Fanfics

27

18:19, 7 December 2024

Uni

Daou သူ့ရှေ့မှ ခုံထက်ထိုင်လိုက်ပြီး Offroad နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"ဟုတ်တယ် ကိုကအရမ်းအားနည်းနေခဲ့တာ ကို့ရဲ့မွေးစားအဖေကြောင့်သာမဟုတ်ရင် ကိုအဲ့ချိန်ကတည်းက ဒီလောကကြီးကို နှုတ်ဆတ်ပြီးလောက်ပြီ "

"............"

"ကို့ရဲ့သေဆုံးမှုကို အတုလုပ်ခဲ့ရပြီး ကို့မိဘတွေပေးခဲ့တဲ့ ကို့ရဲ့ဘဝနဲ့ လက်ရှိနာမည်ကိုလဲ စွန့်လွှတ်ခဲ့ရပြီးတော့Samuel ဖြစ်လာခဲ့တာ "

"အဲ့လူက ......ဟိုနေ့က ..."

ဆက်ပြောလာတော့မဲ့ Offroad ရဲ့စကားသံများအားတားဆီးလို့ Daouဖြတ်ပြောလိုက်လေသည်။

"ဟုတ်တယ် Road အဲ့လူကို မင်းမှတ်မိလောက်မှာပါ"

"ဒါမဲ့ သူက ဖော့Nealနဲ့ ညီအစ်ကိုတွေဆို ဘာလို့...သူက ..."

"Road လောကကြီးမှာ မင်းမသိသေးတဲ့အရာတွေအများကြီးရှိနေသေးတယ် ပြီးတော့ ဘာက ဒေါသထွက်ဖို့အကောင်းဆုံးလဲသိလား ? "

Offroad အားမေးနေသည်လား မိမိ့ကိုယ်ကိုပဲ ပြန်မေးနေသလားမသိစွာ Daouမျက်နှာထက်တွင် အပြုံးရေးရေးပေါ်လာခဲ့သည်။ သို့သော်ခဏတာတွင် ထိုမျက်နှာထက် သတ်ဖြတ်လိုစိတ်များ ပိုထင်ဟပ်လာခဲ့လေသည်။

"ကို့လက်စ‌ားချေရမဲ့သူကို မသိလို့နာကျည်းမုန်းတီးရတာထက် အဲ့လူကိုသိရက်နဲ့ အဲ့လူကကိုယ်ရှေ့ လက်လျားလက်လျားလုပ်နေတာကို မျက်ကွယ်ပြုပေးထားခဲ့ရတာကိုပဲ "

ဒုန်း!!!!!!

ပြောနေရင်းမှ ဒေါသတို့ပိုထွက်လာလေသလား မိမိကိုယ်ကိုပဲ အားမရသည်လားမသိ Daou သူ့ဘေးဘက်ရှိ နံရံထက်အား လက်သီးဖြင့်ထိုးချလိုက်လေသည်။ ထိုအသံကြောင့် Offroad သည်ပင် ဆတ်ကနဲ ဖြစ်သွားရလေသည်။ ထိုသည်ကို မြင်လိုက်သည့် Daouသည် သူ့ဒေါသများအား အတတ်နိုင်ဆုံးထိန်းလိုက်လေသည်။

"တောင်းပန်ပါတယ် ကိုမင်းကို လန့်အောင်လုပ်မိပြီ "

"ရပါတယ် ဆက်ပြောပြပေးနိုင်မလား "

Offroad တောင်းဆိုသံအား မငြင်းနိုင်စွာDaouခေါင်းတချက်ညှိတ်ပြလိုက်လေသည်။ပြီးနောက် သက်ပြင်းဖွဖွချလို့ Daou မပြောပြချင်သော အတိတ်အား ပြန်လည်‌ တွေးတောလိုက်‌လေသည်။

"‌ဖော့Neal နဲ့ သူ့သူငယ်ချင်းနဲ့ ပေါင်းပြီး ကို့ကိုရအောင် ကယ်တင်‌ပေးခဲ့ပြီး ဒီလက်နက်တီထွင်တဲ့အတတ်ပညာကလဲ ဖော့Neal ကပဲ ကို့ကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့တာ "

"ဖော့ Nealက ....."

"အ‌‌ဲ့လူနဲ့ညီအကိုဆိုပေမဲ့ ဖော့Nealက တရားမဝင်သားတစ်ယောက်ဖြစ်ခဲ့တာ ဖော့Neal အရွယ်ရောက်လာတော့ ဖော့Nealရဲ့ လုပ်နိုင်စွမ်းကြောင့် အဲ့အိမ်ကအဖိုးကြီးက သဘောကျသွားတယ်လေ အဲ့ကနေစပြီး ဖော့Nealက အဲ့ဂိုဏ်းရဲ့ ဆက်ခံသူ Nake နဲ့အတူ ပညာသင်ခွင့်ရခဲ့တာ "

