Fanfics

[04]

14:43, 16 June 2024

The moment I met You

♪You’re the coffee that I need in the morning⁠♪♪You’re my sunshine in the rain when it's pouring♪

မြည်နေသောဖုန်းသံကြောင့် အိပ်နေရာကနေ မထချင်ထချင် အိပ်ချင်မူးတူးနှင့် ကိုင်လိုက်ကာ

“ဟယ်လို”

“အမလေး သားရယ် မထသေးဘူးလား အသံကလည်းအိပ်ချင်မူးတူးနဲ့”

“မေမေလား”

“ဟောတော် ဘန်ကောက်ရောက်တာဖြင့်တစ်ရက်ပဲရှိသေးတာ ကိုယ့်အမေအသံကိုမေ့နေပြီလား”

“မမေ့ရပါဘူးဗျာ အိပ်ချင်မူးတူးနဲ့ဆိုတော့ သေချာမသိလိုက်လို့ပါ~ မေမေကလည်းးး”

phuwinတစ်ယောက် အသံကိုစွဲကာ အမေဖြစ်သူအား ဖုန်းထဲမှတစ်ဆင့် ကပ်ချွဲနေခြင်းဖြစ်သည်။ အဲ့လိုအသံလေးနဲ့ ချွဲနေတော့လည်း ဘယ်သူကခံနိုင်ပါ့မလဲ။

“ဒီကောင်လေးကတော့လေ ပြောလိုက်ရင်အမြဲအလိုပဲ ကဲကဲ တော်ပြီ ထတော့ 11နာရီတောင်ထိုးတော့မယ် နေမြင့်နေပြီ ထတော့”

“အိုကေပါ မေမေ ထပြီထပြီ”

“အဲ့တာဆို မေမေဖုန်းချပြီနော် အစားလည်းအချိန်မှန်အောင်စားဦး အဆာမခံနဲ့နော် ပြီးတော့နောက်နေ့တွေဒီလောက်နောက်ကျတဲ့ထိမအိပ်နဲ့ခေါင်းကိုက်မယ် ညဘက်တွေလည်းစောစောအိပ်ဦး မေမေပြောတာတွေမမေ့နဲ့နော်”

“ဟုတ်ကဲ့ပါ မမေ့ဘူး ဒါပဲနော်”

ဖုန်းချပြီး နာရီကြည့်မိတော့ တကယ်11နာရီထိုးတော့မည်ဖြစ်သည်။ သူအကြာကြီးအိပ်လိုက်မိတာပဲ။ မနေ့က‌ဘန်ကောက်ကိုရောက်ရောက်ချင်း အထုပ်အပိုးတွေနေရာချကာ ပင်ပန်းပြီး ဒီလောက်အကြာကြီးအိပ်ပျော်သွားသည်ထင်။ ဒါတောင် မေမေက သူ့အသိရှိ၍ နေရမည့်တိုက်ခန်းကိုကြိုစီစဥ်ပေးထားသောကြောင့်ဒီလောက်အဆင်ပြေနေခြင်းပင်။ အခုတော့အမေ့အမှာစကားအတိုင်းထရတော့မှာပေါ့။

ရေမိုးချိုး ပြင်ဆက်ပြီးနောက်…

အခုလောလောဆယ်တော့ အိမ်မှာစားစရာတစ်ခုမှမရှ်ိပေ။ ထို့ကြောင့် တစ်ခုခုထွက်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ နီးနီးနားနားပဲထွက်ဝယ်မည်ဖြစ်၍ ပေါ့ပေါ့ပါးပါးသာ ဝတ်လိုက်သည်။

ဘာမှထွေထွေထူးထူးမဟုတ်ဘဲ ပုံမှန်အတိုင်း T-shirt တစ်ထည်လေးသာဝတ်ထားတာတောင်မှ ထင်ပေါ်နေကာ ‌ကြည့်ကောင်းသည်။ ရှေ့သို့ချထားသည့်ဆံပင်များသည်လည်း မျက်စိရှေ့တွင်မြင်ရသည်နှင့် ထိတွေ့ကိုင်တွယ်ချင်စိတ်ပေါက်သည်အထိ နူးညံ့ပုံပေါ်သည်။ လှပသော ခန္ဓာကိုယ်အချိုးအစား၊ အပြစ်တင်ရက်စရာမရှိသော ခါးသွယ်သွယ်လေး၊ အရမ်းဖြူတဲ့ထဲမပါပေမဲ့ ဝင်းနေတဲ့အသားအရေလေး…ထိုအရာတို့သည် ဘယ်အဝတ်အစား ဘယ်ပုံစံနှင့်မဆို လိုက်ဖက်လွန်းလှသည်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီဟာလည်း မြင်သူတကာ မချီးမွမ်းဘဲမနေနိုင်အထိပင်။ ထိုကောင်လေးသည် အလွန်ချောမောလွန်းသည်။…အနီးအနားကmartတစ်ခုထဲဝင်၍ ခေါက်ဆွဲထုပ် 4 5ထုပ်လောက်နှင့် အခြားလိုအပ်တာတွေသာဝယ်ပြီးထွက်လာလိုက်သည်။ အိမ်လည်းမပြန်‌ချင်သေးတော့ ဟိုဘက်ဆက်လျှောက်လိုက်ပြီး နည်းနည်းကြာကြာလျှောက်ပြီးတော့  SPRING Cafe & Desserts ဆိုတဲ့ ကော်ဖီဆိုင်လေးကိုတွေ့တယ်။

“အရင်က ဒီနားမှာ ဒီလိုဆိုင်မျိုးမတွေ့မိပါဘူး အသစ်ဖွင့်ထားတာများလား”

ဘန်ကောက်ကို 3 4ခေါက်လောက်တော့ ရောက်ဖူးပေမဲ့ နောက်ဆုံးလာတာ လွန်ခဲ့တဲ့ 2နှစ်တုန်းက ဒါပေမဲ့ အဲ့တုန်းကတောင် ဒီဆိုင်မရှိသေးဘူးဆိုတော့ အသစ်ဖွင့်ထားတာထင်တယ်။ ဆိုင်နာမည်လေးရော ဆိုင်ပုံစံအသွင်အပြင်လေးရော သဘောကျတာနဲ့ ဝင်ကြည့်လိုက်မိတယ်။

အထဲရောက်တာနဲ့ ထောင့်ကျတဲ့နေရာလေးကိုရွေးထိုင်လိုက်တယ်။ ‌ဆိုင်ပတ်ပတ်လည်သေချာကြည့်လိုက်တော့ ပန်းချီကားတစ်ချို့ချိတ်ပြထားသည်ကိုတွေ့ရသည်။ ဘယ်သူဆွဲထားမှန်းတော့မသိပေမဲ့ ဆွဲထားသည့်ပန်းချီကားတိုင်းသည် အမြင်အေးချမ်းလှသည်။ သူဒီဆိုင်လေးကိုနှစ်သက်မိသည်။ ခဏကြာတော့ ဝန်ထမ်းကောင်လေးတစ်ယောက် menuလာချပေးတယ်။

“Iced Americano တစ်ခွက်ပေးပါ”

ကော်ဖီသောက်ရင်းနည်းနည်းကြာကြာလောက်ဆိုင်မှာထိုင်နေပြီးတော့ အိမ်ကိုပဲတန်းပြန်လာခဲ့တယ်။ ____‌အခုသူဘန်‌ကောက်ရောက်တာ 1ပတ်ကျော်သွားပြီ။ သူ ကော်ဖီဆိုင်လေးကို နေ့တိုင်းသွားဖြစ်သည်။ အခုတောင် ကော်ဖီဆိုင်ရောက်နေခြင်းပင်။ ဒီဆိုင်လေးသည် တိတ်ဆိတ်ကာ service လည်းကောင်းပြီး ဟိုဘက်နားတွင်စာအုပ်စင်ပါရှိသည်။ ထို့ကြောင့် စာဖတ်ရင်းကော်ဖီအေးဆေးသောက်လို့ရသည့်အတွက် သူနှင့်အသင့်တော်ဆုံးဆိုင်လေးပင်ဖြစ်သည်။ ကော်ဖီသောက်တိုင်းလည်း Americano သာ သောက်ဖြစ်သည်။

