Fanfics

ep36

15:44, 27 November 2023

" မာမီ သခင်လေးဂျွန်က သမီးတို့ကို မယုံတော့ဘူး မာမီ သခင်လေးဂျွန်က ဟိုအပျော်မယ်ကောင်အတွက်နဲ့ သမီးတို့ဘက်မပါတော့ဘူး မာမီ သခင်လေးဂျွန် အဲဒီအပျော်မယ်ကောင်နောက် ပါသွားလို့မဖြစ်ဘူးနော် မာမီတစ်ခုခုလုပ်အုံး "

" သမီးရယ် အဲလိုလည်း မဟုတ်သေးပါဘူး ဟိုကောင်တစ်ခုခုလုပ်ထားလို့ပဲ ဖြစ်မှာပါ သခင်လေးဂျွန်က မာမီတို့အပေါ် ဘယ်လောက်ကောင်းလဲ အခုက တစ်ယောက်ယောက်အရင်ဦးအောင် ချောက်ချထားလို့ပဲနေမှာ အဲဒီအစေခံကောင်နဲ့ ကင်မ်ဆော့ဂျင် နှစ်ယောက်ပေါင်းပြီး ကြံထားတာပဲနေမှာ အမျိုးယုတ်ကောင် အောက်တန်းစား "

" မာမီ ဒီကိစ္စက ဒီလိုကျိန်ဆဲလိုက်ရုံနဲ့ ကျေနပ်နေလို့မရဘူးနော် အဲဒီအပျော်မယ်ကောင်က သခင်လေးဂျွန်ကို ဘယ်လိုတွေသိမ်းသွင်းထားလဲ မသိနိုင်ဘူး။ ပြောလို့မရဘူး.. မာမီ သမီးသူပြန်ပေးဆွဲခံရပြီး စစ်တပ်က ပြန်လာကတည်းက သံသယဝင်နေတာ သူနဲ့သခင်လေး တစ်ခုခုပတ်သက်နေလောက်ပြီးပြီထင်တယ်မာမီ သမီး သခင်လေးဂျွန်နဲ့အဲအပျော်ကောင်ကိုတော့ ဒီအတိုင်းမလွှတ်ထားနိုင်ဘူးနော်!! မာမီတစ်ခုခုစီစဉ်ပေး "

" သမီးရယ် သမီးမပူနဲ့ သခင်လေးဂျွန်ကို အဲအကောင်မြူဆွယ်နိုင်အုံးတော့ ခဏပဲ ဒုတိယသခင်လေးက သူ့လိုလူမျိုးနဲ့ ရေရှည်ပတ်သက်လိမ့်မယ်မထင်ပါဘူး လွယ်လို့ပဲနေမှာ။ သမီးဘာမှအများကြီးတွေးပြီး ပူပန်မနေနဲ့ "

မစ္စမာရင်းအတွေးက ရိုးရှင်းသည်။ သူမကများများစားစားကြီး မတွေးဘူး။ သခင်လေးဂျွန်လည်း သူတို့နှင့် တစ်ဂိုဏ်းတည်းသား တစ်လှေတည်းစီးတွေလို့ပဲ ထင်မြင်ထားသည်။ သခင်လေးဂျွန်ဟာလည်း သူတို့လိုပဲ ကင်မ်ဆော့ဂျင်ကို အမြင်ကြည်မှာ မဟုတ်ဘူးလို့ဘဲ သူတို့စိတ်နဲ့နှိုင်းပြီး တွေးထားသည်။ တကယ်လို့ ပတ်သက်မှုတစ်ခုခု ရှိခဲ့ရင်တောင် လှည့်ကွက်တွေပဲလို့ ထင်မြင်သည်။ သခင်လေးဂျွန်က အဲဒီမျိုးရိုးနိမ့်အပျော်မယ်ယောကျာ်းကို မျက်စိ‌ကျလိမ့်မည်မထင်။ ရွံရှာလို့ပင် နေလိမ့်အုံးမည်။

ဟယ်လင်ကတော့ သူ့အမေတွေးသလို မတွေးနိုင်ခဲ့။ သူမက ခဲမှန်ဖူးတဲ့စာသူငယ်လို ကင်မ်ဆော့ဂျင်နှင့် ပတ်သက်ရင် သတိကြီးကြီးထားသည်။ ကင်မ်ဆော့ဂျင်က ယောကျာ်းတွေကို မြူဆွယ်ရာမှာ တစ်ဖက်ကမ်းခတ်သည်ဟု ဝန်ကြီးချုပ်နှင့်ဖြစ်စဉ်ကတည်းက သူမစိတ်ထဲတွင် အငြိုးကြီးထားတော့သည်။ ကင်မ်ဆော့ဂျင်လို လူမျိုးကို သခင်လေးဂျွန်က ပတ်သက်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားပေမဲ့ ကင်မ်ဆော့ဂျင်ကိုတော့ သူလျှော့တွက်ထားမနေဘူး။ သူ့ဘက်ကစပြီး သခင်လေးဂျွန်နဲ့ ဇာတ်လမ်းရှုပ်နိုင်သည်။ မြူဆွယ်ဖြားယောင်းနိုင်သည်။ သခင်လေးက အပျော်ပတ်သက်မှု မလုပ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ သူ့ဘက်က ကင်မ်ဆော့ဂျင်နဲ့သခင်လေးကို ဘယ်လိုပတ်သက်မှုနဲ့မှ မလိုချင်တာ။ ကင်မ်ဆော့ဂျင်က သူ့အပိုင်အားလုံးကို လိုက်လုယူနေသလို ခံစားရသည်။ ဒီတစ်ခါတော့ သခင်လေးဂျွန်ကို လုံးဝအပါမခံနိုင်ဘူး။ အရင်တုန်းကလို တူညီတဲ့အဖြစ်မျိုး လုံးဝအဖြစ်မခံနိုင်တော့ဘူး အိုး..