"Nakeက အဲ့လူကြီးရဲ့နာမည်လား ပြီးတော့ ဂိုဏ်းဆိုတာ ဟိုCover "

"ဟုတ်တယ် အံ့ဩသွားလား "

"ကျနော်မထင်ထားမိရုံလေးပါ ဖော့Nealနဲ့ ဒီလောက်အထိပတ်သတ်နေလိမ့်မယ်လို့လေ "

"ဟုတ်တယ် ဖော့ Neal က အဲ့ဂိုဏ်းမှာသင်ကြားရင်း လက်နက်တီထွင်မှုမှာ အရမ်းထက်မြတ်ပြီး အတော်ဆုံးဖြစ်ခဲ့တာ အဖိုးကြီးကလဲ အရမ်းသဘောကျခဲ့တယ်လေ အဲ့တော့ ဆက်ခံသူနေရာက တဖြည်းဖြည်း ယိုင်နဲ့လာ‌‌ေတာ့ Nakeက အကောက်ကြံခဲ့တယ် သူကတော့ တကယ့်အာဂသားတစ်‌‌ ယောက်ပဲ "

"သူ့အဖေကို သူကိုယ်တိုင်လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အပြင် သူ့နေရာကိုခြိမ်း‌ ခြောက်နေတဲ့  ဖော့Nealတို့ကိုပါအပြတ်ရှင်းဖို့လုပ်ခဲ့တာပဲ  ကံမကောင်းစွာနဲ့ဖော့Neal အမေကတော့ သေဆုံးခဲ့ပြီး ဖော့Nealတဦးတည်းပဲ လွတ်မြောက်လာခဲ့တာ အဲ့ကနေပုန်းအောင်းရင်း သူ့အင်အားတောင့်ဖို့ ဖော့Nealစုဆောင်းနေခဲ့တာ နောက်တော့ အဖြစ်ဆိုးတဲ့ ကိုနဲ့စတွေ့သည်အထိပဲ ‌‌"

"ကိုအရွယ်ရောက်လာတော့ အဲ့မှာဂိုဏ်သားအဖြစ်ရအောင်ဝင်ခဲ့ပြီး ဂိုဏ်းရဲ့ ညာလက်ရုံးအထိဖြစ်လာခဲ့တာပဲ အဲ့ကနေ Tob , Wat နဲ့  Dinတို့နဲ့ဆုံခဲ့တာ "

"Khun Din နဲ့ဆုံတာ ဒါဆို Khun Dinရဲ့ သက်တော်စောင့်ဆိုတာမဟုတ်ဘူးပေါ့ "

"အွန်း ဒါမဲ့ အဲ့ကိစ္စတွေက Dinနဲ့ မသက်ဆိုင်ပါဘူး ဂိုဏ်းထဲရောက်လာတုန်းက Dinကအသက်တောင်မပြည့်သေးဘူး သူကဒီအလုပ်တွေကို မလုပ်ခဲ့ရတဲ့ တယောက်သောသူပဲ ခုချိန်ထိ သူ့လက်တွေက သန့်ရှင်းနေတုန်းပါပဲ "

"အဲ့ နောက်‌‌ တော့ သူတို့ကိုသစ္စာဖောက်တာ သိသွားပြီး ကို့တို့၄‌ ယောက်ကို လိုက်သတ်လို့ အဲ့ကနေထွက်ပြေးခဲ့ရတယ် ဒါပေမဲ့ အဲ့အဖိုးအိုကြီး Nake ကို့အကြောင်းကို စုံစမ်းမိသွားတယ်လေ ကိုက ဖော့Nealရဲ့ မွေးစားသားဖြစ်နေတယ်ဆိုတာ တခုကံကောင်းတာက ကိုကလွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အသက်ရှင်ကျန်ခဲ့သူဆိုတာတော့ သူမသိခဲ့ဘူးလေ အဲ့ဒါနဲ့ သူ့ဖော့Neal ကိုဓားစားခံလုပ်ပြီး ကို့လက်ထဲကသက်သေတွေနဲ့အကြပ်ကိုင်ခဲ့တယ် အဲ့နောက် ....."

Offroad နားထောင်နေရင်း စကားသံထပ်မထွက်လာတော့သည်မို့ Daouအား ‌ကြည့်မိလိုက်လေတော့။ Daouရဲ့နီရဲနေတဲ့ မျက်ဝန်းတို့နှင့် ရင်ဆိုင်လိုက်ရလေသည်။

"P'Ou ... အဆင်ပြေရဲ့လား "

"ကိုပြေပါတယ် "

Daouမှ ထိုသို့ဖြေကြားလိုက်ပြီး သူ့မျက်ဝန်းများအား လက်နဲ့ပွတ်သပ်လိုက်လေသည်။ သူ့ရဲ့မျက်ရည်များအား ထပ်မတွေ့စေချင်သလိုပင်။ သို့သော် အကြောများ‌ထောင်ထနေတဲ့ တဖတ်သူရဲ့ လက်သီးဆုပ်တွေကတော့ အဆင်မပြေကြောင်းပြသနေသလိုပင်။

"P'Ou အဆင်‌မပြေရင် ဆက်မပြော ....."

