9
18:22, 6 October 2024Uni
နောက်ဆုံးတော့ ဆုံပြီကွ !!!!!
Tob လဲ သန့်ရှင်းရေးအကုန် လုပ်ပြီးနောက် ကုတင်ဘေးရှိ Daou အနားသွားရပ် ရင်း .....
' P မနက်စာဖြစ်ဖြစ်သွားစားနှင့်ပါလား ကျနော်စောင့်နေပေးမယ် '
'ငါမဆာဘူး ရပါတယ် '
Tob အ ပြောအား ငြင်းဆန်နေသူ Daouအား Watမှ ဝင်ပြောရလေသည်။
'ရပါတယ်တွေလုပ်မနေနဲ့ ခုနတင် ဝုန်ဒိုင်းကြဲထားတာကို တခုခုစားပြီး ခဏနားလိုက်ပါအုန်း ကျနော်တို့ရှိနေမှာမို့ မပူပါနဲ့ '
'အင်း...... '
အင်း တခွန်းနဲ့ ခုထိ ထိုင်ရာမှမထလာသူကြောင့် Wat အတင်းဆွဲထူရလေသည်။ ဒါတောင်ပေကပ်နေချင်သေးတာမို့ Dinနဲ့အတူ နှယောက်အတူ ဆွဲထုတ်သွားရလေသည်။ Tob ကတော့ Offroad အနား စောင့်ရင်းကျန်ခဲ့လေသည်။
'ကဲ ထ.... ထတော့ Din လာဆွဲခေါ်ပါအုန်း '
'ဟုတ် '
'Din မင်းအလုပ်ရှိတယ်မဟုတ်လား ငါ့လာကူမနေဘဲ သွားတော့လေ '
'ရပါတယ် အစည်းအဝေးလေးတခုပါပဲ ကျနော် နေ့လည်ပိုင်းပြန်လာခဲ့မှာ '
'အလုပ်လဲ သေချာလုပ်ခဲ့အုန်း '
'ဟုတ်ကဲ့ P '
Daou နဲ့ Wat အား နှုတ်ဆတ်လို့ Dinလဲ အလုပ်ရှိရာထွက်သွားလေသည်။
နေ့လည်ပိုင်းချိန်သို့ ရောက်လာချိန်ဝယ် ......
ကုတင်ထက်မှ လူသည် နိုးထမှုတခုနှင့်အတူ မျက်လုံးတို့ဖွင့်လာခဲ့လေသည်။ တကိုယ်လုံးအားမရှိသလို ခံစားချက်ကြီးက လွှမ်းခြုံလျက် သူထမထိုင်ချင်သေးတာကြောင့် ဘေးဘီအားအကြည့်ပို့မိတော့ ........
သူ့ကုတင်ဘေးထက်ဝယ် ဆိုဖာထိုင်ခုံထက် ထိုင်နေသူတဦးအားသတိထားမိလေသည်။ ထိုလူက သူ့ရဲ့မျက်ဝန်းတွေကို ဖိပိတ်ထားလို့ လက်နှစ်ဖက်အား ပိုက်ထွေးလျက် ဆိုဖာထက်ခြေချိတ်ထိုင်နေလေသည်။
Offroad ထိုလူအား သေချာကြည့်နေပေမဲ့ ဒီလူအားမြင်ဖူးချင်တော့မရှိပေ။ ပုံသွင်းထားခြင်းမရှိတဲ့ ဆံနွယ်နက်နက်တို့နှင့်အတူ ချောမောခန့်ညားခြင်းဟန် အပြည့်နှင့် ထိုလူမျက်နှာဟာ မှတ်မိလွယ်တဲ့ မျက်နှာမျိုးဖြစ်ပါလေတယ်။
ထိုလူအားကြည့်နေတုန်း ရုတ်တရက်ပွင့်ဟလာတဲ့ မျက်ဝန်းနက်နက်တစုံဟာ စူးရှလျက်သား ။ ထိုစူးရှတဲ့ မျက်ဝန်းနက်တွေဟာ သူ့အားအတန်ကြာစိုက်ကြည့်လာလေသည်။ ပြီးနောက် ......
