Fanfics

28

19:17, 11 December 2024

Uni

Offroadတယောက် Daouရဲ့ ရင်ဘက်အား ထုရိုက်နေရင်း နှုတ်မှလဲ တဖွဖွပြောနေခဲ့လေသည်။

"ဘာလို့လဲ !!! ဘာလို့ခင်များ ဖြစ်နေရတာလဲ !!!! ...."

တဖြည်းဖြည်း အားပါလာသော ထုရိုက်မှုတို့အား Daouကတော့ ခြေတလှမ်းမရွေ့ပဲ ဆက်တောင့်ခံနေမိသည်။ ထိုသို့ထုရိုက်ခြင်းအားဖြင့် Offroad ရင်တွင်းမှ နာကျင်မှုအနည်းငယ် ပြေပျောက်လိုဌားပင်။

ထုရိုက်ခံနေရသူသည်တော့ မမူပေမဲ့ ထုရိုက်နေသူ Offroadသည်တော့ တဖြေးဖြေးအားအင် ကုန်ခမ်းလာပြီး ကြမ်းပြင်ထက် ခွေကျသွားရင် သူ့ရဲ့ငိုကြွေးမှုသည်ကတော့ မရပ်တန့်သွားခဲ့ပေ။

"ဘာလို့ ခင်များဖြစ်နေခဲ့ရတာလဲ ?? အဲ့အဖြစ်ဆိုးကြီးကနေ ရုန်းထွက်လာနိုင်ကာမှ ဘာလို့ ခင်များပေါ်လာရတာလဲ ? ဘာလို့လဲ !!! "

"........."

Daouကတော့ ကြမ်းပြင်ထက် ထိုင်ငိုနေသူအား မကြည့်ရက်သော်လဲ သူတွင် ဖြေရှင်းဖို့ရန် စကားရှာမရခဲ့ပေ။ ဟုတ်သည်လေ သူကလဲတရားခံတယောက်ဖြစ်နေခဲ့လေသည်။ Offroad ရဲ့မိသားစုအား သေတွင်းပို့မိသူသည် သူမှစတင်ခဲ့ခြင်းဖြစ်လေသည်။ Offroad အားသိုင်းဖတ်ရန် Daouရဲ့ လက်တို့ဆန့်တန်းခဲ့သော်လဲ ယခုအခါတွင်တော့ Offroad သည် သူ့လက်အား အကြမ်းပတန်း တွန်းဖယ်လာခဲ့ပြီဖြစ်လေသည်။

"မထိနဲ့ !!! ကျနော့်ကို လာမထိနဲ့ !!!!! "

ဆစ်ခနဲ့ နာကျင်သွားသော ရင်တွင်းမှ နာကျင်မှုနှင့်အတူ Daouရဲ့လက်တို့‌သည် အောက်စိုက်လျက်သား ချထားလိုက်ရတော့သည်။

"ကို့ကို ခွင့်လွှတ်ပါ Offroad ကို မထင်ခဲ့လို့ အဲ့လိုဖြစ်မယ်မှန်းတကယ်မထင်ခဲ့လို့ပါ"

"ခွင့်လွှတ်လိုက်လို့လဲ ကျနော့်မိဘတွေလဲ ပြန်မရှင်လာနိုင်သလို့ အဲ့အဖြစ်ဆုံးကြီးကလဲ ကျနော့်တသတ်လုံး အိမ်မက်ဆိုးအဖြစ်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး !!!! ဘာလို့ ဘာလို့များ အဲ့နေ့က ခင်များပေါ်လာရတာလဲ ? အကယ့်လို့ ခင်များသာ မပေါ်လာခဲ့ရင် ကျနော်တို့မိသားစုလဲ အခုလို သေကွဲကွဲရမှ မဟုတ်ဘူး !!!!"

Offroad ထံပါးမှ ပေါက်ကွဲထွက်လာမှုအား Daouအသံတိတ် ငြိမ်ခံနေလိုက်သည်။ ဟုတ်တယ် !အဲ့နေ့ကတည်းက သူအသတ်သာပါသွားခဲ့ရင် Offroad လဲဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တော့သူက ဂြိုလ်ဆိုးတကောင်ဖြစ်နေခဲ့တာပဲ။ သူ့ရဲ့ မိဘတွေနဲ့ မွေးစားအဖေသားမက Offroad ရဲ့ မိသားစုပါ ထိခိုက်စေမိခဲ့လေသည်။

သို့သော် သူယနေ့ထိတိုင် ရှင်သန်နေထိုင်ခြင်းသည်လဲ အပြစ်ဒဏ်တခုလားလို့ သူတွေးတောမိသည်။ မိသားစုနှင့် ကွေကွင်းရခြင်းအပြင် ချစ်ရတဲ့သူမှ သူ့အား မုန်းတီးစေခြင်း။ ထိုအရာတွေသည်က သူရှင်လျက်နှင့်ပေးဆပ်နေရသော အပြစ်ဒဏ်များလား ?

