Fanfics

[05]

19:05, 15 July 2024

မှောင်မဲနေသောလမ်းတစ်လျှောက် လမ်းမီးတိုင်မှိန်မှိန်လေးကအဖော်ပြုပေးလိုနေသည်။သန်းခေါင်ယံကိုနည်းနည်းစွန်းနေတဲ့အချိန်ဖြစ်တာကြောင့်လမ်းပေါ်လူသွားလူလာသိပ်မရှိ။အမဲရောင်အိတ်လေးကိုဘေးစောင်းလွယ်ထားပြီးခရီးဆောင်အိတ်ကိုဆွဲကာလမ်းလျှောက်နေတဲ့ကောင်လေးကဖုန်းကနေမျက်စိများမခွါပေ။

~ဂျောက်~

လေးထပ်အဆောင်အအုံရဲ့ဒုတိယအထပ်မှထွက်ပေါ်လာသော တံခါးဖွင့်သံက တိတ်ဆိတ်နေသော အမှောင်ထဲတွင်ပဲ့တင့်လျှက်။

"Piပြန်လာတာ စောလိုက်တာ"

"အေး ဒီတစ်ခေါက်ကစောစောပြီးတာ ဘာလို့မအိပ်သေးတာလဲနောက်ကျနေပြီကို"

"Piကိုစောင့်နေတာ"

"သွား အိပ်တော့ မနက်ဖြန်ကျောင်းရှိသေးတာကို"

"သွားပြီဗျာ ကျွန်တော်ကစေတနာနဲ့စောင့်နေတာကို"

ပေကပ်ကပ်ပြောပြီး ထထွက်သွားတဲ့ သေးသေးလေး။အသက်တစ်နှစ်ပဲကွာတာတောင် သူရဲ့ကလေးလေးတစ်ယောက်လို။စားပွဲပေါ်ကပေါင်မုန့်နဲ့ကော်ဖီကတော့ သူပြန်လာတိုင်းမပြောင်းမလဲတည်ရှိနေသည်။ဗိုက်သိပ်မဆာပေမယ့် မစားရင် မနက်ဖြန်မနက်ကြားရမယ့်အသံတွေက်ို အခုကတည်းကကြားနေရပြီ။

~ကလင်~ပထမအလုပ်တစ်ခုကအခုတင်ပြီးသွားပေမယ့် နောက်တစ်ခုကသူကိုကြိုဆ်ိုနေပြန်ပြီ။အလုပ်နှစ်ခုဆိုပေမယ့်လည်းအချိန်ကွာခြားတာကြောင့် ပင်ပန်းတာကနည်းနည်းတော့သက်သာသည်။ဒါပေမယ့် ဒုတိယအလုပ်ကနေရာအတည်တကျမရှိတာကြောင့် အသွားအပြန်ကတော့ခက်ခဲသည်။တစ်ခါတလေ ညမိုးချုပ်နဲ့နေ့တွေဆို ရထားကော တက္ကစီကောမရှိရင် အလုပ်မှာပဲအိပ်ရတဲ့နေ့တွေလည်းရှ်ိသည်။ သူ့အတွက်ကအဆင်ပြေပေမယ့် အိမ်မှာတစ်ယောက်တည်းကျန်နေတဲ့သူအတွက်တော့ စိတ်မချပေ။

လက်ကျန်ပေါင်မုန့်ကိုအကုန်ထိုးထည့်လိုက်ကာဝင်လာတဲ့စာကိုပြန်စာရေးပြီး တစ်နေ့တာကိုအဆုံးသတ်လိုက်တော့သည်။

"အဆင်ပြေပါတယ် မနက်ဖြန်၇နာရီလာခဲ့မှာမလို့ လိပ်စာလေးပို့ပေးပါ"..........."Piရေ ကျွန်တော့် အကြွေစေ့အိတ်လေးတွေ့မိသေးလား"

မျက်လုံးမဖွင့်သေးပေမယ့် အပြင်ရဲ့ဆူညံသံကသူ့ကိုနှိုးဆော်နေသည်။ဒီဆူညံသံအရဆို မနက်၈နာရီခွဲနေမှာအသေအချာ။ကျောင်းသွားခါနီးအမြဲတမ်းပစ္စည်းတစ်ခုခုပျောက်တတ်တဲ့ အကျင့်ကို ပြင်ပေးမှဖြစ်တော့မယ်နဲ့တူတယ်။

"ဘာအရောင်လဲ"

"အပြာအရင့်အိတ်လေး Piမွေးနေ့လက်ဆောင်ပေးထားတဲ့အိတ်"

"မင်းဟာလေ အမြဲတမ်းအဲ့ဒီလိုပဲ နောက်ဆုံးဘယ်နားထားခဲ့လဲမှတ်မိလား"

"ကျွန်တော်မသိတော့ဘူး သွားပြီ ကျောင်းနောက်ကျတော့မယ်...... ဟာ တွေ့ပြီ Piရေ ကျေးဇူးပဲ သွားတော့မယ် ဒီနေ့အိမ်ပြန်နောက်ကျရင်ဖုန်းဆက်လိုက်နော်"

စကားပြောရင်းပြေးထွက်သွားတဲ့ထိုကောင်လေးကိုမျက်မှောင်ကျုတ်ပြီးကြည့်ရုံသာရှိတော့သည်။အချိန်ကိုကြည့်လိုက်တော့ ၉နာရီရောက်နေပြီမလို့ အလုပ်သွားဖို့ပြင်လိုက်တော့သည်။

ဆောင်းရာသီကိုနည်းနည်းလေးဝင်လာပြီမလို့ မနက်ခင်းကခပ်စိမ့်စိမ့်လေးနဲ့နေလို့ကောင်းနေသည်။အရမ်းမအေးသေးတာကြောင့် အကျီတွေအထပ်လိုက်ကြီးဝတ်စရာမလိုပေ။လည်ပင်းကမာဖလာကတော့ သူမဝတ်ရမနေနိုင်တဲ့အကျင့်တစ်ခု။

