52
18:34, 17 April 2025Daou သူတို့ရှေ့မှ သေနတ်ပြောင်းဝသည် Offroad ဘက်မရောက်စေရန်ကိုသာ အာရုံစိုက်ထားရင်း Offroad အားပြောလိုက်လေသည်။
"Road ! ကိုကာပေးထားတယ် အမြန်ပြေးတော့ Jeff ကိုတွေ့အောင်ရှာ ! မြန်မြန်သွား !!"
"P'Ou ! "
"Road ! မြန်မြန်သွား!! မြန်မြန် ! "
Daou အပြောပင်မဆုံး Nick ပစ်လိုက်သော သေနတ်သံကြောင့် Offroad အရှေ့ တည့်တည့် သူ့မျက်လုံးများ မှိတ်လို့ ရောက်ရှိလာမည့် နာကျင်မှုအား စောင့်ဆိုင်းနေမိလေသည်။ သို့သော် ..... သူ့အား အနောက်မှ ဆွဲလာသော သူတစ်ယောက်ကြောင့် Daou ရဲ့ ခန္ဓာကိုယ်သည် အနောက်သို့ရွှေ့သွားခဲ့လေသည်။
တခါထဲ သူ့ပေါ်မှ အုပ်မိုးလာသော ခန္ဓာကိုယ်လေးအား သူလှမ်းဖမ်းလိုက်မိလေသည်။ သူ့ခန္ဓာကိုယ်အား အကျင့်အရ ဘေးဘက်မှ အကွယ်တနေရာသို့ သူတို့နှစ်ဦးသား လှိမ့်ဝင်သွားလေသည်။ Daou ပိတ်မှိတ်ထားပါသော သူ့မျက်ဝန်းများဖွင့်လိုက်ချိန်ဝယ် သူ့ရင်ခွင်ထဲ မှီကျနေသူအား ကြည့်လိုက်မိလေသည်။
ထိုအချိန်သည်ကား သူ့ဘဝကြီး နောက်တချိန် တိတ်ဆိတ်ငြိမ်သတ်သွားသလို သူထပ်မံခံစားလိုက်ရခြင်းပင်။ ပထမတခေါက်က သူ့မိဘများအား ဆုံးရှုံးသွားချိန်ဖြစ်လေသည်။ ယခုချိန်တွင်ကား....... ။သူမလိုချင်ပါ! သို့သော်..... ထိုခန္စာကိုယ်အား ချီပွေ့ရင်း Daou လုံခြုံလောက်မည့် နေရာသို့ အပြေးသွားမိလေသည် ။
Daou ပြေးလာရင်း သု့ရှေ့မှ အခန်းတခုတွေ့သည်မို့ အမြန်ပြေးဝင်လာရင်း ပုန်းကွယ်နေလိုက်လေသည်။ ပြီးနောက် Daou သူ့ရင်ခွင်ထဲမှ သူအား သူ့လက်များကြားထဲ ပွေ့ဖက်ထားလိုက်မိလေသည်။ ပြီးနောက် သူခံစားလိုက်ရသော နွေးထွေးသောအရည်များ စီးကျနေပါသော နေရာတစ်ခု ။ထိုနေရာအား တုန်ရင်နေပါသော သူ့လက်များဖြင့် ဖိနှိပ်ထားရင် သွေးထွက်မလွန်စေရန် လုပ်လိုက်လေသည်။