'မင်းနိုးလာပြီပဲ ဘယ်လိုနေလဲ သက်သာရဲ့လား နာနေသေးလား '
'ခင်များက ဘယ်သူလဲ ? ဒါကဘယ်နေရာလဲ ? '
သူ့အမေးအားပြန်မဖြေပဲ သူ့အနားကပ်လို့ သူ့နဖူးထက် အဖျားတိုင်းနေတဲ့သူ။ သူနဖူးထက်မှ လက်နွေးနွေးအား ရှောင်ရှားဖို့လုပ်တော့ .....
'ငြိမ်ငြိမ်နေလေ ........ အဖျားတွေဘာတွေတော့မရှိပါဘူး မင်းထထိုင်နိုင်ရဲ့လား '
ထိုသူရဲ့ ကလေးတယောက်အား အလိုလိုက်နေသံကြောင့် သူလဲကြောင်တောင်တောင်လေး ထိုသူအားကြည့်နေမိလေသည်။
'........... '
သူ့အဖြေအားမကြားလို့ထင် သူ့မျက်ဝန်းတွေထက် ပြန်လည်ရောက်ရှိလာတဲ့ ထိုသူရဲ့ မျက်ဝန်းနက်နက်တွေကြောင့် သူ့မှာပြောစရာစကားများပါ မေ့ပျောက်ကုန်သည်။
'ကိုမေးတာကြားရဲ့လား '
'အယ်.... အာ ..... တကိုယ်လုံးအားမရှိသလိုပဲ ကျနော်ဘာတွေဖြစ်နေတာလဲ '
'အွန်း.... ခဏစောင့်နေနော် '.
သူ့အားစောင့်နေရန်ပြောပြီး အခန်းပြင်ထွက်သွားသူအား သူခေါင်းသာထောင်ကြည့်ရင်း အမေးရှိသော်လဲ ထိုလူသားကျောပြင်ကျယ်ဟာ ပျောက်ကွယ်သွားလေပြီ။
'ဟေ့..... ခင်များ ....နေအုန်းလေ '
သူကုတင်ထက်မှ အားယူ ထထိုင် ရင်း ထိုကျောပြင်အား သူတနေရာတွင် မြင်ဖူးနေသည်အား သတိရသွားလေသည်။ ဓားမြှောင်လေးရှာတွေ့ချိန်က သူတွေ့ခဲ့တဲ့ သူရဲ့ ကျောပြင်နဲ့လဲ ဆင်တူသလိုလိုရှိပေမဲ့ နောက်သူတွေ့ခဲ့ဖူးတဲ့ ကျောပြင်ကျယ်တခုရှိနေသေးလေသည်။
သို့သော်သူသဲသဲကွဲကွဲ မမှတ်မိတော့ပေ။ သူထထိုင်နေတုန်း အခန်းထဲပြန်ဝင်လာတဲ့ ခြေသံတွေကြောင့် သူခေါင်းမော့ကြည့်တော့ ထိုလူသားနှင့်အတူ နောက်လူနှစ်ယောက်ပါအထဲဝင်လာလေသည်။
'မင်းဘာလို့ ကိုပြန်လာတာမစောင့်တာလဲ '
ထိုလူက ပြောရင်း သူ့အားကုတင်ထက်ထိုင်နိုင်ရန် ကူညီပေးလေသည်။ ပြီးနောက် လူတယောက်မှ သူ့အားလာကိုင်တာကြောင့် ရုန်းကန်ဖို့လုပ်တော့ ....