" ဘယ်လိုနေနေ သူနဲ့သခင်လေးဂျွန်က တန်ကိုမတန်တာပါ သူ့လိုယောကျာ်းတကာကို မြူဆွယ်နေတဲ့အပျော်မယ်နဲ့ သခင်လေးက ဘယ်လိုမှကို လိုက်ဖက်မနေတာ။ သခင်လေးကိုယ်တိုင်ကကို ပါနေပြီလားမသိဘူး မာမီ! သမီးထပ်ပြီး ဝန်ကြီးချုပ်တုန်းကလို အဖြစ်မခံနိုင်တော့ဘူးနော်။ သခင်လေးဂျွန်သာ သူ့ကိုထပ်ပြီးလက်ထပ်အုံးမယ်ဆိုရင် သမီးအတွက် ဒီထပ်အရှက်ကွဲဖို့ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ကင်မ်ဆော့ဂျင် ဘာတွေနဲ့မြူဆွယ်ထားတာလဲ! သခင်လေးဂျွန်ကိုပါ ထပ်ထိရဲရင်တော့ သမီးသူ့ကို ခွင့်မလွှတ်နိုင်တော့ဘူး မာမီ "

" အို.. သမီးရယ် မာမီကလည်း အဲလိုအဖြစ်ခံပါ့မလား သမီးက စိုးရိမ်လွန်နေတာပါ ဒုတိယသခင်လေးလို အရာရာမှာ ပြည့်စုံနေတဲ့သူက သူ့လိုအပျော်မယ် မျိုးရိုးနိမ့်ကသူကို ကြိုက်ပါ့မလား ပြီးတော့ တခြားသူလည်းမဟုတ်ဘူးလေ သူ့အစ်ကိုနဲ့လက်ထပ်ထားတဲ့ သူ့မရီးနဲ့လေ.. "

" ဒါဆို ဘာလို့ စက်ရုံဆောက်ဖို့ ကူညီရတာလဲ "

" အဲဒါက.. "

" မာမီစဉ်းစားကြည့် မာမီပြောတယ်မလား သူ့စက်ရုံက မြေကွက်ကလည်း သခင်လေးဂျွန်နဲ့ အတူသွားကြည့်ခဲ့ကြတာလို့.. အဲဒါတကယ်ပဲ မြေကွက်ကို ပေးလိုက်တယ်လေ ပြီးတော့ စက်ရုံ စက်ရုံဆောက်ဖို့ အရင်းအနှီးက ဘယ်ကဘယ်လိုလျင်လျင်မြန်မြန်ကြီး ရသွားရတာလဲ သခင်လေးဂျွန်က သူ့ကို ကူညီခဲ့တာက ဖြစ်နိုင်တယ်.. ပြီးတော့ အိမ်အလုပ်သမားတစ်ယောက်မကက ပြောတယ် မဒမ့်ကိုတော့ သခင်လေးဂျွန်က အခန်းအဝင်အထွက် ခွင့်ပြုတယ်ဆိုတာ ကင်မ်ဆော့ဂျင် သခင်လေးဂျွန်အခန်းထဲက ထွက်လာတာ မြင်ဖူးတယ်ပြောတာ သုံးလေးယောက်မကတော့ဘူး "

" အဆိုးဆုံးက ကင်မ်ဆော့ဂျင်ပြန်ပေးဆွဲခံရတော့ စစ်တပ်က သခင်လေးရဲ့အိပ်ဆောင်မှာ တစ်ညလုံးရှိနေခဲ့တာ သခင်လေးက သူ့ကို တစ်လျှောက်လုံး ချီပိုးလာခဲ့တာလို့ အကုန်လုံးက ပြောနေကြတာ မာမီ သမီးအဲကောင်ကို ပိုပိုမုန်းလာပြီ!! အဲကပြန်လာပြီးနောက်ပိုင်း သခင်လေးက သူ့လက်ထောက်ကိုပါ ထည့်ပေးလိုက်တာကြည့် အဲဒီလက်ထောက်ကိစ္စကြောင့်နဲ့လည်း သမီးတို့ကို အပြစ်တင်တယ်လေ မာမီ ဟုတ်တယ်မလား သူတို့ တစ်ခုခုပတ်သက်နေပြီဆိုတာ ဟုတ်တယ်မလား အခုလည်း အခုလည်းကြည့်လေ သခင်လေးက အိမ်တော်ပြန်လာတာ အဲကိစ္စအတွက်ကြောင့်တဲ့လေ "

မစ္စမာရင်းက သက်ပြင်းတချချနဲ့ နားထောင်နေသည်။ တကယ်လည်း အခုလိုဆက်စပ်တွေးကြည့်လိုက်တော့ ဟယ်လင်ပြောတာတွေက တစ်ခုမှမမှား..

" မာမီ.. သူတို့သာ တကယ်ပတ်သက်နေရင် အဲဒီအပျော်မယ်ကောင်သာ သခင်လေးဂျွန်နဲ့ ဆက်ဆံရေးရှိနေရင် သခင်လေးက သူ့သွေးထိုးမှုကြောင့်နဲ့ သမီးတို့ကို နှင်မထုတ်ဘူးလို့ မပြောနိုင်ဘူး ဟုတ်တယ်မလား သူအကုန်လုံးကို ခြယ်လှယ်တော့မှာပဲ မာမီ မာမီအဲလိုအဖြစ်ခံချင်လား မာမီပြောတယ်လေ သမီးကို အရာရှိကတော်ဖြစ်အောင် လုပ်ပေးမယ်ဆို မာမီဒီတိုင်းပဲ ငြိမ်နေတော့မှာလား သမီးနေရာကို အပျော်မယ်ကောင်က လုယူတော့မှာကို မာမီဒီအတိုင်းပဲ ကြည့်နေတော့မှာလား "

" သမီးရယ် မာမီသိပါတယ် မာမီကလည်းအဲလိုအဖြစ်မခံပါဘူး မာမီ့မှာနည်းလမ်းရှိပြီးသားပါ သခင်လေးဂျွန်က သမီးအတွက်ပဲ ဖြစ်စေရမယ် သခင်လေးဂျွန်က သမီးလို တော်ဝင်မင်းသမီးလေးနဲ့မှ လိုက်ဖက်တာ မာမီ့သမီးလေး အရာရှိကတော်ဖြစ်ရအောင် မာမီစီစဉ်ပေးမှာပေါ့ "

