Fanfics

[17]

19:08, 15 July 2024

Mind To Mind^^^^^^^^^^^^^

"N'Phu N'Phu"(N=မောင်လေး၊ညီလေး၊ညီမလေး)

"ဟုတ်ကဲ့ အစ်မ"

"reception မှာ ဧည့်သည်ရောက်နေတယ်"

"ဗျာ ဟုတ်"

Phuwin တစ်ယောက် လူနာကြည့်နေတုန်း ဧည့်သည်ရောက်နေတယ်ဆိုတာကြောင့် reception ကို ဖုန်းလှမ်းဆက်ကာ ဧည့်သည်ကိုခဏစောင့်ခိုင်းထားရတယ် သူ round လှည့်လို့ မပြီးသေးဘူးလေ

"အစ်မ အစ်မ"

"သြော် N'Phuwin ဧည့်သည်ကို မောင်လေး duty room ထဲမှာ စောင့်ခိုင်းထားလိုက်တယ်"

"အာ ဟုတ်ကဲ့"

Phuwinတစ်ယောက် round လှည့်ပြီး သူ့အခန်းသူပြန်ရတယ်

"သြော် P'Win"( P=အစ်ကို၊အစ်မ )

"လာပြီလား ဆရာဝန်ကြီးက အလုပ်တွေအရမ်းများနေပုံပဲ"

"အစ်ကိုက ကျွန်တော် round လှည့်တဲ့အချိန်နဲ့ ကြုံသွားလို့ပါ"

"ဟုတ်ပါပြီ မားတို့ရော နေကောင်းရဲ့လား"

"ဟုတ် ကောင်းပါတယ် အရင်နေ့ကတောင် ဦးလေးက အိမ်ကိုအလည်လာသွားသေးတယ် ခရီးကအပြန်လက်ဆောင်လာပေးတာတဲ့"

"ဟုတ်တယ် ဖေဖေက အလုပ်တွေကို အစ်ကိုနဲ့လွှဲပြီး ခရီးတွေထွက်နေတာလေ အသက်အရွယ်လည်း ရပြီဆိုတော့ အစ်ကိုကလည်း အလုပ်ခရီးထပ်စာရင် အပျော်ခရီးထွက်ရတာကောင်းပါတယ်လေဆိုပြီး သွားခိုင်းလိုက်တာ"

"ဟုတ် ဒါနဲ့ လာရင်းကိစ္စက"

"သြော် ဒီလိုပါ အစ်ကိုတို့ကုမ္မဏီက basketball team ကို sponser ထပ်တိုးလိုက်တယ်လေ အစကတည်းက ရှိပြီးသားဆိုပေမဲ့ အစ်ကိုကလည်း ဝါသနာပါတော့ အဲ့team ကို ပြန်ပြီး upgrade လုပ်လိုက်တာ"

"ဟုတ်"

"အဲ့ဒါ team အတွက် personal doctor နဲ့ အစားအသောက်ကြီးကြပ်ရေးမှူးနေရာအတွက် အကူအညီတောင်းချင်လို့"

"အာ"

"အဲ့ဒါ Phuwin အဆင်ပြေမလား"

"ကျွန်တော်က ဆေးရုံးကပြန်ရင် ဆေးခန်းထိုင်ရတာရှိတော့ နေ့တိုင်းကျ အဆင်မပြေလောက်ဘူး"

"ရပါတယ် Phuwin က အစ်ကိုတို့ Team ပြိုင်ပွဲဝင်တဲ့အချိန်လောက်ပဲ လိုက်လာခဲ့ပေးရမှာ ကျန်တဲ့အချိန်တစ်ခုခုအဆင်မပြေတာဆို ရက်ချိန်းနဲ့ဖြစ်ဖြစ် တစ်ပါတ်ကို ၂ ရက် ဒါမှမဟုတ် ၃ ရက်လောက် အစ်ကို့အသင်းက ကလေးတွေကို လွတ်တာပဲဖြစ်ဖြစ် Phuwin က Team ဆီလာပေးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်"

"ဒါပေမဲ့"

"မေမေ့ကို အားနာမနေနဲ့ မေမေ့ကို အစ်ကို ပြောကြည့်တော့ Phuwin အဆင်ပြေရရင် ရတယ်တဲ့ ပြီးတော့ ဂျူတီချိန်တွေလည်း မပျက်ရအောင် အချိန်ငြိလို့ရတယ်လေနော် Phuwin နော်"

"အစ်ကိုက အကွက်စေ့လုပ်ထားတာပဲ စီးပွားရေးသမားလို့ကို မပြောရဘူး"

"ဒီလိုပဲလေ"

"ဒါဆို ကျွန်တော် duty အချိန်တွေကို mail နဲ့ ပို့ပေးလိုက်မယ်နော်"

"အင်း"

P'Win က မားရဲ့အစ်ကို Phuwin ဦးလေးက မွေးထားတဲ့သား သူ့ရဲ့ဝမ်းကွဲအစ်ကိုပေါ့ ရွှေဇွန်းကိုက်မွေးလာရတဲ့သူဆိုပေမဲ့ ကိုယ့်အားနဲ့ကို စီအီးအိုနေရာအထိ ရောက်အောင်ကြိုးစားခဲ့တာ သူရယ် P'Win ရယ် N'Minnie တို့က အတူတူဆိုးဖော်ဆိုးဖက်တွေလေ

တစ်ဦးတည်းသောသားဖြစ်တဲ့ Phuwin လေးက သူ့အစ်ကိုWin နဲ့ ညီမလေး Minnie ကို အရမ်းချစ် မှီတွယ်ရှာတယ်

"ဒါဆို နောက်အပါတ် အစ်ကိုလှမ်းဆက်သွယ်လိုက်မယ်နော်"

"ဟုတ်ကဲ့"

"နောက်အပါတ်ကျ minnie ကိုရော ခေါ်ပြီး မူကထ သွားစားရအောင် အစ်ကို review ကောင်းတဲ့ ဆိုင်လေးတွေ့ထားတယ်"

"ဟုတ် ကျွန်တော် စနေနေ့အားတယ်"

"ok"

P'Win က ချိန်းဆိုချက်အပြီး ပြန်သွားတယ် Phuwin နာရီကြည့်လိုက်တော့ ၃ နာရီပင်ထိုးတော့မယ် ၃ ခွဲကျ ဆေးခန်းသွားထိုင်ရမှာမလို့ ပစ္စည်းတွေ အရင်သိမ်းထားလိုက်တယ်

Phuwin ဘဝက ရိုးရှင်းပါတယ် မားက ဦးလေးရဲ့ လုပ်ငန်းမှာ ရှယ်ယာတစ်စု ဝင်ထားပြီး လက်ဝတ်ရတနာဆိုင်တစ်ခုဖွင့်ထားပြီး ဆိုင်မှာပဲ အေးအေးဆေးဆေးနေတယ် ဖေဖေကတော့ Phuwin အလယ်တန်းနှစ်လောက်မှာပဲ ရောဂါနဲ့ဆုံးသွားခဲ့တယ်စာကြိုးစားတဲ့ Phuwin လေးက သူ့ရည်မှန်းချက်ဖြစ်တဲ့ ဆေးကျောင်းကို တက်နိုင်ခဲ့ပြီး အခုလည်း လူတိုင်းယုံကြည်ရတဲ့ အထွေထွေ GP ဆရာဝန်တစ်ယောက်ဖြစ်နေပြီလေ

"ပြန်လာပါပြီ"

"P'Phuwinnnnnn"

"သြော် Minnie လည်း ရောက်နေတာလား"

"အင်း ခဏနေကျ မေမေတို့ရော လာကြမှာ Minnie က တီလေးနဲ့ အရင်လိုက်လာတာ"

"သား အားတယ်မလား မေမေတို့ ညစာ အတူသွားစားမလို့"

"ဟုတ် ဒါဆို သားရေသွားချိုးလိုက်ဦးမယ်"

"မြန်မြန်သွားနော်"

"ဟုတ်ပါပြီ"

"Minnie လာ တီလေးနဲ့ ရုပ်ရှင်ပြန်ကြည့်ရအောင်"

"လာပြီရှင့်"