ထိုအချိန် Daou နှင့်Offroad အတူရှိနေသော အခန်းတံခါးသည် ပွင့်ဟလာပြီး အနောက်တိုင်းဝတ်စုံနှင့်လူ‌တယောက် ဝင်လာခဲ့လေသည်။ သူ့ရဲ့ ဖိနပ်သံကြောင့် ကြမ်းပြင်ထက် ထိုင်နေပါသော Daou နဲ့ Offroad နှစ်ဦးသား မော့ကြည့်လာလေသည်။

"Offroad မင်းမိဘတွေ သေဆုံးအောင် ပြုလုပ်ခဲ့တဲ့သူက Pမဟုတ်ဘူး ငါ့ကြောင့် "

"P'Din "

ဝင်လာသူ Din သည် Offroad အား ခေါင်းအသာညှိတ်ပြလိုက်လေသည်။ သူ့နောက်မှ လိုက်လာသူ Tob သည်လဲ ထိုစကားအားကြားသော် သူအား မယုံသလို စိုက်ကြည့်လာလေသည်။ Daouသည်လဲ ထိုနည်း တူစွာပင်။

Offroad ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ပြီး Dinအရှေ့မှာရပ်လို့ ထိုလူရဲ့ လည်ပင်းမှ အကျီစအား ဆွဲဆုပ်ထားလိုက်သည်။

"P'Din အခုဘာပြောလိုက်တာလဲကို သိရဲ့လား !!! "

" Off..... Offroad .... အွတ် .... လည်.... လည်ပင်းအစ် ..... အစ် "

မကြာခင် လည်ပင်းအစ်သေတော့မလိုဖြစ်နေသော Din အားကယ်တင်ရန် Daou လဲ Offroad နဲ့ Din အား လူခွဲလိုက်ရလေသည်။ လူခွဲပြီးတာတောင် သူ့လက်ထဲ ရုန်းကန်နေသူအား အသေအချုပ်ထားရင်းလွတ်နေသော လက်မှ Offroad ရဲ့ကျောပြင်ထက်ပွတ်သပ်ပေးလိုက်သည်။ စိတ်အနည်းငယ်လျော့သွားရင်ပဲ သူကျေနပ်ပါတယ်လေ။ Offroad အတန်ငယ် ငြိမ်သပ်သွားတော့မှ Daou Dinကိုကြည့်ပြီး စကားပြန်ဆက်ရတော့သည်။

"မင်းဘာပြောလိုက်တယ်ဆိုတာကော သိရဲ့လား Din"

"ကျနော်သိပါတယ် P ပြီးတော့ အဲ့အကြောင်းဖုံးကွယ်ထားရလို့လဲ တကယ် တောင်းပန်ပါတယ် အဲ့နေ့ ကျနော် P ကို ပြန်လိုက်ခဲ့ဖို့ အသည်းအသန်လာခေါ်တာက တကယ်တော့ ကျနော် သတင်းတခုရလိုက်လို့လေ အဲ့တာက ..... "

လွန်ခဲ့သော ၆နှစ်ခန့်မှ အဖြစ်အပျက်တခုဆီသို့......

မဖြစ်မနေသောအခြေအနေကြောင့် Daou ရဲ့ ညွှန်ကြားချက်အတိုင်း Tob Watနဲ့ Dinတို့ အသက်ဘေးမှ လွတ်အောင် ခြေကုန်သုတ်ပြေးလာချိန်တွင် ဖြစ်လေသည်။ သူတို့ထွက်ပြေးချိန်တွင်လဲတိုက်ခိုက်မှုဖြစ်ပွားသေးသည်မို့ Watနဲ့ Dinအားကာကွယ်ရင်း Tob တယောက် ထိခိုက် ဒဏ်ရာရခဲ့လေသည်။

တဖတ်လူစုဆီမှ အတော်ဝေးဝေးပြေးလာရင်း သူတို့နားခိုရန် ချိန်းဆိုထားသော နေရာသို့ သုံးယောက်သားရောက်ရှိပြီး Daouအလာအား စောင့်မျှော်နေခဲ့လေသည်။ သို့သော်အချိန်တွေသာ ‌တရွေ့‌ရွေ့ကုန်ဆုံးသွားသော်လဲ Daouသည် ပေါ်မလာခဲ့ပေ။ နောက်ဆုံး မစောင့်နိုင်စော Din မှ ပြောလိုက်တော့သည်။

"Tob ! P တခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော် အခုထိ လူကိုမမြင်ရသေးတဲ့အပြင် အဆက်အသွယ်လဲမရဘူး ကျနော်စိတ်ပူတယ် "

ဆိုနေရင်းမှ Dinမှ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေသည်မို့ ကျန်နှစ်ယောက်မှာ မျက်လုံးနောက်လာတော့သည်။ Tobခြေထောက်အား ပတ်တီးစီးနေသူ Watမှ ဝင်ပြောရတော့သည်။

" Din ငြိမ်ငြိမ်နေစမ်း! ငါ့မျက်လုံ‌းတွေနောက်လို့ပါကွာ "

"Tob ခုထိအဆက်အသွယ်မရသေးဘူးလား "

"မရသေးလို့ပေါ့ကွ ငါလဲစိတ်ပူတာပဲ မင်းခုလို ဂနာမငြိမ်နေတာနဲ့ ဘာမှစဉ်းစားလို့မရတော့ဘူး ငြိမ်ငြိမ်နေ အာ့.... ဖြေးဖြေးလုပ်စမ်းပါ Wat "

"လုပ်နေတာပဲကွာ ယောက်ကျား ရင့်မာကြီးဖြစ်ပြီး တောင့်ခံထားစမ်းပါ "

"အာ့!!.... မင်းဟာက မတရားနာနေတာလေကွာ Wat !"

"Tob !တိုးတိုးနေစမ်းပါ မင်းလုပ်တာနဲ့ လူသတ်နေတယ်ထင်အုန်းမယ် "

ထိုသို့နှယ် ၃ယောက်သား ဆက်စောင့်နေရင်း ညအချိန်ကျမှသာDaou ဆီမှ သတင်းစကား ကြားရတာမို့ သူတို့လဲ အတော်လေးစိတ်အေးသွားသည်။ သို့သော် စိတ်မအေးသူ Dinကတော့ အခုပဲသွားခေါ်မယ် တကဲကဲလုပ်နေသည်မို့ Watတို့နှစ်ယောက်သားလဲ တားလို့မရသည်မို့ သွားဖို့ရန်သာသ‌ ဘောတူလိုက်ရ လေသည်။