သိပ်မဝေးတာမလို့ လမ်းလျှောက်ပြီးသာသွားလိုက်သည်။ဆိုင်ထဲမဝင်ခင်ကတည်းက ကော်ဖီနံလေးကသူ့နှာခေါင်းနားအပြေးရောက်လာ၏။

ဘုတ်•

သူတံခါးဖွင့်ဖွင့်ချင်း အမြန်ပြေးဝင်သွားတဲ့လူတစ်ယောက်။ပုခုံးကိုလည်းတိုက်သွားတဲ့တာက်ို မတောင်းပန်တဲ့အပြင်လှည့်တောင်မလှည့်ကြည့်။ယဉ်ကျေးမှူမရှိလိုက်တာလို့ပဲတွေးပြီး ဆိုင်ထဲဝင်ခဲ့လိုက်တော့ ခုနကသူ့ကိုတိုက်သွားတဲ့ လူက ကောင်တာမှာကော်ဖီမှာနေသည်။

"Tang ရောက်ပြီလား"

"အင်း"

အမြဲတမ်းshiftချိန်းနေကျကောင်လေးကိုနှုတ်ဆက်ပြီး အကျီလဲဖို့ဝင်ခဲ့လိုက်သည်။သူစိတ်အထင်ပဲလားမသိပေမယ့် တစ်ယောက်ယောက်ကသူ့နောက်ကျောကိုလှမ်းကြည့်နေသလိုခံစားရတယ်....

"Tang မနက်စာစားလာလား"

"အင်း"

"ဟာ အဲ့ဒါဆိုငါတစ်ယောက်တည်းစားရတော့မယ်"

မနက်စာမစားလာတဲ့နေ့ဆိုတူတူ စားနေကျLucasကတူတူမစားဖြစ်ရင် ငြီးနေကျစကား။

"vanilla frappuccinoရပါပြီ"

မှာထားတဲ့ကော်ဖီကိုအော်လိုက်တော့ နေရာကနေထလာတဲ့ ခုနကလူ။ပုံမှန်ဆို လူတွေနဲ့မျက်နှာကိုသိမ်မကြည့်တတ်ပေမယ့် ခုနကသူ့ကိုတိုက်သွားတာကြောင့် အခဲမကြေကာ ထိုလူမျက်နှာကို ခပ်စေ့စေ့ကြည့်လိုက်သည်။

ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ ဆွဲထားသယောင် မျက်ခုံးက အချိုးညီနေသည်။ရှေ့ဆံပင်ကောက်ကောက်တွေက အမြင်ကတ်စရာကောင်းအောင် ကောက်ကွေ့နေသည်။

ချောတယ် အာ ကြည့်ကောင်းတယ်လို့တွေးရင်ပိုမှန်မလား

"ကျေးဇူးပါ"

အရမ်းကိုကြာမှကြားလိုက်ရတဲ့ သူ့ရဲ့ အမိမြေစကား။ခနတာ ကြောင်သွားပေမယ့် Lucasရဲ့ခေါ်သံက မူလနေရာကိုပြန်ဆွဲခေါ်ခဲ့သည်။

အဆက်မပြတ်သွားနေတဲ့နာရီလက်တံကြောင့် သူရဲ့ပထမအလုပ်ကပြီးခါနီးကိုနီးလာပြီ။တက္ကသိုလ်အရှေ့မှဖွင့်ထားတာကြောင့် ကျောင်းသားများကပိုများသည်။သူ့အရွယ်ကျောင်းသားများလို့ပြောရင်ပိုမှန်မလား။မတူညီတဲ့ကံတွေကြောင့်ဘယ်သူကိုမှအပြစ်မတင်ပဲရှင်သန်နေရတာကသူ့ရဲ့တာဝန်။တခါတလေပင်ပန်းတာကတော့ သူ့ရဲ့ဝဋ်ကြွေးပေါ့။

သူပြန်ခါနီးအချိန်ကိုကြည့်လိုက်တော့၅နာရီစွန်းနေပြီ။နောက်အလုပ်က၇နာရီမှမလို့ အေးဆေးလမ်းလျှောက်ရင်း ပြန်လာခဲ့လိုက်သည်။နေလာတာ၅နှစ်ကျော်လာပြီမလို့ ဒီနေရာတွေကစိမ်းတော့မစိမ်းတော့။ဒီနားကလူတွေနဲ့တောင်ရင်းနှီးနေပြီ။အိမ်နဲ့မျက်နှာချင်းဆိုင်ကပေါင်မုန့်ဆိုင်ကိုဝင်ကာ ဒီနေ့ညစားနဲ့အိမ်ကအငယ်လေးအတွက်ပါဝယ်ခဲ့လိုက်သည်။ဆိုင်ကပြန်ထွက်ခါနီး မနက်လူကိုထပ်တွေ့လိုက်ရပြန်သည်။လမ်းကူးဖို့စောင့်နေတဲ့ထိုလူ။ဒီနေ့တစ်နေ့ထဲကိုဘယ်နှစ်ခါတောင်တွေ့နေရမှာလဲ။

လှမ်းကြည့်နေတာကြာသွားတာကြောင့်ထင်တယ် ဖုန်းကိုကြည့်နေတဲ့မျက်နှာကမော့ကို လမ်းတစ်ဖက်ခြမ်းကသူ့ကိုလှမ်းကြည့်သည်။မျက်နှာချက်ချင်းလွှဲလိုက်တဲ့အချိန် မီးနီက စိမ်းသွားတာကြောင့် ထိုလူနဲ့ဝေးတဲ့ဘက်အခြမ်းကိုရွေးကာ လျှောက်သွားလိုက်သည်။