သို့သော် ထိုအရာတွေသည်ကား မလုံလောက်ပုံပင် သူ့လက်ကြားထဲမှ ထိုအရည်များသည်ကား ဆက်လက်စီးကျနေသည်မှာ မြေပြင်ထက်မှ သွေးများက သတ်သေပြနေသလိုပင်။ Daou အလိုလိုတုန်ရီလာပါသော လက်များသည်ကား ရင်ခွင်တွင်းမှ လူသားငယ်ရဲ့ မျက်နှာထက် အုပ်ကိုင်ထားမိလေသည်။
"Offroad !! Road !!! မဖြစ်ရဘူးလေ! ဘာလို့လဲ !! ဘာလို့ .... ကိုစကားကို နားမထောင် ရတာလဲ !! ခု ကို ဘယ်လို လုပ်ရမလဲ !!! ကိုဘယ်လိုလုပ်ရတော့မလဲ !!! Road !! "
"P'Ou !! အဟွတ်!!!! "
ချောင်းတချက်ဆိုးလိုက်သည်နှင့် နှုတ်ခမ်းတွင်းမှ စီးကျလာပါသော သွေးစများသည်ကား Daou အား အသက်ရှုရပ်မတန့် နာကျင်စေလေသည်။ ထိုသွေးစများအား ပွတ်သုတ်ပေးရင်း Daou မျက်ရည်များ စီးကျလာလေသည်။
"ဘာလို့လဲ !!! ဘာလို့ ဝင်ကာပေးရတာလဲ !! Jeff ဆီသွားပါလို့ ကိုပြောတာ ဘာလို့နားမထောင်ရတာလဲ !! "
"P'Ou !! "
သူ့ကြောင့်နှင့် မျက်ရည်များကျနေပါသော ချစ်ရသူအား မြင်ရသည်ကလဲ သေနတ်ဒဏ်ရာထက် သူ့အားပိုနာကျင်စေလေသည်။ သူ့ရှေ့တွင် အမြဲတစေ ခွန်အားဖြစ်နေပါသောသူ့နောက်ကွယ်တွင် အမြဲတစေ ကာကွယ်ပေးခဲ့ပါသော ထိုလူသားသည် ယခုအခါတွင် ငိုကြွေးနေခဲ့လေသည်။
Offroad နာကျင်နေသည့်ကြားမှ သူ့လက်တဖတ်အား မြှောက်လို့ ထိုလူ့ပါးပြင်ထက်မှ မျက်ရည်စများအား ပွတ်သုတ်ပေးမိလေသည်။ မငိုပါနဲ့ !!! ကျနော်လဲ နာကျင်ရပါတယ်။ သို့သော်! ကျနော် နောင်တမရပါ။ ကျနော်အား အမြဲတစေ နောက်ကွယ်မှ ကာကွယ်ခဲ့သူ့အား ကျနော်လဲပြန်ကာကွယ် ပေးချင်မိလေသည်။
"P'Ou .... ကျနော် အဆင်ပြေပါတယ် "
"ဘာကိုပြေတာလဲ !! ကို့ကို အသက်မရှင်စေချင်ဘူးလား Road ရယ် !! ဘာလို့များ !! "
"P'Ou နောက်တခါ ရွေးချယ်ခွင့် ရမယ်ဆိုလဲ ! ..... ကျနော် ... .... ဒီလမ်းကိုပဲ ရွေးမှာ......အဟွတ်..... အဟွတ်......"
