Fanfics

11💔

15:10, 14 July 2025

Geminiသူ့တကိုယ်လုံးရွှဲစိုနေတာကြောင့်ချမ်းစိမ့်စိမ့်ဖြစ်လာသော်လည်း သူလက်မလျှော့နိုင်ပါသူချစ်ရတဲ့သူကိုမတွေ့ရရင် သူလွမ်းလွန်းလို့ ရူးရလိမ့်မည်ဒီနေ့တ‌စ်နေ့လေးမတွေ့ရတာကိုသူ့မှာ မနေနိုင်မထိုင်နိုင်တွေဖြစ်နေရသည်သူသိလိုက်တာက သူချာတိတ်ကိုသူထင်တာထက်ပိုချစ်နေမိတယ်ဆိုတာပဲ

သူ့မိဘတွေသဘောမတူလဲ သူမမှုတော့ပါချာတိတ်ဆီကခွင့်လွှတ်မှုကိုရတာနဲ့ သူချာတိတ်ကိုပဲလက်ထပ်ယူမည်သူ့မိဘတွေကသူ့ကိုအမွေဖြတ်ရင်ဖြတ်ပါစေတော့ ချာတိတ်ကိုတော့ ဘယ်လိုမှလက်လွှတ်လို့မဖြစ်ပါ

မိုးတွေကတဖြည်းဖြည်းပိုသည်းလာသည်သူမိုးရေတွေကြားကနေ ချာတိတ်ကိုထပ်ခေါ်လိုက်သည်

"ချာတိတ် ကိုယ့်ကိုထွက်တွေ့ပါအုန်းကွာ"

"ချာတိတ် "

သူသိသည် သူခေါ်ရင်ချာတိတ်မနေနိုင်ဘူးဆိုတာ ချာတိတ်လေးကသူ့ကိုမရမ်းချစ်တာသူသိတာပေါ့ အဲ့ကြောင့်သူလည်း အများကြီးပိုချစ်ပေးဖို့တွေးထားလိုက်သည်

ဟော လာပါပြီ ထီးကလေးဆောင်းပြီးထွက်လာတဲ့ ဖြူလွလွပုံရိပ်ကလေးGemဆီကိုပြေးထွက်လာတဲ့ ညအိပ်ဝမ်းဆက်နဲ့ ကလေးပေါက်စလေးနဲ့တူတဲ့ ချာတိတ်ကိုGem ဝမ်းသာကြည်နူးစွာကြည့်မိသည်

"ချာတိတ် "

"အကိုရူးနေတာလား မိုးတွေဒီလောက်သည်းနေတာကို အကြာကြီးရပ်နေရလား၊နေမကောင်းဖြစ်ရင် ဘယ်လိုလုပ် အွင့်"

သူ့ကိုစိတ်ပူစွာ ဆူပူနေတဲ့ ချာတိတ်ရဲ့နှုတ်ခမ်းလေးကို Gemသူ့ရဲ့နှုတ်ခမ်းတွေနဲ့ထိကပ်ကာ တစ်ချက်စုပ်ယူလိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်

"ကိုယ့်ကိုစိတ်ပူနေသေးတယ်မလား၊ကိုယ့်ကိုချစ်နေသေးတယ်မလားဟင် ချာတိတ်"

"အဲ့ အဲ့တာက ကျွန်တော့်အိမ်ရှေ့ကြီးမှာလေ ၊တစ်ခုခုဖြစ်သွားရင် အမှုပက်မှာမို့ ၊ကျွန်တော် ခင်ဗျားကိုစိတ်မပူပါဘူး အင့် ဘာလုပ်တာလဲ လွှတ်နော်"

အမှန်တရားကိုငြင်းဆန်ရန်ကြိုးစားနေပေမယ့် မလိမ်တတ်တဲ့ကောင်လေးရဲ့ ပုံစံလေးကို အသည်းယားကာ သူ့ရှေ့ကကိုယ်လုံးသေးသေးလေးကို Gemဆွဲဖက်လိုက်တော့လက်သေးသေးလေးတွေနဲ့ပုတ်ကာ ငြင်းဆန်လာသည်