သို့သော် ယခုချိန်တွင် Wat နဲ့Tobရဲ့ မျက်နှာများအား မှတ်မိသူများတာမို့ မျက်နှာစိမ်းသော Dinကိုသာ Daouရဲ့လိပ်စာအတိုင်း လွှတ်လိုက်ရလေ‌သည်။ Dinလဲ လိပ်စာအတိုင်း သတိထားပြီးထွက်လာခဲ့လေသည်။

သူDaouပုန်းနေတဲ့နေရာရောက်ခံနီးဝယ် ဖုန်းပြောနေသူတယောက်ရဲ့ စကားသံအားနားစွင့်မိလိုက်လေသည်။ ပုံမှန်ဆို သူဖြတ်ကျော်သွားမည်ဖြစ်သော်လဲ ထိုလူအပြောထဲတွင် 'Samuel 'ဆိုသော အမည်နာမကြောင့် သူနားစွင့်မိသွားခြင်းလဲဖြစ်လေသည်။ Dinထိုဖုန်းပြောနေသူအနားကပ်သွားပြီး အနီးကပ်နားထောင်နေမိလေသည်။

"သူအဲ့အိမ်မှာပဲရှိနေတယ် ငါသေချာစုံစမ်း ထားပြီသားပဲ "

"......."

"ဟက် ! အဲ့မှာပုန်းနေတယ်ဆိုကတည်းက ဒဏ်ရာအတော် ပြင်းလို့ပဲလေ ကျန်တဲ့ လူတွေတော့ မတွေ့ဘူး သူတို့ခွဲထွက်ထားပုံပဲ မင်းတို့ အဓိကလိုချင်တာ သူပဲမဟုတ်လား ! "

"......."

"ကောင်းပြီလေ မင်းတို့ကတိအတိုင်း ဖြစ်ပါစေ "

ဖုန်းပြောပြီးသည်နှင့် ထိုလူသည် လူကြားထဲအလျင်အမြန်ပျောက်ကွယ်သွားခဲ့လေသည်။ Dinထိုလူအနောက် လိုက်ကြည့်သော်လဲ အပုန်းကောင်းတဲ့ ထိုလူအား သူမဖမ်းမိခဲ့ပေ။ သို့သော် နောက်ဆုံးအနေနဲ့ အရေးကြီးတာ Daouဖြစ်သည်မို့ သူ ထိုအိမ်သို့သာ အပြေးသွားတော့သည်။

Din အိမ်အခြေအနေအား လေ့လာလိုက်ပြီး တဖတ်အိမ်ရှင်များမသိခင် Daouနဲ့တွေ့ပြီးနောက် Daouအား ထိုအိမ်မှာ အမြန်ခေါ်ထုတ်သွားမိခဲ့လေသည်။ Din အထင်မှာတော့ ထိုလူတွေအား လျော့တွက်မိခဲ့ခြင်းလဲ ဖြစ်သွားခဲ့လေသည်။

Din နဲ့ Daouတို့ ထွက်သွားပြီးမကြာခင်မှာပဲ Daouတဖတ်သို့လှည့်အကြည့် ထိုနေရာမှ မီးခိုးလုံး တွေ တက်နေသည်အား မြင်သည်မို့ Daouတစုံတခုအား တွေးမိသည်မို့ သူထိုအိမ်သို့ ပြန်လှည့်လာခဲ့လေသည်။ သို့သော် သူပြန်ရောက်ချိန်ဝယ် ထိုအိမ်သည် မီးအ‌ တော်လောင်ပြီးနေပြီဖြစ်လေသည်။ ဘေးဘက်မှ လူအများ ဝိုင်းငြိမ်းနေပါသော်လဲ မီးတောက်သည် အားကောင်းနေဆဲပင်။

Daou သူ့ဘေးမှ ရပ်နေသူအား လှမ်းဆွဲပြီး မေးလိုက်မိလေသည်။

"အထဲကလူတွေကော ... သူတို့ထွက်လာပြီလား ? "

"မထွက်လာဘူး ကျနော်တို့အော်ခေါ်နေပေမဲ့ ဘယ်သူမှ ထွက်မလာသေးဘူး ဝင်သွားဖို့ကျ မီးတောက်ကအရမ်းကြီးလွန်းတယ် "

"မီးသတ်ကားရော ခင်များတို့ ခေါ်ပြီးပြီလား "

"ကျနော်တို့ ခေါ်ထားပြီးသားပါ ဒါမဲ့ ခင်များမြင်တဲ့အတိုင်းပဲ မရောက်လာသေးဘူး ကျနော်တို့တတ်အားသလောက်တော့ မီးသေအောင် လုပ်ပနေတာပဲ ကျနော်ကိုလွှတ်အုန်း !"

ထိုစကားအားကြားပြီးနောက် Din အတင်းဆွဲနေသည်ကြားမှ Daouလဲ ထို မီးလောင်ပြင်ထဲ တိုးဝင်သွားမိခဲ့လေသည်။ မီးလောင်ပြင်ထဲ ရောက်ပြီးမကြာခင်မှာပဲ သူ့မျက်နှာအား လာရောက် ရိုက်ခတ်သော အဆမတန်သော မီးခိုးငွေ့များကြောင့် Daouချောင်းအဆတ်မပြတ်ဆိုးတော့သည်။

ချောင်းဆိုးနေသည့်အထဲမှ တဖတ်မှ ပူပြင်းလှသော မီးအရှိန်အားလဉ သည်းခံလို့ ထိုလူများအားလိုက်ရှာမိလေသည်။ နောက်တော့စတိုခန်းတံခါးအားမှီလျက်ရှိနေသော သူ့အားကယ်တင်ခဲ့သောသူနှင့် ထိုသူ့ဘေးနားဝယ် လဲကျနေပါသော ထိုသူရဲ့အမျိုးသမီး ဖြစ်သူပင်ဖြစ်လေသည်။