"ကိုပြေတယ်လို့ပြောနေတယ်လေ !!...."

တဆတ်တည်းတင်းမာစွာ ထွက်ပေါ်လာတဲ့ အသံ‌ကြောင့် Offroad လဲ စကားဆက်မဆိုတော့ပဲ တိတ်တဆတ်သာနေလိုက်တော့သည်။ Daouတယောက်လဲ သူ့စိတ်အား သေချာပြန်ထိန်းလိုက်ရတော့သည်။ထိုအကြောင်းအားပြောချိန်တိုင်း သူစိတ်တို့အား လုံးဝထိန်းမရသေးပေ။

"ဆောရီးပါ ကိုစိတ်လွတ်သွားတယ် "

"ဒီလိုအဖြစ်မျိုးက ကျနော်လဲခံစားဖူးတာမို့ အဆင်ပြေပါတယ် ဆက်ပြောတော့မလား "

"အွန်း  ဖော့Neal သူက အဲ့အချက်အလက်တွေ တဖတ်စီပြန်မရောက်အောင်လို့ ကို့ရှေ့တင် သူ့လည်ပင်းကို သူကိုယ်တိုင်ဓားနဲ့လှီးခဲ့တာ သူနောက်ဆုံးတိုင်ထိ အဲ့စကားကိုပဲပြောသွားသေးတာ'နောင်တမရနဲ့တဲ့' သူသေဆုံးသွားသည်အထိ သု့မျက်နှာမှာ အပြုံးတပွင့်ရှိနေတုန်းပဲ။ ကိုတို့ကရှေ့ဆတ်တိုး‌ဖို့ပဲ ရှိတော့တယ် နောက်ကိုပြန်လှည့်ကြည့်လို့လဲ အရင်အတိုင်းမဖြစ်နိုင်တော့ဘူးလေ အဲ့နေ့က ကိုဖော့Nealကို ဆုံးရှုံးခဲ့ရသလို ကို့အတွက်ကြောင့်နဲ့ မိသားစုတခုလဲ ပြိုကွဲခဲ့ရတယ် "

"အဲ့ဒါမို့ ဒီဂိုဏ်းကိုတည်ထောင်ခဲ့တာလား "

"ဟုတ်တယ် ကိုအဲ့ချိန်မှာသိသွားခဲ့တာ ကိုကအားနည်းနေခဲ့တာမို့လေ ကိုချစ်ရတဲ့သူတွေ ကို့အနားကလူတွေ တယောက်ပြီးတယောက် ပျောက်ကွယ်သွားတာကို ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်အဲ့အတွက်ကို ကာကွယ်ပေးချင်တဲ့သူတွေအတွက်ကိုကိုယ်တိုက် သန်မာအောင် အာဏာရှိနေအောင်လုပ်မှရမယ် အဲ့လိုမှ သူတို့ကို ကိုအစွမ်းကုန် ကာကွယ်နိုင်မှာလေ အရှေ့တင်ပဲဖြစ်ဖြစ်  နောက်ကွယ်ကနေ ဖြစ်ဖြစ် ကိုသူတို့ကို ကာကွယ်နိုင် ဖို့ဒီလမ်းကိုလျှောက်လှမ်းခဲ့တာ နောက်ဆုံး ကိုအဖမ်းခံရမယ်ဆိုရင်တောင် မင်းဆီမှာပဲ အဖမ်းခံပါရစေ ဒါမဲ့ ကို့ကို အချိန်တော့ပေးပါအုန်း အဲ့လူတစုကိုသာ အမြစ်ဖျက်ပြီးရင် ကိုအဖမ်းခံမှာပါ

Daouရဲ့ ပြတ်သားတဲ့အမူအရာနဲ့ ပြောစကားအဆိုဝယ် Offroad သည်လဲ လေးလံသော သက်ပြင်းကိုသာ ချလိုက်တော့သည်။ သူအနေနဲ့ ယခုချိန်သိလိုက်ရတဲ့အချက်တွေအား ပြန်တွေးတောရန် လိုအပ်နေပါသေးသည်။

တဖတ်သူသည် အခြားလူမဟုတ်ဘဲ သူချစ်ရတဲ့သူ ဖြစ်နေသည် မဟုတ်‌ပါလား ! သို့သော် ထိုသူမှလူသတ်နေခြင်းကိုလဲ သူအားမပေးလိုပြန်ပေ။ငြိမ်နေတဲ့ Offroad ကြောင့် Daouပဲ စကားထပ်စလိုက်တော့သည်။

"ဒီနေတော့ နားလိုက်ပါအုန်း Roadလဲ တွေးစရာအရမ်းများမှာပေါ့ ခုချိန်က မိုးရွာနေတုန်းပဲ ခုနကအဝတ်လဲတဲ့အတွင်းခန်းမှာပဲ အနားယူလိုက်နော် "