ထိုစဉ်တံခါးအပေါက်ဝမှချိတ်ထားသည့်ခေါင်းလောင်းလေးတွေရဲ့မြည်သံကြောင့် အသံလာရာကိုကြည့်လိုက်မိသည်။ ထိုအခါ အရပ်ရှည်ရှည်နှင့် ယောက်ျားလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ဆံပင်တွေကို သပ်တင်ရင်းဝင်လာသော ထိုသူသည် အလွန်ပင်ကြည့်ကောင်းလှသည်။ ကြည့်ကောင်းလှသော ခန္ဓာကိုယ်အချိုးအစားနဲ့ ဖြူဝင်းနေသောအသားအရေပေါ်တွင် shirtအင်္ကျီအဖြူနှင့် style pantကို တွဲဝတ်ဆင်ထားသည်မှာ အလွန်ပင်သန့်ပြန့်‌နေသည်။ ထိုသူဝင်လာသည်ကို ဆိုင်မှဝန်ထမ်းများအားလုံး နှုတ်ဆက်ကြသည်။

သူ့မျက်လုံးတွေသည် ထိုသူနောက်ကပ်လျက်ပါသွားသည်။ ထိုသူကတော့ သူ့ကိုမမြင်။ သူလုံးဝမလှုပ်မယှက် အံ့ဩနေမိတယ်။ ဒါ P’pond ပဲ။ ဟုတ်တယ်။သေချာတယ်။ ဘယ်လောက်ပဲမတွေ့ရတာကြာကြာ အကို့ရဲ့မျက်နှာကိုသေချာမှတ်မိတယ်။ သူဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အခုအခြေအနေမှာ ကြောင်ပြီးသာငေးနေမိတယ်။ တွေ့ရတာဝမ်းသာလို့ဆိုပြီးပြေးဖက်ရမယ့် အခြေအနေမျိုးလည်းမဟုတ်။ ဘယ်လိုလုပ်ရမလဲ။

အာ ဟုတ်သားပဲ။ သူတစ်ခုစဉ်းစားမိပြီ။ လက်‌‌‌ဖျောက်တီးကာ စဉ်းစားမိတဲ့ သူ့ကိုယ်သူ ဂုဏ်ယူမိသည်။ ထိုသူရှိရာနေရာကိုလှည့်ကြည့်မိတော့ ဝန်ထမ်းလေးတစ်ယောက်နှင့်စကားပြောနေသည်။ စကားပြောတာပြီးသွားသည့်အချိန်တွင် ကျွန်တော် နေရာမှထလိုက်ပြီး ကျွန်တော့်ကိုမှတ်မိဖို့မျှော်လင့်ရင်း ထိုသူရှိရာနေရာသို့ တိုက်ရိုက်သွားလိုက်သည်။

“ဟို Iced Americano မှားထားတာ မရသေးလို့ပါ”စကားဆုံးသည်နှင့် သူကျွန်တော့်ကိုလှည့်ကြည့်လာသည်။ ရင်တွေသေလုမတတ်ပင်ကျယ်လောင်စွာခုန်နေသည်။ ဒီနေရာမှာတင် သူတို့နှစ်ယောက် စက္ကန့်ဝက်လောက် ဘာမှမပြောဘဲ အကြည့်ချင်းဆုံလျက်ပင်ရှိနေကြသည်။ ဘာမှဆက်မပြောနိုင်တော့သည်အထိ သူ၏မျက်လုံးတွေသည် ထိုသူ၏နက်ရှိုင်းမျက်ဝန်းများတွင် ထိန်းချုပ်ခံလိုက်ရသည်။ သို့သော် ရုတ်တရက် ထိုမျက်ဝန်း‌တွေသည် အကြည့်လွှဲသွားသည်။  အောင့်သက်သက်ကြီးကျန်ခဲ့ရသော်လည်း ရင်တွေခုန်‌နေသည်မှာတော့ အဆက်မပြတ်..

“ဒီမှာ ရပါပြီ”

ရင်တွေခုန်နေသောကြောင့် ထိုသူ့အသံကို ကြားသလိုလိုမကြားသလိုလိုနှင့်သာ။

“ဒီမှာ Iced Americano ရပါပြီနော်”

နောက်တစ်ခါပြောမှသာ အယောင်ယောင်အမှားမှားနှင့် “ဟမ် အော် ဟုတ်ကဲ့” ဆိုကာထွက်လာရသည်။ (edited)

ထို့နောက် ခေါင်းထဲတွင် သူဘာလို့ ငါ့ကိုမသိချင်ယောင်ဆောင်တာလဲ  ဘာလို့ဘာစကားမှမပြောတာလဲ အခုမှပြန်တွေ့တာကိုလေ ဘာမှ‌ပြောစရာမရှိတာလား ဒါမှမဟုတ်….ငါ့ကို မမှတ်မိတာများလားဆိုသည့် မေးခွန်းများသာထပ်ခါတလဲလဲ။ နောက်ဆုံးအတွေးကိုတော့မဖြစ်ပါစေနဲ့ဟုသာဆုတောင်းမိသည်။

ဝယ်သူတွေတဖြည်းဖြည့်များလာသောကြောင့် အလုပ်ရှုပ်နေပုံရသည်။သူကျွန်တော့်ဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ပါဘူး။ ကျွန်တော်ကသာမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာ။ ကြာလာတဲ့အထိဝယ်‌သူတွေကမလျော့သွား။ နောက်ဆုံးတစ်ချက် P'pondရှိရာကိုလှည့်ကြည့်မိတော့လည်း ဒီဘက်ကိုတစ်ချက်တောင်လှည့်မကြည့်သောကြောင့် သူငါ့ကိုတကယ်ကြီးမမှတ်မိတာပဲဆိုသည့်အတွေးများသာဆက်တိုက်ဝင်လာသောကြောင့် စိတ်ရှုပ်ကာ ထပြန်လာခဲ့သည်။_____

ဘာလုပ်လုပ် ‌ကော်ဖီဆိုင်ကသူ့ပုံရိပ်ကိုသာမြင်ယောင်နေသည်။ အကိုကဘာမှမပြောင်းလဲသွားဘူး ငယ်ငယ်ကအတိုင်းအသားလေးတွေဖြူပြီး မျက်နှာလေးကကြည်လင်နေတာ။ ဒါပေမဲ့ပြောင်းလဲသွားတာတစ်ခုကငယ်ငယ်ကထက် အဆ100ထက်မကပိုချောလာတာပဲ။ ကြည့်ရသလောက်တော့ အကိုက ဆိုင်ပိုင်ရှင်ဖြစ်ပုံရသည်။ ဒါဆို ဆိုင်ထဲကပန်းချီကား‌လေးတွေရဲ့ပိုင်ရှင်သည် “အကို”ဆိုတဲ့နာမ်စားလေးပဲဖြစ်ပုံရသည်။  သူအရင်ကနေ့တိုင်းသွားနေခဲ့တာပါ ဘာလို့အကို့ကိုမတွေ့မိတာပါလိမ့်။‌ စဉ်းစားရင်းငယ်ငယ်က အကိုနဲ့တွေ့ခဲ့တဲ့အချိန်ကို ပြန်မြင်ယောင်မိသည်။ 

တကယ်ဆို ကျွန်တော်ကချင်းမိုင်မြို့မှာမွေးတာ။ ကျွန်တော်တို့မိသားစုက အရမ်းကြီးမချမ်းသာပေမယ့်လည်း ဆင်းရဲတဲ့ထဲတော့မပါ၊စားနိုင်သောက်နိုင်တော့ရှိသည်။ ကျွန်တော်က ငယ်ငယ်တည်းက စန္ဒယားတီးရသည်ကို ဝါသနာပါသည်။ အရမ်းတော့မကျော်ကြားသေးပေမယ့် တစ်ခါတလေ ပွဲအသေးစားလေးတွေမှာ စန္ဒယားတီးဖို့ ငှားခံရသည်။  တခါတလေ ဘန်ကောက်ကပွဲအသေးစားလေးတွေကနေ စန္ဒယားတီးကာဖျော်ဖြေပေးဖို့ငှားသည့်အတွက်ကြောင့် ဒီတစ်ခါဘန်ကောက်လာရခြင်းဖြစ်သည်။ P’pondကိုတွေ့ချင်သည့်မျှော်လင့်ချက်လေးလည်းပါတာပေါ့။ အခုတော့တွေ့ရပေမဲ့ ကျွန်တော့်ကိုမမှတ်မိပါဘူးလေ။ ထိုမှတစ်ဆင့် အတွေးတွေသည် အတိတ်ဆီသို့……..