သူတို့ မိသားစုနှစ်ခုက တစ်လကို ၂ ရက်လောက်တော့ အတူတူ အပြင်သွားဖြစ်ကြတယ် ညအိပ်ခရီးထွက်တာပဲ ဖြစ်ဖြစ် အခုလိုညစာအတူသွားစားတာပဲဖြစ်ဖြစ် အဲ့လိုသွားတိုင်လည်း တီလေးတို့က အမြဲ Phuwin အားတဲ့အချိန်ကို ညှိပြီးမှ သွားကြတယ်

~~~~~

"ဟယ်လို P'Win ကျွန်တော်ရောက်နေပြီနော်"

"ဟုတ်ပြီ ခဏလေးနော် အစ်ကိုက အစည်းအဝေးလေးရှိနေလို့ အစ်ကို Vell ကို လွတ်လိုက်မယ်"

"ဟုတ်"

"ဟေ့ ဟိတ် Fot"

"အ့"

"ဟာ အစ်ကို ဆောရီးပါနော်"

Phuwin တစ်ယောက် လူအတိုက်ခံလိုက်ရပြီး ပြုတ်ကျသွားတဲ့ဖုန်းလေးကို ကြည့်နေမိတယ် ကွဲများသွားပြီလား

"ဆောရီးပါနော် ကျွန်တော် စနောက်ရင်းပြေးလာမိတော့ မမြင်လိုက်မိလို့ပါ"

"ရပါတယ်"

ကောက်ပေးလာတဲ့ သူ့ဖုန်းလေးကိုကြည့်လိုက်တော့ ပြုတ်ကျတဲ့အရှိန်မပြင်း၍ထင်သည် ဘာမှတော့ဖြစ်မသွား

"Fot မင်း သတိထားသင့်တယ်"

"P'New က လိုက်စနေတာကိုး"

"အစ်ကို အစ်ကို"

"ဟင် အင်း"

Phuwin တစ်ယောက် ကြားလိုက်ရတဲ့အသံတစ်သံကြောင့် နောက်လှည့်ကြည့်ဖို့ကို တွန့်ဆုတ်နေမိတယ် ဒီအသံကို သူတော်တော်ရင်းနှီးနေသည်လေ

"N'Phu သြော် ကလေးတွေနဲ့တောင် တွေ့နေပြီလား"

"ကျွန်တော်နဲ့ မတော်တဆတိုက်မိသွားလို့"

"ဖြစ်ရမယ် ဒီမတော်တဆကောင်လေးကတော့"

"ဟာ P'Vell ကလည်း"

"လာလာ လိုက်ခဲ့ကြ နားနေခန်းထဲမှာ အကုန်လုံးနဲ့မိတ်ဆက်ပေးမယ်"

ဒီလိုနဲ့ P'Vell ခေါ်ရာနောက်ကို Phuwin နဲ့အတူ Basketball team တစ်ခုလုံး လိုက်လာခဲ့ကြတယ်

"လာ N'Phu ဒီမှာလာထိုင်"

"ဟုတ်"

"သူကတော့ အငယ်ဆုံးလေး Fourth တဲ့ အစ်မတို့ကတော့ တစ်ခါတလေ အငယ်လေးမလို့ Fot Fot လို့ ခေါ်ကြတယ် ပြီးတော့ New,Book,Gemini နဲ့ ဟိုဘက်ဘေးဆုံးကတစ်ယောက်က Pond တဲ့Newက အသင်းခေါင်းဆောင်လေ"

တစ်လျှောက်လုံး မျက်စိလွှဲလာခဲ့ပြီး မသိချင်ဟန်ဆောင်ထားတာက အခုချိန်မှာ ရှောင်လွှဲနေလို့မရတော့ပါတစ်ချိန်လုံးကို သူ့ကိုကြည့်နေတဲ့မျက်လုံးအစုံက P'Vell ရဲ့ မိတ်ဆက်ပေးချိန်မှာ မျက်ဝန်းနှစ်စုံက ရှောင်လွှဲ၍ မရတော့ပါ

"သူက Phuwin တဲ့ အစ်မတို့ Team အတွက် personal doctor လုပ်ပေးမှာ ဒါပေမဲ့ N'Phu က အချိန်တိုင်း မလာပေးနိုင်တော့ တစ်ပါတ်ကို ၂ ရက် ဒီကိုလာပေးမယ် အစ်မတို့က ၁ ရက် သူ့ဆီကို check-up သွားလုပ်ရမယ်"

"P'Vell ကျွန်တော်တို့ Team က မိုက်တယ်နော် Player တွေကလည်း ချော Personal doctor နဲ့ CEO ကလည်း ချော Team manager ကလည်း အလှလေး ကျွန်တော်တို့ Team နဲ့တင် Entertainment တစ်ခု ထောင်လို့ရနေပြီ"

"အင်း ဒီလ မင်းရဲ့ ရလာဒ်တွေကို စစ်ပြီးရင် အဲ့လောက်မင်းသားဖြစ်ချင်နေတဲ့ မင်းအတွက် ကြေငြာလက်ခံပေးမယ်"

"ဟာ P'Vell ကလည်း ကျွန်တော်တို့ထဲမှာ P'Pond က အတော်ဆုံးပဲဟာကို"

"အဲ့တော့ မင်းက Pond ထပ် ကျော်အောင် ကြိုးစားလိုက်ပေါ့"

"အခုပဲ သွားလေ့ကျင့်တော့မယ် သွားမယ် Gem"

"ဟမ် ငါရောလား"

"အေးလေ သွားမယ် လာလာ"

အသက် ၄ နှစ် ၅ နှစ်လောက်ကွာနေတဲ့ အဖွဲ့ဝင်တွေအကြား လပိုင်းလောက်သာကြီးတဲ့ Gemini က Fourth အတွက်တော့ သူငယ်ချင်းလိုပင်

"ဒီကလေးကတော့ ဇွတ်ပဲ"

"P'Vell ရှင့်"

"ဟုတ်"

"နည်းပြက ဆွေးနွေးစရာလေးရှိလို့ လာခဲ့ပေးပါဦးတဲ့"

"ဟုတ် လိုက်လာခဲ့မယ်နော်"

"ဒါဆို N'Phu အစ်မ ခဏသွားလိုက်ဦးမယ်နော် ဒီမှာပဲနေနေဦး အစ်မ မင်းလာတဲ့အချိန်နေဖို့ အတွက်် ဟိုဘက်နားမှာ အခန်းရှင်းခိုင်းထားတယ် မပြီးသေးလို့"

"ရပါတယ် အစ်မ"

"အင်း ဒါဆို အစ်မသွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့"

Fourth ပြောသွားတာလည်း မှန်ပါတယ် အသင်းသားတွေကလည်း ချောမောတဲ့အပြင် တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ Manager P'Vell ကလည်း လှတဲ့အပြင် လူတိုင်းအပေါ်ကိုလည်း ယဥ်ယဥ်ကျေးကျေးပဲဆက်ဆံတယ်

"P'Vell သွားပြီ ဂိမ်းခဏဆော့ဦးမယ်"

"အတူဆော့မယ်"

"ဆရာ ကျွန်တော်တို့ကို အားမနာနဲ့နော် ကျွန်တော်တို့က ဒီတိုင်းပဲ ဂိမ်းထိုင်ဆော့နေမှာမလို့"

"ကျွန်တော့်ကို N'Phu လို့ပဲ ခေါ်လို့ရပါတယ်"

"အာ မဟုတ်တာ"

"ရပါတယ် မဟုတ်လည်း အမြဲတမ်းတွေ့နေရမဲ့သူတွေပဲလေ တရင်းတနှီးပဲ ပြောဆိုကြတာပေါ့"

"ok လေ N'Phu"

"P'New ကလည်း မြန်တာ"

"သူက ရတယ်လို့ပြောနေတာလေကွာ လုပ်လုပ် ဆော့မယ်"

"ဟုတ်"

"ဟို..."

"အစ်ကို"

"ဟင်"

"ကျွန်တော် သန့်စင်ခန်းသွားချင်လို့"

"သန့်စင်ခန်းလား ဒီအခန်းကနေ ထွက်သွားရင် ဘယ်ဘက်ကိုသာ တည့်တည့်သွားလိုက် ပြီးတော့ လှေကားကနေ ဆင်းလိုက်ရင် ညာဘက်က သန့်စင်ခန်းပဲ အစ်ကိုဂိမ်းဆော့နေလို့ လိုက်မပြတော့ဘူးနော်"

"ဟုတ် ရပါတယ်"

ကျားရဲတစ်ကောင်ရဲ့ မျက်ဝန်းစူးစူးတွေကနေ လွတ်ဖို့ရာ Phuwin တစ်ယောက် အိမ်သာသို့ရှောင်ထွက်လာခဲ့ရတယ်

~Khun Nara~

Phuwin တစ်ယောက် အိမ်သာထဲမှာထိုင်နေပြီး gallary ထဲက Khun Nara ဆိုတဲ့ Album လေးထဲက ဓာတ်ပုံတွေကို ပြန်ကြည့်နေမိတယ်သူတို့ အတူတူရယ်မောခဲ့ကြတယ် အတူတူငိုခဲ့ကြတယ် ပူပန်ခဲ့ကြတယ် အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြပေမဲ့ သူတို့နှစ်ယောက်အတွက် အဆုံးသတ်က ကွဲကွာခြင်းပဲ ဖြစ်ခဲ့ရတယ်

"Phuwin"

"အမေ့"

အသံမပေး ဘာမပေးနဲ့ အိမ်သာတံခါးရှေ့ လာရပ်နေသူကြောင့် Phuwin တစ်ယောက် အမေတလိုက်ရတော့တယ်

"ဟုတ်"

"မင်း အိမ်သာဝင်နေတာ အကြာကြီးပဲ"

"ဟုတ် ကျွန်တော် အိမ်သာတက်နေလို့"

ဒီလူက လျှာတော့ရှည်နေတုန်းပဲ သူ့ဟာသူ ဘာလို့ကြာကြာပေါ့

ဘုန်း

သူ့ဘေးက နံရံပေါ်ကို ထောက်လာတဲ့ လက်ထစ်ဖက်

"ဘာ...ဘာလုပ်တာလဲ"

"ဘာလုပ်တာလို့ထင်လဲ"

"P'Pond"

"အဟက် နာမည်ကို မှတ်မိသားပဲ"

"ကျွန်တော်က မှတ်ဥာဏ်ကောင်းလို့ ဆရာဝန်ဖြစ်နေတာလေ"

"ဒါဆို ဆရာဝန်လေးရဲ့ ဦးနှောက်ထဲမှာ အဖြစ်အပျက်တွေ အကုန်လုံး ရှိနေသေးတယ်ပေါ့"

"တချို့တလေ မရှိစေချင်တဲ့အရာတွေတော့ မရှိတော့ပါဘူး"

"သြော်"

"ဖယ်"

"ဖယ်လို့"

ဖယ်မပေးတဲ့ အပြင် နံရံအပေါ်ကို လက်နှစ်ဖက်လုံး ထောက်လာတဲ့ Pond

"Phuwin"

ခေါ်လိုက်တာက တကယ့်ကို နူးနူးညံ့ညံ့လေး ခေါ်ဆိုသူရဲ့ မျက်နှာကို ကြည့်မိတော့လည်း အကြည့်တွေကအစ နူးညံ့နေတဲ့ ဒီလူ

"ဟင်"

"ကိုယ် တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

"အရင်က ကိစ္စတွေအတွက်ပါ"

"P'Pond တစ်ယောက်တည်းရဲ့ အမှားမဟုတ်တာမလို့ စိတ်မကောင်းဖြစ်မနေပါနဲ့"

"ဒါဆို ကိုယ့်ကို ခွင့်လွတ်ပေးမယ်မလား"

"P'Pond က ဘာအမှား လုပ်ထားတာလဲ"

"ကိုယ် မင်းကို လိမ်ခဲ့တယ်"

"ပြီးတော့"

"မင်းကို မပြောပဲ ကိုယ်တစ်ယောက်တည်းလျှောက်လုပ်ခဲ့တယ်"

"ပြီးတော့"

"အဲ့လိုလုပ်ခဲ့တာတွေက ကိုယ်မှားတယ်"

"အခုက နောက်ကျနေပြီလို့ မထင်ဘူးလား"

"ဟင့်အင် အချိန်ကိုက်ပဲလို့ ထင်တယ်"

"မင်းကလည်းကွာ ဘယ်လောက်မှ မကြာသေးတာကို"

"ဟာ မင်းက အသေပြေးနေတာလေ"

"မင်း အားကစားသမားဖြစ်ပြီး ဒီလောက်တော့ပြေးရမှာပေါ့"

"ဒီမင်းသားရူးကြောင့် ငါပါချွေးစို့နေရပြီ"

Gem နဲ့ Fourth တို့ သန့်စင်ခန်းထဲ ဝင်လာတာကြောင့် Phuwin က Pond ရဲ့ လက်နှစ်ဖက်ကြားကနေ ခေါင်းငုံရှောင်ထွက်လာခဲ့တယ်

"ဟာ ဆရာ"

"အစ်ကိုလို့ပဲ ခေါ်လို့ရပါတယ်"

ဒီတစ်ခွန်းပဲပြောပြီး Phuwin က ထွက်သွားခဲ့တယ်

"P'Pond ဘာလုပ်နေတာလဲ အိမ်သာထဲမှာ"

"ငါလား လေကောင်းလေသန့် လာရှူနေတာ"

Pond တစ်ယောက်ကလည်း ရွှံ့နောက်နောက်ပြောကာ ထွက်လာခဲ့တယ်

အဲ့လူကြီးတွေကလေ ငါ့ကိုဆို စနောက်ဖို့ပဲ ကြံနေကြတာ အသက်ဘယ်လောက်မှ မကွာတဲ့ Gem က အစပဲ စိတ်တိုလိုက်တာ

~~~~~~~~~

Khun Nara သူ သဘောကျခဲ့ရတဲ့သူတစ်ယောက် သူ့ဘက်ကလည်း ပြန်သဘောကျခဲ့မယ်လို့ ထင်တာပဲ

စကားနည်းပြီး အနေအေးတဲ့ Phuwin အတွက် အထက်တန်းကျောင်းမှာ ပခုံးဖက်ပေါင်းစရာ သူငယ်ချင်းရယ်လို့ မရှိခဲ့ဘူး P'Win တို့ N"minnie တို့နဲ့ပဲ အတူအပြင်သွားလိုက် ကစားလိုက်လုပ်နေတဲ့ Phuwin အတွက် Win ရဲ့ သူငယ်ချင်းအုပ်စုက Phuwin အတွက် သူငယ်ချင်းတွေလို ဖြစ်လာရတယ်

"Phuwin ဒီနေ့သူငယ်ချင်းတွေနဲ့ ပွဲသွားပြိုင်မှာ လိုက်မလား အဖွဲ့ထဲက တစ်ယောက်က ခြေထောက်ထိထားလို့"

"လိုက်မယ်လေ"

"အိုကေ"

သူတို့ ထိုင်စောင့်နေတဲ့ ဘတ်စကပ်ဘောကွင်းထဲကို သိပ်မကြာပါဘူး လူတွေရောက်လာပြီး သိပ်မကြာခင် ယောကျ်ားလေးအုပ်စုတစ်စုကလည်း သူတို့ဆီကို လျှောက်လာတယ် P'Win ရဲ့ သူငယ်ချင်တွေနေမှာ သူ instergram မှာ မြင်ဖူးတယ်

"လာပြီလား"

"အင်း Jimmy နေရာအတွက် လူရှာပြီးပြီလား"

"အေး ငါ့ညီဝင်မှာ"

"ဖြစ်ပါ့မလား ဟိုဘက်က အမာကြီးတွေ"

"ငါ့ညီက အသက်သာ ငယ်တာနော် မင်းတို့နဲ့တောင် ပြိုင်ဆော့လို့ရတယ် Phuwin လာ အစ်ကို မိတ်ဆက်ပေးမယ် သူက Neo ဟိုဘက်က Marc နဲ့ Pond ဒီနေ့ အစ်ကိုတို့နဲ့ အတူဆော့မှာ"

"ဟုတ်"

"ကလေးလေးတွေ ပါလာလို့ သူများက အလျှော့ပေးနေတော့မှာပဲ"

"ကျွန်တော် ကလေးမဟုတ်တော့ဘူး"

ရှေ့ချထားတဲ့ ဆံပင်အုပ်အုပ်လေးတွေကို သပ်ကာ လာပြောနေတဲ့ Pond ဆိုတဲ့ သူရဲ့လက်ကိုပုတ်ချပြီး Phuwin တစ်ယောက်ပြန်ပြောလိုက်တယ်

"မင်း အသက် ဘယ်နှစ်နှစ်လဲ"

"၁၈"

"အဲ့ဒါကလေးပဲ"

သူက ဒီနှစ်ထဲမှာမှ ၁၈ ပြည့်မှာမလို့ ကျော်ပြီ ကလေးမဟုတ်ဘူးလို့လည်း ပြောမရ

"Pond မစနဲ့တော့ လာ လာ Phuwin ရော သွားဆော့မယ်"

"အ့"

"ဆောရီး ခြေချော်သွားလို့"

"မင်း"

"ဆောရီး လက်ချော်သွားလို့"

တစ်ဖက်အသင်းရဲ့ ကစားသမားက Phuwin ပြေးနေတုန်း ခြေထောက်ဝင်ခံလိုက်တာကို မြင်လိုက်ရတဲ့ Pond က ချက်ချင်းပဲ ဘောလုံးလုရင်း သူ့အနားကိုရောက်သွားပြီး ဘောလုံးကစားရင်းက တံတောင်ကို သူ့နောက်မှာရှိတဲ့သူဆီကို တွတ်ပစ်လိုက်တယ်

"Yayyyyyyy"

"Win တစ်ဝိုင်းနော်"

"ok"

နိုင်သွားပြီဖြစ်တဲ့ Phuwin တို့အဖွဲ့က P'Win ကို ညစာလိုက်ကျွေးဖို့ ပြောလိုက်ကြတယ်

"နောက်ခါ ကောင်းကောင်းဆော့ကြနော် ညီလေးတို့ မင်းတို့ ညစ်လည်း ကိုယ်တို့က နိုင်စမြဲပဲကွ"

တစ်ဖက်အသင်းကို Phuwin ကိစ္စကြောင့် မကျေနပ်တဲ့အကြောင်း သိအောင် Pondက ပြောရင်း သူငယ်ချင်းတွေနဲ့အတူ Phuwin ကို ခေါ်ကာ ကွင်းထဲက ထွက်လာခဲ့တယ်

"သွားမယ်"

"အိုကေ မူကထ!!!"