Daou မိုးရေတို့ရိုက်ခတ်နေတဲ့ ပြတင်းပေါက်အား လှည့်ကြည့်ရင်းပြောလိုက်လေသည်။ ပြီးနောက်ထိုင်နေရာမှထလိုက်ချိန် သူ့အိပ်ကပ်ထဲမှ တစုံတခုသည် တဖတ်တွင် ထိုင်နေသော Offroad ဘေးသို့ လွင့်စင်ထွက်ကျလာခဲ့လေသည်။

Offroad လဲထိုအရာလေးအား ကောက်ယူကြည့်မိတော့ ဓားမြှောင်လေးတချောင်းပင်။ ထိုဓားမြှောင်အား စေ့စေ့စပ်စပ်ကြည့်မိတော့ လက်ကိုင်မှ အမှတ်အသားတခု။ မီးတောက်နှစ်ခုကြားမှ ဓားတချောင်းပုံစံ အမှတ်အသား။ ထိုအမှတ်အသားက ....Offroad လဲ Daouအား မော့ကြည့်မိတော့....

"အော် ကို့အိတ်ဆောင်ဓားလေ ဘာမှ အထွေအထူးမဟုတ်ပါဘူး ကို့ကိုပေးလေ"

သူ့အားလက်ဖြန့်ပေးလာသူ Daouအား Offroad ငေးကြည့်နေမိပြီး အတွေးပွားလျက်ရှိလေသည်။ မျက်နှာအမာရွတ်နဲ့လူအား စတွေ့ချိန်က သူအားကယ်တင်ခဲ့တဲ့ ဓားပိုင်ရှင်က Daouဖြစ်နေခဲ့တယ်လား? ဟိုလူပြောခဲ့သလို သူ့နောက်ကွယ်မှာ ရှိနေတဲ့သူ။ သူ့အားနောက်ကွယ်ကနေ ကာကွယ်ပေးနေခဲ့သူ !

Daouခုနကပြောခဲ့လေသော သူ့ကြောင့်ပြိုကွဲခဲ့ရသော မိသားစုတစ်စု။ ပြီးတော့ နောက်ကျောပြင် အဲ့နေ့ကသူတွေ့ခဲ့တဲ့ ထိုလူရဲ့နောက်ကျောပြင် ! Offroad ဓားအားကိုင်လျက် Daouအရှေ့အနီးအနားတွင် ရပ်တန့်လိုက်ပြီး ထိုသူအားမော့ကြည့်နေလိုက်သည်။

"ဘာဖြစ်လို့လဲ Road ..... "

ဗြီ!!!!

အကျီအဝတ်ဆွဲဖြဲသံနဲ့အတူ Daouရဲ့ ဘယ်ဘက် ရင်ဖတ်တခြမ်းသည် Offroad အရှေ့ဝယ်ပေါ်ထွက်လာခဲ့လေသည်။ ရှိနေတယ် .... တကယ်ရှိနေခဲ့တာပဲ !!! Daouရဲ့ ဘယ်ဘက် ရင်ဖက်တွင် ရက်စွဲနှစ်ခု အရင်ကတော့ရက်စွဲနှစ်ခုပင် အခုချိန်မှာတော့ အသစ်ထိုးထားတဲ့ ရက်စွဲတခု။ ထိုတခုရဲ့အပေါ်ဘက်နားဝယ် အမာရွတ်တခုရှိနေခဲ့တယ်။ Offroad ထိုအမာရွတ်အား ဖိကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်ရည်တို့စီးကျလာခဲ့လေသည်။

"တကယ်ဟုတ်နေခဲ့တာပဲ ! တကယ်ကို ဟုတ်နေခဲ့တာပဲ "

"Road !"

"တကယ်ကို ခင်များဖြစ်နေခဲ့တာပဲ !!!"

Note

Offroad ဘာကိုထပ်သိသွားတာပါလိမ့် 🤔🤔🤔

Zaw

Daou သူ႕ေရွ႕မွ ခုံထက္ထိုင္လိုက္ၿပီး Offroad နဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"ဟုတ္တယ္ ကိုကအရမ္းအားနည္းေနခဲ့တာ ကို႔ရဲ႕ေမြးစားအေဖေၾကာင့္သာမဟုတ္ရင္ ကိုအဲ့ခ်ိန္ကတည္းက ဒီေလာကႀကီးကို ႏႈတ္ဆတ္ၿပီးေလာက္ၿပီ "

"............"

"ကို႔ရဲ႕ေသဆုံးမႈကို အတုလုပ္ခဲ့ရၿပီး ကို႔မိဘေတြေပးခဲ့တဲ့ ကို႔ရဲ႕ဘဝနဲ႕ လက္ရွိနာမည္ကိုလဲ စြန႔္လႊတ္ခဲ့ရၿပီးေတာ့Samuel ျဖစ္လာခဲ့တာ "

"အဲ့လူက ......ဟိုေန႕က ..."

