Fanfics

11

18:28, 12 October 2024

Uni

'အခန်းကတော့ကျည်းတယ် Pအတွက် အဆင်မပြေရင် ပြန်သွား.....'

'မဟုတ်တာ အရမ်းတွေအဆင်ပြေပါတယ် '

သူ့အခန်းအားလှည့်ပတ်ကြည့်ရင်း တစောင်းလှည့်ပြောနေသူအား Offroad လဲပြန်ချေပမနိုင်တော့ပေ။

'အော်..... အဲ့ဒါဆို အထုတ်တွေနေရာချဖို့ ကျနော်ပြပေးမယ်နော် '

'အွန်း.... '

သူအပြောအား ခေါင်းတညှိတ်ညှိတ်လုပ်နေသူမှ ကြမ်းပြင်ပေါ်ချထားတဲ့ အထုတ်အားသယ်မဲ့ပုံမရှိသည်မို့ .... သူလဲသယ်ပြီးအခန်းထဲသို့အပို့....

တီ......

' Offroad တံခါးဘဲလ် သံ..... '

အထုတ်တွေနေရာချဖို့ သူသယ်နေတုန်း တံခါးဘဲလ်သံမြည်လာတာမို့ အထုတ်အားချပြီး လှည့်အထွက်...

'အာ.... ကျနော်လာပြီ ... ခဏ ..ခဏ ...  အာ့ '

နောက်မှရှိနေတဲ့ခုံစောင်းနဲ့တိုက်မိပြီး သူ့အနောက်တည့်တည့်ရပ်နေသူ Daou  ရင်ဘက်နဲ့ မျက်နှာချင်းဆိုင်ရတော့သည်။ ထိုသူကလဲသူအားပြန်သိုင်းဖတ်ထားတာမို့ ခဏတာထိုလူ့မျက်နှာအား မော့ကြည့်မိလေသည်။

အနီးကပ်ကြည့်မှ ထိုလူကပိုခန့်ညားချောမောလေသည်။ ဘယ်လိုကြည့်ကြည့် ချောမောနေတာတော့ မဟုတ်သေးပါဘူး။ ဘာလို့သူကဒီလူကိုမော့ကြည့်နေရတာလဲ ? ပြီးတော့ သူလက်ထောက်ထားမိတဲ့ထိုလူရဲ့ သန်မာတဲ့ရင်အုပ်ကြီး !!!!!

အား!!!!!! Offroad !!! သတိထားစမ်း !!!!

'ဟက်.....'

ရီသံတိုးတိုးကြားမှ Offroad တယောက် အတွေးပေါင်းသောင်းခြောက်ထောင်ကြားမှ ပြန်သတိဝင်လာခဲ့လေသည်။ ရှက်လိုက်တာ Offroad ရာ....

'ဟို... တောင်းပန်ပါတယ် P '

'သတိထားမှပေါ့ ... မင်းဒီလိုပဲ ချော်လဲနေကျလား '

သူအားစနောက်သလိုလေသံနဲ့ ပြောလာသူအား Offroad တယောက် မျက်စောင်းထိုးကြည့်မိလေသည်။

'အခုက အိတ်ကိုခလုတ်တိုက်မိလို့ပါ '

တီ......

သူတို့စကားပြောနေတုန်း ဘဲလ်သံထပ်မြည်လာတာမို့ Offroad လဲ Daou သိုင်းဖတ်ထားတဲ့ကြားမှ ရုန်းထွက်ဖို့လုပ်ရလေသည်။

'ဘဲလ်သံထပ်မြည်နေပြန်ပြီ ....  ကျနော်သွားအုန်းမယ် '

'အွန်း.... '

သူ့အား အွန်း တလုံးဆိုပြီး ဒီတိုင်းစိုက်ကြည့်နေသူကြောင့် သူမှာ ထပ်ပြောရပြန်သည်။

'လွှတ် ...လွှတ်ပေးအုန်းလေ  P '

'အော်... အော် ... '

သူထပ်ပြောကာမှ သတိတရနဲ့ သူ့ခါးထက်မှ လက်နှဖက်အား ဖယ်ပေးလာတဲ့သူအား Offroad ဘုကြည့်ကြည့်တော့ ပြန်ပြုံးပြနေတဲ့သူ။ ဒီလူက လူအေးကြီးမဟုတ်ဘူးလား !!

