extra💔
13:19, 26 July 2025အချိန်တွေကြာသွားခဲ့ပြီ။အခုဆို ကျွန်တော်က အထက်တန်ပြီးလို့ Uniပထမနှစ်ကိုတက်နေပြီဖြစ်သည်အကိုကတော့ ဒုတိယနှစ်ပေါ့၊ကျွန်တော်က အကိုနဲ့တူအောင် အကိုယူတဲ့မေဂျာပဲလိုက်ယူခဲ့သည်အဲ့တွက်လဲ စာတွေအများကြီးကြိုးစားခဲ့ရသည်ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော်နဲ့ မေဂျာအတူတူဖြစ်ကြသည်ကျွန်တော်နဲ့ အကိုက စီနီယာနဲ့ ဂျူနီယာတွေဆိုတော့အမြဲတမ်းတွေ့နေကြရသည်၊ကျွန်တော်နားမလည်တဲ့စာများကိုလည်း အကိုကရှင်းပြပေးသည်
ကျွန်တော်တို့တွဲနေတာကို မိဘတွေကိုအသိပေးခဲ့ကြသည်ကျွန်တော့်မိဘတွေက Phi Phuwinအကူညီနဲ့လက်ခံပေးခဲ့ကြပေမယ့် အကို့မိဘတွေကတော့ အစကဘယ်လိုမှလက်မခံကြပါ၊နောက်ပိုင်းကျွန်တော်နဲ့ အကို အများကြီးကြိုးစားခဲ့တာကြောင့် သူတို့လဲ လက်ခံပေးလာကြသည်
ကျွန်တော်တို့အဖွဲ့ထဲမှာတော့ ကျွန်တော်နဲ့အကိုက တစ်တွဲ၊Ai Wi နဲ့Phi Estကတစ်တွဲ၊Ai Poonကတော့ သူကလားးးး အင်းးးးသူကတော့
"အီးးးဟီးးးးသူငယ်ချင်းတို့ ငါ့ကိုမကယ်နိုင်တော့ဘူးလားကွာ"
"မင်းကဘာဖြစ်ပြန်တာလဲAi Poon"
"အေးလေ မင်းက"
သူ့ဖုန်းကိုကြည့်ပြီး ရုတ်တရက်ထအော်လာတဲ့Ai Poonကို ကျွန်တော်နဲ့Willaimပြောလိုက်ကြသည်
"ငါ ငါမရတော့ဘူးကွ၊ငါမနိုင်တော့ဘူးးးး"
"ဟျောင့် ဘာကိုလဲ ရှင်းရှင်းပြောစမ်းပါကွာ"
"ငါလေ ၊ငါ့နှလုံးသားလေးကမနိုင်တော့ဘူး၊ငါကြာရင်မရလောက်တော့ဘူးကွ၊ငါအရင်ကထိုင်းမှာဘဲနေတာပါကွာ"
"အေးလေ ငါတို့သိတယ်လေဟ၊ခုကဘယ်သွားနေနေလို့လဲ"
"အခုငါ သူများတွေကပေါက်စီမြေသွားကြလို့ငါပါ လိုက်သွားကြည့်တာ၊အခုပြန်လမ်းမသိတော့ဘူးကွ၊ထိုင်းကနေနတ်ဆရာကလဲပင့်နေပြီ၊ချီချန်နဲ့ သာ့ပေါင်ကလဲ ဆွဲထား၊အယ်လ်ဖာကြီးကိုတက်အုပ်မဲ့ ပန်းနုဟွားကလည်းဆွဲဆောင်၊သူငယ်ချင်းကို စားရဖို့ကြံနေတဲ့ မြတ်ဆရာကလည်းပေါ်လာပြန်နဲ့ ငါဘယ်လိုလုပ်ရမလဲကွာ အီးးးဟီးးးးကယ်ကြပါ"
"ဟူးးးး"
ထိုကောင့်ကိုကြည့်ပြီး Fot နဲ့Willaimသက်ပြင်းသာချလိုက်ကြတော့သည်
