Fanfics

ep27

15:20, 27 October 2023

" အစ်ကို နေလို့ကောင်းသွားပြီလား "

" အင်း.. စက်ရုံအခြေအနေတွေရော အားလုံးကောင်းတယ်မလား "

" ကောင်းတယ်အစ်ကို ဘာမှထွေထွေထူးထူးမရှိပါဘူး အစ်ကိုနားချင်သေးတယ်ဆိုရင် နားပါ အာလုံးအဆင်ပြေတယ်အစ်ကို "

" အင်း ဒီနေ့တော့ သက်သာနေပါပြီ စိတ်ပူ‌သွားတယ်မလား "

သူမေးရင်း ဒန့်ကိုကြည့်လိုက်တော့ ဒန်က စိုးရိမ်မှုအထင်းသားနဲ့ ဂရုတစိုက်ကြည့်နေသည်။ သူဖျားနေခဲ့တာ နှစ်ရက်ရှိပြီ။ နှစ်ရက်လုံးလည်း အခန်းထဲကအပြင်မထွက်သလို ဘယ်သူနဲ့မှ အတွေ့မခံခဲ့။ သူဘယ်သူနဲ့မှမတွေ့ချင်ဘူးလို့ မှာထားခဲ့၍ သူ့အခန်းထဲ ဂျယ်နီပင် ဝင်ခွင့်မရခဲ့။ လူနေမကောင်းတာထက် စိတ်အခြေအနေက ဆိုးဆိုးရွားရွားခံစားနေရတာမလို့ သူ့အခြေအနေနဲ့ ဘယ်သူနဲ့မှမတွေ့ချင်ခဲ့။ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ကောင်းကောင်းနားခဲ့ရ၍ စိတ်ရော လူရောက တော်တော်လေးထူထောင်ကောင်းမွန်လာပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီမလို့ ဒီနေ့မှာတော့ စက်ရုံလည်းသွားဖို့ရာ အသင့်ဖြစ်နေခဲ့သည်။

သူပြင်ဆင်ဖြီးလိမ်းပြီးတော့ မနက်စာစားဖို့ မီးဖိုချောင်ဘက် ထွက်လာခဲ့သည်။ အချိန်က အနည်းငယ်နောက်ကျနေပြီမလို့ အိမ်တော်တွင် တခြားသူတွေတော့ မမြင်ရတော့။ မနက်စာကို သူနှင့်ဒန်သာ တိတ်ဆိတ်စွာစားနေကြသည်။ ဒန်ကတော့ သူ့ကိုတကြည့်ကြည့်နဲ့ အကဲခတ်ရင်း ရှိနေသည်။ ဒန်သူ့ကို မေးစရာတွေများနေမှာ သူဘာတွေဖြစ်နေလဲ ဘာတွေဖြစ်ခဲ့လဲ သိချင်နေမှာပဲ.. ဒါပေမဲ့ သူမှမဖြေချင်တာမလို့ သူမသိချင်ယောင်သာ ဆောင်ထားလိုက်သည်။

မနက်စာစားပြီးသွားကြတော့ စက်ရုံအသစ် အဆောက်အဦးဘက် အရင်ထွက်လာခဲ့ကြသည်။ ဆောက်လက်စအဆောက်အအုံကြီးကို လှည့်ပတ်ကြည့်နေခဲ့ရင်း အမြန်ပြီးသွားပြီး လုပ်ငန်းတွေ စလုပ်နေဖို့ရာ တွေးနေမိသည်။ ပြီးဖို့တောင် ကြာအုံးမှာကို စတင်လည်ပတ်ဖို့ဆိုတာက စောလွန်းသေးသည်။ ဘာပဲဖြစ်ဖြစ် အရာထင်ခဲ့ပြီမလို့ သူလုပ်ခဲ့တာတွေအတွက် နောင်တရတာမျိုး မရှိပါဘူး။ အရာအားလုံးက လွယ်လွန်းနေတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ အနည်းနဲ့အများတော့ အခက်အခဲဆိုတာ ရှ်ိတာပဲမလား.. သူ့ရည်ရွယ်ချက်တွေ အထမြှောက်လာနေပြီပဲ ကျန်တာ ဘာတွေပဲဖြစ်လာလာ ရင်ဆိုင်ရုံပေါ့..