သူတံခါးသွားအဖွင့် တံခါးဝမှ သူ့အား သားသည်ပျောက်နေတဲ့မိခင်လို အမူအရာနဲ့ကြည့်နေတဲ့ P'Jeffအားတွေ့ရလေသည်။

'P'Jeffဘယ်လိုရောက်လာတာလဲ ? '

'ဘယ်လိုရောက်လာတာလဲ !!! ဘယ်လိုရောက်လာလဲ .... မင်းမေး နေနိုင်သေးတယ်ပေါ့ '

သူ့အားတံခါးဝမှ ဒေါသတကြီးအော်နေသူကြောင့် ဘေးပတ်ဝန်းကျင်အား အကြည့်တချက်ပို့ရလေသည်။ ဟိုကတိုင်နေမှ Offroad တို့နာမည်တွေကြီးနေအုန်းမယ်....

'P'Jeff ....'

'ဘာလဲ !.... မင်းငါ့ကိုသိသေးတယ်ပေါ့ဟန်!!!  Offroad ငါ့ကိုဖုန်းလေးဘာလေး ခေါ်ဖို့တောင်သတိမရဘူးလား မင်းကိုစောင့်ကြည့်နေတဲ့သူက ခုမှမင်းပြန်ရောက်လာကြောင်းပြောလို့ ငါအပြေးလိုက်လာရတာသိရဲ့လား '

' မင်းပျောက်နေတာမနေ့ညကတည်းကနေ ခုလဲတနေကုန်နီးနီးပဲ ငါဘယ်လောက်စိတ်ပူနေရလဲ သိရဲ့လား '

သူအားစိတ်ပူဇောနဲ့ ဆူပူနေသူP'Jeff ကြောင့် Offroad မှာ မျက်နှာငယ်လေးနဲ့ ငြိမ်ခံနေရုံသာ။ သူသိပါတယ် P'Jeffက သူ့ကိုဂရုအစိုက်ဆုံးနဲ့ စိတ်အပူတတ်ဆုံးလူသားတယောက်ဖြစ်လေသည်။

ခုကလဲမဆက်သွယ်မိတာသူအပြစ်မို့ ငြိမ်ခံနေမိသည်သာဖြစ်လေသည်။ P'Jeffကြည့်ရတာ အပြေးရောက်လာပုံရောက်လာတာမို့ ပိုပြီးအားနာမိလေသည်။

'တောင်းပန်ပါတယ် P'Jeff ကျနော်လဲ ဆက်သွယ်ဖို့အတွက် က အခြေအနေမပေးနေတာနဲ့ မဆတ်ဖြစ်....'

'တော်စမ်း.... မင်းခြေနေကသတိထားနေရတာ သိရဲ့သားနဲ့ Offroad မင်းအရမ်းပေါ့ရော့တာပဲ '

'တောင်းပန်ပါတယ် P'jeff '

'ငါ့ကိုအဲ့လို မျက်နှာငယ်လေးနဲ့ လာကြည့်မနေနဲ့ အဆင်ကောပြေရဲ့လား '

'ပြေပါတယ် နော်..... P'Jeff ကျနော်အရမ်းကို အဆင်ပြေနေတာပါ မစိုးရိမ်နဲ့နော် .... နော်လို့ '

နောက်ဆုံးလက်နက်ဖြစ်လေသော P'Jeff လက်တဖက်အားတွဲခိုလို့ သူ့ရဲ့ချစ်စရာကောင်းမှုများ ညှစ်ထုတ်ကာမှ P'Jeff မျက်နှာကြီးမှာ ‌ဒေါသတို့ပြေလျော့သွားတော့သည်။

'ခုမှလာ ချွဲမနေနဲ့ နောက်ကျPကိုဆက်သွယ်ရမယ်‌‌ နော် ဘယ်လိုခြေနေဖြစ်ပါစေ ဟုပြီလား '

'ဟုတ်ကဲ့ပါ P '

'အဲ့တာဆိုဖယ် မောလိုက်တာ  ငါအထဲဝင်မလို့ '

'P ခဏ '

သူ့အပြောတောင်မ‌စောင့် သူ့အားဘေးတွန်းထုတ်လို့ အထဲဝင်သွားတဲ့ P'Jeff. ထို့နောက် ဧည့်ခန်းဆိုဖာထက် ထိုင်နေတဲ့ Daouကိုတွေ့တော့ သူ့အားတလှည့်ကြည့်ပြီး မေးလာတဲ့ P'Jeff.