ဆက္ေျပာလာေတာ့မဲ့ Offroad ရဲ႕စကားသံမ်ားအားတားဆီးလို႔ Daouျဖတ္ေျပာလိုက္ေလသည္။

"ဟုတ္တယ္ Road အဲ့လူကို မင္းမွတ္မိေလာက္မွာပါ"

"ဒါမဲ့ သူက ေဖာ့Nealနဲ႕ ညီအစ္ကိုေတြဆို ဘာလို႔...သူက ..."

"Road ေလာကႀကီးမွာ မင္းမသိေသးတဲ့အရာေတြအမ်ားႀကီးရွိေနေသးတယ္ ၿပီးေတာ့ ဘာက ေဒါသထြက္ဖို႔အေကာင္းဆုံးလဲသိလား ? "

Offroad အားေမးေနသည္လား မိမိ့ကိုယ္ကိုပဲ ျပန္ေမးေနသလားမသိစြာ Daouမ်က္ႏွာထက္တြင္ အၿပဳံးေရးေရးေပၚလာခဲ့သည္။ သို႔ေသာ္ခဏတာတြင္ ထိုမ်က္ႏွာထက္ သတ္ျဖတ္လိုစိတ္မ်ား ပိုထင္ဟပ္လာခဲ့ေလသည္။

"ကို႔လက္စ‌ားေခ်ရမဲ့သူကို မသိလို႔နာက်ည္းမုန္းတီးရတာထက္ အဲ့လူကိုသိရက္နဲ႕ အဲ့လူကကိုယ္ေရွ႕ လက္လ်ားလက္လ်ားလုပ္ေနတာကို မ်က္ကြယ္ျပဳေပးထားခဲ့ရတာကိုပဲ "

ဒုန္း!!!!!!

ေျပာေနရင္းမွ ေဒါသတို႔ပိုထြက္လာေလသလား မိမိကိုယ္ကိုပဲ အားမရသည္လားမသိ Daou သူ႕ေဘးဘက္ရွိ နံရံထက္အား လက္သီးျဖင့္ထိုးခ်လိဳက္ေလသည္။ ထိုအသံေၾကာင့္ Offroad သည္ပင္ ဆတ္ကနဲ ျဖစ္သြားရေလသည္။ ထိုသည္ကို ျမင္လိုက္သည့္ Daouသည္ သူ႕ေဒါသမ်ားအား အတတ္နိုင္ဆုံးထိန္းလိုက္ေလသည္။

"ေတာင္းပန္ပါတယ္ ကိုမင္းကို လန႔္ေအာင္လုပ္မိၿပီ "

"ရပါတယ္ ဆက္ေျပာျပေပးနိုင္မလား "

Offroad ေတာင္းဆိုသံအား မျငင္းနိုင္စြာDaouေခါင္းတခ်က္ညွိတ္ျပလိုက္ေလသည္။ၿပီးေနာက္ သက္ျပင္းဖြဖြခ်လိဳ႕ Daou မေျပာျပခ်င္ေသာ အတိတ္အား ျပန္လည္‌ ေတြးေတာလိုက္‌ေလသည္။

"‌ေဖာ့Neal နဲ႕ သူ႕သူငယ္ခ်င္းနဲ႕ ေပါင္းၿပီး ကို႔ကိုရေအာင္ ကယ္တင္‌ေပးခဲ့ၿပီး ဒီလက္နက္တီထြင္တဲ့အတတ္ပညာကလဲ ေဖာ့Neal ကပဲ ကို႔ကို လက္ဆင့္ကမ္းသင္ၾကားေပးခဲ့တာ "

"ေဖာ့ Nealက ....."

"အ‌‌ဲ့လူနဲ႕ညီအကိုဆိုေပမဲ့ ေဖာ့Nealက တရားမဝင္သားတစ္ေယာက္ျဖစ္ခဲ့တာ ေဖာ့Neal အ႐ြယ္ေရာက္လာေတာ့ ေဖာ့Nealရဲ႕ လုပ္နိုင္စြမ္းေၾကာင့္ အဲ့အိမ္ကအဖိုးႀကီးက သေဘာက်သြားတယ္ေလ အဲ့ကေနစၿပီး ေဖာ့Nealက အဲ့ဂိုဏ္းရဲ႕ ဆက္ခံသူ Nake နဲ႕အတူ ပညာသင္ခြင့္ရခဲ့တာ "

"Nakeက အဲ့လူႀကီးရဲ႕နာမည္လား ၿပီးေတာ့ ဂိုဏ္းဆိုတာ ဟိုCover "

"ဟုတ္တယ္ အံ့ဩသြားလား "

"က်ေနာ္မထင္ထားမိ႐ုံေလးပါ ေဖာ့Nealနဲ႕ ဒီေလာက္အထိပတ္သတ္ေနလိမ့္မယ္လို႔ေလ "