Daou အပျက်အစီးများအား ရှောင်လွှားရင်း ထိုလူနှစ်ယောက်အား အမြန်စစ်ဆေးကြည့်သော်လဲ ထိုသူနှစ်ဦးမှာ သူမလာခင်ကတည်းက ဆုံးပါးသွားကြပြီဖြစ်လေသည်။Daouသူ့ရဲ့နောက်ကျသွားမှုအား အပြစ်တင်ရန်အချိနိမရှိ နောက်ဆုံးသောလူတယောက်အား မျှော်လင့်ချက်အနည်းငယ်ဖြင့် သူရှာဖွေရန် လုပ်လေသည်။

မီးလောင်ပြင်ရဲ့အပူရှိန်ကတမျိုး ထူထပ်လှတဲ့မီးခိုးငွေ့တာကြောင့် အသက်ရှုကြပ်ရသည်အား သည်းခံရင်း ထိုသူနာမည်အား ခေါ်နေရင်း Daouဆက်ရှာနေမိလေသည်။ နောက်ဆုံးမှတော့ တိုးသဲ့သော အသံတခုအား သူအမှတ်မထင်ကြားလိုက်သည်မို့ နားစိုက် ထောင်လိုက်ချိန်ဝယ်။

စတိုခန်းတံခါးအနောက်မှ ထွက်လာခြင်းဖြစ်လေသည်။ Daouလဲ စတိုခန်းတံခါးရှေ့မှ ပိတ်နေသူအား ဘေးဘက်သို့ဆွဲဖယ်လိုက်ပြီး တံခါးအား ဖွင့်ရန်လုပ်သော်လဲ Lock ချထားသည်မို့။ Daouလဲ ထို တံခါးအား ကန်သာဖွင့်လိုက်ရတော့သည်။

သုံ လေးချက် လောက် ကန်ပြီးနောက် သူ့ရှေ့ပိတ်နေသည့် တံခါးသည်လဲ ပွင့်သွားခဲ့လေသည်။ Daou ထိုတံခါးအား ဆွဲဖယ်လိုက်ချိန်ဝယ် လှေကားထက် လဲကျနေသူတဦးအားတွေ့ရှိလိုက်ရလေသည်။

ထိုသူသည်ကား ငယ်ရွယ်သေးပါသော လူငယ်လေး Offroad ဖြစ်နေခဲ့လေသည်။ ယခုချိန်တွင်တော့ ထိုလူငယ်လေးသည် သတိကောင်းကောင်းမရသေးသော်လဲ တိုးညှင်းသောအသံအား ပြုလုပ်နေခဲ့သည်။

Daou လူငယ်လေး Offroad အနား အပြေးသွားလိုက်ပြီး လှုပ်နှိုးသော်လဲ Offroad သည် သတိရမလာခဲ့ပေ။ ယခုချိန်သည် အချိန်ဆွဲနေလို့မကောင်းသည်မို့ Daouလဲ Offroad အား ကုန်းပိုးလိုက်ပီး ထိုမီးလောင်ပြင်မှ ပြေးထွက်ခဲ့တော့သည်။

Daou အပြင်ရောက်သည်နှင့် မကြာမှီမှ ရောက်လာသော လူနာတင်ကားပေါ်သို့ Offroad အားတင်ပေးလိုက်ပြီး သူနဲ့ Dinလဲ အတူလိုက်ပါသွားရတော့သည်။

နောက်ကြောင်းပြန်မှု တဆိတ်တဝက်ပြီးဆုံး

"အဲ့တာပဲ ဖြစ်ခဲ့တာတွေထဲမှ P ရဲ့ တိမ်ချန်ထားမှုကြောင့် မင်းနဲ့ မင်းမိသားစုက ထိခိုက်ခဲ့ရတာပါ "

"အဲ့လူ .... အဲ့ဖုန်းပြောနေတဲ့ လူကကော "

"အခုပဲ အဲ့လူကို ဖမ်းမိလို့ ဒီကိုလာပို့ပေးတာ မင်းသူ့ကို တွေ့ချင်မယ်လို့ ထင်တယ် "

"ကျနော်လိုက်ကြည့်ချင်တယ် "

Offroad ရဲ့ အဖြေအဆုံး Dinလဲ Daouဘက် မော့ကြည့်လိုက်လေသည်။ Daouလဲ ခေါင်းသာညှိတ်ပြလိုက်တော့သည်။

Note

နောက်လူပေါ်လာပြန်ပြီကွာ ဘူလဲသိကြလား ?

Zaw

Offroadတေယာက္ Daouရဲ႕ ရင္ဘက္အား ထုရိုက္ေနရင္း ႏႈတ္မွလဲ တဖြဖြေျပာေနခဲ့ေလသည္။

"ဘာလို႔လဲ !!! ဘာလို႔ခင္မ်ား ျဖစ္ေနရတာလဲ !!!! ...."

တျဖည္းျဖည္း အားပါလာေသာ ထုရိုက္မႈတို႔အား Daouကေတာ့ ေျခတလွမ္းမေ႐ြ႕ပဲ ဆးက္ေတာင့္ခံေနမိသည္။ ထိုသို႔ထုရိုက္ျခင္းအားျဖင့္ Offroad ရင္တြင္းမွ နာက်င္မႈအနည္းငယ္ ေျပေပ်ာက္လိုဌားပင္။

ထုရိုက္ခံေနရသူသည္ေတာ့ မမူေပမဲ့ ထုရိုက္ေနသူ Offroadသည္ေတာ့ တေျဖးေျဖးအားအင္ ကုန္ခမ္းလာၿပီး ၾကမ္းျပင္ထက္ ေခြက်သြားရင္ သူ႕ရဲ႕ငိုေႂကြးမႈသည္ကေတာ့ မရပ္တန႔္သြားခဲ့ေပ။

"ဘာလို႔ ခင္မ်ားျဖစ္ေနခဲ့ရတာလဲ ?? အဲ့အျဖစ္ဆိုးႀကီးကေန ႐ုန္းထြက္လာနိုင္ကာမွ ဘာလို႔ ခင္မ်ားေပၚလာရတာလဲ ? ဘာလို႔လဲ !!! "

"........."