"ဂိုး ဂိုး"

ဒီလိုနဲ့ပဲ Phuwin တစ်ယောက် သူငယ်ချင်းအပေါ်င်းအသင်းတွေ တိုးလာခဲ့တယ်

ဒီနေ့က Phuwin ရဲ့ အထက်တန်းစာမေးပွဲနောက်ဆုံးနေ့

"Phuwin"

"Khun Nara"

"အင်း တက်"

"P'Win ရော"

"မင်းအစ်ကိုက assigement ရှိလို့"

"အစ်က်ိုနဲ့ အတန်းအတူတူပဲ မဟုတ်ဘူးလား"

"ကိုယ်က အဲ့အတန်းမယူထားဘူး"

"သြော်"

သူ ပြန်အိမ်ရောက်ရင် ပြီးတာပါပဲ ဘယ်သူလာကြိုကြိုပေါ့P' တပ်မခေါ်ချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Phuwin တစ်ယောက် Pond ကို သူ့ရဲ့မျိုးရိုးနာမည်ဖြစ်တဲ့ Nara ကိုပဲ ခေါ်တော့တယ်~Khun Nara~

"Phuwin Phuwin"

"..."

"စာတွေအများကြီး ကျက်ထားရတယ် ထင်တယ် အိပ်နေတာ သိုးနေတာပဲ"

အိပ်နေတဲ့ကလေးရဲ့ မျက်နှာဖြူဖြူလေးကို Khun Nara တစ်ယောက် ဖုန်းထုတ်ကာ မှတ်တမ်းတင်ထားလိုက်တယ်ရောက်နေတာ နာရီဝက်လောက်ရှိနေပြီမလို့ ကားကြီး အကြာကြီးရပ်ထားရရင် မကောင်းတာမလို့ Pond က Phuwin ကို နှိုးဖို့ ပြင်ရတော့တယ်

"Phuwin"

"ဟင်"

ဟင် တစ်လုံးသား ထူးလာပြီး ခေါင်းလေးလှည့်ပြီး ပြန်အိပ်သွားတယ်

"Phuwin"

Pond တစ်ယောက် သူ့ရဲ့လက်ညိုးနဲ့ Phuwin ရဲ့ နှာတံတစ်လျှောက်ကို ပွတ်ဆွဲရင်း နှိုးလိုက်တယ်

"ဟင် အင်း"

"Phuwin"

မျက်လုံး အစုံပွင့်လာပြီဖြစ်တဲ့ ကောင်လေးကို အိမ်ပြန်ရောက်ကြောင်း ပြောပြရတော့တယ်

"အိမ်ပြန်ရောက်နေပြီ"

"အာ ဆောရီးနော် ကျွန်တော် အိပ်ပျော်သွားတယ်"

"ကလေးကျနေတာပဲ"

Pond တစ်ယောက် ပြောရင်က Phuwin ရဲ့ အိပ်မှုန်စုံဖွားဆံပင်လေးကို ပြန်ပြင်ပေးလိုက်တယ်ဆံသားတစ်မျှင်ချင်းဆီက နူးညံနေပြီး ကလေးတစ်ယောက်ရဲ့ ဆံသားလေးတွေလိုပဲ အိပျော့နေတယ် သပ်တာတောင် ပြန်ပြန်ကျနေတဲ့ ဆံသားတွေကြောင့် Pond တစ်ယောက် ဘေးဘက်ကိုပဲ ခွဲပေးလိုက်တယ်

"အထဲလိုက်ခဲ့ဦးမလား"

"လိုက်လို့ရလား"

"မရဘူး"

"အဟက်"

Phuwin အတွက် Pond က အစ်ကိုတစ်ယောက်ဆိုတာထပ် သူငယ်ချင်းတစ်ယောက်လို ပိုပိုရင်းနှီးလာခဲ့တယ်မားနဲ့လည်း သူက အတော်ရင်းနှီးနေပြီလေ သူက အိမ်ရောက်တာနဲ့ မားမား မားမားနဲ့ Phuwin မားမားဆီကို ပြေးကပ်တော့တာပဲ

"မားမား"

"သား Pond"

"ဟုတ်"

"သား အဝတ်အစား သွားလဲလိုက်ဦးမယ်နော်"

"အင်း မား ညစာပြင်ပေးထားမယ် Pond ရော တစ်ခါတည်း စားသွားနော်"

"ဟုတ်ကဲ့""ဟုတ်ကဲ့"

"မားမား ကျွန်တော် ကူပေးမယ်"

"အဟက်"

Phuwin တစ်ယောက် လှေကားရင်းကနေ Khun Nara တစ်ယာက် သူ့မားကို ကပ်ချွဲနေတာကိုကြည့်ပြီး ပြုံးရယ်ရင်း အပေါ်ထပ် သူ့အခန်းကို တက်လာီခဲ့တာ်P'Win တောင် သူ့အဒေါ်ဖြစ်တဲ့ မားကို အဲ့လောက်မချွဲဘူးMinnie လေးနဲ့ အပြိုင်ချွဲနေတာ Khun Nara က

"ထည့်စားလေ သား Pond"

"ဟုတ်"

Phuwin အဝတ်အစားသွားလဲနေတုန်း Pond တစ်ယောက် မားမားကို Phuwin စာမေးပွဲအကြောင်း မေးကြည့်တော့ မားမားက Phuwin ကို ယုံတယ်တဲ့လေ ဒါကြောင့် Phuwin ရဲ့ မျက်နှာအခြေအနေလေးကိုပဲ ကြည့်ပြီး ဒီနေ့ စာမေးပွဲ အဆင်ပြေလာတဲ့အကြောင်း မားမား သိတယ်တဲ့ Phuwin နဲ့ Phuwin ရဲ့ မေမေတို့နှစ်ယောက်အပြင် Win တို့ မိသားစုရဲ့ Family Bond ကို သူ သဘောကျမိတယ်ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားပြီး ဦးလေးရဲ့ ထိန်းကြောင်းမှုအောက်မှာပဲ နေခဲ့ရတဲ့ Pond ဘဝနဲ့ မတူဘူးWin ရဲ့ မားနဲ့ပါးကလည်း သူ့ကို သားအရင်းတစ်ယောက်လိုပဲ ဆက်ဆံပေးသလို Phuwin ရဲ့မားမားကလည်း ထိုနည်းအတူပင်

"ကျွန်တော် ပြန်ပြီနော် မားမား"

"အင်း လမ်းကို ဂရုစိုက်မောင်းဦးနော်"

"ဟုတ်ကဲ့"

"ကိုယ်သွားပြီ Phuwin"

"ခဏ မား ကျွန်တော် Khun Na...သြော့် P'Pond နဲ့ ဒီနားက store ဆီ လိုက်သွားဦးမယ်နော်"

"ဒီကလေးကတော့ သူများက ပြန်တော့မှာကို"

"မားမားကလည်း နော် နော်"

"ရပါတယ် မားမား"

"မင်းလည်း မင်းညီကို ကြပ်ကြပ်အလိုလိုက်"

"ဟီး"

"မားမား ရုပ်ရှင်ကြည့်ရင်း စောင့်နေမယ်"

"ဟုတ်"

မားမား ခွင့်ပြုလိုက်တာနဲ့ Phuwin က ကားထဲမှာ တန်းဝင်ထိုင်လာတယ်

"ဘယ်ကို ပို့ပေးရမလဲခင်ဗျ"

"လမ်းထိပ်က စတိုးဆိုင်"

"ဟုတ်ကဲ့ပါခင်ဗျ"

"ရပြီ ရပြီ ဒီနားရပ်လိုက်တော့ ခဏစောင့်ပေးဦးနော်"

"ဟုတ်ပါပြီ အိမ်ထိကို ပြန်လိုက်ပို့ပေးဦးမှာပါ"

"ပြီးတာပါပဲ"

Phuwin တစ်ယောက် ကားပေါ်ကနေ ခပ်သွက်သွက်ဆင်းသွားတယ်Pond လည်း ဖုန်းကြည့်ရင်း Phuwin ကို စောင့်နေလိုက်တယ်

"ဒေါက် ဒေါက်"

"ဟင်"

မှန်ဖွင့်ခိုင်းတဲ့အနေနဲ့ Phuwin တစ်ယောက် လက်ယှက်ပြလိုက်တယ်

"တာဒါ Happy Birthday"

"Phuwin"

"အံ့သြသွားတယ်မလား အစက မနက်ဖြန်မှ လုပ်ပေးမလို့ပဲ မနက်ဖြန်ကျ သူငယ်ချင်းတွေနဲ့ အပြင်သွားမှာမလို့"

"Thank you ပါ"

"မြန်မြန်ဆုတောင်းလိုက်ဦး"

"ဖူး"

"ရော့ ယူထားဦး ကားထဲပြန်ဝင်ဦးမယ် ခြင်တွေ ကိုက်လာပြီ"

"ဒီကလေးကတော့လေ"

"ကိုယ့်မွေးနေ့က မနက်ဖြန်မှလေ"

"သိတယ်ဆို ၂ နာရီလောက်ပဲ လိုတော့တာကို မနက်ဖြန်ကျ မအားလို့ပါဆို"

"ဟုတ်ပါပြီ"

"ကြိုက်လား ကိတ်ကို"

"အင်း ကြိုက်တယ်"

မျက်နှာကို ကြည့်ကာ တည့်တည့်ဖြေလာတဲ့ Pond ကို Cream နဲ့ နှာခေါင်းကို သုတ်လိုက်တယ်

"Yayyyy"

"Happy Birthday To Khun Nara နောက်နေ့ မုန့်လိုက်ကျွေးရမှာနော်"