"စကားမပြောနဲ့တော့ ! အင်အား တွေခြွေတာအုန်း ! ကို ဒဏ်ရာကို တချက်ကြည့် ကြည့်မယ် ! "
ပြောရင်း Offroad ကျောပြင်ထက်မှ ဒဏ်ရာအား ကြည့်လိုက်မိလေသည်။ နောက်ကျော ခါးနေရာနားမှ သွေးကွက်ကြီးအားတွေ့လိုက်သည်မို့ Offroad အား နံရံထက် ဘေးတစောင်း မှီစေလိုက်ပြီး ဒဏ်ရာအား တချက်စစ်ကြည့်လိုက်လေသည်။
ပြီးသည်နှင့် သွေးထွက်မလွန်စေရန် သူ့အကျီအား ဖြဲလိုက်ပြီး ထိုနေရာ တဝိုက်အား ပတ်တီးစည်းပေးထားလိုက်လေသည်။
"အာ့...... အင်း...... "
"တောင်းပန်ပါတယ် ! အရမ်းနာသွားလား ! Road !! "
Daou တယောက် Offroad ပါးပြင်လေးအား အုပ်ကိုင်လိုက်ရင်း မေးလိုက်လေသည်။ ဖြူဖျော့လာပါသော လူသားလေသည် သူ့အား ခေါင်းအနည်းခါပြလာပြီး အပြုံးသေးသေး လေးဖြင့် စကားဆိုလာလေသည်။
"သိပ်မနာပါဘူး ! ပုရွက်ဆိတ် ကိုက်သလိုပါပဲ P'Ou ကျနော် အဆင်ပြေပါတယ် "
"ဘာအဆင်ပြေတာလဲ !!! ဘယ်နေရာက အဆင်ပြေနေတာလဲ !!! Road !!! ဘာလိုများ!!! ဘာလိုများ !!! "
ပြောနေရင်းစကားမဆတ်နိုင်စွာ Daou မျက်ရည်များ စီးကျလာရင်း Offroad အား ဖက်တွယ်ထားရလေသည်။ Offroad မှာလဲ Daou ရင်ခွင်ထဲ ငြိမ်နေရင်း စကားစကလေသည်။
"ကျနော် ဘာမှမဖြစ်ပါဘူး ! P'Ou.... ! ကျနော့်ကို ... ....လက်မလွှတ်ဘူးဆိုတာ ကျနော် သိပါတယ်...... P'Ou မငိုနဲ့တော့နော် !! .... နော် "
Daou သူ့မျက်ရည်တွေအား ပွတ်သုတ်လိုက်ရင်း Offroad အားကြည့်လိုက်လေသည်။ သူ့ရင်ခွင်တွင်းမှ လူသားလေသည် သူ့အား အလှဆုံးအပြုံးလေးဖြင့် ကြည့်နေခဲ့လေသည်။ Daou လဲ Offroad ရဲ့ နဖူးပြင်လေးထက် အနမ်းခြွေလိုက်လေသည်။ တိုတောင်းလှသော အနမ်းဖြစ်သော်လဲ သူတို့နှစ်ဦးသားရဲ့ ရင်တွင်းမှ အပူမီးများအား ငြိမ်းအေးစေရန် လုံလောက်သည်ထက် ပိုလေသည်။
Daou အခန်းအပြင်ဘက်အခြေအနေအား ကြည့်လိုက်ပြီး Offroad ဘက် ပြန်လှည့်လာလေသည်။
"ဒီနားမှာတော့ လူရှင်းတယ် ! ကိုမင်းကို ဂုန်းပိုးသွားမယ် လာ! "
"P'Ou.... ကျနော့်ကို ..... သယ်သွားရင် တဖတ်လူတွေကို တိုက်ခိုက်ရင် P'Ou ဒုက္ခရောက်လိမ့်မယ် "
"ဘာလဲ ! Road ပြောချင်တာက ကိုကမင်းကို ဒီမှာ ထားခဲ့ရမှာလား ! မဖြစ်နိုင်တာ ! "
"ဒါပေမဲ့......."
"ဘာမှမပြောနဲ့ !! ကိုနားမထောင်နိုင်ဘူး ! ကိုမင်းကို မထားခဲ့နိုင်ဘူး "
"P'Ou ကျနော်ပြောချင်တာ....အာ့ !.. "
Daouအား ပြောနေရင်း Offroad လှုပ်လိုက်သည်မို့ ဒဏ်ရာမှ နာကျင်လာသည်မို့ အော်သံထွက်သွားလေသည်။ ထိုအသံကြားသည်နှင့် Daou မှာ ပြာပြာသလဲ Offroad အနားကပ်လာလေသည်။ Offroad Daou လက်အားဆုပ်ကိုင်ထားရင်း ဆိုလာလေသည်။
"ဒီတခါလေးဝောာ့ ကျနော် ပြောတာ နားထောင်ပေးပါ ! နော် "
Offroadတယောက် Daou အားမော့ကြည့်လိုက်လေသည်။ ထိုမျက်ဝန်းများအတွင်းမှ တောင်းဆိုမှုများအား သည်းမခံနိုင်စွာ Daou သက်ပြင်းသာချလိုက်ရလေသည်။
"ကိုပြောတာနားထောင် Road ! ကို့အရင်ဆုံး အခြေအနေ သွားကြည့်လိုက်မယ် ! ပြီးရင် ကိုမင်းကိုပြန်လာခေါ်မယ် ! ဒီတခါတော့ မငြင်းနဲ့တော့ Road ! ကို မင်းကို တယောက်ထဲ မထားနိုင်ခဲ့တော့ဘူး ! ဟုတ်ပြီလား ! အတူသွားမယ် ! ရှင်အတူ သေ...."