Daouကေတာ့ ၾကမ္းျပင္ထက္ ထိုင္ငိုေနသူအား မၾကည့္ရက္ေသာ္လဲ သူတြင္ ေျဖရွင္းဖို႔ရန္ စကားရွာမရခဲ့ေပ။ ဟုတ္သည္ေလ သူကလဲတရားခံတေယာက္ျဖစ္ေနခဲ့ေလသည္။ Offroad ရဲ႕မိသားစုအား ေသတြင္းပို႔မိသူသည္ သူမွစတင္ခဲ့ျခင္းျဖစ္ေလသည္။ Offroad အားသိုင္းဖတ္ရန္ Daouရဲ႕ လက္တို႔ဆန႔္တန္းခဲ့ေသာ္လဲ ယခုအခါတြင္ေတာ့ Offroad သည္ သူ႕လက္အား အၾကမ္းပတန္း တြန္းဖယ္လာခဲ့ၿပီျဖစ္ေလသည္။

"မထိနဲ႕ !!! က်ေနာ့္ကို လာမထိနဲ႕ !!!!! "

ဆစ္ခနဲ႕ နာက်င္သြားေသာ ရင္တြင္းမွ နာက်င္မႈႏွင့္အတူ Daouရဲ႕လက္တို႔‌သည္ ေအာက္စိုက္လ်က္သား ခ်ထားလိုက္ရေတာ့သည္။

"ကို႔ကို ခြင့္လႊတ္ပါ Offroad ကို မထင္ခဲ့လို႔ အဲ့လိုျဖစ္မယ္မွန္းတကယ္မထင္ခဲ့လို႔ပါ"

"ခြင့္လႊတ္လိုက္လို႔လဲ က်ေနာ့္မိဘေတြလဲ ျပန္မရွင္လာနိုင္သလို႔ အဲ့အျဖစ္ဆုံးႀကီးကလဲ က်ေနာ့္တသတ္လုံး အိမ္မက္ဆိုးအျဖစ္ေပ်ာက္ကြယ္သြားမွာ မဟုတ္ဘူး !!!! ဘာလို႔ ဘာလို႔မ်ား အဲ့ေန႕က ခင္မ်ားေပၚလာရတာလဲ ? အကယ့္လို႔ ခင္မ်ားသာ မေပၚလာခဲ့ရင္ က်ေနာ္တို႔မိသားစုလဲ အခုလို ေသကြဲကြဲရမွ မဟုတ္ဘူး !!!!"

Offroad ထံပါးမွ ေပါက္ကြဲထြက္လာမႈအား Daouအသံတိတ္ ၿငိမ္ခံေနလိုက္သည္။ ဟုတ္တယ္ !အဲ့ေန႕ကတည္းက သူအသတ္သာပါသြားခဲ့ရင္ Offroad လဲဒီလိုျဖစ္လာမွာ မဟုတ္ဘူး။ တကယ္ေတာ့သူက ၿဂိဳလ္ဆိုးတေကာင္ျဖစ္ေနခဲ့တာပဲ။ သူ႕ရဲ႕ မိဘေတြနဲ႕ ေမြးစားအေဖသားမက Offroad ရဲ႕ မိသားစုပါ ထိခိုက္ေစမိခဲ့ေလသည္။

သို႔ေသာ္ သူယေန႕ထိတိုင္ ရွင္သန္ေနထိုင္ျခင္းသည္လဲ အျပစ္ဒဏ္တခုလားလို႔ သူေတြးေတာမိသည္။ မိသားစုႏွင့္ ေကြကြင္းရျခင္းအျပင္ ခ်စ္ရတဲ့သူမွ သူ႕အား မုန္းတီးေစျခင္း။ ထိုအရာေတြသည္က သူရွင္လ်က္ႏွင့္ေပးဆပ္ေနရေသာ အျပစ္ဒဏ္မ်ားလား ?

ထိုအခ်ိန္ Daou ႏွင့္Offroad အတူရွိေနေသာ အခန္းတံခါးသည္ ပြင့္ဟလာၿပီး အေနာက္တိုင္းဝတ္စုံႏွင့္လူ‌တေယာက္ ဝင္လာခဲ့ေလသည္။ သူ႕ရဲ႕ ဖိနပ္သံေၾကာင့္ ၾကမ္းျပင္ထက္ ထိုင္ေနပါေသာ Daou နဲ႕ Offroad ႏွစ္ဦးသား ေမာ့ၾကည့္လာေလသည္။

"Offroad မင္းမိဘေတြ ေသဆုံးေအာင္ ျပဳလုပ္ခဲ့တဲ့သူက Pမဟုတ္ဘူး ငါ့ေၾကာင့္ "

"P'Din "

ဝင္လာသူ Din သည္ Offroad အား ေခါင္းအသာညွိတ္ျပလိုက္ေလသည္။ သူ႕ေနာက္မွ လိုက္လာသူ Tob သည္လဲ ထိုစကားအားၾကားေသာ္ သူအား မယုံသလို စိုက္ၾကည့္လာေလသည္။ Daouသည္လဲ ထိုနည္း တူစြာပင္။

Offroad ၾကမ္းျပင္ေပၚမွ ထရပ္လိုက္ၿပီး Dinအေရွ႕မွာရပ္လို႔ ထိုလူရဲ႕ လည္ပင္းမွ အက်ီစအား ဆြဲဆုပ္ထားလိုက္သည္။

"P'Din အခုဘာေျပာလိုက္တာလဲကို သိရဲ႕လား !!! "