"ဟုတ္တယ္ ေဖာ့ Neal က အဲ့ဂိုဏ္းမွာသင္ၾကားရင္း လက္နက္တီထြင္မႈမွာ အရမ္းထက္ျမတ္ၿပီး အေတာ္ဆုံးျဖစ္ခဲ့တာ အဖိုးႀကီးကလဲ အရမ္းသေဘာက်ခဲ့တယ္ေလ အဲ့ေတာ့ ဆက္ခံသူေနရာက တျဖည္းျဖည္း ယိုင္နဲ႕လာ‌‌ေတာ့ Nakeက အေကာက္ႀကံခဲ့တယ္ သူကေတာ့ တကယ့္အာဂသားတစ္‌‌ ေယာက္ပဲ "

"သူ႕အေဖကို သူကိုယ္တိုင္လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့အျပင္ သူ႕ေနရာကိုၿခိမ္း‌ ေျခာက္ေနတဲ့  ေဖာ့Nealတို႔ကိုပါအျပတ္ရွင္းဖို႔လုပ္ခဲ့တာပဲ  ကံမေကာင္းစြာနဲ႕ေဖာ့Neal အေမကေတာ့ ေသဆုံးခဲ့ၿပီး ေဖာ့Nealတဦးတည္းပဲ လြတ္ေျမာက္လာခဲ့တာ အဲ့ကေနပုန္းေအာင္းရင္း သူ႕အင္အားေတာင့္ဖို႔ ေဖာ့Nealစုေဆာင္းေနခဲ့တာ ေနာက္ေတာ့ အျဖစ္ဆိုးတဲ့ ကိုနဲ႕စေတြ႕သည္အထိပဲ ‌‌"

"ကိုအ႐ြယ္ေရာက္လာေတာ့ အဲ့မွာဂိုဏ္သားအျဖစ္ရေအာင္ဝင္ခဲ့ၿပီး ဂိုဏ္းရဲ႕ ညာလက္႐ုံးအထိျဖစ္လာခဲ့တာပဲ အဲ့ကေန Tob , Wat နဲ႕  Dinတို႔နဲ႕ဆုံခဲ့တာ "

"Khun Din နဲ႕ဆုံတာ ဒါဆို Khun Dinရဲ႕ သက္ေတာ္ေစာင့္ဆိုတာမဟုတ္ဘူးေပါ့ "

"အြန္း ဒါမဲ့ အဲ့ကိစၥေတြက Dinနဲ႕ မသက္ဆိုင္ပါဘူး ဂိုဏ္းထဲေရာက္လာတုန္းက Dinကအသက္ေတာင္မျပည့္ေသးဘူး သူကဒီအလုပ္ေတြကို မလုပ္ခဲ့ရတဲ့ တေယာက္ေသာသူပဲ ခုခ်ိန္ထိ သူ႕လက္ေတြက သန႔္ရွင္းေနတုန္းပါပဲ "

"အဲ့ ေနာက္‌‌ ေတာ့ သူတို႔ကိုသစၥာေဖာက္တာ သိသြားၿပီး ကို႔တို႔၄‌ ေယာက္ကို လိုက္သတ္လို႔ အဲ့ကေနထြက္ေျပးခဲ့ရတယ္ ဒါေပမဲ့ အဲ့အဖိုးအိုႀကီး Nake ကို႔အေၾကာင္းကို စုံစမ္းမိသြားတယ္ေလ ကိုက ေဖာ့Nealရဲ႕ ေမြးစားသားျဖစ္ေနတယ္ဆိုတာ တခုကံေကာင္းတာက ကိုကလြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္က အသက္ရွင္က်န္ခဲ့သူဆိုတာေတာ့ သူမသိခဲ့ဘူးေလ အဲ့ဒါနဲ႕ သူ႕ေဖာ့Neal ကိုဓားစားခံလုပ္ၿပီး ကို႔လက္ထဲကသက္ေသေတြနဲ႕အၾကပ္ကိုင္ခဲ့တယ္ အဲ့ေနာက္ ....."

Offroad နားေထာင္ေနရင္း စကားသံထပ္မထြက္လာေတာ့သည္မို႔ Daouအား ‌ၾကည့္မိလိုက္ေလေတာ့။ Daouရဲ႕နီရဲေနတဲ့ မ်က္ဝန္းတို႔ႏွင့္ ရင္ဆိုင္လိုက္ရေလသည္။

"P'Ou ... အဆင္ေျပရဲ႕လား "

"ကိုေျပပါတယ္ "

Daouမွ ထိုသို႔ေျဖၾကားလိုက္ၿပီး သူ႕မ်က္ဝန္းမ်ားအား လက္နဲ႕ပြတ္သပ္လိုက္ေလသည္။ သူ႕ရဲ႕မ်က္ရည္မ်ားအား ထပ္မေတြ႕ေစခ်င္သလိုပင္။ သို႔ေသာ္ အေၾကာမ်ား‌ေထာင္ထေနတဲ့ တဖတ္သူရဲ႕ လက္သီးဆုပ္ေတြကေတာ့ အဆင္မေျပေၾကာင္းျပသေနသလိုပင္။

"P'Ou အဆင္‌မေျပရင္ ဆက္မေျပာ ....."