' ဟေ့ ကိုကဆရာဝန်ပါ မင်းဒီမှာရှိတဲ့ တောက်လျှောက် ကိုပဲကုသပေးထားတာ ကိုမင်းကိုစမ်းသပ်ပါရစေ '
သူကမယုံသလိုကြည့်နေတော့ ထိုလူက သူ့အိတ်ကပ်ထဲမှ ကဒ်တကဒ်အားထုတ်ပေးလေသည်။ ထိုကဒ်အား သူ့ရှေ့ထုတ်ပြလေသည်။ ဆရာဝန်ကဒ်ဖြစ်လေသည်။
'စိတ်မရှိပါနဲ့ ရုတ်တရက်ဆိုတော့ '
'ရပါတယ် စမ်းသပ်ခွင့်ပြုပါနော် '
သူလဲခေါင်းညှိတ်ပြတော့ ထိုလူဟာသူ့အား စမ်းသပ်မှုများလုပ်ပေးလာလေသည်။
'ခြေနေတော့ကောင်းပါတယ် '
'သူတကိုယ်လုံးအားမရှိသလိုဖြစ်နေတယ် ပြောတယ် '
ဆရာဝန်ဆိုတဲ့လူအား သူ့အခြေနေပြောပြနေတဲ့ ထိုသူအား သူမော့ကြည့်နေမိတယ်။
'အွန်း ... ကြည့်ရတာ မနက်က ခြေနေကြောင့် ခန္ဓာကိုယ်က ပင်ပန်းနေပုံပဲ တခုခုပြင်ဆင်ပေးလိုက်ပါအုန်း စားဖို့သောက်ဖို့အတွက် '
'ငါသွားယူလာခဲ့မယ် '
'အွန်း'
သူတို့၃ယောက်သား ပြောချင်ရာပြောပြီး ရုပ်တည်ကြီးနဲ့တယောက်မှ အပြင်ပြန်ထွက်သွားတာမို့ သူ့မှာ ကျန်လူ၂ယောက် အဖက်လုပ်ရန် မေးမြန်းရလေသည်။
'နေ.... နေပါအုန်း ဘာတွေဖြစ်နေတာလဲ ဒါဘယ်နေရာလဲ ခင်များတို့က ဘယ်သူတွေလဲ '
'အဲ့ဒါက ..... '
သူ့အမအ ဆရာဝန်ဆိုသူမှ ဖြေဖို့လုပ်နေတုန်း အခန်းထဲထည့်ဝင်လာပြန်တဲ့ လူတယောက်....
' P သူသတိရလာပြီ ကြားတယ် '
'အာ.... Khun Din '
ထိုလူကတော့ တခါကသူကူညီပေးခဲ့ဖူးပါသော Sunset company မှ CEOဖြစ်သူ Dinဖြစ်လေသည်။
' မတွေ့ရတာကြာပြီနော် Khun Offroad '
'ဒါ... ဒါ Khun Din ရဲ့ အိမ်လား ကျနော်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ '
'အယ် ... ဒါက ....'
Dinရဲ့ အဖြေအားနားထောင်နေတုန်း နှစ်ယောက်သားကြား ဝင်ဖြန်ဖြေလာတဲ့ ဆရာဝန်ဆိုတဲ့သူ။
'အဟန်း .... Khun Din ပြောပြတာတော့ ဒီက Khun Offroad နော် ..... '
' Offroad လို့ပဲခေါ်ပါ Khun Dinကောပဲ '
'အာ... မင်းတောင် Offroad ပဲ ခေါ်ခိုင်းရင် ကို့ ကိုလဲ P' Dinလို့ပဲခေါ်ပါ '
'အဲ့တာကျ ..... '
'ရပါတယ် P' Dinလို့ပဲခေါ်နော် '
'ဟုတ်ကဲ့ '
P'Dinနဲ့ သူစကားပြောနေတုန်း ချောင်းဝင်ဟန့်လာတဲ့ ဆရာဝန်ကြောင့် သူတို့လဲ ထိုသူ့ကိုသာ အာရုံစိုက်လိုက်ကြလေတယ်။