" Off..... Offroad .... အြတ္ .... လည္.... လည္ပင္းအစ္ ..... အစ္ "

မၾကာခင္ လည္ပင္းအစ္ေသေတာ့မလိုျဖစ္ေနေသာ Din အားကယ္တင္ရန္ Daou လဲ Offroad နဲ႕ Din အား လူခြဲလိုက္ရေလသည္။ လူခြဲၿပီးတာေတာင္ သူ႕လက္ထဲ ႐ုန္းကန္ေနသူအား အေသအခ်ဳပ္ထားရင္းလြတ္ေနေသာ လက္မွ Offroad ရဲ႕ေက်ာျပင္ထက္ပြတ္သပ္ေပးလိုက္သည္။ စိတ္အနည္းငယ္ေလ်ာ့သြားရင္ပဲ သူေက်နပ္ပါတယ္ေလ။ Offroad အတန္ငယ္ ၿငိမ္သပ္သြားေတာ့မွ Daou Dinကိုၾကည့္ၿပီး စကားျပန္ဆက္ရေတာ့သည္။

"မင္းဘာေျပာလိုက္တယ္ဆိုတာေကာ သိရဲ႕လား Din"

"က်ေနာ္သိပါတယ္ P ၿပီးေတာ့ အဲ့အေၾကာင္းဖုံးကြယ္ထားရလို႔လဲ တကယ္ ေတာင္းပန္ပါတယ္ အဲ့ေန႕ က်ေနာ္ P ကို ျပန္လိုက္ခဲ့ဖို႔ အသည္းအသန္လာေခၚတာက တကယ္ေတာ့ က်ေနာ္ သတင္းတခုရလိုက္လို႔ေလ အဲ့တာက ..... "

လြန္ခဲ့ေသာ ၆ႏွစ္ခန႔္မွ အျဖစ္အပ်က္တခုဆီသို႔......

မျဖစ္မေနေသာအေျခအေနေၾကာင့္ Daou ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း Tob Watနဲ႕ Dinတို႔ အသက္ေဘးမွ လြတ္ေအာင္ ေျခကုန္သုတ္ေျပးလာခ်ိန္တြင္ ျဖစ္ေလသည္။ သူတို႔ထြက္ေျပးခ်ိန္တြင္လဲတိုက္ခိုက္မႈျဖစ္ပြားေသးသည္မို႔ Watနဲ႕ Dinအားကာကြယ္ရင္း Tob တေယာက္ ထိခိုက္ ဒဏ္ရာရခဲ့ေလသည္။

တဖတ္လူစုဆီမွ အေတာ္ေဝးေဝးေျပးလာရင္း သူတို႔နားခိုရန္ ခ်ိန္းဆိုထားေသာ ေနရာသို႔ သုံးေယာက္သားေရာက္ရွိၿပီး Daouအလာအား ေစာင့္ေမွ်ာ္ေနခဲ့ေလသည္။ သို႔ေသာ္အခ်ိန္ေတြသာ ‌တေ႐ြ႕‌ေ႐ြ႕ကုန္ဆုံးသြားေသာ္လဲ Daouသည္ ေပၚမလာခဲ့ေပ။ ေနာက္ဆုံး မေစာင့္နိုင္ေစာ Din မွ ေျပာလိုက္ေတာ့သည္။

"Tob ! P တခုခုျဖစ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္ အခုထိ လူကိုမျမင္ရေသးတဲ့အျပင္ အဆက္အသြယ္လဲမရဘူး က်ေနာ္စိတ္ပူတယ္ "

ဆိုေနရင္းမွ Dinမွ ေရွ႕ေလွ်ာက္လိုက္ ေနာက္ေလွ်ာက္လိုက္လုပ္ေနသည္မို႔ က်န္ႏွစ္ေယာက္မွာ မ်က္လုံးေနာက္လာေတာ့သည္။ Tobေျခေထာက္အား ပတ္တီးစီးေနသူ Watမွ ဝင္ေျပာရေတာ့သည္။

" Din ၿငိမ္ၿငိမ္ေနစမ္း! ငါ့မ်က္လုံ‌းေတြေနာက္လို႔ပါကြာ "

"Tob ခုထိအဆက္အသြယ္မရေသးဘူးလား "

"မရေသးလို႔ေပါ့ကြ ငါလဲစိတ္ပူတာပဲ မင္းခုလို ဂနာမၿငိမ္ေနတာနဲ႕ ဘာမွစဥ္းစားလို႔မရေတာ့ဘူး ၿငိမ္ၿငိမ္ေန အာ့.... ေျဖးေျဖးလုပ္စမ္းပါ Wat "

"လုပ္ေနတာပဲကြာ ေယာက္က်ား ရင့္မာႀကီးျဖစ္ၿပီး ေတာင့္ခံထားစမ္းပါ "

"အာ့!!.... မင္းဟာက မတရားနာေနတာေလကြာ Wat !"

"Tob !တိုးတိုးေနစမ္းပါ မင္းလုပ္တာနဲ႕ လူသတ္ေနတယ္ထင္အုန္းမယ္ "

ထိုသို႔ႏွယ္ ၃ေယာက္သား ဆက္ေစာင့္ေနရင္း ညအခ်ိန္က်မွသာDaou ဆီမွ သတင္းစကား ၾကားရတာမို႔ သူတို႔လဲ အေတာ္ေလးစိတ္ေအးသြားသည္။ သို႔ေသာ္ စိတ္မေအးသူ Dinကေတာ့ အခုပဲသြားေခၚမယ္ တကဲကဲလုပ္ေနသည္မို႔ Watတို႔ႏွစ္ေယာက္သားလဲ တားလို႔မရသည္မို႔ သြားဖို႔ရန္သာသ‌ ေဘာတူလိုက္ရ ေလသည္။