"ကိုေျပတယ္လို႔ေျပာေနတယ္ေလ !!...."

တဆတ္တည္းတင္းမာစြာ ထြက္ေပၚလာတဲ့ အသံ‌ေၾကာင့္ Offroad လဲ စကားဆက္မဆိုေတာ့ပဲ တိတ္တဆတ္သာေနလိုက္ေတာ့သည္။ Daouတေယာက္လဲ သူ႕စိတ္အား ေသခ်ာျပန္ထိန္းလိုက္ရေတာ့သည္။ထိုအေၾကာင္းအားေျပာခ်ိန္တိုင္း သူစိတ္တို႔အား လုံးဝထိန္းမရေသးေပ။

"ေဆာရီးပါ ကိုစိတ္လြတ္သြားတယ္ "

"ဒီလိုအျဖစ္မ်ိဳးက က်ေနာ္လဲခံစားဖူးတာမို႔ အဆင္ေျပပါတယ္ ဆက္ေျပာေတာ့မလား "

"အြန္း  ေဖာ့Neal သူက အဲ့အခ်က္အလက္ေတြ တဖတ္စီျပန္မေရာက္ေအာင္လို႔ ကို႔ေရွ႕တင္ သူ႕လည္ပင္းကို သူကိုယ္တိုင္ဓားနဲ႕လွီးခဲ့တာ သူေနာက္ဆုံးတိုင္ထိ အဲ့စကားကိုပဲေျပာသြားေသးတာ'ေနာင္တမရနဲ႕တဲ့' သူေသဆုံးသြားသည္အထိ သု႔မ်က္ႏွာမွာ အၿပဳံးတပြင့္ရွိေနတုန္းပဲ။ ကိုတို႔ကေရွ႕ဆတ္တိုး‌ဖို႔ပဲ ရွိေတာ့တယ္ ေနာက္ကိုျပန္လွည့္ၾကည့္လို႔လဲ အရင္အတိုင္းမျဖစ္နိုင္ေတာ့ဘူးေလ အဲ့ေန႕က ကိုေဖာ့Nealကို ဆုံးရႈံးခဲ့ရသလို ကို႔အတြက္ေၾကာင့္နဲ႕ မိသားစုတခုလဲ ၿပိဳကြဲခဲ့ရတယ္ "

"အဲ့ဒါမို႔ ဒီဂိုဏ္းကိုတည္ေထာင္ခဲ့တာလား "

"ဟုတ္တယ္ ကိုအဲ့ခ်ိန္မွာသိသြားခဲ့တာ ကိုကအားနည္းေနခဲ့တာမို႔ေလ ကိုခ်စ္ရတဲ့သူေတြ ကို႔အနားကလူေတြ တေယာက္ၿပီးတေယာက္ ေပ်ာက္ကြယ္သြားတာကို ရပ္ၾကည့္ေန႐ုံပဲ တတ္နိုင္ခဲ့တယ္အဲ့အတြက္ကို ကာကြယ္ေပးခ်င္တဲ့သူေတြအတြက္ကိုကိုယ္တိုက္ သန္မာေအာင္ အာဏာရွိေနေအာင္လုပ္မွရမယ္ အဲ့လိုမွ သူတို႔ကို ကိုအစြမ္းကုန္ ကာကြယ္နိုင္မွာေလ အေရွ႕တင္ပဲျဖစ္ျဖစ္  ေနာက္ကြယ္ကေန ျဖစ္ျဖစ္ ကိုသူတို႔ကို ကာကြယ္နိုင္ ဖို႔ဒီလမ္းကိုေလွ်ာက္လွမ္းခဲ့တာ ေနာက္ဆုံး ကိုအဖမ္းခံရမယ္ဆိုရင္ေတာင္ မင္းဆီမွာပဲ အဖမ္းခံပါရေစ ဒါမဲ့ ကို႔ကို အခ်ိန္ေတာ့ေပးပါအုန္း အဲ့လူတစုကိုသာ အျမစ္ဖ်က္ၿပီးရင္ ကိုအဖမ္းခံမွာပါ

Daouရဲ႕ ျပတ္သားတဲ့အမူအရာနဲ႕ ေျပာစကားအဆိုဝယ္ Offroad သည္လဲ ေလးလံေသာ သက္ျပင္းကိုသာ ခ်လိဳက္ေတာ့သည္။ သူအေနနဲ႕ ယခုခ်ိန္သိလိုက္ရတဲ့အခ်က္ေတြအား ျပန္ေတြးေတာရန္ လိုအပ္ေနပါေသးသည္။

တဖတ္သူသည္ အျခားလူမဟုတ္ဘဲ သူခ်စ္ရတဲ့သူ ျဖစ္ေနသည္ မဟုတ္‌ပါလား ! သို႔ေသာ္ ထိုသူမွလူသတ္ေနျခင္းကိုလဲ သူအားမေပးလိုျပန္ေပ။ၿငိမ္ေနတဲ့ Offroad ေၾကာင့္ Daouပဲ စကားထပ္စလိုက္ေတာ့သည္။

