40
18:07, 18 January 2025Daou ထိုလူတစ်စုအားရန်စပြီးသည်နှင့် ထိုနေရာတွင် တိုက်ပွဲစတင်ဖြစ်ပွားတော့သည်။ သူ့အား တိုက်ခိုက်လာသူတယောက်ချင်းအား လက်တုန့်ပြန်ရင်း Daou သူတို့ရှိရာအထပ်မှ အပေါ်ထပ်သို့ တဖြေးဖြေးရောက်လာခဲ့လေသည်။ Daouတိုက်ခိုက်နေရင်း နေရာအား တချက်အကြည့်မိချိန်ဝယ် Daou တယောက် ဆေးခြောက်များ ထုတ်ပိုးရောင်းချနေသည့်အထပ်သို့ရောက်ရှိနေကြောင်း သိရှိသွားလေသည်။
Daou တယောက် သူ့ကိုယ်သူ တိတ်တဆိတ်ဆဲရေးလိုက်လေသည်။ ယခုနေရာသည် သူရဲ့ကိုယ်ပိုင်နယ်မြေမဟုတ်နေခဲ့ပေ။ ထိုအတွက် သူ့မှာလှုပ်ရှားမှုအကန့်အသန့်ရှိလေသည်။
Daou သူအားဝိုင်းအုံလာသော သူမျာအား ပြန်အကြည့်ပို့လိုက်လေသည်။ သတိအားမလွှတ်ချရဲစွာ ထိုနေရာတွင် ကြံ့ကြံ့ခံနိုင်ဖို့ရန်သာ သူတွေးနေမိလေသည်။ သို့သော် သူသည် တယောက်တည်းသာ သူဘယ်လောက်ပင်အတိုက်အခိုက် တော်နေပါေစ တဖတ်လူအင်အားသည်ကား နောက်စရာမဟုတ်ခဲ့ပေ။
နောက်ဆုံး Daou အားဖမ်းမိသွားခဲ့ပြီးလက်ပြန်ကြိုးတုတ်လျက် အချုပ်ခန်းသို့ ထင်ရသော နေရာစီသို့ သူ့အားဆွဲခေါ်သွားကြလေသည်။ ပြီးနောက် Daou အား မြေပြင်ထက် ပြင်းထန်စွာ လွှတ်ချလိုက်လျှက် ဒူးထောက်ရန် ဖိအားပေးချုပ်ကိုင်ထားကြလေသည်။
Daou သူ့ရှေ့ထိုင်နေသူအား မော့ကြည့်လိုက်တော့ သူ့အားပြုံးကြည့်နေပါသော Markကိုတွေ့ရလေသည်။ Daouသာ ထိုလူရဲ့ နောက်ကွယ်လုပ်ငန်းအား မသိခဲ့ပါက ထိုလူရဲ့ ယခုပြုံးနေပုံသည် သူ့အား လူကောင်းတယောက်သဖွယ် ထင်နိုင်စေလေသည်။
"Daou မင်းကတော့ တကယ့်စံပဲ ဒီနေရာကိုတောင် ရောက်လာနိုင်သေးတယ် မင်းကိုတော့တကယ်လေးစားသွားပြီ "
Daou လဲ Markအပြောအား သူ့ပါးစပ်မှ တံတွေးအား ထွေးထုတ်လိုက်ပြီး တုန့်ပြန်လိုက်လေသည်။
"ကျုပ်လဲ ခင်များလို သူတော်ကောင်းကြီးကို ဒီနေရာမှာ တွေ့လိုက်ရတယ် တကယ်လေးစားပါတယ်ဗျာ "
"မင်း!! ဒီလောက်ဖြစ်နေတာတောင် ပြုံးနေနိုင်သေးတယ်လား "
"ဒါပေါ့ ! ဘာလဲ ပြဿနာရှိလို့လား !"