"ခုနကတော့ အကိုဆို အခုကခင်ဗျားတဲ့လားဗျာ၊ကိုယ့်ကို အရင်လိုအကိုလို့ပဲခေါ်လို့ရမလားဟင်၊ကိုယ်ချာတိတ်ကို အများကြီးပိုချစ်ပေးမယ်လေ"

"အင့် လွှတ်ပါ ကျွန်တော်ခင်ဗျားကိုမယုံဘူး"

"ခေါ်ပြန်ပြီလား ခင်ဗျားလို့ နောက်တစ်ခါထပ်ခေါ်ရင် ဒီနားမှာတင် အသက်ရှူကြပ်တဲ့ထိနမ်းမှာနော်"

"ခင်ဗျားနော်"

"ခေါ်ပြန်ပြီလား ရတယ်လေ"

"အွင်း မခေါ်တော့ဘူး"

Gemကနမ်းရန်ရှေ့ကိုအတင်းကပ်လာတော့ နှုတ်ခမ်းတွေကို သူ့လက်လေးတွေဖြင့်အုပ်ကာ ပြောလာတဲ့ ချာတိတ်လေးကို အသည်းယားလွန်းလို့ Gemရူးတော့မည်

"ဒါဆို အကိုလို့ပြန်ခေါ်ပါအုန်း၊ကိုယ်ကြားချင်လို့"

"ဘာလို့ခေါ်ရမှာလဲ ၊ကျွန်တော်တို့မှ အဲ့လောက်မရင်နှီးကြတာ"

Gem ပြောလိုက်တော့ မရဲတရဲနဲ့ Gemကိုပြရန်ပြန်တွေ့လာသည်

"အဲ့ဒါဆိုကိုယ်တို့ ရင်နှီးကြရအောင်လေ"

"ပြန်လိုက်ပါတော့၊မိုးရေတွေဒီထက်ရွဲရင်ဖျားနေလိမ့်မယ်"

Gemအမေးကိုပြန်မဖြေပဲစကားလမ်းကြောင်းလွှဲလိုက်တဲ့ ချာတိတ်‌ကြောင့် Gemရင်ထဲအောင့်သက်သက်ခံစားရသည်

"ကိုယ့်ကိုအထဲမခေါ်တော့ဘူးလား၊ကိုယ်ချမ်းတယ် ဖျားတော့မယ်ထင်တယ် ၊ဒီမှာအိပ်ပါစေနော်၊မဟုတ်ရင်ကိုယ်မပြန်ဘူး ဒီမိုးရေထဲမှာပဲ သေတဲ့ထိရပ်နေမှာ"

"သေမဲ့စကားမပြောလို့ရမလား၊ဟူးးးဝင်ခဲ့"

Gemကမာယာများတဲ့သူပါ အဲ့ဒါကိုGemပဲသိတယ်၊သူ့ရဲ့မာယာနဲ့သိမ်းသွင်းလိုက်တာ ချာတိတ်လေးနဲ့ပြန်ပြေလည်တော့မည်လေ

ချာတိတ်ကသူ့ကိုအရမ်းချစ်တာ Gemသိပ်သိတာပေါ့

ရှေ့မှထီးလေးနဲ့ဝင်သွားတဲ့ချာတိတ်နောက်ကို Gemပြုံးပြုံးကြီးသာလိုက်သွားလိုက်သည်

"ရော့ တဘက် ရေချိုးခန်းက ဟိုဘက်မှာ"

Gemကိုသူ့တဘက်လေးပေးလာတဲ့ ချာတိတ်လေးဆီက တဘက်ကိုယူကာ ညွှန်ပြတဲ့ရေချိုးခန်းဆီဝင်လာခဲ့လိုက်သည်

