Fanfics

[16]

19:08, 15 July 2024

" တောက်။ ငါမင်းနဲ့ တွဲလုပ်နေရတာ တကယ်စိတ်ပျက်နေပြီ! "

Rehearsal Room ကတော့ထုံးစံအတိုင်းအစဥ်လာမပြတ်အခြေနေမကောင်းဆဲ။ Pond နဲ့ Phuwin တို့ ဇာတ်ညွှန်းကိုတယောက်တရွက်ကိုင်ထားကျပြီး တယောက်ကိုတယောက်စိုက်ကြည့်နေကျသည်။

Phuwin ကသူ့အကျင့်တိုင်း မျက်စောင်းထိုးကာ

" ဒီကလည်း အတူတူပါပဲနော်။ "

ဒါရိုက်တာကသူတို့နှစ်ယောက်အား အကဲခတ်ကာဝင်ဖြည်ရတော့သည်။

" တော်ကျတော့! ဒီ project ကနှစ်ယောက်လုံးအတွက် အရေးကြီးတယ်ဆိုတာ မင်းတို့သိတယ်မလား။ နှစ်ယောက်လုံး ခရီးတစ်ပတ်အတူထွက်ရမယ်။ တယောက်ကိုတယောက် သိအောင်ကြိုးစား၊ အတူတူအလုပ်တွဲလုပ်နိုင်အောင်ကြိုးစားခဲ့ကျ။ နားလည်လား?။ "

Pond နဲ့ Phuwin တို့နှစ်ယောက်လုံး မကျေနပ်ကျပေမယ့် ခေါင်းငြိမ့်လက်ခံလိုက်ကျရတော့သည်။

--

ခရီးလမ်းတစ်လျှောက် နှစ်ဦးသားထံမှ မည်သည့်စကားမှထွက်မကျလာပေ။ တိတ်ဆိတ်နေကြသည်မှာ လေတိုးသံများပင်ကျယ်လောင်စွာကြားရလေသည်။ Cabinသို့ရောက်သော်ငြား တိတ်တိတ်ဆိတ်ဆိတ်ပဲ ပါလာသည့်အထုပ်များဖြည်ကြပြီး တစ်ယောက်ကိုတစ်ယောက်ရှိသည်လို့တောင်မထင်ကြချေ။

ထိုနေ့ ညနေခင်းတွင် ဇာတ်ညွှန်းဖတ်ဖို့ရာထိုင်ချကျရုံပဲရှိသေး အခြေအနေကမဟန်လာပြန်။

" Phuwin ရာ နည်းနည်းလောက်အားထည့်ပါဦးလားကွာ!"

Pond သည်ဒေါသတကြီးအော်၍ ဇာတ်ညွှန်းစာရွက်အား စားပွဲပေါ်သို့ ကောက်ပေါက်လိုက်သေးသည်။

" ငါလည်းမင်းလိုပဲ ကြိုးစားနေတာပဲလေ Pond.. မင်းသာ နည်းနည်းစိတ်လျှော့ဖို့လိုနေတာ။ "

" မင်းဒီအလုပ်ကို အတည်ယူနေတာမဟုတ်မှန်းငါသိတယ် Phuwin! မင်းဘယ်တော့မှ ယူမှာလည်းမဟုတ်ဘူး! "

Phuwin မတ်တပ်ထရပ်လိုက်ကာ လက်သီးများဆုပ်ထားလျက်။

" Pond! မင်းကအမြဲ ကျွဲမြီးတိုနေတာပဲ! သရုပ်ဆောင်တယ်ဆိုတာ ပျော်ပျော်ရွှင်ရွှင်လုပ်ရတဲ့အလုပ်ကွ အမြဲတမ်း ခက်ခက်ခဲခဲလုပ်နေရတဲ့ အလုပ်မဟုတ်ဘူး သိရဲ့လား။ "

Pond စကားပြန်မပြောနိုင်ခင်မှာပဲ အရာအားလုံးအမှောင်အတိ။ ဘာဆိုဘာမှမမြင်ရတော့ချေ။ Cabinအတွင်းမုန်တိုင်းထန်နေသလို အပြင်၌လည်း မိုးကြိုးများချိန်းကာ လျှပ်စီးတစ်လက်လက်ဖြင့် မိုးလေတွေကျနေသည်။

" အေးတာပဲ။ ဖယောင်းတိုင်ထွန်းလိုက်မယ်ငါပဲ။ "