"ဒီေနေတာ့ နားလိုက္ပါအုန္း Roadလဲ ေတြးစရာအရမ္းမ်ားမွာေပါ့ ခုခ်ိန္က မိုး႐ြာေနတုန္းပဲ ခုနကအဝတ္လဲတဲ့အတြင္းခန္းမွာပဲ အနားယူလိုက္ေနာ္ "

Daou မိုးေရတို႔ရိုက္ခတ္ေနတဲ့ ျပတင္းေပါက္အား လွည့္ၾကည့္ရင္းေျပာလိုက္ေလသည္။ ၿပီးေနာက္ထိုင္ေနရာမွထလိုက္ခ်ိန္ သူ႕အိပ္ကပ္ထဲမွ တစုံတခုသည္ တဖတ္တြင္ ထိုင္ေနေသာ Offroad ေဘးသို႔ လြင့္စင္ထြက္က်လာခဲ့ေလသည္။

Offroad လဲထိုအရာေလးအား ေကာက္ယူၾကည့္မိေတာ့ ဓားျမႇောင္ေလးတေခ်ာင္းပင္။ ထိုဓားျမႇောင္အား ေစ့ေစ့စပ္စပ္ၾကည့္မိေတာ့ လက္ကိုင္မွ အမွတ္အသားတခု။ မီးေတာက္ႏွစ္ခုၾကားမွ ဓားတေခ်ာင္းပုံစံ အမွတ္အသား။ ထိုအမွတ္အသားက ....Offroad လဲ Daouအား ေမာ့ၾကည့္မိေတာ့....

"ေအာ္ ကို႔အိတ္ေဆာင္ဓားေလ ဘာမွ အေထြအထူးမဟုတ္ပါဘူး ကို႔ကိုေပးေလ"

သူ႕အားလက္ျဖန႔္ေပးလာသူ Daouအား Offroad ေငးၾကည့္ေနမိၿပီး အေတြးပြားလ်က္ရွိေလသည္။ မ်က္ႏွာအမာ႐ြတ္နဲ႕လူအား စေတြ႕ခ်ိန္က သူအားကယ္တင္ခဲ့တဲ့ ဓားပိုင္ရွင္က Daouျဖစ္ေနခဲ့တယ္လား? ဟိုလူေျပာခဲ့သလို သူ႕ေနာက္ကြယ္မွာ ရွိေနတဲ့သူ။ သူ႕အားေနာက္ကြယ္ကေန ကာကြယ္ေပးေနခဲ့သူ !

Daouခုနကေျပာခဲ့ေလေသာ သူ႕ေၾကာင့္ၿပိဳကြဲခဲ့ရေသာ မိသားစုတစ္စု။ ၿပီးေတာ့ ေနာက္ေက်ာျပင္ အဲ့ေန႕ကသူေတြ႕ခဲ့တဲ့ ထိုလူရဲ႕ေနာက္ေက်ာျပင္ ! Offroad ဓားအားကိုင္လ်က္ Daouအေရွ႕အနီးအနားတြင္ ရပ္တန႔္လိုက္ၿပီး ထိုသူအားေမာ့ၾကည့္ေနလိုက္သည္။

"ဘာျဖစ္လို႔လဲ Road ..... "

ၿဗီ!!!!

အက်ီအဝတ္ဆြဲၿဖဲသံနဲ႕အတူ Daouရဲ႕ ဘယ္ဘက္ ရင္ဖတ္တျခမ္းသည္ Offroad အေရွ႕ဝယ္ေပၚထြက္လာခဲ့ေလသည္။ ရွိေနတယ္ .... တကယ္ရွိေနခဲ့တာပဲ !!! Daouရဲ႕ ဘယ္ဘက္ ရင္ဖက္တြင္ ရက္စြဲႏွစ္ခု အရင္ကေတာ့ရက္စြဲႏွစ္ခုပင္ အခုခ်ိန္မွာေတာ့ အသစ္ထိုးထားတဲ့ ရက္စြဲတခု။ ထိုတခုရဲ႕အေပၚဘက္နားဝယ္ အမာ႐ြတ္တခုရွိေနခဲ့တယ္။ Offroad ထိုအမာ႐ြတ္အား ဖိၾကည့္လိုက္ၿပီး တျဖည္းျဖည္း မ်က္ရည္တို႔စီးက်လာခဲ့ေလသည္။

"တကယ္ဟုတ္ေနခဲ့တာပဲ ! တကယ္ကို ဟုတ္ေနခဲ့တာပဲ "

"Road !"

"တကယ္ကို ခင္မ်ားျဖစ္ေနခဲ့တာပဲ !!!""

Note

Offroad ဘာကိုထပ္သိသြားတာပါလိမ့္ 🤔🤔🤔

There are no comments yet. Log in to be the first to leave a review!

Similar stories