12(final)💔
15:50, 21 July 2025မနက်ခင်းနေရောင်ခြည်နုနုဟာ Geminiရဲ့မျက်နှာပေါ်ကိုဖြာကျလာတာကြောင့် ဆက်အိပ်လို့မရတော့ဘဲ Geminiတစ်ယောက်နိုးလာသည်
"အင်းးးး"
နိုးလာလာခြင်း ရင်ခွင်ထဲမှ ခေါင်းလုံးလုံးလေးကိုအရင်မြင်လိုက်ရတာကြောင့် ပြုံးလိုက်မိသည်
သူ့ရဲ့မနက်ခင်းတိုင်းက ဒီလိုလေးအမြဲဖြစ်နေမယ်ဆိုရင်ပဲ Gemတွက် ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရသည်ဟု ခံစားရသည်
ဘေးနားကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ချစ်ရသူလေးနိုးမှာဆိုးတာမို့ နေရောင်ဆူးနေတဲ့ပြတင်းပေါက်မှ လိုက်ကာစကိုဆွဲပိတ်လိုက်ကာ မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်
ချစ်ရသူလေးနိုးရင်စားဖို့တွက် သူများအိမ်မှာ ပိုင်စိုးပိုင်နင်းမီးဖိုချောင်ဝင်သုံးနေမိသည်
'ချလောက်'
တံခါးဖွင့်သံနဲ့အတူဝင်လာတဲ့သူက Gemကိုမြင်တော့ စိတ်တိုကာ အတင်းပြေးထိုးတော့သည်
'ခွပ်'
"အ မင်းဘာလုပ်တာလဲကွ"
"မင်းကဘယ်လိုလုပ်ငါ့အိမ်ထဲရောက်နေရတာလဲကွ ဟမ်၊ငါ့ညီကို ထပ်ပြီးလာအနိုင်ကျင့်တာလား ချီးးးရားးး"
"Phi Phuwin ရပ်ပါတော့"
Phuwinကပြောပြီးထပ်ထိုးရန်ချိန်ရွယ်လိုက်ချိန်တွင် အခန်းထဲကထွက်လာပြီဖြစ်တဲ့ Fotကဝင်တားလိုက်သည်
"အငယ်လေး ၊ဘာဖြစ်သွားသေးလဲ၊သူမင်းကိုဘာလုပ်သေးလဲ"
ပြောကာ Fotရဲ့တစ်ကိုယ်ခုံးကိုစစ်ဆေးနေတဲ့Phi PhuwinကိုFotဘာမှမဖြစ်ကြောင်းပြောပြလိုက်သည်
"ဟင့်အင်း Fotဘာမှမဖြစ်ပါဘူး၊Phi Phuwinစိတ်ကိုအေးအေးထားပါနော်၊"
FotပြောပြီးGemဘက်ကိုလှည့်လိုက်တော့ သူဘာမှမဖြစ်ကြောင်းခေါင်းခါပြလာတဲ့အကို့ကြောင့်စိတ်အေးသွားရပြီး Phi Phuwinကိုရှင်းပြရန်ကြိုးစားရသည်
"ထိုင်ပါအုန်း ကိုကြီးရဲ့ ၊ညီလေးရှင်းပြမယ်"
Fotကထိုသို့ပြောလိုက်မှ Geminiကိုဂျိုကြည့်ကြည့်ကာ ထိုင်ချလာတဲ့Phi Phuwinရဲ့လက်ကလေးကိုFotနှစ်ဖက်လုံးဆွဲယူလိုက်သည်
