကေလးဆီသို႔ သြားသည္။မ်က္ႏွာေအာက္ငုံ႔ထားေသာ ထိုမိန္းကေလးကို ေမးေစ့ေအာက္ကေန ဆြဲေမာ့ေစလိုက္သည္။႐ႊန္း႐ႊန္းစားစားအၾကည့္ေတြႏွင့္ ၾကည့္ရင္း မခ်ိဳမခ်ဥ္မ်က္ႏွာေပးႏွင့္ မ်က္လုံးတစ္ဖက္မွိတ္ျပသည္။
"ဒါက... အေမအသစ္ေလးလား...မဆိုးပါဘူး"
"မင္း... မိုက္႐ိုင္းလွခ်ည္လား ဂြၽန္ေဂ်ာင္ကု "
ေဒါသထြက္ေနေသာ ဖေအလုပ္သူကို ၾကည့္ရင္း ေဂ်ာင္ကုက တဟားဟား ေအာ္ရယ္သည္။ထို႔ေနာက္ tissue boxထဲက tissue တစ္စကို ဆြဲထုတ္လိုက္ရင္း သူ႕လက္ဖဝါးႏွစ္ဖက္ကို တစ္ခုခုေပသြားသလို အကဲပိုျပရင္း သုတ္သည္။
"ၾကည့္စမ္းပါဦး....ကြၽန္ေတာ္႕လက္ ညစ္ပတ္သြားၿပီ။ဒီအခန္းက ႐ြံစရာ အျပည့္ပဲ..ထြီ."
"ဂြၽန္ေဂ်ာင္ကု...ငါၾကည့္ေနတာ အေကာင္းမွတ္မေနနဲ႔...အခု ဖေအ့သိကၡာကို ခ်ေနတာလား။မင္းလို ျပႆနာေကာင္ကို မေမြးခဲ့မိရင္ ေကာင္းမယ္"
ေဂ်ာင္ကုက ဘာတစ္ခြန္းမွ ထပ္မေျပာ။သုတ္လက္စ tissue စ ကို ေျခေထာက္ေအာက္မွာ နင္းေခ်လိုက္ရင္း နံရံေပၚက ဓာတ္ပုံကိုၾကည့္သည္။တရားသူႀကီးဝတ္စုံျပည့္ျဖင့္ ျပဳံးေနေသာ အေဖ။
"အဟက္...ဘာတဲ့...စိတ္ႏွလုံးျပည့္ဝတဲ့ တရားသူႀကီးဆိုလားပဲ"
အံႀကိတ္ၿပီး ဝါးစားမတတ္ ၾကည့္ေနသည့္ သူ႕အေဖမ်က္လုံးေတြကို ျပဳံးၿပီးစိုက္ၾကည့္သည္။ေမးေၾကာေတြ ေထာင္ထတဲ့အထိ ေဒါသႀကီးေနတဲ့ အေဖ့ပုံကို ျမင္ရေလ ေပ်ာ္႐ႊင္ရေလ။
"စာလုံးေပါင္းေတြ မွားေနတယ္...တကယ္ဆိုရင္ ဥပေဒကို အသုံးခ်ၿပီး တစ္စုံတစ္ေယာက္ကို ေသေစခဲ့တဲ့ တ-ရား-သူ-ႀကီး"
"မင္း...မင္း...ေတာ္ေတာ့..ေဟ့ေကာင္"
အနာေပၚတုတ္က်သြားဟန္တူေသာ အေဖရဲ႕ ေဒါသက ခ်က္ခ်င္းလႈပ္လႈပ္႐ွား႐ွားျဖစ္လာသည္။သူ႕အက်ီစကို ဆြဲဆုပ္လိုက္ရင္း လက္သီးနဲ႔ ထိုးဖို႔ျပင္သည္။ေဂ်ာင္ကုက ႐ုန္းလည္း မ႐ုန္းသလို မ်က္ႏွာလည္း တစ္ခ်က္ပ်က္မသြား။အထိုးခံဖို႔ အသင့္အေနအထား႐ွိသည့္ ပုံစံႏွင့္ ပါးတစ္ဖက္ကို ခံေပးသည္။
"လုပ္ေလ...လုပ္ပါ...အနည္းဆုံးေတာ့ အေဖ့ဆီက အထိုးခံဖူးတာေပါ့"
"ေတာက္!!!မင္း..ေသာက္ေၾကာတင္းတဲ့ေကာင္"