ဆောက်လက်စအဆောက်အအုံကြီးကိုကြည့်ရင်း သူ့ရင်ထဲမှာ ခံစားချက်မျိုးစုံက တိုးတိုက်ဝင်ရောက်လာခဲ့သည်။ ခံစားချက်တွေက ရေရေရာရာမရှိမနေ။ ပျော်တာလားဆိုတော့ ပျော်ရအောင် ဒါက ကောက်ရခဲ့တဲ့ပိုက်ဆံ၊မထင်မှတ်ဘဲ ဆုကြေးငွေပေါက်လို့ရခဲ့တဲ့ ပိုက်ဆံနဲ့ လုပ်ထားတာမှမဟုတ်တာ.. ဘယ်လိုမျိုးနဲ့ ဒီစက်ရုံကြီးကို စတင်ခဲ့သလဲဆိုတာ တွေးမိပြန်ရင်လည်း ရင်ထဲက စူးအောင့်မိတဲ့အထိ ခံစားရလို့ မတွေးချင်။ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးဆီ ကြည့်မိတော့ ပုံရိပ်တချို့ပြန်မြင်ယောင်မိသည်။ အရာအားလုံးက ထိုနေရာမှ အစပြုခဲ့သည်ပဲ..

" အစ်ကို "

သူအတိတ်တွေကို ပြန်မြင်ယောင်ရင်း ငေးငိုင်နေမိ၍ဒန်အနားရောက်လာသည်ကို မသိလိုက်။ ဒန်က ခပ်ဆွေးဆွေးကြည့်နေတဲ့သူ့ကို သူ့နည်းအတိုင်းပြန်ကြည့်ရင်း ခပ်တိုးတိုးခေါ်လာခဲ့သည်။ ဒန်က သူ့အနား အချိန်တိုင်းရှိနေတဲ့သူမလို့ သူဘာတွေဖြစ်နေလဲဆိုတာ ခံစားမိသည်။ အခုလိုအဖြစ်အပျက်မျိုး သူ့ဘဝတစ်လျှောက်လုံး ရှိမှမရှိခဲ့တာ။ ဂေဟာမြေသိမ်းယူခံရတုန်းကလည်း သူအဲလိုမဖြစ်ခဲ့ဘူး။ ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးနဲ့ ဘယ်လိုလက်ဝယ်ပြန်ယူရမလဲဆိုတဲ့ အတွေးတွေပဲ ခေါင်းထဲမှာပြည့်နေခဲ့ပြီး နေ့ညမနားကြိုးစားအားထုတ်ခဲ့တာ။ နောက်ထပ် သူ့မျှော်လင့်ချက်အကြီးကြီးဖြစ်တဲ့ ဝန်ကြီးချုပ်ဆုံးပြီး အမွေတွေမရလိုက်တဲ့ အချိန်တုန်းကလည်း ဒီလိုမျိုးမဖြစ်ခဲ့။ ဟမ်း.. သူစိတ်ဓာတ်ကျဖ်ို့ နေနေသာသာ အဆင်ပြေမဲ့နည်းလမ်းအစုံ စဉ်းစားပြီး သူနောက်အိမ်ထောင်ပြုဖို့တောင် တွေးထားခဲ့သေးတယ်။

အဆင်ပြေမဲ့နည်းလမ်းပေါင်းစုံနဲ့ သူ့ရည်ရွယ်ချက်တွေအတွက် တစ်ချက်မှ မညည်းမညူဘဲ နေလာခဲ့တာ။ တစ်လျှောက်လုံး စိတ်ဓာတ်မကျခဲ့ဘူးဆိုရင်တော့ ဟန်ဆောင်ရာ ကျမှာပေါ့။ သူဒီလောက်ထိတော့ တစ်ခါမှ စိတ်ဓာတ်မကျခဲ့ဖူးခဲ့ဘူး။ သုညဘဝက လာခဲ့ရတဲ့သူမလို့ နေရာတစ်နေရာအတွက် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာမလို့ စိတ်ဓာတ်ကျဖို့အချိန်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် အခုလည်း ဖြစ်ပျက်ခဲ့သမျှကိစ္စတွေ မေ့ထားပြီး ရှေ့ဆက်လျှောက်ရမည်။ သူအဲလောက်ထိ ဒီစက်ရုံသစ်အတွက် အားခဲထားခဲ့တာမလို့ ဘာမဟုတ်တဲ့ကိစ္စတွေကို ခေါင်းထဲမထည့်ချင်မိ။ မထည့်အောင်လည်း နေခဲ့သည်။ သူ့ဦးနှောက်က ကောင်းကောင်းတွေးတောလက်ခံနိုင်ပြီး အသိစိတ်က ထိန်းချုပ်နိုင်ခဲ့ပေမဲ့.. ဟမ်း.. သူထပ်မတွေးချင်တော့ဘူး။ အဲနေ့က ဖြစ်ပျက်သမျှကို ဖြစ်နိုင်သမျှ သူမေ့ထားချင်မိသည်။