"ကိုကြီးသိလား၊Fotဘဝမှာလေ ဘာမှအဓိပ္ပာယ်မရှိသလိုနေလာခဲ့ရတာ၊စီးပွားရေးသိပ်မရှိတဲ့မိသားစုကြောင့် Fotအားမငယ်ပေမယ့်၊Fotကြောင့်ဝန်ထုတ်တစ်ခုထပ်တိုးနေသလိုဖြစ်လို့ စိတ်မကောင်းခဲ့ဘူး၊Fotရဲ့ဘဝကြီးက မွေးဖွားလာတာ အလကားပဲလို့Fotထင်ခဲ့မိတယ်၊ဒါပေမယ့် အကိုGem၊သူရောက်လာတာ Fotဘဝကြီးအသက်ဝင်လာသလို ပထမဆုံးခံစားမိတာပဲ၊သူအရင်ကမကောင်းခဲ့ပေမယ့်လည်း Fotသူ့ကိုချစ်တယ်၊သူမရှိရင်Fotကအရင်လို အသက်မရှိတဲ့ဘဝကြီးမှာ ပြန်နေရအုန်းမှာ၊အဲ့ဒါကြောင့် အကိုGemကို ကိုကြီးကပဲ ယောက်ဖအဖြစ်လက်ခံပေးပါနော်"
"ဟူးးးးကိုကြီးက ငယ်လေးကိုချုပ်ချယ်ခဲ့ဖူးလား၊ကိုကြီးမချုပ်ချယ်ဖူးဘူးနော်"
Fotရဲ့စကားအရှည်ကြီးကိုနားထောင်ပြီးသက်ပြင်းချကာပြောလာတဲ့Phi Phuwinစကားကိုထောက်ခံစွာ Fotခေါင်းငြိမ့်ပြလိုက်သည်Fotရဲ့အမူယာကိုကြည့်ပြီး Phi Phuwinကဆက်ပြောလာသည်
"အငယ်လေး အဲ့လိုတွေတွေးနေတာကိုလည်း ကိုကြီးတကယ်မသိခဲ့ဘူး၊ပြီးတော့ သိထားရမှာက အငယ်လေးကို ဝန်ထုပ်တစ်ခုလို့ ကိုကြီးတို့ တစ်မိသားစုလုံး တစ်ခါမှသဘောမထားခဲ့ဖူးဘူးနော်၊အစောကတည်းက အငယ်လေးရွေးချယ်တဲ့ ဘယ်သူမဆို ကိုကြီးလက်ခံဖို့ တွေးထားပြီးသား၊အဲ့ဒါကြောင့် ရှေ့လျှောက် အငယ်လေးကအမြဲတမ်းပျော်ရွှင်နေရမယ်နော်"
Phi Phuwinရဲ့ဆုံးမစကားကို Fotပြုံးကာခေါင်းငြိမ့်ပြလိုက်သည်
"စိတ်ချပါ ရှေ့လျှောက် Fotအမြဲပျော်နေတာပဲ မြင်စေရပါမယ်လို့ ကျွန်တော်ကတိပေးပါတယ်"
ညီကိုနှစ်ယောက်ေပြာေနတာနားေထာင်ပြီးတစ်ချိန်လုံးတိတ်နေတဲ့ Gemကဝင်ပြောလိုက်သည်
သူ့ချာတိတ်လေးရဲ့စကားတွေနားထောင်ပြီးကတည်းက သူ့ယောက်ဖဆီကနေအထိုးခံရတာတန်တယ်ဟုတွေးနေမိသည်
သူ့ချာတိတ်လေးကသူ့ကိုသူထင်တာထက်ပိုချစ်နေတာသိရလို့လည်း ရင်ထဲမှာ အတိုင်းမသိကြည်နူးရသည်ရှေ့ကယောက်ဖရှိနေလို့သာစိတ်ကိုထိန်းနေရတာ၊မဟုတ်ရင် ဒီနေရာမှာနင် အသက်ရှူကြပ်တဲ့ထိနမ်းပစ်ချင်နေသည်
သူ့ဘက်ကလည်းအရင်ကထက် ချာတိတ်ကိုပိုချစ်ပေးမည်ဟုလဲတွေးထားလိုက်သည်
"မင်းကတိတည်ဖို့မျှော်လင့်တယ်"
"မင်းစိတ်ချပါ"