ဇာတ်လမ်းသည် တစ်ယောက်တည်းအထီးကျန်နေသော 14နှစ်အရွယ်ကောင်လေးဆီသို့ 16နှစ်အရွယ်ကောင်လေးတစ်ယောက်ရောက်ရှိလာခြင်းနှင့်စသည်။

“ဖေကြီးရေ ဟိုဘက်အိမ်ကိုပြောင်းလာမယ့်သူတွေရောက်နေကြပြီထင်တယ် ပစ္စည်းတွေချနေသံကြားတယ်”

“အေး ငါတို့လည်းနောက်နေ့သွားနှုတ်ဆက်ရအောင် ဒီနေ့တော့သူတို့အလုပ်ရှုပ်နေဦးမှာ”

ကောင်လေးတစ်ယောက်သည် သူ၏အဖေနှင့်အမေပြောနေသည်ကိုကြား၍ ဟိုဘက်အိမ်ကိုချောင်းကြည့်မိသည်။ ပစ္စည်းတွေနေရာချနေသည်ကိုတွေ့ရသည်။ အိမ်ပတ်ဝန်းကျင်ပတ်ပတ်လည်ကိုသေချာကြည့်ရင်း ဒန်းပေါ်တွင်ထိုင်ကာ ပုံဆွဲနေပုံပေါ်သည့် ကောင်လေးဆီအကြည့်ရောက်မိသည်။ ထိုကောင်လေးအားငေးနေရင်း ဘေးတွင်ရှိသောပန်းအိုးအား လက်နှင့်တိုက်မိလိုက်သည်နှင့်တစ်ပြိုင်နက် ပန်းအိုးသည်လည်း ခွမ်းးးးးခနဲ မြည်ကာကျကွဲသွားသည်။ အိုးးးးးးမိုင်ဂေါ့!!!!!သွားပါပြီ မေမေ့ဆီကဆူခံရတော့မှာပဲ တစ်ယောက်တည်းဘာလုပ်ရမှန်းမသိဖြစ်နေချိန်ခုနကကြည့်လက်စနေရာဆီပြန်‌ကြည့်မိတဲ့အချိန် ထိုကောင်လေးကလည်း ဒီဘက်လှည့်ကြည့်နေသောကြောင့် သူနှင့်မျက်လုံးချင်းဆုံမိသွားသည်။ ထိုအချိန်

“သားရေ Pondအိမ်ထဲခဏလာပါဦး”ထိုအိမ်ထဲကထွက်လာသည့်အသံနှင့်အတူ ထိုကောင်လေးသည်အထဲသို့ဝင်သွားတော့သည်။ သူ ထိုကောင်လေးနှင့်ရင်းနှီးချင်သည်။ သူသည်အိမ်တွင်တစ်ဦးတည်းသောသားဖြစ်၍ အဖော်မရှိပေ။ ထို့ကြောင့် သူငယ်ချင်းအဖြစ်လည်း အဖော်ရချင်သည်။

ထိုနေ့က သူငယ်ချင်းလိုချင်နေသည့်ကောင်လေးသည် သူငယ်ချင်းရသွားလားတော့မသိပေမဲ့ ပန်းအို့ခွဲမိလို့အဆူခံလိုက်ရတာတော့သေချာပါသည်။__‌အရင်နေ့က သူ့ထက် အသက်2နှစ်ကြီးတာ‌ရော သူနှင့်ကျောင်းတူတာပါသိလိုက်ရ၍ ဒီနေ့ကျောင်းသွားရန် P'pondထွက်အလာကိုစောင့်နေသည်။ နာမည်ကလည်းထိုနေ့ကတင်သိလိုက်ရသည်။ ထိုစဉ် စောင့်နေသူလေးထွက်လာလေပြီ။ စကားပြောဖို့လွယ်မယ်ထင်တားကာ အခုတော့စကားသွားမပြောရဲသောကြောင့် နောက်ကသာတောက်လျှောက်လိုက်နေမိသည်။ ထိုအခါ အရှေ့ကကောင်လေးက သတိထားမိဟန်ဖြင့်

“မင်းဘာလို့ငါ့နောက်ကလိုက်လာတာလဲ”

“မဟုတ်ပါဘူး ကျွန်တော်ကျောင်းသွားနေတာပါ”

ကောင်လေးလည်းဘာမှပြန်မပြောတော့ဘဲ ရှေ့လှည့်ကာဆက်သွားသည်။ သို့သော် ခဏအကြာ ထိုကောင်လေးသည် စိတ်ရှုပ်လာဟန်နှင့်ရပ်လိုက်ကာ

“ဒါဆို မင်းရှေ့ကလာလျှောက်”

“အဲ့တာဆို အကိုက ကျွန်တော့်နောက်ကိုလိုက်နေသလိုဖြစ်သွားမှာပေါ့”

“ငါကဘာလို့လိုက်ရမှာလဲ ငါ့လမ်းငါသွားတာလေ”

“အဲ့တာဆို ကျွန်တော်လည်းကျွန်တော့်လမ်းကျွန်တော်သွားနေတာလေဗျာ”

ထိုအခါ pond ဆိုသောကောင်လေးသည် စိတ်ရှုပ်‌သောမျက်နှာအမူအရာနှင့်ကြည့်လာသည်။

“အဲ့တာဆိုဒီလိုလုပ်လိုက်လေ ဘယ်သူမှနောက်ကမလိုက်ရအောင် တူတူသွားလိုက်မယ်လေနော် P’pond”

“မင်းလုပ်ချင်သလိုသာလုပ်တော့ ဒါနဲ့ P’pond လို့ခေါ်ရတဲ့ထိတော့ငါတို့ကမရင်းနှီးဘူးထင်တယ်”

“ဒါဆိုအခုကစပြီးရင်းနှီးအောင်နေမယ်လေ”ထိုအခါ အကိုက ဘာမှမပြောတော့ဘဲဟိုဘက်လှည့်သွားသည်။ ဒါပေမဲ့လည်း အခုလို‌ကျောင်းတူတူသွားရတာနဲ့တင် သူပျော်နေပါပြီ။

ထို့နောက် phuwin သည် pondနောက်အားအမြဲတကောက်ကောက်လိုက်ကာ အတူသွားလေ့ရှိသည်။ ဒီလိုနဲ့ သူတို့တဖြည်းဖြည်းရင်းနှီးလာကြတယ်။ ကျောင်းလည်းအမြဲတူတူသွားပြီး ပြန်လည်းအတူပြန်ကြတယ်။ phuwinနားမလည်တဲ့စာရှိလည်း အကြီးဖြစ်တဲ့pondက ရှင်းပြတယ်။ အရင်ကဆို အမြဲသူ့ကိုယ်သူငါလို့‌သုံးပြီးပြောတတ်တဲ့pondက သူ့ကိုယ်သူ “အကို”ဆိုတဲ့ နာမ်စားလေးကိုသုံးပြီးပြောလာတယ်။phuwinကတော့ pondကို တခါတလေ အကိုလို့ခေါ်တယ် တခါတလေ P’pond လို့ခေါ်တယ်။ ဒီလိုနဲ့သူတို့ စာသင်နှစ်တစ်နှစ်လုံးပြီးတဲ့အထိ ဒီလိုပဲဖြတ်သန်းလာကြပြီး ကျောင်းပိတ်ရက်ရှည်ကြီးကိုရောက်လာပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ P’pond အပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုနားလည်လာသည်။

ဟော တွေ့ပါပြီ ခြံထဲမှာ ပုံထိုင်ဆွဲနေတဲ့အကို့ကို။ အကိုက အမြဲအားတဲ့အချိန်တိုင်းတစ်နေရာရာမှာ ပန်းချီဒါမှမဟုတ် ပုံထိုင်ဆွဲနေတတ်သည်။ အကိုက တကယ် ပန်းချီဆွဲရာမှာ ပါရမီပါတယ်။

ဒီနေ့တော့ သူ P’pond အပေါ်မှာထားတဲ့သူ့ခံစားချက်တွေကိုဖွင့်ပြော‌တော့မည်ဟူ၍ သန္ဓိဌာန်ချထားကာ အနားသို့သွားလိုက်သည်။

“အကို! ဘာပုံဆွဲနေတာလဲ”သူ့အသံကိုကြားသည်နှင့် ဆွဲနေလက်စကိုဖွက်လိုက်သည်။

“ဟင် ဘာဖွက်လိုက်တာလဲ ဘာတွေဆွဲနေတာလဲ ပြနော်”

“အကို ဆွဲပြီးရင်ပြပါ့မယ် အခုမပြီးသေးလို့”