'အဟန်း!!!.... ခုနကစကားပြန်ဆက်ရရင် မင်းက သူ့ရဲ့ကားရှေ့ရုတ်တရပ်ကြီး ဝင်လာပြီးလဲကျသွားလို့ ကားပေါ်ကဆင်းကြည့်ရင်း Khun Din က သူ့မိတ်ဆွေမှန်း မင်းကိုမှတ်မိသွားလို့ သူ့အိမ်ကိုခေါ်လာတာလေ ... ဟုတ်တယ်နော် '
ဆရာဝန်အမေးအား Din တယောက် ခေါင်းညှိတ်ရင်း သဘောတူပြရလေသည်။ သို့သော် ဒါတွေက Watတယောက် စိတ်ကူးပေါက်ရာပြောနေချင်းတွေသာ ဖြစ်လေသည်။
'အွန်း.... အဲ့လိုပါပဲ ခုကောနေရအဆင်ပြေရဲ့လား '
'ဟုတ်ကဲ့ ပြေပါတယ် ဒါနဲ့ .. သူတို့က ..... '
ဆရာဝန်အမေးအား ထောက်ခံပြလာတာမို့ သူလဲထိုလူနှစ်ယောက်နာမည်အားမေးမြန်းရလေသည်။
'အော်..... သူတို့ကလား အန်.... သူက P' Watတဲ့ ကို့ရဲ့personal Doctor လေ '
Personal Doctor လေး Wat be like ..... O_o
'ဒါကကျ ကို့ရဲ့ Bodyguard လေ Daou P'Daou ပေါ့ '
Bodyguard လေး Daou be like ...... :-|
'အော် ..... '
'ဘာမှမပူပါနဲ့ မင်းစိတ်ပူစရာမလိုပါဘူး သူတို့က ကို့ရဲ့အရင်းနှီးဆုံးသူတွေလေ '
'ဟုတ် ကျေးဇူးတင်ပါတယ် ကျနော့်ကိုကုသပေးတာရော ကယ်တင်ပေးလို့ရော '
Offroad လဲ ကူညီပေးတဲ့ Din နဲ့ Watအား ကျေးဇူးထပ်တင်မိရလေသည်။ သူတို့နဲ့သာ မတွေ့ခဲ့ရင် ခုချိန်သူဘာတွေ ဖြစ်နေမလဲပဲ ....
'ပြောနေစရာမလိုပါဘူးကွာ မင်းတုန်းကလဲ ကူညီပေးဖူးတာပဲ '
'ဒါက ဒီတိုင်းကျနော် တတ်နိုင်တာလေးပါ '
Din မှ သူ့အားပုခုံးလေးပုတ်လို့ အားပေးပေးတာမို့ သူလဲပြန်ပြုံးပြနေမိသည်။ ထိုအချိန် ချောင်းဟန့်လိုက်သံတခု.....
'အဟန်း ...!!!! '
' P ဘာဖြစ်လို့လဲ '
'ဘာမှမဖြစ်ဘူး လည်ချောင်းယားနေလို့ '
Dinအမေးအား Daouတယောက် ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်လေသည်။
'ဒါနဲ့ မင်းအခြေအနေက ငါတို့သေချာဆွေးနွေးရလိမ့်မယ် ... '
ထိုသို့ပြောလာသူ Wat အား Offroad အသာကြည့်မိလိုက်လေသည်။ အတည်အတံ့ပြောနေပုံ ဖြစ်တာမို့ သူအနည်းငယ်စိတ်ပူမိသွားလေသည်။ သူမှာဘာတွေဖြစ်နေတာလဲ ?
မနက်ဖြန်ကျမှ နောက်တပိုင်းဆက်ပေးပါ့မယ်ခ့
Zaw
ေနာက္ဆုံးေတာ့ ဆုံၿပီကြ !!!!!
Tob လဲ သန႔္ရွင္းေရးအကုန္ လုပ္ၿပီးေနာက္ ကုတင္ေဘးရွိ Daou အနားသြားရပ္ ရင္း .....