အတွေးလွန်နေတဲ့ Gem Phuwinဆီက အသံကြားမှ သတိဝင်ကာ စိတ်ချနေရန်ပြန်ပြောလိုက်သည်သူတို့ကရွယ်တူမို့ မင်းနဲ့ငါပဲပြောလိုက်သည်တချို့ကအသက်ကြီးရတာမကြိုက်ကြဘူးလေ
"အဲ့ဒါဆို ကိုကြီး အတန်းရှိသေးလို့ Uniသွားဖို့ပြင်အုန်းမယ်၊အငယ်လေးနားချင်နားလိုက်လေ ဒီနေ့ ကျောင်းမသွားနိုင်ရင်"
"ဟင် Fotကဘာဖြစ်နေလို့ကျောင်းမသွားနိုင်ရမှာလဲ"
Phi Phuwinစကားကြောင့်Fotနားမလည်စွာပြန်မေးမိသည်နားလည်နေတဲ့Gemကတော့ပြုံးနေလေသည်
"အောင်းးဝ် ညကမင်းတို့အတူအိပ်ထားတာမလား၊အဲ့ဒါကြောင့် မင်းနာနေမှာစိုးလို့လေ"
"အာ ကိုကြီးအထင်မှားနေပြီ အာ့က"
"အဟဲ ကျွန်တော်သေချာဂရုစိုက်လိုက်ပါ့မယ် ယောက်ဖ၊စိတ်ချလက်ချသွားပါ၊ သွားနားရအောင်ချာတိတ်"
"ဟင်"
Fotကရှင်းပြချင်ပေမယ့် Fotပြောလက်စကိုဖြတ်ကာပြောလာတဲ့GemကေပြာပြီးFotကိုပါ အခန်းထဲခေါ်လာခဲ့သည်
…………………………………………………………
"အာ့ ဟာ့ နာတယ် အကို ဖြေးဖြေးလုပ်ပါ၊အာ့ အရမ်းနာတယ် မခံနိုင်တော့ဘူး၊လွှတ်ပါတော့"
"လွှတ်လို့မရဘူး ခနလေးထွက်တော့မယ်၊အဲ့ဒါမထွက်ဘဲ ရပ်လို့မဖြစ်ဘူး၊ခနလေးသည်းခံထား၊ထွက်ပြီ ဟာ့ ထွက်ပြီ၊ထွက်လာပြီ ဟူးးး"
"အဟင့် အရမ်းနာတာပဲ"
နာကျင်မှုကြောင့်ပင်ပန်းကာFot Gemရင်ခွင်ထဲဝင်ကာ အမောဖြေနေမိသည်
"စိတ်ချ နောက်ထပ်မနာစေရတော့ဘူးနော်၊ဒီလိုဝက်ခြံတွေမပေါက်အောင် ကိုယ်ကမင်းမျက်နှာလေးကိုထိန်းသိမ်းပေးမယ်"
သူ့လက်က ဝက်ခြံအမြစ်ကို ဘေးကတစ်ရှူးဖြင့်သုတ်ကာGemပြောလိုက်သည်
ဟုတ်ပါတယ် အခန်းထဲမှာနှစ်ယောက်ထဲမို့ တခြားတွေတွေးမနေကြပါနဲ့ ချစ်ရသူလေးကို ဝက်ခြံညှစ်ပေးနေတာပါ
ထို့နောက် Fot ရဲ့ပါးပြင်ဖွေးဖွေးလေးပေါ်မှ ဝက်ခြံညစ်ထားတဲ့နေရာလေးကို ဆေးလိမ်းပေးးလိုက်သည်
"သက်သာသွားမှာနော် ကလေးလေး"
"ဟုတ် အကို ၊Fotအကို့ကိုချစ်တယ်နော်"
"ကိုယ်က ကလေးလေး ချစ်တာထက်ပိုချစ်တယ်၊ကလေးလေးသိလား၊ကိုယ် ခုန ယောက်ဖရှေ့မှာကတည်းက မင်းကို စုပ်ပြတ်သတ်အောင် နမ်းပစ်ချင်နေတာကိုလေ"
"အဟွန်း အာ့ဆို ဘာလို့အခုထိမလုပ်သေးတာလဲ"