" မာမီ့အစီအစဉ်က ဘာလဲ သခင်လေးက သမီးတို့ကို ခွင့်လွှတ်ပါ့အုံးမလား အခုတောင် သခင်လေးက သမီးတို့ကို စိတ်ဆိုးနေတုန်း "

မစ္စမာရင်းက ပိုင်ပိုင်နိုင်နိုင် ပြုံးလိုက်ပြီး သူမစိတ်ကူးထဲက အစီအစဉ်ကို ဖွင့်ဟတိုင်ပင်လိုက်သည်။ ထိုအခါ ဟယ်လင်မျက်နှာက ရှက်သွေးဖြာမှုကြောင့် နီရဲသွားလို့လေသည်။

" မာမီ ဖြစ်ပါ့မလား သခင်လေးဂျွန်က သမီးကို ခါးခါးသီးသီး ငြင်းပယ်ရင် ဘယ်လိုလုပ်မလဲ အဲဒီအခါကျရင် သမီးက ပိုအရှက်ကွဲမှာ မဟုတ်ဘူးလား "

" သမီးဘာမှစိတ်မပူပါနဲ့ မာမီစီစဉ်ပါ့မယ် အစီအစဉ်အားလုံးကိုလည်း သမီးဘက်မရောက်စေရအောင် သမီးကလည်း နစ်နာသူတစ်ယောက်ဆိုတာ သိအောင် မာမီ့မှာ အစီအစဉ်ရှိပါတယ် သမီးစဉ်းစားကြည့် သမီးမှာသာ သခင်လေးဂျွန်အတွက် ကိုယ်ဝန်သာ လွယ်ထားရရင် သမီးကို ကြာကြာစိတ်ဆိုးနိုင်ပါ့မလား ပြီးတော့ အဲကလေးလေးက ဂျွန်အိမ်တော်ရဲ့သွေးသား အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ် ဟော မာမီသမီးလေးကလည်း ဂျွန်ကတော်ဖြစ်လာလိမ့်မှာ မလွဲမသွေပေါ့ မြို့တော်ရဲ့ အတော်ဆုံးဗိုလ်မှူးရဲ့ ဇနီးမယားလေးလေ ဟင် "

" မာမီ.. "

သားအမိနှစ်ယောက်ရဲ့မျက်နှာတွင် အပျော်တွေနဲ့ ပြည့်နှက်သွားကာ ပြီးပြည့်စုံနေတဲ့ အနာဂတ်ကို မြင်ယောင်သွားကြပြီး အပြုံးတွေက ဖုံးမရ နေရာယူလာကြသည်။ ဂျွန်အိမ်တော်ရဲ့ဂျွန်ကတော်၊ဇနီးမယား၊ဆက်ခံသူသွေးသား တွေးကြည့်ရုံနဲ့တင် အနာဂတ်က လှပလို့နေသည်။ ထိုစိတ်ကူးကို မြန်မြန်အကောင်အထည် ဖော်ဖို့ရာ မစောင့်နိုင်တော့ဘူး။ ဂျွန်သခင်လေးရဲ့ သွေးသားကိုသာ လွယ်ထားရရင် သခင်လေးလည်း သူ့ကို ဂရုတစိုက် ရှိလာမှာ ဟုတ်တယ်မလား..

__________________________________

အိမ်တော်ရဲ့ အနောက်ဘက်ကနေ ထွက်ခွာလျှင် တောစပ်ရောက်သည်။ ထိုတော၌ ရံဖန်ရံခါ အိမ်တော်မှာ ပွဲတော်ကျင်းပတဲ့နေ့တွေဆိုလျှင် အိမ်တော်မှ ဦးဆောင်ပြီး အပျော်တမ်းအမဲလိုက်ပွဲတွေ လုပ်ပေးလေ့ရှိသည်။ ဆော့ဂျင်ကတော့ အမဲလိုက်ဝါသနာမပါ၍ တစ်ခါမှ ထိုတောထဲ မရောက်ဖူးချေ။ အိမ်တော်တွင်လည်း ပါတီမပေးတာ ကြာပြီဖြစ်၍ တောစပ်ရှိမှန်းပင် မေ့လုနီးပါးပဲ။ ဒီနေ့မှ အယ်ရိုက မြင်းစီးလေ့ကျင့်နေသည်ဖြစ်၍ ဤတောစပ်သို့ ပထမဆုံးအကြိမ်အဖြစ် လည်ပတ်ဖြစ်သည်။ တောတောင်သဘာဝအလှက ခံစားလို့ကောင်းပါသည်။ တိတ်ဆိတ်ငြိမ်သက်ပြီး တစ်ခါတရံတွင်တော့ ငှက်များအော်မြည်သံ စူးစူးဝါးဝါးသာ ကြားရပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ။

အယ်ရိုက မြင်းကို ကျွမ်းကျွမ်းကျင်ကျင် စီးနင်းပြီး မြင်းဇက်ကြိုးကို လွှတ်ကာ ပစ်မှတ်အရှင်လေ့ကျင့်သည့်အနေနဲ့ ငှက်များကို ပစ်ခတ်နေသည်။ ဒါကလည်း သူ့ဦးလေးငယ်သင်ပေးထားတဲ့ ပစ်မှတ်အရှင်လေ့ကျင့်နည်းပဲ။ ဂျွန်ဂျောင်ဂုက သတ်မှတ်ချက်မြင့်တဲ့သူမလို့ ကျောင်းပြိုင်ပွဲမှာ ပထမရရုံလောက်နဲ့ မ‌ပြီးသေးဘူး။ သူက သူ့စစ်သားတွေကို လေ့ကျင့်ပေးသလိုပင် အယ်ရိုကိုလည်း လေ့ကျင့်စေသည်။ အယ်ရိုကလည်း စိတ်ပါဝင်စားစွာပင် သင်ယူတတ်သည်။ သူ့ဦးလေးငယ် ဘယ်လောက်ဖိဖိ ညည်းညူတယ်ဆိုတာ မရှိ။ သူ့ကို ကပ်ပြီးတောင် ဦးလေးငယ်ကို အများကြီးမသင်စေဖို့ မဖျောင်းဖျစေဘူး။ သူ့မှာတော့ အန္တရာယ်များတဲ့ လေ့ကျင့်မှုကြောင့် အယ်ရိုမြင်းဇက်ကြိုးကို လွှတ်လိုက်တိုင်း ရင်တထိတ်ထိတ်နဲ့ ကြည့်နေရသည်။ ပြုတ်ကျလျှင် ခြေကျိုးလက်ကျိုးပါ ဖြစ်နိုင်သည်အထိ အရှိန်များပြီး အန္တရာယ်ရှိသည်။