' P မနက္စာျဖစ္ျဖစ္သြားစားႏွင့္ပါလား က်ေနာ္ေစာင့္ေနေပးမယ္ '
'ငါမဆာဘူး ရပါတယ္ '
Tob အ ေျပာအား ျငင္းဆန္ေနသူ Daouအား Watမွ ဝင္ေျပာရေလသည္။
'ရပါတယ္ေတြလုပ္မေနနဲ႕ ခုနတင္ ဝုန္ဒိုင္းႀကဲထားတာကို တခုခုစားၿပီး ခဏနားလိုက္ပါအုန္း က်ေနာ္တို႔ရွိေနမွာမို႔ မပူပါနဲ႕ '
'အင္း...... '
အင္း တခြန္းနဲ႕ ခုထိ ထိုင္ရာမွမထလာသူေၾကာင့္ Wat အတင္းဆြဲထူရေလသည္။ ဒါေတာင္ေပကပ္ေနခ်င္ေသးတာမို႔ Dinနဲ႕အတူ ႏွေယာက္အတူ ဆြဲထုတ္သြားရေလသည္။ Tob ကေတာ့ Offroad အနား ေစာင့္ရင္းက်န္ခဲ့ေလသည္။
'ကဲ ထ.... ထေတာ့ Din လာဆြဲေခၚပါအုန္း '
'ဟုတ္ '
'Din မင္းအလုပ္ရွိတယ္မဟုတ္လား ငါ့လာကူမေနဘဲ သြားေတာ့ေလ '
'ရပါတယ္ အစည္းအေဝးေလးတခုပါပဲ က်ေနာ္ ေန႕လည္ပိုင္းျပန္လာခဲ့မွာ '
'အလုပ္လဲ ေသခ်ာလုပ္ခဲ့အုန္း '
'ဟုတ္ကဲ့ P '
Daou နဲ႕ Wat အား ႏႈတ္ဆတ္လို႔ Dinလဲ အလုပ္ရွိရာထြက္သြားေလသည္။
ေန႕လည္ပိုင္းခ်ိန္သို႔ ေရာက္လာခ်ိန္ဝယ္ ......
ကုတင္ထက္မွ လူသည္ နိုးထမႈတခုႏွင့္အတူ မ်က္လုံးတို႔ဖြင့္လာခဲ့ေလသည္။ တကိုယ္လုံးအားမရွိသလို ခံစားခ်က္ႀကီးက လႊမ္းၿခဳံလ်က္ သူထမထိုင္ခ်င္ေသးတာေၾကာင့္ ေဘးဘီအားအၾကည့္ပို႔မိေတာ့ ........
သူ႕ကုတင္ေဘးထက္ဝယ္ ဆိုဖာထိုင္ခုံထက္ ထိုင္ေနသူတဦးအားသတိထားမိေလသည္။ ထိုလူက သူ႕ရဲ႕မ်က္ဝန္းေတြကို ဖိပိတ္ထားလို႔ လက္ႏွစ္ဖက္အား ပိုက္ေထြးလ်က္ ဆိုဖာထက္ေျခခ်ိတ္ထိုင္ေနေလသည္။
Offroad ထိုလူအား ေသခ်ာၾကည့္ေနေပမဲ့ ဒီလူအားျမင္ဖူးခ်င္ေတာ့မရွိေပ။ ပုံသြင္းထားျခင္းမရွိတဲ့ ဆံႏြယ္နက္နက္တို႔ႏွင့္အတူ ေခ်ာေမာခန႔္ညားျခင္းဟန္ အျပည့္ႏွင့္ ထိုလူမ်က္ႏွာဟာ မွတ္မိလြယ္တဲ့ မ်က္ႏွာမ်ိဳးျဖစ္ပါေလတယ္။
ထိုလူအားၾကည့္ေနတုန္း ႐ုတ္တရက္ပြင့္ဟလာတဲ့ မ်က္ဝန္းနက္နက္တစုံဟာ စူးရွလ်က္သား ။ ထိုစူးရွတဲ့ မ်က္ဝန္းနက္ေတြဟာ သူ႕အားအတန္ၾကာစိုက္ၾကည့္လာေလသည္။ ၿပီးေနာက္ ......