Fotကစိန်ခေါ်သလိုပြန်ပြောလိုက်တော့ မင်းပြောတာနော်ဆိုတဲ့အကြည့်နဲ့ အကိုက Fotရဲ့နှုတ်ခမ်းတွေကိုဆွဲစုပ်လာသည်
"လျှာထုတ်ထား ချာတိတ်"
အကြိမ်ရေများစွာ စုပ်ယူပြီးနောက်မှာ အားမရစွာGemပြောလာပြီး Fotရဲ့ထုတ်ထားတဲ့လျှာကို အငမ်းမရစုပ်ယူတော့သည်
ထို့နောက်Fotဘက်ကပါ အားမရစွာ Gemရဲ့လျှာကိုပြန်စုပ်တော့ လျှာနှစ်ခုကအပေးအယူမျှစွာ လှိမ်ယှက်နေကြသည်
ငွေမြင်တန်းလေးတွေအဆက်မပြတ်စီးကျနေပေမယ့် နှစ်ယောက်လုံးရပ်ဖို့စိတ်ကူးမရှိကြ ထိုသို့ဖြင့် အနမ်းခရီးလေးဟာ တစ်နာရီနားပါးကြာမြင့်သွားခဲ့သည်
…………………………………………………………
"ဘာ ချီးးးရားးးးငါတို့စကားကို အရမ်းနားထောင်လို့မင်းကို အရမ်းချူးကျူးပါတယ် Ai Fotရယ်"
"ဟုတ်တယ်FotFot၊ဒါပေမယ့် ငါ့လိုဖုဒန်ရှီက ဒီလိုတွေဖြစ်လာမှာကိုသိပြီးသား"
Fotကဖြစ်ေကြာင်းကုန်စင်သူ့သူငယ်ချင်းတွေကိုပြောလိုက်တော့ Willaimက စိတ်လေစွာပြောလာပြီး Poonကပါ ထောက်ခံကာ သူသိနေပြီးသားအထာဖြင့်ပြောနေသည်
"အဟီး ငါ့ကိုစိတ်မဆိုးကြဘူးမဟုတ်လား၊သူငယ်ချင်းတို့"
"ဘာလို့ငါတို့ကစိတ်ဆိုးရမှာလဲ ၊မင်းပျော်ရင် ငါတို့လဲပျော်ပါတယ်ကွ"
"ဟုတ်တယ် မင်းဝမ်းနည်းရင် ငါတို့ပါစိတ်မကောင်းရဘူးလေ ၊သိတယ်မို့လား ငါတို့က သူငယ်ချင်းတွေပဲ"
Willaimနဲ့Poonစကားကြောင့်Fotပြုံးလိုက်ကာ
"လာပါအုန်း ငါ့သူငယ်ချင်းလေးတွေကအရမ်းချစ်စရာကောင်နေလို့ ဖက်ပါရစေ"
Fot ပြောလိုက်တော့ သုံးယောက်သားပြုံးကာ အုံဖတ်လိုက်ကြသည်
ပျော်ပါပြီ Fotဘဝမှာ ဒီလိုသူငယ်ချင်းလေးတွေရယ်၊အလိုလိုက်ပြီးချစ်ပေးတဲ့ချစ်သူရယ်၊အရာရာနားလည်လက်ခံပေးကြတဲ့မိသားစုရယ် ရှိနေရင် သူ့ဘဝက အသက်ဝင်နေသေးတဲ့ ဘဝကောင်းတစ်ခုဖြစ်ပါပြီလေ။
ပြီးပါပြီ။
……………………………………………………………
ဇာတ်သိမ်းမလှရင်တော့ ခွင့်လွတ်ပါနော် extraတစ်ပိုင်းနဲ့ပြန်လာခဲ့ပါ့မယ်နော်ထုခွန်
အရမ်းကြီးကြာသွားလို့လည်းတောင်းပန်ပါတယ်နော်ခ
…………………………………………………………
…………………………………………………………
……………………………………………………………
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