" ခင်ဗျား စီးချင်လား "

ဆော့ဂျင် အယ်ရိုကိုပဲ မသုန်မမှိုတ် လိုက်ကြည့်နေမိတော့ ဂျွန်ဂျောင်ဂု သူ့နားရောက်နေမှန်း မသိလိုက်။ သူက မြင်းတွေကို စားကျက်အတွက် နေရာ‌ချပေးနေတာဖြစ်ပြီး လက်ထဲတွင်လည်း မြင်းတစ်ကောင်က ပါလာသည်။

" ဟင့်အင်း အန္တရာယ်များမဲ့ပုံပဲ မင်းအယ်ရိုကို အရှိန်လျှော့ဖို့ ပြောလိုက်ပါလား ပြုတ်ကျရင် မလွယ်ဘူး။ "

ဆော့ဂျင် အယ်ရိုကို လိုက်ကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။ ဒီလိုမျိုး အန္တရာယ်များတဲ့အလုပ်မျိုးလည်း သူမစမ်းကြည့်ချင်မိဘူး။ သူ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်။ အကယ်၍ သူ လက်၊ခြေ တစ်ခုခုဖြစ်သွားရင် သူ့အလုပ်တွေ ဘယ်သူလုပ်မလဲ.. အပျော်တမ်းကိစ္စတွေအတွက်နဲ့ အကောင်းအတိုင်းရှိနေတဲ့ သူ့‌ခြေလက်တွေကိုလည်း မထိခိုက်နိုင်ဘူး။

" ဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ် ကြောက်စရာမရှိပါဘူး။ ခင်ဗျားသေချာကြည့်ကြည့် သူပျော်နေတာ "

‌ဒါတော့ ဟုတ်မည်ထင်သည်။ တစ်ခါတလေ အယ်ရိုရဲ့ စိတ်လှုပ်ရှားနေတဲ့အသံတွေ ကြားနေရသည်။ ပစ်မှတ်ကို ထိမှန်သွားတာဖြစ်ဖြစ် လွဲချော်သွားတာဖြစ်ဖြစ် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။

" လာ ခင်ဗျားကို ခေါ်သွားပေးမယ် တောထဲမှာ ပန်းရိုင်းခင်းတွေ အများကြီးရှိတယ် အိမ်တော်မှာရှိတဲ့ ပန်းမျိုးတွေနဲ့ မတူတာတောင် ရှိနိုင်တယ် ခင်ဗျားကြည့်ချင်လား "

သူက လက်ထဲကမြင်းကို ပွတ်သပ်ပြီး မြင်းရဲ့ကျောကုန်းပေါ်က နေရာထိုင်ခင်းကို ပြင်ဆင်ကာ သူ့ဘက်လှည့်မေးသည်။

" ငါ မြင်းမစီးတတ်ဘူးနော် "

ဆော့ဂျင်သူ့ဘေးမှာ လာရပ်ထားတဲ့ အမြီးကိုယမ်းခါကာနေတဲ့မြင်းညိုကြီးကို ကြည့်ရင်း အတွေးမရှိ ပြောလိုက်သည်။ ထိုအခါ ဂျွန်ဂျောင်ဂုက မြင်းညိုကြီးရဲ့ လည်ဂုတ်တစ်လျှောက်ပေါ်က အမွှေးတွေကို သပ်နေရင်း ခပ်ဖွဖွရယ်သံထွက်လာသည်။

" မြင်းစီးတာက မခက်ပါဘူး ခွတက်လိုက်ရုံပါပဲ "

ထိုအထိ ဆော့ဂျင်အတွေးတွေက ပုံမှန်အတိုင်းပဲ ရှိနေသေးသည်။ သူသူ့ဘက်ကို လှည့်လာတဲ့အခါ နှုတ်ခမ်းတွေ ကွေးညွတ်သည်အထိ ပြုံးနေတာမြင်လိုက်ပေမဲ့ ဆော့ဂျင် သူဘာကိုသဘောကျပြီး ပြုံးနေမှန်း သဘောမပေါက်သေး။

" ခင်ဗျားတစ်ခေါက်စီးဖူးပါတယ် ဘာလို့မမှတ်မိရတာလဲ "

" ငါ ဘယ်တုန်းက.. ငါတစ်ခါမှ မစီးဖူးဘူး "

သူ့မှာ ဒီလောက်အန္တရာယ်များတဲ့စွန့်စားမှုမျိုးကို စမ်းသပ်ကြည့်ဖို့ရာ အတွေးပင်မရှိတာမလို့ ပြတ်သွားစွာ ငြင်းလိုက်သည်။ ထိုအခါသူက ပြုံးစစနှင့် ကြည့်နေပြီး မြင်းကိုပွတ်သပ်ကာ..