ဂြၽန္ဂ်ယ္အင္းက ႀကိတ္မႏိုင္ခဲမရႏွင့္ ခပ္ျပင္းျပင္း တက္ေခါက္သည္။လက္ထဲက ဆြဲဆုပ္ထားေသာ ေဂ်ာင္ကု အက်ီစကို ေလွ်ာ့ေပးလိုက္ရင္း အသက္ကို ျပင္းျပင္း႐ႈသည္။
"ဒါဆို အေဖ့ကိစၥကို ဆက္လိုက္ပါဦး။ဒီလို အညႇီအေဟာက္ေတြ႐ွိတဲ့ေနရာမွာ ကြၽန္ေတာ္ကေတာ့ တစ္စကၠန္႔ေတာင္ မေနႏိုင္ဘူး"
"ဂြၽန္ေဂ်ာင္ကု...ငါ ဒီအိမ္ကိုလာတိုင္း မင္းနဲ႔ၿငိမ္းခ်မ္းမႈလိုခ်င္လို႔ ျပန္လာတာ...ေ႐ွ႕ေလွ်ာက္ ငါတို႔သားအဖ ခ်စ္ခ်စ္ခင္ခင္ ေနသြားၾကရေအာင္ေလ"
"Wow!!! Amazing!! ေျပလည္ခ်င္လို႔တဲ့လား..sorry. ..ကြၽန္ေတာ္႕ဘက္က ျပန္ေျပလည္ဖို႔အစီအစဥ္မ႐ွိဘူး"
တံခါးကို ဒုန္းကနဲ ျမည္ေအာင္ဆြဲပိတ္လိုက္ၿပီး ေအာက္ထပ္ကို ျပန္ဆင္းသည္။ထုံးစံအတိုင္း အေဖ့ ဆဲဆိုမႈေတြက နားႏွင့္မဆံ့ေအာင္ ကပ္ပါလာသည္။
"ေခြးေကာင္!. ..ေသာက္ေၾကာတင္းတဲ့ေကာင္!!!"
ဆိုဖာေပၚက Helmet ကို ျပန္ေဆာင္းလိုက္ရင္း အိမ္ေ႐ွ႕မွာ ရပ္ထားသည့္ ဆိုင္ကယ္ဆီသို႔ သူ႕ေျခလွမ္းေတြ ဦးတည္သည္။တစ္ခ်ိန္လုံး အေျခအေနကို နားစြင့္ေနဟန္တူေသာ အေဒၚႀကီးက မ်က္ႏွာမေကာင္း။တစ္ခုခုကို စိတ္ပိုင္းျဖတ္ၿပီးလွ်င္ မရရေအာင္လုပ္တတ္သည့္ ေဂ်ာင္ကုကို မဟန္႔တားရဲေပ။
အျပင္မွာ မိုးေတြ တေျဖာက္ေျဖာက္႐ြာလာသည္။
"သခင္ေလး...သခင္ေလး..ညဥ့္နက္ေနၿပီ..ဘယ္ကိုလဲဟင္"
သူ႕အေမးကို မေျဖဘဲ ဆိုင္ကယ္ကို ကမူး႐ႈးထိုး ေမာင္းထြက္သြားသည့္ သခင္ေလးကို ၾကည့္ၿပီး စိတ္ထဲမေကာင္း။သူ ဒီအိမ္ကိုေရာက္လာတဲ့ ၁၀ႏွစ္မွာ အစပိုင္းကေတာ့ ေပ်ာ္စရာအျပည့္ျဖစ္သည္။လြန္ခဲ့ေသာ ၂ ႏွစ္ေလာက္က စၿပီး သားအဖဆက္ဆံေရးက တစ္ေန႔တစ္ျခားဆိုးဝါးလာခဲ့တာ။မိတဆိုးေလး ေဂ်ာင္ကုကို ဘယ္ေလာက္ဆိုးဆိုး အေဒၚႀကီးက နည္းနည္းေလးေတာင္ မၿငိဳျငင္မိေပ။
အခုလည္းၾကည့္...ဖေအလုပ္သူေ႐ွ႕မွာသာ မခန္႔ေလးစား အေၾကာတင္းတဲ့ ပုံစံလုပ္ေနတာ။helmetေဆာင္းေနတဲ့ သခင္ေလးရဲ႕ မ်က္လုံးမွာ မ်က္ရည္ေတြ အျပည့္နဲ႔။
"အင္း...ခ်မ္းသာတဲ့လူေတြမွာလည္း ဒုကၡကိုယ္စီနဲ႔ပါလား။ဘယ္ေတာ့မွမ်ား အရင္လို ျပန္အဆင္ေျပမယ္မသိပါဘူး"