ဒီလူကိုထပ်မတွေ့ရပါစေနဲ့လို့ပဲ မသိစိတ်ကဆုတောင်းနေမိသည်။ဆုတောင်းသံကိုလျစ်လျူရူထားတဲ့ နှလုံးသားကတော့ ထိုလူကိုထပ်ပြီးတွေ့ချင်မိပြန်တယ်..•••••••••••••ဒီတစ်ခါသွားရမယ့်နေရာကဝေးတာမလို့ တက္ကစီစီးရုံကလွဲပြီးမရှိပေ။အထုတ်အပိုးတွေကလည်းများတာမလို့လည်းပါသည်။သွားရမယ့် လမ်းကိုညွှန်ပေးလိုက်ပြီးပြတင်းပေါက်ကတစ်ဆင့် Parisရဲ့ညအလှကိုခံစားမိနေသည်။၅နှစ်။ ဒီကိုပြောင်းလာခဲ့တာ ၅နှစ်ပြည့်ပြီး သူဒီအလုပ်ကိုရွေးချယ်ခဲ့တာ ၄နှစ်စွန်းစွန်း။ဝါသနာအရမဟုတ်ပေမယ့် မကြိုက်တာလည်းမဟုတ်ပေ။အနုပညာတစ်ခုမလို့ သူ့တာဝန်အရလုပ်ရမည်။ပြီးတော့ သူရဲ့ကြိုးစားမှုက နှစ်နှစ်အတွင်းအရာထင်ခဲ့သည်။

နယ်လှည့်ဖျော်ဖြေရတဲ့အခြေအနေကိုငြင်းပယ်ထားပြီး ဒီအနီးအနားပတ်ဝန်းကျင်က ဇာတ်စင်တွေသာ ဖျော်ဖြေတဲ့ ဘဲလေးအကသည်ပင်။သာမာန်ယောကျာ်းလေးတစ်ယောက်ရဲ့ အလုပ်မျိုးနဲ့သွေဖယ်နေပေမယ့် အရမ်းထူးဆန်းနေတာတော့မဟုတ်။ဒါပေမယ့် သဘောကျတဲ့လူတွေကော မကြိုက်တဲ့သူတွေလည်းရှိသည်။ဒါကသူ့အလုပ်မဟုတ်။သူ့ခြေထောက်တွေမကျိုးမချင်းတော့ဒီအလုပ်ကိုဆက်လုပ်နေအုန်းမည်။

ဆင်းရမယ့်နေရာရောက်တော့အထုတ်တွေကို လွယ်ကာအသင့်ပြင်လိုက်သည်။ဆင်းရမယ့်နေရာရောက်တော့ပိုက်ဆံပေးပြီး သူ့အလုပ်နေရာရှေ့ခြေတစ်စုံရပ်လိုက်သည်။အရင်ပြဇာတ်တွေနဲ့မတူတဲ့အပြင် အရမ်းကိုခမ်းနားလွန်းတာကြောင့် နည်းနည်းတော့ အံ့ဩသင့်မိသည်။

ဘာပဲဖြစ်ဖြစ်အကောင်းဆုံးလုပ်ရမယ်ဆိုတဲ့သူ့ဆောင်ပုဒ်ကိုကိုင်ဆောင်ပြီး လက်ကိုင်အိတ်ကိုတင်းတင်းဆွဲကာ ပြဇာတ်ရဲ့လှေကားကိုခြေစလှမ်းလိုက်သည်။

"Tangမလား လာ ဒီဘက်ပဲ"

လမ်းပြပေးတဲ့အဒေါ်ကြီးနောက်လိုက်သွားပေမယ့် မျက်စိအဆုံးအံ့ဩမှုများကတော့ မကုန်နိုင်ပေ။တစ်ကယ့်ကိုကြီးလွန်းတဲ့အဆောက်အအုံ။သူဒီမှာနေတဲ့အတွင်းသိပ်မမြင်ဖူးတော့ အသစ်အဆောက်အုံပဲဖြစ်ရမယ်။ အတွင်းပိုင်းတွေကတည်းတစ်ကယ့်ကိုခမ်းနားလွန်းတယ်..

"ဒီမှာပဲ အဝတ်လဲပြီး ခနစောင့်နေနော် ပြီးရင် မိတ်ကပ်ဆရာတွေဝင်လာလိမ့်မယ် နည်းနည်းအေးနေတာမလို့ အဆင်ပြေရင် heaterဖွင့်ပေးထားရမလား"

"ရပါတယ်ဗျာ"

"သေချာရဲ့လားကောင်လေး နင့်ကြည့်ရတာအေးနေတယ်နော် ဖွင့်ထားခဲ့ပေးမယ်နော် လိုအပ်တာရှိရင် ဒီခလုတ်လေးနှိပ်လိုက်"

ပြန်ဖြေတာတောင်မစောင့်ပဲ ပြန်ထွက်သွားတဲ့ထိုအဒေါ်ကြီး။

"ဟူး အကျီအရင်လဲတာပေါ့"............တစ်ခြားကမ္ဘာတစ်ခုကိုရောက်နေတဲ့ ခံစားချက်တစ်ခု။ လေပေါ်မြှောက်နေတာထပ် သူရဲ့ ကမ္ဘာကြီးက တမူထူးပြီးလည်ပတ်နေသလို။ကနေတဲ့အချိန်လူတိုင်းကသူကိုပဲအာရုံစိုက်နေတာကို သူသဘောအကျဆုံး။သံဇဉ်နဲ့အညီထိန်းရတဲ့ခြေထောက်တွေက ဦးနှောက်ကစေခိုင်းမှုထပ် သူ့အလိုလိုလှုပ်ရှားနေတာပင်။

ရပ်ကျသွားတဲ့သီချင်းသံနဲ့ မောဟိုက်နေတဲ့သူ့ခန္ဓာကိုယ်။လက်ခုပ်သံတွေကြား သူ့မျက်နှာမော့လိုက်တော့ အကြည့်တွေကတစ်နေရာမှာအခြေစိုက်သည်။ဒုတိယအထပ်ရဲ့ ဦးစားပေးနေရာ။သူသိသလောက်ဆို အဲ့ဒီနေရာမှာထိုင်တဲ့သူတွေကသာမာန်အဆင့်အတန်းတွေမဟုတ်။ဖျက်ကနဲဆုံးဖြတ်ပြီး ထိုအကြည့်တွေကို ရပ်ပစ်လိုက်သည်။