ရေချိုးခန်းဝင်သွားတဲ့ အကို့ကိုမြင်မှ Fotကုတင်ပေါ်ပစ်လှဲကာ တစ်ယောက်ထဲကြိတ်ပြုံးနေမိသည်

ဒီလောက်ဆို သူမူနေတာရပ်လို့ရပြီမဟုတ်လား၊သူအကို့ကို ပြန်လက်ခံလိုက်ရင် သူ့သူငယ်ချင်းတွေ သူ့ကိုအပြစ်မပြောလောက်ဘူးမလား၊မတတ်နိုင်ဘူး အကိုချော့တုန်း ပြန်စိတ်ဆိုးပြေလိုက်မှ၊မဟုတ်ရင် အကိုစိတ်ပျက်သွားလိမ့်မည်

ရေချိုးခန်းကထွက်ရင်အကိုဝတ်ဖို့တွက် Phi Phuwinရဲ့အဝတ်စားတစ်စုံယူထားလိုက်သည်သူ့အဝတ်စားကအကိုနဲ့ဆို သေးနေမှာမို့ သူ့အကိုကြီးPhuwinနဲ့ အကိုကကိုယ်လုံးချင်းအတူတူလောက်ပဲဆိုတော့ တော်မှာသေချာသည်

"အင့် အဲ့ဒါဝတ်"

ရေချိုးပြီးထွက်လာတဲ့အကိုက ခါးမှာတစ်ဘတ်တစ်ထည်သာ ပတ်ပြီးထွက်လာတာမို့ Fotရှက်ကာ ခေါင်းငုံးပြီး အကို့ကိုဝတ်စရာမြန်မြန်ပေးလိုက်သည်

"ခေါင်းကဘာလို့အောက်ငုံ့ထားတာလဲဗျ၊အကို့ကိုမကြည့်တော့ဘူးလား"

"ဟင့်အင်း မကြည့်ချင်ပါဘူး သူများခန္ဓာကိုယ်ကို"

"ကိုယ်ကသူများမှမဟုတ်တာ ချာတိတ်ရဲ့ယောက်ျားလေ"

အကို့စကားကိုFotပြန်ပြောလိုက်တော့ အကိုကအနားကပ်လာပြီး Fotလက်ကိုယူကာ သူ့ခန္ဓာကိုယ်ကိုထိတွေ့စေတာကြောင့် Fotလန့်ပြီးရုန်းလိုက်မိသည်

"အာ့ ခင်များဘာတွေပြောနေတာလဲ အွင်းးးအင့် "

ရုန်းလိုက်ပေမယ့် အကိုကအလွှတ်မပေးဘဲ Fotရဲ့နှုတ်ခမ်းတွေပါ နမ်းလာခဲ့သည်အချိန်တော့ကြာ စုပ်ယူမှုကြောင့် Fotမောလာကာ အဝတ်ဗလာဖြစ်နေတဲ့ အကို့ရင်ဘတ်ကို ပုတ်တော့မှ အကိုကလွှတ်ပေးလာသည်

"ဟားးးမှတ်ထား ခင်ဗျားလို့ထပ်မခေါ်နဲ့ ၊မဟုတ်ရင်ဒီထက်ပိုဆိုးမယ်"

အကိုက သူနမ်းထားလို့မောဟိုက်နေတဲ့ Fotကိုကြည့်ကာ ပြောပြီး ထုတ်ပေးထားတဲ့ဝတ်စုံကိုဝတ်နေတော့သည်

Fotမှာသာ ရင်ဘတ်ထဲကနှလုံးက အပြင်ကိုထွက်ကျမတတ်ခုန်နေကြောင့် မောဟိုက်ကာ ဘာမှပြန်မပြောနိုင်တော့ပေ

……………………………………………………………

"အင့် ဆေးသောက်ထားလိုက် မဟုတ်ရင် ဖျားလိမ့်မယ်"