ဘာများလဲလို့ နားထောင်နေတာ၊အဲ့လိုပါပဲ Poonတို့လိုbl fanတွေမှာရည်းစားမလိုဘူးလေ၊bl fanတွေဆိုတာက သူတို့ကလေးတွေနဲ့သူတို့ကိုလက်မလည်ကြဘူး၊ရည်းစားကဘယ်မှာထားချိန်ရှိကြမှာလဲ၊Ai Poonတော့ လူပျိုကြီးပဲဖြစ်တော့မယ်ထင်တယ်လေ
Fotတစ်ယောက်ထဲ အရင်ကအကြောင်းတွေတွေးနေမိသည်
သူမသိတာက သူ့သူငယ်ချင်းPoonမှာ သူ့လိုမျိုး bl fanတစ်ယောက်ဖြစ်တဲ့သူ့အခန်းေဖာ်Marcနဲ့ ညတိုင်း seriesတူတူကြည့်ကြတာကိုပေါ့
Marcကအထက်တန်းကိုတခြားကျောင်းကတတ်ခဲ့တာဖြစ်ပြီး Uniကြလည်းသူတို့နဲ့မေဂျာမတူပါ၊အဲ့တာကြောင့် Poon ကသူတို့ကိုတစ်ခါမှမိတ်ဆက်မပေးဖူးတော့ မသိကြတာဖြစ်သည်
ပြီးတော့ထိုအခန်းဖော်လေးနဲ့ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးရှိတယ်ဆိုတာရောပေါ့
……………………………………………………………
"ထုခွန် မနက်ဖြန် ကျရင် ပထမနှစ်တွေကိုကြိုဆိုတဲ့အနေနဲ့ စီနီယာတွေက ကမ်းခြေတစ်ခုကိုခေါ်သွားရမယ့် အစီစဉ်လေးကို ဆရာတို့ ဆွဲထားတယ်အာ့ကြောင့် အားလုံးမနက်ဖြန်တွက်ပြင်ဆင်ထားကြပါနော်"
"ရေးးးးး"
ဌာနမှူးပြောစကားကြောင့် ပထမနှစ်ကျောင်းသားများကပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်စီနီယာတချို့ကတော့ ထူးပြီး စိတ်လှုပ်ရှားမနေပါ ဒါကသူတို့တွက် ပထမဆုံး ကမ်းခြေခရီးမဟုတ်တော့ဘူးလေဒါပေမယ့် Geminiဆိုတဲ့ စီနီယာတစ်ယောက်ကတော့ စိတ်လှုပ်ရှားနေခဲ့သည်ထိုခရီးမှာ သူအကောင်အထည်ဖော်ရမယ့်ကိစ္စတစ်ခုတွက် စိတ်လှုပ်ရှားနေတာဆိုရင်ပိုမှန်ပေမည်
"Ai Gem မနက်ဖြန်တွက်အဆင်သင့်ပြင်ထားနော် ၊ငါတို့ကကူညီဖို့ အဆင်သင့်ပဲ"
"Ok ကျေးဇူး Ai Est"
သူ့ကိုကူညီဖို့ပြောလာတဲ့Estကို Gemကျေးဇူးတင်ကြောင်းပြောလိုက်သည်
"ရေးးးကမ်းခြေကျရင် ငါတော့ အတွဲတွေလှည့်ချောင်းမယ်ဟေ့"
"Normalတွဲတွေတွေ့နေရင်ဘယ်လိုလုပ်မှာလဲ"
"ဟွန့် အဲ့လိုတွဲတွေကြည့်ပါ့မလားကွ၊blပဲကြည့်မှာ မပြောနိုင်ဘူးလေ တိတ်ဆိတ်တဲ့တနေရာရာမှာ ခိုးပြီးချစ်နေကြတဲ့ blတွဲလေးများ liveကြည့်ရမလားလို့"