'မင္းနိုးလာၿပီပဲ ဘယ္လိုေနလဲ သက္သာရဲ႕လား နာေနေသးလား '
'ခင္မ်ားက ဘယ္သူလဲ ? ဒါကဘယ္ေနရာလဲ ? '
သူ႕အေမးအားျပန္မေျဖပဲ သူ႕အနားကပ္လို႔ သူ႕နဖူးထက္ အဖ်ားတိုင္းေနတဲ့သူ။ သူနဖူးထက္မွ လက္ေႏြးေႏြးအား ေရွာင္ရွားဖို႔လုပ္ေတာ့ .....
'ၿငိမ္ၿငိမ္ေနေလ ........ အဖ်ားေတြဘာေတြေတာ့မရွိပါဘူး မင္းထထိုင္နိုင္ရဲ႕လား '
ထိုသူရဲ႕ ကေလးတေယာက္အား အလိုလိုက္ေနသံေၾကာင့္ သူလဲေၾကာင္ေတာင္ေတာင္ေလး ထိုသူအားၾကည့္ေနမိေလသည္။
'........... '
သူ႕အေျဖအားမၾကားလို႔ထင္ သူ႕မ်က္ဝန္းေတြထက္ ျပန္လည္ေရာက္ရွိလာတဲ့ ထိုသူရဲ႕ မ်က္ဝန္းနက္နက္ေတြေၾကာင့္ သူ႕မွာေျပာစရာစကားမ်ားပါ ေမ့ေပ်ာက္ကုန္သည္။
'ကိုေမးတာၾကားရဲ႕လား '
'အယ္.... အာ ..... တကိုယ္လုံးအားမရွိသလိုပဲ က်ေနာ္ဘာေတြျဖစ္ေနတာလဲ '
'အြန္း.... ခဏေစာင့္ေနေနာ္ '.
သူ႕အားေစာင့္ေနရန္ေျပာၿပီး အခန္းျပင္ထြက္သြားသူအား သူေခါင္းသာေထာင္ၾကည့္ရင္း အေမးရွိေသာ္လဲ ထိုလူသားေက်ာျပင္က်ယ္ဟာ ေပ်ာက္ကြယ္သြားေလၿပီ။
'ေဟ့..... ခင္မ်ား ....ေနအုန္းေလ '
သူကုတင္ထက္မွ အားယူ ထထိုင္ ရင္း ထိုေက်ာျပင္အား သူတေနရာတြင္ ျမင္ဖူးေနသည္အား သတိရသြားေလသည္။ ဓားျမႇောင္ေလးရွာေတြ႕ခ်ိန္က သူေတြ႕ခဲ့တဲ့ သူရဲ႕ ေက်ာျပင္နဲ႕လဲ ဆင္တူသလိုလိုရွိေပမဲ့ ေနာက္သူေတြ႕ခဲ့ဖူးတဲ့ ေက်ာျပင္က်ယ္တခုရွိေနေသးေလသည္။
သို႔ေသာ္သူသဲသဲကြဲကြဲ မမွတ္မိေတာ့ေပ။ သူထထိုင္ေနတုန္း အခန္းထဲျပန္ဝင္လာတဲ့ ေျခသံေတြေၾကာင့္ သူေခါင္းေမာ့ၾကည့္ေတာ့ ထိုလူသားႏွင့္အတူ ေနာက္လူႏွစ္ေယာက္ပါအထဲဝင္လာေလသည္။
'မင္းဘာလို႔ ကိုျပန္လာတာမေစာင့္တာလဲ '
ထိုလူက ေျပာရင္း သူ႕အားကုတင္ထက္ထိုင္နိုင္ရန္ ကူညီေပးေလသည္။ ၿပီးေနာက္ လူတေယာက္မွ သူ႕အားလာကိုင္တာေၾကာင့္ ႐ုန္းကန္ဖို႔လုပ္ေတာ့ ....