" မမှတ်မိတော့ဘူးလား တစ်ခါ ခင်ဗျားကျုပ်ကို သတိရလို့ဆိုပြီး စစ်တပ်ထိလိုက်လာခဲ့တုန်းကလေ ခင်ဗျားကမမှတ်မိတော့ဘူးပေါ့ ဆိုးတာပဲ အဲတုန်းက ကျုပ်က ခင်ဗျားက လိုလိုချင်ချင်ရောက်လာပြီး ကျုပ်ကိုလာရှာတာမလို့ ခင်ဗျားအဲတုန်းက ဘယ်နှစ်ကြိမ်လှုပ်ခတ်လိုက်တယ်ဆိုတာကအစ မှတ်မိနေခဲ့တာ .. "

" အဲဒါ ဘယ်နားက မြင်းစီးတာက-.. "

ဆော့ဂျင်ပြောလက်စကို ရပ်လိုက်သည်။ သူအဲနေ့ကအကြောင်းကို သေချာပေါက် သူမှတ်မိတာပေါ့ ဘာမြင်းမှမရှိတာကတော့ အသေအချာပေါ့ ဂျွန်ဂျောင်ဂုသူ့ကို ရည်ရွယ်ချက်ရှိရှိ စနောက်နေခဲ့တာကို သူတစ်ချိန်လုံးမသိခဲ့ဘဲ အတည်ပေါက်တွေးနေခဲ့တာ။ သူရှက်ရွံ့သလိုခံစားလိုက်ရပြီး မျက်မှောင်တွေတွန့်ချိုးကာ ဂျွန်ဂျောင်ဂုကို သုန်သုန်မှုန်မှုန်ဖြင့် ကြည့်လိုက်သည်။ ထိုအခါမှ ပြုံးတုံ့တုံ့လုပ်နေတဲ့သူက အရှိန်သတ်သွားပြီး ကိုယ်ဟန်ဖို့ရာချောင်းတစ်ချက်ကို ဟန့်သည်။

" ကျုပ်ကစတာ "

" ငါဘာမှမပြောရသေးဘူး "

" ခင်ဗျားအကြည့်တွေကို သိနေလို့လေ "

" ငါစဉ်းစားနေတာ.. မင်းကမြင်းလားလို့ "

ဆော့ဂျင်ပထမဆုံးအကြိမ် သူ့ရဲ့ မျက်နှာပြောင်ပြောင်စနောက်မှုကို တုံ့ပြန်လိုက်သည်။ သူက သူ့စကားကြောင့် အံ့ဩစွာကြည့်လာပြီး အသံထွက်ရယ်လာသည်။  ဆော့ဂျင်သူ့ကိုပြန်မကြည့်ဘဲ ခပ်ဝေးဝေးတစ်နေရာကိုသာ ကြည့်နေလိုက်သည်။ သူ့လိုအရှက်မဲ့တဲ့စကားတွေကို မျက်နှာပြောင်ပြောင်နဲ့တော့ မပြောရဲသေးဘူး။

" ဒါဖြင့်ကျုပ်ကိုစီးမလား "

" မင်းစကားပဲများနေတော့မှာလား မသွားတော့ဘူးလား "

" ဟက် ဟက် "

သူ့ရဲ့အသောမသတ်နိုင်တော့တဲ့ ရယ်သံကြောင့် ဆော့ဂျင်စိတ်အနှောင့်အယှက်ဖြစ်စွာ သူ့ကိုရပ်တန့်စေဖို့ လှည့်ရန်ပြင်ခါနီး သူ့ခါးပေါ်က တင်းကြပ်ကြပ်ဆုပ်ကိုင်လာတဲ့ အထိအတွေ့နဲ့အတူ သူ့တစ်ကိုယ်လုံး လေပေါ်ရောက်သွားသလို ခံစားချက်ကြောင့် သူလန့်သွားပြီး လက်တွေက မြင်နေရတဲ့ ပခုံးတွေပေါ် အားကိုးတကြီး ဆုပ်ကိုင်လိုက်သည်။ ဂျွန်ဂျောင်ဂုက သူ့ခါးတွေကနေ သူ့ကိုပင့်ချီပြီး သူ့မျက်နှာပေါ်တွင် ခပ်ဖွဖွအပြုံးတွေဖြင့် သူ့ကိုနေရာတစ်ခုပေါ်သို့ ချပေးသည်။

ဆော့ဂျင် မြင်းကိုယ်ထည်ပေါ် ရောက်သွားပေမဲ့ သူဆုပ်ကိုင်ထားတဲ့ ပခုံးတွေကို မလွှတ်သေးသလို သူ့ခါးပေါ်မှလက်တွေသည်လည်း ဖယ်ခွာမသွားသေး။ သူတို့အချိန်အတန်ကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက် မျက်ဝန်းတွေထဲထိ စိုက်ကြည့်နေမိကြပြီး ဖယ်ခွာဖို့ရာ မေ့လျော့နေကြသည်။ အတန်ကြာမှ မြင်းဟီးသံကြောင့် ဆော့ဂျင်အလန့်တကြားနဲ့ အကြည့်လွဲလိုက်ပြီး သူ့လက်တွေကိုလည်း ပခုံးပေါ်မှ ဖယ်ခွာလိုက်သည်။ ထိုအခါမှ သူ့ခါးပေါ်က လက်တွေသည်လည်း ဖြည်းညင်းစွာ ဖယ်ခွာသွားသည်။

" ခင်ဗျား တစ်ယောက်တည်းစီးနိုင်လား မြင်းကယဉ်တယ် ဇက်ကြိုးကို အားပျော့ပျော့နဲ့ ယမ်းပေးရုံလောက်ပဲ လုပ်ရင်ရပြီ "

" အင်း.. ငါလုပ်ကြည့်မယ် "

စုံဖြစ်နေတဲ့ သူ့ခြေထောက်တွေကို ခွဲလိုက်ပြီး မြင်းကိုခွထိုင်ကာ ဇက်ကြိုးကို ကိုင်ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုက မြင်းကိုကိုင်တွယ်ပုံအသေးစိတ်ကို သင်ပေးပြီး သူအသင့်ဖြစ်တဲ့အခါ မြင်းကိုဆွဲခေါ်သွားသည်။ နောက်မြင်းတစ်ကောင်နားရောက်တဲ့အခါ  ရပ်လိုက်ပြီး သူသည်လည်း မြင်းပေါ်သို့ ကျွမ်းကျင်စွာနဲ့ မြင်းပေါ်လွှားခနဲခုန်တက်လိုက်သည်။ ပြီးတော့ ဇက်ကြိုးကို နှစ်ကြိမ်လောက် လှုပ်ယမ်းလိုက်ပြီး သူ့ကိုလည်း လိုက်လုပ်ဖို့ အချက်ပြသည်။ ထိုနှင့်သူတို့မြင်းစီးလျက် တောစပ်ဘက်ကနေ ထွက်ခွာလာခဲ့ကြသည်။