ပြောကာပြုံးဖြီးနေတဲ့ PoonကိုFotနဲ့Willaimမနိုင်ဘူးဟုသာခေါင်းခါလိုက်ကြသည်သူတို့ကိုကအမှတ်မရှိတာပါ
……………………………………………………………
ဒီနေ့ကပထမဆုံးကမ်းခြေခရီးလေးကို ချစ်ရသူတွေနဲ့အတူတူထွက်ခဲ့ရတာဖြစ်သည်
ကမ်းခြေကိုကားရောက်ပြီဆိုတာနဲ့ လတ်ဆတ်တဲ့ကမ်းခြေရဲ့လေညင်းလေးကိုရှူရှိုက်လိုက်ရတာကြောင့် Fotရင်ထဲလတ်ဆတ်ပြီးအေးချမ်းသွားသည်
"ချာတိတ် စိတ်လှုပ်ရှားနေလား"
"ဟုတ်တယ် အကို ဒါကFotတွက် ပထမဆုံးပဲ"
ဘေးခုံမှာထိုင်နေတဲ့ အကိုကမေးလာတာကြောင့် Fotပြန်ဖြေလိုက်သည်
"ပထမဆုံးအရာတွေကလူတိုင်းကိုစိတ်လှုပ်ရှားစေတာပဲနော်"
"ဟုတ်တယ်နော် အဟီးးးး"
"မွ အကုန်ဆင်းနေကြပြီ အခုထိမဆင်းသေးဘူးလား"
ချာတိတ်ရဲ့နှဖူးလေးကိုနမ်းလိုက်တာကြောင့် ကြောင်အနေတဲ့ ချာတိတ်ကို Gemပြုံးကာပြောလိုက်သည်
"အာ ဆင်းပြီဆင်းပြီ"
ရှက်ရမ်းရမ်းကာ ကားပေါ်မှပြေးဆင်းသွားသူလေးကြောင့် Gemအသည်းယားကာ ပြုံးလိုက်သည်
"ချစ်စရာလေးကွာ"
……………………………………………………………
"ရော့ ရော့ ရော့ ကိုယ့်အခန်းသော့ကိုယူကြမယ် တစ်ခန်းကို စီနီယာတစ်ယောက် ဂျူနီယာတစ်ယောက်နေရမယ်နော် ၊အခုတော့ ခနနားကြမယ် ညနေမှ ပင်လယ်ဘက်ထွက်ကြမယ်နော် ထုခွန်"
"Ok ခ"
ဌာနမှူးဆီကနေသော့တွေယူပြီး ကျောင်းသားများဟာ ကိုယ့်အခန်းကို ကိုယ်စီသွားကြသည်
GemFotကတစ်ခန်း၊WillaimEstကတစ်ခန်း ၊Poonကတော့ တခြားစီနီယာတစ်ယောက်နဲ့တစ်ခန်းကျတာဖြစ်သည်
"အားးးအကို့ ဘာလို့အတင်းလာဖက်နေတာလဲ အထုတ်တွေချလိုက်အုံးမယ်"
"အရမ်းချစ်စရာကောင်းလို့လေ မဖက်ရဘူးလား"
အခန်းထဲရောက်တာနဲ့ နောက်ကနေအတင်းလာဖက်တဲ့အကို့ကိုFotပြောလိုက်တော့အကိုပြန်ပြောလာတဲ့စကားကြောင့် Fotရင်ခုန်သွားသည်
"ဖက်လို့ရပါတယ်ဗျာ Fotက Geminiဆိုတဲ့ အကို့အပိုင်ပဲ"
"အင်းးမင်းးကကိုယ့်အပိုင်"
Fotရဲ့ ချစ်စရာကောင်းတဲ့ ဖလစ်မှုတွေကြောင့် Gemစိတ်မထိမ်းနိုင်စွာ ထိုချာတိတ်လေးရဲ့နှုတ်ခမ်းကိုနာနာလေးကိုက်လိုက်မိသည်
"အာ့ အကိုဘာလို့ကိုက်တာလဲ"