“မရဘူ အခုပြ အခုပြ”

အတင်းလိုက်လုနေသောကြောင့် ပြဲမည်စိုး၍ ပြလိုက်ရသည်။ ပုံကိုကြည့်လိုက်သောအခါ phuwinအံ့ဩသွားရသည်။ ဘာလို့လဲဆိုတော့ ပုံထဲသူက သူကိုယ်တိုင်ဖြစ်နေလို့။

“အကို ကျွန်တော့်ပုံဘာလို့ဆွဲထားတာလဲ”

“ဒီတိုင်းလက်ဆောင်ပေးချင်လို့”

“အဲ့တာဆိုရင်တော့သိမ်းထားရမှာပေါ့ အကိုလက်ဆောင်ပေးတာခပ်ရှားရှားဆိုတော့”

သူ့ပုံသူကြည့်ကာ ပြုံးပျော်နေသောကောင်လေးအားကြည့်ရင်းသူပါလိုက်ရယ်မိသည်။ ကျန်သေးတဲ့ပုံလေးတွေကိုတော့ဖွက်လိုက်ရင်းပေါ့…. ဒါတွေကိုပါမြင်သွားရင် သူလျှို့ဝှက်ထားတဲ့အရာကိုပါသိသွားတော့မည်လေ။

“ဒါနဲ့ ကျွန်တော် အကို့ကိုပြောစရာရှိတယ်”

ပြုံးရယ်နေရာမှ ရုတ်တရက်တစ်ခုခုကိုသေချာစဉ်းစားနေပုံပေါ်ကာ ပြောစရာရှိတယ်ဟုဆိုလာသည်။

“အင်း ပြောလေ”

“ကျွန်တော်ပြောရမလား မပြောရမလားစဉ်းစားနေတာ ပြောဖို့စဉ်းစားထားတာတော့ကြာပြီ မပြောရဲလို့”

“ဘာမို့လို့လဲ ပြောပါ”

“ကျွန်တော်လေ…ဟို…ကျွန်တော်…”

သူကစကားကိုဆွဲပြောလေ Pondလည်းပိုသိချင်လေဖြစ်လာသည်။

“အင်းဆက်ပြောလေ”

“ကျွန်တော် အကို့ကို ကြိုက်နေမိပြီထင်တယ်ဗျာ!!”

မျက်စိစုံမှိတ်ကာပြောချလာတဲ့စကားက သူ့ကိုကြိုက်တယ်တဲ့ ရုတ်တရက်ဆိုတော့ အံ့ဩကာ ဘာပြန်ပြောရမှန်းမသိတော့။

“ဟမ်”

အကို့ရဲ့တုံ့ပြန်ပုံအရ ကျွန်တော့်စကားကိုတော်တော်လန့်သွားပုံရသည်။ခဏနေမှ ဘာမှမဖြစ်သလိုရုပ်ပြန်တည်သွားကာ

“အကိုတို့ကငယ်ပါသေးတယ် ပြီးတော့မင်းက အကို့ထက်2နှစ်တောင်ပိုငယ်‌သေးတယ် နောက်ကျအချိန်ကျရင် ကိုယ်မင်းကိုပြန်ဖြေပေးပါ့မယ်”

သူ့စကားဆုံးပြီးနောက်phuwinဘက်ကဘာစကားမှပြန်မလာတော့။

အမှန်တကယ်တော့ သူ အကို့ရဲ့စကားကိုသိပ်နားမလည်ပါ ဒါကသူ့ကိုငြင်းလိုက်တာလား ကြီးလာရင်စဉ်းစားပေးမယ်ပြောတာလား ခေါင်းထဲတွင်သာအတွေးပေါင်းစုံတွေးလိုက်ပြီး အပြင်မှာ‌တော့ ဘာမှပြန်မပြောလိုက်မိပေ။

ထိုကောင်လေးသည် သူ၏ ‘အကို'ဆိုသော နာမ်စားလေးအား အမြဲတွေ့နေရမည်ဟုသာယူဆထား၍ pondရဲ့စကားကို သေချာမစဉ်းစားလိုက်ပေ။ အကယ်၍ ထိုနေ့ကထိုကောင်လေးနှစ်ယောက်၏နောက်ဆုံးစကားပြောရခြင်းဆိုတာကိုတာသိခဲ့ရင်….။

နောက်နေ့တွင်….. “မေမေဟိုဘက်အိမ်ကဘယ်သွားကြတာလဲ အိမ်မှာမရှိကြဘူး”

“သူတို့ဘန်ကောက်ကိုပြန်သွားကြတာ တစ်ခုခုအရေးကြီးတယ်ထင်ပါတယ်။ မနေ့ကညက ညတွင်းချင်းကြီး  ထွက်သွားကြတာ”

ဘန်ကောက်ကိုပြန်သွားပြီဆိုတာကိုသိပြီးတဲ့နောက် စိတ်ပျက်လက်ပျက်သာထိုင်ချမိသည်။

ကောင်လေးတစ်ယောက်ကတော့အရင်လိုအထီးကျန်ခဲ့ရပြန်ပြီ….______

‌ကောင်းကင်တွင် တိမ်များကင်းစင်ကာ ကြည်လင်နေသည်။ နေလုံးကြီးသည်လည်း တိမ်များကိုတိုးထွက်ကာ ရဲရဲဝံ့ဝံ့ထွက်ပေါ်လာ‌နေပြီ။ ထိုနေလုံးကြီးရဲ့တောက်ပတဲ့အရှိန်အဝါနေရေုင်ခြည်တွေဟာ ကောင်လေးတစ်ယောက်ရဲ့အခန်းကိုတိုက်ရိုက်ကျရောက်လာတဲ့အခါ မျက်စိစူးသဖြင့် စောင်ကိုမျက်နှာဖုံးသည်အထိဆွဲခြုံလိုက်သည်။

ရုတ်တရက် P’pond ၏အကြောင်းစဉ်းစားမိကာ ဆက်အိပ်မရတော့၍ ထလိုက်ရသည်။ နာရီကြည့်လိုက်တော့ 8နာရီ။

ဒီနေ့လည်း coffeeဆိုင်လေးကိုသွားချင်မိသည်။ တစ်စုံတစ်ယောက်ကိုလည်းတွေ့ချင်မိသည်။ သူ့ကိုမမှတ်မိလည်း သူကိုယ်ကိုင်ကမှတ်မိအောင်လုပ်ပေးရမှာပေါ့။

“P’pond ကျွန်တော့်ကိုစောင့်နေပါ ကျွန်တော်အခုအကို့ဆီလာခဲ့တော့မှာ”__

‌ဆိုင်ရှေ့ရောက်တော့ သူရှိမရှိအရင်ကြည့်လိုက်သည်။ customer တစ်ယောက်နှင့်စကားပြောနေသောထိုသူကို‌တွေ့လိုက်ရသည့်အခါရင်တွေတုန်လာသည်။ နည်းနည်းကြာကြာရပ်နေပြီးနောက် စိတ်ကိုထိန်းကာဆိုင်ထဲဝင်သွားလိုက်သည်။

P’pond ရှေ့‌ရောက်တော့ မမှာသေးဘဲရပ်နေလိုက်သည်။ ထိုအခါ ကျွန်တော့်ကိုကြည့်လာသည်။ အကြည့်ချင်းဆုံသွားတဲ့အခါ ကျွန်တော်လည်းအကြည့်မလွှဲဘဲပြန်စိုက်ကြည့်ပေးလိုက်သည်။ အဲ့မှာ ကြည့်စမ်း! ဒီမျက်လုံးကိုသေချာကြည့် မှတ်မိအောင်ကြည့် မှတ်မိပြီလားဟမ်!

“ဘာလိုချင်လို့လဲမသိဘူး”

တစ်ဖက်ကထွက်လာသောစကားကြောင့် phwinတစ်ယောက် ပြောမယ့်စကားတွေနင်သွားသည်။

“အော် Americano ပဲပေးပါ”

“အမြဲဒါပဲသောက်တယ်နော်”

နေပါဦး P’pondက သူနဲ့မနေ့ကတွေ့တာပါ သူ Americano အမြဲသောက်တာဘယ်လိုသိသွားတာပါလိမ့် ဒါမှမဟုတ် P’pond က သူ့ကိုမှတ်မိနေတာများလား??