အကိုကို ဖျားမှာစိုးတာကြောင့် ဆေးကြိုသောက်ခိုင်းထားလိုက်သည်သူပေးတဲ့ဆေးကိုယူကာ ရေနဲ့မော့ချနေတဲ့ အကို့ကို Fotကြည့်ကာ စိတ်ထဲကြည်နူးမိသည်

အခုလိုမျိုးလေးအကိုနဲ့အမြဲတမ်းအတူရှိချင်လိုက်တာဟု တွေးနေမိသည်

"ချာတိတ် ဘာတွေတွေးနေတာလဲဗျ"

"ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေးတွေပြောနေစရာမလိုပါဘူးဗျ၊အရင်လိုပဲပြောပါ"

Fotတွေးနေတာကိုတွေ့ပြီးပြောလာတဲ့အကိုက အရင်ကထက်သူ့ပေါ်ယဉ်ကျေးပြနေတာကြောင့်Fotပြောလိုက်သည်

"အရင်ကလိုမှမဟုတ်တော့တာ ချာတိတ်ရဲ့၊ကိုယ်က ချာတိတ်ကိုချစ်နေပြီလေ၊အရင်ကကိုယ်မသိခဲ့လို့၊အခုသိပြီဆိုတော့ အရင်ကထက်ပိုပြီး ချိုချိုသာသာဆက်ဆံရမှာပေါ့ဗျ"

"သဘောပဲ ပြောချင်သလိုပြောတော့၊ကုတင်ပေါ်မှာအိပ်လိုက်နော်"

"ချာတိတ်ကရော"

စောင်တွေခေါင်းအုန်းတွေအောက်ချနေတဲ့ချာတိတ်ကို Gemမေးလိုက်သည်

"ကျွန်တော်အောက်မှာအိပ်လိုက်မယ်"

"ကိုယ်နဲ့တူတူအိပ်ပါ၊စိတ်ချ ကိုယ်ဘာမှမလုပ်ပါဘူး"

ချာတိတ်ကသူ့ကိုတခုခုလုပ်မှာကြောက်နေမှာစိုးတာကြောင့် Gemသေချာပြောပြလိုက်သည်

"ရပါတယ် အကိုအိပ်ရခက်မှာစိုးလို့ပါ"

"ချာတိတ်"

Gem ချာတိတ်ရဲ့ခါးလေးကိုဖက်ကာ ကုတင်ပေါ်တူတူထိုင်ချလိုက်သည်

"လွှတ်ပါဗျ ၊အဲ့လိုမလုပ်ပါနဲ့"

"ကိုယ်ချာတိတ်ကို အဲ့နေ့ကလိုလုပ်မှာကြောက်နေတာလားဟင်"

Gemမေးလိုက်တော့ ခေါင်းလေးပိုငုံ့သွားသူလေးကြောင့် Gemစိတ်မကောင်းဖြစ်မိသည်

"စိတ်ချပါ ၊ကိုယ် ချာတိတ်ခွင့်ပြုချက်မရဘဲ အဲ့ကိစ္စကိုလုပ်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ် နော်၊ချာတိတ် ကိုယ်တို့အရင်လို ပြန်ရင်းနှီးလို့ရမလားကွာ၊ကိုယ်လေ ချာတိတ်ကို အရမ်းချစ်တယ်၊ကိုယ်တို့ချစ်သူတွေဖြစ်လို့ရမလားဟင်"

Gemဘက်က သေချာခယပြီးပြောနေတာမို့ Gemရဲ့အကြည့်တွေကိုFotရင်ဆိုင်လိုက်သည်

အကို့မျက်လုံးတွေက အက်ိမညာဘူးဆိုတာတွေ့နေရသည်Fotဆက်ပြီးမူနေလို့မရတော့ပါ၊သူအကို့ကိုလက်ခံလိုက်မိတော့သည်

"အင်း"