"မင်းနှုတ်ခမ်းပေါက်နေတာမြင်မှ လူတွေက မင်းမှာ ပိုင်ရှင်ရှိတာသိကြမှာပေါ့"
ပြောကာ သူကိုက်လိုက်လို့ ပေါက်ကာ သွေးစို့သွားတဲ့နှုတ်ခမ်းလေးကိုစုပ်ယူလိုက်သည်ပြန်လည်တုံ့ပြန်လာတဲ့ ချာတိတ်လေးကြောင့် အနမ်းတွေကရှည်ကြာသွားခဲ့သည်
အားရအောင်းနမ်းပြီးကြမှ နှစ်ယောက်သား ခရီးပန်းလာတာကြောင့် ဖက်ကာအိပ်စက်လိုက်ကြသည်
အိပ်ပျော်သွားတဲ့ ချာတိတ်ရဲ့နှဖူးလေးကို နမ်းကာ Gem သူ့အစီစဉ်တိုင်းလုပ်ရန် အခန်းပြင်ကိုထွက်လာခဲ့လိုက်သည်
…………………………………………………………
Fotအိပ်ယာကနိုးလာတော့ နေ့လည် ၂နာရီပင်ရှိနေပြီဖြစ်သည်
"အင်းးးးငါအရမ်းအိပ်လိုက်မိတာပဲ"
Fotဘေးနားကိုကြည့်လိုက်တော့ချစ်ရတဲ့အကို့ကို မတွေ့တာကြောင့် ဘေးဘီကိုလှည့်ကြည့်တော့ စားပွဲပေါ်မှစာလေးကိုတွေ့လိုက်ရသည်
'ရေချိုးပြီးရင် ပင်လယ်ဘက်ထွက်ခဲ့နော် ချာတိတ် ကိုယ်စောင့်နေမယ် '
ထိုစာကိုဖတ်ပြီး Fotရေချိုးရန် ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်
ရေချိုးပြင်ဆင်ပြီးတာနဲ့ အဖြူရောင် တီရှပ်ပွပွ အကျီကြိးနဲ့ အောက်မှ လွတ်လွတ်လပ်လပ် ဘောင်းဘီတိုလေးဝတ်ခဲ့လိုက်သည်
မသိရင် ဘောင်းဘီမပါဘဲ အကျီအကြီးကြီးအောက်မြုပ်နေတဲ့ ကလေးပေါက်စနဲ့တူသည်
အတပ်ပေါက်ကာ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ဆံပင်တိုစိစိလေးတွေကို ဂျယ်လိမ်းကာ ထောင်လာလိုက်သည်
…………………………………………………………
"Ai Fot ,Fot Fot လာ ငါတို့နောက်ကလိုက်ခဲ့"
Fotအားလုံးပြင်ဆင်ပြီးကမ်းခြေဖက်ထွက်လာတော့ သူ့သူငယ်ချင်းနှစ်ယောက်ကရဲ့ ဆွဲခေါ်ရာ နားမလည်စွာ လိုက်လာရသည်
ကမ်းခြေက ဒီနားမှာ ဆော့လဲ ရတာကို ဘယ်ထိခေါ်သွားကြမလို့လဲ ဒီကောင်တွေက
တဖြေးဖြေးနဲ့ ကမ်းခြေရဲ့ လူမသိသူမသိ ပန်းခြံသေးသေးလေးဆီရောက်လာခဲ့သည်
"မင်းတို့ငါ့ကို ဘယ်ခေါ်လာတာလဲ ငါရေဆော့မလို့ပါဆို"
"မျက်လုံးမှိတ်ထား Fot Fot"
Fotပြောလိုက်ပေမယ့် Poonစကားကိုနားထောင်စွာ မျက်လုံးမှိတ်လိုက်သည်သူတို့ဘာလုပ်ဖို့လုပ်နေကြလဲမသိပေမယ့် မြန်မြန် သူတိုင်းခိုင်းသလိုလုပ်မှ သူလဲမြန်မြန်ရေဆော့လို့ရမည်မို့