“ကျွန်တော်ဒါပဲသောက်တာဘယ်လိုသိတာလဲ”

“အာ…အဲ့တာက ဟို မနေ့ကလည်း ဒါပဲမှာတော့ အမြဲဒါပဲသောက်တတ်တဲ့ပုံပေါ်လို့ပါ”

“အော် မသိပါဘူး ကျွန်တော့်ကိုလိုက်များကြည့်နေတာလားလို့”

phuwin သည် သူ့စကားကို Pondဘယ်လိုတုံ့ပြန်မလဲသိချင်တာကြောင့် မျက်လုံးချင်းဆုံအောင်လိုက်ကြည့်နေသည်။

သို့သော်  “ဟုတ်ကဲ့ ဒါဆို Americanoပဲလား နောက်ဘာလိုချင်သေးလဲမသိဘူး”  ဆိုသည့်အမေးစကားသာထွက်လာသည်။

“လိုချင်တာတော့ရှိသေးတယ်”

“ဟုတ်ကဲ့ ပြောပါ”

“ဒါဆို ကျွန်တော်လိုချင်တာ ခင်ဗျားဆိုရင်ရော”

Phuwinလည်း‌ ရှိသမျှသတ္တိအကုန်ထုတ်ကာပြောချလိုက်သည်။

“အကို့ကိုလိုချင်ရင်တာဆိုရင်တော့ ယူလို့ရမယ့်နည်းလမ်းကိုအရင်ရှာကြည့်ပေါ့”

မျက်ခုံးတစ်ဖက်ကိုပင့်၍ လူကိုတည့်တည့်စိုက်ကြည့်ကာပြောလာသည့်သူကြောင့် ရင်တွေအဆက်မပြတ်တုန်လာသည်။ မမျှော်လင့်ထားတဲ့‌အဖြေဖြစ်တာကြောင့်လည်း ထိုနေရာမှာတင်ကြောင်အမ်းအမ်းဖြစ်သွားကာ ဘာဆက်ပြောရမှန်းမသိတော့။

ဘာလဲ အခု P’pondက သူ့ကိုပြန်ပြောပုံအရ သူ့ကိုမှတ်မိနေတာလား မမှတ်မိတာလား။ဘာပြောရတော့မှန်းမသိတော့၍ ပြန်ထွက်ဖို့လုပ်သည့်အချိန်တွင်..

“ဟေ့ မှားထားတာရပြီ တစ်ခါတည်းယူသွားဦးလေ”

အဲ့တော့မှphuwinတစ်ယောက် ရှက်ကိုးရှက်ကန်းနှင့်ယူကာ ထွက်လာသည်။

ဆိုင်ထဲမှကောင်လေးကတော့ ထွက်သွားတဲ့‌ကောင်လေးကိုကြည့်ပြီး ရယ်ရင်းသာ ခေါင်းတခါခါနှင့်ကျန်ခဲ့သည်။_____လူလည်းအနည်းငယ်သာကျန်တော့၍ ဆိုင်‌မန်နေဂျာနေရာခန့်ထားသည့်အမကြီးတစ်ယောက်နှင့်ဆိုင်ကိုထားခဲ့ကာ အိမ်ပြန်လာခဲ့သည်။

အိမ်ပြန်လမ်းတွင် နောက်ကဆက်တိုက် ဆိုင်ကစထွက်လာကတည်းကဖိနပ်သံတစ်ရှပ်ရှပ်ကြားရသည်။ အနောက်ကိုတော့လှည့်ကြည့်ပေမယ့် အိမ်ပြန်လမ်းသည် ‌တော်တော်မှောင်နေသောကြောင့် မျက်နှာမမြင်ရပေ။ အစကတော့လမ်းတူတာထင်ပေမဲ့ အခုကအိမ်ကရှေ့နားတင်ရောက်နေပြီဖြစ်သည်။ အနောက်ကခြေသံသည် တဖြည်းဖြည်းနီးလာနေပြီ။ ထိုသူအားဖမ်းရန် နောက်ကိုအလျင်အမြန်လှည့်လိုက်ပြီး ထိုသူအားနောက်ပြန်ချုပ်လိုက်သည်။ အဲ့တော့မှ အတင်းရုန်းကာ

“လွှတ်!! ဘာလို့လာချုပ်ထားတာလဲ”

“မင်းဘာလို့ငါ့နောက်လိုက်လာတာလဲ”

“ဟာ ဘယ်တုန်းကလိုက်လို့လဲ”

‌ထို့နောက်အတင်းရုန်း‌နေသောကြောင့် မျက်နှာကိုမြင်သွားတော့မှ

“ဟင် မင်း!”

အချုပ်ခံရသောကောင်လေးသည် ဆူပုတ်ပုတ်နှင့် လှည့်လာကာ

“ဟုတ်တယ်လေ ကျွန်တော်လေ။ အကို့ဆိုင်မှာ Americano အမြဲသောက်တတ်တဲ့သူလေ။ ဒါနဲ့ ဒီမှာ! ကျွန်တော့်ပုံက နောက်ယောင်ခံလိုက်တဲ့လူလိုပုံပေါက်နေလို့လားဗျ”

“မဟုတ်ပါဘူး အမှောင်ထဲမှာသေချာမမြင်ရလို့ပါ ဒါနဲ့ဒီကိုဘာလာလုပ်တာလဲ”

“ကျွန်တော့်အိမ်ကျွန်တော်ပြန်လာတာလေ”

မျက်စိရှေ့ကတိုက်ကိုလက်ညှိုးထိုးပြောလိုက်သောအခါ pond တစ်ယောက်အံ့ဩသွားပုံရသည်။

“အကိုလည်းဒီတိုက်မှာနေတာလို့‌တော့မပြောနဲ့နော်”

“ဟုတ်တယ်” ဆိုကာတိုက်‌လှေကားပေါ်တက်သွားသောသူနောက်အမြန်လိုက်ကာ

“တကယ်လား တကယ်ကြီးလား ဘယ်တုန်းကတည်းကနေတာလဲကြာပြီလား”

“ကြာပြီ”

“ဟုတ်လား အခန်းနံပါတ်ဘယ်လောက်လဲ”

“73”

“ဟမ် ကျွန်တော်က 74လေ ဘေးချင်းကပ်ရပ်ပဲ အကို့ကိုအရင်နေ့တွေကဘာလို့မတွေ့မိတာပါလိမ့်”

“အကိုအပြင်ထွက်တဲ့အချိန်နဲ့မဆုံလို့နေမှာပေါ့”

Phuwinတစ်ယောက် လမ်းတစ်လျှောက်လုံးမရပ်မနားပေါက်ပေါက်ဖောက်လာသဖြင့် လှေကားထစ်ကိုအာရုံမစိုက်မိဘဲ ချော်ကာပြုတ်ကျတော့မည့်အချိန်တွင် Pondက သူ့ရဲ့ခါးမှလှမ်းဖမ်းကာထိန်းပေးလိုက်သည်။ အခုသူတို့နှစ်ယောက်ရဲ့အနေအထားသည် ရုပ်ရှင်တွေထဲကအတိုင်း မင်းသားက မင်းသမီးလဲကျတော့မည်ကိုလှမ်းဖမ်း‌ပေးလိုက်သည့်ပုံစံနှင့်တူနေသည်။ သူတို့နှစ်ယောက်၏ကြားအကွာအဝေးသည် 10စင်တီမီတာလောက်သာခြားတော့ကာ အရမ်းနီးကပ်နေ၍ နှစ်ယောက်စလုံး၏ ရင်တွေကျယ်လောင်စွာအဆက်မပြတ်ခုန်နေသည်။

“အကို့လက်ပေါ်ကနေဖယ်လို့ရပြီထင်တယ်နော်”သူပြောသည်ကိုကြားလားမကြားလားမသိ ကြောင်တောင်တောင်လေးကြည့်နေသည်။ ခဏကြာတော့မှ..

“အာ ဟ~ဟုတ် ဆောရီး အကို”

ရင်တွေခုန်နေ၍ စကားတွေသည် ထစ်ထစ်ငေါ့ငေါ့ဖြင့်ထွက်သွားသည်။

“အောက်မကြည့်ဘဲစကားများနေတာကို ချော်ကျပြီပေါ့ တော်သေးတယ် အကိုဖမ်းပေးလိုက်လို့ပေါ့”

Pondရဲ့စကားတွေကြောင့် သူရှုပ်ထွေးသွားသည်။ အခုPondက သူ့ကိုမမှတ်မိတာလား မမှတ်မိတာလား။ သူ့ကိုယ်သူ ‘အကို’လို့သုံးပြီးပြောနေတာက သူ့ကိုမှတ်မိနေလို့လား။ မှတ်မိတယ်ဆိုရင်လည်းသူဘာလို့မသိချင်ယောင်ဆောင်နေတာလဲ။ အရမ်းသိချင်လာ၍ တည့်မေးလိုက်ရန်သာဆုံးဖြတ်လိုက်သည်။

“ဒါဆို အကိုဝင်တော့မယ်နော်”

“နေဦး!”