သို႔ေသာ္ ယခုခ်ိန္တြင္ Wat နဲ႕Tobရဲ႕ မ်က္ႏွာမ်ားအား မွတ္မိသူမ်ားတာမို႔ မ်က္ႏွာစိမ္းေသာ Dinကိုသာ Daouရဲ႕လိပ္စာအတိုင္း လႊတ္လိုက္ရေလ‌သည္။ Dinလဲ လိပ္စာအတိုင္း သတိထားၿပီးထြက္လာခဲ့ေလသည္။

သူDaouပုန္းေနတဲ့ေနရာေရာက္ခံနီးဝယ္ ဖုန္းေျပာေနသူတေယာက္ရဲ႕ စကားသံအားနားစြင့္မိလိုက္ေလသည္။ ပုံမွန္ဆို သူျဖတ္ေက်ာ္သြားမည္ျဖစ္ေသာ္လဲ ထိုလူအေျပာထဲတြင္ 'Samuel 'ဆိုေသာ အမည္နာမေၾကာင့္ သူနားစြင့္မိသြားျခင္းလဲျဖစ္ေလသည္။ Dinထိုဖုန္းေျပာေနသူအနားကပ္သြားၿပီး အနီးကပ္နားေထာင္ေနမိေလသည္။

"သူအဲ့အိမ္မွာပဲရွိေနတယ္ ငါေသခ်ာစုံစမ္း ထားၿပီသားပဲ "

"......."

"ဟက္ ! အဲ့မွာပုန္းေနတယ္ဆိုကတည္းက ဒဏ္ရာအေတာ္ ျပင္းလို႔ပဲေလ က်န္တဲ့ လူေတြေတာ့ မေတြ႕ဘူး သူတို႔ခြဲထြက္ထားပုံပဲ မင္းတို႔ အဓိကလိုခ်င္တာ သူပဲမဟုတ္လား ! "

"......."

"ေကာင္းၿပီေလ မင္းတို႔ကတိအတိုင္း ျဖစ္ပါေစ "

ဖုန္းေျပာၿပီးသည္ႏွင့္ ထိုလူသည္ လူၾကားထဲအလ်င္အျမန္ေပ်ာက္ကြယ္သြားခဲ့ေလသည္။ Dinထိုလူအေနာက္ လိုက္ၾကည့္ေသာ္လဲ အပုန္းေကာင္းတဲ့ ထိုလူအား သူမဖမ္းမိခဲ့ေပ။ သို႔ေသာ္ ေနာက္ဆုံးအေနနဲ႕ အေရးႀကီးတာ Daouျဖစ္သည္မို႔ သူ ထိုအိမ္သို႔သာ အေျပးသြားေတာ့သည္။

Din အိမ္အေျခအေနအား ေလ့လာလိုက္ၿပီး တဖတ္အိမ္ရွင္မ်ားမသိခင္ Daouနဲ႕ေတြ႕ၿပီးေနာက္ Daouအား ထိုအိမ္မွာ အျမန္ေခၚထုတ္သြားမိခဲ့ေလသည္။ Din အထင္မွာေတာ့ ထိုလူေတြအား ေလ်ာ့တြက္မိခဲ့ျခင္းလဲ ျဖစ္သြားခဲ့ေလသည္။

Din နဲ႕ Daouတို႔ ထြက္သြားၿပီးမၾကာခင္မွာပဲ Daouတဖတ္သို႔လွည့္အၾကည့္ ထိုေနရာမွ မီးခိုးလုံး ေတြ တက္ေနသည္အား ျမင္သည္မို႔ Daouတစုံတခုအား ေတြးမိသည္မို႔ သူထိုအိမ္သို႔ ျပန္လွည့္လာခဲ့ေလသည္။ သို႔ေသာ္ သူျပန္ေရာက္ခ်ိန္ဝယ္ ထိုအိမ္သည္ မီးအ‌ ေတာ္ေလာင္ၿပီးေနၿပီျဖစ္ေလသည္။ ေဘးဘက္မွ လူအမ်ား ဝိုင္းၿငိမ္းေနပါေသာ္လဲ မီးေတာက္သည္ အားေကာင္းေနဆဲပင္။

Daou သူ႕ေဘးမွ ရပ္ေနသူအား လွမ္းဆြဲၿပီး ေမးလိုက္မိေလသည္။

"အထဲကလူေတြေကာ ... သူတို႔ထြက္လာၿပီလား ? "

"မထြက္လာဘူး က်ေနာ္တို႔ေအာ္ေခၚေနေပမဲ့ ဘယ္သူမွ ထြက္မလာေသးဘူး ဝင္သြားဖို႔က် မီးေတာက္ကအရမ္းႀကီးလြန္းတယ္ "

"မီးသတ္ကားေရာ ခင္မ်ားတို႔ ေခၚၿပီးၿပီလား "

"က်ေနာ္တို႔ ေခၚထားၿပီးသားပါ ဒါမဲ့ ခင္မ်ားျမင္တဲ့အတိုင္းပဲ မေရာက္လာေသးဘူး က်ေနာ္တို႔တတ္အားသေလာက္ေတာ့ မီးေသေအာင္ လုပ္ပေနတာပဲ က်ေနာ္ကိုလႊတ္အုန္း !"