" အစ်ကို .. အဆင်မပြေရင်လည်း ပြန်နားရအောင်လေ "

သူအဆောက်အအုံကြီးဆီ ခပ်ဆွေးဆွေးကြည့်ရင်း မျက်ရည်ဝဲတက်လာသည်မလို့ ဒန်ကပါ သူ့ကိုကြည့်ရင်း စိုးရိမ်မှုတွေတိုးလာတော့ သူခပ်သာသာပြန်ကြည့်ရင်း ဝဲတက်ချင်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းလိုက်သည်။

" မဟုတ်တာ အဆင်ပြေတယ် ငါပျော်လို့ပါ.. ငါ့ဘဝတစ်ခုလုံး ဒီစက်ရုံထဲမှာရှိတယ်ဒန်.. ဒီစက်ရုံက ငါ့ဘဝနဲ့ရင်းပြီး အစပျိုးခဲ့ရတာမလို့ ပျော်နေတာ.. ဒီစက်ရုံထဲမှာ ငါ့ခံစားချက်အကုန်ရှိတယ်.. အခုလို ရုပ်လုံးပေါ်လာပြီမလို့ ငါပျော်နေတာ "

" ဒီစက်ရုံက အစ်ကို့ဘဝဆိုရင် ဂေဟာကလည်း အစ်ကိုဘဝပါပဲ အစ်ကို့ဘဝတစ်ဆစ်ချိုးက ဂေဟာကနေ အစပြုခဲ့တာ ဂေဟာကနေစပြီး အစ်ကို့ဘ‌ဝတွေ ပြောင်းလဲခဲ့ရတာ ကောင်းတာတွေရော ဆိုးတာတွေရော အစ်ကိုအားလုံးကို လက်ခံရခဲ့တယ် "

သူမေ့နေခဲ့တာပဲ.. ဂေဟာကလည်း သူ့ဘဝနဲ့ရင်းပြီး ရပ်တည်လာခဲ့တာကို သူမေ့နေခဲ့တာပဲ.. ဒါပေမဲ့ အဲအချိန်တုန်းက သူ့ဘဝနာခဲ့တယ်လို့ မထင်ခဲ့ဘူး။ အဲအချိန်တုန်းက ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတာ ကံကောင်းတယ်လို့ သတ်မှတ်ခဲ့တာ။ ဝန်ကြီးချုပ်သေသွားတော့လည်း ရှေ့ဆက်ဖို့ အခက်အခဲတွေအကြောင်း တွေးရင်း ဝန်ကြီးချုပ်ညီနဲ့ ဆက်ပြီးပတ်သက်ဖို့ဖြစ်လာခဲ့ပြီး လိုအပ်နေတဲ့အခက်အခဲတွေ ဖြေရှင်းနိုင်ခဲ့တော့လည်း ကံကောင်းတယ်လို့ ထင်နေခဲ့သေးတယ်.. နောက်ဆိုရင် ကံကောင်းတယ်လို့ ထပ်မတွေးလောက်တော့ဘူးထင်တယ်..

" အစ်ကို.. ဂေဟာကနေစလို့ စက်ရုံတွေထိ အစ်ကိုဘဝဆိုရင်.. အစ်ကိုကလည်း ကျွန်တော်တို့ရဲ့ ဘဝပါပဲ .. အစ်ကိုက ကျွန်တော်တို့အားလုံးရဲ့ ဘဝပါ အစ်ကိုရှိလို့ ကျွန်တော်တို့လည်း ရှိနေနိုင်တာ။ အစ်ကိုဆက်ပြီးရှိနေမှ ကျွန်တော်တို့လည်း ဆက်ပြီးရှိနေနိုင်မှာ အစ်ကိုက ရှေ့ကမားမားမတ်မတ် ရပ်တည်နိုင်မှ ကျွန်တော်တို့ကလည်း အစ်ကို့ကို မှီခိုပြီး နေနိုင်မှာ.. "