အိမ်ထဲဝင်ရန် တံခါးဖွင့်ခါနီးတွင် phuwinထံမှအသံထွက်လာသည်။

“အကိုကျွန်တော့်ကိုတကယ်မမှတ်မိတာလား မမှတ်မိချင်ယောင်ဆောင်နေတာလား အမှန်တိုင်းဖြေပေးပါ”

“ဟင် ဘာကိုလဲ”

“အကိုသိရဲ့သားနဲ့ဗျာ ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ ကျွန်တော့်ကိုမှတ်မိတယ်မလား”

သူ့စကားဆုံးပြီးနောက် ရုတ်တရက် အနားတိုးလာကာ..

“ဘာလို့မင်းကိုမှတ်မိတယ်လို့တပ်အပ်ပြောနိုင်ရတာလဲ”

“အခုဒီလိုလုပ်နေတာကြောင့်ပဲလေ အကိုသာကျွန်တော့်ကိုမသိရင် ဒီလိုတောင်ပြန်မေးနေမှာမဟုတ်ဘူး ပြီးတော့အကိုကျွန်တော့်ကိုစကားပြောတဲ့ပုံစံက ရင်းနှီးတဲ့ပုံစံနဲ့ပြောနေတာကို။ အမှန်တိုင်းဖြေပါ ကျွန်တော့်ကိုမှတ်မိနေတာပဲမလား”

သူ့စကားကိုပြန်မဖြေဘဲ အနားကိုထပ်တိုးလာသောကြောင့် နောက်ဆုတ်လိုက်သောအခါ အခန်းတံခါးနှင့်နောက်ကျောနှင့်ကပ်သွားရသည်။ ထို့နောက်လက်ကနံရံကိုထောက်ကာ Pond၏ မျက်နှာသည် သူ့နားတဖြည်းဖြည်းကပ်လာသောကြောင့်ရင်‌‌တွေအဆက်မပြတ်ခုန်လာကာ မျက်စိမှိတ်လိုက်မိသည်။

Pondသည် မျက်စိစုံမှိတ်ကာငြိမ်နေသော Phuwinအားကြည့်ပြီး တစ်ချက်ပြုံးကာ

“သိပ်မှတ်မိတာပေါ့ ကိုယ့်ကိုကြိုက်တယ်လို့ဖွင့်ပြောထားတဲ့သူကိုဘယ်မေ့နိုင်ပါ့မလဲ”

နားနားလေးကပ်ကာပြောလာသောကြောင့် တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထသွားရသည်။ P’pond က သူ့ကိုမှတ်မိနေလို့အံ့ဩတာကတစ်ကြောင်း သူကကြိုက်နေတဲ့အကြောင်းကိုပြန်ပြောလို့ရှက်တာကတစ်ကြောင်း ထိုနေရာမှာတင်ကျောက်ရုပ်အလားရပ်နေမိသည်။

“ဒီမှာ မင်းကိုယ့်ကိုကြိုက်တယ်ဆိုတာသိပေမယ့် ပါးတွေနီရဲလာအောင်ရှက်သွားတဲ့အထိ ကြိုက်လိမ့်မယ်တော့မထင်ထားဘူး”

နားနားကပ်ပြောလိုက်တာ‌ကို ပါးတွေနီးရဲတက်လာတဲ့ကောင်လေးကို စချင်လာ၍စလိုက်မိသောအခါ ခရမ်းချဉ်သီးအလား ပိုလို့တောင်တိုး၍နီရဲလာသေးသည်။ ထိုကောင်လေးအားကြည့်ကာအသဲယားနေမိသည်။

“ဘယ် ဘယ်မှာနီနေလို့လဲ မနီပါဘူး” ဆိုကာ အခန်းထဲကိုလှစ်ခနဲပြေးဝင်သွားသည်။

အခန်းထဲရောက်တော့ကြည့်လိုက်တော့မှ တကယ်ကိုနီနေတာပဲ

“အားးးးးးး ရှက်လိုက်တာနော်”ကောင်လေးတစ်ယောက်ကတော့အရှက်သည်းနေပေမယ့် နောက်ကောင်လေးတစ်ယောက်ကတော့ ထိုအရှက်သည်းနေသောကောင်လေးအား အသည်းယားစွာတစ်ယောက်တည်းပြုံးနေတော့သည်။______

နောက်နေ့…..

နာရီကြည့်လိုက်တော့ 1နာရီ။ ဒီနေ့မနက်ပိုင်းအပြင်မထွက်ဖြစ်ပေ။ အခုတော့ရုတ်တရက်ခေါက်ဆွဲပြတ်စားချင်လာ၍ အိမ်မှာလည်းဝယ်ထားပြီးသားမရှိတော့သောကြောင့်ထွက်ဝယ်ရတော့မည်။

အိမ်ကထွက်လာပြီး တံခါးကိုသော့ခတ်နေတုန်း ဘေးအခန်းကတံခါးကပွင့်လာကာလူတစ်ယောက်ထွက်လာသည်။ ဟုတ်ကဲ့ အားလုံးထက်တဲ့အတိုင်းအဲ့လူကPondပါပဲ။ ငါနှယ့် အရင်ကတော့တစ်ခါတောင်မတွေ့တာကို အခုမှပဲတိုက်တိုက်ဆိုင်ဆိုင်လာတွေ့ရတယ်လို့။ P’pond ကိုမြင်က ညကအကြောင်းပြန်တွေးမိပြန်သည်။

“အော် phuwin ဘယ်သွားမလို့လဲ”

“ကျွန်တော်ဒီနားက storeဆိုင်သွားမလို့”

“အော် ကိုယ်လည်း အဲ့ကိုပဲသွားမှာ တူတူသွားမယ်လေ”

လမ်းမှာ နှစ်ယောက်သားဘာမှမပြောဘဲသွားနေရင်း phuwinဘက်ကစကားစလာသည်။

“ဒါနဲ့ P’pond ဘာလို့ကျွန်တော့်ကိုမမှတ်မိချင်ယောင်တောင်တာလဲ”(edited)

“အမ်းးး အဲ့တာက တမင်တကာလုပ်လုပ်တာတော့မဟုတ်ပါဘူး အစကကိုယ်မင်းကိုတွေ့တော့ အံ့ဩသွားပြီးဘာပြောရမှန်းမသိဖြစ်သွားတာ။ ကိုယ်အမြင်မှားတယ်တောင်ထင်သွားတာ ဘာလို့ဆိုမင်းဘန်ကောက်ကိုလာမယ်လို့မထင်ဘူးလေ။နောက်တော့ဝယ်သူတွေများလာတာနဲ့ ကိုယ်မင်းကိုသတိမထားမိ‌တော့တာ နောက်ကိုယ်မင်းကိုရှာကြည့်တော့မတွေ့တော့ဘူး။ အဲ့တာနဲ့နောက်နေ့ကျတော့ မင်းကိုတွေ့တော့ ကိုယ့်ကိုဘယ်လိုတုံ့ပြန်မလဲသိချင်လို့မှတ်မိတယ်ဆိုတာမပြောလိုက်တာ”

“အော်..”

ဒီလိုနဲ့ဝယ်ပြီးအိမ်ပြန်လာခဲ့သည်။

“အကိုဒီနေ့ဆိုင်မသွားဘူးလား”

“မသွားဘူး တစ်ပတ်မှာ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်ပဲသွားတာ”

“အော် အဲ့တာကြောင့်အရင်နေ့တွေကမတွေ့တာကို”

“ဟမ်နေပါဦး အဲ့တာဆိုကျွန်တော် Americano အမြဲသောက်တာဘယ်လိုသိသွားတာလဲ”

“အော် အဲ့တာဝန်ထမ်းတွေကိုမေးလိုက်တာလေ”

“ကျွန်တော့်အကြောင်းစိတ်ဝင်စားတယ်ပေါ့”

“အင်း စိတ်ဝင်စားတယ်”

Pond ရဲ့အဖြေကြောင့် Phuwinတစ်ယောက် ရှက်သွားကာဟိုဘက်လှည့်သွားသည်။မေးတုန်းကမေးပြီး ပြန်ဖြေလိုက်တော့လည်းရှက်သွားတဲ့ကောင်လေးရယ်ပါ။ စကားတပြောပြောနဲ့လျှောက်လာရင် အခန်းရှေ့တောင်ရောက်လာပြီဖြစ်သည်။

“ကိုယ်ဝင်ပြီနော်အဲ့တာဆို”

“နေဦး P’pond ဖုန်းနံပါတ်ပေးထားဦးလေ တစ်ခုခုဆို ဆက်သွယ်လို့ရအောင်”

“ဟုတ်ပါပြီ”

“ကျွန်တော့်ဖုန်းနံပါတ်လည်းမှတ်ထားဦးနော် ဖုန်းဆက်ရင်မှတ်မိအောင်” ပြောပြိးသည်နှင့်အခန်းထဲမြန်မြန်ဝင်လိုက်ရသည်။

အခန်းထဲဝင်လာပြီးနောက် တံခါးကိုမှီ၍ ရင်ဘတ်ကိုဖိကာ ရပ်နေမိသည်။ အရင်က အကိုလို့သုံးကာပြောနေကျကို အခုတော့ သူ့ကိုယ်သူ‘ကိုယ်'ဟုသုံးကာ ပြောနေသောကြောင့် တစ်လမ်းလုံးရင်တွေကြိတ်ခုန်လာရသည်။ ဒီနေ့တော့ညရောက်ရင်အိပ်လို့ပျော်ပါ့မလား။______

မနေ့ကသူ့ဆီကဖုန်းနံပါတ်တောင်းသွားပြီးတော့ အခုနောက်နေ့ညတောင်ရောက်နေပြီ အခုထိဖုန်းတစ်ချက်မှမဆက်သေးဘူး။ အခုတော့ ဘာလုပ်လုပ် ဖုန်းကိုပဲစိတ်ရောက်နေရပြီ။ Phuwinရဲ့အခန်းရှေ့ကိုထွက်ကြည့်မိသည်။ အခန်းထဲမှာရောရှိရောရှိရဲ့လားမသိဘူး။ တစ်နေကုန်လည်းပေါ်မလာဘူး။

ည7နာရီ….

ဒီနေ့ဖုန်းကခေါ်ရောခေါ်ဦးပါ့မလား….တွေးနေရင်းး  ဖုန်းတစ်ကောလ်ဝင်လာသည်။ ကြည့်လိုက်တော့ Phuwin ဝမ်းသာအားရနှင့်ကောက်ကိုင်လိုက်သည်။

“ဟယ်လို P’pond”

ဖုန်းကိုင်ကိုင်ချင်းကြားလိုက်ရတဲ့အသံလေးကြောင့်စိတ်အေးချမ်းသွားသည်။

“ဟို~ကျွန်တော်ခေါက်ဆွဲပြုတ်သောက်ဖို့လုပ်နေတာ တစ်ယောက်တည်းသောက်ရမှာပျင်းလို့ အကိုရောသောက်မလား ကျွန်တော်အကို့အခန်းဆီလာခဲ့မယ်”

“အော် ရတယ်လာလေ”

အမှန်တော့ခေါက်ဆွဲပြုတ်သောက်ချင်၍တော့မဟုတ်ပါ။ တစ်ယောက်သောသူလေးအားလာစေချင်လို့သာ။

တံခါးခေါက်သံကြားရ၍ သွားဖွင့်ပေးလိုက်သည်။ ဝင်ဝင်လာချင်းဟီးခနဲရီပြကာ

“P’pond ရော သောက်မှာမလား ကျွန်တော်ပြုတ်ပေးမယ်လေ”

“ရတယ် ကိုယ်ပြုတ်လိုက်မယ် ထိုင်စောင့်နေ”

ပြုတ်ပေးမယ်‌ဆိုတော့လည်းဘာမှမပြောဘဲထိုင်သာစောင့်နေလိုက်သည်။ခေါက်ဆွဲပြုတ်နေတဲ့ P’pond က အလွန်ကြည့်လို့ကောင်းလှသည်။ ဘာလုပ်လုပ်ကိုကြည့်လို့ကောင်းနေတော့တာပဲ။နေ့တိုင်းဒီလိုချက်ကျွေးမယ့်သူလေးသာရှိရင်ဘယ်လောက်ကောင်းလိုက်မလဲနော်…ကိုယ့်အတွေးနဲ့ကိုယ်မေးထောက်ကာကြည့်နေရင်း လှည့်ကြည့်လာသောကြောင့် အမြန်အကြည့်လွှဲလိုက်ရသေးသည်။

ခဏအကြာ စားပွဲပေါ်သို့လာချသော အငွေ့တထောင်းထောင်းနှင့်ခေါက်ဆွဲအိုး။

ခေါက်ဆွဲစားနေရင်းနဲ့မေးချင်တာတစ်ခုခေါင်းထဲပေါ်လာသည်။

“P’pond ကော်ဖီဆိုင်ကပန်းချီတွေက P’pond ဆွဲထားတာမလား”

“ဟုတ်တယ် အကိုကဆိုင်ကိုမသွားဖြစ်တဲ့ရက်တွေအိမ်မှာပန်းချီဆွဲဖြစ်တယ်လေ”

“အဲ့တာကြောင့်ထင်သားပဲ ပန်းချီတွေကအဲ့လောက်လှနေတည်းက P’pond ဆွဲတာပဲလို့”

“ဒါပေါ့ ဆွဲတဲ့သူကဘယ်သူမို့လို့လဲ လှရမှာပေါ့”

“ဟုတ်ပါပြီ”..ဒီလိုနဲ့ဘာမှဆက်မပြောဖြစ်တော့ဘဲ နှစ်ယောက်လုံးခေါက်ဆွဲသာစားနေကြသည်။

ခေါက်ဆွဲကသိပ်မစပ်ပေမယ့် ဆက်တိုက်စားတော့စပ်လာသည်။

“အဟွတ် အဟွတ်”

“သီးသွားတာလား ရော့ ဒီမှာရေ”Pondလည်းပြာပြာသလဲနှင့်ရေထယူပေးသည်။

“ရသွားပြီလား ရေထပ်ယူဦးမလား”

“ရပြီရပြီ”

Pondသည် phuwinအားစိတ်ပူစွာကြည့်နေရင်း အကြည့်တွေသည် ‌နှုတ်ခမ်းဆီသို့ရောက်မိသည်။ နဂိုတည်းက ဖူးနေသောနှုတ်ခမ်းလေးသည် ခေါက်ဆွဲ၏အစပ်ဒဏ်ကြောင့် စိုစွတ်၍နီနေကာ ဖူးယောင်နေသည်။ ထိုလှပသောအရာလေးကိုမြင်မိခိုက် မလုံမလဲဖြစ်သွားရသည်။ ထို့ကြောင့်အမြန်ပင်အကြည့်လွှဲလိုက်ရသည်။

“P’pond ဒီနားမှာဘာဖြစ်နေတာလဲမသိဘူး စပ်လို့”

P’pond သူ့နှုတ်ခမ်း‌ဆီကိုအကြည့်ရောက်နေသည်ကို သူသိသည်။ ထို့ကြောင့်နောက်တစ်ခါသူ့နှုတ်ခမ်းကိုအာရုံစိုက်မိစေရန် ဟိုနေ့ကလက်သည်းနှင့်ခြစ်မိသွားသာ နှုတ်ခမ်းအောက်နားမှဒဏ်ရာလေးအား ညွှန်ပြကာမေးလိုက်သည်။

“နည်းနည်းနီနေတယ်”

ကျွန်တော်က P’pond ကိုကြည့်နေတဲ့အချိန် P’pond ကလည်းမော့ကြည့်လာ၍ မျက်လုံးချင်းဆုံသွားသည်။ နှစ်ယောက်စလုံးတော်တော်ကြာကြာအကြည့်မလွှဲမိကြပေ။ ထို့နောက် P’pond ၏ နှုတ်ခမ်းတွေသည် သူ၏နှုတ်ခမ်းတွေနားနီးကပ်လာသည်။ သို့သော် ဆက်မလာဘဲ ရပ်သွားသာကြောင့် အားမရကာ သူ့ဘက်ကအရင်စနမ်းမိလိုက်သည်။ သူ့နှုတ်ခမ်းတွေသည် pondရဲ့ နူးညံ့လှတဲ့ နှုတ်ခမ်းတွေအပေါ်ရောက်နေပြီဖြစ်သည်။ ဒီတ်ိုင်းလေးပဲဖိကပ်ထားလိုက်သည်။ ခဏအကြာ ဖယ်ခွာလိုက်မိသည်။