"ဟုတ်ပါပြီ"

~~~~~~~~

"မင်း သေချာပြန်စဥ်းစားကြည့်သင့်တယ် Narawit"

"ကျွန်တော် မသွားချင်ပါဘူး"

"မင်း အတွက် ဒါအခွင့်အရေးကောင်းနော်"

"ကျွန်တော် သိပါတယ်"

"မင်းအခြေအနေနဲ့ ပိုက်ဆံကိစ္စဆိုလည်း စိတ်ပူနေစရာမျိုး မဟုတ်ပါဘူး ဘာလို့ သွားဖို့ကို ငြင်းဆန်းနေရတာလဲ အချစ်ရေးကြောင့်လား"

"..."

"ဟုတ်နေတာပဲ"

"လူငယ်တွေက တကယ်ကို အချစ်နဲ့တွေ့ရင် မျက်ကန်းဖြစ်ကုန်ကြတာပဲဆရာကတော့ မင်းကို ပြန်စဥ်းစားကြည့်ဖို့ ပြောချင်တယ် မင်း သွားလို့ရပြီ"

"ဟုတ်ကဲ့"

Pond တစ်ယောက် ဆရာ့ရုံးခန်းထဲကနေ ထွက်လာခဲ့တယ်

"Win"

"အင်း ဆရာနဲ့ ဆွေးနွေးစရာရှိလို့လာခဲ့တာ"

"အင်း ဝင်သွားလိုက်လေ"

"အေး"

"Phuwin ပါ ရောက်နေတာလား"

"ဟုတ်"

"ကိုယ်နဲ့လိုက်ခဲ့လေ မင်းအစ်ကိုကို စောင့်နေရင်ကြာမှာ"

"ဟုတ်"

"Basketball သွားကစားကြမလား"

ဆေးကျောင်း ဒုတိယနှစ်ရောက်နေပြီဖြစ်တဲ့ Phuwin နဲ့ သူမဆော့ဖြစ်တာတေင် တော်တော်ကြာပြီ

"အင်း ကစားမယ်"

အမြဲတမ်းအလျှော့ပေးတတ်တဲ့ Pond တစ်ယောက်က ဒီတစ်ခါတော့ Phuwin ကို ဘောလုံးကို အရမခံပေ

"မရတော့ဘူး မောလာပြီ"

Phuwin တစ်ယောက် Basketball ကွင်းထဲမှာပင် လှဲချလိုက်လေပြီPhuwin ကလည်း ပြောင်းပြန်အနေအထားနဲ့ Phuwin ခေါင်းအနားမှာ သူ့ခေါင်းချကာလာအိပ်တယ်သူတို့ အမောဖြေနေသည်လား ပြောစရာစကားရှာနေသည်လားမသိ ခဏတာတော့ တိတ်ဆိတ်နေသည်။

"P'Pond"

"ဝိုး ကိုယ် ဒီနေ့ထီထိုးရတော့မှာလား P'Pond လို့ အခေါ်ခံနေရတော့"

"ကျွန်တော် အတည်ပြောမလို့"

"ကျွန်တော် ခုနက ကြားလိုက်ရတာ ပညာတော်သင်အကြောင်းမလား"

"အင်း"

"ဘာလို့မသွားချင်တာလဲ"

"ကိုယ် မသွားချင်လို့"

"အင်းလေ ဘာလို့ မသွားချင်တာလဲလို့"

Phuwin က အဖြေကို အားမရတာကြောင့် ချက်ချင်းပင် မှောက်ယှက်အနေအထားဖြစ်သွားတယ်Pond တစ်ယောက်ကလည်း မှောက်ယက်အနေအထားနဲ့ လာကြည့်နေတဲ့ကောင်လေးကို ဘေးတစ်စောင်းအနေအထားနဲ့ ပြန်ကြည့်နေတယ်

"ဒီတိုင်းပဲ"

"ဆရာ ပြောသလို တကယ်ပဲ ကောင်မလေးရှိနေပြီလား"

သူများရဲ့ ကိုယ်ရေးကိုယ်တာကို မမေးသင့်တာသိပေမဲ့ Khun Nara အကြောင်းကိုတော့ သူ စပ်စုချင်မိသည်။သူ မမေးဘဲမနေနိုင်ပါ။ သူအရမ်းသိချင်နေတာ ဆရာ့ရုံးခန်းမှာ Khun Nara အမေးခံနေရကတည်းကပဲ

"မဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူး"

"P'Pond"

Phuwin စိတ်မရှည်တော့တာကြောင့် နှုတ်ခမ်းလေးက ဆူလာနေပြီ

"ကိုယ် မသွားချင်ဘူး"

"အဲ့ဒါဆို တစ်ကယ်ချစ်ရမဲ့သူ ရှိနေပြီလား"

"အင်း"

"သြော်"

"ဘယ်သူလဲလို့ မသိချင်တော့ဘူးလား"

သူ မသိချင်တာမဟုတ်ပါ ဖြေလာမဲ့အဖြေကို ကြောက်ရွံနေမိလို့ပါ

"ဟင့်အင်"

"ဘာလို့လဲ ကိုယ်ကတော့ မင်း သိချင်နေမယ်ထင်တာပဲ"

"မသိချင်ပါဘူးဆို ကျွန်တော်သွားတော့မယ်"

Phuwin တစ်ယောက် ထိုနေ့က Win နဲ့ Minnie နဲ့အတူ ညစာအတူသွားစားဖို့ ချိန်းထားတာကိုပင် အတူမသွားတော့ပဲ အိမ်ပြန်အခန်းအောင်နေမိတော့တယ်။

ဘာလို့လဲ သူ Khun Nara ကို သဘောကျနေမိလို့လား အပြင်လူနဲ့ တစ်ရင်းတနှီးမနေဖူးတဲ့ သူ့အတွက် Khun Nara က စိတ်အထင်လွှဲစရာ ဖြစ်နေတာလားဒါပေမဲ့ ဘာလို့ တခြားအစ်ကိုတွေ အပေါ်ကျ အဲ့လို မခံစားရတာလဲသူများတွေ ခေါ်နေကျ နာမည်ဖြစ်တဲ့ Pond ဆိုတာကို သူ မခေါ်ချင်ဘူး သူ တစ်ယောက်တည််းခေါ်တတ်တဲ့ Khun Nara ဆိုတာကိုပဲ ခေါ်ချင်တယ်P'Win မအားရင်လည်း သူ့ကိုပဲ လာကြိုစေချင်တယ်တစ်ပါတ်တခါ အတူသွားဆော့တိုင်းလည်း သူ့ကို လာတိုက်ခိုက်တိုင်း ပြန်ချေပပေးတဲ့ သူနဲ့ အတူအမြဲဆော့ချင်တယ်သူ assigement လုပ်ရတိုင်း အိပ်မငိုက်အောင် သူ့ကိုပဲ အမြဲဘေးနားမှာ စကားတွေလာပေါစေချင်တယ်မားမားဆိုပြီး သူနဲ့ အပြိုင် မားကို ပြိုင်ချွဲနေတဲ့ ထိုလူ

သူတကယ်ပဲ P'Pond ကို သဘောကျနေမိပြီလား

"Phuwin"

"မား"

"မား ဝင်လာမယ်နော်"

"ဟုတ်"

"နေမကောင်းလို့လား ပြန်လာကတည်းက အပေါ်တက်သွားတာ Minnie လေးတို့နဲ့ အပြင်သွားမယ်ဆို"

"ဟုတ်"

"မားကို တစ်ခုခု ပြောပြချင်နေလား"

"မား..."

"ဟင်"

"..."

"ကလေးလေး ဒီကမားမားက သားကို ကြီးမားတဲ့အပြစ်တွေ လုပ်တာကလွှဲပြီ ဘာတွေများ ဆူဖူးလို့ ပြောပြဖို့ကို အဲ့လောက်တွေးနေရတာလဲ"

"အဲ့လိုမဟုတ်ပါဘူး မား"

"ဒါဆို ပြောပြလေ"

"မား လိင်တူအချစ်ကို ဘယ်လိုထင်လဲ"

"အဲ့ဒါလား မားတော့ ဘယ်လိုမှ မထင်ပါဘူး"

"..."

"ဒီကိစ္စက အပြစ်တင်စရာလည်း မဟုတ်သလို ဂုဏ်ယူနေရမဲ့အရာမျိုးလည်း မဟုတ်ဘူးလေ"

"ဒါဆို မားရဲ့သဘောက..."

"ဘယ်လိုသဘောလဲ"

"မားက လက်ခံပေးနိုင်တာလား လက်မခံပေးနိင်တာလား"

"လူတစ်ယောက်ရဲ့လိင်တိမ်းညွတ်စိတ်နဲ့ ပတ်သက်ပြီး မားတို့က ဝင်စွက်ဖက်လို့ မရဘူးလေ Phuwin သူတို့သဘောကျရတဲ့သူက ဘယ်လိုလူပဲဖြစ်နေပါစေ မားတို့မှာ ဝင်ပြောပိုင်ခွင့်မရှိဘူး ဒါပေမဲ့ ကိုယ့်ရွေးချယ်ချက်အတွက် ကိုယ်က အဆုံးထိလျှောက်လှမ်းနိုင်ရမယ် ဒီဆုံးဖြတ်ချက်ကို နောင်တမရနိုင်ဘူးဆိုမှ ဒီလမ်းကို လျှောက်သင့်တယ် မဟုတ်ရင်တော့ အဲ့လူနှစ်ဦးရဲ့ ရှေ့ရေးက အဆင်မပြေနိုင်ဘူးဒါကြောင့် မားလက်ခံတာ လက်မခံတာထပ် သူတို့ရဲ့စိတ်ကို သူတို့ ပိုင်နိုင်အောင် လုပ်သင့်တယ်"

"ဒါဆို မားက လက်မခံနိုင်..."

"Phuwin မားကို ပွ့င်ပွင့်လင်းလင်း ပြောမပြနိုင်ဘူးလား"

မားက သူ စကားမဆုံးခင် ဖြတ်ပြောလာတာကြောင့် Phuwin ဆက်ပြောရမှာကို တွ့န့်ဆုတ်လာမိတယ်

"တကယ်လို့ သားက လိင်တူချင်း သဘောကျတဲ့သူ ဖြစ်နေရင်ရော"

"..."

မားက ဘာမှပြန်မပြောဘူး သူ့ကို ရုပ်တည်ကြီးနဲ့ပဲ ကြည့်နေတယ်

"မား.....အဟင့်"

မားက ရုပ်တည်နေရာကနေ ပြုံးလာတာကြောင့်မားရဲ့ ပေါင်ပေါ်အိပ်နေတဲ့Phuwin တစ်ယောက် မားဗိုက်မှာ မျက်နှာအပ်ကာ ငိုတော့သည်။

"ဟော် ကလေးလေးလား ဘာလို့ငိုနေရတာလဲ"

"မားက ရုပ်တည်ကြီးနဲ့ ကြည့်နေတာကိုး ဟင့်"

"မားမားသားလေးတောင် အရွယ်ရောက်လာပြီပဲ"

"မား မစနဲ့တော့"

"ဟ ဟ"

"မား"

"ဟုတ်ပါပြီ အဲ့လိုသဘောကျနေမိတဲ့သူက မားရဲ့သား ဖြစ်နေရင်တောင် မား မတားပါဘူး ဒါပေမဲ့ ခုနက မားပြောသလိုပဲ သားက သားရဲ့ ရွေးချယ်ချက်အတွက် ရိုက်ခတ်လာမဲ့ လောကဒံမှန်သမျှကို သားခံနိုင်ရည်ရှိမှ ဖြစ်မယ်နော် တစ်ခုခု မကောင်းတာ ကြုံလာရရင် မားတို့က ကူပြီး ပူပန်ပေးရုံအပြင် ဘာမှမတတ်နိုင်ဘူး တကယ်တမ်း ခံစားရမှာက သားနဲ့သားချစ်ရတဲ့သူပဲ"

"ဟုတ်ကဲ့"

"ကဲ ဒါဆို စိတ်ပြေသွားပြီးလား ညစာစားဦးမလား Win တို့နဲ့လည်း အတူမစားခဲ့ဘူးမလား"

"သား တကယ် မဆာလို့ရယ် မား"

"ဟုတ်ပါပြီ ဒါဆိုလည်း စောစောအိပ်နော်"

"ဟုတ်"

"ဒါနဲ့ သဘောကျနေတဲ့သူက ဘယ်သူလဲ"

"ဟမ်"

"ဟမ်"

"ဟမ်"

"Phuwin နော်"

"ဟီး"

"ကဲ မားသွားပြီ"

"Goodnight မားမား"

"Goodnight Baby Phuwin"

မားမားရဲ့စိတ်ကို သိရပြီဆိုတော့ သူ တကယ်သဘောကျနေမိရင်တောင် သူ့အတွက် မခက်ခဲတော့ဘူး ပတ်ဝန်ကျင်လား ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ ရက်ပဲလေ Phuwin က သိပ်ဂရုမစိုက်တတ်ပါဘူး

~~~~~~~~

"Tang Tang"

Khun Nara က အဲ့လိုပင် Phuwin ရဲ့ ရှေ့နာမည်ကိုလည်း ခေါ်တတ်သေးတယ်

"ဘာဖြစ်နေတာလဲ ဆူပုပ်နေတာပဲ"

"..."

"လာခေါ်တာ နောက်ကျလို့လား

"..."

"ဆောရီးပါ Win က ကိုယ့်ကို မင်းကျောင်းဆင်းခါနီးအချိန်မှ ဖုန်းဆက်ခဲ့တာလေ ကိုယ်လည်း အမြန်ဆုံးတော့ မောင်းလာခဲ့တာပဲ ဒါပေမဲ့ ကျောင်းဆင်းချိန် အလုပ်ဆင်းချန်ဆိုတော့ လမ်းတွေက ကြပ်နေတာ"

"ရပြီ သွားစို့"

"Phuwin အဲ့လိုကြီးမနေနဲ့"

"..."

"Phuwin"

"သိပြီလို့ ပြန်မယ်လို့"

"စိတ်ဆိုးနေရင်လည်း ပြောလေကွာ"

"မဆိုးပါဘူး သွားပါမယ်ဆို"

"Phuwin ကိုယ်ပြောနေတယ်လေ"

ဘုန်း

Pond လေသံတစ်ချက် မာသွားလေပြီဟိုကလေးက ကားတံခါးကို အသံမြည်အအောင်ပင် အကြမ်းပတမ်းပိတ်သ်ားလေပြီ အပြစ်က တစ်ခုပေါ်တစ်ခုဆင့်လေပြီ

"Tang Tang"

"..."

"ဘာစားပြီးပြီလဲ တစ်ခုခုသွားစားမလား"

"အိမ်ပြန်မှာ"

ထိုစကားတစ်ခွန်းပင်ပြောကာ တံခါးဖက်ကို ခေါင်းမှီပြီး မျက်လုံးမှိတ်ထားလေရဲ့ ဆိုတော့ သူအိပ်ပြီမလို့ လာမနှောင့်ယှက်နဲ့ပေါ့

"ကလေးဆိုးလေး လုပ်နေတာပဲ"

Pond က Phuwin ရဲ့ ဆံပင်လေးတွေကို ဖွပြီး အိမ်ကိုပဲ မောင်းလာခဲ့တယ်ဒီကလေး ဒီရက်ပိုင်း စိတ်ဆိုးစိတ်ကောက်တာ များလာတယ် သူ ငြိုငြင်လို့ ပြောတာမဟုတ်ဘူး ဒါပေမဲ့ စိတ်ဆိုးစိတ်ဆိုးစိတ်ကောက်ကြောင်း မပြောတဲ့ ဒီကလေးကြောင့် သူ့မှာချော့ရတာ အလွန်ခက်ခဲလှတယ် ဒါပေမဲ့လည်းမချော့ဘဲက မနေနိုင် မဟုတ်ရင် ကောက်သွားတာက ၁ပါတ်လောက်ကတော့ အသာလေးပဲ

"Phuwin"

ဒီတစ်ခါတော့ တန်းပြီးမျက်လုံး ဖွင့်လာလေရဲ့

"ရောက်ပြီ"

ဘာမှမပြောပဲ ကားထဲက တန်းဆင်းသွားသူကြောင့် Pond တစ်ယောက် နောက်ကလိုက်လာရပြန်တယ်

"သား ပြန်လာပြီ မား"

ဒီကလေး သူ့အမေကိုတော့ နှုတ်ဆက်ရှာသားပဲ

"သြော် သား Pond လည်း ပါလာတာကိုး"

"ဟုတ် မားမား"

"စိတ်ကောက်နေပြန်တာလား"