________________________________

" မလုပ်နဲ့ "

" ဘာလို့လဲ ခင်ဗျားရေမချိုးချင်ဘူးလား အခုဆို ခင်ဗျားကိုယ်က ချွေးတွေတအားထွက်နေပြီလေ "

" မချိုးဘူး "

ဆော့ဂျင်က ခေါင်းမာမာနဲ့ပဲ ပြန်ငြင်းလိုက်သည်။ သူတို့တောအုပ်ထဲက ကျောက်ကျရေတံခွန်အသေးစားလေးဆီမှာ တစ်ထောက်နားဖို့ ရောက်နေကြတာဖြစ်သည်။ ဆော့ဂျင်က သူခေါ်ပေးသွားတဲ့ ပန်းရိုင်းခင်းထဲက ပန်းတွေအများကြီး ချိုးယူလာခဲ့တာမလို့ အနားယူနေတုန်း ပန်းတွေကို သီပစ်လိုက်ဖို့ လုပ်နေသည်။ ဂျွန်ဂျောင်ဂုကတော့ ရေချိုးမယ်ဆိုပြီး  ‌အဝတ်အစားတွေချွတ်ကာ ရေထဲဆင်းသွားသည်။ သူရေထဲရောက်တော့ ဆော့ဂျင်ကိုပါ ချိုးရအောင်ဆိုပြီး ရေမစိုစိုအောင် ရေနဲ့လှမ်းပက်ခေါ်နေသည်။ ဘယ်လောက်ပဲ လူသူမရှိတဲ့ တောကြီးထဲမှာ ဖြစ်နေအုံးတော့ အကာအရံမရှိလျှင် ရေမချိုးတတ်ဘူး။ သူကတော့ စစ်တပ်မှာ ဖြစ်ကတတ်ဆန်းနေခဲ့တဲ့သူမလို့ ကြုံရာနေရာချိုးတတ်တာ အကျင့်ဖြစ်နေပြီနေမှာပေါ့..

" မရီး! "

" မင်း.. မလုပ်နဲ့ဆို! စိုကုန်ပြီ!! "

" စိုနေရင် ချွတ်လိုက်တော့ ရေချိုးလိုက်တော့ "

" မချိုးဘူးလို့ပြောနေတယ်လေ သွား လာမနှောင့်ယှက်နဲ့ မင်းလည်းမြန်မြန်တက်ခဲ့တော့ အအေးပတ်လိမ့်မယ် "

ဆော့ဂျင်ရေထဲကသူ့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ထိုအခါ သူက ရေထဲတစ်ချက်ငုံ့လျှိုးပြီး သူရှိရာဘက် ကူးခတ်လာသည်။

" မရီးသိလား ကျုပ်တစ်ခါမှ အအေးမပတ်ဖူးဘူးဆိုတာ ယုံလား "

" ယုံတယ် မင်းက လူမှမဟုတ်တာ "

" ဒါဖြင့်ဘာလဲ "

ဆော့ဂျင် သူထိုင်နေရာ ကျောက်ဆောင်စွန်းနားတွင် ဖက်တွယ်ထားတဲ့ ဂျောင်ဂုကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲက ပန်းများကို ဆက်သီနေရင်း အမူအရာမရှိ ပြောလိုက်သည်။

" မြင်းလေ "

" ... "

" ... "

ခဏမျှတိတ်ဆိတ်သွားတဲ့အခါ ဆော့ဂျင်သူ့ကို မော့ကြည့်လိုက်သည်။ သူကဆော့ဂျင်ထိုသို့ပြောလိမ့်မည်မထင်ထား၍ထင်တယ် သူ့မျက်နှာတွင် အံ့ဩမှုများ ထင်းနေပြီးမှ ရယ်သံက ထွက်ပေါ်လာသည်။ သူ့ရယ်သံကြောင့် ဆော့ဂျင်လည်း နှုတ်ခမ်းတွန့်ရုံ‌ပြုံးလိုက်သည်။

" ဟားဟား မရီးကျုပ်ကို တကယ်မြင်းလုပ်ခိုင်းတော့မလို့လား မရီးအခုပဲ မြင်းစီးချင်နေပြီလား "

" မင်းမဟုတ်တာတွေမပြောနဲ့တော့ တက်ခဲ့တော့ "

ဆော့ဂျင်မျက်နှာတွေ နီရဲသွားပြီး သူ့ကိုမောင်းထုတ်လိုက်သည်။ သူကိုယ်တိုင်လည်း ဘာလို့ သူပြောနေကြ အရှက်ကင်းမဲ့တဲ့ စနောက်မှုတွေ ပြောနေမိမှန်းမသိ။ သူသူ့ကိုယ်သူပင် ထူးဆန်းနေပြီဟု ထင်လာသည်။ အရင်တုန်းကဆို သူကပဲ ဂျွန်ဂျောင်ဂုထိုသို့ပြောရင် ဒေါသထွက်လာတာမဟုတ်ဘူးလား။ အခုတော့ သူကပင် ဦးဆောင်ပြီး သတိတရနဲ့ ပြန်စပြောနေမိသည်။ သူကသာ ထူးဆန်းလွန်းနေတာ..

သူပန်းတွေကို ဆက်လက်သီနေခဲ့ပြီး ခဏကြာတော့ ဂျွန်ဂျောင်ဂုက ကမ်းပေါ်တက်လာတာ မြင်လိုက်သည်။ သူက အဝတ်အစားတွေ လျင်မြန်စွာ ပြန်ဝတ်ပြီး စိုနေသေးတဲ့ခေါင်းကို တစ်ချက်ခါကာ သူ့အနားသို့ ရောက်လာသည်။

" ဘာလုပ်နေတာလဲ "

" မြင်းအတွက် ပန်းကုံးလေးလုပ်ပေးမလို့ "

မြင်းညိုကြီးက လည်ဂုတ်မွေးကောင်းလှသဖြင့် ခေါင်းစွပ်သရဖူပန်းကွင်းလေး ဆင်ပေးရင် လိုက်ဖက်လှမည်စဉ်းစားမိ၍ သူမြင်းအတွက် ရည်ရွယ်ပြီး ပန်းကုံးသီနေသည်။

" ကျုပ်အတွက် "

" မင်းကမြင်းလား.. မဟုတ်ဘူး တကယ်မြင်းကို "

ဆော့ဂျင်က ‌ဂျွန်ဂျောင်ဂုသူ့ကိုယ်သူ မြင်းလို့ထင်မှတ်လိုက်သည်မလို့ ရယ်ချင်သွားသည်။ တစ်စပ်တည်း သူဆိုရင်ရော ခေါင်းတွင် သရဖူပန်းကွင်းလေးနဲ့ဆို မည်သို့နေမည်လဲဆိုတာ တွေးလိုက်မိသည်။

" မင်းရော လိုချင်လား "

" ဘာအတွက်ကောင်းမှာလဲ "

သူက ပျင်းယွဲ့ယွဲ့ပြန်ပြောရင်း သူဘေးနားတွင် ဝင်လှဲလိုက်သည်။

" လုပ်ပေးမယ် "

သူကဘာမှပြန်မပြောလာတော့ ဆော့ဂျင်သူ့အတွက်လုပ်ပေးဖို့ရာ တက်ကြွသွားသည်။ သူပန်းသီကုံးခြင်းကို သေချာအာရုံစိုက်နေရင်း ပတ်ဝန်းကျင်ကို မေ့လျော့သွားတော့သည်။

" မရီး.. "

" ဟွမ်.. "

" သေနတ်ပစ်သင်ရတာ အဆင်ပြေလား "

" အွန်း ပြေပါတယ် မင်းဆီမှာသင်တာထက်တောင် ကောင်းသေးတယ် "

" သူအနောက်ကနေကပ်ပြီး သင်ပေးသေးလား "

" ဘာကိုပြောတာလဲ သူငါ့အနားသိပ်မကပ်ဘူး ငါအာရုံမစိုက်နိုင်မှာစိုးလို့တဲ့ ''

" ကောင်းတယ် .. "

သူတို့တစ်ယောက်တစ်ခွန်းအမေးအဖြေမရှိတော့တဲ့အခါ ပတ်ဝန်းကျင်က ရေကျသံတွေသာ ကြီးစိုးသွားပြန်သည်။ သူ့မရီးက ဘေးပတ်ဝန်းကျင်အာရုံမရဘဲ ပန်းတွေနဲ့သာ ဈာန်ဝင်စားနေသည်။ သူကင်မ်ဆော့ဂျင်ရဲ့ မျက်နှာကျကို မော့ကြည့်နေရင်း ငုံ့ကိုင်းနေရင်း အာရုံအပြည့်ဝင်စားနေတဲ့ မျက်နှာကို အနီးကပ်မြင်နေရသည်။

" မရီး.. ဟိုအဘိုးကြီးရော "

" ဘယ်အဘိုးကြီး .. "

" ထားလိုက်တော့ ဘာမှမဟုတ်တော့ဘူး "

ဂျောင်ဂုထိုဘိုးတော်အကြောင်း တွေးလိုက်တာနဲ့ပင် ပါးစပ်ထဲ ချဉ်စုတ်သွားပြီး ထပ်ပြောဖို့ရာဆို အန်မိတော့မည်ဖြစ်၍ ရပ်လိုက်သည်။ ကင်မ်ဆော့ဂျင်ကတော့ သူ့စကားတွေကို အာရုံပင်မရှိဘဲ ပန်းတွေကိုသာ ကြိုးစားသီနေသည်။ ဒီပန်းတွေကို ဘယ်သူကလိုချင်လို့ ကြိုးစားပမ်းစား လုပ်နေရတာလဲ! ဘယ်သူကရချင်နေတာလဲ သူလား ဟိုမြင်းကောင်ကလား!.. သူ့မရီးက ဂရုတစိုက်နှင့် သေချာအာရုံစိုက်ပြီး လုပ်နေတာမလို့ မနှောင့်ယှက်တော့ပါဘဲ ဘေးကနေသာ အကဲခတ်ကြည့်နေမိသည်။ ပန်းတွေကို ဘာအကြောင်းနဲ့မှမကြိုက်သလို လိုအပ်စရာလည်းမရှိပေမဲ့ သူ့မရီးရဲ့ သွယ်လျနေတဲ့ ဂန္တဝင်လက်နဲ့ သီကုံးထားတာမလို့ ငြင်းပယ်ဖို့တော့ ခက်လိမ့်မည်ထင်ပါရဲ့..

" ရပြီ တစ်ခုတော့ရသွားပြီ "

သူကြည့်နေတုန်း သပ်သပ်ရပ်ရပ်နဲ့စနစ်တကျ သီကုံးထားတဲ့ ပန်းကွင်းလေးတစ်ခုက ထွက်ပေါ်လာသည်။

" လှတယ်မလား "

သူခေါင်းညိတ်လား ‌ခါမိလားမသိလိုက်။ ထိုအချိန် ကင်မ်ဆော့ဂျင်က ထရပ်လိုက်တော့ သူလည်း ထရပ်လိုက်မိသည်။

" ဘယ်လဲ ပြန်တော့မလို့လား "

" မဟုတ်ဘူး မြင်းကိုအလှဆင်ပေးမလို့လေ သူ့အတွက်.. "

မဟုတ်သေးပါဘူး! သူကင်မ်ဆော့ဂျင်လက်ကို ဆွဲတားလိုက်သည်။ အခုသူရှိနေတာတောင် သူ့ကိုကျော်ပြီး မြင်းတစ်ကောင်အတွက်လို့ ပြောနေတယ်ပေါ့လေ..လူနဲ့မြင်းကို မြင်းကိုအရင် ဦးစားပေးတာကိုတော့ လုံးဝလက်မခံနိုင်ဘူး။ လူလူချင်းဆိုရင်တောင် သူ့ကိုပဲ အရင်ဦးစားပေးရမဲ့ဟာကို! တစ်ဆိတ်ကင်မ်ဆော့ဂျင် ခင်ဗျားလွန်နေပြီလို့ မထင်ဘူးလား..