သို့သော် pondက သူ့အားအလွတ်မပေးဘဲ တစ်ဖန် နှုတ်ခမ်းသားတွေအားပြန်ထိကပ်လိုက်တယ်။ ဒီတစ်ခါတော့ ရိုရိုးဖိကပ်ထားခြင်းမဟုတ်ဘဲ P’pond ဘက်မှ သူ့နှုတ်ခမ်းတွေအား အနည်းငယ်စုပ်ယူလာသည်။ Pondသည် Phuwin၏ နှုတ်ခမ်းဖူးဖူးလေးအား ကျွမ်းကျင်သူတစ်ယောက်သဖွယ် အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူကာ တရှုံ့ရှုံ့နမ်း‌နေသည်၊ ခက်ထန်ခြင်းတစ်စက်မျှမပါဘဲ နူးနူးညံ့ညံ့လေးသာ။

ခဏအကြာနှစ်ယောက်စလုံးအောက်ဆီဂျင်လိုအပ်လာသဖြင့် နဖူးချင်းထိကာအမောဖြေနေကြသည်။ အချင်းချင်းကြည့်ကာရယ်မိကြသည်။

“ကျွန်တော်အဖြေတောင်းထားကျကြာလှနေပြီကိုအဖြေမပေးဘဲနဲ့ နမ်းကျတော့နမ်းတယ် တော်တော်အသားယူတာပဲ”

“အ‌ဖြေပေးစရာတောင်လိုရဲ့လား ကိုယ့်စိတ်ကိုမင်းသိနေပြီးသားပဲမဟုတ်ဘူးလား ဟမ်”

နမ်းထားလို့အခုထိအမောမပြေသေးတဲ့ကောင်လေးအားမေးဖျားမှကိုင်ကာအသည်းယားစွာပြောမိသည်။

“ဒါဆိုကျွန်တော့်ကိုချစ်လား”

နှုတ်ခမ်းကိုတစ်ချက်ဖိကပ်နမ်းလိုက်ကာ..

“ဒါဆိုသိပြီလား မင်းကိုချစ်မချစ်ဆိုတာ”

“ဟင့်အင်း ပါးစပ်နဲ့ပြောတာကြားချင်တာ” (edited)

“ကိုယ်မင်းကိုချစ်တယ်နော် Phuwin”

“ဒါမှပေါ့ ဟီးဟီး ကျွန်တော်လည်းချစ်တယ်”

ကောင်လေးတစ်ယောက်ကတော့ ငယ်ငယ်တည်းကတောင်းထားတဲ့အဖြေက နောက်8နှစ်လောက်ကြာမှရလိုက်ပေမယ့်လည်း အဖြေသည်သူလိုချင်သောအဖြေဖြစ်သောကြောင့် အရမ်းကိုပျော်နေပါတော့သည်။_____

အခုဆို P’pond နဲ့ကျွန်‌တော်နဲ့တွဲလာတာ 6လကျော်ပြိဖြစ်သည်။ ကျွန်တော်ကတော့ တချို့ပွဲကြီးတွေမှာ စန္ဒယားတီးပေးဖို့အငှားခံရတယ်။ အရင်ကထက်တော့နာမည်ပိုရှိလာပြီ။  အားတဲ့ရက်တွေမှာတော့ P’pond နဲ့အတူcoffeeဆိုင်မှာဝိုင်းကူ‌ပေးဖြစ်သည်။

အခုတော့P'pondအိမ်ကိုရောက်နေခြင်းဖြစ်သည်။ P’pond ရဲ့အခန်းကို‌ေသချာကြည့်နေရင်း စာအုပ်‌လေးတစ်အုပ်တွေ့မိသည်။ အရင်ကမတွေ့ဖူး၍ ယူကြည့်လိုက်သည်။ ထိုအခါ စာအုပ်ထဲမှ ပုံဆွဲထားတဲ့စာရွက်လေးတွေထွက်ကျလာသည်။

စာရွက်‌ေလးတွေယူကြည့်လိုက်တော့ သူငယ်ငယ်ကစန္ဒယားတီးနေတဲ့ပုံတွေ ဆော့နေတဲ့ပုံတွေ စာရေးနေတဲ့ပုံတွေ ဆွဲထားတာဖြစ်သည်။ ဘာလဲ P’pond က သူ့ပုံတွေဆွဲထားတာလား။ ထိုအချိန် ရေချိုးခန်းထဲမှထွက်လာသော Pondကမြင်သွားကာ စာရွက်တွေအားလာဆွဲလုသည်။

“ P’pond ကျွန်တော့်ပုံတွေဘယ်တုန်းကဆွဲထားတာလဲ”

“ဟူးးးတွေ့သွားပြီဆိုတော့လည်းပြောရတော့မှာပေါ့”

“အမှန်တော့ ကိုယ်လည်းမင်းကိုစတွေ့တဲ့အချိန်တည်းကစိတ်ဝင်စားခဲ့တယ်ထင်တာပဲ ဒါပေမဲ့အဲ့တုန်းကတော့ငယ်သေးလို့ထင်တယ် ကိုယ်မင်းအပေါ်ခံစားရတဲ့စိတ်ကိုနားမလည်ဘူး ပြီးတော့အဲ့တုန်းက မင်းအပေါ်အဲ့လိုခံစားရတာကိုမသိစေချင်ဘူး သိသွားရင်ကိုယ်တို့ရဲ့ရင်းနှီးမှုလေးပျက်စီးသွားမှာစိုးရိမ်ခဲ့တာထင်ပါတယ် အဲ့တာကြောင့်ဒီပုံတွေမြင်သွားရင် ကိုယ့်ခံစားချက်ကိုသိသွားမှာစိုးလို့ဖွက်ထားခဲ့တာ မင်းကိုယ့်ကိုဖွင့်ပြောတော့ပျော်ပေမယ့် ဘာပြန်ပြောရမှန်းမသိခဲ့ဘူး”

“ပြီးတော့ကိုယ်မင်းကိုမနှုတ်ဆက်ပဲပြန်လာခဲ့ရတာကလည်း အဲ့နေ့ကဘန်ကောက်ကဖွားဖွားအသည်းအသန်ဖြစ်လို့ညဘက်ကြီးအလောတကြီးပြန်လိုက်ရတာ နှုတ်ဆက်ချင်ပေမယ့်အချိန်မရလိုက်ဘူး”

“အင်းပါ ကျွန်တော်သိပါတယ် အကြောင်းရင်းတစ်ခုခုရှိမယ်ဆိုတာ”

“ဒါဆို P’pond က ကျွန်တော့်ကိုအရင်ကြိုက်ခဲ့တာပဲ”

“မင်းကကိုယ့်ကိုအရင်ကြိုက်တာလည်းဖြစ်နိုင်တာပဲလေ”

“မဟုတ်ပါဘူးနော် P’pond ကအရင်ကြိုက်တာ”

သူအရင်ကြိုက်တာမဟုတ်ကြောင်းအားရပါးရနှုတ်ခမ်းတ‌ထော်ထော်နှင့်ပြောနေသည့်phuwinအား စိတ်မထိန်းနိုင်တော့ဘဲ နမ်းလိုက်မိသည်။ phuwin၏ နှုတ်ခမ်းတွေသာရှိရင် သူ့အတွက်တော့ ပျားရည်တွေသကြားလုံးတွေ မလိုတော့ပါဘူး။ ခက်ထန်ခြင်းတွေမပါဘဲ နူးနူးညံ့ညံ့လေးသာ ဖိကပ်ထားမိသည်။ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲထိတွေ့ရရ သူ့အတွက်တော့ဘတစ်သက်လုံးမငြီးငွေ့သွားမယ့်နှုတ်ခမ်းတွေပါပဲ။

ဤသို့ဖြင့် ကောင်လေးနှစ်ယောက်၏နံနက်ခင်းသည် လှပနေတော့သည်။ နောင်လာမည့်နံနက်ခင်းတိုင်းသည်လည်းလှပနေဦးမည်ဖြစ်သည်။ ထို့ကြောင့်မည်မျှပဲဝေးကွာသွားပါစေ ကံကြမ္မာမှန်ရင်ပြန်တွေ့ပြီးပေါင်းဖက်ကြရတာပါပဲ…..။

_______end________

There are no comments yet. Log in to be the first to leave a review!

Similar stories