"ဟုတ်"

"ဒီကလေးတော့ ဒီရက်ပိုင်း စိတ်ဆိုးစိတ်ကောက်များလာတာပဲ မား ဆူထားရဦးမယ်"

"မဆူပါနဲ့ မား Phuwin က အကြောင်းမရှိဘဲ စိတ်မကောက်ပါဘူး"

"ဟုတ်ပါပြီ ရှင့်ရဲ့phuwin လေးကို သွားချော့လိုက်ပါဦး ပြီးရင် ညစာစားဖို့ဆင်းခဲ့ကြ"

"ဟုတ် သားရော စားမယ်နော်"

"မကျွေးဘူး မင်းကို"

"မားမားကလည်း"

"စတာပါ သွား သွား"

"ဒေါက် ဒေါက်"

"တံခါး လော့မချထားဘူး"

"ဟာ မား ထင်လို့ဟာကို"

"Phuwin"

"ကိုယ့်ကို ကောက်နေတဲ့အကြောင်းအရင်းကိုပြောပြမှ ကိုယ်ကပြန်ချော့လို့ရမှာလေ"

"ဘာမှမဖြစ်ဘူး"

"အဲ့ဓာတ်ပုံကြောင့်လား"

Pond က ဖုန်းကို မျက်စပြစ်ပြလာတာကြောင့် Phuwin တစ်ယောက်ပွင့်နေတဲ့ပုံကို အမြန်လှမ်းပိတ်လိုက်ရတယ်

"အဲ့ဒါကြောင့် ဟုတ်တယ်မလား"

ပုံထဲမှာ သူနဲ့ကောင်မလေး တစ်ယောက်က ဖက်နေကြတာ

"အဲ့ဒါသူက ဒေါက်ဖိနပ်ကြီး စီးလာတာလေ ကွင်းက ချော်နေတော့ ချော်လဲမလို ဖြစ်သွားလို့ ထိန်းပေးလိုက်တာ အဲ့ဒါကို သူများတွေက လျှောက်တင်နေကြတာရယ်"

Phuwin ရဲ့ မျက်ခုံးကြောလေးတွေ ပြေလျော့သွားပြီ

"ဘယ်သူက မေးနေလို့လဲ"

"ဘယ်သူမှ မမေးပါဘူး ကိုယ်က ပြောပြချင်လို့ပါ"

"မသိချင်နေပါဘူးနော်"

"ဟုတ်ပါပြီ က်ုယ်ဗိုက်ဆာလို့ အတူတူစားရအောင်"

"P'Pond အိမ်မှာ ထမင်းဟင်းမရှိဘူးလား ကျွန်တော့် အိမ်မှာပဲ စားစားနေတာ"

"နေ့တိုင်းမစားဘူးလေကွာ"

P'Win ကလည်း တစ်ခါလောက် သူအတန်းမအားလို့ P'Pond ကို ကြိုခိုင်းပြီးကတည်းက အမြဲတမ်းလိုလိုပင် ကြိုခိုင်းနေတတ်တော့တယ်ဒါပေမဲ့ Pond ကလည်း လာကြိုပေးသလို Phuwin ကလည်း ပျော်ပျော်ကြီးပင် လိုက်လာတတ်သေးသည်။

"သွားစားပါလား"

"မားမားက မင်းကို ရအောင်ခေါ်လာနိုင်မှ စားရမယ်တဲ့"

"အဲ့ဒါ ကျွန်တော့် မေမေနော်"

"ကိုယ့်မားမားပဲလေ"

"အမြင်ကပ်စရာကြီး"

"အမြင်ကွာအောင် ကိုယ် ဒေါက်ထောက်ထားပပေးမယ်လေ"

"Khun Nara!!!!!"

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်မစတော့ဘူး ကိုယ်တစ်ကယ်ဗိုက်ဆာနေပြီ မယုံရင် နားထောင်ကြည့်"

ပြောကာ သူ့ဗိုက်ကို ပုတ်ပြလာလေတယ်

"နားမထောင်ပါဘူး သွား သွား နောက်ကနေ လိုက်ခဲ့မယ်"

"အတူသွားမယ်"

"အရင်သွားနှင့်ပါဆို"

"မရဘူး"

"ပြီးရော ပြီးရော"

Phuwin တစ်ယောက် ချက်ချင်းပင် အရှေ့ကနေ အရင် ထွက်လာရတယ် အစကတော့ သူရေမိုးချိုးဦးမလို့ကို ဒီလူက ဗိုက်ဆာနေလောက်ပြီလေ

~~~~~~~~

"Pond"

"Marc Phuwin"

"..."

"Phuwin Phuwin"

Pond တစ်ယောက် Phuwin နောက်ကို အပြေးလိုက်ရတယ်

"Phuwin"

"လက်ကိုလွတ်"

"Phuwin ကိုယ်ပြောတာကို နားထောင်ဦး"

"လက်ကိုလွတ်လို့ ပြောနေတယ်နော်"

"Phuwin"

"Pond လက်ကိုလွတ်"

"Phuwin ကိုယ်က မင်းထပ် အကြီးနော်"

"အဲ့တော့"

"Phuwin Tang"

"ဘာလဲ ဘာလို့ နာမည်လာခေါ်နေတာလဲ ပြောစရာရှိရင်ပြော အချိန်မရှိဘူး"

"မင်း စကားကို ဘယ်လိုတွေ ပြောနေတာလဲ"

"ကြားသလိုပဲလေ"

"Phuwin ကိုယ် ပြောဖူးတယ်မလား မင်း စိတ်ဆိုးစိတ်ကောက်ရတဲ့အကြောင်းကို ပြောပြမှ ကိုယ်က ပြန်ဖျန်ဖြေနိုင်မှာလို့"

"အကြောင်းအရင်းကို တကယ်မသိတာလား"

"မဟုတ်ပါဘူး သိပါတယ် ကိုယ် ရှင်းပြမှာပါ"

"ပြောပါဦး အရင်တစ်ခေါက်က ခြေချော်သွားလို့ ဒီတစ်ခေါက်ကရော ဘာလဲ မျက်လုံးထဲဖှုန်ဝင်သွားလို့ မှုတ်ပေးတာလား ရုပ်ရှင်တွေထဲကလိုလေ"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလဲ"

"ကိုယ့်ကိစ္စပါ"

"Khun Nara က အလိမ်တော်တာပဲနော်"

"Phuwin"

"ကျွန်တော်ကိုက ခင်ဗျားကို တအားခင်တွယ်နေမိတာပဲ"

"Phuwin"

"ကျွန်တော့်ကို ပြောပြမလား သူက ဘယ်သူလဲဆိုတာကို"

"ကိုယ့်သူငယ်ချင်း"

"လက်ကိုင် တစ်ယောက်ခါးကိုတစ်ယောက်ဖက်ပြီး နမ်းလို့ရတဲ့ သူငယ်ချင်းလား"

"ကိုယ်တို့ မနမ်းဘူး"

"မနမ်းဘူး ဒါဆို ခုနက ကျွန်တော် မြင်ခဲ့တာ ဘာကြီးလဲ"

"မင်းနဲ့ မဆိုင်ပါဘူး"

"ကျွန်တော်နဲ့ မဆိုင်ဘူးလား"

"ကိုယ်..."

"Khun Nara ကျွန်တော့်ကို တစ်ခုပဲဖြေပေးပါ ကျွန်တော်နဲ့ အစ်ကိုက ဘာတွေလဲ"

"Phuwin"

"အဲ့ဒါပဲ ဖြေပေး ကျန်တာကို ကျွန်တော်ဘာသာဆက်တွေးမယ်"

"ကိုယ်တို့က..."

"..."

"ကိုယ်တို့က..."

"..."

"မင်းက ကိုယ့်သူငယ်ချင်းရဲ့ညီ"

"ဟုတ်ပြီ ခင်းဗျားသူငယ်ချင်းရဲ့ညီ ဘာဖြစ်ဖြစ် လိုက်ချော့နေစရာ မလိုတာမလို့ ခင်းဗျားနဲ့ဆိုင်တဲ့ကောင်မလေးဆီ သွားလိုက်ပါဦး သူအထင်လွဲနေမယ်"

"Phuwin မင်း အရွဲ့တိုက်နေတာ"

"P'Pond ကျွန်တော့်လက် နာနေပြီ"

Pond ကြည့်မိတော့ သူ ဆုပ်ကိုင်ထားတဲ့ Phuwinရဲ့ လက်တစ်နေရာက ရဲနေရှာပြီ ကလေးလက်က bracelet လိုမျိုး လက်ပတ်လေးပါ ဝတ်ထားတော့ အဲ့ဒါကို ဖိမိပြီး ပိုဆိုးသွားတာ

"ဆောရီး"

"Khun Nara ရဲ့ Birthday Present က ကျွန်တော့်အတွက် တကယ်အံ့သြစေမိတာပဲ"

"Phuwin"

"ကျွန်တော် တကယ်နားချင်နေပြီ"

"ဟုတ်ပြီ ဒါပေမဲ့ ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"

Phuwin တစ်ယောက် ဘာမှမပြောဘဲ Pond ရဲ့ ကားနားကို သွားရပ်လိုက်မှ ကားတံခါးလော့ခ်ကို ဖွင့်ပေးလာတယ်Phuwin ကလည်း ဘာစကားမှ ထပ်မဆိုလာသလို Pond ကလည်း Phuwin ကို တကြည့်ကြည့်နဲ့ အိမ်ကို မောင်းလာခဲ့တယ်

"အိမ်ထဲကို မလိုက်ခဲ့နဲ့တော့"

"..."

ဒါပါပဲ ဒီတစ်ခွန်းပဲ ပြောပြီး အိမ်ထဲ ဝင်သွားတယ်

"မား"

တီဗီရှေ့ ရုပ်ရှင်ကြည့်နေတဲ့ မားအနားသွားကာ မှီအိပ်နေလိုက်တယ်

"ပြန်လာပြီလား မွေးနေ့ရှင်လေး အစ်ကိုတွေနဲ့ ပျော်ခဲ့ရဲ့လား"

"ဟုတ်"

Phuwin ပြုံးပဲ ပြနေမိတယ်

"ဒါနဲ့ အစောကြီးပြန်လာတာပဲ"

"ဟီး သားမွေးနေ့မှာ မားမားနဲ့လည်း အတူနေပေးရမှာပေါ့ အဲ့ကြောင့် ပြန်လာတာ"

"ဟုတ်ပါပြီ အတတ်လေး"

"သား ရေသွားချိုးဦးမယ် ပြီးမှ ်ားနဲ့အတူ ညစာလာစားမယ်နော်"

"ဟုတ်ပါပြီရှင့်"

~~~~~~~~

"မား သားပြီးပြီ"

"အင်း Pond က Cake လာပို့ပေးသွားတယ်သား"

"ဟမ် ဘယ်တုန်းကလဲ"

"ခုနကပဲ သူ ကိစ္စလေးရှိသေးလို့တဲ့ ပြန်သွားတယ်"

"အာ ဟုတ် လာလေ မားမား ညစာစားရအောင်"

"အင်းအင်း"

ညစာစားတဲ့တစ်လျှောက်လုံးလည်း Phuwin က သူ့စိတ်ကို ထမင်းဝိုင်းမှာပဲ အာရုံစိုက်ထားပြီး ကျန်တာကို မေ့ထားကာ မားမားနဲ့ပဲ အတူပျော်နေတယ်

"Phuwin သား ကိတ်မစားတော့ဘူးလား"

စားပြီး အပေါ်တက်ဖို့ပြင်နေတဲ့ကလေးကို လှမ်းခေါ်ရတယ်

"တော်ပြီ မား သားဗိုက်ပြည့်နေပြီ"

"ဟုတ်ပြီ ဟုတ်ပြီ"

"P'Win မနက်ဖြန် အစ်ကို လာမကြိုနိုင်ရင် ဘယ်သူ့ကိုမှ မလွတ်လိုက်ပါနဲ့ ကျွန်တော်ကိုယ့်ဟာ ပြန်ပါ့မယ်"

ထိုစာတစ်စောင်ပို့ပြီး Phuwin ဖုန်းပိတ်ကာ အိပ်လိုက်တော့သည်။သူ ဒီနေ့အတွက် ပင််ပမ်းတာ လုံလောက်လောက်ပါရဲ့

"Phuwin မင်း U.S ကို သွားရမယ်"

"ကျွန်တော့်သဘောပါ"

ဘယ်ကနေ ဘယ်လိုသတင်းရလာလဲမသိ Phuwin တက်နေတဲ့ ကျောင်းက Top 10 သမားတွေကို Scholar ပေးတဲ့အနေနဲ့ နိုင်ငံခြားမှာ စာသင်လွတ်တယ် 1 to 3 အမြဲဝင်နေတဲ့ Phuwin က စာရင်းထဲမှာ ပါလာပေမဲ့ သူ ငြင်းခဲ့တယ် အိမ်မှာ မားမားတစ်ယောက်တည်းလေ မားမားကိုတော့ သူ မပြောပြထားဘူး ပြောပြရင် မားမားကလည်း သူ့ကို သွားခိုင်းမှာ သေချာပေါက်ပင်

"မင်းအတွက် အကျိုးရှိတယ်လေ"

"ကျွန်တော့်မားမားကတောင် ဘာမှမပြောတာကို P'Pond က ဘာလာဖြစ်နေတာလဲ"

ဒါ Phuwin မွေးနေ့က ကတောက်ကဆဖြစ်ပြီးပထမဆုံးအကြိမ် ပြန်တွေ့ရတဲ့ရက်ပဲ

"Phuwin"

"မင်း မသွားရင် ကိုယ် မားမားကို သွားပြောမှာနော်"

"P'Pond"

"ကိုယ် အတည်ပြောနေတာ"

"မားမားက ကျွန်တော့်ဆန္ဒကို လေးစားတယ်"

"မားမားက အဲ့လိုဆိုရင်တောင် သူပျော်နိုင်မယ်ထင်လား သူ့သားက သူ့ကြောင့် မသွားဖြစ်တာဆိုတာကိုလေ"

"ကျွန်တော့်ကိစ္စလို့ ပြောနေတယ်လေ"

"မဟုတ်မှ မင်း..."

"ဟုတ်တယ်လေ အစ်ကို့လိုပဲ ကျွန်တော်ချစ်ရတဲ့သူနဲ့ မခွဲနိုင်လို့"

"Phuwin"

တကယ်တော့ Phuwin တကယ် မားမားကြောင့် မသွားတာပါ မားမားက အသက်လည်း ရနေပြီလေ Minnie လေးတို့က အမြဲလာနေပေးတယ်ဆိုရင်တောင် မားမားနဲ့အချိန်ပြည့်ကြီး အတူရှိမနေပေးနိုင်ဘူးလေ

"ဘယ်သူလဲ အဲ့ မင်းကို တားထားတဲ့သူက"

"None of your business"

"Phuwin"

"ဘာလဲ ဘာလို့သူများကျောင်းရှေ့မှာလာပြီး သူများကို အော်နေရတာလဲ"

"ကိုယ် မားမားကို သွားပြောမယ်"

"P'Pond"

"ဘာလဲ မားမားက သူ့သားပညာရေးကိုနှောင့်ယှက်တဲ့ သူနဲ့ ခွဲမှာ စိုးလို့လား"

"P'Pond နောင်တရမယ်နော်"

"ဘာကိုလဲ မားမားကို သွားတိုင်လို့ စိတ်ဆိုးမှာကိုလား"

"ဟုတ်တယ်"

~မဟုတ်ဘူး P'Pond ကျွန်တော့်ကို အဝေးကိုလွတ်လိုက်လို့~

စိတ်ထဲက စကားတစ်စုကို သူထုတ်မပြောခဲ့ဘူး

"ကိစ္စမရှိဘူး မင်း ပညာရေးက ကိုယ့်ကို မခေါ်မပြောတာလောက်အထိ အရေးမပါဘူး"

"ဘာလို့ သူများကိစ္စကို အဲ့လောက်ဝင်စွက်ဖက်နေရတာလဲ P'Pond တုန်းကရော ကျွန်တော် အခုလိုတွေ ဝင်ပြောခဲ့လို့လား"

"မင်းနဲ့ ကိုယ်က မတူဘူး Phuwin Tang"

"ဘာမတူတာလဲ အစ်ကိုကကျ အစ်ကိုကြိုက်တဲ့သူနဲ့ဖက်နမ်းနေလို့ရပြီး ကျွန်တော့်ကျမှ လာပိတ်ပင်နေတာ အဲ့လိုလုပ်ရအောင် ကျွန်တော်က အစ်ကို့ညီအရင်းတောင်မဟုတ်ဘူးနော် အစ်ကို့သူငယ်ချင်းရဲ့ညီ"

အမှတ်သည်းချေကလည်း ကြီးပါဘိ

"ကိုယ် မနမ်းခဲ့ဘူး"

"ထားတော့ နမ်းနမ်း မနမ်းနမ်း ကျွန်တော်နဲ့ မဆိုင်ပါဘူး"

"မင်း သွားကိုသွားရမယ်"

သူ မနှိုင်းကောင်းလို့သာ မပြောတာသူ့အဖေလိုပဲ ဒီလူကြီးက လိုက်ရှည်နေတာက

Ring Ring Ring

"အစ်ကို့ရဲ့ ချစ်သူမဟုတ်တဲ့ ကောင်မလေး ဖုန်းခေါ်နေတယ် ကိုင်လိုက်ပါဦး"

"ဟယ်လို"

"..."

"ဘယ်လဲ"

"..."

"မင်းကို ပြောတာ မဟုတ်ဘူး"

ထွက်သွားမဲ့ Phuwin ကို Pond တစ်ယောက် လက်ကနေဆွဲထားကာ ကားနဲ့သူ့ခန္ဓာကိုယ်အကြားညှပ်ထားတယ်

"ဟုတ်ပြီ ဒါပဲနော်"

ဒီကလေး သူ့ကိုစဆွဲထားကတည်း မျက်စောင့်တွေချည်း လှိမ့်ထိုးနေတာ

"အဲ့နေ့က နမ်းတာလား မနမ်းတာလားဆိုတာကို သက်သေပြမယ်လာ"

Phuwin ကို ကားထဲဆွဲခေါ်လာတယ်

"နမ်းတယ်ဆိုတာ ဒီလို"

"အင့် P'Pond"

Pond တစ်ယောက် Phuwin ဘက်ကို ခါးကိုင်းကာ လက်နှစ်ဖက်ကို Phuwin ပါးပြင်နဲ့လည်ပင်းမှာ အုပ်ကိုင်ပြီး နှုတ်ခမ်းပါးနှစ်ခုကို ကပ်ထားတယ်Phuwin တစ်ယောက် Pond ရဲ့ ရင်ဘတ်ကို လက်အစုံဖြင့်တွန်းထားသော်လည်း အားတွေက သူ့ရဲ့နှုတ်ခမ်းပါးနဲ့အတူ စုပ်ယူခံနေရသလိုပင်

"ရပြီလား ကိုယ်နဲ့သူက အဲ့နေ့က ဒီလိုတောင် မထိခဲ့ဘူး"

"Phuwin"

ဒီကလေး မျက်ရည်တွေဝဲနေတယ်ဘာတွေလျှောက်တွေးလိုက်ပြန်ပြီလဲ မသိဘူး

"Phuwin"

"အိမ်ပြန်မယ်"

"မငိုရဘူးလေ Phuwin"

"အိမ်လိုက်ပို့ပေးလို့"

Pond တစ်ယောက် သူ မငိုရဘူးပြောမှ ပိုအရှိုက်သည်းလာတဲ့ကလေးငယ်ကို ဖက်ထားပေးကာ ကျောပြင်လေးကို ပွတ်နေပေးရတယ်

"P'Pond က အကျင့်မကောင်းဘူး"

"ဟုတ်တယ် ကိုယ်က အကျင့်မကောင်းဘူး"

"မားမားနဲ့ တိုင်ပြောမယ်"

"အင်း တိုင်"

"ကျွန်တော့်ကိုလည်း အသားယူတယ်"

"ဟုတ်တယ် ကိုယ်က မကောင်းဘူး"

ကလေးတစ်ယောက်လိုပဲ သူ့ကျောကို တဘုန်းဘုန်းထုကာ မကျေနပ်တာတွေကို ထုတ်ပြောနေလေရဲ့

"တိတ်တော့နော်"

"..."

"ကိုယ်က မင်းအတွက် ပြောနေတာလေကွာ"

"မားမားကြောင့် မသွားတာဆိုတာကို သိရဲ့သားနဲ့"

"သိတယ်လေ သိလို့ပဲမားမားကို ကိုယ်ဂရုစိုက်ထားပေးမယ်လို့ ပြောနေတယ်မလား"

"တူမလား"

"ဘာလို့မတူရမှာလဲ မင်းမားမားကလည်း ကိုယ့်မားမားပဲလေ"

"..."

"မင်း မသွားရင် ကိုယ်မားမားကို တကယ်ပြောမှာ"

"အဲ့ကျ P'Pond ကို တကယ်မုန်းမိမှာ"

"Phuwin"

"ကျွန်တော်သိပါတယ် ကျွန်တော့်ဘဝတက်လမ်းအတွက်ဆိုတာကို ဒါပေမဲ့ ဒီမှာလည်း သင်ယူလို့ရနေတာပဲလေ"

"မင်း သင်ယူနေတဲ့ပညာက နယ်ပယ်ကျယ်လေလေ ဗဟုသုတပိုရလေလေကွာ"

"P'Pond"

"အဲ့သနားကမားမျက်လုံးနဲ့လည်း မရဘူး သွားဆိုသွားရမှာ"

သူ တကယ်စိတ်ဆိုးမိလာပြီ ဒီလူကြီးက တကယ်ပဲဘာလဲ သူနဲ့ဘာမှလည်းမဟုတ်သေးဘဲနဲ့ လူကို ချယ်လှယ်ချင်နေတယ်

"P'Pond လည်း သွားပါလား"

"ကိုယ်က မားမားကို ဂရုစိုက်ပေးရမယ်လေ"

"အပိုတွေ ဟိုအစ်မကြောင့်မလား"

"မဟုတ်ပါဘူးကွာ"

"အဲ့ဒါဆို အဲ့အစ်မကဘယ်သူလဲ ပြောပြလေ"

ခုနက အခြေအနေနဲ့ တခြားစီပင် ခုနကငိုနေတဲ့ကြောင်လေးက ဖွက်ထားတဲ့လက်သည်းတွေကို ထုတ်ပြလာလေပြီ

"ကိုယ် ပြောပြလို့ မရသေးလို့ပါ"

"အိမ်ပြန်မယ်"

တွေ့လား ဒီကလေး သူလိုချင်တဲ့အဖြေ ပြန်မရတော့ တိတ်သွားပြန်ပြီ တကယ့်ကို လိုချင်တာ မရလို့ ကောက်နေတဲ့ ကလေးပေါက်စပဲ

အိမ်ရောက်တော့လည်း တကယ်ပင် မားမားကိုအကုန်ပြောပြလိုက်တယ် မားမားက အစကတော့ စိတ်ဆိုးနေသေးပေမဲ့ Phuwin ကို သွားဖို့အတွက်ပဲ အမြဲဖျောင်းဖျတယ် P'Win တို့ ဦးလေးတို့ရော အကုန်အကုန်လုံးက ဝိုင်းပြောနေလို့ Phuwin မသွားဖို့ ဆုံးဖြတ်ထားရာကနေ နည်းနည်းတော့ သွားဖို့ စိတ်ပါလာတယ်တစ်ရက် ဖုန်းမလာခင်အထိ အဲ့လူကိုလည်း ဒီလိုသွားရအောင် အကုန်လိုက်တိုက်တွန်းအောင်ပြောနိုင်တဲ့အတွက်လည်း သြော်ချမိသေးတယ်

"ဟယ်လို"

"အင်း Wut"

"မနက်ဖြန် လေဆိပ်ဘယ်အချိန်သွားမလဲ"

"ဘာလဲ ဘယ်လေဆိပ်လဲ"

"ပညာသင်လေ မင်း စာရင်းသွင်းထားတယ်မလား ငါနဲ့မင်းနဲ့ အတူသွားရမှာ ကျန်တဲ့သူတွေက မိန်းကလေးတွေမလို့"

"ဘာ ခဏ ငါ ဖုန်းပြန်ဆက်လိုက်မယ်"

"အေး အေး"

ဒီလူ တကယ်ကိုအကုန်စီစဥ်ပစ်တာပဲမိဘလက်မှတ်လိုသေးတယ်ဆိုတော့ မားမား

"မား"

"မား"

"ဟဲ့ သြော် ဒီကလေးချော်ကျတော့မှာပဲ ဘာလို့ပြေးဆင်းလာရတာလဲ"

"မားမား ဘာလို့ လက်မှတ်ထိုးပေးလိုက်ရတာလဲ"

"ဘာကို...သြော်"

"သားကို သွားရမယ်လို့ မားပြောပြီးပြီလေ"

"သား သိပါတယ် သွားမှာပါ ဒါပေမဲ့ အခုလိုကြီး သားကို မပြောပြဘဲ လုပ်လိုက်တာကြီးက ဘယ်လိုကြီးလဲ"

"သွားရမှာပဲကို"

"မား"

"Phuwin မားမားကို အဲ့လိုပုံနဲ့ လာမပြောနဲ့နော်"

"မားမားက သားကို မချစ်တော့ဘူး"

"လူဆိုးလေး ချစ်လို့ပဲ အခုလို ပို့ရတာပေါ့"

"ဟွန့် မေမေလည်း ဟိုလူနဲ့အတူတူပဲ"

"ကိုယ့်ထက်အကြီးကိုနော်"

"မသိပါဘူး သွား တွေ့မယ် အဲ့လူလည်း"

~~~~~~~~

Phuwin တကယ်ပင် Pond ကို စိတ်ဆိုးမိပါတယ် သူ သွားဖို့စဥ်းစားနေပါပြီလို့ သူ့ကိုပြောထားရဲ့နဲ့ အခုလိုတွေသူ့ကိုအသိမပေးဘဲ ဇွတ်လုပ်တယ်

တီ တီ တီ

"P'Phuwin ကြည့်ဦး"

Minnie ကို Link တစ်ခုကို ပို့လာတာကြောင့် ဝင်ကြည့်လိုက်တော့ Sport Team Fan club က P'Pond နဲ့ ဟိုမိန်းကလေးရဲ့ဖက်နေတဲ့ပုံတွေဟိုမိန်းကလေးက သူ့ကိုချွေးသုတ်ပေးနေတယ် ဟိုမိန်းကလေးယူလာပေးတဲ့ ရေဘူးကိို သောက်နေတယ်

"ရတယ်လေ ငါလည်း နေနိုင်ပြရသေးတာပေါ့"

~~~~~~~~

တစ်ပါတ်ကြာတော့ Phuwin ခရီးသွားရတော့မယ် ဒီတစ်ပါတ်လုံး သူ အိမ်မှာပဲ မားမားနဲ့အတူနေတယ် ဘယ်မှလည်းမသွားဘူးဟိုလူ့ကိုလည်း အဆက်အသွယ်မလုပ်ဘူး သူ့ဘက်ကလည်း အဆက်အသွယ်မလုပ်နိုင်အောင် Block ထားလိုက်တယ်

မားမားဆီကိုတော့ ဆက်သွယ်လာတယ်ပြောပေမဲ့ သူနဲ့တော့စကားပြောဖို့ ဘာမှမပြောပါဘူးတဲ့လေဒီလိုနဲ့ Phuwin ဟိုရောက်ပြီး ၃ လလောက်ကြာတဲ့အထိ P'Pond ကို stalk နေသေးပေမဲ့ နောက်ပိုင်း သူလည်းစာလုပ်ရတာနဲ့ အချိန်မရှိလာတာကြောင့် လုံးဝအဆက်ပြတ်သွားရတာ ပြန်ရောက်တဲ့အချိန်ထိပဲ ပြန်ရောက်တော့လည်း ၁ ပါတ်လောက်ပဲ နားပြီး တီလေးဆေးရုံမှာ ဝင်လုပ်ခဲ့တယ်အဲ့လိုကနေပဲ P'Win က သူ့ကို Basketball Team ရဲ့ Personal Doctor လုပ်ဖို့ လာကမ်းလှမ်းတယ် P'Win က အားတဲ့အချိန် လာရင် ရပါတယ်လို့ ဇွတ်ခေါ်နေတာကြောင့် သူ လက်ခံခဲ့တယ် မဟုတ်တောင် သူလုပ်ပေးရမှာပဲလေဒါပေမဲ့ P'Pond ရှိနေမှာကိုတော့ တကယ်မသိခဲ့တာ

~~~~~~~~

"Phuwin"

"P'Pond"

"ဆောရီး အစ်ကိုအစည်းအဝေးက ကြာနေတာ"

"..."

"မျက်စောင်းကြီးကလည်းကွာ ကြောက်စရာကြီး"

"P'Wiw ကြိုပြောထားသင့်တာကို"

အဲ့ကြောင့် ပုံမှန်ဆို check-up လောက်ကတော့ ဆေးခန်းလည်းသွားရပါတယ်လို့ တွေးနေတာ ပြိုင်ပွဲတွေမှာလည်း Ready check-up တွေ ရှိနေမှာကို တကယ်ပဲ

"ဘာလဲ တွေ့ပြီးပြီလား"

"ဒါပေါ့"

ဒီနှစ်ယောက်ကို သူ တကယ် အူးယားလိုက်တာ နှစ်ယောက်သား မြုံနေကြတာ ခံစားချက်တွေကို အင်းပေါ့ သူ့ကြောင့်လည်း ပါပါတယ်

"Win"

"အင်း Pond"

သူတို့နှစ်ယောက် စကားပြောနေတုန်း P'Pond က ရောက်လာတယ်

"ဘယ်လဲ"

P'Win ကဆို တစ်မျိုး လူကမှ သူ(P'Pond)နဲ့မတွေ့ချင်သေးပါဘူးဆို

"သဘက်ခါပွဲက သူရော လိုက်မှာလား"

"အင်း"

"ဘာလဲ ဘာပွဲလဲ"

"သဘက်ခါ C မြို့ဘက်မှာ ပြိုင်ပွဲရှိတယ် မင်း လိုက်ရမှာ"

"ကျွန်တော် အဲ့နေ့ကျ ခွဲစိတ်ခန်းဝင်စရာ ရှိတယ်"

"ဟုတ်လား အစက အစ်ကို့ကိုပို့ထားတဲ့ အချိန်စာရင်းထဲမှာ မပါပါဘူး"

"ဟုတ်တယ် မနေ့က ဆေးခန်းလာသွားတဲ့လူနာနဲ့ အလျင်စလိုလုပ်လိုက်ရတာ"

"ဒါဆို ဘယ်လိုလုပ်မလဲ"

"ပွဲက စီစဥ်ပေးထားတဲ့ ဆရာဝန်တွေလည်း ရှိမှာပါ"

"အင်းပေါ့ အဲ့လိုပဲလုပ်ရတော့မှာပေါ့"

"ပြီးတော့ နမိတ်မရှိအောင် ဘာလို့ပွဲမစခင်ကတည်းက ဆရာဝန်ခေါ်နေရတာလဲ"

"အားဆေးပေါ့ကွာ"

"ဟမ်"

"Win"

"Vell လာ"

"ဘာတွေ ပြောနေကြတာလဲ"

"Phuwin က သဘက်ခါ ဂျူတီရှိနေတယ်တဲ့"

"ဟယ် တစ်စုံတစ်ယောက်က သူ့အားဆေးလေးကို မျှော်နေရှာရတော့မှာပဲ"

"P'Vell"

ဒီကောင်လေးနှစ်ယောက်က သူနဲ့ Win ရဲ့ ပရောဂကြောင့် ဝေးသွားကြရတာသူ့စိတ်သူ မသိတဲ့ Win ကို Vell ကို ချစ်လို့ချစ်မှန်းမသိ ဖြစ်နေတာ Vell တစ်ယောက် က မိန်းကလေးတန်မဲ့ သူသဝန်တိုအောင်လုပ်ပြနေရတာနဲ့ ကြားထဲက ဒီကောင်လေးနှစ်ယောက်က ဝေးခဲ့ရတာလေ

Phuwin ကို ဘာလို့ မရှင်းပြလဲလို့မေးတော့ Pond အရူးက အဲ့ကလေး သဝန်တိုပြီး ကောက်နေတာက ချစ်ဖို့ကောင်းတယ်တဲ့လေတကယ်ကို သူက အဲ့ကလေးပညာတော်သင်သွားဖို့ ကိစ္စကို သူ့စိတ်တိုင်းကျ စီစဥ်ပစ်တာဟိုကလေး ပြောပြပုံအရဆို သွားခါနီးအလိုမှ သူ သိလိုက်ရတာတဲ့

Vell တစ်ယောက် U.S မှာ Phuwin နဲ့ စစတွေ့ချင်းတုန်းကဆို အားနာလိုက်ရတာ ဒါပေမဲ့ ဒီကလေးက အကြောင်းစုံသိနေတယ်တဲ့လေသူ Pond ကို Stalk နေပါတယ်တဲ့တကယ့်ကို ကလေးတွေ

"ဒါဆိုလည်း ဒီတစ်ခေါက်တော့ ဒီအတိုင်းပဲပေါ့"

"ဟုတ် နောက်ပွဲတွေကျ P'Win က ကြိုပြောထားပေးလေ ကျွန်တော်အချိန်လဲလို့ရရင် လဲထားလိုက်ပါမယ် အခုပွဲကကျ ဒီလောက်မြန်မြန်ရှိမယ်လည်း မထင်လို့ ခွဲစိတ်တာကို လက်ခံလိုက်တာ"

"ဒါဆို မင်းလူနာတွေအစား ကိုယ်တို့ကို အချိန်ပေးမှာပေါ့"

"-_-"

"Phuwin ထိုင်ရမဲ့ ရုံးခန်းပြင်ပြီးပြီ လိုက်ကြည့်လိုက်ဦး"

"ငါ လိုက်ပြလိုက်မယ်"

"ok ဒါဆို Win က Vell နဲ့ လိုက်ခဲ့ဦး"

"ဟုတ်ကဲ့ပါ"

~~~~~~~~

"ဒီအခန်း"

"ဟုတ်"

Phuwin တစ်ယောက် အခန်းကို ပတ်ကြည့်နေမိတယ် အထူပြင်ဆင်ထားတာမျိုးတော့ မဟုတ်ဘူး စားပွဲခုံလေးတစ်ခုနဲ့ ဆေးခန်းလာပြချိန်လူနာလှဲဖို့ ကုတင်လေးတစ်လုံးရယ်

"ကိုယ် မင်းအတွက် ဒါထည့်ပေးထားတယ်"

P'Pond ပြောတဲ့နေရာကိည ကြည့်လိုက်တော့ သူကြိုက်တတ်တဲ့ ဖျော်ရည်နဲ့ ovaltine ဘူးလေးတွေကို ရေခဲသေတ္တာသေးသေးလေးနဲ့ ထည့်ပေးထားတာ

"မီတာခ ပိုကျရင် ကျွန်တော်နဲ့ မဆိုင်ဘူးနော်"

"ကိုယ် ရှင်းမယ်"

"အရမ်းတွေ အားနေတာလား လေ့ကျင့်ရေးမဆင်ရဘူးလား"

"ကိုယ်က အေးဆေးပါပဲ"

"ယုံကြည်လွန်းနေတာပဲ"

"ဒါပေါ့ မင်းလည်း ယုံကြည်ပြီးတော့ တစ်ဘဝလုံးပုံအပ်ချင်လည်း အဆင်ပြေတယ်နော်"

"မဖြစ်ဘူး ကျွန်တော်က သဘောကျရတဲ့သူ ရှိနေပြီလေ"

"ဘယ်သူလဲ"

"P'Pond တော့ မဟုတ်ဘူး"

"Phuwin"

"ဖယ် ဖယ်"

ချက်ချင်းပင် သူ့အနားကို ရောက်လာတဲ့ ဒီလူကြီးကို ရယ်လည်းရယ်ချင်မိပါတယ်

"Phuwin ကလည်း ကိုယ်တောင်းပန်ပါတယ်ဆို ကိုယ် မပြောပြခဲ့တာက မင်းဆီကနေ တစ်ဆင့် Win သိသွားမှာ စိုးလို့ပါ ကိုယ်နဲ့ Vell က အဲ့အချိန်ကတည်းက မင်းအစ်ကိိုစိတ်ကို သိရအောင်လုပ်တာပါ"

"အဲ့ဒါတွေ မပြောပါနဲ့တော့"

"မရဘူး ပြောမှာ"

"ကိုယ်က အဲ့တုန်းက..."

"P'Pond သြော်... အချိန်မှား လာမိတာပဲ"

"ဘာလို့လဲ Fourth"

"နည်းပြက ခေါ်ခိုင်းလို့ ကစားမဲ့ဗျူဟာ ပြန်ပြောမလို့တဲ့"

"လာခဲ့မယ်"

"ဟုတ်"

Fourth က ပြန်ထွက်သွားတယ်

"နော်လို့ စိတ်မဆိုးနဲ့တော့နော်"

"မဆိုးပါဘူး ကျွန်တော်က ဘာလို့ဆိုးရမှာလဲ"

"Phuwin"

"နည်းပြ ခေါ်နေတယ်လေ"

"အ့ ခေါင်းမူးလိုက်တာ အားယူဦးမယ်"

ပြောကာ ချက်ချင်း Phuwin ပခုံးပေါ်ကို ခေါင်းမှီချလိုက်တယ်

"P'Pond အခု လာရမယ်တဲ့"

"ဟာ လာပြီကွာ လာပြီ"

"ဟုတ် ဟုတ်"

"ကိုယ် သွားပြီနော် ညနေကျ ကိုယ်ပြန်လိုက်ပို့မယ် စောင့်နေဦး"

ပြောချင်တာပြောပြီး သူ့ခေါင်းတွေကို ဖွသွားပြန်ပါပြီစောင့်စရာလား ဘာလို့ စောင့်ရမှာလဲ

~~~~~~~~

"မားမား ဟင်..."

ဒီလူက အိမ်ကို ဘယ်လိုရောက်လာပြန်တာလဲ

"သား လာလေ"

"..."

"Pond က နောက်နေ့ ပြိုင်ပွဲရှိလို့တဲ့ အဲ့ဒါနောက်အပါတ် မလာဖြစ်လို့ ဒီအပါတ် ကြိုလာလိုက်တာတာတဲ့"

"ဘာလဲ သူက ဒီကို အပါတ်တိုင်း လာလို့လား"

"အင်းလေ"

"Pond က သားသားသွားတုန်းက အမေ့ကိုနေ့တိုင်းလာတွေ့ပေးတယ် တစ်ပါတ်ကို တစ်ရက်် နှစ်ရက်လောက်အတူလာအိပ်ပေးတယ်"

"သြော်"

"ဒီကလေးကတော့ နေခဲ့ကြဦး မား ရေသွားချိုးဦးမယ် မနက်ကတည်းက မချိုးရသေးလို့"

"ဟုတ်""ဟုတ်"

"ဘာလဲ ဟိုဘက်ပြန်သွားလေ"

"ဒီဘက်မှာ ထိုင်ချင်တာ"

ပြောကာ ချက်ချင်းပင် သူ့ခုံဘက်ကနေ Phuwin ခုံဘက်ကို တိုးလာတယ်

"P'Pond"

"အဲ့လိုမခေါ်နဲ့"

"ဘယ်လိုခေါ်ရမှာလဲ"

"Nara Khun Nara"

"မခေါ်ချင်ပါဘူး"

"ဘာလို့လဲ"

"လုပ်ပါ"

"No ဟာ"

P'Pond က ပြောပြီးပြီးချင်း သူ့ပေါင်ကို ခေါင်းအုံးအိပ်ပစ်တယ် မားမားတွေ့သွားမှဖြင့်

"P'Pond"

"ဟင်"

"ဖယ်"

"Khun Nara လို့ခေါ်ရင် ဖယ်ပေးမယ်"

"..."

"လုပ်ပါကွာ ကိုယ့်ကို မနက်ဖြန်အတွက် အားပေးလေ နော်"

"ကျွန်တော် U.S မှာ ရှိနေတုန်းကပြိုင်ပွဲတွေကို ဘယ်လိုပြိုင်ခဲ့လဲ"

"အဲ့တုန်းက မင်းက ကိုယ့်အနားမှာ ရှိမနေဘူးလေ အခုက ကိုယ့်ဘေးမှာ ရှိနေတာနော်"

"..."

"နော်"

"..."

"နော်လို့ Phuwin"

"နိုး နေခဲ့တော့"

"အ့"

Phuwin တစ်ယောက် ထရပ်လိုက်ပြီး သူခေါင်းအုံးအိပ်ဖို့တစ်ဖက်ခုံက ခေါငလးအုံးနဲ့ ပစ်ပေါက်ပေးခဲ့လိုက်တယ်

သူ ထွက်လာပြီး ခဏကြာတော့ မားမားနဲ့စကားပြောနေသံတွေကြားတယ် နာရီဝက်လောက်နေတော့ သူ့ဖုန်းထဲကို စာတစ်စောင် ရောက်လာတယ်

"ကိုယ် ပြန်ပြီနော်"

ဖုန်းကတ်အသစ် ဝယ်ထားပုံပဲ သူ အရင်ဖုန်းကို block မဖြည်ထားဘူးလေ

~~~~~~~~

"P'Pond P'Pond ရော"

Phuwin တစ်ယောက် မနက်အိမ်ကထွက်ကတည်းက စိတ်က မကြည်မသာဖြစ်နေတာ ခွဲစိတ်ခန်းဝင်ခါနီး ဆေးပုလင်းတစ်ပုလင်းက ကွဲသွားတာကြောင့် သူခွဲစိတ်တာကို စိတ်ထင့်နေမိသေးတယ် ဒါပေမဲ့ ခွဲစိတ်တာက အောင်အောင်မြင်မြင်နဲ့ပင် ပြီးသွားတာကြောင့် စိတ်ထဲအေးသွားရပေမဲ့ သူနာပြုအစ်မတစ်ယောက်ရဲ့ စကားသံကြောင့် လက်မှတ်ထိုးပေးနေရာက ဘာကိုမှထပ်မကြားနိုင်တော့တဲ့အထိပဲ

"Pond Naravit ကို သိတယ်မလား"

"သိတယ်လေ ကစားတာလည်း ကောင်း ရုပ်ကလေးကလည်း ချောလိုက်တာကို ဆေးရုံအုပ်သားရဲ့ သူငယ်ချင်းလေ"

"အေး သူ ဒီကစားရင် အတော်ထိသွားတာတဲ့ နောက်ပြန်ကစားနိုင်ပါ့မလားဆိုတာတောင် မသိဘူးတဲ့"

"ဘယ်မှာလဲ"

"ရှင့်"

"Khun Nara ဘယ်အခန်းမှာလဲ"

"သြော် Khun Naravit လား Dr.Wut ကုသပေးနေပါတယ်"

သူနာပြုတွေပြောတာတောင် ဆုံးအောင်နားမထောင်နိုင်ပဲ Wut ရဲ့ ဂျူတီအခန်းကို လျှောက်လာခဲ့တယ်

"ကြွက်သားထိသွားတာကြောင့် အနားယူရမယ် ပြန်မကစားသေးတာ အကောင်းဆုံးပဲ ၅ လလောက်အနားယူပြီး သေချာလေ့ကျင့်ရေးပြန်လုပ်ပေးရင်တော့ ပြန်ကစားနိုင်မှာပါ ဒါပေမဲ့ ဒဏ်တော့ ကျန်ခဲ့နိုင်တယ်"

"ဟုတ်ကဲ့"

"Khun Nara"

Phuwin တစ်ယောက် တံခါးပင် မခေါက်နိုင်တော့ဘဲ အခန်းထဲကို ဝင်လာခဲ့ရတယ် သူ Wut ရဲ့ ဂျူတီအခန်းကို သွားသေးပေမဲ့ မရှိဘူးတဲ့ လူနားအခန်းမှာတဲ့ဆိုလို့ ပြန်ပြေးထာရပြန်သေးတယ်သူဝင်လာတော့ Wut ရော P'Win နဲ့ P'Vell က အပြင်ကို ရှောင်သွားပေးကြတယ်

"အရမ်း နာနေလား"

"မနာတော့ပါဘူး ကိုယ် Treatmemt လည်း ယူပြီးပြီ ရေခဲအိတ်လည်း ကပ်ထားတယ်"

"ဆေးကရော သေချာစစ်ကြည့်ပြီးပြီလား တခြားနေရာတွေရော ကိုက်ခဲနေတာမျိုးရှိလား ရေခဲအိတ်ကရော လဲလဲကပ်သေးလား"

"Phuwin Phuwin ကိုယ့်ကိုကြည့်"

ပြာယာခက်နေတဲ့ကောင်လေးကို စိတ်ငြိမ်အောင် မျက်နှာနှစ်ဖက်ကို သူ့လက်ဖဝါးနဲ့ အုပ်ကိုင်ပြီးအကြည့်ချင်းဆုံလိုက်ရတယ်

"ကိုယ် ဘာမှမဖြစ်တော့ဘူး နော်"

"ပြီးတော့ စိတ်မပူနဲ့ ကိုယ် ပြန်မကစားတော့ဘူး"

"ဘာလဲ ခြေထောက်က ပြန်ကောင်းလာနိုင်တာကို ဘာတွေပြောနေတာလဲ ခုနက Wut ပြောသွားတယ်မလား လေ့ကျင့်ခန်းပြန်လုပ်ပေးရင် ကစားနိုင်တယ်လို့"

"ကိုယ်ပြောပြမယ် ကိုယ် ဒါကို ကစားနေခဲ့တာက မင်း ပြန်မလာသေးလို့အခု မင်းပြန်လာပြီဆိုတော့ ကိုယ်အလုပ်အတည်တကျလုပ်မှ ဖြစ်နေမယ်လေ မဟုတ်ရင် ကိုယ်မင်းကို ဘယ်လိုဂရုစိုက်ပေးနိုင်မှာလဲ"

"ကိုယ့်ဟာကိုသာ အရင်ဂရုစိုက်ပါဦး"

"ကိုယ်ပြောတဲ့ အဓိပ္ပါယ်ကို Phuwin လည်း သိတာပဲလေ"

"Khun Nara"

"အင်း အဲ့လိုခေါ်တာလေးကို သဘောကျတယ်"

"ကဲ ကိုယ့်ကို ကြည့်ပါဆို"

ဒူးခေါင်းကိုပဲ တသသကြည့်နေတဲ့ Phuwin တစ်ယောက် မျက်နှာကို ခဏခဏလှည့်နေရတယ်

"ဒီကို ကြည့်ဆို ပြွတ်စ်"

ဖျန်း

"အ့ လူနာကို အားကြီးနဲ့ရိုက်တာ"

"လူနာက လူနာလိုနေလေ"

"မင်းက ချစ်ဖို့ကောင်းနေတာကို"

"တည်တည်တံ့တံ့နေစမ်းပါဗျာ ဒဏ်ရာက အရေးကြီးနေတာကို"

"ကိုယ် အတည်ပြောနေတာ ကိုယ်ဒီကစားသမားဘဝကနေ ထွက်ဖို့စီစဥ်ပြီးသား ကိုယ့်ဦးလေးကလည်း ကိုယ့်ကိုရာထူးလွှဲပေးဖို့ ပြင်ထားပေးပြီးပြီ"

"P'Pond"

"အဲ့တုန်းက ကိုယ်မင်းကို မပြောပြခဲ့တာ မှားတယ် ကိုယ်သိတယ် ကိုယ်မင်းကို မဆက်သွယ်ခဲ့တာကလည်း မင်းကို ကိုယ့်ကြောင့် အာရုံမများစေချင်ဘူး ဒါပေမဲ့ကိုယ်တစ်လတစ်ခါ နှစ်လတစ်ခါလောက်တော့ မင်းဆီကို ကိုယ်လာတယ်"

"ဒါဆို ကျွန်တော် အမြင်မှားတာမဟုတ်ဘူးပေါ့"

"အင်း"

"..."

"Phuwin ဒီစကားကိုပြောဖို့ နောက်ကျနေပြီလား မသိပေမဲ့ ကိုယ်မင်းကို ချစ်တယ် မင်းလည်း ကိုယ့်ကိုချစ်တယ်ဆိုတာကို ကိုယ်သိတယ် ဒါပေမဲ့ မင်း ဝန်မခံလာသေးလည်း ကိုယ်စောင့်နေမယ်"

"ကျွန်တော် ချစ်ရတဲ့သူရှိနေပြီလို့"

"Phuwin"

"အတည် ကျွန်တော်က သူ့ကိုပဲချစ်တာ P'Pond ကို မချစ်ဘူး"

ချက်ချင်းပင် မျက်လုံးအရိပ်အရောင်တွေပြောင်းသွားပြီး သူ့မျက်နှာကိုကိုင်ထားတဲ့လက်အားက လျော့သွားတယ်

"ကျွန်တော် ချစ်တဲ့သူက..."

"..."

"..."

"Khun Nara"

"အဟက် ကိုယ့်နာမည်က Naravit"

"Pond ဆို"

"မဟုတ်ဘူး"

"ဟုတ်ပါ အင့်"

ဒီတစ်ခါ အနမ်းက နှစ်ယောက်လုံးအတွက် ပျော်ရွှင်မှုတွေ ချစ်ခြင်းတွေနဲ့

"P'Pondddd"

"Ops"

"အဲ့ကြောင့် မင်းကို ဇွတ်ဇွတ်မဝင်နဲ့လို့ ပြောနေတာကို ဒီကလေးကတော့"

"P'New ကလည်း"

"တောင်းပန်ပါတယ် ပြန်လိုက်ပါဦးမယ်"

လူနာလာမေးတဲ့သူတွေကသာ အားနာပြီးပြန်ထွက်သွားရတယ်အချစ်ရိပ်ထဲမှာ ပျော်မြူးနေတဲ့အချစ်ငှက်လေး နှစ်ကောင်ကတော့ အနမ်းဝဲဂယက်ကနေ ရုန်းမထွက်နိုင်သေးဘူး

ဧည့်သည်တွေရောက်လာလို့ Phuwin က တွန်းထုတ်သော်လည်း Pond တစ်ယောက်မလွတ်ပေး ဒဏ်ရာရထားတဲ့လူနာကို သနားလို့မကိုက်ရက်တာကြောင့် နှုတ်ခမ်းချင်ကြိတ်လိုက်တာကို သူ့အနမ်းကို တုံ့ပြန်သလိုဖြစ်သွားကာKhun Nara@Pond တစ်ယောက် Phuwin ရဲ့ ပန်းဆီရောင်နှုတ်ခမ်းပါးလေးတွေကို မလွတ်တော့ပေ

"သူများတွေ မြင်သွားပြီ"

"သူတို့ အရွယ်ရောက်ပြီးသားတွေ"

"အဲ့လိုဆိုတိုင်း ရမလား သူများက သတင်းလာမေးတာလေ"

"ရတယ် ပြီးမှလာလိမ့်မယ် သူတို့ပွဲပြီးလို့ ၁ ပါတ်အနားရထားတယ်ရယ်"

"Khun Nara ကတော့လေ ဒါနဲ့ပွဲက"

"ကိုယ်တို့ နိုင်သွားပါတယ်"

"အင်း ကျွန်တော် ဒီမှည့်လေးကို သဘောကျတယ်"

Khun Nara ရဲ့ မျက်လုံးအောက်နားက မှည့်လေးကို ထိကိုင်ရင်း ပြောလာတယ်

"ကိုယ်က ဒီလူသားလေးကို ချစ်မြတ်နိုးတယ်"

ကြားလေမဝင်နိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားမိတယ် ၆ နှစ်တာအလွမ်းတွေအတွက် သူတို့ အတိုးချပွေ့ဖက်နေမိတယ် တစ်ယောက်နဲ့တစ်ယောက်ဖွင့်မပြောခဲ့မိကြပေမဲ့လည်း တစ်ယောက်အပေါ် တစ်ယောက်ရဲ့စိတ်ထားကို မပြောဘဲသိနိုင်တယ်

"ကျွန်တော် P'Pond ကို ချစ်တယ်"

"အင်း ကိုယ်လည်း ဒီပေါက်စီလုံးလေးကို ချစ်တယ်"

-End-

There are no comments yet. Log in to be the first to leave a review!

Similar stories