"ရပြီ"
Fotမျက်လုံးဖွင့်လိုက်ပေမယ့်သူရှေ့မှာ ဘယ်သူမှမရှိသူလှည့်ရှာကြည့်တော့ သူနဲ့ အဝေးတနေရာမှာရပ်နေကြတဲ့ သူတို့အတန်းက ကျောင်းသားတွေနဲ့ သူသူငယ်ချင်းတွေတဖက်မှာ Phi Estနဲ့ စီနီယာတန်းကသူငယ်ချင်းတွေအခုထိသူတို့ကိုလိုက်ကြည့်နေမိပေမယ့် သူလှည့်လိုက်တဲ့ချိန် သူ့ရှေ့မှာ ဒူထောက်နေတဲ့ အကို့ကို သူခုမှတွေ့ကာ အံ့ဩသွားရသည်အကို့ရဲ့လက်ထဲမှာ ဗူးတစ်ဗူးရှိပြီးထိုဘူးထဲမှာဆင်တူ လက်စွပ်တစ်စုံ
"ကိုယ့်ကို လက်ထပ်ပါနော် Fotဗျ"
Fotမထင်ထားတာကြောင့် အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာနဲ့ မျက်ရည်တွေပါကျလာရသည်
"ဟုတ် Fot အကို့ကိုလက်ထပ်မယ်ဗျ"
"ရေးးးးး"
Fotရဲ့လက်ခံစကားဆုံးတော့ထအော်လာတဲ့ လူအုပ်ကြီးက သူတို့ကိုနမ်းဖို့ တိုက်တွန်းနေကြသည်
ဒူးထောက်ရာကနေထလာတဲ့ အကို ကFotရဲ့နှုတ်ခမ်းတွေကို မက်မက်မောမော နမ်းရှိုက်လာသည်ထိုအနမ်းတွေက ချိုလွန်းသည်၊လေးနက်မှုတွေများစွာပါသည်၊ အဓိပ္ပါယ်တွေလည်းများစွာပါသည်
အဲ့ဒါက Fot Nattawatဆိုတဲ့အမျိုးသားလေးဟာ Gemini Norawitဆိုတဲ့ အမျိုးသားလေးရဲ့အပိုင်ဖြစ်ပါသည်တဲ့လေ
အခုရော နောင်ရော ၊ဘဝအဆက်ဆက်ထိပါ ထိုအရာကတည်မြဲနေမှာ ဖြစ်သည်ဘယ်သူခွဲလို့မှ ဘယ်တော့မှမကွဲကြဖို့ နှစ်ဦးသားသစ္စာဆိုခဲ့ကြလေသည်
……………………………………………………………
ကြိုက်ကြရဲ့လားခ ထုခွန်🥰နောက်ထပ်အသစ်လေးရေးဖို့ရှိပေမယ့် အခိုင်တစ်လလောက်နားပါမယ်နော် ဒီကြားထဲ အလုပ်ပိုရှုပ်မှာမို့ပါခ🤗
အစကနေအဆုံးထိ လိုက်ပါကြသူ ထီးရက်လေးတွေအကုန်လုံးကို ကျေးဇူးများကြီးတင်ပါတယ်နော်ခ😘
နောက်အပုဒ်မှာ ပြန်တွေ့ကြမယ်နော်Love you နာ ထုခွန်ခ😍
……………………………………………………………
……………………………………………………………
……………………………………………………………
…………………………………………………………
…………………………………………………………
……………………………………………………………
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