ဒန်က သူ့စိတ်အခြေအနေကြောင့် လိုအပ်နေတဲ့ အားပေးစကားတွေပြောလာတော့ မကျဖြစ်ခဲ့တဲ့ မျက်ရည်တွေက အခုအချိန်မှာ သူ့ပါးပြင်ထက် အတုံးအရုန်း ပြိုဆင်းလာခဲ့ပါပြီ။ သူဘာလို့ဒီလောက်ခံစားလွယ်တတ်ရသွားတာလဲ.. သူဘယ်တုန်းက ဒီလောက် အားနည်းသွားရတာလဲ.. ဒီလိုအခြေအနေတိုင်း သူကတစ်ဖန် ပြန်နှစ်သိမ့်ပေးနေကြကို ဒီနေ့မှာတော့ သူပါလိုက်ငိုချင်နေမိတယ်.. သူတကယ်ပဲ ဘယ်နားက စမှားယွင်းနေပြီလဲမသိတော့ဘူး။ သူ့နှလုံးသားက ပြဿနာရှိနေပြီထင်ပါတယ်..

_______________________________

မြို့တော်မှာ တစ်နေ့ထက်တစ်နေ့ သောင်းကျန်းလာတဲ့ အုပ်စုဖွဲ့လုယက်တ်ိုက်ခိုက်မှု‌တွေကြောင့် စစ်တပ်က အရေးပေါ်အစည်းအဝေးခေါ်သည်။ ဂျောင်ဂုက တရားဝင်ထမ်းဆောင်ဖို့ ရက်အနည်းငယ်လိုသေးပေမဲ့ စစ်တပ်က အကြောင်း‌ကြားစာနှင့်အတူ ဆင့်ခေါ်ခြင်းခံရ၍ အစည်းအဝေးပွဲ တက်ရောက်ရသည်။ အရင်ကလည်း ညဘက်ကင်းတွေချရင်း စောင့်ကြည့်ခဲ့ပေမဲ့ တစ်နေ့တစ်နေ့ ပိုပိုဆိုးရွားလာ၍ တန်ပြန်တိုက်ခိုက် အကြမ်းဖက်ပြီး အမြစ်တိုက်မှ ရတော့မည်ဖြစ်ကြောင်း ဆွေးနွေးနေကြသည်။

အစတည်းက ဒီလိုပဲဖြစ်နေရမှာကို ညှာတာနေစရာ အကြောင်းမှမရှိတာ။ ညှာနေလို့ ပိုပိုအင်အားကောင်းလာပြီး လူတွေကို အသက်အန္တရာယ်ကျတဲ့အထိ ဖြစ်လာစေခဲ့တာ.. လူတွေကိုအကြမ်းဖက်တိုက်ခိုက်ပြီးမှ စားသောက်နိုင်တဲ့ ယောကျာ်းတွေကို ဘာညှာတာနေစရာရှိလဲ! အရမ်းအစွမ်းအစရှိနေရင် တပ်ထဲဝင်ပြီး မငြိမ်းချမ်းသေးတဲ့ နိုင်ငံတော်ကို ကာကွယ်ပေါ့။ စစ်တပ်ထဲဝင်ရင် နေစရာ စားစရာနဲ့ ‌သေရင် သူ‌ရဲကောင်းဆန်ဆန်သေရမှာကို အားနွဲ့တဲ့ မိန်းမတွေဆီက အကြမ်းဖက်ပြီး လုယက်ဓားပြတိုက်နေတဲ့ ကောင်တွေကို ဘာမှညှာတာထောက်ထားစရာ အကြောင်းမရှိ။ တကယ်လို့ ဒီတာဝန် သူ့ကိုကိုင်တွယ်ခိုင်းရင် အကုန်အမျိုးဖြုတ်ပေးလိုက်မယ်!

" ဗိုလ်လောင်းဂျွန်ရော ဒီကိစ္စကို ဘယ်လိုအကြံပေးချင်လဲ ကျုပ်တို့အနေနဲ့ ဗိုလ်လောင်းဂျွန်ကို တာဝန်ချိန်မရောက်သေးဘဲ အရေးပေါ်ဆင့်ခေါ်လိုက်ရလို့ အားနာပါတယ် စစ်တပ်မှာ ဗိုလ်လောင်းရဲ့ အရေးပါမှုကြောင့်လို့တွေးပြီး နားလည်ပေးနိုင်မယ်ထင်တယ် "