'သူကဘယ်သူလဲ Offroad '

'သူက P ' Daou ....ဟို ....'

သူအပြောတောင်မဆုံးသေး နာမည်ကြားတာနဲ့ Daouရှေ့ရောက်သွားပြီး လက်ဆွဲနှုတ်ဆတ်နေတဲ့  P'Jeff.

'အော် မင်းကို တွေ့ရတာဝမ်းသာပါတယ် Pက Jeff Offroad တို့ရဲ့ အဖွဲ့မှုးပါ '

'ကျနော်လဲတွေရတာဝမ်းသာပါတယ် P '

နှစ်ယောက်သား ဝမ်းပန်းတသာနှုတ်ဆတ်နေတာမို့ ကြားထဲမှ သတင်းလွတ်နေသူ Offroad မှာ မေးမြန်းရတော့သည်။

'P တို့ကဘယ်လိုသိနေတာလဲ ? '

'အဲ့တာက မင်းကြောင့်လေ Offroad '

'ဘယ်လိုကြောင့်လဲ P '

'အရင်ထိုင်အုန်း P ရှင်းပြမယ် '

သူလဲ Pတို့ထိုင်‌‌ နေတဲ့မျက်နှာချင်းဆိုင် ထိုင်ခုံထက်ဝင်‌ နေရာယူလိုက်သည်။ ထို့နောက် P'Jeffမှစတင်ပြီး......

'ဒီလိုလေ  မနေ့ကမင်းပျောက်သွားကတည်းက ငါတို့တွေခေါင်းမီးတောက်အောင် ရှာနေချိန်မှာပေါ့... '

ပြောရင်းOffroad အား မျက်စောင်းထိုးနေသူ P'Jeff ပါလေ။ မျက်လုံးတွေလဲရွဲ့စောင်းလာမှာတောင်ကြောက်ရပါလေသည်။

'အဲ့လိုမီးတောက်နေချိန် အထက်ကဖုန်းဝင်လာတယ်လေ ရဲမှုးချုပ်ကြီးဘက်ကနေကိုယ်တိုင်ဆက်သွယ်လာတာ မင်းကိုရှာတွေ့ထားကြောင်းနဲ့ စောက်ရှောက်ပေးထားကြောင်းပေါ့ '

'ပြီးတော့ khun Din ကလဲ ဒီက Daouကို မင်းကိုစောက်ရှောက်ပေးဖို့ လွှတ်မှာဖြစ်ကြောင်း တခါတည်း တောင်းဆိုလာတယ်လေ Khun Dinဘက်ကနေတကူးတကလွှတ်လာတဲ့သူမို့ ငါတို့အဖွဲ့အနေနဲ့လဲ အရမ်းဝမ်းသာသွားတာလေ '

'Khun Dinကစိတ်ချရတဲ့ သူပဲစေလွှတ်လိုက်မယ်ဆိုတာ Pတို့ယုံကြည်တာလဲပါတယ် ဒါနဲ့ Offroadမင်းက Khun Dinနဲ့ သိတာလား'

အကြောင်းအရာအားပြောနေရင်း သူ့အား လှမ်းမေးလာတဲ့ P'Jeff .

'တခါက Khun Dinကိုစောက်ရှောက်ဖို့ တာဝန်ကျတုန်းက ကျနော်ကူညီပေးထားတာရှိလို့ပါ အဲ့အတွက် Khun Dinက ပြန်ကျေးဇူးဆပ်တာဖြစ်မယ် '

'အော်..... အဲ့လိုကို မင်းကတော့ကံကောင်းတာပဲ Khun Dinကမင်းကိုအတော် ဂဂုစိုက်ပေးတာပဲ ဒီကDaouကလဲ Pရဲ့ညီ‌ လေး offroad ကိုဂရုစိုက်ပေးပါအုန်း သေချာအပ်ပါတယ် '

'စိတ်ချပါ P သူတစုံတရာမထိခိုက်စေရပါဘူး '