Fotရဲ့စကားကြောင့်Gemအတိုင်းမသိပျော်ရွှင်သွားရသည်

"ကိုယ်မင်းကိုပျော်အောင်ထားမယ်လို့ကတိပေးပါတယ်"

Gem ချာတိတ်ရဲ့ကိုယ်လုံးလေးကိုထွေးဖက်ကာပြောလိုက်သည်

"အင်း အကို့ကိုယုံတယ်"

"ကိုယ့်ကိုချစ်လားဟင်"

"ဟုတ် အကို့ကိုချစ်တယ်၊ကျွန်တော့်ကိုပစ်မသွားရဘူးနော်"

"စိတ်ချ ကိုယ်သေရင်တောင် မင်းကိုခေါ်သွားမှာ"

"ကျွန်တော်လည်း အကိုဘယ်သွားသွားလိုက်ဖို့အဆင်သင့်ပဲ"

Gemချစ်ရသူလေးရဲ့စကားတတ်မှုတွေကြောင့် အသည်းယားကာ အချစ်ပိုနေရသည်

"ကိုယ်နမ်းလို့ရမလား"

Fotရဲ့မျက်လုံးလေးတွေနဲ့စုံအောင်ကြည့်ကာ Gemမေးလိုက်တော့ ချာတိတ်လေးက အရှက်သည်းစွာခေါင်းငြိမ့်ပြလာသည်

Gemလည်းသူ့ရှေ့ကနီရဲရဲ နှုတ်ခမ်းပါးပါးလေးကိုမနမ်းခင် ပါးပေါ်ကမှဲ့လေးကိုတချက်၊နှာတံပေါ်ကမှဲ့လေးကိုတစ်ချက်ဖွဖွလေးနမ်းလိုက်သည်

ထို့နောက်တော့ သူ့ကိုအချိန်ပြည့်ဆွဲဆောင်နေတဲ့ စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းလေးကို စားသုံးလိုက်တော့သည်

စားဖူးသမျှအသီးတွေထက်ကို ထိုနှုတ်ခမ်းလေးကပိုချိုသည်ဟု Gemခံစားရသည်နှုတ်ခမ်းတွေနဲ့စုပ်ယူနေရင်း အားမရစွာ လျှာကိုပါ သွင်းပြီးFotရဲ့လျှာလေးနဲ့လိမ်ယှက်ကာ ကစားနေလိုက်သည်နောက်ဆုံးလျှာရဲရဲလေးကိုတစ်ချက်စုပ်ယူကာ နမ်းခြင်းကိုအဆုံးသတ်လိုက်သည်

"အိပ်ကြစို့နော်"

မောဟိုက်နေတဲ့ချာတိတ်ကို ရင်ခွင်ထဲထည့်ကာ နှစ်ယောက်သား ကုတင်ပေါ်လှဲချကာ အိပ်စက်လိုက်ကြတော့သည်

ထိုညလေးကနှစ်ယောက်လုံးတွက်  ပထမဆုံးပျော်ရွှင်ကြည်နူးစွာအိပ်စက်ရတဲ့ညလေးတစ်ညဖြစ်ခဲ့သည်အိပ်မက်လေးတွေလဲလှပနေမှာအသေချာပင်ဖြစ်သည်

……………………………………………………………

အဂ်ါနေ့ဆိုပြီး ဒီနေ့အားတာနဲ့အပ်လိုက်တာပါခ

နောက်ပိုင်းဆိုသိမ်းပါပြီနော်ထုခွန်တို့ရေ

ချစ်တယ်နော်








































"ဟင့ျအငျး မကွည့ျခငြျပါဘူး သူမြားခန်ဓာကိုယျကို"

"ကိုယျကသူမြားမှမဟုတျတာ ခြာတိတျရဲ့ယောကျြားလေ"







……………………………………………………………









































……………………………………………………………




There are no comments yet. Log in to be the first to leave a review!

Similar stories