အေဒၚႀကီးက ေတြးေတြးဆဆေျပာလိုက္ရင္း သူ႕အခန္းေလးထဲ ျပန္ဝင္သြားသည္။အိမ္ႀကီးကေတာ့ ညအေမွာင္ၾကားထဲ ျပန္လည္တိတ္ဆိတ္သြားသည္။
႐ြာေနေသာ မိုးႏွင့္အၿပိဳင္ အ႐ွိန္ျပင္းျပင္းေမာင္းေနေသာ လမ္းမထက္က ဆိုင္ကယ္တစ္စီး။ထိုဆိုင္ကယ္ေပၚက ေကာင္ေလးရဲ႕ မ်က္ဝန္းမွာလည္း မိုးေရလား၊မ်က္ရည္လား မခြဲျခားႏိုင္ေအာင္ မႈန္ဝါးေနခဲ့သည္။
တစ္စ တစ္စ ျပင္းထန္လာေသာ မိုးေရေပါက္ေတြက တစ္ကိုယ္လုံးစက္စက္က်ေလာက္ေအာင္ သဲႀကီးမဲႀကီး႐ြာသည္။အထက္ေကာင္းကင္ယံတြင္ဝင္းခနဲလက္ခနဲ ျဖာသြား၏။အေဆာက္အဦးမ်ားစြာကို ျဖတ္ေက်ာ္လာၿပီးသည့္ေနာက္ ၿမိဳ႕အစြန္ဘက္ေရာက္႐ွိလာသည္။
Helmetေပၚက မိုးေရစက္ေတြေၾကာင့္ အျမင္အာ႐ုံက မႈန္ဝါးဝါးႏွင့္။လက္နဲ႔တစ္ခ်က္သပ္လိုက္ရင္း လီဗာကို အ႐ွိန္ေလ်ာ့လိုက္သည္။သူ ဦးတည္ေနေသာ ေနရာကိုေရာက္ဖို႔က အေတာ္ေဝးေသးသည္။လွ်ပ္စီးလက္ေနေသာ ပတ္ဝန္းက်င္တြင္ လူ အသြားအလာသိပ္မ႐ွိေတာ့။
"ဟာ!!!ေဟ့..ေဟ့.."
လမ္းအခ်ိဳးတစ္ခုေရာက္လွ်င္ ဆိုင္ကယ္အေ႐ွ႕မွ မဲမဲသ႑ာန္တစ္ခု ဘြားကနဲ ျဖတ္ေျပးသည္။႐ုတ္တရက္မို႔ မထိန္းႏိုင္ေတာ့ဘဲ ဆိုင္ကယ္ေရာလူေရာ လမ္းမေပၚ ပစ္က်သြားသည္။မိုးေရေတြနဲ႔မို႔ အ႐ွိန္က မေသးလွ။တေစာင္းက်သြားေသာ ခႏၶာကိုယ္တစ္ခုလုံး၏ အားကို လက္ေမာင္းတစ္ဖက္တည္းနဲ႔ ေထာက္လိုက္ေသာေၾကာင့္ နာက်င္မႈက ဆစ္ကနဲ။
အ႐ွိန္မေသေသးသည့္ ဆိုင္ကယ္ဘီးမ်ားသည္ မိုးေရမ်ားၾကားထဲတြင္ လည္ေနေသးသည္။ေခါင္းက helmet ကို ဆြဲခြၽတ္လိုက္ၿပီး လႊင့္ပစ္သည္။အ႐ွိန္ျပင္းလွေသာေၾကာင့္ ေတာ္ေတာ္ႏွင့္ မထႏိုင္။တံေတာင္ဆစ္က ေသြးစို႔လာေသာ အခါတြင္ေတာ့ ထိုမဲမဲသ႑ာန္က သူ႕ဆီသို႔ တေ႐ြ႕ေ႐ြ႕ေရာက္လာသည္။
"ဖ်ပ္..ဖ်ပ္..ဖ်ပ္"
႐ႈံ႕မဲ့ေနသည့္ၾကားက ေျခသံပိုင္႐ွင္ကို ေမာ့ၾကည့္လိုက္ေတာ့ ေျခဖ်ားထိဖုံးေနေသာ မိုးကာအက်ီ အနက္ေရာင္ႀကီးကို ဝတ္ထားသည့္ လူတစ္ေယာက္။ေခါင္းစြပ္ပါ စြပ္ထားေသာေၾကာင့္ မ်က္ႏွာကို သဲသဲကြဲကြဲမျမင္ရေပ။လက္ႏွစ္ဖက္က ထိေတာ့မလို ကိုင္ေတာ့မလိုႏွင့္ စိတ္လႈပ္႐ွားေနပုံရသည္။
"ေတာက္!!! ဆိုင္ကယ္အနားေရာက္မွ ဘာလို႔ ျဖတ္ေျပးရတာလဲ..ေသခ်င္ေနတာလား"
စိတ္တိုတိုနဲ႔ အသံကုန္ေအာ္ၿပီး က်န္လက္တစ္ဖက္ကို အားျပဳကာ ထ ရပ္သည္။ထိုသူနဲ႔ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေအာင္ ရပ္လိုက္ၿပီး တံေတာင္ဆစ္ေပၚသည္အထိ အက်ီလက္ကို ဆြဲတင္သည္။ေဂ်ာင္ကု လုပ္သမွ်ကို မိုးကာအက်ီဝတ္လူက ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္ၾကည့္သည္။
ဘာလဲကြ..လူေတာ့ ဟုတ္ပါတယ္ေနာ္။စကားလည္း မေျပာဘူး...ထူးဆန္းလွခ်ည္လား။
သူ႕မ်က္ခုံးေတြ တြန္႔ခ်ိဳးသြားကာ မိုးကာေခါင္းစြပ္ေအာက္က မ်က္ႏွာကို အမိအရလိုက္ၾကည့္သည္။ထိုအခိုက္မွာပင္...
႐ုတ္တရက္ဆန္စြာ ေဘးကပ္ေနေသာ လက္ႏွစ္ဖက္က လႈပ္႐ွားလာသည္။ဘာတစ္ခြန္းမွ မေျပာလိုက္ရေသးခင္ သူ႕ရင္ဘတ္ကို အသားကုန္တြန္းပစ္ၿပီး ထြက္ေျပးသည္။
"အား.."
ခုနက နာထားေသာ လက္တစ္ဖက္နဲ႔ပင္ ေျမႀကီးေပၚေထာက္က်သြားေတာ့ နာက်င္မႈက အသည္းခိုက္မတတ္။ထိန္းခ်ဳပ္မရေသာ ေဒါသက ရင္ဘတ္တစ္ခုလုံး ေဆာင့္တက္လာသည္။
နည္းနည္းလြန္တယ္လို႔ မထင္ဘူးလား။တကယ္ဆို ေတာင္းပန္စကားတစ္ခြန္းေတာ့ ေျပာဖို႔ေကာင္းတယ္။အခုေတာ့ ဒဏ္ရာရေနတဲ့လူကို မေတာင္းပန္တဲ့အျပင္ ထပ္ၿပီးတြန္းလိုက္ေသး။လူေတြအကုန္လုံး ဘာျဖစ္ခ်င္ေနၾကတာလဲ..တစ္ေယာက္မွကို အခ်ိဳးမေျပဘူး။
ခပ္ေဝးေဝးမေရာက္ေသးတာမို႔ ေနာက္ကေန အေျပးလိုက္သည္။ဆံပင္ေပၚက မိုးေရစက္ေတြက ေမးေစ့ေအာက္ စီးက်သည္။သူ႕တစ္ကိုယ္လုံးလည္း စက္စက္က်ေနၿပီ။
လက္တစ္ကမ္းအလိုေရာက္ေတာ့ မိုးကာေခါင္းစြပ္ကို ဂုတ္ကေန ဆြဲခြၽတ္ပစ္လိုက္သည္။ထို႔ေနာက္ ပခုံးတစ္ဖက္ကို ခပ္ၾကမ္းၾကမ္း ဆြဲလွည့္သည္။ဂြၽန္ေဂ်ာင္ကုဆိုတာ ကိုယ့္ကိုတစ္ခ်က္ထိရင္ ဆယ္ဆေလာက္ ျပန္တုံ႔ျပန္တတ္သည့္ လူစား။လက္သီးဆုပ္ထဲ ႐ွိသမွ်အားကုန္သြင္းကာ လွည့္လာမည့္ မ်က္ႏွာကို ထိုးလိုက္ဖို႔ အသင့္အေနအထားႏွင့္။
"မင္း..ဘာလို႔..."
ႀကိတ္မႏိုင္ ခဲမရျဖစ္ေနေသာ ေဒါသစကားလုံးတို႔က မိုးေရထဲမွာပင္ တစ္ဝက္တစ္ပ်က္ ေပ်ာက္ကြယ္သြားသည္။
ဒီဘက္လွည့္လာေသာ မ်က္ႏွာက ေၾကာက္႐ြံေနသည္လည္း မဟုတ္၊အံ့ၾသေနသည္လည္း မဟုတ္ေပ။မ်က္ေတာင္ထိပ္ဖ်ားက ခိုသီးေနေသာ မိုးေရဥေတြက သစ္႐ြက္ေပၚက ႏွင္းရည္ေတြလို ဖ်တ္ကနဲ ေလ်ာက်သြားသည္။ပါးႏွစ္ဖက္က သိသိသာသာ ပန္းေရာင္သန္းသည္။သာမန္ထက္ ထူရဲေသာ ႏႈတ္ခမ္းႏွစ္လႊာသည္ တစ္စုံတစ္ခုကို ေျပာေတာ့မည့္အတိုင္း လႈပ္လႈပ္႐ြ႐ြႏွင့္။
အထူးျခားဆုံးက မ်က္ဝန္းေတြ။သူ႕ကို ျပန္ၾကည့္ေနသည့္ မ်က္ဝန္းေတြကို သားရဲတစ္ေကာင္လို စူးစူးရဲရဲ႐ွိလွသည္။ဖ်တ္ကနဲ လက္သြားေသာ လွ်ပ္စီးေရာင္ေအာက္မွာ မ်က္လုံးအစုံက အားမာန္အျပည့္။
"မင္းလက္ကို ဖယ္ေပး"
အသံက ၾသ႐ွ႐ွေပမယ့္ က႐ုဏာသံလိုမ်ိဳး။
အညိႇဳ႕ခံရေသာလူတစ္ေယာက္လို တျခားဘာကိုမွ မေတြးႏိုင္ေတာ့။ထိုသူေျပာသည့္ အတိုင္းပင္ အက်ီစကို လႊတ္ေပးလိုက္မိသည္။႐ြယ္ထားေသာ လက္သီးဆုပ္သည္ ေလထဲမွာပင္ ရပ္တန္႔သည္။
လႊတ္ေပးလိုက္သည္ႏွင့္ ယုန္ကေလးတစ္ေကာင္လိုေဂ်ာင္ကု ျမင္ကြင္းထဲက အေျပးအလႊား ေပ်ာက္ကြယ္သည္။က်န္ေနခဲ့သည့္သူမွာေတာ့ ေက်ာက္႐ုပ္တစ္႐ုပ္လို မလႈပ္႐ွားႏိုင္ေသးေပ။
ဘယ္သူဘယ္ဝါမွန္း မသိလိုက္ခင္မွာပဲ ကိုယ့္ႏွလုံးသားကို အပိုင္သိမ္းသြားမယ္လို႔ ဘယ္ထင္ခဲ့ပါ့မလဲ။
အဲ့ဒီမ်က္ဝန္းေတြကို ျမင္လိုက္တဲ့ အခိုက္အတန္႔မွာ ထိထိ႐ွ႐ွေလး ရင္ထဲေႏြးသြားတယ္။
ေအးစက္ေနတဲ့ ႏွလုံးသားအေပၚေလေငြ႕ေလး ျဖတ္တိုက္သြားသလိုမ်ိဳးပဲ
ရင္ခုန္သံဆိုတာ...ဒီလို စ ခဲ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~
1.1.2021 မွာ ဒီခရီးေလးကို စ လိုက္ပါၿပီ❣
စာဖတ္သူမ်ားအားလုံး ႏွစ္သစ္မွာက်န္းမာေပ်ာ္႐ႊင္ၾကပါေစ႐ွင့္🎆☘💐
Thanks for your reading and voting .Riona☽︎
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