Daouရဲ့ကတိပေးသလို စကားအကြား P'Jeffက စိတ်အေးသလို သက်ပြင်းအနည်းငယ် ချလေသည်။ ပြီးနောက် Offroad အားကြည့်လို့ မေးလာခဲ့သည်။

'ဒါဆိုစိတ်ချပါပြီ ဒါနဲ့ Offroad  မင်းမနေ့က ဘာလို့အိမ်ကနေ ရုတ်တရက်ကြီးထွက်သွားတာတုန်း '

'အာ... P'Jeff စာပို့လာလို့လေ '

သူ့အဖြေအား P'Jeffက သဘောမတွေ့သလို့ သူအားစိုက်ကြည့်လာလေသည်။

'သေချာလို့လား '

'သေချာပါတယ် P '

ပြောရင်း သူရဲ့ မှန်အက်ရာအပြည့်နဲ့ ဖုန်းလေးအားဖွင့်ပြလိုက်ရလေသည်။ ဟိုလူတွေနဲ့သမရင်း သူ့ဖုန်းလဲရစရာမရှိတော့ပေ။ ဖွင့်ရတာပဲ တော်သေးတယ်ပြောရမည်။  သူ့ဖုန်းထဲမှ စာကြောင်းအားကြည့်ပြီး အတွေးနက်နဲနေတဲ့ P'Jeffကြောင့် Offroad လဲ စိတ်ထင့်လာမိသည်။

'ဘာဖြစ်လို့လဲ P '

Daouအမေးအား  P'Jeffက ပြန်ပြောလေသည်။

' မနေ့တုန်းက ငါတို့အဖွဲ့လူခွဲ စုံစမ်းနေရင်း  ငါ့ဖုန်းအလုခံလိုက်ရတာ '

'တကယ်လား P '

Offroad အမေးအား ခေါင်းညှိတ်ပြလာတဲ့ P'Jeff .

'အွန်း ... အစက ဒီတိုင်းလုတာပဲထင်နေတာ မင်းကိုထောက်ချောက်ဆင်ချင်တာကို....  Offroad မင်းသတိထားနေသင့်ပြီ ငါကမင်းယုံကြည်တဲ့သူဖြစ်‌ တာကို သူတို့သိနေတယ် '

'Pပြောချင်တာက .....အဖွဲ့ထဲသူလျှိုရှိနေတယ်လား'

'အဲ့လိုမဖြစ်စေချင်ပေမဲ့ တကယ်ရှိနေပုံပဲ '

သူတို့၃ယောက်သားကိုယ်စီအကြည့်ပို့ရင်း တစုံတရာအားဆွေးနွေးကျရင်း ညနက်လောက်မှ P'Jeffလဲပြန်သွားလေသည်။ သူအားအလုပ်မှခွင့်ပေးထားကြောင်းပါ ပြောလာသော်လဲ ....

သူငြင်းဆန်မို့လုပ်ချင်ပေမဲ့ P'Jeffရဲ့ လုပ်ရဲရင်လုပ်ကြည့်လိုက်စမ်း လေဆာအကြည့်ကြီးကြောင့် Offroad လဲ ခေါင်းငြိမ့်ရလေသည်။ သူခွင့်မယူချင်ဘူးလို့!!!! ......

Noteဟလို..... မနက်ဖြန် နောက်တပိုင်းနဲ့ပြန်လာခဲ့မယ်နော်။

Zaw





'အွန်း.... '


တီ......

' Offroad တံခါးဘဲလ် သံ..... '






'ဟက်.....'


'ဟို... တောင်းပန်ပါတယ် P '




တီ......



'အွန်း.... '



'အော်... အော် ... '






'P'Jeff ....'







'တောင်းပန်ပါတယ် P'jeff '





'ဟုတ်ကဲ့ပါ P '


'P ခဏ '


'သူကဘယ်သူလဲ Offroad '

'သူက P ' Daou ....ဟို ....'







'ဘယ်လိုကြောင့်လဲ P '
















'သေချာလို့လား '

'သေချာပါတယ် P '


'ဘာဖြစ်လို့လဲ P '



'တကယ်လား P '








There are no comments yet. Log in to be the first to leave a review!

Similar stories