' ေဟ့ ကိုကဆရာဝန္ပါ မင္းဒီမွာရွိတဲ့ ေတာက္ေလွ်ာက္ ကိုပဲကုသေပးထားတာ ကိုမင္းကိုစမ္းသပ္ပါရေစ '
သူကမယုံသလိုၾကည့္ေနေတာ့ ထိုလူက သူ႕အိတ္ကပ္ထဲမွ ကဒ္တကဒ္အားထုတ္ေပးေလသည္။ ထိုကဒ္အား သူ႕ေရွ႕ထုတ္ျပေလသည္။ ဆရာဝန္ကဒ္ျဖစ္ေလသည္။
'စိတ္မရွိပါနဲ႕ ႐ုတ္တရက္ဆိုေတာ့ '
'ရပါတယ္ စမ္းသပ္ခြင့္ျပဳပါေနာ္ '
သူလဲေခါင္းညွိတ္ျပေတာ့ ထိုလူဟာသူ႕အား စမ္းသပ္မႈမ်ားလုပ္ေပးလာေလသည္။
'ေျခေနေတာ့ေကာင္းပါတယ္ '
'သူတကိုယ္လုံးအားမရွိသလိုျဖစ္ေနတယ္ ေျပာတယ္ '
ဆရာဝန္ဆိုတဲ့လူအား သူ႕အေျခေနေျပာျပေနတဲ့ ထိုသူအား သူေမာ့ၾကည့္ေနမိတယ္။
'အြန္း ... ၾကည့္ရတာ မနက္က ေျခေနေၾကာင့္ ခႏၶာကိုယ္က ပင္ပန္းေနပုံပဲ တခုခုျပင္ဆင္ေပးလိုက္ပါအုန္း စားဖို႔ေသာက္ဖို႔အတြက္ '
'ငါသြားယူလာခဲ့မယ္ '
'အြန္း'
သူတို႔၃ေယာက္သား ေျပာခ်င္ရာေျပာၿပီး ႐ုပ္တည္ႀကီးနဲ႕တေယာက္မွ အျပင္ျပန္ထြက္သြားတာမို႔ သူ႕မွာ က်န္လူ၂ေယာက္ အဖက္လုပ္ရန္ ေမးျမန္းရေလသည္။
'ေန.... ေနပါအုန္း ဘာေတြျဖစ္ေနတာလဲ ဒါဘယ္ေနရာလဲ ခင္မ်ားတို႔က ဘယ္သူေတြလဲ '
'အဲ့ဒါက ..... '
သူ႕အမအ ဆရာဝန္ဆိုသူမွ ေျဖဖို႔လုပ္ေနတုန္း အခန္းထဲထည့္ဝင္လာျပန္တဲ့ လူတေယာက္....
' P သူသတိရလာၿပီ ၾကားတယ္ '
'အာ.... Khun Din '
ထိုလူကေတာ့ တခါကသူကူညီေပးခဲ့ဖူးပါေသာ Sunset company မွ CEOျဖစ္သူ Dinျဖစ္ေလသည္။
' မေတြ႕ရတာၾကာၿပီေနာ္ Khun Offroad '
'ဒါ... ဒါ Khun Din ရဲ႕ အိမ္လား က်ေနာ္က ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ '
'အယ္ ... ဒါက ....'
Dinရဲ႕ အေျဖအားနားေထာင္ေနတုန္း ႏွစ္ေယာက္သားၾကား ဝင္ျဖန္ေျဖလာတဲ့ ဆရာဝန္ဆိုတဲ့သူ။
'အဟန္း .... Khun Din ေျပာျပတာေတာ့ ဒီက Khun Offroad ေနာ္ ..... '
' Offroad လို႔ပဲေခၚပါ Khun Dinေကာပဲ '
'အာ... မင္းေတာင္ Offroad ပဲ ေခၚခိုင္းရင္ ကို႔ ကိုလဲ P' Dinလို႔ပဲေခၚပါ '
'အဲ့တာက် ..... '
'ရပါတယ္ P' Dinလို႔ပဲေခၚေနာ္ '
'ဟုတ္ကဲ့ '
P'Dinနဲ႕ သူစကားေျပာေနတုန္း ေခ်ာင္းဝင္ဟန႔္လာတဲ့ ဆရာဝန္ေၾကာင့္ သူတို႔လဲ ထိုသူ႕ကိုသာ အာ႐ုံစိုက္လိုက္ၾကေလတယ္။