ဂျောင်ဂုက စကားပလ္လင်ခံနေတာတွေကို တုံ့ပြန်မနေတော့ဘဲ သူ့ရည်ရွယ်ချက်နဲ့ အတွေးတွေကိုသာ ချပြလိုက်သည်။

" ကျုပ်ကတော့ အကြမ်းဖက်တဲ့သူတွေကို အကြမ်းဖက်တဲ့နည်းပဲ ပြန်သုံးမှာပါ။ ဒီလိုအမှိုက်တွေကိုဖမ်းဖို့ တန်းဖိုးရှိတဲ့ ကျုပ်တပ်သားတွေကို မ‌စတေးနိုင်ဘူး။ ဒီအရေးက ကျုပ်လက်ထဲရောက်လာရင် ကျုပ်ကတော့ ခင်ဗျားတို့ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို တစ်ခုမှ နာခံမှာမဟုတ်ဘူး ကျုပ်နည်းလမ်းအတိုင်း ကျုပ်သွားမှာ "

သူ့ကောက်ချက်ကြောင့် စားပွဲဝိုင်းတွေ ဖင်ပူအောင် ထိုင်ဆွေးနွေးနေကြတဲ့ အရာရှိတွေက ဆူဆူညံညံ ဖြစ်သွားကြသည်။ သူတို့က ထိုအမှိုက်ဓားပြတွေကို ဖမ်းဖို့ လမ်းကြောင်းနဲ့ ဗျူဟာတွေကို တွက်ချက်နေကြတာဖြစ်သည်။ သူတို့က အကြမ်းမဖက်ဘဲ အရှင်ဖမ်း ညှိနှိုင်းပြီး ဝန်ခံကတိထိုး ဖျောင်းဖျပြီး တ‌ရားသောနည်းလမ်းနဲ့ လုပ်နိုင်ဖို့ ကြံစည်နေကြသည်။

" အဲလိုလုပ်လို့ရတဲ့ ဥပဒေမရှိသေးပါဘူး ဗို‌လ်လောင်းဂျွန်။ စစ်သားတွေက စစ်မြေပြင်ကလွဲရင် လူသတ်ဖို့ခွင့်မပြုထားတာ မသိဘူးလား တကယ်လို့ မင်းအဲလိုလုပ်မိရင် စစ်တပ်ကလည်း မင်းအတွက် ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ သူတို့ကလည်း ပြည်သူထဲက ပြည်သူဆိုတာ နှလုံးသွင်းထားသင့်တယ် သူတို့က အကြမ်းဖက်လက်နက်ကိုင်ဖြစ်နေပေမဲ့ သူတို့မှာပြင်ဆင်ဖို့ အခွင့်အရေးဆိုတာ ရှိသေးတယ်။ သူတို့ကိုသတ်လိုက်ရင် လူတစ်ယောက်ဆုံးရှုံးရမယ် အဲဒါပြည်သူ! "

" ဒါဆိုလည်း ခင်ဗျားတို့ အချိန်ကုန်ခံပြီး စဉ်းစားလိုက်အုံးလေ ကျုပ်ကတော့ ကျုပ်နည်းလမ်းအတိုင်း မပြောင်းဘူး။ စစ်သားတွေက စစ်မြေပြင်မှာပဲ လူသတ်လို့ရတယ်ဆိုရင် အဲဒီနေရာကို ကျုပ်က စစ်မြေပြင်အဖြစ် ပြောင်းလဲပေးမယ်။ အထက်က ဒီတာဝန်အတွက် ကျုပ်ကိုပေးအပ်လာခဲ့ရင် အဲဒီအမှိုက်တွေ အကုန်သေပြီပဲ "

ဂျောင်ဂုက အရာရှိတွေဆီ လက်ညိုးနဲ့လက်မသုံးပြီး သေနတ်ပုံသဏ္ဍန်ပစ်ခွင်းကာ အစည်းအဝေးခန်းထဲက ထွက်လာခဲ့သည်။ အမှိုက်တွေအတွက် ဖင်ပူခံပြီး ထိုင်စဉ်းစားပေးနေစရာလား အချိန်ကုန်တယ်! သူအစည်းအဝေးအခန်းက ထွက်လာပြီးတော့ သူ့တပ်သားတွေ လေ့ကျင့်ရေးစခန်းဘက် ထွက်လာခဲ့သည်။ တပ်သားတွေက သူ့ကိုမြင်တော့ အသင့်အနေအထားနဲ့ အလေးပြုလာကြသည်။