Daouသူ့စကားမဆုံးခင် Offroad လက်ညှိုးလေးသည် သူ့နှုတ်ခမ်းထက်မှ စကား လုံးများ ထွက်မ လာစေရန် တားဆီးလိုက်လေသည်။ Daou တယောက် Offroad အား ကြည့်လိုက်လေသည်။ ထိုလူသားလေးမှာ စကားဆိုလာလေသည်။
"သေစကားကို P'Ou နှုတ်ကပြောတာ မကြားချင်ဘူး P... ဘယ်တော့မှ ကျနော်မကြားချင်ဘူး "
Daou သူ့နှုတ်ခမ်းထက် တားဆီးထားပါသော Offroad လက်လေးအား အနမ်းဖွဖွ ခြွေလို့ ထိုလက်လေးအား ဆုပ်ကိုင်ထားလိုက်လေသည်။
" ကောင်းပါပြီ! ကိုထပ်မပြောတော့ပါဘူး ! ကိုခနအပြင်မှာ အခြေအနေကြည့်လိုက်အုန်းမယ် မင်းဘေးကင်းဖို့က ဉီးစားပေးနော် ! ကို့ကို ဒီမှာပဲစောင့်နေ နားလည်လား "
"အွန်း "
Daou အနမ်းတချက်ထပ် ခြွေလိုက်ပြီး Offroad လက်လေးအား လွှတ်ပေးလိုက်လေသည်။ ပြီးသည်နှင့် Offroad ရှိသည့် နေရာအား အကာအကွယ်အနည်းငယ်ဖြင့် ဖုံးကွယ်ထားလိုက်လေသည်။ ပြီးနောက် သူ့အပြင်ဘက် နေရာအား စစ်ဆေးရန် အပြင်သို့ ထွက်သွားလေသည်။
Daouထွက်ခွာသွားသည်နှင့် Offroad နာကျင်နေပါသော ခန္ဓာကိုယ်အား အနည်းငယ် ရွှေ့လိုက်ရင်း သတိအပြည့် နှင့် ထိုနေရာအား စောင့်ကြည့်နေလိုက်လေသည်။ နာကျင်မှုအား တဖြေးဖြေးတိုးတက်လာမှုနှင့်အတူ ခန္ဓာကိုယ်တွင်းမှ အားအင်များတဖြေးဖြေး လျော့နည်းလာမှုအား သူခံစားနေရလေသည်။ သွေးထွက်များလွန်းသောကြောက့်လားမသိ တချက်တချက် သူ့မျက်ဝန်းများ အမြင်ဝေဝါးလာလေသည်။ သို့သော် သူ့သတိရှိနေအောင် ကြိုးစားနေရလေသည်။ ထိုလူသားအား ပေးထားသော သူ့ကတိအား တည်နိုင်အောင် သူတောင့်ခံထားရ ပေမည်။
Daouတယောက် Offroad အား ခေါ်ထုတ်သွားနိုင်ရန် လမ်းနေရာအား တချက်အတည်ပြုနေလေသည်။ လူရှင်းမရှင်းအား သေချာစစ်ဆေးပြီးသည်နှင့် Offroad ရှိနေမည့် နေရာဆီသို့ Daou ပြန်လာခဲ့လေသည်။ ထိုနေရာသို့မရောက်ခင်တွင်ပင် တဖတ်ရန်သူများနှင့်ဆုံသည်မို့ တပွဲတလမ်းနွှဲရသေးသည်ပင်။ အသံများဆူညံ့သွားသည်မို့တဖတ်အကူများရောက်မလာမီ Daouတယောက် Offroad ရှိမည့်နေရာသို့ တရှိန်ထိုးပြေးသွားလေသည်။
သူမရောက်မှီတွင် အခန်းရှေ့မှ သူ့ထက်အရင် ရောက်နေသော သူများနှင့် မျက်နှာ ချင်းဆိုင် မိသွားလေသည်။ တဖတ်လူများသည်ကား သူ့လူများ ဖြစ်နေပါက သူ့တွင်စိုးရိမ်စရာ မရှိပါသော်လဲ ကံဆိုးစွာပင် ထိုလူများသည်က Nick တို့ဖြစ်နေသည်ပင်။ တဖတ်လှည့်လာပါသော Nick သည် သူတို့နှင့် မလှမ်းမကမ်းတွင်ရှိနေပါသော Daou အား တွေ့လိုက်ရလေသည်။
"အိုးဟိုး!! တိုက်ဆိုင်လှချည်လားကွ Daou ! မင်းကဒီရောက်နေတယ်ဆိုတော့ ..... မင်းအသည်းအသက်လေး Offroad က ဘယ်ရောက်နေတာလဲ ? "
"Nick ! မင်းနဲ့ယှည်နိုင်တဲ့သူကိုပဲ ရွေးချယ်စမ်းပါ ! "
"ငါ့အတိုင်းအတာကို ငါအသိဆုံးပါ Daou မင်းပူစရာမလိုပါဘူး ! .... ခုလောလောဆယ် ငါစိတ်ဝင်စားနေတာက! Offroad ပဲ ! မင်းလိုလူက Offroad ကို တယောက်တည်းထားပြီး လျှောက်သွားနေမဲ့ လူမျိုးမှမဟုတ်တာ ! "
"Nick ! မင်းငါ့အသက်ကို လိုချင်နေတာ မဟုတ်လား ! လာယူလိုက် Offroad ကို လွှတ်ပေးလိုက် !!! "
" ဟက်! တောင်းဆိုလိုက်လေ Daou ! မင်းငါ့ကို ဒူးထောက်ပြီး တောင်းဆိုလိုက်! ငါစဉ်းစားပေးတာပေါ့ "
"မင်း! "
Daou လက်သီးများ တင်းတင်းဆုပ်ထားလို့ Nick အား အပိုင်းပိုင်းအစအစ ဆုတ်ဖြဲလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။ စိုက်ကြည့်ခံနေရပါသော Nick ကတော့ ဘယ်လိုနေမှန်းမသိပေမဲ့ သူ့နောက်လိုက်များမှာ တော့ လည်ချောင်းထက် ဓားထောက်ထားသလိုပင် ခံစားနေရလေသည်။ အသက်ပင် ရှုမဝတော့သလိုပင်။
"ဒူးမထောက်သေးဘူးလား ! ကောင်းပြီလေ! ငါကလဲ မင်းကိုလက်တွေ့ပြရသေးတာပေါ့ "
Nick သူ့လက်ထဲထည့်ပေးလာသော လက်ပစ်ဗုံးထံမှ ကလစ်အားဆွဲဖြုတ်လိုက်ပြီး သူ့ဘေးရှိ အခန်းထဲ ပစ်ထည့်လိုက်လေသည်။ မကြာခင် ကြီးမားသော ပေါက်ကွဲမှုတခုနှင့်အတူ ထိုအခန်းသည်ကား တစစီရစရာမရှိတော့ပေ။
"Daou ဘယ်လိုလဲ မင်း ရွေးချယ်လိုက် ဒီနေရာမှာ အခန်းသုံးခန်းရှိပေမဲ့ အခုနှစ်ခန်းပဲရှိတော့တယ် ! Offroad က ဒီနှစ်ခန်းထဲက တစ်ခန်းထဲမှာတော့ ရှိနေမှာပဲ ! မင်းဘာရွေးမှာလဲ ? မင်းရွေးချယ်တာ မှားခဲ့ရင် Offroad ကလဲ ခုနကအခန်းလို ဖြစ်သွားစေရမယ် !! ဘယ်လိုလဲ Daou ! ယောက်ကျား တယောက် အတွက် မင်းဒူးထောက်ရဲလား !! "
Nick တယောက် Daouအား ပြောနေရင်း တချက် ရယ်လိုက်ပြီး သူ့လက်ထဲမှ လက်ပစ်ဗုံးတလုံးအား လေထဲပစ်မြှောက်ကစားနေလေသည်။ မကြာခင်မှာပဲ တဖတ်မှ အသံကြားလိုက်သည်မို့ Nick ကြည့်လိုက် တော့ ။ မြေပြင်ထက် ဒူးထောက် နေပါသော Daou အား တွေ့လိုက်ရလေသည်။ Nickတယောက် အံ့ဩတကြီး စိုက်ကြည့်နေပြီးနောက် အချစ်အပေါ် ကျဆုံးသွားပါသော လူတစ်ယောက်အား သူနားမလည်စွာ ကြည့်လိုက်မိလေသည်။
လူတစ်ယောက်အပေါ် ချစ်မိသွားသူသည် ထိုလူတစ်ယောက်အတွက် ဘာမဆို ပေးဆပ်ရဲသလို စွန့်လွှတ်ရဲသည်တဲ့လား။ သူ့အရှေ့တွင် အမြဲ မာန်လွှား ထောင်လွှားနေပါသော Daou သည် ယခုတွင် သူ့ရှေ့တွင် ဒူးထောက်နေခဲ့လေသည်။ လူတယောက်အတွက် တနည်းအားဖြင့် သူချစ်ရပါသော ယောက်ကျားတစ်ယောက်အတွက် သူ့မာနတွေအား ချနင်းရဲသည်ပင်။ Nick သဘောတကျ လက်ခုပ်လက်ဝါးတီးလိုက်မိလေသည်။
"ဝါး!.... သိပ်ဝော်ာတယ် ! Daou ငါ့ဘဝတလျှောက်လုံး မင်းဒီလိုမာန်စွယ် ကျိုးနေပုံကို မြင်ရလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး!!! ဟား..... ဟား....... ဟရောင်တွေ ! သူ့ကိုဆုံးမခဲ့စမ်း သူမင်းတို့ကို ပြန်မတိုက်ခိုက်ရဲဘူး! သွားကြ !!!"
Nick စကားဆုံးသည်နှင့် လူတစုသည် Daou အနားရောက်လာပြီး သူ့အားကန်ကျောက်တော့သည်ပင်။ တဖတ်မှ ကျရောက်လာသမျှ နာကျင်မှုသည်ကား Offroad နှင့် ပတ်သတ်လာလျှင် ဘယ်လောက်ပင်နာကျင်နေပါစေ သူသည်းခံနိုင်သည်ပင်။ ထိုသူက သူ့ဘဝတစ်ခုလုံးနှင့် ရင်းပြီး ချစ်ရသော သူဖြစ်နေသည်မို့ပင်။
Nick တယောက် Daouရဲ့ သည်းခံနိုင်မှုအားအချိန်တော်ကြာ ခံစားနေရင်း သူ့စိတ်ဝင်စားမှုများ ကုန်ဆုံးသွားချိန်ဝယ် သူ့လူများအား ရပ်တန့်စေလိုက်လေသည်။ မြေပြင်ထက် သွေးများအနှံ့ဖြင့် ဖြစ်နေပါသော Daou အား အားရစွာ ကြည့်နေလိုက်လေသည်။ မြေပြင်ထက်လဲကျနေသည်အား လူတစ်ယောက် တဖတ်စီဖြင့် ဒူးထောက်နေစေလိုက်လေသည်။
"Nick ! မင်းပြောတဲ့အတိုင်း ငါလုပ်ပေးပြီးပြီ .... Offroad ကို လွှတ်ပေးဝောာ့ ..... "
"အွန်း..... မင်းရွေးချယ်ဖို့ အချိန်ရောက်ပြီ ဘယ်အခန်းလဲ Daou ..... မင်းရွေးချယ်လိုက်တဲ့ အခန်းကို ငါလွှတ်ပေးမှာကွာ ! မင်းငါကတိတည်တာကိုသိတယ်မလား! မင်းရွေးချယ်လိုက်တဲ့ အခန်းကို ငါ့လက်နဲ့ မထိစေရဘူး ! "
Daou တယောက် Nick အား မော့ကြည့်လိုက်ပြီး သူ့ရှေ့ရှိ မျက်နှာချင်းဆိုင် အခန်း၂ခန်းအား ကြည့်လိုက်လေသည်။ Daou သူ့ခေါင်းအား ခဏငုံလိုက်ပြီး စဉ်းစားနေစဉ်အတွင်း Nick အသံထပ်ထွက်လာလေသည်။
"Daou အချိန်တွေက သွားနေတာနော် ..... မင်းမရွေးချယ်ရင် နှစ်ခန်းလုံးကို ငါဖောက်ခွဲရလိမ့်မယ် ...... ဘယ်လိုလဲ !? "
Daou လည်း Nick အား ဒေါသတကြီး မော့ကြည့်လိုက်ပြီး အခန်းတခုအား ရွေးချယ်လိုက်လေသည်။ Nick ထိုအခန်းအား တချက်ကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညှိတ်လိုက်လေသည်။
"မင်းပြောတဲ့အတိုင်းပဲပေါ့ Daou "
Nickသူ့လက်ထဲမှ လက်ပစ်ဗုံးအား သူ့ဘေးဘက်ရှိလူစီပစ်ပေးလိုက်လေသည်။ ထိုလူသည်လဲ အခန်းနှစ်ခုစီလျှောက်သွားရင်း Daou ပြောသည့်အခန်းအား လစ်ပစ်ဗုံး ပစ်ရန် ပြင်ပြီးမှ ဆန့်ကျင်ဘင်အခန်း တွင်းသို့ပြည့်လိုက်လေသည်။
" မလုပ်နဲ့ !!!!! Offroad !!!!! "
တစစီပေါက်ကွဲထွက်သွားပါသော အခန်းနှင့်အတူ မြေပြင်ထက် လဲကျသွားပါသော Daou ။ တစစီ ဖြစ်သွားပါသော အခန်းအား Daou မယုံနိုင်စဖွယ် ကြည့်နေမိလေသည်။သူ့ရှေ့မှ မီးဟုန်းဟုန်း တောက်နေပါသော အခန်းထဲဝယ် သူ့ဘဝတခုလုံးနှယ် သတ်မှတ်ရပါသော လူသားသည်ရှိနေခဲ့လေသည်။ သူ့ဘေးမှ Nick မှာတော့ ပျော်စရာတစ်ခုအား တွေ့သည့်နှယ် Daou မေးစေ့အား ကိုင်လျက် ထို လောင်ကျွမ်းနေပါသော အခန်းအား ကြည့်ရင်းဆိုလာလေသည်။
" ငါမှန်သွားတာပဲ Daou ! မင်းက ငါပြောတဲ့စကားကိုမယုံကြည်လို့ တခြားအခန်းကို ရွေးလိုက် ပေမဲ့ ! ငါကလဲ မင်းရွေးတဲ့အခန်းအစား တခြားအခန်းကို ရွေးပေးလိုက်တယ် ! ကံကောင်းစွာနဲ့ Offroad ရှိနေတဲ့ အခန်းဖြစ်နေတာပဲ ! ... ဘယ်လိုလဲ ? နာကျင်ရတယ်မလား!!! မင်းတို့မျက်နှာမှာ ပေါ်နေတဲ့ အဲ့နာကျင်မှုတွေကို မြင်ရရင် ငါသိပ်ပျော်တာပဲ '
"အခုမင်းလဲ အဲ့လူတွေလိုပဲ ! ငါ့ကိုစိတ်မပျက်စေဘူးပဲ ! ကျေးဇူးတင်တယ်ကွာ ! မင်းကျေးဇူးနဲ့ ငါသိပ်ပျော်သွားပြီ Daou "
Daou သူ့ပုခုံးအား လာပုတ်နေပါသော Nick လက်ကိုပင် မဖယ်နိုင်စွာ ထိုလောင်ကျွမ်းနေပါသော အခန်းကိုသာ ကြည့်နေမိလေသည်။ ထိုအခန်းအားကြည့်နေရင်း သူ့အမြင်အာရုံတို့သည် ဝေးဝါးလာလေသည်။ သူ့ ကြမ်းပြင်ထက်များ လက်များသည် ကြမ်းပြင်အား ကုတ်ခြစ်လျက်ရှိနေသည်မှာ လက်များပင် သွေးစများထွက်လာသည့်အထိပင်။
"Offroad !...... Road ...... ကို တောင်းပန်ပါတယ် ! ကိုမင်းကို မကာကွယ်လိုက်နိုင်ဘူး !.... ကိုမင်းအဖေကို ပေးထားတဲ့ ကတိကို မတည်လိုက်နိုင်ပြန်ဘူး ! Road !....... Road "
"ကိုမင်းကို မကာကွယ်လိုက်နိုင်ဘူး !!! "
Daou အာခေါင်ကွဲမတ် အော်လိုက်ပြီး ကြမ်းပြင်ထက် အားကုန်သုံးထိုးချလိုက်လေသည်။ သူ့ဘဝရဲ့အရေးပါးဆုံး လူတွေသည် တယောက်ပြီး တယောက် သူ့အနားမှ ထွက်ခွာ သွားကြလေပြီ။ ယခုနောက်ဆုံးလူ သူဖက်တွယ်ထားရပါသော နောက်ဆုံးသောလူသည်လဲ သူ့ကြောင့်နှင့် ထွက်ခွာသွားရပြန်ပြီ။ Daou မင်းဘာအသုံးကျလဲ လူအများကြောက်ရွံ့ရပါသော ဂိုဏ်းခေါင်းဆောင် ဖြစ်နေပါလျက် ကိုချစ်ရသူအား မကာကွယ်နိုင်ခဲ့ပေ။
အရင်တုန်းက အားနည်းနေတုန်းကလဲ သူချစ်ရပါသော သူများအား လက်လွှတ်လိုက်ရပေသည်။ ယခုအင်းအားကြီးလာပါသော်လဲ သူချစ်ရသော သူအား ထပ်ပြီး ဆုံးရှုံးစေသေးသည်။ Daou မင်းဘာအသုံးကျလဲ ? မင်းက သုံးစားမရတဲ့ ပျော့ညံ့တဲ့ လူသာသာပဲ။ အခုမင်းဘာလုပ်မှာလဲ ? ငါ့ဘဝမှာ ဘယ်သူမှ မကျန်ရစ်တော့ပေ! ငါလုပ်စရာ ကျန်သည်ကား ငါ့ချစ်ရသူများအား နာကျင်စေသူမှန်သမျှအား လက်စားချေဖို့ရန်ပင်.....
Note
မဟာသက်ြန်အတွင်းမှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ချမ်းမာကြပါစေနော်။🥰🥰🥰🥰🥰
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