"ဒီနေရာကဆေးလိပ်သောက်လို့မရဘူး"

အဆောက်အအုံရဲ့မှောင်မဲထဲဘယ်သူမှမသိအောင်ဆေးလိပ်လာသောက်ပါတယ်ဆို လူမိသွားပြန်ပြီ။စကားသံကိုကြားလိုက်ရတာမလို့ အမြန်ဆေးလိပ်ကို လွှတ်ချလိုက်ပြီး နင်းချေကာ ထိုစကားသံလာရာလှည့်လိုက်သည်။

မမှတ်မိချင်တဲ့ ဦးနှောက်နဲ့ ဆွဲလမ်းနေအောင်မှတ်မိတဲ့နှလုံးသားရဲ့အသိပေးလိုက်တဲ့ ထိုလူရဲ့ပုံစံ။ဆံပင်အကောက်တွေကိုအကုန်သိမ်းပြီးလှမ်းတင်ထားပြီး အနောက်တိုင်းဝတ်စုံကသူမနက်ကတွေ့တဲ့လွတ်လပ်တဲ့ပုံစံနဲ့ကွဲပြားသည်။

"မင်း ကတာမိုက်တယ်"

"ကျေးဇူးပါ"

"Pond ငါ့နာမည်"

"Tang"

"မဟုတ်ဘူး အဲ့ဒါမင်းနာမည်အစစ်မဟုတ်ဘူးမလား"

တစ်ဖက်သက်ဝေဖန်နေတဲ့ ထိုလူ။

"Phuwinဟုတ်တယ်မလား ငါစာရွက်မှာတွေ့လိုက်တယ်"

"Tangလိုသိထားရင်ပဲရပါပြီ"

"မင်းကငါ့ထပ်ငယ်မယ့်ပုံပဲ"

သူပြောတာကိုလုံးဝလျစ်လျူရူတာခံလိုက်ရသည်။မျက်စောင်းထိုးရန်လှမ်းကြည့်လိုက်တော့ သူကိုလှမ်းကြည့်နေတဲ့ မျက်ဝန်းလှလှလေးတွေ။မသိလိုက်ခင်မှာပဲ သူ့ရဲ့လက်တွေကထိုလူရဲ့ရှေ့ဆံပင်ကိုသပ်ပေးလိုက်မိသည်။အသိစိတ်ပြန်ဝင်လာတော့ ပြန်ရုတ်သိမ်းရန်ပြင်နေတဲ့သူ့လက်တွေကလှမ်းဆွဲခြင်းခံလိုက်ရပြန်သည်။အနားကိုအတင်းကပ်လာပြီး တိုးတိုးပြောသွားတဲ့စကားသံကသူ့နှလုံးသာထိတောင်ရိုက်ခတ်သွားစေသည်။

"Win ငါတစ်ယောက်ပဲခေါ်ပိုင်ခွင့်ရှိတဲ့နာမည်ပဲ"

ချက်ချင်းလှည့်ထွက်သွားတဲ့ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး သက်ပြင်းချသံကိုတော့ထိုလူမကြား။............."Tang အော်ဒါလေးကောက်ပေးပါအုန်း"

ကော်ဖီဖျော်နေတာမလို့ကောင်တာဘက်ကိုသူလှည့်မကြည့်မိ။

"ဘာသောက်မလဲဗျ"

"vanilla frappuccino"

ရင်းနှီးနေတဲ့အသံကြောင့်မော့ကြည့်လိုက်တော့မနေ့ညကလူ။

"ခနလောက်စောင့်ပေးပါ"~~ရာသီဥတုကနေလို့ကောင်းတော့ ပန်းခြံကထင်ထားတာထပ်လူစည်းကားနေသည်။အလုပ်နားချိန်မလို့ အနီးနားကပန်းခြံမှာစာဖတ်ဖို့ထွက်လာခဲ့ပေမယ့် သူစိတ်တွေကတော့တစ်ခြားဆီမှာ။

"Winအလုပ်ပြီးသွားပြီလား"

"ခနနားနေတာ"

စကားကိုတစ်နာရီတောင်ပြည့်အောင်မပြောဖူးပေမယ့် ရင်းနှီးနေတဲ့ခံစားချက်တစ်ခု။

"အဲ့ဒါဆိုခနလိုက်ခဲ့"

လက်ကိုအတင်းဆွဲပြီး ခေါ်သွားတာမလို့ငြင်းချိန်တောင်မရလိုက်။ကားထဲရောက်တော့လည်း ဘာစကားတစ်ခွန်းမှမစမိ။သူစိမ်းခေါ်တာကိုသူငြင်းရမှာကိုဘာလို့မငြင်းတာလဲ..သူ့စိတ်တွေကဘာလို့ထိန်းချုပ်ရခက်နေတာလဲ~~~

"ရောက်ပြီ Win"

ပြခန်းတစ်ခု။ရှေးဟောင်းအပြင်အဆင်တွေကသူ့ကိုသိပ်ကိုဆွဲဆောင်သည်။

"ဘာလို့ဒီကိုလဲ"

"Winသဘောကျမယ်ထင်လို့ "

ထိုစကားတစ်ခွန်းနဲ့တင်သူရင်ခုန်နှုန်းကိုတိုင်းတာမရဖြစ်နေပြီ။

လှလိုက်တာ နေရာတိုင်းက သူသိပ်သဘောကျတဲ့အနုပညာလက်ရာတွေချည်း။ဒီလိုအရာတွေအတွက်သူ့အချိန်တွေမကုန်ဆုံးလောက်အောင်သူအလုပ်တွေများနေခဲ့တာ~~~

ထိုနေ့ကစပြီး အလုပ်အားချိန်တိုင်း သူသဘောကျတဲ့ပန်းချီကားတွေဆီခေါ်သွားတတ်တဲ့ထိုလူ။ပန်းချီကားတွေကိုသဘောကျတဲ့သူ့အတွက် ပြခန်းတွေဆီခေါ်သွားတတ်တဲ့ထိုလူကိုပါ စိတ်ဝင်စားမှာတိုးလာခဲ့သည်။ ၂နာရီဆိုတဲ့အချိန်အတွင်းက သူသဘောအကျဆုံးအချိန်တစ်ခုဖြစ်လာသည်။