Phuwin လည်းသက်ပြင်းချကာ ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်ပြီး

" ငါတို့တွေ အနားယူဖို့လိုနေတာ။ ဒီလိုပုံစံနဲ့ဆို ဘာမှအထမြောက်မှာမဟုတ်ဘူး။ "

--

နောက်နေ့မနက်ခင်းတွင်လည်း အခြေနေမှာဒီတိုင်းပင်။ မိုးတွေလေတွေနဲ့ မုန်တိုင်းမှာထန်လျက်။ ဘာမှလည်းလုပ်စရာရှိမနေတော့ သူတို့နှစ်ယောက်စကားပဲစပြောဖြစ်သည်။

" Pond.. မင်းဘာလို့ အရမ်းအားထည့်ပြီးကြိုးစားနေရတာလဲ? "

Pond သည် သူ၏မေးခွန်းကြောင့် လန့်သွားတာတော့အမှန်ပင်။

" ငါက အတော်ဆုံးဖြစ်ချင်လို့လေ။ ဒါပါပဲ။ ငါဒီထက် ဒီထက်ပိုတော်လာရမယ်လို့ အမြဲခံစားနေရလို့။ "

" အင်း.. ငါနားလည်ပါတယ်။ ဒါမယ့် တခါတလေတော့ လွှတ်ချပြီး ကိုယ်ပိုင်ချိန်လေးကို ခံစားသင့်တယ်လို့ မထင်ဘူးလား။ "

" huu.. ငါဘာလို့ သရုပ်ဆောင်အလုပ်ကိုစရွေးခဲ့လဲဆိုတာ ငါမေ့သွားပြီထင်တယ် phuwin.. သရုပ်ဆောင်တာကို ငါသဘောကျခဲ့တယ်ဆိုတာ အဲ့ဒါက ပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းလို့လေ။ အခုကကျ အမြဲတမ်းအနိုင်ရဖို့နဲ့ အမြဲတမ်းအတော်ဆုံးဖြစ်နေရမယ်ဆိုတဲ့ စိတ်ကြီးပဲနေရာယူနေတာ။ "

" မင်းသိလား.. ငါ့အကိုလည်း အစကသရုပ်ဆောင်လေ။ သူလည်း အရမ်းကြိုးစားခဲ့တာ။ ဒါမယ့်နောက်ဆုံးကျတော့ အရမ်းပူလောင်လာလို့ဆိုပြီး သူအရမ်းချစ်တဲ့သရုပ်ဆောင်အလုပ်ကို စွန့်ပစ်ခဲ့တာ။ အဲ့ဒါကြောင့် ငါ့ကိုယ်ငါ သူ့လိုမဖြစ်စေရဘူးလို့ ကတိပေးထားတာ။ "

Pond ရဲ့အသွင်ပြင်အနေထားကအစ အကုန်ပြောင်းလဲသွားသည်။ သူ စိတ်မကောင်းဖြစ်မိပြီ။

" ငါတောင်းပန်တယ်နော် phuwin.. ငါမသိခဲ့လို့ပါ။ အမြဲတမ်းအတော်ဆုံးဖြစ်နေရမယ်ဆိုတဲ့စိတ်ကြီးပဲဝင်နေခဲ့တော့ မင်းဘာတွေဖြစ်နေလဲ ဘယ်လိုတွေဖြတ်သန်းနေရလဲဆိုတာတွေ မမြင်ခဲ့မိတာ..။ "

" ရပါတယ် ငါလည်းအဲ့အကြောင်းတွေမှ သိပ်မပြောတာ။ ဒါပေမယ့်အဲ့အကြောင်းကြောင့် ငါကြိုက်သလိုငါသရုပ်ဆောင်တာ pond.. "

တခဏတာ နှစ်ယောက်လုံးတိတ်ဆိတ်သွားကျတာကြောင့် မိုးရေတစက်စက်ကျသံလေးက ဖြည့်စည်းပေးလေသည်။

" ငါတို့နှစ်ယောက်လုံးမှားခဲ့ကျတယ်ထင်တယ် phuwin. နှစ်ယောက်အတူတူ အကောင်းဆုံးအလုပ်လုပ်ဖို့ နည်းတော့ရှိဦးမှာပါ။ "

Phuwin သည် Pond ၏စကားကြောင့် မျက်လုံးများမှိတ်ကျသွားသည်အထိ ပြုံးလိုက်ကာ

" ဒါပေါ့ ရှိတာပေါ့! "

--

နှစ်လသုံးလလောက်ကြာသော် တယောက်ကိုတယောက်ပိုနားလည်မှုပေးခဲ့နိုင်ပြီး သရုပ်ဆောင်ချက်တွေပိုလို့ တိုးတက်လာကျသည်။ ဖန်သားပြင်ပေါ်မှာလည်း chemistry မိချက်ကြောင့် fans တွေတိုးလို့တိုးမြဲ။ တယောက်ကိုတယောက်လည်း အားပေးကျကာ အရင်ကဆက်ဆံရေးထက် အတော်မျှကို ကွာခြားလွန်းလှသည်။

အရာအားလုံးရဲ့ အစဖြစ်သော ထို cabin လေးသို့ သူတို့တခေါက်ပြန်သွားဖြစ်ကျသည်။ cabin နားကရေကန်နားတွင် ထိုင်နေသော pond ဆီသို့ phuwin လမ်းလျှောက်သွားလိုက်ကာ..

" Pond.. ငါတို့တွေ ဒီcabinလေးမှာတော်တော်လေ့ကျင့်ခဲ့ရတာနော်။ "

Phuwin ဆီသို့လှည့်ကြည့်လိုက်တာ ခပ်ဖျော့ဖျော့အပြုံးတခုဖြင့်

"ဟုတ်ပါ့နော်.. ငါမင်းအကြောင်းတွေတော်တော်သိခဲ့ရတာ။ ကိုယ့်အကြောင်းကိုယ်ရောပဲ။ "

Phuwin က ရေကန်ကိုလှမ်းကြည့်နေကာ Pond ကသူ့အားတစိမ့်စိမ့်ကြည့်နေမိသည်။ Phuwin ၏မျက်ဝန်းတစုံမှာ နေမှလာသော ပုဇွန်ဆီရောင်အလင်းကြောင့် ပိုလို့လှပနေသည်။

" မင်းသိလား Pond.. အချိန်အကြာကြီးလေ မင်းငါ့ကိုမုန်းနေတယ် ထင်ခဲ့တာ။ "

" ဟင့်အင်း ဟင့်အင်း ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ ငါက ဒီတိုင်း... မင်းထက်သာချင်ခဲ့ရုံ။ မင်းကအရမ်းတော်နေတာကို အဲ့ဒါကြောင့် မင်းကိုမှီအောင်ငါကြိုးစားနေခဲ့ရလို့။ "

Phuwin သည်သူ့အား မျက်လုံးလှလှလေးများဖြင့် လှည့်ကြည့်လာသည်။ မျက်ဝန်းနှစ်စုံ ထပ်တူကျ၍ ရင်ဘတ်နှစ်ခု၌ ပန်းများပွင့်ရသည်။

" ငါလည်းတူတူပဲ Pond. မင်းကအမြဲ စိတ်နှစ်ကိုယ်နှစ် အလုပ်ကိုလုပ်တာ အရမ်းလည်းစူးစိုက်တာ။ ငါ့ကိုယ်ငါ မလုံလောက်ဘူးလို့ အမြဲခံစားရစေတယ်။ "

Pond ခပ်ဖွဖွရယ်မိသည်။ ဘာမဟုတ်တာလေးနဲ့ အငြင်းပွါးခဲ့ရတယ်လို့လေ။

" ရယ်ရတယ်နော်။ ဘာမှလည်းမဟုတ်ပဲနဲ့။ "

Phuwin သည်ရုတ်တရက် Pond ၏ပါးနှစ်ဖက်အား သူ့လက်နှစ်ဖက်ဖြင့် ခွက်ပုံကိုင်လိုက်တာကြောင့် Pond လန့်သွားကာ သူ့မျက်လုံးတွေအား အကဲခတ်မိသည်။ သူ တခုခုလေးလေးနက်နက်ပြောတော့မှာ သေချာပေါက်ပင်။

" Pond ငါမင်းကိုပြောစရာရှိတယ်။ ဒီနှစ်လ သုံးလအတွင်းမှာ ငါတော်တော်များများသိလိုက်ရတယ်။ အတူတူဖြတ်သန်းခဲ့ရတဲ့ကာလတွေ။ မင်းငါ့ကို ရှုတင်ဆီကို အကြိုအပို့လုပ်ပေးတာတွေ၊ မနက်စာ၊နေ့လည်စာ၊ညစာ အတူတူစားခဲ့တာတွေ၊ shopping အတူတူထွက်တာတို့ game တူတူဆော့တာတွေပေါ့။ ငါလေ.. သူငယ်ချင်းဆက်ဆံရေးထက် ပိုပြီးတခုခုခံစားမိနေတယ် Pond.. "

Pond မထင်မှတ်ထားတဲ့စကားလုံးတွေ ကြားလိုက်ရတာကြောင့် နှလုံးသားလေးမှာ အရင်ကထက်နှစ်ဆပိုခုန်လာသည်။ စကားပြောဖို့ရာ စကားလုံးတွေမှာလည်း တုန်တုန်ခိုက်ခိုက်။

" ကိုယ်.. ကိုယ်လည်းအမှန်တော့ ခံစားနေရတယ်။ အရင်က ကိုယ့်လုပ်ရပ်တွေကြောင့် ဝန်ခံဖို့ ကြောက်နေခဲ့တာ။ "

Phuwin သည် Pond အရမ်းနှစ်သက်ရသော အပြုံးတခုအားပြုံးပြပြန်ကာ သူ့လက်များအား သူ့လက်ချောင်းလှလှတွေဖြင့် တွယ်ကိုင်လာသည်။

" ငါတော့ မကြောက်ချင်တော့ဘူး Pond ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်ပြီ၊ ဘယ်လိုတွေဆက်ဖြစ်မလဲသိချင်လို့။ "

Pond သည်ချက်ချင်းပင် Phuwin ၏ပါးကိုကိုင်ကာ ပြုံးနေသော နှုတ်ခမ်းလေးအား အမိအရနမ်းမိလိုက်ပြီ။ သူသိပ်ကိုမှ ပိုင်ဆိုင်ချင်ခဲ့တာလေ။ Phuwin သည်တွန့်ဆုတ်သွားပေမယ့် စက္ကန့်အနည်းငယ်အကြာမှာတော့ အလိုက်တသင့်လေး မျောပါလာသည်။ ချိုမြိန်လှသော အနမ်းလေးတပွင့်။ အမြဲထာဝစဉ် ဒီနှုတ်ခမ်းလေးသူပဲပိုင်ဆိုင်ရပါစေဟု လောဘတကြီး တိတ်တခိုးဆုတောင်းမိသည်။

ထို့နောက် Phuwin သည် Pond ၏ပုခုံးအထက် ခေါင်းလေးမှီကာ လက်တွဲအားမဖြုတ်ပဲ

" ငါတို့တွေ ရန်သူတွေမဟုတ်တော့ဘူးထင်တယ်နော်။"

"ဘယ်ဟုတ်တော့မလဲ ကိုယ်တို့တွေက အခုရန်သူမဟုတ်တဲ့ချစ်သူတွေဖြစ်သွားကြပြီလေ"

နေဝင်ချိန် ရေကန်လေးဘေးတွင် လက်ချင်းယှက်နွယ်ကာ ယှဥ်တွဲထိုင်နေကြသည့် ထိုအတွဲပုံရိပ်သည် နေဝင်ဆည်းဆာနှင့်အပြိုင်တောက်ပနေသည်။ ဤအရာထက်မည်သည့်အရာက ပိုလှနိုင်ပါဦးမလဲလေ။ မမြင်နိုင်တဲ့အနာဂတ်တွေမှာ ဖြစ်လာမယ့်မည်သည့်ကိစ္စမျိုးကိုမဆို ထိုသူတို့ရင်ဆိုင်ဖို့အသင့်ဖြစ်နေကြပြီ။ တစ်ယောက်အနားတစ်ယောက်ရှိသရွေ့၊ တစ်ယောက်လက်တစ်ယောက်မဖြုတ်သရွေ့၊ တစ်ယောက်ကိုတစ်ယောက်ချစ်နေသေးသရွေ့ ဘယ်အရာကိုများကြောက်စရာလိုနေပါဦးမလဲ။ ရင်ခုန်သံတွေထပ်တူကျနေသေးသရွေ့ ဒီချစ်ခြင်းမေတ္တာတွေဟာ နှစ်ယောက်သားအတွက်လုံလောက်ချေပြီ။ တစ်ဘဝစာအတွက် လုံလောက်ပါပြီ။

-End-

There are no comments yet. Log in to be the first to leave a review!

Similar stories