"မရှိပါဘူး ! ဒါပေမဲ့ မင်းဒီနေ့ငါတို့ကို အရှုပ်တွေလုပ်ပေးလိုက်တာပဲ ဒါနဲ့ တချိန်လုံးပူးကပ်နေတဲ့ Offroad ဘယ်ရောက်သွားတာလဲ ? မင်းတို့အမြဲတပူးပူး တတွဲတွဲ မဟုတ်လား "
"မတွေ့ရင် မရှိလို့ပေါ့ ခင်များဘာတွေရှည်နေတာလဲ ? "
Mark သူ့အား အကြောက်အလန့်ကင်းစွာ ဆိုလာတဲ့ Daou အရှေ့ထိုင်ချလိုက်ပြီး Daouမျက်နှာအားဆွဲညှစ်လိုက်လေသည်။ Daouမှာတော့ ပိုလို့တောင် သူ့ရဲ့ရိုက်သတ်ချင်စရာ အပြုံးကြီးပေါ်လာသလိုပင်။
"Daou မင်းရဲ့ဒီလိုအချိုးကို ပြင်သင့်တယ်လို့ မင်းမိဘတွေမသင်ပေးခဲ့ဘူးလား "
"ပြင်ပေးရမဲ့ မိဘတွေရှိရင်တောင် ကျုပ်ကခင်များတို့လို လူတွေအရှေ့မှာတော့ ပြင်စရာမှမလိုတာ ခင်များက ဘာကောင်မလို့ ကျုပ်ကပြင်ပေးရမှာလဲ ! "
"အခုမင်းပြောနေတဲ့ကောင်လိုမျိုး မင်းလဲဖြစ်နေတာပဲမဟုတ်ဘူးလား Daou Dagger အဖွဲ့ရဲ့ခေါင်းဆောင် တနည်းအားဖြင့် Coverရဲ့ Samuel မင်းလက်မှာ သွေးတွေဘယ်လောက်စွန်းထင်ခဲ့ပြီးပြီလဲ မှတ်မိရဲ့လား "
"ငါကအပြစ်မဲ့တဲ့သူကို လက်နဲ့တောင်မထိဖူးဘူး ငါ့အဖွဲ့ကလဲ လက်နတ်ပဲရောင်းတာ မင်းတို့လို အောက်တန်းကျတဲ့ဟာတွေငါတို့က မလုပ်ဘူး "
"ဟက် ! အဲ့လိုအောက်တန်းကျတဲ့အလုပ်တွေကပဲ ငါတို့ကို ကောင်းစားစေတာလေ မဟုတ်ဘူးလား "
"ကျုပ်မေးပါအုန်းမယ် ခင်များလို သူများအသက်ကယ်တင်ပေးရမဲ့ လက်တစုံက ဘာလို့ လူ့အသတ်နှုတ်တဲ့ လက်တစုံဖြစ်လာရတာလဲ "
Daou ရဲ့ အမေးအဆုံး Mark သူ့ခုံတွေထိုင်လိုက်ပြီး သူ့လူတွေအား လက်ဖျောက်တချက်တီးပြီး အချက်ပြလိုက်လေသည်။ အလိုက်သိပါသောအစောင့်မှ ခုံတလုံးထပ်ယူလာပေးပြီး Daou အားထိုခုံတွေ ထိုင်စေလိုက်လေသည်။
"ငါသူတို့အသက်တွေကယ်တင်ပေးတုန်းက ဘာများပြန်ရခဲ့လို့လဲ !..... ဘာမှမရခဲ့ဘူး ! နာမည် ဂုဏ်သတင်းလား ဒါပေမဲ့ အဲ့အရာတွေက ခြေလှမ်းတချက်မှားတာနဲ့ အကုန်တစစီဖြစ်ကုန်ပြီး ငါကလဲ အလိုလို လူတွေရဲ့အပယ်ခံ အမေ့လျော့ခံ ဖြစ်သွားတာပဲလေ အဲ့ဒါတောင် ငါမလုပ်ခဲ့တဲ့ပြစ်မှုအတွက် ငါခံခဲ့ရတာနော် "
"ငါ့ကို ရွံရှာစရာတခုလို မသတီစရာအကောင်လို့ကြည့်ကြတာလေ အရင်က မင်းဘေးနားအမြဲရှိမှာပါဆိုတဲ့ လူတွေ တယောက်ပြီး တယောက်ပျောက်ကွယ်သွားသလို ငါ့ကိုမုန်းတီးနေတဲ့သူတွေပဲ ပိုများများလာခဲ့တာလေ !အဲ့တော့ ဘာဖြစ်လဲ နောက်ဆုံးမှာ သူတို့ပြောနေကြတဲ့ လူသတ်သမားပုံစံမျိုး ငါနေပေးလိုက်တယ် လေ !! မင်းသိလား ! ငါပထမဆုံးလူသတ်ဖူးတုန်းက ခံစားချက်လေ ! ဟက် အဲ့လူတွေ ငါ့ကိုကြောက်ရွံသလို ကြည့်ပြီး တောင်းပန်နေတာတွေ ငိုပြနေတာတွေ အားနည်းပြတာတွေ ကြောက်လန့်ပြတာတွေ ဟက် ! အဲ့တာတွေက ငါ့ကိုပိုလို့တောင် ပျော်ရွှင်စေသေးတယ် !နောက်ဆုံးတော့ ငါနဲ့သင့်တော်တဲ့ နေရာကိုရှာတွေ့သွားသလိုပဲကွာ ! "
"အဲ့လူတွေရဲ့ အသနားခံသံတွေကြားရတာက ဂိတသံလေးတွေ နားဆင်နေရသလိုပဲ အတော်နားထောင်ကောင်းတာမင်းသိလား ! ဟက် "
"ခင်များကရူးနေတာပဲ "
Daouရဲ့ စကားအဆုံး Mark ခုံပေါ်မှ ကြမ်းတမ်းစွာ ထလိုက်တာမို့ ခုံပင် အနောက်သို့လန်ကျသွားလေသည်။ Markလဲ Daouအနားကပ်သွားပြီး Daou အကျီစအားတင်းကြပ်စွာ ဆွဲဆုပ်ထားလေသည်။
"ရူးနေတာတဲ့လား အဲ့လိုအရူးမျိုးကို သူတော်ကောင်းတရားလက်ကိုင်ထားတဲ့ အဲ့လူတွေပဲ ဖန်တီးပေးလိုက်တာလေ ဘယ်လိုလဲ စိတ်ကျေနပ်စရာမကောင်းဘူးလား !"
" စိတ်ကျေနပ်ဖို့အသာထား အတော်လေးတော် စိတ်အနှောက်အယှက်ပေးတာပဲ "
"အဟက် ! "
Mark လဲ Daou အား တချက်ရီပြလိုက်ပြီးဖုန်းတခုအား လှမ်းဆတ်သွယ်လိုက်လေသည်။ မကြာခင် တဖတ်သူရဲ့ မာထန်ထန်အသံအား ကြားလိုက်ရလေသည်။
"Mark! မင်းအလုပ်ကိစ္စမဟုတ်ပဲ ငါ့ကိုလာမရှုပ်နဲ့ "
"စိတ်ကြီးပဲ ဗျာ ဒီမှာ သခင်ကြီးကိုပြချင်တာလေး ရှိနေတာကို သဘောကျသွားစေရမယ်လို့ အာမခံတယ် "
"စကားကြောရှည်မနေနဲ့ လိုရင်းတိုရှင်းပြော !"
Mark လဲ ဖုန်းအား ကွန်ပြူတာ screen နဲ့ချိတ်ဆတ်လိုက်ပြီးနောက် စားပွဲထက်မှ အချက်အလက် စာရင်းဇယားများနှင့် အလုပ်ရှုပ်နေသူ လူအိုကြီးတယောက်ပေါ်လာခဲ့လေသည်။ ထိုလူအိုကြီးသည် စာရင်းတွေကြည့်နေရာမှ တဖတ် ကွန်ပြုတာ screen ထက်သို့ သူ့အကြည့်အားပို့လိုက်လေသည်။
"သခင်ကြီးရှာနေတဲ့ လူကိုကျနော် တွေ့ထားပြီးပြီ "
ထိုအသံအကြား လူအိုကြီးသည် မျက်ခုံးအား တဖတ်မြှင့်လိုက်ပြီး နဂိုက အာရုံ့မစိုက်နေသော အမူအရာမှ အာရုံတစိုက်ဖြင့် screen အားကြည့်လိုက်လေသည်။ Mark လဲ screen ရှေ့ကာရပ်နေရမှ ဖယ်လိုက်ပြီး သူ့နောက်ရှိ Daou အားပြသလိုက်လေသည်။
"ဘယ်လိုလဲ ! စပရိုက်မှ ဖြစ်ရဲ့လား !"
"Daou !"
"ဘယ်လိုလဲ ! နေကောင်းရဲ့လား မတွေ့ရတာကြာပြီနော် အဖိုးကြီး Nake "
Daou ယခုသူမြင်နေရသူသည် သူ့ရဲ့ရန်သူ တော်ကြီးဖြစ်သူ Cover ဂိုဏ်း လက်ရှိခေါင်းဆောင် Nake ဖြစ်နေလေသည်။
"Daou .... ဟက် ! Daou မင်းမသေသေးဘူးလား သေပြီတောင်ထင်နေတာ "
"ခင်များမြင်တဲ့အတိုင်း ကျနော်က ကျန်းကျန်းမာမာပဲလေ ခင်များရဲ့ လူယုံကျေးဇူးနဲ့ပေါ့ ခင်များကြီးကော ဘယ်တော့သေမှာလဲ "
Daou လဲ Markအား တချက်ကြည့်ပြီး ပြောလိုက်လေသည်။ ထိုအသံကြားတာနဲ့ တဖတ်မှ အဖိုးကြီးမှာ Mark အား အစိမ်းလိုက်ဝါးစားမတတ်ကြည့်လိုက်လေသည်။ Mark မှ ပြာပြာသလဲ ရှင်းပြရတော့သည်။
"အဲဒါ .... ကျနော်မှ သူ့ကိုမမြင်ဖူးတာ အဲ့ဒါမို့ ကူညီပေးလိုက်မိတာပါ "
"မင်းနဲ့ ငါ နောက်မှရှင်းမယ် Mark ! နောက်တယောက်ကော "
"နောက်တယောက်ဆိုတာ Offroad လား "
"မင်းပြောပုံကိုကြည့်ရတာ အဲ့ကောင်လဲ မသေသေးပုံပဲ ! သူဘယ်မှာလဲ ? "
"ကျနော်တို့ခုထိရှာမတွေ့သေး သေး....!"
"ဘာ!!!! .....စောက်သုံးမကျတဲ့ကောင်တွေ !!! အခုချက်ချင်း အဲ့ကောင်ကိုသွားရှာ !!!! သွား!!!!"
ဒေါသတကြီး တဖတ်မှ ဆိုလာသံကြောင့် Mark တယောက် ပြာပြာသလဲပြန်ဖြေရတော့သည်။ ခုံပေါ်မှ Daou ကတော့ တပြုံးပြုံးသာ။ ထိုအပြုံးကြီးက ရိုက်သတ်ချင်စရာကောင်းနေသည်ကလွဲလိုပင်။
"ဟုတ်....ဟုတ် အခုပဲ ရှာခိုင်းလိုက်ပါ့မယ် Tin မင်းကိုယ်တိုင်ထွက်ရှာ! သူ့ကို ဟိုကောင်နဲ့အတူချုပ်ထားလိုက် သေချာစောင့်ကြည့်ထားကြ
Mark လဲ ခပ်သွက်သွက် အမိန့်ပေးလိုက်ပြီး လူစုအား ခွဲစေလိုက်တော့သည်။ Daou သူ့အားဆွဲခေါ်သွားပါသော လူများနောက် လိုက်သွားရင် screen ထက်မှ လူအိုကြီးအား တာ့တာလှမ်းပြနေလေသည်။
"နောက်မှတွေ့မယ်နော် !! ခုလွတ်လပ်နေတုန်း အပြည့်အဝပျော်ထား ကျုပ်လွတ်လာတဲ့ချိန်ကျ လာရှာမှာက ခင်များကိုလေ အဲ့ချိန်ကျရင်များအပျော်ဆိုတာ ဘာလဲလို့မေးယူရတဲ့အထိ ကျနော်က လုပ်ပေးမှာမို့လို့လေ ! ဟက် "
"တောက်!!!! Mark အဲ့ကောင်ကို သေချာစောင့်ကြည့်ထား မင်းသတိတချက်လွတ်တာနဲ့ အဲ့အကောင်မင်းရှေ့ကို သေမင်းကို ခေါ်လာပေးလိမ့်မယ် မကြာခင်ငါ့လူတွေအဲ့ဒီကိုရောက်လိမ့်မယ် ငါပြောတာကြားလား "
"ဟုတ်ကဲ့ ! သခင်ကြီး !"
ပြောပြီးသည်နှင့် တဖတ်screen သည် အမှောင်အတိကျသွားလေသည်။ Markလဲ သူ့နဖူးပေါ်မှ ချွေးစေးများအား ပွတ်သုတ်လိုက်လေသည်။
Daou အချုပ်ခန်းဟု ထင်ရသော အခန်းတွင်းသို့ ထည့်လိုက်ပြီးနောက် အခန်းတံခါးသည် တင်းကြပ်စွာပိတ်သွားလေသည်။ Daou ထိုတံခါးအား တချက်ကြည့်လိုက်ပြီး သူ့ဘေးပတ်ပတ်လည်အား ကြည့်လိုက်သော သူ့ကဲ့သို့ ဖမ်းချုပ်ခံထားရသည့်သူအား တွေ့လိုက်ရလေသည်။
ထိုလူသည်ကား လူရုပ်ပင်မပေါ်အောင် အတော်နှိပ်စက်ခံထားရပုံပင်။ Daou ထိုလူအားကြည့်နေတုန်း ထိုလူသည် သူ့မျက်ဝန်းများ တဖြေးဖြေးပွင့်လာပြီး Daou အားကြည့်လာလေသည်။ Daou လဲ သူ့ခြေထောက်တဖတ်အား မြေပြင်ထက် အနည်းငယ် ထောင်လိုက်ပြီးတဖတ်လူအား မျက်ခုံးတချက်ပင့်ပြလိုက်လေသည်။
တဖတ်လူက သူအားနားမလည်သလိုကြည့် လာချိန်ဝယ် Daou ခေါင်းအသာခါလိုက်လေသည်။
"ဒီမှာ ခင်များ ကျနော့်နားခဏလာခဲ့ "
"ဘာလို့လာရမှာလဲ ! "
"ခင်များကို ဒီကနေလွတ်အောင်လုပ်ပေးမလို့လေ "
"ဘယ်လိုမျိုးလဲ !? မင်းကိုငါမယုံဘူး"
"မယုံဘူးဆိုလဲ ဒီမှာပဲ အရိုးဆွေးတဲ့အထိနေလိုက်လေ ခင်များသေတဲ့အခါ အလောင်းလာကောက်ပေးရတာပေါ့ ခတ်တာက !......"
Daou စကားစဖြတ်လိုက်ပြီး သူ့စကားအား နားစွင့်ထောင်နေသူအား တချက်လှည့်ကြည့်လိုက်ပြီး လူယုတ်မာပြုံးကြီးပြုံးပြလိုက်လေသည်။
"ဘာဖြစ်လဲ ! .... ဆက်ပြောလေ "
"ဟန့်! ကြားချင်လို့လား ! ခင်များဒီမှာနေတဲ့ တလျှောက်လုံး သူတို့အလောင်းတွေ ဘယ်ပို့လိုက်လဲသိလား !"
"မသိဘူးလေ ! "
"ကျုပ်ဒီထဲဝင်လာတုန်းက သူတို့အလောင်းတွေသယ်သွားတာ မြင်လို့ လိုက်ကြည့်လိုက်သေးတယ် ဘာလုပ်လိုက်လဲ သိလား ! "
"မသိပါဘူးဆို ! မင်းတခါတည်းပြောလေကွာ "
"မီးရှို့ပလိုက်တာလေ ခင်များရဲ့ သေဆုံးမှုကြီးက ဘာမှကျန်ခဲ့တော့မှာမဟုတ်ဘူး တခုတော့ကျန်ခဲ့မှာပါလေ ပြာတွေလေ ဒါပေမဲ့ အဲ့လူတွေက စနစ်တကျထိန်းသိမ်းပေးမယ်ထင်လို့လား ခင်များရဲ့ပြာတွေ ရောက်ချင်ရာရောက်ပြီး ဒီမြေပေါ်မှာ ခင်များရဲ့တည်ရှိမှုက လုံးဝပျောက်ဆုံးသွားမှာလေ ! ဘယ်လိုလဲ အဲ့လိုဖြစ်ချင်လား ! "
သူအားမယုံသလို ကြည့်နေတဲ့သူအားDaouလဲပါးစပ်ထဲရှိရာများ လျှောက်ပြောပေးလိုက်တော့သည်။ အခုမှ သူ့အားစတွေ့သောသူဖြစ်တာမို့ မယုံသည်က အမှန်ဖြစ်ပေသည်။ သို့သော် သူတွင် ယုံကြည်အောင်ပြောပြနေဖို့ အချိန်ရှိမနေပေ ။ တဖတ်သူမှာတော့ Daou အပြောကြောင့် တတွေးပင် နင်သွားရလေသည်။ အခုမှလဲတွေ့သေး လူအားအသားကုန်ဟောက်စားလုပ်နေတာပင်။ သူတို့အပြင်မှာမမြင်ဖူးတာသေချာပါတယ်လေ။
"ငါ..... ဘယ်လိုလုပ်ပေးရမှာလဲ "
"အရင်ဆုံးကျုပ်အနားကိုလာခဲ့ "
ထိုလူလဲ သူ့ခြေထောက်များပါ ကြိုးတုပ်ထားသည်မို့ Daouအနားသို့ မြေပေါ်တွန့်လိမ်ပြီးလာရတော့လေသည်။ ခဏအကြာ Daouအနားရောက်ချိန် ထိုလူကမေးလိုက်လေသည်။
"ဘာလုပ်ရမှာလဲ "
Daou လဲ သူ့ ခြေထောက်နားမှ ဘောင်းဘီစအား အပေါ်လိပ်တင်စေရန်လုပ်လိုက်ပြီး ထိုလူအားပြလိုက်လေသည်။ သူ့ဖိနပ်ထဲမှာ ဖွက်ထားသော ဓားမြှောင်တချောင်းပင်။ ထိုဓားအား တွေ့သည်နှင့် ထိုလူသည်လဲ ဝမ်းသားအားရ ဖြစ်သွားပြီး ဓားအား သူ့ပါးစပ်ဖြင့် ဆွဲထုတ်လိုက်လေသည်။
"ကျုပ်ကို အရင်ဖြေပေး "
Daou လဲ နောက်ပြန်ကြိုးတုတ်ခံထားရသော သူ့လက်အားပြလိုက်လေသည်။ ထိုလူလဲ ဓားအား ပါးစပ်တွင် ကိုက်လျက်သားဖြင့် Daouလက်မှ ကြိုးအားဖြေပေးလိုက်လေသည်။ Daou ကြိုးပြေသွားတာနဲ့ ထိုလူအားလဲ လွှတ်ပေးလိုက်လေသည်။
"ကျေးဇူးပါပဲ စကားမစပ် ငါက Fine "
"ကျုပ်က Daou စကားမများနဲ့ !"
သူတို့နှစ်ဦးသား အခန်းတံခါးနားကပ်သွားလိုက်လေသည်။ အခန်းတံခါးက အလုံပိတ်မို့ အပြင်သို့ဘာမှမမြင်ရပေ။ Daou လဲ အခန်းပတ်ပတ်လည်လည်အား လိုက်ကြည်လေတော့ ထိုအခန်းသည် စတိုခန်းဖြစ်ပုံရသည်မို့ တခြားအပေါက်များ ရှိပုံမပေါ်ပေ။ ပြန့်ကျဲရှုပ်ပွနေပါသော ပစ္စည်းများနှင့် ထိုင်ခုံတချို့တလေသာ ရှိလေသည်။
Daou ထိုင်ခုံတခုအား ကောက်ယူလိုက်ပြီး ခုချိန်ထိ တံခါးနားရပ်နေပါသောFine အား လှမ်းပြောလိုက်လေသည်။
"ခင်များ မနက်ဖြန်ကို မြင်ချင်သေးရင် အဲ့တံခါးကနေဖယ်လိုက် "
"ဘာလို့!!! အား!!!! ငါ*ိုး!!! "
Daou အားပြန်မေးရန် သူ့ခေါင်းအလှည့် တဖတ်အား ပစ်ပေါက်လိုက်သော ထိုင်ခုံကြီးအား သူဘေးဘက်လှိမ့်ရှောင်လိုက်ရတော့လေသည်။ Fine မြေပြင်မှ ထရပ်ရင်း ဖုန်ခါလိုက်ပြီး တံခါးနားတဖြေးဖြေးလျှောက်လာသော Daouအား လက်ညိုးတထိုးထိုးနဲ့ပြောလိုက်လေသည်။
"မင်း!! .... မင်း! ငါ့ကိုသတ်ချင်နေတာလား !!"
"ပူမနေနဲ့! ခင်များအသတ်က ကျုပ်လက် အညစ်ပေခံဖို့ထိ မတန်သေးဘူး ! ဟုတ်ပြီလား !"
Fine ပုခုံးအား ပုတ်နေရင်း Daouစကားဆိုလိုက်လေသည်။ အမှန်က ပုခုံးအားပုတ်နေသည်ထက် သူ့လက်မှ ဖုန်များအား Fine အကျီကိုသုတ်နေခြင်းပင်။ တဖတ်လူမှာတော့ သူ့အား ပြောစရာစကားပျောက်ဆုံးစွာ ကြည့်နေရုံသာ တတ်နိုင်လေသည်။
မကြာခင် အခန်းတံခါးပွင့်လာတာမို့ တံခါးနောက်ပုန်းနေပါသော Daou နဲ့ Fine လဲ ဝင်လာတဲ့သူတွေအား အမှောက်သိပ်လိုက်ကြလေသည်။ Daouလူတယောက်အား အမှောက်သိပ်နေပါသော Fineအားကြည့်ပြီး ဆိုလိုက်လေသည်။
"ဟက် ! အတိုက်အခိုက်က မဆိုးဘူးပဲ !"
"မင်းငါ့ကို ဘာထင်နေတာလဲကွ ! ငါက ရဲတယောက်ပဲလေ ဒီလောက်ကတော့ အသာလေးပါ "
Fine မရှိရှာသော အကျီလည်ပင်းကော်လံအား ထောင်နေသည့် စတိုင်လုပ်လိုက်ပြီး Daouအား ပြောလိုက်လေသည်။ တဖတ်မှ Daou ကတော့ နှာတချက်ရှုံ့ လိုက်ပြီး "အရူး".ဆိုပြီး မျက်နှာထက် စာရေးထားသည့်အတိုင်း သူ့အား ကြည့်ပြီး တဖက်သို့ထွက်သွားတော့လေသည်။
"ဟရောင်! ငါကတကယ်တော်တာနော် ! ဆုတံဆပ်တွေမှ အများကြီးပဲကွ ! ငါ့ကိုစောင့်အုန်း ! ဘယ်သွားမလို့လဲ ဟရောင် !"
Fine မှာတော့ စကားတပြောပြောနှင့် Daou နောက်ပါသွားလေတော့သည်။ သူလေပေါကောင်းနေတုန်း တနေရာအရောက် Daou မှ သူ့အား အသံတိတ်ခိုင်းတာမို့ သူလဲအသံတိတ်လိုက်လေသည်။ ပြီးနောက် သူလဲ Daou ကြည့်နေသည့် နေရာအား အကြည့်ပို့လိုက်လေသည်။ထိုသည်က ဆေးတွေအား စနစ်တကျ ထုတ်ပိုးနေကြခြင်းပင်။
"ဝါး!! ဒီကောင်တွေ ဒီလောက်များတဲ့ဟာတွေ ဘယ်ကနေများရလာကြတာပါလိမ့် "
Daou နဲ့ Fine နှစ်ဦးသား အခြေအနေအား စောင့်ကြည့်နေတုန်း မကြာခင်ဝယ် ဝရုန်းသုန်းကား အသံများကြားလိုက်ရတော့သည်။
ဒုန်း!!!!ဒိုင်း!!!!
"ဘာသံတွေလဲ!!!!!"
"အောက်မှ တိုက်ခိုက်နေကြပြီ ဘယ်လိုလုပ်ကြမလဲ !!!!"
"ဘယ်လိုလုပ်မှာလဲ !!!! ပြန်တိုက်ရမှာပေါ့ကွ !!!! မြန်မြန်လုပ်ကြ!!! ဆေးတွေ သိမ်းစရာရှိတာသိမ်း !!!! ကျန်တဲ့ကောင်တွေ ငါနဲ့လိုက်ခဲ့ကြ !!!!"
ထိုသို့နှယ် အထပ်မှ လူအများ သေနတ်သံကြားရာ နေရာသို့ ထွက်သွားကြလေသည်။ ကျန်ခဲ့သည် အနည်းစုသော လူတွေမှာတော့ လုပ်စရာရှိတာများ ဆက်လတ်လုပ်ဆောင်နေလေသည်။ Daou လဲ Fine အားစကားစလိုက်လေသည်။
"ခင်များအဲ့လူတွေ ရှင်းနိုင်တယ်မလား !"
"အလွယ်လေးပါ ! သွားကြား တောင်မညပ်ဘူး ! မင်းကဘယ်သွားမလို့လဲ ! "
"ကျုပ်လူရှာစရာရှိနေလို့ ခင်များပဲ ထိန်းထားလိုက်တော့ "
ပြောပြီးတာနဲ့ Fine အား ထားခဲ့လိုက်ပြီး Daou လဲ သူသွားလို့ရာသို့ ထွက်လာလိုက်လေသည်။
"ဟာ ! ဟရောင် ! ငါ့ကိုထားသွားပြန်ပြီကွာ ! ဘယ်တတ်နိုင်မလဲ မင်းတို့က ကံဆိုးပြီး ဒီဖေဖေနဲ့တွေ့တာပဲ "
Daou အ ပေါ်အဆုံးအထပ်တွင် လိုက်ရှာနေရင်း သော့ပိတ်ထားသော အခန်းနှင့် အစောင့်အား တွေ့တာမို့ ထိုအခန်းနားကပ်သွားပြီး အစောင့်ဖြစ်သူအား လွယ်ကူစွာ ရှင်းထုတ်လိုက်လေသည်။ သူအခန်းတံခါးဖွင့်လိုက်ချိန် အခန်းအပြည့်ရှိနေပါသော ကောင်းငယ်လေးများအား တွေ့လိုက်ရလေသည်။ တချို့ဆို အသက်ပင်ပြည့်ပြီလား မသိနိုင်ပင် ။ Daou အခန်းထဲတချက်ဝေ့ကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ဒီမှာ Eitဆိုတဲ့သူရှိလား !!! "
Daou အမေးအား ပြန်မဖြေပဲ ဒီတိုင်းသာ သူ့အား ကြည့်နေကြတာမို့ Daou အထဲ သို့ဝင်သွားလိုက်ပြီး အရှေ့ဆုံးမှာ ရပ်နေပါသော ကောင်လေးတယောက်အား ဆွဲမေးလိုက်လေသည်။
"Eit ဆိုတဲ့သူဘယ်မှာလဲ ! "
"ဟို..... ဟို..."
"သေသေချာချာပြောစမ်း! သူဘယ်မှာလဲ ! "
Daou အသံမာသွားချိန်မှာတော့ တဖတ်ကောင်လေးသည် စကားထစ် နေရာမှ အသံပင်ထွက်မလာတေ့ာပေ။ Daou အကြပ်ရိုက်နေတုန်း တနေရာမှ အသံသေးသေးလေးထွက်လာလေသည်။
"ခင်များက Eit ပြောနေကြP'Taa ဆိုတဲ့လူလား "
Daou လှည့်ကြည့်လိုက်တော့ လူကြားထဲမှ တိုးထွက်လာပါသော နောက်ထပ်အကောင်သေးသေးလေးတယောက်ပင်။ Daouလဲ ထိုကောင်လေးအရှေ့ ရပ်လိုက်ပြီး ဖြေလိုက်လေသည်။
"ငါကTaa မဟုတ်ဘူး ဒါပေမဲ့ သူအကူအညီတောင်းထားလို့ Eitကိုရှာနေတာ သူဘယ်မှာလဲ မင်းသိလား "
"မကြာသေးခင်ကပဲ Eitကိုလာခေါ်သွားကြတယ် VIP အဲ့ခန်းဘက်လို့ထင်တာပဲ "
"အဲ့နေရာကို လမ်းညွှန်ပေးနိုင်မလား "
"ဟုတ်ကဲ့ ! ဒါနဲ့ ခင်များက ..."
"မပူပါနဲ့ ခဏနေ ရဲ တွေရောက်လာလိမ့်မယ် မင်းတိုဒီထဲမှာပဲ စောင့်နေကြ အပြင်လုံးဝ မထွက်ကြနဲ့ မဟုတ်ရင် မင်းတို့ပါ အသက်ပျောက်ကုန်လိမ့်မယ် "
ကောင်လေးပြောပြတဲ့အတိုင်း မှတ်သားပြီးတာနဲ့ Daou မှာစရာရှိတာမှာပြီး ပြောပြလိုက်ပါသော လမ်းကြောင်းအတိုင်း ရှိသမျှ အခန်းတိုင်းအား ဝင်ရောက်ရှာဖွေရတော့သည်။ သူအခန်းမှန်သမျှ ဖွင့်နေတုန်း မကြာ အော်သံတခုကြားလိုက်ရတာမို့ ထိုအခန်းနား တဖြေးဖြေးကပ်သွားလိုက်လေသည်။
အခန်းတံခါးနားအရောက် အခန်းတွင်းအား သူအကဲခတ်လိုက်လေတော့ Daou မျက်လုံးတွေပင်ပြူးကျယ်သွားရတော့သည်။ သူတံခါးအား အလျင်အမြန်ဖွင့်ပြီး ဝင်လိုက်လေသည်။
"မလုပ်နဲ့!!!!!"
သို့သော် ကြမ်းပြင်ပေါ်သို့ ပြုတ်ကြပြီး တစစီကွဲကြေသွားပါသော ဖန်ကွဲစ။ ထိုဖန်ကွဲစထက်မှ သွေးစများ သွေးစများ တစက်စက်ကျဆင်းနေပါသော လက်ထိပ်ဖျားနှင့်အတူ ပုံရက်သား လဲကျသွားပါသော ကိုယ်ခန္ဓာတစ်ခုသည်သာ ရှိနေခဲ့လေသည်။
"မင်းကဘယ်သူလဲ ထွက်သွားစမ်း!!!!!"
Daou သူ့ရှေ့ လာတားဆီးနေသော သူအား တချက်ထဲပိတ်ထိုးလိုက်ပြီး အခုပင် သူ့ရှေ့လဲကျသွားပါသော ပုံရိပ်လေးဆီအပြေးရောက်သွားလေသည်။ ထိုလူသားအား အနည်းငယ် ဖေးမလိုက်ပြီး လည်ပင်းထက်မှ သွေးဆက်တိုက် စီးကျနေပါသော ဒဏ်ရာထက် သူ့လက်အား ဖိထားလိုက်လေသည်။ သွေးများရပ်တန့်လို့ ရပ်တန့်ညား။
"Eit !! Eit ! သတိထားစမ်း!!"
ထိုလူငယ်လေးသည် Daou လိုက်ရှာနေပါသော Eitဆိုသူဖြစ်လေသည်။ ထိုကောင်လေးအား သူအခန်းပြင်မှ မြင်ချိန်တွင် ယခုန သူပိတ်ထိုးလိုက်သောလူအား Eit သည် တွန်းထုတ်လိုက်ပြီး သူ့လက်တဖတ်တွင် ကိုင်ထားပါသော ဖန်ကွဲစဖြင့် သူ့လည်ပင်းအား လှီးဖြတ်လိုက်ခြင်းဖြစ်လေသည်။ Daou အထဲသို့အမြန်ဝင်လာခဲ့ပေမဲ့ သူသည် မတားလိုက်နိုင်ခဲ့ပေ။
"သတိထားပါအုန်း! Eit ! Taaလေ မင်းရဲ့ P'Taaသူဒီကို ရောက်နေတယ် သူမင်းကို လိုက်ရှာနေတာ အားတင်းထားပါအုန်း "
Taaဆိုသော အမည်နာမသည် ထိုကောင်လေးအား လှုပ်နှိုးလိုက်သလိုပေ Eitရဲ့ မျက်ဝန်းတစုံသည် Daou ဘက်သို့ လှည့်ကြည့်လာလေသည်။
"ဟုတ်တယ် Taa သူရောက်နေတာ သူမင်းကိုနေရာအနှံ့လိုက်ရှာနေတာ အဲ့တာမို့ မင်းဒီတိုင်းထွက်သွားလို့မရဘူး ! "
Daou စကားဆိုနေဆဲမှာပင် သူ့ပေါင် ပေါ်ရှိ Eit၏မျက်ဝန်းတို့ထက်မှ မျက်ရည်စများစီးကျလာခဲ့လေသည်။ ထို့နောက်တဖြေးဖြေး ပြုံးပြလာလေသည်။ Eit သည် စကားဆိုချင်သဖွယ် ပါးစပ်ဖွင့်လာတာမို့ Daou သူနားအား အနားကပ်လို့ နားထောင်လိုက်လေသည်။
"ကျေး..... ကျေးဇူး....တင်ပါတယ် ....."
ထိုစကားလုံးအပြီးဝယ် Eitရဲ့လှုပ်ရှားမှုများသည် နာရီစက်ရပ်တန့်သွားသလို ရပ်တန့်သွားခဲ့လေတော့သည်။ သို့သော် ထွက်ခွာသွားသူသည် စိတ်ကျေနပ်သည့်အလား Eitရဲ့ မျက်နှာထက်ဝယ် အပြုံးလေးတခုတော့ ချန်ရစ်ခဲ့လေသည်။
ငြိမ်သတ်သွားသော ကိုယ်လေးအား Daou မြေပြင်ထက်အသာအယာ ချထားလိုက်ပြီး ဘေးမှ စောင်အခင်းဖြင့် ဖုံးအုပ်ထားပေးလိုက်လေသည်။ အသက်တချောင်းသည် ယခုလိုပင် လွယ်လင့်တကူ ဆုံးရှုံးသွားခဲ့ရလေသည်။
Daou ပြီးနောက် သူပိတ်ထိုးလိုက်လို့ လဲကျနေသူအနားသွားလိုက်ပြီ ထိုလူအား အကျီစမှ ဆွဲလျက် ဆက်တိုက်ဆိုသလို လက်သီးများပစ်ကျွေးတော့လေသည်။
"P'Ou !!!! P'Ou !!!"
Daouမထနိုင်တော့သော လူအား စိတ်ကျေနပ်လောက်အောင်ထိုးပြီးနောက် သူ့အောက်ကလူမှာတော့ အတော်လေးအကျည်းတန်နေပြီ ဖြစ်လေသည်။ သူဂရုမစိုက်စွာ မတ်တပ်ရပ်လိုက်ချိန် ကြားလိုက်ရတဲ့ အသံကြောင့် အခန်းအပြင်သို့ထွက်ကြည့်လိုက်လေသည်။
ထိုချိန်ဝယ် သူ့အားတခန်းဝင် တခန်းထွက်လိုက်ရှာနေပါသော Offroad အားတွေ့ရလေသည်။ Offroadတယောက် Daouနာမည်ခေါ်ရင်းရှာနေတုန်း အခန်းတခုမှ ထွက်လာသော Daou အားမြင်တာနဲ့ Offroad ပြေးသွားပြီး တင်းကြပ်စွာ ဖတ်ထားလိုက်လေသည်။
"P'Ou အဆင်ပြေရဲ့လား "
တဖတ်လူသည် သူ့အား ပြန်လည်တင်းကြပ်စွာသိုင်းဖတ်လာပြီး Offroad ဆံပင်လေးများအားဖွလိုက်ပြီး အုပ်ကိုင်ထားလေသည်။
"ပြေပါတယ် ကိုအဆင်ပြေပါတယ် !"
Note
အမှန်က မနေ့ကတင်မလို့ပဲ ကျနော် လုပ်စရာလေးပေါ်လာလို့ ဒီနေ့မှ တင်ပေးလိုက်ရတယ် ခေါ့ထိုးခ 🤧🤧🤧 ဒါနဲ့ရှည်ကြီးပဲနော် ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