ထိုစကားအားၾကားၿပီးေနာက္ Din အတင္းဆြဲေနသည္ၾကားမွ Daouလဲ ထို မီးေလာင္ျပင္ထဲ တိုးဝင္သြားမိခဲ့ေလသည္။ မီးေလာင္ျပင္ထဲ ေရာက္ၿပီးမၾကာခင္မွာပဲ သူ႕မ်က္ႏွာအား လာေရာက္ ရိုက္ခတ္ေသာ အဆမတန္ေသာ မီးခိုးေငြ႕မ်ားေၾကာင့္ Daouေခ်ာင္းအဆတ္မျပတ္ဆိုးေတာ့သည္။

ေခ်ာင္းဆိုးေနသည့္အထဲမွ တဖတ္မွ ပူျပင္းလွေသာ မီးအရွိန္အားလဉ သည္းခံလို႔ ထိုလူမ်ားအားလိုက္ရွာမိေလသည္။ ေနာက္ေတာ့စတိုခန္းတံခါးအားမွီလ်က္ရွိေနေသာ သူ႕အားကယ္တင္ခဲ့ေသာသူႏွင့္ ထိုသူ႕ေဘးနားဝယ္ လဲက်ေနပါေသာ ထိုသူရဲ႕အမ်ိဳးသမီး ျဖစ္သူပင္ျဖစ္ေလသည္။

Daou အပ်က္အစီးမ်ားအား ေရွာင္လႊားရင္း ထိုလူႏွစ္ေယာက္အား အျမန္စစ္ေဆးၾကည့္ေသာ္လဲ ထိုသူႏွစ္ဦးမွာ သူမလာခင္ကတည္းက ဆုံးပါးသြားၾကၿပီျဖစ္ေလသည္။Daouသူ႕ရဲ႕ေနာက္က်သြားမႈအား အျပစ္တင္ရန္အခ်ိနိမရွိ ေနာက္ဆုံးေသာလူတေယာက္အား ေမွ်ာ္လင့္ခ်က္အနည္းငယ္ျဖင့္ သူရွာေဖြရန္ လုပ္ေလသည္။

မီးေလာင္ျပင္ရဲ႕အပူရွိန္ကတမ်ိဳး ထူထပ္လွတဲ့မီးခိုးေငြ႕တာေၾကာင့္ အသက္ရႈၾကပ္ရသည္အား သည္းခံရင္း ထိုသူနာမည္အား ေခၚေနရင္း Daouဆက္ရွာေနမိေလသည္။ ေနာက္ဆုံးမွေတာ့ တိုးသဲ့ေသာ အသံတခုအား သူအမွတ္မထင္ၾကားလိုက္သည္မို႔ နားစိုက္ ေထာင္လိုက္ခ်ိန္ဝယ္။

စတိုခန္းတံခါးအေနာက္မွ ထြက္လာျခင္းျဖစ္ေလသည္။ Daouလဲ စတိုခန္းတံခါးေရွ႕မွ ပိတ္ေနသူအား ေဘးဘက္သို႔ဆြဲဖယ္လိုက္ၿပီး တံခါးအား ဖြင့္ရန္လုပ္ေသာ္လဲ Lock ခ်ထားသည္မို႔။ Daouလဲ ထို တံခါးအား ကန္သာဖြင့္လိုက္ရေတာ့သည္။

သုံ ေလးခ်က္ ေလာက္ ကန္ၿပီးေနာက္ သူ႕ေရွ႕ပိတ္ေနသည့္ တံခါးသည္လဲ ပြင့္သြားခဲ့ေလသည္။ Daou ထိုတံခါးအား ဆြဲဖယ္လိုက္ခ်ိန္ဝယ္ ေလွကားထက္ လဲက်ေနသူတဦးအားေတြ႕ရွိလိုက္ရေလသည္။

ထိုသူသည္ကား ငယ္႐ြယ္ေသးပါေသာ လူငယ္ေလး Offroad ျဖစ္ေနခဲ့ေလသည္။ ယခုခ်ိန္တြင္ေတာ့ ထိုလူငယ္ေလးသည္ သတိေကာင္းေကာင္းမရေသးေသာ္လဲ တိုးညွင္းေသာအသံအား ျပဳလုပ္ေနခဲ့သည္။

Daou လူငယ္ေလး Offroad အနား အေျပးသြားလိုက္ၿပီး လႈပ္ႏွိုးေသာ္လဲ Offroad သည္ သတိရမလာခဲ့ေပ။ ယခုခ်ိန္သည္ အခ်ိန္ဆြဲေနလို႔မေကာင္းသည္မို႔ Daouလဲ Offroad အား ကုန္းပိုးလိုက္ပီး ထိုမီးေလာင္ျပင္မွ ေျပးထြက္ခဲ့ေတာ့သည္။

Daou အျပင္ေရာက္သည္ႏွင့္ မၾကာမွီမွ ေရာက္လာေသာ လူနာတင္ကားေပၚသို႔ Offroad အားတင္ေပးလိုက္ၿပီး သူနဲ႕ Dinလဲ အတူလိုက္ပါသြားရေတာ့သည္။

ေနာက္ေၾကာင္းျပန္မႈ တဆိတ္တဝက္ၿပီးဆုံး

"အဲ့တာပဲ ျဖစ္ခဲ့တာေတြထဲမွ P ရဲ႕ တိမ္ခ်န္ထားမႈေၾကာင့္ မင္းနဲ႕ မင္းမိသားစုက ထိခိုက္ခဲ့ရတာပါ "

"အဲ့လူ .... အဲ့ဖုန္းေျပာေနတဲ့ လူကေကာ "

"အခုပဲ အဲ့လူကို ဖမ္းမိလို႔ ဒီကိုလာပို႔ေပးတာ မင္းသူ႕ကို ေတြ႕ခ်င္မယ္လို႔ ထင္တယ္ "

"က်ေနာ္လိုက္ၾကည့္ခ်င္တယ္ "

Offroad ရဲ႕ အေျဖအဆုံး Dinလဲ Daouဘက္ ေမာ့ၾကည့္လိုက္ေလသည္။ Daouလဲ ေခါင္းသာညွိတ္ျပလိုက္ေတာ့သည္။

Note

ေနာက္လူေပၚလာျပန္ၿပီကြာ ဘူလဲသိၾကလား ?

There are no comments yet. Log in to be the first to leave a review!

Similar stories