" မကြာခင် တာဝန်တစ်ခုထမ်းဆောင်ဖို့ ရှိလာတော့မှာမလို့ အသိလာပေးတာ အချိန်မရွေး ‌စခန်းက ထွက်ခွာနိုင်ဖို့ အသင့်ပြင်ဆင်ထားပါ။ "

" ဗိုလ်မှူး မဟုတ်မှ ချူံခိုတိုက်ခိုက်တဲ့ ဓားပြတွေအမှုလား "

" ဟုတ်တယ် "

အဲဒါက အခုမှ ဆွေးနွေးနေစဲအမှုဖြစ်တော့ တပ်သားတွေက ဇဝေဇဝါ ဖြစ်သွားကြသည်။ သူကတော့ သူ့ကိုတကူးတက ဆင့်ခေါ်ကတည်းက တာဝန်က သူ့လက်ထဲကျမှာဆိုတာ သိနေပြီးသားမလို့ အစည်းအဝေးတွင်လည်း သူ့သဘောထားကို တမင်ပြောပြထားခဲ့လိုက်သည်။ တာဝန်သူ့လက်ထဲကျလာရင် သူ့ကို သတိပေးစာနဲ့အတူ ဖျောင်းဖျလာကြအုံးမှာကိုတော့ ကြိုသိနေပြီးသား.. ပြီးရင် ထိုအတွက် ထုချေလွှာပါ ကြိုရေးခိုင်းထားရတော့မယ် ကိန်းဝပ်ကို!..

" အဲဒီအမှုက အခုမှဆွေးနွေးနေစဲဖြစ်ပေမဲ့ ငါ့လက်ထဲပဲရောက်လာမှာ အချိန်ကုန်ခံပြီး တွေးမနေနဲ့တော့ ကိုယ်လုပ်စရာရှိတာနဲ့ လုပ်ရမဲ့အကြောင်းပဲ ခေါင်းထဲထည့်ထား မကြာခင် အမှိုက်ရှင်းရတော့မှာ! "

သူမှာစရာရှိတာမှာပြီး လေ့ကျင့်ရေးကွင်းထဲက ပြန်ထွက်လာခဲ့သည်။ သူထွက်လာခဲ့ပြီးတော့ သူ့ရုံခန်းဆီသာ ပြန်လာခဲ့သည်။ အမှိုက်ရှင်းဖို့တာဝန်က သူလုပ်ရမှာ သေချာသလောက် ရှိနေပြီမလို့ မြို့တော်ရဲ့လမ်းကြောင်းမြေပုံကြည့်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ရမည်။ သူကအမှိုက်လို့သာ ခေါ်နေပေမဲ့ တကယ်အမှိုက်သိမ်းရသလိုတော့ ဘယ်လွယ်လိမ့်မလဲ တောပုန်းဓားပြတွေမလို့ လမ်းကြောင်းကျွမ်းပြီး ဉာဏ်များလှသည်။ ဒါကြောင့်လည်း စစ်တပ်က အရှင်ဖမ်းဖို့မမိနိုင်တာ။ သူတို့က အရှင်ဖမ်းစခန်းသိမ်းပြီး အလင်း‌ဝင်စေချင်တာ ဒါမျိုးသိနေရင် ဘယ်သူက ဓားပြလုပ်နေမှာလဲ နိုင်ငံတော်က မအေးချမ်းသေးတဲ့ ‌စစ်ပွဲကာလ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းတွေအများအပြားလိုအပ်နေတာ နိုင်ငံသားတိုင်းသိနေတာပဲ အသိစိတ်မရှိလို့ အခုလိုအခြေအနေမှာ အခွင့်ကောင်းယူပြီး ဓားပြတိုက်စားနေသေးတာ အသိစိတ်က ဖမ်းမိမှာဝင်မှာလား.. သေမှသာဝင်မှာ..