" ကျုပ်ကိုအရင်ပေး.. "

" ... "

သူကင်မ်ဆော့ဂျင်ရဲ့ လက်ကောက်ဝတ်နေရာကို တင်းတင်းကြပ်ကြပ်ဖိကိုင်လိုက်ပြီး အခိုင်အမာပြောလိုက်သည်။

" ခင်ဗျားပဲကျုပ်ကိုလုပ်ပေးမယ်ဆို! ကျုပ်အရင်.. ခေါင်းပေါ်တင်လိုက် "

ကင်မ်ဆော့ဂျင်က အံ့ဩသယောင်မျက်လုံးတွေဝိုင်းပြီး ကြည့်နေပေမဲ့ သူမာမာတင်းတင်းပဲ ခေါင်းမော့ထားလိုက်သည်။

" ဒါဆိုလည်း.. "

ထိုအခါမှ ပန်းကွင်းလေးကိုင်ထားတဲ့လက်က မြှောက်တက်လာပြီး သူ့ခေါင်းပေါ် ရောက်လာသည်။ သူသူ့ခေါင်းပေါ်က ဖယ်ခွာ‌တော့မဲ့ လက်တွေကို ဆွဲကိုင်ထားလိုက်ပြီး သူ့ကျန်လက်တစ်ဖက်က ခါးဆီသို့ဖက်ကိုင်ရင်း ကင်မ်ဆော့ဂျင်ကိုယ်လေးကို သူ့ကိုယ်နားရောက်အောင် ဆွဲယူလိုက်သည်။

" ရှေ့လျှောက် ဘယ်သူနဲ့ဆိုဆို ဘယ်အရာနဲ့ယှဉ်ယှဉ် ကျုပ်ကိုပိုအလေးပေးတာပဲ လိုချင်တယ် ကျုပ်ကိုယ်တိုင်ကလည်း ခင်ဗျားကို အရာအားလုံးထက် ပိုပြီးအလေးထားတာမလို့.. "

ထိုသူက ဘာမှမပြောဘဲ သူ့ကိုသာ ကြည့်မြဲအတိုင်း ကြည့်နေတဲ့အခါ သူနှုတ်ခမ်းတွေကို ထိတွေ့လိုက်ပြီး ဖွဖွစုပ်ယူလိုက်သည်။ ထိုအခါ တင်းကြပ်လာတဲ့ သူ့လက်ခုပ်ထဲက လက်ဖဝါးပြင်.. သူအနမ်းတွေကို အရှိန်မြှင့်ပြီး လျှာဖျှားတွေနဲ့ပါးစပ်ကိုဖွင့်ဟလိုက်တော့ အလွယ်တကူ ပွင့်ဟလာတဲ့ နှုတ်ခမ်းလွှာကြားထဲ သူ့လျှာထိုးသွင်းလိုက်သည်။ နွေးနွေးထွေးထွေးကြိုဆိုခံလိုက်ရတဲ့သူ့လျှာဖျားကို ရစ်ပတ်နှောင်တွယ်လာတဲ့ နွေးထွေးတဲ့ လျှာလေးကို သူဖမ်းဆုပ်ယူလိုပြီး အနွေးဓာတ်တွေကို စုပ်ယူလိုက်သည်။ နှစ်ယောက်စလုံးအသက်ရှူဖို့ လိုအပ်နေတဲ့အချိန်မှာ အနမ်းတွေကို အရှိန်သတ်ကာ နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်သည်။

" ခင်ဗျားဘာပြောချင်လဲ "

သူနဖူးချင်းထိကပ်ထားလျက် လေသုံးကာ ကင်မ်ဆော့ဂျင်ရဲ့မျက်နှာပေါ် အာငွေ့နွေးနွေးမှုတ်ထုတ်ရင်း မေးလိုက်သည်။ ထိုအခါ ကင်မ်ဆော့ဂျင်က ရှောင်ဖယ်သွားပြီး မျက်နှာကိုနောက်ဆုတ်ကာ သူ့ကိုပြန်ကြည့်သည်။ သူ့ခေါင်းပေါ်ကို တစ်ချက်ကြည့်ပြီး အကြည့်တွေက သူ့မျက်‌နှာပေါ်ပြန်ရောက်လာသည်။ နှုတ်ခမ်းတွေက တံတွေးတွေဖြင့် စိုလဲ့နေပြီး အပြုံးတွေကိုလည်း ခံစားမိနေသေးသည်။

" မင်းနဲ့ပန်းက လိုက်နေတယ် "

_____________TBC

အရင်ကအစီအစဉ်က ဝိုင်ဖိုင်ရမှ ဆက်တင်မလို့ပါဘဲ အခုတော့ ဘောစိရီဒါတို့ ဘေဖြည့်ပေးကြလို့ အားနာနာနဲ့ပဲ ဟဲဟဲ ကျေးဇူးအများကြီးတင်ပါတယ်လို့ အပ်ဒိတ်ကိုလည်း လိုင်းသာရရင် ပုံမှန်အတိုင်း တင်သွားပါမယ်လို့ လိုင်းကဆိုးနေတာ အရင်က ပတ်ကေ့တွေက လိုင်းကမရတော့ မသုံးလိုက်ရဘဲ ကုန်ကုန်သွားရတာ အခုတော့ ရက်ကြာကြာခံမဲ့ဟာ ပြောင်းဝယ်လိုက်ပြီ နှမြောလို့ ဒါဆို ပိုင့်ပိုင် ဘေဖြည့်ပေးတဲ့ရီဒါဘောစိတို့ ကျေးဇူးအများကြီးတင်ပါတယ်။

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories