Fanfics

[08]

19:06, 15 July 2024

ယနေ့တွင် သဘောကောင်း‌ပီး လူတိုင်းက လေးစားရတဲ့ စိန်ပွဲစား သဌေးကြီးတစ်‌ယောက်ရဲ့ အိမ်မာ လူများစုဝေးလျှက်၀မ်းနည်းနေကျပြီး စိန်ပွဲစားကြီးတို့မိသားစု 3ယောက်လည်း ငိုကြွေးနေကျတယ်။

စိန်ပွဲစားကြီးရဲ့ မိန်းမက 3နှစ်သမီးအရွယ် ကလေးတစ်ယောက်ရဲ့ဓာတ်ပုံကိုကိုင်ရင်း သဲကြီးမဲကြီးငိုပြီးယူကျုံးမရဖြစ်နေတယ်။

"အ့မလေး လောကကြီးရယ် ကျွန်မသမီးလေးအစား ကျွန်မကို ခေါ်သွားပါလား"

"ဘိုင်ရယ် ကိုယ်အလုပ်တွေဘဲလုပ်နေခဲ့လို့ သမီးဖိုင်လေး ကင်ဆာဖစ်နေမှန်းတောင်မသိခဲ့ရတာ အဲ့တာ အစ်ကိုကြောင့် အစ်ကို့ကြောင့်"

စိန်ပွဲစားကြီး ခွန်နွန်းနဲ့ သူရဲ့ဇနီး ခွန်ဘိုင်တို့ ယူကျုံးမရဖြစ်နေချိန် ဘေးတွင် 7နှစ်သား ခွန်ပွန်းလို့ခေါ်တဲ့ကလေးတစ်ယောက်ကလဲ အရွယ်နှင့်မလိုက်အောင် ခံစားနေရပြီး အဲ့ဒီနေ့ကစပြီး အရယ်အပြုံးမရှိတော့ပါ။

၁လကြာပြီးနောက်.......

ဧည့်ခန်းထဲတွင် ခွန်နွန်းနှင့် သူ၏ဇနီး ခွန်ဘိုင်တို့သည် သားကြီး ခွန်ပွန်းအကြောင်း တိုင်ပင်နေကြတယ်။

"သားကြီးပွန်းက သမီးငယ်ဖိုင်ကိစ္စဖြစ်ပြီးထဲက ကိုယ်တို့ကိုလဲ စကားမပြော ကျောင်းလဲမတက်နဲ့ ဒီလိုသာဆက်သွားနေရင် အဆင်မပြေတော့ဘူး ကိုယ်တို့ တခုခုစီစဉ်မှဖြစ်တော့မယ်"

ခွန်ဘိုင်က သမီးငယ်ခွန်ဖိုင်အကြောင်းကြားတော့ မျက်ရည်ဝဲရင်း ပြန်ဖြေလာတယ်။

"အွန်း ကျွန်မလဲ ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ပါဘူး သမီးငယ်လေးလဲ ခုဆို ကောင်းမွန်တဲ့ဘ၀မာ ပြန်မွေးစားနေလောက်ပါပြီ‌"

"ဘိုင်ရယ်....သမီးလေးက အရွယ်နဲ့မလိုက်အောင် အရမ်းလိမ္မာခဲ့တာမို့ ကောင်းမွန်တဲ့ဘ၀ရမာပါ"

"အွန်းပါ ဒါတွေထားလိုက်ပါတော့ သားကြီးအကြောင်းဘဲဆက်ပြောရအောင်"

"ကိုယ်စဉ်းစားမိတာ ကိုယ့်အသိတစ်ယောက်ဉီးစီးတဲ့ မိဘမဲ့ဂေဟာလေးရှိတယ် အဲ့ဒီမာ သမီးမိန်းခလေးတစ်ယောက်လောက် မွေးစားကျမလားလို့ သားကြီးလဲ သူ့ညီမလေးကို အလွမ်းပြေတာပေါ့ ပြီးတော့ ကိုယ်တို့လဲ နောက်ထပ် သမီးလေးတစ်ယောက် ရတာပေါ့"

"အဲ့တာကောင်းတယ် ဒါဆို ဂေဟာကို မနက်ဖြန်ဘဲသွားရအောင်"

ဒီလိုနဲ့ ဂေဟာကို မိသားစု၃ယောက်လုံး ကလေးမွေးစားဖို့ သွားကြည့်ရတယ်။

"မဂ်လာပါ ခွန်နွန်းနဲ့ ခွန်ဘိုင် ပြီးတော့ သားသားရော"

"မဂ်လာပါ ခွန်ခမ်း"

"ကလေးမွေးစားဖို့လာတာဆို ဘာလေးမွေးစားချင်လဲ မိန်းကလေးလား ယောက်ျားလေးလား"

"မိန်းကလေးပါ"

"သားကြီးကရော ညီလေးလိုချင်လား,ညီမလေးလိုချင်လား"

"ရပါတယ် ဘာဘဲဖြစ်ဖြစ်"

"ကလေးက အရမ်းရင့်ကျက်တာဘဲနော် ကြီးလာရင် သူ့အဖေလို လူခန့်ကြီးဖစ်မာပါဗျာ"

ခွန်နွန်းတို့စကားပြောနေကျတုန်း ဘေးမာ ကလေးတစ်ယောက် ပြေးဆော့နေရင်း ပစ်လဲသွားတယ်။

"အ့"

"ဖူဖူ ဘာဖြစ်သွားသေးလဲ"

"သားခြေထောက်‌နာတယ် သားဒူးလေးပွန်းသွားပြီ"

ခွန်နွန်းတို့က ဖူဖူဆိုတဲ့ 4နှစ်သားလေးကိုကြည့်ရင်း အားရပါရကိုရီလိုက်ကြတယ်။

"ဗြဲးးးးးသား ဒူးလေးပွန်းသွားတာကို သူတို့က ရီနေတယ် ဗြဲးးးးးး"အ

ဘေးတွင်တော့ အပြုံးအရယ်မရှိတာကြာပြီဖြစ်တဲ့ ပွန်း'က ခပ်ဟဟလေး ပြုံးမိသွားတယ်။

"ကြည့်အုံး ခွန်နွန်း သားကြီး စောနက ပြုံးလိုက်တယ်"

"ဟေ....ငါ့သားကြီးက ပြုံးတယ်"

ခွန်းနွန်းနဲ့ခွန်ဘိုင်က အံ့ဩသွားကျပြီး ခွန်နွန်းက ငိုနေတဲ့ကလေးကိုကြည့်ရင်း စကားစလိုက်တယ်။

"သား ဒူးပွန်းတာကို ရယ်တာမဟုတ်ပါဘူးကွာ ဒီမာ ဉီးသား နမယ်က ပွန်းတဲ့ ကိုကိုက သားထက် အသက်ကြီးမယ်ထင်တယ် ဒူးပွန်းတယ်ပြောတော့ သားကိုကိုနမယ်နဲ့တူနေလို့ ဉီးတို့က ရီမိတာပါကွာ"

"ဟုတ်လား ဟားဟားဟ.. ကိုကို့နမယ်က ပွန်းတဲ့လား ဟားဟားဟ..."

ခွန်ခမ်းက စကားဖြတ်ပြောလိုက်တယ်။

"ကလေးမွေးစားမယ်ဆို လာ သွားကြည့်ရအောင်"

ခွန်းနွန်းတို့သွားမယ်ကြံတော့ ခွန်ပွန်းက ဖူဖူကိုလက်ညှိုးထိုးပြရင်းပြောလိုက်တယ်။

"မားတို့မသွားနဲ့တော့ သားသူ့ကိုမွေးစားချင်တယ်"

**15နှစ်ကြာပြီးနောက်.....

ခွန်နွန်းတို့ သားကြီးပွန်းက 22နှစ်ရှိပြီး ရှေ့နေတစ်ယောက်ဖြစ်နေတယ်။ မွေးစားထားတဲ့ သားငယ်လေး ဖူဖူကလည်း 19နှစ်ပြည့်တော့မာဖြစ်တယ်။လွန်ခဲ့တဲ့15နှစ်အတွင်းမာ ကလေးနှစ်ယောက်က အမြဲအတူရှိနေတာမို့ သံယောဇဉ်တော်"ရှိကြပြီး သားကြီးပွန်းဆို ဖူဖူနဲ့ တရက်လေးတောင် မခွဲနိုင်ဘူး။

"အစ်ကိုပွန်း ပါးကခေါ်ခိုင်းလို့"

"မင်းဘလိုတွေခေါ်နေလဲ ငါသင်ပေးထားတယ်လေ ဟိုးငယ်ငယ်က ခေါ်သလို ကိုကိုလို့ခေါ်ဖို့"

"ကျွန်တော့မှမခေါ်ရဲတာ အဲ့တုန်းက ငယ်သေးလို့လေ ခု ကျွန်တော်က အသက်ကြီးနေပြီ"

"ဖူဖူ မင်းနော် ငါ့ကို ပြန်ပြောတော့မယ်ဆိုရင် နှုတ်ခမ်း‌ကြီးကိုဆူပြီး စကားကို အကုန်ပြန်ချေပနိုင်တယ် တစ်နေ့ ငါနဲ့တွေ့မယ် မင်း"

"ခုလဲတွေ့နေတာဘဲလေ ဘာဖစ်လဲ ဘာဖစ်လဲ"

"သားတို့ရေ"

နှစ်‌ယောက်သား စကားနိုင်လုနေရင်း ခွန်နွန်းက‌လှမ်းခေါ်လို့ ပြေးသွားကျတယ်။ ပြေးတာတောင် ပြိုင်ပြေးသွားကျတယ်။

"သားကြီး မင်းအရွယ်လဲမငယ်တော့ဘူး မားတို့မြေးချီချင်ပြီ မိန်းမယူပါတော့လား သားရယ် မားရဲ့မိတ်ဆွေရဲ့သမီး ခွန်စီ'ဆိုရင်လဲ မဆိုးပါဘူး သားသူနဲ့တွေ့ကြည့်ပါလား"

ခွန်ပွန်းသည် မထင်ထားလောက်အောင် စကားကိုဒဲ့ထိုးပြောတက်တယ်။

"သားက မိန်းမတွေကိုမကြိုက်ဘူး ယောက်ျားတွေကိုဘဲကြိုက်တာ"

"ဟေ....."

ခွန်နွန်း၊ခွန်ဘိုင်၊ဖူဖူတို့ ၃ယောက်လုံး အံ့ဩသွားကြပြီး ခွန်ဘိုင်က စကားပြန်ပြောလိုက်တယ်။

"သားက ယောက်ျားလေးကိုကြိုက်တာဆိုတော့ ‌ကောင်လေးတွေ့နေပြီလား"

"တွေ့တာတော့ ဟိုးလွန်းခဲ့တဲ့နှစ်တွေထဲကဘဲ"

3ယောက်လုံးထပ်ပြီးအံ့ဩသွားကြပြန်တယ်။

"ဘသူလဲ သားကြီးရယ် မားကိုပြောပါအုံး သူကဘလိုလူလဲ သားကိုရောချစ်ရဲ့လား"

ခွန်ပွန်းက ထပ်မပြောတော့ဘဲ အလုပ်ကိုအကြောင်းပြပြီး ထသွားလိုက်တယ်။

"သားအလုပ်ရှိလို့သွားတော့မယ် လာ ဖူဖူ ကိုကိုနဲ့လိုက်ခဲ့"

ကားပေါ်တွင်....

"အစ်ကိုပွန်းက ဘသူ့ကိုကြိုက်နေတာလဲ"

"မပြောပြဘူးကွာ"

"အစ်ကိုပွန်းကလဲ နမယ်မပြောရင်တောင် သဲလွန်စပေး"

"ဒါဆို ကိုကိုလို့တခါခေါ်ရင် တခါပြောပြမယ်"

ပွန်းက‌လေသံတွေနဲ့ဆို ရှင်းရှင်းလင်းလင်းမကြားရမာဆိုးလို့ ကားရပ်လိုက်တယ်။

"ကိုကို"

ဖူဖူကခေါ်လိုက်တဲ့အချိန် "အားယိုးးးးအရည်ပျော်ပါပီကွာ"ဆိုပြီး ပွန်းစိတ်ထဲကနေပြောနေပြီး ကြောင်အမ်းအမ်းကြီးနဲ့ ဖူဖူကိုကြည့်‌ရင်း မလှုပ်တော့ဘဲရပ်သွားတယ်။

"အစ်ကိုပွန်းပြောပြတော့ ပြောပြတော့လို့"

ဖူဖူက ပွန်းရဲ့ ပုခုံးကိုကိုင်လှုပ်ရင်းခေါ်တော့မှ...

"ဟင် ဟင်"

"ပြောပြတော့လို့"

"မကြားလိုက်ရဘူးစောနက ပြန်ခေါ်"

"အစ်ကိုပွန်းက အကျင့်ပုပ်နေတာ ကြားရဲ့သားနဲ့"

"ဒါဆိုလဲ သဲလွန်စမပြောဘူးကွာ"

"ကိုကို ကိုကို ရပီလား ရပီလား ပြောတော့"

ပွန်းက ဖူဖူဆံပင်းလေးတွေကို ဖွာရင်း

"ဒီလိုခေါ်မှပေါ့ ချစ်စရာလေး"

ဖူဖူက ထုံးစံတိုင်းဘဲ နှုတ်ခမ်းလေးဆူရင်း မျက်စောင်းထိုးရင်းပြောလိုက်တယ်။

"တော်ပါ ပြောပြတော့ စိတ်တိုလာပြီ"

"ဟုတ်ပြီဗျာ ပြောပြမယ် ကိုကိုကြိုက်တဲ့ကောင်လေးကကွာ ချစ်စရာလေး"

"အသက်ဘလောက်ကွာလဲ"

"နောက်ထပ်သဲလွန်စပေးရမာဆိုတော့ ကိုကိုလို့ထပ်ခေါ်"

"ကိုကို ကိုကို ကိုကို ကိုကို ကိုကို 5ခုမေးမာမို့ အဲ့မယ် 5ခါခေါ်ထားတယ် ပြောပြတော့"

ဖူဖူကိုကြည့်ရင်း ကိုကိုလုပ်ချင်နေတဲ့ပွန်းမာ အတော်အသဲယားပြီး ‌စိတ်ထဲမာပြောနေတဲ့စကားတေတောင် အပြင်မာ ပြောမိသွားတယ်

"တဂယ့်အတက်ကလေး"

"ပြောပြတော့ သူ့အသက်ဘလောက်လဲ"

"19"

"သူက ဘယ်အတန်းလဲ"

"ပန်းချီတက်‌နေတာတတိယနှစ်မာ"

"ဟင် ဒါဆို ကျွန်တော်နဲ့တူတူဘဲ ကျွန်တော်တို့အတန်းကလား"

"ဟုတ်တယ်"

"ဒါကို ကျွန်တော်က ဘာလို့မသိတာလဲ "

ဖူဖူမေးနေရင်း ကျောင်းကိုရောက်လို့ မေးလက်စရပ်ရင်း ကားပေါ်ကဆင်းလိုက်ရတယ်။

"ညနေ ကိုကိုလာကြိုမယ်"

"မကြိုနဲ့ သငယ်ချင်းအိမ်မာ အိပ်မာလို့ ပါးနဲ့မားကိုလဲပြောခဲ့ပြီ"

"ဘာကွ"

ပွန်း တွေးရင်း စိတ်တေရှုပ်နေတယ်။အ‌တွေးထဲတွင် ငါတားလိုက်ရမလား,ငါတားရင် ကလေးငယ် ငါ့ကိုမုန်းသွားမလား ချုပ်ချယ်တယ်ဆိုပြီး စကားမပြောဘဲနေသွားမလားမသိဘူး, အဲ့အချိန် ဖူဖူက ခေါ်လိုက်တယ်။

"အစ်ကိုပွန်း ဘာပြောမလို့လဲ ဖူဖူကျောင်းထဲ၀င်တော့မယ် ဘာမှမပြောတော့ရင်လဲ"

"နေဉီး မင်းသွားမဲ့ သငယ်ချင်းရဲ့ အိမ်လိပ်စာပေး"

ဖူဖူ အိမ်လိပ်စာပေးမှ ပွန်းအလုပ်သွားတယ်။အလုပ်ထဲလဲ အာရုံမစိုက်နိုင်ပါ နာရီတကြည့်ကြည့်နှင့် သက်‌ပြင်းတွေခနခနချနေတယ်။

"တော်တော် လူကို ဒုက္ခပေးတဲ့ ကလေး"****ဖူဖူရယ် သူ့သငယ်ချင်း3ယောက်ရယ် အတန်းပီးလို့ ဘသူ့အိမ်သွားမလဲတိုင်ပင်နေကျတယ်။

"ဘသူ့အိမ်သွားမာလဲ ဒါဆို"

"ငါ့အိမ်သွားမယ်ကွာ"

ဖူဖူသငယ်ချင်း3ယောက်ထဲကဘန်'ဆိုတဲ့ကောင်လေးကပြောလိုက်သည်။

"အွန်း ပြီးရော သွားကျစို့"

"နေဉီး ငါခုမှသတိရတယ် ငါပါပါးနဲ့ညစာစားဖို့ချိန်းထားတယ် မသွားလို့မရဘူး ငါလစ်ပီ"

ဖူဖူရယ်၊ဘန်ရယ်၊နူရယ်၊မီရယ် သငယ်ချင်း4ယောက်ရှိတဲ့ထဲ မီ'ကပြောလိုက်တယ်။

"ဒါဆိုလဲ ပါပါးဘွိုင်းရေ ငါတို့တော့ သွားပြီ မင်းပါပါးနဲ့သာ ညစာတွေတ၀ကြီးစားခဲ့တော့"

ကျန်တဲ့3ယောက်က လှောင်ပြီး မီကိုစနေကျတယ်။

"ဒါဆို ငါတို့ သွားကျစို့"

ဖူဖူတို့သငယ်ချင်းတွေ ဘန်'အိမ်‌ကိုရောက်တော့ ညနေစောင်း 5နာရီခွဲလောက်ရှိပြီဖစ်တယ်။

"ဟျောင့်တွေ ငါ ဘီယာနဲ့ မုန့်သွား၀ယ်အုံးမယ်"

နူက ပြောပြီး အိမ်ပြင်ထွက်သွားတော့ အိမ်ထဲတွင် ဘန်နဲ့ဖူဖူနဲ့သာ ကျန်ခဲ့တယ်။

"ဖူဖူ မင်း TVကြည့်ရတာကြိုက်တယ်မလား"

"အွန်း ကြိုက်တယ်လေ"

"လာ ဒါဆို ဟိုကောင် နူမလာခင်TVကြည့်ရအောင်"

"ကြည့်မယ်လေ TVက ဘယ်မာလဲ ငါမတွေ့ပါလား"

"TVက ငါ့အခန်းထဲမာဘဲရှိတာ ငါလဲTVကြည့်ရတာ ကြိုက်တယ်လေ အ့ကြောင့် တယောက်ထဲလဲနေတာဆိုတော့ ပျင်းရင် အခန်းထဲဘဲ အေးအေးဆေးဆေးကြည့်ရအောင်လို့"

"အော်...အွန်း ဒါဆို သွားမယ်" ဘန်က ဖူဖူလက်ကိုဆွဲပြီး အိမ်အပေါ်ထပ်က သူ့အခန်းကိုခေါ်သွားတယ်။

" အခန်းတံခါးကို ဖွင့်မယ်လုပ်တော့"

ဖူဖူလက်ကိုတယောက်‌ယောက်ဆွဲလိုက်တယ်။

"ခွေးမသား"

ပွန်းက ဘန်ကို မပြောမဆိုနဲ့ထိုးလိုက်တယ်။

"အစ်ကိုပွန်း ရပ်တော့ ရပ်တော့လို့ ဘာဖစ်လာတာလဲ အေးဆေးပြောလေ"

"အော်....အေးဆေးပြောရမယ်ပေါ့ ဟုတ်လား လာ ဒီကို"

ဖူဖူလက်ကို ပွန်းက အတင်းစောင့်ဆွဲပြီး သူ့ကားထဲကို၀င်လိုက်တယ်။

"ဟင် အစ်ကိုပွန်း မျက်ရည်တေဝဲနေတယ်"

"တော်စမ်းပါကွာ သွားလေ မင်းရဲ့ဘန်စီ"

"ဟင် ကျွန်တော့်ရဲ့ဘန်ဟုတ်လား အစ်ကိုပွန်း ဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်တော့ဘူး"

"မင်းခုမှမသိချင်‌ယောင်ဆောင်မနေနဲ့မင်းရဲ့ဘန်က ဘလိုကောင်မျိူးလဲ ဆိုတာရော စုံစမ်းပြီးပြီလား ဟမ် မင်း ငါသာမလာရင် အဲ့ကောင်နဲ့ အိပ်ပြီးလောက်ပြီ"

ဖူဖူတဂယ်ကို ၀မ်းနည်းသွားသလို သူ့ကိုတန်ဖိုးမရှိတဲ့လူလို့တွေးတဲ့ ပွန်းကို သူတော်တော်စိတ်နာသွားလို့ ပွန်းရဲ့ပါးကိုပါ ရိုက်လိုက်မိတယ်။

"ဖျန်းးးး"

ပွန်းလဲ စိတ်‌အရမ်းတိုပြီး မပြောသင့်တာတွေ ပြောမိသွားမှန်းသတိရပြီး ဖူဖူကို တောင်းပန်ရတော့တယ်။

"ဖူဖူ ကိုကိုတောင်းပန်ပါတယ် ကိုကို ဖူဖူကို ဘာမှမမေးဘဲ အရမ်းစိတ်တိုသွားပြီး ပြောချင်ရာပြောမိတာပါ"

ဖူဖူမလှုပ်မရပ်နေလို့ ပွန်း ဘာမှဆက်မပြောရဲဘဲ အိမ်ကိုပြန်လာလိုက်တယ်။

"သားငယ် သူငယ်ချင်းအိမ်မာ အိပ်မယ်ဆို ခုဘလိုဖြစ်ပြီး ပြန်လာတာလဲ"

"ဒီလိုပါဘဲ"

ဖူဖူစိတ်မပါလက်မပါပြုံးပြီး အခန်းထဲ၀င်သွားတယ်။

"သားကြီး ဖူဖူမျက်နှာလဲမကောင်းပါလား ဘာဖစ်လာတာလဲ သားဖူဖူကို စ'ပြန်ပီလား"

"‌မားရေ သားနောက်မှ ရှင်းပြမယ် ခုတော့ သွားခွင့်ပြုပါအုံး"

"ဒီကလေးတွေ ဘာဖြစ်လာကျလဲ မသိဘူး"

ခွန်ဘိုင်မာ ကြောင်တောင်"လေးကျန်ခဲ့တယ်။

****"သားတို့ရေ ညစာစားမယ် လာကျတော့"

ပွန်းက ထမင်းစားပွဲမာ ဖူဖူကိုစောင့်နေပိး ဖူဖူလဲအောက်ကိုဆင်းလာပြီးပြောလိုက်တယ်။

"ပါးနဲ့မား ကျွန်တော်နေသိပ်မကောင်းလို့ ဒီနေ့ မစားတော့ဘူးနော် ပြီးတော့ အတန်းမတက်ခင်တုန်းကလဲ မုန့်စားထားသေးလို့ ဗိုက်မဆာလို့ပါ"

ဖူဖူ အခန်းပြန်တော့မယ်လုပ်တုန်းဖူဖူလက်ကို ပွန်းဆွဲလိုက်တယ်....။

"ဖူဖူ ကိုကိုတောင်းပန်ပါတယ် ဖူဖူကိုဘာတခုမှမဖစ်မခံနိုင်လို့ပါ ကိုကိုတောင်းပန်ပါတယ်နော် ကိုကို့ကို ရိုက်ရင်ရိုက်လို့ရပါတယ် ဒါ‌မဲ့ စကားမပြောဘဲမနေပါနဲ့နော် ကိုကို့ကို မမြင်ချင်ယောင်ဆောင်တာမျိုးကြီးလဲ မလုပ်ပါနဲ့နော် ကိုကို မခံစားနိုင်လို့ပါ ကိုကိုတို့ ဒီကိစ္စကို မျက်နှာချင်းဆိုင် အေးအေးဆေးဆေးရှင်းကျမယ်လေနော် ကိုကို့ကိုမရှောင်ပါနဲ့"

သူ့သားကြီး ကမ္ဘာပြိုမတက် ကြောက်ပြီး ငိုနေတာကို ကြည့်ပြီး ခွန်နွန်းနဲ့ခွန်ဘိုင် ၀င်ပြောလိုက်ရတယ်။

"ဟုတ်တယ် သားငယ် တခုခုဆို မျက်နှာချင်းဆိုင်ဖြေရှင်းကျလေ ဒီလိုရှောင်နေရင် အထင်လွဲနေတာတွေရှိရင် ဘလို‌ပြေလည်ပါတော့မလဲ သားငယ်ရယ် သားကိုကို့ကို ဒီတခါဘဲ အခွင့်ရေးပေးလိုက်ပါ နောက်ခါဆို မားလဲ ပြောမပေးဘူး သူ့ကို ရိုက်ပစ်မယ်"

ဖူဖူလည်း ပါးနဲ့မားကို အားနာလို့ ပွန်းနဲ့ ခြံထဲမာ စကားသွားပြောကျတယ်။

"ဖူဖူ ကိုကိုပြောပြမယ်"

"အင်း"

"ကိုကို မင်းကို မင်းသူငယ်ချင်းအိမ်မာအိပ်မယ်ပြောတော့ အစထဲက တားချင်နေတာ ဒါမဲ့ ဖူဖူ ကိုကို့ကိုချုပ်ချယ်တယ်ဆိုပီး မုန်းသွားမာဆိုးလို့ မပြောတာ"

"ဘာဆိုင်လို့လဲ အ့တာတေနဲ့"

စကားအလွန်ပြောနိုင်တဲ့ဖူဖူက ဒီလို ခပ်ရင့်ရင့်ပြောလိုက်တော့ ရှေ့နေကြီးဖစ်တဲ့ ပွန်းမာ သူ့ရာထူးနဲ့မလိုက်အောင် ဖူဖူနဲ့ဆို ၀မ်းနည်းလွယ်ပြီး အတွေးလွန်တက်တယ်။

"ဒါဆို ဆိုင်တာပြောမယ် ကိုကို မနေနိုင်လို့ ဖူဖူပေးတဲ့လိပ်စာတိုင်းလိုက်လာတော့ လမ်းမာ ဖူဖူသငယ်ချင်း2ယောက် စကားပြောနေတာ ကြားခဲ့တယ် နူဆိုတဲ့တစ်ယောက်က"ငါတော့ ထားခဲ့ပြီ ဖူဖူကို ဘန်နဲ့နှစ်ယောက်ထဲ" မီ'ဆိုတဲ့တစ်ယောက်က ဘာပြန်ပြောတယ်ထင်လဲ တောက်စ်...ပြောရမာ ရှက်တောင်ရှက်တယ်"

"ဟင် ကိုကိုလိမ်နေတာမလား မီ'က သူ့ပါပါးညစာစားဖို့သွားတယ်လေ"

"အော်...မင်းက ကိုကို့ထက် မင်းသူငယ်ချင်းကို ပိုယုံတယ်ပေါ့"

ဖူဖူက အလွန်အ'တယ်။သူငယ်ချင်းတွေအပေါ်ဆို သည်းခံပေးတယ် အဖော်မက်တယ်။အဲ့ဒါကြောင့်လဲ လူတွေက ယုတ်မာချင်ကျတယ်။

"ကိုကို ကျွန်တော် တောင်းပန်ပါတယ် ကိုကို့ပါးကို ရိုက်ခဲ့မိတဲ့တွက် ပြီးတော့ ကိုကိုစေတနာကို နားမလည်ခဲ့တဲ့တွက် ကိုကို ကျွန်တော့်ကို ပြန်ရိုက်ရင်ရိုက်လို့ရတယ် ပြန်ရိုက်ပါ ကိုကို ရိုက်လိုက်ပါ"

ဖူဖူက သူအရမ်းခင်တဲ့ သူငယ်ချင်းတွေက ဒီလိုပါလားဆိုတာကိုသိပြီး အရမ်း၀မ်းနည်းပြီး သဲကြီးမဲကြီးကိုငိုချပြီး ပြောတော့တယ်။

"ရိုက်ရမယ် ဟုတ်လား ကိုကို့မာလေ ဟိုးငယ်ငယ်ထဲက ခုထိ ပါးလေးကိုင်ချင်တာတောင် ပျောက်ကွယ်သွားမလားဆိုပြီး မကိုင်ရက်ဘူး အလုပ်ရှိလို့သွားရရင်တောင် စိတ်မချလွန်းလို့ အင်းကျီအိတ်ကပ်ထဲလေးဘဲဖွတ်ခေါ်သွားလို့ရရင်ဆိုပြီးတော့တောင် တွေးမိတဲ့ထိဘဲ မင်းကို ချစ်လွန်းလို့ အတွေးတွေ လွန်နေတာ တခါတလေဆိုလေ မဖစ်နိုင်တာတွေ တွေးလွန်းလို့ ငါ့ကိုငါတောင် ရူးနေပြီထင်တာ"

"ဗျာ ကိုကို့ညီအရင်းလဲမဟုတ်ဘဲနဲ့ ကျွန်တော့်ကို အ့လောက်တောင်ချစ်တာလား

"ချစ်တယ် အစ်ကိုတစ်ယောက်က ညီတစ်ယောက်ကိုချစ်သလို ညီအစ်ကိုလိုချစ်တာမဟုတ်ဘူး ချစ်သူရည်းစားလိုချစ်တာ"

"ဗျာ"

"မဗျာနဲ့ ကိုကို့ကိုချစ်လား"

"ကိုကိုကလဲ နောက်နေပြန်ပြီ"

"မနောက်ဘူး ငါမင်းကို ဟိုးငယ်ငယ်လေးထဲက ချစ်လာတာ ဒီအသက်အရွယ်ထိ ချစ်သူရည်းစား‌ တခါမှမထားတာလဲ မင်းကြောင့်ဘဲ ကိုကိုမင်းကိုစောင့်နေတာ ခုတော့ ဖွင့်ပြောချိန်တန်ပြီထင်တယ် ချစ်တယ် ကိုကို မင်းကို မင်းထင်ထားတာထက် အများကြီးပိုချစ်တာ"

"ကိုကို့ကို ကျွန်တော် စဉ်းစားပေးမယ် ပြီးတော့ ကျွန်တော် သူများပိုးတာခံချင်တာ ကိုကို ကျွန်တော့်ကိုပိုးပန်းပြ ကိုကိုပိုးပန်းတာ အောင်မြင်ရင် ပြန်ချစ်မယ်"

ဖူဖူက ဒီလိုပြောလိုက်တော့ မိုးပြိုသလိုကြောက်ပီးငိုထားတဲ့ပွန်းမာ ချက်ချင်း ပြုံးဖြီးသွားဝာာများ သွားတွေအအေးပက်မာတောင် ကြောက်ရတယ်။

"ဒါဆို ကိုကိုက ခုကစပြီး ပိုးတော့မာမလို့ မင်းသာ ပြန်ချစ်ဖို့ ပြင်ထား"

"အ့မယ် ကျွားနေလိုက်တာ ကြည့်ကျသေးတာပေါ့‌ အောင်မြင်မလားဆိုတာ"

ဒီလိုနဲ့ စကားလက်စသက်လိုက်ကျပြီး ကိုယ့်အခန်းကိုပြန်အိပ်ကျတော့တယ်။

*"ပါးနဲ့မား သားကျောင်းသွားပြီနော်"

"အေး" နွတ်ရေ ကားကိုဂရုစိုက်မောင်းနော် သားငယ်ကိုကျောင်းပို့ပြီးလို့ပြန်လာရင် အစ်မတို့နှစ်ယောက် သွားစရာရှိတာ လိုက်ပို့ပါအုံး"

နွတ်ဆိုတဲ့လူကတော့ ခွန်နွန်းတို့မိသားစုရဲ့ ဒရိုက်ဘာဖစ်ပါတယ်။

"နေဉီး"

ဖူဖူ ကားထဲ၀င်မယ်ကြံတော့ ပွန်းကတားလိုက်တယ်။

"သားကြီး ဘာဖြစ်လို့လဲ"

"ဒီနေ့ကစပြီး ဖူဖူကို ကျောင်းပို့၊ကျောင်းကြို အပြင် ဖူဖူဘယ်သွားသွားသားလိုက်ပို့မာမို့ ဉီးနွတ်က ပါးနဲ့မားကိုသာ လိုက်ပို့ပေးလိုက်ပါ"

"မရဘူး ဉီးနွတ်ဘဲလိုက်ပို့ အစ်ကိုပွန်းက ကားကိုအရမ်းမြန်အောင်မောင်းတာရယ်"

"အ့မယ် မူမနေပါနဲ့ လိုက်ပို့မာဘဲ"

ဖူဖူကို လက်ကဆွဲပြီး ပွန်းက သူ့ကားထဲ အတင်းခေါ်သွားလိုက်ရတယ်။

"ညှင်ညှင်သာသာပြောရင်မရဘူး ရိုက်သတ်လိုက်ရ"

"လုပ်ရဲလုပ်ကြည့်စမ်းပါ အစ်ကိုပွန်းကြည့်လက်ပါတာမဟုတ်ဘူး"

"အကိုပွန်းတဲ့လား မနေ့ကဘဲ ကိုကိုဆို"

"ကျွန်တော် မလိုက်ဘဲနေလိုက်မာနော် ကားမောင်းမာသာမောင်းစမ်းပါဗျာ ကျွန်တော့်ကို လိုက်စမနေနဲ့"

"အ့မယ် ရှက်နေတာပေါ့ ကလေးလေးက"

"ဘယ်မာရှက်လို့လဲ"

"လိမ်မနေပါနဲ့ လိမ်တက်တာလဲမဟုတ်ဘဲနဲ့ ရှက်နေလို့ ပါးတွေတောင် နီနေပြီးတော့များ"

ဒီလိုနဲ့ ပွန်းကို ပြိုင်မငြင်း‌နိုင်တော့တဲ့ ဖူဖူမာ သက်ပြင်းချရင်း တိတ်"ဆိတ်"နေလိုက်ရတော့တယ် တဂယ်လဲ သူရှက်နေတာပါ။

ဒီလိုနဲ့ကျောင်းရောက်တော့.........

"ဖူဖူ ‌အတန်းဘယ်ချိန်ပီးမာလဲ"

"4နာရီခွဲ"

"မနက်စာစားခဲ့လား"

"စားခဲ့ပြီ"

"လမ်းသေချာလျှောက် ‌ပစ်မလဲစေ‌နဲ့"

"ဒီဘဲကြီး တအားစ'တာဘဲဗျာ ကျွန်တော့်ကို စတွေ့တုန်းကလို 4နှစ်သား မှတ်နေလား"

"ဘဲကြီး'တဲ့ ခေါ်လိုက်တာလေးကြိုက်တယ်ဗျာ"

"ဒါဆိုလဲ တခြားသူတွေ ဘဲကြီး'လို့ ခေါ်လဲ ကိုကိုက ကြိုက်မာဘဲပေါ့"

"ဟင့်အင်း ကိုကိုက မင်းနှုတ်ခမ်းဖူးဖူးလေးတွေကနေ ခေါ်လိုက်တာကိုဘဲ ကြိုက်တာ"

ဖူဖူက ရှက်သွားပြီးတော့ ပွန်းမာတော့ ဖူဖူရဲ့ရှက်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း ပြုံးစိစိ‌ဖြစ်နေတယ်။

"ကျွန်တော်သွားပြီဗျာ"

"ဖြေးဖြေးသွားနော် ပစ်လဲနေမယ်"

ညနေအတန်းပြီးတော့ ဖူဖူကို ပွန်းက သွားကြိုတယ်။

"ဖူဖူ"

"အစ်ပွန်းတဂယ်ကြီးလာကြိုတာလား ရှေ့နေ့ရောဟုတ်ရဲ့လား တနေကုန်အားနေသလိုဘဲ"

"ဖူဖူတွက်ဆို အမြဲအားနေတာလေ"

"ခဗျား အမှုသည်တွေတော့ မတွေးရဲစရာဘဲ"

ဖူဖူပြောတာကို သဘောကျပြီး ပွန်းမာ အားရပါးရကို ရီတော့သည်။

"လာလာ ကားပေါ်တက်တော့ ဒါနဲ့မုန့်စားချင်လား ကိုကိုရှေ့ကဆိုင်မာရပ်ပေးမယ်လေ စားချင်ရင်"

"တော်ပြီ ကျွန်တော်ဘာမှမစားချင်ဘူး"

"နေမကောင်းဘူးလား အစာအိမ်ဖြစ်လိမ့်မယ်နော် မုန့်မစားချင်လဲ ညကျရင် ညစာတော့စားနော်"

"မုန့်လေးမစားတာနဲ့တင် လူကို အစာအိမ်ရောဂါသည်ဇာတ်သွင်းနေတာ ညစာစားမယ် ဟုတ်ပြီလား"

"ကိုကိုက စိတ်ပူတယ်လေကွာ ကိုကို ချစ်ရတဲ့ ဟောဒီက အကောင်ပေါက်လေး တခုခုဖြစ်သွားရင် ကိုကိုဘယ်လိုလုပ်ရပါ့မလဲ ဟင် ပြောပါအုံး"

ပွန်းက အသဲတယားယားနဲ့ ဖူဖူဆံပင်လေးကိုဖွာရင်းပြောလိုက်တယ်။

"နောက်ထပ် ချစ်ရမဲ့သူ တစ်ယောက်ရှာလိုက်ပေါ့ ဘာခတ်တာကျလို့"

"ခတ်တာပေါ့ဗျာ ကိုကိုနှလုံးသားကြီးတခုလုံးက ကလေးငယ်‌ ဖူဖူ‌လေးကို ပေးထားပြီးသား ဘယ်သူ့ကိုမှ ထပ်ချစ်လို့မရတော့ဘူး"

"ဒါဆို နောက်ထပ်နှလုံးသားတခုရှိလာရင်ရော"

"ဟော ဒီကလေး ဂျစ်ကန်ကန်နဲ့"

"ဖြေဗျာ ကျွန်တော်သိချင်တယ် နောက်ထပ်နှလုံးသားတခုရှိလာရင်ရော နောက်ထပ်လူတစ်ယောက်ကိုချစ်မာလား"

"ကိုကို့မာ နှလုံးသားနှစ်ခုရှိရင်တောင် ကိုကို့ကလေးငယ် ဖူဖူလေးကိုဘဲ နှစ်ခါထပ်ချစ်မာ"

ဖူဖူရှက်သွားပြီးတော့ နှလုံးခုန်သံတွေမြန်နေတယ် သိလိုက်ရတာက သူလဲ ပွန်းကို ချစ်မိနေပြီတဲ့လေ။

******

ဒီနေ့မနက်ခင်းမာလဲ ဖူဖူ အရင်ကလိုဘဲအတန်းသွားဖို့ ပြင်ဆင်နေပြီး အဆင့်သင့်ဖြစ်တော့ အောက်ထပ်ကို ဆင်းလာဖို့ အခန်းတံခါးဖွင့်လိုက်တယ်။

"Happy birthday to you,Happy birthday to you, Happy birthday Dear Phu Phu: Happy birthday to you....."

ဖူဖူလန့်သွားတယ် အခန်းပေါက်မာ ခွန်းနွန်း၊ခွန်ဘိုင်၊ခွန်ပွန်း တမိသားစုလုံး ရောက်နေပြီး မွေးနေ့ဆုတောင်းသီချင်းဆိုနေရင်း ခွန်ပွန်းကတော့ မွေးနေ့ကိတ်ကိုင်ထားတယ်။ဖူဖူမှာ ပျော်လွန်းပြီး မျက်ရည်တွေပါဝဲနေတယ်။

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မားရဲ့သားငယ်လေး"

"ဒီနေ့ သားငယ် အတန်းမတက်နဲ့တော့ ပါးရဲ့သားကြီး မင်း ကိုကိုနဲ့ မွေးနေ့လေးမာအချိန်အတူကုန်ဆုံးလိုက်အုံး"

ခွန်နွန်းနဲ့ခွန်ဘိုင်က ပြောရင်း ဖူဖူကိုဖတ်လိုက်ကြပြီး ‌အောက်ထပ်ဆင်းသွားကြတယ်။ ပွန်းက‌တော့ ခွန်နွန်းပြောတာကိုထောက်ခံတဲ့ပုံစံနဲ့ လက်မ ထောင်ပြရင်း ရယ်နေတယ်။

"Happy birthday Phu Phu ပျော်ရွှင်စရာ 19နှစ်ပြည့်မွေးနေ့လေး ဖြစ်ပါစေနော် အင်မတန်မှခန့်ညားချောမောတဲ့‌ ရှေ့နေကြီးရဲ့ ရည်းစား မြန်မြန်ဖြစ်ပါစေနော်"

ဖူဖူ မျက်ရည်တွေဝဲ ရယ်မိသွားရင်း ဆုတောင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တယ်။

"ဖူဖူ ဘာဆုတောင်းလိုက်တာလဲ"

"ဆုတောင်းတွေက ပြောပြရင် မပြည့်ဘူးလို့ ကြားဖူးတယ် အ့ကြောင့် မပြောပြဘူး"

"ကိုကို သိချင်လို့ပါဆို"

"မပြောပြဘူးလို့ ကျွန်တော်ပြောပြီးပြီနော်"

"ဟုတ်ပြီဗျာ ဒါဆိုလဲ ထားလိုက်တော့ အဖြေပေး"

"ဟင် ဘာမှလဲ မဆိုင်ဘူး ခဗျားလူလည်လုပ်နေတာဘဲ"

"နောက်ကျလဲ အဖြေပေးမာဘဲကို ခုထဲက ပေးထားလိုက်တော့"

"ခဗျားက မစောင့်နိုင်ဘူးလား"

"ကိုကို စောင့်လာတာ မင်း4နှစ်သားထဲကလေ ဒီလောက်အကြာပြီး ဘသူစောင့်နိုင်မာလဲ ဖူဖူရဲ့မွေးနေ့ ထူးခြားတဲ့နေ့လေးဖစ်သွားအောင် ကိုကို့ကို အဖြေပေးလိုက်လေ ဒါဆို ချစ်သူစဖြစ်တဲ့နေ့နဲ့ ဖူဖူမွေးနေ့နဲ့ တစ်ရက်ထဲ ဖြစ်သွားမာ ဘလောက်မိုက်လဲ"

"လူကိုသိမ်းသွင်းတဲ့နေရာမာ ဆရာကြီးနော် ရှေ့နေဖြစ်တာမဆန်းပါဘူးလေ"

"ကိုကို ရင်းတွင်းဖြစ်‌တွေကြားပြီး ဖူဖူအဖြေပေးချင်လာလို့ ကိုကိုက သိမ်းသွင်းသလိုဖြစ်သွားတာလား"

"ခဗျား!!တကယ်မနိုင်ပါလားဗျာ"

"ဒါဆို ကိုကို့ကို ချစ်လား"

"ဟင် ဘာမှလဲမဆိုင်ဘူး"

"‌ကိုကို့ကို ချစ်လားလို့"

"အွန်း"

"ဟမ် ဟမ် ဘာပြောတာ မကြားရဘူး သေချာပြော"

"အွန်းလို့"

"ဘာအွန်းလဲ"

"ချစ်တယ် ချစ်တယ် ဟုတ်ပြီလား"

"ဘသူ့ကိုချစ်တာလဲ"

"ကိုကို့ကိုချစ်တာ ကဲပြော ရပြီလား"

ဖူဖူက "ကိုကို့ကိုချစ်တာ"ဆိုပြီး ပွန်းနှဖူးကို လက်ညိုးနဲ့တို့ရင်း ပြောလိုက်တော့ပွန်းက စပြီးပိုးတုန်းက ပြောသလို ကမ္ဘာကြီးတခြမ်း ကိုယ်ပိုင်သွားသလိုဘဲပျော်နေတော့တယ်။

ဒီနေ့လဲ အရင်နေ့တွေလိုဘဲ ဖူဖူကို ပွန်းကကျောင်းလိုက်ပို့တယ်။

"ကိုကို ဒါဆို ကျွန်တော်သွားပြီနော်"

ဖူဖူက ကျောင်းကိုရောက်လို့ ပွန်းကိုနှုတ်ဆက်ပြီး ကားပေါ်ကဆင်မယ်ကြံတုန်း ဆင်းမရအောင် ပွန်းက လက်ကိုအားနဲ့ လှမ်းဆွဲလိုက်တော့ သူ့ရင်ခွင်ကျယ်ကြီးထဲ ဖူဖူလေးခဗျာ ကြောင်ပေါက်လေးတကောင်လိုဘဲ သေး‌သေးလေးဖြစ်သွားတယ်။

"ကိုကို ဘာလုပ်တာလဲ ကျောင်းမာ လူတွေနဲ့ လွှတ်လို့"

"မလွှတ်ဘူးကွာ တနေ့နဲ့တနေ့ ခုမနက် 8နာရီကနေ ညနေ 4နာရီခွဲထိ ခွဲနေရတာ နာရီပေါင်း 8နာရီခွဲကြာတယ် ခုထဲကကို ကြိုလွမ်းနေပြီ"

"ခဗျား တအားပိုတာဘဲ"

"မပိုပါဘူးကွာ ဒါတောင် လျော့ပြောထားတာ ဖူဖူလေးကို လွမ်းကြောင်းတွေ အကုန်ပြောပြရရင် တနေကုန်တောင် ပြောပြီးမှာမဟုတ်ဘူးရယ်"

"ဟုတ်ပါပီ ဟုတ်ပါပီ သိပြီမို့ လွှတ်တော့ဗျာ တခြားသူတွေမြင်သွားလိမ့်မယ်နော်"

"မြင်ပါစေကွာ ဂရုကိုမစိုက်တာ ကိုကိုဂရုစိုက်တာ ဟောဒီက ကလေးငယ်ဖူဖူလေးကိုဘဲ"

"ကျွန်တော် အတန်းတက်ရအုံးမယ်လေ ကိုကိုရဲ့ လွှတ်တော့နော်"

"ဒါဆို အာဘွားပေး"

ပွန်းက ဖူဖူကို အာဘွားပေးလို့ပြောပြီး ဖူဖူဘက်ကို ပါးတဘက်ပေးရင်းရှေ့တိုးလာတော့ ဖူဖူမာ ရယ်လဲရယ်ချင် အာဘွားမပေးရင်လဲ ပွန်းက လွှတ်မာမဟုတ်လို့ ပေးလိုက်ရတယ်။

"မွ"

"ဒီဘက်ပါးရော နမ်းလေ တဖက်ထဲဆို မျက်နှာလိုက်ရာကျနေမယ်"

"ခဗျား လွန်နေပီနော်"

"မပေးဘူးဆိုလဲ မလွှတ်တော့ဘူးကွာ"

"‌ပေးမယ် ပေးမယ် ဟုတ်ပြီလား"

ဖူဖူက ပေးမယ်ပြောတော့ ပွန်းက ကျန်တဲ့ပါးတဘက်ကိုပေးလာတယ်။

"မွ"

"အာဘွားလေး ပေးရုံဘဲကို ကိုယ်တော်ချောက ခတ်ခဲနေ‌တာ ခုပေးပြီးပြီဘဲ လွယ်လွယ်လေးမဟုတ်လား ခတ်တယ်ဆိုလဲ အိမ်ကျမှ အာဘွားပေးနည်းသင်ပေးမယ်လေ"

ပွန်းက ဒီလိုပြောလိုက်တော့ ဖူဖူ ပါးနှစ်ဖက် နီလာတယ် ဖူဖူအကျင့်လေးကတော့ ရှက်ရင် ပါးနှစ်ဖက်နီလာတာလေးဘဲ။

"ခဗျား လွှတ်တော့ဗျာ"

"ကဲရပြီ သွားတော့ အတန်းထဲမာ ကောင်လေးတွေရော ကောင်မလေးတွေရော ဘသူ့မှကြည့်မလာနဲ့နော်"

"ကြည့်မာဘဲ Blah.....Blah....Blah..."

ဖူဖူက ပြောင်ပြီးပြေးသွားတော့ ပွန်းက '4နှစ်သားတုန်းကလို ပစ်လဲမယ်‌နော်"လို့ပြောပြီး လှမ်းစလိုက်သေးတယ်။

ဖူဖူ ဒီနေ့ ‌အတန်းထဲ၀င်လိုက်တော့ တကိုယ်လုံးတုန်ရင်နေပြီး ကြောက်နေတယ်။တခြားသူတွေရဲ့ပါးစပ်မာလဲ "ဂေး"ဆိုတဲ့ စကားလုံးတွေနဲ့ပြည့်နှက်နေတယ်။ထိုလူတွေထဲက တယောက်က ဖူဖူနားကိုရောက်လာပြီး စကားစပြောလိုက်တယ်။

"ဖူဖူ မင်းက မင်းကို မွေးစားထားတဲ့ လူတွေရဲ့ သားနဲ့ ဖြစ်နေတယ်ဆို မင်းက မွေးစားသားကနေ သမက်ဖြစ်ချင်သွားလို့လား ဟမ် ဂေးလေး"

ဖူဖူ ဒီစကားကို ကြားတော့ မျက်ရည်တွေ ကျရင်း ကျောင်းပြင်ကိုပြေးထွက်သွားတယ် ထိုအချိန်မာ ကားတစီးက ဖူဖူကို တိုက်မိသွားတယ်။ဖူဖူလဲကျသွားပြီး ခေါင်းမာ သွေးတွေထွက်နေတယ်။နားထဲမာ‌လည်း စောနက စကားသံတွေကို ကြားယောင်နေရင်း မေ့မျောသွားတယ်။

"ဖူဖူ ဖူဖူ ဖူဖူ ဖူဖူ ဖူဖူ"

ဖူဖူ ကားတိုက်ခံရတယ်လို့ သိသိချင်း ပွန်းက ဆေးခန်းလို့ အပြေးလိုက်လာခဲ့ပြီး မျက်လုံးမာလဲ မျက်ရည်တွေအပြည့်ဘဲ ဖူဖူ လက်ကလေးလှုပ်လာတော့ ပွန်းက ဖူဖူဆိုပြီး မရပ်မနားခေါ်နေတယ်။

"ကိုကို"

"ဖူဖူသတိရလာပြီလား ဖူဖူ ဘယ်နားနာ‌သေးလဲဟင် ဘယ်‌နားနေလို့မကောင်းလဲ ခေါင်းတေဘာတေရောမူးလား ပြီးတော့"

ပွန်းက ဆက်ပြောမယ် ကြံတော့ ဖူဖူက ပြောလိုက်တယ်။

"ကျွန်တော် သက်သာပါတယ်"

"အော် ဟုတ်သားဘဲ ဖူဖူ အနားယူလိုက်အုံးနော် ကိုကို အများကြီးမေးမိသွားတယ်"

"အွန်း ဒါဆိုလဲ နားတော့မာမို့ ကိုကိုပြန်လို့ရပြီနော် ကျွန်တော်သက်သာနေပါပြီ"

ဖူဖူ ဒီလိုပြောတော့ ဖူဖူ တခုခုဖြစ်နေတယ်ဆိုတာ ပွန်းသိလိုက်တယ် ဒါပေမဲ့ ဘာဖစ်နေလဲဟင်ဆိုပြီး မေးပစ်ချင်ပေမဲ့ ဖူဖူအနားယူဖို့ လိုသေးတာမို့ ပွန်း အလိုက်တသိနဲ့ ဖူဖူ စကားနားထောင်ပြီး အပြင်ထွက်သွားလိုက်တယ်။

"ဒါဆို ကိုကို သွားပြီနော်"

"အွန်း"

**

ပွန်း ကားသမားနဲ့စကားပြောကြည့်တော့ ဖူဖူ ငိုပြီးထွက်ပြေးလာအကြောင်းကို သိလိုက်ရတယ်။

"ဟင် ငိုပြီးထွက်ပြေးလာတယ်"

"ဟုတ်တယ် ကျောင်းထဲကနေ ပြေးလာတာ အရမ်းငိုထားတာ တော်တော် ခံစားနေရတဲ့ပုံဘဲ"

"ကျေးဇူးပါဗျ ဒါဆို ခဗျား သွားလို့ရပြီနော်"

"ဟုတ်ကဲ့"

ဖူဖူ ငိုပြီးထွက်ပြေးလာတာ ဘာလို့လဲဆိုတာ စိတ်ပူလို့ ကျောင်းကိုသွားပြီး အဖြေရှာကြည့်လိုက်တယ်။

"မင်းလား ဟမ်?ဖူဖူကို နာကျင်အောင်ပြောတာ မင်းလားလို့ ငါမေးနေတယ်လေ"

"......."

ဖူဖူကို ပြောထားတဲ့ကောင်က ပွန်းကို ကြောက်ပြီး အကြည့်ချင်းတောင်မဆိုင်ဘာမှမပြောရဲဖြစ်နေသည်။

"ဒီမာ မင်းတို့ မြဲမြဲမှတ်ထား ယောက်ျားချင်းဘဲ ချစ်ချစ် မိန်းမချင်းဘဲချစ်ချစ် သဘာ၀ကိုလွန်ဆန်‌နေပေမဲ့အချစ်ဟာအချစ်ဘဲ.....မင်းတို့ အမြင်မာ ငါတို့ကို ၀ဋ်ကြွေးရှိလို့ ဂေး'နေတယ် ထင်ချင်ထင်လိမ့်မယ် ဒါပေမဲ့ ငါတို့တွက်တော့ ၀ဋ်ကြွေးမဟုတ့်ဘူး ထူးခြားတဲ့အချစ်ဘဲ..ဟုတ်တယ် ငါတို့က ဂေး' ဒါပေမဲ့ မင်းတို့တွေလို ဂေး'ဆိုတဲ့အရာကို ရွံစရာလိုသဘောထားပြီး ဝေဖန်သူတွေလို အောက်တန်းမကျဘူး မင်းတို့ ဒီလို ငါတို့ကို လိုက်စော်ကားတိုက်ခိုက်နေတော့ရော ဘာအကျိုးရှိလို့လဲ ခုလဲ မင်းတို့ကို အေးဆေးပြောနေတာ ဖူဖူက စိတ်လိုက်မာန်ပါလုပ်တာ မကြိုက်လို့ မင်းတို့ကံကောင်းသွားတယ်မှတ်!

"ကျွန်တော်တို့ နားလည်ပါပြီ အစ်ကိုပွန်းရယ် ကျွန်တော်တို့ မှားသွားပါတယ် နောက်ဆို ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးပါတယ်"

"အေး မင်းတို့ နားလည်ရင် ပြီးရော အတန်းကို ဖူဖူ လာရင် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေး ငါတို့နှစ်‌ယောက် မင်းတို့ကြောင့် အခုအဆင်မပြေဖြစ်နေကျတယ် မင်းတို့‌ကြောင့်မို့ မင်းတို့ကူညီကြ"

"ဟုတ် ကူညီပါ့မယ်"

"ဖူဖူ ခေါင်း အခြေအနေဘယ်လိုလဲ"

"ဒီလိုပါဘဲ သက်သာနေပါပီ ညနေဆိုရင်ဘဲ ဆေးရုံကဆင်းရပြီလေ"

"ဒါဆို ကိုကိုလာကြိုမယ်"

"အင်း...."

**"ဖူဖူ အထုပ်တွေပေးနော် ကိုကိုသယ်ပေး‌မယ်"

"တော်ပါပီ ရပါတယ်"

"ဖူဖူ ဘာဖြစ်နေတာလဲဟင်"

"အင်း ဒီလိုပါဘဲ"

"တစ်ခုခုဆို ကိုကို့ကို ပြောပြလေနော်"

"ကျွန်တော်တို့ရပ်တန်းကရပ်သင့်ပြီထင်တယ်"

"ဟင်...ဖူဖူ ကိုကိုဘာလုပ်မိလို့လဲ ဖူဖူ မကြိုက်တာရှိရင် ကိုကို့ကိုပြောလေ ကိုကို့ကို မထားခဲ့ပါနဲ့နော်"

"ကိုကိုက ဘာမှပြောစရာမလိုလောက်အောင် ဖူဖူအပေါ်မာ ကောင်းပေးပါတယ် ဒါပေမဲ့ ဖူဖူတို့ ချစ်ခြင်းတွေက မဖြစ်နိုင်‌ဘူးလေ"

"မဖြစ်နိုင်ဘူး ဟုတ်လား ဘာလို့မဖြစ်နိုင်ရမာလဲ"

"ကျွန်တော်က မိန်းကလေး မဟုတ်ဘူးလေ အစ်ကိုပွန်းလဲ ယောက်ျား ကျွန်တော်လဲ‌ ယောက်ျား ဒီတခုနဲ့တင် ဆက်မဖြစ်နိုင်တော့ဘူးဆိုတာ အစ်ကိုပွန်းသိသင့်ပါပြီ ဒါ့အပြင် ကိုကိုက သားအရင်း ကျွန်တော်က မွေးစားသား အချင်းချင်း ချစ်သူမဖြစ်နိုင်ဘူးလေ"

"ကိုကိုချစ်တာ ဖူဖူကို ဖူဖူ ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ဖူဖူဖြစ်နေ‌လို့ကိုချစ်တာ ကိုကိုတို့အချင်းချင်း ချစ်ကြဖို့ ဘာအကြောင်းပြချက်မှမလိုဘူး တခြားဘသူ့ကိုမှ ဂရုစိုက်စရာမလိုဘူး"

"ဂရုမစိုက်လို့ မရဘူး ကျွန်တော်တို့မာ ပတ်၀န်းကျင်ဆိုတာရှိတယ် သူတို့နဲ့ လိုက်လျောညီထွေနေဖို့ လိုအပ်တယ်လေ"

"ဒါဆို ဖူဖူက ပတ်၀န်းကျင်ဆိုတာကြီး အတွက်နဲ့ ကိုယ့်အချစ်ကိုယ် စတေးတော့မယ်ပေါ့"

"ဘလိုရှင်းပြရမလဲမသိတော့ဘူး ကျွန်တော် သိတာ မဖြစ်နိုင်ဘူးဆိုတာဘဲ"

"ဖူဖူနဲ့ ကိုကို ချစ်တာက ဖူဖူတွက် အဆင်မပြေဘူးဆိုလဲ ရပါတယ် ကိုကို လက်လွှတ်ပေးပါမယ် အရေးကြီးဆုံးက ဖူဖူပျော်ဖို့ပါဘဲ"

ပွန်းက ဒီလိုပြောပြီး မျက်ရည်တွေကျရင်း ကားမောင်းထွက်သွားလိုက်တယ် ဖူဖူလဲ ပွန်းထွက်သွားတော့မှ တင်းထားသမျှ မျက်ရည်တွေ အကုန်ကျလာတော့တယ်။ ပွန်းကတော့ သူ အဆင်မပြေနေချိန်တောင် ဖူဖူကို လုံး၀မမေ့ပါ တစ်ယောက်ထဲ ကျန်နေခဲ့တဲ့ ဖူဖူကို သွားကြိုဖို့ ဉီးနွတ်စီ ချက်ချင်း ဖုန်းဆက်ခဲ့တယ်။

ဒီကိစ္စဖြစ်ပြီးထဲက ပွန်း အခန်းပြင်လုံး၀ထွက်မလာတော့ဘူး ဒီနေ့တော့ ဖူဖူသက်သာလာလို့ ကျောင်းသွားမာဖြစ်တယ်။

"သားငယ်"

"ဗျာ မား"

"သားကြီး တစ်ယောက်ထဲရယ် အခန်းပြင်လဲ မထွက်ဘူး သူ့အခန်းရှေ့က ဖြတ်သွားတာ အရက်စော်တွေကို နံနေတာဘဲ သူ သားကို တော်တော်ချစ်ရှာတယ် မားကိုလဲ ဟိုးတလောစီက ပြောပြတယ် သား မရှိရင်မဖြစ်ဘူးတဲ့လေ"

"သားလဲ ဘလိုဆက်လုပ်ရမှန်းမသိတော့ဘူး သားလဲ အစ်ကိုပွန်းကိုချစ်ပါတယ်"

"မားပြောချင်တာကတော့ သား ဘာမှဂရုစိုက်စရာမလိုဘူး သား ကိုယ့်ကိုကိုယ်အတွက်တွေးသင့်တယ် သားပျော်မဲ့အရာကိုလုပ်လေ တခြားသူတွေကို ခေါင်း‌ထဲထည့်ထားရင် သားပျော်ဖို့ဆိုတာမဖြစ်နိုင်ဘူး ဒီမာ သား တခြားသူတွေက သား၀မ်းနည်းရင် လိုက်၀မ်းနည်းပေးသလား၊သားပျော်နေရင် လိုက်ပျော်ပေးသ‌လား၊သားကို ဝေဖန်နေတဲ့ လူတွေကို ဂရုစိုက်နေမဲ့စား သားအတွက်ဘဲ တွေးပေးတဲ့ သားကိုကို့ကို ဂရုစိုက်သင့်တယ်လို့ မားတော့ ထင်တယ်"

"သား ကိုကို့ကို ဂရုစိုက်တာပေါ့ မားရယ် အဲ့ဒါကြောင့်လဲ သားတို့ ချစ်ခြင်းတွေကို ရပ်ဖို့ပြောခဲ့တာ ဘာလို့ဆို ကိုကိုက ရှေ့နေလေ သားတို့အကြောင်းသာ အကုန်သိကုန်ရင် ကိုကို သူ့လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မာ ဘလိုမျက်နှာပြမလဲ၊အမှုသည်တွေက ဒီရှေ့နေက ဂေး'ကြီးပါလို့ပြောပြီး ကိုကို့အလုပ်ကိစ္စတွေထိ ထိခိုက်လာမာဆိုးတယ်"

"ကိုကိုက သားငယ်ပျော်မာကိုဘဲ လိုချင်တာ ပြီးတော့ သားငယ်နဲ့ စပြီးတွဲကထဲက သူ့လုပ်ဖော်ကိုင်ဖက်တွေ သိပြီးသား သူ့လုပ်ဖော်ကိုင်ဖက်ထဲက တယောက်ဆို ယောက်ျားလေးအချင်းချင်း လက်ထက်ထားကျတာလေ သားငယ်ရယ် လူငယ်ဖြစ်ပြီး ခေတ်နောက်မကျပါနဲ့အုံး"

ဖူဖူ ယောက်ျားလေးချင်း လက်ထက်တယ်ဆိုတဲ့ကိစ္စ သိရတော့ အံ့ဩသွားတယ်။ပြီးတော့ ပျော်သွားတယ် ကိုကိုနဲ့သူတွဲတာက ဘသူမှ ဝေဖန်စရာမဟုတ်ဘူးဆိုတာ သိရလို့ပေါ့။

"ဒါဆို မား' သား ကိုကို့စီ သွားတွေ့အုံးမယ်"

"ဟုတ်ပါပီရှင် ဒါမှ ငါ့သားငယ်"

ဖူဖူက ပွန်းကို တွေ့ရဖို့ အပေါ်ထပ်ကိုပြေးသွားတော့ ခွန်ဘိုင်က ကျေနပ်ရင်း ကျန်ခဲ့တယ်။

"ဒေါက်၊ဒေါက်၊ဒေါက်"

ဖူဖူက ပွန်းအခန်းတံခါးကို ခေါက်လိုက်တယ်။

"ဘယ်သူလဲ"

ပွန်းက မူးသံကြီးနဲ့ ပြန်ဖြေလိုက်တယ်။

"ကျွန်တော်ပါ ဖူဖူလေ"

"ဟမ် ဖူဖူ ဟုတ်လား ကိုကို့ကို ပစ်သွားတဲ့ ဖူဖူပေါ့လေ"

"ကိုကို တံခါးလာဖွင့်ပေးပါအုံး"

ဖူဖူက တံခါးလာဖွင့်ပေးအုံးပြောလို့ ပွန်းမာ ယိုင်ထိုးလမ်းလျှောက်လာပြီး တံခါးဖွင့်ပေးလိုက်ရတယ်။

"ကိုကို အရက်စော်တွေလဲ ‌နံနေတာဘဲ ဘလောက်တောင် သောက်ထားလဲမသိဘူး"

ဖူဖူကိုတံခါးဖွင့်ပေးလိုက်ပြီး ပွန်းယိုင်ကျသွားတော့ ဖူဖူက လက်လေးနဲ့ခံထားရင်း ‌အောက်ကိုထိုင်လိုက်တော့ ဖူဖူ ပေါင်လေးပေါ်မာ ရှေ့နေကြီး ပွန်း အိပ်ပျော်နေရင်း စကားတွေပြောပြီး ငိုနေတယ်။

"ဖူဖူရယ် ကိုကို့တွက်ကို တွေးပေးပါအုံး အဲ့ဒီပတ်၀န်းကျင်က ကိုကိုတို့ကို ဝေဖန်ဖို့ဘဲသိတာ သူ့တို့ကိုမတွေးနဲ့နော် ကိုကို့ကိုတွေး ကိုကို့ကိုချစ် ကိုကို့ကို မထားခဲ့ပါနဲ့ နော် ဖူဖူ ဖူဖူရေးးးးး"

ဖူဖူ ဒီစကားတွေကြားလိုက်ရတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့တယ်။

"ကိုကို ဖူဖူကို အရမ်းချစ်တာပါလား ငါမှားသွားပြီ ငါသိပ်ကို မှားသွားပြီ"

ပွန်းကို အိပ်ယာပေါ် သေချာသိပ်လိုက်တယ် ပြီးတော့ ဖူဖူ စံပြုတ် သွားပြုတ်နေတယ် ကျောင်းမသွားဖြစ်တော့ပါ။

"ကိုကို နိုးပြီလား"

"ဟင် ဖူဖူ"

"ဟုတ်တယ် ဖူဖူလေ မမှတ်မိတော့ဘူးလား"

"ဖူဖူ ပြန်လာတယ် ကိုကို့စီပြန်လာတာလား"

"ဒါပေါ့ ကိုကို့စီ ပြန်မလာလို့ ဘသူစီ ပြန်လာရမာလဲ"

ဒီလိုပြောလိုက်လို့ ပွန်းပျော်သွားပေမဲ့ ဖူဖူ အဆင်မပြေမာ ကြောက်နေတယ်။

"ဖူဖူ အဆင်ပြေလားဟင်"

"ဘာလို့မပြေရမာလဲ ကိုယ်ချစ်တဲ့လူတွေ အတူရှိနေရတာ ဒါက ပျော်စရာအကောင်းဆုံးဘဲ"

ဖူဖူကို ပွန်းက ဖတ်လိုက်တော့ ဖူဖူ မျက်ရည်တွေ ဝဲလာတယ်။

"နောက်ဆို ကိုကို့ကို ဘယ်တော့မှ မထားခဲ့ဘူး နော် ကျွန်တော့ကို ယုံ ဒီတခါ ကျွန်တော်မှားသွားတာ ကိုယ့်အချစ်ကို မဖြစ်နိုင်ဘူးထင်ခဲ့တယ်တဲ့လေ အဟင်း ဘလောက်တောင် ရင်နာစရာကောင်းလိုက်လဲ"

"ဒါတွေ ထားပါတော့ ခု တူတူရှိနေကြပြီဘဲ နောက်မခွဲရတော့ဘူး ငိုမနေနဲ့တော့ တိတ်"

ပွန်းက ပြောပြီး ဖူဖူနှဖူးလေးကို နမ်းလိုက်တယ်။

"မွ"

"ကိုကို ဖူဖူကို သိပ်ချစ်တာဘဲ"

"ဖူဖူလဲ ကိုကို့ကို ချစ်တယ်"

****

There are no comments yet. Log in to be the first to leave a review!

Similar stories