" သခင်လေး ကျွန်တော်ကိန်းဝပ်ပါ "

" ဝင်ခဲ့ "

သူခွင့်ပြုတာနှင့်အတူ ကိန်းဝပ်က ဝင်လာသည်။ လက်ထဲတွင် စာရွက်စာတမ်းတချို့နှင့် သူခိုင်းစေထားတဲ့ ကိစ္စတွေ ပြီးမြှောက်သွားပြီဖြစ်ကြောင်း သတင်းပို့သည်။ သူစာရွက်စာတမ်းတချို့ကို စိတ်မပါစွာ လှန်လောကြည့်လိုက်ပြီး ကိန်းဝပ်ကို မျက်တောင်ပင့်ကြည့်လိုက်သည်။

" အိမ်တော်မှာ အခြေအနေဘယ်လိုရှိလဲ "

" အိမ်တော်မှာ အားလုံးအဆင်ပြေပါတယ် မမလေးဟယ်လင်ကတော့ စစ်တပ်ကို အလည်လာလို့ရလား ခွင့်တောင်းထားတယ် "

" ကင်မ်ဆော့ဂျင်ကရော.. "

" မဒမ်လည်း နေကောင်းသွားပြီး စက်ရုံကို ပုံမှန်သွားနေပါပြီ.. "

သူသိပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အဲဒီနေ့က သူကင်မ်ဆော့ဂျင်ကို သတိလစ်တဲ့အထိ ဆက်ဆံခဲ့မိတာ။ ပုံမှန်ထက်ကြာမြှင့်တဲ့ဆက်ဆံမှုနဲ့ ကြမ်းတမ်းတဲ့ဝင်ရောက်မှုကြောင့် ကင်မ်ဆော့ဂျင်က သတိလစ်သွားပြီး နောက်နေ့မှာတော့ အဖျားဝင်ရောက်တဲ့အထိ ဖြစ်သွားခဲ့သည်။ သတိလစ်တာက လိင်ပိုင်းဆိုင်ရာခံစားမှုကြောင့် မေ့မျောသွားတာမျိုးဖြစ်ပြီးနောက်နေ့မှာတော့ နေမကောင်းဖြစ်၍  နှစ်ရက်လောက်အထိ ဘယ်သူနဲ့မှမတွေ့ စကားမပြော အခန်းထဲကအပြင်မထွက် နေခဲ့သည်တဲ့။ အကြောင်းအရင်းကိုတော့ သူလည်းမသိခဲ့ရ။ သူကတော့ နောက်တစ်နေ့မှာပင် စစ်တပ်က အကြောင်းကြားစာပို့ခံရပြီး စစ်တပ်ထဲမှာပဲရှိနေခဲ့ကာ အိမ်တော်မပြန်ဖြစ်တော့။ ရှေ့လျှောက်လည်း ပြန်ဖို့မရှိတော့ဘူး။ ကင်မ်ဆော့ဂျင်က သူ့ကြောင့်နဲ့ အခုလိုဖြစ်သွားရတာကိုတော့ သူ့အပြစ်မကင်းဘူးထင်မိလို့ ‌အခြေအနေမေးကြည့်ရုံပဲ ကျန်တာစိတ်မဝင်စားဘူး။ သူ့ကြောင့်နဲ့သာမဟုတ်ရင် အရေးတယူမေးနေမှာတောင် မဟုတ်ဘူး!

" ဟုတ်ပြီ တခြားဘာကိစ္စပြောစရာရှိသေးလဲ "

" မရှိတော့ပါဘူး သခင်လေး "

" သွားတော့ "

ကိန်းဝပ်ထွက်သွားတော့ သူလုပ်လက်စပြန်လုပ်ပြီး အလုပ်ထဲ အာရုံပို့ထားလိုက်သည်။ ဒါပေမဲ့ ခဏအကြာ ‌အာရုံထဲရောက်လာသည်က အဲဒီနေ့က ဖြူလျော့လျော့ဖြစ်နေတဲ့ ကင်မ်ဆော့ဂျင်နဲ့ သွေးထွက်သံယိုခန္ဓာကိုယ်.. သူထိုင်ခုံနောက်မှီထိုင်ရင်း မျက်လုံးတွေကို မှေးမှိတ်ထားမိသည်။

အိမ်ကထွက်လာပြီး တစ်ရက်မှ သူကောင်းကောင်းအိပ်လို့မရခဲ့။ သူမျက်လုံးတွေမှိတ်လိုက်တိုင်း အဲနေ့က ထိုသူရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်ကိုက သူအာရုံထဲ ဝင်ဝင်လာခဲ့သည်။ ကင်မ်ဆော့ဂျင်က သတိလစ်သွားခဲ့တာ.. သူကင်မ်ဆော့ဂျင်ကို သတိလည်အောင် ပြန်လုပ်ပေးခဲ့ပြီး  သတိရရခြင်း မျက်လုံးတွေဖွင့်လာတော့ သူ့ကိုကြည့်နေတဲ့ ကင်မ်ဆော့ဂျင်ရဲ့အကြည့်တွေက အသက်မဲ့လို့နေခဲ့သည်။ စိတ်ဆိုးဒေါသထွက်ပြီး အပြစ်တင်နေတဲ့ အကြည့်တွေမျိုး မဟုတ်ခဲ့။ ဒီအတိုင်း သူ့ကိုကြည့်နေခဲ့ပြီး အကြည့်တွေနဲ့ ထွက်သွားဆိုတဲ့ စကားနှစ်လုံးပဲ ပြောခဲ့တယ်။

သူ့စိတ်တိုင်းကျ ထွက်သွားပေးခဲ့တဲ့အပြင် သူ့ဆုံးဖြတ်ချက်နဲ့သူ ဘယ်တော့မှ ပြန်မလာတော့ဖို့လည်း ဖြစ်သွားပြီ။ သူ့ဘက်က သူ့ဆန္ဒအတိုင်း လိုက်လျောပေးခဲ့တယ်ဆိုတာ သူလွန်ခဲ့လေလားဆိုတဲ့အတွေးနဲ့ အလျှော့ပေးလိုက်တာ ပြန်မလာတော့ဘူးဆိုတာကတော့ ကိုယ်တိုင်က ဘယ်နေရာရောက်ရောက် ရှင်ဘုရင်လိုနေရတာမလို့ အဲဒီအိမ်တော်မှာ ခြေမချရလို့လည်း သူ့အတွက် ဘာမှဖြစ်သွားမှာမဟုတ်ဘူး! သူတို့ကသာ အလိုရှိတုန်းက လူကိုဖားလျားဆက်ဆံခဲ့တာ သူ့ဘက်က ဘာမှကြီးစိုးခြယ်လှယ်နေတာမျိုးမရှိဘူးဆိုတာ သူသိသင့်တယ်!

မဟုတ်ဘူး သူအသိဆုံးဖြစ်မှာပါ သူ့ကြောင့်နဲ့ အကုန်အဆင်ပြေသွားခဲ့ပြီးမှ အလိုပြည့်သွားလို့ သူ့ကိုကန်ထုတ်ချင်နေတာ! အခုသူ့မှာ ဘာမှလိုအပ်တာမရှိတော့လို့ သူ့အပေါ်ဆက်ဆံတဲ့အချိုးတွေ ပြောင်းကုန်တာ.. တကယ်ပဲ ပိုက်ဆံမျက်နှာနဲ့ သူ့အောက်မှာ လိုလိုချင်ချင်ရှိနေခဲ့တာက ဘယ်လောက်ထိတောင်လဲဆို သူရှိတဲ့ဒီနေရာအထိပါ လိုက်ပါလာပြီး သူနဲ့အိပ်ချင်ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွေဆင်ပြီး သူ့ကိုလှည့်ဖြားဖို့လုပ်ခဲ့တယ် သူ့ဘက်က အလိုတသိနဲ့ အကုန်လုံးကို လိုက်လျော‌ခဲ့ပြီးမှ သူ့ဘက်က စဖောက်တာမလို့ သူ့ဘက်က လုံးဝပြန်ဆက်လိမ့်မယ်မဟုတ်!

ဒါပေမဲ့ ဒါကလည်း အလွှတ်ပေးလိုက်တယ်လို့ မဆိုလိုဘူး! ခင်ဗျားကို တဖြည်းဖြည်းနဲ့ ညှဉ်းဆဲနေအုံးမှာ.. တစ်ယောက်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တိုင်း ခင်ဗျားပျော်လို့မရအောင် ကျုပ်က ခင်ဗျားကို အရ်ိပ်မည်းကြီးနဲ့ ထိတ်လန့်အောင် ခြောက်လှန့်နေအုံးမှာလို့.. လိုချင်တာတွေရခဲ့ပြီဖြစ်တဲ့ဘဝမှာ မလိုချင်တဲ့အရိပ်မည်းကြီးတစ်ခုကတော့ ရှိစမြဲမဟုတ်လား.. အဲဒီအရိပ်မည်းကြီးက ခင်ဗျားကိုယ်တိုင်စတင်ခဲ့တဲ့အရိပ်မည်းကြီးပဲမလို့ ဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့!

_____________TBC

ယူတို့ဆီက အကြွေးယူထားသလိုပဲနော် 🙄 အကြွေးလိုက်တောင်းခံနေရတယ် 😓

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories