36
18:51, 5 January 2025နေ့လည်ချိန်မှာတော့ ထမင်းစားဖို့ရန်လာခေါ်သည်မို့ Daou နဲ့ Offroad လဲ အတူတူအခန်းပြင်ထွက်လာပြီး နေ့လည်စာဝိုင်းတွင် ထိုင်လိုက်ကြလေသည်။ Offroad အား နေရာချပေးပြီးနောက် Daou သည် အနားရှိ သူ့အား ဆေးထည့်ပေးဖူးပါသော မိန်းကလေးအား တစုံတရာ တိုးတိုးတိတ်တိတ်မေးမြန်းလိုက်လေသည်။
ပြီးနောက် သူတချက်ပြုံးပြလိုက်ပြီး စားပွဲမှ ထထွက်သွားလေတော့သည်။ Offroad ကတော့ ထွက်သွားပါသော Daouအား လည်ပြန်ကြည့်ရင်း ထိုနေရာတွင်သာ ကျန်ခဲ့လေတော့သည်။
Offroad ယခုနက Daouနှင့်စကားဆိုနေသော မိန်းမပျိုအားကြည့်လိုက်တော့ ထိုမိန်းကလေးက ရှက်ပြုံးလေးပြုံးနေသည်မို့ Offroad စိတ်ထဲ ဘဝင်မကျချင်တော့ပေ။ သူ့ဘေးနားမှ ထိုင်နေသူ Markကတော့ အဖြစ်အပျက်အားမသိလိုက်စွာပင် Offroad စားဖို့ရန် ဟင်းများထည့်ပေးနေလေတော့သည်။
မကြာ Daou ပြန်ရောက်လာပြီး Offroad အနားတွင် နေရာယူလိုက်လေသည်။ ပြီးနောက် ဟင်းပွဲထဲမှ ငါးတကောင်အားယူပြီး အသားနွှင်နေလေတော့သည်။ ထိုအရာအား Daouဘေးဘက်တွင် ထိုင်နေသူ မိန်းမပျိုလေးမှ စကားစလေတော့သည်။ ထိုမိန်းမပျိုလေး အမည်သည်ကား Pin ပင်။
"အကိုစားလေ Pin လုပ်ပေးပါ့မယ် "
"ရပါတယ် ကျနော့်ဘာသာ လုပ်လိုက်ပါ့မယ် ရတယ် Pin စားစရာရှိတာသာစားပါ "
Daouပြန်ဖြေလိုက်ပြီးတာနဲ့ ငါးအသားနွှင်ခြင်းအား ဆက်လက်လုပ်ဆောင်နေခဲ့လေသည်။ ဘေးမှ Offroad ကပဲ မနေနိုင်စွာ ခွံ့ကျွေးဖို့လုပ်ချိန်ဝယ် သူ့ပန်းကန်းထဲရောက်ကှိလာသော နွှင်ပြီးသား ငါးအသားစများပင်။
"ကိုပြီးရင်စားပါ့မယ် ရော့! မင်းကြိုက်တာလေ စားကြည့်ကြည့် "
"........"
"ဘာကြည့်တာတုန်း ! ကိုချောတာကိုသိပါတယ် ခုတော့ အစားစားဖို့လုပ် စားလိုက်အုန်း အာ....... "
Daouသူ့အား အထူးအဆန်းကြည့်နေသူလေး Offroad အား အနားမှလူများမရှိပါက ဆွဲဖတ်နမ်းလိုက်ခြင်သော်လဲ အခုကအခွင့်မပေးတာမို့ သူမှာ အရိုးနွှင်နေသည့်ထဲကိုသာ စိတ်ထည့်ထားရလေသည်။ ပြီးနောက် Offroad အား ငါးအသားအား ခွံ့ကျွေးလိုက်လေသည်။
"စားကောင်းလား "
"အွန်း အရသာရှိပါတယ် ! P'Ouလဲ စားလေ ကျနော်ခွံ့ကျွေးမယ် "
"အဟန့် ! အဟန့် ! ထမင်းလေးတော့ ဖြောင့်အောင် စားပရစေကွာ "
သူ့ရှေ့တွင် ကိုခွံ့ကျွေးမယ် ကျနော်ခွံကျွေးမယ် လုပ်နေသူ အတွဲအား Markတယောက် နောက်ဆုံးမခံစားနိုင်စွာ ထပြောရလေတော့သည်။ Mark ရဲ့အပြောအောက်ဝယ် Offroad ကော Daou နှစ်ယောက်စလုံး ပြုံးဖြဲဖြဲလေးသာလုပ်ပြလိုက်ပြီး Daouကတော့ ငါးအရိုးသာ ပြီးအောင်နွှင်နေလေသည်။
"ဟုတ်သား အကိုအရင်စားနှင့်လိုက်လေ ဒီက Offroad အတွက် Pinပဲ လုပ်ပေးလိုက်ပါ့မယ် ပေးပါ "
"ရပါတယ် မလိုပါဘူး Offroad အတွက်ကို ကျနော်ကိုယ်တိုင်ပဲလုပ်ပေးခြင်လို့ပါ သူ မလုပ်တတ်လို့မဟုတ်ပဲ ကျနော့်ကိုယ်တိုင်ကိုက သူ့အတွက်အစစ အရာရာ လုပ်ပေးရတာကို သဘောကျလို့ပါ ပြီးတော့ ကျနော့်ကို Daouလို့ပဲ ခေါ်ပါ အကိုလို့ခေါ်တာ ကျနော်နေသားမကျလို့ပါ "
"ဟုတ်ကဲ့ပါ "
တဖတ်မိန်းကလေးအား ပြန်ဖြေပြီးနောက် Daou သည် Offroad အား ကြည့်ပြီး မျက်စိတဖတ်မှိတ်ပြလာ လေသည်။ Offroad သည်လဲ Daouအားကြည့်ပြီး ပြုံးနေရင်း အစားကိုသာ အာရုံစိုက်နေလိုက်တော့သည်။ သူတို့၃ယောက်အား ကြည့်နေသူMarkမှာတော့ ခေါင်းတခါခါသာ ဖြစ်နေတော့လေသည်။
ထမင်းစားသောက်ပြီးနောက် သူတို့အား ခေါ်လာပေးသူ လူနှစ်ယောက်အနက်မှ Tinဆိုသောသူသည် Daou နှင့် Offroad အား ရွာလူကြီးထံအကျိုးအကြောင်းပြောရင်း ခေါ်သွားပေးလေသည်။ ပြီးနောက် ရွာတစ်လျှောက်လိုက်လံပြသပေးလေသည်။
လိုက်လံပြသနေသမျှတလျှောက်လုံး Daouတယောက် မျက်နှာကြီးတည်တင်းနေသည်အား Offroad တယောက် လှည့်တကြည့်ကြည့် ဖြစ်နေရလေသည်။ ခုနကတင် ပြုံးရွှင်နေသူသည် သူမဟုတ်သည့်အတိုင်း တည်တင်းဆူပုတ်နေခြင်းဖြစ်လေသည်။ Offroad လဲ သူတို့နေထိုင်ရာ နေရာအား ပြန်ရောက်မှ မေးရန်သာ တေးထားလိုက်လေသည်။
မကြာတရွာလုံးတပတ်လည်ပြီး နေအိမ်ပြန်ရောက်သော် ခဏအနားယူနေတုန်း ယခုချိန်ထိ စကားမပြောနိုင်စွာ တည်တင်းနေပါသော Daouအနား Offroad တဖြေးဖြေးကပ်သွားလိုက်လေသည်။
"P'Ou ဘာဖြစ်နေတာလဲ ? "
"ဘာဖြစ်လို့လဲ ! ဘာမှမဖြစ်ပါဘူး အကောင်းကြီးပဲ !!"
တစစ အသံကျယ်လာပါသော ထိုလူကြောင့် ပုံမှန်မဟုတ်နေမှန်း Offroad သတိကပ်သွားလေသည်။ ဘာကိုစိတ်ဆိုးနေပြန်ပြီလဲ မသိစွာပင် Offroad သူ့ခေါင်းလုံးလုံးလေးအား ကုတ်လိုက်ပြီးနောက် Daouဘေးအနားတိုးကပ်သွားလိုက်လေသည်။ သို့သော် Daou ကတော့ Offroad အား ကျောပေးထားလေသည်။ လှည့်ကိုမကြည့်ပေ။ Offroad ကတော့ ထိုသို့ဖြစ်နေသော Daou အား အခုမှမြင်ဖူးသည်မို့ အသစ်အဆန်းလိုပင် ဖြစ်နေတော့လေသည်။
"P'Ou .... P'Ou !.....P !...."
"ဘာလဲကွာ ! "
"ဘာဖြစ်နေတာလဲ ? ဘာကို စိတ်ကောက်နေတာလဲ "
"ဘာလို့စိတ်ကောက်ရမှာလဲ ! မကောက်ပါဘူး "
"အဲ့ဒီအသံလေ တစတစကျယ်လာတဲ့ အဲ့အသံက P'Ou စိတ်ကောက်နေတာပဲ ကျနော့်ကိုလား ကျနော်ဘာလုပ်မိလို့လဲ !"
"ကျနော်ဘာလုပ်မိလို့လဲ ဟုတ်လား ! မင်းဘာလုပ်မိမှန်းမသိဘူးလား ? "
"ကျနော်ဘာလုပ်မိလို့လဲ P'Ou ပြောပြမှ သိမှာပေါ့ "
Offroad အပြောအဆုံး Daou ဆတ်ကနဲ တဖတ်လှည့်လာပြီး Offroad မျက်နှာအား သူ့လက်တဖတ်ဖြင့် ညှစ်ထားလိုက်လေသည်။
"ဘာလုပ်လို့လဲ ဟုတ်လား ! ဘာလုပ်လို့လဲ ! ခုနက ရွာထဲ လျှောက်ကြည့်နေတုန်းက မင်းလေ မင်းအရမ်းတွေပြုံးပြနေတာ "
"ဟွန် ...."
"ဟုတ်တယ် ကိုမကြိုက်ဘူး မင်းရဲ့ဒီအပြုံးတွေကလဲ ကို့အပိုင် ဒီနှုတ်ခမ်းလေးကလဲ ကို့အပိုင် ဒီမျက်လုံးလေးတွေကလဲ ကို့အပိုင်ပဲ ပြီးတော့ ဒီလက်ဖဝါးလေးတွေကလဲ ကို့အပိုင် မင်းရဲ့စိတ်ကလဲကို့အပိုင် မင်းရဲ့နှလုံးသားကလဲ ကို့အပိုင်ကွာ အကုန်ပြောမယ်ကွာ မင်းတကိုယ်လုံးက ကို့အပိုင် မင်းကိုသူများတွေ ထိတာ ကိုင်တာ ကိုမကြိုက်ဘူး ပြောရရင်ကွာ မင်းကိုကြည့်တာတောင် မကြိုက်ဘူးကွာ သဝန်တိုတယ် "
Offroad တယောက် သူ့တကိုယ်လုံးအား လက်ညှိုးတထိုးထိုးနဲ့ သူ့အပိုင်ဟု ပြောနေပါသော ထိုလူအားကြည့်ရင်း အံဩရင်းကနေ ပြုံးမိတဲ့အဆင့်သို့ပြောင်းလဲသွားလေသည်။ဘာလို့ပြုံးမိတာလဲ ? သူ ထိုလူအားရွေးချယ်မိခြင်းသည် သူ့အတွက်တော့ အကောင်းဆူံဆုလာဘ်တခုအဖြစ်သူခံစားရ လို့ပဲဖြစ်လေသည်။
"ကို့ကို ဘာလို့ပြုံးကြည့်နေတာလဲ "
"P'Ou ကအရမ်းချစ်ဖို့ကောင်းလို့လေ "
Offroadသူအား ဆူပုတ်ပုတ်နှင့် ကြည့်နေပါသော Daou ရဲ့ ပါးနှစ်ဖက်အားဆွဲလိုက်ပြီးစနေလေတော့သည်။ Daouမှာလဲ သူ့စိတ်တိုင်းကျ လွှတ်ပေးထားလေသည်။
"နာတယ်လေကွာ ဖြေးဖြေးဆွဲပါ "
"အိနေတာပဲ ! ဟီးဟီး မွ "
နောက်ဆုံး ထိုအိစက်နေပါသော ပါးပြင် တဖတ်တချက်စီအား Offroad အနမ်းခြွေလိုက်လေသည်။ နောက်ဆုံးအ နေနဲ့ Daou ရဲ့ နှုတ်ခမ်းထက် ခပ်သွက်သွက် အနမ်းတစုံ ခြွေလိုက်တော့လေသည်။ ထိုလူသားသည်လဲ သူ့အပိုင်သာဖြစ်ပေလေသည်။
"ကို့ကို လာစနေတာပဲ "
"P'Ou သူများအိမ်ရှေ့ကြီးမှာနော် "
"ကိုကဘာလုပ်လို့လဲ ! "
Offroad သူ့နား အနားကပ်လို့လေသံတိုးတိုးနှင့် ဆိုလာသူDaouအား ပြန်ပြောရန် အလုပ် အနောက်မှ အသံတခုမှ ဝင်နှောက်ယှက်လိုက်လေသည်။
"Daouတို့ရေချိုးချင်ရင် အနောက်မှာ ကန်ရှိတယ် ဒါကအဝတ်အစားအပိုတွေပါ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Pin "
Daouသူ့အားလာပေးပါသော အဝတ်အစားများအား Pin လက်ထဲမှ လက်လွှဲယူလိုက်လေသည်။ သို့သော် အဝတ်ပေးပြီးတာတောင် ထိုနားရပ်နေသူPinအား Daouတချက်ကြည့်ပြီး မေးလိုက်လေသည်။
"pin တခုခု ပြောစရာ ရှိသေးလို့လား "
"အဲ့ဒါက Daouဒဏ်ရာက အခုမှပြန် ကောင်းခါစဆိုတော့ ရေမထိ အောင် ဂရုစိုက်ဖို့မှာချင်လို့ပါ "
"ဟုတ်ကဲ့ ဒေါက်တာကျနော့်ကို ပြောပြထားပါတယ် "
"အော် ..... အဲ့ဒါလေ ......."
"ဘာဖြစ်လို့လဲ ပြောစရာရှိတာ ပြောပါ "
"အော် အဲ့တာကလေ ရေချိုးတဲ့အချိန် ကူညီပေးဖို့ လိုသေးလားလို့ပါ "
pin ရဲ့ အမေးအဆုံး Daou တယောက် ထိုမိန်းကလေးအား တချက်ကြည့်လိုက် လေသည်။ Pin သည် သူ့ခေါင်းအား မြေပြင် ထက်သို့သာအကြည့်ပို့ထားလေသည်။ Daou သူ့ နောက်မှ Offroad အားလဲ လည်ပြန်ကြည့်ရသေးသည်ပင်။ ထို့နောက်သူပြောလိုက်လေသည်။
"မလိုပါဘူး Pin မင်းက မိန်းကလေးမို့ မသင့်တော်ပါဘူး ကျနော့်ကို Offroad ကူညီပေးပါလိမ့်မယ် "
"ဟို ..... သူကလဲ ဒဏ်ရာနဲ့ဆိုတော့လေ Pin ကူညီ......"
"မလိုပါဘူး ကျနော့်လက်တဖတ်က ကောင်းနေသေးတယ် ကျနော့်ချစ်သူကို ကျနော်ပဲ ကူညီလိုက်ပါ့မယ် "
"ဘယ်....ဘယ်လို ချစ်သူ "
Daouအပြောအားမစောင့်စွာ Offroad ရှေ့တက်လာပြီး Pinအား တည့်တည့်ကြည့်လျက် ပြောလိုက်ခြင်းဖြစ်လေသည်။ တဖတ်မိန်းကလေးဖြစ်သူမှာတော့ ထိုအဖြေကြားပြီး မယုံနိုင်သလိုဖြစ်သွားပေမဲ့ Offroad ကတော့ Daouအား မျက်နှာချင်းဆိုင်ကြည့်နေခဲ့လေသည်။ ပုံမှန်ဆို အေးဆေးနေတတ်ပါသော အမူအရာရှိသူ Offroad တယောက် ယခုချိန်တွင်တော့ ထူးဆန်းစွာ စိတ်ဆတ်နေသလိုပင်။
"ဟုတ်တယ်လေ ချစ်သူတွေ မရှင်းသေးလို့လား ပိုပြီးလက်တွေ့ပြပေးရအုန်းမလား "
Offroadတယောက် Pinအား လှည့်ပြောပြီးတာနဲ့ Daouဘက်မျက်နှာမူလိုက်ချိန်ဝယ် တဖတ်သူကတော့ သူ့အား ပြုံးပြုံးကြီးထိုင်ကြည့်နေလေသည်။ ဘာတွေ တွေးပြီး သဘောကျနေသလဲကတော့ သူကိုယ်တိုင်သာ သိပေမည်ပင်။
Offroad လဲ Daou အနားသို့တဖြေးဖြေးကပ်သွားရင်း ထိုလူ့ရဲ့ရင်ဖက်မှ အကျီစအား ဆွဲစောင့်လျက် သူတို့နှစ် ဦးသားရဲ့ မျက်နှာ အကွာအဝေးအား နီးကပ်စေလိုက်လေသည်။
"အခုက ဘယ်လိုသက်သေပြချင်တာလဲ Road "
Offroad သူ့အကျီစအား ဆွဲထားသည်အားဂရုစိုက်ရန်အချိန်ပင်မရအားစွာ Daouသည် သူ့မျက်နှာနှင့် နီးကပ်စွာ တည်ရှိနေပါသော Offroad ရဲ့ မျက်နှာထက်ရှိ မျက်ဝန်းများဆီသို့ တည့်တည့်စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်း တဖတ်အား ကိုက်လိုက်လေသည်။
"အခုပဲပြပေးမယ်! "
အပြောနှင့်အလုပ်ညီစွာ Offroad တယောက် Daouနှုတ်ခမ်းသားတို့အား နက်ရှိုင်းစွာ စားသုံးလျက် သက်သေပြခဲ့လေသည်။တဖတ်မှ Daouသည်မှာလဲ Offroad စိတ်တိုင်းကျသာ လွှတ်ပေးထားခဲ့လေသည်ပင်။ Offroad ဘက်မှ ယခုလို စနမ်းခြင်းသည်က ရှားပါးလှသည် မဟုတ်လား? အနမ်းတို့ထဲ နစ်မြောနေရင်း သူတို့နှစ်ဦးသား သတိဝင်လာချိန်ဝယ် Pin သည် နေရာမှပင် ပျောက်ကွယ်သွားပြီဖြစ်လေသည်။ လူတယောက်လုံးထွက်သွားသည်အား မသိနိုင်စွာ သူတို့သည် အနမ်းရေယာဉ်ထဲ နစ်မြောနေခဲ့ခြင်း ဖြစ်လေသည်။
"ကဲ ..... ကိုတို့ရေသွားချိုးကြမလား ဘာလုပ်ချင်လဲ !"
Offroadသူ့အား မျက်ခုံးတဖက်ပင့်လို့ လူယုတ်မာအပြုံးကြီးဖြင့် ကြည့်နေသော Daou ကြောင့် သူပင်ကြက်သီးတို့တဖြန်းဖြန်း ထသွားလေ သည်။ သူလဲ အရှက်သည်းစွာ Daou ရင်ဖက်အား ထုရိုက်လိုက်ပြီး ပြောလိုက်လေသည် ။
"ရေသွားချိုးမှာပေါ့ ဘာလုပ်ရမှာလဲ ? P'Ou ..."
"ဗျာ ..."
"အရမ်းကြည့်ကောင်းမနေနဲ့ ကျနော်သဝန်တိုတယ် "
ထိုစကားဆုံးပြီးနောက် Offroad တယောက် အနောက်ပင်လှည့်မကြည့်နိုင်စွာ ထိုနေရာမှ ထွက်ပြေးသွားတော့သည်။ Daouကတော့ တဟားဟား ရီလျက်သားနှင့် အဝတ်အပိုတို့အား ယူလို့ Offroad အနောက်သို့အပြေးလိုက်သွားလေတော့သည်။
Note
နောက်ကျသွားလို့ ဆူမိမားစဲ 🙏🙏
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