'အဟန္း!!!.... ခုနကစကားျပန္ဆက္ရရင္ မင္းက သူ႕ရဲ႕ကားေရွ႕႐ုတ္တရပ္ႀကီး ဝင္လာၿပီးလဲက်သြားလို႔ ကားေပၚကဆင္းၾကည့္ရင္း Khun Din က သူ႕မိတ္ေဆြမွန္း မင္းကိုမွတ္မိသြားလို႔ သူ႕အိမ္ကိုေခၚလာတာေလ ... ဟုတ္တယ္ေနာ္ '
ဆရာဝန္အေမးအား Din တေယာက္ ေခါင္းညွိတ္ရင္း သေဘာတူျပရေလသည္။ သို႔ေသာ္ ဒါေတြက Watတေယာက္ စိတ္ကူးေပါက္ရာေျပာေနခ်င္းေတြသာ ျဖစ္ေလသည္။
'အြန္း.... အဲ့လိုပါပဲ ခုေကာေနရအဆင္ေျပရဲ႕လား '
'ဟုတ္ကဲ့ ေျပပါတယ္ ဒါနဲ႕ .. သူတို႔က ..... '
ဆရာဝန္အေမးအား ေထာက္ခံျပလာတာမို႔ သူလဲထိုလူႏွစ္ေယာက္နာမည္အားေမးျမန္းရေလသည္။
'ေအာ္..... သူတို႔ကလား အန္.... သူက P' Watတဲ့ ကို႔ရဲ႕personal Doctor ေလ '
Personal Doctor ေလး Wat be like ..... O_o
'ဒါကက် ကို႔ရဲ႕ Bodyguard ေလ Daou P'Daou ေပါ့ '
Bodyguard ေလး Daou be like ...... :-|
'ေအာ္ ..... '
'ဘာမွမပူပါနဲ႕ မင္းစိတ္ပူစရာမလိုပါဘူး သူတို႔က ကို႔ရဲ႕အရင္းႏွီးဆုံးသူေတြေလ '
'ဟုတ္ ေက်းဇူးတင္ပါတယ္ က်ေနာ့္ကိုကုသေပးတာေရာ ကယ္တင္ေပးလို႔ေရာ '
Offroad လဲ ကူညီေပးတဲ့ Din နဲ႕ Watအား ေက်းဇူးထပ္တင္မိရေလသည္။ သူတို႔နဲ႕သာ မေတြ႕ခဲ့ရင္ ခုခ်ိန္သူဘာေတြ ျဖစ္ေနမလဲပဲ ....
'ေျပာေနစရာမလိုပါဘူးကြာ မင္းတုန္းကလဲ ကူညီေပးဖူးတာပဲ '
'ဒါက ဒီတိုင္းက်ေနာ္ တတ္နိုင္တာေလးပါ '
Din မွ သူ႕အားပုခုံးေလးပုတ္လို႔ အားေပးေပးတာမို႔ သူလဲျပန္ၿပဳံးျပေနမိသည္။ ထိုအခ်ိန္ ေခ်ာင္းဟန႔္လိုက္သံတခု.....
'အဟန္း ...!!!! '
' P ဘာျဖစ္လို႔လဲ '
'ဘာမွမျဖစ္ဘူး လည္ေခ်ာင္းယားေနလို႔ '
Dinအေမးအား Daouတေယာက္ ခပ္ဆတ္ဆတ္ျပန္ေျဖလိုက္ေလသည္။
'ဒါနဲ႕ မင္းအေျခအေနက ငါတို႔ေသခ်ာေဆြးေႏြးရလိမ့္မယ္ ... '
ထိုသို႔ေျပာလာသူ Wat အား Offroad အသာၾကည့္မိလိုက္ေလသည္။ အတည္အတံ့ေျပာေနပုံ ျဖစ္တာမို႔ သူအနည္းငယ္စိတ္ပူမိသြားေလသည္။ သူမွာဘာေတြျဖစ္ေနတာလဲ ?
မနက္ျဖန္က်မွ ေနာက္တပိုင္းဆက္ေပးပါ့မယ္ခ့
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