အချိန်မှန်မှန်နဲ့ ပန်းခြံထဲမှာလာစောင့်နေတတ်တဲ့ခပ်ချောချောနဲ့ခင်ဗျား...အမြဲတမ်း ကော်ဖီခါးတွေမသောက်ပဲ vanilla Frappuccino နဲ့မနက်တိုင်းရောက်လာတဲ့ခင်ဗျား..ကော်ဖီမှာတိုင်း Lucasနဲ့ကျွန်တော်စကားပြောတာကို မျက်မှောင်ကြုံ့ပြီးကြည့်နေတတ်တဲ့ခင်ဗျား...ညအလုပ်ပြန်တိုင်း လမ်းမတည့်တဲ့အိမ်ကိုပြန်လိုက်ပို့ပေးတတ်တဲ့ခင်ဗျား...သဘောကျတယ်ဆိုတဲ့စကားကိုလက်လွတ်စပယ်တဲ့ပြောတတ်တဲ့ခင်ဗျား..တစ်ခြားသူတွေကိုကော ပြောနေမလား..အရောင်ထပ်ပြီးစိုမခံတော့တဲ့သူ့နှလုံးသားကိုရေစေးနဲ့အတင်းတိုးဝင်ဆိုးဖို့ပြင်နေတဲ့ခင်ဗျား..ပြီးတော့ဝန်ခံဖို့ကြောက်နေတဲ့ရူပ်ထွေးတဲ့ကျွန်တော်ခံစားချက်တွေ...

'Win ဒီနေ့ညနေအလုပ်မရှိဘူးဆို ကိုယ်ခနနေလာခေါ်မယ်'

'ကျွန်တော်ဒီနေ့အရေးကြီးအလုပ်ရှိလို့'

'အပြင်သွားရမယ်ဆိုကိုယ်လာခေါ်ပေးမယ်လေ'

'ရတယ်'

ထပ်ပို့လာမယ့်စာတွေကို ဖတ်ချင်စိတ်မရှိတော့။သူ့ရဲ့ ရူပ်ထွေးနေတဲ့ခံစားချက်တွေကို ဖြေချရအုန်းမည်။ကြောက်တယ် ဝန်ခံဖို့....မှားခဲ့ပြီးသား အရာတစ်ခုကိုထပ်မမှားချင်တော့...သေချာအောင်လုပ်ရင်လည်း နောင်တရမယ်ဆိုတဲ့အတွေးကြီးက နှလုံးသားကနေပြီး အသိပေးလို့ပြန်တယ်....ငါဘာလုပ်ရမလဲ

မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်မီးခိုးငွေ့တွေလို့ လွတ်လွတ်လပ်လပ်နဲ့လွင့်ပြယ်သွားရင်ကောင်းမယ်...ဒီခံစားချက်ကြီးပါတစ်ခါတည်းယူဆောင်သွားပေးပါ....

"Piသဘောကျတဲ့အရာဆို ကျွန်တော်အမြဲတမ်းလက်ခံပေးမှာ အဓိကကPiပျော်ဖို့ပဲတစ်ခါမှားတာက ကံကြမ္မာမကောင်းလို့ နောက်တစ်ခါမှားတာဆိုရင်တော့ ကိုယ်တိုင်ကမကောင်းလို့ပဲနော်"

နားထဲပြန်ဝင်လာတဲ့ Fourthရဲ့စကားသံတွေ။ပထမဆုံးသူအချစ်ဆိုတဲ့အရာကိုရူးသွပ်ခဲ့တုန်းက သူကော သူ့ညီလေးကိုပြသာနာတွေဖြစ်စေခဲ့ပြီးပြီ။ဒီလိုထပ်ဖြစ်မှာသူကြောက်တယ်...ဒီလူကကော သူ့ကိုပထမလူလိုထပ်ဖြစ်အောင်လုပ်မှာလား.....

"တစ်ယောက်တည်းလား ကောင်လေး"

ဘေးနားကိုလာရပ်တဲ့ လူတစ်ယောက်။မုန်းလိုက်တာ သူ့ကိုယ့်သူ...ကြောက်စရာကောင်းတဲ့အကြည့်တွေကြည့်ခံနေရတာကိုတောင် အေးဆေးလွန်းတဲ့စိတ်..

"မဟုတ်ဘူး"

"အကိုနဲ့လိုက်ခဲ့လေ မင်းအဆင်မပြေတာတွေတစ်ခါတည်းပြေပျောက်ပြီးသားဖြစ်သွားမယ်"

အရက်ကြောင့်ထိန်းချုပ်လို့မရတဲ့အချိန် ထိုစကားကြားတော့ အရှေ့ကစကားပြောနေတဲ့ထိုလူကိုကောက်နမ်းချလိုက်သည်။

ခွပ်

ခွဲချခံလိုက်တဲ့နှုတ်ခမ်းတစ်စုံနဲ့ လက်သီးထိုးသံတစ်ခု။အထိုးခံလိုက်ရတဲ့လူကမြေပြင်ပေါ်လဲချက်သား။သူကတော့ခပ်ကြမ်းကြမ်းဆွဲခေါ်တာခံလိုက်ရသည်။

"လွှတ် နာတယ် လွှတ်လို့ပြောနေတယ်"

"Win မင်းပြောတော့ အရေးကြီးကိစ္စရှိတယ်ဆို ဒါကလား အရေးကြီးကိစ္စ"

"ကျွန်တော်ဘာသာဘာလုပ်လုပ်ခင်ဗျားနဲ့မဆိုင်ဘူး"

ခပ်တင်းတင်းစေ့ကြည့်နေတဲ့သူ့ရှေ့က ကောင်လေး။ပထမဆုံးအချစ်တွေကိုမယုံတဲ့သူ့အတွက် ထိုကောင်လေးရဲ့ပျော်ရွှင်ဖို့ကို သူလိုလိုလားလား ဖြည့်ဆည်းပေးချင်တာ..သူတွေ့ခဲ့ဖူးတဲ့သူတွေနဲ့မတူအောင်ထိုကောင်လေးကသန်မာလွန်းပြီး ခေါင်းမာလွန်းတယ်...

"ခင်ဗျားနဲ့ဘာမှမဆိုင်တာကို ဝင်မပက်သတ်ပါနဲ့"

"ဘယ်လိုပြောလိုက်တာလဲ Winငါ့အချစ်တွေကဒီလောက်တောင်ပဲစျေးပေါသွားပြီလား မင်းကိုဘယ်လိုလုပ်မှသိလာမှာလဲ"

"ခင်ဗျားဘက်ကိုပဲကြည့်မနေနဲ့လေကျွန်တော်အတွက်ကိုနည်းနည်းလေးတောင်မစဉ်းစားပေးဘူးလား သဘောကျတာတွေနဲ့ပဲကျွန်တော့်ကိုပိတ်လှောင်ထားမှာလားဒီဟာလုပ်လိုက်ရင် ခင်ဗျားကမကြိုက်ဘူးဆိုပြီး တွေးပြီးနေလာခဲ့တာ ခင်ဗျားရဲ့သဘောကျတယ်ဆိုတဲ့စကားတွေကိုကြောင့် ကျွန်တော်စိတ်တွေရူပ်ထွေးနေတာသိလား"

မျက်ရည်တွေစီးကျလာတဲ့အထိသူ့ကိုအသားကုန်အော်ဟစ်ပြီး ပြောနေတဲ့ထိုကောင်လေး။ချက်ချင်းပွေ့ဖက်လိုက်တာမလို့ အတင်းရုန်းသည်။

"တောင်းပန်ပါတယ် ကိုယ်Win ကိုပင်ပန်းအောင်လုပ်မိသွားပြီ တောင်းပန်ပါတယ်နော် မငိုနဲ့တော့"

စသဘောကျတာကလည်းသူကိုယ်တိုင်မလို့ ပိုချစ်မိတာလည်းသူကိုယ်တိုင်ပင်~~~

ပင်ပန်းသွားလို့ထင်တယ် လက်ထဲကကောင်လေးကငြိမ်သက်သွားသည်။ကြောင်ပေါက်လေးနဲ့တူတဲ့ထိိုကောင်လေး...သိပ်ကိုချစ်ဖို့ကောင်းပြီး သဝန်တိုရပါတယ်....

"ကျွန်တော်တို့ခနလောက်မတွေ့ပဲနေရအောင်"

"ဒါပေမယ့်..."

"တောင်းဆိုပါတယ် ခင်ဗျားရယ် ဒါလေးတော့ဖြည့်ဆည်းပေးပါ"

ပထမဆုံးတောင်းဆိုတဲ့အရာကဒီလိုစကားတစ်ခွန်းလို့ဘယ်တုန်းကမှမထင်ခဲ့ ။သဘောကျတယ်လို့တွေးခဲ့ပြီးပြီမလို့ သူကိုယ်တိုင်နာကျင်ရလည်း ဖြည့်ဆည့်ပေးရမည်။အိမ်ကိုလိုက်ပို့ပေးမယ်ပြောတော့မငြင်းပဲခေါင်းသာငြိမ့်ပြသည်။လမ်းတစ်လျှောက်လည်းဘာစကားမှမပြော။အိမ်ရှေ့ရောက်တော့ သူကိုလုပ်ပေးနေကျ မာဖလာလေးကိုပြင်ပေးတော့လည်းငြိမ်ငြိမ်လေးခံနေသည်။သူ့မျက်လုံးတွေကခုနကတစ်ခြားသူနဲ့နမ်းခဲ့တဲ့ထိုကောင်လေးရဲ့ပါးပါးလှပ်လှပ်နှုတ်ခမ်းတွေဆီအကြည့်စိုက်သည်။

"ဒီနှုတ်ခမ်းလေးတွေကို ကိုယ့်အတွက်သိမ်းထားပေးပါ ပထမမဟုတ်ရင်တောင်နောက်ဆုံးအနေနဲ့ကိုယ်ဘယ်လောက်ပဲစောင့်ရစောင့်ရစောင့်မှာပါ"

တောင်းပန်တဲ့အကြည့်တွေနဲ့ထိုကောင်လေးကြည့်ကာထွက်သွားခဲ့သည်။ဘယ်တွေများနာကျင်ခဲ့လို့ဒီခံစားချက်တွေကိုလျစ်လျူရူနေတာလဲကွယ်...

တောက်~~တောက်

ကားမှန်ကိုတံခါးလာခေါက်တာမလို့ကြည့်လိုက်တော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်။ကားမှန်ကိုချပြပေးဖို့လက်ဟန်ပြနေတာမလို့ ခါပေးလိုက်သည်။

"Piကိုလိုက်ပို့ပေးတာလားကျေးဇူးတင်ပါတယိဗျာ အချိန်ရှိရင်စကားခနပြောလို့ရမလားဗျာ"........."အခုတလောPiကအရင်ကနဲ့သိပ်မတူတော့ဘူး အမြဲတမ်းအတွေးတွေနဲ့ပြည့်နေတဲ့လူတစ်ယောက်လိုပဲ"

"Winလား"

"ခင်ဗျားလည်း သူနဲ့တူတဲ့အဲ့ဒီတူတဲ့နာမည်ကိုခေါ်တာပဲ"

"ဘယ်သူလဲ"

"Piရဲ့အရင်ရည်စား"

"...."

"အံ့ဩသွားမယ်ဆိုတာသိပေမယ့် ဒီလောက်မထိပ်လန့်နဲ့အုန်း အခုပြောတဲ့စကားကိုအကိုနားထောင်ပါအုန်းဗျ"

"ဘာကိုပြောတာလဲ"

"Piက sexual attacks ခံလုပ်ခဲ့ရဖူးတယ် အဲ့ဒါကလည်း သူ့ရဲ့အရင်ရည်းစားဆီကပဲ Piဒီကိုကျွန်တော်နဲ့အတူပြောင်းလာတုန်းက ရင်းနှီးတဲ့သူဆိုလို့ အဲ့ဒီလူပဲရှိတာကို အဲ့ဒီကလုပ်ရက်တာ သူ့ရဲ့ ပိုက်ဆံမက်တာလေးတစ်ခုအတွက်နဲ့ Piရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေကို လိုက်ဖြန့်တယ် ပြီးတော့ ခြိမ်းခြောက်ပြီးတော့ Piကို ဘားမှာ တစ်လတိတိ မကောင်းတဲ့လူအဖြစ်လုပ်ခိုင်းခဲ့တာ"

ဒိုင်းကနဲသံနတ်ခံကြားလိုက်ရသလို ပြာသွားခဲ့သည်။ခက်ခဲတယ် မဟုတ်ဘူး လူမဆန်တဲ့လုပ်ရက်တွေကို ထိုကောင်လေးတစ်ယောက်ထဲ ခံစားခဲ့ရတာ ဘယ်လောက်တောင်ကြောက်နေမလဲ...ဒါကြောင့် ထိုကောင်လေးက ဘယ်သူ့ကိုမှယုံကြည်မှုသိပ်မရှိတော့တာ...သူမှားသွားခဲ့သည်လား ထိုကောင်လေးအတွက် သူချစ်တဲ့အချစ်ကမှားယွင်းတဲ့ဆီကိုဦးတည်မိပြီလား

"ကျွန်တော်ကို ဘာမှမပြောပဲ တစ်လတိတိပျောက်သွားတာ သူများနိုင်ငံမှာကိုယ့်အားကိုးစရာကPiကလွဲပြီးမရှိတာကို ဒီလိုပျောက်သွားတော့ ကျွန်တော်ရဲတိုင်မှအကြောင်းစုံသိရတာ"

ဒါကြောင့်ထိုကောင်လေးရဲ့ ဖျော်ဖြေပွဲတိုင်းကဝေဖန်သံတွေပြည့်နေတာ...

"ကျေးဇူးပြုပြီး အကို ကျွန်တော်တောင်းဆိုပါတယ် အကို ကျွန်တော့်အကိုကိုစိတ်ဒုက္ခရောက်အောင်လုပ်မယ်ဆိုရင် အခုကတည်းကထွက်သွားပေးပါ"

"ဘာလို့အတည်ကြီးပြောနိုင်ရတာလဲ"

"ကျွန်တော့်မှာ Piတစ်ယောက်ပဲရှိတာ ကျွန်တော်အရင်ကမကာကွယ်ပေးနိုင်ခဲ့လို့ ဒီလိုတွေဖြစ်ပြီးသွားပြီ ကျေးဇူးပြုပြီးတောင်းဆိုပါတယ်"

"မင်းကမင်းရဲ့ Piကိုချစ်သလို ငါကလည်း သူကိုချစ်တယ်လို့ပြောမယ်ဆိုယုံမှာလား"

"စကားတွေနဲ့ပဲမပြီးဆုံးစေချင်ဘူး Piလည်း ပျော်ရွှင်ဖို့အချိန်တစ်ခုရောက်သင့်နေပြီ"

"မင်းနဲ့ Winနဲ့ကတစ်ကယ်တူတာပဲ ခေါင်းမာတာ ဒါပေမယ့်ရုပ်ချင်းကျဘာလို့မတူတာလဲ"

"Piနဲ့ အမေတူအဖေကွဲမလို့"

"ဒါကြောင့်ကို ဘာပဲဖြစ်ဖြစ် Winနဲ့ပတ်သက်ရင် မင်းကအကိုတစ်ယောက်အနေနဲ့ ပျော်စေချင်သလို ငါလည်းမင်းနဲ့မလျော့တဲ့နည်းနဲ့တော့ သူကိုပိုပြီးပျော်စေချင်တယ်"............တစ်လတိတိ ခင်ဗျားနဲ့မတွေ့မိ။မတွေ့ဖြစ်အောင်နေတာလို့ပြောရင်ပိုမှန်မလား။ကိုယ်တောင်းဆိုထားတဲ့စကားပေမယ့်တစ်ကယ်တမ်းကိုယ်ပဲဒုက္ခတွေပြန်ခံနေရတယ်....လွမ်းတယ်...ဘာတွေလုပ်နေမလဲလို့တွေးမိတိုင်း စိတ်ကအဆိုးမရ။အိမ်ပြန်လမ်းတွေမှာတစ်ယောက်တည်းနဲ့လျော့တိလျော့ရဲဖြစ်နေတဲ့ မာဖလာတစ်စုံက အမြဲတမ်းပြင်ပေးမယ့်သူကိုစောင့်နေသည်။တစ်လလေးပဲမတွေ့ရတာကိုဘာလို့များ အစာငတ်နေတဲ့ကလေးတစ်ယောက်လိုဖြစ်နေရတာလဲ..အသိအမှတ်ပြုဖို့ကြောက်နေတာတောင် စိတ်တွေကခင်ဗျားဆီပဲဦးတည်နေတယ်...လွမ်းတယ် ခင်ဗျားရယ်ခင်ဗျားအကြောင်းတွေသိချင်တာတောင် ဘယ်ကနေအစဖော်ရမလဲ မသိဘူး...ခင်ဗျားပြောတဲ့သဘောကျတယ်ဆိုတဲ့စကားကလွဲပြီး ခင်ဗျားအကြောင်းတွေကျွန်တော်တစ်ခုမှမသိဘူး....လွမ်းတယ် ခင်ဗျားရယ်....

ကြယ်မရှိတဲ့ကောင်းကက်ကမပြည့်စုံသလို ခင်ဗျားမရှိတဲ့ကျွန်တော့်ဘဝလည်းလစ်ဟာနေပြီ..ထပ်ပြီးတော့ဒီ နွှံ့ထဲကိုခုန်ဆင်းမိပြန်ပြီ ကျွန်တော်တစ်ကယ့်ကိုရူးမိုက်တာပဲနော် ခင်ဗျားရေ ကျွန်တော် ချစ်မိပြန်ပြီနဲ့တူတယ်....

ဘယ်လိုမှခံစားလို့မရတဲ့အဆုံး သူထိုင်ချပြီးငိုလိုက်သည်။

လွမ်းနေပြီ ခင်ဗျားရေ ဘယ်ရောက်နေတာလဲ..

"Winဘာဖြစ်တာလဲ"

ပုခုံးကိုကိုင်လာတဲ့လက်နွေးနွေးလေးတစ်စုံနဲ့ သတ်မှတ်ထားတဲ့ထိုခေါ်သံလေးတစ်ခု။ချက်ချင်းလှမ်းဖက်လိုက်တော့ ထိုလူက ကြောင်တောင်တောင်နဲ့

"ခင်ဗျားပြောတော့စောင့်မယ်ဆို ဘယ်တွေရောက်နေတာလဲ နည်းနည်းလေးတောင် မလာတွေ့ဘူး မတွေ့တော့ဘူးပြောတိုင်း ကော်ဖီဆိုင်ကိုတောင် မလာဘူး ခင်ဗျားကြီးတော်တော်ရက်စက်တယ်"

ကလေးတစ်ယောက်လိုငိုနေတဲ့ ထိုကောင်လေးကို မလွတ်ထွက်သွားအောင်ဖက်ထားလိုက်သည်။သူလည်းလွမ်းတာပေါ့....တစ်ကယ်ဆိုထိုကောင်လေးမသိတာလေးတစ်ခုပဲထိုကောင်လေးသွားတဲ့နေရာတိုင်းသူရှိတယ်ဆိုတာ အရင်တစ်ပတ်ကအလုပ်ကိစ္စနဲ့ Italyဘက်ကိုခနသွားခဲ့တဲ့အတွင်းလည်း ထိုကောင်လေးကိုတွေ့ချင်တာအရမ်း

"ကိုယ်တောင်းပန်ပါတယ်"

"ခင်ဗျားကတောင်းပဲတောင်းပန်နေတော့မှာလား"

ငိုသံနဲ့လုံးထွေးနေတဲ့ စကားလုံးတွေ။မျက်နှာလေးကို ကြည့်လိုက်တော့ပိန်ကျသွားတာ။သူမတွေ့ရတဲ့တစ်ပတ်လေးအတွင်းကို

"ခင်ဗျားကြီးကတိလည်းမတိဘူး"

"Winရယ် ကိုယ်အလုပ်တွေရူပ်နေလို့ပါ Winဘယ်လိုလုပ်စေချင်လဲကိုယ့်ကို"

"ဖွင့်ပြော"

"ဟင်?"

"ကျွန်တော်ကိုဖွင့်ပြော အဲ့ဒါဆို ကျေအေးပေးမယ်"

သိပ်ကိုဆိုးတဲ့ကောင်လေးပါ..

"ကိုယ်ကခနခနပြောနေတာလေ Winကောမပြောတော့ဘူးလား"

"ခင်ဗျားကြီးကအဲ့ဒီလိုလား "

"မဟုတ်ပါဘူးဗျာ ချစ်ပါတယ်ဗျာ PhuwinTangဆိုတဲ့ကောင်လေးကို"

"အဲ့ဒီစကားကို တစ်သက်လုံးပြည့်အောင်လို့ကျွန်တော်ဖြည်ဆည်းပေးမယ်"

နူးညံ့တဲ့နှုတ်ခမ်းနှစ်စုံက ပိုင်ရှင်ကိုရှာတွေ့သွားသလို။တပ်မက်မှု ချစ်ခြင်းမေတ္တာအပြည့်နဲ့မလို့ သိပ်ကိုအနုပညာဆန်လွန်းသည်။ခပ်မှန်မှိန်ထွန်းလင်းနေတဲ့မီးတိုင်အောက်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို။ခနတာဝေးကွာသွားတဲ့အချိန် ချစ်သူနှစ်ဦးရဲ့ မျက်ဝန်းတွေကကြည်နူးမှုအပြည့်။

"Winရဲ့ ဘဝကိုဒီထပ်ပိုပြီး ပျော်ရွှင်စေဖို့ကိုယ့်ကိုခွင့်ပြုပေးပါ"

မျက်ရည်များနဲ့ခေါင်းငြိမ့်မိတော့ သူ့ရဲ့ဘဝအသစ်က တစ်ယောက်တည်းမဟုတ်တော့မှန်းနားလည်လာသည်။ဒီတစ်ခါကျတဲ့မျက်ရည်ကလုံခြုံမှုကိုခံစားရလို့ပျော်ရွှင်လို့ကျတဲ့မျက်ရည်။

မိုးတွေရွာပြီးတိုင်း လေပြင်းတွေတိုက်ပြီးတိုင်း ညနေဆောင်းတွေကသိပ်ကိုလှပတော့မှာ။ရေဆေးနဲ့ခြယ်ပေးမယ့် ပဲ့ကိုင်ရှင်ပန်းချီဆရာက သူ့အလိုထပ် ပိတ်ကားပေါ်ကပန်းချီကိုပိုပြီးပြည့်စုံဖို့ပဲရွေးချယ်ပေးမှာအမှန်။ သိပ်ကိုလှပတဲ့ ဇာတ်တစ်ပုဒ်ကို တစ်ဦးတည်းထပ် အဖော်နဲ့အတူကပြဖို့ကို ရွေးချယ်ခဲ့ပြီးပြီမလို့ နောင်တထပ်ပျော်ရွှင်ဖို့ကပိုများမယ်ဆိုတာ ထပ်ပြီးယုံကြည်နေမိပြီ

The END

There are no comments yet. Log in to be the first to leave a review!

Similar stories